အောက်တန်းစားကိုဆရာခေါ်ခိုင်းလို့ဆဲပြီးအလုပ်ထွက်လာတဲ့ပန်ဆယ်လို
https://youtu.be/q0trdK2w2II ကြက်သားလေးကို ပန်ဆယ်လို ဆဲပြီ
အောက်တန်းစားကိုဆရာခေါ်ခိုင်းလို့ဆဲပြီးအလုပ်ထွက်လာတဲ့ပန်ဆယ်လို
ဆရာတော် မင်းသုည ဘုန်းကြီးကျောင်းကို စစ်တပ် ဝင်စီး
ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃
ဆရာတော် မင်းသုည ( ဗုဒ္ဓတက္ကသိုလ် ) သီတင်းသုံးနေ ထိုင်ခဲ့သော ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအားစစ်တပ်ကဝင်ရောက်စီးနင်းပြီးကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယသုံးဦးအားဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ဆရာတော် မင်းသုညက "ဖေဖော်ဝါရီလ ၂၆ ရက် လာဖမ်းတာ၊ စစ်တပ်ရယ် BGF ရယ်၊ မဘသရယ် ပါ တယ်။ အခုထိတော့ ဖမ်းသွားတဲ့သူတွေရဲ့သတင်းအစအန ဘာမှမကြားရသေးဘူး" ဟု မိန့်သည်။ဆရာတော် မင်းသုညသည်စစ်တပ်က အာဏာသိမ်းပြီးနောက် လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်လာခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် လူငယ်များကိုယ်ကျင့်သီလ ကောင်းစေရန် တစိုက်မတ်မတ် ဟောပြောလျက်ရှိ သည့် ဘုန်းကြီးတပါးလည်း ဖြစ်သည်။လက်ရှိအချိန်အထိ ဆရာတော် မင်းသုည သီတင်းသုံးနေထိုင်ခဲ့သည့် ဘုန်းကြီးကျောင်းအား စစ်တပ်နှင့် BGF တပ်များဝိုင်းထားပြီး မဘသ ဘုန်း ကြီးများက အဆိုပါကျောင်းတွင် နေထိုင်နေကြကြောင်း ဒေသခံအချို့ကပြောသည်။
NUG အစိုးရသာလျှင် တည်ငြိမ်ရေးနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို အာမခံ ချက်ပေးနိုင်၍ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရန် တရုတ်နိုင်ငံကို တိုက်တွန်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ခေတ်သစ်
တိုင်းရင်းသားပေါင်းစုံပါဝင်နေသော အမျိုးသားညီညွတ်ရေးအစိုးရသာလျှင် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးနှင့် ပြည်ပ ရင်းနှီးမြုပ်နှံမှုများကို အာမခံချက် ပေးနိုင်၍ မြန်မာပြည်သူများနှင့် အတူ ရပ်တည်ရန် အိမ်နီးချင်း တရုတ်နိုင်ငံကို NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုလိုက်သည်။
ယနေ့ ကျင်းပေသာ NUG အစိုးရ၏ ၈ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
"လွန်ခဲ့တဲ့ ရက်အတွင်း တရုတ်နိုင်ငံအထူးကိုယ်စားလှယ်အနေဖြင့် မြောက်ပိုင်း တွင် အခြေပြုသော တိုင်း ရင်းသားလက်နက်ကိုင်တွေနဲ့ လာရောက်တွေ့ဆုံမှုကို သတင်းမီဒီယာတွေကတဆင့် ကြားသိခဲ့ရပါ တယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက် ဟာ အာဏာရှင်စနစ် ဖျက်သိမ်းပြီး တည်ငြိမ်တဲ့ အစိုးရတရပ်ကို ဖွဲ့စည်းထူ ထောင် နိုင်ဖို့ဖြစ်ပါတယ်။ လက်ရှိစစ်အစိုးရဟာ တိုင်းပြည်ကို တည်ငြိမ်မှု မပေးနိုင် တာ သမိုင်းတလျှောက် အကြိမ်ကြိမ်အာဏာသိမ်းမှုများနဲ့ ကြုံတွေ့ ခဲ့ရပြီးဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ လက် အောက် မှာ တိုင်း ပြည်နဲ့ လူထုရဲ့ ထွက်ပေါက်/ တိုးတက်မှုလမ်းကြောင်း မရှိပါဘူး။ လက်ရှိ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားပြီး ပိုမိုစုံလင်တဲ့ စုဖွဲ့မှုကိုလည်း တိုးချဲ့ဖို့ စိတ်ဆန္ဒရှိပါတယ်။ ကျနော်တို့အစိုးရက သာ တိုင်းပြည်ရဲ့ တည်ငြိမ်မှုနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို အာမခံချက် ပေးနိုင်မှာ ဖြစ်ပါတယ်။ အိမ်နီးချင်း နိုင်ငံတွေ အနေဖြင့်လည်း စစ်အုပ်စုရဲ့ အာဏာ သိမ်းမှုနဲ့ နေ့စဥ်နှင့်အမျှ အကြမ်းဖက် လုပ်ရပ်တွေကြောင့် လက်ရှိ ကျနော် တို့ နိုင်ငံရဲ့ တိုင်းရင်း သားပြည်သူလူထုတွေ တွေ့ကြုံနေရတဲ့ အခက် အခဲ စိန်ခေါ်မှုတွေကို စာနာပြီး ရပ်တည်ပေးကြဖို့ ကျနော်တို့ မျှော်လင့်လျက် ရှိပါတယ်" ဟု ယာယီသမ္မတဒူဝါလရှီးလက ပြောဆိုသည်။
လက်ရှိတွင် အကြမ်းဖက် မင်းအောင်လှိုင် စစ်တပ်က ရက်စက်သော လူမဆန် သော သတ်ဖြတ်မှုများကို အစွမ်းကုန် ကျူးလွန်နေပြီး အကြောက်တရားဖြင့် ဖိနှိပ်ရန် ကြိုးပမ်းနေကြောင်း ၊ ပြည်သူလူထုနှင့်အတူ NUG အစိုးရကလည်း အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောဆိုသည်။
"မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကြောင့် သိန်းနှင့်ချီတဲ့ ပြည်သူလူထုတွေ မိမိ အိုး အိမ် ကို စွန့်ပြီး စစ်ပြေး ဒုက္ခ သည်အဖြစ် ရောက်နေကြရပါတယ်။ နေ့စဥ်နှင့် အမျှ အကြမ်းဖက်စစ်အုပ်စုမှ အပြစ်မဲ့ ပြည်သူတွေကို လူမဆန်စွာ သတ်ဖြတ် နေပြီး စစ်အုပ်စုရဲ့ အကြမ်းဖက်ဆန်မှုကို ကမ်းကုန်အောင် ကျူးလွန်နေကြ ပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ လူထုကို အကြောက်တရားနဲ့ ဖိပြီး အုပ်ချုပ် လို့ ရမယ်လို့ ထင်နေပါတယ်။ လက်တွေ့အမှန်က လူထု တရပ် လုံးဟာ စစ်အုပ်စုရဲ့ ရက်စက်မှုကို ခါးသီးနေကြပြီ ဖြစ်ပါတယ်။ စစ်အုပ်စုကို လက်လျော့အရှုံးမပေးဘဲ အဆုံးအထိ တိုက်ပွဲဝင်ဖို့ အားလုံးက ဒီနေ့အထိ စိတ် ဆန္ဒပြင်းပြ နေကြဆဲဖြစ်ပါတယ်" ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆို သည်။
ယာယီသမ္မတက စစ်အာဏာရှင် တော်လှန်ရေး အရှိန်မြှင့်တင်သွားရန် လိုအပ် ကြောင်း ယနေ့ အစိုးရအဖွဲ့အစည်းအဝေးတွင် ထပ်မံ တိုက်တွန်း ပြောဆို ထားသည်။
မြောက်ဥက္ကလာပရှိ ထောက်လှမ်းရေးတပ်ကိုဝင်ရောက် ပစ်ခတ်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံး၊
ရုပ်သံကြည့်ရန်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရန်ကုန်ခေတ်သစ်
