နောက်ဆုံးရ
တပွဲစား

တပွဲစား

မင်းအောင်လှိုင်၏ စိတ်ထဲတွင် စွဲနေသည့် တခုတည်းသော အရာက ဗိုလ်နေဝင်း နှင့် ဗိုလ်သန်းရွှေ တို့ပင် တိုင်းပြည်ကို နှစ် နှစ်ဆယ်ကျော်မျှ အုပ်ချုပ်သွားနိုင်ပါလျှက် သူ့ကျမှ အဘယ်ကြောင့် မဖြစ်နိုင်ရသနည်း ဆိုသည်လောက်သာ တွေးတောနိုင်စွမ်း ရှိသော ဦးနှောက် မျိုး နှင့် တပွဲထိုး ကြံစည်နေခြင်း ဖြစ်သည်။

ဖြစ်နိုင်လျှင် ပြည်သူ တရပ်လုံးအား ထိုခေတ် ထဲသို့ ပြန်ဆွဲ ခေါ်ချင်နေသည်။ ထို့အတွက် ဗီယက်နမ် ပင် လျှပ်စစ် ကား ထုတ်လုပ်နိုင်သည့် အနေအထား ရောက်လာချိန်တွင် မင်းအောင်လှိုင်သည် တိုင်းချစ် ပြည်ချစ် စိတ်ဖြင့် စက်ဘီးများကို ထုတ်၊ ဖုန် သုတ် စီးကြပါရန် ၎င်း၏ မြစ်ကြီးနား ခရီးစဉ် တွင် ပြောဆိုသွားခဲ့ခြင်းကပင် ၎င်း ရှိနေ သမျှ တိုးတက်နေသော ခေတ်ကြီး နှင့် ရင်ဘောင်တန်း နိုင်ဖို့ မည်သို့မျှ မျှော်လင့်ချက် မရှိ ဆိုသည်ကို ပြဆိုသွား ခြင်းဖြစ်သည်။ ထို့အပြင် လျှပ်စစ်ရထား၊ ကားများ ထုတ်လုပ်သွားမည်ဟု တဖွဖွ ပြောနေရင်းက စက်ဘီးဖက် လှည့်သွားသည့် အရေးသည်လည်း ဆိုရှယ် မီဒီယာများ တွင် အကြီးကျယ်ဆုံး ဟာသ ဖြစ်သွားခဲ့ရသည်။

အစစ အရာရာ ရှေ့သို့သာ တိုးတက်နေသော ခေတ်ကာလကြီး ဖြစ်သည့် နှစ်ဆယ့်တစ်ရာစုထဲတွင် ဘိုးဘွား များထက် စာလျှင် တိုးတက်ရမည့် အစား ယခုအခါ ၎င်းတို့ ခေတ်ကကဲ့သို့ပင် မိမိတို့သည်လည်း မောင်ဗမာ စက်ဘီးနှင့် နှစ်ပါးသွား ရတော့မည့် အရေး ဖြစ်လာနေပြီ။ တိုင်းပြည်အုပ်ချုပ်ရန် ကြံနေသူသည် ခေတ်ကို နောက်ပြန် ဆွဲသွားနေသည့်အဖြစ်အား ပြည်သူများ အဖို့ မတွေးမိဘဲ နေနိုင်ကြမည် မဟုတ်ပေ။ ဤသည်ကို ကြည့်လျှင် ပြောရမည့်စကား ဟုတ်၊ မဟုတ် ဟူ၍ပင် ခွဲခြားနိုင်စွမ်း မရှိသူ ဖြစ်နေသည်မှာ အထင်အရှားပင်။

စစ်ခေါင်းဆောင်များ၏ ထုံးစံအတိုင်း အထွေထွေ ယုတ်လျော့ကျဆင်းလာနေမှုအား ကမ္ဘာကြီးကို အပြစ်ပုံချ တတ်စမြဲ ဖြစ်သည်။ သို့ဆိုက ပတ်ဝန်းကျင် အိမ်နီးချင်း နိုင်ငံများ ဖြစ်သော လာအို၊ ကမ္ဘောဒီယား ကဲ့သို့ နိုင်ငံများမှာ ကိုဗစ် နောက်ပိုင်း အရှိန်အဟုန်နှင့် တိုးတက်လာနေသည်ကို မည်သို့များ ပြောဆိုနိုင်ဦးပေမည်နည်း။

ပြည်သူများအား စက်ဘီးစီးပြီး ချွေတာရန် သာ ပြောနေသော်လည်း ရုရှား၊ တရုတ်တို့မှ နောက်ဆုံးပေါ် လူသတ် လက်နက် တိုက်လေယာဉ်ကြီးများ အဘယ်ကြောင့် ဝယ်ယူနေကြရသနည်း ဟု မေးခွန်းထုတ်လာကြမည် ဖြစ်သည်။

တာလီဘန် လက်အောက် အာဖဂန်နစ္စတန် ရှိ ပြည်သူများသည် မြန်မာပြည်သူများ ကဲ့သို့ ဖိနှိပ်အုပ်ချုပ်ခံရမှု များ နှင့် အခြေအနေ အားလုံး နီးပါး တူညီစွာ ကြုံတွေ့နေရသော်လည်း ၎င်းတို့ အဖို့ တာလီဘန် အစိုးရ၏ အကြမ်း ဖက်မှု များ၊ ရွာများကို မီးရှို့ခံရမှု များ နှင့် လွတ်ကင်းနေဆဲပင် ဖြစ်သည်။

မင်းအောင်လှိုင်တို့ ၏ အာဏာကို ဆုပ်ကိုင်ထားနိုင်ရန် ကြိုးပမ်းနေမှု မှန်သမျှ သည် အတွေးအခေါ် အနှစ်သာရ မရှိ၊ လက်ထဲတွင် သေနတ်ရှိက မည်သူမဆို လုပ်နိုင်သည့် လူမိုက် အဆင့် သာသာ လုပ်ရပ်များ ဖြစ်သည်က စဉ်းစားဉာဏ် ရှိသူတိုင်း သိပြီး ဖြစ်သည်။

၎င်း၏ မြစ်ကြီးနား ခရီးစဉ် ဖြစ်မြောက်ရန် လုံခြုံရေးအား စစ်အင်အား ထောင်ချီ၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ် များ နှင့် ဝိုင်းရံ စောင့်ရှောက်ပေးခဲ့ရပြန်သည်။ အစည်းအဝေး ခန်းမထဲသို့ မည်သူမျှ လက်ကိုင်ဖုန်းများ ယူလာခွင့် မပြုကြောင်း သိရသည်။ ၎င်းအဖို့က တိုင်းပြည်ကို စိုးမိုးထားနိုင်ဆဲ ဟု ကမ္ဘာကို ပြသ ရန် နှင့် အဖက်ဖက်မှ ပြိုလဲ ကျဆင်းလာနေသော သစ္စာခံ တပ်များ အား စိတ်ဓါတ် မြှင့်တင် ပေးနိုင်ရန် ဖြစ်သည်။ ဤသည်တွင် တပ်ဖွဲ့ ဝင်များ အတွက် လက်နက်ကောင်းများ ထုတ်လုပ်ပေးရန် စီစဉ်နေသည်ဟူ၍ ထည့်ပြောသွားသည်ကို ကြည့်က ထင်ရှားနေသည်။

ဆယ်စုနှစ်ပေါင်း များစွာ စစ်ဘေး၊ အငတ်ဘေး နှင့် ကြုံနေရသော ကမ္ဘောဒီယား နိုင်ငံ ဝန်ကြီးချုပ်ကပင် မြန်မာ ပြည်တွင် ဖြစ်ပျက်နေမှု များ အတွက် သူ့လက်မှ လွတ်ပြီ၊ အင်ဒိုနီရှားသာ ဆက် ခံပေတော့ သဘောမျိုးဖြင့် ဘရပ်ဆဲလ်တွင် လှောင်ပြောင် ပြောဆိုသွားခဲ့သည်။ ၎င်းတို့ ရှိနေသရွေ့ နောက် ငါးနှစ် ကြာသည့်တိုင် ဖြေရှင်း နိုင်မည် မဟုတ်၊ မိမိနှင့် ၎င်း၏ သံတမန် ဖြစ်သူတို့ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း မည်သို့မျှ မျှော်လင့်ချက် မရှိ၍ အထူး သံတမန် သွားမည့် ခရီးစဉ်ကိုပင် ဖျက်သိမ်းလိုက်ပြီဟု ဆိုသည်။

ထိုသို့ အိမ်နီးချင်း နိုင်ငံများမှ ၎င်းတို့အား hot potato ကြီး အလား လက်ပြောင်းလက်လွှဲ လုပ်လာနေသည် ကို ရှက်ရကောင်းမှန်းလည်း မသိကြ၊ ရေအိုင်ထဲက ဖားသူငယ်များအလား ယခုထိ ကုလသမဂ္ဂ တွင် အသိအမှတ် ပြု မခံရသည့် အရေးကို နားမလည်နိုင် ဖြစ်နေရသည်ဟု ဆိုလာပြန်သည်။ ၎င်းတို့ အတွက် ဆူးကြီး တချောင်းလို စိုက်ဝင်နေသော အမျိုးသား ညီညွတ်ရေး အစိုးရ၏ ကုလ ကိုယ်စားလှယ် ဖြစ်လာသူ သံအမတ် ကြီး ဦးကျော်မိုးထွန်းကို ပိုနေမြဲ ကျားနေမြဲ ဆက်ထားရန် ဆုံးဖြတ်ချက်ကို သောကြာနေ့တွင် တရားဝင် ကျေညာ တော့မည် ဖြစ်သည်။

ကနဦးက စစ်ကောင်စီအား လူသိရှင်ကြား ထောက်ခံနေသော ရုရှားက ကပျက်ယပျက် လုပ်မည့် အရေးကြောင့် ကုလ အထွေထွေ ညီလာခံ တွင် မဲခွဲရသည့် အဆင့်အထိများ ဖြစ်လာလေမလားဟု စိုးရိမ်မှုများ ရှိခဲ့သော်လည်း ထိုသို့ တကမ္ဘာလုံးက မကောင်းဆိုးဝါးကြီး အလား သတ်မှတ်ခံထားရသူဖက်မှ အဆုံးစွန်အထိ လိုက်ပြီး ထောက်ခံ ကာကွယ်ပေးရမည့် အရေးကို မူ လက်တွန့်သွားပုံရသည်ဟု လေ့လာသူ များ က သုံးသပ်ခဲ့ကြသည်။

