နောက်ဆုံးရ
UNမှာ ဗီဒိုအာဏာ မပါပဲ...မဲခွဲဆုံးဖြတ်နေကြပါပြီ....

UNမှာ ဗီဒိုအာဏာ မပါပဲ...မဲခွဲဆုံးဖြတ်နေကြပါပြီ....

UNရဲ့ ဗလာမပါ ကံစမ်းပွဲ
****************************
၂၁-၁၂-၂၂ရက်နေ့ ယနေ့....
UN မှာ ဗြိတိန်က မြန်မာနိုင်ငံအတွက်....
အဆိုတင်သွင်းထားသည့်.…..မူကြမ်းကို.....
ဗီဒိုအာဏာ မပါပဲ...မဲခွဲဆုံးဖြတ်နေကြပါပြီ......

(အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့....
ထိန်းသိမ်းခံထားရတဲ့ခေါင်းဆောင် ....
အမေစု အပါအဝင် နိုင်ငံရေး....
အကျဉ်းသားအားလုံး လွှတ်ပေးဖို့....)

UN ရဲ့ ဗီဒိုအာဏာ ရရှိနေကြသည့်....
(၄)နိုင်ငံက...တဖက်ကို (၂) နိုင်ငံစီ....
ဖြစ်နေကြတော့....
မဲခွဲ ဆုံးဖြတ်ကြဖို့ ဖြစ်လာခဲ့ရပါတယ်...…

မဲခွဲဆုံးဖြတ်ကြရင်တော့.….
မြန်မာ့အရေး မူကြမ်းက အနိုင်ရဖို့သာ....
ရှိနေပါသည်.....

UN မှာ အဆိုပါ မူကြမ်းအနိုင်ရရှိပြီး.….
အချိန်ကာလ တခုသ-တ်မှတ်ပေးပြီးလို့မှ....
မအလ အုပ်စုက လိုက်နာမှု မရှိပါက.......

ကမ္ဘာက....
အစွန်းရောက် အကြမ်းဖက်အဖွဲ့အဖြစ်သာ....
သ-တ်မှတ်ကာ စီရင်ချက်တွေ ချမှတ်ကြဖို့သာ.....
ရှိနေပါတော့သည်....

Crd.,
(ပုံအဟောင်းဖြစ်ပါသည်)


ဆက်ဖတ်ရန် →

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ထောင်ငါးနှစ် ထပ်မံချမှတ်ခံရ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးအောင်နိုင်ဦးကို နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးကနေ ဒီဇင်ဘာလ၂၁ ရက် ဒီကနေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးအောင်နိုင်ဦးအား တွေ့ရစဉ်။ Citizen Journalist

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးအောင်နိုင်ဦးကို နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးကနေ ဒီဇင်ဘာလ၂၁ ရက် ဒီကနေ့မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

နိုင်ငံတော်သမ္မတရုံး သတင်းနဲ့လုံခြုံရေးဆိုင်ရာဌာနကြီး၊ လုံခြုံရေးအရာရှိချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးကို အောက်တိုဘာ ၁၃ ရက်ကလည်း မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ-၃၊ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ် (ဂ) နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။

ဒါ့ကြောင့် ဦးအောင်နိုင်ဦးဟာ စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ်ကျခံရဖို့ ရှိနေပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကို ဖမ်းဆီးမိချိန်က ကိုဂျင်မီဖုန်းထဲမှာ ဦးအောင်နိုင်ဦးနဲ့ ဆက်သွယ်ထားတာကို တွေ့ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဦးအောင်နိုင်ဦးကို ဖမ်းဆီးခဲ့တာပါ။

ဦးအောင်နိုင်ဦးက အမျိုးသားဒီမိုကကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေမှာ လုံခြုံရေးအတွက် စီမံခန့်ခွဲရသူဖြစ်ပါတယ်။

