နောက်ဆုံးရ

ယူကရိန်းမှာ Starlink ဝန်ဆောင်မှု အခုရပါပြီ

​ယူကရိန်းဒုတိယဝန်ကြီးချုပ် မီခါလီယိုဖက်ဒိုရော့ဗ်က သူ့ရဲ့တွစ်တာအကောင့်မှာ စနေနေ့က '@elonmusk လို့ 

လိပ်မူပြီးတော့ .


"အီလွန်မတ်စ်ရေ မင်းက 

အင်္ဂါဂြိုဟ်ကို နယ်ချဲ့ဖို့ ကြိုးစားနေချိန်မှာ ရုရှားက ယူကရိန်းကိုသိမ်းပိုက်ဖို့ ကြိုးစားနေတယ်၊ မင်းရဲ့ဒုံးပျံတွေ အာကာသထဲကနေ မြေပြင်ပေါ် အောင်မြင်စွာ ပြန်ဆင်းသက်နိုင်ချိန်မှာ 

ရုရှားဒုံးကျည်တွေက ယူကရိန်းအရပ်သားတွေပေါ်ကိုကျရောက်နေတယ်၊ 

ယူကရိန်းအတွက် Starlink စခန်းတွေ ထောက်ပံ့ပေးခြင်းနဲ့  ရပ်တည်ပေးဖို့ တောင်းဆိုပါတယ်” လို့ 

ရေးခဲ့တယ်။


နာရီအတန်ကြာတဲ့နောက် 

ဖက်ဒိုရော့ဗ်ရဲ့ရေးသားမှုကို အီလွန်မတ်စ်ကိုယ်တိုင် တုံ့ပြန်ခဲ့ပါတယ် 


“ယူကရိန်းမှာ Starlink ဝန်ဆောင်မှု အခုရပါပြီ၊ နောက်ထပ် ကိရိယာတွေလည်း ပေးပို့ထားပါတယ်” တဲ့။


အီလွန်မတ်စ်ရဲ့ ပြန်ကြားမှုရရှိပြီးနောက် ယူကရိန်းအရာရှိနဲ့ ပြည်သူတွေက ကျေးဇူးတင်တယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်။


Starlink ဟာ 

အာကာသကုမ္ပဏီ SpaceX ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး 

ကမ္ဘာပတ်လမ်းအနိမ့်ပိုင်းမှာ ဂြိုဟ်တုအသေးစားလေးတွေ လွှတ်တင်လို့ ဘရော့ဘင်းအင်တာနက် ဝန်ဆောင်မှုပေးတာပါ။  

ရုရှားရဲ့ကျူးကျော်မှုနဲ့အတူ ယူကရိန်းမှာ အင်တာနက်ဆက်သွယ်မှုလည်း ထိခိုက်နေပါတယ်။ 

Starlink ဝန်ဆောင်မှုနဲ့ Receiver တွေသာ ရထားရင် ယူကရိန်း ဆက်သွယ်ရေးအခြေခံတွေ ပျက်သွားရင်တောင်မှ ယူကရိန်းတွေ အင်တာနက် ဆက်သုံးနိုင်မှာပါ။


ဒါနဲ့ အီလွန်မတ်စ်က မြန်မာပြည်ကိုကော သိလေမလား …?


Min Myat San



ဆက်ဖတ်ရန် →

စစ်တပ်လော်ဘီတွေရဲ့ တညီတညွတ်တည်းအသုံးပြုလာတဲ့ ဆိုက်ဝါး

​၈၈ တုန်းကလို ဖြစ်သွားတော့မှာလား


နွေဉီးတော်လှန်ရေးဟာ ဒီအတိုင်းပြီးသွားတော့မှာ။ ဟိုနားလေး ကွက်ဆူလိုက်၊ ဒီနားလေးဖောက်ခွဲလိုက်နဲ့ ပြီးသွားတော့မှာ။ ရပ်ကွက်အုပ်ရေးမှူးတွေ နည်းနည်းပါးပါးကို သတ်ပြလိုက်၊ ရဲတွေကိုသတ်ပြလိုက်၊ ဒလန်တွေကိုသတ်တယ်ပြောလိုက်နဲ့ ပြီးသွားတော့မှာ။ ဝန်ထမ်းတွေအလုပ်ပြုတ်၊လူငယ်တွေ ဘဝပျက်တာပဲ အဖတ်တင်တယ်။ နိုင်ငံရေးအမြတ်ထုတ်တဲ့သူတွေ ကောင်းစားသွား၊ အလှူခံသမားတွေ ချမ်းသာသွားပြီး စစ်ကောင်စီသာ အနိုင်ရသွားတော့မှာ ။


