နောက်ဆုံးရ

အနုပညာရှင်တချို့လွတ်မယ်

​ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန်၊ ဒါရိုက်တာဝိုင်းနဲ့ မဝင်းမင်းသန်းတို့ကို ဒီနေ့လွှတ်ပေးမယ်လို့ဗိုလ်ချုပ် ဇော်မင်းထွန်းပြော 


ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံထားရတဲ့ အကယ်ဒမီ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ သရုပ်ဆောင်လူမင်း၊ ပိုင်တံခွန်၊ မဝင်းမင်းသန်းနဲ့ မကြာသေးခင်က ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာဝိုင်းတို့ကို ဒီနေ့မတ်လ ၂ မှာ လွှတ်ပေးမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။ 


ဘာအထိမ်းအမှတ်မှမရှိဘဲ ဒီတိုင်းလွှတ်ပေးတာဖြစ်ပြီး  ဘာကြောင့် လွှတ်တယ်ဆိုတာ အသေးစိတ်မပြောဘဲလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။ 


ဒီနေ့လွှတ်ပေးမယ့်သူတွေထဲမှာမလေးရှားနိုင်ငံသားတစ်ဦးလည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။ 


အခုလွှတ်ပေးမယ့်အထဲမှာ အဆိုတော်ပိုပိုနဲ့ ရဲတိုက်တို့ပါဝင်ခြင်းမရှိတာကိုတွေ့ရပါတယ်။ 


အဆိုတော်ပိုပိုဟာလည်း ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ်သုံးနှစ် စစ်ကောင်စီကချမှတ်ထားပြီး သရုပ်ဆောင်ရဲတိုက်ကလည်း နောက်ထပ်အမှုတစ်ခုနဲ့ထပ်မံရင်ဆိုင်နေရတာဖြစ်ပါတယ်။ 


ဒီသတင်းအပါအဝင်နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-60389755


ဓာတ်ပုံများ-Social media, Amazing Grace, Pai Tagon Fan club


ဆက်ဖတ်ရန် →

နယ်စပ်ကုန်သွယ်မှုဝါဒပြောင်းလဲခြင်း”


     ပြီးခဲ့တဲ့သောကြာနေ့(၂၅-၂-၂၀၂၂)ရက်နေ့ကနယ်စပ်ကုန်သွယ်ရေးစနစ်စတင်ပြောင်းလဲခဲ့ပြီးကုန်သည်များ အခက်အခဲတွေ့ရှိနေရကြောင်း ၊ တစ်ဘက်နိုင်ငံမှ ပြည်တွင်းသို့ပစ္စည်းတင်ပို့လိုပါက မြဝတီဘဏ်နှင့်မြန်မာ့စီးပွာရေးဘဏ်တို့တွင် နိုင်ငံခြားဘဏ်အကောင့်စာရင်းဖွင့်ရမည်ဖြစ်ပြီး စာရင်းဖွင့်ရသည့်အခါတွင်လဲ ဥပမာ.. တရုပ်ယွမ် ၁ ယွမ်ပြင်ပပေါက်စျေး၃၁၀ ကျပ်ရှိရင် ဘဏ်မှလက်ခံငွေစျေးသတ်မှတ်ချက်အရ ၂၈၀ကျပ်ဖြင့်ဖွင့်ပေးကြောင်း ၊ တင်ပို့သည့်ပစ္စည်းအမျိုးအမည်အရေအတွက်အားလုံးကိုလဲ ဘဏ်မှဖြတ်ပေးသည့်စျေးနှုန်းအတိုင်းပစ္စည်းတန်ဘိုးသတ်မှတ်ကြောင်း။

           အကယ်၍ ပစ္စည်းတင်ပို့ရန်လျောက်ထားလာပါက လျှောက်ထားသည့်ကုမ္ပဏီအနေဖြင့် ပစ္စည်းဝယ်ယူထားသည့် ဘောက်ချာ နှင့် သတ်မှတ်ထားသည့် ဘဏ်မှငွေ လွဲပြေစာများကိုပြသရမည်ဖြစ်ကြောင်း

Import တင်သွင်းလိုသည့် ပစ္စည်းများကိုလဲ ၎င်းကဲ့သို့ဝယ်ယူဘောက်ချာနှင့် ဘဏ်ငွေလွဲပြေစာများတင်ပြကြရကြောင်း (မှတ်ချက်-အောက်ငွေလွဲ့နှင့်မရ)။

          အထက်ပါမူဝါဒပြောင်းလဲသတ်မှတ်ချက်များကြောင့် တစ်ဘက်နိုင်ငံမှ ပစ္စည်းဝယ်ယူရာတွင် အောက်လွဲဖြင့်ငွေကြိုလွဲမှ ကုန်ဝယ်ဘောက်ချာရကြကြောင်း၊ ငွေကြိုတင်မလွဲဘဲ တစ်ဘက်မှမည်သည့်ပစ္စည်းများကြိုတင်မပို့ကြောင်း၊ Export အဖြစ်တင်ပို့ရောင်းချရာ၌လည်း နိုင်ငံခြားငွေကာလပေါက်စျေးအတိုင်းတန်ဘိုးမရဖြစ်နေရကြောင်း၊ မြဝတီဘဏ်နှင့်မြန်မာ့စီးပွားရေးဘဏ်များမှာလဲ အကောင့်ဖွင့်ရာတွင်၎င်းတို့သတ်မှတ်စျေးအတိုင်းငွေစျေးဖြတ်ပြီး နိုင်ငံခြားငွေများကိုတော့ ၎င်းတို့စျေးအတိုင်းပြင်ပသို့ ပြန်လည်ရောင်းချပေးခြင်းမရှိခြင်တို့ကြောင့် ပြီးခဲ့သည့်သောကြာနေ့ကထဲက ယနေ့အချိန်အထိ တရုပ်ပြည်ကျင်ဆန်းကျော့ဂိတ်မှ မြန်မာပြည်တွင်းသို့တင်သွင်းလာမည့် ကုန်တင်ကားကြီးများ (A)ဇုံစစ်ဆေးရေးဂိတ်တွင် ရှေ့မတိုးနိုင်ဖြစ်နေပြီးပိတ်မိနေကြကြောင်း မူဆယ်နယ်စပ် မိတ်ဆွေကုန်သည်တစ်ဦးမှပြောကြားချက်အရ သိရှိရပါသည်။

                                                   ကိုစိုး

                                                (အမိမြေ)


ဆက်ဖတ်ရန် →

အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွင် ဗုဒ္ဓဘာသာဘုန်းကြီးအချို့ သင်္ကန်းဝတ်ဖြင့် လက်နက်ကိုင်

​

https://t.me/TachileikNewsAgency/22185 

* * * *  *


စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်အတွင်း အာဏာသိမ်းတပ်လက်အောက်ခံ ပြည်သူ့စစ်အဖြစ် လက်နက်ကိုင်ထားသည့် ဗုဒ္ဓဘာသာဘုန်းကြီးအချို့ကို အာဏာသိမ်းတပ်ဖွဲ့ဝင်များနှင့်အတူ ကျေးရွာတွင်း ဝင်လာသည့် မှတ်တမ်းများ လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည်ကို တွေ့ရသည်။


အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းနေသည့် အာဏာသိမ်းစစ်တပ်က လက်အောက်ခံ ပြည်သူ့စစ်များကို နေရာအနှံ့အပြားတွင် တတ်နိုင်သမျှ အင်အားစု၍ ဖွဲ့စည်းနေသည်ကို တွေ့ရသည်။


#TachileikNewsAgency


ဆက်ဖတ်ရန် →

အယ်ရို ဖလုတ် လေကြောင်း လိုင်း ဒေါ်သန်း ထောင် နဲ့ ချီ ဆုံးရှုံး မှု တွေဖြစ်

​♦ရုရှားနိုင်ငံနဲ့ လူထု တွေ ယူကရိန်းနိုင်ငံ က အစိုးရနဲ့

လူထုတွေ လောက်နီးပါး ဒုက္ခ ကြုံတွေ့ရလိမ့်မယ်!

