နောက်ဆုံးရ
NLD နာယက ဦးတင်ဦးကို စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် သွားရောက်တွေ့ဆုံ

NLD နာယက ဦးတင်ဦးကို စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် သွားရောက်တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နာယက သူရဦးတင်ဦးကို  စစ်ကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်က ဒီကနေ့ဒီဇင်ဘာ၁၉ရက် မနက်ပိုင်းက လာရောက်တွေ့ဆုံတယ်လို့ ဦးတင်ဦးနဲ့ နီးစပ်သူအချို့ဆီကသိရပါတယ်။ ဗဟန်းမြို့နယ်က ဦးတင်ဦးနေအိမ်ကို ဒီကနေ့ မနက် ၉နာရီကျော်က လာရောက် တွေ့ဆုံတာဖြစ်ပြီး ကျန်းမာရေး အခြေအနေနဲ့ မဟာစည်ဘုန်းကြီးကျောင်းမှာအတူတူတရားထိုင်ခဲ့တဲ့ အတွေ့အကြုံတွေကိုဆွေးနွေးပြောကြားကြတယ်လို့ ဆိုပါတယ်။ 

လူမှုကွန်ရက်မှာ ထွက်ပေါ်နေတဲ့ ဓာတ်ပုံမှာတော့ ဦးတင်ဦးကစာတစ်စောင်ကိုဖတ်နေတာတွေ့ရသလိုပင်နီအင်္ကျီကိုဝတ်ဆင်ကာ တွေ့ဆုံခဲ့တာတွေ့ရပါတယ်။

'' ဂါရဝပြုတာပေါ့။ကျန်းမာရေး‌အခြေအနေမေးတယ်။ ပြီးတော့ မဟာစည်မှာတရားထိုင်ခဲ့တဲ့ အကြောင်းတွေပြောကြတယ်။ နိုင်ငံရေးအကြောင်းမပါပါဘူး။ ၁၀မိနစ် ၁၅မိနစ်လောက်ပဲကြာပါတယ်''လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။ 

အခုတွေ့ဆုံမှုမတိုင်ခင်ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ဦးတင်ဦးဆီကို မန်းငြိမ်းမောင်က လွတ်လပ်ရေးနေ့အခမ်းအနားဖိတ်ဖို့ သွားရောက်မယ်လို့ သတင်းတွေထွက်ခဲ့တာပါ။ ဒါပေမဲ့ နီးစပ်သူတွေကတော့လွတ်လပ်ရေးနေ့ဖိတ်တာမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီခေါင်းဆောင်တွေကို စစ်ကောင်စီက ဖမ်းဆီးထားပြီး နာယက ဖြစ်သူကို တွေ့ခဲ့တဲ့ စစ်ကောင်စီအဖွဲ့ဝင်ဟာ ၂၀၂၃ မှာ စစ်ကောင်စီကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲ နဲ့ပတ်သက်ပြီး ပြောဆိုဖို့ ဖြစ်နိုင်တယ်ဆိုတဲ့ နိုင်ငံရေးအကဲခတ်တွေရဲ့ သုံးသပ်ချက်တွေလည်းရှိနေပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ရက်ကလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပါတီရဲ့နာယကလည်းဖြစ်၊ ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်တဲ့ သူရဦးတင်ဦးကို ဗဟန်းက ဦးတင်ဦးရဲ့နေအိမ်မှာတွေ့ဆုံခဲ့ပါသေးတယ်။ စစ်ကောင်စီဥက္ကဋ္ဌ တွေ့ဆုံမှု တစ်နှစ်ပြည့်ချိန် အခုနှစ်ဒီဇင်ဘာလ မှာ သူ့ရဲ့ ကောင်စီဝင်တစ်ဦးက သွားရောက်တွေ့ဆုံတာလည်းဖြစ်ပါတယ်။ 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းဖြစ်တဲ့ သူရဦးတင်ဦးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ပါတီကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဓာတ်ပုံ - MeKong News - မဲခေါင်သတင်း 



ဆက်ဖတ်ရန် →

VAKOK -CNDF တပ်ဖွဲ့ကို US Army မှ သင်တန်းဆရာတွေရဲ့ အထူးကြပ်မတ်မှုဖြင့် အပြင်းအထန် စစ်ရေးလေ့ကျင့် (ရုပ်/သံ)