ဒါကတော့ စစ်တပ်လော်ဘီတွေရဲ့ တညီတညွတ်တည်းအသုံးပြုလာတဲ့ ဆိုက်ဝါးပါ။ အခုမှ သုံးလာတဲ့ဆိုက်ဝါးမဟုတ်ဘဲ (၄) လပိုင်း သင်္ကြန်ကာလမှာကတည်းက စတင်သုံးစွဲခဲ့တဲ့ဆိုက်ဝါး။ အဲဒီ့ဆိုက်ဝါးကြောင့် တချို့ CDM တွေ Non CDM ပြန်ဖြစ်သွားကြပါတယ်။


အခု ဒီဆိုက်ဝါးကို တစ်ကျော့ပြန် အရှိန်မြှင့်လာကြပြန်ပြီ။ အရှိန်မြှင့်တာ ဘယ်လိုလုပ်သိသလဲဆိုတော့ ကျွန်တော့်အကောင်ထဲကလူတွေ အယောက်(၂၀)မက လာမေးနေကြလို့ပါ။


ဒီတိုင်းပဲ ပြီးသွားတော့မှာလား။ ၈၈ တုန်းကလိုမျိုး ဖြစ်သွားမလား။ နိုင်ရော နိုင်ပါ့မလား စသဖြင့် လာမေးနေကြပါတယ်။ မအားလပ်တဲ့ကြားကလည်း ပြန်ဖြေပေးနေရပါတယ်။


စာအရှည်ကြီး မဖတ်ချင်ရင် အောက်က တစ်ကြောင်းထဲပဲ ဖတ်ပါ။


" ဒီအတိုင်း မပြီးပါဘူး။ ၈၈တုန်းကလိုမျိုး လုံးဝမဖြစ်ဘူး။ ကျွန်တော်တို့ နိုင်ကိုနိုင်တယ်။ အရေးတော်ပုံမုချအောင်မြင်မှာပါ။"


(စာအရှည်ကြီး ဖတ်နိုင်တဲ့သူတွေက အောက်က သုံးသပ်ချက်ဆောင်းပါးကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။)


တော်လှန်ရေးအခြေအနေအပေါ် သုံးသပ်ချက်


လက်ရှိနွေဦးတော်လှန်ရေးဟာ ခံစစ်ရော၊ တိုက်စစ်ရော အောင်မြင်လျက်ရှိပါတယ်။ ခံစစ်ဆိုတာ CDM ကို ဆိုလိုတာပါ။ ဝန်ထမ်းတွေရဲ့ CDM (ကျန်းမာရေးဝန်ထမ်းတွေရဲ့ CDM ၊ ပညာရေးဝန်ထမ်းတွေရဲ့ CDM ၊ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ CDM) ဟာ မျှော်မှန်းထားတာထက်တောင် အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ ဘယ်လောက်အထိအောင်မြင်သလဲဆိုရင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ဘာတစ်ခုမှလုပ်နိုင်ဘဲ မယောင်ရာဆီလူးအလုပ်တွေပဲ လုပ်ခိုင်းနေရတဲ့အထိ အောင်မြင်တာပါ။ ခံယူချက်နဲ့လုပ်တဲ့ CDM ဝန်ထမ်းတွေများတဲ့အတွက် အစိုးရဝန်ထမ်းတွေရဲ့ CDM ခံစစ်ဟာ အောင်မြင်ဆဲပဲဖြစ်ပါတယ်။ 


ပြည်သူလူထုရဲ့ CDM ကလည်း အောင်မြင်ဆဲပဲဖြစ်ပါတယ်။ ပညာရေးမှာဆိုရင် ကျောင်းတက်တဲ့သူရာခိုင်နှုန်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ၂၀ % တောင် မပြည့်ပါဘူး။ ဘဏ်လုပ်ငန်းငွေ ပုံမှန်မလည်ပတ်သေးပါဘူး။ ထီ ပုံမှန်မရောင်းရသေးပါဘူး။ စစ်ကောင်စီကသာ အတင်းအကြပ် ပုံမှန်အတိုင်းဖြစ်နေပြီဆိုပြီး လိမ်နေပေမယ့် ဘယ်ကဏ္ဍမှာမှ ပုံမှန်အတိုင်း မဖြစ်သေးပါဘူး။


အဲဒီတော့ ခြုံပြောရရင် ပြည်သူအားလုံးရဲ့ စစ်ကောင်စီအပေါ် အမိန့်မနာခံမှုအစီအစဉ်( Civil Disobedience Movement  CDM) ဟာ အောင်မြင်ဆဲပဲဖြစ်ပါတယ်။ နွေဉီးတော်လှန်ရေးခံစစ်ဟာ ဘာအကြောင်းနဲ့မှ ပြိုလဲစရာမကြောင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခံယူချက်ပြင်းထန်တဲ့သူတွေက စစ်ကောင်စီပြုတ်မကျမချင်း/ အာဏာမလွှဲမချင်း တော်လှန်နေကြမှာမို့လို့ ဖြစ်ပါတယ်။


