နောက်ဆုံးရ
တော်လှန်​ရေးတိုင်းရဲ့ သင်္ကေတ

တော်လှန်​ရေးတိုင်းရဲ့ သင်္ကေတ

တော်လှန်​ရေးတိုင်းရဲ့ သင်္ကေတဟာ လှိုင်းလုံးကြီးများလိုပါ။ အမြင့်ဆုံးတက်လိုက်
နိမ့်ကျလိုက် ပြီးရင် ကျရှိန်နဲ့ ပြန်မြင့်တက်လိုက် ၊ ဒီလိုနဲ့ပဲ လိုရာကမ်း​ခြေ​ ​ရောက်မြဲပါ။

မြို့ပြကြီး​တွေရဲ့ လမ်းမလမ်းခွဆုံတွေမှာ အနုပညာရှင်​တွေ၊ထင်ရှားသြဇာကြီး​သူ​တွေနဲ့ ​​အောင်လံစုံတလူလူလွှင့်၊သပိတ်မျိုးစုံ၊ ပိုစတာစုံ၊ပါ​ဖောင်းမင့်စုံ​တွေနဲ့၊ဝန်းရံသူ​တွေ
အပြည့်နဲ့လူပင်လယ်သပိတ်မျိုးလည်း ဖန်တီးနိုင်ခဲ့သလို၊လမ်း​တွေပိတ်ဆို့ ခုခံကာကွယ်ရ၊​ပြောက်ကြားသပိတ်ဆင်နွှဲရ၊လူမဲ့သပိတ်​တွေနဲ့တုန့်ပြန်ရတာ​တွေဟာလည်းရှိရမြဲပါ။

 ကြုံသမျှအ​ခြေအ​နေအ​ပေါ်ရရာနည်းနဲ့ အာခံပြ၊အညံ့မခံတွန်းလှန်ဆဲဖြစ်​ကြောင်းကမ္ဘာကိုပြရတာပါပဲ။

လှိုင်းလုံးကြီး​တွေကျရှိန်နဲ့ပြန်တက်ချိန်ကို ကြိုပြင်ကြရာမှာ ယုံကြည်မှုသာ အင်အားပါ။ CDM 

သပိတ်​တွေ​ကြောင့် စစ်​ကောင်စီဟာ အစိုးရဖြစ်ခွင့်​တောင် အိပ်မက်မက်ခွင့်မရှိ​​အောင် 

ယန္တယား​တွေ ဆွံ့အသွားပါပြီ။

တိုင်းရင်းသား​ဒေသ​တွေမှာ EAO အပါအဝင်အဖွဲ့အစည်း​ပေါင်းစုံရဲ့ လုပ်နိုင်စွမ်းစည်းရုံးနိုင်စွမ်း​တွေ​ကြောင့် CDM ဝန်ထမ်း​တွေ စစ်​ကောင်စီရဲ့ လက်နက်ကိုင်​တွေ စု​ပေါင်းအင်အားရာ​ကျော်​ထောင်ချီခိုလှုံပူး​ပေါင်းလာကြလို့ ​နေရာချစီစဥ် ​ဆောင်ရွက်မှု​တွေ လက်မလည်​အောင်လုပ်​နေရပါပြီ။

နိုင်ငံတကာမျက်နှာစာကိုတချက်ကြည့်​ပေးပါ။ Scandinavian တိုင်းပြည်​တွေအပါအဝင် EU နိုင်ငံများ၊ ဗြိတိန်၊
အ​မေရိကန် တို့မှ သံအမတ်ကြီးများရဲ့ ထုတ်ပြန်ချက်မှာ စစ်​ကောင်စီတပ်ဖွဲ့​တွေရဲ့သူရဲ​​ဘော​ကြောင်ရမ်း

ကားမှု​တွေအ​ပေါ် ပြင်းထန်တဲ့ တုံ့ပြန်မှု​တွေ​တွေ့ရမှာပါ။ ပါးစပ်နဲ့ဟန့်မရရင်လက်ပါကြရစမြဲပါ။ အ​ရေးယူ​ဆောင်ရွက်မှု​တွေတန်းစီ​နေပါတယ်။

သပိတ်အပါအဝင် အင်အား​ပေါင်းစုံရဲ့ ပေါင်းစုမှုနဲ့ ပန်းတိုင်ကိုကြည့်ပါ။ ဖက်ဒရယ်ဒီမိုက​ရေစီပါ။နိုင်ငံ​ရေးအနှစ်သာရ

အပြည့်နဲ့သ​​ဘောတူမှုအပြည့်နဲ့ပါ။

ဒီမိုက​ရေစီနဲ့ဖက်ဒရယ်ဟာ​ ​​ငွေစက္ကူတချပ်ရဲ့ မျက်နှာနှစ်ဖက်လို ​ကျောချင်းကပ်ခွာမရ​တော့​အောင်တသားထဲဖြစ်သွားပါပြီ။ ပြည်​ထောင်စု​သွေးချင်း​တွေရဲ့ ညီညွတ်မှုအား ပြယုဂ်​ကောင်းပါ။

