နောက်ဆုံးရ
 UGများအား ဖမ်းဆီးရန်ဟုဆိုကာ နေပြည်တော်မှ အထူးလေ့ကျင့်ထားသည့် ဒုရဲအုပ် ၄၃ဦးအား ရန်ကုန်သို့ စေလွှတ်ထား

UGများအား ဖမ်းဆီးရန်ဟုဆိုကာ နေပြည်တော်မှ အထူးလေ့ကျင့်ထားသည့် ဒုရဲအုပ် ၄၃ဦးအား ရန်ကုန်သို့ စေလွှတ်ထား

Author လင်းခိုင်

Published on Feb 22, 2023

ရန်ကုန်မြို့ရှိ မြေအောက်တော်လှန်ရေးအင်အားစုများအား စုံစမ်းဖော်ထုတ် ဖမ်းဆီးရန်ဟုဆိုကာ နေပြည်တော်မှအထူးလေ့ကျင့်ထားသည့် ဒုရဲအုပ် ၄၃ ယောက်အား ရန်ကုန်သို့ စေလွှတ်ထားကြောင်း ရဲသတင်းအရင်းအမြစ်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီ ၂၀ ရက်တွင် နေပြည်တော်မှ ဒုရဲအုပ် ၄၃ ယောက်ကို ကော့မှူး၊ ကွမ်းခြံကုန်၊ ခရမ်း၊တွံတေးမြို့နယ်များတွင် တာဝန်ထမ်းဆောင်ရန်ဟုဆိုကာ စေလွှတ်ခြင်းဖြစ်ကြောင်း ရဲသတင်းအရင်းမြစ်က ဆိုသည်။

“အဓိက ကော့မှူး၊ ကွမ်းခြံကုန်း၊ ခရမ်း၊ တွံတေးမြို့နယ်မှာ တာဝန်ထမ်းဆောင်ဖို့ဆိုပြီး စေလွှတ်တာ၊ ကျန်တဲ့ဘယ်လို ကိစ္စတွေရှိတယ်ဆိုတာတော့ သေချာမသိရဘူး။ အဲ့ဒီမြို့နယ်တွေမှာ စကစ တွေ ၊ အုပ်ကြီးတွေ အသတ်ခံရရင် လုပ်တဲ့သူကို မဖမ်းမိတော့ အင်အားတိုးချဲ့တာလားမသိဘူး” ဟု ရဲသတင်းအရင်းအမြစ်က CJ Platform သို့ပြောကြားသည်။

စစ်ကောင်စီမှ ကော့မှူး၊ ကွမ်းခြံကုန်း၊ ခရမ်းနှင့် တွံတေးမြို့နယ်များတွင် ယခုကဲ့သို့ ဒုရဲအုပ်များ အင်အားတိုးချဲ့ချထားခြင်းသည် မြေအောက်တော်လှန်ရေးသမားများကို အသွင်ယူဖမ်းဆီးနိုင်ရန် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်းလည်း ရန်ကုန် UG တော်လှန်ရေးသမား တစ်ဦးက CJ Platform သို့ပြောကြားသည်။

“အဲ့ဒီဘက်တွေမှာ က မြို့တွင်းလို CCTV ဘာတွေ သိပ်မရှိဘူး။ အဲ့တော့ ဒီကောင်တွေက UG သမားတွေကို ဖမ်းဖို့အင်အားတိုးတာဖြစ်နိုင်တယ်။ ” ဟု ပြောကြားသည်။

စစ်ကောင်စီသည် မြို့တွင်း UG တော်လှန်ရေးသမားများကို ဖမ်းဆီးနိုင်ရန်အတွက် UG အဖွဲ့များတွင် ယင်းတို့၏စစ်ထောက်လှမ်းရေးအရာရှိများ၊ ရဲများကို အသွင်ယူထည့်သွင်းထားကြောင်းလည်း ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များက သက်သေခံဖော်ပြလျက်ရှိကြောင်း ပြည်သူတစ်ဦးက ဆိုသည်။

