ရမည်းသင်း အကျဉ်းထောင်မှ အကျဉ်းသားနှင့် အချုပ် သား ၉ ဦး ကားပေါ်မှ ဆင်းပြေး၍ လက်နက် လုယူပြီး ရဲများကို ပစ်ခတ်ကာ လွတ်မြောက်
ရန်ကုန်၊ မတ် ၁ ခေတ်သစ်
မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်မှ အကျဉ်းသား၊ အချုပ်သား ၉ ဦးသည် ယနေ့ ည နေ ၄ နာရီကျော်အချိန် အချုပ်ကားပေါ်မှ ဆင်းပြေး၍ လက် နက် များလုယူပြီး ရဲများကို ပြန်လည် ပစ်ခတ်ကာ လွတ်မြောက်သွားကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ယနေ့ မတ်လ ၁ ရက်နေ့တွင် ရမည်းသင်းထောင်မှ ပျဉ်းမနားသို့ တရားရုံးထုတ်လာသည့် အချုပ်သား ၂၁ ဦးကို ရုံးထုတ်ပြီး အပြန်လမ်း၊ ကင်းသားလမ်းခွဲတွင် ပါဆယ်ယူရန် ရှိသည်ဟုဆိုကာ အချုပ်ကားကို ခဏရပ်ခိုင်းကြောင်း၊ ယင်းနောက် အကျဉ်းသား၊ အချုပ်သား ၉ ဦးက ရဲများထံမှ လက် နက် လု ယူကာ ပစ်ခတ်ပြီး လွတ်မြောက်သွားကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားသဖြင့် ရဲတချို့ ဒဏ်ရာရရှိကြောင်း သိရှိရသည်။
"ရမည်းသင်းအကျဥ်းထောင်မှ ရုံးထုတ်လာတဲ့ အချုပ်သား ၊ အကျဉ်းသား ၂၁ ဦးကို ပျဉ်းမနားမှာ ရုံးထုတ်ပြီး အပြန် ထောင်ပြန် အပို့ ကင်းသာလမ်းခွဲမှာ ပါ ဆယ် ယူဖို့ ရှိလို့ ကားခဏရပ်နေချိန် အချုပ်သား ၊အကျဥ်းသား ၉ ဦး ထွ က်ပြေး တယ်။ ရဲတွေဆီက သေနတ်တွေပါ သွားတယ်။ ရဲတွေနဲ့ ပစ် ခတ်မှုဖြစ်တယ်။ ၉ ဦးလုံး လွတ်ပါတယ်။ လွတ်မြောက်သွား သူတွေထဲမှာ ထောင်ဒဏ် နှစ် ၅၀ ကျော် ချခံထားရတဲ့ သူတွေလည်းပါတယ်။ နိုင်ငံရေးအမှုတွေ အပါ အဝင် အမှုမျိုးစုံပဲ။ ဒုရဲအုပ်တစ်ဦး ခေါင်းကွဲပါတယ်။ ရဲတပ်သားတစ်ဦး သေ နတ် ထိမှန်ဒဏ်ရာဖြင့် ဆေးရုံပို့ထားရတယ်" ဟု ရန်ကုန်ခေတ်သစ်၏ သတင်း ရင်းမြစ်က ပြောသည်။
လက်ရှိတွင် စစ်တပ်နှင့်ရဲများက လွတ်မြောက်သွားသော အချုပ်သားနှင့်အ ကျဉ်း သားများကို ဖမ်းဆီးရရှိရေး တောနင်း ရှာဖွေမှုများ လုပ်ဆောင်နေပြီး အခင်းဖြစ်ပွားသည့်နေရာအနီးအနားမှ ကျေးရွာများကိုလည်း ပိတ်ဆို့ လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ အချုပ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်သည်)
Photo- EPA
ကြံ့ဖွတ် ထိပ်တန်းအဖွဲ့ဝင်ဟောင်းနှင့် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဟောင်း မြငြိမ်း၏အိမ် ဗုံးပစ်ခံရ ၊
နေပြည်တော်ရှိ ကြံ့ဖွတ် ထိပ်တန်းအဖွဲ့ဝင်ဟောင်းနှင့် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဟောင်း မြငြိမ်း၏အိမ် ဗုံးပစ်ခံရ ၊ နေပြည်တော် Mandalay Paradise စားသောက် ဆိုင်တွင်လည်း ယခုည ဗုံးပေါက်ကွဲ
ရန်ကုန်၊ မတ် ၁