တိုင်းရင်းသား​တွေကို ကြည့်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံ​​ရေးပါတီ​​တွေကို
ကြည့်ယုံနဲ့ မပြည့်စုံပါဘူး။ ဥပမာ တခုပဲ ​ပြောပါမယ်။ KPICT ကိုကြည့်ပါ။ ယခင် လူသိများတဲ့ KIO / KIA တင်မက ကချင်လူထု​လူတန်းစားအလွှာအသီးသီး၊ လူမှုအဖွဲ့၊ဘာသာ​ရေးဆိုင်ရာ​ခေါင်း​​ဆောင်များ၊ကမ္ဘာအနှံ့က မျိုးဆက်အစုံ​တွေ​ပေါင်းစုထားတာပါ။အဖွဲ့​​ပေါင်းစုံ ရာချီ​ပေါင်းမိသွားတာမျိုးပါ။ဖက်ဒရယ်ဒီမိုက​ရေစီအတွက် အပြည့်ပူး​ပေါင်း​နေပါပြီ။

ဒါ ဥပမာ တခုပဲ ရှိပါ​သေးတယ်။ကျန်တိုင်းရင်းသားလူမျိုးစု​တွေလည်း ကိုယ်စီနီးစပ်တူရာစုဖွဲ့​တော်လှန်​နေပါပြီ။ 

CRPH နဲ့ ပြည်သူအစိုးရအ​နေနဲ့လည်း ထိုအဖွဲ့​ပေါင်းစုံနဲ့ တိုင်ပင်ပြီး သ​ဘောတူ​အ​ခြေခံ​​ကောင်း​တွေရထားပြီဆိုတာကျ​နော်တင်ပြခဲ့ပြီးသားပါ။

​ဒေသတွင်းမှာလည်းတသက်လုံးငုပ်တုပ် ASEAN လိုအဖွဲ့အစည်းမျိုး​တောင် လှုပ်လှုပ်ရွရွထတဲ့ပြီး မြန်မာအ​ရေးကိုမဝင်မဖြစ်ဝင်ဖို့ ဦး​ဆောင်လှုံ့​ဆော်​နေပါပြီ။
အင်ဒိုနီးရှားသမ္မတရဲ့မိန့်ခွန်းနဲ့နှိုး​​ဆော်ချက်ကိုသာ နမူနာဖတ်ကြည့်ကြပါ။အားလုံးမဖြစ်မ​နေ အ​ဖြေရှာကြရမယ်လို့ အချက်​ပေး​နေပါပြီ။ ​နေ့ချင်းညချင်းဆက်သွယ် စည်း​ဝေးဖို့ ပြင်​နေပါပြီ။

ကမ္ဘာ့ကွန်ယက်ကြီးနဲ့ချိတ်ပြီး စစ်​ကောင်စီရဲ့ ဘဏ္ဍာ​ရေးကိုထိန်းချုပ်နိုင်စွမ်း၊သံတမန်နည်းလမ်းအရပြည်သူ့

အစိုးရဖက်က အမြင့်ဆုံးအသာစီးရ​နေမှု​တွေရှာ​ဖွေသုံးသပ်မြင်နိုင်ကြရင် မြန်မာ့​နွေဦးအ​ရေး​တော်ပုံဟာ
ပင်လုံးကျွတ်ပုရစ်ဖူး​တွေ ​ဝေသစ်​နေတာ ​သေချာ​တွေ့ရမှာပါ။

ကုလသမဂ္ဂမှာလည်းလမ်း​ကြောင်းများစွာကျန်ပါ​သေးတယ်။ဖြစ်နိုင်​​ချေ၊စွမ်းနိုင်​ချေ အပြည့်နဲ့ပါ။

ကုလရဲ့ UNSC လုံခြုံ​ရေး​ကောင်စီမှာ မြန်မာအ​ရေးအတွက် သ​​ဘောတူ​ကြေညာချက် ၂ ကြိမ်ရတယ်ဆိုတာ၊ ရခဲတဲ့​​အောင်မြင်မှု​တွေပါ။တဆင့်ခြင်းတက်ရတာ​တွေရှိပါတယ်။ကုလလူ့အခွင့်အ​ရေး​ကောင်စီ၊ အ​ထွေ​ထွေညီလာခံစသဖြင့်
အခွင့်အလမ်း​ကောင်းများစွာအတွက် တာဝန်ရှိသူအားလုံးစွမ်းရည်အပြည့်အရယူပြကြဦးမှာပါ။

ပြည်တွင်းမှာ အပစ်မဲ့ပြည်သူ​တွေအ​ပေါ် စစ်​ကောင်စီရဲ့ ကြမ်းကြုတ်ရက်စက်မှု​တွေ လူ့ကျင့်ဝတ်လူ့ဂုဏ်သိက္ခာကို​စော်ကားကျုးလွန်မှု​တွေ(လမ်း​​​ပေါ်ကအနိုင်ကျင့်မှု​တွေ) ကိုမှတ်တမ်းတင်​ပေးပို့ထားတဲ့ ပြည်သူ​တွေရဲ့တာဝန်​ကျေမှုဟာ တကယ်စွမ်းခဲ့ပါတယ်။ကမ္ဘာကြီးဘယ်လိုမှ သည်းမခံနိုင်​တော့​အောင် ရင်​​တွေကို ထိမှန်ခဲ့ပါတယ်။