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဘေလီတံတားအနီးရှိ ထောက်လှမ်းရေးတပ်ကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ဝင်ရောက်ပစ်ခတ်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးကြောင်း ရန်ကုန်တိုင်း၊ ပြည်သူ့တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၁၀ နာရီ ၅၁ မိနစ်အချိန် ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ က MISSION IMPOSSIBLE 1 (MI1) mission အဖြစ် ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရှိ စရတ(ထောက်လှမ်းရေးတပ်) ကို ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အနည်းဆုံး ၁၀ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။
"ကျမတို့က ပြည်သူကို အသိပေးထားခဲ့တဲ့အတိုင်း ရန်ကုန်ကို လှိုင်းသုံးလှိုင်းနဲ့ တိုက်ဖို့ အစီ အစဥ်အရ အခု ဒုတိယလှိုင်းဖြစ်တဲ့ သိမ်းငှက်လှိုင်း (Eagle Wave) ကိုစတင်လိုက်တာပါ။ ဒီ Mission တွေကို အရင်ကလုပ်ခဲ့တဲ့ Justice Lady mission တွေအတိုင်း Mission Impossible လို့ အမည်ပေးထားပါတယ်။ အခုဟာက MI 1 ပါ" ဟု ရန်ကုန်တိုင်း ပြည်သူ့ တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်အချိန် မြောက်ဥက္ကလာတွင် သေနတ်သံများ ဆက်တိုက်ကြားရပြီး လူနာတင်ကား သံများ အဆက် မပြတ် ကြားရကြောင်း သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။
မြန်မာစစ်တပ်အပေါ် အကန့်အသတ်ရှိလာပြီဖြစ်သည့် တရုတ်၏ ထောက်ခံမှုများ
အာဏာသိမ်းမှုကို လက်မခံသလို စစ်ကောင်စီကို အသိအမှတ်မပြုဘူးလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြော
ဘဝဟောင်းမှ ဘဝသစ်သို့ ပြောင်းရွှေ့ကွယ်လွန်သွားပြီ"ဟု အော်၏
သေနတ်ဖြင့်ပစ်ခတ်ခံရသည့် မော်လမြိုင်ကျွန်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင် လေးရက်အကြာတွင် သေဆုံး
အိုက်မောင်/People's Spring
သေနတ်ဖြင့်ပစ်ခတ်ခံရသည့် မော်လမြိုင်ကျွန်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင်သည် လေးရက် ကြာဆေးကုသခဲ့သော်လည်း သေဆုံးသွား၍ ၎င်း၏နာရေးကို လုံခြုံရေးဖြင့် ယနေ့ အကျဉ်းချုန်းပြုလုပ်သွားကြောင်း ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့ ပြည်သူ့စစ်ခေါင်းဆောင် ကျော်တင့်ဦးသည် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၁နာရီခန့်တွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး ယမန်နေ့(ဖေဖော်ဝါရီ ၂၇ရက်) နေ့လယ်တွင် သေဆုံးသွားခြင်းဖြစ်သည်။
"စစ်တပ်က ပုသိမ်စစ်ဆေးရုံကို ခေါ်ကုတာ။ ဘယ်လိုတောင် ကုလိုက်တယ်မသိဘူး။မနေ့က သေသွားပါတယ်"ဟု မော်လမြိုင်ကျွန်းမြို့ခံတစ်ဦးက ပြောသည်။
ကျော်တင့်ဦးသည် ဖေဖော်ဝါရီ ၂၄ ရက် နံနက်က မော်လမြိုင်ကျွန်းမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ Happy လက်ဖက်ရည်ဆိုင်တွင်ထိုင်နေစဉ် အမျိုးသားနှစ်ဦးကဝင်လာပြီး သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံခဲ့ရခြင်းဟု သိရသည်။