နွေဉီးတော်လှန်ရေးတိုက်စစ်ဆိုတာ လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( Public Defense Force PDF) တွေရဲ့ လှုပ်ရှားမှုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်(Ethnic Armed Organization  EAO) တွေရဲ့ တိုက်ခိုက်မှု+ ကူညီမှုတွေ၊ CRPH နဲ့ NUG ရဲ့ နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှု၊ စစ်ကောင်စီကို ဥပဒေကြောင်းအရ တရားစွဲဆိုမှု၊ နွေဉီးတော်လှန်ရေးမှာပါဝင်တဲ့ stakeholders တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ပြည်တွင်း/ပြည်ပမှာရှိတဲ့ ပြည်သူတွေက နည်းမျိုးစုံနဲ့ စစ်အစိုးရပြုတ်ကျရေး အစွမ်းကုန်ဆန့်ကျင်/ ဆန္ဒပြတာတွေ၊ နိုင်ငံတကာက စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုနဲ့ NUG ကို သံတမန်ရေးရာအရ အကူညီပေးမှုတွေကလည်း တဖြည်းဖြည်း အားကောင်းပြီး အောင်မြင်လျက်ရှိပါတယ်။


ဒီနေရာမှာ တိုက်စစ်မှာပါဝင်နေတဲ့ ကဏ္ဍအသီးသီးကို အသေးစိတ်ထပ်ရှင်းရင် စာရှည်ပြီး ဖတ်ရတဲ့သူလည်း သိပ်စိတ်မဝင်စားနိုင်တာမို့ လူတွေစိတ်ဝင်စားနိုင်တဲ့ကိစ္စကိုပဲ သုံးသပ်ပြပါ့မယ်။


အဲဒါကတော့ PDF ကိစ္စပါ။ 


ဒီမိုကရေစီကို လက်သန်းနဲ့ ဆန္ဒပြုလို့မရ၊ လက်(၃)ချောင်းထောင်ပြီး ပြန်တောင်းလို့လည်းမရတဲ့အခါ လက်ညှိုးကွေးပြီး တိုက်ယူရမယ့် အခြေအနေဖြစ်သွားပါတယ်။ နွေဉီးတော်လှန်ရေး အပြီးသတ်အောင်မြင်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းဟာ လက်နက်ကိုင်ပြီး တိုက်ယူခြင်းပဲဖြစ်ပါတယ်။ အဲဒါကြောင့်လည်း လူငယ်တွေဟာ ဒုက္ခခံပြီး တောခိုသွားတာဖြစ်ပါတယ်။


အခု PDF တွေ ဒလန်တွေကို သုတ်သင်ရှင်းလင်းနေတာဟာ တော်လှန်ရေးရဲ့ ပထမအဆင့် (Phase  1) ကို အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ စစ်ခွေးတွေ၊ စစ်တပ်မိတ်ဖက်ပါတီဝင်တွေကို သုတ်သင်နေတာဟာ မနိုင်နိုင်ရာမဲ လုပ်နေတာ မဟုတ်ပါဘူး။ တော်လှန်ရေးပထမအဆင့်ဖြစ်တဲ့ ပြောက်ကျားစနစ်အသုံးပြု၍ ရန်သူကို တိုက်ခိုက်ချေမှုန်းခြင်း ကို အကောင်အထည်ဖော်နေတာပါ။


မိမိရန်သူက မိမိထက် လက်နက်အင်အား၊ စစ်သည်အင်အား သာလွန်နေတဲ့အခါမျိုးမှာ ပြောက်ကျားစနစ်ကို အသုံးပြုပြီး တိုက်ခိုက်ရပါတယ်။ ပြောက်ကျားစနစ်ကို မသုံးဘဲ ထိပ်တိုက်ရင်ဆိုင်ရင် မိမိဘက်က အရေးနိမ့်သွားမှာဖြစ်ပါတယ်။ 


ဉပမာအနေနဲ့ စစ်သူကြီးဗန္ဓုလ အကြောင်းကို လေ့လာနိုင်ပါတယ်။ ဗန္ဓုလဟာ သူရသတ္တိနဲ့ ပြည့်စုံပြီး သတ်ရဲသေရဲပေမယ့် မိမိထက် လက်နက်အင်အား၊ စစ်သည်အင်အားသာလွန်တဲ့ နယ်ချဲ့အင်္ဂလိပ်ကို ထိပ်တိုက်သွားတွေ့တဲ့အခါ အရေးနိမ့်ခဲ့ရပါတယ်။ နွေဉီးတော်လှန်ရေးမှာလည်း ထို့အတူပါပဲ။ လက်နက်အင်အား၊ လူအင်အားမမျှသေးတဲ့အတွက် ပြောက်ကျားစနစ်ကိုအသုံးပြုပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။ အခု PDF တွေ သုတ်သင်ပစ်လိုက်တဲ့ဒလန်တွေဟာ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေဖြစ်ပါတယ်။ 