ရုရှား အားကိုး နှင့် ဒီတကြိမ်တော့ အဆင်ပြေလောက်ပြီဟူ၍ ထင်ထားသော အကြမ်းဖက် စစ်တပ်အဖို့ အကြီး အကျယ် စိတ်ဓါတ်ကျစရာ ဖြစ်သွားခဲ့ရသည်။

စစ်ကောင်စီ၏ အဆင်ခြင်မဲ့ လုပ်ရပ်များဖြင့် ကိုယ့်ဂိုးကိုယ် ပြန်သွင်းနေခြင်းကြောင့် အမျိုးသား ညီညွတ်ရေး အစိုးရသည် နိုင်ငံတကာ တွင် ပွဲလည်တင့်လာနေပြီ ဖြစ်သည်။

ထိုသို့ ဖြစ်လာနေသည်ကို မင်းအောင်လှိုင်သည် မှန်ကန်စွာ သုံးသပ်နိုင်ခြင်း မရှိကြောင်းကို မြစ်ကြီးနား ခရီး စဉ်တွင် အာဏာသိမ်းပြီးကာစ မည်သူ့အကူအညီ တပြားတချပ်မှ မပါဘဲ မည်သို့ မည်ပုံ ရုန်းကန် ခဲ့ရသည်ကို သိက “ခင်ဗျားတို့ အားလုံး မျက်ရည်ကျသွားမယ်” ဟူသော စကားက သက်သေခံနေပေသည်။

အဘယ်ကြောင့်ဆိုသော် စိတ်ပညာ သဘောအရ လူတို့သည် မိမိတို့ အခြေအနေ မြင့်မားလာပြီ ဟု ယုံကြည် သည့် အခါတိုင်း နိမ့်ကျခဲ့စဉ်က မည်သို့မည်ပုံ ရုန်းကန်ခဲ့ရသည်ကို ပြန်ပြောရန် ဝန်မလေး တတ်ကြသောကြောင့် ဖြစ်သည်။

မင်းအောင်လှိုင် အဖို့ အခြေအနေကို မှန်ကန်စွာ စစ်ကြောနိုင်စွမ်း ရှိသည့် ဦးနှောက်မျိုး မပိုင်ဆိုင် ခဲ့ခြင်းကပင် တော်လှန်ရေးကြီး အောင်မြင်ဖို့ အထောက်အပံ့များ ဖြစ်လာခဲ့ရ သည် မဟုတ်ပါလော။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

လှစိုးဝေ

ဓါတ်ပုံ - မြန်မာ နောင်း (EPA-EFE)


ဆက်ဖတ်ရန် →
ဘောမချိူကြီးအချွန်နှင့်မ

ဘောမချိူကြီးအချွန်နှင့်မ


USAရောက်ဘောမချိုကြီးကဘောယက်မိုးစက်ကို
တရားသူကြီးထောင်မြန်မြန်ချစေရန်မြှောက်ပေးပုံ
 

မိုးစက်/ကိုကို/နှာဘူး

(သဲတော/ဝမ်းတွင်း)