သင်ပြုသည့်ကံပဲ့တင်သံ သင့်ထံပြန်လာပြီ "ပူတင်🧐

--------------------------------


အယ်ရို ဖလုတ် လေကြောင်း လိုင်း ဒေါ်သန်း ထောင် နဲ့ ချီ ဆုံးရှုံး မှု တွေဖြစ် ဘဏ်လုပ်ငန်း တွေ ဘီလျှံ နဲ့ ချီ အငွေ့ပျံ 


Aeroflot ဆိုတာရုရှားနိုင်ငံရဲ့အကြီးဆုံးလေကြောင်း  လိုင်း တစ်ခု ဖြစ်ပါတယ် ၁၉၂၃ ခုနှစ်ကတည်း က စတင် ခဲ့လို့ကမ္ဘာ့သက်တမ်းအရှည်ဆုံး လေကြောင်း လိုင်းတစ်ခုလည်း ဖြစ်ပါတယ်။


ကုမ္ပဏီကပိုင်ဆိုင် တဲ့လေယာဉ်အစီးပေါင်းထောင် ချီရှိကာနိုင်ငံပေါင်း ၁၀၀ ကျော်ကိုတိုက်ရိုက် လေ ကြောင်း လိုင်း တွေ ရှိပါတယ်။


ရုရှား ရဲ့ ယူကရိန်း ကို ကျူးကျော် စစ်ကြောင့် 

အမေရိကန် ဥရောပ ကနေဒါ နဲ့ သြစတေးလျှ တို့ က အယ်ရိဖလုတ်လေကြောင်း လိုင်း သူတို့ နိုင်ငံအပေါ် ဖြတ် ပျံသန်း ခွင့် နဲ့ ခရီး စဉ် တွေကို ပိတ်ပင် လိုက် တာမှာ အယ်ရိုဖလုတ်အတွက်ဒေါ်လာ သန်း ထောင် နဲ့ချီပြီး ဆုံးရှုံး ပါတယ်။


ခရီး သည် တင် ၀န်ဆောင် မှု သာမကဘဲ ကုန်စည် ပို့ဆောင် တဲ့ ဝန်ဆောင် မှု က နေ ရ တဲ့ ၀င်ငွေ က ပိုများ တဲ့ အတွက် အယ်ရို ဖလုတ် အတွက် အတော်. ကို အထိနာတာ ပါ။ 


နယူးယောက် ကို ပျံသန်း တဲ့ အယ်ရို ဖလုတ် ဆိုရင် လမ်း တစ်ဝက် မှာ ပဲ နောက်ပြန် လှည့် သွား ရပါတယ်။


အယ်ရိုဖလုတ် လို မျိုး ကမ္ဘာ့ နိုင်ငံ တွေရဲ့ ပိတ်ဆို့ မှု ကြောင့် နောက်ထပ် အထိ နာတာက တော့ ရုရှား ရဲ့ ဘဏ် လုပ်ငန်းစနစ် ပါ နှစ်ရက် အတွင်းမှာဒေါ် လာ ဘီလျံ နဲ့ ချီ အရှုံး ပေါ်ခဲ့ ပါတယ်။


ရုရှား ဗဟိုဘဏ်ရဲ့ အမေရိကန် မှာ ရှိတဲ့ ပိုင်ဆိုင် မှု တွေကို ထိမ်းချုပ်ခံထား ရပြီး နောက်မှာ မော်စကို က ATM တွေမှာ ဧရာမလူတန်းရှည် ကြီးနဲ့ငွေထုတ် သူတွေ အလျိုလျို ပေါ်ခဲ့ ပါတော့ တယ်။


နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့ ကတော့ရုရှားဟာယူကရိန်းကိုမတိုက်ခင်ကစီးပွားရေး အနေအထား မျိုး နောင်ဆယ်နှစ် နဲ့ ပြန်မရ တော့ဘူး လို့သုံးသပ် ပါတယ်။


ရူဘဲလ် ငွေကြေး က ၇၀ ရာခိုင်နှုန်း ထိ စံချိန် တင် ထိုးကျသွား တာကြောင့်လည်း ရုရှား ရဲ့ဘဏ္ဍာရေး စနစ်ဟာအရှိုက်ကို အထိုး ခံလိုက် ရသလိုဖြစ်သွား တာပါ။

FNG

ခွန် တိုး ဦး 



ဆက်ဖတ်ရန် →

ယူကရိန်း နှင့် မြန်မာနိုင်ငံပြည်သူများရဲ့ သဘောထားကိုလေးစားကြဖို့ ပြင်သစ်နိုင်ငံသံရုံးကဆန္ဒထုတ်ဖော်

​နိုင်ငံတကာရောက်မြန်မာမိတ်ဆွေများမင်္ဂလာပါ။ 


ယူကရိန်း နှင့် မြန်မာနိုင်ငံပြည်သူများရဲ့ သဘောထားကိုလေးစားကြဖို့ ပြင်သစ်နိုင်ငံသံရုံးကဆန္ဒထုတ်ဖော်ခဲ့သလို ၊ EU ကလည်းပြောခဲ့ပါတယ်။ 


ယူကရိန်းပြည်သူတွေဟာ ပြည်ပ အာဏာရူး၊ နယ်မြေနယ်ချဲ့သမားကြောင့် မိမိတို့အခွင့်အရေးတွေဆုံးရှုံးတဲ့အပြင် ဒုက္ခရောက်ကြရ၊ သေကြေပျက်စီးရသလို ၊ မြန်မာပြည်သူတွေဟာလည်း အဏာရူး၊ အာဏာနယ်ချဲ့ကြောင့် လူသားအခွင့်အရေးတွေဆုံးရှုံးရတယ်၊ ဒုက္ခရောက်ကြ၊ သေကြေပျက်စီးရပါတယ်။ 


အခုဆိုရင် ကမ္ဘာ့နိုင်ငံတွေဟာ ရုရှကို စီးပွါးရေး ဝိုင်းဝန်းပိတ်ဆို့တဲ့အပြင် ၊ နိုင်ငံတကာဘဏ်စနစ် SWIFT ကပါ ထုတ်ပယ်ခြင်းခံရတဲ့အတွက် ကျောကော့အောင်ခံနေရပါပြီ။ ယူကရိန်းမြို့တော် Kiev ကို ရုရှသိမ်းနိုင်ရင်တောင်မှ ကြာရှည်ထိမ်းနိုင်ဖို့ မလွယ်ပါဘူး။ ဒီစစ်ပွဲ ရုရှရှုံးမှာပါ။


