နတ်ပြည်လဲရောက် ပတ်စပို့လဲရတဲ့နည်း
အာဆီယံ Plus အစည်းအဝေးကို စစ်ကောင်စီအသုံးချမှာ အမေရိကန်စိုးရိမ်
VOA
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနဲ့ အမေရိကန်အပါအဝင် မိတ်ဖက်နိုင်ငံတွေရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးကျွမ်းကျင်သူတွေရဲ့ လုပ်ငန်းအဆင့်ဆွေးနွေးမှုတွေကို မြန်မာစစ်အာဏာပိုင်တွေက အလွဲသုံးစားလုပ်မှာစိုးရိမ်ကြောင်း အမေရိကန်ကပြောလိုက်ပါတယ်။
လုပ်ငန်းအဆင့်ဆွေးနွေးပွဲကို စစ်ကောင်စီက အပြစ်မဲ့ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျုးလွန်နေတဲ့လုပ်ရပ်ကိုကာကွယ်ဖို့အတွက် အသုံးချမှာစိုးရိမ်ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး Marty Meiners က ဗွီအိုအေကို ပြောဆိုလိုက်တာပါ။ မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေဟာ အာဆီယံအသင်းရဲ့ စံတန်ဖိုးတွေကို ချိုးဖောက်ရာရောက်တာကြောင့် ပြီးခဲ့တဲ့နှစ် ဇူလိုင်လနဲ့ ဒီဇင်ဘာလက အစည်းအဝေးတွေမှာ အမေရိကန်မပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းလည်း ပြောပါတယ်။
အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေနဲ့ အမေရိကန်အပါအဝင် မိတ်ဖက်နိုင်ငံတွေရဲ့ ADMM-Plus အစည်းအဝေး ဒီလနှောင်းပိုင်း ထိုင်းနိုင်ငံမှာကျင်းပတဲ့အခါ မြန်မာနိုင်ငံကိုလည်း ဖိတ်ကြားထားတဲ့အပေါ် ဝေဖန်မှုတွေထွက်ပေါ်နေချိန်မှာပဲ အခုလို တုံ့ပြန်လိုက်တာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ဒီအစည်းအဝေးမှာ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနကို ဖိတ်ကြားထားတာဟာ အဆင့်မြင့်အကြီးတန်းအရာရှိအဆင့်တွေကို ဖိတ်ကြားတာမဟုတ်ဘဲ လုပ်ငန်းအဆင့်အရာရှိတွေကိုပဲ ဖိတ်ကြားတာဖြစ်တယ်လို့ ဒီလ အစောပိုင်းက ကာကွယ်ပြောဆိုထားပါတယ်။
အမေရိကန်က ထိုင်းနိုင်ငံနဲ့အတူ ပူးတွဲဦးဆောင်ပြီးကျင်းပဖို့ ရှိတဲ့ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ရေးအစီအစဉ်ကို ပြန်စဉ်းစားဖို့လိုလားနေသူတွေရှိသလို တဖက်မှာလည်း လူကုန်ကူးမှု၊ ပင်လယ်ရေကြောင်းတိုက်ခိုက်မှုနဲ့ ပြန်ပေးဆွဲမှုလိုကိစ္စရပ်တွေမှာ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့လိုတယ်လို့ ယူဆသူတွေလည်း ရှိနေကြပေမဲ့ ဒီအစီအစဉ်က အသုံးအဆောင်ပစ္စည်းကရိယာတွေဟာ မြန်မာစစ်ကောင်စီကို ပံ့ပိုးရာမရောက်အောင်လုပ်ဖို့လိုတယ်လို့လည်း သတိပေးနေကြပါတယ်။
မြန်မာကို ASEAN မှ ဖဲ့ထုတ်ပစ်ရန် မလေးရှားဝန်ကြီးချုပ် အကြံပြုချက် ခက်ခဲမည်
မလေးရှားဝန်ကြီးချုပ် မစ္စတာ အန်နဝါ အီဘရာဟင် / AFP
By Dewey Sim 18 February 2023 Irrawaddy
မြန်မာကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) မှ ဖဲ့ထုတ်ပစ်သင့်သည်ဟု မလေးရှားဝန်ကြီးချုပ် မစ္စတာ အန်နဝါ အီဘရာဟင်က ယခုအပတ်တွင် အကြံပြုခဲ့ပြီးနောက် ပေါ်ပေါက်လာသည့် ဆွေးနွေးငြင်းခုန်မှုများသည် မူမမှန်သော အဖွဲ့ဝင်နိုင်ငံတနိုင်ငံကို ပိုမိုပြင်းထန်သော အရေးယူမှုများ ပြုလုပ်ရာတွင် ASEAN ရင်ဆိုင်နေရသည့် ကြီးထွားနေသော ဖိအားကို မီးမောင်းထိုးပြနေသည်။
နိုဝင်ဘာလတွင် စတင်တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ် ဒေသတွင်းခရီးစဉ် တစိတ်တပိုင်းအဖြစ် ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် ပြောကြားသည့် မိန့်ခွန်း၌ မစ္စတာ အန်နဝါက ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသားချင်းစာနာမှု အကျပ်အတည်းအပေါ် ASEAN ၏ တုံ့ပြန်မှုများအကြောင်းကို ဆွေးနွေးခဲ့သည်။
“မြန်မာကို ကျနော်တို့ လတ်တလော ဖဲ့ထုတ်ထားသင့်တယ်။ မြန်မာပြဿနာကြောင့် ကျနော်တို့ လှုပ်ရှားမှုတွေကို အနှောင့်အယှက် မဖြစ်စေသင့်ဘူး။ မြန်မာစစ်ကောင်စီကို ပြင်းထန်တဲ့သတင်းစကားပေးဖို့ အခိုင်အမာ သဘောတူကြရင် အကောင်းဆုံးဖြစ်လိမ့်မယ်” ဟု ၎င်းကပြောသည်။
သူ၏မှတ်ချက်စကားကြောင့် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သော ASEAN သည် မြန်မာအကျပ်အတည်း ပေါ်ပေါက်ပြီး နှစ်နှစ်ကျော် ကြာသည့်တိုင် မြန်မာကို အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ သို့မဟုတ် ထုတ်ပယ်ရန် ဆန္ဒရှိ၊ မရှိဆိုသည့် ရှည်လျားသော ဆွေးနွေးငြင်းခုန်မှုများကို အသစ်တဖန် ပြန်လည်ပေါ်ပေါက်စေသည်။