နေပြည်တော်ရှိ ကြံ့ဖွတ်ပါတီ ထိပ်တန်းအဖွဲ့ဝင်ဟောင်းနှင့် အမျိုးသားလွှတ် တော် ဒုဥက္ကဋ္ဌ ဟောင်း မြငြိမ်း၏အိမ် ဗုံးပစ်ခံရမှုဖြစ်ပွားကြောင်း နေပြည်တော်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ မြစ်ငယ်လမ်းနှင့် စန္ဒီလမ်းထောင့်ရှိ အမျိုးသားလွှတ်တော် ဒု-ဥက္ကဋ္ဌ ဟောင်း၊ ကြံ့ဖွတ်ပါတီ ထိပ်တန်းအဖွဲ့ဝင်ဟောင်း မြငြိမ်း၏ နေအိမ်တွင် ဗုံးပစ်ခံရကြောင်း၊ ဗုံးဖြင့် ပစ်ခတ်မှုကြောင့် အိမ်ပျက်စီးမှု တချို့ရှိပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။
"ရွှေကြာပင်ရပ်ကွက်မြောက်ဘက် ဇမ္ဗူသီရိဆေးရုံနောက်ကျော သုံးအိမ်တန်း ဘက် ဦးမြငြိမ်းအိမ်မှာ အပစ်ခံရတာ။ လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ မီးထွန်းထားပေမယ့် လူသိပ်မနေဘူးလို့ ပြောတယ်" ဟု နေပြည်တော် သတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ယနေ့ည မတ်လ ၁ ရက်နေ့ ည ၈ နာရီအချိန်တွင်လည်း နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဧရာဝတီလမ်းမပေါ်ရှိ Mandalay Paradise စားသောက် ဆိုင်တွင်လည်း ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။
"Mandalay Paradise မှာက လကုန်ရက်နဲ့ ပိတ်ရက်တွေဆို စစ်ကောင်စီဘက်တော်သားတွေ အပြည့်ပဲ ။ လမ်းပေါ်မှာပါ အပြည့် လာစားသောက်ကြတာ။ ပိုင်ရှင်ကလည်း ဟိုဘက်ဘက်တော်သားပဲ။ ဗုံးပေါက်တာကတော့ လူထိခိုက် မှု မရှိဘူးလို့ သိရတယ်" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။
ဝက်လက်၊ မုဆိုးခြုံဘူတာရွာတွင်းကို စစ်တပ်က ပစ်သတ်၊ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာရွာမှ ဦးကျော်မိုးဝင်း စစ်ဘေးရှောင် ပြည်သူတစ်ဦးနှင့် ဦးကြာပေါ် တို့ကိုလည်း စစ်တပ်က ပစ်သတ်
ရန်ကုန်၊ မတ် ၁
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မုဆိုးခြုံဘူတာ ရွာကို စစ်တပ်က ယမန်နေ့ ညပိုင်း မီးတင် ရှို့ပြီးနောက် စစ်ဘေးရှောင် ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့ ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးနှင့် ဒေသပြည်သူများထံမှ သိရှိရသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန် ဝက်လက်မြို့နယ်၊ သ မိုင်း ဝင် ဟံလင်းပျူမြို့ဟောင်းအနီးရှိ မုဆိုးခြုံဘူတာရွာကို စစ်တပ်က မီးတင်ရှို့ ခြင်း ဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် စစ်တပ် စစ်ကြောင်းက ရွှေဘိုမြို့ နယ် မှ ဝက်လက်မြို့နယ်အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက် လာ ပြီး မုဆိုးခြုံဘူတာရွာတွင် ဝင်ရောက် တပ်စွဲကြောင်း၊ ယင်းနောက် ယမန်နေ့ ညပိုင်း တွင် ရွာကို မီးတင်ရှို့ခဲ့ခြင်းဖြစ်ပြီး ပြည်သူ တစ်ဦးကို ယနေ့ နံနက်ပိုင်း ပစ်ခတ် သတ်ဖြတ်ခဲ့သည်ကို မြင်တွေ့ရကြောင်း ဒေသပြည်သူတစ်ဦးက ပြောသည်။