ဗွီဒီယိုကြည့်ရန်ဒီမှာနှိပ်ပါ



ဧရာဝတီတိုင်းမ်

ဒီဇင်ဘာလ ၁၉ ရက် 


စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်အခြေစိုက်ဖြစ်သည့် VAKOK  CNDF က ရဲဘော်တွေကို US Army မှ သင်တန်းဆရာတွေရဲ့ အထူးကြပ်မတ်မှုဖြင့် အပြင်းအထန် စစ်ရေးလေ့ကျင့်နေကြောင်းကို VAKOK  CNDF တပ်ဖွဲ့ထံက ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က သတင်းထုတ်ပြန်သည်။


အဆိုပါ VAKOK -CNDF တပ်ဖွဲ့သည် မြို့တွင်းတိုက်ပွဲ၊ အနီးကပ်ခြေမှုန်းရေး၊ တန်ပြန်ထိုးစစ်ခြေမှုန်း တိုက်ခိုက်ရေးတို့အတွက် အပြင်းအထန် စစ်ရေးလေ့ကျင့်နေကာ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးသည်နှင့် တပြိုင်နက် စစ်ရေးလှုပ်ရှားရာဒေသ ကလေးမြို့တွင်းနဲ့ တောင်ပိုင်းဒေသတို့မှာ တိုက်ပွဲတွေဖော်ဆောင်သွားမယ်လို့ အသိပေးထုတ်ပြန်ထားသည်။


ဒါ့ပြင် VAKOK - CNDF တပ်ဖွဲ့အနေဖြင့် တိုက်ပွဲများဖော်ဆောင်ရန်အတွက် လက်နက်ခဲယမ်း လိုအပ်မှုမှာလည်းရှိနေသည့်တွက် ပြည်တွင်း၊ ပြည်ပ ညီအစ်ကိုမောင်နှမများမှလည်း စစ်အာဏာရှင် အမြစ်ပြတ်တိုက်ခိုက်ပြီး၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်  VAKOK - CNDF တပ်ရင်းအား ဆက်လက်အားဖြည့်ကူညီပေးကြရန်လည်း အကူအညီတောင်းခံထားကြောင်းသိရသည်။


ရုပ်သံ-VAKOK - CNDF

#Ayeyarwaddy_Times

ဆက်ဖတ်ရန် →
⏰ ၁၉-၁၂-၂၀၂၂ သတင်းများ

⏰ ၁၉-၁၂-၂၀၂၂ သတင်းများ

📬 ယနေ့ကြေးနန်း 📭
⏰ ၁၉-၁၂-၂၀၂၂
......................................
သတင်းပိတ်-7:30 pm
တင်-8:30 pm 
........................................      

🛑 မြင်းခြံခရိုင် 
************
♦ယနေ့ထူးခြားမှု မရှိ 

🎯 တိုက်ပွဲ၊ EAOs & PDF
********************  
♦အင်းတော်တွင် စစ်တပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲတို့ တိုက်ပွဲဖြစ်ပြီး စစ် သား ၄၀ နီး ပါး ဒဏ်ရာရ သေ
♦မနေ့က ဆားလင်းကြီးတွင် ဘီယာဆိုင်လာသည့် ရဲများကို ပစ်ခတ်တိုက်ခိုက်မှု ဒုရဲအုပ် အပါအဝင် ရဲ ၄ ဦးသေ၊ လက်နက် ၃ လက်ရ
♦မနေ့ညက မြောင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုကို တပြိုင်တည်း ပစ်ခတ် တိုက်ခိုက် 
♦မတ္တရာတွင် စစ်တပ်ထောက်ပို့ယာဉ်တစ်စီးကို လက်နက်ခဲယမ်းများ ဖမ်းမိ
♦ မြိုင်တွင် ဈေးဝယ် ထွက်သည့် စစ်ကားကို  မိုင်း ၁၅ လုံးဖြင့် တိုက်ခိုက်မှု စခ နှင့် ပျူများ သေ ထိခိုက် ရှိ 
♦အမေရိကန် စစ်မှုထမ်းဟောင်း သင်တန်းဆရာများနှင့် အထူးတပ်ဖွဲ့သင်တန်း CNDF ပြုလုပ်
♦ဒီ- ၁၅ ရက်က ကန့်ဘလူတွင် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်
♦မှော်ဘီလေတပ်စခန်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရှော့တိုက် ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ 

