နောက်ဆုံးရ

ဗိုလ်ချုပ်ကြီးဟောင်း မောင်မောင်ကျော်ရဲ့သား လက်နက်ပွဲစား အိုင်ဗင်ထက်

ဗိုလ်ချုပ်ကြီးဟောင်း မောင်မောင်ကျော် ဆိုတာကတော့ အားလုံးသိပြီး ဖြစ်မှာပါ။ သူနေထိုင်တဲ့ရုံးခန်းထဲ ဗိုလ်ကြီးမမ တယောက်ကို နေစဉ် ခေါ်အိပ်နေသူဖြစ်တယ်။ စစ်ရုံးထဲ ဒီသတင်းပြန့်သွားတော့ မိန်းမဖြစ်သူ အောင်မာမြင့်က ဒီကိစ္စအတွက် မင်းအောင်လှိုင်ကို တိုင်တယ်။ ဒါနဲ့ပဲ စစ်အာဏာသိမ်းပြီး သိပ်မကြာခင် မောင်မောင်ကျော်တယောက် လေတပ်စစ်ဦးစီးချုပ်ရာထူးကနေ ဖြုတ်ချခံခဲ့ရတာဖြစ်တယ်။

အခု ပြောပြမယ့်အကြောင်းကတော့ ဗိုလ်ချုပ်ကြီးဟောင်း မောင်မောင်ကျော်ရဲ့သားဖြစ်သူ ဟိန်းထက်၊ ခေါ် အိုင်ဗင်ထက်အကြောင်းပဲ ဖြစ်ပါတယ်။ သူကို ဟိန်းထက် ဒါမှမဟုတ် အိုင်ဗင်ထက်က ဆိုပြီး တပ်ထဲမှာ သိကြပါတယ်။ သူဟာ ၁၉၈၇ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာ မွေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့နာမည်ဟာ မောင်မောင်ကျော်ရဲ့ သားဆိုပြီး၊ လူသိတာ မဟုတ်ပါဘူး။ အာဏာသိမ်းစစ်တပ်အတွက် လေကြောင်းနဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ဝယ်ယူရေးလုပ်ငန်းတွေ အဓိကလုပ်ကိုင်နေတဲ့ လက်နက်ပွဲစားဆိုပြီး လူပိုသိတာပါ။

အိုင်ဗင်ထက်ဟာ သူ့ရဲ့ဇနီးဖြစ်သူ လင်းလက်သီရိနဲ့အတူ Alliance Engineering Services Co., Ltd. အပါအဝင် ပုဂ္ဂလိကကုမ္ပဏီတွေ ထူထောင်ပြီး လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းထဲမှာ လေယာဉ်အစိတ်အပိုင်းတွေ၊ ဒရုန်းပစ္စည်းတွေ၊ ရေဒါနဲ့ လေကြောင်းဆိုင်ရာပစ္စည်းတွေ၊ စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို တင်သွင်းတာ၊ ရောင်းချတာနဲ့ ဝန်ဆောင်မှုပေးတာတွေ ပါဝင်ပါတယ်။

အိုင်ဗင်ထက်ရဲ့ စစ်လက်နက်ဝယ်ယူရေး ကွန်ယက်အပေါ် ရိုက်တာသတင်းဌာနကတောင် ဖော်ပြခဲ့ရပါတယ်။ သူ့ဖခင် ဗိုလ်ချုပ်ကြီးဟောင်း မောင်မောင်ကျော်ဟာ၊ လေတပ်စစ်ဦးစီးချုပ်ဖြစ်လာခဲ့ပြီးနောက် လေတပ်ကို ခေတ်မီအောင် ပြုပြင်မယ်ဆိုတဲ့ လမ်းစဉ်တွေ ချမှတ်ခဲ့ပါတယ်။

အဲဒီနောက် လေတပ်အတွက် ဒေါ်လာသန်းပေါင်းများစွာ အသုံးပြုခဲ့တာကိုလည်း တွေ့ရပါတယ်။ ၂၀၁၉ ခုနှစ် တစ်နှစ်တည်းမှာတင် လေတပ်ရဲ့ စစ်အသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ သန်း ၃၆၀ အထိ ရှိခဲ့ပါတယ်။

၂၀၂၀ ခုနှစ်မှာလည်း ဒေါ်လာ ၃၃၇ သန်းအထိ ရှိခဲ့ပြီး အဲဒီငွေထဲက သုံးပုံတစ်ပုံလောက်ကို လေယာဉ်အပိုပစ္စည်းနဲ့ ပြုပြင်ထိန်းသိမ်းရေးအတွက် အသုံးပြုခဲ့တာဖြစ်ပါတယ်။

အိုင်ဗင်ထက်ဟာ ဖခင်ဖြစ်သူ လေတပ်ဦးစီးချုပ် ဖြစ်တဲ့အချိန် တရုတ်ထုတ်၊ ရုရှားထုတ် စတဲ့ လေကြောင်းလက်နက်ဆိုင်ရာ စစ်ဘက်ပစ္စည်းတွေကို အချိုအချောင်နဲ့ ရအောင်ချိတ်ပါတယ်။ ချိတ်ဆက် ပြီးမှ လေယာဉ်/ရဟတ်ယာဉ် သယ်ယူရေးအတွက် မောင်မောင်ကျော်အမိန့်နဲ့ လေတပ်က အရာရှိ/စစ်သည်တွေကို တရုတ်/ရုရှားကို စတဲ့နေရာတွေကို သွားရောက်သယ်ယူစေခဲ့တာဖြစ်တယ်။

အဆိုပါ လေတပ်ကနေ သွားရောက်ခဲ့ဖူးတဲ့ လေတပ်သားတယောက် ပြောပုံအရ အိုင်ဗင်ထက်ရဲ့ အဖေ မောင်မောင်ကျော် လက်ထပ်မှာ သူတို့တွေ တရုတ်ကို K-8 လေယာဉ် သယ်ယူရေးအတွက် သွားခဲ့ရကြောင်း၊ လေယာဉ်တွေက တရုတ်မှာ နာရီသက်တမ်းကုန်နေတဲ့ လေယာဉ်တွေ ဖြစ်တဲ့အပြင်၊ ခြုံနွယ်တွေရှင်းပြီးမှ လေယာဉ်တွေကို သယ်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

နာရီသက်တမ်းကုန်နေတဲ့ လေယာဉ်အင်ဂျင်တွေဖြစ်တဲ့အတွက် ပါကစ္စတန်ကနေ အင်ဂျင်မှာယူရတယ်လို့ဆိုပါတယ်။ ဒါတွေကိုဝယ်ပြီးတာနဲ့ မိတ္ထီလာ(လထခ) အနောက်ဘက်က တပ်မတော်အကြီးစားစက်ရုံ(တကစ ၁၀) မှာ ပြုပြင်တပ်ဆင်ခဲ့ရတယ်လို့သိရတယ်။

လေယာဉ် ဝယ်ယူရေးမှာလည်း စစ်အသုံးစားရိတ်ကို အပြည့်အစုံ တောင်းခံခဲ့တာဖြစ်တယ်။ ဒါပေမယ့် ပထမဆုံး လေယာဉ် ၁၂ စီး သယ်ယူချိန်မှာ ထက်ဝက်ခန့်က (Head Up Display) လို လေယာဉ် ပစ္စည်း အပြည့်အစုံမပါဝင်ခဲ့ကြောင်း ပြောပြပါတယ်။ ဆိုလိုချင်တာက လေယာဉ် ၁၂ စီးဝယ်ရင်၊ ၆ စီးက အပြည့်အစုံမပါလာဘဲ၊ လဲလှည်အသုံးပြုခဲ့ရတာဖြစ်တယ်။

နောက်ထပ်လည်း ထပ်မံဝယ်ယူရရှိတဲ့ လေယာဉ်တွေကို မြန်မာပြည်ပြန်ရောက်တဲ့အချိန် မိတ္ထီလာနဲ့ ရန်ကုန်မှာရှိတဲ့ (လထခ) တပ်ကိုပို့ကြပါတယ်။ အဲ့ဒီ့တပ်တွေမှာ အကြီးစား ပြင်ဆင်ပြီးမှ လေယာဉ်တပ်တော်ဝင်ဖို့ မင်းအောင်လှိုင်ဆီ အကြောင်းကြားကြတယ်လို့ သိရတယ်။

အမှန်ဆို လေယာဉ် အသစ်ဝယ်ယူရာမှာ အရာအားလုံးသစ်လွင်နေရပါမယ်။ ဒါပေမယ့် သူတို့ဟာ အဟောင်းတွေကိုပဲ မွန်းမံ အသုံးပြုခဲ့ကြတာဖြစ်တယ်။ အဲ့ဒီ့ကာလမှာ ဖခင်ဖြစ်သူ မောင်မောင်ကျော်ရဲ့အရှိန်အဝါနဲ့ သားဖြစ်သူ အိုင်ဗင်ထက်တယောက် အတော်လေး ဝင်ငွေရခဲ့တယ်လို့ သိရတယ်။

ဒါ့အပြင် အိုင်ဗင်ထက်ဟာ စစ်ဘက်ဆိုင်ရာ လက်နက်တွေ ဝယ်ယူရာမှာ ပွဲစားခအဖြစ် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ရရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ စစ်တပ်က လက်နက်တွေဝယ်ယူတဲ့အခါ စစ်ခေါင်းဆောင်တွေနဲ့ နီးစပ်သူတွေ၊ မိသားစုဝင်တွေကနေတစ်ဆင့် ဝယ်ယူပြီး အဲဒီကနေ ငွေကြေးအကျိုးအမြတ်တွေ ရရှိနေတဲ့ပုံစံကို ပြသနေပါတယ်။

လက်ရှိအချိန်ထိလည်း ဖခင်ဖြစ်သူ လေချုပ်ပြုတ်ပြီးချိန်ထိ သူဟာစစ်လက်နက်တွေကို အာဏာသိမ်းတပ်အတွက် ဝယ်ယူဖြည့်တင်းနေဆဲ ဖြစ်တယ်။ ဒါ့ကြောင့် အိုင်ဗင်ထက်ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ US OFAC က ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းထားပါတယ်။

ပြန်တွေးကြည့်ရင် ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်သားသမီးတွေဟာ တိုင်းပြည်ရဲ့ဝင်ငွေကို ဖခင်အရှိန်နဲ့ အလွယ်ရနေတာ တွေ့ရပါတယ်။ နေဝင်းရဲ့သား/မြေတွေဖြစ်တဲ့ အေးနေဝင်းတို့ ကြည့်မလား၊ သန်းရွှေရဲ့ သမီး/မြေးတွေ၊ မင်းအောင်လှိုင်ရဲ့ သားနဲ့ သမီး ဘယ်သူ့ကြည့်ကြည့် ဖခင်အရှိန်နဲ့ ချမ်းသာလာသူတွေဖြစ်တယ်။ လက်ရှိ ဗိုလ်ချုပ်ကြီးဟောင်းသား အိုင်ဗင်ထက်လည်း တယောက်အပါအဝင်ဖြစ်တယ်။

တဖက်ကနေ အာဏာသိမ်းစစ်တပ်အတွက် လက်နက်ခဲယမ်းတွေ ဝယ်ယူပေးနေခဲ့တာဟာ ပြည်သူလူထုကို သတ်ဖြတ်ဖို့သာ ရည်ရွယ်ပါတယ်။ နောက်ထပ်အခြားတဖက်မှာတော့ သူဟာ တိုင်းပြည်ဘဏ္ဍာငွေ/တနည်း ပြည်သူ့ချွေးနည်းစာကို အချိုအချောင်ရယူနေသူ ဖြစ်တယ်။

ဆိုတော့ ဘယ်ဘက်က ကြည့်ကြည့် စစ်ဗိုလ်ချုပ် သားသမီးတွေဟာ တိုင်းပြည်အတွက် လုံးဝ အကျိုးမပေးတာတွေ့ရတယ်။ ဒါ့ကြောင့် ဖခင် ဖြုတ်ချခံရတာတောင် အာဏာသိမ်းတပ်အတွက်၊ လူသတ်လက်နက်ဝယ်ယူပေးနေသူ အိုင်ဗင်ထက်တို့လို စစ်လက်နက်ပွဲစားတွေကို တချိန်အရေးယူနိုင်ဖို့ မှတ်တမ်းတင်ထားရမှာပဲ ဖြစ်တယ်။ သူတို့ဟာ လူသတ်လက်နက်ထောက်ပံ့သူဖြစ်သလို၊ တိုင်းပြည်ဘဏ္ဍာ ခိုးစားနေသူတွေလည်း ဖြစ်ပါတယ်။

ဆက်ဖတ်ရန် →

ကြံ့ဖွတ်ပါတီညီလာခံက သတိပေးလိုက်တဲ့ "မင်းအောင်လှိုင်ရဲ့ အာဏာရေချိန်ပြောင်းလဲမှု စတင်ချိန်"

