နောက်ဆုံးရ
စစ်ကောင်စီဘက်က နမခဇုန်ကို နည်းဗျူဟာအပြောင်းအလဲလုပ်ဆောင်လာ

စစ်ကောင်စီဘက်က နမခဇုန်ကို နည်းဗျူဟာအပြောင်းအလဲလုပ်ဆောင်လာ

စစ်ကောင်စီဘက်က နမခဇုန်ကို နည်းဗျူဟာအပြောင်းအလဲလုပ်ဆောင်လာတာ။

စစ်ကောင်စီဘက်က မြေပြင်တိုက်ပွဲမှာ-
#ပိုင်မှလုပ်တဲ့ဗျူဟာစနစ်ကျင့်သုံးလာတာကို
(25.6.23)နေ့ စစ်ကိုင်းမြို့နယ်၊ ကင်းတော်ရွာမှာ PDFစခန်းတစ်ခု စီးနင်းခံရပြီး တော်လှန်ရေးသမား(17)ဦး အသက်စွန့်ခဲ့ရတာတွေကြည့်ခြင်းအားဖြစ်သိရနိုင်ပါတယ်။
နောက်တစ်ချက်(28.6.23)နေ့ စစ်ကိုင်း-ရွှေဘိုလမ်းပိုင်းပေါ်က စဉ့်ကိုင်နဲ့တလိုင်းကျွန်းရွာအနီး စခစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF (14)ဦး အသက်စွန့်ခဲ့ရတယ်။ဒါတွေဟာ စစ်ကောင်စီဘက်က ပိုင်မှလုပ်တဲ့နည်ူဗျူဟာစနစ်ကို ကျင့်သုံးလာတာကို တွေရပါတယ်။

Dead bodyတွေကြည့်ရသလောက် တပြိုင်နက်ထဲ စုပြုံချေမှုန်းခံရတဲ့ အနေအထားပဲ။နောက်တစ်ချက်က နမခတိုင်းမှူးကို နေပြည်တော်ခေါ်ယူပြီးနောက် ကစထမှူး တေဇာကျော်ကိုယ်တိုင် နမခဇုန်ကို ဆင်းပြီး ကိုင်တွယ်နေတယ်ဆိုတဲ့ သတင်းလည်း ကြားသိရတယ်။
(ကစထမှူးဆိုတာ စစ်တိုင်းမှူးသုံး၊လေးဦးရဲ့အထက်က အမိန့်ပေးနေတဲ့ commander ပါပဲ။ ကစထ(1)မှာ နမခ၊ လပခနဲ့ မပခ စစ်တိုင်းမှူးသုံးဦးကို ကစထမှူး ဒုဗမကတေဇာကျော်က ကိုင်ထားတယ်)။

ဒါ့အပြင် ပုလဲနယ်အနောက်ခြမ်းက Air Strike တိုက်ခိုက်မှု၊ ဟားခါးမြို့နယ် သီးမစ်လွင်ပြင်စစ်ဆင်ရေးတို့ကိုပါ သုံးသပ်ရရင် ဖက်စစ်တပ်အနေနဲ့ နမခဇုန်မှာ ဗျူဟာအပြောင်းအလဲလုပ်နေပြီဆိုတာ ထင်ရှားတယ်။

#အကြပ်အတည်း

ဖက်စစ်တပ်ရဲ့ ယခုချိန်မှာကြုံနေရတဲ့အကြပ်အတည်းကတော့ human resources နည်းပါးနေခြင်းဖြစ်တယ်။ 

ဒါကြောင့်မို့ လက်လွှတ်သင့်တဲ့ရှေ့တန်းကင်းစခန်းတချို့ကို ဖြုတ်ပြီး အဓိကကျတဲ့ ဗျူဟာနေရာတွေမှာ အင်အားစုစည်းကာ ပြန်ထိုင်တယ်။ တပ်ပြောင်း၊တပ်ရွှေ့နဲ့ မဖြစ်မနေလုပ်ရမယ့် မြေပြင်စစ်ဆင်ရေးတွေကလွဲလို့ ထိုးစစ်ကြီးတွေ မလုပ်တော့ဘဲ အထိုင်နေရာတွေကပဲ ခံစစ်ပြင်တယ်။

စစ်ကိုင်းဇုန်မှာ သူတို့အဓိကတည်ဆောက်နေတာက သတင်းကွန်ရက်ပဲ။ သတင်းကို သေချာခိုင်အောင်လိုက်တယ်။ အရင်ကလို အနံ့လောက်ရရုံနဲ့ စစ်ဆင်ရေးမလုပ်သေးဘူး၊ လွှတ်ထားတယ်၊ မျှောထားတယ်၊ လေ့လာတယ်၊ ပိုင်ပြီဆိုမှ ဝင်ဝုန်းတယ်။ အမြန်ပြန်ဆုတ်တယ်။

ပြောရရင် လူအင်အားနည်းပါးမှုနဲ့ လိုက်လျောညီထွေဖြစ်မယ့် ဗျူဟာ၊ ပိုင်မှ လုပ်တဲ့ဗျူဟာ ပါပဲ။

