နောက်ဆုံးရ
ဒီနေ့ စနိုက်ပါ လက်ချက်မိပီး ကျောက်မြောင်းမှာကျဆုံးသွားတဲ့ကိုသက်ပိုင်စိုး

ဒီနေ့ စနိုက်ပါ လက်ချက်မိပီး ကျောက်မြောင်းမှာကျဆုံးသွားတဲ့ကိုသက်ပိုင်စိုး

စစ်သား သားသမီးဖြစ်ပေမယ့်
အမှန်တရားကိုမြတ်နိုးလို့ လိုင်းခန်းမှာမနေပဲ
သူငယ်ချင်းတွေနဲ့.နေရင်း
နေ့တိုင်းထွက်တိုက်နေတဲ့သူတဲ့
ဒီနေ့ စနိုက်ပါ လက်ချက်မိပီး
ကျောက်မြောင်းမှာကျဆုံးသွားတဲ့
အာဇာနည် ကိုသက်ပိုင်စိုး
Rest in power
ကျောပိုးအိတ်ထဲမှာ ဒန်အိုးလေးထည့်ထားတယ်တဲ့



ဆက်ဖတ်ရန် →

စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက ဘူတာရုံလမ်းမှာရှိတဲ့ စတိုးဆိုင်တစ်ခုကို ဖျက်ဆီးပြီး အရက်ဘီယာများကို ခိုး

ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကို အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်တပ်ဖွဲ့ဝင်တွေက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ဘူတာရုံလမ်းမှာ မတ်လ ၁၉ရက် နေ့လယ်ပိုင်းမှာ ဝင်ရောက်ဖြိုခွင်းခဲ့ပါတယ်။ အဲ့ဒီနောက် စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက ဘူတာရုံလမ်းမှာရှိတဲ့ စတိုးဆိုင်တစ်ခုကို ဖျက်ဆီးပြီး အရက်ဘီယာများကို ခိုးလု ယူဆောင်သွားတယ်လို့ သိရပါတယ်။ ဒီဗွီဘီက ရရှိထားတဲ့ ဗီဒီယိုမှတ်တမ်းထဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ ဆိုင်တံခါးကိုဖျက်ဆီးပြီး အရက်ပုလင်း၊ဘီယာဗူးတွေကို တပိုင်တနိုင်မက အိတ်များ၊ ခြင်းများ၊ ပုံးများနဲ့ခေါက်တုံ့

ခေါက်ပြန် ယူဆောင်သွားကြတာကို တွေ့ရပါတယ်။

#dvbtvnews #crime #ဘီယာ #အရက် #သူခိုး #terrorism #yangon #WhatIsHappeningInMyanmar


ဆက်ဖတ်ရန် →
သမိုင်းဂုံးကျော် ကြံ့ကြံ့ခံနေဆဲ

သမိုင်းဂုံးကျော် ကြံ့ကြံ့ခံနေဆဲ

ဒီနေ့ည သမိုင်းဂုံးကျော် ကြံ့ကြံ့ခံနေဆဲ (၃ ရက်ရှိပြီ) ရပ်ကွက်ထဲ သူပုန်တွေ ဝင်မရတော့ 

ရပ်ကွက်အေးချမ်းတယ် လှိုင်သာယာ အဝင်လမ်း ဘုရင့်နောင်ဂုံးကျော် ကိုပိတ်ထားပေးတော့ 

 ကူညီရာရောက်တယ် ။ ရပ်ကွက်တိုင်း ဒီလိုကြံ့ကြံ့ခံရင် ရန်ကုန်လွတ်မြောက်မယ် ။ တနိုင်ငံလုံး  

ဒီလိုကြံ့ကြံ့ခံရင် တနိုင်ငံလုံးလွတ်မြောက်မယ် ။ ငြိမ်ခံနေရင် ခင်ဗျားတို့ ရပ်ကွက်က အင်အားတွေနဲ့ 

ဒီနေရာကိုလာဖိမယ် ။ ကိုယ့်အချင်းချင်းတောင် မကူညီနိုင်ဘဲ ဟိုအဝေးက UN, US ရဲ့ အကူအညီကို 

သိပ်မျှော်လင့်ပြနေတာ ခင်ဗျားတို့ တရားရဲ့လား ။

ဆက်ဖတ်ရန် →

ပြည်သူအပေါ် လူမိုက်ဆန်ဆန် ရမ်းကားဆက်ဆံမှု (ဗီဒီယို)

အကြမ်းဖက်စစ်တပ်နှင့်ရဲတပ်ဖွဲ့၏ ပြည်သူအပေါ် လူမိုက်ဆန်ဆန် ရမ်းကားဆက်ဆံမှု (ဗီဒီယို) ရန်ကုန်၊ မတ် ၁၇ ရန်ကုန်တောင်ဥက္ကလာ သံသုမာလမ်းပေါ်မာပါ၀စက်ဘီးစီးလာသူပြည်သူတစ်ဦးကို အကြမ်းဖက်စစ်တပ်နှင့်ရဲက လူမိုက်ဆန်ဆန် ရမ်းကား ဆက်ဆံခဲ့သည်ကို မတ်လ ၁၇ ရက်နေ့က တွေ့ရှိရသည်။
ဆက်ဖတ်ရန် →