စစ်တပ်မှာ ရာထူးအာဏာရှိနေချိန်နဲ့ အငြိမ်းစားဘဝရောက်သွားချိန်ဆိုတာ ခြွေရံသင်းပင်းနဲ့ အရှိန်အဝါက မိုးနဲ့မြေလို ကွာသွားတတ်ပါတယ်။ ဒီအာဏာလောကဓံကို အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီးတွေထက် ပိုသိသူ ရှိမယ်မထင်ပါဘူး။
မကြာသေးခင်က မင်းအောင်လှိုင်အိမ်နောက်ဖေးမှာ တရုန်းရုန်းနဲ့ မြင်‌နေခဲ့ရတဲ့ ဗိုလ်ချုပ်ကတော်တွေအုပ်စုဟာ အခုတော့ ရဲဝင်းဦးကတော်ကို "အမေကြီး" တပ်ခေါ်ရင်း စားကျက်ပြောင်းသွားကြတဲ့ မြင်ကွင်းကလည်း အာဏာဆိုတာ ဘယ်လောက်မြန်မြန် ရွေ့တတ်သလဲဆိုတာ ပြသနေတဲ့ သေးသေးလေးသော ပြကွက်တစ်ခုပါပဲ။
ဒီလိုအဖြစ်မျိုးကို စစ်အာဏာရှင်လောကမှာ မမြင်ဖူးခဲ့တာလည်း မဟုတ်ပါဘူး။ နေဝင်း၊ ခင်ညွန့်၊ သန်းရွှေတို့ရဲ့ အာဏာအတက်အကျတွေကို ပြန်ကြည့်လိုက်ရင် အာဏာရှိချိန်က "ဗိုလ်ချုပ်ကြီး/ဗိုလ်ချုပ်မှူးကြီး" ဆိုတဲ့ အရှိန်အဝါနောက်မှာ လူအုပ်ကြီးတစ်ခုလုံး ရှိခဲ့ပေမယ့် အာဏာလက်လွှတ်လိုက်တဲ့နေ့ကစပြီး အဲဒီလူအုပ်ကြီးဟာ တဖြည်းဖြည်း စားကျက်ပြောင်းသွားတတ်တာကို တွေ့ရပါတယ်။
အခု မင်းအောင်လှိုင်လည်း အဲဒီ လောကဓံပြခန်းထဲကို တဖြည်းဖြည်း ဝင်ရောက်လာပြီလို့ ဆိုရတော့မှာ ဖြစ်ပါတယ်။ စစ်တပ်ထဲမှာ တပ်ချုပ်ရာထူး ကိုင်ထားတုန်းကတော့ ကိုယ့်စကားက အမိန့်၊ ကိုယ့်အမိန့်က စည်းမျဉ်းပါ။ ဒါပေမယ့် အရပ်ဝတ်လဲပြီး ပါတီနိုင်ငံရေးလောကထဲ ဝင်လာတဲ့အခါ 'အမိန့်'တစ်ခုတည်းနဲ့ ပါတီတွင်း အာဏာခွဲဝေမှုတွေကို ထိန်းချုပ်လို့မရတော့ပါဘူး။ အဲဒီအချက်ကို ၂၀၂၆ ကြံ့ခိုင်ရေးပါတီ ညီလာခံ ဆုံးဖြတ်ချက်တွေက သိသာထင်ရှား‌စေခဲ့ပါတယ်။
ညီလာခံမတိုင်မီ ပါတီထိပ်ပိုင်းရာထူးတွေအပေါ် မင်းအောင်လှိုင်ဘက်နဲ့ ပါတီခေါင်းဆောင်ပိုင်းကြား သဘောထားကွဲလွဲမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီး ညီလာခံကိုတောင် ရက်ရွှေ့ခဲ့ရတာပါ။
နောက်ဆုံး ညီလာခံကျင်းပပြီးတဲ့အခါမှာတော့ ခင်ရီက ဥက္ကဋ္ဌအဖြစ် ဆက်ရှိနေသလို မြတ်ဟိန်း၊ သောင်းအေး၊ တင်အောင်ချစ်တို့လို ပါတီဟောင်းပိုင်းက လူတွေကပဲ ပါတီထိပ်ပိုင်းရာထူးတွေကို ဆက်ယူထားနိုင်ခဲ့ပါတယ်။ မင်းအောင်လှိုင်ရဲ့ လူယုံလူရင်းတွေဖြစ်တဲ့ အောင်လင်းဒွေးတို့ အုပ်စု ဘယ်နေရာမှာမှ တိုးမပေါက်ခဲ့တာ တွေ့ရပါတယ်။
တစ်ဖက်မှာလည်း မင်းအောင်လှိုင်ကို ပါတီဝင်အဖြစ် အတည်ပြုလိုက်တယ်ဆိုတော့ မင်းအောင်လှိုင်ဟာ "အခုမှ ပါတီထဲဝင်လာတဲ့ လူသစ်ကလေး" ဖြစ်ပြီး ပါတီကိုတော့ သူ့မတိုင်ခင်ကတည်းက တည်ဆောက်လာခဲ့တဲ့ လူဟောင်းတွေကပဲ ဆက်ကိုင်ထားတဲ့ ပုံစံတစ်ခု ဖြစ်နေပါတယ်။
တနည်းအားဖြင့် သူ ပုန်ကန်ခဲ့တဲ့ သူ့ဆရာလည်းဖြစ်၊ ပါတီတည်ထောင်ခဲ့သူလည်းဖြစ်တဲ့ သန်းရွှေရဲ့ သစ္စာခံ လူဟောင်းစီနီယာအုပ်စုတွေက ပါတီကို လွှမ်းမိုးလိုက်တဲ့ အဓိပ္ပာယ်ဆောင်ပါတယ်။ ဒါက သမ္မတုမင်းအောင်လှိုင်အတွက် ကောင်းတဲ့လက္ခဏာတစ်ခု မဟုတ်သလို သူ့ရဲ့ နောက်ထပ်သမ္မတသက်တမ်းအတွက် မျှော်လင့်ချက်အိပ်မက်ကိုလည်း ဝေဝါးသွားစေနိုင်တဲ့အပြင် သူ့ရဲ့ ပါတီတွင်းချုပ်ကိုင်ချယ်လှယ်နိုင်စွမ်းဩဇာကိုလည်း အားနည်းသွားစေပါတယ်။
ဒီနေရာမှာ မှတ်သားစရာတစ်ခုက စစ်တပ်ထဲမှာ ရာထူးအာဏာအမြင့်ဆုံးနေရာကို ကိုင်ထားခဲ့သူတစ်ယောက် အရပ်ဝတ်လောကထဲ ဝင်လာတဲ့အခါ အဲဒီအဖွဲ့အစည်းရဲ့ အတွင်းစည်းမျဉ်းတွေကို ချက်ချင်း သူ့စိတ်တိုင်းကျ ပြောင်းလဲလို့ မရနိုင်တဲ့ ကိစ္စပါပဲ။ စစ်တပ်ထဲကလို "ငါပြောရင်ပြီးပြီ" ဆိုတဲ့ စနစ်မျိုးက ကြံ့ဖွတ်လို စစ်ဗိုလ်ချုပ်ဟောင်းတွေ လွှမ်းမိုးထားတဲ့ စစ်တပ်လက်ကိုင်တုတ်ပါတီထဲမှာတောင် အပြည့်အဝ အလုပ်မဖြစ်နိုင်တော့တာ တွေ့ရပါတယ်။
ဒါကြောင့် အခုပါတီညီလာခံရလဒ်ဟာ မင်းအောင်လှိုင်အပေါ် တိုက်ရိုက်ပုန်ကန်မှုကြီးတစ်ခုလို့ မပြောနိုင်သေးပေမယ့် "အာဏာရဲ့ အလေးချိန်ဟာ ယူနီဖောင်းချွတ်လိုက်တာနဲ့ ပြောင်းလဲသွားတတ်တယ်" ဆိုတဲ့ ယေဘုယျလက္ခဏာတစ်ရပ်အဖြစ်တော့ မြင်ကြည့်လို့ ရပါတယ်။
တပ်ချုပ်ဘဝတုန်းက မင်းအောင်လှိုင်ဟာ စနစ်တစ်ခုလုံးရဲ့ အမိန့်ပေးသူ ဖြစ်ခဲ့ပေမယ့် အရပ်ဝတ်လဲပြီး သမ္မတအသွင်နဲ့ ဖြတ်လမ်းကနေ ပါတီထဲဝင်လာတဲ့အခါ အမိန့်တစ်ခုတည်းနဲ့ အလုပ်မဖြစ်တော့ပါဘူး။ ကိုယ့်လူ‌တွေအတွက် ပါတီထဲ ရာထူးတစ်နေရာရဖို့တောင် လူဟောင်းတွေ၊ အဖွဲ့ဟောင်းတွေ၊ ဆက်ဆံရေးဟောင်းတွေနဲ့ တွက်ချက်ရတဲ့ အရပ်ဝတ်နိုင်ငံရေးရဲ့ သင်ခန်းစာကို စတင်သင်ယူနေရတဲ့ သဘောလို့ ဆိုရမှာပါ။
စစ်အာဏာရှိစဉ်မှာ ကိုယ်နဲ့မတည့်တဲ့ သူတွေကို အနားပေးတာ၊ အရေးမပါတဲ့နေရာတွေကို ပို့တာ၊ ကိုယ့်အနားမှာ ကိုယ့်လူတွေကိုပဲ ဆွဲခေါ် ဝန်းရံထားတာမျိုးက လွယ်ကူပါတယ်။ ဒါပေမယ့် အာဏာဆိုတာကလည်း တစ်နေရာတည်းမှာ မြဲနေတတ်တာမျိုး မဟုတ်တာကြောင့် ဒီနေ့ ကိုယ်အနားပေးခဲ့တဲ့ လူဟောင်းတစ်ယောက်က မနက်ဖြန်မှာ ကိုယ်ဝင်ထိုင်ချင်တဲ့ ထိုင်ခုံရဲ့ တံခါးစောင့်လည်း ဖြစ်နေနိုင်ပါတယ်။
အဲဒီသဘောတရားကို အာဏာရှင်ခေတ်တလျှောက်လုံး မြန်မာ့စစ်အာဏာလုပွဲတွေမှာ ပိုမြင်ခဲ့ရပါတယ်။ ခုံးချင်းယှဉ်လာနိုင်တဲ့သူတွေကို အနားပေးပြီး ကိုယ့်လူကိုယ်တင်တဲ့ အာဏာရှင်စနစ်ဟာ အာဏာလက်ရှိကာလအတွက်တော့ အလွန်အဆင်ပြေနိုင်ပေမယ့် အာဏာအလေးချိန် ပြောင်းသွားတဲ့တနေ့မှာတော့ အရင်က အဖက်လုပ်မခံခဲ့ရသူတွေရဲ့ နိုင်ငံရေးအရင်းအမြစ်တွေက ပြန်ပြီး အရေးပါလာတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။
အခု ကြံ့ခိုင်ရေးညီလာခံမှာ မြင်ရတဲ့ လူဟောင်းတွေရဲ့ ပြန်လည်နေရာယူမှုတွေက အဲဒီလောကဓံကို ပြန်သတိရစေသလို မင်းအောင်လှိုင်အတွက်လည်း ဒါဟာ အရပ်ဝတ်ဘဝရဲ့ ပထမဆုံး လက်တွေ့သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။
စစ်တပ်ထဲမှာ အာဏာရှိချိန်က စိတ်ထင်တိုင်းလုပ်လို့ ရခဲ့ပေမယ့် အရပ်ဝတ်နိုင်ငံရေးလောကထဲမှာတော့ အာဏာနဲ့ အရာရာကို ထင်တိုင်းကြဲလို့ မရတော့သလို ရာထူးအမည်တစ်ခုတည်းနဲ့လည်း လူတိုင်းကို ကိုယ့်ဘက်ပါလာအောင် လုပ်လို့မရတော့ပါဘူး။ အရင်က အနားပေးခံခဲ့ရသူတွေကလည်း သူတို့ရဲ့ အရင်းအမြစ်နဲ့ ပါတီတွင်း နေရာလုအတွေ့အကြုံတွေနဲ့အတူ ပြန်‌နေရာယူလာကြပါပြီ။
ဒါပေမယ့်လည်း အမှန်ပြောရရင် ဒီစစ်တပ်နဲ့ ဒီကြံ့ဖွတ်ပါတီ အာဏာလုထားသ၍ တိုင်းပြည်က ဆင်းရဲတွင်းထဲ ဇောက်ထိုးဆင်းနေဦးမှာပဲဖြစ်လို့ ဒီကိစ္စဟာ မြန်မာပြည်သူတွေအတွက်တော့ ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုလိုမျိုး တိုင်းပြည်က ဆင်းရဲဒုက္ခရောက်နေချိန်မှာ အာဏာရှင်တွေရဲ့ နေရာလုပွဲ/ထိုင်ခုံလုပွဲတွေ ကြည့်ရတာဟာ ပြည်သူတွေအတွက်တော့ စစ်မီးလျှံကြားက ဖျော်ဖြေရေးတစ်ခုသဖွယ် စိတ်ဝင်စားစရာ ဖြစ်စေတာတော့ အမှန်ပါပဲ။
အချုပ်ဆိုရရင် ၂၀၂၆ ကြံ့ခိုင်ရေးပါတီညီလာခံဟာ ပါတီတစ်ခုရဲ့ ခေါင်းဆောင်ရွေးပွဲသက်သက်တင် မဟုတ်ဘဲ မင်းအောင်လှိုင်ရဲ့ အရပ်သားဘဝ ခရီးအစမှာ "အာဏာဆိုတာ ယူနီဖောင်းနဲ့အတူ အရွယ်အစားပြောင်းတတ်တယ်" ဆိုတဲ့ သင်ခန်းစာတစ်ရပ်ကို စီနီယာလူဟောင်းတွေက သမ္မတတုရဲ့နဖူးမှာ ကပ်ပေးလိုက်တဲ့ ခွက်စောင်းခုတ်ပွဲလို့လည်း ဆိုနိုင်ပါတယ်။
စစ်အာဏာရှိစဉ်တုန်းကတော့ လူတွေက ကိုယ့်အနားကို လာကြပါတယ်။ အာဏာရေချိန် ပြောင်းလာတဲ့အခါမှာတော့ ကိုယ်က လူတွေရဲ့ အနားကို လိုက်ရတဲ့အချိန် ရောက်လာတတ်တာ သဘာဝပါ။ စစ်ဗိုလ်ချုပ်ဘဝမှာတော့ မင်းအောင်လှိုင်က ဆရာကြီး‌ပေါ့။ အရပ်ဝတ်ဘဝမှာတော့ ပညာခန်းအရ အခုမှ မူလတန်းပြန်တက်နေရတဲ့သဘော။ ပြီးတော့ ဒီတစ်ခါ သင်ရမယ့် ဘာသာရပ်က 'လက်ညှိုးထိုးအမိန့်‌ပေးဗျူဟာ' မဟုတ်တော့ပါဘူး။ 'အသွင်ပြောင်းစစ်ဗိုလ်ချုပ်‌တွေရဲ့ အရပ်ဝတ်‌ ထိုင်ခုံလုနည်း'ပါ။ အလွတ်ကျက်လိုက်ပါဦး မင်းအောင်လှိုင်။
ဆက်ဖတ်ရန် →