ပူတင်လို ကံကြမ္မာဆိုးမျိုး မင်းအောင်လှိုင် နှင့် အပေါင်းအပါတစ်စုလည်းကြုံတွေ့သင့်ပါတယ်။ မြန်မာနိုင်ငံကို SWIFT ကနေ ထုတ်ပယ်ဖို့ တောင်းဆိုရပါမယ်။ 


ဒါအပြင် ယူကရိန်းနိုင်ငံသားတွေရဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်အတွက် နိုင်ငံတကာမှ လက်နက်ထောက်ပံ့ကူညီပေးသလို ၊ မြန်မာပြည်သူတွေရဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်ခွင့်အတွက် နိုင်ငံတကာမှ လက်နက်ထောက်ပံ့ပေးဖို့တောင်းဆိုရပါမယ်။ 


ကျွန်တော်တို့ ရဲရဲတောင်းဆိုရပါမယ်။ ရအောင်တောင်းဆိုရပါမယ်။ 


Save Ukraine! Save Myanmar ! Campaign ကို အမေရိကန်ပြည်ထောင်စုမှာရော ကမ္ဘာ့နိုင်ငံအသီးသီးမှာပါပြုလုပ်ကြဖို့ အကြံပြုပါရစေ၊ မေတ္တာရပ်ခံတောင်းဆိုပါရစေ။ 


အမေရိကန်ပြည်ထောင်စုမှာပြုလုပ်ဖို့ ကျွန်တော်စတင် နှိုးဆော်နေပါပြီ။ ဥရောပ နှင့် အာရှမှာလည်းအမြန်ဆုံး စတင်နှိုးဆော်စေချင်ပါတယ်။


 NUG ကိုလည်း “ လသာတုန်းဗိုင်းငင်၊ မိုးရွာတုန်းရေခံ “ ဖို့ အကြံပြုပါရစေ။


မျိုးရန်နောင်သိန်း

၁-၂-၂၀၂၂

#အမေရိကန်အရှေ့ပိုင်းစံတော်ချိန် 

နေ့လည် ၃:၀၀ နာရီ


ဆက်ဖတ်ရန် →

မြန်မာအတွက် ဘိုင်ဒန်က ‌ဆွေးနွေးမယ်

​တကွက်တည်း တပေါက်တည်း 


ကျနော်စဉ်းစားနေတာက နုကြည်ငြိမ်သလောက် စခတွေ အသည်းသန်စစ်ပြင်နေတယ် ပိုဆိုးတာက ရုရှားအရေးဖြစ်နေချိန် အာဆန်ခေါ် မြန်မာအတွက် ဘိုင်ဒန်က ‌ဆွေးနွေးအုံးမယ်ဆိုတယ် 


ထိုထက်ထူးတာက အာဆန်က မြန်မာ့အရေး မစွမ်းဆောင်နိုင်တော့ဘူးလို့ ၀န်ခံကြေငြာချက် ထုတ်ပြောထားတယ် ဒီမှာတင် ဘိုင်ဒန်က ရှေ့မှာ ချိ့နရော အာဆန်ရော လုပ်ကြည့် မရရင် သူ၀င်တော့မှာဆိုတဲ့ အချက်ပြထားတယ် 


အဲ့မှာတင် ပြင်သစ်က NUG ကို အသိမှတ်ပြုကြောင်းနဲ့ ချက်အပါ န်ိုင်ငံစုံကို လှည့်သွား စည်းရုံးနေတဲ့ နုကြည်၀န်ရဲ့ စွမ်းဆောင်မှုက ရလဒ်ကောင်းတွေ ရနေတယ် 


အဲ့မှာတင် ရုရှားအရေးကြောင့် ချိနရော ရုရှားရော တိုင်ပတ် မြန်မာ့အရေး ကပ်မရချိန် US ရဲ့ NDAA က ၂လပိုင်းကုန် အထက်လွတ်တော် တင်ပြရတော့မှာ 


ဒီတော့ US အချိန်ပေးရုံမဟုတ် ဖြုတ်ချချင်တဲ့ UN ကပါ မြန်မာရော ယူကရိန်းအရေးရော မစွမ်းဆောင်နိုင်တော့ အဲ့မှာတင် Burma act ပြဌာန်းပြီး ဘိုင်ဒန်က ခုယူကရိန်းအရေးမှာ ပူတင်ရော အရှေ့အာရှဘက်မှာ မအလရော နှစ်ကောင်စားလိုက်ရင်ဖြင့် 


ဘီးကျဲကြီး နောက်သက်တမ်း အလိုလိုကို ထိုင်ခုံပေါ်ဆက်ထိုင်ပြီး ပါဝါထူထောင်နိုင်ပြီဆိူတာ အကြောင်းက US ရဲ့ ဩဇာအာဏာနဲ့ ယုံကြည်မှုကို သူတို့ပြန်တည်ဆောက်ပြသွားပြီ‌ဆိုတာ 


ခုကို ကမ္ဘာစစ်ကိုကြောက်ပြီး နိုင်ငံစုံက US စစ်ရေးလုံခြုံရေးတပ်တွေ သူတို့ဆီမှာလာချပေးပါ အပြိုင်ဆိုင် ခေ့ါ်နေပြီလေ ! 


#မင်းကြည်ညိုနေ 🕊️


ဆက်ဖတ်ရန် →

စုစုပေါင်း (၈၄) ဘီလျံအထိပြုတ်သွားပါပြီ

​ရုရှားဘီလျံနာသူဌေးကြီးတွေ အတော်အထိနာနေပါတယ်။ ယူကရိန်းကိုကျူးကျော်စစ်စတဲ့နေ့မှာပဲ ဘီလျံနာ (၂၁) ယောက်ဆီကနေ ဒေါ်လာ (၃၉) ဘီလျံပြုတ်သွားခဲ့ပါတယ်။


အခုအထိသိရသလောက် စုစုပေါင်း (၈၄) ဘီလျံအထိပြုတ်သွားပါပြီ။ ထိပ်တန်းသူဌေးကြီးတွေဘယ်လောက်ထိနေသလဲဆိုတာ ပုံထဲကစာရင်းထဲမှာကြည့်ပါ။


အထိဆုံးကတော့ ရုရှားရေနံသူဌေးကြီး Alekperov ပါ။ ဒေါ်လာ ၁၄ ဘီလျံဆုံးရှုံးထားပါတယ်။ သူ့ချမ်းသာမှုရဲ့ ၆၀ ရာနှုန်းကျော်ဆုံးရှုံးထားတာပါ။


ရက်ကြာလာရင် သူဘယ်လောက်အထိမွဲမလဲဆိုတာမသိရသေးပါ။ စတော့အိတ်ချိန်းမှာအပိတ်ဆို့ခံရတာနဲ့ ထိသွားတာပါပဲ။


အချို့ဘီလျံနာတွေဟာ ချမ်းသာမှုလျော့ကျသွားတဲ့အတွက် ကမ္ဘာ့ဘီလျံနာစာရင်းကနေ ပယ်ဖျက်ခံနေရပါပြီ။