၉၇လောက်မှာ မလေးရှား SubangJayaရောက်လာ

 ဘောလုံးပွဲဒိုင်လိုလို ပွဲစားလိုလိုနဲ့ အလုပ်မယ်မယ်

ရရမရှိတဲ့လူလိမ် အိမ်မှာ ဖင်ဆီဒိုင်းရောင်း သူခိုး

အဖွဲ့နဲ့ပေါင်းပြီး ကိုယ်တိုင်ခိုးသလို ခိုးရာပါပစ္စည်း

လည်းထုခွဲရောင်းချပေး ၁၉၉၈လောက်မှာ အင်ဒိုမ

နှင့်ယူ ၂၀၀၃ဝန်းကျင် SubangTaipanကုန်းမှာ 

မျက်မှန်ဆိုင်ဝင်ခိုး ရဲကလိုက်ဖမ်းလို့ထွက်ပြေး 

နယ်ပြောင်းသွား ၂၀၀၅ဝန်းကျင် Subangပြန်ရောက် 

အင်ဒိုမတစ်ယောက်နှင့်ထပ်ယူ မျိုးချစ်မြန်မာ 

Facebook pageထောင်ပြီး ကမ္ဘာအနှံမှဘောမ

ကွန်ယက်နှင့်ချိတ်ဆက်ပြီး ဘောအကြီးအကျယ်မ

 ၂၀၁၀ဝန်းကျင် မြန်မာအခေါ်(လောက်စလုံး)ဆိုင် 

အပေါ်မှာ မြန်မာအရက်ဆိုင်ဖွင့် ၂၀၁၃ဝန်းကျင် 

ဒုက္ခသည်အနေနဲ့ အမေရိကားသွားခွင့်ရ 

လေယာဉ်ပေါ်ထိရောက်ပြီးမှ သွားခွင့်မရပဲဆွဲချပြီး 

နောက်ကြောင်းပြန်စစ်ဆေးခြင်းခံရ ကြောက်လန့်ပြီး

 မျိုးချစ်မြန်မာ ဘောမpageနဲ့ personal Facebook 

အကောင့်အားလုံးဖျက်ပစ် မကြာခင် အမေရိကား

ပြန်သွားခွင့်ရ အမေရိကားသွားခါနီး လက်ထပ်ထားတဲ့

အတူနေမြန်မာမိန်းကလေးဆီမှ ငွေကြေးအမြောက်

အမြားယူသွားပြီး အမေရိကားကိုမခေါ်လို့ ပြဿနာ

အကြီးအကျယ်ဖြစ် အခုအမေရိကားမှာ 

ဘောမကြီးမိုးစက်အဖြစ်အောင်မြင်နေ😂

 ငါ့ပိုက်ဆံဘတ်သွားတဲ့မအလလေး အမှုရှုံးပါစေဗျာ🙏 

#Crd တိုးကြီး(ဩစီ)

 

ဆက်ဖတ်ရန် →
AAဟာစောင့်ကြည့်စာရင်းထဲမှာရှိတယ်

AAဟာစောင့်ကြည့်စာရင်းထဲမှာရှိတယ်

အာဏာခိုးတဲ့နေ့ညနေ၃နာရီမှာညိုထွန်းအောင်ဆို
တဲ့AAကတွစ်တာမှာတင်ခဲ့တာဒေါ်စုအဖမ်းခံတာကို
ပွဲလုပ်ပျော်နေတာလူသတ်လက်ကိုအပြစ်မမြင်နိုင်တဲ့မျက်ပေါက်ကျဉ်းတွေ တော်လှန်ရေးမှာထည့်
Countစရာတကွက်မှမရှိတဲ့ဟာတွေ ရခိုင်ပြည်သူ
တွေကတော့ဆင်းရဲတွင်းနက်နေအုံးမှာပဲ







နောက်ထပ်ရတဲ့သတင်းတခုက
ဖြစ်နိုင်ပါ့မလား
ဝကတရုတ်နောက်ခံနဲ့နေတာ
NUGကိုတရားဝင်ထောက်ခံဖို့
တရုတ်မီးစိမ်းပြမှရမယ်
တရုတ်သဘောထားက
NUGဖက်ခြေစုံရပ်ဖို့
မအလနဲ့ပူတင်လက်ရှိဆက်ဆံရေး
ကိုမျက်ကွယ်ပြုရဲပါ့မလား
UWSA&AAကဖြုတ်အသဲလောက်ပဲရှိတာ
ဝိုင်းစဉ်းစားပေးအုံး👇👇👇

" ပွဲပြီးပါပြီ ဗျို့ " 

' ၀ 'က NUG PDF တွေလိုတာ ကူညီပေးမယ်လို့ KTY ဆိုပြီး တ‌စ်ယောက် ပိုစ့်တင်ထားတာတွေ့ရတယ် ဒီသတင်းသေချာရင် အရင်က ကြိုပြောခဲ့သလို အကယ်၍ မဟုတ်လည်း ဟုတ်လာလိမ့်မယ် ဒီတော့ တော်လှန်ရေး ပွဲပြီးတော့မည်ဆိုတာ သိစေချင်တယ် 

ခု NUG ကို အစိုးရအဖြစ် အသိမှတ်ပြု စကစကို အကြမ်းဖက်အဖြစ်သက်မှတ် နိုင်ငံတကာက ထောက်ခံ အသိမှတ်ပြုပြီး US က Support တာနဲ့ အထူးသဖြင့် Burma act အောင်မြင်တာနဲ့ ပြင်တွင်းမှာ ရှိသမျှ Eaos တွေ စကစဘက် မရပ်ရဲပဲ NUG နဲ့ အတူ ပူးပေါင်းလာကြပါလိမ့်မယ်ဆိုတာ ဒါကြောင့် NUG ရဲ့ သံတမန်ရေးကို အထင်မသေးကြပဲ အားပေးမြောက်မှု ရှိကြရပါလိမ့်မည်ဆိုတာ NUG အဓိကသွားနေတဲ့ အချက်ဟာ ထိုအချက် အပါဖြစ်တယ်ဆိုတာ မဟုတ်ရင် ဆိုင်ရာ Eao တွေပါ အကြမ်းဖက်အဖြစ် သက်မှတ်ခံရရုံမက မဟုတ်တာ လုပ်ထားရင် (မူးယစ်နဲ့ တရားမ၀င်) အကုန်စွဲစိခံရမည်ဆိုတာ ခု ၀က NUG PDF ကို ထောက်ခံ အသိမှတ်ပြုရုံမဟုတ် လိုအပ်တာ ကူညီပေးမည်ဆိုတာ နောက်ခံသာကော မီးစိမ်းနဲ့ စကစမနိုင်တော့ဘူးဆိုတာ သိလို့ရယ် Burma act အကောင်ထည်ဖော်လာရင် US နဲ့ သူ စစ်ရေးအရ မဟုတ်တောင် နိုင်ငံရေးအရ ထိတ်တိုက်တွေ့လာပြီး US က NUG ကို support လာရင် သူက စကစကို တန်ပြန် Support ရင် US နဲ့ ထိတ်တိုက်တွေ့မယ် 