အပစ်ခံရသည့်နေ့က ဒဏ်ရာရသော်လည်း စိုးရိမ်စရာမရှိကြောင်း လူမှုကွန်ရက်ပေါ်တင်ခဲ့သည့် ကျော်တင့်ဦး၏ တပည့်ဇော်ဝင်းဆိုသူက "အစစအရာရာအခြေအနေကောင်းပေမယ့် ကံကြမ္မာကမျက်နှာသာမပေးခဲ့ဘူးဗျာ။စိတ်မကောင်းဘူးဗျာ"ဟု ဖေဖော်ဝါရီ ၂၇ရက်တွင် ထပ်မံရေးတင်ထားသည်။
ထို့အပြင် ကျော်တင့်ဦး၏ နာရေးပြုလုပ်မည်ကို သူ၏တပည့်များက မော်လမြိုင်ကျွန်းမြို့ပေါ်တွင် အသံချဲ့စက်ဖြင့် ယနေ့(ဖေဖော်ဝါရီ ၂၈ရက်) လိုက်လံကြေညာရာ"အသက် ၆၁နှစ်ရှိ သာသနာ့ဒါယကာကြီး ဦးကျော်တင့်ဦးသည် ဘဝဟောင်းမှ ဘဝသစ်သို့ ပြောင်းရွှေ့ကွယ်လွန်သွားပြီ"ဟု အော်သွားသည်ကို တွေ့ရသည်။
ထိုသို့အော်သွားသည့် အသံဖိုင်ကိုဒေသခံများက People's Spring သို့ပေးပို့ခဲ့ပြီး မော်လမြိုင်ကျွန်းမြို့၏ ဖွတ်တစ်ကောင် ငရဲသို့ရောက်သွားပြီဟု ပြောသည်။
ကျော်တင့်ဦးသည် စစ်ကောင်စီ၏ အကြီးစားထောက်တိုင်ဖြစ်ပြီး ပြည်သူ့စစ်ခေါင်းဆောင်တာဝန်အပြင် မောင်လမြိုင်ကျွန်းမြို့ မဘသ ဥက္ကဌတာဝန်လည်းယူထားကြောင်း သိရသည်။
၎င်းသည်ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာ ၈ရက်ကလည်း ပထမအကြိမ် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသေးသည်။ လက်မောင်းတွင် သေနတ်ဒဏ်ရာရရှ်ိပြီး ဆေးကုသခဲ့ရသည်။ သုံးလအကြာတွင် နောက်တစ်ကြိမ်ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်သည်။
ကျော်တင့်ဦးကို ပထမအကြိမ်သတိပေးပစ်ခတ်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ မြို့ခံများအား နည်းမျိုးစုံဒုက္ခပေးခြင်း၊ Social Media ပေါ်မှတဆင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဆဲဆိုစိန်ခေါ်ခြင်းတို့ကြောင့် ထပ်မံပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီလင်းပိုင်(မော်ကျွန်း)နှင့် ဘိုကလေးလင်းပိုင် PDF အဖွဲ့ကထုတ်ပြန်ထားသည်။
အိုးဘိုထောင်က နိုင်ကျဉ်းအမျိုးသမီးအချို့ ထောင်ပြောင်းခံရ
ဆိုင်းမင်း/People's Spring
မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေကို ဒီလဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ထောင်ပြောင်းလိုက်တယ်လို့ ထောင်ပြောင်းခံလိုက်ရတဲ့သူတွေရဲ့ မိသားစုဝင်တွေထံကသိရပါတယ်။
ထောင်ပြောင်းခံရသူအမျိုးသမီးတွေဟာ ဖေဖော်ဝါရီလဆန်းပိုင်းက အကျဉ်းသူအချင်းချင်း စကားများမှုမှာ ထောင်အာဏာပိုင်တွေ ရဲ့ ရိုက်နှက် ညှင်းပမ်းမှုကို ခံခဲ့ရသူအများစုပါဝင်တယ်လို့သိရပါတယ်။
ထောင်ပြောင်းတာကို ပြီးခဲ့တဲ့ စနေနေ့ က လုပ်ခဲ့တာဖြစ်ပြီး သာယာဝတီ ၊တောင်ငူ၊မကွေး နဲ့ မြင်းခြံထောင်တွေကို ပြောင်းခံတာပါ။
ဒီလိုထောင်ပြောင်းခံရသူ အမျိုးသမီးအရေအတွက်ကို ကိန်းဂဏန်းအတိအကျမသိရပါဘူး ။