ယမန်နှစ် ဒီဇင်ဘာ ၃၀ ရက်တွင် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ဦးဆောင်ကာ၊ ဒုဝန်ကြီးများ၊ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဗဟိုဘဏ် ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် ဌာနဆိုင်ရာမှထိပ်တန်းအရာရျိ ၅၅ ဦး အစည်းအဝေးပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် UG ရဲဘော်များကို အသွင်ယူပြီးဖမ်းဆီးရန်၊ NUG ၊ CRPH နှင့် PDF များကို ချေမှုန်းရန်၊ အစရှိသည့် အစည်းအဝေးမှတ်တမ်းများ ပေါက်ကြားခဲ့သည်။

ထိုကဲ့သို့ အစည်းအဝေးမှတ်တမ်း ပေါက်ကြားပြီးနောက် စစ်ကောင်စီ ဒုခေါင်းဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဇန်နဝါရီ ၁၇ ရက်တွင် အောင်မင်္ဂလာဝင်းအရှေ့ရှိ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့သို့ လာရောက်ကာ လျှို့ဝှက်စာပေါက်ကြားခဲ့မှုနှင့် ပတ်သက်ပြီး စရဖ အကြီးပိုင်းအရာရှိမှုများကို ငေါက်ငမ်းပြီး ရဲမှူးချုပ် အောင်ဌေးမြင့်ကိုဖမ်းဆီးခဲ့ကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့သည်။

ဓာတ်ပုံ- Google
ပုံစာညွှန်း – ရန်ကုန်မြို့အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များအား မြင်ရပုံ
#CjPlatform #
ရန်ကုန် #UG #နေပြည်တော် #ဒုရဲအုပ် #အသွင်ယူ



ဆက်ဖတ်ရန် →
သန်းရွှေ မှတ်ဉာဏ် ယိုယွင်းဆုံးရှုံးသည့် အယ်လ်ဇိုင်းမား ရောဂါဆိုးရွားလာ

သန်းရွှေ မှတ်ဉာဏ် ယိုယွင်းဆုံးရှုံးသည့် အယ်လ်ဇိုင်းမား ရောဂါဆိုးရွားလာ

အာဏာရှင်ဟောင်း ဦးသန်းရွှေ မှတ်ဉာဏ် ယိုယွင်းဆုံးရှုံးသည့် အယ်လ်ဇိုင်းမား ရောဂါဆိုးရွားလာ၊ အသိဉာဏ် မပျောက်ဆုံးမှီ ဝိနည်းနှင့်အညီ နေထိုင်သည့် ဆရာတော်ကြီးများအား ပင့်ဆောင့်သော်လည်း ငြင်းပယ်ခံရ

Author CJ Platform အယ်ဒီတာအဖွဲ့

Published on Feb 23, 2023

အာဏာရှင်ဟောင်း ဦးသန်းရွှေ မှတ်ဉာဏ် ယိုယွင်းဆုံးရှုံးသည့် အယ်လ်ဇိုင်းမား ရောဂါ ဆိုးရွားလာ၊ အသိဉာဏ် မပျောက်ဆုံးမှီ ဝိနည်းနှင
စစ်အာဏာရှင် ဟောင်း ဦးသန်းရွှေ တစ်ယောက် ဇရာထောင်းသူများ ဖြစ်လေ့ရှိသည့် အယ်လ်ဇိုင်းမား ရောဂါဆိုးရွားလာကြောင်းခိုင်လုံသည့် သတင်းရင်းမြစ်ထံမှ CJ Platform က စုံစမ်းသိရသည်။

ဦးသန်းရွှေမှာ မှတ်ဉာဏ်များ လုံးဝ ဥဿုံ မပျောက်ဆုံးမီချိန်တွင် ထေရ်ရဝါဒ စစ်စစ် ဆရာတော် သံဃာတော်ကြီးအချို့ကို ဖူးမျှော်ခွင့် ရနေလိုသော်လည်း ယခု အချိန်ထိ ဆရာတော်ကြီးများက ကြွရောက်ခြင်း မရှိသေးဟုလည်းသိရသည်။

စစ်ကောင်စီ ထိပ်တန်း အရာရှိများနှင့် ရင်းနှီးကျွမ်းဝင်သည့် CJ Platform ၏ သတင်းရင်းမြစ်က စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေသည် မှတ်ဉာဏ် တဖြည်းဖြည်း ယိုယွင်းပျောက်ဆုံးလာမည့် ကုသရန် ဆေးမရှိသော အယ်ဇိုင်းမား ရောဂါကို ခံစားနေရပြီး ယခုအခါ ရောဂါ အခြေအနေ ဆိုးရွားလာနေပြီ ဖြစ်ကြောင်း အသိပေး ပြောဆိုသည်။