NDAA အချက်ပါအရ စကစကို Support နေတဲ့ ရုရှား တျုတ်ကို အရေးယူရမယ်ဆိုတာ ပါရှိတဲ့အတွက် ထိုအတွက် ကျင့်ဖျင် လက်ရှောင်ပါလိမ့်မယ် မရှောင်တောင် ရှုံးနေတဲ့ မအလကို အကြွေးထပ်တင် အဆုံးမခံနိုင်တဲ့အတွက် support ခြင်းကို ရပ်နားဖို့ ခုလိုနည်းနဲ့ နိုင်မြင်းလောင်းဖို့ စတင် ဖယ်ခွာလာပုံရပါတယ် 

ထို့အတွက် အာရပ်နိုင်ငံတွေဆီသွားပြီး အီရန်ကိုပါ ဖယ်ခွာပြပြီး နိုင်ငံရေး အပေးယူကို US နဲ့ စတင် လုပ်ဆောင်နေပြီလားဆိုတာ ကြိုရေးပြခဲ့ပြီပဲ ဖြစ်တယ် 

ဒီတော့ ဆက်ရရင် ၀ ပါလာခြင်းဟာ ထိုင်းမှာ ဖြစ်နေတဲ့ ပြသနာကေ့တွေအားလုံးကိုလည်း ရှောင်လွဲနိုင်ဖို့ ဖြစ်သလို နိုင်မြင်းသေချာနေတဲ့ US support လာတော့မည့် EU က အစိုးရအဖြစ် အသိမှတ်ပြုထားသည့် NUG ကို ပြည်တွင်း ပြည်ပ မည်သူမျှ ဆန့်ကျင် ဖယ်ခွာလို့ မရတော့ပဲ 

ယခုလိုပူးပေါင်းပြီး ပုံရိပ်ပါ ပူးတွဲမြင့်တင် တရား၀င် အဖွဲ့စည်းများအဖြစ် သက်သေပြဖို့ လိုအပ်နေတဲ့ ၀အပါ၀င် Eaos တွေအနေနဲ့ နောက်ဆုံးမှာ ကမ္ဘာ့နိုင်ငံရေး ခေါင်တွေဖြစ်တဲ့ US EU တို့ရဲ့ သက်မှတ်ချက်အောက်မှာပဲ စံနှုန်းထားတွေအတိုင်း လိုက်နာ ကျင့်သူံး ရပ်တည်ကြရပါလိမ့်မည်ဆိုတာ ယခု သတင်းသာမှန်ကန်ခဲ့ရင်  ကောင်းပါတယ် ၀မ်းသာကြိုဆိုပါတယ် ၀ရေ မဟုတ် သာကောနဲ့ပေါင်းလုပ်နေတဲ့ ထိုင်းက ပြသနာကေ့တွေမှာ US က ခေါင်းတည်လာရင် မချောင်ဘူးလေ ဒီတော့ ထိုအရာတွေ အလွတ်နဲ့ နိုင်ငံရေး စစ်ရေးအပါ စကစနဲ့ပေါင်း အကြမ်းဖက်ဂိုဏ်းများ အသွင် မဖြစ်ကြလိုပဲ တရား၀င် နိုင်ငံရေး အဖွဲ့စည်းများအဖြစ် ရပ်တည် ထူထောင်လိုချင်ရင်တော့ ခုလိုပဲ NUG နဲ့ပူးပေါင်းမှ ရပါလိမ့်မည်ဆိုတာ 

ဒါကြောင့် မအလက သူအာဏာသိမ်းတာ ဘယ်နိုင်ငံမှ မကူညီကြောင်း မျက်ရည်ကျမတတ် ဖြစ်ရကြောင်းပြောနေတာ ဒါတွေကြောင့်ပါပဲဆိုတာ ကျန်တာကတော့ သူ့ငွေနဲ့ သူကုန်ကျပြီး ဟန်ဆောင်ပေါင်းသင်း လနက်၀ယ် ထောက်ခံပေးပါဆိုတဲ့ ဒူးထောက်တောင်းပန်မှုနဲ့ ရပ်တည်ပြနေရတဲ့အတွက်ခုလို နိုင်ငံရေးရှုံး စစ်ရှုံးရုံမဟုတ် US EU ပြည်တွင်းက Ero တွေနဲ့ O အပြင် နောက်ခံတျုတ်ပါ Burma act နဲ့ EU UN တို့ရဲ့ သက်မှတ် ဆုံးဖြတ်ချက်များကြောင့် ဒါ့ပြင် အာဆန်ပါ ပြတ်သားစွာနဲ့ NUG ဘက်ရှိ စကစကို ဖယ်ခွာသွားတဲ့အတွက် ချုပ်ရရင် နွေဥိီး‌တော်လှန်ရေးဘက်ကို အားလုံးပါ၀င်လာမှု အရှိန်ဝါများကြောင့် ဆိုတော့ ပွဲက ပြီးသလောက်ဖြစ်သွားပါပြီဟု ဆိုချင်လေသည် 

