"About 200 homes and 100,000 rice baskets in Tintel village were burned. The value of rice is about 20,000,000,000 Kyat. A monk, a woman and a man were also killed. It is difficult to estimate the life after it was burned," said a local.
ရွှေဘိုမှာ စစ်ကောင်စီက ဘုန်းကြီးနဲ့ ရွာသား ၂ ဦးကိုသတ်ပြီး နေအိမ်တွေပါမီးရှို့ခဲ့။
📅
💬 မှတ်ချက်
မြေလတ်အသံ - Myaelatt Athan.
ရွှေဘို၊ ဖေဖေါ်ဝါရီ ၁၄၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တင့်တယ်ရွာကို စစ်ကောင်စီတပ်က ဖေဖေါ်ဝါရီလ ၁၂ ရက်မှာ မီးရှို့ခဲ့တဲ့အပြင် ဘုန်းကြီးတပါးနဲ့ ရွာသား ၂ ဦးကိုပါ သတ်ခဲ့တယ်လို့ သိရပါတယ်။
တမခ ၃၃ က စစ်သားတွေနဲ့ပျူအင်အား ၁၀၀ လောက်ဟာ တင့်တယ်ရွာကို ၁၂ ရက်မနက်ပိုင်းက ဝင်ရောက်မီးရှို့ခဲ့တာကြောင့် စပါးတင်း ၁ သိန်းကျော်နဲ့ နေအိမ် ၂၀၀ ဝန်းကျင် မီးလောင် ပျက်ဆီးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"တင့်တယ်ရွာက နေအိမ် ၂၀၀ လောက်နဲ့ စပါးတင်း ၁ သိန်းလောက်ကို မီးရှို့သွားတာဗျ။ စပါးဖိုး သိန်း ၂ သောင်းလောက်ရှိမယ်။ ဘုန်းကြီးတပါး၊ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးကိုလည်း သတ်သွားတယ်။ မီးလောင်ထားတော့ အသက်ကခန့်မှန်းရခက်တယ်"လို့ ဒေသခံတဦးကပြောပါတယ်။
သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာကို မသိရသေးပေမယ့် သူတို့ရဲ့အလောင်းကို ဖေဖေါ်ဝါရီလ ၁၃ ရက်မနေ့ကမနက်မှာသဂြိုလ်ခဲ့ပြီး စစ်အုပ်စုက တင့်တယ်ရွာအနီးဝန်းကျင်မှာပဲရှိနေတာကြောင့် ဗုဒ္ဓဘာသာဓလေ့အရ သရဏဂုဏ်တင်ပေးနိုင်ခြင်းမရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
စပါးတင်း ၁ သိန်းကျော်မှာ ကျေးရွာသားတွေရဲ့ လယ်ထွက်စပါးတွေအပြင် ကုန်သည်အချို့ဝယ်ယူသိုလှောင်ထားတဲ့ စပါးတွေပါဝင်ပြီး တင်း ၁၀၀ လျင် ကျပ်သိန်း ၂၀ ပေါက်စျေးရှိတဲ့ ရွှေဘိုဒေသထွက် ပေါ်ဆန်းဘေးကြားစပါးတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
အလားတူ ဖေဖေါ်ဝါရီ ၁၂ ရက်မနက်ပိုင်းမှာပဲ အဲဒီစစ်တပ်ဟာ တင့်တယ်ရွာအနီးရှိ ကျောက်မြင့်ရွာက နေအိမ် ၁၀ လုံးလောက်ကိုလည်း မီးရှို့ခဲ့ပါသေးတယ်။
ဒါ့အပြင် ဖေဖေါ်ဝါရီလ ၁၃ ရက်မနေ့ကနေ့လယ် ၁၂ နာရီလောက်မှာလည်း မဲတောရွာကို ဆက်လက်မီးရိူ့ခဲ့ပြီး ညနေ ၃ နာရီခန့်အထိ အဲဒီရွာထဲမှာပဲရှိနေသေးတယ်လို့ အဲဒီဒေသခံဆီက သိရပါတယ်။
အခုနှစ်စပါးရိတ်သိမ်းချိန်ကလည်း စစ်အုပ်စုဟာ ဒေသခံစိုက်ပျိုးထားတဲ့စပါးတွေကို ခိုးယူရိတ်သိမ်းခဲ့တဲ့အပြင် စပါးရိတ်နေတဲ့ ရိတ်ခြွေစက် ၁ စီးနဲ့ထော်လာဂျီတစီးကို သိမ်းယူခဲ့လို့ ဒေသခံလယ်သမားတွေ စပါးမရိတ်သိမ်းရဲတာကြောင့် ရွှေဘိုမြို့နယ်၊ သီးလုံးရွာနဲ့ ဇီဖြူကုန်းရွာဝန်ကျင်က စပါးစိုက်ဧက ၁၀၀ နီးပါး အကျိုးမဲ့ပျက်စီးခဲ့ရပါသေးတယ်။
သတင်း − ခန့်အောင်၊ စာတည်း − လင်း






.
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး NUG အစိုးရရုံး ဖွင့်လှစ်ပေး
📅
💬 မှတ်ချက်
■ အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်မှာ အခြေစိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးရုံးခန်း တရားဝင်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအပြင် အမေရိကန်အစိုးရဘက်က လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စ Uzra Zeya အပါအဝင် တခြားတာဝန်ရှိသူတွေလည်း တက်ရောက်ပါတယ်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက "အမေရိကန်အစိုးရအနေနဲ့ Burma Act ဥပဒေမှာ ပြဋ္ဌာန်းပါရှိတဲ့အတိုင်း မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ဆက်လက်အားပေးထောက်ခံနေတယ်" လို့ ဖွင့်ပွဲမိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
မြန်မာစစ်ကောင်စီက ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို အမေရိကန်ကရော တခြားဒေသတွင်းနိုင်ငံတွေကပါ လက်မခံကြဖို့ အရေးကြီးကြောင်းလည်း သူက တိုက်တွန်းခဲ့ပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရုံးခန်းဟာ အမေရိကန်သမ္မတအိမ်ဖြူတော် White house ကနေ မိုင်ဝက်လောက်ပဲဝေးတဲ့ နေရာမှာ တည်ရှိတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း နိုဝင်ဘာလကစလို့ ဒီရုံးခန်းကို ဖွင့်ထားတာဖြစ်ပေမယ့် အခု အမေရိကန်အစိုးရဝန်ကြီးတွေဖိတ်ပြီး အခမ်းအနားနဲ့ ထပ်မံဖွင့်လှစ်တာပါ။
အခုလို ရုံးဖွင့်ခွင့်ရတာဟာ NUG ကို မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ်စားပြုအစိုးရအဖြစ် အမေရိကန်ပြည်ထောင်စုဘက်က အသိအမှတ်ပြု လက်ခံလိုက်တာဖြစ်တယ်လို့ NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက RFA ကို ပြောဆိုထားဖူးပါတယ်။
RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရုံးခန်းတွေကို အမေရိကန်၊ ယူကေ၊ ဩစတြေးလျ၊ ပြင်သစ်၊ ချက်နဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ နော်ဝေနိုင်ငံတို့မှာ ဖွင့်လှစ်ထားပါတယ်။
အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ NUG ကိုယ်စားလှယ် ရုံးခန်းဖွင့်တဲ့ နိုင်ငံတွေကို ကန့်ကွက်ထားပါတယ်။ ဒီကနေ့ အမေရိကန်အစိုးရတာဝန်ရှိသူတွေ တက်ရောက်ဖွင့်လှစ်ခဲ့တာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သဘောထားမသိရသေးပါဘူး။
အခုဆိုရင် အမေရိကန် ပြည်ထောင်စု အစိုးရရုံးစိုက်ရာ ဝါရှင်တန်ဒီစီမြို့တော်မှာ စစ်ကောင်စီလက်အောက်ခံသံရုံးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဆိုပြီး အပြိုင် ရုံးနှစ်ရုံး ရှိသွားပြီဖြစ်ပါတယ်။
Photo: RFA
VOA👇👇👇
ဝိုင်းမော်တွင် စစ်ကောင်စီ၏ ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲကို KIA တပ်က ဖမ်းဆီး၊ အသေးစိတ် မကြာမီ ထုတ်ပြန်မည်ဟုဆို
📅
💬 မှတ်ချက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ခေတ်သစ်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြိုနယ်၊ ဆံဒုံး-ကန်ပိုက်တီးလမ်းပိုင်းတွင် စစ်တပ် ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲကို KIA တပ်ဖွဲက ဖမ်းဆီးလိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၉ နာရီခန့်အချိန် ဝိုင်းမော်မြိုနယ်တွင် စစ်တပ်နှင့် အကျိုးတူလုပ်ကိုင်နေသော ရွှေတူးဖော်ရေးလုပ်ငန်းရှင်များကို စစ်ကောင်စီ၏ ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲက သွားရောက်တွေ့ဆုံပြီး ရွှေလုပ်ကွက်များကို စစ်ဆေးခဲ့ကြောင်း၊ ယင်းနောက် အိမ်စီးကားဖြင့် တိတ် တခိုးပြန်လာစဉ် ကချင်လွတ်မြောက်ရေးတပ်မတော် KIA က လမ်းမှ စောင့်ဆိုင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲကို KIA တပ်ဖွဲက ဖမ်းဆီးလိုက်ပြီးနောက် ယမန်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန် စစ်တပ်က စစ်ကြောင်းထိုးလာကြောင်း၊ အဆိုပါ စစ်ကြောင်းကို KIA တပ်ဖွဲက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများစွာဖြင့် ပြန်ဆုတ်သွားကြောင်း သိရသည်။
"ခလရ ၃၈၉ ဒုတပ်ရင်းမှူးနဲ့ အဖွဲကို အိမ်စီးကား တစ်စီး အပြည့်ပဲ ဖမ်းဆီးလိုက်တယ်။ လက်နက်ကော လူတွေကော ဖမ်းမိတာ။ အသေးစိတ်တော့ ထပ် ပြောပေးပါ့မယ်။ ဖမ်းမိတာကတော့ အတည်ပြုနိုင်ပြီ" ဟု KIA တပ်ဘက်က ပြောသည်။
ဓာတ်ပုံ- ကချင်ပြည်နယ်၊ ပူတာအိုရှိ KIA နှင့် PDF ပူးပေါင်းတပ်ဖွဲဝင်တချို။
India does not have to compete with China; India will have to choose between the power and the power of the people that will come out of the gun
📅
💬 မှတ်ချက်
"What can India do to move Myanmar away from further violence?" written by former Indian Ambassador to Myanmar Gautam Mukhopadhaya in the Indian online journal The WIRE. Excerpted from a long article.
