ထန်တလန်မြို့ကိုမီးဘယ်သူရှို့တာလဲဆိုတာအားလုံးအသိ''
📅
💬 မှတ်ချက်
ထန်တလန်မီးလောင်နေစဉ် အေးအေးဆေးဆေးဓါတ်ပုံအရိုက်ခံနေသည့်စစ်ကောင်စီတပ်မှစစ်သား
ထန်တလန်၊ နိုဝင်ဘာ-၃
ချင်းပြည်နယ် ထန်တလန်မြို့မှာ ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက် နေ့ကဖြစ်ပွားခဲ့သည့် မီးလောင်နေသည့်မြင်ကွင်းကို ခလရ (၂၂၂ ) တပ်ရင်းဟုယူဆရသည့်တပ်မှ စစ်သားတစ်ဦးက စိတ်အေးလက်အေးကြည့်ရှု့နေပုံနှင့် အလှရိုက်ကူးသည့်ဓါတ်ပုံများပေါ်ထွက်လာခဲ့သည်။
စစ်ကောင်စီတပ်အသိုင်းအဝိုင်းမှထွက်လာသော အဆိုပါဓါတ်ပုံများကို ထန်တလန်မြို့အဝင်ဘုန်းကြီးကျောင်းအောက်ဘက်နှင့်တပ်စခန်းအနီးရှိဗျူးပွိုင့်မှရိုက်ကူးထားသည့်ပုံများဖြစ်ကြောင်းသိရသည်။
ရာထူးအဆင့်ကိုဖော်ပြသောတံဆိပ်များတပ်ဆင်ထားခြင်းမရှိသော်လည်း ယခုကဲ့သို့ဝတ်စားပုံမှာ အရာရှိအဆင့်ဖြစ်သည်ဟု ထန်တလန်ဒေသခံအများက ယုံကြည်နေကြသည်။
\"\"စစ်ကောင်စီတပ်တွေကပြောတာ PDF တွေကမီးရှို့ခဲ့တယ်။ မီးငြိမ်းဖို့လာတဲ့စစ်သားတွေကိုအိမ်တွေထဲကနေ ချောင်းပစ်တယ်။ထန်တလန်နှင့်ဟားခါးအကြားသီးရ်မြစ်တံတားကိုဖျက်ဆီးခဲ့ကြလို့မီးသတ်ကားမလာနိုင်ဘူးအမျိုးမျိုးပြောတယ်။ဒါပေမယ့် သူတို့မှာသက်သေပြစရာမရှိဘူး။အခုဒီပုံတွေကိုကြည့်ပါ ။တစ်မြို့လုံးနီးပါးမီးဟုန်းဟုန်းတောက်နေတာမြင်ရတဲ့အနေအထားကို အရာရှိတစ်ယောက်ကအေးအေးဆေးဆေးဓါတ်ပုံအရိုက်ခံနိုင်တယ်၊အေးအေးဆေးဆေးကြည့်နေနိုင်တယ်။နောက်ပြီးကောင်းကင်ဓါတ်ပုံတွေမှာဆိုလည်း မီးလောင်တဲ့နေရာမှာစစ်ကောင်စီတပ်သားတွေပုံတွေကို မြင်နေရတဲ့မှတ်တမ်းတွေကိုဒီဘက်ကချပြနိုင်တယ်။ဒါကြောင့်ထန်တလန်မြို့ကိုမီးဘယ်သူရှို့တာလဲဆိုတာအားလုံးအသိ\"\"ဟု ဒေသခံတစ်ဦးကပြောသည်။
ထန်တလန်မြို့ မီးရှို့ခံရမှုဖြစ်စဉ်တွင်ဆိုင်ခန်း ၁၀ဝ ၊ ဘုရားကျောင်း ၂ ကျောင်း၊CB ဘဏ်အပါအ၀င် နေအိမ် ၁၆၄ လုံး မီးလောင်ပြာကျခဲ့ရသည်ဟုGlobal Thantlang Relief အဖွဲ့မှ ထုတ်ပြန်ထားသည်။
ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်သူ မအေးနန္ဒစိုး ပျောက်ဆုံးနေ
📅
💬 မှတ်ချက်
တပ်မ ၃၃ သို့ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်သူ မအေးနန္ဒစိုး ပျောက်ဆုံးနေ
3 Nov 2021 By MPA
အကြမ်းဖက်စစ်တပ်က စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်သူ မအေးနန္ဒစိုးကို စစ်ကိုင်းတိုင်း အတွင်းရှိ တပ်မ ၃၃ သို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် တစ်လခွဲခန့် ကြာသည်အထိ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။
မအေးန္ဒာစိုးကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးပြီးနောက် တပ်မ၃၃သို့ ပို့ဆောင်လိုက် ကြောင်း နောက်ဆုံးသိရှိရပြီး လက်ရှိအချိန်အထိ သူမမည်သည့်နေရာ၌ ရှိနေသည်ကို သိရှိရခြင်းမရှိသေး ကြောင်း သိရသည်။
