နောက်ဆုံးရ
အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ

အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ

အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာနှင့် KNU သင်တန်းဆရာများ ပူးပေါင်း ပို့ချနေသည့် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် - ၄ အထိ ရောက်ရှိပြီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ခေတ်သစ်
အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာနှင့် KNU သင်တန်းဆရာများ ပူး ပေါင်း သင်တန်းပေးနေသည့် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင် ရေးသင်တန်း အပတ်စဥ် - ၄ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F  တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
"အပတ်စဉ် ၁ ကနေပြီးတော့ အပတ်စဉ် ၄ အထိ အမေရိကန် မရိန်းတပ်ဖွဲ့က သင်တန်းဆရာ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့KNU သင်တန်းဆရာတွေ ပူး ပေါင်းပြီး အထူးစစ်ဆင်ရေး သင်တန်းတွေ ပို့ချနေတာဖြစ်ပါတယ်" ဟု တောင် ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F  တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ရှင်းပြသည်။ 
အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးသင်တန်း (အပတ်စဥ် - ၄) သင်တန်းဆင်းပွဲအား KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျင်းပခဲ့ပြီး  သင်တန်းဆင်းပွဲတွင် ပြည်ထဲရေးနှင့်လူဝင်မှူကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှပေးပို့သော သဝဏ်လွှာအားဖတ်ကြားခြင်း၊ တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F  တာဝန်ခံ မှသင်တန်းဆင်းမိန့်ခွန်း ပြောကြားခြင်း၊ သစ္စာဓိဌာန်ပြုခြင်း၊ စစ်ရေးပြလှည့်လည်ခြင်းနှင့် ထူးချွန်သင်တန်းသားများအား ဂုဏ်ပြုခြင်းအစီအစဥ်များကျင်းပခဲ့ကြောင်း သိရှိရသည်။ 
 
သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးချုပ်နှင့် စစ်တိုင်းတာဝန်ခံများ၊ ဌာနအသီးသီးမှတာဝန်ရှိသူများ၊ နယ်မြေခံ ERO မဟာမိတ်ခေါင်းဆောင်များ၊ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြသည်။
အပတ်စဉ် ၄ သင်တန်းကို  ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ဒုတိယလပတ်မှ ဒီဇင်ဘာလ ဒုတိယလပတ်အထိ  (သုံးလ) သင်ကြားပေးခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သင်တန်းဆင်းခဲ့ခြင်းဖြစ်သည်။ 
 
သင်တန်းတွင် အထူးကွန်မန်ဒို၊ အထူးချေမှူန်းရေး၊ အထူးလက်ဖြောင့်၊ စစ်မြေပြင်ဆေးဝါးကုသခြင်း နှင့် မြို့ပြအထူးစစ်ဆင်ရေးအတွက် အဓိကကျသော စစ်ရေးလေ့ကျင့်မှူများကို စာတွေ့လက်တွေ ၊နေ့ရောညပါ သင်ကြားပို့ချခဲ့ကြကြောင်း သိရှိရသည်။