PDF တွေဟာ ဒလန်တွေကို မသုတ်သင်ခင်မှာ လုပ်ငန်းစဉ်(၂)ခုကို လုပ်လေ့ရှိပါတယ်။ ပထမတစ်ခုက ဒလန်စာရင်းကို အရင်ဆုံးပြုစုတာပါ။ စာရင်းရပြီးရင် သူတို့ဟာ ပြည်သူလုထုကို ဒုက္ခပေး/မပေး ဆိုတာကို သေချာစုံစမ်းပါတယ်။ ပြည်သူလူထုကို ဒုက္ခပေးနေတာသေချာပြီဆိုရင် ဒုတိယအဆင့်အနေနဲ့ သတိပေးတာမျိုး/ခြိမ်းခြောက်တာမျိုး လုပ်ပါတယ်။ အဲဒီ့လို လုပ်တာတောင် မဆင်ခြင်တာ/ဂရုမစိုက်တာမျိုး လုပ်တော့မှ သုတ်သင်ပစ်တာပါ။ PDF တွေဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတိုင်း၊ ကြံ့ခိုင်ရေးပါတီဝင်တိုင်းကို မသတ်ပါဘူး။


(တချို့က PDF တွေဟာ သူတို့မကျေနပ်ရင် အပြစ်မဲ့ပြည်သူတွေကို သတ်ပစ်တယ်၊ NLD ကို မထောက်ခံရင် သတ်ပစ်တယ်ဆိုတာမျိုး သွားပုပ်လေလွင့်လျှောက်ပြောလို့ ရှင်းပြရတာပါ။)


နောက်တစ်ချက်က တချို့တော်လှန်ရေးသမားတွေ အားမလိုအားမရဖြစ်ပြီး ဝေဖန်ကြတဲ့အချက်ပါ။ အဲဒါက ဘာလဲဆိုတော့ PDF တွေဟာ ဘာဖြစ်လို့ အောက်ခြေစစ်သားတွေ၊ ရဲတွေ၊ အုပ်ချုပ်ရေးမှူးတွေလောက်ပဲ သတ်နေတာလဲ။ သတ်မယ့်သတ် အကောင်ကြီးကြီး၊ ရဲမှူး၊ ဗိုလ်မှူး၊ တိုင်းမှူးတွေကို သတ်ပါလား ဆိုပြီးတော့ပါ။


အတိုချုပ်ပြောရရင် အဲ့လောက် မလွယ်ပါဘူး။ အဓိကက လုံခြုံရေးအန္တရာယ်ကြောင့်ပါ။ ဖြစ်နိုင်ရင် မအလတို့ သရေးကြိုးကိုးကွင်းတို့ကိုတောင် နုပ်နုပ်စဉ်းပစ်ချင်နေကြတာပါ။ ဒါပေမယ့် စစ်တပ်မှာ အကောင်ကြီးလေ လုံခြုံရေးများများယူထားလေမို့ သူတို့ကို လုပ်ကြံဖို့ဆိုတာ မလွယ်ကူပါဘူး။ အဲဒါကြောင့်ပါ။


ဒါပေမယ့် အောက်ခြေကို ရှင်းပစ်နေတဲ့အပေါ် သံသယမဝင်ပါနဲ့။ စိတ်ဓာတ်လည်း မကျပါနဲ့။ တကယ့်တကယ် တိုက်ကြကြေးဆိုရင်  အဲဒီ့အောက်ခြေတပ်သားတွေကသာ အသေခံတိုက်ကြတာပါ။ တိုက်နိုင်တာပါ။ အခုဆိုရင် စစ်ကောင်စီကို သစ္စာခံနေတဲ့ ဒေါက်တိုင်တွေ တဖြည်းဖြည်းပြုတ်ကုန်ပါပြီ။ သူတို့ကို ကာကွယ်ပေးမယ့် စစ်ခွေးတွေလည်း တဖြည်းဖြည်းလျော့နည်းလာပါပြီ။


 Phase 1 က အောင်မြင်ပြီး Phase 2 စဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။ Phase 2 အကြောင်းကို ကျွန်တော် မရှင်းပြနိုင်ပါ။ ရန်သူ့ဘက်ကို ကြိုတင် သတင်းပေးသလိုဖြစ်မှာစိုးရိမ်တဲ့အတွက် ဒီနေရာမှာပဲ ရပ်ပါမယ်။


D Day ဘယ်တော့ခေါ်မလဲ၊ ဘာလို့ မခေါ်သေးတာလဲ ?