အ​ရေးယူ​ဆောင်ရွက်မှု​တွေ သွက်လက်ထိ​ရောက်ဆက်တိုက်လာမှာပါ။ပြည်သူ​တွေအ​နေနဲ့"​အောင်စိတ်"နဲ့သာ ယုံ​နေဖို့၊အထိအခိုက်အကျအဆုံးအနဲဆုံးနည်း​​တွေနဲ့ ပြင်ဆင်ဖို့၊မျိုးဆက်တခုနဲ့တခုကြားစိတ်ဝမ်းကွဲ​သွေးခွဲစကားအပြု

အမူ​တွေကို အဝင်မခံပဲတသားထဲ တခုထဲဖြစ်​နေဖို့ပါပဲ။

CDM သမား​တွေအတွက် သတင်း​ကောင်းရှိပါတယ်။အနာဂါတ်နိုင်ငံ​တော် အစိုးရ
ယန္တယားမှာ ပြည်သူ့သစ္စာ​ဖောက်များနဲ့ ဗျူရိုကရက်များအတွက်​​နေရာမရှိ​စေရ၊CDM ဝန်ထမ်းများ၊မျိုးဆက်သစ်ဝန်ထမ်းများနှင့်သာ၊ အစိုးရယန္တယားသစ် တည်မှာဖြစ်​ကြောင်း မကြာခင် ကိုယ်​​​ယောင်ထင်ရှားမြင်ရပါလိမ့်မယ်။

မ​ဝေး​တော့တဲ့ အနာဂါတ်မှာ ပြည်သူကိုနှိပ်စက်တဲ့စစ်တပ်​နေရာရှိ​တော့မှာ မဟုတ်ပါ။ ဖက်ဒရယ်တပ်မ​တော်သာရှိလာပါလိမ့်မယ်။ရဲတပ်ဖွဲ့ဟာလည်းနိုင်ငံသား​​တွေကို ​​စောင့်​ရှောက်ကာကွယ်မည့်အသစ်ကျပ်ချွတ် ရဲတပ်ဖွဲ့သာဖြစ်လိမ့်မယ်လို့ အခိုင်အမာ​ပြောပါရ​စေ။

လူငယ်မျိုးဆက်သစ်​တွေ အတွက်ဖက်ဒရယ်တပ်မ​တော်၊ ရဲတပ်ဖွဲ့အသစ်ဖြစ်လာ​အောင်ပြင်ဆင်​လေ့ကျင့်​နေပါပြီ။

အ​ရေး​တော်ပုံ​အောင်ရမည်။

#မင်းကိုနိုင်
၂၀.၃.၂၀၂၁ 



ဆက်ဖတ်ရန် →
စစ်သားမဟုတ်ပေမယ့် စစ်ယူနီဖောင်း၀တ်ပြီး စစ်ကားပေါ်က ဓာတ်ပုံလိုက်ရိုက်

စစ်သားမဟုတ်ပေမယ့် စစ်ယူနီဖောင်း၀တ်ပြီး စစ်ကားပေါ်က ဓာတ်ပုံလိုက်ရိုက်

မန္တလေးက လူတွေသတိထားကြပါ !
ဒီလူက မန္တလေးက မြန်မာ့ရိုးရာလက်ဝှေ့ပွဲသွင်းသူ ဒဿ ခေါ် ကျော်တင့် ဖြစ်ပါတယ်။ စစ်သားမဟုတ်ပေမယ့် စစ်ယူနီဖောင်းကြီး၀တ်ပြီး စစ်ကားပေါ်က ဓာတ်ပုံလိုက်ရိုက်နေပြီး မန္တလေးက တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဖို့လုပ်ပေးနေသူပါ။
ဒီကောင်ဟာ မြစ်ကြီးနားကနေ မန်းလေးသားဟန်လာဆောင်နေတဲ့ ရဲသတင်းပေး၊တပ်သတင်းပေး အင်ဖော်မာကောင်ဖြစ်ပါတယ်။
Crd