🤡 စစ်ကောင်စီ
*************
😎ရုရှား-မြန်မာဆက်ဆံရေးအဖွဲ့ကို ဝန်ကြီးဌာနပုံစံဖွဲ့စည်းထားပြီး နူကလီးယား ဆိုင်ရာ ဌာနကြီး တစ်ခုကိုပါ ဖွဲ့စည်းထား၊ ၃ နှစ်မှ ၅ နှစ်အတွင်း စစ်ရေးဆိုင်ရာ နူကလီးယားနည်းပညာ ရရှိရေး မင်းအောင်လှိုင်မျှော်မှန်းထားဟုဆို
😎ဟိုပုံးမြို့နယ်၌ သေနတ်အလက် ၅၀၀ ခန့် သိမ်းဆည်းရမိဟု စစ်ကောင်စီထုတ်ပြန် 

😎 စစ်တပ်၏ မဲဝိုင်စခန်း တိုက်ခိုက်ခံနေရသဖြင့်   စစ်ကူသွားရန် အမိန့်  မနာခံ သည့် ခမရ ၄၀၅ တပ်ရင်းမှူးနှင့် အရာရှိ ၂ ဦးကို စစ်တပ်က ဖမ်းဆီး 

👹 စစ်အုပ်စုရဲ့ ယုတ်မာ ရမ်းကားရက်စက်မှု
*********************************
◾ရွှေဘိုတွင် စပါးရိတ်သိမ်းနေသည့် ဒေသခံပြည်သူ ဦးဖိုးသီတိုးကို စစ်တပ်က ပစ်သတ် 

🔲 မတရားဖမ်းဆီးထောင်ချ
**********************
◾ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာကို စစ်တပ်က ယမန်နေ့ ညပိုင်းတွင် စီးနင်း မီးရှို့နေ
◾ဝေါမြို့နယ်နဲ့ မွန်ပြည်နယ်၊ မုပ္ပလင်ကို ဆက်သွယ်ထားတဲ့ စစ်တောင်းတံတားနားက စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ လူငယ် နှစ်ယောက်ကို တားဆီး စစ်ဆေးချိန် ထွက်ပြေးတဲ့ အတွက် သေနတ်နဲ့ပစ်ဖမ်း၊ တယောက်ဖမ်းမိ၊ တယောက်လွတ်သွား
◾ခန္တီးမြို့က ရဲတပ်‌သားတဦးအား စစ်‌‌ကောင်‌စီ ဖမ်းဆီး
◾သရက်ချောင်းမြို့  ကျေးရွာ ၂ ရွာရှိ ရော်ဘာခြံအလုပ်သမားများကို စစ်ကောင်စီက လာရောက် ဖမ်းဆီးသွား 

💀 သာရေး 
************
♦ဒီဇင်ဘာ ၁၈ ရက်နေ့ တရက်တည်း  စစ်ခွေးဝဲစား ၃၆ ကောင်သေ 

🏃 စစ်ပြေး
**********
♦ခန္တီးမြို့နယ်၊ နန်စီပွန် ကျောက်စိမ်းမှော်အထက်ဆိပ် ရဲကင်း စခန်းမှ ရဲတပ်သား ၄ ဦး လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွား
♦ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရွှေဂူရွာတံတား၌ ဂိတ်စောင့် နေသည့် စစ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွား 

📜 သတိပေး
***********
♦ပန်းဆိုးတန်း-ဒလ ကူးသန်းနေသည့် ချယ်ရီ ကူးတို့ သင်္ဘောပေါ်၌ ဗုံးပေါက်ကွဲမှု ဖြစ်စဥ်သည် PDF ၏ လက်ချက်မဟုတ်ဘဲ  စစ်ကောင်စီ နှင့် ဒလန် များက PDF အယောင်ဆောင် ဖောက်ခွဲ ဖျက်ဆီးလာ  ဒလ PDF တပ်ဖွဲ့ က ယနေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန် 

🌐 နိုင်ငံတကာ 
************
♦မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ငွေကြေးဖောင်းပွမှုနှုန်းက ၂၀ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အခု ဒီဇင်ဘာလမှ ထုတ်ပြန်တဲ့ အာရှဒေသ စီးပွားရေး အလားအလာ အစီရင်ခံစာမှာဖော်ပြ 