"ပြေးရင်းလွှားရင်းနဲ့ပဲ ဖမ်းမိပြီး ပစ်သတ်ခံလိုက်ရတာ။ ဆိုင်ကယ်ကိုပါ မီးရှို့သွား တယ်။ ခေါင်းကို တည်ပြီး ပစ်သတ်သွားတာ။ ပြည်သူတွေမှာ ပြေးစရာ မြေမရှိ ဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။
ထို့ပြင် ယနေ့ နံနက်အစောင်ပိုင်းဝက်လက်မြို့နယ်၊ ဘိုတဲကျေးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့ပြီး သပြေ သာ၊ ရွှေတာင်၊ ဖွင့်လိုင်း၊ ဘိုတဲ ၊မုဆိုးခြုံ၊ ကံသာ ၊တည်းကြီး ကျေးရွာ ၇ ရွာမှ ပြည်သူ သောင်းချီ စစ်ဘေးရှောင် ထွက်ပြေးနေ ရကြောင်း သိရှိရသည်။
အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် မုန်းအုပ်စုရှိ ညောင် ပင်သာကျေးရွာ ကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ဦးကျော်မိုး ဝင်း နှင့် ဦးကြာပေါ်တို့ကို ပစ်သတ် သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ စ၍ စစ်တပ်က ညောင်ပင်သာ ကျေးရွာအတွင်းသို့ ဝင်ရောက်၍ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် နေအိမ် ၄ လုံးလက်နက် ကြီး ထိမှန်ပျက်စီးသွားခဲ့ကြောင်း၊ စစ်တပ်က ပြည်သူ ၂ ဦး ရွာအတွင်းတွင် ပစ်ခတ်၍ သေဆုံးသွားကြောင်း၊ စစ်တပ်နှင့်ပြည်သူ့ကာကွယ်ရေး တပ်များအ ကြား တွင် လည်း တိုက်ပွဲများဖြစ် ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
စစ်တပ်က ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ပြည်သူထောင် သောင်း ကျော် ထွက်ပြေးပုန်းရှောင်နေကြရကြောင်း၊ လက်ရှိ စစ်ဘေးရှောင် ပြည်သူ များ ထွက်ပြေးနေရသည်မှာ ၄ ရက်ခန့်ရှိလာပြီဖြစ်ကြောင်း၊ စစ် တပ်က ကျေးရွာအတွင်းရှိ နေအိမ်များသို့လည်း ဖောက်ထွင်း၍ ပြည်သူပိုင် ပစ္စည်များကို ခိုးယူ မွှေနှောက်ယူခြင်း၊ ကြက်ဝက်များကို သတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
" ကျနော့်အိမ်မှာရှိတဲ့ လက်စွပ် ဆွဲကြိုးတွေပါ ယူသွားကြတယ်။ ပြည်သူတစ်ဦး ကျည်ထိမှန် ဆေးရုံရောက်တယ်။ နောက်ပြည်သူ ၂ ဦး အိမ်ထဲမှာ အသတ်ခံရ တယ်။ အလောင်းမကောက်ရသေးဘူး။ ကျည်ထိတာ မတင်တင်ညိုလို့ ခေါ်ပါ တယ်။ အသတ်ခံရတာက မနေ့ည (ဖေဖော်ဝါရီ ၂၇) ရက်နေ့ကပါ။ အသက်ခံရ တဲ့ အမျိုးသားနှစ်ယောက်ရဲ့ နာမည်က ကျော်မိုးဝင်းနဲ့ ကြာပေါ်လို့ ခေါ်ကြတယ်။ အိမ်ထဲမှာအသတ်ခံရတာ" ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာ နသို့ ဆက်လက်ပြောဆိုသည်။
လက်ရှိအချိန်တွင် စစ်တပ်က ညောင်ပင်သာရွာရှိ စာသင်ကျောင်းထဲတွင် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရှိရသည်။