မစ္စတာ အန်နဝါ၏ပြောဆိုချက်ကို အာရုံစိုက်လာကြခြင်းသည် မမျှော်လင့်ထားသော ကိစ္စတခုမဟုတ်ပေ။ မြန်မာစစ်ခေါင်းဆောင်များက နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး အရပ်သားအစိုးရသို့ အာဏာပြန်မပေးလျှင် မြန်မာကို ASEAN မှဆိုင်းငံ့ထားရန် ASEAN အစိုးရများကို ၂၀၂၁ ခုနှစ်တွင် မစ္စတာ အန်နဝါက အတိုက်အခံ နိုင်ငံရေးသမားတဦးအနေဖြင့် တိုက်တွန်းခဲ့ဖူးသည်။
သို့သော် မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက နောက်တနေ့တွင် များစွာလျှော့ပေါ့ထားသည့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပြီး မစ္စတာ အန်နဝါနှင့် ခပ်ဝေးဝေးနေလိုက်သောကြောင့် ဆွေးနွေးငြင်းခုန်မှုများ အလျင်အမြန် ပြန်လည်ငြိမ်သက် သွားခဲ့သည်။
မစ္စတာ အန်နဝါ၏ မှတ်ချက်သည် ASEAN အနေဖြင့် အဖွဲ့နှင့်ပြည်သူများ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ကြွယ်ဝချမ်းသာရေးကို အားပေးရန် ပိုမိုခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက် လုပ်ဆောင်ရာတွင် မြန်မာကိစ္စကြောင့် လမ်းကြောင်းလွဲမသွားသင့်ကြောင်း ပြောကြားခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဇမ်ဘရီ ကဒါက ပြောသည်။
မလေးရှားသည် မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သော အဖြေတခုရရန် မြန်မာကိုကူညီမည့် အားထုတ်မှုများတွင် အခြား ASEAN အဖွဲ့ဝင်များနှင့် အနီးကပ် အပြုသဘော ဆက်လက် လုပ်ကိုင်မည်ဟု မစ္စတာ ဇမ်ဘရီက ပြောသည်။
မြန်မာစစ်ကောင်စီခေါင်းဆောင် သဘောတူခဲ့သည့် ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည် ဖော်ရာတွင် တိုးတက်မှု မရှိသောကြောင့် မြန်မာကို အဖွဲ့ဝင်အဖြစ်မှ လုံးဝဆိုင်းငံ့ထားရန် တက်ကြွလှုပ်ရှားသူအဖွဲ့များက ASEAN ကို လွန်ခဲ့သောနှစ်အတွင်း တောင်းဆိုမှု ကြီးထွားလာခဲ့သည်။ ထိုငြိမ်းချမ်းရေး အစီအစဉ်တွင် အခြားအချက်များအပြင် အကြမ်းဖက်မှု ချက်ချင်းရပ်ဆိုင်းရေး ပါဝင်သည်။
နိုဝင်ဘာလက ဖနွမ်ပင်တွင် ကျင်းပသည့် ASEAN ထိပ်သီးဆွေးနွေးပွဲတွင် အချို့အစိုးရများသည် စိတ်မရှည်တော့သောကြောင့် မြန်မာကို အဖွဲ့မှ ဆိုင်းငံ့ထားရန် ဖြစ်နိုင်ကြောင်း လေ့လာသူအချို့က ကနဦးတွင် ပြောခဲ့သည်။
သို့သော် ထိုသို့ဖြစ်မလာဘဲ ASEAN ခေါင်းဆောင်များသည် မူလငြိမ်းချမ်းရေး အစီအစဉ်ကို ဆက်လက်လုပ်ကိုင်ရန် ကတိပြုခဲ့ပြီး ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရန် တိကျသော အချိန်ဇယားတခု သတ်မှတ်လိုကြောင်း ရှင်းလင်းစွာပြောကြားခဲ့သည်။
ASEAN အဖွဲ့၏ အစည်းအဝေးများတွင် မြန်မာ၏ ကိုယ်စားပြုမှုကို ပြန်လည်သုံးသပ်ရန်လည်း အစိုးရများကို တာဝန်ပေးအပ်ခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာစစ်အရာရှိများကို ASEAN ထိပ်သီးဆွေးနွေးပွဲနှင့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကဲ့သို့သော အရေးပါသည့် အစည်းအဝေးများတွင်သာ ပိတ်ပင်ထားသည်။
အဖွဲ့ဝင်တနိုင်ငံကို ဆိုင်းငံ့ သို့မဟုတ် ထုတ်ပယ်ခြင်း မပြုရဟု ပြဋ္ဌာန်းချက် ASEAN ပဋိညာဉ်တွင် ဖော်ပြထားခြင်း မရှိသော်လည်း အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသည့် အဖွဲ့၏မူကြောင့် မြန်မာကို ဖယ်ထုတ်ခြင်းသည် ခက်ခဲသော ကိစ္စဖြစ်ကြောင်း လေ့လာသူအချို့က အစောပိုင်းတွင် ထောက်ပြခဲ့သည်။
ASEAN နိုင်ငံများသည် မြန်မာနိုင်ငံမှ မတည်ငြိမ်မှုနှင့် ပတ်သက်၍ ကွဲပြားသော အမြင်များလည်း ရှိနေကြပြီး ဗီယက်နမ်၊ ထိုင်းနှင့် လာအိုတို့က စစ်ကောင်စီနှင့် သင့်မြတ်လိုသည့် သဘောထားရှိကြသည်။
ASEAN ခေါင်းဆောင်များ အနေဖြင့် ယခုအခါ ထိုဆွေးနွေးမှုကို ပြန်လည်စတင်ရန် အကြောင်းရင်းများ ရှိနိုင်သည်။ စင်ကာပူရှိ ISEAS-Yusof Ishak Institute က မကြာသေးမီက ထုတ်ပြန်သည့် စစ်တမ်းတခုအရ တုံ့ပြန်ဖြေကြားသူများ၏ ၁၃ ဒသမ ၇ ရာခိုင်နှုန်းက မြန်မာကို အဖွဲ့မှ ထုတ်ပစ်သင့်သည်ဟု ဖြေသောကြောင့် ယခင်နှစ် ၈ ရာခိုင်နှုန်းထက် ပိုမိုများလာကြောင်း သိရသည်။
ဖြေဆိုသူများ၏ ၁၈ ရာခိုင်နှုန်းက စစ်ကောင်စီ၏ မလိုက်နာမှုအတွက် ပေးဆပ်ရသောတန်ဖိုး ပိုမိုကြီးမားစေရန် မြန်မာကို ဆိုင်းငံ့ခြင်းနှင့် ပစ်မှတ်ထားအရေးယူခြင်း အပါအဝင် ပိုမိုပြင်းထန်သည့် နည်လမ်းများသုံးသည်ကို လိုလားကြသည်။ ထိုအုပ်စုအတွင်းတွင်လည်း အင်ဒိုနီးရှားမှ ဖြေကြားသူများက အပြင်းထန်ဆုံး အမြင်များရှိကြပြီး ၂၄ ရာခိုင်နှုန်းအထိရှိကြောင်း ထိုစစ်တမ်းတွင် ဖော်ပြထားသည်။
