နောက်ဆုံးရ
ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) ဖြင့် ထပ်တိုး အမှုဖွင့်

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) ဖြင့် ထပ်တိုး အမှုဖွင့်

Myanmar now

အမှု ၂ ခု ရင်ဆိုင်နေရသည့် ဘာသာရေးခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို အာဏာသိမ်း စစ်တပ်ကထောင် ၃ နှစ်မှ ၇ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မတပ်ပြီး အမှုထပ်ဖွင့်လိုက်သည်။ 



အာဏာမသိမ်းမီ နှစ်လအလိုက မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်နှင့် စစ်ဗိုလ်ချုပ်များ တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ - KBC)

စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) ဖြင့် ထပ်တိုး အမှုဖွင့်ထားကြောင်း

၎င်း၏ရှေ့နေနှင့် မိသားစုထံမှ သိရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူရန် ခရီးထွက်လာသည့် သူ့ကို စစ်ကောင်စီတပ်က မန္တလေးလေဆိပ်တွင် ဖမ်းဆီးခဲ့သည်။


ထို့နောက် ၎င်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ချုပ်နှောင် စစ်ဆေးခဲ့ပြီးနောက် ဇန်နဝါရီ ၁၁ တွင် ဗိုလ်မှူးသူအောင်ဇော် ဆိုသူက မြစ်ကြီးနားရဲစခန်းတွင် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)၊ ရာဇသတ်ကြီးဥပဒေပါ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က) တို့ဖြင့် အမှုဖွင့်ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၄ မြစ်ကြီးနားထောင်တွင်းတရားရုံးတွင် စစ်ဆေးစဉ် ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိ ချမှတ်နိုင်သည့်ပုဒ်မ ၅၂(က) ဖြင့်ပါ ထပ်မံအမှုဖွင့်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်ဟု ဆိုကာ ထိုသို့ အမှုထပ်တိုးခြင်း ဖြစ်ကြောင်း ၎င်း၏ တရားလွှတ်တော်ရှေ့နေ ဒေါ်ဒေါင်နန်က ပြောသည်။

“သူတို့က NUG သမ္မတ ဦးလရှီးလရော ပြီးတော့ သယံဇာတဝန်ကြီးဖြစ်တဲ့ ဦးတူးခေါင်ရော၊ ပညာရေးဝန်ကြီးဖြစ်တဲ့ ဆရာမဂျာထွယ်ပန် ဒီသုံးဦးနဲ့ လိုင်ဇာမှာ သွားတွေ့တဲ့အတွက်ကြောင့်လို့တော့ ပြောပြတယ်” ဟု ရှေ့နေကဆိုသည်။

ပုဒ်မ ၅၂(က) ကို ယမန်နေ့က တရားစွဲတင်ခဲ့ခြင်းဖြစ်ပြီး ယခင်ပုဒ်မနှစ်ခုမှာ စွဲချက်တင်ရန် လျှောက်လဲချက်အဆင့်ကို ရောက်ရှိကာ ထိုပုဒ်မအတွက် လာမည့် ဖေဖော်ဝါရီ ၂၁ ရက်တွင် ရုံးချိန်းထပ်မံချိန်းဆိုထားသည်ဟု ဒေါ်ဒေါင်နန်က ဆိုသည်။


လာမည့်ရုံးချိန်းတွင် ပုဒ်မ ၅၂(က) အမှုအတွက် တရားလိုနှင့် လိုပြသက်သေကို စတင်စစ်ဆေးမည်ဖြစ်ကြောင်းအထက်ပါ ရှေ့နေက ပြောသည်။


ဒေါက်တာခလမ်ဆမ်ဆွန်ကို အမှုဖွင့်ခြင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ဌာနချုပ်တည်ရှိရာ တရုတ်နယ်စပ်မြို့ လိုင်ဇာကို သွားရောက်ခဲ့ခြင်းကြောင့် ဖြစ်သည်ဆိုပါက အဓိပ္ပာယ်မရှိကြောင်း ၎င်း၏ မိသားစုကအစဉ်တစိုက်ပြောသည်။

