နောက်ဆုံးရ
PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ

PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ

အင်ဒို မှ “အရည်အချင်း ပြည့်ဝသူများ” အုပ်ချုပ်ပါစေ ဟု မင်းအောင်လှိုင်ကို ပြော
*************
ဒီဇင်ဘာ ရုံးပိတ်ရက်များ မတိုင်မီက ပြည်ထဲရေး ဝန်ကြီး စိုးထွဋ် မှ ခေါ်ယူသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး အစည်းအဝေးသို့ ကာကွယ်ရေး၊ နယ်လုံ၊ အထက်တန်း ရဲ ဖက် နှင့် ထောက်လှန်းရေး အရာရှိကြီးများ တက်ရောက်ခဲ့ကြရာမှ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF များအား ထိန်းချုပ်၍ မရ ဖြစ်လာပြီ ယခုနှစ် အတွင်း တိုက်ခိုက်မှုများ ပိုမို ပြင်းထန်လာ ဖွယ် ရှိသည်ဟု တသံတည်း ထွက်လာခဲ့ကြကြောင်း ခေတ်သစ် သို့ ပေါက်ကြားလာသော အစည်းအဝေး မှတ်တမ်း ကို ကိုးကား၍ ဧရာဝတီမှ သတင်း ဖေါ်ပြလာသည်။

ထို့ပြင် လာမည့် ဩဂုတ်လ ရွေးကောက်ပွဲကို လည်း အောင်မြင်စွာ ကျင်းပနိုင်လိမ့်မည်ဟု အစည်းအဝေး တက်လာသူ တဦးတလေကမျှ မယူဆကြောင်းလည်း မှတ်တမ်းတွင် ပါရှိလာသည်။

ယင်းသည် ပထမဆုံး အကြိမ် မင်းအောင်လှိုင် နှင့် အထက်တန်း စစ်ဖက် အရာရှိကြီးများ သဘောကွဲလွဲလာနေပြီ ဆိုသော အထောက်အထား ဖြစ်၍ လွန်စွာ အရေးကြီးသော သတင်းကြီးပင် ဖြစ်သည်။

ထို့ပြင် အမျိုးသား ညီညွတ်ရေး အစိုးရအား လူထု ၏ ထောက်ခံမှု မရအောင် မည်သို့လုပ်ရမည် ဆိုသည် အပေါ်လည်း အကြံအိုက်နေကြပြီ ဖြစ်သည်။

နိုင်ငံတကာကလည်း မိမိတို့ မှ “အကြမ်းဖက် အဖွဲ့အစည်း” ဟု သတ်မှတ်ထားသော်လည်း နိုင်ငံတကာ အသိုက်အဝန်း ၏ ထောက်ခံမှု ရနေသည့် အဖြစ်ကိုလည်း အံ့ဩတုန်လှုပ် မှု နှင့် အတူ စိတ်ပျက်နေသည်ဟု ပါရှိသည်။

စိုးထွဋ်မှ PDF များသည် လျပ်တပြက် ခြုံခို တိုက်ခိုက်နေမှု အဆင့်မှ ယခုအခါ ၁၀၇ မမ လက်နက်ကြီး များ သုံးလာသည့် အနေအထား ရောက်လာနေပြီ ဖြစ်သည်ဟု ဆိုသည်။

ထိုလက်နက်များ၏ ၇၅ ရာနှုန်းသည် စစ်ဆေးရေး ဂိတ်များ ကို ဖြတ်ကျော်ဝင်ရောက်သွားနေသည်ဟု ထောက်ပြခဲ့သည်။

လူထုအား သတင်းပေးနိုင်လျှင် ချီးမြှင့်ရန် သတ်မှတ်ထားသည့် ရံပုံ‌ငွေ သည်လည်း အတော်များများ ကျန်နေသေး၍ လူထုဖက်က ထိုသို့ လုပ်ရန် လိုလားမှု မရှိသည်ကို ပြဆိုနေသည်ဟု ပါရှိသည်။

အားလုံးက ကရင်၊ ကချင်၊ ကယား ပြည်နယ် များ နှင့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေးတိုင်း တို့တွင် PDF များသည် ယခင် အဖွဲ့ငယ် လေးများ အဖြစ်မှ ယခု အခါ အင်အား ကြီးထွားလာနေပြီ ဖြစ်ပြီး ရဲစခန်း များ နှင့် စစ်စခန်းများကိုပင် တိုက်ခိုက်လာခဲ့ရာ မကွေးတိုင်း ဒေသကြီး အနီးအနား ရှိ ရဲစခန်းများ အကြိမ်ပေါင်း ၈၇ ကြိမ် တိုက်ခိုက်ခံရပြီး ဖြစ်သည်ဟု ပါရှိသည်။