” စာဖတ်နေသူကြီး အယ်ဇိုင်းမား ဆိုးနေပြီ။ အခြေအနေ မကောင်းဘူး” ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။

အယ်ဇိုင်းမားရောဂါမှာ မိမိ၏ အချစ်ခင်ရဆုံးသူကိုပင် မမှတ်မိနိုင်တော့သည်ထိ ဖြစ်ပြီးနောက်တွင် မုချ သေဆုံးရမည့် ရောဂါ တစ်ခု ဖြစ်ပြီး အသက် ၆၅ နှစ်အထက် သက်ကြီးပိုင်းများတွင် အဖြစ်များသည်။

ရောဂါ ခံစားရသူမှာ ကနဦးတွင် အဖြစ်အပျက် အချို့ကို မေ့လျော လာမည် ဖြစ်ပြီး အချိန်တစ်ခုအတွင်း ချစ်ခင်ရသူများ၊ ဘဝတစ်လျှောက် မမေ့နိုင်သည့် အကြောင်းအရာများကိုပါ မေ့လျောလာမည်ဟု ဆေးပညာမှတ်တမ်းများက ဆိုသည်။

အသက် ၉၀ အရွယ်ရှိ ဦးသန်းရွှေမှာ အဆိုပါ ရောဂါကို ခံစားနေရခြင်း ဖြစ်ပြီး သူ၏ နောက်ဆုံး အသိဉာဏ် ရှိနေချိန်တွင် ဝိနည်း သိက္ခာတော်များနှင့် အညီ ဗုဒ္ဓ လမ်းစဥ်အတိုင်း တသွေမတိမ်း လိုက်နာသည့် သိက္ခာတော်ရဆရာတော်ကြီးများကို ဖူးမျှော်လိုနေသည်ဟုလည်း သိရသည်။

သို့သော် သက်တော်ကြီးမြင့်ပြီ ဖြစ်သည့် ဆရာတော်ကြီးများမှာ ကျန်းမာရေးအရ ကြွရောက် ပေးနိုင်ခြင်း မရှိသေးဟု CJ Platform ၏ သတင်းရင်းမြစ်က ပြောသည်။

” ဆရာတော်ကြီးတွေကို ပင့်တယ်။ တကယ့် ဝိနည်းနဲ့ အညီနေတဲ့ ဘုရားဟောကို လေးစားလိုက်နာတဲ့ သံဃာတော်အရှင်မြတ်ကြီးတွေကို ပေါ့။ ဒါပေမယ့် ဆရာတော်ကြီးတွေက ကျန်းမာရေးအရ မကြွနိုင်ဘူးလို့ မိန့်ကြတယ် ” ဟုအဆိုပါ သတင်းရင်းမြစ်က ပြောသည်။

CJ Platform ၏ သတင်းရင်းမြစ်က ဦးသန်းရွှေသည် သံဃာတော် စစ်စစ်ကိုသာ ဖူးမျှော်ခွင့်ရလိုနေခြင်းဟု ဆိုပြီးအရှင်ဉာဏိဿရ (သီတဂူ)ကဲ့သို့ ခေါ်လျင် လာနိုင်သည့် သူများကိုမူ မခေါ်ကြောင်းလည်း ပြောသည်။

” သီတဂူ မပါဘူး။ အခု မင်းဆရာ အဖြစ် ပွဲတက်နေတဲ့ ကိုယ်တော်တွေကို မပင့်ခိုင်းဘူး ပြောတယ်” ဟု ၄င်းကပြောသည်။

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေသည် ဗိုလ်နေဝင်း ပြုတ်ကျအပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်စောမောင်ကို ဖြုတ်ချကာ မြန်မာနိုင်ငံကို နှစ်နှစ်ဆယ်ကျော်တင်းကျပ်သည့် အာဏာရှင် ဖိနှိပ်မှု စနစ်ဖြင့် အုပ်ချုပ်ခဲ့သူဖြစ်သည်။

၄င်း အုပ်ချုပ်သည့် ကာလအတွင်း မြန်မာ စစ်တပ် တစ်ခုလုံး အကျင့်ပျက်ချစားမှုများ၊ ကိုယ်ကျင့်တရား ပျက်ပြားမှုများ ခိုင်မာစွာ အမြစ်တည်လာခဲ့ပြီး တိုင်းပြည်၏ မဏ္ဍိုင် အသီးသီးတွင်လည်း အဂတိ တရားများဖြင့် ဖုံးလွှမ်းခဲ့ရသည်။

ဦးသန်းရွှေသည် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် သံဃာတော်များကို ရက်စက်စွာ ပစ်ခတ်ပြီး သပိတ်ဖြိုခွင်းရန် လုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှ နာဂစ်ဘေးဖြင့် သိန်းချီ သေဆုံးခဲ့မှုကို လစ်လျူရှုက ၂၀၀၈ ခြေဥကို အတည်ပြုခဲ့သူ ဖြစ်သည်။

နာမည်ဆိုးဖြင့် ကမ္ဘာကျော်သူ ဦးသန်းရွှေသည် ညောင်နှစ်ပင်မှ ၂၀၀၈ ခြေဥ ၏ ပဲ့ကိုင်ရှင်ဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင်ဦးသိန်းစိန်အစိုးရအား အာဏာလွှဲ၍ အနားယူခဲ့သည်။

ယခုအခါ ကုသရန် ဆေးမရှိသည့် အယ်ဇိုင်းမားရောဂါဖြင့် သေဆုံးမည့် အချိန်ကို စောင့်စားနေရခြင်းလည်းဖြစ်သည်။

*CJ Platform အယ်ဒီတာအဖွဲ့
ဓာတ်ပုံ- Google
#CjPlatform #
ဦးသန်းရွှေ #အယ်လ်ဇိုင်းမား




ဆက်ဖတ်ရန် →
 စစ်ကိုင်းနှင့် မကွေးဘက်သို့ ဦးတည်နိုင်ပြီး စခ အင်အား ၅၀၀ နှင့် ၁၀၀၀ အကြားရှိ

စစ်ကိုင်းနှင့် မကွေးဘက်သို့ ဦးတည်နိုင်ပြီး စခ အင်အား ၅၀၀ နှင့် ၁၀၀၀ အကြားရှိ

ကလောနှင့်ဟဲဟိုးမှ တပ်များကို  စစ်သား၊ လက်နက်အင်အား အပြည့်အစုံဖြင့် ရွှေ့ပြောင်းမှုများလုပ်နေ ၊ စစ်အုပ်ချုပ်ရေးကြေညာထားသော စစ်ကိုင်းနှင့် မကွေးဘက်သို့ ဦးတည်နိုင်ပြီး အင်အား ၅၀၀ နှင့် ၁၀၀၀ အကြားရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ခေတ်သစ်

ရှမ်းပြည်နယ်၊ ကလောနှင့်ဟဲဟိုးဘက်မှ ယနေ့ နံနက်ပိုင်း စစ်ကားများစွာကို စစ်သား အင်အား အပြည့်အစုံ ၊ လက်နက်အပြည့်အစုံဖြင့် ရှေ့တန်းထွက်ခွာ လာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်အစောပိုင်းမှစတင်ပြီး ကလောနှင့်ဟဲဟိုးမှ တပ်များကို စစ်ကားများဖြင့် လက်နက်အပြည်အစုံ တင်၍ ထွက်ခွာလာ သည် ကိုမြင်တွေ့ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။ 

"တောင်ကြီးကနေ ကလောဖက်အသွား စစ်ခွေးကားတွေ အတော်များတယ်။ ၅၀ ကျော်လောက်တယ်။  ကားတိုင်းမှာ စစ်သားအပြည့်၊ လက်နက် အပြည့် အစုံ ပါတယ်။  ကလောမြို့ ၁၁၂ တပ်ရင်းရှေ့မှာလည်း စစ်ခွေးကား ၃၀ ကျော် တယ်။ အင်အား ၃၀၀ လောက်ရှိတယ်။  ဟဲဟိုးဘက်ကလည်း စစ်ကား ၂၀ လောက် ဆင်းလာတယ်။  ကလောနဲ့ ဟဲဟိုးက တပ်ကတွေ အကုန် ထွက် လာ တာ။ အင်အားတော်တော်များပါတယ်။ ကရင်နီ ဘက် သွားတာ မဟုတ်တာ တော့သေချာပါတယ်။  စစ်ကိုင်းနဲ့ မကွေးဘက်လို့ သိရတယ်။  " ဟု ဒေသ ပြည်သူ တစ်ဦးက ပြောသည်။ 

ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပေးပို့လာသော ပြည်သူများ၏ သတင်း ပေးပို့ချက်များအရ ကလောနှင့် ဟဲဟိုးတပ်များမှ တပ်ပြောင်းရွှေ့မှုသည် အင်အား ၅၀၀ ကျော်နှင့် ၁၀၀၀ အကြားရှိနိုင်ကြောင်း သိရှိရသည်။  

အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၄ ခု ၊ မကွေး တိုင်းအတွင်းရှိ မြို့နယ် ၅ ခုကို စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ 

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ကလောဘက်မှ ဆင်းနေသော စစ်ကားများ။


 

ဆက်ဖတ်ရန် →
ရွှေဘို၊ ထူးကြီးရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု ရွာလုံးကျွတ် ပြာကျ

ရွှေဘို၊ ထူးကြီးရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု ရွာလုံးကျွတ် ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ခေတ်သစ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ထူးကြီးရွာကို အကြမ်းဖက် စစ်တပ် စီးနင်း မီးရှို့ဖျက်ဆီးမှု ရွာလုံးကျွတ် ပြာကျခဲ့ကြောင်း S&C အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ် ထူးကြီးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းများက ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင်နေအိမ် ၂၀၀ ကျော်မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။ 

" ထူးကြီးကျေးရွာကို စစ်ခွေးတွေကဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တာ ရွာလုံးကျွတ် ပြာကျသွားတယ်။ စုစုပေါင်း နေအိမ် ၂၀၀ ကျော်လောက်ရှိမယ်။ အခုထိ ရှင်းလင်းရေးတွေ လုပ်နေတုန်းပဲ ပြည်သူတွေတော့ စစ်ခွေးတွေ မရောက်ခင် ရွာလုံးကျွတ် ရှောင်တိမ်းနိုင်ခဲ့တယ်" ဟု S&C မီးဘေး စစ်ဘေး ပညာရေး စောင့်ရှောက်မှု အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။




ဆက်ဖတ်ရန် →
(အပိုင်း-၂)  လူယုတ်မာ  စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူ များအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း

(အပိုင်း-၂) လူယုတ်မာ စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူ များအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း

(အပိုင်း-၁) ဖတ်ရန်နှိပ်ပါ


(အပိုင်း-၂) 


By ရန်ကုန်ခေတ်သစ်


စိုးထွဋ်က ဝန်ကြီးဖြစ်လာချိန် ၂၀၂၀ ကစလို့ ရမ်းကားမှုတွေ ယုတ်မာမှုတွေ ကျူး လွန်နေချိန်မှာ သူ့မိန်းမ ဖြစ်သူနီလာစိန်ကလည်း စိုးထွဋ်ထက် မလျှော့ တဲ့ ရမ်းကားယုတ်မာမှုတွေ ကျူးလွန်ပါတယ်။ စိုးထွဋ် အပေါ်မှာလည်းနီလာ စိန် က ဩဇာ လွှမ်းမိုးမှု အကြီးအကျယ်ရှိပါတယ်။ 


တကယ်တော့ နီလာစိန်က စိုးထွဋ်မတိုင်မီ ရှေ့မှာ ယောင်္ကျားတွေ ယူထားခဲ့ပြီး စိုးထွဋ်က သူရဲ့ နောက်ဆုံး ယောင်္ကျားလည်းဖြစ်ပါတယ်။ 


၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှာ နီလာစိန်က ပြည်ထဲရေး ဝန်ကြီးဌာန တစ်ခုလုံး ကို သူ့ရဲ့ ငွေရှာတဲ့စီးပွားရေးလုပ်ကွက်လို သဘောထားတော့တာပါ။ 


 နီလာစိန်က ယောင်္ကျားဖြစ်သူရဲ့ အရှိန်အဝါကို အသုံးချပြီး စီးပွားရှာတဲ့အပြင် ဝန်ကြီးဌာန အရာရှိ ကတော်တွေနဲ့ဝန်ထမ်း အမျိုးသမီးတွေ ကိုလည်း သူ့ နောက် လိုက် အဖြစ် ထင်သလို ခြယ်လှယ်နေတဲ့အတွက် ကတော်တွေခါးစည်း ကြိတ်မှိတ်ခံနေပါတယ်။ နီလာစိန်က စားသောက်ဆိုင်နဲ့ အထည်အလိပ်ဆိုင်၊ အင်္ကျီဆိုင်တွေ ဖွင့်လှစ်ထားပါတယ်။ 