" နေ့တိုင်း ပစ်နေတာ။ အခုတောင် ပစ်နေတုန်းပါခင်ဗျာ။ အသတ်ခံရတာ မနေ့ညက ညောင်ပင်သာကပဲ။ အမျိုးသား နှစ်ယောက်။ အခြားရွာတွေဘက် ကတော့ အသေအပျောက် မသိရသေးဘူး။ ဘယ်မှလည်း မထွက်ရဲဘူး။ ကျေးရွာ ၆ ရွာ ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်" ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများနှင့် ပစ်ခတ်နေသည့်အတွက် ထွက်ပြေး ပုန်းရှောင်နေကြရသည့် ကျေးရွာများမှာ ညောင်ပင်သာရွာ၊ တောပုရွာ၊ တလိုင်းအိုင်ရွာ၊ ယောက်သဝရွာ၊ မဲဖလံရွာ၊ ဆင်ဆိပ်ရွာ စသည့် ကျေးရွာ ၆ ရွာမှ ပြည်သူများ ထွက်ပြေးပုန်းရှောင်နေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်ခွေးတွေ အရပ်သား ၁၁ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး
စစ်ကောင်စီတပ်က ကသာနှင့်ထီးချိုင့်နယ်စပ်ရှိ အရပ်သား ၁၁ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား
တစ်ပတ်ကျော်ကြာသည်အထိ ပြန်လွတ်မလာသေးဟုဆို
အိုက်မောင်/People's Spring
စစ်ကိုင်းတိုင်း ကသာနှင့်ထီးချိုင့်နယ်စပ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က အရပ်သား ၁၁ဦးကို လူသားဒိုင်းအနေဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ပတ်ကျော်ကြာသည်အထိ ပြန်လွတ်မလာသေးကြောင်း ဒေသခံများက ပြောသည်။
ကသာနှင့်ထီးချိုင့်နယ်စပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(၃၀၁)က ဒေသခံအမျိုးသား ၁၁ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဟု ဆိုသည်။
" ခလရ (၃၀၁)က ဖမ်းခေါ်သွားတာ။ တချို့ဆို ရှစ်ရက်ကြာပြီ။ တချို့က ခုနစ်ရက်ကြာပြီ။ အခုထိ လွတ်မလာသေးတဲ့အတွက် အရမ်းစိတ်ပူပါတယ်။ ဘယ်မှလည်း လိုက်လို့မရ၊ လိုက်လည်း မလိုက်တတ်ပါဘူး"ဟု ဖမ်းဆီးခေါ်ဆောင်သွားခံထားရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ ကလုံရွာမှတစ်ဦး၊ အင်းတမွတ်ရွာမှ ငါးဦး၊ ကျောက်ပုံရွာမှ တစ်ဦး၊ သံပရာရွာမှ သုံးဦးနှင့် ညောင်ခြေထောက်ရွာမှတစ်ဦး စုစုပေါင်း ၁၁ဦးဖြစ်သည်။
ဖမ်းခံထားရသူအားလုံးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် လုံဝဆက်စပ်မှုမရှိဘဲ အရပ်သားစစ်စစ်များ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ကသာနှင့်ထီးချိုင့်နယ်စပ်တွင်လည်း ယခုရက်ပိုင်း တိုက်ပွဲများဖြစ်နေသည်။ဖေဖော်ဝါရီ ၂၇ရက်က ကသာမြို့နယ် ညောင်ခြေထောက်ရွာအနီးတိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁) ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၁၁ဦးသေဆုံးပြီး ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။