ဆက်ဖတ်ရန် →
အာဆီယံ ခေါင်းဆောင်များ သတ္တိရှိရှိ ဖြင့် မြန်မာ ပြဿနာကို ဖြေရှင်းပါ

အာဆီယံ ခေါင်းဆောင်များ သတ္တိရှိရှိ ဖြင့် မြန်မာ ပြဿနာကို ဖြေရှင်းပါ

မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မှ အထက်ပါ စကားကို ထိုင်း နိုင်ငံတွင် ရှိနေစဉ်အတွင်း ထိုင်း-မလေးရှား ကုန်သည်ကြီး များ အသင်းတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာ အာဏာသိမ်း စစ်တပ်မှ ၎င်းတို့ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုပ်စွာ ပြုကျင့်နေမှုများ ကို ရပ်တန့်ရန် ဖိအားပေး’နိုင်မည့် အစီအစဉ်အသစ်များ ချမှတ်ရန် လို‌အပ်လာနေပြီဟု ပြတ်ပြတ်သားသား တောင်းဆိုသွားခဲ့ပြန်သည်။
မြန်မာသည် မိမိတို့ နိုင်ငံ နှင့် ကိုက်ညီမည့် ကိုယ်ပိုင် ပြည်တွင်းမူဝါဒ များ နှင့် ဦးစားပေး အစီအစဉ်များ ချမှတ် ကျင့်သုံးခွင့် ရှိသည် မှန်သော်လည်း ယခုခေတ် တွင် မည်သည့် နိုင်ငံကမျှ ကိုယ်ပြည်သူများ အပေါ် ခွဲခြား ဆက်ဆံခွင့်၊ ဘေး ဖယ်ထုတ်ခွင့်၊ ခြိမ်းချောက်ခွင့်၊ ထိုထက် ဆိုးသည့် အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်ပိုင်ခွင့် မရှိဟု ဆိုသည်။
အာဆီယံ အနေဖြင့် ထိုသို့ ကိုယ့်နိုင်ငံသားများ အပေါ် ပြန်၍ ကျုးလွန်နေသည့် ရက်စက် ကြမ်းကြုပ်မှု များ ရပ်တန့်သွားရမည့် အစီအစဉ် အသစ်များ ချမှတ်ရန် လိုနေပြီဟု အကြံပေးခဲ့သည်။
ထိုသို့သော အပြုအမူ မျိုးကို သည်းငြည်းခံနေမည် ဆိုက ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အင်ဒိုနီရှား နှင့် မလေးရှား နိုင်ငံများသို့ ဒုက္ခသည်များ အစုလိုက် အပြုံလိုက် ရောက်ရှိလာတော့မည် ဖြစ်သည်ဟု ဆိုသည်။
မိမိတို့ အနေဖြင့် အမေရိကန် နှင့် အီးယူမှ ဘာလုပ်ပါ ညာလုပ်ပါ ပြောတာ မကြိုက်လျှင်  မိမိတို့ဖက်ကလည်း တခုခု လုပ်သင့်ပြီ ပြီး သတ္တိရှိရှိ ဖြင့် ကြိုးစားဖြေရှင်းသွားရန် လိုသည်ဟု လည်း ပြောသွားခဲ့သည်။ လက်ရှိ ကြိုးပမ်းနေမှုများ ထက် ကျော်လွန်ပြီး လုပ်ရတော့မည်ဟု ဆိုသည်။
လောလောဆယ်တွင် အာဆီယံ မှ မြန်မာ ကို ဖယ်ထုတ်ပြစ်သင့်ကြောင်း၊ ၎င်းတို့ ကြောင့် အဖွဲ့ကြီး အတွင်း စိတ်ပျက်လက်ပျက် ဖြစ်လာမှုကို ခွင့်မပြုသင့်ကြောင်း နှင့် မိမိတို့အားလုံးမှ တစိတ်တဝမ်းတည်း မြန်မာ စစ်အာဏာသိမ်း အဖွဲ့ ကို ပြောဆိုနိုင်မည် ဆိုလျှင် အတိုင်းထက် အလွန် ပင် ဖြစ်သည်ဟု လည်း ထည့်သွင်း ပြောဆိုသွားခဲ့ပြန်သည်။ အန်ဝါသည် ၂၀၂၁ ခုနှစ် အတိုက်အခံ ခေါင်းဆောင် ဘဝ တွင် ရှိနေစဉ်ကပင် ထိုသို့ ထုတ်ပစ်ရန် ၎င်းကဲ့သို့ ခေါင်းဆောင် ငါးဦး နှင့် အတူ ပူးတွဲ လက်မှတ်ရေးထိုးပြီး တောင်းဆိုထားခဲ့ဖူးသူ လည်း ဖြစ်သည်။