Staying close to home is not the right thing to do when a house is on fire. Currently, China is taking advantage of the fact that the world is falling apart in Burma, while India can no longer sit back and watch.
The current Indian policy of relying on the Burmese coup group to contain China is even more questionable. Burma's military, according to history and tradition, is against China both militarily and militarily. Special attention is paid to the influx of people.
However, in 1988, when the army killed their people, 2017 (Rohingya), And whenever it happens like this, China has taken advantage of the international ostracism. The army is weak domestically and has always had to make concessions to China. Can that position ensure India's security?
China is now stretching its arms from the Bay of Bengal to the Gulf of Muttama.Under former President Thein Sein, the Western Group United States Japan With the restoration of relations with India and the Burmese people's dissatisfaction with the Chinese encroachment interms of population, the situation has deteriorated. Anti-Chinese views are now growing, with suspicions that China may be behind the coup.
Therefore, achieving democracy where the people of Burma have full say can be more beneficial for India than having the Burmese army suffer because of China. It is uncertain whether he will wait for the time when he will become himself. Only if the mother and father try to do so, there may be political relations.
India will not be able to compete with the Chinese in terms of being favored by the Burmese military.
The more this is done, the stronger the view that the Burmese people are encouraging and supporting the military will become, and it may become as if they are creating damage to India's interests.
Therefore, India can only use its democratic and economic power to be in line with the wishes of the Burmese people, as opposed to China's path. There will be no benefit if the Burmese military side, which is oppressive and ruled by China, stands still.What India should do is to secretly communicate with the National Unity Government and the main ethnic armed organizations.
The Burmese military does not come up with any ideas other than holding on to the 2008 constitution, which is currently impossible. Than Shwe's plan is nothing more than the ideology of wanting to dominate from behind by putting on a show and dominating in the form of a civilian government.
The PR election they will hold is not to be seen as official in any way at home and abroad, and the people who will oversee the election are being attacked by the revolutionary forces, and they are not scolding them for it to happen.
The ASEAN side has tried to negotiate with the opposition forces, but there is no prospect of doing so.Young people, who are the most part of Myanmar's population base, are concerned about their future opportunities,They have decided to make sacrifices for the right to live and travel freely.
Now, it is inconceivable that the army will be able to regain control of the entire country. However, only the federal democratic union that will participate in the military will be able to protect Myanmar from becoming a Balkan region. Therefore, India needs to review the Myanmar policy. There is a need to think
more balance between the power that will come out of the gun and the power that will come from the people.Will the power that comes out of the gun be revealed to be beneficial to India? Or we will have to think about whether freedom and democracy are the real values for India. In the current situation, accepting and resettling the fleeing refugees; Among them, the students awarding scholarships to scholars; Political investments should have been made, such as providing medicine and humanitarian aid.The people's resistance and struggle will surely win!!!
writting by Hla Soe Wei
🏷️ ဆောင်းပါး
အိန္ဒိယ သည် တရုတ် နှင့် ပြိုင်နေစရာမလို၊ သေနတ်ပြောင်းဝက ထွက်လာမည့် အာဏာ နှင့် ပြည်သူ အာဏာ တခုခု ကို ရွေးချယ်ရတော့မည်
📅
💬 မှတ်ချက်
ယခင် မြန်မာ နိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Gautam Mukhopadhaya မှ အိန္ဒိယ အွန်လိုင်း ဂျာနယ် The WIRE တွင် ရေးသားခဲ့သည့် “What can India do to move Myanmar away from further violence?” ဆောင်းပါး ရှည်ကြီး မှ ထုတ်နှုတ်တင်ပြသည်။အိမ်နီးနားခြင်း အိမ်တအိမ်တွင် မီးလောင်နေသည်ဆိုက ဘာမှ လုပ်မပေးပဲ နေခြင်းမျိုးသည် လုပ်သင့်သည့် အရာမျိုး မဟုတ်၊ လောလောဆယ် တရုတ်သည် ထိုသို့ မြန်မာပြည်တွင် ကမ္ဘာပျက်နေသလို ဖြစ်နေသည်ကို အခွင့်ကောင်း ယူ အသုံးချနေချိန်တွင် အိန္ဒိယ သည် ထိုင်ကြည့်နေ၍ မည်သို့မျှ မဖြစ်တော့။လက်ရှိ အိန္ဒိယ မူဝါဒသည် တရုတ် ကို ထိန်းထားရန် မြန်မာ စစ်အာဏာသိမ်း အဖွဲ့ကို အားကိုးနေသည်ကပင် ပို၍ မေးခွန်းထုတ်စရာ ဖြစ်လာရသည်။ မြန်မာ စစ်တပ်သည် သမိုင်း အစဉ်အလာများအရ တရုတ် ကို စစ်ရေး အရ ရော၊ လူ များ ဝင်ရေက်စိမ့်ဝင်လာနေမှု အပေါ် အထူး သတိထားနေသည်။သို့သော် စစ်တပ်သည် ၎င်းတို ပြည်သူများ အား သတ်ဖြတ်လာသည့် ၁၉၈၈၊ ၂၀၁၇ (ရိုဟင်ဂျာ) ၊ နှင့် ယခု အခါလို ကြုံလာရတိုင်း နိုင်ငံတကာ၏ ဝိုင်းပယ်ခံထားရမှု ကို အရင်းပြုပြီး တရုတ်သည် စီးပွားရေး အရ အမြတ်ထုတ်လာခဲ့သည်ချည်းပင် ဖြစ်သည်။ စစ်တပ်သည် ပြည်တွင်း တွင် အင်အားချိနဲ့လာနေ၍ တရုတ်ကို ကြိတ်မှိတ် လိုက်လျောပေးခဲ့ရသမြဲ ဖြစ်သည်၊ ထိုအနေအထားသည် အိန္ဒိယ၏ လုံခြုံရေး ကို အာမခံ နိုင်မည်လော။တရုတ်သည် ယခုအခါ ဘင်္ဂလား ပင်လယ်အော် မှသည် မုတ္တမ ပင်လယ်ကွေ့အထိ ခြေတံလက်တံ ဆန့်ထုတ်လာနေပြီ ဖြစ်သည်။သိန်းစိန် လက်ထက်တွင် အနောက်အုပ်စု၊ အမေရိကန်၊ ဂျပန်၊ အိန္ဒိယ တို့ နှင့် ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာခြင်း နှင့် မြန်မာပြည်သူတို့က တရုတ် တို့ လူဦးရေ အရ ကျုးကျော်လာနေမှု များ အပေါ် မနှစ်မြို့ကြသဖြင် အခြေပျက်သွားခဲ့ရသည်။ ယခုအခါ အာဏာသိမ်းမှု နောက်ကွယ်တွင် တရုတ် တို့၏ ခြေရာလက်ရာများ ရှိနိုင်သည်ဆိုသည့် သံသယ ဖြင့် တရုတ် ဆန့်ကျင်ရေး အမြင်များ ကြီးထွားလာနေသည်။ထို့အတွက် မြန်မာ ပြည်သူ တို့ ပြောနိုင်ဆိုနိုင်ခွင့် အပြည့်အဝ ရှိမည့် ဒီမိုကရေစီ ရရှိလာခြင်းသည် အိန္ဒိယ အဖို့ ယခုလို မြန်မာ စစ်တပ်ကို တရုတ်ကြောင့် မျက်နှာချို သွေးနေရခြင်းထက် ပို၍ပင် အကျိုး ရှိလာနိုင်သည်။ သူ့ဖာသာ ဖြစ်လာမည့် အချိန် စောင့်နေမည် ဆိုက မရေရာ၊ မိိမဖက်ကလည်း ထိုသို့ ဖြစ်ရန် ကြိုးစားပေးမှ သာ နိုင်ငံရေး အရ ဆက်ဆံမှုများ ရှိလာနိုင်ပေမည်။အိန္ဒိယ သည် မြန်မာ စစ်တပ်၏ မျက်နှာသာပေးခြင်း ခံရဖို့ အရေးတွင် တရုတ်တို့နှင့် မည်သို့မျှ ယှဉ်နိုင်လိမ့်မည် မဟုတ်၊ ထိုသို့ တိုး၍ လုပ်လေ မြန်မာပြည်သူများက စစ်တပ်ကို အားပေးထောက်ခံနေသည် ဆိုသော အမြင် ခိုင်မာလေ ဖြစ်၍ အိန္ဒိယ အကျိုးစီးပွားပျက်စီးရာ ပျက်စီးကြောင်း ကိုယ့်ဖာသာ ဖန်တီးယူနေသလို ဖြစ်သွားနိုင်ပေသည်။ထို့အတွက် အိန္ဒိယ သည် တရုတ် သွားရာ လမ်းကြောင်း နှင့် ဆန့်ကျင်ဖက် အဖြစ် မြန်မာပြည်သူများ၏ လိုလားချက်များ နှင့် လိုက်လျော ညီထွေ ရှိမည့် ဒီမိုကရေစီနှင့် စီးပွားရေး အင်အား ကို အသုံးချ ကူညီမှသာ ဖြစ်ပေမည်၊ တရုတ်ကဲ့သို့ ဖိနှိပ်အုပ်ချုပ်နေသည့် မြန်မာ စစ်တပ်ဖက်က ရပ်တည်ပေးနေ၍ အကျိုးရှိလာမည် မဟုတ်။အိန္ဒိယ လုပ်သင့်သည်က အမျိုးသား ညီညွတ်ရေး အစိုးရနှင့် အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် သိုသိုသိပ်သိပ် ဆက်သွယ် ထားရတော့မည် ဖြစ်သည်။မြန်မာ စစ်တပ်သည် လက်ရှိတွင် မည်သို့မျှ မဖြစ်နိုင်တော့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အား ဆုပ်ကိုင်ထားခြင်းမျိုးထက် အခြား မည်သည့် စိတ်ကူးစိတ်သန်း မျှ ထွက်မလာ၊ သန်းရွှေ ကြံစည်ထားသလို ချိတ်ထမိန် ဝတ် အရပ်သား အစိုးရ ပုံစံမျိုး ပွဲထုတ်ပြီး နောက်ကွယ်ကနေ လွှမ်းမိုးထားလိုသည့် အတွေးအခေါ် ထက် မပို။၎င်းတို့ လုပ်မည့် ပီအာရွေးကောက်ပွဲသည် ပြည်တွင်းပြည်ပ တွင် မည်သို့မျှ တရားဝင် အဖြစ် ရှုမြင်ခံကြဖို့ မရှိသည့်အပြင် ရွေးကောက်ပွဲ ကြီးကြပ်မည့် သူများ အားလည်း တော်လှန်ရေး တပ်ဖွဲ့များက ရန်ရှာလာနေ၍ ဖြစ်လာဖို့ကလည်း မကြိမ်းသေ။အာဆီယံ ဖက် ၎င်းတို့ ကို ငဲ့ညှာသော အားဖြင့် အတိုက်အခံ အင်အားစုများ နှင့် ဆွေးနွေးရန် မရမက ကြိုးပမ်းပေးခဲ့သော်လည်း လုပ်မည့် အလားအလာ မတွေ့ရ။ မြန်မာ လူဦးရေ အခြေပြ တွင် အများဆုံး ပါဝင်နေသော လူငယ် လူရွယ်များသည် ၎င်းတို့၏ အနာဂတ် အခွင့်အလန်းများ၊ လွတ်လပ်စွာ နေထိုင်သွားလာခွင့် ရရေး တို့ အတွက် အနစ်နာခံ တိုက်ပွဲဝင်ကြရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ယခုအခါ စစ်တပ်သည် တတိုင်းပြည်လုံး ကို ပြန်လည် ထိန်းချုပ်နိုင်မည် ဆိုသည် ကလည်း မည်သို့မျှ စဉ်းစား ပုံဖေါ် ကြည့်၍ မရသည့် အနေအထား မျိုး ဖြစ်နေသည်။ သို့သော် စစ်တပ် ပူးပေါင်း ပါဝင်မည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသည်သာ မြန်မာ အား ဘောလ်ကန် ဒေသ အဖြစ်မျိုး ရောက်မသွားအောင် ကာကွယ်ပေးနိုင်ပေလိမ့်မည်။ထို့အတွက် အိန္ဒိယ သည် မြန်မာ မူဝါဒ အား ပြန်လည် သုံးသပ်ရန် လိုအပ်လာပြီ ဖြစ်သည်၊ သေနတ် ပြောင်းဝ က ထွက်လာမည့် အာဏာ နှင့် ပြည်သူတို့ထံ မှ ဆင်းသက်လာမည့် အာဏာ အကြား ပို၍ မျှမျှတတ စဉ်းစား သဘောပေါက်ဖို့ လိုအပ်လာပြီ ဖြစ်သည်။သေနတ် ပြောင်းဝက ထွက်သော အာဏာသည် အိန္ဒိယ အကျိုးရှိရာ ရှိကြောင်း ဖေါ်ဆောင်ပေးမည်လော၊ သို့တည်းမဟုတ် လွတ်လပ်ခွင် နှင့် ဒီမိုကရေစီ သည်သာ အိန္ဒိယ အတွက် အစစ်အမှန် အားထားရမည့် တန်ဖိုးများ လော ဆိုသည်ကို ချင့်ချိန်ရတော့မည် ဖြစ်သည်။၊လက်ရှိ အနေအထား တွင် ထွက်ပြေးလာသော ဒုက္ခသည်များအား လက်ခံ နေရာချထားပေးခြင်း၊ ထိုအထဲတွင် ပါလာသော ကျောင်းသား များ၊ ပညာရှင်များ အား ပညာသင်ဆုများ ချီးမြှင့်ခြင်း၊ ဆေးဝါး နှင့် လူသားချင်း စာနာ သည့် အကူအညီများ ပေးခြင်း အစရှိသဖြင့် နိုင်ငံရေး ရင်းနှီးမြုပ်နှံ မှုများ ပြုလုပ်ထားသင့်ပြီ ဖြစ်သည်။
ယခင် မြန်မာ နိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Gautam Mukhopadhaya မှ အိန္ဒိယ အွန်လိုင်း ဂျာနယ် The WIRE တွင် ရေးသားခဲ့သည့် “What can India do to move Myanmar away from further violence?” ဆောင်းပါး ရှည်ကြီး မှ ထုတ်နှုတ်တင်ပြသည်။
အိမ်နီးနားခြင်း အိမ်တအိမ်တွင် မီးလောင်နေသည်ဆိုက ဘာမှ လုပ်မပေးပဲ နေခြင်းမျိုးသည် လုပ်သင့်သည့် အရာမျိုး မဟုတ်၊ လောလောဆယ် တရုတ်သည် ထိုသို့ မြန်မာပြည်တွင် ကမ္ဘာပျက်နေသလို ဖြစ်နေသည်ကို အခွင့်ကောင်း ယူ အသုံးချနေချိန်တွင် အိန္ဒိယ သည် ထိုင်ကြည့်နေ၍ မည်သို့မျှ မဖြစ်တော့။
လက်ရှိ အိန္ဒိယ မူဝါဒသည် တရုတ် ကို ထိန်းထားရန် မြန်မာ စစ်အာဏာသိမ်း အဖွဲ့ကို အားကိုးနေသည်ကပင် ပို၍ မေးခွန်းထုတ်စရာ ဖြစ်လာရသည်။ မြန်မာ စစ်တပ်သည် သမိုင်း အစဉ်အလာများအရ တရုတ် ကို စစ်ရေး အရ ရော၊ လူ များ ဝင်ရေက်စိမ့်ဝင်လာနေမှု အပေါ် အထူး သတိထားနေသည်။
သို့သော် စစ်တပ်သည် ၎င်းတို ပြည်သူများ အား သတ်ဖြတ်လာသည့် ၁၉၈၈၊ ၂၀၁၇ (ရိုဟင်ဂျာ) ၊ နှင့် ယခု အခါလို ကြုံလာရတိုင်း နိုင်ငံတကာ၏ ဝိုင်းပယ်ခံထားရမှု ကို အရင်းပြုပြီး တရုတ်သည် စီးပွားရေး အရ အမြတ်ထုတ်လာခဲ့သည်ချည်းပင် ဖြစ်သည်။ စစ်တပ်သည် ပြည်တွင်း တွင် အင်အားချိနဲ့လာနေ၍ တရုတ်ကို ကြိတ်မှိတ် လိုက်လျောပေးခဲ့ရသမြဲ ဖြစ်သည်၊ ထိုအနေအထားသည် အိန္ဒိယ၏ လုံခြုံရေး ကို အာမခံ နိုင်မည်လော။
တရုတ်သည် ယခုအခါ ဘင်္ဂလား ပင်လယ်အော် မှသည် မုတ္တမ ပင်လယ်ကွေ့အထိ ခြေတံလက်တံ ဆန့်ထုတ်လာနေပြီ ဖြစ်သည်။
သိန်းစိန် လက်ထက်တွင် အနောက်အုပ်စု၊ အမေရိကန်၊ ဂျပန်၊ အိန္ဒိယ တို့ နှင့် ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာခြင်း နှင့် မြန်မာပြည်သူတို့က တရုတ် တို့ လူဦးရေ အရ ကျုးကျော်လာနေမှု များ အပေါ် မနှစ်မြို့ကြသဖြင် အခြေပျက်သွားခဲ့ရသည်။ ယခုအခါ အာဏာသိမ်းမှု နောက်ကွယ်တွင် တရုတ် တို့၏ ခြေရာလက်ရာများ ရှိနိုင်သည်ဆိုသည့် သံသယ ဖြင့် တရုတ် ဆန့်ကျင်ရေး အမြင်များ ကြီးထွားလာနေသည်။
ထို့အတွက် မြန်မာ ပြည်သူ တို့ ပြောနိုင်ဆိုနိုင်ခွင့် အပြည့်အဝ ရှိမည့် ဒီမိုကရေစီ ရရှိလာခြင်းသည် အိန္ဒိယ အဖို့ ယခုလို မြန်မာ စစ်တပ်ကို တရုတ်ကြောင့် မျက်နှာချို သွေးနေရခြင်းထက် ပို၍ပင် အကျိုး ရှိလာနိုင်သည်။ သူ့ဖာသာ ဖြစ်လာမည့် အချိန် စောင့်နေမည် ဆိုက မရေရာ၊ မိိမဖက်ကလည်း ထိုသို့ ဖြစ်ရန် ကြိုးစားပေးမှ သာ နိုင်ငံရေး အရ ဆက်ဆံမှုများ ရှိလာနိုင်ပေမည်။
အိန္ဒိယ သည် မြန်မာ စစ်တပ်၏ မျက်နှာသာပေးခြင်း ခံရဖို့ အရေးတွင် တရုတ်တို့နှင့် မည်သို့မျှ ယှဉ်နိုင်လိမ့်မည် မဟုတ်၊ ထိုသို့ တိုး၍ လုပ်လေ မြန်မာပြည်သူများက စစ်တပ်ကို အားပေးထောက်ခံနေသည် ဆိုသော အမြင် ခိုင်မာလေ ဖြစ်၍ အိန္ဒိယ အကျိုးစီးပွားပျက်စီးရာ ပျက်စီးကြောင်း ကိုယ့်ဖာသာ ဖန်တီးယူနေသလို ဖြစ်သွားနိုင်ပေသည်။
ထို့အတွက် အိန္ဒိယ သည် တရုတ် သွားရာ လမ်းကြောင်း နှင့် ဆန့်ကျင်ဖက် အဖြစ် မြန်မာပြည်သူများ၏ လိုလားချက်များ နှင့် လိုက်လျော ညီထွေ ရှိမည့် ဒီမိုကရေစီနှင့် စီးပွားရေး အင်အား ကို အသုံးချ ကူညီမှသာ ဖြစ်ပေမည်၊ တရုတ်ကဲ့သို့ ဖိနှိပ်အုပ်ချုပ်နေသည့် မြန်မာ စစ်တပ်ဖက်က ရပ်တည်ပေးနေ၍ အကျိုးရှိလာမည် မဟုတ်။