#ကိုယ့်သတင်းလုံဖို့လို

ရန်သူ့သတင်းရဖို့နဲ့ မိမိသတင်းလုံဖို့ဆိုတာ စစ်ပွဲရဲ့အသက်သွေးကြောဖြစ်တယ်ဆိုတာ အတော်များများသိရှိကြပြီးဖြစ်ပေမယ့် လက်တွေ့ကျင့်သုံးမှုနည်းနေတာက ပြဿနာပဲ ဖြစ်မယ်ထင်တယ်။

ကိုယ့်သတင်းလုံဖို့ဆိုရင် ဘာတွေလုပ်ရမလဲ။ သူတို့ ကိုယ့်သတင်းရနိုင်မယ့် နည်းလမ်းနှစ်မျိုးရှိတယ်။ မြေပြင်ထောက်လှမ်းခြင်းနဲ့ နည်းပညာအကူအညီရယူထောက်လှမ်းခြင်း။

Air Strike အတော်များများက နည်းပညာနဲ့သတင်းထောက်လှမ်းရယူပြီး တိုက်ခိုက်တာလို့ ယူဆမိတယ်။ အဓိကက ဖုန်းတွေကတဆင့် ထောက်လှမ်းတာ၊ အဲဒီနည်းပညာမျိုး အစ္စရေးစစ်တပ်မှာသုံးတာ ဖတ်ဖူးတယ်။ 

တနေရာထဲမှာ active ဖြစ်နေတဲ့ဖုန်းတွေ စုပြုံနေတာမျိုးကို တာဝါတိုင် source တွေကနေ ခြေရာခံတဲ့ နည်းပညာပဲ။ အဲလိုစုပြီဆိုတာနဲ့ စုတဲ့နေရာကို ငှက်နဲ့သွားထုတော့တာပဲ။

မြေပြင်သတင်းထောက်လှမ်းတာကတော့ ပျူ/ဒလန်တွေကို သုံးတာဖြစ်နိုင်သလို ကိုယ့်ဖက်ကပေါ့လျော့လို့ ကိုယ့်သတင်းအလွယ်တကူပေါက်ကြားတာလည်း ဖြစ်နိုင်တယ်။

Social media ကို လက်လွတ်စပယ်သုံးတာ၊ စစ်ဆင်ရေးကို အလှူလှည့်သလိုသွားတာ၊ တပ်စခန်းမှာမနေဘဲ မလိုအပ်ဘဲ ရပ်ရွာထဲမှာ အချိန်ဖြုန်းတာမျိုးက PDFတွေ အထူးရှောင်ကျဉ်သင့်တယ်လို့ မြင်မိတယ်။

စစ်ဆင်ရေးတစ်ခေါက်ပြန်ရင် အမေ့အိမ်တခေါက်ပြန်လိုက်ရမှ၊ ရည်းစားနဲ့ တခါတွေ့လိုက်ရမှ ဆိုတာမျိုးက လူငယ်တွေမို့ နားလည်ပေးရပေမယ့် မိမိအသက်အန္တရာယ်ကို ဖိတ်ခေါ်နေသလိုဖြစ်နေတယ်ဆိုတာ သတိချပ်စေချင်လှတယ်။

တပ် အထိုင်ချတဲ့အခါ ကင်းမပြတ်လပ်စေဖို့(အထူးသဖြင့် မနက်ဝေလီဝေလင်းနဲ့ အစာစားနားချိန်မျိုးဟာ ကင်းပေါ့တတ်လို့ အလစ်ဝင်တိုက်ခံရနိုင်ချေ အများဆုံးအချိန်တွေ ပါပဲ)၊ လှုပ်ရှားတဲ့အခါ ကိုယ်ဖျောက်လျှို့ဝှက်ဖို့တွေက အရမ်းသတိထားရမယ့်ကိစ္စရပ်တွေလို့ စေတနာဖြင့် သတိပေးအပ်ပါတယ်။

အနှစ်ချုပ် ပြောရရင် နမခဇုန်မှာ ဖက်စစ်တွေဗျူဟာအပြောင်းအလဲလုပ်လာတာ သေချာပါတယ်။

အပြောင်းအလဲဆိုပေမယ့် အသစ်အဆန်းလို့တော့မမြင်မိ၊ မိမိရဲ့ပေါ့လျော့မှု၊ သတိအလစ်ကို ချောင်းမြောင်းပြီး ပိုင်မှ ဝင်သုတ်တဲ့ တန်ပြန်ပြောက်ကျားဗျူဟာ သာ ဖြစ်တယ်လို့ နားလည်ရပါတယ်။  ။

စိုးဝင်းဆွေ(HPD)
ပြည်သူ့သားကောင်းတွေ ထာဝရဘေးကင်းကြပါစေ💪💪💪


ဆက်ဖတ်ရန် →
စစ်ကောင်စီကို ဘဏ္ဍာရေး အကြံပေးနေကြသူများ

စစ်ကောင်စီကို ဘဏ္ဍာရေး အကြံပေးနေကြသူများ



၁။ ဦးမင်းဝင့်ဦး
ရာထူး - မန်နေဂျင်း ဒါရိုက်တာ (AYA Bank)
ရုံးချုပ်လိပ်စာ - အမှတ် ၄၁၆၊ မဟာဗန္ဓုလလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။

၂။ ဦးမြင့်ဇော်
ရာထူး - အမှုဆောင်အရာရှိချုပ် (AYA Bank)
ရုံးချုပ်လိပ်စာ - အမှတ် ၄၁၆၊ မဟာဗန္ဓုလလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။