အန်ဝါ၏ ဝန်ကြီးချုပ် ဖြစ်ပြီး နောက် ပထမဆုံး အကြိမ် တရားဝင် ခရီးစဉ် အဖြစ် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန် အို ချာ နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံခဲ့စဉ်အတွင်း “ခင်ဗျား အနေနဲ့ ကျွန်တော်တို့ စိုးရိမ်မကင်း ဖြစ်နေတာတွေကို ပြောနိုင်မယ့် အကောင်းဆုံး အနေအထား မှာ ရှိနေတယ်။ ပြည်တွင်းရေး ကို ပြည်တွင်းမှာ ရှင်းသင့်တယ် ဆို‌ပေမယ့် အခု ဒေသတွင်း ကို ရိုက်ခတ်လာတော့မယ့် အရေး ကြုံနေပြီ” ဟု ထောက်ပြ သွားခဲ့သည်။
အန်ဝါသည် မြန်မာ အရေး နှင့် ပတ်သက်ပြီး အင်ဒိုနီရှား သမ္မတ ဂျိုကိုဝီ၊ စင်္ကာပူ ဝန်ကြီးချုပ် လီရှင်လုံး၊ ဘရူးနိုင်း စော်ဘွား၊ ဖီလစ်ပိုင် သမ္မတ မာကို့စ် ဂျူနီယာ တို့နှင့် ပြောဆို ဆွေးနွေး’ပြီး ဖြစ်သည်ဟုလည်း ထုတ်‌ ဖေါ် ပြောဆိုသွားခဲ့သည်။
အန်ဝါ အီဘရာဟင်သည် တက္ကသိုလ် ကျောင်းသား သမဂ္ဂ ခေါင်းဆောင် ဖြစ်ခဲ့ပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကို ဦးဆောင်ခဲ့မှု ဖြင့် အထိန်းသိမ်း ခံခဲ့ရသည်။
အာဆီယံ နိုင်ငံများသည် ယခုလို မည်သည့် ဖက်မှ ပြတ်ပြတ်သားသား အနိုင်မရသေးသော အနေအထား တွင် နိုင်ငံအား တည်ငြိမ်မှု ရှိအောင် အာမခံနိုင်မည့် အနေအထား တွင် ရှိနေသည့် အဖွဲ့သည် စစ်တပ် ပင် ဖြစ်သည်ဟု စွဲမြဲစွာ ခံယူထားကြသူများ ဖြစ်သည်၊ ၎င်းတိုအဖို့က အမျိူးသား ညီညွတ်‌ရေး အစိုးရ သည်  ခန့်မှန်းရ ခက်ပြီး ပြဿနာပေါင်းစုံ ထွက်ပေါ်လာနိုင်သည်ဟု လည်း မှတ်ယူထားကြသည်။
ထို့အတွက် စစ်တပ်ကို ငြင်ငြင်သာသာ ကိုင်တွယ်သွားရန် ဝိုင်းထိန်းပေးလို ကြသော်လည်း အ‌ခြေ အနေများက ထိန်းမရအောင် ဖြစ်လာပြီး ၎င်းတို့အား မြန်မာ ပြည်သူများက လုံးဝ လက်သင့် ခံလိုစိတ် မရှိသည်ကိုလည်း သဘောပေါက် လာကြသည်။
ထို့ပြင် တော်လှန်ရေး သည်လည်း ခုခံ စစ်မှ ထိုး
စစ်သို့ တဖြေးဖြေး ကူးပြောင်းလာ‌နေပြီ ဖြစ်သည်ကိုလည်း ရိပ်စားမိလာနေပြီ ဖြစ်သည်။ အကြမ်းဖက် စစ်အာဏာသိမ်း အဖွဲ့သည်လည်း ကြံရာမရ ဖြစ်လာကာ ပျူစောထီး ဆိုသူများကို လက်နပ်တပ်ဆင်ရန် တရားဝင် လက်နက်ကိုင်ဆောင်ခွင့် ဥ ပဒေ ကိုပင် ထုတ်ပြန်လာခဲ့ရပြီ ဖြစ်သည်။
အကြမ်းဖက် စစ်တပ်သည် ပြည်သူများ အတွင်း အကြောက်တရား များ စိုးမိုးလာစေရန် လေကြောင်းမှ နေ၍ အရပ်သား ပစ်မှတ်များကို ရွေးချယ် တိုက်ခိုက်နေခြင်း ဖြင့် တော်လှန်ရေး အင်အားစုများကို အမြဲလို အသာစီး မှ နှိမ်နှင်းသွားနိုင်လိမ့်မည် ဟု အထင် ရောက်နေပြီး ရေရှည်လာပါက ၎င်းတို့ အတွက် ပြည်ပ ရန်ကို ဖိတ်ခေါ်သလို ဖြစ်လာနေသည်ကို လည်း တွက်ဆ နိုင်ခြင်း မရှိပြန်ပေ၊ ထိုသို့ ဖြစ်လာမည်ဆိုက ဒုက္ခသည်များ စုပြုံရောက်ရှိလာမည့် အ‌ရေးကြောင့် ဒေသတွင်း လုံခြုံရေး နှင့် တည်ငြိမ်မှု ကို ခြိမ်းချောက်လာနေမှန်းလည်း အာဆီယံ ခေါင်း‌ဆောင်များ ခေါင်းချင်း ရိုက်လာနေကြခြင်းလည်း ဖြစ်သည်။ 
အင်ဒိုနီရှား သမ္မတ မှ ဗိုလ်ချုပ်ကြီးဟောင်း တဦးအား လွှတ်၍ နားချမည့် အရေးသည် အာဆီယံ ၏ နောက်ဆုံး ကြိုးပမ်းချက်လည်း ဖြစ်သွားနိုင်ပေသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
လှစိုးဝေ


