နောက်ဆုံးရ

ယနေ့အတွက် ထူးခြားသော သတင်း(၄)ခု ...

မြန်မာနိုင်ငံရှိ စင်ကာပူနိုင်ငံသားများ မြန်မာနိုင်ငံမှ အမြန်ဆုံးထွက်ခွာသင့်ပြီဖြစ်ကြောင်း ရန်ကုန်ရှိ စင်ကာပူသံရုံး ထပ်တိုးသတိပေး ...


မြန်မာနိုင်ငံရှိ ကနေဒါနိုင်ငံသားများ မြန်မာနိုင်ငံမှ ချက်ချင်းထွက်ခွာရန် ရန်ကုန်ရှိ ကနေဒါသံရုံး သတိပေး ...


R2P ဝင်ရန် မြန်မာနိုင်ငံကို အဓိက ဦးစားပေးနိုင်ငံအဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR  မှ သတ်မှတ် ...


ထိုင်းသတင်းဌာန Thai PBS မှ မြန်မာနိုင်ငံအတွင်းသို့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမူတပ် ဝင်ရောက်ဖို့ အခြေအနေရောက်ရှိနေပြီး ထိုကုလတပ်တွင် ပါဝင်ဖို့ ထိုင်းစစ်တပ်တွင်လည်း ကြိုတင်ပြင်ဆင်နေမူများ ရှိကြောင်း ဖော်ပြ ...

https://www.dropbox.com/sh/ve2nkwta9h91s3v/AAC6APpuLvxCw1GzQhBbbBCxa?dl=0


ဆက်ဖတ်ရန် →

အချိန်နဲနဲလေးပေးပြီး လေ့လာကြည့်ပါ



သတင်းတွေဟာ ၁၀ မိနစ်အတွင်း
ပြောင်းလဲလာတတ်တော့ မျက်ခြေမပြတ်
ကို မနဲလိုက်လေ့လာနေရပါတယ်

ကျနော်ကိုယ်တိုင်လည်း ရှုပ်ထွေးနေတဲ့
အခြေအနေတွေအောက်မှာ ရုန်းကန်နေရ
တာမို့ တစ်ခါတစ်ခါဆို ဘာတွေဖြစ်သွား
မှန်းတောင် မသိလိုက်ပါဘူး

နဲနဲထူးခြားတာလေးတွေမျှဝေကြည့်ရ
အောင်ပါ ကောင်းနိုးရာရာလေးတွေ
စုပေးထားပါတယ်

အခုရက်ပိုင်းမှာ တိုက်ဆိုင်တာတွေတစ်ခုပြီး
တစ်ခု ဖြစ်လာတော့ စဉ်းစားစရာတွေ 
ဖြစ်လာတယ်။

ရိုးရိုးတိုက်ဆိုင်တာ မဟုတ်တဲ့ 
ထူးခြားဖြစ်စဉ်တွေမို့ပါ

မတ်လ ၁၁ ရက်က
••••••••••••••••••••
အာရှရဲ့ နေတိုးမဟာမိတ်လို့ တင်စားကြတဲ့ 
လေးပွင့်ဆိုင်နိုင်ငံများရဲ့ ထိပ်သီး 
အစည်းအဝေးလုပ်ပါတယ်။ 

QUAD လေးနိုင်ငံဟာ  အမေရိကန်
ပြည်ထောင်စု ၊ ဩစတြေးလျား ၊ 
အိန္ဒိယနဲ့ ဂျပန်ဆိုတဲ့ စစ်အင်အားကြီး
တိုင်းပြည်တွေပါ။ 

ကမ္ဘာမှာ စစ်အင်အားအရ အမေရိကန် 
နံပါတ် ၁၊ အိန္ဒိယ ၄၊ ဂျပန်ဟာ စစ်အင်အား 
နံပါတ် ၅၊ ဩစတြေးလျား ၁၉၊ ရှိပါတယ်။
မြန်မာက ၃၈ ၊ ပါ။

ကုလသမဂ္ဂရဲ့ R2P လို့ခေါ်တဲ့ ကာကွယ်ပေး
ရန်တာဝန်ဆိုတဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ 
စေလွှတ်ကူညီရေးကိစ္စမှာ မြန်မာနိုင်ငံကို 
အနီရောင် ထိပ်တန်းအဆင့်သတ်မှတ်လိုက်
ပါတယ်။
 

ပြင်သစ်နိုင်ငံ ဦးဆောင်ပြီး  QUAD 
လေးနိုင်ငံပါဝင်တဲ့ ရေတပ်ပူးတွဲစစ်ရေး
လေ့ကျင့်မှုကို ဘင်္ဂလားပင်လယ်အော်ထဲမှာ
ဧပြီ ၄ ရက်ကနေ ၇ ရက်အထိ လေးရက်
ကြာ ဆင်နွှဲမယ်လို့ ကြေညာပါတယ်။ 

ခေတ်မီ လေယာဉ်တင်သင်္ဘောကြီးနှစ်စင်း 
အဏုမြူရေငုပ်သင်္ဘောတွေ ၊ ဖရီးဂိတ်
စစ်သင်္ဘောကြီးတွေ ၊ ဒုံးကျည်တင်
ယာဉ်တွေ၊ ဖျက်သင်္ဘောတွေ ပါဝင်တဲ့  
ငါးနိုင်ငံ စစ်လေ့ကျင့်မှုကို အိန္ဒိယ၊ 
ဘင်္ဂလားဒေ့ရှ် ၊ မြန်မာတို့ပတ်လယ်
တည်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာ 
အင်အားအပြည့် ပြုလုပ်မှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
" ဘလင်ကန် " ၊ ကာကွယ်ရေးဝန်ကြီး
" အော်စတင် " ၊တို့ဟာ QUAD လေးနိုင်ငံ
အပြင် တောင်ကိုရီးယားကိုပါသွားရောက်
ပြီး ဝန်ကြီးအဆင့် တွေ့ဆုံဆွေးနွေးမှုတွေ 
ဆက်တိုက် ပြုလုပ်နေပါတယ်။ 

US ရဲ့ အရေးအပါဆုံးသော " ကက်ဘိနက်"
ဝန်ကြီးနှစ်ယောက်အတူတူ  ခရီးသွားပြီး 
အစည်းအဝေးတွေပြုလုပ်တာထူးခြားပါတယ်။

 မတ်လ ၁၈ ရက်နေ့မှာ 
••••••••••••••••••••••••
အမေရိကန်နိုင်ငံခြားရးဝန်ကြီး  
ဘလင်ကင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး 
ဝမ်ယီတို့ဟာ အမေရိကန်ပြည်ထောင်စု 
အာလာစကာပြည်နယ်မှာ တွေ့ဆုံဆွေးနွေး
ဖို့ စီစဉ်ထားပါတယ်။ 

မတ်လ ၁၈ ရက်နေ့မှာ အဖြေတစ်ခုခု 
ရနိုင်စရာ ရှိမယ်လို့ မျှော်လင့်ရပါတယ်။🍎

မတ် ၂၇ ပွဲနေ့
••••••••••••••
နေပြည်တော်မှာ စစ်ရေးပြအခမ်အနား 
လုပ်မလုပ် အတိအကျ မသိရသေးဘူး။ 
မြန်မာစစ်ဖက်ခေါင်းဆောင်တွေ စုံစုံညီညီ 
တက်ရောက် မှာလား မသေချာဘူး။