မစ္စတာ အန်နဝါ၏ ပြောဆိုချက်ကြောင့် ကာလတို ငြင်းခုန်ဆွေးနွေးမှုများ ဖြစ်လာနိုင်သော်လည်း ပြဿနာရှည်ကြာလာပြီး ပိုမိုကြမ်းတမ်းသည့် အရေးယူမှုများကို ဆက်၍ လိုလားလာသည်နှင့်အမျှ ယခုနှစ် အင်ဒိုနီးရှားနိုင်ငံက ဥက္ကဋ္ဌတာဝန်ယူနေစဉ်အတွင်း ASEAN က ပိုမိုပြင်းထန်စွာ လုပ်ဆောင်လာနိုင်သည်ဆိုသည့် မျှော်လင့်ချက်ကို ဖြစ်ပေါ်စေသည်။
(South China Morning Post မှ Dewey Sim ၏ Malaysian PM Anwar’s suggestion of Asean ‘carving out Myanmar’ faces uphill task ကို ဘာသာပြန် ဖော်ပြသည်။)
စစ်အာဏာရှင်စနစ်နှင့်အတူ ငွေညှစ်ဘေးကြီး နိုင်ငံ့အနှံ့ တိုက်ခတ်နေ
ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများပါမကျန် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာများကို လုံခြုံရေးအကြောင်းပြ တားဆီး စစ်ဆေးရင်း မဖြစ်မနေ ပိုက်ဆံတောင်းလေ့ရှိသည်။
မြတ်သွယ်
ငြိမ်းဆွေ
အောင်ဇေ
Myanmar Now
Published on Feb 17, 2023
အာဏာသိမ်းမှုနှင့်အတူ ပစ်ခတ်သတ်ဖြတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ ရွာလုံးကျွတ်မီးတင်ရှို့၍ ထွက်ပြေးရသည့် ဘေးဒုက္ခများကို ရင်ဆိုင်နေရသည့် မြန်မာလူထုသည် အေးဓားပြတိုက်ခံရသော ငွေညှစ်ဘေးကြီးကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ရင်ဆိုင်နေရသည်။
ထိုဘေးကြီးသည် မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များတွင်လည်းကောင်း၊ လေဆိပ်လူဝင်မှုကြီးကြပ်ရေးနေရာတွင်လည်းကောင်း၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးတွင်လည်းကောင်း၊ ရဲစခန်းများတွင်လည်းကောင်း ရိုက်ခတ်နေသလို မထင်လျှင်မထင်သလို အချိန်မရွေးပေါ်ပေါက်နေသည့် ကပ်ဘေးကြီးဖြစ်လေသည်။
လွန်ခဲ့သည့် ဇန်နဝါရီလဆန်းပိုင်း နံနက်ခင်းတစ်ခု၌ အအေးဓာတ်လွှမ်းဆဲဖြစ်သော်လည်း မန္တလေးမြို့မှ ကိုချမ်းမြေ့*က ဆိုင်ကယ်ဖြင့် ပစ္စည်းလိုက်ပို့ရန် လမ်းပေါ်ရောက်နေပြီဖြစ်သည်။ မြို့အရှေ့ပိုင်းကို နာရီဝက်ခန့် ခရီးနှင်ရမည်ဖြစ်ရာ ဆိုင်ကယ်ကို ခပ်မြန်မြန်မောင်းနှင်လာသည်။
အသက် ၂၈ နှစ်အရွယ် ကိုချမ်းမြေ့မှာ ကုန်ပစ္စည်းလိုက်ပို့သည့်လုပ်ငန်း (Delivery) လုပ်ကိုင်သူ ဖြစ်သည်။ သိပ္ပံလမ်းနှင့် ၅၆ လမ်းထောင့်အရောက် လက်နက်ကိုင်ရဲနှစ်ဦးက ဆိုင်ကယ်ကို ရပ်တန့်ခိုင်းသည်။ မလှမ်းမကမ်း၌ စစ်သားများက ဆိုင်ကယ်နှင့် ကားများကို အလားတူ စစ်ဆေးနေသည်ကို တွေ့ရသည်။
ရဲများက ဆိုင်ကယ် Toolbox (ပစ္စည်းကိရိယာထည့်ရာနေရာ) ဖွင့်ပြခိုင်းပြီးနောက် ဘယ်သွားမလဲ မေးကာ လိုင်စင်ပါ ပြခိုင်းသည်။ ယာဉ်မောင်းလိုင်စင် သက်တမ်းကုန်နေသောကြောင့် ယာဉ်ထိန်းရဲမေနှစ်ဦးရှိရာကို လက်ညှိုးထိုးပြကာ သွားရှင်းစေသည်။ စားပွဲခုံဖြင့် အကျအနထိုင်နေသော ရဲမေနှစ်ဦးအနားတွင် လူတွေ အုံလိုက်ကျင်းလိုက်ပင်။
“အဖမ်းခံရသူတွေ အုံနေတာပဲ။ တချို့က ဦးထုပ်မပါလို့ တချို့က လိုင်စင်မပါလို့၊ တချို့က သက်တမ်းကုန်လို့။ တချို့က ကားစီးရင်း ခါးပတ်ပတ်မထားလို့ စုံနေတာပေါ့။ တစ်မှုကို သုံးသောင်းတောင်းတယ်။ ဦးထုပ်မပါရင် သုံးသောင်း၊ လိုင်စင်မပါရင် သုံးသောင်း။ အဲဒီလို” ဟု ထိုနေ့က မြင်ရသည့်အနေအထားကို ကိုချမ်းမြေ့က ပြန်ပြောပြသည်။
“ရှေ့ကလူတွေအားလုံးက မော်တော်ပီကယ်မတွေကို တောင်းပန်ပြီး ငွေညှိသွားကြတာ တွေ့ရတယ်။ ကျွန်တော့်အလှည့်ရောက်တော့ လက်ထဲမှာ မနေ့က လုပ်အားခရထားတဲ့ တစ်သောင်းခွဲကို တောင်းပန်ပြီး ပေးခဲ့တယ်။ စိတ်ထဲတော့ အောင့်သက်သက်ပေါ့ဗျာ”
မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးသည်လည်း ထိုသိပ္ပံလမ်းအနီးမှာပင် ဆိုင်ကယ်ဖြင့် သွားလာရင်း လက်နက်ကိုင်ရဲများနှင့် ထိပ်တိုက်တွေ့တာ အဖမ်းခံခဲ့ရသည်။ ထိုအမျိုးသမီးငယ်မှာ ယခင်က သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးရာ အစစ်ဆေးခံရချိန်၌ ဆိုင်ကယ်လိုင်စင်ပြနိုင်သော်လည်း ယာဉ်မောင်းလိုင်စင် ထုတ်မပြရဲဖြစ်နေသည်။
လိုင်စင်မပြနိုင်သည့်အဆုံး ကိုချမ်းမြေ့နည်းတူ ယာဉ်ထိန်းရဲမေနှစ်ဦးရှိရာ ရောက်ခဲ့ရသည်။ သူ့ရှေ့တွင် ကားသမားတစ်ဦးက ရဲမေများကို ငွေကျပ်နှစ်သောင်းပေးသွားသည်ကို တွေ့လိုက်ရသည်။ ရဲမေတစ်ဦးက မာမာကျောကျောပင် ငွေသုံးသောင်းပေးရန် စတောင်းသည်။ အလိုလို ကြောက်စိတ်ဝင်နေသည်ဖြစ်ရာ သုံးသောင်းမပါသော်လည်း တောင်းတောင်းပန်ပန်ဖြင့် ငွေတစ်သောင်း ပေးခဲ့လိုက်သည်။