" ထောင်ပြောင်းရမယ်ဆိုတာ ကြိုမသိတဲ့အတွက် သူ့အတွက် ဘာမှမစီစဉ်ပေးလိုက်နိုင်ဘူး" လို့ နိုင်ငံရေး အကျဉ်းသူ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
ဒီလ ဖေဖော်ဝါရီ ၃ရက် ၃ နာရီဝန်းကျင်က အိုးဘိုထောင် အိပ်ဆောင် အမှတ် (၁ )အမျိုးသမီး နိုင်ငံရေးအကျဉ်းသူအချို့ အချင်းများတာကို အမျိုးသမီး ထောင်အရာရှိနဲ့ ဝန်ထမ်းတွေဟာ ပြေလည်အောင်မဖြေရှင်းပေးဘဲ အကျဉ်းထောင်အမျိုးသားဝန်ထမ်းတွေက ဝင်ရောက်ရိုက်နှက်ခဲ့တာပါ။
အဲဒီဖြစ်စဉ်မှာ နိုင်ကျဉ်းအမျိုးသမီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရပြီး ၂၁ ဦး ဒဏ်ရာပြင်းထန်တယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားပါတယ်။
ဖေဖေါ်ဝါရီ ၃ရက်နဲ့ ၄ရက်က ဖြစ်စဉ်မှာ ထောင်ဆူတယ်ဆိုပြီး အကျဉ်းသူအချို့ကို တစ်လတိုက်ပိတ်ထားရာကနေ ဖေဖေါ်ဝါရီ ၂၅ရက်မှာ ထောင်ပြောင်းရွေ့လိုက်တာလို့ သိရပါတယ်။
ထောင်ပြောင်းရွေ့ခံရမယ့် သတင်းကို မိသားစုများထံပြောခွင့်မရတဲ့အတွက် အဆက်အသွယ်ပြတ်တောက်သူများလည်းရှိနေပါတယ်။
စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်ဟာ နိုင်ငံရေးအကျဉ်းသူတွေအပေါ် ထောင်ဝင်စာပို့ခွင့်နဲ့ တရားရုံးသက်သေထွက်ဆိုခွင့်ပါ ကန့်သတ်ထားတာဖြစ်ပါတယ်။
PDF နှင့် PDO တပ်ဖွဲ့ဝင်များကို နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(IHL)သင်တန်းများ ပို့ချပေး
ယန်ဒီး/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ််ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(PDO)အဖွဲ့ဝင်များကို နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(International Humanitarian Law) သင်တန်းများပို့ချပေးနေကြောင်း သိရသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာနသည် Principles of Humanity အဖွဲ့၏ ပူးပါင်းပံ့ပိုးကူညီမှုဖြင့် ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာမှစ၍ နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(IHL) သင်တန်းများကို စီစဉ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်စီးဆင်းမှုအောက်တွင်ရှိနေကြသော တိုက်ပွဲဝင်ရဲဘော်၊ ရဲမေ များအနေနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နိုင်ငံတကာစည်းကမ်းသတ်မှတ်ချက်များနှင့် စံချိန် စံညွှန်း များအတိုင်း တသွေမတိမ်း လိုက်နာကျင့်သုံးကြစေရန်အတွက် အထက်ပါသင်တန််းများကို စီစဥ်ပြုလုပ်ပေးခြင််းဖြစ်သည်ဟု ဆိုသည်။
အထက်ပါသင်တန်းများကို ၁၅ ကြိမ်ခန့် ပို့ချပေးပြီးဖြစ်ကာ သင်တန်းသား ၁၀၀၀ နီးပါးကို လက်နက်ကိုင်င်ပဋိပက္ခဆိုင်ရာ ဥပဒေသများ၊ MoD ၏ Code of Conduct များ၊ နိုင်ငံတကာ လူသားချင်းဆိုင်ရာ ဥပဒေများနှင့် အရပ်သားများကိို ကာကွယ်ပေးရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ပို့ချခဲ့ကြောင်း NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