မအလ က  လူကိုယ်တိုင် မိန့်ခွန်းပြောမှာ
မဟုတ်ဘဲ ရုပ်သံတီဗီစခရင် အကြီးကြီးက
တဆင့် ပြောကြားမယ်လို့ သတင်းတွေ 
ထွက်ပေါ်နေပါတယ်။

ရုရှားနဲ့ တရုတ်နိုင်ငံတွေက စစ်ရေး
ကျွမ်းကျင်သူများကတော့ အမေရိကန်ဟာ
မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို
ဝင်ရောက်စွက်ဖက်တော့မယ်လို့ 
ယူဆနေပြီး အခြေအနေ ပိုမိုဆိုးဝါး
စေမယ်လို့ သုံးသပ်နေကြပါတယ်။ 

ရုရှား နဲ့ တရုပ် ၂ နိုင်ငံလုံးက မြန်မာဟာ
စစ်ရိပ် စစ်ငွေ့သန်းနေပြီဆိုတာ " လုံးဝ "
လက်ခံသွားကြပါပြီ

တရုပ်က သူ့နိုင်ငံသားအားလုံး မတ်လ ၂၃
အကုန်ပြန်ခေါ်ပီဆိုတာ သိမှာပါ

အမေရိကန် လေယာဉ်တင်သင်္ဘောကြီး
ရုစဗဲ့လ်ဟာ အခုဆိုရင် မလက္ကာရေလက်
ကြားကို ကျော်လွန်လာပြီး မြန်မာနိုင်ငံ
အနီးထိ သွားရောက်မယ်လို့ ခန့်မှန်း
ရကြောင်း ဖော်ပြထားပါတယ်။

ခုမနက်သတင်းအရ ကော့သောင်
ရေပိုင်နက်ဆီချဉ်းကပ်လာနေပါပီ

ကျနော်မနေ့က ပြောထားပါတယ်
ငါးမျှားဘို့ လာတာမဟုတ်ပါဘူး

လေယာဉ်တင်သင်္ဘောပေါ်မှတိုက်လေယာဉ်
အတက်အဆင်းတွေကိုလည်း လေ့ကျင့်
နေကြောင်း ရေးထားတယ်။ 

တကယ်လို့ အမေရိကန်ကသာ တိုက်ခိုက်
မယ်ဆိုရင် မြန်မာ့တပ်မတော်ဟာ ဘာမှ
ပြန်လုပ်နိုင်မှာ မဟုတ်ဘူးလို့လည်း
ရေးထားပါတယ်။ 

တစ်ခုတော့လုပ်နိုင်တာ သူတို့မသိလို့ပါ
အသက်လု ထွက်ပြေးနိုင်တာပါ

အခု အခါပေးဆရာကြီးများကိုကြည့်ပါ

ရုရှားလေသံပြောင်းလာပါတယ်လက်နက်
မရောင်းတော့ဘူးလေး ဘာလေးပေါ့
တစ်ခုခုဖြစ်ရင်ငါမပါဘူးနော်ဆိုတာမျိုးလေ
မဟန်တော့ဘူးဆိုတာ တွက်ဆမိလို့ပါ

အမေရိကန်ရဲ သွေးအေးအေးလုပ်ပြ
တက်တာနားလည်လို ကြိူခွာသွားတာပါ

မြန်မာ့နိုင်ငံရေးအခြေအနေဟာ အလွန်ရှုပ်
ထွေးနေတာကြောင့် အမေရိကန်အနေနဲ့
ဝင်ရောက် မစွက်ဖက်ဘဲ မြန်မာနိုင်ငံ
သားတွေ သူတို့ပြဿနာ သူတို့ဘာသာ 
ဖြေရှင်းစေဘို့လဲအာ လိုက်ပါတယ်

တာကောကတော့ ညှိနိုင်းပါလိုလို 
လူထုဆန္ဒကို လက်ခံပါလိုလိုနဲ့
နှစ်ကျပ်ကွက်နင်းနေတာ အသိပါပဲ

သိတဲ့အတိုင်း မတ် ၂၇ နေ့ပွဲကျင်းပမယ့်
ကာလတဝိုက်မှာ မြန်မာ့ပင်လယ်ပြင်အနီး
ဒုံးကျည်တစ်ကမ်းအကွာမှာငါးနိုင်ငံ ရေတပ်
အုပ်စုကြီး အလုံးအရင်းနဲ့ ရှိနေမှာပါ။

လတ်တလောဖြစ်ပျက်နေတာတွေပါ
နောက်ထပ် ၁ နာရီဆိုသတင်းအသစ်တွေ
အများကြီးထွက်လာအုန်းမှာ

မနေ့ညက BBC မှာ ကန် နဲ့ ဂျပန် က
တာကောကြီးကို ဝမ်နိမ် ခေါ်ထားပီဆိုတဲ့ 
သတင်းတက်လာတယ် မင်းကိစ္စမင်း
ရှင်းပေးမှာလား ငါတို့ဝင်ရှင်းရမှာလားပေါ့ 

သေနပ်ထောက်ပီးအာဏာသိမ်းလို့ရနေရင်
ကမ္ဘာ့ ဒီမိုကရေစီနိုင်ငံတွေ နေ့တိုင်း
ဂုဏ်တော်တွေရွတ် အလ္လာကို " တ "
ခရစ်ကို " တိုင်တည် "နေရမဲ့ပုံဆိုတော့ ....