၃။ ဦးဇော်လင်းထွဋ်
ရာထူး - ဒုဥက္ကဌ (A Bank)
ရုံးချုပ်လိပ်စာ -  အမှတ် ၁၀၈၊ ကမ္ဘာအေး ဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗိုလ်ချို ၁ ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

၄။ ဦးကျော်စိုးလင်း
ရာထူး - အမှုဆောင်အရာရှိချုပ် (Yoma Bank)
ရုံးချုပ်လိပ်စာ - အမှတ် ၁၄၊ ကျိုက်ခေါက် ဘုရားလမ်း၊ စတားစီးတီး၊ သန်လျင်မြို့နယ်၊ ရန်ကုန်။

အထက်ပါ ပုဂ္ဂိုလ်များသည် နိုင်ငံတကာမှ ပိတ်ဆို့ အရေးယူခြင်း ခံထားရသော မင်းအောင်လှိုင်၏ စစ်ကောင်စီကို ဘဏ်စနစ်နှင့် ဘဏ္ဍာရေး ဆိုင်ရာ အကြံဥာဏ်များ ပေးနေကြသည့် သူများ ဖြစ်ကြပါသည်။

သို့သော် အဆိုပါ ပုဂ္ဂိုလ်များထဲတွင် တော်လှန်ရေးကို ကူညီခဲ့ဖူးသူများ ပါဝင်နေသည်ကို ထောက်ရှူ၍ နောက်ဆုံး အကြိမ် အဖြစ် ပြင်းထန်စွာ သတိပေး လိုက်ပါသည်။ 

နောင်တွင် စစ်ကောင်စီနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်နေပါက ထိုက်သင့်သည့် အရေးယူ မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အသိပေး အပ်ပါသည်။






ဆက်ဖတ်ရန် →
ထွန်းမင်းလတ်နှင့် ဆက်စပ်သည့် ကုမ္ပဏီသုံးခု ဖျက်သိမ်း

ထွန်းမင်းလတ်နှင့် ဆက်စပ်သည့် ကုမ္ပဏီသုံးခု ဖျက်သိမ်း

ဇွန် ၂၆

အာဏာသိမ်းစစ်ခေါင်းဆောင်၏ သားသမီးများ အကျိုးစီးပွားပက်သက်နေသည့် လက်နက်ပွဲစား ထွန်းမင်းလတ်၏လုပ်ငန်းစုနှင့် ဆက်နွယ် သော ကုမ္ပဏီသုံးခုအား  စာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ပြန်တမ်းများတွင်ဖော်ပြထားသည်။

အဆိုပါ ကုမ္ပဏီသုံးခုသည် ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှုနှင့် နယ်စပ်ဖြတ်ကျော်ပြစ်မှုများဖြင့် ဖမ်းဆီးတရားစွဲခံထား ရသူ လက်နက်ပွဲစားထွန်းမင်းလတ်ချုပ်ကိုင်ထားသည့် Star Sapphire လုပ်ငန်းနှင့် ဆက်နွယ်နေသည့် Star Sapphire Phoenix co.,Ltd၊ Star Sapphire Dragon co.,Ltd နှင့် Royal Mawtaung Mining Co.,Ltd တို့ဖြစ်ကြသည်။

လက်နက်ပွဲစား ထွန်းမင်းလတ်နှင့် စစ်အုပ်စုသားသမီးများ အကျိုးစီးပွားဆက်နွယ်နေသည့် ကုမ္ပဏီသုံးခု ဖျက်သိမ်းမှုနှင့် ပတ်သက်ပြီး အရင်းခံအကြောင်းအချက်အား သိရှိနိုင်ရန် ခက်ခဲသော်လည်း ၎င်းတို့အနေဖြင့် လုပ်ငန်းစုတခုလုံးနှင့် လူပုဂ္ဂိုလ်တဦးချင်းစီအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုများအား ကြိုတင်ရှောင်တိမ်းရန်ကြိုးပမ်းမှုဖြစ်နိုင်ကြောင်း မြန်မာစစ်အုပ်စု၏ စီးပွားရေးအရင်းအမြစ်နှင့် လက်နက်ရောင်းဝယ်မှုများအပေါ် လေ့လာနေသည့် Justice For Myanmar အဖွဲ့မှ မရတနာမောင်ကပြောသည်။

၎င်းက “ Star Sapphire အုပ်စုရဲ့ ကွန်ရက်တခုလုံးနဲ့ လူပုဂ္ဂိုလ်တဦးချင်းစီ ဒဏ်ခတ်ပိတ်ဆို့မှုတွေ မရောက်လာသေးခင် ကြိုတင်ပြီး ရှောင်တိမ်းဖို့ ကြိုးပမ်းတာမျိုး ဖြစ်နိုင်ပါတယ်၊ Star Sapphire ရဲ့ လုပ်ငန်းတခုလုံးကို ထိခိုက်နစ်နာစေခဲ့တဲ့ ထွန်းမင်းလတ်နဲ့ အပေါင်းအပါတွေ ကို ပိတ်ဆို့အရေးယူခံရမှုတွေမှာ သူတို့ရဲ့လုပ်ငန်းတွေပါ ဒုက္ခရောက်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ Star Sapphire အုပ်စုနဲ့ ကွန်ရက်တခုလုံးအပေါ် ပိတ်ဆို့အရေးယူတာတွေအပါအဝင် အခြားခရီုနီလုပ်ငန်းစုတွေနဲ့ လက်နက်ပွဲစားတွေအားလုံးကို သတိကြီးကြီးထားပြီး ဆက် လက်ဖိအားပေးနိုင်ဖို့က အားလုံးအတွက် အရေးကြီးပါတယ်” ဟု ပြောသည်။