“PDF တွေ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဒါတွေအကုန်လုံးက security sector reform ပေါ့။ လက်ရှိ ရှိနေတဲ့ မြန််မာ စစ်တပ်က အကြမ်းဖက်စစ်အုပ်စုအဖြစ် ပြောင်းသွားပြီ ဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့က တချိန်ကျရင် ဖြစ်လာမယ့် Federal Army ဆိုတာကိုလည်း ရည်မှန်းထားတယ်။ ရည်မှန်းထားပြီး ဒါ အမြုတေအဖြစ်နဲ့ PDF တွေနဲ့ ဆောင်ရွက်နေတာဖြစ်တယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲဲ့တွေနဲ့ ဆောင်ရွက်နေတာဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့က ကျင့်ဝတ်ပြည့်ဝတဲ့ စည်းကမ်းပြည့်ဝတဲ့ ကျင့်ဝတ်လိုက်နာတဲ့ တပ်ဖွဲ့တွေအဖြစ် တစ်ဦးချင်းတစ်ယောက်ချင်းစီ အနေနဲ့လည်း ကျင့်ဝတ်ကို လေးစားလိုက်နာတဲ့ သူတွေဖြစ်အောင် ကျွန်တော်တို့ ပျိုးထောင်ပြီး အနာဂတ် Federal Army ကို မျှော်မှန်းပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်
သင်တန်းများတွင် အဓိကအားဖြင့် စစ်ရေးခေါင်းဆောင်ပိုင်းများကို အဓိက ဦးစားပေးပြီး အဆိုပါ ခေါင်းဆောင်များမှတဆင့် ၎င်းတို့၏ တပ်သားတွေကို ပြန်လည်မျှဝေကြောင်း သိရသည်။ အဆိုပါသင်တန်းများအပြင် သင်တန်းပို့ချချက်များ ပါဝင်သော လက်ကမ်းစာစောင်များ ထုတ်ဝေကာ သက်ဆိုင်ရာ စစ်ရေးနယ်မြေများ အားလုံးသို့ ဖြန့်ချိသွားရန် စီစဥ်ထားကြောင်း ဦးနေဘုန်းလတ်က ရှင်းပြသည်။
"ကောင်းပါတယ်။ ဒါတွေပိုသိနားလည်တော့ ကျွန်တော်တို့ရဲဘော်တွေရဲ့တော်လှန်ရေးအတွေးအမြင်တွေ ခိုင်မာတာပေါ့။ ပြီးတော့ ကိစ္စတွေမှာစဥ်းစားဆုံးဖြတ်ရာမှာလည်း အကောင်းဆုံး ဆုံးဖြတ်နိုင်ဖို့အတွက် Knowledge ရတာပေါ့။"ဟု အရာတော်ပကဖအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။
Principles of Humanity သည် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေအကြောင်း စိတ်ပါဝင်စားလေ့လာလိုသူအားလုံးကို အသိပညာပေးရန် ရည်ရွယ််ထားသော အခမဲ့ အွန်လိုင်းသင်တန််းဖြစ််ပြီး စစ်ပွဲ၊ ပဋိပက္ခများအတွင်း ကလေးသူငယ်ကာကွယ်ပေးရေး၊ မြေမြှုပ်မိုင်းမသုံးစွဲရေး၊ ကျန််းမာရေးစောင့်ရှောက်ရေး၊ လိင်အကြမ်းဖက်မှုတားမြစ်ရေး စသည့် ကဏ္ဍများကို သင်ကြားပို့ချကြောင်း သိသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေသင်တန်းများကို မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများအတွက် ၂၀၂၃ အတွင်းတွင်သော် လည်းကောင်း၊ ၂၀၂၃ အလွန်တွင်သော်လည်းကောင်း ဆက်လက်ပြုလုပ်သွားမည်ဟု ထုတ်ပြန်ထားသည်။
ဒီမိုကရေစီ ယဉ်ကျေးမှုကို သင်ကြားခြင်းပိတ်ပင်ရန်အကြမ်းဖက် မင်းအောင်လှိုင် ခိုင်းစေ