၎င်း၏ဖခင်သည် ခရစ်ယာန်သိက္ခာတော်ရ ဆရာတော်တစ်ပါးဖြစ်သည့်အပြင် KBC အဖွဲ့၏ တာဝန်ရှိသူဖြစ်ရာအသင်းသူ၊ အသင်းသားများရှိသည့် မည်သည့်နေရာကိုမဆို သွားလာရသည့်အတွက် ၎င်းတွင် အပြစ်မရှိကြောင်းမိသားစုဝင် အမျိုးသမီးတစ်ဦးက  ပြောသည်။


ဒေါက်တာခလမ်ဆမ်ဆွန်က ဆုတောင်းမေတ္တာ ပို့ပေးရန် မိသားစုကို မှာကြားလိုက်ကြောင်း၊ ယနေ့အထိ မိသားစုနှင့် မတွေ့ရသေးကြောင်း မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန် KBC ဥက္ကဋ္ဌတာဝန်ယူထားစဉ် ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များကို စစ်တပ်က ညှဉ်းပန်းနှိပ်စက်နေကြောင်း ပြောဆိုခဲ့သည်။


ထိုသို့ ပြောဆိုပြီးနောက် ဒေါက်တာခလမ်ဆမ်ဆွန်ကို အရေးယူပေးရန် စစ်တပ်က မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့သည်။

သို့သော် သုံးရက်အကြာတွင် အမှုကို ပြန်လည်ရုပ်သိမ်းပြီးနောက် ကချင်ဘာသာရေးခေါင်းဆောင်ကို မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဖိတ်ခေါ်တွေ့ဆုံခဲ့သည်။

ထို့ပြင် တစ်နှစ်ခန့်အကြာ ၂၀၂၀ ဒီဇင်ဘာတွင် မြစ်ကြီးနားရောက်လာသည့် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဖိတ်ခေါ်ကာ တကူးတက တွေ့ဆုံခဲ့သည်။


ဆက်ဖတ်ရန် →
အမေရိကန် သည် အချက် သုံးချက် ကို အခြေခံပြီး ကြိုးပမ်းသွားမည်

အမေရိကန် သည် အချက် သုံးချက် ကို အခြေခံပြီး ကြိုးပမ်းသွားမည်

လှစိုးဝေ


ဒဲရက် ရှိုလက် - နောက်နှစ် ဒီအချိန် မြန်မာပြည် ဒီမိုကရေစီ ရှေ့ဆက် ဘယ်လို ဖေါ်ဆောင်သွားဖို့သာ ပြောဆိုဆွေးနွေးဖို့ ရှိတော့ ဟု ဆို

********************


ဧရာဝတီ နှင့် တွေ့ဆုံ မေးမြန်းခန်း မှ ကောက်နှုတ်တင်ပြထားပါသည်။


Q - မြန်မာ စစ်တပ်၏ အရေးပေါ် အခြေ အနေ သက်တမ်း တိုးမှု


စစ်တပ် သည် အာဏာသိမ်းပြီးကတည်းက ဆက်၍ အုပ်ချုပ်သွားနိုင်မည့် နည်းလမ်း အမျိုးမျိုးကို ရှာဖွေလာမှုများထဲ မှ တခုသာ ဖြစ်။ မိမိတို့ အနေဖြင့် မည်သို့သော ရွေးကောက်ပွဲမျိုး မဆို တရားမဝင်၊ အတု အယောင်သာဖြစ်ကြောင်း လက်ခံထားပြီးသား ဖြစ်။


မိမိအနေဖြင့် ထိုသို့ နည်းလမ်းများ ရှာဖွေနေမည့်အစား မြန်မာ ပြည်အား ဒီမိုကရေစီ ပြန်လည် ကျင့်သုံးရန်အဓိပ္ပါယ် ပြည့်ဝသည့် ဆွေးနွေးမှုများ ဆီ သို့ ဦးတည်ရန် တောင်းဆို။


Q - အရပ်သား ပြည်သူများ အပေါ် လေကြောင်းမှ တိုက်ခိုက်နေမှုများ အား ဟန့်တားရန် မည်သို့သော ဖိအားပေးမှုမျိုး လိုအပ်နေသနည်း။