တစ်ချိန်တည်း အဖမ်းခံရသည့် လူငယ်တစ်ဦးမှာ ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် မပါသည့်အပြင် ဆိုင်ကယ်ဦးထုပ်လည်း မပါသဖြင့် အမှုပေါင်းသုံးမှုအတွက် ကိုးသောင်းအထိ ပေးရမည့်ကိန်းဆိုက်နေသည်။ ထိုလူငယ်မှာ အမှန်တကယ်ပင် ပိုက်ဆံမပါသဖြင့် အခက်တွေ့နေသော်လည်း ယာဉ်ထိန်းရဲမေများက အလွတ်မပေးပါပေ။ ရှိသမျှ တစ်ထောင်တန်ငါးရွက်ကိုပင် အရယူပြီး ပြန်လွှတ်လိုက်သည်။
ယခင်တုန်းကမူ မန္တလေးမြို့တွင် ဆိုင်ကယ်အဖမ်းခံရပါက အမှုအလိုက် ယာဉ်ထိန်းရဲက ချလန်ဖြတ်ပိုင်းပေးကာ သက်ဆိုင်ရာရုံးကို သွားရောက်ဖြေရှင်းစေသည်။ အာဏာသိမ်း စစ်ကောင်စီလက်ထက်၌မူ ရဲနှင့် စစ်သားများ ဦးဆောင်ကာ ဖြတ်သန်းသွားလာသူမှန်သမျှကို စိတ်ကြိုက်စစ်ဆေးပြီး အေးဓားပြတိုက်သည့်နှယ် ပိုက်ဆံတန်းတောင်းနေသည်။
မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်နှစ်မှစ၍ အာဏာသိမ်းသည့် စစ်တပ်၏လုပ်ရပ်ကို လက်မခံနိုင်သောကြောင့် နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံတော်လှန်မှုများ ပေါ်ပေါက်နေသည်။ ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများတွင် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာများကို လုံခြုံရေးအကြောင်းပြ တားဆီးစစ်ဆေးရင်း မဖြစ်မနေ ပိုက်ဆံတောင်းလေ့ရှိသည်။
စစ်အာဏာရှင်စနစ်နှင့်အတူ အကျင့်ပျက်ခြစားမှု ခေါင်းထောင်လာကာ အာဏာပိုင်များ၏ နေရာမရွေး အချိန်မရွေး ရသည့်နည်းဖြင့် ငွေကြေးတောင်းခံခြင်းများ ရှိလာသည်။ ပြည်ပမှ ပြန်ရောက်လာသည့် နိုင်ငံသားများကိုပင် ရန်ကုန်လေဆိပ်ရှိ လဝကဝန်ထမ်းများက အကြောင်းမဲ့ ပိုက်ဆံတောင်းနေသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက Myanmar Now ကို ဆက်သွယ်ပြောဆိုလာခြင်းများ ရှိသည်။
ရန်ကုန်လေဆိပ်အရောက်တွင် လဝကဝန်ထမ်းများက အလည်အပတ်ပြန်လာသူ၊ ပြည်ပတွင် အလုပ်လုပ်နေရင်း ခွင့်ဖြင့် ပြန်လာသူ စသဖြင့် သီးခြားစီ တန်းစီစေကာ ပိုက်ဆံတောင်းခြင်းဖြစ်သည်။ ခွင့်ဖြင့် ပြန်လာသူများကို ကျပ်တစ်သောင်းကျော်နှင့် ညီမျှသည့် နိုင်ငံခြားငွေပေးရန် ပြောင်ပြောင်တင်းတင်းပင် တောင်းသည်။ အထောက်အထားပြည့်စုံသဖြင့် ငွေမပေးသူများကို မောက်မောက်မာမာ ပြောဆိုဆက်ဆံသည်ဟု ယခုလဆန်းပိုင်းက ထိုင်းနိုင်ငံမှ ပြန်လာသူတစ်ဦးက ဆိုသည်။
ပြည်ပထွက်ခွာသူများကိုလည်း ပိုက်ဆံတောင်းသည်ဟု သိရသည်။ ယခုလ ၁ ရက်က ရန်ကုန်လေဆိပ် လဝကကောင်တာ၌ ပြည်ပထွက်ခွာမည့် အမျိုးသားတစ်ဦးကို လဝကအရာရှိက ငွေတောင်းနေကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။
“လဝကဝန်ထမ်းက ပိုက်ဆံတောင်းတာပါ။ ဘယ်လောက်တောင်းလဲတော့ မကြားလိုက်ဘူး။ အတောင်းခံရတဲ့အစ်ကိုက ကျွန်တော် ဟိုရှေ့နားမှာလည်း သုံးသောင်းတောင် ပေးရတာလို့ အသံကျယ်ကျယ်နဲ့ ပြောတော့ လူတွေဝိုင်းကြည့်တာနဲ့ ရှက်ပြီး သွားခိုင်းပါတယ်”
လူဦးရေ အများဆုံးနေထိုင်ရာ စီးပွားရေးမြို့တော် ရန်ကုန်တွင် ရဲ၊ ယာဉ်ထိန်းရဲနှင့် စစ်သားများ ငွေတောင်းကြမ်းသဖြင့် မြို့ခံများနှင့် အငှားယာဉ်မောင်းများ ညည်းညူနေကြသည်။
လောလောလတ်လတ် သွားရင်းလာရင်း စစ်သားနှင့် ယာဉ်ထိန်းရဲ၏ ပိုက်ဆံတောင်းခြင်းခံရသူမှာ သာကေတမြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ ကျော်အရွယ် ကိုချစ်မင်း* ဖြစ်သည်။ သုဝဏ္ဏမြို့နယ်မှ အကြွေးတောင်းပြီး ပြန်လာစဉ် သာကေတတံတားအဆင်း ရွှေပုစွန်မုန့်တိုက်အနီးတွင် စစ်သားတစ်ဦးနှင့် ယာဉ်ထိန်းရဲတစ်ဦးက တားဆီးခဲ့ခြင်းပင်။ အကြွေးတောင်းရလာသည့် ငွေတစ်သိန်းကျော်ဖြင့် ဖောင်းနေသော အိတ်ကပ်ကို ရဲက မျက်ခြည်မပြတ် လိုက်ကြည့်နေသည်။
“ကျွန်တော့အင်္ကျီအိတ်ကို ကြည့်ပြီးတော့ မင်း ဒီစက်ဘီးစီးပြီးသွားလို့ မရဘူးဆိုတာ မသိဘူးလားဆိုပြီး ပြောတယ်။ အားလုံးသွားနေတာပဲလို့ ကျွန်တော်က ပြောတော့ ဘေးကစစ်သားက ဟေ့ကောင် စောက်စကားမများနဲ့ ဒါဘာလဲ တွေ့လားဆိုပြီး သေနတ်ထောင်ပြတယ်” ဟု ကိုချစ်မင်းက သူ့အတွေ့အကြုံကို ပြန်ပြောပြသည်။
ယာဉ်ထိန်းရဲက ကြားမှနေ၍ ကယ်တင်ရှင်ဂိုက်ဖမ်းကာ ငွေငါးသောင်းပေးပြီး မြန်မြန်ထွက်သွားရန် အချက်ပြကြောင်း၊ ဒေါသအလိပ်လိပ်ထွက်မိသော်လည်း သေနတ်ကြောက်သဖြင့် ငွေကျပ်ငါးသောင်းပေးကာ ထွက်လာစဉ် စစ်သားက သေနတ်တပြင်ပြင်လုပ်ပြနေကြောင်း ကိုချစ်မင်းက ပြောသည်။