အိန္ဒိယ လုပ်သင့်သည်က အမျိုးသား ညီညွတ်ရေး အစိုးရနှင့် အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် သိုသိုသိပ်သိပ် ဆက်သွယ် ထားရတော့မည် ဖြစ်သည်။
မြန်မာ စစ်တပ်သည် လက်ရှိတွင် မည်သို့မျှ မဖြစ်နိုင်တော့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အား ဆုပ်ကိုင်ထားခြင်းမျိုးထက် အခြား မည်သည့် စိတ်ကူးစိတ်သန်း မျှ ထွက်မလာ၊ သန်းရွှေ ကြံစည်ထားသလို ချိတ်ထမိန် ဝတ် အရပ်သား အစိုးရ ပုံစံမျိုး ပွဲထုတ်ပြီး နောက်ကွယ်ကနေ လွှမ်းမိုးထားလိုသည့် အတွေးအခေါ် ထက် မပို။
၎င်းတို့ လုပ်မည့် ပီအာရွေးကောက်ပွဲသည် ပြည်တွင်းပြည်ပ တွင် မည်သို့မျှ တရားဝင် အဖြစ် ရှုမြင်ခံကြဖို့ မရှိသည့်အပြင် ရွေးကောက်ပွဲ ကြီးကြပ်မည့် သူများ အားလည်း တော်လှန်ရေး တပ်ဖွဲ့များက ရန်ရှာလာနေ၍ ဖြစ်လာဖို့ကလည်း မကြိမ်းသေ။
အာဆီယံ ဖက် ၎င်းတို့ ကို ငဲ့ညှာသော အားဖြင့် အတိုက်အခံ အင်အားစုများ နှင့် ဆွေးနွေးရန် မရမက ကြိုးပမ်းပေးခဲ့သော်လည်း လုပ်မည့် အလားအလာ မတွေ့ရ။ မြန်မာ လူဦးရေ အခြေပြ တွင် အများဆုံး ပါဝင်နေသော လူငယ် လူရွယ်များသည် ၎င်းတို့၏ အနာဂတ် အခွင့်အလန်းများ၊ လွတ်လပ်စွာ နေထိုင်သွားလာခွင့် ရရေး တို့ အတွက် အနစ်နာခံ တိုက်ပွဲဝင်ကြရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ယခုအခါ စစ်တပ်သည် တတိုင်းပြည်လုံး ကို ပြန်လည် ထိန်းချုပ်နိုင်မည် ဆိုသည် ကလည်း မည်သို့မျှ စဉ်းစား ပုံဖေါ် ကြည့်၍ မရသည့် အနေအထား မျိုး ဖြစ်နေသည်။ သို့သော် စစ်တပ် ပူးပေါင်း ပါဝင်မည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသည်သာ မြန်မာ အား ဘောလ်ကန် ဒေသ အဖြစ်မျိုး ရောက်မသွားအောင် ကာကွယ်ပေးနိုင်ပေလိမ့်မည်။
ထို့အတွက် အိန္ဒိယ သည် မြန်မာ မူဝါဒ အား ပြန်လည် သုံးသပ်ရန် လိုအပ်လာပြီ ဖြစ်သည်၊ သေနတ် ပြောင်းဝ က ထွက်လာမည့် အာဏာ နှင့် ပြည်သူတို့ထံ မှ ဆင်းသက်လာမည့် အာဏာ အကြား ပို၍ မျှမျှတတ စဉ်းစား သဘောပေါက်ဖို့ လိုအပ်လာပြီ ဖြစ်သည်။
သေနတ် ပြောင်းဝက ထွက်သော အာဏာသည် အိန္ဒိယ အကျိုးရှိရာ ရှိကြောင်း ဖေါ်ဆောင်ပေးမည်လော၊ သို့တည်းမဟုတ် လွတ်လပ်ခွင် နှင့် ဒီမိုကရေစီ သည်သာ အိန္ဒိယ အတွက် အစစ်အမှန် အားထားရမည့် တန်ဖိုးများ လော ဆိုသည်ကို ချင့်ချိန်ရတော့မည် ဖြစ်သည်။၊
လက်ရှိ အနေအထား တွင် ထွက်ပြေးလာသော ဒုက္ခသည်များအား လက်ခံ နေရာချထားပေးခြင်း၊ ထိုအထဲတွင် ပါလာသော ကျောင်းသား များ၊ ပညာရှင်များ အား ပညာသင်ဆုများ ချီးမြှင့်ခြင်း၊ ဆေးဝါး နှင့် လူသားချင်း စာနာ သည့် အကူအညီများ ပေးခြင်း အစရှိသဖြင့် နိုင်ငံရေး ရင်းနှီးမြုပ်နှံ မှုများ ပြုလုပ်ထားသင့်ပြီ ဖြစ်သည်။
မြန်မာစစ်တပ် ဝင်ငွေရနေတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းများ
📅
💬 မှတ်ချက်
RFA■ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုရှိရေး အဖွဲ့အစည်းတွေဆီကနေရရှိတဲ့ အခွန်စာရွက်စာတမ်းတွေကို လေ့လာသုံးသပ်ချက်အရ အမေရိကန်နဲ့ နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးတွေရဲ့ လက်ခွဲလုပ်ငန်းအချို့ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတောင် မြန်မာနိုင်ငံမှာ လုပ်ငန်းဆက်လက်လည်ပတ်နေကြပြီး အကျိုးအမြတ်တွေလည်း ရနေကြတဲ့အကြောင်း ပြီးခဲ့တဲ့အပတ်က ယူကေ အခြေစိုက် ဂါးဒီးယန်းသတင်းစာက ရေးသားဖော်ပြလိုက်တာ ဖြစ်ပါတယ်။ဂါးဒီးယန်းသတင်းစာကရရှိတဲ့ အခွန်စာရွက်စာတမ်းတွေအရ အမေရိကန်ရေနံလုပ်ငန်း ဟာလီဗာတန် (Halliburton) ရဲ့ စင်္ကာပူအခြေစိုက်လုပ်ငန်းခွဲ Myanmar Energy Services ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ရှစ်လကျော်ကြာတဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာအထိ အလုပ်လုပ်နေဆဲဖြစ်ပြီး အခွန်မဆောင်ရသေးတဲ့ ဝင်ငွေ ဒေါ်လာ ၆.၃ သန်း ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။အလားတူပဲ အမေရိကန်နိုင်ငံ ဟူစတန်အခြေစိုက် ရေနံတူးဖော်ရေးလုပ်ငန်း ဘေကာ ဟျူးစ် Baker Hughes ကုမ္ပဏီရဲ့ ရန်ကုန်ရုံးခွဲဟာဆိုရင်လည်း ၂၀၂၂ခုနှစ် မတ်လအထိ အခွန်မဆောင်ရသေးတဲ့ ဝင်ငွေ ဒေါ်လာ ၂.၆၄ သန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။ကမ်းလွန်ရေနံတူးဖော်ရေး ဝန်ဆောင်မှုပေးတဲ့ အမေရိကန်ကုမ္ပဏီ Diamond Offshore Drilling ဟာဆိုရင်လည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ ဝင်ငွေ ဒေါ်လာ ၃၇ သန်းနဲ့ ၂၀၂၂ ခုနှစ်အထိ မတ်လအထိ ဝင်ငွေ ဒေါ်လာ ၂၄.၂ သန်း ရရှိကြောင်း အခွန်ဆိုင်ရာ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။ဒါ့အပြင် ကမ္ဘာ့အကြီးဆုံး ကမ်းလွန်ရေနံတူးဖော်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Schlumberger ကုမ္ပဏီရဲ့ ရန်ကုန်ရုံးခွဲဟာဆိုရင်လည်း ၂၀၂၁ ခုနှစ် စက်တင်ဘာအထိ မြန်မာနိုင်ငံက စီမံကိန်းတွေကနေ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၁.၇ သန်း ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ စွမ်းအင်ဝန်ကြီးဌာနဆီကနေ ဒေါ်လာ နှစ်သိန်းရဖို့ ကျန်နေသေးတယ်လို့ ဖော်ပြထားပါတယ်။အခုအချိန်မှာ မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေးစီမံကိန်းတွေကို ထိုင်း၊ စင်္ကာပူနဲ့ တောင်ကိုရီးယားတို့လို အာရှနိုင်ငံတွေက ကုမ္ပဏီတွေက စီမံလုပ်ကိုင်နေတာ ဖြစ်ပေမယ့် ဒီကုမ္ပဏီတွေ တူးဖော်ရေးလုပ်ငန်းတွေ ဆက်လုပ်နေနိုင်အောင် အမေရိကန်ကုမ္ပဏီတွေက နည်းပညာဝန်ဆောင်မှုတွေပေးနေတာ ဖြစ်တဲ့အကြောင်း၊ ဒီအမေရိကန်ကုမ္ပဏီတွေဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရောင်းချတဲ့ဝင်ငွေကနေ စစ်ကောင်စီ ဆက်လက်ရပ်တည်နိုင်စေဖို့ အကျိုးပြုနေတဲ့အကြောင်း သုံးသပ်ဖော်ပြထားတာ ဖြစ်ပါတယ်။ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ကုမ္ပဏီတွေကို ဂါးဒီးယန်းသတင်းစာက ဆက်သွယ်မေးမြန်းခဲ့ရာမှာ Halliburton၊ Schlumberger နဲ့ Diamond Offshore Drilling တို့က တုံ့ပြန်ဖြေကြားခြင်း မရှိဘဲ Baker Hughes ကုမ္ပဏီကတော့ စစ်တပ်က အာဏာမသိမ်းခင်ကတည်းက ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်ကြောင်းနဲ့ ၂၀၂၂ခုနှစ် အစောပိုင်းမှာ လုပ်ငန်းပြီးစီးခဲ့ကတည်းက စာချုပ်အသစ်ချုပ်ဆိုမှု မရှိတော့ကြောင်း ဖြေကြားထားပါတယ်။အခုလို မြန်မာနိုင်ငံက စွမ်းအင်စီမံကိန်းတွေအတွက် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေဟာ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေအတွက် ဝင်ငွေရဖို့ အထောက်အကူပေးရာ ရောက်တဲ့အကြောင်း စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တဲ့ စစ်ဆင်ရေးတွေအတွက် အားပေးကူညီရာရောက်တဲ့အတွက် နိုင်ငံတကာတာဝန်ရှိမှုတွေကို ချိုးဖောက်ရာ ရောက်တဲ့အကြောင်း မြန်မာစစ်တပ်ရဲ့ အကျိုးစီးပွားတွေအကြောင်း ဖော်ထုတ်နေတဲ့ Justice for Myanmar အဖွဲ့က မရတနာမောင်က ပြောပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ရက်နေ့က အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှု စာရင်းမှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ရဲ့ ခေါင်းဆောင်နှစ်ဦး ပါဝင်လာခဲ့ပေမယ့် MOGE တစ်ခုလုံးကို ပိတ်ဆို့အရေးယူတာ မရှိသေးပါဘူး။အခုအချိန်မှာ ဥရောပသမဂ္ဂ အီးယူကပဲ MOGE တစ်ခုလုံးကို ပိတ်ဆို့အရေးယူထားပြီး အမေရိကန်နဲ့ ယူကေနိုင်ငံတွေက MOGE တစ်ခုလုံးကို ပိတ်ဆို့အရေးယူမှု စာရင်းထဲ မထည့်ရသေးတဲ့အတွက် နိုင်ငံတကာ စွမ်းအင်လုပ်ငန်းကြီးတွေဟာ အခြားကုမ္ပဏီတစ်ခု တစ်ဆင့်ခံပြီးဖြစ်စေ MOGE ရဲ့ ခေါင်းဆောင်ပိုင်း မဟုတ်သူတွေနဲ့ တိုက်ရိုက်ဖြစ်စေ ဆက်စပ်အလုပ်လုပ်လို့ ရနေသေးတယ်လို့ သုံးသပ်ဖော်ပြထားပါတယ်။၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ အကြီးဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းဖြစ်တဲ့ ရတနာစီမံကိန်းမှာ ဖက်စပ်လုပ်ကိုင်နေတဲ့ ပြင်သစ်ပိုင် တိုတယ်ကုမ္ပဏီက မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ့်အကြောင်း ၂၀၂၂ ခုနှစ်က ကြေညာခဲ့ပြီး အမေရိကန်ပိုင် ရှက်ဗရွန် Chevron ကုမ္ပဏီကလည်း အခုနှစ်မှာ ကြေညာခဲ့ကြပါတယ်။