📣စစ်ဘေးရှောင်
**************
♦အင်းတော်တွင် တိုက်ပွဲဖြစ်ပြီးနောက်  ကျေးရွာများကို စစ်တပ်က မီးတင်ရှို့၍ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးနေရ 
♦ခင်ဦးမြို့နယ်မှာ အာဏာသိမ်းအပြီး ၂ နှစ်နီးပါးကာလမှာ စစ်ကောင်စီက မီးရှို့ခဲ့တဲ့ကျေးရွာပေါင်း ၅၈ ရွာထဲမှာ ၂၇ ရွာက ပြည်သူပေါင်း ၆ သောင်းကျော် နေစရာအိမ် လိုအပ်နေ 

⭕ လူမှုစီးပွား
************
♦မြန်မာနိုင်ငံမှာ လက်ရှိ မြန်မာငွေ တန်ဖိုး တက်လာပေမယ့် အလှကုန်ပစ္စည်း အပါအဝင် စားသောက်ကုန် ဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေ
♦ကပ်ဘေးအလွန် တောင်ကိုရီးယားကို မြန်မာလုပ်သား ၇၀၀၀ ကျော်ရောက်ရှိထား၊  အာဏာသိမ်းပြီးနောက် ပြည်ပအလုပ်ထွက်ခွာမှုပိုများလာ  

🔲 အထွေထွေ
*************
♦NLD နာယက ဦးတင်ဦးကို စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် သွားရောက်တွေ့ဆုံ 
♦ခင်ရီ ၏ လုံခြုံရေးစီမံချက်အရ  ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများကို ကြံ့ဖွတ်ပါတီဝင်များဖြင့် စတင် အစားထိုးနေ ၊ မင်္ဂလာဒုံမြို့နယ်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ၁၄ ဦးကို ရာထူးမှ ထုတ်ပယ်
♦နွေဦးတက္ကသိုလ်နှင့် နယူးဇီလန်ရှိတက္ကသိုလ်တို့ သဘောတူစာချွန်လွှာရေးထိုး
♦တမူးမြို့နယ် အတွင်းရှိ NUG အစိုးရ လက်အောက်ခံ စာသင်ကျောင်းများ၌ ဒီဇင်ဘာလ အားကစားပြိုင်ပွဲများ ကျင်းပ
♦တော်လှန်ရေးအတွက် “Buddy ချီတက်၊ စစ်တပ်ပျက်” ရန်ပုံငွေကမ်ပိန်းမှ ကျပ်သိန်း ၁၁၀၀ ကျော် စံချိန်တင် ရရှိ
♦မလေးရှားနိုင်ငံ၊ ဘာတာဝပ်မြို့တွင် နွေဦးတော်လှန်ရေး ရန်ပုံဘောလုံးပြိုင်ပွဲပြုလုပ် ကျင်းပခဲ့ပြီး ငွေကျပ် သိန်း ၁၀၀ ဝန်းကျင်ရရှိထား
♦အမေရိကန်နိုင်ငံ၊  အော်ရီဂွန်ပြည်နယ် ပေါ်တလန်မြို့ Asian Family Center တွင်  “ မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ပြသ
♦ပြည်ပရောက် CDM ဆရာဝန်များကုသပေးမည့် နွေဦးတော်လှန်ရေး အွန်လိုင်းဆေးခန်းဖွင့်လှစ်
♦မြို့ပြတော်လှန်ရေးအင်အားစုများ ထောက်ပံ့နိုင်ရန် Milk Tea Alliance Yangon အစီအစဥ် ပြုလုပ်မည်
♦ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲ အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှု ရပ်နား
♦စစ်ကိုင်းတိုင်း ကလေးမြို့နယ်မြောက်ပိုင်း ရေဆန်ကျွန်းဘုရားတောင်ခြေရင်းမှာတည်ရှိတဲ့ ကျေးရွာ ၄ ရွာကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်သွား
♦လသာမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲ၌ ကျပ် သိန်း ၁၀၀ နီးပါး လုယက်ခံရ
♦တံတားဦးမြို့အနီး အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တခု ဒီဇင်ဘာ ၁၉  ရက်မနက်က ထပ်မံလှုပ်ခတ်
♦သီရိလင်္ကာ ပင်လယ်ရေပြင်ပိုင်နက်မှာ စက်လှေနဲ့အတူမျောပါနေတဲ့ မြန်မာဘက်က ထွက်လာသူ  ၁၀၄ ဦးကို မနေ့ ဒီဇင်ဘာလ ၁၈ ရက်မှာ ကယ်ဆယ်ခဲ့တယ်လို့ သီရိလင်္ကာရေတပ်က သတင်းထုတ်ပြ
😷 ဒီဇင်ဘာ ၁၈ ရက်နေ့က ကိုဗစ်ကူးစက်သူ ၄ ဦး‌တွေ့ ဟု စကစကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန် 