ထိုသို့အထိနာပြီးနောက် စစ်ကောင်စီက ညပိုင်းတွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်သွားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုတွင် အရပ်သားထိခိုက်မှုမရှိခဲ့ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက People's Spring သို့ ပြောသည်။
ယနေ့(မတ်လ ၁ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းသည် ထီးချိုင့်မြို့အနောက်ဘက်ရှိ ကျောက်ပုံရွာနှင့် ကလုံရွာကြားတွင် ရောက်ရှိနေသည်ဟု ကသာမြို့နယ်ပြည့်ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။
"ကျောက်ပုံနဲ့ ကလုံကြားကနေ တောထဲပြန်ဝင်သွားပြီ။ သူတို့အဖွဲ့တွေ ခွဲ သွားနေကြတယ်။ အရပ်သားတွေတော့ ရှောင်နေကြရပါတယ်"ဟု အထက်ပါ ပြည်သူ့ကာကွယ်ရေးရဲဘော်ကပြောသည်။
(ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မြောက်ဘက် (၃)မိုင်ခန့်အကွာရှိ ကသဲ(ရွှေပြည်အေး) ရွာတွင် ၂၀၂၁ အောက်တိုဘာ ၂၇ ရက်က စစ်ကောင်စီတပ်ဖမ်းသွားသည့် ရွာသား ၁၉ ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
အမျိုးသမီးအဆောင်တာဝန်ခံ သိန်းသိန်းကျော်က နိုင်ငံရေး အကျဉ်းသူ များကို ဖိနှိပ်ရိုင်းပြ
ရမည်းသင်းထောင်တွင် အကျဉ်းဦးစီး ဝန်ထမ်း အမျိုးသမီးအဆောင်တာဝန်ခံ သိန်းသိန်းကျော်က နိုင်ငံရေး အကျဉ်းသူ များကို ဖိနှိပ်ရိုင်းပြ ဆဲဆိုခြိမ်းခြောက် သည့် အပြင် မတရားငွေကြေးတောင်းခံ
ရန်ကုန်၊ မတ် ၁
မန္တလေးတိုင်း၊ ရမည်းသင်း အကျဉ်းထောင်တွင် အကျဉ်းဦးစီးဌာန ဝန်ထမ်း အမျိုး သမီးအဆောင်တာဝန်ခံ သိန်းသိန်းကျော်က နိုင်ငံရေး အကျဉ်းသူ များကို ဖိနှိပ် ရိုင်း ပြ ဆဲဆို ခြိမ်းခြောက် သည့်အပြင် မတရား ငွေကြေး တောင်းခံနေ ကြောင်း သိရှိရသည်။
ရမည်းသင်းအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်း သူ များ အပါအဝင် အကျဉ်းသူ/ အချုပ်သားများအပေါ်မှာ အကျဉ်းထောင် အမျိုး သမီးဆောင်တာဝန်ခံ ဒေါ်သိန်းသိန်းကျော်က မတရားသဖြင့် ငွေကြေး ရယူ ခြင်းများ၊ ရိုင်းပြဆဲဆိုခြင်းများ၊ ပါးစပ်စည်းကမ်းများ ထုတ်ခြင်း၊ ခြိမ်းခြောက် ပြော ဆို ခြင်းတို့ အကြိမ်ကြိမ်လုပ်ဆောင်နေပြီး တိုင်ကြားမှုများရှိသော်လည်း ထောင်ပိုင်နှင့် အကျဉ်းဦးစီးဌာနဘက်က တစ်စုံတစ်ရာ အရေးယူမှုမရှိကြောင်း သိရှိရသည်။
အကျဉ်းဦးစီးဌာန ဝန်ထမ်း ဒေါ်သိန်းသိန်းကျော်က နိုင်ငံရေးအကျဉ်းသူများ ကိုလည်း “အပြစ်လုပ်လို့ ထောင်ထဲရောက်တာ ၊ မလုပ်ရင် ဘယ်သူမှ ထောင်ထဲ မထည့်ထားဘူး” ဟူသည့် စကားကို သုံးနှုန်း၍ စောင်းမြောင်းပြောဆို ခြိမ်း ခြောက် မှုများ၊ ဆဲဆိုခြင်းများ၊ မတရားဖိနှိပ်ခြင်းများ၊ ဥပဒေနှင့်မညီသော စည်း ကမ်းသတ်မှတ်မှုများ လုပ်ဆောင်နေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူ များ က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်လက်ပြောဆိုသည်။