ရွာသူ ပူးတာလောက်ပဲ အဆင့်ရှိတဲ့
ချီးစားကဝေကို နှင်တာ မခတ်ခဲပါဘူးဗျာ

သိပ်လည်းအားမငယ်ပါနဲ့ ကျနော်တို့
မတတ်နိုင်တာ ကမ္ဘာ့မိသားစုကြီးက
တတ်နိုင်ပါတယ်

ကျနော်တို့တတ်နိုင်တာ 
ကျနော်တို့လုပ်နေရမှာပါ

အရေးတော်ပုံ အောင်ရမည်

🤜🤛  👊  💪 
Crd
-------
18 march 
🇺🇸 အမေရိကန်နဲ့ တရုတ် 🇨🇳 တို့ အလက်စကာပြည်နယ်မှာဆွေးနွေးပွဲ။
အမေရိကန်ဘက်က နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan တို့တက်ရောက်တယ်။
တရုတ်ဘက်က နိုင်ငံခြားရေးဝန်ကြီး Wang Yiနဲ့ နိုင်ငံခြားရေးကော်မစ်ရှင်ဒါရိုက်တာ Yang Jiechi တို့တက်ရောက်တယ်။
အမေရိကန်က Xinjiang ဒေသက Uyghur တွေအပေါ်တရုတ်ရဲ့လုပ်ရပ်တွေအပါအဝင် တကမ္ဘာလုံးမှာ တရုတ်ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အလွန်ကိုစိုးရိမ်နေကြောင်း ပြောတယ်။
ဟောင်ကောင်နဲ့ ထိုင်ဝမ်အပေါ်လုပ်ရပ်တွေ၊ အမေရိကန်ကိုဆိုက်ဘာတိုက်ခိုက်မှုတွေ၊ မဟာမိတ်တွေကိုစီးပွားရေးအရအကျပ်ကိုင်တဲ့လုပ်ရပ်တွေကို ပြောတယ်။
"ကျနော်တို့က ကျနော်တို့လူ၊ ကျနော်တို့သူငယ်ချင်းတွေဘက်က အမြဲရပ်တည်တဲ့မူအတိုင်းသွားမယ်လို့ပြောတယ်။"
အစည်းအဝေးမှာသဘောတူညီထားတာက (၂) မိနစ်စာမိန့်ခွန်းစကားပဲပြောရမယ်လို့ သဘောတူညီထားတာ။
တရုတ်ဘက်က Yang Yi က လန်ဘားကျောက်တံတားအရည်မရအဖတ်မရတွေကို (၁၅) မိနစ်ကြာ နတ်သံချီဇာတ်သံနှောပြီးပြောတယ်။ 
အမေရိကန်မှာ ဒီမိုကရေစီအရေးပြဿနာတက်နေတာတဲ့၊ လူနည်းစုတွေကိုအခွင့်အရေးမပေးဘူးတဲ့၊ 
တရုတ်ပြည်တွင်းရေးကိုဝင်စွက်ဖက်တာကို သည်းမခံဘူးလို့ ခြိမ်းခြောက်တယ်။
ဟောင်ကောင်၊ ထိုင်ဝမ်ကိစ္စက သူပိုင်တဲ့နေရာတဲ့ ဝင်မပါနဲ့တဲ့။
ဟွာဝေးပိုင်ရှင်သမီးကိစ္စနဲ့ ကနေဒါလူမျိုးနှစ်ယောက်ကို စပိုင်ဆိုပြီးဖမ်းထားတဲ့ကိစ္စကိုထည့်ပြောတယ်။
တရုတ်ကအမေရိကန်ကို စစ်အေးစစ်ပွဲစိတ်ဓာတ်ကိုစွန့်လွှတ်ဖို့နဲ့ သူသာတယ်ကိုယ်နာတယ်ဆိုတဲ့ အယူအဆတွေကို စွန့်လွှတ်တဲ့။
ကွန်မြူနစ်ကတော့ လေလုံးကြီးကြီးနဲ့ ဖိပြောတတ်တာသူ့အကျင့်ပဲ။
အမေရိကန်ဘက်ကတိုတယ်၊ ရှင်းတယ်၊ အမေရိကန်စတိုင်ပြောတယ်။
အမေရိကန်ဘက်ကတရုတ်ကို မြောက်ကိုရီးယားကိုနူကလီးယားစွန့်ဖို့ ဖျောင်းဖျစေချင်တယ်။
တိုတိုပဲပြောရရင် မြန်မာအကြောင်းတော့မပါဘူး။ ကျနော်လည်းပါမယ်လို့မမျှော်လင့်ခဲ့ဘူး။ ပါမယ်လို့ ပြောတဲ့သူတွေကပြောခဲ့တာကို အံ့ဩနေတာ။
အမေရိကန်ကလက်ပူးလက်ကြပ်ကိုင်မပြနိုင်တာကို ဘယ်တော့မှမပြောဘူး။ မြန်မာ့လက်ရှိအရေးမှာတရုတ်ကတိုက်ရိုက်ပတ်သက်နေပါတယ်လို့ လက်ပူးလက်ကြပ်မှချမပြနိုင်ပဲ ထည့်ပြောရင်သူကွဲသွားမှာပေါ့။
ဒါကရပ်ကွက်အတွင်းစကားပြောတဲ့အဆင့်မဟုတ်ဘူး။ ထိပ်သီးစည်းဝေးပွဲအဆင့်မို့ ဖိပြောစရာတွေကိုသာအဓိကပြောသွားတယ်။
အမေရိကန်ကဘာမက်ဆေ့ပေးချင်တာလဲဆိုတော့ ...
တရုတ်ကိုလုပ်ချင်တာလုပ်နေတာအမေရိကန်ကလွှတ်ထားမှာမဟုတ်ဘူးလို့ပြောချင်တာ။
နိုင်ငံတွေကိုစီးပွားရေးအရဝင်လွှမ်းမိုးချုပ်ကိုင်ပြီး အကျပ်ကိုင်ခြယ်လှယ်တာမျိုးမလုပ်ဖို့ သတိပေးတာ။
သဘောကငါတို့က မင်းတို့အပေါ်မှာမူဝါဒတင်းတင်းထားတယ်ဆိုတာ မျက်နှာချင်းဆိုင်ခေါ်ပြောတာ။
တရုတ်က ဘာပြောသလဲဆိုတော့ အခုဆွေးနွေးပွဲဟာ မဟာဗျူဟာမြောက်ဆွေးနွေးပွဲတဲ့။
အမေရိကန်ကပယ်ချလိုက်တယ်။ သူ့ဟာသူပြောချင်တာတွေ တဖက်သက်လာပြောတဲ့ပွဲမို့လို့ ဆွေးနွေးပွဲတောင်မမည်ဘူး one-off session တဲ့။
အဓိကကအမေရိကန်က မျက်နှာချင်းဆိုင်လူခြင်းတွေ့ပြီး ပြောသင့်တာကိုပြောတယ်။ ညှိလို့ရမလားလို့ခေါ်စကားပြောတာဖြစ်ပါတယ်။
​အမေရိကန်က ညှိမရရင်ဘာလုပ်မယ်ဆိုတာ မူဝါဒရှိပြီးသားပါ။ ဆက်လက်စောင့်ကြည့်ရုံသာဖြစ်ပါတယ်။
ဘိုင်ဒင်အစိုးရဟာထရမ့်လိုလေသိပ်မများပဲ အက်ရှင်ပိုလုပ်တာတွေ့ရပါတယ်။
အစိုးရစတက်တာနဲ့ Quad ကိုတွန်းလုပ်တာ၊ အာရှဒေသကိုခရီးအရင်ထွက်ပြီး မဟာမိတ်ဖွဲ့တာတွေကို ကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။
Crd###
* Richard မျိုးသန့်
-----
အလဲအလှယ် 
==========

တရုတ်ကို ပေးခဲ့တဲ့ တပ်လက်ဆောင် 🎁

တရုပ်ကြီး ဘာဖြစ်လို့အာဏာသိမ်းခိုင်းလဲ။

တရုပ်ကြီး ဘာတွေလိုချင်လို့လဲ။

▪️ကျောက်ဖြူရေနက်ဆိပ်ကို ရပြီးပါပြီ။
▪️ဓါတ်ငွေ့ရေနံပိုက်လိုင်း လုပ်ပြီးပါပြီ။
▪️ကျောက်ဖြူကူမင်း ထွက်ပေါက်လမ်းလည်း
     BRI စီမံကိန်းနဲ့ တဖြေးဖြေးဖြစ်လာမှာပဲ။
▪️လက်ပံတောင်းတောင် ၊ စပါယ်တောင် ၊ ကြေးစင်တောင် ရပြီးပါပြီ။
▪️မြစ်ဆုံဆည် စီမံကိန်း မလုပ်ဖြစ်သေးပေမဲ့ လိုချင်တာ
သေချာတယ်။ရေအားလျှပ်စစ်အပြင် တခြား
လျှို့ဝှက်လိုအပ်ချက်လည်း ရှိမှာသေချာ။

မြစ်ဆုံတစ်ခုတည်းအတွက်တော့ စစ်တပ်ကို အာဏာမသိမ်းခိုင်းဘူး။

ဒီတော့ အရေး တကြီးလိုချင်တာ ရှိနေပြီလို့ ခန့်မှန်းမိတယ်။

ဘာပါလိမ့်....သိပြီ 

‼️ကိုကိုးကျွန်းနဲ့ဇာဒက်ကြီး‼️

မှတ်မိလား..အိန္ဒိယနဲ့အမေရိကန်ရေတပ်
စစ်ရေးလေ့ကျင့်တော့ အက်ဒမန်ကျွန်းမှာ
ရေတပ်စခန်းချတယ်။