ဆက်ဖတ်ရန် →
စစ်သားတွေ အတုံးအရုန်း သေနေချိန် ပွဲကြိုက်တဲ့ မင်းအောင်လှိုင်က နိုင်ငံ အရေးပေါ်ကာလ သာမန်မဟုတ်တဲ့ အခြေအနေမှာ မင်္ဂလာပွဲပါ မချန် တက်နေပြန်

စစ်သားတွေ အတုံးအရုန်း သေနေချိန် ပွဲကြိုက်တဲ့ မင်းအောင်လှိုင်က နိုင်ငံ အရေးပေါ်ကာလ သာမန်မဟုတ်တဲ့ အခြေအနေမှာ မင်္ဂလာပွဲပါ မချန် တက်နေပြန်



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ခေတ်သစ်
မြန်မာနိုင်ငံမှာ သာမန် မဟုတ်တဲ့ အရေးပေါ်ကာလ စစ်အုပ်ချုပ်ရေး ကြေညာထားချိန် ပွဲကြိုက်တဲ့ မင်းအောင်လှိုင်က ကိုယ်တိုင်လည်း ပွဲအမျိုးမျိုး ဖန်တီးလို့ တက်နေချိန် အခုအခါမှာတော့ မင်္ဂလာပွဲပါ မချန် လိုက်တက်နေပြန်ပါတယ်။ 
ဒီနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ Grand Convention Center လုပ်တဲ့ ရေတပ် ဗိုလ်ကြီး အောင်မြင့်ထွန်းနဲ့ မသီရိလွင်တို့ရဲ့  မင်္ဂလာဧည့်ခံပွဲကို မင်းအောင်လှိုင်နဲ့ ကြူကြူလှ လင်စုံမယားတွဲဖက်လို့ ပွဲတက်လိုက်ပါသေးတယ်။ ပွဲတက်တာတောင် ရိုးရိုးမဟုတ်ဘဲ သတို့သားနဲ့ သတို့သမီးကို စင်မြင့်ပေါ်တက်လို့ ဂါ၀ရပြုခံတာတွေပါ လုပ်နေပါသေးတယ်။ 
မင်းအောင်လှိုင်အနေနဲ့ ကိုယ်တိုင်လည်း စိန်ရတု လွတ်လပ်ရေး၊ တပ်မတော် နေ့၊ စိန်ရတု ပြည်ထောင်စုနေ့ ၊ လေတပ် နှစ်ပတ်လည်၊ ရေတပ် နှစ်ပတ်လည်၊ ဗိုလ်ရှုသဘင်စတဲ့ ပွဲတွေ အမျိုးမျိုး ဖန်တီး တက်နေရာကနေ အားရပုံမရဘဲ မင်္ဂလာပွဲပါ မချန် လိုက်တက်နေတဲ့ပုံရှိပါတယ်။ 
ဇန်နဝါရီလ ၃၁ ရက်နေ့ ကာ/လုံအစည်းအဝေးမှာ နိုင်ငံတော်က သာမန်မဟုတ်တဲ့ အခြေအနေမို့ စစ်အာဏာသိမ်းထားမှု ၆ လသက်တမ်းတိုးတောင်းခဲ့တဲ့ မင်းအောင်လှိုင် မင်္ဂလာပွဲကိုတော့ အေးအေးလူလူ တက်နိုင်သေးတာကလည်း အံ့ဩစရာပါ။ 
စစ်အုပ်ချုပ်ရေး ၃၇ မြို့နယ်မှာ ကြေညာထားရပြီး တစ်နိုင်ငံလုံး ရှေ့တန်းတွေမှာ စစ်ကောင်စီ စစ်သားတွေ အတုန်းအရုန်း သေဆုံးချိန်မှာ အကြမ်းဖက်မင်းအောင်လှိုင်ကတော့ မိန်းမဖြစ်သူ ကြူကြူလှ လက်ကိုဆွဲလို့ ပွဲလမ်းသဘင် ပျော်ပွဲဝင်နေတာက လက်အောက်ခံစစ်သားတွေအနေနဲ့ စိတ်နာရမယ့် အခြေအနေလည်း‌ဖြစ်ပါတယ်။ 
မင်းအောင်လှိုင် ပွဲတွေတက်နိုင်ဖို့ အောက်ခြေ စစ်သားတွေက မိသားစုနဲ့ဘ၀ တွေ အပျက်ခံ အသေခံပြီး တိုက်ပွဲဝင်ပေးနေရတာဆိုရင်လည်း မမှားနိုင်ပါဘူး။ 
ပွဲကြိုက်တဲ့မောင် မင်းအောင်လှိုင်ကတော့ ဘယ်လောက်ပဲ စစ်သားတွေ သေသေ ၊ ဘယ်လောက်ပဲ နိုင်ငံ ပျက်စီးပါစေ  ကြူကြူလှကို လက်ကိုဆွဲလို့ ပွဲတွေ တက်နေဦးမှာ အသေအချာဖြစ်ပါတယ်။