ရဲနှင့် စစ်သားများ နေရာမရွေး အချိန်မရွေး ခြိမ်းခြောက်ငွေညှစ်တတ်သည်ကို သာကေတမြို့နယ်မှ နောက်ထပ်ဖြစ်ရပ်တစ်ခုက သက်သေပြနေသည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဖြစ်သည်။ ည ၁၀ နာရီခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များ ဦးဆောင်ကာ စစ်ကားသုံးစီးဖြင့် ရပ်ကွက်အတွင်း ဧည့်စာရင်းလိုက်စစ်သည်။ အင်အား ၅၀ ခန့်ရှိ ၎င်းတို့အဖွဲ့တွင် အရပ်ဝတ်ရဲများနှင့် စစ်တပ်သတင်းပေး ရပ်ကွက်လူကြီးများလည်း ပါဝင်သည်။
သာကေတသူ မမော်လေး* တို့အိမ်ကို စစ်သားသုံးဦး ဝင်ရောက်လာသည်။ ထိုနေ့က အိမ်တွင် သားအမိနှစ်ဦးသာ ရှိနေပြီး ၁၃ နှစ်အရွယ် သမီးဖြစ်သူမှာ အိပ်မောကျနေပြီဖြစ်သည်။
“ကျွန်မအမျိုးသားက အလုပ်ကိစ္စနဲ့ ခရီးသွားနေတာကို ဘာလို့ အိမ်မှာ မရှိတာလဲဆိုပြီး ရစ်တယ်။ ပြီးတော့ စာအုပ်စင်က စာအုပ်တွေကြည့်ပြီး နိုင်ငံရေးလုပ်ရင် အဖမ်းခံရမှာ ခင်ဗျားမသိဘူးလားဆိုပြီး ပြောတယ်” ဟု အသက် ၃၅ နှစ်အရွယ် မမော်လေးက ဧည့်စာရင်းစစ်ခံရသည့် အတွေ့အကြုံကို ပြောပြသည်။
စာအုပ်စဉ်မှ စာအုပ်အချို့နှင့် လက်ကိုင်ဖုန်းကို စစ်ဆေးပြီးနောက် သတင်းဌာနအချို့၏ Facebook စာမျက်နှာများကို Like လုပ်ထားသည့်အတွက် ဖမ်းဆီးရမည်ဖြစ်ကြောင်း စစ်သားများက ပြောဆိုသည်။ ထို့နောက် စစ်သားတစ်ဦးက အိမ်အပြင် ခဏထွက်ကြည့်ပြီး ပြန်ဝင်လာကာ ကျန်စစ်သားနှစ်ဦးကို ခေါင်းညိတ်အချက်ပြသည်ကို မမော်လေး မြင်လိုက်မိသည်။
ထို့နောက် လက်မောင်းတွင် အရစ်နှစ်ရစ်ပါ (တပ်ကြပ်) စစ်သားက ဗိုလ်ကြီးသိလျှင် အဖမ်းခံရမည်ဖြစ်ကြောင်း၊ အဖမ်းမခံချင်လျှင် ငွေသုံးသိန်းပေးရမည်ဖြစ်ကြောင်း ပြောဆိုလာသည်။
“သိလိုက်ပြီ။ ဒါ ငွေညှစ်တာပဲ။ ပြီးတော့ ကျန်တဲ့စစ်သားတွေကိုလည်း မသိစေချင်ဘူးဆိုတော့။ ကျွန်မက သုံးသိန်းတော့ မရှိဘူး။ တစ်သိန်းပဲ ယူပါဆိုပြီး ပြောတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး စစ်သားတစ်ယောက်က မကျေနပ်တဲ့အသံနဲ့ ပေးပေးဆိုပြီး ပြောတယ်” ဟု မမော်လေးက ဆိုသည်။
နောက်တစ်နေ့ နံနက်ရောက်ချိန်မှ သိလိုက်ရသည်မှာ ထိုသို့ငွေညှစ်ခံရသည်မှာ မမော်လေးတစ်ဦးတည်း မဟုတ်ပါပေ။ ရပ်ကွက်အတွင်းရှိ တခြားနေအိမ်များလည်း တစ်ခုမဟုတ်တစ်ခု အကြောင်းပြကာ ငွေညှစ်ခံရသည်။
စစ်ကောင်စီ သက်ဆိုးရှည်လာသည်နှင့်အမျှ မည်သည့်နေရာတွင် ရဲ၊ ယာဉ်ထိန်းရဲနှင့် စစ်သားများ ရှိတတ်သည်ကို ပြည်သူများ သိလာကြသည်။ ထိုသို့ အစစ်အဆေးကြမ်းသည့်နေရာများကို ကြိုတင်ရှောင်ရှားနိုင်ရေး အချင်းချင်း ပြန်လည် ဖောက်သည်ချကြသည်။ သို့သော် ရှောင်တခင်စစ်ဆေးမှုနှင့် တိုးသည့်အခါတွင် မလွှဲမရှောင်သာ ရင်ဆိုင်ကြရတော့သည်။
ရှောင်တခင်စစ်ဆေးမှု တစ်ခုခုကြုံရပါက အချင်းချင်း ပြန်သတိပေးရသည်ဟု ရန်ကုန်မြို့မှ အသက် ၅၃ နှစ်အရွယ် အငှားယာဉ်မောင်းတစ်ဦးက ဆိုသည်။
“ကိုယ်ဖြတ်ခဲ့တဲ့နေရာကို ရှေ့ကလာတဲ့ကားကို လှမ်းပြောတာပဲ။ ဥပမာဗျာ ကျွန်တော်က ဗန္ဓုလတံတားအဆင်းမှာ ပေးခဲ့ရတယ်ဆိုရင် ရှေ့ကလာတဲ့ကားကို အဲဒီနေရာ မသွားဖို့ ပြောတယ်။ ကိုယ်သိတဲ့ တက္ကစီသမားတွေစုထားတဲ့ မက်ဆင်ဂျာဂရုထဲ ဝင်ပြောလိုက်တယ်။ ဒါမျိုးပေါ့”
“ကိုယ့်ဘဝတူချင်း စာနာတာလည်း ပါတယ်၊ ဒီကောင်တွေကို မသဒ္ဓါတာလည်း ပါတယ်။ နောက်ဆုံးဗျာ သူတို့ပေးရမဲ့ငွေဆို ဆွဲပဲ ဖြဲလိုက်ချင်တယ်။ ဒီကောင်တွေကိုတော့ မပေးချင်ဘူး” ဟုလည်း တက္ကစီသမားက မကျေမချမ်းဆိုသည်။
ယာဉ်စည်းကမ်းလမ်းစည်းကမ်း အကြောင်းပြကာ ယာဉ်ထိန်းရဲ၊ ရဲနှင့် စစ်သားများသာမက ဌာနပေါင်းစုံမှ ဝန်ထမ်းများပါဝင်သည့် စုပေါင်းအဖွဲ့များမှာ တစ်နေရာတည်း၌ အတည်တကျ အထိုင်ချ ဖမ်းဆီးခြင်းမျိုး မဟုတ်ဘဲ ရွေ့လျားစနစ်ဖြင့် လှည့်လည်ဖမ်းဆီးတတ်သည်။
အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင်လည်း ထိုအတိုင်းပင်ဖြစ်သည်။ နေပြည်တော်တစ်ဝိုက်တွင် အုပ်ချုပ်ရေးအာဏာပိုင်များနှင့် ယာဉ်ထိန်းရဲများ အဖွဲ့လိုက် လှည့်လည်သွားလာကာ ဆိုင်ကယ်နှင့် ကုန်တင်ယာဉ်များပါမချန် ရသမျှ ပိုက်ဆံလိုက်တောင်းလေ့ရှိသည်။
ယခင်က ရုံးပိတ်ရက်ဖြစ်သော စနေနှင့် တနင်္ဂနွေနေ့များတွင် အစစ်အဆေးရှိတတ်သော်လည်း အာဏာသိမ်းပြီးနောက် ရုံးဖွင့်ရက်များတွင်ပါ နေရာစုံ၌ ယာဉ်ထိန်းရဲနှင့် စစ်သားများ ရှိနေတတ်သည်။ လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးရင်း မဖြစ်မနေငွေတောင်းတတ်သည်ဟု ဒေသခံတို့က ဆိုသည်။
