နောက်ဆုံးရ

အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

အကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာစစ်တပ်အား အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

အောက်တိုဘာ၊ ၃၀ ရက်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မြန်မာစစ်တပ်အား အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားသည်။

အောက်တိုဘာ၊ ၂၉ ရက်နံနက်ပိုင်းက (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ မျက်နှာစုံညီ အစည်းအဝေးတွင်လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌမှ တင်သွင်းသည့် လူ့အခွင့်အရေးကောင်စီ အစီရင်ခံစာနှင့် ပတ်သက်၍ သံအမတ်ကြီးက မိန့်ခွန်းပြောကြားရာ၌ ယင်းသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ပြည်သူများအား ရက်စက်ကြမ်းကြုတ်မှုများမှ ကာကွယ်ရန် နိုင်ငံတကာ၏ အလေးအနက် အာရုံစိုက်မှုနှင့် အရေးယူဆောင်ရွက်မှုတို့အား အလွန်အမင်း လိုအပ်လျက်ရှိကြောင်း၊ ကုလသမဂ္ဂ၊ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပြတ်သားသောအချိန်နှင့် တပြေးညီ အရေးယူဆောင်ရွက်မှုအတွက် လွန်စွာအချိန်နှောင်းနေပြီဖြစ်ကြောင်း၊ အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် သံအမတ်ကြီးကပြောသည်။

ဖေဖေါ်ဝါရီလ (၁) ရက်နေ့ ဖြစ်စဉ်သည် အာဏာသိမ်းမှုဖြစ်၍ အာဏာသိမ်းမှုဟု ကိုးကားပြောဆိုစေလိုပြီး၊ မြန်မာနိုင်ငံရှိ ပြည်သူများအားလုံးမှာ အချိန်နှင့်အမျှ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောပြစ်မှုများကို ခံစားနေရကာ ယနေ့တစ်နေ့တည်းတွင် ချင်းပြည်နယ်၊ ထန်တလန်မြို့၌ စစ်တပ်မှ ဘုရားကျောင်း (၂) ကျောင်း အပါအဝင် အိမ်ခြေတစ်ရာကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း  သံအမတ်ကြီးက ပြောသည်။

 စစ်တပ်အနေဖြင့် အင်အားကြီးမားသော စစ်ဆင်ရေးကို မုတ်သုန်ရာသီကုန်ဆုံးချိန်တွင် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ ယင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံ အမြောက်အများအား ပစ်မှတ်ထားကြောင်း၊ ထိုသို့ အင်အား အဆမတန် အသုံးပြုပြီး၊ အဆင်အခြင်မဲ့တိုက်ခိုက်ခြင်းများမှာ သွေးထွက်သံယိုမှုများ၊ ပိုမို စိုးရိမ်ဖွယ် လူ့အခွင့်အရေးအခြေအနေများနှင့် ဖြစ်ရပ်ဆိုးများကို ဖန်တီးလာဉီးမည် ဖြစ်ကြောင်း၊ မည်သို့ပင်ဆိုစေ ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ တရားမျှတမှု ဖော်ဆောင်ရေးနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံနှုန်းများနှင့်ညီသော တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတို့အတွက် အရာအားလုံးပေးဆပ်ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားကြောင်း၊  ကုလသမဂ္ဂနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာရာဇဝတ်မှု ခုံရုံး (ICC) ၏ တရားစီရင်မှုကို လက်ခံခြင်းတို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ သိသာထင်ရှားသော ကြိုးပမ်းမှုများ ဖြစ်ကြောင်း၊ ထို့ပြင် ရိုဟင်ဂျာများအရေးကိစ္စ ဖြေရှင်းရေးအတွက် မူဝါဒတစ်ရပ်ကို ချမှတ်ကြေညာထားပြီးဖြစ်ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

D-Wave
ဆက်ဖတ်ရန် →

ထွက်ပြေးနေသော ရွာသားများအား နှစ်ရက်အတွင်း အိမ်ပြန်လာရန် စစ်ကောင်စီ အမိန့်ထုတ်



သတင်းနှင့် မီဒီယာ ကွန်ရက်။
Mizzima

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃၀ရက် 

စစ်ကောင်စီကို ကြောက်၍ ရွာလုံးကျွတ်ထွက်ပြေးနေသော မကွေးတိုင်း သရက်မြို့နယ်အတွင်းရှိ ပုဏ္ဏားကျွန်းရွာသားများအား နှစ်ရက်အတွင်း ပြန်မလာပါက အိမ်ရှိ ပစ္စည်းများ သိမ်းယူမည်ဟု စစ်ကောင်စီက ကြေညာထားသည်။ 