စစ်အစိုးရလက်ထက် ၁၉၉၀ အလွန်ကာလတွေက ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ နေအိမ်မှာ အကျယ်ချုပ်ကျနေတုန်းကလည်း ဦးအောင်နိုင်ဦးက ရဲအရာရှိငယ်ဘဝနဲ့ ကာလအတန်ကြာ စောင့်ကြပ်ခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ သတင်းရဲတပ်ဖွဲ့ရဲမှူး တာဝန်ကနေ နိုင်ငံတော်သမ္မတရုံး သတင်းနဲ့ လုံခြုံရေးဆိုင်ရာဌာနကြီးကို ပြောင်းရွှေ့ခန့်အပ်ခံခဲ့ရတာပါ။

အလားတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးတာဝန်ယူခဲ့သူ ရဲအုပ်ပြည့်ဖြိုးနိုင်နဲ့ ဒုရဲအုပ်ချယ်ရီထက်တို့လည်း ဖမ်းဆီးထောင်ချခံထားရပါတယ်။ ဒုရဲအုပ်ချယ်ရီထက်က ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင်သုံးနှစ်၊ ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က) နဲ့ ထောင်နှစ်နှစ်၊ စုစုပေါင်း ငါးနှစ် ချမှတ်ခံထားရတာပါ။ ရဲအုပ်ပြည့်ဖြိုးနိုင်ကတော့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပေဒေနဲ့ ထောင်သုံးနှစ် ချမှတ်ခံထားရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာ ၂၀ ရက် စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်ကို ၁၃,၀၈၈ ဦးကို ဖမ်းဆီးထားပြီး အဲဒီအထဲက ၁,၇၆၃ ဦးကို ထောင်ဒဏ်ချမှတ်ထားပါတယ်။

ဆက်ဖတ်ရန် →
 မုံရွာမြို့ပေါ်မှာ ပစ်သတ်ခံရတဲ့ ရဲအလောင်းနဲ့ ဒဏ်ရာရ ရဲ ၂ ဦးကို လာသယ်တဲ့ကား မိုင်းဆွဲတိုက်ခိုက်ခံရ

မုံရွာမြို့ပေါ်မှာ ပစ်သတ်ခံရတဲ့ ရဲအလောင်းနဲ့ ဒဏ်ရာရ ရဲ ၂ ဦးကို လာသယ်တဲ့ကား မိုင်းဆွဲတိုက်ခိုက်ခံရ

ရုပ်သံကြည့်ရန်နှိပ်ပါ

မဲခေါင်၊ ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ပစ်သတ်ခံရတဲ့ ရဲအလောင်းနဲ့ ဒဏ်ရာရ ရဲ ၂ ဦးကို လာသယ်တဲ့ကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ Special Forces-11 က မနေ့က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၂၀ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်က မုံရွာမြို့နယ် တစ်နေရာမှာ ဈေးဝယ်ထွက်လာတဲ့ ရဲ ၃ ဦး လမ်းခုလပ် တစ်နေရာမှာ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက် ခံခဲ့ရပါတယ်။

Special Forces-11  ရဲဘော်‌တွေ ဦးဆောင်ပြီး မုံရွာမြို့ နယ် -ပ.က.ဖ၊  မုံရွာမြို့နယ်-ပ.လ.ဖ ရဲဘော်တွေ စောင့်ကြို တိုက်ခိုက်ခဲ့ရာမှာ ရဲတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ‌တွေနဲ့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီ တိုက်ပွဲမှာ သေနတ် တစ်လက်၊ ၉ မမ ကျည် ၁၅ တောင့်၊ ကျည်ဘောက် တစ်ခုတို့ကို သိမ်းဆည်း ရမိခဲ့ပြီး ရဲဘော်တွေ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ညနေ ၄ နာရီ ၅၆ မိနစ်မှာ မုံရွာမြို့ပေါ် တိုက်ခိုက်မှုကြောင့်  သေဆုံးသွားတဲ့ ရဲအလောင်းနဲ့ ဒဏ်ရာရ ရဲ ၂ ဦးကို လာသယ်တဲ့ ကားကို  မုံရွာ-မန္တလေး လမ်းမကြီးရဲ့ မုံရွာ-ချောင်းဦး လမ်းပိုင်းမှာ Special Forces-11 အဖွဲ့က ပဒေသာမိုင်း ၅ လုံးဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ မိုင်းထိမှန်မှုကြောင့် သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာ ရရှိမှု အသေးစိတ် အခြေအနေကို မသိရသေးဘူးလို့ Special Forces-11 အဖွဲ့က ထုတ်ပြန်ထားပါတယ်။