လုပ်ပိုင်ခွင့်တွေကို မိသားစု သားသမီးတွေ နာမည်နဲ့ လွှဲပြောင်းထားတဲ့အောင်လင်းဒွေး

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်ဗိုလ်ချုပ်ကြီးတွေကြားမှာ ပုံစံတစ်ခု ထင်ရှားလာပါတယ်။ ကိုယ့်လက်ထဲက လုပ်ပိုင်ခွင့်၊ တင်ဒါ၊ စီးပွားရေးအခွင့်အလမ်းတွေကို ကိုယ့်နာမည်နဲ့ မဟုတ်ဘဲ မိသားစု၊ သားသမီးတွေရဲ့ နာမည်နဲ့ လွှဲပြောင်းထားတဲ့ ပုံစံပါ။ အနာဂတ်မှာ ကိုယ့်ချမ်းသာမှုကို စုံစမ်းစစ်ဆေးခံရမယ့်အရေးကို ကြိုတင်ကာကွယ်တဲ့သဘော၊ ဒါမှမဟုတ် ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲတဲ့သဘောလို့ သုံးသပ်သူတွေက ဆိုပါတယ်။ ဒီပုံစံရဲ့ ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ ဗိုလ်ချုပ်ကြီး (ငြိမ်း) အောင်လင်းဒွေးပဲ ဖြစ်ပါတယ်။
အောင်လင်းဒွေးဟာ ၁၉၆၂ ခုနှစ် မေလ ၃၁ ရက်မှာ မွေးဖွားပြီး စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဆင်းပါ။ စစ်ဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) ရဲ့ အတွင်းရေးမှူး ဖြစ်လာခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်အထိ အဲဒီတာဝန်ကို ထမ်းဆောင်ခဲ့ပြီး အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနဲ့ ကနေဒါတို့ရဲ့ ပိတ်ဆို့အရေးယူမှုတွေ ခံထားရသူလည်း ဖြစ်ပါတယ်။
သူ့ရဲ့ သားသမီး ၃ ဦးဖြစ်တဲ့ သမီး ရွှေရည်ဖူးအောင်၊ သား လှိုင်ဘွားအောင်၊ သား ဖြိုးအာကာအောင်တို့ဟာ အောင်မြင့်မိုးလင်း၊ မင်္ဂလာအောင်မြေ ဆောက်လုပ်ရေးကုမ္ပဏီ ၂ ခုနဲ့ ရွှေရည်ဖြိုးပြည့် ထုတ်လုပ်ရေးကုမ္ပဏီကို ပိုင်ဆိုင်ထားပြီး၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အစိုးရတင်ဒါကြီးတွေ အများအပြား ရရှိခဲ့တယ်လို့ Myanmar Now သတင်းဌာနက ၂၀၂၂ ခုနှစ်မှာ ဖော်ပြခဲ့ပါတယ်။
ဖော်ပြထားတဲ့ သတင်းတွေအရ မင်္ဂလာအောင်မြေ ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် မတ်လအတွင်း ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အကျဉ်းဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ပညာရေးနဲ့ လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေက တင်ဒါတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ရန်ကုန်က လမ်းလုပ်ငန်းရှင်တစ်ဦးရဲ့ ပြောကြားချက်အရ တင်ဒါတချို့ဟာ အောင်လင်းဒွေးရဲ့ သားသမီးတွေရဲ့ ကုမ္ပဏီတွေကို အရင်ပေးပြီး၊ ပြီးမှ တခြားလုပ်ငန်းရှင်တွေကို ပြန်အပ်တဲ့ပုံစံမျိုးလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အောင်မြင့်မိုးလင်း ကုမ္ပဏီကတော့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသုံးဘောပင်နဲ့ ခဲတံတွေ ထောက်ပံ့တင်ဒါကို ဈေးကွက်ပေါက်ဈေးထက် မြင့်တဲ့ဈေးနဲ့ ရရှိခဲ့ပြီး သိန်းသောင်းချီ အမြတ်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် သား ဖြိုးအာကာအောင်ရဲ့ အောင်မြင့်မိုးလင်း ကုမ္ပဏီဟာ ကျောက်မီးသွေးတူးဖော်ခွင့်လည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
နေပြည်တော်မှာလည်း သိုက်ချောင်းလမ်းဆုံကနေ ဆေးရုံအထိ လမ်းဖောက်လုပ်ငန်း၊ မင်းအောင်လှိုင်ရဲ့ ရုံးသွားလမ်းကြောင်းပေါ်က လမ်း နဲ့ တံတား အဆင့်မြှင့်တင်ရေးလုပ်ငန်းတွေကို သားသမီး ၃ ဦးနဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီတွေက ရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ သိုက်ချောင်းလမ်းဆုံအနီး ၄ ဧကလောက် ကျယ်ဝန်းတဲ့ ကွန်ကရစ်လုပ်ငန်းဟာလည်း အောင်လင်းဒွေး မိသားစုပိုင်ဖြစ်တယ်လို့ ဒေသခံသတင်းတွေအရ သိရပါတယ်။
ကုမ္ပဏီမှတ်တမ်းတွေအရ မင်္ဂလာအောင်မြေ ကုမ္ပဏီရဲ့ ဒါရိုက်တာအဖြစ် ဇနီးဖြစ်သူ ဒေါ်ဥမ္မာမြင့်ရဲ့ နာမည် ပါဝင်နေတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အောင်လင်းဒွေးရဲ့ တူမဖြစ်သူ ဆုမြတ်နန္ဒာအောင် (ခေါ်) စုလင်ရှိန်ဟာ MRTV-4 ရဲ့ မင်းသမီးတစ်လက်ဖြစ်နေတယ်လို့လည်း သိရပါတယ်။
သုံးသပ်သူတွေရဲ့ အဆိုအရ တင်ဒါတန်ဖိုး သိန်း ၅၀၀ ကျော်တဲ့ လုပ်ငန်းတွေမှာ ပုဂ္ဂလိကကုမ္ပဏီတွေထက် မင်းအောင်လှိုင်နဲ့ အောင်လင်းဒွေးတို့ရဲ့ သားသမီးတွေရဲ့ ကုမ္ပဏီတွေကို ဦးစားပေးအပ်နှံလေ့ရှိတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်သား ဖြစ်နေရုံနဲ့တင် တင်ဒါရဖို့ လုံလောက်တယ်ဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ်နေပါတယ်။
ဒီပုံစံဟာ အောင်လင်းဒွေးတစ်ဦးတည်းရဲ့ ကိစ္စ မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ် မတ်လမှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနဟာ မင်းအောင်လှိုင်ရဲ့ သားနဲ့သမီး ၂ ဦးနဲ့ သူတို့ရဲ့ ကုမ္ပဏီ ၆ ခုကို ပိတ်ဆို့အရေးယူခဲ့ပါတယ်။ ဖခင်ရဲ့ ရာထူးနဲ့ လွှမ်းမိုးမှုကနေ တိုက်ရိုက်အကျိုးခံစားခဲ့ရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။
နိုင်ငံရေးအကဲခတ်တွေကတော့ ဒါဟာ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲဖို့၊ ကိုယ့်လက်ထဲက လုပ်ပိုင်ခွင့်တွေကို မိသားစုနာမည်ခံနဲ့ ဆက်ထိန်းထားဖို့ နည်းလမ်းတစ်ခုလို့ သုံးသပ်ကြပါတယ်။ တော်လှန်ရေးအောင်မြင်ပြီးတဲ့အခါ ဘယ်ကုမ္ပဏီရဲ့ ဒါရိုက်တာ၊ ရှယ်ယာရှင် ဘယ်သူလဲ၊ ဘယ်ဝန်ကြီးဌာနက တင်ဒါရခဲ့လဲ၊ ဘယ်သူ့ကို ပြန်အပ်ခဲ့လဲဆိုတာတွေကို စနစ်တကျ စိစစ်ဖို့ လိုတယ်လို့ တိုက်တွန်းနေကြပါတယ်။
အာဏာရှိတုန်းက လုပ်ပိုင်ခွင့်တွေ၊ တင်ဒါတွေ၊ စီးပွားရေးအခွင့်အလမ်းတွေကို မိသားစု သားသမီးတွေရဲ့ နာမည်နဲ့ လွှဲပြောင်းထားခဲ့တဲ့ မှတ်တမ်းဟာ သမိုင်းမှာ ကျန်ရစ်နေပါပြီ။ ပြည်သူတွေရဲ့ ချွေးနည်းစာနဲ့ တည်ဆောက်ထားတဲ့ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို မိသားစုစီးပွားရေးအဖြစ် ပြောင်းလဲယူသွားတဲ့ ဒီပုံစံကို နောင်လာနောက်သားတွေ မေ့သွားမှာ မဟုတ်ပါဘူး။

Credit-Don’t forget. ဒီလူတွေကိုမမေ့နဲ့

ဆက်ဖတ်ရန် →

မင်းအောင်လှိုင်သမ္မတလုပ်ခါနီးမှာ ရုတ်တရက် ရှင်းလင်းခံလိုက်ရတဲ့ မြင့်ဆွေ


၂၀၂၅ ခုနှစ် ဩဂုတ်လ ၇ ရက် မနက် ၈ နာရီ ၂၈ မိနစ်မှာ ယာယီသမ္မတဟောင်း ဦးမြင့်ဆွေ နေပြည်တော် အမှတ်(၂) တပ်မတော်ဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။ အသက် ၇၄ နှစ် ရှိပါပြီ။ စစ်ကောင်စီက နိုင်ငံတော်ဈာပနနဲ့ မြှုပ်နှံပြီး ဩဂုတ်လ ၇ ရက်ကနေ ၁၁ ရက်အထိ ၅ ရက် ဝမ်းနည်းကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ တကယ့်ဇာတ်လမ်းက ကွယ်လွန်ခြင်းမှာ မဟုတ်ပါဘူး။ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်၊ ယာယီသမ္မတတာဝန်ကနေ ရုတ်တရက် ဖယ်ရှားခံလိုက်ရတဲ့နေ့မှာ ဖြစ်ပါတယ်။

၁၉၅၁ ခုနှစ် ဇွန်လ ၂၄ ရက် မန္တလေးမြို့မှာ မွေးဖွားတဲ့ မြင့်ဆွေဟာ မွန်လူမျိုး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၅ ဆင်းပါ။ ၂၀၀၄ ခုနှစ်မှာ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်ကို ဖယ်ရှားရာမှာ သန်းရွှေရဲ့ အမိန့်နဲ့ ဦးဆောင်ခဲ့သူ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့အရေးအခင်းကို ဖြိုခွင်းရာမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ၂၀၁၁ ကနေ ၂၀၁၆ အထိ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ၂၀၁၆ ကနေ ဒုတိယသမ္မတ (၁) — စစ်အုပ်စုရဲ့ သစ္စာရှိလက်ရွေးစင် တစ်ဦးဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့မှာ သူဟာ ယာယီသမ္မတ ဖြစ်လာခဲ့ပါတယ်။ ပြီးတော့ အဲဒီနေ့မှာပဲ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအာဏာ အားလုံးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လွှဲအပ်ခဲ့ပါတယ်။ အာဏာသိမ်းမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖုံးအုပ်ပေးတဲ့ တရားဝင်မှုတံဆိပ်ပေါ့။

သုံးနှစ်ခွဲကြာ သူဟာ ယာယီသမ္မတအဖြစ် ဆက်နေခဲ့ပါတယ်။ ၆ လတစ်ကြိမ် အရေးပေါ်အခြေအနေ သက်တမ်းတိုးတဲ့ အမိန့်တွေမှာ လက်မှတ်ထိုးပေးရုံ၊ စစ်ကောင်စီလိုအပ်တဲ့ စာရွက်စာတမ်းမှန်သမျှကို လက်မှတ်ထိုးပေးတဲ့ ရာဘာတံဆိပ်ပါပဲ။ နိုင်ငံရေးအကဲခတ်တွေက သူ့ကို သန်းရွှေနဲ့ မင်းအောင်လှိုင်တို့ရဲ့ ရုပ်သေးအဖြစ် သုံးသပ်ခဲ့ကြပါတယ်။

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ သူ့မှာ အာရုံကြောနှေးကွေးတုန့်ဆိုင်းရောဂါ၊ ပါကင်ဆန်ရောဂါ စတင်ခံစားလာရတယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီလ ၁၅ ရက်ကနေ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth ဆေးရုံမှာ ကုသခဲ့ပြီး၊ မေလ ၂၇ ရက်ကနေ ဇွန်လ ၁၈ ရက်အထိ နေပြည်တော် ခုတင် ၁၀၀၀ စစ်ဆေးရုံကြီးမှာ ဆက်လက်ကုသခဲ့ပါတယ်။

ပြီးတော့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်။ ရုတ်တရက်ပဲ သူ့ရဲ့ ယာယီသမ္မတတာဝန်တွေကို ကျန်းမာရေးမကောင်းလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ မင်းအောင်လှိုင်ထံ လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီနေ့ကစပြီး မင်းအောင်လှိုင်ဟာ ယာယီသမ္မတ တာဝန်ကို ယူသွားခဲ့ပါတယ်။ ဝေဖန်သူတွေက ဒီလွှဲပြောင်းမှုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ထောက်ပြခဲ့ကြပေမဲ့၊ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဥပဒေနဲ့ ညီတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ဒီနေရာမှာ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဘာလို့ အဲဒီအချိန်ကျမှာလဲ။ မြင့်ဆွေဟာ တစ်နှစ်ခွဲကျော်ကြာ နေမကောင်းဖြစ်နေတာပါ။ ဒါပေမဲ့ မင်းအောင်လှိုင်ဟာ သူကိုယ်တိုင် ယာယီသမ္မတဖြစ်ဖို့ လိုအပ်လာတဲ့ အချိန်ကျမှ၊ အရေးပေါ်အခြေအနေကို ကိုယ်တိုင်သက်တမ်းတိုးပြီး အာဏာကို ကိုယ်တိုင်စုစည်းဖို့ လိုလာတဲ့အချိန်ကျမှ မြင့်ဆွေကို ဖယ်ရှားခဲ့တာပါ။ နိုင်ငံရေးအကဲခတ်တွေရဲ့ သုံးသပ်ချက်ကတော့ ရှင်းပါတယ်။ သမ္မတအိပ်မက်ကို အကောင်အထည်ဖော်ဖို့ လမ်းမှာ ဆီးနေတဲ့ အတားအဆီးကို ရှင်းလင်းလိုက်တာပဲ ဖြစ်ပါတယ်။

တာဝန်လွှဲပြောင်းပြီးတဲ့နောက်မှာ မြင့်ဆွေဟာ လူမြင်ကွင်းကနေ လုံးဝ ပျောက်ကွယ်သွားခဲ့ပါတယ်။ တစ်နှစ်ကျော်ကြာ သူ့ရဲ့ သတင်း၊ သူ့ရဲ့ ပုံရိပ် ဘာတစ်ခုမှ မထွက်ပေါ်လာတော့ပါဘူး။ အသက်ရှင်နေသေးလား၊ ဘယ်မှာလဲဆိုတာတောင် လူအများ မသိခဲ့ကြပါဘူး။

၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှာ သူဟာ စစ်ဆေးရုံကို ပြန်လည်တက်ရောက် ကုသခဲ့ရပါတယ်။ ဩဂုတ်လ ၅ ရက်မှာ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်ဖွယ်ရာ ဖြစ်နေတယ်လို့ ကာလုံက သတင်းထုတ်ပြန်ခဲ့ပြီး၊ ဩဂုတ်လ ၇ ရက် မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဩဂုတ်လ ၁၁ ရက်မှာ နိုင်ငံတော်ဈာပန အခမ်းအနားနဲ့ နေပြည်တော် တပ်မတော်စစ်သင်္ချိုင်းမှာ မြှုပ်နှံခဲ့ပါတယ်။

ပြီးတော့ ၂၀၂၆ ခုနှစ် ဧပြီလမှာ မင်းအောင်လှိုင်ဟာ ထောက်ခံမဲ ၄၂၉ မဲနဲ့ ၁၁ ဦးမြောက် သမ္မတအဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။ လမ်းရှင်းသွားပါပြီ။ ရှေ့မှာ ဆီးနေသူ မရှိတော့ပါဘူး။

မြင့်ဆွေရဲ့ ဘဝက စစ်အုပ်စုကို သစ္စာခံသူတွေရဲ့ အဆုံးသတ်ကို ပြသနေပါတယ်။ လိုအပ်တဲ့အချိန်မှာ သုံးတယ်၊ မလိုအပ်တော့တဲ့အချိန်မှာ ဖယ်ရှားတယ်။ အာဏာသိမ်းမှုကို တရားဝင်အောင် လက်မှတ်ထိုးပေးခဲ့သူကို နောက်ဆုံးမှာ ကျန်းမာရေးဆိုတဲ့ စကားလုံးတစ်လုံးနဲ့ သမိုင်းစာမျက်နှာကနေ ဖယ်ထုတ်လိုက်တာပါပဲ။
credit-မေမ့နဲ့(Do not forget)

ဆက်ဖတ်ရန် →
OpenAI ၏ AI မော်ဒယ်များက ဩစတြေးလျနှင့် အမေရိကန်အစိုးရ ဝက်ဘ်ဆိုက်များကို ဖောက်ထွင်းဝင်ရောက်

OpenAI ၏ AI မော်ဒယ်များက ဩစတြေးလျနှင့် အမေရိကန်အစိုးရ ဝက်ဘ်ဆိုက်များကို ဖောက်ထွင်းဝင်ရောက်


OpenAI ၏ ဉာဏ်ရည်တု (AI) မော်ဒယ်များက ယခုနှစ် နွေရာသီအတွင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနနှင့် စတော့ဈေးကွက်ဆိုင်ရာ ကြီးကြပ်ရေးကော်မရှင် (SEC) တို့၏ ဝက်ဘ်ဆိုက်များကို ထိုးဖောက်ခဲ့ပြီး ပညာရေးဌာန၏ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။ ယင်းလုပ်ဆောင်မှုများကို OpenAI ကုမ္ပဏီကိုယ်တိုင်က မသိရှိခဲ့ဘဲ စက်တင်ဘာ ၂၅ ရက်ကမှ ယင်းဖြစ်စဉ်များကို အတည်ပြုပြောကြားခဲ့သည်။

ကုမ္ပဏီ၏ နည်းပညာသည် အများပြည်သူသိရှိပြီးသား အချက်အလက်များမှအပ အခြားအချက်အလက်များကို ဝင်ရောက်ရယူနိုင်ခြင်း မရှိဘဲ အစိုးရ၏ ဒေတာများနှင့် စနစ်များကိုလည်း ပြောင်းလဲခဲ့ခြင်းမရှိကြောင်း OpenAI ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမေရိကန်အစိုးရ၏ အကြီးတန်း IT အရာရှိတစ်ဦးက ဌာနသုံးခုနှင့်ပတ်သက်၍ အစိုးရအနေဖြင့် အမှန်တကယ် ဖြစ်ပွားခဲ့သည်များကို ရှင်းရှင်းလင်းလင်း နားလည်ခြင်းမရှိသေးဟု ထုတ်ပြန်ထားသည်။

ယခုသတင်း ထွက်မလာမီ နှစ်ရက်ကလည်း OpenAI ၏ AI မော်ဒယ်တစ်ခုက ဇွန်လအတွင်း ဩစတြေးလျအစိုးရ၏ ဝက်ဘ်ဆိုက်တစ်ခုကို ခွင့်ပြုချက်မရှိဘဲ ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး သီးသန့်အချက်အလက်များကို ရယူခဲ့ကြောင်း ဩစတြေးလျဝန်ကြီးချုပ် အန်သနီ အယ်လ်ဘန်နိဇ်က ကြေညာခဲ့သည်။

အဆိုပါ AI မော်ဒယ်က ဩစတြေးလျ၏ အများပြည်သူအတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ် Medicare နှင့်ပတ်သက်သည့် စာရင်းအင်းအချက်အလက်များကို ဖော်ပြထားသော Medicare Statistics Reporting Service Portal အတွင်းသို့ ဖောက်ဝင်ခဲ့ခြင်းဖြစ်သည်။

ဩစတြေးလျဝန်ကြီးချုပ်က ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး OpenAI အမှုဆောင်အရာရှိချုပ် ဆမ် အယ်လ်မန်နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားပြီးဖြစ်သည်။ ဩစတြေးလျအစိုးရထံ OpenAI ဘက်က အချိန်ကြာမြင့်ပြီးမှ အသိပေးခဲ့သည့်အပေါ် စိတ်ပျက်မိကြောင်းနှင့် ဥပဒေအရ အရေးယူမှုများ မလွဲမသွေရှိလာမည်ဖြစ်ကြောင်းလည်း ဩစတြေးလျဝန်ကြီးချုပ်က သတိပေးခဲ့သည်။

OpenAI ၏ ထုတ်ပြန်ချက်တွင် ဩစတြေးလျနိုင်ငံနှင့်ပတ်သက်သည့် မေးခွန်းများကို ဖြေဆိုနိုင်ရန် AI မော်ဒယ်များက စမ်းသပ်ရှာဖွေနေစဉ် ဩစတြေးလျအစိုးရ၏ ဝက်ဘ်ဆိုက်နှင့် အွန်လိုင်းဝန်ဆောင်မှုအချို့ကို ဝင်ရောက်အသုံးပြုခဲ့ကြောင်း၊ ထိုလုပ်ငန်းစဉ်အတွင်း AI မော်ဒယ်များက ရည်ရွယ်ထားခြင်းမရှိသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့ကြောင်း ရှင်းပြခဲ့သည်။

OpenAI က ယင်းဖြစ်ရပ်ကို ဩဂုတ်လအတွင်းမှသာ သိရှိခဲ့ပြီး ဩစတြေးလျအစိုးရ ဌာနတစ်ခု၏ အီးမေးလ်လိပ်စာသို့ စက်တင်ဘာ ၁၀ ရက်တွင် အကြောင်းကြားခဲ့သည်။ ဝန်ကြီးချုပ်က လက်ရှိအချိန်အထိ ကိုယ်ရေးကိုယ်တာအချက်အလက်များ ခိုးယူခံရသည်ဟု မယူဆရသော်လည်း ဆက်လက်စုံစမ်းစစ်ဆေးနေသည်ဟု ပြောကြားသည်။

Ref: Politico / BBC
ဆက်ဖတ်ရန် →
ဒီကနေ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်တို့ရဲ့ "A Night in Bangkok" ရှိုးပွဲ မျှော်လင့်ထားသလို ဖြစ်မလာတော့ပါ

ဒီကနေ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်တို့ရဲ့ "A Night in Bangkok" ရှိုးပွဲ မျှော်လင့်ထားသလို ဖြစ်မလာတော့ပါ


စိုင်းစိုင်းရှိုးပွဲလုပ်မယ့် နေ့မှ ဘန်ကောက်တမြို့လုံး အနီရောင်အဆင့် ရေကြီးကာ အရေးပေါ်အခြေအနေတွေ့ကြုံနေရပါပြီ
 ဒီနေ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ ရဲလေး၊ ဘော့ဘီဆောက်ဆာတို့ရဲ့ "A Night in Bangkok" ရှိုးပွဲကြီးကတော့ ပရိသတ်တွေ မျှော်လင့်ထားသလို ဖြစ်မလာတော့ပါဘူး။ မနေ့ စက်တင်ဘာ ၂၅ ရက်ကတည်းက ဘန်ကောက်မြို့တမြို့လုံး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် လမ်းမတွေ၊ အိမ်တွေရေမြုပ်ပြီး တမြို့လုံး ရေဘေးဒုက္ခရောက်နေရပါပြီ။  လက်ရှိ မြေပြင်အခြေအနေများ : ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေအပြင် လူတွေပါ အပြင်ထွက်လို့ မရတော့ပါဘူး။ 7/11 တွေနဲ့ စားသောက်ကုန်ပစ္စည်းတွေ အကုန်ပြတ်လပ်နေပြီး Delivery ဝန်ဆောင်မှုတွေလည်း အကုန်ရပ်နားထားရပါတယ်။ ထိုင်းအစိုးရဘက်ကလည်း နောက်ထပ် ၃-၄ ရက် မိုးဆက်တိုက်ရွာနိုင်လို့ အရေးပေါ်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။  ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာပရိသတ်တဦးကတော့ — "စိုင်းစိုင်းရှိုးပွဲကြည့်ချင်လို့ လက်မှတ်ဝယ်ထားတာ ... အခုတော့ ထမင်းစားဖို့တောင် အပြင်ထွက်မရတော့ဘူး၊ ပွဲက ပျက်ပြီထင်တယ်။ စိုင်းစိုင်းကိုက ဒီလို ကံပါတာထင်တယ်၊ သူ ဘာပဲလုပ်လုပ် ဒီလိုအမြဲကြုံရတတ်တယ်။ အခု တခါမှ မဖြစ်ဖူးတဲ့ ဘန်ကောက်တောင် သူရှိုးပွဲလုပ်မှ ရေကြီးပြီး ဒုက္ခရောက်ရပြီ" လို့ ညည်းတွားဝေမျှထားပါတယ်။ ပွဲကို သွားရောက်ဖို့ လက်မှတ်ဝယ်ထားပြီးသား ပရိသတ်တွေနဲ့ ဘန်ကောက်ရောက် မြန်မာညီအစ်ကိုတွေအားလုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ နေထိုင်ကြဖို့ သတိထားကြပါနော်။ 
 #SaiSaiKhamHlaing #ANightInBangkok 
#BangkokFlood #MyanmarCelebrity
ဆက်ဖတ်ရန် →
"မြှင့်မြတ်တော်မူသော (Your Excellency)" သို့မဟုတ် "သမ္မတကြီး (Mr. President)" ဟု ခေါ်ဆိုရန် ဖိအားပေးခံခဲ့ရသည့် TIME မဂ္ဂဇင်း သတင်းထောက်

"မြှင့်မြတ်တော်မူသော (Your Excellency)" သို့မဟုတ် "သမ္မတကြီး (Mr. President)" ဟု ခေါ်ဆိုရန် ဖိအားပေးခံခဲ့ရသည့် TIME မဂ္ဂဇင်း သတင်းထောက်





အင်တာဗျူးမစတင်မီစစ်ဗိုလ်များမှ စစ်ကောင်စီခေါင်းဆောင်အား "Your Excellency" သို့မဟုတ် "Mr. President" ဟု ခေါ်ဆိုရန် ဖိအားပေးခဲ့ကြပြီး အင်တာဗျူးပြုလုပ်မည့်နေရာသို့ တင်းကျပ်လွန်းသည့် လုံခြုံရေးများကြားမှ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်ဆို၏၊

အင်တာဗျူးမည့်နေရာသို့ ရောက်ရှိချိန်တွင် -

ရုပ်သံကင်မရာ အများအပြားဖြင့် စနစ်တကျ ရိုက်ကူးရေးပြင်ဆင်ထားသည်ကို တွေ့ရသဖြင့် ချာလီကမ့်ဘဲလ် အံ့အားသင့်ခဲ့ရသည်။

"မှတ်တမ်းယူရုံ သာဖြစ်သည်" ဟု ပြောဆိုခဲ့၏၊

အင်တာဗျူးအပြီးတွင်မူ မင်းအောင်လှိုင်က "ဤရုပ်သံကို ပြည်သူသို့ ထုတ်လွှင့်ပြသမည်" ဟု မြန်မာဘာသာဖြင့် အော်ဟစ်ပြောဆိုခဲ့သဖြင့် တိုင်းမ်သတင်းထောက်မှာ ထပ်မံအံ့အားသင့်ခဲ့ရသည်ဟုဆိုသည်。

#Credit_to_original_Writer
ဆက်ဖတ်ရန် →
ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်


အာဏာသိမ်း စစ်အုပ်စုက ဆရာတော်အား ပစ်ခတ်သတ်ဖြတ်မှု ဝန်မခံသေးဘဲ ဆက်လက် စုံစမ်းဦးမယ်လို့ဆို၊

MFP ၊ ဇွန်-၂၁

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့နဲ့ ကမ္မရွာကြားမှာ ဇွန်(၁၉)ရက် မနက်ပိုင်းက နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်(ငြိမ်း)၊ ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါ လာတဲ့ မော်တော်ကားကို ဖောကားပေါ်နေ ဝိုင်းဝန်း ပစ်ခတ် သတ်ဖြတ်ခဲ့သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန်မြို့နယ် ပြည်သူ့စစ်ခေါ် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မန္တလေးနန်းတွင်းမှာ အခြေပြုတဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် - လပခ လက်အောက်ခံ အမှတ်(၂) အင်အားပြန်လည် ဖြည့်တင်းရေးတပ် (အပတ-၂-ကျောက်ဆည်တပ်နယ်)က ဗိုလ်မှူးအဆင့် မိုးမင်းဦးဟာ စစ်အာဏာသိမ်းစ ကတည်းက ငါန်းဇွန်နယ်ထဲ ရောက်ရှိလာကာ ဒေသတွင်း လူသတ်၊ လုယက်၊ အကြမ်းဖက်မှုတွေမှာ ဦးဆောင်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇွန်(၁၉)ရက်က အဲ့ဒီ ဗိုလ်မှူးမိုးမင်းဦး ဦးဆောင်တဲ့ စစ်အုပ်စု အင်အား(၁၄)ယောက်၊ ငါန်းဇွန်မြို့နယ် ပျူခေါင်းဆောင် မျိုးမင်းခိုင် ဦးဆောင်တဲ့ အင်အား(၁၅)ယောက်၊ စုစုပေါင်း အင်အား(၃၀)နီးပါးပါ စစ်ကြောင်း မိုင်းဆွဲ ခံရကာ ဒု-တပ်ကြပ်အဆင့်တစ်ယောက် သေပြီး အလောင်းကောက်ပြီး ပြန်လာချိန် ငါန်းဇွန်မြို့နယ်၊ မြို့သာနဲ့ ပန်းချီကမ္မရွာကြားမှာ မှန်မချဘဲ မောင်းနှင်လာတဲ့ Surf အမျိုးအစား 3E-၁၂၈၄ ကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ စစ်အုပ်စုဘက်က ပြန့်လာတဲ့ ကြေးနန်းစာမှာ ဖော်ပြထားတယ်လို့ အဲ့ဒီ ကြေးနန်းစာကို လက်ခံရရှိထားတဲ့ ဒေသခံမြေပြင်ကင်းထောက်အဖွဲ့ ငါန်းဇွန်သတင်းစုံက MFP ကို ပြောပါတယ်။