ဖျက်သိမ်းရန်ကြေညာထားသည့် Star Sapphire Phoenix co.,Ltd ၏ ရုံးချုပ်မှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ သံလွင်လမ်းတွင် ဖွင့်လှစ် ထားကြောင်း ဖော်ပြထားပြီး ကုမ္ပဏီမှ ရရန်ရှိနှင့် ပေးရန်ရှိသည်များအား ဩဂုတ်လ ၁၆ ရက်နေ့နောက်ဆုံးထားကာ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိထံ ပေးသွင်းခြင်း၊ တောင်းခံခြင်းများပြုလုပ်နိုင်ကြောင်းလည်း ကြေညာထားသည်။

ယင်းအပြင်အခြားကုမ္ပဏီနှစ်ခုဖြစ်သည့် Star Sapphire Dragon co.,Ltd နှင့် Royal Mawtaung Mining Co.,Ltd တို့၏ ရုံးချုပ်မှာ နေပြည်တော်၊ ဥတ္တရသီရီမြို့နယ်၊ ရွှေအင်ကြင်းလမ်းတွင် ဖွင့်လှစ်ထားကြောင်းဖော်ပြထားပြီး Royal Mawtaung Mining Co.,Ltd အတွက် ပေးရန်ရှိ၊ရရန်ရှိစာရင်းများအား ဩဂုတ် ၂ ရက်နေ့နှင့် Star Sapphire Dragon co.,Ltd အတွက် စာရင်းများအား ဩဂုတ် ၉ ရက်နေ့ နောက်ဆုံးထားကာ ဆောင်ရွက်ကြရန်လည်း ဖော်ပြထားသည်။

အဆိုပါ ကုမ္ပဏီများ၏ ဒါရိုက်တာနှင့် ရှယ်ယာရှင်များစာရင်းတွင် လက်နက်ပွဲစားထွန်းမင်းလတ်၏ ဇနီးဖြစ်သူ ဒေါ်ဝင်းမင်းစိုး၊ အငြိမ်းစား ဗိုလ်မှူးချုပ် ဇင်ယော်၏သားဖြစ်သူ ထက်အောင်တို့ပါဝင်နေသည့်အပြင် အထူးသဖြင့် Royal Mawtaung Mining Co.,Ltd သည် အာဏာ သိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန် ဦးစီးတည်ထောင်ခဲ့သည့် Star Thiri Investment Limited အား အမည်ပြောင်းလဲထားသည့် ကုမ္ပဏီတခုဖြစ်သည်။ သို့သော် ဒေါ်ခင်သီရိသက်မွန်သည် ၎င်းကုမ္ပဏီ ဒါရိုက် တာစာရင်းမှ ၂၀၂၀ ခုနှစ်တွင် နှုတ်ထွက်ထားကြောင်းလည်း သိရသည်။

လက်နက်ပွဲစားထွန်းမင်းလတ်နှင့် စစ်ခေါင်းဆောင်သားသမီးများကြား အကျိုးစီးပွားဆက်နွယ်မှုအနေဖြင့်လည်း ထိုင်းရဲတပ်ဖွဲ့က ယမန်နှစ် စက်တင်ဘာလတွင် ထွန်းမင်းလတ်အား ဖမ်းဆီးကာ ပိုင်ဆိုင်မှုများ စစ်ဆေးစဉ် စစ်ခေါင်းဆောင်သားဖြစ်သူ ဦးအောင်ပြည့်စုံနှင့် သမီးဖြစ် သူ ဒေါ်ခင်သီရိသက်မွန်တို့၏ ဘဏ်စာအုပ်များ၊ ဘန်ကောက်ရှိ အဆင့်မြင့်ကွန်ဒိုတိုက်ခန်း ပိုင်ဆိုင်မှုများပါ တွေ့ရှိခဲ့သည်။

ယင်းအတွက် အာဏာသိမ်းစစ်ခေါင်းဆောင်က မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော်မှုခင်းများဖြင့် တရားစွဲခံထားရ သည့် ထွန်းမင်းလတ်အမှုတွင် သမီးဖြစ်သူ၏ အမည်ပါဝင်နေမှုအား ပယ်ဖျက်ပေးရန် ထိုင်းအာဏာပိုင်များအား ပုဂ္ဂိုလ်ရေးအရ တောင်း ဆိုခဲ့ဖူးကြောင်း ဧရာဝတီ၏သတင်းအရင်းအမြစ်များက ပြောထားသည်။