နိုင်ငံတကာ အဆင့်မီ ပုဂ္ဂလိက ကျောင်းများတွင် အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုကို သင်ကြားခြင်းပိတ်ပင်ရန်၊ ဥပဒေ ထုတ်ပြန်၍ တားမြစ် အရေး ယူရန် အကြမ်းဖက် မင်းအောင်လှိုင် ခိုင်းစေ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ခေတ်သစ်
ရန်ကုန်အပါအဝင် မြို့ကြီးများတွင် ဖွင့်လှစ်လျက်ရှိသော ပုဂ္ဂလိကိုယ်ပိုင် ကျောင်း များတွင် အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုများကို သင်ကြား ခြင်းမပြုရန် နှင့် ဥပဒေထုတ်ပြန်၍ တားမြစ်ဟန့်တား အရေးယူရန် အကြမ်း ဖက် မင်းအောင်လှိုင်က ခိုင်းစေလိုက်ကြောင်း သိရှိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ စစ်ကောင်စီ အစည်းအဝေးတွင် အကြမ်း ဖက် မင်းအောင် လှိုင်က ထိုသို့ ပြောဆို ခိုင်းစေညွှန်ကြားခြင်းဖြစ်ပြီး တိုင်းနှင့် ပြည် နယ် များရှိ ပညာရေး ဌာနများသို့ မင်းအောင်လှိုင်၏ ခိုင်းစေချက်ကို ဖြန့် ဝေ ထားကြောင်း သိရှိရသည်။ အကြမ်းဖက် မင်းအောင်လှိုင်၏ ခိုင်းစေချက်တွင် ပုဂ္ဂလိက ပညာရေးဥပဒေကို ရေးဆွဲထုတ်ပြန် ပြီးပါက အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုကို ထည့်သွင်း သင်ကြားမှုများနှင့် အခြား မလိုလားအပ်သော သင်ကြားမှုများကို ထိရောက် သော ဥပဒေပုဒ်မများဖြင့် ထိရောက်စွာ ဟန့်တား အရေးယူဆောင် ရွက်ရ မည် ဖြစ်ကြောင်း သိရှိရသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများတွင် အနောက် တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုကို ထည့်သွင်းသင်ကြားနေမှုများကို Focal အဖြစ် တာဝန်ယူ၍ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းနှင့်ပတ်သက်သည့် စည်းမျဉ်း၊ စည်း ကမ်း များနှင့်ဥပဒေများ ရေးဆွဲ ထုတ်ပြန် အရေးယူရန် မင်းအောင်လှိုင်က ခိုင်း စေလာခြင်းဖြစ်ကြောင်း သိရှိရသည်။ "အင်္ဂလိပ်လို သင်တဲ့ ပုဂ္ဂလိက နိုင်ငံတကာကျောင်းတွေကို ပညာရေး ဝန်ကြီး ဌာနရဲ့ သင်ရိုးညွှန်းတမ်းတွေ မဖြစ်မနေ သင်ရမယ် လို့ ဖိအားပေးလာ တာ ရှိတယ်။ နောက်ပြီး Halloween party လို သရဲပါတီလို ဟာမျိုးတွေ မလုပ် ရဘူး။ ကလေးတွေကို မသင်ရဘူးဆိုပြီး အမိန့်ပေး လာတာ တွေရှိတယ်။ နိုင်ငံတကာ ပညာရေး ဗြိတိန် GCE တို့ အမေရိကန် GED တို့လို ဟာ မျိုးတွေ ကို ပြည်တွင်းကနေ သင်ကြား ဖြေဆိုတာ တွေ ပိတ်မယ့် သဘောမျိုး တွေ မြင်ရတယ်။ အဓိက ပညာရေး ဝန်ကြီး ဌာနရဲ့ သင်ရိုးညွှန်း တမ်းကို သင်ရမယ် ဆိုတာမျိုးတွေ လုပ်လာတယ်" ဟု ရန်ကုန် အခြေ စိုက် နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိက ကိုယ်ပိုင် ကျောင်းတစ်ခုမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီက နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကကျောင်းများကို ချ ထားပေးသည့် လိုင်စင်နှင့်ခွင့်ပြုချက်များကို ပြန်လည် စိစစ်ပြီး သက်တမ်း တိုး မှု ရပ်ဆိုင်းခြင်း၊ လိုင်စင်များ ပယ်ဖျက်ခြင်းများ ပြုလုပ်နိုင်ဖွယ် ရှိသည်ဟု ပုဂ္ဂလိက ပညာရေးအသိုင်းအဝိုင်းက မှတ်ချက်ပြုသည်။ အကြမ်းဖက် မင်းအောင်လှိုင်က သူ၏ မြေးမများကိုမူ ပုဂ္ဂလိက EMPS ကျောင်းကို ငွေကြေးထုတ်ထူထောင် တက်ရောက်စေပြီး ယင်းကျောင်းတွင် ပညာရေး ဝန် ကြီးဌာန၏ သင်ရိုးညွှန်းတမ်းကို အင်္ဂလန်သင်ရိုးတမ်းနှင့် နိုင်ငံတကာ သင်ရိုး ညွှန်းတမ်းကို ပေါင်းစပ်သင်ကြားခြင်းဖြစ်ကြောင်း၊ ပန်းချီအနုပညာ၊ ဂီတ၊ ကာယ၊ အက၊ စာကြည့်တိုက်၊ အားကစားများ ပေါင်းစပ်သင်ကြား ခြင်းဖြစ် သည်ဟုသိရှိရသည်။ "သူ့မြေးတွေကျတော့ နိုင်ငံတကာအဆင့်မီ ကျောင်းထားပြီး အခြားပုဂ္ဂလိက ကျောင်းတွေကိုတော့ ပိတ်ပင်မယ့် သဘောမျိုးလားမသိဘူး။ စောင့်ကြည့်ရမှာပဲ။ ပြည်တွင်းမှာ ပုဂ္ဂလိကကျောင်းတွေ ပိတ်လာရင်တော့ ဒီကလေးတွေ စင်ကာ ပူနဲ့ ထိုင်းဘက်ကို ကျောင်းသွားထားတာတွေ ခေတ်စားလာမယ် ထင်တယ်။ အခုတောင် တတ်နိုင်တဲ့သူတွေက စင်ကာပူမှာ ကျောင်းသွားထားကြတယ်။ လူ လတ်တန်းစားတွေက ထိုင်းလောက်မှာ ကလေးတွေကို ကျောင်းထားနေ ကြ ပြီ" ဟု ရန်ကုန်ကျောင်းသားမိဘတစ်ဦးက သုံးသပ်သည်။
ရန်ကုန်မြို့တွင် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပထမဦးဆုံး ကျဆုံးခဲ့ သည့် နွေဦးတော်လှန်ရေး သူရဲကောင်း ၄ ဦး ၏ရုပ်ပုံပါ အင်္ကျီများဝတ်ဆင်ကာ လွမ်း ဆွတ်ခြင်း အထိမ်းအမှတ် လှုပ်ရှား
Nestle မြန်မာနိုင်ငံက လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်
People's Spring
ဆွစ်ဇာလန်အခြေစိုက်စားသောက်ကုန် လုပ်ငန်းကြီး Nestle ရဲ့ မြန်မာနိုင်ငံက လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တော့မယ်လို့ ကုမ္ပဏီဘက်က ဒီနေ့မှာ ထုတ်ပြောလိုက်တယ်လို့ AFP သတင်းဌာနကဖော်ပြပါတယ်။စစ်တပ်အာဏာသိမ်းမှု အပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအသီးသီးထွက်ခွာချိန်မှာ Nestle လည်းထွက်ခွာတော့မှာပါ။မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေးအခြေအနေအရ ရန်ကုန်မှာရှိတဲ့ စက်ရုံနဲ့ ရုံးချုပ် လည်ပတ်မှုကို ရပ်တန့်လိုက်တော့မယ်လို့ Nestle ရဲ့ပြောရေးဆိုခွင့်ရှိသူက AFP ကိုပြောပါတယ်။ မြန်မာနိုင်ငံကနေ ထွက်ခွာမယ့် အချိန်ကာလသတ်မှတ်ချက်ကိုတော့ Nestle ဘက်က ထုတ်မပြောသေးပါဘူး။Nestle ဟာ မြန်မာနိုင်ငံမှာ အသင့်သောက် ကော်ဖီ ၊ မက်ဂီ ( Maggi) ခေါက်ဆွဲ ၊ မိုင်လို ချောကလက်ဖျော်ရည် တွေကို ဖြန့်ဖြူးရောင်းချနေတာပါ။မြန်မာနိုင်ငံက လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ထိခိုက်နစ်နာသူတွေအတွက် အကောင်းဆုံး ပံ့ပိုးသွားမယ်လို့ Nestle ပြောရေးဆိုခွင့်ရှိသူဆိုပါတယ်။






