ဒါပေမယ့် အဲ့ဒီ ကြေးနန်းစာဟာ အလိမ်အညာ ဖြစ်နိုင်ပြီး ကြေးနန်စာပါ အချက်အလက်တွေဟာလည်း အလိမ်အညာတွေ ဖြစ်တယ်လို့ ငါန်းဇွန်သတင်းစုံက ဆိုပါတယ်။

“သူတို့ ကြေးနန်းစာကလည်း အလိမ်၊ ဖြစ်စဉ်နေရာ ပုံတွေကလည်း လိမ်ထားတာ၊ ကားမှောက်တာလည်း မရှိ၊ မိုင်းဆွဲတာလည်း မရှိ၊ ကင်းပုန်းနဲ့ ပတ်ကင်းက ပစ်ခတ်တာသာဖြစ်။ ပြောရမယ်ဆိုရင် ဆရာတော်တွေရဲ့ ကားမပစ်ခံရခင် (၁၈)ရက်က သူတို့ စခတွေ ပစ်ခံရပြီး အထိနာထားတော့ ငါန်းဇွန်-မြို့သာလမ်းနဲ့ အနီးဝန်းကျင်က ရွာတွေကို နောက်တစ်ရက်မှာ ပတ်မွှေနေတာ။ အဲဒီလို မွှေနေတဲ့ အချိန်မှာ ဆရာတော်ကားက မှန်မချဘဲ ဆွမ်းစားဖို့ အတင်းမောင်းချိန်မှာ ဖောကားက ပစ်လိုက်တာ” လို့ ငါန်းဇွန်သတင်းစုံက ဆိုပါတယ်။

ကြေးနန်စာပါ အချက်အလက်တွေက အလိမ်အညာတွေ ဖြစ်ပေမယ့် ဗိုလ်မှူးနာမည်နဲ့ ပျူခေါင်းဆောင်ရဲ့ နာမည်တွေသာ မှန်ကန်တယ်လို့ ဆိုပါတယ်။

“မိုးမင်းဦးနဲ့ မျိုးမင်းခိုင်တို့အုပ်စု စစ်ဆေးခံရနိုင်ဖွယ်ရှိတယ်” လို့ ငါန်းဇွန်သတင်းစုံ တာဝန်ရှိသူက မှတ်ချက်ပြုပါတယ်။

ဇွန်(၁၉)ရက် မနက်(၁၀)နာရီခွဲ ဝန်းကျင်က၊ မန္တလေး - တံတားဦး - မြို့သာ - ငါန်းဇွန်လမ်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့နဲ့ ကမ္မရွာကြားမှာ ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၊ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်၊ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော်  ဘဒ္ဒန္တ ဂုဏိကာဘိဝံသ တို့ စီးနင်း လိုက်ပါလာတဲ့ ကား ပစ်ခတ်ခံရပြီး ဝင်းနိမ္မိတာရုံကျောင်းဆရာ တော်ပျံလွန်တော်မူကာ ကန်သုံးဆင့် ပရိယတ္တိ စာသင်တိုက်ဆရာတော်နဲ့ ယာဉ်မောင်း တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ငါန်းဇွန်နယ် ကမ္မရွာကနေ မန္တလေးဘက်အပြန် ဖောကားပေါ်မှာ ရှိနေတဲ့ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေက ကားကို သေနတ်နဲ့ ခုနှစ်ချက်၊ ရှစ်ချက် ဝိုင်းပစ်ခတ်ခဲ့တာကြောင့် ဝင်းနိမ္မိတာရုံဆရာတော်ပြီး ပျံလွန်တော်မူတာလို့ ပစ်ခတ်ခံရတဲ့ ကားပေါ်မှာ အတူပါရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ မင်္ဂလာဒုံ၊ ကန်သုံးဆင့်ကျောင်း ဆရာတော်  ဘဒ္ဒန္တ ဂုဏိကာဘိဝံသ က မနေ့က ဇွန်(၂၀)ရက်မှာ ပြန်လည် မိန့်ကြားပါတယ်။

"ဖောကားပေါ်ကနေ သေနတ်နဲ့ ဝိုင်းပြီးတော့ ပစ်ပါတယ်။ ကားမှာ ခုနစ်ချက်၊ ရှစ်ချက်လောက် မှန်ပါတယ်။ ဘုရားတပည့်တော် ကားတံခါးဖွင့်ပြီးတော့ အပြင်ဘက် ထွက်လိုက်ပါတယ်။ ဘုရားတပည့်တော်ရဲ့ သင်္ကန်းသည် သွေးတွေ အလိမ်းလိမ်း အကပ်ကပ် ဖြစ်နေပါတယ်။ ဘုရားတပည့်တော်က ကားထဲ ကြည့်လိုက်တဲ့အခါ ဝင်းနိမ္မိတာရုံ ဆရာတော်ကတော့ ခေါင်းငိုက်စိုက် ကျပြီး အသက် မရှိတော့ပါဘူး။ ဝိုင်းပြီးတော့ ပစ်လိုက်တာ ခုနှစ်ချက်၊ ရှစ်ချက်လောက် ရှိပါတယ်။ ဝင်းနိမ္မိတာရုံ ဆရာတော်ကတော့ တစ်ဘဝတစ်ခန္ဓာ ရုပ်သိမ်းသွားပါတယ် ဘုရား။ ဘုရားတပည့်တော်ကတော့ ခေါင်းရယ်၊ ကားရဲ့ မှန်စ ထိပါတယ်ဘုရား။ ဘုရားတပည့်တော် အပြင်ဘက် ရောက်တဲ့အခါ 'ခင်ဗျားတို့ ရက်စက်လှချည်လားဗျာ။ ဘုန်းကြီးတွေကို ဒီလောက် ရက်စက်ရသလား' လို့ ဖောကားပေါ်မှာ ပါတဲ့၊ ရှင်းရှင်းပြောရရင် 'စစ်ဗိုလ် စစ်သားတွေ၊ ရက်စက် လှချည်လား' ဆိုတော့ အရှင်ဘုရားတို့က ဘုန်းကြီးမှန်း မသိလို့ပါ တဲ့၊ 'ကားတံခါးလည်း ပိတ်ထားတော့ ရန်သူကား ထင်လို့ တပည့်တော်တို့ ပစ်ပါတယ်ဘုရား' တဲ့၊ သူတို့ကိုယ်တိုင် ဝန်ခံပါတယ်” လို့ မင်္ဂလာဒုံ၊ ကန်သုံးဆင့်ကျောင်း ဆရာတော်  ဘဒ္ဒန္တ ဂုဏိကာဘိဝံသက မိန့်ကြားပါတယ်။

နိုင်ငံတော်သံဃနာယက အဖွဲ့ဝင်၊ ရွှေကျင်ဂိုဏ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ဆရာတော်၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါတဲ့ ကားကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်အုပ်စုက သူတို့ လုပ်တာ မဟုတ်ဘဲ PDF တွေက ပစ်ခတ်တာလို့ ဇွန်(၁၉)ရက်မှာ လိမ်လည် ထုတ်ပြန်ခဲ့ပါတယ်။

ကားပေါ်ပါတဲ့ ကန်သုံးဆင့်ဆရာတော်နဲ့ ယာဉ်မောင်းတို့ကို အကြိမ်ကြိမ် စစ်ဆေးပြီးနောက် ပစ်ခတ်မှုဖြစ်အပြီး (၁၀)နာရီခန့်အကြာမှာ စစ်အုပ်စုက အထက်ပါအတိုင်း လိမ်လည် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မနေ့က ဇွန်(၂၀)ရက်မှာ ပစ်ခတ်ခံရတဲ့ ကားပေါ်မှာ ပါရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ မင်္ဂလာဒုံ၊ ကန်သုံးဆင့်ကျောင်း ဆရာတော်  ဘဒ္ဒန္တ ဂုဏိကာဘိဝံသ ရဲ့ ပြန်လည် မိန့်ကြားချက် ထွက်ပေါ်လာပြီးနောက် အာဏာသိမ်း စစ်အုပ်စုက ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဆက်လက် စုံစမ်းမယ်လို့ ထပ်မံ သတင်းဖြန့်ပါတယ်။

အဲ့ဒီ မန္တလေး - တံတားဦး - မြို့သာ - ငါန်းဇွန် လမ်းပိုင်းမှာ စစ်အုပ်စုက ဂိတ်တွေဖွင့်ပြီး လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာ၊ စစ်ဆေးတာ၊ စိတ်ထင်တိုင်း ပစ်ခတ်သတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုရဲ့ လိမ်လည် ထုတ်ပြန်ချက်နဲ့ စစ်အုပ်စု ရဲကြေးနန်းစာ/Photo - စစ်အုပ်စု၊ ငါန်းဇွန်သတင်းစုံ

#Mandalay_Free_Press_MFP



ဆက်ဖတ်ရန် →
ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်



ဇွန် ၂၀၊ ၂၀၂၄

ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် အရှင်မုနိန္ဒာဘိဝံသ၏ အန္တိမအဂ္ဂိစျာပနကို လာမယ့် ဇွန်လ ၂၇ ရက် မှာ ကျင်းပမှာ ဖြစ်တယ်လို့ ဆရာတော် ဘုရားကြီး၏ တပည့်သံဃာ တော် များ ထံ က သိရပါတယ်။

ဇွန်လ ၁၉ မနက်ပိုင်း ၁၀ နာရီကျော်က ဆရာတော်လိုက်ပါလာသည့်ကား ကို  စစ်တပ်မှ ပစ်ခတ်ခဲ့တာကြောင့်  ကားပေါ် မှာပါလာတဲ့   ဝင်းနိမ္မိတာရုံကျောင်းတိုက်ရဲ့ ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို ကျည်ထိမှန်ခဲ့ကာ  ဆရာတော်ကြီးပျံလွန်တော်မူသွားခဲ့ကာ အတူလိုက်ပါလာတဲ့ဆရာတော်တပါးနဲ့ယာဉ်မောင်းသူတို့ ဒဏ်ရာရရှိခဲ့တယ်လို့ သံဃာအသိုင်းဝိုင်းမှ သိရပါတယ်။

ဆရာတော်ကြီးရဲ့ရုပ်ကလာပ်ကို ဇွန်လ ၂၀ရက်နေ့ မနက်၄နာရီခန့်မှာ ဆရာတော်ကျောင်းထိုင်ခဲ့သည့် ပဲခူးရှိ ဝင်းနိမ္မိတာကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်လာတယ်လို့သိရပါတယ်။

ဆရာတော်ကြီး၏ ဈာပန အခမ်းအနားကျင်းပပူဇော်ရန် အတွက်  အစည်းအဝေးကို ယနေ့နေ့လည်၁နာရီ က ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။

"အစည်းဝေး အတည်ပြုချက်အရ နယုန်လပြည့်ကျော်(၃-၄-၅)ရက် ဇွန်လ၂၄၊၂၅၊၂၆ရက် တွေမှာ  ညတရားပွဲ (၃)ရက်တိုင်တိုင် ကျင်းပပူဇော်မယ် အန္တိမအဂ္ဂိစျာပနကို ဇွန်လ ၂၇ ရက် နေ့ ဆင်ဖြူကွင်း သုဿန်အနီး က ထင်းအတွက် အပင်စိုက်ထားတဲ့ ကျောင်းတိုက်ပိုင်ခြံ အတွင်း မြေကွက်လပ်မှာ လောင်တိုက် အသစ် ပြုလုပ်ကျင်းပမယ်။ ဆရာတော်ရဲ့ အရိုးပြာ ကိုတော့ စစ်တောင်းမြစ် အတွင်း ရေမျှော ပူဇော် မယ် လို့ အစည်းဝေးမှာ အတည်ပြုခဲ့တယ်"လို့ ဆရာတော်ကြီး၏တပည့်ဒယာကာတစ်ဦးကပြောပါတယ်။

ပြည်ပရောက်နေတဲ့ တပည့်သံဃာများလည်း ဆရာတော်ကြီးရဲ့ အန္တိမအဂ္ဂိစျာပန ကို  အမှီ လာရောက်ကျမယ် လို့ဆိုပါတယ်။ ဆရာတော်ကြီး ပျံလွန်တော်မူချိန် မှာ  သက်တော် ၇၈ နှစ်နှင့် ရဟန်းသိက္ခာတော် ၅၇ ဝါရှိပြီဖြစ်ကြောင်းသိရပါတယ်။

#MyanmarLabourNews
#HTH



ဆက်ဖတ်ရန် →
 ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ 

■  ဗုဒ္ဓစာပေကျမ်းဂန် များစွာ ရေးသားခဲ့သော သာသနာ့ အာဇာနည် တစ်ပါး ဖြစ်ပြီး အစားထိုးမရသော ဆုံးရှုံးမှုဖြစ်၊ ရုပ်ကလပ်တော် ကျောင်းပြန်ရောက်

ရန်ကုန်၊ ဇွန် ၂၀ 

နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဆရာတော် တစ်ပါးဖြစ်သော ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကို စစ်တပ်က ပစ်သတ်လိုက်မှုကြောင့်  သံဃာလောကအတွင်း ရိုက်ခတ်မှုပြင်းထန်နေကြောင်း နာမည်ကျော် ဓမ္မကတိက ဆရာတော်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မိန့်ကြားသည်။ 

ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုင် ဆရာ တော် ဘဒ္ဒန္တဂုဏိကာဘိဝံသနှင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသတို့သည် မန္တလေးမြို့ ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်(ရွှေကျင်နိကာယဗဟိုဌာန)တွင် ဇွန်လ ၂၀ ရက်နေ့ ကျင်းပပြုလုပ်မည့် ရွှေကျင်နိကာယဗဟိုဌာန အစည်းအဝေး တက်ရန် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့ ကြွရောက်ခဲ့ကြောင်း ၊  ယင်းနောက် ကံသုံးဆင့် ဆရာတော်ဇာတိဖြစ်သော ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာသို့ ကားဖြင့် သွားရောက်ပြီး ဆွမ်းစားရန် သွားရောက်စဉ် မြို့သာနှင့် ပန်းချီ ကမ္မရွာ အကြား လုံခြုံရေးကင်းလှည့်နေသူ(စစ်ကောင်စီတပ်)များ နှင့်တွေ့ရှိ၍ ကားကိုရပ် တန့်ခိုင်းရာ မှန်မချဘဲ ကားကိုမောင်းနှင်သွားသည့်အတွက် လုံ ခြုံရေးတပ်များက ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့်  ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်ခဲ့ပြီး ကံသုံးဆင့်ဆရာတော်မှာ ပွန်းပဲ့ဒဏ်ရာရရှိကြောင်း၊ ဆရာတော်၏ ယာဉ် မောင်းမှာ လက်ခြေတို့တွင် ကျည်ဆန်ထိမှန်ခဲ့ကြောင်း သိရှိရသည်။ 

"သက်တော် ၅၀ တန်း ဆရာတော်၊ သံဃာတော်တွေ အားလုံးက ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ရေး သားတဲ့ ဗုဒ္ဓသာသနာ့ စာပေ ကျမ်းဂန်တွေနဲ့ ဖတ်ရှုပြီး စာမေးပွဲတွေ ဖြေခဲ့ကြရတယ်။ သာသနာတော်အတွက် အင်မတန်မှ ကျေးဇူးတရားကြီးမားတဲ့ ဆရာတော်ကြီးလည်းဖြစ်ပါတယ်။ ဗုဒ္ဓသာသနာ တော်ကြီးတစ်ခုလုံးအတွက် အင်မတန်မှ ဆုံးရှုံးမှု ကြီးမားပါတယ်" ဟု နာမည်ကျော် ဓမ္မကထိက ဆရာတော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မိန့်ကြားသည်။ 

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်တပ်က ပစ်ခတ်ခဲ့၍ ပျံလွန်တော်မူခဲ့ကြောင်း နိုင်ငံတစ်ဝန်းရှိ သံဃာတော်များ သိရှိထားကြပြီး ထိုသို့ သိရှိမှုမှာလည်း မျက်မြင် သက်သေဖြစ်သော ကန်သုံးဆင့် ဆရာတော်ကြီးနှင့်ပတ်သက်ဆက်နွယ်သော စာသင်တိုက်များ၊ တပည့် သံဃာတော်များ၊ ရွှေကျင်ဂိုဏ်း (ရွှေကျင်နိကာယ) မှ ဆရာတော်ကြီးများကိုယ်တိုင် ကန်သုံးဆင့် ဆရာတော်ကြီး ထံဆက်သွယ်၍ အတည်ပြုခဲ့ကြခြင်းဖြစ်ကြောင်း ပြောဆိုသည်။ 

"ဆရာတော်ကြီးက အခုလို ပျံလွန်တော်မူရတာက အင်မတန်မှ ဝမ်းနည်းဖို့ကောင်းတယ်။ ပြုသူဘယ်သူ ဆိုတာလည်း တစ်နိုင်ငံလုံး သံဃာတော်တွေသိကြပါတယ်။ သူတို့ (စစ်တပ်) သတင်းထုတ်ပြန်တာတွေတော့ ပြောမနေပါနဲ့တော့" ဟု ပဲခူးမြို့မှ ဆရာတော်ကြီး၏ တပည့် စာချကိုယ်တော်က မိန့်ကြားသည်။ 

လက်ရှိ မဘသနှင့် အမျိုးသားရေး ဘုန်းကြီးတချို့ကလည်း နိုင်ငံတော်သံဃာမဟာနာယက ဆရာ တော်ကြီးကို စစ်တပ်က ပစ်ခတ်ခဲ့သောကြောင့် ပျံလွန်တော်မူခဲ့ကြောင်း သိရှိလက်ခံထားကြပြီး စစ်တပ်၏ လိမ်လည် သတင်းထုတ်ပြန်မှုအပေါ် မှတ်ချက်မပေးလိုဘဲ နှုတ်ဆိတ်နေကြကြောင်း သိရှိရသည်။   

ယနေ့ ဇွန်လ ၂၀ ရက်နေ့  နံနက် ၄ နာရီအချိန်တွင် ဆရာတော်ကြီး၏ ရုပ်ကလပ်တော်သည်  ပဲခူးမြို့ ဝင်းနိမ္မိတာရုံစာသင်တိုက်သို့ ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

#ခေတ်သစ်မီဒီယာ








ဆက်ဖတ်ရန် →
ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

စစ်ကောင်စီတပ် ပစ်သတ်ခဲ့သည့် ပဲခူး ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ ရုပ်ကလာပ် စစ်တပ်လက်ထဲမှ ပြန်ရရေး တပည့်များစောင့်ဆိုင်းနေ

Myanmar Now 

ပဲခူးတိုင်း၊ ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာန နာယကဆရာတော် အရှင်မုနိန္ဒာဘိဝံသသည် ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၏ ပစ်သတ်ခြင်းခံရကြောင်း ဆရာတော်နှင့် နီးစပ်သူများထံမှ သိရသည်။

ဆရာတော်ကြီးသည် မန္တလေးတိုင်း တံတားဦးမြို့နယ် တံတားဦးလေဆိပ်အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။

ဆရာတော်ကြီးနှင့် နီးစပ်သည့် ပဲခူးဒေသခံတစ်ဦးက “မန္တလေးလေဆိပ်မှာ ဖြစ်တာ။ တံတားဦးလေဆိပ်ကနေ ကားနဲ့ လေဆိပ်ကနေ ထွက်တာ။ ထွက်တဲ့အချိန်မှာ ရဲကင်းရှိတာကို ဆရာတော်မောင်းတဲ့သူက မသိဘူးပေါ့နော်။ ရဲက တားတာကို ရပ်မပေးဘဲနဲ့ ဖြတ်မောင်းသလို ဖြစ်သွားလို့ဆိုပြီး နောက်ကနေ သေနတ်နဲ့ပစ်တာ ဆရာတော်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်” ဟု ဆိုသည်။

ဆရာတော်နှင့်အတူ ပါလာသည့် ဦးဇင်းတစ်ပါးလည်း သေနတ်ကျည်ထိမှန်ထားပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း ၎င်းက ပြောသည်။

ဝင်းနိမ္မိတာရုံကျောင်းတိုက်နှင့် နီးစပ်သူများကလည်း ဆရာတော်ကြီးပစ်ခတ်ခံရသည့်သတင်း မှန်ကန်ကြောင်း၊ ဖြစ်စဉ်အသေးစိတ်ကိုမူ မသိရသေးကြောင်း Myanmar Now ကို ပြောသည်။

ဝင်းနိမ္မိတာရုံကျောင်းတိုက်တွင်လည်း တပည့်များက ဆရာတော်ကြီးဈာပနအတွက် ပြင်ဆင်နေကြပြီး ဆရာတော်ကြီး၏ တပည့်တချို့ကမူ ဆရာတော်ကြီး၏ ရုပ်ကလာပ်ပြန်ရရေး ဆောင်ရွက်ရန် မန္တလေးသို့ ထွက်ခွာသွားကြောင်း သိရသည်။

ဆရာတော်ကြီး ပျံလွန်တော်မူသွားသည့် ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာခြင်းမရှိသေးပါ။

ဆရာတော်ကြီးသည် ပျံလွန်တော်မူချိန်တွင် သက်တော် ၇၈ နှစ်နှင့် ရဟန်းသိက္ခာတော် ၅၇ ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။

ဆရာတော်ကြီးသည် ဝိနယာဓိက ပရိယတ္တိ ပထမကျော်၊ နိုင်ငံတော်အစိုးရ ပထမကျော်၊ သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ၊ အင်္ဂုတ္တရနိကာယပါဠိပါရဂူ၊ ဒီဃဘာဏက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ စသည့်ဘွဲ့များ ရရှိထားသည့်သူဖြစ်သည်k။

ဆရာတော်ကြီးသည် ယမက ရှင်းတမ်း၊ ရူပသိဒ္ဓိရှင်းတမ်း၊ ဋီကာကျော် ရှင်းတမ်း၊ ကင်္ခါရှင်းတမ်း စသည့် ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်များ ရေးသားပြုစုခဲ့သူဖြစ်သည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ဗုဒ္ဓဘာသာ စာချဆရာတော်တစ်ပါးကလည်း ဆရာတော်ကြီးသည် ဗုဒ္ဓသာသနာကို ချစ်မြတ်နိုးသူဖြစ်ပြီး တစ်နိုင်ငံလုံးတွင် သူ၏ တပည့် ဗုဒ္ဓဘာသာရဟန်းတော်အမြောက်အမြားရှိသူဖြစ်ကြောင်း ဆိုသည်။

၎င်းက “ဆရာတော်ရေးသားပြုစုခဲ့တဲ့ ရှင်းတမ်းစာအုပ်တွေက စာသင်သားတိုင်းရော၊ စာချဘုန်းကြီးတိုင်းရော ကိုင်ကြရတာ။ သင်္ဂဟပုစ္ဆာဆန်းတွေဆို နိုင်ငံအဆင့် ပုစ္ဆကထုတ်ကြတဲ့ ဘုန်းကြီးတိုင်းလိုလိုက လေ့လာပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်ထုတ်ကြတာမျိုး” ဟု ဆိုသည်။
—————
ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl။ ပဋိယတ္တိသာသနာအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်စေခဲ့ရပါသည်။

ဆရာတော်တစ်ပါး၏ မိန့်ကြားချက်အရမှာမူ-

“ နောက်ခန်းက စီးတဲ့ ကံသုံးဆင့်ဆရာတော် ဘာမှ မဖြစ်။ မန်းကြွကြတာ သုံးပါး။ ယောဆရာတော်၊ ကံသုံးဆင့်ဆရာတော်၊ ဝင်းနိမ္မိတာရုံဆရာတော်( ဦးမုနိန္ဒာဘိဝံသ)။ ယောဆရာတော်က မန်းတန်းကြွလို့ ဘာမှ မဖြစ်။ ဝင်းနိမ္မိတာရုံနဲ့ ကံသုံးဆင့်ဆရာတော်တို့က တံတားဦး၊ မြို့သာဘက်ကြွ၊ မြို့သာဂိတ်မှာ မှန်ချမမောင်းလို့ စစ်ခွေးက ပစ်၊ ၆-ချက်။ တပည့်တော် သိသမျှပါဘုရား။”

————-

ဆရာတော် ပစ်ခံရတာက တံတားဦး  စခ စစ်ဆေးရေး
ဂိတ် မှာဆရာတော်ကားကရပ်ပေးတယ်။ စခကစစ်
တယ်။ ဘယ်က ဘုန်းကြီးလဲအတုလား။ ပဌာန်းရွတ်ပြ
လို့ ပြောတယ်။ဆရာတော်က ဒကာတို့အချိန်မရှိလို့ပါ
ပြောတယ်။ အဲ မှာ တစ်ယောက်ကသွားလို့ရပြီ ပြော
လို့ ကားထွက်ချိန်  မောင်းပြေးတယ်ဆိုပြီး ဗမဆိုသူက 
ပစ်လို့ပြောလို့ပစ်တယ်။ ဆရာတော် ထိမှန်ပျံလွန်တော်မူ
တယ်။ ဒါက ဖြစ်စဉ်။

    ဒါကို မှန်ပိတ်မောင်းလို့ ပါဆိုပြီး စကစကာဘာပေး  
တလရ လိုလို လူတွေ ရေးတာအံ့ဩ ပါတယ်။ ဆရာတော်မှန်းမသိပါဘူး မှန်ပိတ် မောင်းလို့ ပစ်တာပါ
ပေါ့။ ရေးတဲ့ ကောင် အနားရှိ finပိတ်ကန်မိမယ်။ ဘာကောင်ဖြစ်ဖြစ်။

Ka-la;r Kyaw




ဆက်ဖတ်ရန် →
အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံပြီး မြန်မာအကြမ်းဖက်စစ်တပ် ကျရှုံးလိမ့်မည်ဟု ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းပြောဆို


ရန်ကုန်၊ ဇွန် ၁၈ ခေတ်သစ်


အီတလီနိုင်ငံ၊ Abbiategrasso မြို့တွင် ဒေါ်အောင်ဆန်းစုကြည်ကို   ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို သားငယ်ဖြစ်သူ  ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက တက်ရောက်လက်ခံလိုက်ပြီး မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ် ကျဆုံးလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။ 


ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားဆုချီးမြှင့် ပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ Abbiategrasso မြို့တော်ဝန် Cesare Nai က ဦးဆောင်ပြီး ၊အီတလီအမတ် Umberto Maerna ၊ Lombardy ဒေသကောင်စီဝင် Andrea Sala၊ အီတလီ လွှတ်တော်အမတ်ဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သူငယ် ချင်းဖြစ်သူ Albertina Soliani၊ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ဟောင်း Alessandra Schiavo တို့ တက်ရောက်ခဲ့ကြသည်။


မိခင်အတွက် ဆုကို လက်ခံခဲ့သော ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက မြန်မာ နိုင်ငံတွင် အကြမ်းဖက်မှုများ ပြီးဆုံးမည်ဖြစ်ပြီး စစ်တပ်က ရှုံးနိမ့်မည်ဖြစ် ကြောင်း၊ မြန်မာ့ဒီမိုကရေစီအရေး လမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း ပြောဆိုသည်။ 


ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက မိခင်ဖြစ်သူ၏ ကျန်းမာရေးအတွက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး မိခင်ကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့သည်။ စစ်ကောင်စီက မတရားဖမ်းဆီး အကျဉ်းချထားသော ဒေါ်အောင်ဆန်းစုကြည်ထံမှ စာတစ်စောင်ကို သားငယ် ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက လက်ခံရရှိခဲ့သည်။ 


ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် အကျဉ်းထောင်တွင်ပင် ရှိနေပြီး ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်ကိုလည်း စစ်တပ်က ရောင်းချရန် ကြိုးစားနေကြောင်း ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက ပြောဆို