Justice For Myanmar အဖွဲ့က ထွန်းမင်းလတ်အမှုတွင် ပါဝင်ပတ်သက်နေသည့် အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့၏ ပိုင်ဆိုင်မှုများအား ထိုင်းအာဏာပိုင်များအနေဖြင့် သိမ်းဆည်းကာ ထွန်းမင်းလတ်၏ မူးယစ်ဆေးဝါနှင့် ငွေကြေးခဝါချမှုများတွင် ၎င်းတို့အနေဖြင့် အကျိုးအမြတ်ရရှိခဲ့ခြင်း ရှိမရှိအား စုံစမ်းစစ်ဆေးရန် တိုက်တွန်းခဲ့ပြီး ထိုင်းနိုင်ငံ၏ ဥပဒေအား တစုံတရာချိုးဖောက်မှုရှိပါက တရားစွဲဖို့လည်း တောင်းဆိုခဲ့သည်။

လက်ရှိတွင် ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်တပ်အား စစ်လက်နက်များတင်သွင်းပေးရာ တွင် ထွန်းမင်းလတ်နှင့် ၎င်း၏ Star Sapphire လုပ်ငန်းစုအနေဖြင့် ပါဝင်ပတ်သက်နေသည်ဟုဆိုကာ အမေရိကန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့ က ပိတ်ဆိုအရေးယူမှုများ ချမှတ်ထားသည်။

ယင်းအပြင် စစ်ခေါင်းဆောင်၏ သားသမီးများဖြစ်သည့် ဦးအောင်ပြည့်စုံနှင့် ဒေါ်ခင်သီရိသက်မွန်တို့ကိုလည်း အမေရိကန်နှင့် ကနေဒါနိုင်ငံ တို့က ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည်။

လက်နက်ပွဲစား ထွန်းမင်းလတ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်၏ သားသမီးများ အကျိုးစီးပွားပတ်သက်ဆက်နွယ်နေသည်။
Credit ဧရာဝတီ


ဆက်ဖတ်ရန် →
သာသနာ့ မြေ ၇ ဧက ကျော်ကို မင်းအောင်လှိုင် ပြန်မပေးဘဲ အဓမ္မ သိမ်းခဲ့မှု ဆရာတော့် အခေါင်းထမ်းရုံနဲ့ ကျေနိုင်ရိုးလား

သာသနာ့ မြေ ၇ ဧက ကျော်ကို မင်းအောင်လှိုင် ပြန်မပေးဘဲ အဓမ္မ သိမ်းခဲ့မှု ဆရာတော့် အခေါင်းထမ်းရုံနဲ့ ကျေနိုင်ရိုးလား

နိုင်ငံတော် သံဃာ မဟာနာယက ဥက္ကဋ္ဌ ဆရာတော်ထံမှ ကမ္ဘာအေးသာသနာ့ မြေ ၇ ဧက ကျော်ကို မင်းအောင်လှိုင် ပြန်မပေးဘဲ အဓမ္မ သိမ်းခဲ့မှု ဆရာတော့် အခေါင်းထမ်းရုံနဲ့ ကျေနိုင်ရိုးလား

By ရန်ကုန်ခေတ်သစ်

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မေလ ၂၅ ရက်နေ့မှာ ပျံလွန်တော်မူပြီး ဇွန်လ ၇ ရက်နေ့မှာ ဆရာတော်ကြီးရဲ့ ကြွင်းကျန်ရစ်တဲ့ အရိုးပြာတွေကို ဧရာ၀တီမြစ်ထဲမျှောလို့ ဈာပန အခမ်းအနား ပြီးစီးခဲ့ပါတယ်။ 

ဆရာတော်ကြီး ပျံလွန်တော်မူချိန်မှာ မင်းအောင်လှိုင်က ဆရာတော်ကြီးရဲ့ အခေါင်းကို ထမ်းတာ ၊ ရုပ်ကလပ်ကို ရှစ်ခိုးတာတွေနဲ့ ဈာပနကို တက်ရောက်တာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုတွေ လုပ်ပေမယ့်လည်း မင်းအောင်လှိုင်က ဆရာတော်ကြီးဆီကနေ သာသနာ့မြေ လုယူ သိမ်းဆည်းခဲ့တဲ့ အပြစ်ကိုတော့ ကျေနိုင်မှာ မဟုတ်ပါဘူး။ 

ကမ္ဘာအေး သာသနာ့မြေထဲက  မြေဧက ၇ ဒသမ ၃၀၉ ကို မင်းအောင်လှိုင်ရဲ့ စစ်တပ်က သိမ်းယူခဲ့ပါတယ်။ ဆရာတော်ကြီးက သာသနာ့မြေကို ပြန်ပေးဖို့ စာရေးပြီး တောင်းဆိုပေမယ့်လည်း မင်းအောင်လှိုင်က ပြန်မပေးတဲ့ အပြင် ဆရာတော်ကြီးကိုပါ စိတ်ဆိုးမာန်ဆိုး တုံ့ပြန်ခဲ့ပါသေးတယ်။ 

ဆရာတော်ကြီး ပျံလွန်တော်မူချိန်မှာတော့ သူမဟုတ်တဲ့အလား မင်းအောင်လှိုင်က အခေါင်းသယ်၊ ရုပ်ကလပ် ရှစ်ခိုးတာတွေ လုပ်ခဲ့ပေမယ့်လည်း ဆရာတော်ကြီးကို ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို မကျေနိုင်ပါဘူး။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်က သာသနာရေးအတွက် လှူဒါန်းထားတဲ့ မြေတွေကို စစ်တပ်က သိမ်းယူတာဟာ အသုံးပြုသူတွေကို ပစ္စုပ္ပန် သံသ ရာ နှစ်ဖြာအကျိုးပျက်စီးစေနိုင်တယ်လို့ မင်းအောင်လှိုင်ကို သတိပေးခဲ့ပေမယ့် မင်းအောင်လှိုင်က နားမထောင်ခဲ့ပါဘူး။ 

