နောက်ဆုံးရ
"အရည်အချင်းမရှိဘဲ ဘာကြောင့် သမ္မတ ဖြစ်ချင်တာလဲ" ဟု မင်းအောင် လှိုင် ကို  အင်ဒိုနီးရှားဝန်ကြီး၊ ဗိုလ်ချုပ်ကြီးဟောင်း  Luhut Panjaitan မေး ခွန်း ထုတ်၊ အင်ဒိုနီးရှားစစ်တပ်ကို နမူနာ ယူရန် တိုက်တွန်း

"အရည်အချင်းမရှိဘဲ ဘာကြောင့် သမ္မတ ဖြစ်ချင်တာလဲ" ဟု မင်းအောင် လှိုင် ကို အင်ဒိုနီးရှားဝန်ကြီး၊ ဗိုလ်ချုပ်ကြီးဟောင်း Luhut Panjaitan မေး ခွန်း ထုတ်၊ အင်ဒိုနီးရှားစစ်တပ်ကို နမူနာ ယူရန် တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၁၉  ခေတ်သစ်

မြန်မာနိုင်ငံမှ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် "အရည် အချင်း မရှိဘဲ ဘာ ကြောင့် သမ္မတဖြစ်ချင်တာလဲ" ဟု  အင်ဒိုနီးရှားအစိုးရ၊ ရေ ကြောင်း နှင့် ရင်းနှီးမြှုပ်နှံဆိုင်ရာ ဝန်ကြီး လည်းဖြစ်၊ အင်ဒိုနီးရှား တပ်မ တော် မှ ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်သူ  Luhut Panjaitan က မေးခွန်း ထုတ် လိုက် ကြောင်း သိရှိရသည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စီးပွားရေး ပိတ်ဆို့အရေးယူမှုများနှင့် ပြည်တွင်းစစ်များ ပိုမိုဆိုးရွား လာခြင်း ကြောင့်  ယိုယွင်းနေသည့် နိုင်ငံကို  အရည် အချင်းပြည့်မီသော ခေါင်းဆောင် များ အုပ်ချုပ်ခွင့် ပေးရန်နှင့် မြန်မာ စစ်တပ် အနေဖြင့် နိုင်ငံရေးမှ နောက်ပြန်ဆုတ်ရန်  အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီး ဟောင်းက တိုက်တွန်းသည်။

မြန်မာစစ်တပ်အနေဖြင့် အင်ဒိုနီးရှား၏နမူနာကို ယူသင့်ကြောင်း၊ အင်ဒိုနီးရှား တွင် စစ်တပ်က လွန်ခဲ့သောဆယ်စုနှစ်များအတွင်း နိုင်ငံရေးမှ ဆုတ်ခွာသွား သည့် လမ်းကြောင်း လိုက်နာသင့်ကြောင်း ၎င်းက ဆိုသည်။ 

“အစိုးရထဲမှာ စစ်ဘက်ကလူတွေ အများကြီးရှိနေတာပဲ။  ဒါပေမဲ့ အရည်အချင်း မရှိဘဲ  သမ္မတဖြစ်ချင်လို့ရမလား။ အရည်အချင်းရှိတဲ့သူ အုပ်ချုပ်ပါစေ" ဟု ဆွစ်ဇာလန်တွင်ပြု လုပ် သည့် ကမ္ဘာ့ စီးပွား ရေးဖိုရမ်တွင် မြန်မာစစ် ခေါင်း ဆောင် မင်းအောင်လှိုင်ကို ရည်ညွှန်း၍ အင်ဒိုနီးရှား ဝန်ကြီး က ထောက်ပြ ပြောဆိုသည်။ 

အင်ဒိုနီးရှားနိုင်ငံတွင် ၁၉၆၆ ခုနှစ် အာဏာသိမ်းခဲ့သော စစ်ဗိုလ်ချုပ်ဟောင်း ဆူ ဟာ တိုကို ၁၉၉၈ ခုနှစ်တွင် ဖြုတ်ချပြီးနောက် ဒီမိုကရေစီသို့ ပြန်လည် ရောက် ရှိခဲ့ပြီး အင်ဒိုနီးရှား စစ်တပ်သည် နိုင်ငံ ရေးမှ လုံး၀ ထွက်ခွာသွားခဲ့သည်။