Phase 1 ပြီးတာနဲ့ Phase 2 လာပါလိမ့်မယ်။ NUG အနေနဲ့ လတ်တလောမှာ D Day ခေါ်ဉီးမှာ မဟုတ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ D Day ခေါ်ဖို့အတွက် အရေးကြီးလုပ်ငန်းစဉ်(၂)ခု မပြီးပြတ်သေးလို့ဖြစ်ပါတယ်။ နံပါတ်(၁)က တစ်နိုင်ငံလုံးမှာရှိတဲ့ PDF တွေနဲ့ ပေါင်းစပ်ညှိနှိုင်းဖို့ ဖြစ်ပြီး၊ နံပါတ်(၂)က လက်နက်ဝယ်ယူရေးကိစ္စဖြစ်ပါတယ်။ 


စစ်ကောင်စီဟာ ဘာကိုမှမကြောက်ပါဘူး။ သူတို့ကြောက်တာက PDF ပါ။ အဲဒီ့လိုပြောလို့ အရိုးကိုက်ဘောမတွေနဲ့ စစ်တပ်လော်ဘီတွေက ရယ်ကောင်းရယ်နိုင်ပါတယ်။ ကလေးတွေကို ကြောက်စရာလား၊ တစ်လသင်တန်းလောက် တက်ထားတဲ့သူတွေက Standard Army ကြီးကို ဘယ်လိုလုပ်အံတုလို့ရမှာလဲဆိုပြီး ပြောကြပါလိမ့်မယ်။ ဒါပေမယ့် ပြောတဲ့သူတွေကိုကြည့်လိုက်ရင် Profile Lock ချထားတဲ့သူ၊ ဓာတ်ပုံအမှန်မတင်ဘဲ အကောင့်ပုန်းနဲ့သုံးနေသူများပါတယ်။ပြောသာပြောရတယ်။ သူတို့လည်း အမှန်တကယ် ကြောက်နေရှာတာပါ။


စစ်ကောင်စီဟာ အခုအချိန်မှာ CDM ကိုလည်း အာရုံမရတော့ဘူး။ ဆန္ဒပြတာတွေကိုလည်း ဂရုမစိုက်တော့ဘူး။ PDF တွေကိုသာ နည်းလမ်းပေါင်းစုံသုံးပြီး ဖြိုးခွင်းနေတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို တကယ်ဒုက္ခပေးနိုင်တာမို့လို့ဖြစ်ပါတယ်။ အခုဆိုရင် စစ်ခွေးတွေ၊ ဘောမတွေကလည်း PDF ဆိုတဲ့အသံ ကြားတာနဲ့တင် ကျောစိမ့်နေကြပြီဖြစ်ပါတယ်။ 


အဲဒါကြောင့်လည်း သူ့လူ(စစ်ခွေးနဲ့ဘောမတွေ)ကို မိုတီဗေးရှင်းရအောင်/ စိတ်အားတက်ကြွအောင်/ မကြောက်အောင် ဇာတ်လမ်းတွေရိုက်ပြ၊ ဗီဒီယိုအတုတွေ ဖန်တီးပြီး ဝါဒဖြန့်နေတာဖြစ်ပါတယ်။ ဝါဒဖြန့်ရတဲ့ အဓိကရည်ရွယ်ချက်ဟာ PDF တွေကို ကြောက်ရွံ့ပြီး လက်နက်မကိုင်ရဲအောင်လုပ်တာအပြင်၊ သူတို့လူတွေကိုပါ ဂျင်းထည့်တာဖြစ်ပါတယ်။ 


စာကို ပြန်ချုပ်ရရင် နွေဉီးတော်လှန်ရေးဟာ တစ်ဆင့်ပြီးတစ်ဆင့်(step-by-step) အောင်မြင်နေပါပြီ။ အပြီးသတ်အောင်မြင်ဖို့အတွက် အချိန်အနည်းငယ်ပဲကျန်ပါတော့တယ်။ ဒါဟာလည်း NUG က ပြည်တွင်းစစ်(civil war) မဖြစ်စေလိုတဲ့အတွက်၊ ပြည်သူတွေအများကြီး ထိခိုက်ဒဏ်ရာရမှာစိုးရိမ်တဲ့အတွက် နွေဉီးတော်လှန်ရေးကို Phase တစ်ခုချင်းစီအလိုက်သွားနေလို့ အချိန်ကြာတာဖြစ်ပါတယ်။ NUG ဟာ စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ ပိတ်ဆို့ထားတဲ့ကြားကနေ လက်နယ်ဝယ်ယူရရှိရေး/လက်နက်ရရေးကို အသည်းအသန်ကြိုးစားနေပါတယ်။