စစ်တပ်၏ ထိုသို့သော လုပ်ရပ်များသည် နှစ် နှစ် အတွင်း တိုး၍သာ လာနေသော်လည်း ထိုအတွက်ကြောင့်ပင်မြန်မာပြည်သူတို့၏ ၎င်းတို့အပေါ် ဆန့်ကျင်တွန်းလှန်လိုစိတ် များ ခိုင်မာသည်ထက် ခိုင်မာလာနေမှု နှင့် ရင်ဆိုင်လာရ။


အမေရိကန် အနေဖြင့် မဟာမိတ်များ နှင့် လက်တွဲကာ စစ်အာဏာသိမ်း အဖွဲ့၏ ဝင်ငွေရရာ ရကြောင်း နှင့်လက်နက်များ ရနေမှု ခက်ခဲသည်ထက် ခက်ခဲအောင် ဆောင်ရွက်လျက် ရှိ။ သို့သော်လည်း လုံခြုံရေး ကောင်စီအဖွဲ့ဝင် အချို့ကြောင့် လက်နက် ပိတ်ဆို့မှု အောင်မြင်ရန် အလားအလာ လောလောဆယ် မတွေ့ရသေး။


စစ်အာဏာသိမ်း အဖွဲ့ နှင့် ဆက်ဆံလိုစိတ် ရှိနေသေးသည့် နိုင်ငံများပင် ခြေလှမ်းများ တုန့်သွားသည်ကို တွေ့လာရကြောင်း၊ ရုရှားသည်သာ နှစ်ဆတိုး၍ ဆက်ဆံလာကြောင်း၊ သို့သော် ရုရှား၏ ယူကရိန်းအား ကျုးကျော်မှု နှင့်မြန်မာ စစ်တပ်၏ ပြည်သူ များ အပေါ် ပြုကျင့်နေမှုများ ကြောင့် ၎င်းတို့ အသိုက်အဝန်းသည် ပို၍ပင် ကျဉ်းမြောင်းလာနေပြီ ဖြစ်ကြောင်း။


ဇန်နဝါရီ ၃၁ ရက်နေ့တွင် ၎င်းတို့ လက်နက်များ ဝယ်ယူရေး ပို၍ ခက်ခဲအောင် မိမိတို့ မှ မဟာမိတ် များ၊ အကျိုးတူနိုင်ငံများ နှင့် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ ထိုဆောင်ရွက်မှုများကို လာမည့် လများ အတွင်း တိုး၍ လုပ်ဆောင်သွားမည် ဖြစ်သည့်အတွက် စစ်အာဏာသိမ်း အဖွဲ့ အဖို့ ထိုသို့ တိုက်ခိုက်နိုင်စွမ်း နှင့် လိုအပ်သည့် အပို ပစ္စည်းများရရှိဖို့ ပို၍ ခက်ခဲလာတော့မည် ဖြစ်ကြောင်း။


Q - အမေရိကန် မှ အာဆီယံ အဖွဲ့ အပေါ် တာဝန်များ ပုံချနေသည် ဆိုသော ဝေဖန်မှုများ အပေါ် မည်သို့ တုံ့ပြန်မည်နည်း။


အမေရိကန် သည် အချက် သုံးချက် ကို အခြေခံပြီး ကြိုးပမ်းသွားမည့် မူဝါဒ ကို အခိုင်အမာ ချမှတ်ထားပြီး ဖြစ်၊ပထမအချက်သည် အပြစ်ဒဏ်ခတ်သည့် အနေဖြင့် စစ်တပ်အား နိုင်ငံတကာ အသိုက်အဝန်းမှ ဖယ်ကျဉ်လာစေရန်ပြုလုပ်ပြီး ၎င်းတို့ အတွက် ဝင်ငွေများ နှင့် လက်နက်များ ရရာ ရကြောင်း ပို၍ ခက်ခဲလာစေရန် ဖြစ်။


ဒုတိယ အချက်သည် ပြည်တွင်းရှိ ဒီမိုကရေစီ အရေး ရုန်းကန်တိုက်ပွဲဝင်နေသည့် အဖွဲ့များကို ထောက်ခံသွားရန်ဖြစ်၊ ထို့အတွက် NUG, NUCC, EAO များ နှင့် PDF တပ်များ နှင့် အဓိက ထား ထိတွေ့ ဆောင်ရွက်သွားမည် ဖြစ်၊လက်ရှိလည်း ထိုသို့ လုပ်နေပြီ ဖြစ်။