 
ဆက်ဖတ်ရန် →
မင်းအောင်လှိုင် လော်ဘီ Ben-Menashe ကျဆုံးခန်း

မင်းအောင်လှိုင် လော်ဘီ Ben-Menashe ကျဆုံးခန်း

မင်းအောင်လှိုင် လော်ဘီ Ben-Menashe ကျဆုံးခန်းက စိတ်ဝင်စားစရာပါ Nisha Singh ရဲ့မြန်မာလိုရှင်းပြထားတာနောက်ပိုင်းမှာနားဆင်နိုင်ပါတယ်။ ******************************************* ယခုအပတ် Canadaland တွင် Ben-Menashe နှင့်သူ၏ရိုင်းစိုင်းသော ဝီကီပီးဒီးယားပရိုဖိုင်အကြောင်းတွေ့ဆုံမေးမြန်းခန်းတခုပါရှိသည် မြန်မာနိုင်ငံတွင်သေစေနိုင်သောအာဏာသိမ်းမှုသည်သူ၏လစာဖြစ်သည် Montreal အခြေစိုက် lobbyist Ari Ben-Menashe က စစ်ဗိုလ်ချုပ်တွေကိုအပြစ်တင်သရုပ်ဖော်ဖို့မကြိုးစားပါနဲ့တဲ့.... (ကမ္ဘာပေါ်တွင် Ari Ben-Menashe ကဲ့သို့လူအများစုမရှိပါ။) "ဒီအလုပ်မျိုးကိုလုပ်တဲ့လူတွေဟာဒီကိစ္စကိုလူသိရှင်ကြားဖြစ်အောင်လုပ်ခြင်းဟာ အလွန်ထူးဆန်းတယ်လို့ထင်ပါတယ်" ဟုနိုင်ငံခြားရေး Lobby Report ကိုတည်ထောင်သူနှင့်အယ်ဒီတာ Julian Pecquet ကပြောကြားသည်။ ယခုလအစောပိုင်းက Pecquet က Montreal အခြေစိုက် Ben-Menashe ကိုမြန်မာနှင့်မကြာသေးမီကမြန်မာနိုင်ငံတွင်အာဏာသိမ်းမှုပြုလုပ်ခဲ့သော စစ်ခေါင်းဆောင်များကိုယ်စားအမေရိကန်နှင့်အခြားအစိုးရများအားစည်းရုံးသိမ်း သွင်းရန်ငှားရမ်းထားခြင်းဖြစ်သည်ဟူသောသတင်းကိုဘင်မနာရှာကထိုအကြောင်း ကိုကြိုတင်ထုတ်ဖော်ပြောဆိုခဲ့သောကြောင့်သူသည်ထိုအဖြစ်အပျက်ကိုသိရှိခဲ့သည်။ "သူဒါတွေလုပ်တာဘာကြောင့်ထင်ပါသလဲ" Jesse brown ကcanadaland ဧ်။ဒီနေ့ဇာတ်လမ်းတွဲအပေါ်မေးတယ်။ "သူကလူသိရှင်ကြားလုပ်ရတာကိုကြိုက် တယ်ထင်လား" ပက်ကက်က“ ဟုတ်တယ်၊ Dickens & Madson ကို ဦး ဆောင်သူ Ben-Menashe ကို“ စစ်သူရဲတို့၏အကြိုက်ဆုံး လော်ဘီဝါဒီ” ဟုခေါ်တွင်ခဲ့သည်။ သူသည်လွန်ခဲ့သောဆယ်စုနှစ်လေးခုအတွင်းအဆိုးရွားဆုံးနိုင်ငံခြားရေးမူဝါဒဖြစ်စဉ်မျာ းနှင့်အငြင်းပွားဖွယ်အစိုးရများနှင့်ပိုမိုထိတွေ့မှုရှိခဲ့သည့်ဘဝတွင်နေထိုင်ခဲ့ခြင်းအား ဖြင့်သူ့ကို Forrest Gump of craft ဟုခေါ်ကောင်းခေါ်ဝေါ်နိုင်သည်။ ပြီးတော့သူ့ကိုခေါ်လိုက်ရုံပဲ။ ငါတို့လုပ်ခဲ့တယ်။ သူ၏ထူးခြားသောလုပ်ငန်းခွင်အကြောင်းနှင့်သူသည်မြန်မာနိုင်ငံတွင်စစ်အစိုးရကို ကိုယ်စားပြုရန်အကြောင်းပြချက်မည်သို့ဖြစ်နိုင်သည်ကိုမေးမြန်းခဲ့သည်။ စစ်ခေါင်းဆောင်များအနေဖြင့် PR ကိုယ်စားလှယ်များကိုငှားရမ်းသောအခါ၊ အကာအကွယ်မဲ့ကာကွယ်ရေးအတွက်အသုံးချသည့်နည်းဗျူဟာများမှသင် လမ်းချော်သွားပြီဆိုတော့ “ မဟုတ်ဘူး၊ ငါတို့က PR ကိုယ်စားလှယ်မဟုတ်ဘူး။ ” သူကစစ်တပ်ကိုက ာကွယ်ရန်ကြိုးစားခဲ့သည်။"ကျနော်တို့ကလူသိရှင်ကြားဖြစ်ရပ်မှန်များထုတ်ဖေ ာ်ဖို့ကြိုးစားနေပါတယ်။ " မတ်လ၈ရက်ကအမေရိကန်ပြည်ထောင်စုတရားရေးဌာနသို့တင်ပြရာတွင်သူ၏ ကုမ္ပဏီသည်မြန်မာနိုင်ငံအတွက်လုပ်ဆောင်မှု၏တစ်စိတ်တစ်ပိုင်းကိုရှင်းလင်းစွာဖော်ပြခဲ့သည်။ စည်းရုံးသိမ်းသွင်းခြင်းအပြင် Dickens & Madson သည်“တိုင်းပြည်၏ရည်မှန်းချက်များနှင့် လှုပ်ရှားမှုများကိုရှေ့ဆက်နိုင်ရန်မီဒီယာနှင့်ပြည်သူ့ဆက်ဆံရေးဝန်ဆောင်မှုများကိုပေးရန်ကြိုးစားလိမ့်မည်။ ” နိုင်ငံခြားအေးဂျင့်များမှတ်ပုံတင်ခြင်းအက်ဥပဒေအရထုတ်ဖော်ပြောဆိုချက်အရမြန်မာနိုင်ငံသည် Ben-Menashe ၏ကုမ္ပဏီအားအမေရိကန်ဒေါ်လာ ၂ သန်းပေးဆောင်ရမည်ဖြစ်သည်။ ဤအစီအစဉ်တွင်အရှိန်အဟုန်တစ်ခုမှာမြန်မာစစ်တပ်ခေါင်းဆောင်များသည်အမေရိကန်နှင့် ကနေဒါတို့၏ဒဏ်ခတ်ပိတ်ဆို့မှုခံနေရခြင်းဖြစ်သည်။ ၎င်းတို့တွင်ကာကွယ်ရေးဝန်ကြီး မြထွန်း ဦးသည်မှတ်ပုံတင်ထားခြင်းအရဘင် - မနာရှာ၏အဓိကဆက်သွယ်ရမည့်သူ ဖြစ်သည်။ ဒါပေမယ့် Ben-Menashe ကသူ့ကုမ္ပဏီဟာတရားဝင်ဖြစ်မယ့်အချိန် အထိငွေပေးချေမှုကိုမခံယူသရွေ့သူဖယ်ရှားပစ်ဖို့တိုက်တွန်းနေတဲ့ပိတ်ဆို့ အရေးယူမှုများကိုသူမကျော်လွန်နိုင်သေးဘူးလို့ထင်မြင်ယူဆထားပါသည်။ အီးမေးလ်တစ်ခုတွင်Global Affairs Canada မှသူတို့သည်အထူးစီးပွားရေးအစီအမံများ (မြန်မာ)စည်းမျဉ်းများကိုချိုးဖောက်ရာရောက်သည့်မွန်ထရီရယ် အခြေစိုက်ကုမ္ပဏီနှင့်ပတ်သက်သည့်အစီရင်ခံစာများကိုသတိပြုမိသည်” ဟုပြောကြားခဲ့သည်။ ပိတ်ဆို့အရေးယူမှုများသည်ကနေဒါနှင့်ကနေဒါရှိမည်သည့်ပုဂ္ဂိုလ်ကိုမဆိုပိုင်ဆိုင်မှုနှင့်သက်ဆိုင်သည့် မည်သည့်ေရာတွင်ဖြစ်စေ၊မည်သည့်နေရာတွင်ဖြစ်စေ၊ စာရင်းသွင်းထားသည့်ပုဂ္ဂိုလ်၏ ကိုယ်စားသို့မဟုတ်ကိုယ်စားြစ်စေ၊ ထိုကဲ့သို့သောလှုပ်ရှားမှုနှင့်ပတ်သက်ပြီး မည်သည့်ငွေပေးငွေယူမည်သည့် ကုန်ပစ္စည်းကိုမဆို စာရင်းပေးသွင်းထားခြင်းသို့မဟုတ်ငွေကြေးသို့မဟုတ်ဆက် စပ်ဝန်ဆောင်မှုများပေးခြင်းတို့ကိုဖြစ်စေ၊ သူတို့၏အကျိုးအတွက်ဖြစ်စေတား မြစ်ထားသည်။ ” (သူသည်ငွေပေးချေမှုကိုလက်ခံရန်အစိုးရထံမှလိုင်စင်ရရှိနိုင်သည်ဟု ဘင် -မင်ရှာ၏ပြောကြားချက်နှင့်စပ်လျဉ်းပြီးကမ္ဘာလုံးဆိုင်ရာရေးရာအဖွဲ့များက မဖြေပါ။ ) ကျွန်ုပ်တို့ရှာဖွေချင်သည့်အရာတစ်ခုမှာ QAnon၏နောက်လိုက်များက မြန်မာပြည်အာဏာသိမ်းမှု ကိုအမေရိကန်နိုင်ငံတွင်သူတို့တွေ့မြင်လိုသည့်ဥပမာအဖြစ်စစ်တပ် သည်ရွေးကောက်တင်မြှောက်ခံခေါင်းဆောင်အားရာထူးမှဖယ်ရှားခြင်းနိုင်ငံရေးဆန့်ကျင် သူများအားဖမ်းဆီးခြင်းဥပမာပြခဲ့ခြင်းအပေါ်သူမည်သို့ခံစားရသနည်းဟူသည့်အချက်ဖြစ်သည်။ သူသည် QAnon ၏တောင်းဆိုမှုကြောင့်သာမက၊အာဏာသိမ်းမှုလုံးဝမြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည်ဟူသော အယူအဆကြောင့်သူကဒေါသထွက်ခဲ့သည်။ “ မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းမှုမရှိဘူး။ ကျေးဇူးပြုပြီး” “ ကျေးဇူးပြုပြီးစစ်ဗိုလ်ချုပ်တွေကို သရုပ်ဖော်ဖို့မကြိုးစားပါနဲ့။ ဒါကမင်းဂျာနယ်လစ်လုပ်ခဲ့တာတွေအတိအကျပဲ။ 'အိုး, QAnon ။ ' တ ဦး တည်းအခြားနှင့်ဘာလုပ်ရမှန်းခဲ့သလဲ QAnon ကအမှိုက်တချို့ပြောရင်ငါတို့လက်ခံရမလား။ အိုကေလား ကျေးဇူးပြုပြီးဒီလူတွေကစစ်တပ်အာဏာသိမ်းမှုကိုမလုပ်ခဲ့ဘူး။ သူတို့ကသူတို့သိမ်းယူလိုက်တယ်။ “ မင်းဒါကိုဘာလို့ခေါ်တာလဲ” Ben Menashe ရဲ့ ဦး စားပေး euphemism သင်ယူဖို့မျှော်လင့်တာလားလို့ ဘရောင်းကမေးတယ်။ သူသည်နောက်ဆုံးတွင်“ အစိုးရပြောင်းလဲခြင်း” ကိုဖြေရှင်းခဲ့သည်။ ဘင်မင်ရှာယူကျူ့ရုပ်သံမှဗွီဒီယိုမှ“ တူနီးရှားအမျိုးသားလူငယ်လှုပ်ရှားမှု” ဟုဘာသာပြန်ဆိုသည်။ BenMenasheရဲ့နိုင်ငံခြားအေးဂျင့်မှတ်ပုံတင်ခြင်း၏ဆွေးနွေးမှုကိုချဲ့ထွင်ရန်နှင့်ခေါင်းစဉ်ပြန်လည် ပြင်ဆင်ရန်, EDT 9:08 a.m. EDTတနင်္လာနေ့, မတ်လ 15 ရက်တနင်္လာနေ့တွင် updateလုပ်ခဲ့သည် https://www.canadaland.com/ari-ben-menashe-myanmar/
ဆက်ဖတ်ရန် →
uwsaရန်ကုန်မြို့ထိ စစ်ကြောင်းတွေ ဆင်နွှဲသွားဖို့ ရှိ