RFA
■ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုရှိရေး အဖွဲ့အစည်းတွေဆီကနေရရှိတဲ့ အခွန်စာရွက်စာတမ်းတွေကို လေ့လာသုံးသပ်ချက်အရ အမေရိကန်နဲ့ နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးတွေရဲ့ လက်ခွဲလုပ်ငန်းအချို့ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတောင် မြန်မာနိုင်ငံမှာ လုပ်ငန်းဆက်လက်လည်ပတ်နေကြပြီး အကျိုးအမြတ်တွေလည်း ရနေကြတဲ့အကြောင်း ပြီးခဲ့တဲ့အပတ်က ယူကေ အခြေစိုက် ဂါးဒီးယန်းသတင်းစာက ရေးသားဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ဂါးဒီးယန်းသတင်းစာကရရှိတဲ့ အခွန်စာရွက်စာတမ်းတွေအရ အမေရိကန်ရေနံလုပ်ငန်း ဟာလီဗာတန် (Halliburton) ရဲ့ စင်္ကာပူအခြေစိုက်လုပ်ငန်းခွဲ Myanmar Energy Services ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ရှစ်လကျော်ကြာတဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာအထိ အလုပ်လုပ်နေဆဲဖြစ်ပြီး အခွန်မဆောင်ရသေးတဲ့ ဝင်ငွေ ဒေါ်လာ ၆.၃ သန်း ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူပဲ အမေရိကန်နိုင်ငံ ဟူစတန်အခြေစိုက် ရေနံတူးဖော်ရေးလုပ်ငန်း ဘေကာ ဟျူးစ် Baker Hughes ကုမ္ပဏီရဲ့ ရန်ကုန်ရုံးခွဲဟာဆိုရင်လည်း ၂၀၂၂ခုနှစ် မတ်လအထိ အခွန်မဆောင်ရသေးတဲ့ ဝင်ငွေ ဒေါ်လာ ၂.၆၄ သန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကမ်းလွန်ရေနံတူးဖော်ရေး ဝန်ဆောင်မှုပေးတဲ့ အမေရိကန်ကုမ္ပဏီ Diamond Offshore Drilling ဟာဆိုရင်လည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ ဝင်ငွေ ဒေါ်လာ ၃၇ သန်းနဲ့ ၂၀၂၂ ခုနှစ်အထိ မတ်လအထိ ဝင်ငွေ ဒေါ်လာ ၂၄.၂ သန်း ရရှိကြောင်း အခွန်ဆိုင်ရာ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကမ္ဘာ့အကြီးဆုံး ကမ်းလွန်ရေနံတူးဖော်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Schlumberger ကုမ္ပဏီရဲ့ ရန်ကုန်ရုံးခွဲဟာဆိုရင်လည်း ၂၀၂၁ ခုနှစ် စက်တင်ဘာအထိ မြန်မာနိုင်ငံက စီမံကိန်းတွေကနေ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၁.၇ သန်း ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ စွမ်းအင်ဝန်ကြီးဌာနဆီကနေ ဒေါ်လာ နှစ်သိန်းရဖို့ ကျန်နေသေးတယ်လို့ ဖော်ပြထားပါတယ်။
အခုအချိန်မှာ မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေးစီမံကိန်းတွေကို ထိုင်း၊ စင်္ကာပူနဲ့ တောင်ကိုရီးယားတို့လို အာရှနိုင်ငံတွေက ကုမ္ပဏီတွေက စီမံလုပ်ကိုင်နေတာ ဖြစ်ပေမယ့် ဒီကုမ္ပဏီတွေ တူးဖော်ရေးလုပ်ငန်းတွေ ဆက်လုပ်နေနိုင်အောင် အမေရိကန်ကုမ္ပဏီတွေက နည်းပညာဝန်ဆောင်မှုတွေပေးနေတာ ဖြစ်တဲ့အကြောင်း၊ ဒီအမေရိကန်ကုမ္ပဏီတွေဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရောင်းချတဲ့ဝင်ငွေကနေ စစ်ကောင်စီ ဆက်လက်ရပ်တည်နိုင်စေဖို့ အကျိုးပြုနေတဲ့အကြောင်း သုံးသပ်ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ကုမ္ပဏီတွေကို ဂါးဒီးယန်းသတင်းစာက ဆက်သွယ်မေးမြန်းခဲ့ရာမှာ Halliburton၊ Schlumberger နဲ့ Diamond Offshore Drilling တို့က တုံ့ပြန်ဖြေကြားခြင်း မရှိဘဲ Baker Hughes ကုမ္ပဏီကတော့ စစ်တပ်က အာဏာမသိမ်းခင်ကတည်းက ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်ကြောင်းနဲ့ ၂၀၂၂ခုနှစ် အစောပိုင်းမှာ လုပ်ငန်းပြီးစီးခဲ့ကတည်းက စာချုပ်အသစ်ချုပ်ဆိုမှု မရှိတော့ကြောင်း ဖြေကြားထားပါတယ်။
အခုလို မြန်မာနိုင်ငံက စွမ်းအင်စီမံကိန်းတွေအတွက် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေဟာ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေအတွက် ဝင်ငွေရဖို့ အထောက်အကူပေးရာ ရောက်တဲ့အကြောင်း စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တဲ့ စစ်ဆင်ရေးတွေအတွက် အားပေးကူညီရာရောက်တဲ့အတွက် နိုင်ငံတကာတာဝန်ရှိမှုတွေကို ချိုးဖောက်ရာ ရောက်တဲ့အကြောင်း မြန်မာစစ်တပ်ရဲ့ အကျိုးစီးပွားတွေအကြောင်း ဖော်ထုတ်နေတဲ့ Justice for Myanmar အဖွဲ့က မရတနာမောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ရက်နေ့က အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှု စာရင်းမှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ရဲ့ ခေါင်းဆောင်နှစ်ဦး ပါဝင်လာခဲ့ပေမယ့် MOGE တစ်ခုလုံးကို ပိတ်ဆို့အရေးယူတာ မရှိသေးပါဘူး။
အခုအချိန်မှာ ဥရောပသမဂ္ဂ အီးယူကပဲ MOGE တစ်ခုလုံးကို ပိတ်ဆို့အရေးယူထားပြီး အမေရိကန်နဲ့ ယူကေနိုင်ငံတွေက MOGE တစ်ခုလုံးကို ပိတ်ဆို့အရေးယူမှု စာရင်းထဲ မထည့်ရသေးတဲ့အတွက် နိုင်ငံတကာ စွမ်းအင်လုပ်ငန်းကြီးတွေဟာ အခြားကုမ္ပဏီတစ်ခု တစ်ဆင့်ခံပြီးဖြစ်စေ MOGE ရဲ့ ခေါင်းဆောင်ပိုင်း မဟုတ်သူတွေနဲ့ တိုက်ရိုက်ဖြစ်စေ ဆက်စပ်အလုပ်လုပ်လို့ ရနေသေးတယ်လို့ သုံးသပ်ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ အကြီးဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းဖြစ်တဲ့ ရတနာစီမံကိန်းမှာ ဖက်စပ်လုပ်ကိုင်နေတဲ့ ပြင်သစ်ပိုင် တိုတယ်ကုမ္ပဏီက မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ့်အကြောင်း ၂၀၂၂ ခုနှစ်က ကြေညာခဲ့ပြီး အမေရိကန်ပိုင် ရှက်ဗရွန် Chevron ကုမ္ပဏီကလည်း အခုနှစ်မှာ ကြေညာခဲ့ကြပါတယ်။
Sagaing Division Shwebo Township, As the army burned down the village, more than 1,000 homes were destroyed
📅
💬 မှတ်ချက်
On February 12, Tiger Taung Village in Shwebo Township. Tiger North Village It was reported that the soldiers and Pyu Sawhti from Nyaung Pintha Village Agricultural School raided and burned the villages of Tiger Nog and Tiger Middle Village, and more than 1,000 houses were burnt to ashes. When the army entered the village, guns fired continuously, and 3 elderly people died of cardiac arrest.Today, February 13th, the army Katha Township "The war dogs have started to attack the village of Uapo, and we have to stare at it because the weapons are not balanced," said a local resident.
Starting on February 11th, the terrorist army burned Ingyi village in Katha Township, destroying 286 houses. It was reported that 269 houses were destroyed due to the burning of the village.