ဒီတော့ မြင်တတ်ရင် ပြည်သူ့အရေးတော်ပုံ အောင်ပါပြီ ပွဲပြီး ပြတ်သွားပါပြီဗျ မသထာ စစ်ရေးနဲ့ မအလ ကန်ထွက်ပြေးပါလိမ့်မယ် ကျန်ရှိတော့တယ် အဖမ်းမခံ ကြိုးစင် အရောက်မခံလိုပဲ ထိုတချက်သာ အားလုံး သတိထားကြရမယ် ကျန်တာ အေးဆေး ပွဲပြီးပါပြီဗျ စိတ်ချ ယုံကြည်ပါဟု ဆိုချင်သည် 

ထိုအတွက် လုံး၀ မိုတီ FH မဟုတ်သော ပကတိ အရှိတရား ဖြစ်လာမည့် လမ်းကြောင်းနဲ့ အရာမို့ ကြိုတွေးဆပြီး သုံးသပ်ကာ ချပြ ယုံကြည်မှုကို အသက်သွင်းအာမခံလျှက် အားလုံး သိမြင်စေဖို့ ရေး ပြော  ကြေငြာအသိပေးလိုက်ရပါသည်ဟု အရေးတော်ပုံအောင်ဖို့ သိပ်မလိုတော့ပါဘူးဆိုတာ ထန်ကုန် ဒီနှစ်အတွင်းလေးမှာပါပဲဆိုတာ ယုံကြည်ပြီး သိစေချင်သည် !  

#တော်၀င်မင်း Ⓜ️

ဆက်ဖတ်ရန် →
 Gen Lee တို့ အကြောင်း တစေ့တစောင်း

Gen Lee တို့ အကြောင်း တစေ့တစောင်း

သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထပ်မံ သက်တမ်းတိုးပေးလိုက်ပြီဟု သတင်းများ ထွက်ပေါ်၊
Gen Lee တို့ အကြောင်း တစေ့တစောင်း
*********************************

ကုလ ဆိုင်ရာ အမျိုးသား ညီညွတ်ရေး အစိုးရ၏ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း အား နောက်ထပ် တနှစ် သက်တမ်း ထပ်မံတိုးမြှင့်ပေးရန် သဘောတူလိုက်ကြောင်း အမည် မဖေါ်လိုသော ကုလ သံတမန်တဦးက ဗီအိုအေ ကို ပြောသည်ဟု သတင်း ပါရှိလာသည်။

သူသည် ကုလမှ တရားဝင် ကျေညာချက် မထုတ်သေးမီ ယခုလို အသိပေးလိုက်ခြင်းလည်း ဖြစ်သည်။ ကုလ ကိုယ်စားလှယ် စီစစ်ရေး ကော်မတီတွင် ရုရှား၊ တရုတ်၊ အမေရိကန်၊ အင်ဂိုလာ၊ ဩစတီးယား၊ ဂူယာနာ၊ မော်ဒိုက်၊ ယူရုဂွေး နှင့် ဇမ်ဘီယာ စုစုပေါင်း ကိုးနိုင်ငံ ပါဝင်နေသည်။

ထိုဆုံးဖြတ်ချက် သည် ကုလသမဂ္ဂ မှ မြန်မာ ရှိ စစ်အာဏာသိမ်း အဖွဲ့အား အသိအမှတ်ပြုရန် ဆက်လက် ငြင်း ဆန်နေဆဲ ဖြစ်သည်ကို တရားဝင် အသိပေးလိုက်ခြင်း ပင် ဖြစ်သည်။ စစ်ကောင်စီသည် အသိအမှတ်ပြု ခံရရေး အတွက် အာဖဂန်နစ္စတန် ရှိ တာလီဘန်များ နှင့် အတူ ဆက်လက် ကြိုးပမ်းရတော့မည် ဖြစ်သည်။ ကုလ အဖွဲ့ဝင် ၁၉၃ နိုင်ငံ အနက် ထိုသို့ အသိအမှတ်ပြုခံရ‌ရေး ကြိုးပမ်းနေသည့် အဖွဲ့ ဆို၍ မြန်မာ စစ်ကောင်စီ နှင့် တာလီဘန် တို့သာ ရှိပေသည်။ 

ဒီဇင်ဘာ ၈ ရက်နေ့ ကမ္ဘာ့လူ့အခွင့်အရေးများ နေ့တွင် အကြမ်းဖက် စစ်တပ်၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့ သော မြန်မာ ဒီမိုကရေစီ တိုက်ပွဲဝင် သူရဲကောင်း ကိုဂျင်မီ အား ဂုဏ်ပြု သည့် အနေဖြင့် ပေါ်တူဂီ အနုပညာရှင် Paulo Andringa  ၏ ဖန်တီးမှု လက်ရာအား ဗြိတိသျှ အစိုးရက လန်ဒန်ရှိ ပါလီမန် အဆောက်အအုံ၌ ထွန်းညှိ ပြသထားသည်ကို တွေ့ရမည် ဖြစ်သည်။

ကနေဒါ အစိုးရမှ အကြမ်းဖက် စစ်တပ်အား လေယာဉ်ဆီ တင်သွင်းနေသည့် မြန်မာပြည်တွင်းရှိ Asia Sun Group အား  ဗွေဆော်ဦး အရေးယူ ဒဏ်ခတ်မှု စတင် ပြုလုပ်လာပြီ ဖြစ်သည်။