Richard Myo Thant


ဆက်ဖတ်ရန် →

ရုရှားရဲ့ ဗီတိုအာဏာကို ရုပ်သိမ်းဖို့ ပြင်ဆင်

​" ကုလလုံခြုံရေးကောင်စီမှာ ရုရှားရဲ့ ဗီတိုအာဏာကို ရုပ်သိမ်းဖို့ ပြင်ဆင်နေကြပြီ "


ရုရှားရဲ့  ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးစွဲခွင့် ရုပ်သိမ်းနိုင်ဖို့အတွက် စည်းရုံးလှုပ်ရှားမှု့ကို ရီပတ်ဘလင်ကန်အမတ်တွေကနေ စတင်လိုက်ပါတယ်။ တန်နဆီပြည်နယ်က အထက်လွှတ်တော်အမတ် ဘလက်ဘမ်းနဲ့ နယူးယောက် အထူးသံတမန် ကလော်ဒီရာတို့က ဦးဆောင်စည်းရုံးပြီး သမ္မတဘိုင်ဒန်ထံကို တင်ပြခဲ့တာပါ။ ဘိုင်ဒန်ရဲ့ ခွင့်ပြုချက်နဲ့ ကုလအဖွဲ့ဝင်နိုင်ငံတွေကို စည်းရုံးလှုံ့ဆော်မှာပါ။


ဒီတောင်းဆိုမှု့ဟာ ယူကရိန်းအရေးကို လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးပြီး ပယ်ချခံခဲ့ရာကနေ စတင်ပါတယ်။ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ ရုရှားကို အရေးယူပေးဖို့ ဆွေးနွေးရာမှာ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ရုရှားသံအမတ်ကိုယ်တိုင်က ကန့်ကွက်လိုက်တဲ့အတွက် ကုလအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မကျေနပ်စရာတွေ ဖြစ်လာခဲ့တာပါ။ အဖွဲ့ဝင်နိုင်ငံတွေဆီကနေ ရုရှားကို ဗီတိုအာဏာနဲ့ မထိုက်တန်ဘူးလို့ ဝေဖန်နေကြပါတယ်။ 


" ရုရှားဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံကို အရှက်မရှိ တရားမဝင်နဲ့ မနှစ်မြို့ဖွယ်ရာ တိုက်ခိုက်မှု့တွေအတွက် တာဝန်မခံနိုင်လို့ လုံခြုံရေးကောင်စီမှာ သူရဲ့ ဗီတိုအာဏာကို အလွဲသုံးစားလုပ်နေတာပါ။ ဒီလွဲမှားမှု့တွေကို ပြန်လည်ဆန်းစစ်ဖို့လိုပါတယ် " လို့ ဘလက်ဘန်းက တင်ပြထားပါတယ်။ 


လုံခြုံရေးကောင်စီဥက္ကဋ္ဌသက်တမ်းဟာ ၁ လ သာရှိပါတယ်။ မတ်လမှာ UAE နိုင်ငံက တာဝန်ယူရမှာဖြစ်ပြီး၊ မေလမှာတော့ အမေရိကန်အလှည့်ပါ။ 


သုံးသပ်ရရင်...၊ ယူကရိန်အရေးအတွက် လုံခြုံရေးကောင်စီရဲ့ ဗီတိုအာဏာဟာ ကမ္ဘာ့နိုင်ငံအသီးသီးအတွက် စီစစ်မှု့အောက်ကို ထင်ထင်ရှားရှား ရောက်သွားခဲ့ပါတယ်။


နွေဦးတော်လှန်ရေး မစတင်မီကတော့ စာရေးသူတို့ မြန်မာနိုင်ငံသားတွေဟာ အွန်လိုင်းပေါ်မှာ ဖော်လိုဝါများများနဲ့ ခပ်တည်တည်ပြောနေတဲ့ အကောင့်တွေရဲ့ ပိုစ့်တွေကို တကယ်ထင်ခဲ့မိကြပါတယ်။ 


" နိုဗယ်လ်ဆုရှင်ကို ဖမ်းလို့မရဘူး။ "

" R2P ဝင်လာပြီး ချက်ချင်းအဖမ်းခံရမယ်။ "

" အမေရိကန်က တရုတ်နဲ့ရုရှားကို ထည့်တွက်မှာမဟုတ်ဘူး။ "

" နေတိုးအဖွဲ့က ငြိမ်နေမှာမဟုတ်ဘူး။ "


ဆိုသလို ပိုစ့်တွေမှာ ပွဲဆူခဲ့ကြတယ်။ တကယ်ထင်ခဲ့ကြတယ်။ စာရေးသူကတော့ ဘာတစ်ခုမှ ဝင်မပြောခဲ့ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ သေသေချာချာ နားမလည်လို့ပါ။ စာရေးသူ စိတ်ဝင်စားတဲ့ ရသ၊ သုတ စာပေတွေနဲ့လည်း လိုင်းမတူတဲ့အတွက် နုတ်ဆိတ်ပြီးသာ နေခဲ့ပါတယ်။ တကယ်အာဏာသိမ်းတော့ ဒီအကောင့်တွေ ပျောက်ကုန်ပါတယ်။


ဖေဖော်ဝါရီမှာ အာဏာသိမ်းတော့ စာရေးသူဟာ ကုလအဖွဲ့ကို အားကိုးမိပါတယ်။ လက်နက်ရှိသူနဲ့ လက်နက်မဲ့ပြည်သူတွေ ရင်ဆိုင်နေတဲ့ တိုက်ပွဲမှာ ကမ္ဘာ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ ကုလကသာ တာဝန်ယူဖြေရှင်းပေးမှ အဆင်ပြေနိုင်မယ်ထင်တာပါ။ ဒါ့ကြောင့်လည်း ဘယ်သူတွေဘာပြောပြော ကုလရဲ့ လှုပ်ရှားမှု့ကို လေ့လာ စောင့်ကြည့် အသိပေးပါတယ်။ 


တကယ်တန်း အာဏာသိမ်းပြီးတဲ့အခါမှာ အော်ကျက်ပိုစ့်တွေ ပြောသလို မဖြစ်ခဲ့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ စာရေးသူအပါအဝင် မြန်မာပြည်သူတွေဟာ ကုလလုပ်ငန်းတွေနဲ့ စည်းမျဉ်းတွေကို သေသေချာချာ မသိခဲ့လို့ပါ။ ကုလလုပ်ငန်းတွေကို ထဲထဲဝင်ဝင် တာဝန်ထမ်းနေတဲ့ မြန်မာနိုင်ငံသားအချို့ ရှိပေမယ့် လုံခြုံရေးကောင်စီမှာတော့ ထဲထဲဝင်ဝင် တာဝန်ထမ်းနေသူ မရှိသလောက်ပါပဲ။ ယူနီဆက်ဖ်၊  WHO လို ဋ္ဌာနတွေမှာတော့ မြန်မာနိုင်ငံသားတွေရှိပါတယ်။