သည်။





ဆက်ဖတ်ရန် →
 ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

စားအုန်းဆီကုန်သည် ၄ ဦးက ခွဲတမ်းရ စားအုန်းဆီများကို ပြည်သူများသို့ ဖြန့်ဝေရောင်းချပေးခြင်းမရှိဘဲ ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

■ စားအုန်ဆီတစ်ပိဿာလျှင် ငွေကျပ် ၅၃၇၀ ကျပ်စစ်တပ်က သတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် ဆီတစ်ပိဿာလျှင် ငွေကျပ်  ၁၄၀၀၀ အထိ စျေးပေါက်နေ

ရန်ကုန်၊ ဇွန် ၁၈ ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတွင်းသို့ တင်သွင်းလာသော စားအုန်းဆီများကို လိုင်စင်ရ ဆီကုန်သည်ကြီးများမှတစ်ဆင့် ပြည်သူများထံသို့ ဖြန့်ဝေရောင်းချလျက်ရှိရာ စားအုန်းဆီကုန်သည် ၄ ဦးက ခွဲတမ်းရ စားအုန်းဆီများကို ပြည်သူများထံသို့ ဖြန့်ဝေရောင်းချခြင်းမပြုဘဲ ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပစျေးကွက်သို့ စျေးနှုန်းအမြင့် အမြတ်ကြီးကြီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
 
အကြမ်းဖက်စစ်ကောင်စီက စားအုန်းဆီ တစ်ပိဿာလျှင် ရည်ညွှန်းစျေး ၅၃၇၀ ကျပ် သတ်မှတ်ထားသော်လည်း လက်တွေ့ စျေးကွက်အတွင်းတွင် စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၄၀၀၀ စျေးနှုန်းရှိနေကြောင်း ၊ အဓိကမှာ ဆီကုန်သည်များက ခွဲတမ်းရ စားအုန်းဆီများကို ပြည်သူများထံသို့ မှန်မှန်ကန်ကန်ရောင်းချပေးခြင်းမရှိဘဲ အာဏာပိုင်များနှင့်ပူးပေါင်း၍ ပြင်ပစျေးကွက်သို့ စျေးအမြင့်ဖြင့် ပြန်လည်ရောင်းချကြောင်း သိရှိရသည်။ 

"စားအုန်းဆီစျေးတွေအဆမတန်မြင့်တက်နေတာက  သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ဆီကုန်သည် စိုင်းဇော်ဇော်လင်း (ကြယ်ဖြူဆီဆိုင်)၊  ဒေါ်သိမ့်သိမ့်ဆွေ(စိုင်းဇော်လင်းအကိုမိန်းမ)အောင်မြန်မာဆီဆိုင်၊ ဇော်မင်းအောင် (ဧရာဝတီဆီဆိုင်)နှင့်ဦးအောင်သိန်း(ဆီကုန်သည်အသင်း)တို့လို လောဘသားကောင်တွေရှိနေသ၍ဆီစျေးက အဆမတန်တက်နေပါ့မယ်။ သူတို့က သင်္ဃန်းကျွန်းမြို့နယ်အတွက် ရရှိတဲ့ စားအုံးဆီပေပါခွဲတမ်းတွေကို ပြည်သူ့လက်ထဲသို့တိုက်ရိုက်ရောက်မယ့် ဆီကိုယ်စားလှယ်တွေကို ပြန်လည်ခွဲဝေမပေးဘဲ (ထွေ/အုပ်)များနှင့်ပေါင်းစားကာ လက်ဝါးကြီးအုပ်ပြီးမတရားချမ်းသာနေကြသူများဖြစ်တယ်။ စိုင်းဇော်လင်းဝင်ငွေ က တနေ့ဝင်ငွေသိန်း၃၀၀ နဲ့ ၄၀၀ ပတ်ချာလည်မှာရှိပါတယ်။ သင်္ဃန်းကျွန်း ထွေ/အုပ် တစ်ရုံးလုံးကို စိုင်းဇော်လင်းနှင့်ဆီကုန်သည်တွေက  သိန်းပေါင်းများစွာ ပေးကမ်းပြီးလက်ဝါးကြီးအုပ်ထားကြတယ်။ ဘယ်သူလာပြောပြော ထွေ/အုပ်ရုံးက ထိုသူများကိုအကာအကွယ်များပေးထားကြတယ်။ တခြားမြို့နယ်တိုင်း မြို့နယ်တိုင်းမှာလည်းဒီလိုပုံ ဒီလိုအတိုင်းတွေကြီးပဲရှိနေတယ်။  သဃ်န်းကျွန်းမြို့နယ်ကတော့အဆိုးဆုံးပေါ့" ဟု ဆီကုန်သည်သတင်းရင်းမြစ် တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

စစ်ကောင်စီက ဆီကုန်သည်များထံမှတစ်ဆင့် စာအုန်းဆီများကို သတ်မှတ်စျေးဖြင့် ပြည်သူများထံသို့ ရောင်းချရန်  စီစဉ်ပေးထားသော်လည်း လက်တွေ့တွင် စားအုန်းဆီကုန်သည်များက ပြင်စျေးကွက်များသို့ စျေးအမြင့်ဖြင့်သာ ထုတ်ရောင်းကြကြောင်း သိရှိရသည်။

"ကုမ္ပဏီ ၂၆ ခုက ဒီကုမ္ပဏီ၂၆ခုက ဗဟိုဘဏ်က ရောင်းပေးတဲ့ စျေးသက်သာတဲ့ ငွေလဲနှုန်းနဲ့ဒေါ်လာဝယ်ယူပြီး စားအုန်းဆီသွင်းခွင့်ရတယ်။ ကုမ္ပဏီ၂၆ကနေ မြို့နယ်တွေကို စာအုန်းဆီ ပီပါတွေ ပြန်ခွဲပေးရတယ်။  စားအုန်းဆီစျေးနှုန်း အဆင်ပြေအောင် ဆောင်ရွက်မှပဲ စျေးကွက် ကမောက်ကမတွေနဲ့ စျေးကွက်တွင်း စားအုန်းဆီ Black Market စျေးနှုန်း ဟာ ၁၄၀၀၀ ထိ ရောက်ရှိလာတာကို တကယ် မြေပြင် အလုပ်လုပ်ကြသူတွေ သိရှိပြီးဖြစ်မယ်ထင်ပါတယ်။  အနာတစ်ခြား ဆေးတစ်ခြား ပေးနေသ၍ မိုးပေါ်က သိကြားမင်း လာကယ်တောင် အဆင်ပြေမှာ မဟုတ်ပါ။ စျေးကွက်တွင်းစားအုန်းဆီ ပမာဏ များများ တင်သွင်းလာခဲ့ရင်တောင် ဒေါ်လာစျေးပြင်ပပေါက်စျေး အရ စားဆီ တစ်ပိဿာ  ငွေကျပ်  ၇၅၀၀ ပတ်ဝန်းကျင် ပေါက်စျေးအဖြစ် ရှိနေမှာဖြစ်ပါတယ်" ဟု ဆီကုန်သည်သတင်းရင်းမြစ်က ဆိုသည်။ 

လက်ရှိ စားအုန်းဆီ ပြင်ပစျေးကွက်သည် ဆီကုန်သည်များ၊ စစ်တပ်အာဏာပိုင်များနှင့် ထွေ/အုပ်များ ပါဝင်ပတ်သက်နေသဖြင့် ဆီစျေးကျဆင်းရန် မလွယ်ကူကြောင်း သိရှိရသည်။ 

"အခုလက်ရှိ ကုမ္ပဏီ တွေ ကိုယ်စားလှယ် အနေနဲ့ ရောင်းချပေးနေမှုတွေမှာ မြို့နယ် မြေပြင်အခြေအနေတွေအရ မြို့နေ လူတန်းစားတွေနဲ့ ကိုယ်စားလှယ် ရရှိသူတွေသာ လုပ်ပိုင်ခွင့်ကို အသုံးချနေကာ  အဆင်ပြေနေကြတာ တွေ့ရပါတယ်။  စားအုန်းဆီ တစ်အိမ်ထောင် တစ်ပိဿာ နှုန်းဖြင့် ရောင်းပေးပေမယ့်လည်း အဲဒီဆီတွေကလည်း စျေးကွက်ထဲကို တစ်ပိဿာ  ၁၂၀၀၀ ကျော်နဲ့ ပြန်ဝယ်ကြတယ်။  အဲဒါကြောင့် အခြေခံ ပြည်သူတွေက စားအုန်းဆီ တစ်ပိဿာ ၁၄၀၀၀ စျေးနဲ့ ပြန်ဝယ်ယူနေရတယ်" ဟု ဆီကုန်သည် သတင်းရင်းမြစ်က ရှင်းပြသည်။ 

ပြည်တွင်းတွင် လိုအပ်သုံး စားသုံးဆီများကို ပြည်ပမှနှစ်စဉ် အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်ဖိုးခန့် တင်သွင်းနေရပြီး နိုင်ငံခြား ငွေသုံးစွဲပြီး တင်သွင်းနေရတာကြောင့် ပြည်တွင်းမှာ စားအုန်းဆီပြတ်လတ်လာမှုများရှိနေကြောင်း သိရှိရသည်။ 

ဓာတ်ပုံ - စားအုန်းဆီတန်းစီနေကြသည့် ပြည်သူများ။ (ပုံအဟောင်းဖြစ်ပါ သည်။)


ဆက်ဖတ်ရန် →
 နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက  ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်များမှတစ်ဆင့် ပြည်တွင်းမိသားစုထံသို့ လွှဲပြောင်းသည့်အထောက် အထားများ အေဂျင်စီများကို စစ်ကောင်စီက တင်ပြခိုင်း


ရန်ကုန်၊ ဇွန် ၁၇ 


ပြည်ပနိုင်ငံများသို့ အေဂျင်စီများမှတစ်ဆင့် သွားရောက် အလုပ်လုပ်သော အလုပ်သမားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်များမှတစ်ဆင့် ပြည်တွင်းရှိ မိသားစုထံသို့ လွှဲပြောင်းသည့်အထောက်အထားများ အေဂျင်စီများကို စစ်ကောင်စီက တင်ပြခိုင်းနေကြောင်း ပြည်ပ အလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်း ထံမှ သိရှိရသည်။ 


၂၀၂၄ ခုနှစ် ဇွန်လမှစတင်၍ လစဉ် လဆန်း ၅ ရက်အတွင်း ပြည်ပအလုပ် အကိုင်အေဂျင်စီများအနေဖြင့် မိမိတို့ စေလွှတ်လိုက်သော အလုပ်သမားများက ပြည်ပနိုင်ငံများတွင် ရရှိသော လစာများကို ပြည်တွင်းရှိ မိသားစုများထံသို့ ပြည်တွင်းဘဏ်များမှတစ်ဆင့် လွှဲပြောင်းသော အထောက်အထားများကို စစ်ကောင်စီ၏ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနထံသို့ တင်ပြရမည် ဖြစ်ကြောင်း၊ ထိုသို့ တင်ပြရန် ပျက်ကွက်ပါက ပြည်ပအလုပ်အကိုင်အေဂျင်စီများကို လုပ်ငန်းလုပ်ခွင့် လိုင်စင်ရုပ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 


ပြည်သို့ သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားစာရင်းများအရ လုပ်သား ၅၀ ဦးနှင့်အထက် စေလွှတ်ခဲ့သော အေဂျင်စီများသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း အေဂျင်စီ ၆၅ ခု ၊ အောက်တို ဘာလအတွင်း အေဂျင်စီ ၇၈ ခု၊ နိုဝင်ဘာလအတွင်း အေဂျင်စီ ၈၃ ခု၊ ဒီဇင်ဘာလအတွင်း  ၅၆ ခု ရှိကြောင်း၊ အဆိုပါ အေဂျင်စီများအနေဖြင့် မိမိတို့ စေလွှတ်ခဲ့သော အလုပ် သမားများက ပြည်ပရောက်လစာ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းမိသားစုများထံသို့ တရားဝင်ဘဏ်များမှတစ်ဆင့် လွှဲပြောင်းသော အထောက် အထားများကို  ဇွန်လ ၂၈ ရက်နေ့ နောက်ဆုံးပေးပို့ရမည်ဖြစ်ကြောင်း၊ အချိန်မီ မပေးပို့ပါက အေဂျင်စီများ၏ စေလွှတ်ရေးလုပ်ငန်းစဉ်များကို ယာယီဆိုင်းငံသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဖိအားပေးလာကြောင်း သိရှိရသည်။ 


"နိုင်ငံခြားဝင်ငွေ နည်းနေတဲ့ စစ်တပ်က ပြည်ပရောက် မြန်မာအလုပ်သမားတွေဆီက​ ဒေါ်လာ ပြန်ရဖို့ ကြိုးစားနေတဲ့လုပ်ရပ်ပါပဲ။ ပြည်ပအလုပ်အကိုင်အေဂျင် စီတွေပါ အလုပ်ဆက်ပြီး လုပ်ဖို့  အတော်ကို ခက်ခဲကုန်ပါပြီ" ဟု  ရန်ကုန်အခြေ စိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုက ပြောဆိုသည်။





ဆက်ဖတ်ရန် →
 နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ

ဒိုက်ဦးထောင် ပြောင်းရွေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ထောင်အာဏာပိုင်တွေက အကြမ်းဖက်နှိပ်စက်နေတာကြောင့် ဒဏ်ရာရရှိသူ အများအပြားရှိနေ 

PEN47 / ဇွန် ၁၆

မွန်ပြည်နယ် ကျိုက်မရောထောင်ကနေ ဒိုက်ဦး(ကျိုက်ဇကော)ထောင်ကို ဇွန်လ ၁၅ ရက်၊ မနက်၃ နာရီခန့်က ထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ကို ဒိုက်ဦးထောင်အာဏာပိုင်တွေက ကာအိန္ဒြေ ပျက်ပြားစေတဲ့ စကားများဖြင့် ပြောဆိုပြီး အကြမ်းဖက် ရိုက်နှက်ပစ်ခတ် နှိပ်စက်နေတာကြောင့် အကျဉ်းသူ အများအပြား ထိခိုက်ဒဏ်ရာ ရရှိနေတယ်လို့ အကျဉ်ထောင် နဲ့ နီစပ်သူထံက သတင်းရရှိပါတယ်။