MK-003
#MeKongNews


ဆက်ဖတ်ရန် →
စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်နဲ့ မင်းအောင်လှိုင် သမီးကို ရိုးမဘဏ်က ထောက်ပံ့နေ

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်နဲ့ မင်းအောင်လှိုင် သမီးကို ရိုးမဘဏ်က ထောက်ပံ့နေ


မဲခေါင်၊ ဒီဇင်ဘာ ၂၁

ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမီးပိုင် စီးပွားရေး လုပ်ငန်းတွေကို ထေက်ပံ့နေတဲ့ အထောက်အထားတွေ တွေ့လို့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ လုပ်ငန်းခွဲ ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း-IFC က ရိုးမဘဏ်မှာ ရင်းနှီးမြှုပ်နှံထားတာတွေ ရုပ်သိမ်းတော့မယ်လို့ Justice For Myanmar က ဒီကနေ့ အတည်ပြု ထုတ်ပြန်ပါတယ်။

ရိုးမဘဏ်ဟာ လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ စီးပွားရေး လုပ်ကိုင်နေတဲ့ အထောက်အထား မှတ်တမ်းတွေကြောင့် IFC က ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းတာ ဖြစ်ပါတယ်။

IFC ဟာ ရိုးမဘဏ်ရဲ့ ရှယ်ယာ ၄ ဒသမ ၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး သူ့ရဲ့ အစုရှယ်ယာ အားလုံးကို First Myanmar Investment -FMI ကို အမေရိကန်ဒေါ်လာ ၅ သန်းနဲ့ ပြန်ရောင်းချနေတာ ဖြစ်ပါတယ်။ 

၂၀၂၀ ခုနှစ်က ရိုးမဘဏ်ဟာ စစ်ခေါင်းဆောင်ရဲ့ သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ Pinnacle Asia ကို ကုမ္ပဏီ ချေးငွေ ထုတ်ပေးခဲ့ပြီး အဲဒီချေးငွေဟာ စစ်ကောင်စီပိုင် မိုင်တဲလ်အတွက် တာဝါတိုင်တွေ တည်ဆောက်ဖို့ ပံ့ပိုးပေးခဲ့တာ ဖြစ်တယ်လို့ Justice For Myanmar က ဆိုပါတယ်။

ရိုးမဘဏ်ဟာ Mytel ပိုင်ရှင်ဖြစ်တဲ့ Telecom International Myanmar အတွက် ဒေါ်လာ ၁၀ သန်းကျော်ကို ၂၀၂၂ ခုနှစ် မတ်လအထိ သိမ်းဆည်းပေးခဲ့တယ်လို့ ပြီးခဲ့တဲ့လမှာ Justice For Myanmar က ဆိုပါတယ်။

အဲ့ဒီအပြင် နိုဝင်ဘာလမှာ စစ်ကောင်စီပိုင် အင်းဝဘဏ်နဲ့ ရိုးမဘဏ်တို့ ငွေလွှဲမှု အကြိမ်၂၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

ရိုးမဘဏ်ကို ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ဦးပိုင်ကုမ္ပဏီ ဖြစ်တဲ့ FMI က ထိန်းချုပ်ထားပြီး စင်္ကာပူ  နိုင်ငံပိုင် ရန်ပုံငွေ GIC အဖွဲ့ဝင်ဖြစ်တဲ့ Greenwood Capital က ၁၉ ဒသမ၇ ရာခိုင်နှုန်းနဲ့ နော်ဝေ ဖွံ့ဖြိုးရေးဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်း Norfund က ၁၀ ဒသမ ၆ ရာခိုင်နှုန်း ပိုင်ဆိုင်တယ်လို့ သိရပါတယ်။ 