ဆက်ဖတ်ရန် →
မုံရွာမြို့ရှောင်လမ်းတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်(ရုပ်/သံ)

မုံရွာမြို့ရှောင်လမ်းတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ခေတ်သစ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြို့ရှောင်လမ်းတွင် စစ်တပ်စစ်ကြောင်းကို ယမန်နေ့ ညနေပိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာနတ်ဆိုးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီခွဲဝန်းကျင် အချိန် မုံရွာမြို့ မြို့ရှောင်လမ်းတွင် လုံခြုံရေး ကင်းပတ်နေသည့် စစ်သားများလိုက်ပါသော အိမ်စီးကားကိုလည်းကောင်း၊ ဗောဓိတစ်ထောင်မှ စစ်ကြောင်းကို   တင်၍ ပြန်လာသော ၁၂ ဘီးကားကိုလည်းကောင်း  မြို့ရှောင်လမ်းအရောက်  ပဒေသာမိုင်းဖြင့် ထိထိမိမိ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
မိုင်းဆွဲတိုက်ခိုက်အပြီး ကားပေါ်တွင်လိုက်ပါသော စစ်သားများက  ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ာကွယ်ရေး ရဲဘော်များ ဘေးကင်းကြောင်း ၊ လက်ရှိတွင် စစ်တပ်၏ သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း၊ ပြည်သူများအနေဖြင့်  အိမ်စီးကားများကို ရှေ့မှန်နောက်မှန်ချမောင်းကြပါရန် မေတ္တာရပ်ခံကြောင်း မုံရွာနတ်ဆိုးအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။




မင်းဘူးခရိုင် ကန်ပြားရဲစခန်းကို PDF တပ်ဖွဲ့များ စီးနင်းတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၀ ဦးထိခိုက်သေဆုံးဟု MOD သတင်းထုတ်ပြန်၊ ရတနာပုံတံတား စစ်ဆေးရေးဂိတ်ကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက် 