"သူက အမျိုးသမီးဆိုပေမယ့် ရဲရင့်တဲ့တက်ကြွတဲ့ စိတ်လည်း ရှိတယ်။ မဟုတ်မခံပုံစံမျိုးလည်း ရှိတော့ ပိုပြီးတော့ စစ်ကြောရေးမှာ စိုးရိမ်တယ်။ အခုလိုအချိန်ထိ အဆက်အသွယ်မရတာ တော်တော်အန္တရာယ်များတဲ့ အခြေအနေတစ်ခု ထိရောက်နေပြီဗျ" ဟု ဗကသများအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
မအေးနန္ဒစိုးသည် စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ တစ်ဦးဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၏ အဖွဲ့ဝင်လည်းဖြစ်သည်။
မအေးနန္ဒာစိုးသည် မန္တလေးမှ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်တစ်ခုသို့ သွားရာတွင် စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံရပြီးနောက် လက်ရှိအချိန်ထိအဆက်အသွယ်မရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"သူ့မိသားစုက အဆက်အသွယ်မရတော့ ပိုပြီးစိတ်ပူတာပေါ့။ မိခင်အဖွဲ့စည်းကိုလည်း စုံစမ်းဖို့ အကူအညီ တောင်းတယ်။ အဖွဲ့ချုပ်ကိုလည်း စုံစမ်းပေးဖို့ ခဏခဏပြောပါတယ် "ဟု ပြန်ကြားရေးတာဝန်ခံကဆိုသည်။
အကြမ်းဖက်စစ်တပ်သည် စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်လှုပ်ရှား သူများကိုဖမ်းဆီးပြီး စစ်ကြောရေးစခန်းများသို့ ပို့ဆောင်ပြီး နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက် နှိပ်စက်မေးမြန်းလေ့ရှိသည်။
ယင်းသို့နှိပ်စက် မေးမြန်းရာတွင် သေဆုံးခဲ့မှုများ ရှိခဲ့သဖြင့် မအေးနန္ဒာစိုးအတွက် အသက်အန္တရာယ်ပင် စိုးရိမ်ရလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်း ပညာရေး တက္ကသိုလ် စတုတ္ထနှစ်ကျောင်းသူ မအေးနန္ဒာစိုးသည် စစ်ကိုင်းဘက်အဝင် စစ်ဆေး ရေးဂိတ်တွင် အရပ်ဝတ်များက မှတ်ပုံတင်စစ်ဆေးပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
မအေးနန္ဒာစိုးကိုမည်သည့်နေရာ၌ ဖမ်းဆီးထားသည်နှင့်ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်မှာ တာဝန်ရှိသူများ ထံသို့ ဆက်သွယ်ခဲ့သော်လည်း တစ်စုံတရာတုံ့ပြန်ဖြေကြားခဲ့ခြင်းမရှိပေ။
နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေး အသင်း ၏ ထုတ်ပြန်ချက်များ အရ နိုဝင်ဘာလ ၂ရက်နေ့အထိ အကြမ်းဖက်စစ်တပ်မှ ပြည်သူပေါင်း ၉၆၀၀ကျော်ကို ဖမ်းဆီးထားပြီး လူပေါင်း၁၂၀၀ကျော်ကို နည်းလမ်းအမျိုးမျိုးဖြင့် သတ်ဖြတ်ခဲ့သည်။
#ဗကသ #အေးနန္ဒာစိုး #ဖမ်းဆီးခံရ #အဆက်အသွယ်မရ #MPA
Website Link - https://wp.me/p9beg2-1wx
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
{ English Version }
Ma Aye Nandar Soe, Chairperson of University of Education Student Union, who was Taken to Brigade 33 Gone Missing
3 November 2021 _ By MPA
After being taken to brigade 33 of the terrorist military within Sagaing region, Ma Aye Nandar Soe, chairperson of the University of Education Student Union has not been heard from for a month and a half and has gone missing.