ပုဏ္ဏားကျေးရွာ ဘုန်းကြီးကျောင်းနှင့်  စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်က ကြေညာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 

ပုဏ္ဏားကျွန်းကျေးရွာက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီတွင် ပါဝင်ခဲ့ဖူးသူလူငယ်များ၊ ဒီမိုကရေစီအရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ သူ လူငယ်များ အယောက် ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်နေသဖြင့် လူငယ်များအပါအဝင် ရွာသူ/သားများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။

အောက်တိုဘာလဆန်းပိုင်းက ပုဏ္ဏားကျေးရွာအနီးရှိ သရက်နှင့်ကံမ PDF က ကင်းလှည့်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့၍ လက်တုန့်ပြန်နေခြင်း ဖြစ်သည်ဟု ဒေသ ခံများက ဆိုသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ပုဏ္ဏားကျေးရွာကို ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။ 

”ပုဏ္ဏားကျွန်းရွာက လုပ်တာမဟုတ်ဘဲ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ နီးတာမို့ ရမ်းခံနေကြရတာ။ PDF က လည်း သူတို့ လုပ်တာ ဝန်ခံထားတာဘဲ” ဟု အသက် ၅၀ အရွယ် ပုဏ္ဏားကျေးရွာက ဒေသခံတစ်ဦး က ပြောသည်။

သရက်မြို့နယ်၊ ပုဏ္ဏားကျေးရွာ သည် ဖက်ဆစ်ဂျပန်များကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် စစ်ကြေညာခဲ့သည့် ကျေးရွာဖြစ်ပြီး မော်ကွန်းကျောက်စာတိုင်လည်းရှိသည်။
ဆက်ဖတ်ရန် →

NUG မှ စစ်ဦးစီးချုပ်ရုံး ဖွဲ့စည်းပြီ *******************************

အမျိုးသား ညီညွတ်ရေး အစိုးရမှ ဗဟိုကွပ်ကဲ ညှိနှိုင်းရေး ကော်မတီ Central Control and Coordination Committee (C3C) အား တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ နှင့် အတူ ပူးတွဲ ဖွဲ့စည်း လိုက်ပြီ ဟု ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးနိုင်ထူးအောင်က ဧရာဝတီသို့ ထုတ်ဖေါ် အသိပေး လိုက်သည်။

တနိုင်ငံလုံး အနှံ့ ပြန့်ကျဲနေသော ရာပေါင်းများစွာ ရှိသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအား တစု တစည်း တည်း ပေါင်းစည်းရန် ရည်ရွယ် လုပ်ဆောင်လာခြင်း ဖြစ်သည်။ တပ်ရင်း တပ်ဖွဲ့ အမည်များကိုလည်း စနစ်တကျ သတ်မှတ်သွားပြီး C3C ၏ ကွပ်ကဲမှု နှင့် ဟန်ချက်ညီညီ လှုပ်ရှားသွားမည်ဟု မျှော်လင့်ရပေသည်။

အာဏာရှင် များကတော့ သေမထူး နေမထူး ဇာတ်ခင်းကာ အာဆီယံ မှ ပါဝင် သက်ဆိုင်နေသူများနှင့် ဆွေးနွေး ရန် အတန်တန် တိုက်တွန်း နေသည့်ကြားမှ အသက် ၇၉ နှစ်ရှိ NLD ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန် အား ထောင်ဒဏ် အနှစ် နှစ်ဆယ်  ချမှတ်လိုက်ခြင်း ဖြင့် တုန့်ပြန်ခဲ့ပေသည်။

သို့သော် လက်ရှိတွင် မြို့ပေါ်ရှိ NLD အမတ် အတော်များများ အနေဖြင့် နိုင်ငံရေး နှင့် မပတ်သက်ပါ ကြောင်း လက်မှတ် ရေးထိုးပြီး စစ်တပ်ကို အညံ့ခံထားရသည့် အတွက် ထိုသူတို့ကို အသုံးချပြီး ဆွေးနွေး နေပါသည်ဟု လူသိရှင်ကြား လုပ်လာနိုင်သည့် အလားအလာ ကိုလည်း မမေ့မလျော့ ထည့်တွက် ထားကြရန် လိုမည်ဟု ယူဆမိသည်။