 
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ခေတ်သစ်


မကွေးတိုင်း၊ မင်းဘူးခရိုင် ကန်ပြားရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၀ ဦးသေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD)က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၉ နာရီခန့်တွင် မင်းဘူးခရိုင် ကန်ပြား ရဲစခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲစခန်း အတွင်းရှိ ဘားတိုက်နှင့် နေရာ တချို့ကို မီးရှို့ ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၃၀ ဦးခန့် ထိခိုက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူ အင်အားများ ထပ်မံ ရောက်ရှိ လာသောကြောင့် ပြည်သူ့ ကာကွယ်ရေး တပ်မတော် ပူးပေါင်းစစ်ကြောင်း အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ 
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မင်းဘူးခရိုင် တပ်ရင်းအမှတ် ၁ ၊ မကွေးခရိုင် တပ်ရင်းအမှတ် ၁ ၊ မင်းဘူး ပကဖနှင့် ပွင့်ဖြူ ပကဖ ပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ထားသည်။
အလားတူ  ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီကျော်အချိန် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း ဆက်သွယ်ထားသည့် ရတနာပုံတံတား စစ်ကိုင်းဘက်ခြမ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ၄၀ မမ ၂ လုံးဖြင့်  ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။ 
အဆိုပါတိုက်ခိုက်မှုကို အညာတပ်ပေါင်းစု (ABCF) နှင့် Freedom Revolution Force( FREအထူးတပ်ဖွဲ့ Eagle-2) တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး  တိုက်ခိုက်မှု ဖြစ်စဉ်တွင်  ထိခိုက်သေဆုံးမှုများနိုင်ကြောင်း အညာ‌တပ်ပေါင်းစု(ABCF) တာဝန်ရှိသူ၏ အဆိုကို ကိုးကား၍ သတင်းဖော်ပြထားသည်။ 
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။




ဆက်ဖတ်ရန် →
စစ်တပ်အရာရှိ ၂ ဦး အပါအဝင် ၇ ဦး သေဆုံးပြီး စစ်သား ၃ ဦး အရှင်ဖမ်းမိ၊ လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

စစ်တပ်အရာရှိ ၂ ဦး အပါအဝင် ၇ ဦး သေဆုံးပြီး စစ်သား ၃ ဦး အရှင်ဖမ်းမိ၊ လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

Breaking News - မြစ်ခြေ မွေးမြူရေးတပ်ကို PDF တပ်ပေါင်းစု ဝင်ရောက်စီးနင်းမှု


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ခေတ်သစ်


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အခြေစိုက် မွေးမြူရေးတပ်ကို PDF တပ်ပေါင်းစုများက ယနေ့ နံနက်ပိုင်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်တပ်အရာရှိ ၂ ဦး အပါအဝင် ၇ ဦးသေဆုံးပြီး စစ်သား ၃ ဦးအရှင်ဖမ်းမိကာ လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်းမှ  တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 
ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် မြစ်ခြေအခြေစိုက် မွေးမြူရေး တပ်ကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ မွေးမြူရေးတပ် ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က လေကြောင်းမှ မြစ်ခြေမြို့ကို ဗုံးကျဲ တိုက်ခိုက်နေသည့်အပြင် ပခုက္ကူ မြို့မှ စစ်အင်အားအများအပြားရောက်ရှိကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိ ၂ ဦး နှင့်စစ်သား ၅ ဦး စုစုပေါင်း ၇ ဦးသေဆုံးပြီး စစ်သား ၃ ဦးကို အရှင် ဖမ်းဆီးရမိကြောင်း သိရှိရသည်။ 
"ဒီနေ့ မနက် ၆ နာရီမှာ စပြီး တပ်ကို ဝင်စီးတာ။ တိုက်ပွဲထဲမှာ စစ်တပ်ဘက်က ခွေးဗိုလ်လေး ၁ ဦး၊ ခွေးဗိုလ်ကြီး ၁ ဦး နဲ့ တပ်သား ၅ ဦးသေတယ်။ ၅ ဦး အရှင်ဖမ်းမိတယ်။ အဲဒီမှာ ၂ ဦးက အရပ်သားဖြစ်နေလို့ ပြန်လွှတ်ပေးလိုက်တယ်။ ဖမ်းမိတာက တပ်ကြပ်ကြီး ၁ ဦးနဲ့ တပ်သား ၂ ဦး ဖမ်းမိတယ်။ တိုက်ပွဲက မနက် ၈ နာရီ ၄၅ မိနစ်မှာပြီးတယ်။ စစ်ခွေးတွေဘက်က ရဟတ်ယာဉ်နဲ့လာပစ်တယ်" ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၂၊ တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ ၊ မြစ်ခြေMCKC ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ‌ေ၊ Earthquake ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Aerial Team ဘာဂျာ Drone တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။