ကိုကိုးကျွန်းနဲ့ လက်တစ်ကမ်း အကွာ။

တရုပ် ဘာလုပ်ချင်သလဲ။

စစ်တပ်က S400ဒုံးကျည်ကာကွယ်ရေးစနစ် ရုရှားဆီက ဝယ်မရတာကို တရုပ်ကဝယ်ပြီး ကိုကိုးကျွန်းမှာ တပ်ဆင်မဲ့စီမံကိန်း။တနည်း ကိုကိုးကျွန်းမှာ တရုပ်အခြေစိုက်စီမံကိန်း။

🔸အဲဒီသတင်းပေါက်ကြားသွားလို့ DASSK
ကိုယ်တိုင် ကိုကိုးကျွန်းကိုသွားပြီး ဒီကျွန်းကို
အချုပ်အခြာအာဏာ မြန်မာပိုင်တဲ့အကြောင်း
ကမ္ဘာသိကြေငြာခဲ့ရတာလေ။မှတ်မိကြလား။ 🔸

တရုပ်ဟာ ကိုကိုးကျွန်းတင်မက မြိတ်ကျွန်းစု
ဇာဒက်ကြီးရေတပ်စခန်းကိုပါ မျက်စိကျ
နေတာ ကြာပြီ။

ကိုကိုးကျွန်း နဲ့ ဇာဒက်ကြီးကျွန်းမှာ
တရုတ်အခြေစိုက်ခွင့်ရရင် ဘင်္ဂလားပင်လယ်
တစ်ခုလုံးအနှံ့ ထိန်းချုပ်လို့ရနိုင်တဲ့အပြင်
ကော့သောင်းကနေ ထိုင်းကိုဖြတ်တူးမြောင်း
စီမံကိန်း။

အဲဒီကမှ ထိုင်း/ကမ္ဘောဒီးယား/ဗီယက်နမ် 
တဆက်တည်း တူးမြောင်းစီမံကိန်း။
မလက္ကာရေလက်ကြားဖြတ်စရာမလိုဘဲ
တောင်တရုပ်ပင်လယ်နဲ့ ချိတ်ဆက်တဲ့
စီမံကိန်း။

စဉ်းစားကြည့်ပါ။အနာဂတ်ကမ္ဘာကို လွှမ်းမိုးထိန်းချုပ်ချင်တဲ့ တရုတ်စီမံကိန်းမှာ အဓိကအရေးအပါဆုံးက မြန်မာ🇲🇲

DASSK အုပ်ချုပ်နေသမျှ တရုတ်အတွက်မျှော်လင့်ချက် hopeless !!!!! ❌

စစ်တပ်ကအုပ်ချုပ်မှ သူလိုချင်တာရမှာဖြစ်
နေတော့ အာဏာသိမ်းခိုင်းရတဲ့အကြောင်း။

လူတွေပြောနေသလိုပါပဲ။

စစ်တပ်က အာဏာသိမ်းတာမဟုတ်။
တရုပ်က အာဏာသိမ်းလိုက်တာ။

Sorry ပါ တရုတ်🖕🖕🖕   NO CHINA🖕🖕🖕 Crd ပါ
-------
အခုန US ရဲ့တရားဝင် Page တစ်ခုဖြစ်တဲ့ Asia Pacific Media Hub က သတင်းတစ်ခုတင်ပါတယ်။

2 ဆိုတဲ့ Number တစ်လုံးတည်းရေးထားတဲ့ Post ပါ။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ ပြန်ဖျက်သွားပါတယ်။

ဒီလိုအချိန်မျိုးမှာ...ဒီလို Concentrated Media တစ်ခုက  မှားပြီးတင်စရာအကြောင်းမရှိသလို...ရည်ရွယ်ချက်ရှိရှိ ကလိပြီး ပြန်ဖြတ်တာမျိုးလဲ မဖြစ်နိုင်ပါဘူး...

တကယ် Massage ပေးသွားတာပါ...

အဲ့တော့ ဒီ နံပါတ် နှစ်ဟာ ဘာကိုဆိုလိုသလဲ..လိုက်စဥ်းစားနေတုန်း ညီငယ် Otto Hartmann က...သူသိထားတဲ့ Knowledge တစ်ခုကို Share ပေးပါတယ်။

စစ်ပွဲ ၃ မျိုးရှိပါတယ်တဲ့...

No 1. Absolute war
 (တိုက်ချင်သလိုတိုက်မယ်)
No 2. Instrumental war
(စည်းမျဉ်းတော့ရှိတယ်၊ လိုက်နာချင်မှလိုက်နာမယ်)
No 3. Agonistic Fighting
(စည်းကမ်းအပြည့်လိုက်နာမယ်)

တကယ့်ကို စိတ်ဝင်စားစရာပဲဗျို့။

Crd: 

အများပြည်သူသိရှိစေရန် 
ဖော်ထုတ်ဖြန့်ဝေအပ်ပါသည်။ 
YNHT(KOREA)🇰🇷
------
မြောက်ကိုရီးယားလို့ မြင်လိုက်တာနဲ့ တရုတ်ကို မေ့ထားလို့မရ။

ကိုရီးယားစစ်ပွဲမှာ အစပိုင်း မြောက်က လုံးဝနိုင်နေတာ၊ တောင်ဖက်မှာ စစ်တပ်ကောင်းကောင်းမရှိ။ 

အပြီး ပြုတ်တော့မယ်အချိန်မှာ တောင်ဖက်က အမေရိကန်ဝင်တိုက်တာ။

အဲ့မှာ တောင်ဖက်ကပြန်ဖိပြီး မြောက်ရှုံးတော့မယ်အချိန်မှာ တရုတ်က လူလှိုင်းနဲ့ဖိတက်လာတာ အမေရိကန်ပြန်ဆုတ်ရရော။

အဲ့လိုနဲ့ Demarcation line တွေပေါ်ပြီး တောင်မြောက် ကိုရီးယားကွဲသွားတာပဲ။

သမိုင်းကို သိထားရမယ်။

မြောက်ကိုရီယားနဲ့ ချမယ်ဆိုတာသည် တရုတ်၊ မြောက်ကိုရီးယား ၂ နိုင်ငံနဲ့ ချမယ်လို့ အဓိပ္ပါယ်သက်ရောက်တယ်။

ဒါကြောင့် QUAD လုပ်ပြီး တရုတ်နဲ့ ဖဲ့မယ့် ပတ်လည် ၃ နိုင်ငံကို အမေရိကန်က စုထားတာ။

အိန္ဒိယက တကယ့်အချက်ပဲ။ နှစ်နိုင်ငံက ကမ္ဘာ့လူဦးရေအများဆုံးဖြစ်နေရုံသာမက တစ်သက်လုံး ရန်ဘက်တွေ။

ဂျပန်ကလဲ နိုင်ငံသာသေးတာ တကယ်တန်း အသေအကြေချရင် အာရှမှာ သူ့ကိုနိုင်မယ့် စိတ်ဓါတ်က မရှိသလောက်ပဲ။ ဒုတိယ ကမ္ဘာစစ်မှာ အသေဖြုတ်ခံထားရဖူးတာဆိုတော့ တကယ်ချရင် နိုင်မနိုင်မသေချာဘူး၊ နည်းပညာလဲ ခုထိ ကွာနေဆဲပဲ။