uwsaရန်ကုန်မြို့ထိ စစ်ကြောင်းတွေ ဆင်နွှဲသွားဖို့ ရှိ

မတ်လ ၁၈ ၊ ၂၀၂၁
ခွန်အကာ / OMG
မြန်မာ တပ်မတော်လို့ ခံယူထားတဲ့စစ်အဏာသိမ်းကောင်စီ ကနေ ဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့အား ချက်ချင်ပြန်လွှတ်ပေးဖို့နဲ့ အေးချမ်းစွာ ဆန္ဒပြနေတဲ့ပြည်သူတွေကို ဆက်လက် အကြမ်းဖက်မှု ၊ မတရားဖမ်းဆီမှု များ ပိုမို့ ရှိလာပါက uwsa ဝ တပ်မတော် အနေနဲ့လက်ရှိ " ဝ " ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသကနေ မန္တလေး - နေပြည်တော် လမ်းမကြီးကနေ ရန်ကုန်မြို့ထိ စစ်ကြောင်းတွေ ဆင်နွှဲသွားဖို့ ရှိသလို...တစ်ခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း အွန်လိုင်း ကနေ ဆွေးနွေးတိုင်ပင်တာတွေ ရှိတယ်လို့ " ဝ " အထူးဒေသ ( ၄ ) မိုင်းလားမြို့ ပြန်ကြားရေးတာဝန်ခံ ဒု ဥက္ကဋ္ဌ က OMG သို့ ပြောကြားခဲ့ပါတယ်။
သတင်း နှင့် ဓာတ်ပုံ - ခွန်အကာ
ဆက်ဖတ်ရန် →
အမေရိကန်တွေ ဝင်ကူလာမှာကို မအလ စစ်သူပုန်တွေနဲ့ သူတို့ပထွေးတရုတ်တွေပါ

အမေရိကန်တွေ ဝင်ကူလာမှာကို မအလ စစ်သူပုန်တွေနဲ့ သူတို့ပထွေးတရုတ်တွေပါ

 
 