အတိအကျအခိုင်အမာပြောနိုင်တာက နွေဦးတော်လှန်ရေးဟာ ပြည်သူတွေသာ အနိုင်ရမယ့်ပွဲ ဆိုတာပါပဲ။


၈၈ လို မရှုံးဘဲ ပြည်သူတွေသာ အနိုင်ရမယ့်အချက်များ


(၁) ၈၈ တုန်းက လူထုအုံကြွမှုအားကောင်းပေမယ့် ပေါင်းစည်းမှုအားနည်း။ နွေဉီးတော်လှန်ရေးမှာ လူထုအုံကြွမှုရော၊ လူထုပေါင်းစည်းမှုရော အားကောင်း။ နိုင်ငံ့သမိုင်းတစ်လျှောက် အခုလောက်အထိ ပြည်သူလူထုညီညွတ်တာမျိုး မရှိခဲ့။


(၂) ၈၈ တုန်းက အတွေ့အကြုံမရှိဘဲ တော်လှန်ခဲ့ရပြီး၊ နွေဉီးတော်လှန်ရေးမှာ "၈၈တုန်းက အတွေ့အကြုံ" ရှိတဲ့သူတွေက ဉီးဆောင်နေတဲ့အတွက် စစ်တပ်ရဲ့အကွက်တွေကို ကြိုသိနေ။


(၃) ၈၈ တုန်းကလည်း လူငယ်တွေပဲ တော်လှန်ရေးကို ဉီးဆောင်ခဲ့။ နွေဉီးတော်လှန်ရေးမှာလည်း လူငယ်တွေကပဲ တော်လှန်ရေးကို ဉီးဆောင်နေ။ သတ္တိရှိမှု၊ စွန့်လွှတ်နိုင်မှုခြင်း တူညီကြပေမယ့် နွေဉီးတော်လှန်ရေးရဲ့ GZ (Generation Z) တွေက လိမ္မာပါးနပ်မှု၊ အကင်းပါးမှု၊ အကွက်မြင်မှု၊ တီထွင်ဖန်တီးနိုင်မှုတွေ ပိုသာ ။


(၄) ၈၈ တုန်းက စနစ်တကျ ဉီးဆောင်မယ့်သူ၊ လမ်းညွှန်မယ့်သူ၊ ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းမရှိခဲ့။ နွေဉီးတော်လှန်ရေးမှာ CRPH, NUG တို့ စနစ်တကျ ဦးဆောင်နေ။


(၅) ၈၈ တုန်းက တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တခြားအဖွဲ့အစည်းတွေနဲ့ စနစ်တကျ မချိတ်ဆက်နိုင်ခဲ့။ နွေဦးတော်လှန်ရေးမှာ KNU, KIA တို့လို EAOs တွေနဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက်နေ။


(၆) ၈၈ တုန်းက နိုင်ငံတကာအနေနဲ့ ပိတ်ဆို့အရေးယူမှုတွေသာ လုပ်နိုင်ပြီး ပြင်းထန်တဲ့ဖိအားပေးမှုများ မပြုလုပ်နိုင်ခဲ့။ နွေဉီးတော်လှန်ရေးမှာ ကမ္ဘာတစ်ဝှမ်းရှိ ဒီမိုကရေစီကိုလိုလားသော နိုင်ငံများက တရုတ်နဲ့ စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှု၊ ပြင်းထန်သောဖိအားများပေးလျက်ရှိ။ မြန်မာ့အရေးကို အလေးအနက်ထား ဆောင်ရွက်ပေးနေကြ။


(၇) ၈၈ တုန်းက ဆက်သွယ်ရေးနည်းပညာနိမ့်ကျတဲ့အတွက် သတင်းအမှောင်ချမှု၊ ဆိုက်ဝါးများ အောင်မြင်ခဲ့။ နွေဉီးတော်လှန်ရေးမှာ နည်းပညာတိုးတက်နေတဲ့ခေတ် ဖြစ်တဲ့အတွက် သတင်းအမှောင်ချလို့မရ၊ ဆိုက်ဝါးများ မအောင်မြင်၊ ရှေ့ကလိမ် နောက်ကပေါ် ဖြစ်နေ။


(၈) ၈၈ တုန်းက ခံယူချက်ပြင်းထန်တဲ့တော်လှန်ရေးသမား နည်းပါးခဲ့။ စစ်တပ်ကို ရသလောက် တိုက်မယ်၊ တိုက်လို့မရရင် စစ်အုပ်ချုပ်ရေးအောက်မနေဘူး ဆိုတဲ့သူ ဆိုတဲ့သူ များပြား။ နွေဦးတော်လှန်ရေးမှာ ခံယူချက်ပြင်းထန်တဲ့တော်လှန်ရေးသမား များပြားနေ။ စစ်ကောင်စီ အာဏာမလွှဲမခြင်း/ မသေမခြင်း တိုက်ပွဲဝင်နေမယ့်သူ များပြား။ တစ်ဉီးတစ်ယောက်ကြောင့် တော်လှန်နေတာမဟုတ်တဲ့အတွက် ဘယ်သူရှိရှိ/ မရှိရှိ အောင်မြင်သည်အထိ တိုက်ပွဲဝင်မယ့်သူများပြား။