မိမိကိုယ်တိုင် သူတို့ ဘာလိုအပ်နေလဲ သိနိုင်ဖို့ လူကိုယ်တိုင် ဖြစ်စေ၊ အွန်လိုင်းမှ ဖြစ်စေ တွေ့ဆုံ ဆွေးနွေးနေသည်မှာ ကာလကြာမြင့်နေပြီ ဖြစ်ကြောင်း၊ အကြံညဏ်ကောင်း များ ပေးနိုင်ရန် နှင့် မိမိတို့ တတ်နိုင်သည့်ဖက်မှ ကူညီပေးသွားနိုင်ရန် အတွက် ဖြစ်ကြောင်း၊


ထိုသို့ NUG ကို အားပေး ကူညီပေးနေမှုသည် အမေရိကန် တနိုင်ငံတည်း မဟုတ်ပဲ၊ ဒေသတွင်း ရှိ အခြားနိုင်ငံများနှင့် ပါ လက်တွဲ လုပ်ကိုင်နေကြောင်း၊


တတိယ အချက် သည် မြန်မာ ပြည်သူများအား လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ဆက်လက် ပေးသွားနိုင်ရေး ဖြစ်။ ယခု အချိန်အထိ အမေရိကန်သည် အများဆုံး ထည့်ဝင် ကူညီနေသော နိုင်ငံ အဖြစ် ရှိနေကြောင်း၊ ဆက်ပြီး လိုအပ်နေသူများထံ ထိထိရောက်ရောက် နှင့် အပြည့်အဝ ကူညီသွားနိုင်ရန် နည်းလမ်းများရှာဖွေလျက် ရှိနေဆဲ ပင် ဖြစ်ကြောင်း။


ဤသည်ကိုလည်း မကြာမီ အတွင်း နှစ်ဆတိုး၍ ကြိုးပမ်းသွားမည် ဖြစ်ကြောင်း။


မိမိတို့ မူဝါဒ ၏ အခြေခံ အဖြစ် အာဆီယံ ပါတနာ များ နှင့် အတူ အထူး ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ဤသည်က မိမိတို့ လုပ်စရာ ရှိသည်များကို အာဆီယံအား ပုံအပ်နေခြင်း မဟုတ်ကြောင်း၊ အာဆီယံသည် မြန်မာ၏အနာဂတ်၊ တည်ငြိမ်မှု ရှိရေး နှင့် ဒီမိုကရေစီ အရေးတို့ နှင့် ဆက်စပ်ပြီး အကျိုးစီးပွားများ ရှိလာနိုင်သည့် နိုင်ငံများသာ ဖြစ်ကြောင်း။


အရှေ့တောင်အာရှ သည်လည်း အမေရိကန် ၏ မဟာဗျုဟာ အကျိုးစီးပွား အတွက် များစွာ အလေးထားရမည့်ဒေသ ဖြစ်၍ မြန်မာအားလည်း အမေရိကန် က ထိုအတိုင်းပင် သဘောထားကြောင်း၊ အရှေ့တောင် အာရှ နှင့် အာဆီယံ နိုင်ငံများ ၎င်းတို့ရှိ စွမ်းအား များ အပြည့်အဝ ထုတ်သုံး နိုင်သည့် အဆင့်ရောက်ဖို့ တည်ငြိမ်မှု ရရှိရေးအတွက် မြန်မာ သည် အရေးပါနေကြောင်း၊ ထို့အတွက် အာဆီယံ နှင့် ပူးတွဲ ဆောင်ရွက်နိုင်မှု အပေါ် လွန်စွာ တန်ဖိုးထားကြောင်း။


ပြီးခဲ့သည့် နှစ် အတွင်း စစ်အာဏာသိမ်း အဖွဲ့ တရားဝင် အဖြစ် ရပ်တည်နိုင်‌ရေး ခက်ခဲလာအောင်နှင့် နိုင်ငံတကာမှအသိအမှတ် ပြု မခံရရေး အတွက် အာဆီယံ ၏ ဆောင်ရွက်ခဲ့မှုများ အပေါ် လွန်စွာ အားရမိကြောင်း၊