မင်းအောင်လှိုင် အာဏာသိမ်းလိုက်တဲ့အချိန်မှာတော့ နီလာစိန်က ဝန်ကြီးဌာန အရာရှိ ကတော်နဲ့ ဝန်ထမ်းအမျိုးသမီးတွေမှန်သမျှကို သူ့ရဲ့ ကျွန်တွေလို သဘောထားခေါ်ယူပြီး ခိုင်းစေလာပါတယ်။ 


နီလာစိန်က သူ့ စျေးဆိုင်တွေ၊ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေမှာ ဝန်ကြီး ဌာန ဆိုင်ရာ ကိစ္စတွေ၊ ယူနီဖောင်း ချုပ်တာတွေ၊ ဝန်ကြီးဌာနအလှူအတွက် အစား အသောက်မှာတာတွေ လုပ်ခိုင်းတဲ့အပြင် ကတော်တွေ မှန်သမျှ သူ့ဆီကိုအလှည့်ကျ လာရောက် တွေ့ဆုံ ခိုင်းတာလုပ်ရတယ်လို့ သိရပါတယ်။ 


"ဝန်ကြီးဌာန တူညီဝတ်စုံ ယူနီဖောင်းချုပ်တဲ့ကိစ္စတွေ၊ နောက်ပြီး သင်္ကြန်မှာ အင်္ကျီဆင်တူ ဝန်ကြီးဌာန သင်္ကြန်အတွက် ချုပ်ရတာတွေ၊ ဌာနအတွက် ပိတ်စ အဝတ်အထည် ဝယ်ရတာတွေ ၊ ဝန်ကြီးဌာန အလှူအတွက် အစား အသောက် မှာရတဲ့ ကိစ္စတွေ အဲဒီလို ကိစ္စတွေက အစ သူက စီမံတယ်။ သူ့မှာခိုင်းတဲ့ဆိုင်၊ လုပ်ငန်း၊ ကုမ္ပဏီတွေမှာ ရတယ်။ အဲဒါတွေကလည်း သူ့နဲ့ပတ်သက် ထားတဲ့ ဟာတွေချည်းပဲ။ ဌာနအရာရှိ ကတော်တွေကို သူ့ အခြွေအရံအဖြစ် အနား ခေါ် ထားတယ်။ အလှည့်ကျ။ ကတော်တွေကလည်း သူတို့လင်တွေ ရာထူးတိုး ချင်တော့ သူ့ဆီသွားရတယ်" လို့ ဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောပါတယ်။ 


ဒါ့အပြင် နီလာစိန် ခေါင်းဆောင်ပြီး ကတော်တွေ အစုလိုက် အပြုံလိုက် ပြည် တွင်း ပြည်ပ စျေးဝယ်ထွက်တာ၊ဘုရားဝတ်ပြုတာ၊ စကား၀ိုင်းလုပ်တာ၊ ဘု ရားဖူး ထွက်တာတွေလည်း လုပ်ဆောင်ပါတယ်။ အဲဒီလို အုပ်စုလိုက်သွား လာ လှုပ်ရှားရတဲ့ လှုပ်ရှားမှုတွေနဲ့ စျေးဝယ်ထွက်ချိန်မှာ နီလာစိန် ဝယ်သမျှကို က တော် တွေက ငွေကြေးစုဆောင်း လိုက်လံ အကုန်ခံ ရှင်းရတယ်လို့ ဆိုပါတယ်။ 


"ကတော်တွေက ဝန်ကြီးကတော် အတွက် သူတို့ယောင်္ကျားတွေက ငွေတောင်း ထားရတယ်။ သီတင်းကျွတ် ဆိုလည်း သီတင်းကျွတ်၊ သင်္ကြန်ဆိုလည်း သင်္ကြန်၊ တန်ဆောင်တိုင်ဆိုလည်း တန်ဆောင်တိုင် ပွဲအချိန်တွေသာမကဘူး၊  နိုင်ငံခြား စျေးဝယ်ထွက်တယ်။ သူစီးပွားရေးလုပ်ထားတဲ့ဆိုင်တွေမှာ မဝယ်မနေရ ဌာန တူညီ ဝတ် ပိတ်၊အဝတ်ထည်၊ယူနီဖောင်းများ အင်အား ရှိသလောက် မယူ မနေ ရလုပ်တာ။  မယူရင် စိတ်ဆိုးပြီး  ကတော်တွေရဲ့လင်တွေကို ရာထူးတွေ ဟို ပြောင်း ဒီပြောင်း သူလုပ်တယ်" လို့ ပြည်ထဲရေးသတင်းရင်းမြစ်က ဆိုပါတယ်။ 


ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ထွေ/အုပ် ဦးစီးဌာနရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ၊‌ရဲတပ်ဖွဲ့ လိုင်းခန်း ဆောက်လုပ်တာ၊ အကျဉ်း ဦးစီးဌာန ဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းတွေ အပါအဝင် ဦးစီးဌာနရဲ့ တင်ဒါ တွေ ကို လိုချင်သူ လုပ်ငန်းရှင်မှန်သမျှကလည်း နီလာစိန်ဆီ လာရောက် ကန် တော့ လက်ဆောင်ငွေကြေးပေးရတယ်လို့ သိရပါတယ်။


ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဘဏ္ဍာရေး၊ ငွေကြေး ဆိုင်ရာ အတော်များများကို နီလာစိန်က ဝင်ရောက်စွက်ဖက်ခန့်ခွဲပြီး ရန်ပုံငွေ သုံးစွဲမှု ၊ စာရင်းကိစ္စတွေက အစ ဝင်ပါနေတာလို့ ဆိုပါတယ်။ သက်ဆိုင်ရာ ဦးစီးဌာန အရာရှိကြီး တွေအနေနဲ့ ဝန်ကြီးကတော် ကိုယ်တိုင် ဝင်ရောက်ပြီး စာရင်းဇယားနဲ့ ဘဏ္ဍာရေး ကိစ္စတွေမှာ စွက်ဖက်မှုတွေအပေါ်မှာဘာမှ မပြောနိုင်ဘဲ ပါးစပ်ပိတ်နေရ တယ် လို့ ဆိုပါတယ်။ 


အရာရှိကတော်တွေကတော့ သူတို့ရဲ့ လင်သားတွေ ရာထူး မပြုတ်ရေး ၊ ရာထူး တည်မြဲရေးနဲ့ နေရာကောင်း ရရှိဖို့အတွက် နီလာစိန်ခိုင်းသမျှ ကြိတ်မှိတ် လုပ်ကြရတယ်လို့ ဆိုပါတယ်။ 


"ဝန်ကြီးကတော် စျေးဝယ်ထွက်ရင်လည်း မလိုက်မနေရ။ ဝန်ကြီးကတော်ရဲ့ အောက်ခြေသိမ်းကအစ မမ မမ နဲ့ခေါ်ပြီးလုပ်ပေးရတာ။ ကိုယ့်လင်ရာထူးတိုးဖို့ နေရာကောင်းရဖို့ ရာထူးတည်မြဲဖို့ ကြိတ်မှိတ်ပြီး ခံနေကြတာပဲ" လို့ ရန်ကုန် ခေတ်သစ် သတင်းရင်းမြစ်က ပြောပါတယ်။ 


နီလာစိန်က ဝန်ထမ်းတွေနဲ့ ကတော် အမျိုးသမီးတွေရဲ့ ပုဂ္ဂလိက ဘ၀တွေကိုပါ ဝင်ရောက်စွက်ဖက်လာပြီး ဝန်ကြီးဌာန ဝန်ထမ်းအမျိုးသမီးတွေ၊ ကတော် တွေရဲ့ မျက်ခုံး တက်တူးထိုးဖို့ ကိစ္စ၊ ထိုးရမယ့် ဆိုင်ကို လိပ်စာပေးပြီး သွားထိုး ခိုင်းတဲ့အထိကို ဝင်ရောက်စွက်ဖက်တယ်လို့ ဆိုပါတယ်။