♦ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၂၆၁၄ ဦးနှင့် ဖမ်းဆီးချုပ်ခံရသူ ၁၆၅၆၃ ဦး ရှိဟု ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် AAPP ထုတ်ပြန်ထား 

🌍 ကမ္ဘာ့သတင်း
**************
🔹ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီလ်ရွှိုင်ဂူဟာ ရုရှားအစိုးရရဲ့ အထူးစစ်ဆင်ရေးမှာ ပါဝင်နေတဲ့ ယူကရိန်းနိုင်ငံထဲက တပ်ဖွဲ့တွေကို စစ်ဆေးခဲ့
🔹ရုရှားအသုံးပြုနေသည့် အီရန်လုပ် ဒရုန်းများကို တိုက်ခိုက်ရန် အသင့်ဟု ယူကရိန်းစစ်တပ် ပြော
🔹ယူကရိန်းပြည်သူ ၆ သန်းခန့်ကို ၂၄ နာရီအတွင်း လျှပ်စစ်မီးပြန်ပေးနိုင်ဟု ဇလန်းစကီးပြော 

🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ



ဆက်ဖတ်ရန် →

ဆားလင်းကြီးမှာ ဘီယာဆိုင်လာထိုင်တဲ့ ရဲငါးယောက်ကို တော်လှန်ရေးတပ်တွေ ဝင်ပစ်၊ ဒုရဲအုပ်အပါအဝင် လေးယောက်သေပြီး အူဇီသေနတ်သုံးလက်ရရှိ (ရုပ်သံ)

https://youtu.be/XLc02rxMP1o ကိုနှိပ်ပါ။

December 19

စစ်ကိုင်းတိုင်း ဆားလင်းကြီးနယ် မှာ ဘီယာဆိုင်လာထိုင်တဲ့ စစ်ကောင်စီလက်အောက်ခံ ရဲငါးယောက်ကို မနေ့က ပစ်ခတ်တိုက်ခိုက်မှုအတွင်း ဒုရဲအုပ်အပါအဝင် ရဲလေးယောက်သေကာ သေနတ်သုံးလက်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ချင်းတွင်းဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့က လူငယ့်ခေတ်ကို ပြောပါတယ်။

ဆက်ဖတ်ရန် →
 ၅ နှစ်အတွင်း စစ်ရေးဆိုင်ရာ နူကလီးယားနည်းပညာ ရရှိရေး မင်းအောင်လှိုင်မျှော်မှန်း

၅ နှစ်အတွင်း စစ်ရေးဆိုင်ရာ နူကလီးယားနည်းပညာ ရရှိရေး မင်းအောင်လှိုင်မျှော်မှန်း

ရုရှား-မြန်မာဆက်ဆံရေးအဖွဲ့ကို ဝန်ကြီးဌာနပုံစံဖွဲ့စည်းထားပြီး နူကလီးယား ဆိုင်ရာ ဌာနကြီး တစ်ခုကိုပါ ဖွဲ့စည်းထား၊ ၃ နှစ်မှ ၅ နှစ်အတွင်း စစ်ရေးဆိုင်ရာ နူကလီးယားနည်းပညာ ရရှိရေး မင်းအောင်လှိုင်မျှော်မှန်းထားဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး အရှိန်အဟုန်တိုးမြှင့် ပူးပေါင်းဆောင် ရွက်ရေးအတွက် စစ် ကောင်စီက စစ်ဘက်အရာရှိကြီးများ ဦးဆောင်ပါဝင်သောအဖွဲ့တစ်ခုကို  ဝန်ကြီး ဌာနပုံစံ ဖွဲ့စည်းထားပြီး ယင်းဝန်ကြီးဌာနအောက်တွင် ရုရှား-မြန်မာ နူကလီးယား နည်းပညာပူးပေါင်းမှု ဌာနကြီးတစ်ခုကိုပါ ဖွဲ့စည်းထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရပ်ကွက်ထံမှ သိရှိရသည်။ 