ကမ္ဘာအေး သာ့သနာမြေကို မင်းအောင်လှိုင်  သိမ်းယူခဲ့ခြင်း
=============================================

စစ်တပ်က သာသနာပိုင်ကမ္ဘာအေးကုန်းမြေထဲက မြေတွေကို တပ်ပိုင်မြေတွေအဖြစ် သိမ်းယူထားခဲ့တာရှိပါတယ်။ အဲဒီမြေတွေကို NLD အစိုးရ၊ သာသနာရေးဝန်ကြီး ဦးအောင်ကိုက မင်းအောင်လှိုင်ဆီက ပြန်တောင်းယူခဲ့ပါတယ်။ ဒါကို မင်းအောင်လှိုင်က အကြီးအကျယ် စိတ်ဆိုး‌ခဲ့ပြီး မြေတွေကို ပြန်မပေးခဲ့ပါဘူး။  

စစ်ခေါင်းဆောင် သန်းရွှေလက်ထက် ၂၀၀၁ ခုနှစ် ကာကွယ်ရေးဝန်ကြီးဌာနကို မရမ်းကုန်းမြို့နယ် ၊ ကုန်းမြင့်သာ ရိပ်သာကို ပြောင်းရွှေ့တဲ့အချိန်မှာ လုံခြုံရေးအရ ကမ္ဘာအေး သာသနာမြေ မြေဧက ၇ ဒသမ ၃၀၉ ကို စစ်တပ်က သိမ်းယူခဲ့ပါတယ်။ 

စစ်တပ်က သိမ်းယူလိုက်တဲ့ သာသနာပိုင် ကမ္ဘာအေးကုန်းမြေဧက ၇ ဒသမ ၃၀၉ အတွင်းမှာ ဆဋ္ဌသံဂါယနာတင် အဆောက်အဦး၊ ပိဋကတ်တိုက်၊ ညောင်ရမ်းဆရာတော်ကြီး ဩဝါဒဖြင့် တည်ထားသော ညောင်ရမ်းစေတီ၊ ကပ်ကျော်စေတီတွေပါ ပါသွားခဲ့ပါတယ်။ 

ဒါပေမယ့် ၂၀၀၆ ခုနှစ် နေပြည်တော်ကို ကာကွယ်ရေးဝန်ကြီးဌာနပြောင်းရွှေ့သွားတဲ့အချိန်မှာလည်း စစ်တပ်က  လုံခြုံရေးအရ သိမ်းယူထားတဲ့ သာသနာပိုင်မြေတွေကို  ပြန်မပေးပါဘူး။ စစ်တပ်က သာသနာပိုင်မြေတွေကို ပြန်မပေးတော့ဘဲ ဂေါက်ကွင်း ရေတွန်းပို့တဲ့ ရေတွန်းစက်၊ ရေတွန်းစက်ဝန်ထမ်း အိမ်ရာတွေ ဆောက်လုပ်ပြီး မြေတွေကို အငှားပြန် ချတာတွေလုပ်ဆောင်ပါတယ်။ 

စစ်တပ်က သာသနာ့မြေတွေကို  ဒီလို ပြန်မပေးဘဲ အလွဲသုံးစားလုပ်နေလို့  ၂၀၁၆ ခုနှစ် NLD အစိုးရလက်ထက်မှာ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ပြန်တောင်းသလို နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ကိုယ်တိုင်က ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာ  မင်းအောင် လှိုင်ဆီစာရေးပြီး စစ်တပ်က သိမ်းဆည်းထားတဲ့ ကမ္ဘာအေးကုန်းမြေမှ သာသ နာပိုင် မြေဧက ၇ ဒသမ ၃၀၉ ကို ပြန်ပေးဖို့ စာရေးသားပေးပို့ပါတယ်။ 

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်က သာသနာရေးအတွက် လှူဒါန်းထားတဲ့ မြေတွေကို သိမ်းယူတာဟာ အသုံးပြုသူတွေကို ပစ္စုပ္ပန် သံသ ရာ နှစ်ဖြာအကျိုးပျက်စီးစေနိုင်တယ်လို့ မင်းအောင်လှိုင်ကို စာထဲမှာ သတိပေးခဲ့ပါတယ်။

 နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကိုယ်တိုင် မင်းအောင် လှိုင်ဆီ စာရေးပေမယ့် ကမ္ဘာအေးကုန်းမြေဧက ၇ ဒသမ ၃၀၉ ကို လုံး၀ ပြန်မပေးဘဲ ခြံစည်းရိုး ပတ်ဝန်းကျင်မှာသာ ပါဝင်တဲ့ မြေဧက ၂ ဒသမ ၆၁၈ ဧကကိုပဲ မင်းအောင်လှိုင်က ပြန်ပေးခဲ့ပါတယ်။ 