အခုဖြစ်မယ့် ပြဿနာကို တရုတ်က ရအောင်ရှောင်ချင်မှာ သေချာတယ်။ တကယ်တန်းတိုက်ရင် သူ့အနေနဲ့ လူအင်အားကလွဲလို့ အဆင်သင့်မဖြစ်သေး။
လေယာဉ်တင်သင်္ဘောတွေ အသည်းအသန်ဆောက်နေတာ ဒါကြောင့်လဲပါတယ်။ အဲ့ဖက် အားမသာရင် အမေရိကန်ကို ယှဉ်ကို မယှဉ်နိုင်ဘူး။

တရုတ်နိုင်ငံအကြောင်းပါပြီဆို မြန်မာဟာ ကစားကွက်ထဲပါနေတာ မေ့မရ။ ဘာလို့လဲဆို နယ်မြေထိစပ်ဖြစ်နေတာမို့ တရုတ်က အစောကြီးကတည်းက မြန်မာပြည်က အကြမ်းဖက်အဖွဲ့အပါ မြောက်ပိုင်းက လက်နက်ကိုင်အများစုကို proxy war အတွက် နှစ်ပေါင်းများစွာကြိုပြင်ထားပြီးသား။

ကျနော်တို့အဆင့်က ကစားကွက်ထဲမှာတောင် သက်ရောက်နိုင်တဲ့အဆင့်မရှိဘဲ ဆရာကြီး ၂ ကောင်ရွှေ့တဲ့အတိုင်းသွားနေရတဲ့အဆင့်ပဲရှိတယ်။ အဲ့လိုဖြစ်လာအောင် လုပ်ခဲ့တာလဲ အကြမ်းဖက်အဖွဲ့ကိုယ်တိုင်ပဲ။

ဒီတော့ ကျနော်တို့ အခုတိုက်ပွဲဟာ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံ ၂ ခုကြား အခြေအနေပေါ်အများကြီးမူတည်နေတယ်ဆိုတာ မေ့မရ။

ကျနော်လဆန်းတုန်းက တစ်ခါရေးဖူးတယ်။ တရုတ်နိုင်ငံရဲ့ ကစားနေတဲ့အကွက်တွေကို ဖယ်ထုတ်ဖို့ကြိုးစားနေရတယ်ဆိုတာ။
တရုတ်စက်ရုံတွေကို၊ တရုတ်ထုတ်ကုန်တွေကို ဘာလုပ်ညာလုပ်ဆိုတာက ကြိုပြင်ထားပြီး ရေချိန်တက်လာတာနဲ့ အချိန်ကိုက်တမင်ဖြန့်တာလို့ယူဆတယ်။
တဖြည်းဖြည်းရုပ်လုံးပေါ်လာမှာပါ။.

Crd# ဇေယျာရွှေပြည်
-----=
ပြည်တွင်းစစ်မှာ လေယာဉ်မသုံးရဘူး..... သုံးတာပဲ
ဆန္ဒပြဖြိုခွင်းတာကျည်အစစ်မသုံးရဘူး ..... သုံးတာပဲ
လူနာတင်ယာဉ်မပစ်ရဘူး......ပစ်တာပဲ 
နောက်ကျောပေးလက်မြောက်နေတဲ့သူ ပစ်ခွင့်မရှိဘူး.....ပစ်တာပဲ
သုံ့ပန်းတွေဖမ်းမိရင် မသတ်ရဘူး.......သတ်တာပဲ 
ပြည်သူပိုင်ပစ္စည်းဖျက်စီးခွင့်မရှိဘူး ......ဖျက်တာပဲ
သူများပစ္စည်းမခိုးရမလုရဘူး.....ခိုးတာလုတာပဲ 
ဖမ်းမိတဲ့သူတွေ ဆေးကုပေးရမယ် ....မကုတဲ့အပြင်သေအောင်တောင်ရိုက်သတ်တာပဲ 
မိသားစုခွင့်မပြုဘဲအလောင်းမဖွင့်ရဘူး......ဖွင့်တာပဲ 
ဝန်ထမ်းတယောက်ဟာ သူမလုပ်ချင်တဲ့အလုပ်ကို အတင်းအကျပ်ဖိအားပေးခိုင်းစေခွင့်မရှိဘူး......ခိုင်းတာပဲ 
ဆေးရုံတွေကျောင်းတွေသာသနိကအဆောက်အအုံတွေမှာ တပ်စွဲခွင့်မရှိဘူး.......စွဲတာပဲ 

သူတို့ကိုယ်တိုင်သဘောတူလက်မှတ်ရေးထိုးထား ထုတ်ထားတဲ့ဥပဒေတွေ သူတို့ကိုယ်တိုင် မလိုက်နာဘဲ ဘာတဲ့ စည်းကမ်းမဲ့ဒီမိုကရေစီမလိုချင်လို့တဲ့ 
သူတို့ကရော စည်းကမ်းရှိနေပြီလား ??? 

#Credit

#RejectMilitaryCoupInMyanmar
#SaveMyammar

ဆက်ဖတ်ရန် →

ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ် ဝင်ရောက်ဖို့ အခြေအနေရောက်ရှိနေ

ထိုင်းသတင်းဌာန Thai PBS မှ မြန်မာနိုင်ငံအတွင်းသို့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ် ဝင်ရောက်ဖို့ အခြေအနေရောက်ရှိနေပြီး ထိုကုလတပ်တွင် ပါဝင်ဖို့ ထိုင်းစစ်တပ်တွင်လည်း ကြိုတင်ပြင်ဆင်နေမူများ ရှိကြောင်း ဖော်ပြ 

Credit
ဆက်ဖတ်ရန် →

ဖမ်းဆီးခံလိုက်ရ​သော အမျိုးသား ​ခေါင်းကွဲဒဏ်ရာဖြင့် ​ပျောက်ဆုံး​

တောင်ဥက္ကလာပတွင် ​မွေးကင်းစက​လေးကို ​စစ်တပ်က သေနတ်ဖြင့်ချိန်၍ ပစ်သတ်မည်ဟု ခြိမ်း​ခြောက်ကာ ဖမ်းဆီးခံလိုက်ရ​သော အမျိုးသား ​ခေါင်းကွဲဒဏ်ရာဖြင့် ​ပျောက်ဆုံး​နေ၊ စုံစမ်း​မေးမြန်းမှုကို စစ်သားများ မသိဟု ​လှောင်ရယ်ဟုဆို

​ရန်ကုန်၊ မတ် ၁၉

ရန်ကုန် ​တောင်ဥကလာပ၊ ၇ ရပ်ကွက် ၊ မင်းရဲ​ကျော်စွာ ၂ လမ်းအရှည်၊ အိမ်နံပါတ် ၂၅၁ တွင် ​နေထိုင်သူ ​မောင်နိုင်မင်းထွန်း ​ခေါ် အာမက်ခမ်း အသက် ၃၂ နှစ်ကို အကြမ်း ဖက် စစ်တပ်က ​သေနတ်ဒင်ဖြင့် ​ခေါင်းရိုက်ခွဲပြီး ယ​မန်​နေ့က ဖမ်းဆီးခဲ့ရာ ယ​နေ့တွင် စုံစမ်းမရဘဲ ​ပျောက်ဆုံး​နေ​ကြောင်းသိရှိရသည်။