မနေ့က AP သတင်းဌာနမှ အာဏာသိမ်း အဖွဲ့၏ စစ်ကြောရေး တွင် လူပေါင်း ၁၃၁ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်နှင့် ညှင်းပမ်းနှိပ်စက်ခံရသည့် သက်သေအထောက်အထား များကို ကမ္ဘာသိ ထုတ်ပြန်လိုက်သည့် သတင်း အပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုလာခဲ့သည်။ အမေရိကန် ကွန်ဂရက် အမတ်များကလည်း အလားတူ ပြုလုပ်ရန် တောင်းဆိုလာပြီး BURMA ACT ကို အမြန်ဆုံး အတည် ပြုနိုင်ရေး တိုက်တွန်းလာခဲ့သည်။

အဆိုပါ သတင်းကို မထုတ်ပြန်မီ ဇော်မင်းထွန်း နှင့် ဆက်သွယ်ပြီး မေးမြန်းသော်လည်း ထိုသို့ အဓိပ္ပါယ် မရှိ သည့် သတင်းမျိုး အတွက် မဖြေလို ဟု ပြောဆိုသွားခဲ့ရာ အဆိုပါ သတင်းကို မြင်ရတွေ့ရသူ အပေါင်းက သူ့လို သဘောထားခြင်း ရှိမည် မဟုတ်သည်ကို နားလည် နိုင်စွမ်း မရှိပေ။

ယခုအခါ AP ၏ စုံစမ်း တွေ့ရှိချက် များသည် လွန်စွာ အရေးပါသော အနေအထား သို့ ရောက်လာခဲ့ပြီ ဖြစ် သည်။ အမေရိကန် တို့၏ လုပ်ရပ်သည် ၂၀၀၃ ခုနှစ် အီရတ်ကို မကျူးကျော်မီ ကုလသမဂ္ဂမှ ငြင်းပယ်၍ မရလောက်သည့် ခိုင်လုံသော အကြောင်း ရင်းခံများ တ‌ဖြေးဖြေး တည်ဆောက်လာပုံ နှင့် ဆင်ဆင်တူနေသည်။

အာဏာသိမ်း အဖွဲ့သည် PDF ကို ထောက်ခံသည်ဟု မှတ်ယူထားသော ကျေးရွာ များ ကို လက်တုန့်ပြန်သည့် အနေဖြင့် မီးရှို့ခြင်း၊ NLD ရုံး အချို့အား ဖေါက်ခွဲခြင်းများ ပြုလုပ်လာခဲ့ခြင်းသည်ပင် ၎င်းတို့ ကိုယ် ၎င်းတို့ အစိုးရ အဖွဲ့ဟု ခံယူနိုင်ခြင်း မရှိတော့ဘဲ တာဝန်မဲ့စွာ ဖြင့် non-state actor များအလား ပြုမူလာနေကြသည်။ မင်းအောင်လှိုင်သည် သူ့မိသားစု အတွက် အသက်ပေးနေရသော တပ်သားများ အား မည်သို့မျှ ဟန့်တား ရဲခြင်း မရှိတော့သည့်အပြင် လုပ်ချင်တာ လုပ် ဟု ခွင့်ပြုထားရပုံ ရှိနေသည်ကလည်း တကြောင်း အပါအဝင် ဖြစ်သည်။
 

ဖယ်ခုံ၊ ဖရူးဆိုး၊ ဘော်လခဲ မြို့နယ်များ အတွင်း စစ်ဆင်ရေး တခုတွင် စစ်ကောင်စီ တပ် များသည် သက်ကြီးရွယ်အိုများ အပါအဝင် ရွာသား ၁၉ ဦးအား ၎င်းတို့ သွားရာ လမ်းတ လျှောက်တွင် သူရဲဘော ကြောင်စွာ လူသား ဒိုင်းသဖွယ် အသုံးချလာနေသည့် သတင်းကလည်း ဓါတ်ပုံ အထောက်အထား များဖြင့် ဖေါ်ပြလာကြသည်။ 

ချင်းပြည်နယ် ထန်တလန် မြို့ကိုလည်း လက်နက်ကြီး များ ဖြင့် ပစ်ခတ်တိုက်ခိုက်လာကြပြီး အဆောက်အဦးများ ကို မီးရှို့ တိုက်ခိုက်ခဲ့ကြရာတွင် မိမိတို့ ရုံး အဆောက်အအုံကို သိသိကြီး နှင့် မီးလောင်တိုက်သွင်းခဲ့သည်ဟု ဓါတ်ပုံ အထောက်အထား နှင့် တကွ Save the Children နိုင်ငံတကာ ပရဟိတ အသင်းကြီးက ကြေညာချက် ထုတ်ပြန်ခဲ့သည်၊ မြို့နေလူထု အားလုံး မြို့ကို စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်ဟု သိရသည်။