တက်ရောက်လာသူ အားလုံး က ပြောနိုင်လျှင် ပြီးရော ဆိုကာ သူ့ထက်ငါ အလုအယက် ဝိုင်းပြောနေသော်လည်း မည်သို့မျှ တန်းမဝင်သည့် အိုင်ဒီယာများ ဖြစ်နေသည်။

ခြုံ၍ ကြည့်မည် ဆိုလျှင် မဲစာရင်းမှားသည် ဆိုကာ အာဏာသိမ်းခဲ့သော မင်းအောင်လှိုင် ခိုင်းသမျှ ဖြစ်ချင်ရာဖြစ် လိုက်လုပ်ပေးနေရသော်လည်း မည်သို့မျှ အောင်မြင်နိုင်ခြင်း ရှိမည် မဟုတ်သည်ကို စစ်ဖက် ရဲဖက် အရာရှိကြီးများ လက်ခံလာနေကြပြီ ဆိုသည်ကို ပြဆိုနေပေသည်။

အဆိုပါ ၄၁ မျက်နှာပါ အစည်းအဝေး မှတ်တမ်း သတင်း ပေါက်ကြားမှု သည် စစ်တပ် အတွင်း စိတ်ဓါတ်များ ပြိုလဲ ကျဆင်းလာနေမှု ကို မီးမောင်းထိုးပြသလို ဖြစ်သွားခဲ့သဖြင့် မှတ်တမ်းဌာန ကြီးမှုး ရဲမှုးချုပ် အောင်ဌေးမြင့် နှင့် ရုံးအဖွဲ့ဝင်များ ကို ထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု ခေတ်သစ် သတင်းက ဆိုသည်။

အင်ဒို မှ “အရည်အချင်း ပြည့်ဝသူများ” အုပ်ချုပ်ပါစေ ဟု မင်းအောင်လှိုင်ကို ပြော
*******************
ဆွစ်ဇာလန် နိုင်ငံ ဒါဗို ၌ လက်ရှိ ကျင်းပနေသော ကမ္ဘာစီးပွားရေး ဖိုရမ်ကြီးတွင် အင်ဒိုနီရှား၏ ရေကြောင်း နှင့် ရင်းနှီးမြုပ်နှံမှု ညှိနှိုင်းရေး တာဝန်ခံ ဝန်ကြီး ဗိုလ်ချုပ်ကြီး ဟောင်း ဖြစ်သူ လူဟွတ် ပန်ဂျေတန် မှ မြန်မာ စစ်တပ် အနေဖြင့် စီးပွားရေးသည် ပိတ်ဆို့ ဒဏ်ခတ်မှု များ ကြောင့် ဒလကြမ်း ထိုးဆင်းလာနေပြီး ပြည်တွင်း ပဋိပက္ခများလည်း ဆိုးဝါးလာနေပြီ ဖြစ်၍ နောက်ဆုတ်ပေးပြီး “အရည်အချင်း ရှိသည့်” ခေါင်းဆောင်များကို တိုင်းပြည်အုပ်ချုပ်ခွင့် ပြုရန် တိုက်တွန်းကြောင်း သူ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်ဟု Bloomberg သတင်း တွင် ပါရှိလာခဲ့သည်။

မြန်မာ စစ်တပ်အနေဖြင့် အင်ဒိုနီရှားကို နမူနာ ယူသင့်ကြောင်း၊ မိမိတို့ သည် ဆယ်စုနှစ်ပေါင်း များစွာကတည်းက အစိုးရ ပိုင်း လုပ်ငန်းဆောင်တာများ အားလုံးကို ထိန်းချုပ်ထားမှုကို စွန့်လွှတ်ကာ နောက်ဆုတ်ပေးခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

ယခုအခါ မြန်မာ တွင် စစ်တပ် မှ လူ အမြောက်အမြား သည် အစိုးရပိုင်း တွင် ပါဝင်နေပြီး ကိုယ့်တွင် အရည် အချင်း မရှိပဲ ဘာလို့ သမ္မတ ဖြစ်ချင်နေရလဲ” ဟု မင်းအောင်လှိုင်ကို တိုက်ရိုက် ရည်ညွှန်း ပြောဆိုသွားခဲ့ပြန်သည်။