ထို့ပြင် အကျဉ်းထောင်အတွင်းတွင် ဒေါ်သိန်သိန်းကျော်က နေရာရောင်းခြင်း၊ အလုပ်ရောင်းခြင်းကဲ့သို့ မတရား သဖြင့် ငွေကြေးရယူခြင်းများ လုပ်ဆောင်ပြီး ပိုက်ဆံမပေးနိုင်သည့် အကျဉ်းသူများကို အလုပ်တစ်ခုထက်မက ပိုခိုင်းခြင်း လုပ်ရပ် များကို အကြိမ်ကြိမ်ကျူးလွန်နေကြောင်း၊ အကျဉ်းသူ၊ အချုပ်သူ အသစ် ရောက်လာပါက လူဟု မမြင်ဘဲ ငွေထုပ်အသစ်ရောက်လာပြီဟု ခံယူကာ ရသလောက်ငွေညှစ်ယူခြင်းတို့ လုပ်ဆောင်နေကြောင်း အကျဉ်းထောင်အတွင်း မှ စုံစမ်းသိရှိရသည်။
ရေချိုးချိန်များတွင်လည်း အကျဉ်းထောင် ဥပဒေမဟုတ်ဘဲ ၎င်း၏ ပါးစပ် စည်း ကမ်းအဖြစ် ခွက်သေးဖြင့်သာ ၁၈ ခွက်ခန့်သာ ချိုးခွင့်ပေးခြင်းတို့ လုပ်ဆောင် ခဲ့ပြီး နိုင်ငံရေးအကျဉ်းသူများမှ ထိုသို့ လူ့အခွင့်အရေးဆုံးရှုံးမှုကို လက်မခံနိုင်၍ အကြိမ်ကြိမ်စကားများခဲ့ကာ ထောင်ပိုင်သို့ အကြိမ်ကြိမ် တင်ပြခဲ့မှုကြောင့် ရေချိုးချိန်ကို ၁၅ မိနစ်ခန့် အချိန်ပေးပြီး ၁၅ မိနစ်အတွင်း ရေချိုး အဝတ် လျှော် ကို အပြီးလုပ်ဆောင်ရကြောင်း၊ ၁၅ မိနစ်အတွင်း မပြီးလျှင် စည်ကမ်း ပျက်စာ ရင်းတွင် ထည့်သွင်းခြင်းတို့ လုပ်ဆောင်နေကြောင်း၊ ဒေါ်သိန်းသိန်း ကျော်က ခန့်ထားသည့် ထောင်တန်းစီးများ၊ ထောင်စည်းကမ်း ထိန်းများ က လည်း နိုင်ငံရေးအကျဉ်းသူများကို ဦးတည်၍ ခြိမ်းခြောက် ရန်ရှာကြကြောင်း အကျဉ်း ထောင် နှင့် နီးစပ်သူများက ပြောပြသည်။
ထို့ပြင် နိုင်ငံရေးအကျဉ်းသူများကို ရာဇဝတ်မှုဖြင့် အကျဉ်းကျနေသည့် အမျိုး သမီး က ကြမ်းတမ်းသည့် စကားများဖြင့် ဆဲဆိုမှုကို ချက်ချင်း ဖြေရှင်းပေး ခြင်းမရှိဘဲ မျက်ကွယ်ပြုကာ ၂၄ နာရီကြာသည်အထိ မရှင်းဘဲ ထားကြောင်း၊ ထိုလုပ်ရပ်အတွက် မကျေနပ်၍ ဖြေရှင်းရာတွင် ဒေါ်သိန်းသိန်းကျော်က အဆိုပါ ပြဿနာသည် ၎င်းနှင့် မသက်ဆိုင်ကြောင်း ပြန်လည်ပြောဆိုပြောဆိုကာ အကျဉ်း ထောင်အတွင်း ဆဲဆိုမှု ၊ ပြဿနာရှာမှုများကို မျက်ကွယ်ပြု၍ နိုင်ငံရေး အကျဉ်းသူများနှင့် ရာဇဝတ်သား အကျဉ်းသူများနှင့် ပြဿနာ တက်စေရန် ရည် ရွယ် ချက်ရှိရှိ လုပ်ဆောင်နေကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသူများကို စည်းကမ်းပျက်စာရင်းတွင် ထည့်ကာ လျှော့ရက် ဖြတ် မည်၊ ကျောက်စခန်းပို့မည်၊ ထောင်ပြောင်းပို့မည်၊ နောက်အမှု ကပ်မည် စသည်ဖြင့် ပြောဆိုကာ အကြိမ်ကြိမ်ခြိမ်းခြောက်မှုများ လုပ်ဆောင် ကြောင်း ၊ ရမည်းသင်းအကျဉ်းထောင်တွင် အမျိုးသမီးဆောင်တာဝန်ခံအနေ ဖြင့်ဒေါ်သိန်း သိန်း ကျော် ဆက်ရှိနေပါက ပြဿနာများ ပိုမိုများပြားလာနိုင်ကြောင်း ရမည်း သင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

