မြန်မာ အကျပ်အတည်းကြီးက နိုင်ငံတကာ အာရုံစိုက်လာရသည့် အရေးအခင်းကြီး တခု ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ထိုကဲ့သို့ ဖြစ်ပေါ်လာနေမှုများကြောင့် အမေရိကန် သမ္မတ၏ အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန်သည် NUG အစိုးရနှင့် တရားဝင် ဆွေးနွေးလာခဲ့ခြင်းဖြင့် အာဏာသိမ်း အဖွဲ့ အပေါ် စိတ်ကုန်ခမ်းစ ပြုလာနေသော အာဆီယံ အား သွယ်ဝိုက်၍ လမ်းပြလာခဲ့ခြင်း ဖြစ်သည်။

အာဆီယံသည် အမေရိကန် ဦးဆောင်သော စစ်ရေး မဟာမိတ် အဖွဲ့ နှစ်ခုဖြစ်သော QUAD နှင့် AUKUS တို့ ဖွဲ့စည်း ပေါ်ပေါက်လာသည်နှင့် အတူ မသိချင်ယောင်ဆောင် ငြင်းပယ်ကာ ကြားနေဖို့ အရေး မဖြစ်နိုင်သလောက် နီးနီး ဟု Nikkei Asia Review က ထောက်ပြလာခဲ့သည်။ သို့သော် ကမ္ဘောဒီယား မှ ထိုသို့ အနေအထား ဖြစ်မလာအောင် အကျောက်အကန် ခုခံ ကာကွယ်သွားနိုင်ကြောင်း ယူဆရပေသည်။

လာအို ရဲ အဖွဲ့သည် မြန်မာ-ထိုင်းနယ်စပ်မှ ဝင်ရောက်လာသော မက်ဆေးပြား ၅၅.၆ သန်း နှင့် ခရစ်စတယ် မက် ၁.၅ တန် ကို ဖမ်းဆီးရမိသွား၍ အာရှ တွင် စံချိန်တင်သွားခဲ့သလို မြန်မာနိုင်ငံ အတွင်း အုပ်ချုပ်ရေး ပျက်ပြား လာနေပြီး ထင်တိုင်း ကျဲလာမှု များ ကြောင့် တရုတ်သည်လည်း မူးယစ်ဆေးဝါးများ တိုးလျှိုပေါက် ဝင်ရောက် လာနိုင်သည့် အလားအလာများ ကို ဟန့်တားရန်အတွက် ကိုဗစ် အကြောင်းပြုပြီး နယ်စပ် ကုန်သွယ်ရေးအား ပိတ်ပင်ထားခဲ့သဖြင့် အာဏာသိမ်း အဖွဲ့ အဖို့ နယ်စပ် ကုန်သွယ်ရေးမှ အခွန်အကောက်များ ဆုံးရှုံးနေရပြီ ဖြစ်သည်။

ကုလသမဂ္ဂ မူးယစ် ဆေးဝါး တိုက်ဖျက်‌ရေး အေဂျင်စီမှ ထိုသို့ ဒေသတွင်း မူးယစ်ဆေးများ ပျံ့ပွားလာနိုင်သည့် အလားအလာများကို သတိပေး စကား ပြောဆိုလာနေကြသည်။

မည်သို့ပင် ဖြစ်စေ အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်မှ တော်လှန်ရေးကြီး အောင်မြင်ဖို့ မိမိတို့ကိုယ် မိမိတို့ အားကိုးရမည် ဖြစ်သည်ဟု မြန်မာ နောင်း နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ထုတ်ဖေါ် သတိပေးသွားခဲ့သည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!
ဆရာလှစိုးဝေ ရေးသားသည်။

(ပုံတွင် Safe the Children မှ ထုတ်ပြန်သော ထန်းတလန် မြို့ သတင်း ဓါတ်ပုံကို တွေ့နိုင်သည်)
ဆက်ဖတ်ရန် →

မအလအား စိတ်ဆင်းရဲစေသည့်ပြည်သူ့အောင်ပွဲ (၁)

 မအလတို့အား အရှက်တကွဲဖြစ်စေကာ မည်သို့မျှ မတုန့်ပြန်နိုင်တော့ပဲ အကြီးအကျယ် စိတ်ဆင်းရဲစေသည့်ပြည်သူ့အောင်ပွဲ (၁)