Ma Aye Nandar Soe was arrested on September 19 and was last learned to have been sent to brigade 33. Until present, nothing is known about where she is.
“Though a woman, she has a bold, active heart. As she’s a type of person who doesn’t stand what’s wrong, it’s more worrying. No contact has been made till now, so it’s now in a seriously dangerous situation”, said an information officer from ABFSU.
Ma Aye Nandar Soe is the chairperson of Sagaing University of Education Student Union and also a member of the All Burma Federation of Student Unions (ABFSU).
She was arrested at a check point when she was going to another township within Sagaing region and no contact has been received since.
“Her family is even more worried as no contact has been received. The mother organization has also been requested to help investigate. The ABFSU is also repeatedly told to help investigate”, said the information officer.
The terrorist military is arresting anti-military dictatorship revolutionary activists, sending them to interrogation camps and has usually tortured them in various ways.
There have been deaths in those tortured interrogations and it’s worrying for the life of Ma Aye Nandar Soe.
The fourth year student of Sagaing University of Education was arrested by those on casual wears after checking her NRC at a check point at the entrance into Sagaing.
Although the terrorist military officials were contacted about where Ma Aye Nandar Soe is kept, no response was received.
According to the report of the Assistance Association for Political Prisoners as of November 2, the terrorist military has arrested over 9600 civilians and killed over 1200 in various methods.
#ABFSU #AyeNandaSoe #Arrested #NoContact #MPA
အာဏာသိမ်း စစ်အုပ်စု၏ ထောက်တိုင်တခု (သို့မဟုတ်) ဦးစစ်တိုင်းအောင်
📅
💬 မှတ်ချက်
မြန်မာစစ်တပ်နှင့် နီးစပ်ပြီး စစ်လက်နက် တင်သွင်းပေးခြင်းအပြင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ကိုင်ခွင့် ရရှိကြသည့် အခွင့်ထူးခံ စီးပွားရေးလုပ်ငန်းရှင်များထဲ Suntac ကုမ္ပဏီအုပ်စု၏ ဦးဆောင်သူ ဦးစစ်တိုင်းအောင် တယောက်လည်း အပါအဝင် ဖြစ်သည်။