“မြန်မာ ကို အရည်အချင်း ရှိသူ အခြား တယောက်ယောက်ကို အုပ်ချုပ်ခွင့် ပြုလိုက်ပါ၊ ဒီလို လုပ်ပေးလိုက်ရင် အင်ဒိုနီရှား မှာ ဘာဖြစ်ခဲ့လဲ ဆိုတာ ကြည့်ပါ” 

အင်ဒိုနီရှားသည် ၁၉၆၆ တွင် အာဏာသိမ်းယူပြီး တိုင်ပြည်အား ကိုယ့်မင်း ကိုယ်ချင်း အုပ်ချုပ်နေသော သမ္မတ ဆူဟာတို အား ၁၉၉၈ တွင် ဖြုတ်ချခဲ့ပြီးနောက် ဒီမိုကရေစီ ကျင့်သုံးလာခဲ့ရာမှ နှစ်ပေါင်း သုံးဆယ် အတွင်း စီးပွားရေး လျှင်မြန်စွာ တိုးတက်လာနေသော နိုင်ငံလည်း ဖြစ်သည်။ (အင်ဒိုနီရှားသည် G-20 နိုင်ငံ စာရင်းတွင် ပါဝင်နိုင်ခဲ့သည့် အရှေ့တောင်အာရှ မှ တခုတည်းသော နိုင်ငံလည်း ဖြစ်သည်) 

မြန်မာ စစ်တပ် ကိုယ်စားလှယ်များကို အာဆီယံ ထိပ်သီးအစည်းအဝေးသာမက မည်သည့် အစည်းအဝေးမျိုးကိုမှ တက်ခွင့် မပြုရန် သမ္မတ ဂျိုကိုဝီ မှ ယမန်နှစ် က အဆိုပြု တင်ပြထားခဲ့သည်။

မစ္စတာ ပန်ဂျေတန်၏ မှတ်ချက် ကို ထင်မြင့်ချက် တစုံတရာ ပေးရန် အာဏာသိမ်း အဖွဲ့၏ ပြောခွင့်ရ ဇော်မင်းထွန်းအား မေးမြန်းခဲ့သော်လည်း အကြောင်းတစုံတရာ ပန်ကြားခြင်း မရှိဟုလည်း သတင်းတွင် ပါရှိခဲ့သည်။

စင်္ကာပူ အစိုးရမှ တနင်္လာနေ့က ထွက်ရှိလာသော မြန်မာအရေး အကြံပေး ကောင်စီ၏ အစီရင်ခံစာပါ စင်္ကာပူသည် မြန်မာ စစ်တပ် ၏ လက်နက်ထုတ်လုပ်ရေး တွင် လိုအပ်သော ပစ္စည်းများကို ကြားခံ အဖြစ် တင်ပို့ပေးနေသည် ဆိုသည်ကို ငြင်းဆိုခဲ့ပြီး လက်နက်များ လွှဲပြောင်းပေးခြင်း၊ စစ်ရေး တွင် အသုံးပြုနိုင်သော မည်သည့် ပစ္စည်းမျိုးကို မဆို တင်ပို့ပေးခဲ့ခြင်း မရှိဟု စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာန မှ ကျေညာချက် ထုတ်ပြန်ခဲ့သည်။

“ဘယ်သူမှ လက်မခံနိုင်တော့မှန်း တကယ့်ကို သေချာသွားခဲ့ပြီ” ဟူသော သီချင်းစာသား အတိုင်းပင် ဖြစ်နေပေတော့သည်။ 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
လှစိုးဝေ



ဆက်ဖတ်ရန် →

" UN meeting"


********************* 
"#ပြင်သစ်"

"ပြင်သစ်'က ထပ်ပြောလိုက်ပြီ 
UN ကထုတ်ခဲ့တဲ့ Statement တွေ/ စကားလုံးတွေဟာ သိပ်ကို ဩဇာကြီးလှပါတယ်။

ဒါပေမဲ့ သူတို့က မမှုပါဘူးတဲ့ ဒီထက်ပိုတဲ့ လက်တွေ့လုပ်ဆောင်ချက်တွေကို ချက်ချင်းလုပ်မှ ရပါတော့မယ်တဲ့
We are wining guys!!!
မျက်နှာလေးကအသက် 

"#ရုရှား'

"ရုရှား"ကတော့ အခုလေးတင် မအလရဲ့ လုပ်ရပ်တွေကို လက်ရှောင်လိုက်ပါပြီ
ပြောကြားချိန် ၁ မိနစ်တောင်မပြည့်ပါဘူး.....