ဒီတော့...၊ အာဏာသိမ်းတဲ့အခါမှာ အွန်လိုင်းပိုစ့်တွေပြောခဲ့သလို ကုလ ငြိမ်းချမ်းမှု့ထိမ်းသိမ်းရေးတပ်တွေကို မျှော်ကြပါတယ်။ စာရေးသူလည်း ကုလနဲ့ပတ်သက်သမျှ သတင်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို လေ့လာ၊ အသိပေးပါတယ်။


ယူကရိန်းအရေး ဖြစ်တဲ့အခါမှာတော့ ကုလရဲ့ စတိတ်မန့်တွေအပေါ်မှာ အမြင်ရှင်းသွားပါတယ်။ အဓိက ဒုက္ခပေးနေတာက သမာသမတ်မရှိတဲ့ မိစ္ဆာ ၂ နိုင်ငံဟာ ဗီတိုကိုင်ပြီး ကုလစားပွဲမှာ ခန့်ခန့်ကြီး ထိုင်နေခဲ့လို့ပါ။ မြန်မာ့အရေးမှာတုန်းက နိုင်ငံအားလုံး မသိခဲ့ပေမယ့် ယူကရိန်းအရေးမှာတော့ ဗီတိုအာဏာကို အကာအကွယ်ယူပြီး စစ်အာဏာသိမ်းတာ၊ ကျူးကျော်တာတွေကို ကာကွယ်ပေးနိုင်ပါလားဆိုတာကို ကမ္ဘာကြီးက သိမြင်သွားခဲ့တာပါ။ 


ဒါ့ကြောင့်လည်း အမေရိကန် ရီပတ်ဘလင်ကန် အမတ်တွေကနေ သမ္မတဘိုင်ဒန်ထံ၊  ရုရှားကို ဗီတိုရုပ်သိမ်းပေးဖို့ တောင်းဆိုလိုက်တာပါ။ ဒီကနေတဆင့် ကမ္ဘာ့နိုင်ငံအသီးသီးကို စည်းရုံးတော့မှာပါ။ ကုလဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်စ်ကတော့ ရုရှားကို ဗီတိုရုပ်သိမ်းဖို့ ခက်ခဲနိုင်ပေမယ့်၊ ကုလပဋိဥာဉ်စာချုပ်အရ ဆက်လက်လှုပ်ရှားရမှာပါလို့ FOX သတင်းဋ္ဌာနကို ဖြေကြားထားပါတယ်။ 


ဟိုတစ်နေ့ကရေးခဲ့သလိုပါပဲ။ ဂေါ်ဘာချော့ လက်ထက်ကနေ ပူတင်အထိ လက်နက်အားကိုးနေတဲ့ ရုရှားဟာ အတိတ်ကသမိုင်းမှာ ဆိုဗီယက်ယူနီယံကြီး နိုင်ငံ ၁၅ ခုဖြစ်ပြီး ပြိုကွဲသွားရသလို၊ ဒီနေ့ ပူတင်လက်ထက်မှာလည်း လက်နက်အင်အား ပြလိုတဲ့စိတ်ကြောင့် စီးပွားရေးတွေ ပျက်စီးနေသလို လူမှု့ရေးမှာလည်း မဆီမဆိုင် ရုရှားပြည်သူတွေဟာ ဖယ်ကျဉ်မှု့တွေ တစ်စစနဲ့ ကြုံတွေ့လာရပါပြီ။ ပူတင်ဟာ ခေတ်သစ်ဟစ်တလာ ဖြစ်ခဲ့ပါပြီ။ 


ရုရှားရဲ့ ပျက်စီးခြင်းဆီ ဦးတည်နေမှု့ဟာ မှီခိုသူ အကိုင်းအခက်၊ အလက်အရွက်တွေလည်း တစ်ပါတည်း ပါသွားရမှာ မလွဲပါဘူး။ 

..

ဘကြီးအောင် LA

(28-February-2022)

..

ဆက်ဖတ်ရန် →

ရုရှားအင်ပါယာအိပ်မက်

​ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်နဲ့ပတ်သက်ပြီး လေ့လာသူ တွေကသုံးသပ်မှုတွေလုပ်ကြသလို ကမ္ဘာ့အတွေးအခေါ် နယ် ပယ်ကရှေ့ဆောင်တွေကလည်း ရေးသားသုံးသပ်နေကြတာ တွေကို ဖတ်ရတယ်။


ဒီ သုံးသပ်ချက်တွေထဲမှာ  ဒီနေ့ Guardian မှာရေးတဲ့ Yuval Noah Harari (Homo Sapiens  စာရေးဆရာ) ရဲ့ သုံးသပ်ချက်ကို သဘောကျမိတယ်။ သူ့ရဲ့ သုံးသပ်ချက်ထဲက တ ချို့ကို ကောက်နှုတ်တင်ပြပါရစေ။


# ပူတင်ဟာ ယူကရိန်းကျူးကျော်စစ်ကို ဆင်နွှဲရာမှာ တိုက်ပွဲ တွေတော့ နိုင်ကောင်းနိုင်လိမ့်မယ်။ ဒါပေမဲ့စစ်ပွဲကြီးတခုလုံး ကတော့ ရှုံးနေတယ်။


# ပူတင်ဟာ ဒီစစ်ပွဲကို တိုက်ဖို့ အဘက်ဘက်က ကြိုတင်ပြင် ဆင်ခဲ့တယ်။ ဒါပေမဲ့ သူမစဥ်းစားမိတဲ့ အချက်တချက်ရှိနေတယ်။ အဲ့ဒါက ပြည်သူတွေရဲ့ အညံ့မခံ ခုခံနေမှုပဲ။


# နိုင်ငံတနိုင်ငံကို သိမ်းပိုက်ရတာ လွယ်ကောင်းလွယ်လိမ့် မယ်။ ဒါပေမဲ့ နိုင်ငံတနိုင်ငံကိုထိန်းချုပ်ဖို့ကတော့မလွယ်ဘူး ပူတင်အနေနဲ့ ယူကရိန်းကို စစ်နိုင်လို့ သိမ်းပိုက်ပြီး ရုပ်သေး အစိုးရတင်နိုင်ရင်တောင် ပြည်သူတွေရဲ့ ခုခံဆန့်ကျင်မှုကို ရင်ဆိုင်သွားရလိမ့်မယ်။


# ယူကရိန်းတ‌ယောက်ကို သတ်တိုင်း ကျူးကျော်သူတွေကို မုန်းတဲ့ အမုန်းက နက်ရှိုင်းလာလိမ့်မယ်။ အမုန်းဟာ ရုပ်အ ဆိုးဆုံး ခံစားချက်ပဲ။ ဒါပေမဲ့ ဖိနှိပ်ခံတွေအတွက်ကတော့ အမုန်းဆိုတာ လှို့ဝှက်သိမ်းဆည်းထား တဲ့ရတနာတပါးပဲ။ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း စူးဝင်နေရင် အမုန်းတရားက ခုခံဆန့်ကျင်မှုကို မျိုးဆက်နဲ့ချီပြီး သယ်ဆောင်သွားမှာပဲ။ (Hatred is the ugliest of emotions. But for oppressed nations, hatred is a hidden treasure. Buried deep in the heart, it can sustain resistance for generations. ဆိုပြီး ရေးထားတာလေး သဘောကျတယ်)