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့
တရုတ်နိုင်ငံခြားရေးဝမ်ယိတို့
မနက်ဖြန် 19-3-2021 အမေရိကန်မှာ
မြန်မာအရေးဆွေးနွေးကြဖို့ရှိ။
မြန်မာ့အရေးတည်ငြိမ်နေပြီဖြစ်လို့
အမေရိကန်မှ ဝင်မပါဖို့ တရုတ်ဘက်မှ အသံထွက်နေ။
ဒါ့ကြောင့် မြို့ကြီးတွေမှာ
လမ်းပေါ်က သပိတ်အတားအစီးတွေကို
အတင်းလိုက်ဖယ်ရှားနေခြင်းဖြစ်။
အဖမ်းခံထားရသူတချို့နဲ့ ရွေး/ကော်တချို့ကိုလဲ
ပြန်အလွှတ်ပြနေတယ်။
မြန်မာပြည်မှာ တည်ငြိမ်သွားသယောင်
ကမ္ဘာကို သတင်းလွှင့်နိုင်ဖို့ လုပ်နေကြခြင်းဖြစ်တယ်။
ဒါ့ကြောင့် ပစ်မည် သတ်မည်ဟုခြိမ်းခြောက်နေပေမဲ့
ယခင်နေ့ရက်တွေလောက် ပစ်ခတ်မှုတွေ
သိပ်လုပ်တာမတွေ့ရတော့တာပါ။
အမေရိကန်တွေ ဝင်ကူလာမှာကို
မအလ စစ်သူပုန်တွေနဲ့ သူတို့ပထွေးတရုတ်တွေပါ
အလွန်ကြောက်နေကြတယ်။
ဒါ့ကြောင့် လက်နက်မဲ့ပြည်သူများအပေါ်
အမေရိကန် မဟာမိတ်တပ်များမှ ကူညီပေးနိုင်ဖို့အတွက်
တိုင်းပြည် မငြိမ်သက်သေးကြောင်းနှင့်
စစ်အုပ်စုကို လုံးဝလက်မခံကြောင်း
ဆန္ဒပြပွဲများ ဆက်တိုက်ပြဖို့လိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်များက ဝိုင်းတိုက်နေကြတဲ့
တိုက်ပွဲများဆီ စစ်အင်းအားတွေ ပို့နေရလို့
လက်ကျန်အင်အားလောက်နဲ့
မြို့တွေမှာ ရသလောက် ဖြဲခြောက်ပြနေကြတာပါ။
အင်အားမလောက်လို့ စစ်သားမယားများကိုပါ
ယူနီဖောင်းဝတ်ခိုင်းပြီး အသုံးချနေကြတာတွေ့နေရတယ်။
ဟိုမြို့မှာ ဆန္ဒပြနေတယ်ဆိုလဲ ဒီစစ်သားနဲ့ ရဲတွေပဲ
ဒီမြို့မှာဆိုလဲ ဒီစစ်သားနဲ့ ရဲတွေပဲ လိုက်နေရတာဆိုတော့
ဒီကောင်တွေ လုံးဝ ပင်ပန်းနေကြပါပြီ။
ဆန္ဒပြပြည်သူများ ပင်ပန်းနေကြတာထက်ကို
စစ်သူပုန် ရဲများ စစ်သားများ အသေပင်ပန်းနေကြပါပြီ။
- စစ်ကားတွေ အများကြီး တာလပတ်တွေ အုပ်မိုးပြီးသာ
ယာဉ်တန်းလိုက် မောင်းပြနေပေမဲ့
ကားတွေထဲမှာ တစ်စီးကို ၅ ယောက် ၁၀ ယောက်နဲ့
တချို့ကားတွေထဲ တစ်ယောက်မှ မပါပဲ ကြောက်လန့်အောင်
ဟန်ရေးပြနေကြတာပါ။
- ဒီကောင်တွေမှာ မြို့ပေါ် အင်အားက ထိရောက်အောင် မရှိတော့ပါ။
- တစ်နေရာမှာ အင်အားသုံး သွားဖြိုခွင်းနေရင် ကျန်တဲ့နေရာများကို 
လွှတ်ပေးထားနေရတဲ့အခြေအနေပါ။
- နေရာစုံ ဒေသစုံကသာ တပြိုင်နက် အုံကြွလိုက်ရင်
ဒီကောင်တွေမှာ နိုင်နင်းအောင် ဖြိုခွင်းစရာ အင်အားမရှိတော့ပါ။
- ဒါ့ကြောင့် စစ်အကြမ်းဖက်များနှင့် ထိပ်တိုက်မတွေ့အောင်ရှောင်ရှားကြပြီး
ရတဲ့နည်းဖြင့် လမ်းများအပေါ် ဆန္ဒဖော်ထုတ်ကြပါ။
- တိုင်းပြည် မတည်ငြိမ်သေးကြောင်း ကမ္ဘာသိအောင် ပြကြပါ။
- မှတ်တမ်းပုံတွေ Video တွေရိုက်ပြီး တင်ကြပါ။
- စစ်အုပ်စုကို လုံးဝလက်မခံကြောင်း သက်သေတွေပြကြပါ။
- မြန်မာရေပိုင်နက်အနီးရောက်နေသည့်
US မဟာမိတ်စစ်အုပ်စုမှ ကူညီလို့ရအောင်
ပြည်တွင်းမှ ပြည်သူများမှ ဆန္ဒတွေ
ဆက်တိုက်ပြကြဖို့လိုပါသည်။
Credit
NOM