ရာဇသင်္ဂဟလမ်းပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်သို့ သွားရာ လမ်းမီးပွိုင့်အနီး ယာဉ်ထိန်းရုံးအပါအဝင် ကြံ့ခိုင်ရေးပါတီဌာနချုပ်ရှေ့၊ ကျောက်မျက်ပြခန်းမီးပွိုင့်အနီး၊ မြို့တော်ခန်းမအနီး၊ စည်ပင်ဧည့်ရိပ်သာမီးပွိုင့်အနီးနှင့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်ရှိရာ ပျဉ်းမနားမြို့တွင်း ရှမ်းကန်အနီးတို့တွင် ဖြတ်သန်းသွားလာသူများကို ဖမ်းဆီးစစ်ဆေးပြီး ငွေကြေးတောင်းခံသည့် ယာဉ်ထိန်းရဲများကို တွေ့ရတတ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
“စုပေါင်းအဖွဲ့တွေဆိုရင်တော့ ချလန်ဖြတ်တယ်။ ဒါပေမဲ့ ပြောတတ်ရင် ပိုက်ဆံတစ်သောင်းလောက် ပေးပြီး ညှိလို့ရသေးတယ်။ မော်တော်ပီကယ် တစ်ယောက်နှစ်ယောက် ဖမ်းရင်တော့ ချလန်မဖြတ်ဘူး။ ဖမ်းတဲ့နေရာမှာတင် အပြီးရှင်းခိုင်းတာ” ဟု ကိုယ်တိုင်ကြုံဖူးသည့် နေပြည်တော်နေ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးက ပြောသည်။
ညနေ ၆ နာရီကျော်ပါက ယာဉ်မောင်းလိုင်စင်နှင့် ဆိုင်ကယ်ဦးထုပ်သာမက ဆိုင်ကယ်ပါ Toolbox ကိုပါ ဖွင့်ပြခိုင်းပြီး စစ်ဆေးလေ့ရှိသည်ဟု ဆိုသည်။ အဓိကအားဖြင့် ဆိုင်ကယ်ဦးထုပ် ဆောင်းမထားသူများကို ပစ်မှတ်ထား ဖမ်းဆီးလေ့ရှိသည်ဟုလည်း သိရသည်။
“ဦးထုပ်မပါလို့ကတော့ တားပြီး စစ်ပြီ။ ပြီးရင် တန်းညှိတာ၊ ငါးထောင် တစ်သောင်းပေးရင် အဆင်ပြေပြီ” ဟု ဒီဇင်ဘာလအတွင်း ဇဗ္ဗူသီရိမြို့နယ်တွင် ကိုယ်တိုင်အဖမ်းခံခဲ့ရသူတစ်ဦးက ဆိုသည်။
“ဖမ်းရင် လေးဖက်လေးတန် ပိတ်ဖမ်းတာ။ ဘယ်လိုမှ ပြေးလို့မရဘူး။ မိရင် ဆိုင်ကယ်သော့ကို တန်းဖြုတ်ပြီး အခြားတစ်ယောက်ကို ပစ်ပေး၊ ငွေညှစ်တော့တာပဲ” ဟု နေပြည်တော် ပျဉ်းမနားမြို့တွင် ဒီဇင်ဘာလအတွင်းက ဆိုင်ကယ်အဖမ်းခံခဲ့ရသူတစ်ဦးက ပြောသည်။
စစ်ဗိုလ်ချုပ်များ ရုံးစိုက်ရာ နေပြည်တော်၌ ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း၊ ယာဉ်မောင်းလိုင်စင်မပါခြင်းများအတွက် တစ်မှု ကျပ်ငါးသောင်းနှုန်း တန်းတောင်းသော်လည်း မည်သည့်အခါမျှ ချလန်ဖြတ်မပေးကြောင်း သိရသည်။
ပျဉ်းမနားမြို့တောင်ဘက် ရန်ကုန် - မန္တလေးလမ်းဟောင်းပေါ်ရှိ အလျင်လိုရွာအနီးတွင် ယာဉ်ထိန်းရဲနှင့် ဌာနပေါင်းစုံမှ ဝန်ထမ်းများ အဖွဲ့လိုက် စတည်းချကာ ကုန်တင်ကားများကို အဓိကထား ပိုက်ဆံတောင်းလေ့ရှိပြီး ထိုအဖွဲ့တွင် စစ်သားနှင့် ရဲများအပြင် ၎င်းတို့နှင့် နီးစပ်သည့် မှုခင်းသတင်းထောက်ဆိုသူများပါ ပါလေ့ရှိပြီး တောင်းရသည့်ပိုက်ဆံဖြင့် နေ့စဉ် အရက်ဝိုင်းဖွဲ့လေ့ရှိသည်။
“ကုန်တင်ကားလာတဲ့ပေါ် မူတည်ပြီး တစ်နေ့ကို သိန်းနဲ့ချီပြီး ရတယ်။ ပြီးရင် ခွဲယူကြတာပေါ့” ဟု ထိုစုပေါင်းအဖွဲ့တွင် ပါဝင်သူတစ်ဦးက ဖောက်သည်ချသည်။
ဌာနပေါင်းစုံမှ အာဏာပိုင်များ စုဖွဲ့ထားသည့်အဖွဲ့တွင် ယာဉ်ထိန်းရဲ၊ ရဲနှင့် စစ်သားများအပြင် အရပ်ဝတ် ထွေအုပ်ဝန်ထမ်းများ ပါလေ့ရှိပြီး တောင်းယူရရှိသည့် ငွေကြေးကို အချိုးကျ ခွဲယူကြသည်။ အာဏာမသိမ်းမီက လမ်းဆုံလမ်းခွများ၌ တောင်းလေ့ရှိသော ကလေးသူငယ်များပင် သိပ်မတွေ့ရတော့ကြောင်း မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။
“အရင်က ခုလိုနေရာတွေမှာ ခွက်တစ်လုံးနဲ့ ပိုက်ဆံတောင်းသူတွေပေါ့။ ကလေးငယ်တွေ ပါတယ်။ အခုတော့ သူတို့ သိပ်နေရာမရကြတော့ပါဘူး။ သူတို့အစား သေနတ်ကြီးနဲ့ တောင်းသူတွေ ပေါလာတယ်။ အရင်လို သနားပြီးပေးရတာမျိုး မဟုတ်ဘူး။ ရွံ့ကြောက်ကြီးနဲ့ ပေးရတာဗျာ”
(မှတ်ချက် - * လုံခြုံရေးအရ အမည်လွှဲများဖြင့် ဖော်ပြထားပါသည်။)
အိုးဘိုထောင်ကို ငရုတ်သီး၊ကြက်သွန် ပါဆယ်ပို့ခွင့်ပိတ်
နိုင်ငံရေးအကျဥ်းသူတချို့ တိုက်ပိတ်ခံရပြီးနောက် အိုးဘိုထောင်ကို ငရုတ်သီး၊ကြက်သွန် ပါဆယ်ပို့ခွင့်ပိတ်
၁၈ ဖေဖော်ဝါရီ ၂၀၂၃, BBC
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်းမှာ နိုင်ငံရေး အကျဉ်းသူတချို့ ဒီလဆန်းက အကြမ်းဖက် ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံရ၊ ထောင်ဝင်စာ ၁ လပိတ်ခံရပြီးနောက် အမျိုးသမီးဆောင်ကို ပါဆယ်ဆက်ပို့ခွင့်ရနေသူအတွက် ငရုတ်သီး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီတွေပါ ထည့်သွင်းပေးပို့ခွင့် ပိတ်လိုက်တယ်လို့ အမျိုးသမီးဆောင်ကို ဆက်ပို့ခွင့်ရနေသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