ရွှေဘို၊ ကျားရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀၀ ကျော်ပြာကျပြီး သက်ကြီးရွယ်အို ၃ ဦး နှလုံးရပ် သေဆုံး၊ ကသာမြို့ နယ်၊ လှေပိုရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ
📅
💬 မှတ်ချက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရန်ကုန်ခေတ်သစ် မီဒီယာ
စစ်ကိုင်းတိုင်း၊
ရွှေဘိုမြို့နယ်၊ ကျားရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်သဖြင့် နေအိမ်
၁၀၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့
ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရွှေဘိုမြို့နယ်ရှိ ကျား
တောင်ရွာ၊ ကျားမြောက်ရွာ၊ ကျားနောက်ရွာနှင့်ကျား အလယ်ရွာတို့ကို
ညောင်ပင်သာရွာ စိုက်ပျိုးရေးကျောင်းမှ စစ်သားနှင့် ပျူစောထီးများက ဝင်ရောက်
စီးနင်းမီးရှို့ခဲ့ပြီး နေအိမ် ၁၀၀၀ ကျော် မီး လောင်ပြာကျခဲ့ကြောင်း၊
စစ်တပ်က ကျေးရွာအတွင်းသို့ ဝင်ရောက်စဥ် သေနတ်များ အဆက်မပြတ်
ပစ်ခတ်ခဲ့သောကြောင့် အသက်အရွယ် ကြီးရင့်သူ ၃ ဦး နှလုံးရပ်ကာ
သေဆုံးခဲ့ကြောင်း သိရသည်။
"ကျားရွာက တောင်၊မြောက်၊နောက်၊ လယ်
ဆိုပြီး ၄ ရွာပေါင်းထားတဲ့ ကျေးရွာကြီးပါ စစ်ခွေးတွေမီးရှို့လို့ နေအိမ်
၁၀၀၀ ကျော်ပြာကျသွားတယ်။ အနောက်ရွာမှာ တစ်ရွာလုံး နီးပါး ရှို့ခံလိုက်ရတယ်။
အနောက်ရွာနဲ့ မြောက်ရွာလည်း နေအိမ် တော်တော်များများပါ သွားတယ်။ ကျေးရွာ ၄
ရွာပေါင်းနေအိမ် ၈၀ ရာခိုင်နှုန်းလောက်က မီးထဲပါသွားပါပြီ။ စစ်ခွေးတွေ
ရွာထဲဝင်တဲ့အချိန် သေနတ်တွေ ဆက်တိုက်ဖောက်လို့ ကျားတောင်ရွာက အဘိုးအို ၁
ဦးနဲ့ အဘွားအို ၁ ဦး နှလုံးအမောဖောက်ပြီး ဆုံးပါးသွားတယ်။ ဘေးရွာက
အဘိုးအို ၁ ဦးလည်း နှလုံးအမောဖောက်ပြီး ဆုံးပါးသွားပါတယ်" ဟု ဒေသခံ ပြည်သူ
တစ်ဦးကပြောဆိုသည်။
စစ်တပ်က ၂၀၂၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင်လည်း
ကျားတောင်ရွာကို မီးရှို့ ဖျက်ဆီးခဲ့ပြီး နေအိမ် ၉၀
ကျော်မီးလောင်ပြာကျခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ တွင်မူ
ကျား အနောက်ရွာ၊ ကျားမြောက်ရွာ၊ ကျားလယ်ရွာနှင့် ကျားတောင်ရွာတို့ကို
စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၀၀၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ လှေပိုရွာကိုလည်း အကြမ်းဖက်
စစ်တပ်က ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မီးတင်ရှို့ဖျက်ဆီးနေကြောင်း
ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
" လှေပိုရွာကို စစ်ခွေးတွေ မီးစတိုက်နေပါပြီ လက်နက်အင်အား မမျှတလို့ ဒီတိုင်းပဲ ငေးကြည့်နေရတယ်" ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။
ဖေဖော်ဝါရီလ
၁၁ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ်က ကသာမြို့နယ်ရှိ အင်းကြီးရွာကို
မီးရှို့မှု လူနေအိမ် ၂၈၆ လုံးပြာကျခဲ့ကြောင်း၊ လှေပိုရွာကို
မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၆၉ လုံးပြာကျခဲ့ကြောင်း သိရှိရသည်။
အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက နေအိမ် ၅၅၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ
📅
💬 မှတ်ချက်
RFA
■ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းက နေအိမ် ၅၅,၄၈၄ လုံးကို စစ်ကောင်စီတပ်နဲ့ သူ့ရဲ့လက်အောက်ခံ တပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar က ဖေဖော်ဝါရီလ ၁၀ ရက်မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။မီးရှို့ခံရမှုမှာ စစ်ကိုင်းတိုင်းကအများဆုံးဖြစ်ပြီး ၄၃,၂၉၂ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ ယခုနှစ် ဇန်နဝါရီလအတွင်း နေအိမ်မီးရှို့ခံလိုက်ရတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားထုံးရွာဒေသခံတစ်ဦးကတော့ မီးကျွမ်းနေတဲ့သွပ်ချပ်တွေနဲ့ ကာရံပြီး ရွက်ဖျင်တဲထိုး နေထိုင်နေတယ်လို့ ဆိုပါတယ်။"ဒုက္ခရောက်တာပေါ့ မောင်လေးရယ်။ စားစရာတောင်မှ ဘာမှမရှိတာ။ ဇလုံ၊ အလွန်ဆုံး ခုပြောလိုက်မယ်။ စားပွဲကစ စားဖို့သောက်ဖို့ စားပွဲ၊ ကိုယ်ရဲ့နေစရာကတော့ ရွက်ဖျင်လေးနဲ့ပဲ နေတဲ့သူက နေရတာပေါ့။ မနေတဲ့သူက (တဲ) မထိုးနိုင်တဲ့သူကတော့ မထိုးကြသေးပါဘူး။ အစ်မတို့ကကျတော့ ကလေးက နှစ်ယောက်ဆိုတော့ မိသားစုက ခုနစ်ယောက်ဆိုတော့ ကျောင်းကန်ဘုရားဆိုတာကလည်း အမြဲတမ်းကမကောင်းဘူး။ အဲဒါကြောင့် အစ်မတို့ကတော့ သက္ကလက်လေးနဲ့ မိုးထားတာပေါ့နော်။ သွပ်လေးတွေ ခုမီးထဲပါတဲ့သွပ်လေးတွေ ကာထားရတာပေါ့။ အခုက ဒုက္ခမှ တော်တော့်ကို ရောက်ကြတာ"စစ်ကောင်စီတပ်က ဆားလင်းကြီးမြို့နယ်၊ ဆားထုံးရွာကို ဒီနှစ်ဇန်နဝါရီလတုန်းက ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၂၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အိမ်ခြေ နှစ်ရာကျော်ရှိတဲ့ ဆားထုံးကျေးရွာမှာ နေအိမ် ၈၀ ဝန်းကျင်ပဲ မီးမလောင်ဘဲ ကျန်ခဲ့တာပါ။Data for Myanmar ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက အရပ်သားနေ အိမ်မီးရှို့ခံရတဲ့ပမာဏဟာ တစ်နိုင်ငံလုံးရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး ရှိနေတာပါ။ နေအိမ်မီးရှို့ခံရမှု ဒုတိယအများဆုံးက မကွေးတိုင်း ဖြစ်ပါတယ်။ မကွေးတိုင်းမှာ နေအိမ် ၈,၈၆၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။မကွေးတိုင်း၊ ပေါက်မြို့နယ်က ရွာလုံးကျွတ် မီးရှို့ခံလိုက်ရတဲ့ ကျွန်းတိုင်းရွာသားတစ်ဦး ကတော့ သူတို့ရွာကိုတောင် မပြန်နိုင်တော့ဘူးလို့ RFA ကို ပြောပါတယ်။"တောထဲမှာပဲ နေရတယ်ဗျ။ တောထဲတွေမှာ တဲလေးထိုးတယ်၊ မိုးကာလေးမိုးတယ်၊ အဲလိုပဲနေရတယ်ဗျ။ အခု ကျနော်တို့ဘက်ကကျတော့ ချင်းနယ်စပ်၊ ချင်းတောင်တန်း၊ ပုံတောင်ပုံညာနဲ့ နီးစပ်တော့ အအေးဓာတ်ကတော့ ခုချိန်ထိ အေးတယ်။ ညပိုင်းကို အေးတယ်။ နေ့ပိုင်းကို ပူသေးတယ်ဗျ။ ကျနော်တို့ဘက်မှာကျ ဆန်၊ ဆီ၊ ဆား ထုတ်ကုန် အကုန်လုံးရှိတယ်ဗျာ။ ထုတ်ကုန်တွေ အကုန်လုံးကိုလည်း မီးရှို့သွားတယ်ဗျာ"နေအိမ် ၂၁၀ ဝန်းကျင်ရှိတဲ့ ကျွန်းတိုင်းရွာကို ဇန်နဝါရီလ ၃၀ ရက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့တာပါ။ နေအိမ်မီးရှို့ခံရမှု အများဆုံးဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူ့ရဲ့တပ်သားတွေက နေအိမ်မီးရှို့ဖျက်ဆီးတာတွေ မလုပ်ဘူးလို့ ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းက ကုလ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ နေအိမ်မီးရှို့ခံရတဲ့ဒေသခံတွေနဲ့ သုသေသနအဖွဲ့အစည်းတွေကတော့ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက် မီးရှို့ခဲ့ကြတာလို့ အခိုင်အမာ ပြောဆိုပါတယ်။ဒီလုပ်ရပ်တွေဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်တယ်လို့ လန်ဒန်မြို့အခြေစိုက် မြန်မာနိုင်ငံလူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ဝေဖန်ပါတယ်။"ဒီလိုမျိုး ရွာတွေကိုမီးရှို့တာတို့၊ လူတွေကိုဖမ်းဆီးတာ၊ သတ်ဖြတ်တာ ဒါတွေဟာ အခုဘယ်လိုအဆင့် ဖြစ်သွားလဲဆိုတော့ စစ်ရာဇဝတ်မှု မဟုတ်တော့ဘဲနဲ့ စစ်ရာဇဝတ်မှု ဆိုတာက တစ်ဘက်မှာ ရန်သူကိုတိုက်ရင်းခိုက်ရင်းနဲ့ ရန်သူကို ကျူးလွန်တဲ့ဟာတွေ ပေါ့နော်။ အခုဟာက လူသားချင်းဆိုင်ရာ ရာဇဝတ်မှုကျူးလွန်တဲ့အဆင့်ကို ရောက်သွားပြီ။ သူက ဘယ်လိုအချက်အလက်ပေါ်အခြေခံလဲဆိုတော့ ဒီနေရာအနှံ့ကို စနစ်တကျဖြစ်သွားတယ်ပေါ့နော်။ နေရာအနှံ့မှာဖြစ်မယ်။ နောက်သူတို့ စနစ်တကျကို လုပ်လာတယ်။ ဒါမျိုးကို ဒီလိုအချက်အလက်တွေကို အခြေခံပြီးတော့ လူသားချင်းဆိုင် ရာဇဝတ်မှုလို့ ခေါ်တာပေါ့နော်"နိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန်ပြန့် ပေါ်ပေါက်နေတဲ့ တစ်ချိန်တည်းမှာပဲ စစ်ကောင်စီက သူ့ရဲ့အုပ်ချုပ်မှုသက်တမ်းကို နောက်ထပ်ခြောက်လ တိုးလိုက်ပါတယ်။ဒီအပြင် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ကယားနဲ့ ချင်းပြည်နယ်အတွင်းက မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကြောင့် နေအိမ်မီးရှို့ဖျက်ဆီးခံရမှု အပါအဝင် အရပ်သားသေဆုံးထိခိုက်မှုတွေ တိုးလာမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။