မင်းအောင်လှိုင်အကြီးအကျယ်စိတ်ဆိုးခြင်း
============================
နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော်က မင်းအောင်လှိုင်ထံ ရေးတဲ့စာထဲမှာ မြေသိမ်းအသုံးပြုရင် အသုံးပြုတဲ့သူတွေ ပစ္စုပ္ပန်သံသရာနှစ်ဖြာ အ ကျိုး ပျက်စီးစေနိုင်တယ်လို့ ရေးသားပေးပို့ ခဲ့ပါတယ်။ 

နိုင်ငံတော်သံဃာမဟာနာယက ဥက္ကဋ္ဌ ဆရာတော်က သူ့ဆီကို ဒီလို စာရေးရတာဟာ သူရဦးအောင်ကို ရေးခိုင်းတာနဲ့ မြှောက်ပေးတာကြောင့်လို့ဆိုပြီး မင်းအောင်လှိုင်က အကြီးအကျယ်စိတ်ဆိုး‌ ဒေါသထွက်ခဲ့ပါတယ်။  မင်းအောင်လှိုင်က NLD သာသနာရေး ဝန်ကြီး သူရဦးအောင်ကို အပေါ် အကြီးအကျယ် အငြိုး ထားခဲ့ပါတယ်။

မြေသိမ်းခဲ့ပေမယ့် အသုံးပြုတဲ့သူအနေနဲ့ ပစ္စုပ္ပန်သံသရာနှစ်ဖြာအကျိုး ပျက်စီးစေနိုင်တယ်လို့ ဆိုခဲ့တဲ့ ဆရာတော်ကြီးရဲ့ မိန့်ကြားမှုစကားအတွက်  မင်းအောင်လှိုင်က အာဏာသိမ်းပြီးတဲ့နောက်မှာ သူရဦးအောင်ကိုကို အလုပ်နဲ့ထောင် ဒဏ် နှစ်ရှည်တွေ ချမှတ်ခဲ့ပါတယ်။  

မင်းအောင်လှိုင်ဟာ သူ့အကျိုးအတွက်ဆိုရင် ကမ္ဘာအေးကုန်းမြေလို သာသနာ ပိုင်မြေကိုတောင် သိမ်းယူဖို့နဲ့ ပြန်မပေးဖို့ လုပ်ရဲသူဖြစ်ပါတယ်။ 

မင်းအောင်လှိုင်ဟာ ပါးစပ်က ဘုရား၊ ဘုရား လုပ်နေပေမယ့် နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော် ကိုယ်တိုင် ဖျောင်းဖြ မေတ္တာရပ်ခံနေတာကို နားမဝင်ဘဲ ဘုရားပိုင်မြေတွေ မျက်နှာပြောင်ပြောင် သိမ်းယူထားခဲ့ပါတယ်။ 

မင်းအောင်လှိုင်က ဘာသာရေးနဲ့ ဗုဒ္ဓဘာသာကို သူ့အကျိုးစီးပွားအတွက် စည်း ရုံးအသုံးချဖို့လောက်ပဲ စိတ်ဝင်စားပြီး တကယ်တမ်း ဗုဒ္ဓဘာသာနာပိုင် နိုင်ငံ တော် သံဃာမဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီးရဲ့  မေတ္တာရပ်ခံကိုတောင် ပယ်ချဝံ့သူဖြစ်ပါတယ်။ 

သာသနာပိုင် ကမ္ဘာအေးကုန်းမြေကို မင်းအောင်လှိုင်က ပြန်မပေးဘဲ သိမ်းယူခဲ့တဲ့ လုပ်ရပ်က မင်းအောင်လှိုင်ဟာ လူသတ်ကောင်၊ စစ်ရာဇ ဝတ်ကောင် အယောင် ဆောင် ဗုဒ္ဓဘာသာဝင်၊ "ဘုရား၊ တရား၊ သံဃာ"ကို နားမလည်တဲ့လူမိုက် တစ်ဦးသာဖြစ်တယ် ဆိုတာကို သက်သေပြနေပါတယ်။







ဆက်ဖတ်ရန် →
 ကိုကောင်းဇာနည်ဟိန်း ၏ မိခင်နှင့် အစ်မ တို့ကို မဘသနှင့်ပျူစောထီးများက ပစ်ခတ်သတ်ဖြတ်

ကိုကောင်းဇာနည်ဟိန်း ၏ မိခင်နှင့် အစ်မ တို့ကို မဘသနှင့်ပျူစောထီးများက ပစ်ခတ်သတ်ဖြတ်

အမျိုးသားရေး အစွန်းရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူ အဖြစ် စစ်တပ်၏ စွပ်စွဲ ဖမ်းဆီးခံထားရသော ကိုကောင်းဇာနည်ဟိန်း ၏ မိခင်နှင့် အစ်မ တို့ကို မဘသနှင့်ပျူစောထီးများက ပစ်ခတ်သတ်ဖြတ်

■ ထန်းတပင်မြို့နယ် မဘသ ဒုဥက္ကဋ္ဌ လူမိုက် ပျူစောထီး နိုင်ကြီးအဖွဲ့က သတ်ဖြတ်မှုတွင် ဦးဆောင်ပါဝင်ခဲ့ 