သူသည် မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများ အဓိက တင်သွင်းပေးသော ထူးကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးတေဇ၊ ဦးအောင်လှိုင်ဦး (Myanmar Chemical & Machinery-MCM) နှင့် ဒေါက်တာနိုင်ထွဋ်အောင် (International Gateway Group of Company Limited) တို့နှင့် ရင်းနှီးမှုရှိသလို မြန်မာစစ်တပ် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များနှင့်လည်း နီးစပ် မှုရှိကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင် တချို့ က ဆိုသည်။
သာမဏေကျော် စာတော်ပြန်ပွဲ ကဲ့သို့သော သာသနာရေးကိစ္စများနှင့် ပတ်သက်ကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဦးစစ်တိုင်းအောင်တို့ကြား ရင်းနှီးသည့် ဆက်ဆံရေးရှိသူ ဖြစ်ကြောင်း သိရသည်။
ယခင်စစ်အစိုးရ နိုင်တော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဦးသန်းရွှေ လက်ထက်တွင် သစ်တောဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့သော ဦးအောင်ဖုန်းသည် ဦးစစ်တိုင်းအောင်၏ ဖခင် ဖြစ်သည်။
ယခင်စစ်အစိုးရ နိုင်တော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဦးသန်းရွှေ လက်ထက်တွင် သစ်တောဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့သော ဦးအောင်ဖုန်းသည် ဦးစစ်တိုင်းအောင်၏ ဖခင် ဖြစ်သည်။
“ဦးတေဇကို သစ်ကိစ္စမှာ စင်တင်ပေးခဲ့တာ ဦးစစ်တိုင်းအောင်တို့ပေါ့။ သူက အရင်ကတည်းက သစ်ကိစ္စရော၊ ယူကရိန်းတို့ ဘာတို့ဘက်က လက်နက်သွင်းတာရော လုပ်ခဲ့တာ။ ဦးတေဇကတော့ သူတို့ အရှေ့ကနေ နာမည် အပျက်ခံပေးရတာပေါ့” ဟု ဧရာဝတီ၏ သတင်းရင်းမြစ်တဦးက ဆိုသည်။
ဦးစစ်တိုင်းအောင်သည် မက္ကစီကိုနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခြင်း ခံထားရသူလည်း ဖြစ်သည်။
မြန်မာစစ်တပ်၏ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံတချို့ တည်ဆောက်ရေးနှင့် လက်နက် ထုတ်လုပ်ရေး အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို စစ်တပ်က တင်သွင်းသည် ဆိုသော Military Import သွင်းကုန်လိုင်စင်ဖြင့် တင် သွင်းခွင့် ရရှိသူ ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။
ယူကရိန်းနိုင်ငံမှ စစ်လက်နက်ပစ္စည်း ထုတ်လုပ်သော Ukroboronservice ကုမ္ပဏီထံမှ လေယာဉ် စက်ပစ္စည်းများကို ပြီးခဲ့သည့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် မြန်မာ့စစ်တပ်အတွက် တင်သွင်းပေးခဲ့သော Yatanarpon Aviation Support ကုမ္ပဏီ သည် ဦးစစ်တိုင်းအောင်၏ ကုမ္ပဏီဖြစ်သည်။
ယူကရိန်းနိုင်ငံမှ စစ်လက်နက်ပစ္စည်း ထုတ်လုပ်သော Ukroboronservice ကုမ္ပဏီထံမှ လေယာဉ် စက်ပစ္စည်းများကို ပြီးခဲ့ သည့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် မြန်မာ့စစ်တပ်အတွက် တင်သွင်းပေးခဲ့သော Yatanarpon Aviation Support ကုမ္ပဏီ သည် ဦးစစ်တိုင်းအောင်၏ ကုမ္ပဏီဖြစ်ကြောင်း Justice for Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် Yatanarpon Aviation Support ကုမ္ပဏီသည် ယူကရိန်းနိုင်ငံတွင် မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်း များ၊ တိုက်ခိုက်ရေး ဂျက်လေယာဉ် အစိတ်အပိုင်းများနှင့် လေကြောင်း ထောက်လှမ်းရေး ရေဒါနည်းပညာ အဓိက တင် သွင်းနေသည့် Myanmar Consultancy ကုမ္ပဏီနှင့် လိပ်စာတူ၊ ဖုန်းနံပါတ်တူဖြင့် မှတ်ပုံတင်ထားခြင်းများ ရှိခဲ့သည်။
အဆိုပါ ကုမ္ပဏီများတွင် မြန်မာစစ်တပ်အတွက် လက်နက်ပွဲစား တဦးဖြစ်သည့် ဒေါက်တာနိုင်ထွဋ်အောင်က ဒါရိုက်တာအဖြစ် တာဝန်ယူထားခဲ့ဖူးသည်။
Myanmar Consultancy ကုမ္ပဏီသည် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ခဲ့သည့် ရုရှားနိုင်ငံတွင် ကျင်းပခဲ့သော MAKS 2021 Air Show လေကြောင်း ပြပွဲတွင် အွန်လိုင်းမှ ပါဝင်ပြသသူ တဦးအဖြစ် ပါဝင်ခဲ့သည်။
ဦးစစ်တိုင်းအောင်သည် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသူ ဖြစ်သည်။
ဧရာဝတီ
ထန်တလန်မြို့ မီးရှို့မှုနဲ့ ခြေလျင်တပ်ရင်း (ခလရ) ၂၂၂
📅
💬 မှတ်ချက်
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ခရစ်ယာန် ဘုရားကျောင်း နှစ်ကျောင်းနှင့် လူနေအိမ် ၇၀ ကျော် မီးလောင်နေသည်ကို နောက်ခံထား၍ မြန်မာစစ်တပ်မှ စစ်သားအချို့က ဓာတ်ပုံရိုက်ယူခဲ့သည်ကို ရရှိထားသည့် ဓာတ်ပုံများတွင် တွေ့ရသည်။
.
ဓာတ်ပုံများအရ မီးလောင်နေစဉ် ကြည့်ရှုနေသည့် စစ်သားနှစ်ဦးကို တွေ့ရပြီး တစ်ဦး၏ သေနတ်ဒင်တွင် နံပါတ် ၂၂၂ ကိုတွေ့ရသည်။ ထို့ပြင် လက်မောင်းတံဆိပ်မှာ မြှားပုံဖြစ်သည်။ ယင်း လက်မောင်း တံဆိပ်သည် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) တံဆိပ်ဖြစ်ပြီး၊ သေနတ်ဒင်ပါ ၂၂၂ သည် တပ်ရင်းနံပါတ်ဖြစ်သည်။
.
သတင်းအချို့တွင်ဖော်ပြချက်များအရ ထန်တလန်တွင် (ခလရ) ၂၂၂ ရောက်ရှိနေကြောင်း သိရသော်လည်း အတည်မပြုနိုင်ခဲ့ပေ။ သို့သော် ယခုရရှိသည့် အချက်အလက်များအရ အဆိုပါ စစ်သားနှစ်ဦးသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဟုမ္မလင်း အခြေစိုက်၊ ခြေလျင်တပ်ရင်း (ခလရ) ၂၂၂ မှ စစ်သားများဖြစ်ကြောင်း အတည်ပြုနိုင်သည်။
.
ထန်တလန် ဝန်းကျင်တွင် (ခလရ) ၂၂၂ အပြင် အခြား တပ်မ တပ်ရင်းများလည်း ရှိနေဦးမည်ဟု ယုံကြည်ရသည်။
.
အောက်တိုဘာ ၂၉ က ယင်းဖြစ်စဉ်တွင် ဒေသခံ ကာကွယ်ရေး တပ်များက အဆောက်အအုံများကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပြောဆိုခဲ့သည်။
.
ဒေသခံကာကွယ်ရေးတပ်များက အဆောက်အအုံများကို မီးရှို့ခဲ့သည်ဟု စစ်ကောင်စီက ပြောဆိုသော်လည်း သက်သေ တစ်စုံတစ်ရာ ထုတ်ဖော်ပြနိုင်ခဲ့ခြင်း မရှိပေ။ ယင်းကဲ့သို့ သက်သေထုတ်ဖော်မပြသနိုင်သည့် စစ်ကောင်စီ၏ ပြောဆိုချက်ကို မီဒီယာအချို့ကလည်း ပြန်လည်ဖော်ပြခဲ့ကြသည်။
.