ဆက်ဖတ်ရန် →
ရခိုင်ရှိ ရဲအင်အား ၁၀၀၀ ခန့် နယ်ပြောင်းလျှောက်ထားမှု စစ်ကိုင်းဘက်သို့ ရွေ့ပြောင်းခြင်သူများကိုချက်ခြင်းပြောင်းခွင့် ပြု

ရခိုင်ရှိ ရဲအင်အား ၁၀၀၀ ခန့် နယ်ပြောင်းလျှောက်ထားမှု စစ်ကိုင်းဘက်သို့ ရွေ့ပြောင်းခြင်သူများကိုချက်ခြင်းပြောင်းခွင့် ပြု


CJ Platform

ရခိုင်ရှိ ရဲအင်အား ၁၀၀၀ ခန့် နယ်ပြောင်းလျှောက်ထားမှု တစ်နှစ်ခန့် ကြာမြင့်သော်လည်းခွင့်မပြုသေးကြောင်း၊ စစ်ကိုင်းဘက်သို့ ရွေ့ပြောင်းခြင်သူများကိုချက်ခြင်းပြောင်းခွင့် ပြုနေကြောင်း ရဲသတင်းအရင်းမြစ်တစ်ဦးက CJ Platform သို့ပြောကြားသည်။

“ကျွန်တော်တို့ ရှမ်းပြည်နယ်ကို ရွေ့ပြောင်းမိန့်တင်ထားတာကြာပြီ၊ တစ်နှစ်ကျော်နေပြီ အခုထိ ကိုအမိန့် မလာသေးဘူး။ စစ်ကိုင်းဘက်ပြောင်းမလားတဲ့ ပြောင်းရင်တော့ချက်ခြင်းခွင့်ပြုပေးမယ်ဆိုပြီး ပြောတယ်” ဟု ရဲသတင်းအရင်းမြစ်ကပြောကြားသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း တိုက်ပွဲများဖြစ်ပွားပါက ရဲများ၊စစ်သားများ အကျအဆုံးများသည့်အတွက် ယခုကဲ့သို့ရွေ့ပြောင်းမိန့်ကို ရဲအများအပြားကအထက်သို့တင်ပြကာ ပြောင်းရွေ့နေလိုခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“တစ်နိုင်ငံလုံးမှာဆိုရင် ရှမ်းပြည်နယ်က အားလုံးထဲမှာ တိုက်ပွဲအနည်းဆုံးပဲလေ၊ အဲ့ဒီတော့အဲ့ဘက်ကို ရွေ့ပြောင်းလျှောက်တဲ့သူက များတယ်” ဟု ယင်းကဆိုသည်။

အချို့သော ရဲများအနေဖြင့်လည်း စစ်ကောင်စီ လက်အောက်ခံ ရဲအဖြစ် မလုပ်ဘဲ CDMပြုလုပ်ခြင်သော်လည်း CDM ပြုလုပ်ပါက အခက်အခဲဖြစ်နိုင်သည့်အခြေအနေများကြောင့်လည်း ရဲအဖြစ် ဆက်လက်လုပ်ကိုင်နေသူအများအပြားရှိကြောင်းလည်း သိရသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ နှင့် AA တပ်တော်တို့တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး၊ နိုဝင်ဘာ ၂၆ ရက်မှ စတင်ကာ နီပွန်ဖောင်ဒေးရှင်းဥက္ကဌ ညှိနှိုင်းမှုဖြင့် တိုက်ပွဲများ ယာယီရပ်ဆိုင်းခဲ့သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်တန့်ထားသော်လည်း စစ်ကောင်စီလက်အောက်ခံရဲများနှင့်မိသားစုဝင်များကို ခရီးသွားလာခြင်း ကန့်သတ်မှုများပြုလုပ်ထားကြောင်းလည်း သိရသည်။

 

 


 

ဆက်ဖတ်ရန် →