ရန်ကုန်၊ ဇွန် ၇ 

ရန်ကုန်တိုင်း၊ ရန်ကင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သော အမျိုးသားရေး အ စွန်း ရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူအဖြစ် စစ်တပ်၏ စွပ်စွဲဖမ်းဆီးမှု ခံရသော ကိုကောင်းဇာနည်ဟိန်း၏ မိခင်နှင့် အစ်မ တို့ကို မဘသနှင့်ပျူစောထီးများက ယမန်နေ့ညပိုင်း ပစ်ခတ်သတ်ဖြတ်သွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်၊ မဘသအသိုင်းအဝိုင်းနှင့် စစ်ဘက်သတင်းရင်းမြစ် တချို့ထံမှ သိရှိရသည်။ 

မေလ ၃၀ ရက်နေ့တွင် အမျိုးသားရေး အမည်ခံ အစွန်းရောက် လီလီနိုင်ကျော် ပစ်သတ်ခံရပြီးနောက် ဇွန်လ ၄ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ကိုကောင်းဇာနည်ဟိန်း(ခ)လပြည့်နှင့် ကိုကျော်သူရ(ခ) အီးတီတို့ကို လုပ်ကြံ သတ်ဖြတ်သူများအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းနောက် ဇွန်လ ၆ ရက်နေ့ ညပိုင်းတွင် လီလီနိုင်ကျော်ကို သတ်ဖြတ်သူအဖြစ် စွပ်စွဲခံရသူ ကိုကောင်းဇာနည်ဟိန်း(ခ) လပြည့်၏ မိခင် ဒေါ်သဲမာလာဝင်းနှင့် အစ်မဖြစ်သူ မဆောင်းသဇင်ဦးတို့ကို ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာ၊ အမှတ်၉၀  အေးမေတ္တာလမ်း၊ နေအိမ်တွင် မဘသနှင့်ပျူစောထီးများက ဝင်ရောက် ရိုက်နှက်၊ ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရသည်။ 

"သေနတ်နဲ့ မပစ်ခင်မှာ နှစ်ဦးစလုံးကို စိတ်တိုင်းကျ ရိုက်နှက် ညှဉ်းပန်းတယ်။ မပစ်ခင်ကတည်းက အရမ်းရိုက်နှက်ခံရထားတော့ သေလုမျောပါးဖြစ်တယ်။  ပြီးမှ သေတာသေချာအောင် သေနတ်နဲ့ ပစ်ခတ်သွားတာ။ လိပ်စာအတိအကျနဲ့ကိုလာသတ်သွားတာ" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။ 

ရဲဘက်သတင်းရင်းမြစ်တစ်ခုကမူ  ကိုကောင်းဇာနည်ဟိန်း၏ လိပ်စာဖြစ်သော ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာ၊ အမှတ်၉၀  အေးမေတ္တာလမ်း၊ နေအိမ် လိပ်စာကို စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)က ပျူစောထီးများထံ ပေးပို့ ရှယ်ခဲ့ကြောင်း ပြောဆိုသည်။ 

အမျိုးသားရေးအစွန်းရောက် သတင်းရင်းမြစ်တချို့ကမူ တင့်လွင်နှင့် လီလီနိုင်ကျော်တို့ အသတ်ခံရပြီးနောက် မဘသနှင့်ပျူစောထီးများက NLD ပါတီဝင်များ၊ နာမည်ကြီး နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူများ၏ မိသားစုများ ကို လုပ်ကြံသတ်ဖြတ်ရန် အစည်းအဝေးများ လုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိ ထန်းတပင်မှ အမျိုးသမီး ၂ ဦး အသတ်ခံရမှုသည် ယင်းအစည်းအဝေးများ၏ နောက်ဆက်တွဲ ဟု ဆိုရမည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုနောက်ဆုံး ဝင်ရောက်လာသော သတင်းများအရ ကိုကောင်းဇာနည်ဟိန်း(ခ) လပြည့်၏ မိခင်နှင့် အစ်မတို့ကို သတ်ဖြတ်သူများမှာ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာမှ ပျူစောထီး နိုင်ကြီး(ခ) အရုပ်ကြီး လူမိုက်အဖွဲ့နှင့် အတူ ပါလာသော မဘသ အမျိုးသားရေး အစွန်းရောက်များ ဖြစ်ကြောင်း သိရှိရသည်။ 

" ရဲနဲ့စစ်တပ်နောက်လိုက် ပျူစောထီး နိုင်ကြီး (ခေါ်) အရုပ်ကြီးဆိုတဲ့လူမိုက်အဖွဲ့တွေနဲ့အတူပါလာတဲ့အဖွဲ့ပါ။  ပရိုဘောက် ကားနဲ့ဝင်လာတယ်။  အဲဒီကားနဲ့ပြန်ထွက်သွားတယ်။ ပျူစောထီးနိုင်ကြီး(ခေါ်) အရုပ်ကြီး လူမိုက်အဖွဲ့က မဘသတွေလည်းဖြစ်ပါတယ်။  ထန်းတပင်မှာလည်း မဘသ ဒုဥက္ကဌလည်း ဖြစ် တယ်။ ကျေးရွာအတွင်းမှာလည်းထင်တိုင်းကြဲမိုက်ရိုင်းနေတဲ့လူတွေလည်းဖြစ်ပါတယ်" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။




ဆက်ဖတ်ရန် →