 

(၉) ၈၈ တုန်းက လူငယ်တွေဟာ တောခိုပြီး အကြောင်းကြောင်းကြောင့် ပြန်မလာကြ/ ပြန်မလာနိုင်ခဲ့။ နွေဉီးတော်လှန်ရေးမှာ လူငယ်တွေဟာ မြို့ပြနဲ့တောထဲကို အိမ်ဦးနဲ့ကြမ်းပြင်လို သွားလာနေကြ။


(၁၀) ၈၈ တုန်းက စစ်တပ်မှာ ဉာဏ်ရည်မြင့်တဲ့ စစ်ခေါင်းဆောင်တွေများတဲ့အတွက် စစ်တပ်ဟာ အင်အားကောင်းခဲ့။ နွေဉီးတော်လှန်ရေးမှာ မအလအပါအဝင် တခြားစစ်ခေါင်းဆောင်တွေဟာ စစ်တပ်ကို စနစ်တကျမကွပ်ကဲနိုင်တဲ့အတွက် စစ်တပ်ဟာ ဝါးအစည်းပြေသလိုဖြစ်ပြီး တပ်ပျက်နေ။ တိုက်တိုင်းရှုံး။ ထွက်ပြေးတဲ့သူများသလို၊ CDM လုပ်တဲ့သူ များပြားနေ။


(၁၁) ၈၈ တုန်းက တော်လှန်ရေးအတွက် လမ်းပြမြေပုံ(Road Map) နဲ့ မဟာဗျူဟာ (Strategy) မရှိခဲ့။ နွေဉီးတော်လှန်ရေးမှာ လမ်းပြမြေပုံ နဲ့ မဟာဗျူဟာများ ရေးဆွဲထားပြီးဖြစ်။ စစ်တပ်က ချေမှုန်းဖို့အတွက် အသည်းအသန်ကြိုးစားနေ။ သို့သော် မဟာဗျူဟာနဲ့ လုပ်ငန်းစဉ်တွေကို မသိရှိသည့်အတွက် အခက်ကြုံနေ။ ဒီ့အတွက် NUG က ချပြလာအောင် ဆိုက်ဝါးမျိုးစုံသုံး။ NUG က ချမပြသည့်အခါ ပြည်သူနဲ့ရန်တိုက်ပြီး သွေးခွဲနေကြတာဖြစ်ပါတယ်။


စာအရှည်ကြီးကို စိတ်ရှည်လက်ရှည်ဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ရေးဖူးသမျှဆောင်းပါးထဲမှာ ဒီဆောင်းပါးဟာ အချိန်အယူရဆုံး၊ ဉီးနှောက်အခြောက်ဆုံး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တော်လှန်ရေးရဲဘော်တွေ သိသင့်သိထိုက်တာတွေ သိရအောင်၊ ရန်သူဘက်က မသိသင့်တာတွေ မသိရအောင် ချိန်ဆရလို့ ဖြစ်ပါတယ်။


စစ်အာဏာရှင်စနစ်ကျရှုံးရမည်။


အရေးတော်ပုံမုချအောင်ရမည်။


မိုးခ


ဆက်ဖတ်ရန် →

NUG ငွေတိုက်စာချုပ်၃ နာရီအတွင်း ဒေါ်လာ ၁၆၈,၂၀၀ ဖိုး ရောင်းချခဲ့

​နယူးယောက်တွင် NUG ငွေတိုက်စာချုပ်ရောင်းချပွဲ ၃ နာရီအတွင်း ဒေါ်လာ ၁၆၈,၂၀၀ ဖိုး ရောင်းချခဲ့

ခေတ်သစ်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၈


အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ Queens ရပ်ကွက်၊ Flushing Town Hall တွင် ဖေဖေါ်ဝါရီလ ၂၇ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ငွေတိုက်စာချုပ်များကို ရောင်းချပေးခဲ့ပြီး ၃ နာရီအတွင်း ဒေါ်လာ ၁၆၈,၂၀၀ ဖိုး ရောင်းချနိုင်ခဲ့ကြောင်း သတင်းရရှိသည်။


ငွေတိုက်စာချုပ်ကို မြန်မာပြည်ဖွား ပြည်သူ ၃၀၀ ခန့်က ဝယ်ယူအားပေးခဲ့ကြပြီး ပွဲစီစဉ်သူများက NUG ကိုယ်စား အမှတ်တရလက်ဆောင်များ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