"#US"

"US "ကတော့ ပြောလိုက်ပါပြီ 
စကားလုံးတွေ၊ Statements တွေနဲ့ မရတော့ပါဘူးတဲ့ 
Action လက်တွေ့လုပ်ဆောင်မှကို ရတော့ပါမယ်တဲ့။

သိပ်ကို ပြည်သူတွေကြားချင်နေတဲ့စကားကိုပြောသွားတာပါ 
သူ့နောက်ကို တစ်ခြားနိုင်ငံတွေက ပါလာရင်ကို ရပြီ

"#အိန္ဒိယ"

အိန္ဒိယကတော့ သွေးထွက်သံယိုတွေ ဆက်လက်မဖြစ်အောင်နှင့် ဒေသတွင်းကိစ္စကို အာဆီယံအတွင်း အဖြေရှာဖို့နှင့် ရိုဟင်ဂျာတွေကို လူသားချင်းစာနာထောက်ပံ့မှုတွေ ဆက်လက်လုပ်ဆောင်ပေးသင့်ရမှာ ဖြစ်ကြောင်းနှင့် မြန်မာနဲ့ အိမ်နီချင်းဖြစ်တာကြောင့် ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်သွားသင့်ပါတယ်ဆိုပြီး ပြောသွားပါတယ် 

"#အိုင်ယာလန်"က 

ဘာပြောတယ်ထင်လဲ
သူ့ပြည်သူကို ကာကွယ်ပါ့မယ်လို့ သစ္စာဆိုထားတဲ့ စစ်သားတွေဟာ ကိုယ်ပြည်သူကို ကိုယ်ပြန်သတ်နေပါတယ်။ 

တိုင်းပြည်ရဲ့ စီးပွားရေးဟာ ကိုဗစ်ကြောင့် အများကြီး ထိခိုက်ပြီးပါပြီတဲ့ တပ်မတော်က အာဏာပါ သိမ်းလိုက်တဲ့အတွက် ပြည်သူတွေ အများကြီး နစ်နာနေရပါပြီ။

ကျွန်တော်တို့ အနောက်ပိုင်းက ရောင်းဝယ်လိုက်တဲ့ လက်နက်တွေဟာ ပြည်သူတွေကို သတ်ဖို့မဟုတ်ပါဘူးတဲ့ အရေးကြီးတဲ့ Action ကိုလုပ်ဆောင်ဖို့ လိုနေပါပြီတဲ့ဗျာ။

"#သံအမတ်ကြီးဉီးကျော်မိုးထွန်း"

သူကတော့ ပြည်သူဘက်ကနေပဲ အသက်တွေ ဆက်လက်မဆုံးရှုံးခင် လက်တွေ့လုပ်ဆောင်ချက်တွေကို တောင်းဆိုလိုက်ပါတယ်။ 

ဆက်လက်ကြာနေမယ်ဆိုရင် ပြည်သူတွေ အထုအထောင်းဆက်လက်ခံနေရာမှာ ဖြစ်ကြောင်း၊ လူငယ်တွေဟာ လမ်းမပေါ်မှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်နေပြီး၊ CDM ဟာလည်း အရှိန်အဟုန်ကောင်းနေကြောင်း

 မြန်မာပြည်သူတွေကို ဘယ်နည်းလမ်းနဲ့မဆို အခုချက်ချင်း ကာကွယ်ပေးရမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ တစ်ချို့သော ဒေသများတွင် No Fly Zone ကိုသတ်မှတ်ရမှာ ဖြစ်ကြောင်း၊
 အာဏာသိမ်းစစ်ကောင်းစီနှင့် အပေါင်းအပါများကို စီးပွားရေးအရ ပြင်းပြင်းထန်ထန် ပိတ်ဆို့ပေးသင့်ပါကြောင်း၊ 

အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကို ဘယ်နည်းလမ်း၊ ဘယ်လမ်းကြောင်းကမဆို အခုချက်ချင်း ကာကွယ်ပေးကြပါ။ 
 
"ကျေးဇူးပြု၍"ကို  (၃)ကြိမ်တောင်းခံပြီး အခုချက်ချင်း လက်တွေ့လုပ်ဆောင်းပေးကြပါလို့ တောင်းဆိုလိုက်ပါတယ်။

U Gaw Thita 
ဆက်ဖတ်ရန် →

US သည် အချဉ်မဟုတ် ကောင်တာပြန်လေပြီ !