တကမ္ဘာလုံး က မြန်မာ ပြည်ရှိ အခြေအနေများ ဆိုးဝါးသည်ထက် ဆိုးဝါးလာနေသည်ကို အသိအမှတ် ပြုလာ ချိန်တွင် မြန်မာပြည်ရှိ ပညာတတ် ဂျင်လီးများသည် ထိုသို့ ယူဆနေခြင်းသည် မမှန်ကြောင်း၊ တိုင်းပြည်သည် ယခင်အတိုင်း ပုံမှန်လည်ပတ်လျှက် ရှိနေသည် ဆိုသည်ကို ထောက်ခံ ပြောဆိုနေသည့် လုပ်ရပ်များအား မရည် ရွယ်ဘဲ ပြုလုပ်နေကြကြောင်း သတင်းများ ထွက်ပေါ်လာသည်။ ထိုအကြောင်းကို ဧရာဝတီ သတင်းဌာနမှ ဆောင်းပါးရှင် ဗညားအောင် မှ “Myanmar’s ‘Neutral’ Intellectual are Poison” (ကြားနေ ပညာတတ် ဆိုသူများသည် အဆိပ် အတောက် ဖြစ်လာ) ဆိုသော ဆောင်းပါးဖြင့် ဖေါ်ပြလာခဲ့သည်။

မြန်မာ နိုင်ငံရေး သမိုင်းတွင် ထိုကဲ့သို့ ရန်သူ နှင့် ပြေရာပြေကြောင်း ဆက်ဆံလိုသည့် ရွှေပြည်အေး ဝါဒီ အချောင်သမား ဝါဒသည် ရှိခဲ့ပြီး ဖြစ်၍ အဆန်းတကြယ်တော့ မဟုတ်ဟု ဆိုသည်။ သို့သော် စစ်ဗိုလ်ချုပ် များသည် ၎င်းတို့ အာဏာတည်မြဲရေး မှ လွဲ၍ ရွှေပြည်အေး ရေး အတွက် လိုလားကြသူများ မဟုတ်ပေ။

ဤသို့ ဖြစ်လာရခြင်းမှာ ၎င်းတို့၏ စိတ်တွင် ရန်သူ သည် မနိုင် လောက်အောင် အင်အားကြီးမားလာနေပြီ ဟု သတ်မှတ်ပြီး ပူးပေါင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ယခင် ခံယူခဲ့သော နိုင်ငံရေး ခံယူချက်များ အား ရန်သူထံမှ ရနိုင်သည့် အခွင့်အ‌ရေး များနှင့် လဲလှယ် ရန် အားထုတ်လာခြင်း မျိုး ဖြစ်သည်။

အချို့သည် စစ်ကောင်စီ နှင့် ပွင့်ပွင့်လင်းလင်း ပူးပေါင်းနေကြသော်လည်း အချို့သည် ရိပ်စားနိုင်ခြင်း မရှိ လောက် အောင် သိုသိုသိပ်သိပ် လုပ်နေကြသည်။

ထိုသူတို့ စိတ်ထဲတွင် ရန်သူကို အန္တရာယ် မရှိလောက် ဟု ယူဆကာ ပြုမူခြင်း မှန်သမျှသည် ရန်သူ ကျေနပ် အောင် မရည်ရွယ်ဘဲ ပံ့ပိုးပေးနေခြင်းသာ ဖြစ်သည်။

ထိုအကြောင်းကို Nikkei Asia Review ကလည်း မြန်မာ ဂျင်လီးများသည် စိတ်များ မွန်းကျပ်လာသည့် ဒဏ်ကို မခံနိုင်ဟု အကြောင်းပြချက် ဖြင့် ကာရာအိုကေများ၊ ဘားများတွင် သာမက ပျော်ပွဲရွှင်ပွဲများ ပင် ကြံဖန်၍ ဖန်တီး လာကြသည်ဟု ရေးသားထားခဲ့ပြန်သည်။ သူတို့ စိတ်မွန်းကျပ်သည်ထက် အဆပေါင်း များစွာ ကိုယ်ရော စိတ်ပါ ဒုက္ခပင်လယ်ဝေနေကြသူများ သိန်းချီ သန်းချီ ရှိနေကြသည်ကိုတော့ သတိမူရန် ပျက်ကွက်ခဲ့ကြသူများ ဖြစ်လာ နေသည်။

စစ်ကောင်စီ နှင့် ဆွေးနွေးရန် ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များသည် ငြိမ်းချမ်းရေး ဟု အမည်ခံကာ ရန်သူထံမှ သက်သာရာ သက်သာကြောင်း ဖြစ်ရေး ကြိုးပမ်းနေကြခြင်း ဖြစ်သည်။ စစ်တပ်မှ ပြည်သူများ အပေါ် သတ်ဖြတ် မီးရှို့နေသည့် လုပ်ရပ်များကို ရပ်တန့်ပေးရန် တခွန်းတပါဒမျှ တောင်းဆိုခဲ့ခြင်း မရှိသည်ကပင် ရန်သူ နှင့် ပြေရာပြေကြောင်း ဖြစ်ရန် ဒူးထောက်လာကြခြင်း ဖြစ်ကြောင်း ထင်ရှားနေပေသည်။ သူတို့သည် စစ်တပ်အကြောင်း ကောင်းစွာ သိရှိထားကြသူများ ဖြစ်ကြသည့် အတွက် ဖက်ဒရယ်အရေး၊ ဒီမို ကရေစီ အရေး၊ ငြိမ်းချမ်းရေး များ ဖြစ်ပေါ်လာလိမ့်မည်ဟု ယုံကြည်လောက်အောင် အတွေးအခေါ် ပိုင်း ချို့ယွင်း နေကြသူများ မဟုတ်သည်မှာ သေချာလှပေသည်။ ရန်သူ ဖက်ကလည်း ၎င်းတို့ အချင်းချင်းပင် မယုံ သင်္ကာဖြင့် ဆက်ဆံနေကြသူများ ဖြစ်၍ တဖက်က ပြောသည်များကို အပြုသဘော အဖြစ် လက်ခံ စဉ်းစားကြ မည်လည်း မဟုတ်ပေ။