မကြာမီက မိမိရဲ့ လုပ်ဖေါ်ကိုင်ဖက် အာရှ-ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဒန်နီရယ် ခရစ်တင်ဘရင့် ဝါရှင်တန် က NUG ရုံးကို သွားခဲ့ပြီး ဖြစ်ကြောင်း၊ ကိုယ်တိုင်လည်း မကြာမီ သွားဖို့ ရှိပြီး ဘယ်လို အကောင်းဆုံး အကူအညီတွေ ပေးလို့ ရမယ် ဆိုတာ သိရအောင် စနည်းနာဖို့ ရှိနေကြောင်း။


ကုလ အထူး သံတမန်၊ မြန်မာ ဆိုင်ရာ လူ့အခွင့်အရေး အထူး သံတမန် တွေနဲ့ လည်း မိမိ ကိုယ်တိုင် အနီးကပ် ထိတွေ့ ဆက်ဆံမှု များ ရှိနေကြောင်း သူတို့အားလုံးလည်း မြန်မာပြည် နဲ့ ပတ်သက်ပြီး အတော် ပြင်းထန်တဲ့ ကျေညာချက် တွေ အပြင် အရေးပါတဲ့ အစီရင်ခံစာတွေလည်း ထုတ်ပြန်ခဲ့ကြကြောင်း။


ပြီးခဲ့တဲ့ ကုလ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် မှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေမှုများကို ရှုတ်ချကြောင်း ပါရှိလာခဲ့တာ ဟာ ဆိုရင် ကမ္ဘာကြီး အနေနဲ့ ဒီပြဿနာ အပေါ် အလေးအနက် ထားလာပြီ ဆိုတာ ပြဆိုနေကြောင်း။


Q - အမေရိကန် အနေနဲ့ အရပ်သား တွေ ကို အကာအကွယ် ပေးနိုင်အောင် ပိုပြီး လုပ်နိုင်မလား။


မကြာမီက ကွန်ဂရက် မှ ပါတီကြီး နှစ်ပါတီ စလုံးရဲ့ အတူ ညှိနှိုင်းပြီး ချမှတ်ခဲ့တဲ့ BURMA ACT ကို မိမိတို့အပြည့်အဝ ထောက်ခံကြောင်း၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ အနာဂတ် ကို ဖေါ်ဆောင်နိုင်ဖို့ အရေးပါတဲ့ new tools တွေ ကျွန်တော်တို့ ပေးနိုင်တော့မှာ ဖြစ်ကြောင်း။


မြန်မာပြည်သည် ၂၀၂၁ ဇန်နဝါရီ ၃၁ ရက် နေ့ကနဲ့ မတူတော့မည့် ဒီမိုကရေစီ အသစ်၊ နိုင်ငံ အသစ် အဖြစ် ထွက်ပေါ်လာတော့မည် ဖြစ်သည်ကို မိမိတို့ သိရှိထားကြောင်း။


Q - BURMA ACT ရဲ့ လက်ရှိ အကောင်အထည် ဖေါ်မှု အနေအထား။


BURMA ACT မှာ ပါတဲ့ အစိတ်အပိုင်း အတော်များများကို စတင် အကောင်အထည် ဖေါ်နေပြီ ဖြစ်ကြောင်း၊ အချို့အပိုင်းတွေ အကောင်အထည် ဖေါ်ဖို့က အချိန်ယူရမှာ ဖြစ်ကြောင်း။ မြန်မာပြည် အရေး ကို ပါတီကြီး နှစ်ပါတီစလုံးက တာဝန်ယူ ဆောင်ရွက်သွားမည် ဆိုတဲ့ သင်္ကေတ အမှတ်လက္ခဏာ အဖြစ် ယူဆနိုင်၍ လွန်စွာ အရေးပါကြောင်း။


ဆင်းရဲကြပ်တည်းမှု ပေါင်း များစွာ နဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ မြန်မာ ပြည်သူ တွေ အား ကူညီ ထိုက်ကြောင်း၊ ပြဿနာ စလာကတည်းက မိမိတို့ ကူညီပေးလာခဲ့ကြောင်း၊