ရုရှားနိုင်ငံတွင်  စက်တင်ဘာလ ၇ ရက်နေ့ ကျင်းပခဲ့သည့် အရှေ့ဖျားစီးပွားရေး ဖိုရမ်(EEF)တွင် ရုရှားသမ္မတ ပူတင်နှင့် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးအတွက် ဝန်ကြီးဌာနပုံစံ အဖွဲ့များ ဖွဲ့စည်းခြင်း၊ နူကလီးယားနှင့်စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဌာနကြီးတစ်ခုကိုပါ တိုးချဲ့ ဖွဲ့စည်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။ 

"ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကို ဝန်ကြီးဌာနပုံစံမျိုးဖွဲ့စည်းထား ပါတယ်။  အဲဒီအထဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ ဗိုလ်ချုပ်ကြီး မြထွန်း ဦး၊ ဗိုလ်မှူး ချုပ် မြတ်မင်းဦးတို့လို့ ဗိုလ်ချုပ်တွေ ပါတယ်။ တိုက်ရိုက်ကတော့ တပ်ချုပ်က ကိုင်တာ။ အရပ်ဘက် ဝန်ကြီးဌာနတွေလည်းပါတယ်။ အဖွဲ့စုံပါ တယ်။ ဦးဆောင်တာက စစ်ဘက်က ဦးဆောင်တယ်။ အဲဒီမှာ ရုရှားပြန် မြန်မာ စစ်အရာရှိတွေ အားလုံးပါတယ်" ဟု  စစ်ဘက်သတင်းရပ်ကွက်က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ 

ရုရှား-မြန်မာဆက်ဆံရေးအဖွဲ့တွင်ပါဝင်သည့် ဗိုလ်မှူးချုပ် မြတ်မင်းဦးသည် နေပြည်တော် စစ်ရုံးချုပ် တပ်မ တော် (ကြည်း၊ရေ၊လေ)ကွန်ပျူတာဌာနမှူး ဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်းသည် ကာကွယ်ရေးပစ္စည်း ထုတ်လုပ် ရေး ညွှန်ကြားရေးမှူးရုံး အရာရှိချုပ်ဖြစ်ကာ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ကာကွယ်ရေးဝန်ကြီး ဖြစ်ကြောင်း သိရှိရသည်။ 

ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် နူကလီးယား စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည် ဆောက် ရေး၊ နူကလီးယား အချက် အလက် စင်တာ ရန်ကုန်တွင် ဖွင့်လှစ်ရေးကိုလည်း တိုက်ရိုက်ကိုင်တွယ်ပြီး အကောင်အထည်ဖော်မှုအနေဖြင့် နူးကလီးယားနည်းပညာဆိုင်ရာ ဌာနကြီးက ဆောင်ရွက်အကောင်အထည်ဖော်သည်ဟုဆိုသည်။ 

နိုဝင်ဘာလ ၂၂ ရက်နေ့  မြန်မာနိုင်ငံအတွက် နူကလီးယား စွမ်း အင် အားသုံး လျှပ်စစ် ဓာတ် အားပေး စက်ရုံ တည် ဆောက်ရန်  ရုရှားနှင့် မြန်မာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ပြီး နိုဝင်ဘာလ ၁၈ ရက်နေ့တွင်မူ ရန်ကုန်တွင် Nuclear Technology Information Center တည်ထောင်ရန် ရုရှား နိုင်ငံပိုင် အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM နှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဌာနတို ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြသည်။ 

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် စစ်ဘက်ဆိုင်ရာ နူကလီးယားနှင့် ပတ်သက်သော နည်းပညာ များ လက်တွေ့ အပြည့်အ၀ ရရှိရန် မျှော်မှန်းထားကြောင်း၊ အဓိကအားဖြင့် ငြိမ်းချမ်းသော ရည်ရွယ်ချက်ဟု အမည်တပ်ထားသော်လည်း စစ်ဘက်ဆိုင်ရာ နူကလီးယား  နည်းပညာများကို ရရှိရန် လိုလားနေကြောင်း သိရှိရသည်။ 