ရွှေဘိုမှာ နေအိမ် ၈၀ နီးပါးမီးရှို့ခံရပြီး ဒေသခံ တစ်သောင်းဝန်းကျင် ထွက်ပြေး~~~~~■ အင်အား ၂၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ဖေဖော်ဝါရီ ၁၁ ရက်ကစလို့ နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် နေအိမ် ၈၀ နီးပါး မီးလောင်ခဲ့ပြီး အရပ်သား တစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဖေဖော်ဝါရီလ ၁၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ရွှေဘိုမြို့နယ် ညောင်ကန်ရွာကို စစ်ကြောင်းထိုးခဲ့ပြီး နေအိမ် ၈၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။“ခန့်မှန်းခြေပေါ့ အိမ်ခြေ ၈၀ လောက် မီးရှို့ခံလိုက်ရတယ်။ ဒီနေ့မနက်မှာ ကျားရွာကိုတစ်ခါ စစ်ကြောင်းထိုးတာဗျ။ ကျားရွာရဲ့ အနောက်ဘက်မှာ ညောင်ပင်သာရွာရှိတယ်ဗျ။ သူတို့ဘက်ကို ကူးလာမှာစိုးလို့ သူတို့လည်း စစ်ဘေးရှောင်နေရတယ်”စစ်ကြောင်းထိုးခံရတဲ့ ညောင်ကန်ရွာမှာ နေအိမ် ၃၀၀ ဝန်းကျင်ရှိပြီး ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်မနက်ပိုင်းမှာတော့ ညောင်ကန်ရွာအနီးက အိမ်ခြေ ၁၇၀၀ နီးပါးရှိတဲ့ ကျားရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်နေပြီး အဲဒီက ဒေသခံ ၅၀၀၀ နီးပါးလည်း ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။ဒီအပြင် ကျားရွာအနောက်ဘက် ညောင်ပင်သာကျေးရွာက ဒေသခံ လေးထောင်နီးပါးလည်း ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးဒုက္ခသည် ခြောက်သိန်းခွဲနီးပါး ရှိနေပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: ShweBo People Defence Force)
နှစ်ပတ်အတွင်း ကနီနဲ့ ယင်းမာပင်က နေအိမ် ၄၀၃ လုံးမီးရှို့ခံရ၊ ဒေသခံ ခြောက်ဦး သေဆုံး~~~~~■ စစ်ကိုင်းတိုင်း၊ ကနီနဲ့ ယင်းမာပင်မြို့နယ်အစပ် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်က ကျေးရွာ ၁၁ ရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့တာကြောင့် နေအိမ် ၄၀၃ လုံးမီးလောင်ပျက်စီးခဲ့ပြီး အရပ်သား ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။အင်အား ၈၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီလနောက်ဆုံးအပတ်ကနေ ဖေဖော်ဝါရီလ ၈ ရက်အထိ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ အရပ်သား နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။“ စုစုပေါင်း ကနီမြို့နယ်မှာဆိုရင် အိမ်ခြေ ၂၂၀ ရှို့သွားတယ်၊ ယင်းမာပင်မြောက်ခြမ်းမှာဆိုရင် ကျေးရွာခုနစ်ရွာက စုစုပေါင်း အိမ်ခြေ ၁၈၃ လုံးအထိ မီးရှို့ခံလိုက်ရတယ်”ဖေဖော်ဝါရီ ၈ ရက် စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်ခွာသွားတဲ့နောက် ယင်းမာပင်မြို့နယ်က ကျောက်ကုန်းရွာမှာ အသတ်ခံရတဲ့ အမျိုးသား တစ်ဦး၊ ကျောက်မှော်ရွာမှာ အသက် ၇၀ အရွယ် အမျိုးသမီး တစ်ဦး၊ အသက် ၄၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား တစ်ဦးတို့ရဲ့ ရုပ်အလောင်းတွေကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မှာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။နောက်ထပ်လက်ပြန်ကြိုးတုပ် အသတ်ခံရတဲ့ လူလတ်ပိုင်း အမျိုးသား နှစ်ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ သပြေတောရွာအနီး ချင်းတွင်းမြစ်ကမ်းစပ်မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က တွေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ချင်းတွင်းမြစ်တစ်လျှောက်ရွာ ၁၁ရွာက နေအိမ်မီးလောင် ပျက်စီးခဲ့တာကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ နေရပ်မပြန်နိုင်သူ ၆၀၀ ဝန်းကျင်ရှိတယ်လို့လည်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးဒုက္ခသည် ခြောက်သိန်းခွဲနီးပါး ရှိနေပါတယ်။_________စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် တကောင်းမင်းရွာ မီးရှို့ခံထားရသည်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)ရွှေဘိုက စစ်ဘေးဒုက္ခသည် တစ်သောင်းနီးပါး အကူအညီလိုအပ်~~~~~■ စစ်ကောင်စီတပ်က ရွှေဘိုမြို့နယ်မှာ စစ်ကြောင်းထိုးခဲ့တာကြောင့် အိုးအိမ်စွန့်ခွာပြီး တောတောင်တွေထဲ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တစ်သောင်းနီးပါးဟာ အစားအသောက်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ညောင်ကန်ရွာနဲ့ ကျားရွာတွေကို ဖေဖော်ဝါရီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့ခဲ့တာကြောင့် အဲဒီရွာတွေနဲ့ အနီးတစ်ဝိုက်ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။တချို့ကလည်း ရွှေဘိုနဲ့ နယ်နိမိချင်းထိစပ်နေတဲ့ ခင်ဦးမြို့နယ်ထဲအထိ ထွက်ပြေးနေကြရပြီး ခင်ဦးဒေသခံတွေက ကူညီနေကြတယ်လို့ ဆိုပါတယ်။ထွက်ပြေးနေရသူတွေထဲမှာ သက် ၈၀ ကျော်အရွယ်ကနေ နှစ်လသားအရွယ် ရင်ခွင်ပိုက်ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးဒုက္ခသည် ခြောက်သိန်းခွဲနီးပါး ရှိနေပါတယ်။ Photo: Citizen Journalist
RFA
■ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းက နေအိမ် ၅၅,၄၈၄ လုံးကို စစ်ကောင်စီတပ်နဲ့ သူ့ရဲ့လက်အောက်ခံ တပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar က ဖေဖော်ဝါရီလ ၁၀ ရက်မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။
မီးရှို့ခံရမှုမှာ စစ်ကိုင်းတိုင်းကအများဆုံးဖြစ်ပြီး ၄၃,၂၉၂ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ ယခုနှစ် ဇန်နဝါရီလအတွင်း နေအိမ်မီးရှို့ခံလိုက်ရတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားထုံးရွာဒေသခံတစ်ဦးကတော့ မီးကျွမ်းနေတဲ့သွပ်ချပ်တွေနဲ့ ကာရံပြီး ရွက်ဖျင်တဲထိုး နေထိုင်နေတယ်လို့ ဆိုပါတယ်။
"ဒုက္ခရောက်တာပေါ့ မောင်လေးရယ်။ စားစရာတောင်မှ ဘာမှမရှိတာ။ ဇလုံ၊ အလွန်ဆုံး ခုပြောလိုက်မယ်။ စားပွဲကစ စားဖို့သောက်ဖို့ စားပွဲ၊ ကိုယ်ရဲ့နေစရာကတော့ ရွက်ဖျင်လေးနဲ့ပဲ နေတဲ့သူက နေရတာပေါ့။ မနေတဲ့သူက (တဲ) မထိုးနိုင်တဲ့သူကတော့ မထိုးကြသေးပါဘူး။ အစ်မတို့ကကျတော့ ကလေးက နှစ်ယောက်ဆိုတော့ မိသားစုက ခုနစ်ယောက်ဆိုတော့ ကျောင်းကန်ဘုရားဆိုတာကလည်း အမြဲတမ်းကမကောင်းဘူး။ အဲဒါကြောင့် အစ်မတို့ကတော့ သက္ကလက်လေးနဲ့ မိုးထားတာပေါ့နော်။ သွပ်လေးတွေ ခုမီးထဲပါတဲ့သွပ်လေးတွေ ကာထားရတာပေါ့။ အခုက ဒုက္ခမှ တော်တော့်ကို ရောက်ကြတာ"
စစ်ကောင်စီတပ်က ဆားလင်းကြီးမြို့နယ်၊ ဆားထုံးရွာကို ဒီနှစ်ဇန်နဝါရီလတုန်းက ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၂၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အိမ်ခြေ နှစ်ရာကျော်ရှိတဲ့ ဆားထုံးကျေးရွာမှာ နေအိမ် ၈၀ ဝန်းကျင်ပဲ မီးမလောင်ဘဲ ကျန်ခဲ့တာပါ။
Data for Myanmar ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက အရပ်သားနေ အိမ်မီးရှို့ခံရတဲ့ပမာဏဟာ တစ်နိုင်ငံလုံးရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး ရှိနေတာပါ။ နေအိမ်မီးရှို့ခံရမှု ဒုတိယအများဆုံးက မကွေးတိုင်း ဖြစ်ပါတယ်။ မကွေးတိုင်းမှာ နေအိမ် ၈,၈၆၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။
မကွေးတိုင်း၊ ပေါက်မြို့နယ်က ရွာလုံးကျွတ် မီးရှို့ခံလိုက်ရတဲ့ ကျွန်းတိုင်းရွာသားတစ်ဦး ကတော့ သူတို့ရွာကိုတောင် မပြန်နိုင်တော့ဘူးလို့ RFA ကို ပြောပါတယ်။