ဆက်ဖတ်ရန် →
မြန်မာနိုင်ငံကို ဘော်စနီးယား စတိုင်လ် No-fly-zone သတ်မှတ်ရေး ခရီးစဉ်

မြန်မာနိုင်ငံကို ဘော်စနီးယား စတိုင်လ် No-fly-zone သတ်မှတ်ရေး ခရီးစဉ်

ပင်တဂွန်က Eileen Laubacher နှင့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Donald Lu ဘင်္ဂလားဒေ့ရှ် နိုင်ငံသွားကြတယ်။ မြန်မာနိုင်ငံကို ဘော်စနီးယား စတိုင်လ် No-fly-zone သတ်မှတ်ရေး ခရီးစဉ်လို့ ပြောနေကြတယ်။ အဲ့ဒီအချိန်နဲ့ ကွက်တိမှာပဲ ကြင်စိုးရဲ့ လေတပ်က ကသာ မိုးတားလေး ရွာကို ရွာလုံးကျွတ် ဗုံးမိုး ရွာပစ်လိုက်တယ်။ အလှူ ရှိတဲ့အချိန် မို့လို့ ရွာသားတွေ တော်တော် ထိကြတယ်။ တက်လာတဲ့ ပုံတွေကလည်း မမြင်ရက်စရာတွေ။

ကသာ နယ်မြေက NUG နဲ့ မဟာမိတ် KIO ရဲ့ ထိန်းချုပ်မှုအောက်ကို ရာနှုန်းပြည့် နီးပါး ရောက်ပြီးသား။ အခွန်တောင် ကောက်နေတာ ကြာပြီ။ “ဖိုး - သရီး - သရီး” အခွန် စံနစ် ဆိုတာကို NUG က သုံးတယ်။ ပြည်ထောင်စု အတွက် ၃၀%၊ ပအဖ အတွက် ၄၀%၊ ပကဖ အတွက် ၄၀% သုံးတယ်တဲ့။ တကယ်တော့ ပြည်ထောင်စုဆိုတာ MoD အတွက် အများဆုံး သုံးတာပါပဲ။  မြို့နယ် ၄၀ နီးပါးကို NUG ရဲ့ အခွန်စံနစ် သုံးနေပြီ။ ၂၀၂၂ နှစ်လည်က စပြီးတော့ လည်ပါတ်နေပြီ ဖြစ်တဲ့အတွက် စံနစ်လည်း တော်တော် ကျနေပြီတဲ့။ 

ကြင်စိုးရဲ့ တပ်တွေ ကသာဝန်းကျင်ကို စစ်ကြောင်းပြန်ထိုးတာမှာ တော်တော် အထိနာနေသတဲ့။ လက်နက်ကိုင်ချင်း မနိုင်တော့ ထုံးစံအတိုင်း ရွာတွေကို ဗုံးကျဲပစ်လိုက်တာပဲ။ တနိုင်ငံလုံး အနှံ့ အဲ့လို ကျဲနေတာပါပဲ။ ဒါကြောင့်လည်း ဒီရက်ပိုင်းမှာ No Fly Zone, Limited Fly Zone ဆိုတဲ့ အသံတွေ ထွက်လာတာပဲ။ UN ရဲ့ Resolution နောက်ဆက်တွဲ လာဖို့ ရှိသလို US ရဲ့ BURMA Act ကလည်း အွန်သဝေး မို့လား။

ဘောဇိတွေက သိတယ် ဂျပေါင်ကု လက်ထက်မှာ “ချွေတာစုဆောင်း သူဌေးလောင်း” တော့ ဖြစ်မှာ မဟုတ်ဘူး “ချွေတာစုဆောင်း ျင်ဟောင်းလောင်း” ပဲ ဖြစ်မယ် ဆိုတာကို။ တော်လှန်ရေး ပြီးတဲ့ အချိန် အက်ဒီ အခွန်စလစ်တွေနဲ့ ရှင်းကြရမှာပဲမို့ လိုလိုလားလား အခွန်ဆောင်ကြသတဲ့။ “ဂျပုပေးငွေ ကြက်သောက်ရေ၊ နတ်အုန်းရွှေချ ပြန်မရ” ဆိုသလို ကြင်စိုးဆီကနေ ဂွင် ဝေးလို့ နောင်တနဲ့၊ ဒုက္ခတွေပဲ ရကြမှာကိုး။

ဒါကြောင့်လည်း ခုဆို NUG-MoPFI က ထုတ်ရောင်းမယ့် ကွန်ဒို အသစ်ကို ကြိုရောင်းကိုးက ဒေါ်လာ ၄ သန်းဖိုး ရှိပြီ။ ဂျပေါင်ကုရဲ့ ကျဆုံးခန်း နီးလေ ဒီဖက်က သွက်လာ၊ တက်လာလေပဲ မို့လား။ ဘောဇိ များအတွက် မိုးကုတ်ရတနာမြေ လုပ်ကွက်တွေ ချရောင်းဦးမှာ။ အကျိုးအမြတ်များမှာမို့ ဝယ်ကြမှာပဲ။