"တပ်ချုပ်ဘက်ကတော့ ၃ နှစ်ကနေ ၅ နှစ်အတွင်း စစ်ဘက်နဲ့ပတ်သက်တဲ့ နူကလီးယား နည်းပညာတွေ ရချင်တယ်။ ဒါတွေကို တတ်ကျွမ်းထားရမယ်။ ထုတ်လုပ်တာ မထုတ်လုပ်တာက တစ်ပိုင်း။ အဓိက စစ်ရေးနဲ့ပတ်သက်တဲ့ နည်းပညာတွေကို ရယူဖို့ကို သူက စိတ်အားထက်သန်နေတယ်" ဟု စစ်ဘက် သတင်းရင်းမြစ်က ပြောသည်။ 

ရုရှား-မြန်မာဆက်ဆံရေးအဖွဲ့သည် ရုရှားနိုင်ငံမှ နည်းပညာများရရှိရေးအတွက် ပညာတော်သင်စေလွှတ်ခြင်း၊ ရုရှားမှ ပညာရှင်များ မြန်မာနိုင်ငံတွင် လာ ရောက် ပညာသင်ကြားပို့ချခြင်း၊ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆောင်ရွက်နေသည်ဟု သိရှိရသည်။

ခေတ်သစ်မီယာ


ဆက်ဖတ်ရန် →
ကမ္ဘာဗလားကိုအသက်နဲ့လောင်းကြေးထပ်ခဲ့တဲ့စခ

ကမ္ဘာဗလားကိုအသက်နဲ့လောင်းကြေးထပ်ခဲ့တဲ့စခ

မြောင်တွင် စစ်အုပ်စု ကမ္ဘာ့ဖလားဗိုလ်လုပွဲကြည့်နေချိန် တပ်စွဲရာနေရာလေးခုကို ပစ်ခတ်တိုက်ခိုက်

အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်အုပ်စု ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကြည့်နေချိန် ရဲစခန်းအပါအဝင် စစ်အုပ်စုတပ်စွဲရာ နေရာ လေးခုကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ် MRAအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၈ ရက်) ည ၉ နာရီခွဲခန့်က မြောင်မြို့ပေါ်ရှိ စစ်ကောင်စီအုပ်စု တပ်စွဲရာ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာနှင့် စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်နေသည့် နေရာများသို့ MRAက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအား အားပေးနေကြမည့်အခြေအနေကို အခွင့်ကောင်းယူ၍  လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများ အထိအခိုက်အကျအဆုံး အများအပြားရှိသည်ဟု သိရပြီး အသေးစိတ်ထပ်မံစုံစမ်းနေကြောင်း MRA အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

"မြို့ထဲထိဝင်ပြီး အနီးကပ် ပစ်ခဲ့တာပါ။ အပြန်အလှန် ပစ်ခတ်ခဲ့တာ ၃၀မိနစ်ခန့် ကြာခဲ့ပါတယ်။ ဒီ Missionကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲရက်မှာ သေချာသတ်မှတ်ပြီး ကျွန်တော်တို့ Plan (အစီအစဥ်)တွေချခဲ့ပါတယ် ။ သေချာပေါက် ကြည့်နေတာပေါ့ဗျာ။အလစ်အငိုက်ပါပဲ။ နောင်လည်း ခုလို Mission(စစ်ဆင်​ရေး)တွေ လုပ်သွားအုံးမှာပါပဲ"ဟု ပြောသည်။

ထို့အပြင် ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း(၅)-MRA နှင့်မြောင်မြို့နယ် ပ.က.ဖ၊  မန္တလေးခရိုင်တပ်ရင်း(၆)-MNPDF၊ 
မုံရွာခရိုင်တပ်ရင်း(၁၂) တပ်ခွဲ(၃)၊ မြင်းခြံခရိုင်တပ်ရင်း(၆) တပ်ခွဲ(၁)-NYSGF၊
ဇာမဏီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် နီးစပ်ရာနေရာများသို့ သွားလာလှုပ်ရှားမှုများ မပြုလုပ်ကြရန်လည်း MRAက မေတ္တာရပ်ခံသည်။
People’s spring 

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် MRA ရဲဘော်များ)


ဆက်ဖတ်ရန် →