"တောထဲမှာပဲ နေရတယ်ဗျ။ တောထဲတွေမှာ တဲလေးထိုးတယ်၊ မိုးကာလေးမိုးတယ်၊ အဲလိုပဲနေရတယ်ဗျ။ အခု ကျနော်တို့ဘက်ကကျတော့ ချင်းနယ်စပ်၊ ချင်းတောင်တန်း၊ ပုံတောင်ပုံညာနဲ့ နီးစပ်တော့ အအေးဓာတ်ကတော့ ခုချိန်ထိ အေးတယ်။ ညပိုင်းကို အေးတယ်။ နေ့ပိုင်းကို ပူသေးတယ်ဗျ။ ကျနော်တို့ဘက်မှာကျ ဆန်၊ ဆီ၊ ဆား ထုတ်ကုန် အကုန်လုံးရှိတယ်ဗျာ။ ထုတ်ကုန်တွေ အကုန်လုံးကိုလည်း မီးရှို့သွားတယ်ဗျာ"
နေအိမ် ၂၁၀ ဝန်းကျင်ရှိတဲ့ ကျွန်းတိုင်းရွာကို ဇန်နဝါရီလ ၃၀ ရက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့တာပါ။ နေအိမ်မီးရှို့ခံရမှု အများဆုံးဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူ့ရဲ့တပ်သားတွေက နေအိမ်မီးရှို့ဖျက်ဆီးတာတွေ မလုပ်ဘူးလို့ ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းက ကုလ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ နေအိမ်မီးရှို့ခံရတဲ့ဒေသခံတွေနဲ့ သုသေသနအဖွဲ့အစည်းတွေကတော့ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက် မီးရှို့ခဲ့ကြတာလို့ အခိုင်အမာ ပြောဆိုပါတယ်။
ဒီလုပ်ရပ်တွေဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်တယ်လို့ လန်ဒန်မြို့အခြေစိုက် မြန်မာနိုင်ငံလူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ဝေဖန်ပါတယ်။
"ဒီလိုမျိုး ရွာတွေကိုမီးရှို့တာတို့၊ လူတွေကိုဖမ်းဆီးတာ၊ သတ်ဖြတ်တာ ဒါတွေဟာ အခုဘယ်လိုအဆင့် ဖြစ်သွားလဲဆိုတော့ စစ်ရာဇဝတ်မှု မဟုတ်တော့ဘဲနဲ့ စစ်ရာဇဝတ်မှု ဆိုတာက တစ်ဘက်မှာ ရန်သူကိုတိုက်ရင်းခိုက်ရင်းနဲ့ ရန်သူကို ကျူးလွန်တဲ့ဟာတွေ ပေါ့နော်။ အခုဟာက လူသားချင်းဆိုင်ရာ ရာဇဝတ်မှုကျူးလွန်တဲ့အဆင့်ကို ရောက်သွားပြီ။ သူက ဘယ်လိုအချက်အလက်ပေါ်အခြေခံလဲဆိုတော့ ဒီနေရာအနှံ့ကို စနစ်တကျဖြစ်သွားတယ်ပေါ့နော်။ နေရာအနှံ့မှာဖြစ်မယ်။ နောက်သူတို့ စနစ်တကျကို လုပ်လာတယ်။ ဒါမျိုးကို ဒီလိုအချက်အလက်တွေကို အခြေခံပြီးတော့ လူသားချင်းဆိုင် ရာဇဝတ်မှုလို့ ခေါ်တာပေါ့နော်"
နိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန်ပြန့် ပေါ်ပေါက်နေတဲ့ တစ်ချိန်တည်းမှာပဲ စစ်ကောင်စီက သူ့ရဲ့အုပ်ချုပ်မှုသက်တမ်းကို နောက်ထပ်ခြောက်လ တိုးလိုက်ပါတယ်။
ဒီအပြင် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ကယားနဲ့ ချင်းပြည်နယ်အတွင်းက မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကြောင့် နေအိမ်မီးရှို့ဖျက်ဆီးခံရမှု အပါအဝင် အရပ်သားသေဆုံးထိခိုက်မှုတွေ တိုးလာမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။
ရွှေဘိုမှာ နေအိမ် ၈၀ နီးပါးမီးရှို့ခံရပြီး ဒေသခံ တစ်သောင်းဝန်းကျင် ထွက်ပြေး
~~~~~
■ အင်အား ၂၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ဖေဖော်ဝါရီ ၁၁ ရက်ကစလို့ နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် နေအိမ် ၈၀ နီးပါး မီးလောင်ခဲ့ပြီး အရပ်သား တစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ရွှေဘိုမြို့နယ် ညောင်ကန်ရွာကို စစ်ကြောင်းထိုးခဲ့ပြီး နေအိမ် ၈၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ခန့်မှန်းခြေပေါ့ အိမ်ခြေ ၈၀ လောက် မီးရှို့ခံလိုက်ရတယ်။ ဒီနေ့မနက်မှာ ကျားရွာကိုတစ်ခါ စစ်ကြောင်းထိုးတာဗျ။ ကျားရွာရဲ့ အနောက်ဘက်မှာ ညောင်ပင်သာရွာရှိတယ်ဗျ။ သူတို့ဘက်ကို ကူးလာမှာစိုးလို့ သူတို့လည်း စစ်ဘေးရှောင်နေရတယ်”
စစ်ကြောင်းထိုးခံရတဲ့ ညောင်ကန်ရွာမှာ နေအိမ် ၃၀၀ ဝန်းကျင်ရှိပြီး ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်မနက်ပိုင်းမှာတော့ ညောင်ကန်ရွာအနီးက အိမ်ခြေ ၁၇၀၀ နီးပါးရှိတဲ့ ကျားရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်နေပြီး အဲဒီက ဒေသခံ ၅၀၀၀ နီးပါးလည်း ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
ဒီအပြင် ကျားရွာအနောက်ဘက် ညောင်ပင်သာကျေးရွာက ဒေသခံ လေးထောင်နီးပါးလည်း ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးဒုက္ခသည် ခြောက်သိန်းခွဲနီးပါး ရှိနေပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: ShweBo People Defence Force)
နှစ်ပတ်အတွင်း ကနီနဲ့ ယင်းမာပင်က နေအိမ် ၄၀၃ လုံးမီးရှို့ခံရ၊ ဒေသခံ ခြောက်ဦး သေဆုံး
~~~~~
■ စစ်ကိုင်းတိုင်း၊ ကနီနဲ့ ယင်းမာပင်မြို့နယ်အစပ် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်က ကျေးရွာ ၁၁ ရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့တာကြောင့် နေအိမ် ၄၀၃ လုံးမီးလောင်ပျက်စီးခဲ့ပြီး အရပ်သား ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၈၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီလနောက်ဆုံးအပတ်ကနေ ဖေဖော်ဝါရီလ ၈ ရက်အထိ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ အရပ်သား နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ စုစုပေါင်း ကနီမြို့နယ်မှာဆိုရင် အိမ်ခြေ ၂၂၀ ရှို့သွားတယ်၊ ယင်းမာပင်မြောက်ခြမ်းမှာဆိုရင် ကျေးရွာခုနစ်ရွာက စုစုပေါင်း အိမ်ခြေ ၁၈၃ လုံးအထိ မီးရှို့ခံလိုက်ရတယ်”
ဖေဖော်ဝါရီ ၈ ရက် စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်ခွာသွားတဲ့နောက် ယင်းမာပင်မြို့နယ်က ကျောက်ကုန်းရွာမှာ အသတ်ခံရတဲ့ အမျိုးသား တစ်ဦး၊ ကျောက်မှော်ရွာမှာ အသက် ၇၀ အရွယ် အမျိုးသမီး တစ်ဦး၊ အသက် ၄၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား တစ်ဦးတို့ရဲ့ ရုပ်အလောင်းတွေကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မှာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်လက်ပြန်ကြိုးတုပ် အသတ်ခံရတဲ့ လူလတ်ပိုင်း အမျိုးသား နှစ်ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ သပြေတောရွာအနီး ချင်းတွင်းမြစ်ကမ်းစပ်မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က တွေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချင်းတွင်းမြစ်တစ်လျှောက်ရွာ ၁၁ရွာက နေအိမ်မီးလောင် ပျက်စီးခဲ့တာကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ နေရပ်မပြန်နိုင်သူ ၆၀၀ ဝန်းကျင်ရှိတယ်လို့လည်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးဒုက္ခသည် ခြောက်သိန်းခွဲနီးပါး ရှိနေပါတယ်။
_________
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် တကောင်းမင်းရွာ မီးရှို့ခံထားရသည်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ရွှေဘိုက စစ်ဘေးဒုက္ခသည် တစ်သောင်းနီးပါး အကူအညီလိုအပ်
~~~~~
■ စစ်ကောင်စီတပ်က ရွှေဘိုမြို့နယ်မှာ စစ်ကြောင်းထိုးခဲ့တာကြောင့် အိုးအိမ်စွန့်ခွာပြီး တောတောင်တွေထဲ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တစ်သောင်းနီးပါးဟာ အစားအသောက်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောင်ကန်ရွာနဲ့ ကျားရွာတွေကို ဖေဖော်ဝါရီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့ခဲ့တာကြောင့် အဲဒီရွာတွေနဲ့ အနီးတစ်ဝိုက်ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
တချို့ကလည်း ရွှေဘိုနဲ့ နယ်နိမိချင်းထိစပ်နေတဲ့ ခင်ဦးမြို့နယ်ထဲအထိ ထွက်ပြေးနေကြရပြီး ခင်ဦးဒေသခံတွေက ကူညီနေကြတယ်လို့ ဆိုပါတယ်။
ထွက်ပြေးနေရသူတွေထဲမှာ သက် ၈၀ ကျော်အရွယ်ကနေ နှစ်လသားအရွယ် ရင်ခွင်ပိုက်ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးဒုက္ခသည် ခြောက်သိန်းခွဲနီးပါး ရှိနေပါတယ်။
Photo: Citizen Journalist
KNU တပ်မဟာ ၄ နယ်မြေထဲ ဘာတွေ ဖြစ်နေတာလဲ
📅
💬 မှတ်ချက်
































