ပွဲစား ဘင်မနာရှီသည် ၈ ရက်နေ့ကအမေရိကန်အစိုးရထံစာတင်
မြန်မာစစ်ကောင်စီမှ ဒေါ်လာနှစ်သန်းနဲ့ငှားထားတဲ့ပွဲစား ဘင်မနာရှီသည် ၈ ရက်နေ့ကအမေရိကန်အစိုးရထံစာတင်လိုက်ပါတယ် ကြောက်စရာပူစရာမလိုပါ အများသိစေရန်သာဖြစ်ပါတယ်။
ထားဝယ်မှာ စစ်တပ်ကပစ်ခတ်လို့ လူတဦးသေဆုံး
မတ် ၁၂-၂၀၂၁
STY
မနေ့ မတ်လ ၁၁ရက်နေ့ ညပိုင်းက ထားဝယ်မြို့ ကြက်စာပြင်ရပ်ကွက်မှာ ရပ်ကွက်ကပိတ်ထားတဲ့လမ်းကို စစ်တပ်နဲ့ရဲတွေက လာရောက်ရှင်းလင်းခဲ့ပြီး ကင်းစောင့်နေတဲ့သူတွေကို မီးခိုးဗုံး၊ အသံဗုံး၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အဲ့ဒီရပ်ကွက်မှာနေထိုင်တဲ့ ကိုဝင်းလှိုင်ထွန်း ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
#VoiceOfMyanmar #VOM #ထားဝယ်မြို့ #ပစ်ခတ် #သေဆုံး
86လမ်း 36×37ကြား အိမ်တွေဖျက်ဆီးခံရ
86လမ်း 36×37ကြား
ညကရပ်ကွက်သောင်းကျန်းသွားတာ လူလာဆွဲတာမဟုတ်ဘူး ရပ်ကွက်ကိုလာဖျက်စီးသွားတာ 🙂
#crd
မိုးကောင်းမြို့နယ်တွင် KIA နှင့် အာဏာသိမ်းတပ်မတော်တို့ ယနေ့ နံနက်ပိုင်းက ပြင်းထန်သည့်တိုက်ပွဲ ဖြစ်ပွား
မတ်(၁၁)
မိုးကောင်းမြို့နယ် နမ်ရှန် ကျေးရွာအနီး၌ KIA တပ်ဖွဲ့နှင့် အာဏာသိမ်းတပ်မတော်တို့ ယနေ့ မတ်လ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် ပြင်းထန်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားနေချိန် ကားမိုင်း ဗျူဟာကုန်းမှ လက်နက်ကြီး ၁၀၅ မမ၊ ၁၂၀ မမ များဖြင့် အကြိမ်ကြိမ် ပစ်ခတ် နေကြောင်း ကားမိုင်း ဒေသခံများက ပြောသည်။
ထို့ နောက် ကားမိုင်းမြို့စွန်ဘက်တွင်လည်း ယနေ့ နံနက် (၆)နာရီခွဲချိန်ခန့် တွင် (၁၅) မိနစ်ခန့် နှစ်ဖက် ပစ်ခတ် တိုက်ခိုက် သံများ ကြားရပြီးနောက် ရွာအတွင်းသို့ လက်နက်ကျည်များ ကျလာခဲ့သည်ဟု ဒေသခံများက ပြောသည်။
" ပစ်ခတ်သံတွေ ခဏငြိမ်ပြီးတဲ့နောက် လက်နက်ကျည် တွေကျလာတယ်။ လမောင် ကထောင်မှာ ကျတဲ့ကျည်က မအောင်ဘူး ။အခုလည်း စိုက် နေတုန်း ဘယ်သူမှ မယူရဲဘူး။ ဒါပေမယ့်Jawng kawng မြို့မ ( ၄ ) ဘက်မှာက အိမ်ရှေ့လမ်းမှာ ကျပြီး ပေါက်ကွဲခဲ့တယ်။ အမျိုးသမီး (၂) ဦးနဲ့ ကလေး ငယ်တစ်ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်" ဟုဒေသခံ မျက်မြင်တစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။
ထိခိုက်ဒဏ်ရာရသူများရရှိပြီး စိုးရိမ်ရသည့် အ ခြေအနေမရှိသော်လည်း ကျေးရွာအတွင်းသို့ ထပ်မံပြီး လက်နက်ကျည်များ ကျရောက်ပေါက်ကွဲလာမည်ကို ဒေသခံများစိုးရိမ်နေကြသည်။
ကိုဇော်ဇော်မိုး (12.3.2021) မနက်၄နာရီခန့် တွင် ကျဆုံး
(10.3.2021) မ/ဥ ပစ်ခတ်မှုတွင် ပေါင်းရင်းကျည်ထိမှန်သောကိုဇော်ဇော်မိုး (12.3.2021) မနက်၄နာရီခန့် တွင် ကျဆုံးသွားပါပြီ၊