ဘတပြန် ကျားတပြန်ပဲလေ မြန်မာ့အရေး ပွဲသိမ်းပေးမယ် ကတိပေးထားတာ US ပါ ဒီတော့ သူ့ဇာတ် သူနိုင်အောင် ပြီးဆုံးအောင် ကပါလိမ့်မယ် သိပ်တော့ စိုးရိမ်စရာ မရှိ 

ခု သော-က်ပုပွဲစား ဆာကာဝါ ပရာယွတ်နဲ့တွေ့တော့ US က ထိုင်းကို မသွားတော့ဘူး 

သဘောက ဖီးမလာ‌တော့လို့ မင်းလိုကောင်နဲ့ ခဏခဏ ဆက်ဆင်းပြောမနေတော့ဘူးဆိုပြီး ဘလင်ကန်က တျုတ်ကြီးဆီပဲ ဒဲ့သွားပြီး ဆွေးနွေးဖို့ ဟလိုလိုက်တယ် တျုတ်ကလည်း Welcome တဲ့ 

အာ့ဆို ပွဲက ပြတ်သလောက်ရှိလာတော့မယ် မဲခေါင်အစည်းဝေးလည်း ဖျက်ထားတယ် ဘိုင်ဒန် ကျင့်ဖျင်လည်း တွေ့အုံးမယ် ခု မတွေ့ခင် ဘလင်ကန်က ဒဲ့ပဲသွားပြီး လုပ်စရာရှိတာနဲ့ ပရာယွတ်ပါ သောက်ချိုးပြင်ဖို့ သွားပြောပုံ ရလိမ့်မယ် 

ခေါင်းစဉ်ကတော့ ထုံးစံအတိုင်း US တျုတ် ထိတ်တိုက်မတွေ့ရေး ခေါင်းစဉ်နဲ့ဆိုတော့ ထိုခေါင်းစဉ်ကကို မိုက်နေတာ လှနေတာ ဘောင်ထဲရောက်နေပြီသားပဲ 

ဒီတော့ ဘလင်ကန် ဖေဖော်ဝါရီ ၅ မှာ တျုတ်သွားမယ် တျူတ်နိုင်ငံခြားရေး ၀န်ကြီး ဂျင်ဂန်းနဲ့ ဆွေးနွေ့းပါလိမ့်မယ် သေချာတာက မြန်မာ့အရေးပါပါလိမ့်မယ် ဘာတွေ ဆွေးနွေးမလဲ ဆက်စောင့်ကြည့်ရမယ် 

အဓိကက ခေါင်းစဉ်အတိုင်းပဲ US တျုတ် ထိပ်တိုက်မ‌တွေ့ရေးဆိုတဲ့အတိုင်း မြန်မာ့အရေးမှာ US ဟာ စစ်ရေးအရ ပါမှာ ကူမှာ မဟုတ် သူ၀င်ချလာရင် တျုတ်နဲ့ ထိပ်တိုက်တွေ့မယ်လေ ဒီမှာ ကိုကိုးကျွန်းရေတပ်စခန်းနဲ့ စစ်ရေးစာချုပ်တွေက ရှိသေး 

ဒီတော့ အပြင်ကနေပဲ တစ်ဘီလီယံပြန်ပေး နိုင်ငံတကာ အသိမှတ်ပြု ဒီဂျစ်တယ် Banking စနစ်ကို ထူထောင်စေပြီး တလရအတွက် လိုအပ်တဲ့ ငွေ‌ကြေး နည်းပညာတွေကိုပဲ ထောက်ပံ့ပေးပြီး စစ်အာဏာရှင် ဖယ်ရှားရေးအတွက် ပြုလုပ်စေမှာပါ 

ထိုအတွက် ယခုကို US နည်းပညာရှင်အဖွဲ့ဟာ EROs/PDFတို့ကို ကူညီပေးရန် ရောက်ရှိနေခဲ့ပါပြီ (နေရာအားလျှို့ဝှက်) ဟု ဆိုနေပြီ မဟုတ်ပါလား သို့ကြောင့် မင်းအောင်လှ်ုင် အကွက်လောက်တော့ လင်းယုန်ကြီးက မျက်စေ့ဒေါက်ထောက်နဲ့ ကောင်တာပြန်နေပြီဆိုတာ 

ဒါ့အပြင် မမြင် မသိနိုင်သေးတဲ့ မူး+ယစ်ကေ့ UN Resolution အမှတ် 2669 နဲ့ NDAA ရဲ့ နောက်ဆက်တွဲ တန်ပိုမြင့်လာမည့် အချက်တွေကိုလည်း မအလစကစ ခံနိုင်ရည် ရှိပြီး တောင့်ခံန်ုင်မလား ဆက်စောင့်ကြည့်ကြ‌သေးတာပေါ့ ! 

#မင်းကြည်ညိုနေ 🕊️
ဆက်ဖတ်ရန် →