"ညီမအကိုက လမ်း​တွေကို တပ်က ဖွင့်ပြီး ကင်းချထားတာကို သွားကြည့်တယ်။ လမ်း​လျောက်ရင်း ဒီလိုပဲကြည့်တာကို ဘာကြည့်တာလဲဆိုပြီး လိုက်လာတာ။ စစ်သား ၂ ​ယောက်။ အဲဒါ အကိုက ပုန်း​နေတယ်။ အိမ်တံခါးကို ရိုက်ဖျက်ပြီး ဝင်လာတာ။ ညီမက က​​လေးမီးဖွားထားတာ ၁၅ ရက်ပဲရှိ​သေး​တော့ က​​လေးချီပြီး အပြင်ထွက်ကြည့်​တော့ ညီမနဲ့က​လေးကို ​သေနတ်နဲ့ချိန်ပြီး ထွက်မလာရင် က​​လေးကို ပစ်သတ်မယ်ဆိုပြီး ​သေနတ်​မောင်းတင်တယ်။ အဲဒါ အကိုက က​လေး​တော့ မလုပ်ပါနဲ့ဆိုပြီး ပုန်းရာက ထွက်လာတယ်။ အဲဒါ အကို့ကို ​သေနတ်ဒင်နဲ့ရိုက်တယ်။ ​​ခေါင်းကွဲသွားတယ်။ အကိုမိန်းမက သူ့​ယောကျ်ား ဖမ်းလို့  လိုက်သွား​တော့ နှင်လွှတ်တယ်။ အဲဒါဘယ်​ခေါ်သွားလဲမသိဘူး"ဟု ညီမဖြစ်သူက ယမန်​နေ့က ရန်ကုန်​​ခေတ်သစ်သတင်းဌာနသို့​ပြောဆိုသည်။

ယ​နေ့တွင် ​မောင်နိုင်မင်းထွန်း ​ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး မိခင်ဖြစ်သူက စစ်သားများကို ​မေးမြန်းရာ မသိဟု ​ပြောဆိုပြီး ​လှောင်ရယ်ကြသည်ဟု သိရှိရသည်။

"အ​မေက လမ်းထိပ်က စစ်သား​တွေကို သွား​မေးတယ်။ ဘယ်သိမလဲဆိုပြီး ဝိုင်းရယ်ကြတယ်။ ရဲစခန်းသွား​မေး​တော့လည်း မသိဘူးတဲ့။ အကိုက ​​သေနတ်ဒင်နဲ့ရိုက်ထားတဲ့ဒဏ်ရာနဲ့ ​ပျောက်ဆုံး​နေပါတယ်"ဟု ညီမဖြစ်သူက ဆိုသည်။
ဆက်ဖတ်ရန် →

လွိုင်​ကော်တွင် ပြည်သူ ၁ ဦး၊ ​အောင်ပန်းတွင် ပြည်သူ ၈ ဦး စစ်​ကောင်စီတပ်များ၏ လက်ချက်ဖြင့် ယ​နေ့ကျဆုံး



ရန်ကုန်၊ မတ် ၁၉

ခေတ်သစ်မီဒီယာ

ကယားပြည်နယ်၊ လွိုင်​ကော်တွင် ပြည်သူ ၁ ဦး၊ ရှမ်းပြည် နယ်​အောင်ပန်းမြို့တွင် ပြည်သူ ၈ ဦး စစ်​ကောင်စီတပ်များ၏ အကြမ်းဖက်ပစ်သတ်မှု​ကြောင့် ကျဆုံးသွား​ကြောင်း သိရှိရသည်။

ကယားပြည်နယ်၊ လွိုင်​​ကော်မြို့၊ မိုင်းလုံးသပိတ် စစ်​ကြောင်းကို စစ်​ကောင်စီတပ်များက အကြမ်းဖက်ဖြိုခွင်းစဥ် ဦးရှမ်းပု၏ ဆီးခုံ ကျည်ထိမှန်၍ ကွယ်လွန်သွားခြင်းဖြစ်​ကြောင်းသိရှိရသည်။

အလားတူ အောင်ပန်းမြို့တွင် မတ်လ ၁၉  ရက်နေ့ ၊ စစ်​ကောင်စီတပ်များ၏ ပစ်ခတ်မှု​ကြောင့်  ၈ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့​ကြောင်း၊ ဒဏ်ရာရရှိသူ  ၂ ဦး အရေးပေါ်အ​ခြေအ​နေဖြစ်​နေ​ကြောင်း သိရှိရသည်။

ဆက်ဖတ်ရန် →

ရိုစာနာဘီ(ခ)မအေးအေးခိုင်ရဲ့ နာ​ရေးကို ယနေ့ မတ်လ ၁၉ ရက်နေ့လယ်ပိုင်းတွင် ရေဝေးသုဿာန်၌ ပြုလုပ်ခဲ့

စစ်​ကောင်စီတပ်များ၏ ရမ်းကားပစ်ခတ်မှု​ကြောင့် ယမန်​နေ့ ည​နေပိုင်းတွင်  ကျဆုံးခဲ့သူ မ​အေး​အေးခိုင်၏ နာ​ရေး

ရန်ကုန်၊ မတ် ၁၉

ရန်ကုန်၊ ​ မြောက်ဥက္ကလာပမြို့နယ်တွင်  မတ်လ ၁၈ ရက်​နေ့ ညနေပိုင်း စစ်​ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့်ကျည်ထိမှန်သေဆုံးခဲ့ရသည့် အသက် ၂၂ အရွယ် အစ္စလမ်ဘာသာဝင် ရိုစာနာဘီ(ခ)မအေးအေးခိုင်ရဲ့ နာ​ရေးကို ယနေ့ မတ်လ ၁၉ ရက်နေ့လယ်ပိုင်းတွင် ရေဝေးသုဿာန်၌ ပြုလုပ်ခဲ့​ကြောင်း သိရှိရသည်။

Photo Credit-Original Uploader
ဆက်ဖတ်ရန် →

မတ်လ ၁၄ ရက်​နေ့ စစ်​ကောင်စီတပ်များကျူးလွန်​​သော လှိုင်သာယာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု (ဗီဒီယို)

ရန်ကုန်၊ မတ် ၁၉

မတ်လ ၁၄ ရက်နေ့ လှိုင်သာယာမြို့နယ်ကို စစ်​ကောင်စီတပ်များ က အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းပြီး ပြည်သူ… ပိုမို များကို အစု လိုက်အပြုံလိုက် သတ်ဖြတ်သည့် ဗီဒီယိုဖြစ်ပါသည်။ အဆိုပါသတ်ဖြတ်မှုတွင် ပြည်သူဦး​ရေ ၅၀ ​ကျော် ကျဆုံးခဲ့ရသည်။

Video Credit-  လှိုင်သာယာမြို့နယ် Information-YT
ဆက်ဖတ်ရန် →

စစ်​ကောင်စီတပ်က ပြည်သူအ​ပေါ်ကျူးလွန် ဖက်ဆစ်ဆန်​သော ရာဇဝတ်မှု (ဗီဒီယို)



ရန်ကုန်၊ မတ် ၁၉

ကျောက်​မြောင်းတွင် စစ်​ကောင်စီတပ်က ပြည်သူတစ်ဦးကို သဲအိတ်ထမ်းခိုင်းပြီး ​လေးဘက်သွားခိုင်းမှု ယ​ခု ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့သည်။ ​လေးဘက်​ထောက်သွားစဥ် ​နောက်မှ စစ်ဖိနပ်ဖြင့် ပိတ်ကန်ခြင်းများလည်း လုပ်​ဆောင်ခဲ့သည်။