နောက်တကြိမ် အခုလို အချိန်မှာ ပြန်ဆုံခဲ့ရင် စစ်အာဏာသိမ်း အဖွဲ့ ရဲ့ ပြည်သူတွေ အပေါ် ကျုးလွန်နေမှု များကိုထပ်ပြီး ဆွေးနွေးစရာ မလိုတော့ပဲ မြန်မာ ရောက်ရှိနေပြီ ဖြစ်တဲ့ ဒီမိုကရေစီ လမ်းကြောင်း နဲ့ ပတ်သက်ပြီးသာဆွေးနွေးဖို့ လိုတော့ကြောင်း။


Q - အခုလို အနေအထား မှာ ဘာလို အကောင်းမြင် နေရတာလဲ


ဒါကလည်း မိမိ အလုပ်ရဲ့ တစိတ်တဒေသ ဖြစ်နေလို့ပါပဲ။


မြန်မာ ပြည်သူတွေ ရဲ့ ခေါင်းထောင် ထလာနိုင်မှု နဲ့ အင်အား ကို စစ်အာဏာသိမ်း အဖွဲ့ တအံ့တဩ ဖြစ်သွားရကြောင်း၊ ၎င်းတို့ အနေနဲ့ အာဏာသိမ်း ပြီး နှစ် နှစ် အကြာတွင် အခုလို အနေအထား မျိုး သွားနေရလိမ့်မယ်လို့မျှော်လင့် မထားကြကြောင်း၊ ဒီအချက်ကပင် ကျွန်တော်အနေနဲ့ မျှော်လင့်ချက် နဲ့ အကောင်းဖက် က ရှုမြင်လာတာဖြစ်ကြောင်း။


NUG နဲ့ အခြား ဒီမိုကရေစီ အင်အားစုတွေ နှစ် နှစ် အတွင်း လုပ်ကိုင်ခဲ့တာတွေ ကြည့်ပြီးလည်း အားတက်လာရကြောင်း


ရှေ့လျောက်လည်း အခက်အခဲများစွာ ရင်ဆိုင်လာရမည့် နေတွေ ရှိနေကြောင်း၊  စစ်တပ်မှ လေကြောင်း တိုက်ခိုက်မှု များ ဆက်ရှိနေဦးမည် ဖြစ်သော်လည်း ရပ်တန့်သွားဖို့ မိမိတို့ အစွမ်းကုန် ကြိုးပမ်းနေကြောင်း၊ ၎င်းတို့ အတွက်တဖက်က ရနေတဲ့ အရင်းအမြစ်တွေ၊ လက်နက်တွေ ကို ဖြတ်တောက်နိုင်ဖို့ နဲ့ ခုခံ တွန်းလှန်နေသူတွေ အင်အားခိုင်မာလာအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးပမ်းပေးသွားမှာ ဖြစ်ကြောင်း၊


Q - ထိုင်း အနေနဲ့ ဒီထက်ပိုပြီး လုပ်လာနိုင်မလား


 ဒီကိစ္စကို ထိုင်းက ပါတနာ တွေနဲ့ ကျွန်တော် ကိုယ်တိုင် ဦးဆောင် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း၊ ထိုင်းသည် အမေရိကန်၏ အဓိက ကျတဲ့ မဟာမိတ် နိုင်ငံ ဖြစ်နေပြီး ကျွန်တော်တို့နဲ့ လုံခြုံရေး ဆိုင်ရာ စာချုပ်စာတမ်း များ ရှိနေကြောင်း၊ မြန်မာ နဲ့ နယ်စပ်ချင်း ရှည်လျားစွာ ထိစပ်နေတဲ့ အတွက် ထိုင်း ရဲ့ လုံခြုံရေး အတွက် လွန်စွာ အရေးပါနေကြောင်း၊ ဒီအတွက် သူတို့ နဲ့ အနီးကပ် ပူးပေါင်း လုပ်ကိုင်နေကြောင်း။


(အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ၏ အထက်တန်း အကြံပေးဒဲရက် ရှိုလက် သည် ယခုအခါ ဘင်္ဂလားဒေ့ရှ် သို့ရောက်ရှိနေပြီး BURMA ACT ကြောင့် ဘင်္ဂလားဒေ့ရှ် အတွက် ထိခိုက်နိုင်စရာ မရှိဟု အာမခံ သွားကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ ၏ BSS သတင်းတွင် ဖေါ်ပြထားသည်)


ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!




ဆက်ဖတ်ရန် →