" သူ့နောက်လိုက် ကတော်တွေ၊ နေပြည်တော်ပြည်ထဲရေးဝန်ကြီးဌာန ဌာန တွင်း ဝန်ထမ်း အပျို၊ အပျိုကြီးတွေကိုသူက ဆိုင်လိပ်စာတစ်ခုပေး‌ပြီး မျက် ခုံးမွှေး တက်တူး ထိုးရမယ်ဆိုပြီး သွားထိုးခိုင်းတယ်။ နီလာစိန် ကိုယ် တိုင်ကလည်း မျက်ခုံးမွှေးတက်တူးထိုးထားတယ်။  ဌာနတွင်း အမျိုးသမီး တွေမှာ မျက်ခုံးမွှေး ရှိရဲ့သားနဲ့ နီလာစိန် အမွှေးမပေါက်လို့ မျက်ခုံး တက်တူး ထိုးသလို အကုန်လိုက်ထိုးရတယ်။ ဝန်ကြီးကတော်ကိုယ်တိုင် ဆိုင်လိပ်စာ ပေး‌ပြီးထိုးခိုင်းတာဆိုတော့လည်း သွားထိုးကြရတယ်။ အဲဒီလောက်ကို ပုဂ္ဂလိ က ဘ၀တွေကိုပါ စွက်ဖက်လာတာ" လို့နေပြည်တော် ပြည်ထဲရေး သတင်း ရင်းမြစ်ကဆိုပါတယ်။ 


၂၀၂၃ ခုနှစ်မှာတော့ နီလာစိန်ရဲ့ စီးပွားရှာနေတဲ့ ဆန္ဒ ၊ လောဘတွေက ထိန်း မနိုင် သိမ်းမရတော့ဘဲ ကတော်မှန်သမျှကို သူ့ဆိုင်တွေဆီကို သွားဖို့ ဌာန ဆိုင်ရာ အလှူ၊ ပျော်ပွှဲ ရွှင်ပွဲမှန်သမျှ သူ့ဆိုင် ၊ သူ့လုပ်ငန်း တွေဆီကသာအစား အသောက် ၊ အဝတ်အထည်တွေ ဝယ်ဖို့ နီလာစိန်က အမိန့် ထုတ်ပါတယ်။ 


"သူ့စျေးဆိုင်တွေကို ကတော် လာဝယ်ရင် ဆိုင်က ဝန်ထမ်းတွေက စာရင်း မှတ်ထားတယ်။ ကတော်တွေက နီလာစိန်ကို သတင်းပို့တယ်။ နီလာစိန်က ဆိုင်က ဝန်ထမ်းတွေ မှတ်ထားတဲ့စာရင်းနဲ့ ပြန်တိုက်စစ်တယ်။ အရင်ကခိုးကြောင်ခိုးဝှက်။ အခုတော့ ပေါ်တင်ကို နီလာစိန်က စီးပွားရေးလုပ်နေတာ။ ဘယ်သူမှလည်း မပြောရဲဘူး။တစ်ဖက်မှာလည်း နီလာစိန်က သူ့လူတွေ ဖြစ် သွားရင် ဘယ်လို ပြဿနပဲတက်တက် ရှင်းပေးတယ်။ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက် တောင်ပံကျိုးလိုပဲ မသူတော်ချင်း သတင်းလွေ့လွေ့ ဖြစ်ကုန် ကြတယ်" လို့ ပြည်ထဲရေးသတင်းရင်းမြစ်က ပြောပါတယ်။ 


နီလာစိန် စီးပွားရေး သောင်းကျန်းပြီး လင်ရဲ့ လုပ်ပိုင်ခွင့် အာဏာကို အသုံးချ ရမ်း ကားနေတာတွေ များလွန်းလို့အထူးအဆန်း မဟုတ်တော့ဘဲ ပြည်ထဲ ရေး ဝန်ကြီးဌာနမှာ သာမန်ကိစ္စတစ်ခုလိုတောင် ဖြစ်လာနေတယ်လို့ ဆိုပါတယ်။ 


ပြည်ထဲရေးဝန်ကြီးဌာနလက်အောက် ဦးစီးဌာနဆိုင်ရာအရာရှိတွေနဲ့ ဝန်ထမ်း တွေကတော့ စိုးထွဋ်နဲ့နီလာစိန်တို့တစ်နေ့ ရာထူးပြုတ် ဒုက္ခရောက်မယ့် နေ့ ကိုပဲ မျှော်လင့်စောင့်စား လက်ရှိမှာတော့ သူတို့ပေးတဲ့ ဒုက္ခတွေကိုခါးစည်း ခံနေကြတယ်လို့ ပြည်ထဲရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။



ဆက်ဖတ်ရန် →