ဆက်ဖတ်ရန် →
ကျည်ဆံတွေကြား အကြောက်တရား မရှိတဲ့Gen-Z မျိုးဆက်

ကျည်ဆံတွေကြား အကြောက်တရား မရှိတဲ့Gen-Z မျိုးဆက်

Gen- Zကလေးများရဲ့တိုက်ပွဲကို ကြည့်နေရင်း ဘာတွေတွေ့လဲဆိုတော့ မိုလိုတော့ဗ်တွေ အဆင်သင့် ပြင်ပေးထားပြီး ဆက်တိုက်ပစ်ထည့်ကြတာပဲ။ နောက်ပြီး ရှေ့တန်းက တိုက်နေချိန် နောက်တန်းက မီးသတ်ဆေးဗူးနဲ့ အဆင့်သင့် စောင့်နေပြီး မလိုအပ်တဲ့နေရာမီးစွဲတာနဲ့ ချက်ချင်း ထ သတ်တယ်။ ဒီလောက် တပြောင်းပြောင်း ပစ်နေတာတောင် တက်လိုက်/ဆင်းလိုက်နဲ့ မမှုတမ်း လှုပ်ရှားနေပုံတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ကျကျနန မှတ်တမ်းယူနိုင် Live လွှင့်နိုင်တဲ့ သူလည်း ရှိတယ်။ လူစုခွဲဟေ့ဆိုလည်း ချက်ချင်း ကိုယ်ယောင် ဖျောက်ပစ်နိုင်တယ်။ ညီတာ။ အသေချာဆုံးနဲ့ အကြိုက်ဆုံးကတော့ သေတတ်တဲ့ ကျည်ဆံတွေကြား အကြောက်တရား မရှိပဲ တက်ညီလက်ညီ အချိတ်အဆက်မိမိ လှုပ်ရှားနိုင်တဲ့ Gen-Z မျိုးဆက် ရဲဘော်လေးတွေပဲ။ မင်းတို့ကို လေးစားလိုက်တာ၊ ချစ်လိုက်တာ၊ အားကျလိုက်တာ။ အလေးပြုတယ်ကွာ။ တကယ်။.
Crd
ကျွန်တော် လဲ အလေးပြုလို့ ပြန်လည် မျှဝေသည်
ဆက်ဖတ်ရန် →
၁၀။ တိုင်းပြည်အုပ်ချုပ်ချင်တာ မအောင်မြင်ဘူး

၁၀။ တိုင်းပြည်အုပ်ချုပ်ချင်တာ မအောင်မြင်ဘူး

စိတ်ဓာတ်ကျနေပြီလား?
1st Feb ကနေ 15th March အထိ မြေပြင် အဖြစ်အပျက်တွေကို ကျော်ကြည့်ရအောင်။
၁။ ဆေးရုံတွေဖွင့်တာ မအောင်မြင်ဘူး
၂။ ကျောင်းတွေဖွင့်တာ မအောင်မြင်ဘူး
၃။ ဘဏ်တွေဖွင့်ခိုင်းတာ မအောင်မြင်ဘူး
၄။ ရပ်ကျေးကောင်စီ မအောင်မြင်ဘူး
၅။ CDM ရုံးတက်ခိုင်းတာ မအောင်မြင်ဘူး
၆။ ငွေတိုက်စာချုပ်တင်ဒါ မအောင်မြင်ဘူး
၇။ နိုင်ငံတကာပွဲမှန်သမျှ မအောင်မြင်ဘူး
၈။ တိုင်းရင်းသားလက်နက်ကိုင်ကို ကြိုညှိတာ မအောင်မြင်တော့ဘူး
၉။ CRPHဖမ်းချင်တာခုထိ ရှာမတွေ့တော့ မအောင်မြင်ဘူး
၁၀။ တိုင်းပြည်အုပ်ချုပ်ချင်တာ မအောင်မြင်ဘူး
~~~~~~~~~~~~~~~~~~~~~~~~~~
ပြောချင်တာ အနှစ်ချုပ်က
"မောရင် နားပါ
ပြီးရင် ပန်းတိုင်ကိုဆက်သွားမယ်။"
နိုင်ငံခြားကပိုင်ဆိုင်မူတွေ ထုတ်မရတော့ တာတွေလို/ social punishment တွေလို/ အယောင်ဆောင် democracy မှန်းကမ္ဘာကသိသွားတာတွေလို/ သူတို့အကြောင်းကို တိတိပပသိပြီး တူးတူးခါးခါးမုန်းတဲ့ next generationကြီးတစ်ခုပေါ်လာတာတွေ နဲ့အခြားသော ကိုယ်တွေလို သာမန်လူနားမလည်နိုင်တဲ့ အမြတ်ထွက်တာတွေ လည်းအများကြီးရှိပါသေးတယ်
သူတို့ မအောင်မြင်တာမှန်သမျှ ကျတော်တို့အောင်ပွဲလေ။ ဘာကို စိတ်ဓါတ်ကျရမှာလဲ ပြော။
သူတို့အောင်မြင်တာ သေနတ်ရှိလို့ လူသတ်တာနဲ့ ကြောက်အောင်လုပ်တာ။ ဒီတခုပဲ သူတို့ကောင်းကောင်းလုပ်တတ်တော့တယ် ခုချိန်ထိပေါ့။ မှာချင်တာ အဖမ်းမခံနဲ့ မသေစေနဲ့။ ကိုယ် လုပ်နေတဲ့ အလုပ်ကို အကောင်းဆုံးလုပ်နေပါ။ ကျနော်တို့ ကြောက်သွားမှ စိတ်ဓါတ်ကျသွားမှ သူတို့အောင်မြင်မှာ။
အသက်ပေးလိုက်ရတဲ့လူတွေနဲ့ ဒဏ်ရာရခဲ့သူတွေ အားလုံးကို ကျေးဇူးရှိတယ်လို့ ယူဆရင် စိတ်ဓာတ်မကျပါနဲ့။
အမှောင်မိုက်ဆုံးအချိန်ဟာ ရောင်နီလာတော့မယ့် အချိန်ပါပဲ။
ဆက်ဖတ်ရန် →