မင်းအောင်လှိုင်၏ စကစသည် (၇၆)ကြိမ်မြောက် UN ၌ ခွေးနေရာမရသလို ဖြစ်သွားခဲ့သည်။ မအလက ခန့်အပ်မည့် ဒေါ်ရင်ရင်နွယ်သည် UNရုံးစိုက်ရာ အမေရိကန်ကို သွားဖို့ ဖင်တကြွကြွလုပ်နေရာမှ မသွားရတော့ပဲ UNနှင့် မအလအား စိတ်ဆိုးကာ ရှက်ရှက်ဖြင့် အိမ်ပြန်အိပ်နေရသည်။ 


နေရာမြဲသွားသည့် NUG သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် UN၏ ပထမဆုံးအစည်းအဝေး၌ စကားပြောခွင့်မရသော်လည်း နောက်ထပ်ကျင်းပသော အစည်းအဝေးမှန်သမျှတို့၌ မအလတို့ ကျုးလွန်ခဲ့သည့် ရာဇဝတ်မူ့တစ်ခု့ခြင်းစီကို အထောက်အထားခိုင်လုံစွာနှင့် တောက်လျှောက်ဖွင့်ချပြီး မိန့်ခွန်းပြော တင်ပြနေသည်။ 


မအလ၏ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်သည် အစောပိုင်းက အလန့်တကြား  ပြင်းထန်စွာကန့်ကွက်ကြောင်းစာထုတ်ပြန်ခဲ့သော်လည်း မည်သည့်အဖွဲ့အစည်းကမျှ စောက်ရေးပြန်မလုပ်သည့်အဖြစ်ကို တွေ့ရသောအခါဝမ်းနည်းကြေကွဲစွာ ခံစားရ၏။ 


ထို့အပြင် NUG သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ များပြားလှသော အစည်းအဝေးများကြောင့်  ဝဏ္ဏမောင်လွင်သည် ကန့်ကွက်စာများ ဆက်မထုတ်နိုင်တော့ပဲ ငုတ်တုတ် ထိုင်ကြည့်ကာ လက်မှိုင်ချသွားတော့သည်။ မအလသည် ထိုဖြစ်ရပ်အတွက် မချိတင်ကဲ ဒေါသထွက်ကာ "so what "ဟု့ အချိန်ရတိုင်း ပြောနေလေ၏။ စပစတစ်ဖွဲ့လုံးမကျေမနပ်ဖြင့် ယူကြုံးမရ စိတ်ဆင်းရဲနေလေသည်။


နောက်ဆုံး မအလတို့ မည်သို့ တပ်ပျက်နေသလဲ ဆိုသည်မှာစပစဥက္ကဌမင်းဟောင်လှိုင်က ကုလသမဂ္ဂအဖွဲ့ကြီးနှင့် လက်တွဲဆောင်ရွက်မည်ဟု့  (၇၆)ကြိမ်မြောက် ကုလသမဂ္ဂနေ့၌ ကုသမဂ္ဂသို့  သဝဏ်လွှာ ပို့၏။ သူ၏

ဒပဲ့ ဝဏ္ဏမောင်လွင်က ကုလမြန်မာအထူးကိုယ်စားလှယ်တင်သွင်းသောအစီအရင်ခံစာအား သဘောမတူပဲ ပြင်းထန်စွာကန့်ကွက်သည် ဟူ၏။

 

ခေတ်အဆက်ဆက် ကုလစင်မြင့်အထက်သို့ တက်ကာ မဟုတ်မမှန် ပြောခဲ့ကြားခဲ့သည့် ဝဋ်ကြွေးကို ယ္ခုအခါ

 မအလတို့ အတိုးရော အရင်းပါ ပေါင်းပြီး ပြန်ခံစားနေရသည်။ ထိုသို့ မအလတို့တစ်သိုက် စိတ်ဆင်းရဲကြီးစွာ ခံစားနေရသည်ကို မြင်ခွင့်ရခြင်းသည် ကျွန်ုပ်တို့ ပြည်သူမျာအတွက် နှစ်ထောင်းအားရ ဝမ်းသာစရာဖြစ်၏။ တန်ဖိုးရှိလှ၏။ကမ္ဘာနိုင်ငံများတွင် မြင်ရခဲလှ၏။ ဤသည်ကား ပြည်သူအောင်ပွဲဖြစ်ပေသည်တကား။


ပြည်သူအောင်ပွဲ (၁)အတွက်စွမ်းဆောင် တိုက်ပွဲဝင်ပေးသူ ဦးကျော်မိုးထွန်း ကျန်းမာချမ်းသာပါစေဗျားး


ချစ်ကိုကြီး

ဆက်ဖတ်ရန် →