ဒီဖက်က ဝင်သမျှက ဂျပေါင်ကုအတွက် ကျည်တွေ၊ ဆူးတွေ၊ မီးတွေ ပါပဲ။ ဘောဇိတွေတင်လား ဆိုတော့ မဟုတ်ဘူး။ တပ်တွင်း ဖရဲသီးတွေကလည်း ပေါမှပေါ။ နိုင်မြင်းကို ရွေးလောင်းတဲ့ ခေတ်မှာ နိုင်မြင်းအပေါ် ပုံကြပြီပေါ့ဗျား။

ဆို့စ် - ကျူးလိပေါင် သတင်းစဉ် (နိုင်မြင်းတို့၏ ဒဏ္ဍာရီ ကဏ္ဍ)


ဆက်ဖတ်ရန် →
မူးယစ်ဆေးဝါးအမှုအပါအဝင် အခြားဆက်စပ်တဲ့အမှုများနဲ့ဖမ်းဆီးရမိတဲ့ထွန်းမင်းလတ်နဲ့အပေါင်းပါများကိုဇန်နဝါရီ၂၃ရက် တရားရုံးထုတ်မယ်လို့သိရ

မူးယစ်ဆေးဝါးအမှုအပါအဝင် အခြားဆက်စပ်တဲ့အမှုများနဲ့ဖမ်းဆီးရမိတဲ့ထွန်းမင်းလတ်နဲ့အပေါင်းပါများကိုဇန်နဝါရီ၂၃ရက် တရားရုံးထုတ်မယ်လို့သိရ

ဇန်နဝါရီ၁၉ရက်

မူးယစ်ဆေးဝါးအမှုအပါအဝင် အခြားဆက်စပ်တဲ့အမှုများနဲ့ဖမ်းဆီးရမိတဲ့ထွန်းမင်းလတ်နဲ့အပေါင်းပါများကိုဇန်နဝါရီ၂၃ရက် တရားရုံးထုတ်မယ်လို့သတင်းရရှိပါတယ်။

ဇန်နဝါရီ၁၉ရက်မှာ ထိုင်းရေးရာကျွမ်းကျင်သူ ဦးစတီဗင်စန်းယုကဆိုထားပါတယ်။

"မင်းအောင်လှိုင်လူယုံ ထွန်းမင်းလတ်နှင့် သူ့ရဲ့အတွင်းရေးမှုး၊ စစ်တပ်ခန့် ထိုင်းအထက်လွှတ်တော်အမတ် ဥပကစ်ရဲ့ သမက်နှင့် သူ့ရဲ့အတွင်းရေးမှုးတို့ကို သန်ဘက်ခါ၊ ဇန္နဝါရီလ ၂၃ ရက်နေ့မှာ ရုံးထုတ်ပါလိမ့်မယ်"လို့ဖော်ပြထားပါတယ်။

စစ်တပ်ခန့် အထက်လွှတ်တော်အမတ် ဥပကစ်က သူ့သမက်ကို လောလောဆယ် တရားခံစာရင်းထဲမထည့်ဘဲ အပြစ်မရှိသေးသူစာရင်းထဲ (သံသယရှိသူအဆင့်မှာသာ) မှာသာထားပေးဖို့တောင်းဆိုတာကို တရားရုံးက လက်မခံပါယ်ချခဲ့ပါတယ်။ 

ဒါ့အပြင် သူတို့ ၄ ယောက်လုံးကိုလည်း အာမခံပေးဖို့လျှောက်တာ ၄ ကြိမ်ရှိပြီဖြစ်ပေမယ့် ၄ ကြိမ်လုံးကို တရားရုံးကပါယ်ချခဲ့ပါတယ်။ 

မင်းအောင်လှိုင်လူယုံ ထွန်းမင်းလတ်ကို စွဲချက်တင်ထားတဲ့အမှုအ‌ရေအတွက်က အများကြီးဖြစ်ပြီး အဲဒီအမှု‌တွေထဲမှာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက်မှောင်ခိုမှု၊ ငွေကြေးခဝါချမှု စတာတွေအဓိကပါဝင်တယ်လို့ဆိုပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလက မင်းအောင်လှိုင်လူယုံ ထွန်းမင်းလတ်ကိုဖမ်းဆီးရမိတာဖြစ်ပါတယ်။
မိုးကြိုးသတင်းစဉ်


ဆက်ဖတ်ရန် →