ဗိုလ်ချုပ်ဇော်မင်းထွန်းက “(ပီဒီအက်ဖ်များကို) လိုက်ရှင်းပြီး ပြန်လာတဲ့အခါ မီးလောင်နေတာ တွေ့လို့ မီးငြှိမ်းသတ်ဖို့ နောက်ထပ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားခဲ့တယ်” ဟု ဆိုပြီး “မီးငြှိမ်းဖို့လာတဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ သက်ဆိုင်ရာဝန်ထမ်းတွေကို ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။ ဒါကြောင့် မီးမငြှိမ်းသတ်နိုင်ဘဲ မီးလောင်ရခြင်းဖြစ်တယ်” ဟု အောက်တိုဘာ ၃၀ ရက်က စစ်တပ်ပိုင် မြဝတီ သတင်းတွင် ပြောဆိုခဲ့သည်။
.
သို့သော် မီးလောင်ခဲ့သည့်နေ့က ထန်တလန်မြို့ကို ဝေဟင်မှ ရိုက်ကူးထားသည့် ဒရုန်းဗွီဒီယိုတစ်ခုအရ မီးလောင်ခဲ့သည့် အဆောက်အအုံများဝန်းကျင်တွင် စစ်ကောင်စီတပ်သားများကို မီးမလောင်မီ မိနစ်ပိုင်းအလိုက မြင်တွေ့ရသည်။
.
ထို့ပြင် ယခု ဓာတ်ပုံတွင် တွေ့ရသည့် စစ်သားများမှာ ထန်တလန် မြို့တွင်းနှင့် ၅ ဖာလုံခန့်အကွာ မြို့ကို အပေါ်စီးမှ မြင်ရသည့် ဗျူးပွိုင့် (View Point) ပေါ်တွင် ရှိနေကြခြင်းဖြစ်သည်။ ထန်တလန်မြို့တွင် တိုက်ပွဲဖြစ်ပွားနေချိန် ယင်းတောင်ပေါ်မှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်နေခဲ့သေးကြောင်း ဒေသခံများက ဆိုသည်။
.
ယင်းအတွက်ကြောင့် မီးမလောင်ခင်အချိန် အဆောက်အအုံများဘေးတွင် စစ်ကောင်စီတပ်သားများ ရှိနေပြီး မီးလောင်နေချိန်တွင်လည်း စစ်ကောင်စီတပ်သားများက ဗျူးပွိုင့်ပေါ်မှ ဓာတ်ပုံ ရိုက်ယူ နေနိုင်ခဲ့သည်ကို ထင်ထင်ရှားရှား တွေ့ရသည်။
.
မီလောင်နေချိန် စစ်ကောင်စီတပ်သားများက အိမ်များအတွင်းဝင်ရောက်ကာ ဖောက်ထွင်းခဲ့မှုများ ရှိသည်ဟု ဒေသခံတစ်ဦးက ပြောထားသေးသည်။ မီးလောင်နေစဉ် မြင်တွေ့ရသည့် ဒရုန်းဗွီဒီယိုတွင် စစ်ကောင်စီ တပ်သားများသည် မီးမစွဲသေးသည့် အိမ်များအတွင်း ဝင်ထွက်နေသည်ကိုလည်း မြင်တွေ့ရသည်။
.
ထို့ကြောင့် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း စွပ်စွဲ ပြောဆိုသည့် မီးလောင်နေသည့်အချိန်တွင် လုံခြုံရေးအဖွဲ့များက မီးငြှိမ်းသတ်ရန် ကြိုးစားခဲ့သည်ဆိုသည်မှာ လုံးဝ ကိုက်ညီမှု မရှိသည်ကို တွေ့ရသည်။
(မြတ်ကျော်သူ)
.
ဓာတ်ပုံ - ထန်တလန်မြို့ မီးလောင်နေသည်ကို ဗျူးပွိုင့်မှ ကြည့်ရှုနေသည့် (ခလရ) ၂၂၂ မှ စစ်သားနှစ်ဦး။