ဆက်ဖတ်ရန် →

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန အမိန့်ကြေညာစာအမှတ်

(၃/၂၀၂၁) ၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် (၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်)

-----------------------------

မြစိမ်းရောင်ကျေးရွာစီမံကိန်း နှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းများမှ ထုတ်ချေးထားသည့် ချေးငွေများ အရင်း/အတိုး ပြန်လည်ပေးဆပ်ရမည့်ကာလအား ၂၀၂၁ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့မှ စ၍ အတိုးမဲ့၊ ရက်လွန်ဒဏ်ကြေးကင်းလွတ်ခွင့်ဖြင့် ရွေ့ဆိုင်းခြင်း ===================== ၁။  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် အာဟာရပြည့်ဝစေရန် ရည်မှန်း၍ မြစိမ်းရောင် ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ၂။ COVID-19 ကပ်ဘေးကာလအတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်နစ်နာမှုများကို အထိုက်အလျောက် ပြေလျော့သက်သာစေရန်အတွက် မြစိမ်းရောင်ချေးငွေအပေါ် ကောက်ခံသည့် အတိုးနှုန်းအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ၂၀၂၁ ခုနှစ်၊ ဧပြီလအထိ အနိမ့်ဆုံးအတိုးနှုန်းဖြစ်သည့် ၀.၅% သာ ကောက်ခံရန် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ၃။ ယခုအခါ COVID-19 ကပ်ဘေးအပြင် အာဏာသိမ်းစစ်အုပ်စု၏ အဆင်အခြင်မဲ့လုပ်ရပ်များကြောင့် ကျေးလက်နေ ပြည်သူလူထုအပေါ် လူမှုစီးပွားဘဝ ထိခိုက်နစ်နာမှုများ ဆိုးရွားစွာသက်ရောက်လျက် ရှိနေခြင်းကြောင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ အမျိုးအစားအားလုံးနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း များမှ ထုတ်ချေးထားသည့် ချေးငွေများ အရင်း/အတိုး ပြန်လည်ပေးဆပ်ရမည့်ကာလအား ချေးငွေသဘောတူစာချုပ်တွင် မည်သို့ပင်ပါရှိစေကာမူ၂၀၂၁ခုနှစ်၊ မတ်လ (၁၉) ရက်နေ့မှစ၍ နောက်ထပ် ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်မီ အချိန်အထိ အတိုးမဲ့ ရွေ့ဆိုင်းလိုက်သည်။ ၄။ ရွေ့ဆိုင်းကာလအတွင်း အရင်း/အတိုး ပြန်လည်ပေးဆပ်ရန် မလိုအပ်သည့်အပြင် ရက်လွန်ဒဏ်ကြေး ပေးဆောင်ရခြင်းအား တစ်ပါတည်း ကင်းလွတ်ခွင့် ပြုလိုက်သည်။



ဆက်ဖတ်ရန် →

စစ်​ကောင်စီကို အ​မေရိကန်အပါအဝင် ၁၁ နိုင်ငံက ထပ်မံသတိ​ပေး



ရန်ကုန်၊မတ် ၁၉

စစ်​ကောင်စီကို အ​မေရိကန်၊ ဗြိတိန်အပါအဝင် ၁၁ နိုင်ငံက သတိ​ပေးချက်တစ်ရပ်ကို ​ယ​နေ့ ည​နေပိုင်းတွင် အောက်ပါအတိုင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံအတွင်း လှိုင်သာယာမြို့နယ်နှင့် အခြားသောဒေသများတွင် လက်နက်မဲ့အရပ်သားများအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မကြာခဏဆိုသလို အမှောင်ထုကို အခွင့်ကောင်းယူ၍ ရက်စက်စွာအကြမ်းဖက်ခြင်းသည် သူရဲဘောကြောင်ပြီး လူ့ကျင့်ဝတ်နှင့်မလျော်ညီသည့်အပြင် ကာကွယ်ရန်အလွန်ခက်ခဲပါသည်။

မြန်မာပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်အားလုံးရပ်တန့်ရန်၊ ဖမ်းဆီးထားသူအားလုံးပြန်လွှတ်ပေးရန်၊ စစ်အုပ်ချုပ်ရေးအမိန့်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားသည်ကို ရုတ်သိမ်းပေးရန်၊ ဆက်သွယ်ရေးကန့်သတ်ထားမှုများပယ်ဖျက်‌ပေးရန်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသောအစိုးရကို အာဏာပြန်လည်ပေးအပ်ရန် မြန်မာစစ်တပ်ကို မိမိတို့တောင်းဆိုပါသည်။

မြန်မာနိုင်ငံသားများ၏အခွင့်အရေးဖြစ်သော ငြိမ်းချမ်းစွာဆန္ဒပြခွင့်နှင့် သတင်းအချက်အလက်လွတ်လပ်စွာရယူနိုင်ခွင့်ကို မိမိတို့ထောက်ခံအားပေးပါသည်။ အင်တာနက်ဖြတ်တောက်ထားခြင်းနှင့် မီဒီယာကိုနှိပ်ကွပ်ထားခြင်းဖြင့် စစ်တပ်၏စက်ဆုပ်ဖွယ်ရာလုပ်ရပ်တို့ကို ဖုံးကွယ်ထားနိုင်မည်မဟုတ်ပါ။

ဤကြေညာချက်ကို မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများဖြစ်ကြသော - ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ - ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများက ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်ပါသည်။

---

STATEMENT BY AMBASSADORS TO MYANMAR

The brutal violence ​against unarmed civilians by the security forces in Hlaing Tharyar and elsewhere in Myanmar, often under the cover of darkness, is immoral and indefensible. We call on Myanmar’s military to cease all violence against people of Myanmar, release all detainees, lift martial law and the nationwide state of emergency, remove telecommunications restrictions, and restore the democratically elected government. We support the right of the people of Myanmar to protest peacefully and support their right to freely access information. Internet blackouts and the suppression of the media will not hide the military’s abhorrent actions.

Signed by the Ambassadors to Myanmar from the Delegation of the EU and European Union Member States with presence in Myanmar: Denmark, Czech Republic, Finland, France, Germany, Italy, Netherlands, Spain, and Sweden; the United Kingdom; and the United States.
ဆက်ဖတ်ရန် →

တောင်ဒဂုံမှာ တစ်ဦးသေဆုံးပြီး ၁ ဦး လည်ပင်းကျည်ထိဒဏ်ရာရ

 စစ်ကောင်စီတပ် ပစ်ခတ်မှု​ကြောင့် တောင်ဒဂုံမှာ တစ်ဦးသေဆုံးပြီး ၁ ဦး လည်ပင်းကျည်ထိဒဏ်ရာရ

ရန်ကုန်၊ မတ် ၁၉

ခေတ်သစ်မီဒီယာ

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်  ၂၂ ရပ်ကွက်တွင် စစ်ကောင်စီတပ်က ပစ်ခတ်မှု​ကြောင်ြ မတ်လ ၁၉ ရက်​နေ့ ည​နေ ၅… ပိုမို နာရီ​ကျော် ပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ​ကြောင်းသိရှိရသည်။

​သေဆုံးသူသည် ဦး​ခေါင်းပွင့်၍ ​သေဆုံးခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူမှာ လည်ပင်းတွင် ကျည်ထိမှန်ထားခြင်းဖြစ်​ကြောင်း သိရှိရသည်။
ဆက်ဖတ်ရန် →