# တိုင်းပြည်တပြည်ကို အုပ်စိုးဖို့ဆိုရင် သွေးထွက်သံယိုမရှိ တဲ့အောင်ပွဲလိုတယ်။ အဲ့ဒါမှပဲ အမုန်းတရားကင်းတဲ့ အုပ်စိုး မှုကို ထူထောင်နိုင်မယ်။ တကယ်လို့ သွေးထွက်သံယိုတွေနဲ့ အာဏာတည်ဖို့ ကြိုးစားရင် ပြည်သူတွေရင်ထဲမှာ အမုန်းတ ရားတွေပဲ စူးနစ်ပြီး အုပ်စိုးဖို့မဖြစ်နိုင်ဘူးဆိုတာကို Harari က ထောက်ပြတယ်။


# ပူတင်က ယူကရိန်းဟာ တိုင်းနိုင်ငံစစ်စစ်မှန်မှန်မဟုတ်ဘူး ယူကရိန်းပြည်သူတွေဟာလဲ တိုင်းနိုင်ငံတခုရဲ့နိုင်ငံသားတွေ မဟုတ်ဘူးဆိုတဲ့ အလိမ်အညာတွေ‌အအပေါိအခြေခံပြီး သူ့ရဲ့ ရုရှားအင်ပါယာအိပ်မက်ကို တည်ဆောက်ထားခဲ့တယ်။


# အခုတော့ ယူကရိန်းပြည်သူတွေက သူတို့ဟာ ယူကရိန်းနိုင်ငံရဲ့ စစ်မှန်တဲ့ နိုင်ငံသားတွေဖြစ်တယ်ဆိုတာကို ရဲဝံ့စွန့် စားပြသနေကြတယ်။ နိုင်ငံတနိုင်ငံနဲ့ ပြည်သူတွေကို တွဲစပ် ချည်နှောင်ထားတဲ့ နိုင်ငံသား သိစိတ်/Nation ကို တည် ဆောက်ရာမှာ ဇာတ်လမ်းတွေက အရေးကြီးတယ်။ 


# အခုဆိုရင် ရုရှားပြည်သူတွေရဲ့ ခုခံစစ်ကနေ နောက်မျိုး ဆက်တွေအထိ လက်ဆင့်ကမ်းပြန်ပြောစရာဇာတ်လမ်းတွေ အများကြီးထွက်ပေါ်လာတယ်။ လက်နက်ပဲလိုတယ်။ လေ ယာဉ်နဲ့ လာခေါ်စရာမလိုဘူးဆိုတဲ့ ယူကရိန်းသမ္မတရဲ့စကား တွေ၊ ရုရှားတင့်ကားတွေလာတဲ့လမ်းမှာ ပိတ်ပြီး တင့်ကား တွေကို ပိတ်ဖို့ ကြိုးစားတဲ့ ပြည်သူတွေအကြောင်းဟာ တိုင်း ပြည်အမှောင်ဖုံးသွားရင်တောင် ပြန်ပြောင်းပြောနေကြမယ့် ဇာတ်လမ်းတွေပဲ။


# အဲ့ဇာတ်လမ်းတွေဟာ ယူကရိန်းပြည်သူတွေရဲ့ နိုင်ငံသား သိစိတ်ကို ပိုခိုင်မာအောင်တည်ဆောက်သွားကြလိမ့်မယ်။ သေချာတာတခုကတော့ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း မှာ ဘာကို အထင်အရှားပြသလိုက်လဲဆိုတော့ "ယူကရိန်း ဟာ စစ်မှန်တဲ့ တိုင်းနိုင်ငံကြီးတခုဆိုတာ ပြသလိုက်သလို ယူကရိန်းပြည်သူတွေက တကယ့် စစ်မှန်တဲ့ နိုင်ငံ့သားကောင်းတွေဆိုတာကို ပြသလိုက်တာပါပဲ။


# ဒီစစ်ပွဲက ကြာနိုင်တယ်။ ပုံစံအမျိုးမျိုးနဲ့ ဆက်သွားနေ လိမ့်မယ်။ ယူကရိန်းက စစ်ပွဲဟာ တကမ္ဘာလုံးရဲ့ အနာဂတ် ကို ပုံဖော်လိမ့်မယ်။ အာဏာရှင်တွေနဲ့ ကျူးကျော်နယ်ချဲ့မှု တွေသာ အောင်ပွဲရသွားရင် နောက်ဆက်တွဲဒဏ်ကို ကျနော် တို့ခံရလိမ့်မယ်။ ဒါကြောင့် လေ့လာအကဲခတ်သူဆိုပြီး မှိန်း နေလို့မရဘူး။ အခိုင်အမာပါဝင်ရပ်တည်ဖို့အချိန်ကျပြီဆို ပြီး Harari. က ရေးထားပါတယ်။ ( If tyranny and aggression are allowed to win, we will all suffer the consequences. There is no point to remain just observers. It’s time to stand up and be counted. ဆိုတဲ့ နောက်ဆုံးစာကြောင်းလေးရေးထားတာလဲ သဘောကျမိပါ တယ်။)

ကိုရဲ

ဆက်ဖတ်ရန် →

​ရုရှားတို့ ယူကရိန်းအား ကျုးကျော် ခဲ့မှုသည် စီစဉ်ထားသည့် အတိုင်း ဖြစ်မလာခဲ့ပေ၊ ယူကရိန်း၏ ဒုတိယ အကြီးဆုံး မြို့တော် ဖြစ်သော ကာကစ်ဗ်အား ရုရှားတို့ တိုက်ခိုက်လာမှု ကို ယူကရိန်းတို့ တွန်းလှန်နိုင်ခဲ့ပုံ ရသည်။ တောင်ပိုင်းတွင် ဗလာဒီမာ ပူတင်၏ တပ်များက နယ်မြေများကို သိမ်းပိုက် နိုင်ခဲ့ခြင်းသည် မြို့များကို ရှောင်ရှား နိုင်ခဲ့၍ပင် ဖြစ်သည်။


ကီယက် မြို့တဝိုက်တွင်တော့ ယူကရိန်း တပ်များက ရုရှားထိုးစစ်ကို ကြံကြံ့ခံထားနိုင်ခဲ့သည်။  ပူတင် သည်  သူ၏ မိန့်ခွန်းများထဲတွင် ဆေးသမား နာဇီတဦး အဖြစ် အမြဲလို ပုံဖေါ် ပြောဆိုခဲ့သော ယူကရိန်း သမ္မတ ဇယ်လင်စကီးသည် ၎င်းအပြောနှင့် တခြားစီ
ရဲရဲတောက် အာခံရဲသည့် ပုဂ္ဂိုလ် ဖြစ်လာခဲ့ပြန်သည်။

ဇယ်လင်စကီးသည် နိုင်ငံ အကြီးအကဲ တဦး ပီသစွာမျိုးချစ် စိတ် အပြည့်ရှိယုံမက သတ္တိ ဗျတ္တိ ပြည့်စုံစွာဖြင့် နိုင်ငံကို ဦးဆောင်နိုင်ခဲ့သူ ဖြစ်သည်။