လက်ရှိ FMI ဟာ ဟောင်ကောင်က ဦးပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Pun Holdings (HK) Limited နဲ့ အရောင်းအဝယ် ပြုလုပ်ပြီး IFC ရဲ့ ရှယ်ယာတွေကို ဝယ်ယူနေတယ်လို့ ဆိုပါတယ်။

စစ်တပ်ပိုင် အင်းဝဘဏ်ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းကို အမေရိကန်၊ အီးယူ၊ ယူကေနဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတယ်လို့ သိရပါတယ်။

သြစတြေးလျဘဏ် ANZ ဟာ Innwa Bank နဲ့ ငွေလွှဲတာတွေ လူသိရှင်ကြား ဖော်ထုတ်ခံရပြီးနောက် မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ့်အကြောင်း ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။

MK-006
#MeKongNews



ဆက်ဖတ်ရန် →
ခဲတလုံးနဲ့ငှက်နှစ်ကောင်ဇာတ်စပြီ

ခဲတလုံးနဲ့ငှက်နှစ်ကောင်ဇာတ်စပြီ

ခင်ရီ၏ အကြံပြုချက်အတိုင်း ရန်ကုန်တွင် ကြံ့ဖွတ်ပါတီဝင်နှင့် အမာခံ  ၃၆၄ ဦးကို အုပ်ချုပ်ရေးမှူး ၇၂ နေရာနှင့် ရာအိမ်မှူး ၂၉၂ နေရာတွင် အစားထိုးခန့်အပ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ခေတ်သစ်

ရန်ကုန်တိုင်းအတွင်းမြို့နယ်များတွင် ကြံ့ဖွတ်ပါတီဝင်နှင့် အမာခံ ၃၆၄ ဦးကို အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများအဖြစ် ခန့်အပ်လိုက်ပြီး အဆိုပါ ခန့်အပ်မှုများသည် ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီ၏ အကြံပြု ချက်အတိုင်း စစ်ကောင်စီက လိုက်ပါဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရ သတင်းရပ်ကွက်ထံမှ သိရှိရသည်။ 



ယခုဒီဇင်ဘာလဆန်းပိုင်းမှ လလယ်ပိုင်းအထိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇၂ ဦး၊ ရာအိမ်မှူး ၂၉၂ ဦးကို အနားပေးလိုက်ပြီး ယင်းတို့၏ နေရာတွင် ကြံ့ဖွတ်ပါတီဝင်နှင့် အမာခံများကို အစားထိုးလိုက် ခြင်းဖြစ် ကြောင်း သိရှိရသည်။ 

"မင်္ဂလာဒုံမှာ အုပ်ချုပ်ရေးမှူး ၁၄ နေရာကို စစ်မှုထမ်းဟောင်း၊ ကြံ့ဖွတ်တွေချည်းပဲ အစားထိုး လိုက်တယ်။ ရာအိမ်မှူးတွေလည်း အတူတူပဲ" ဟု မင်္ဂလာဒုံဒေသခံတစ်ဦးက ပြောဆိုသည်။ 

ကြံ့ဖွတ်ပါတီဝင်များကို ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်ခြင်းမှာ ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီ ရေးဆွဲထားသော လုံခြုံရေးစီမံချက်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊  ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီက ပါတီဝင်များ၏ လုံခြုံရေးအတွက် စီမံချက်များ ရေးဆွဲ ထားပြီဖြစ်ကာ မျက်ရည် ကိုသုတ်၊ ဓားကို ဆုပ်ပြီး ရှေ့တစ်လှမ်းတိုးရ မည် ဟု ပြောဆိုပြီးနောက် အောက်ခြေ ရပ်ကွက် အုပ်ချုပ် ရေးယန္တရားကို ကြံ့ဖွတ်ပါတီ ဝင်တချို့ဖြင့် အစားထိုးလာခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။


ဆက်ဖတ်ရန် →