ဒေါ်လာ ၁ ဘီလီယံ​ခွဲကျော်တန်ဖိုးရှိ ​ရေအား လျှပ်စစ်စီမံကိန်း ရပ်ဆိုင်းဟု ​ကြေညာ

စစ်အာဏာသိမ်းမှုနှင့် လူသားမျိုးနွယ်အ​ပေါ် ရာဇဝတ်မှု ကျူးလွန်​နေခြင်း​ကြောင့် ​ဒေါ်လာ ၁ ဘီလီယံ​ခွဲကျော်တန်ဖိုးရှိ ​ရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းဟု ​ကြေညာ

ရန်ကုန်၊ မတ် ၁၉

ပြင်သစ် EDF (Electriciti de France) Company က အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၁ ဘီလီယံတန်ဖိုးရှိသည့်  ရွှေလီ အမှတ် ၃ ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်​ပြီး အဆိုပါ ရပ်ဆိုင်းမှုကို Justice For Myanmar က ကြိုဆို​ကြောင်း ​ကြေညာချက်ယ​နေ့ ထုတ်ပြန်သည်။

အဆိုပါ ရပ်ဆိုင်းလိုက်​သော ​ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ်တွင်တည်ရှိပြီး လျှပ်စစ်ဓါတ်အား ၆၇၁ မဂါဝပ်ထုတ်စက်ရုံပါပါဝင်မည့် စီမံကိန်းဖြစ်​ကြောင်း၊ ယင်းစီမံကိန်းတွင် ဂျပန်မာရူဘီနီ Company နှင့် မြန်မာနိုင်ငံမှ ခရိုနီပိုင် ဧရာဟသ်ာCompany တို့ပူး​ပေါင်းပါဝင်​ကြောင်းသိရှိရသည်။

စစ်အာဏာသိမ်းခြင်း၊ လူသားမျိုးနွယ်အ​ပေါ်ရာဇဝတ်မှုများကျူးလွန်ခြင်း၊ လူ့အခွင့်အ​ရေးချိုး​​ဖောက်မှုများအပါအဝင် မြန်မာစစ်တပ်က ရာဇဝတ်မှုများကျူးလွန်ခြင်းတို့​ကြောင့်စီမံကိန်းရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။

ဆက်ဖတ်ရန် →

မစိုးရိမ်ကျောင်းတိုက်မှာဝင်ရောက်‌ပြီး အော်ဟစ်ဆဲဆို


+++++++
မန္တလေး မစိုးရိမ်ကျောင်းတိုက်မှာ သံဃာတော်တွေ ပရိတ်ရွတ်နေလို့ ဆိုပြီး အာဏာသိမ်းစစ်ကောင်စီ ရဲ့ အကြမ်းဖက် လက်နက်ကိုင် တပ်တွေ က ဒီကနေ့ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းမှာဝင်ရောက်‌ပြီး  အော်ဟစ်ဆဲဆိုခဲ့တယ်လို့ မစိုးရိမ်ကျောင်းတိုက်က သံဃာတော်တွေ ရဲ့ လူမှုကွန်ရက် စာမျက်တွေမှာ ‌ရေးသားထားပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင် တပ်ဖွဲ့ ‌ဝင်တွေဟာ မစိုးရိမ်ကျောင်းပေါက်ဝအထဲထိ ဆဲဆိုဝင်ရောက်လာတာဖြစ်တယ်လို့ဆိုပါတယ်။

ဒီကနေ့ ညနေတိုင်းပိုင်းမှာအာဏာသိမ်းစစ်ကောင်စီ ရဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ  မစိုးရိမ်ကျောင်းတိုက် အနီးမှာ အင်အားအလုံးအရင်း နဲ့ ရောက်ရှိနေတယ်လို့လည်းသိရှိရပါတယ်။

ခေတ်သစ်မီဒီယာ
ဆက်ဖတ်ရန် →
ေါ်သက်သက်ခိုင်၏ လှုံဆော်ရေး မန် နေ ဂျာ Dr ခင်ခင်ကျော့

ေါ်သက်သက်ခိုင်၏ လှုံဆော်ရေး မန် နေ ဂျာ Dr ခင်ခင်ကျော့

ဒေါ်သက်သက်ခိုင်၏ လှုံဆော်ရေး မန် နေ ဂျာ Dr ခင်ခင်ကျော့ (Anna Khin Khin Kyawt) နှင့် သမီး သီရိ သန့်မွန် တို့ အား Social Punishment လုပ်ကြပါ။ ယခုလက်ရှိ ဒေါ်ခင်ခင်ကျော့သည် ‘Jon Gyi’ ဟုခေါ်သော နိုင်ငံခြားသားနဲ့တွဲနေသည် ဟုသိရသည်။ Jon Gyi ရန်ကုန်မှာ သီချင်းဆိုသည်ဟုသိရသည်။ သီရိသန့်မွန်သည် TED Talk Yangon Co-Organizerပါ။
ဒေါ် ခင် ခင်ကျော့ သည် “I will destroy her” and “Its not a coup” စာများကိုရေးသား၍ စစ် အာဏာ တည်တံ့ရေးဝါဒဖြန့်ဝေ နေပါသည်။ သူတို့၏ SAIL Groups of Company နှင့် Pegu Partners company များ နှင့် အကျိုးတူ လုပ်ဆောင် သူ များ ကို လည်း boycott လုပ်ကျပါ။
ဒေါ်ခင်ခင်ကျော့
သီရိသန့်မွန်
crd
ဆက်ဖတ်ရန် →
မစိုးရိမ်ကျောင်းတိုက်ဆရာတော်များပရိတ်ရွတ်ဖတ်ပူဇော်၊မေတ္တာပို့

မစိုးရိမ်ကျောင်းတိုက်ဆရာတော်များပရိတ်ရွတ်ဖတ်ပူဇော်၊မေတ္တာပို့

 

မန္တလေး ၁၉ - ၃ - ၂၁
" ဦးတင်ပါ၏အရှင်ဘုရား "
မစိုးရိမ်ကျောင်းတိုက်ဆရာတော်များ
သံဃသမဂ္ဂစစ်ကြောင်းဆရာတော်များ
ပရိတ်ရွတ်ဖတ်ပူဇော်၊မေတ္တာပို့


 
ဆက်ဖတ်ရန် →
အောင်ပန်းမြို့အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများ

အောင်ပန်းမြို့အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများ

■ အောင်ပန်းမြို့တွင် ယနေ့ မတ်လ ၁၉ ရက်၊ နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များမှ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
.
.
.
လွတ်လပ်၍ အမှီအခို ကင်းသော မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ရေး ထောက်ပံ့မှုများ ပြုလုပ်လိုပါက https://www.kanbawzatainews.com/p/blog-page_6.html

ဆက်ဖတ်ရန် →
မ/ဥ ဒလန်တွေလည်းပါလာပါတယ်

မ/ဥ ဒလန်တွေလည်းပါလာပါတယ်

၁၉.၃.၂၀၂၁
၁၀:၀၅
Ycdcမှ ဝန်ထမ်းတွေကို သဲအိတ်ရှင်းဖို့ခေါ်ပြီးမနိုင်တော့ ရပ်ကွက်ထဲကလူတွေပါခေါ်ရှင်းခိုင်းတာ
ပုန်းသည့်နေရာနှင့် တော်တော်ဝေးသောနေရာများဖြစ်သောကြောင့် zoomဆွဲထားပါသည်။
တချို့ဒလန် အကြီးစားတွေက ရိုက်ရန်မြင်ကွင်းမရှင်းပါ

ဆက်ဖတ်ရန် →