စစ်ပွဲ ဖြစ်လာသည်မှာ ရက်သတ္တပတ်ပင် မပြည့်သေးပေ၊ ရုရှား သမ္မတ က ကိယက် အပါအဝင် အခြားမြို့ကြီးများကို ဝိုင်းရံထားရန်  အရံတပ်များကို ဆင့်ခေါ်နိုင်ပေသေးသည်၊ နှစ်ဖက်စလုံးရှိ စစ်သားများ နှင့် အရပ်သားများ အတုံးအရုံး သေဆုံးရဖို့ ရှိနေသည်။

လက်ရှိ စစ်ပွဲတွင် ပူတင်သည် အနိုင်ရကောင်း ရသွား နိုင်ပြီး နောက်ဆုံးတွင် ယူကရိန်း မြို့တော်တွင်ရုပ်သေး အစိုးရ မျိုး တင်မြှောက် လာနိုင်ဖွယ် ရှိနေသည်။ 

သို့သော် လက်ရှိ စစ်ပွဲအား အမှည့်ချွေ ချွေသလို ဖြေးဖြေးချင်း တိုက်ယူနေရပြီ ဆိုကတည်းက ပူတင်ဖက် က ရှူံးနေပြီ ဖြစ်သည်။

မြို့ရွာ အနှံ့ရှိ ယူကရိန်း နိုင်ငံသားများ၏ မျိုးချစ်စိတ်ဓါတ်သည် ရှင်သန် နိုးကြားလာခဲ့ပြီ ဖြစ်သည်။ အားလုံးကလည်း ပူတင် ဖက်က ခန့်အပ်လာမည့် မည်သည့် အစိုးရမျိုးကို မဆို အုပ်ချုပ်ပိုင်ခွင့် မရှိသည့် တရားမဝင် အစိုးရ အဖြစ် သတ်မှတ်လာကြတော့မည် ဖြစ်သည်။

ယင်းနှင့် အတူ ကမ္ဘာတဝှမ်းတွင်လည်း ပူတင်သည် ပို၍ပင် အပယ်ခံ ဘဝ နှင့် နေသွားရပေဦးတော့မည်။ ပြည်တွင်းတွင်လည်း သူ၏ ဖိနှိပ်ချုပ်ချယ်မှူများကြောင့် မွန်းကျပ်ပြီး ဖြစ်နေသော လူ့အဖွဲ့အစည်းသည် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု များ ကြောင့် အသက်ရှူ မဝ ဖြစ်လာမည့် အနေအထားကို ရင်ဆိုင် ဖြေရှင်းရပေတော့မည်။

ရုရှားရှိ အခွင့်ထူးခံ အီလိများက ပူတင်၏ ယုံထင် ကြောင်ထင် ဖြစ်ကာ အရူးထသည့် လုပ်ရပ်ကြောင့် ဖြူကာပြာကာ ကျလာနိုင်သည့် အရေးကို တွေးကာ ထိတ်လန့်လာနေကြသည်ကို အထင်အရှား တွေ့မြင်ခဲ့ရသည်။

ယူကရိန်း တွင် အခြေအနေ ပို၍ ဆိုးလာသည်နှင့် အမျှ ၎င်း၏ အစိုးရ အဖွဲ့အတွင်း အက်ကွဲကြောင်းများ လိုက်လာတော့မည့် အပြင် ရုရှားပြည်သူများလည်း လမ်းပေါ်ထွက်လာကြပေတော့မည်။ ထို့အတွက် ပူတင်သာ ကရင်မလင်တွင် ဆက်၍ တွယ်ကပ် နေနိုင်ခဲ့မည် ဆိုလျှင် ပူတင်အဖို့ နိုင်ငံသားများအား လှုပ်၍မရအောင် အကြောက်တရား ပြဠာန်းပြီ မဖြစ်မနေ အုပ်ချုပ်သွားရပေတော့မည်။ ပြည်သူများလည်း ဆယ်စုနှစ်ပေါင်းများစွာ အတွင်း တခါမှ မကြုံခဲ့ဖူးသည့် လွန်စွာ ပြင်းထန်လာဖွယ် ရှိသည့် ဖိနှိပ်ချုပ်ချယ်မှုများ နှင့် ရင်ဆိုင်ကြရပေတော့မည်။(လက်ရှိ မင်းအောင်လှိုင် နှင့် အဖွဲ့ ပုံစံမျိုးလို ဖြစ်လာပေတော့မည်)

ပူတင်၏ ပထမဆုံး အမှား

ရန်သူကို လျော့တွက်ခဲ့ခြင်းပင် ဖြစ်ပေသည်။ ဤသည်က သူ့ဖာသာ ဝါဒဖြန့်ထားခဲ့မှုများ အပေါ် အစစ်အမှန်ဟု တဖန်ပြန်၍ သူ့ဖာသာ ယုံကြည်လာခဲ့ပုံရသည်။ ယူကရိန်းသည် နိုင်ငံတနိုင်ငံ မဟုတ်၊ စီအိုင်အေ က ဖန်တီးထားသည့် နိုင်ငံအတုသာ ဖြစ်သည်၊ အုပ်ချုပ်နေသူများကလည်း ပြည်သူများ ရွံရှာ မုန်းတီးနေကြသည့် ကလိန်ကကျစ်များသာ ဖြစ်သည်၊ ထို့အတွက် အင်အား အနည်းငယ် ပြလိုက်ယုံဖြင့် ယူကရိန်းသည် ချက်ခြင်းလို ပြိုလဲ ပျက်သုံးသွားတော့မည်၊ ထိုအတွေးအခေါ်ထက် အဘယ်အရာကများ ပို၍ မှားနိုင်ပေဦးမည်နည်း။

ဒုတိယ အမှား

ပူတင်သည် ၎င်း၏ တပ်များကို မှန်ကန်စွာ စီမံခန့်ခွဲနိုင်ခဲ့ခြင်း မရှိမှု ပင် ဖြစ်သည်။ ရုရှားလေတပ်သည် ယခူ အချိန်အထိ ယူကရိန်း ဝေဟင်ကို ထိန်းချုပ်နိုင်စွမ်း မရှိသေးပေ။ ရုရှားလူထု အားလည်း မိမိမှ စစ်ပွဲကြီး တရပ် ဆင်နွှဲနေခြင်း မဟုတ်ပဲ "နာဇီသန့်စင်ရေး" လုပ်နေခြင်း ဖြစ်သည်ဟု အကြောက်အကန် ပြောနေရဆဲပင် ဖြစ်သည်။

ရုရှားစစ်သားများလည်း ဇဝေဇဝါ ဖြစ်ကုန်ပြီး ယူကရိန်း ပြည်သူများက ၎င်းတို့အား "ကယ်တင်ရှင်များ" အဖြစ် ကြိုဆိုကြလိမ့်မည်ဟု ယူဆလာခဲ့သည်။ ပူတင်က သူ့တပ်များအား ယူကရိန်းတွင် ၎င်းတို့မျိုးနွယ်စုဝင်များ အား တွေ့ရာ သင်္ချိုင်း ဓါးမဆိုင်း သတ်ဖြတ်ရန် အမိန့်ပေးလာပါက လိုက်နာကြမည် မဟုတ်ပေ။ ယူကရိန်း မြို့ကြီးများအား သိမ်းပိုက် နိုင်ရေး ကြိုးပမ်းမှုတွင် ရုရှား စစ်သား အများအပြား သေဆုံးလာပါက ပူတင် အဖို့ ပြည်တွင်းတွင် မည်သို့မျှ ဖုံးကွယ်၍ ရနိုင်မည် မဟုတ်ပေ။