ထိုသို့ ဆွေးနွေးရန် ကြိုးပမ်းသူများသည် စစ်ကောင်စီ၏ လုပ်ရပ်များ အပေါ် ဝေဖန် ပြောဆိုရန် စိတ်ကူး မရှိကြ၊ ၎င်းတို့ထံမှ ဘာများ ရ လာနိုင်သည် ဆိုသော အယူအဆအပေါ် အခြေခံကာ ချဥ်းကပ်နေခြင်းမျိုး ဖြစ်သည်ဟု ဧရာဝတီ က ဆိုသည်။ 

ထိုသို့သော ခံယူချက် ရှိသူများ သည် တော်လှန်‌‌ရေး အတွက် အဆိပ်အတောက်များသာ ဖြစ်လာနေသည်ကို ပြည်သူများ အနေဖြင့် သတိပြုရမည် ဖြစ်ကြောင်း ဖေါ်ပြထားသည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

ဆရာလှစိုးဝေ
ဓါတ်ပုံ - Mizzima



ဆက်ဖတ်ရန် →
မအလ ကြပ်ရောပြည့်ရဲ့လား နှီးကြောစာမိမယ်

မအလ ကြပ်ရောပြည့်ရဲ့လား နှီးကြောစာမိမယ်

ကချင်ပြည်နယ်၌ ဝါးနှင့်ပတ်သက်၍ ထုတ်ကုန်ပစ္စည်းများထုတ်လုပ်မည်ဆိုပါက နိုင်ငံတော်မှလိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဟုသောင်းလှိုင်သားပြော

ဒေသထုတ်ကုန်ကိုအခြေခံသည့် ပြည်တွင်းစီးပွား ရေးကို အားပေးမြှင့်တင်ရမည်နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမအေလိုးက ကချင်ပြည်နယ်သို့ရောက်ရှိစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌမှ ဒီဇင်ဘာ ၁၃ ရက်မွန်းလွဲပိုင်းက ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊အငယ်စား၊အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များအား တွေ့ဆုံအမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အရင်ထဲကဝါးစိုက်သူတွေပါစခဒလန်ဖြစ်ကုန်တော့မှာပဲ
အဲ့ဒါပေါ့ လူသတ်လိုက် ထန်းလျက်စားလိုက်ဆိုတဲ့ မအလ
မအလ Type က ပြောချင်တာပြော သူလဲလုပ်ချင်တာလုပ်
တာ အဲ့ဒါမျိူးက ကလေးတွေဆုံးမသလိုလုပ်ပေးမှပုံမှန်
အသိပြန်ဝင်လာမယ်”

ကချင်ပြည်နယ်အတွင်း ဝါးနှင့်သစ်များပေါများစွာရှိ၍ အဆိုပါ သစ်နှင့်ဝါးများကိုအသုံးပြု၍ စက္ကူပျော့ဖတ်များထုတ်လုပ်ပြီး နိုင်ငံ၏ စက္ကူလိုအပ်ချက်အား ဖြည့်တင်းနိုင်သည်ဟု ပြောသည်။

ဒါဆိုကချင်ပြည်အတွက်လုံလောက်တဲ့ဖက်ဒရယ်
ပြည်နယ်ကြီးတခု ဖြစ်ပြီပေါ့ဟုတ်လား

"ဝါးကိုအခြေခံတဲ့ တခြားလူသုံးကုန်ပစ္စည်းတွေကိုလည်း ထုတ်လုပ်နိုင်ပါတယ် ဝါးနဲ့ပတ်သက်ပြီး ထုတ်ကုန်ပစ္စည်းတွေထုတ်လုပ်မယ်ဆိုရင် နိုင်ငံ တော်ကလိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေဆောင်ရွက်ပေးသွားမှာပါ"ဟု မအလကပြောသည်။

“”ပံ့ပိုးတယ်လေ ပွဲတော်ကို ဒုန်းတွေနဲ့ စောက်ရှက်လေး
တော့ရှိအုံး မြွေမကြောက်ကင်းမကြောက်နဲ့
ပြီးခဲ့တဲ့လထဲကမှ အရပ်သား၈၀ကျော်တနေရာထဲသတ်
ထားတာ မင်းကို ဟိုက ဝါးပင်တဝက်ဖြတ်ပြီး ကြင်စို့ထား
လိုက်လိမ့်မယ်””

ပေါ်ပြူလာသတင်းစဉ်


ဆက်ဖတ်ရန် →