" အိုးဘိုထောင်အတွင်း ငရုတ်သီးနဲ့ပတ်သက်တာ သွင်းခွင့်မရှိတော့ဘူး။ ငါးခြောက်တွေကြော်ရင် ငရုတ်သီးပါတာ မဟုတ်လား။ အဲ့ဒါ သွင်းခွင့်မပေးတော့ဘူး။ ငရုတ်သီးအစိမ်းတောင် မရတော့ဘူး။ ကန့်သတ်သွားတာ။ အတွင်းမှာ အသုပ်သုပ်စားလို့ရအောင် ခရမ်းချဉ်သီး၊ ကြက်သွန်နီတွေ အကျဉ်းသူတွေနား ရှိတယ်။ သူတို့(ထောင်ဝန်ထမ်း) အန္တရာယ်ပြုချိန်မှာ အဲ့ဒါတွေနဲ့ လှမ်းပေါက်လို့တဲ့။ ခရမ်းချဉ်၊ ကြက်သွန်ကို ကြောက်နေကြတာ"လို့ လက်ရှိ အိုးဘိုထောင်တွင်း ပါဆယ်ပို့ခွင့်ရသူတွေရဲ့ ကန့်သတ်ထားတဲ့ အစားစာ အခြေနေအကြောင်းကို ထောင်တွင်း နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၄ ရက်နေ့က မန္တလေး အိုးဘိုအကျဉ်းထောင်ရဲ့ အိပ်ဆောင်အမှတ်(၁)က အမျိုးသမီးအကျဉ်းဆောင်မှာ ရေနွေးတောင်းရာကနေ ထောင်ဝန်ထမ်းတွေနဲ့ နိုင်ငံရေးအကျဉ်းသူတွေ စကားများရန်ဖြစ်ခဲ့ပါတယ်လို့ သူက ပြောပါတယ်။
အမျိုးသမီး ထောင်အရာရှိနဲ့ ဝန်ထမ်းတွေက ပြဿနာကို ပြေလည်အေင်ဖြေရှင်းပေးတာ မရှိဘဲ အကျဉ်းထောင် ဝန်ထမ်း နဲ့ စည်းကမ်းထိန်းသိမ်းရေး အမျိုးသားအကျဉ်းသားတွေက အင်အား ၁၅၀ ခန့်နဲ့ ဝင်ရောက် အကြမ်းဖက် ရိုက်နှက်ခဲ့တယ်လို့ NUG က ပြောထားပါတယ်။
သံတုတ်၊ ဝါးဆစ်ပိတ်၊ လောက်လေးခွ၊ ကွန်ကရစ် လောက်စာလုံး၊ ကျဥ်စက်တွေကို အသုံးပြုပြီး ရိုက်နှက်ခဲ့လို့ နိုင်ငံရေးအကျဉ်းသူ ၁၀၀ကျော် ထိခိုက်ဒဏ်ရာရပြီး ၂၁ ဦး ဒဏ်ရာပြင်းထန်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ရဲ့ လူ့အခွင့်ရေး ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒဏ်ရာရသူတွေမှာ ဦးခေါင်းကွဲ၊ နားရွက်ပြတ်ရှ၊ လက်ကျိုး၊ မျက်လုံးအနီး လေးခွမှန်၊ မျက်လုံး မျက်မှန်စဝင် ဒဏ်ရာရရှိတာတွေ ရှိပေမယ့် လုံလောက်တဲ့ ဆေးကုသမှု မရရှိလို့ ကျန်းမာရေးအခြေနေ စိုးရိမ်ရပြီး နောက်ရက်များတွေမှာ လိင်အကြမ်းဖက်မှုတွေပါ ရှိလာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံရေး အကျဉ်းသူ အမျိုးသမီး ၇၂ ဦးကို အစားစာ၊ အဝတ်ထည်နဲ့ အသုံးဆောင်ပစ္စည်း ယူဆောင်ခွင့်မပေးဘဲ ပြစ်ဒဏ်တိုက်ကို ပြောင်းရွှေ့ပြီး ထောင်ဝင်စာ ၁လ ပိတ်ပင်ခဲ့သလို နိုင်ငံရေးအကျဉ်းသူ နှစ်ဦးလည်း တိုက်ပိတ်ခံရပါတယ်။ အဲ့ဒီနောက်ရက်မှာ အိုးဘိုအကျဉ်းထောင် အမျိုးသမီးအိပ်ဆောင် (၄) နဲ့ (၅) မှာလည်း နိုင်ငံရေးအကျဉ်းသူတွေကို အကြမ်းဖက် အကြိမ်ကြိမ်ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြဿနာဖြစ်ပြီးနောက် နိုင်ငံရေး အကျဉ်းသူ အမျိုးသမီးတချို့ ပါဆယ်ပို့ခွင့်ရသူ ရှိပေမဲ့ ဒီနေ့အချိန်ထိ ထောင်တွင်းက ပြန်စာတွေ အပြင်ကို ရောက်မလာဘူးလို့ နိုင်ငံရေး အကျဉ်းသူ မိသားစုဝင်တွေက ပြောပါတယ်။
" ပါဆယ်ပို့ခွင့် ပိတ်ထားခံရတဲ့ ဦးရေ အများကြီးပဲ။ ကိုယ့်ကလေးက အဲဒီထဲမပါဘူးလေ။ ဒါပေမဲ့ ကလေးဆီကစာ ခုထိမရောက်သေးဘူး။ ခါတိုင်းဆို ၁၅ ရက်တစ်ခါ ထွက်လာတယ်။ နေကောင်းတယ်။ ကျန်းမာတယ်။ ဘယ်လိုဘယ်ညာဆိုတာ။ တစောင်မှ ထွက်မလာသေးဘူး"လို့ နိုင်ငံရေး အကျဉ်းသူ မိသားစုဝင်တစ်ဦးက တွေ့ကြုံနေရတာကို ပြောပါတယ်။
အိုးဘိုထောင်တွင်း အကြမ်းဖက်မှုနဲ့ ဆေးကုသခွင့်နဲ့ပတ်သက်လို့ နေပြည်တော် အကျဉ်းဦးစီးဌာနကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိပါဘူး။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ အကြမ်းဖက် ရိုက်နှက်တာ၊ တိုက်ပိတ်တာ၊ ဆေးကုသခွင့် မလုံလောက်တာ၊ ထောင်ပြောင်းရွှေ့တာတွေကို နိုင်ငံရေးအကျဉ်းသားတွေ ပြုလုပ်နေတယ်လို့ လူ့အခွင့်စောင့်ကြည့်သူ ထောင်တွင်းနီးစပ်သူတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဒီနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၅၈၈၂ ဦးရှိပြီး ထောင်ဒဏ်ချမှတ်ခံရသူက ၄၃၉၈ ဦးဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
စစ်မှုထမ်းဟောင်းများကို နေ့စားခ ၁ သောင်းပေးပြီး အသုံးပြုနေ
တပ်ကြပ်ကြီးကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ တပ်သားကို လိုက်လံရှာဖွေနေ
စစ်သားအချင်းချင်း ပစ်သတ်ခဲ့သည့် တပ်သားမျိုးမြင့် KLG PDF ထံလက်နက်နှင့်တကွ အလင်းဝင်
အေးဂျင့်နဲ့မရတော့ MOU နဲ့ သွားကြတယ်
ကဒဲရွာတွင်အိမ်ခြေ ၁၀၀ နီးပါး စစ်တပ်က မီးရှို့ဖျက်ဆီး၊ ပြည်သူ ၂၀ ခန့်ကို ရိုက်နှက် ဖမ်းဆီး
ပုလောမြို့နယ်၊ ကဒဲရွာတွင် ဘုန်းကြီးကျောင်းအပါအဝင် အိမ်ခြေ ၁၀၀ နီးပါး စစ်တပ်က မီးရှို့ဖျက်ဆီး၊ သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၂၀ ခန့်ကို စစ်တပ်က ရိုက်နှက် ဖမ်းဆီး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရန်ကုန်ခေတ်သစ်သတင်းဌာန