ဒိုက်ဦး(ကျိုက်ဇကော)ထောင်ကို ထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ကို ထောင်ဗူးဝမှာ  ထောင်ဝန်ထမ်းတွေက ရှာဖွေရေးပြုလုပ်ရာမှာ နိုင်ငံရေး အကျဉ်းသူများရဲ့  ခန္ဓာကိုယ်အတွင်း နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးပြီး ကာအိန္ဒြေပျက်ပြားစေတဲ့  စကားများဖြင့် ပြောဆိုခဲ့တယ်လို့ သိပါတယ်။ 

ဒါ့အပြင် နိုင်ငံရေး အကျဉ်းသူများက ထောင်ပြောင်းရွေ့ခံရချိန်မှာ သယ်ဆောင်လာတဲ့ အစားအသောက်များနဲ့ အသုံးအဆောင်ပစ္စည်းများ ထုတ်ပေးရန်အတွက် တောင်းဆိုခဲ့ကြရာ ထောင်ဝန်ထမ်းတွေက ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသူတွေနဲ့ စကားအခြေအတင်ဖြစ်ပွားခဲ့တယ်လို့ ဆိုရပါတယ်။ 

ထိုသို့ စကားအခြေအတင်းဖြစ်ပွားပြီးနောက်မှာ  ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသူတွေကို "မိုက်တဲ့ကောင်မ ထွက်ခဲ့၊ မုဒိန်းကျင့် ပေးမယ်လို့ " ညစ်ညမ်းကြမ်းတမ်းတဲ့ စကားများစွာ ပြောဆိုပြီး အမျိုးသမီးအကျဉ်းဆောင်အတွင်းသို့ သေနတ်များ လေးခွများဖြင့် အကြမ်းဖက်ပစ်ခတ်ခဲ့တာကြောင့်  အမျိုးသမီး အများအပြား ဦးခေါင်း ပေါက်ခြင်း၊ ဖူးယောင်ခြင်း ၊ ရင်ဘတ်တွေကို ထိမှန်ခြင်း နဲ့  သွေးအန်ခြင်းတွေ ဖြစ်ပွားခဲ့တယ်လို့ ထောင်တွင်းသတင်းရင်းမြစ်ထံကနေ သိရပါတယ်။

ဒါအပြင် အမျိုးသားထောင်ဝန်ထမ်းတွေက သေနတ်များ၊ လေးခွများ၊ သစ်သားတုတ်များ ၊ နံပါတ်တုတ်များ ကိုင်‌‌ဆောင်ကာ  အမျိုးသမီး အကျဉ်းဆောင်အတွင်းသို့   အကြမ်ဖက်ဝင်‌‌ရောက် ရိုက်နှက်နှိပ်စက်မှု့တွေလည်း ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ 

၄င်းအကျဉ်းထောင်တွင်းက ထောင်ဝန်ထမ်းတွေရဲ့ အကြမ်းဖက်သေနတ်ပစ်ခတ်သံတွေမှာ ထောင်ပြင်ပထိကြားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

လက်ရှိအချိန်အထိ ဒိုက်ဦးအကျဉ်းထောင်မှာ လူ့အခွင့်အရေးချိုးဖောက်မှုများကို စစ်ကောင်စီတပ်‌က  ပေါ်ပေါ်တင်တင် ပြုလုပ်နေခြင်း ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ကလည်း ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ 

လက်နက်ဟူ၍ အပ်တိုတစ်ချောင်းမျှ မရှိတဲ့ အမျိုးသမီးများကို အင်အားသုံးကာ အကြမ်းဖက်မှုများ ပြုလုပ်နေခြင်းမှာ  များစွာရွံ့ရှာဖွယ်ကောင်းကြောင်းနဲ့  အကျဉ်းထောင်အတွင်းရှိ ဥပဒေမဲ့ လုပ်ရပ်များကို ရပ်တန့်နိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသူများနဲ့အတူ တစ်သားတည်းရပ်တည်ကာ ကျယ်ကျယ်လောင်‌‌လောင်ဖြင့် အသံထွက်ပေးကြရန် နိုင်ငံရေးအကျဉ်းသူများအဖွဲ့က မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။ 




ဆက်ဖတ်ရန် →
ရန်ကုန်မှာ အဖမ်းအဆီးတွေ ပြန်များလာ

ရန်ကုန်မှာ အဖမ်းအဆီးတွေ ပြန်များလာ


မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ကင်းစင်အောင်ဆောင်ရွက်ဖို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှာကြားခဲ့ပြီးနောက် နိုင်ငံတဝန်းဆက်တိုက်ဖမ်းဆီးမှုတွေကို စစ်ကောင်စီသတင်းတွေမှာ ဖေါ်ပြနေပါတယ်။ ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ချက်အရ ဇွန်လပထမနဲ့ ဒုတိယပတ်အတွင်း ရန်ကုန်တိုင်းက ၁၉ ဦးကို စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းဆီးခံခဲ့တယ်လို့ဖော်ပြပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို တင်ပြထားပါတယ်။

ဇွန်လပထမပတ်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့တဲ့ သန်လျင်တံတား အမှတ် (၃) ဖွင့်ပွဲ အခမ်းအနားကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ဖို့ စီစဉ်ထားသူ ၉ ယောက်ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ဒီလူတွေကို ဘယ်နေရာမှာ ဖမ်းပြီးစစ်မေးနေလဲဆိုတာ ခုချိန်ထိ မသိရသလို သူတို့အခြေအနေကိုလည်းမသိရသေးပါဘူး။ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ဖြစ်တဲ့ ဦးထွန်းကြည်ကတော့ ဖမ်းဆီးခံရတဲ့သူတွေရဲ့ အသက်အန္တရာယ်အထူး စိုးရိမ်စရာ ကောင်းတယ်လို့ ပြောပါတယ်။

"မနေ့တနေ့ကမှသန်လျင်တံတားကိစ္စနဲ့ပတ်သက်လို့ တောင်ဒဂုံ ၇၂ က ကလေးတွေကိုဖမ်းတယ်။ တကယ်တကယ်ကျတော့ ပွင့်လင်းမြင်သာမှု မရှိဘူး။ အခုကဖမ်းပြီးသွားပြီဟေ့ဆိုရင် ဒီလူငယ်တွေ နိုင်ကျဉ်းတွေကိုအပြတ်ရှင်းပလိုက်တဲ့အနေအထားဖြစ်နေတယ်။ ကျူပင်ခုတ်ကျူငုတ် မကျန်တဲ့နည်းနာတွေနဲ့ ဖိနှိပ်ညှင်းပန်းပြီး လူ့အခွင့်အရေးကိုအဆိုးဝါးဆုံး ချိုးဖောက်နေတယ်။ စစ်ကြောရေးရောက်နေသူတွေ အဖမ်းဆီးခံထားရသူတွေ ထောင်အသီးသီးမှာရှိတဲ့နိုင်ကျဉ်းတွေအားလုံးအတွက်ကတော့ တကယ်ကိုဒီအချိန်မှာအလွန်အမင်း သူတို့အသက်အန္တရာယ်ကို စိုးရိမ်မကင်းဖြစ်မိတယ်။ အခုလိုပုဒ်မအမျိုးမျိုးတပ်ပြီးတော့ အကြမ်းဖက်လုပ်နေတာကိုတော့ နိုင်ငံတကာဘက်က စကစကိုတော့အမြန်ဆုံးထိထိရောက်ရောက်အရေးယူသင့်တယ်။"

ဖမ်းဆီးခံထားရသူ ၉ ယောက်မှာ အမျိုးသား ၈ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ပါပါတယ်။ သန်လျင်တံတားကိုဖောက်ခွဲဖို့လုပ်သူတွေလို့ စစ်ကောင်စီစွပ်စွဲထားတဲ့သူတွေကို ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့ နယ်၊ သင်္ဘောကျင်းဝန်ထမ်းအိမ်ယာဝန်းထဲမှာရှိတဲ့ လိုင်းခန်းအဟောင်းမှာ ရှာဖွေဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။ အကြမ်းဖက်ဖို့လုပ်ဆောင်သူလို့ ခေါင်းစဉ်တပ်ဖမ်းရင်လည်း ဖမ်းဆီးခံရသူတွေကို စစ်မေးတာမှာ လက်လွန်ညှင်းပန်းနှိပ်စက်တာ၊ ပြန်လည် ခုခံချေပခွင့်မပေးတာဟာ လူ့အခွင့်အရေးနဲ့ ဥပဒေကိုချိုးဖောက်တာဖြစ်တယ်လို့ ဥပဒေပညာရှင်တဦးကခုလိုပြောပါတယ်။

"မြန်မာနိုင်ငံသားတွေကို စစ်ကြောရေးလို့ခေါ်တဲ့နေရာမှာ စစ်ဆေးဖို့ဆိုတာသည် ဒီနေ့ မြန်မာနိုင်ငံမှာရှိတဲ့ တည်ဆဲဥပဒေ ဘယ်ဥပဒေမှာမှ ပြဌာန်းထားတာမရှိဘူး။ တပ်မတော်အက်ဥပဒေ၊ တပ်မတော်နည်းဥပဒေ၊ ဘယ်ဥပဒေမှာမှမရှိဘူး။ တခြားဥပဒေတွေမှာလည်းမရှိဘူး။ အဲဒါကြောင့် အဲဒါတွေသည် ဥပဒေနဲ့ အညီမဟုတ်ဘူး၊ ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ ဆရာတို့ အတည်အလင်းပြောခြင်းဖြစ်ပါတယ်။"

နေရာစုံမှာ လူငယ်လူရွယ်တွေကို ပုဒ်မမျိုးစုံတပ် ဖမ်းဆီးနေတာတွေ ပိုလာနေတာမို့ လူငယ်တွေအနေနဲ့သတိဝိရိယနဲ့ နေထိုင်ဖို့လိုနေတယ်လို့ ထိုင်းအခြေစိုက် အာဏာရှင်စနစ်တော်လှန်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးကွန်ယက်က ဒုဥက္ကဋ္ဌ ကိုဇော်ထွန်းကပြောပါတယ်။

"ခုရန်ကုန်မန်းလေးပဲခူးညောင်လေးပင် ဗမာပြည်ထဲရှိတဲ့အနယ်နယ်အရပ်ရပ်က မြို့တွေနယ်တွေမှာပေါ့။ လူငယ်တွေကိုအကြောင်းအမျိုးမျိုး ပြပြီးတော့စကစက ဖမ်းဆီးမှုတွေအများကြီးလုပ်နေတယ်။ တချို့လူငယ်တွေလည်းဖမ်းဆီးခံရပြီးရဲစခန်းရောက်ပြီးတော့ ပြန်ပိုက်ဆံတောင်း ပြီးတော့ ပြန်လွှတ်ပေးတာရှိတယ်။ နောက်သန်လျင်တံတားဖောက်ခွဲဖို့ လုပ်လို့ဆိုပြီး လူငယ်တွေဖမ်းဆီးခံရတာတွေ့ရတယ်။ စကစကနေပြီးတော့ အကြောင်းအမျိုးမျိုး ဖမ်းဆီးမှုတွေ အနိုင်ကျင့်မှုတွေနှိပ်စက်မှုတွေ ပြုလုပ်မှာဘဲ။ လူငယ်တွေအနေနဲ့ သတိထားရှောင်စေချင်ပါတယ်။"

အခုသီတင်းပတ်တွေအတွင်း ရန်ကုန်မြို့က မြို့နယ်တချို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက ဧည့်စာရင်း စစ်တာ တွေ ပြန်လုပ်လာသလို သူတို့ မသင်္ကာရင် နေအိမ်တွေထဲ မွှေနှောက်ရှာဖွေကာ ဖမ်းဆီးသွားတာတွေရှိတယ်လို့ ‌ကြုံရတဲ့ရပ်ကွက်နေပြည်သူ တွေကပြောပါတယ်။ အမည်မဖော်လိုတဲ့ ရန်ကုန်တိုင်းစစ်ကြောရေးမှာပါဝင်တဲ့ အရာရှိတဦးအဆိုအရ လတ်တလောမှာ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ဖမ်းဆီးခံရသူတွေဟာ အယောက် ၂၀ ထက်မနည်းရှိနေပြီး သူတို့ကနေတဆင့် ဆက်စပ်တရားခံတွေကို ဖမ်းဆီးဖို့ အပူတပြင်းလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ဆက်စပ်တရားခံတွေ ဖမ်းမိအောင်ဆောင်ရွက်သူတွေကို ရာထူးတိုးပေးတာအပြင် တခြားခံစားခွင့်တွေ စစ်ကောင်စီဘက်ကပေးတယ်လို့ သူကပြောပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ စစ်ဆင်ရေးလုပ်ဆောင်မယ်ဆိုတဲ့ သတင်းရထားတာအပြင် တန်ပြန်ထောက်လှမ်းရေးတွေအရ အခုလိုဖမ်းဆီးနိုင်တာတွေရှိခဲ့တာလို့ အမည်မဖော်လိုတဲ့ စစ်ကြောရေးအရာရှိတယောက်က ပြောပြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးနဲ့ တောင်ငူမြို့တို့တွေမှာ လက်နက်ခဲယမ်းများနဲ့ဆက်စပ်ပစ္စည်းများ ဆက်တိုက်ဖမ်းဆီးခဲ့တာတွေရှိခဲ့တယ်လို့ စစ်ကောင်စီလိုလားတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာတင်ထားတာတွေရှိပါတယ်။ ဇွန်လပထမပတ်မှာတောင်ငူမြို့ လေးမိုင်စစ်ဆေးရေးဂိတ်မှာ လက်နက်မျိုးစုံ ၃၄ လက်အပါအဝင် ကျည်မျိုးစုံ၊ ဗုံးသီးအလုံးတွေ၊ လက်ပစ်ဗုံးတွေ၊ရီမုတွေအပြင် ဒရုန်းနဲ့ စတားလင့်စက်တွေ သိမ်းရတယ်လို့ အဲဒီချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ နှစ်ပတ်အတွင်း ရန်ကုန်တိုင်းက ၁၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အများစုက ရန်ကုန်တိုင်းကဖြစ်ပြီး ကျန်တစ်ဦးက ဧရာဝတီတိုင်းက ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ AAPP ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူပေါင်းနှစ်သောင်းကျော် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲက လူကိုးထောင်ကျော် ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။ စစ်ကောင်စီကတော့ AAPP ရဲ့စာရင်းဟာ ချဲ့ကားထားတဲ့ စာရင်းတွေဖြစ်တယ်လို့ ပြောကြားပယ်ချလေ့ရှိပါတယ်။

၁၄ ဇွန်၊ ၂၀၂၄

ဗွီအိုအေ (မြန်မာဌာန)



ဆက်ဖတ်ရန် →