တတိယ အမှား

အနောက်အုပ်စုကို လျော့တွက်ခဲ့ခြင်းပင် ဖြစ်သည်။ ပူတင် စိတ်ထဲတွင် အနောက်နိုင်ငံ လူ့အစည်းအရုံးများသည် အတွင်းလှိုက်၍ ခြစားလာနေပြီး ကိုယ်အရေး သာ ကိုယ် အဓိက ထားကြသူများဟု မှတ်ယူခဲ့သည်။ ပူတင်ကဲ့သို့သော အာဏာရှင်များ အဖို့က လူထု၏ ဒီမိုကရေစီ အပေါ် ယုံကြည်သက်ဝင်မှုကို မည်သို့်မျှ အစစ်အမှန် မဖြစ်နိုင်ဟု လက်ခံထားကြသူများ ဖြစ်သည်။

အနောက်နိုင်ငံများရှိ လူထုက ယူကရိန်း ပြည်သူများ အား တခဲနက် ထောက်ခံလာသည့် အဖြစ်ကို အံဩခြင်းမက အံ့ဩသွားခဲ့သည်။ လန်ဒန် မြို့တော်နေ လူထုက ယူကရိန်း နိုင်ငံတော် သီချင်းကို ရွတ်ဆိုလာကြပြီး ဘာလင်ရှိ ဘရန်တင်းဘတ်ခ် မုဒ်ဦးပေါ်တွင် အပြာနှင့် ရွှေရောင် ပါ ယူကရိန်း အလံ အထိမ်းအမှတ် အဖြစ် မီးများ ထွန်းညှိခဲ့ကြသည်။

အနောက်နိုင်ငံသားများသည် ယူကရိန်း ပြည်သူများ၏ သတ္တိကို အတုယူ အားကျစိတ်များ နှင့် အတူ ၎င်းတို့၏ အစိုးရများကိုပါ တွန်းအားပေးလာကြသဖြင့် နောက်ဆုံးတွင် အပါရိက မျှ ပြောဆိုယုံ
လောက် မဖြစ်တော့ဟု ဆိုကာ စိတ်ပါလက်ပါ စုပေါင်းရင်ဆိုင်လာခဲ့ကြရပေတော့သည်။

No-Fly Zone ပြဠာန်းခြင်းမျိုးဖြင့် ရုရှားတို့နှင့် စစ်ရေး အရ ထိတ်တိုက်တွေ့မည့် အရေးကို မှန်ကန်စွာ ရှောင်ရှားနိုင်ခဲ့ကြပြီး ဖေဖေါ်ဝါရီ ၂၆ ရက်နေ့တွင်တော့ ရုရှား၏ ဗဟိုဘဏ် နှင့် ဘဏ္ဍာရေး စနစ်ကြီး တခုလုံး အား အမှန်အကန် ထိရောက်စွာ ပိတ်ဆို့ဒဏ်ခတ်ရန် သဘောတူလာခဲ့ကြပြီ ဖြစ်သည်။

ထိုသို့ အရေးယူလာမှုသည် ရုရှားအဖို့ အရံငွေများ ထုတ်ယူနိုင်ရေး ကို ပိတ်ပင်နိုင်ဖွယ် ရှိမည့်အပြင် ဘဏ်တိုက်ကြီးများလည်း ချိနဲ့သွားတော့မည် ဖြစ်သည်။

နောက်တနေ့တွင်တော့ ထိုသို့ အရေးယူလာမှုကို ရုရှားဖက်က ဒေါသတကြီးတုန့်ပြန်လာခဲ့သည်။ ပူတင်သည် ချက်ခြင်းလို သူ၏ စစ်ဖက် အကြီးအကဲများ နှင့် တိုင်ပင်ပြီး နျုကလီယား တပ်ဖွဲ့များကို အမြင့်ဆုံး အဆင့် တပ်လှန့်လာခဲ့သည်။ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု ကို ရုရှား အပေါ် နျုကလီယား စစ်ပွဲ ဆင်နွှဲလာသည့်အထား တန်းတူ သဘောထားခဲ့ခြင်းပင် ဖြစ်ပေသည်။

ပူတင်၏ လုပ်ရပ်သည် ကိုယ်ကျင့်တရား စောင့်ထိန်းမှု မရှိသည်သာမက အကြီးအကျယ် ထိခိုက် ပျက်စီးဆုံးရှုံးရမည့် အထိ ပဋိပက္ခကို မြှင့်တင်လာခြင်းလည်း ဖြစ်သည်။ ဤသည်ကို ကြည့်ပါက အနောက် အုပ်စု၏ စီးပွားရေးဒဏ်ခတ်မှုသည် လွဲချော်သွားခြင်း မရှိသည်မှာ သိသာထင်ရှားလာခဲ့ရသည်။ ထို့အပြင် ပူတင်၏ ရန်စွယ်ငေါငေါ လုပ်ရပ်ကြောင့် ၎င်းသည် မည်မျှအထိ ကမ္ဘာကြီး အတွက် အန္တရာယ်များသူ ဖြစ်ကြောင်း သက်သေ ပြ လာခဲ့သည်။ ထိုအနေအထားကို ကြောက်ရွံ့ပြီး နောက်တွန့်သွားမည်ဆိုက ဒီထက် ကြီးမားသည့် အတိုင်းအတာ အထိ ကျူးလွန်လာမည့် အရေးကို ဖိတ်ခေါ်လိုက်သလို ဖြစ်သွားပေလိမ့်မည်။

ယခုအခါ ရုရှား၏ လုပ်ရပ်အား တရုတ်နှင့် အိန္ဒိယ အပါအဝင် နျူကလီယား အင်အားကြီး နိုင်ငံများ ပါဝင်နေသည့် ကုလ လုံခြုံရေး ကောင်စီမှ ထိုသို့ ခြိမ်းခြောက်လာမှုကို လက်မခံနိုင်ကြောင်း ရှင်းလင်းပြတ်သားစွာ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အမေရိကန် အထက်တန်း အရာရှိများလည်း ရုရှား ဖက်မှ ဆိုင်ရာ ဆိုင်ရာ များအား ဆက်သွယ်ကာ ပူတင်သာ မဟုတ်၊ ၎င်းတို့၏ လုပ်ရပ်များ အတွက် တာဝန်ခံရသည့် အဆင့်အထိ ရောက်လာတော့မည်ကို သတိပေးရန် လိုအပ်လာပြီ ဖြစ်သည်။



ကမ္ဘာကြီး အနေဖြင့် နောက်တကြိမ် ပူတင် အတွက်အချက် မှားမည့် အရေးကို ခွင့်ပြု၍ မဖြစ်တော့ပေ။

လှစိုးဝေ



(ဖေဖေါ်ဝါရီ ၂၇ နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်း၏ အယ်ဒီတာ အာဘော် "Vladimir Putin's nuclear threat shows how much is going wrong for him in Ukraine" အား ကိုးကားသည်။)



ဆက်ဖတ်ရန် →