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကဒဲရွာတွင် ဘုန်းကြီးကျောင်းအပါအဝင် အိမ် ၁၀၀ နီးပါး စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်ပြီး သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၂၀ ခန့်ကို ရိုက်နှက် ဖမ်းဆီးသွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညပိုင်းတွင် စစ်တပ်က ကဒဲကျေးရွာသို့ ဝင်ရောက်စီးနင်းပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းမှ ညပိုင်းအထိ မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ ကဒဲရွာတွင် အိမ်ခြေ ၄၀၀ ကျော်ဖြင့် လူဦးရေ ၂၀၀၀ ကျော်ရှိပြီး ရွာလုံးလုံးကျွတ် ထွက်ပြေးနေရကြောင်း၊ သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၂၀ ဦးကို ရိုက်နှက် ဖမ်းသွားကြောင်း သိရှိရသည်။
"တနင်္သာရီတိုင်း ပုလောမြို့နယ် ကဒဲကျေးရွာမှာ စစ်ခွေးအင်အား၂၀၀ခန့် က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်စီးနင်းပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းကနေ ညနက်တဲ့အထိ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အိမ်ခြေတစ်ရာနီးပါး မီးလောင်ပြာကျသွားပါတယ်။ သံဃာတော် ၂ ပါး အပါ ပြည်သူ ၂၀ ကိုလည်း ဖမ်းသွားပါတယ်။ အခုထက်ထိ သတင်းမရသေးပါဘူး"ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။
ညီနန္ဒလာကယ်နေပြီမမို့
အကယ်ဒမီ မို့မို့မြင့်အောင် နှင့် ခင်ပွန်းဟောင်းအား
ငွေကျပ်သိန်း(၅ဝဝဝ)လိမ်လည်မှုဖြင့် အမှုဖွင့်ထား
NP News - ဖေဖော်ဝါရီ ၁၈
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မို့မို့မြင့်အောင်နှင့်
ခင်ပွန်းဟောင်းဖြစ်သူ ဦးမောင်မောင်ကျော်တို့အား ငွေ
ကျပ်သိန်း(၅ဝဝဝ)လိမ်လည်မှုဖြင့် ပဲခူးတိုင်း၊ အင်းတ
ကော်မြို့ရှိ အင်းတကော်ရဲစခန်း၌ အမှုဖွင့်ထား
ကြောင်းသတင်းရရှိသည်။
အင်းတကော်မြို့၊ ထန်းပင်ချောင်ကျေးရွာနေ ဦးစိုးလှိုင်
(ခ)ဦးအောင်အောင်မိုး ဆိုသူက တရားလိုပြုလုပ်ကာ
အင်းတကော်ရဲစခန်းသို့ လာရောက်အမှုဖွင့်ခဲ့ခြင်း
ဖြစ်ကြောင်း ရဲစခန်းနှင့်နီးစပ်သော သတင်းအရင်း
အမြစ်က NP News ကို အတည်ပြုပြောဆိုထားသည်။
ဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုးနှင့် ဦးမောင်မောင်
ကျော်၊ ဒေါ်မို့မို့မြင့်အောင်တို့သည် ခင်မင်ရင်းနှီးသည့်
ဆက်ဆံရေးရှိခဲ့ကြောင်း သိရပြီး ထားဝယ်ဆိပ်ကမ်း
လုပ်ငန်းအတွက် အရေးတကြီးငွေလိုအပ်သည်ဟု
ဆိုကာ ၎င်းတို့နှစ်ဦးမှ ငွေကျပ်သိန်း(၅ဝဝဝ) ခေတ္တ
အကူအညီပေးရန် တောင်းခံခဲ့ကြောင်း သိရသည်။
ထိုသို့ ဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုးထံမှ ငွေကျပ်သိ
န်း(၅ဝဝဝ)ကို ရယူခဲ့ပြီးနောက် ဦးမောင်မောင်ကျော်နှင့်ဒေါ်မို့မို့မြင့်အောင်တို့အား အကြိမ်ကြိမ် ပြန်လည်တောင်းခံခဲ့ သော်လည်း ပေးအပ်ခြင်းမရှိခဲ့ကြောင်း
သိရသည်ဟု အထက်ပါသတင်းအရင်းအမြစ်က
ဆိုထားသည်။
ထို့ပြင် နှစ်ဖက်အကြား တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်
ခဲ့ပြီး ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ငွေကျပ်သိန်း(၅ဝဝဝ)အား ပြန်လည်ပေးဆပ်မည်ဟု ဦးမောင်မော်ကျော်တို့ ဘက်မှ ခံဝန်ကတိလက်မှတ်
ရေးထိုးမှုများရှိခဲ့သော်လည်း ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ကာ ရှောင်တိမ်းနေလျက်ရှိကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။
ထို့ကြောင့် ငွေထုတ်ပေးခဲ့သော ဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုးသည် အင်းတကော်ရဲစခန်းသို့သွားရောက်ကာ ဦးမောင်မောင်ကျော်နှင့် ဒေါ်မို့မို့မြင့်အောင်
တို့အား အရေးယူပေးရန် ရာဇသတ်ကြီးပုဒ်မ ၄၂ဝ
ဖြင့် အမှုဖွင့်ခဲ့ကြောင်း ရဲစခန်းနှင့်နီးစပ်သောသ
တင်းအရင်းအမြစ်က ဆိုထားသည်။
ထိုသို့ အမှုဖွင့်ထားသည့်ကိစ္စနှင့်ပတ်သက်၍လတ်တ
လောတွင် သရုပ်ဆောင်မို့မို့မြင့်အောင်ဘက်မှ တစ်စုံ
တစ်ရာထုတ်ဖော်ပြောဆိုခြင်းမျိုး မတွေ့ရသေးပေ။
ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလအတွင်း နိုင်ငံပိုင်
သတင်းစာ၌ သရုပ်ဆောင်မို့မို့မြင့်အောင်သည်၎င်း
၏ခင်ပွန်းဖြစ်သူ ဦးမောင်မောင်ကျော်နှင့် တရားဝင်
ကွာရှင်းပြီးဖြစ်ကြောင်း ကြေညာခဲ့သည်ကို တွေ့ရှိရသည်။
ဦးမောင်မောင်ကျော်အနေဖြင့် ငွေကြေးအရှုပ်အရှင်းများကို အကြိမ်ကြိမ်ကျူးလွန်ထားခြင်းကြောင့် လက်ခံခွင့်လွှတ်နိုင်စွမ်း မရှိသည့်အတွက် နှစ်ဦးသဘောတူ တရားဝင်ကွာရှင်းပြီး ဖြစ်ကြောင်း သရုပ်
ဆောင်မို့မို့မြင့်အောင်ဘက်က ကြေညာခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
