လက်ရှိတွင် ငွေတိုက်စာချုပ်ပေါင်း ၅ သောင်းနီးပါး ရှိနေပြီး အကြမ်းဖက်စစ်အာဏာရှင် ဖြုတ်ချရေးတွင် တော်လှန်ရေးရဲဘော်များထံ ထောက်ပို့အပိုင်းရော ရင်ဆိုင်မှုအပိုင်းတွေမှာပါ လုံလောက်တဲ့ ပံ့ပိုးမှု ပေးနိုင်ရန် ငွေတိုက်စာချုပ် ဝယ်ယူပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားသည်။


ဆက်ဖတ်ရန် →

ရုရှားဘဏ်တွေကို နိုင်ငံတကာငွေကြေးစျေးကွက်ထဲက ဖယ်ရှားမယ်

​

''ပူတင်အတွက် သက်ဆိုးရှည်စေမယ့် ရုရှားဘဏ်တွေကို နိုင်ငံတကာငွေကြေးစျေးကွက်ထဲက ဖယ်ရှားမယ်''

( ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen)

၂၇ ဖေဖေါ်ဝါရီ ၂၀၂၂

အပြစ်မဲ့ ယူကရိန်းပြည်သူတွေကို လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်နေတဲ့ ပူတင်ရဲ့ စစ်ယန္တယားတွေရပ်ဆိုင်းသွားဖို့ နိုင်ငံတကာငွေကြေးစျေးကွက်ထဲကနေ ရုရှားဘဏ်တွေကို ထုတ်ပယ်မယ်လို့ ဥရောပသမဂ္ဂကော်မရှင်က ပြောပါတယ်။

အမေရိကန် ဗြိတိန် ပြင်သစ် ကနေဒါ နဲ့ ဥရောပသမဂ္ဂခေါင်းဆောင်တွေ ဆွေးနွေးသဘောတူထားပြီလို့ ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen ကပြောပါတယ်။ 

ပူတင်ဟာ ယူကရိန်းပျက်စီးရာပျက်စီးကြောင်းလမ်းကို ရွေးချယ်ခဲ့ရုံမက သူ့ရုရှားနိုင်ငံရဲ့အနာဂါတ်ကိုပါ ဖျက်ဆီးခဲ့ပြီလို့လည်း ကော်မရှင်ဥက္ကဌက ပြောပါတယ်။ 


ဘဏ်တွေကို ထုတ်ပယ်ရုံမက ရုရှားက စီးပွါးရေးလုပ်ငန်းရှင်ခရိုနီတွေကို ထုတ်ပေးထားတဲ့ ဥရောပနိုင်ငံတွေမှာ နေထိုင်သွားလာခွင့်ရှိတဲ့ အထူးနိုင်ငံကူးလက်မှတ်တွေကို ပါ ပယ်ဖျက်မယ်ဆိုပါတယ်။ ပူတင်ကို ကပ်ဖားပြီး ချမ်းသာနေတဲ့ရုရှားတွေအတွက် ဥရောပငွေကြေးစျေးကွက်ကို ဆက်လက်အသုံးပြုလို့မရတော့ဘူးလို့လည်း EU ကော်မရှင်ဥက္ကဌကပြောပါတယ်။


ယူကရိန်းတပ်မတော်နဲ့ ပြည်သူတွေရဲ့ သတ္တိကို လေးစားအသိအမှတ်ပြုသလို ယူကရိန်းနဲ့ အတူရပ်တည်သွားမယ်လို့လည်းပြောပါတယ်။


ငွေကြေးစျေးကွက်ကနေထုတ်ပယ်မယ်ဲ့ အစီအစဉ်အသေးစိတ်ကို မနက်ဖန်မှာ ထုတ်ပြန်မယ်လို့ သိရပါတယ်။


BNN


ဆက်ဖတ်ရန် →

ဘာ့ကြောင့် အမေရိကန် လက်ရှောင်...။

​


ခု ယူကရိန်းဖြစ်စဉ်က ဒီနေ့ကမ္ဘာကြီးအတွက် သင်ခန်းစာသစ်တွေပါပဲ။ "အင်အားကြီးသူက အနိုင်ယူစတမ်း" ဆိုတဲ့ တောရိုင်းဥပဒေ( Jungle Law ) တွေ ကမ္ဘာမှာ အတင့်ရဲလာတာ၊ တကယ်တမ်း လက်နက်အားကိုး အနိုင်ကျင့်ခံလိုက်ရပြီဆို ကူသူ ကယ်သူမဲ့ ကမ္ဘာကြီး ဖြစ်လာပြီလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ 

ယူကရိန်းမှာ စစ်ပွဲကြီးတစ်ပွဲဖြစ်လာတော့မယ်လို့ အစောကြီးကတည်းက ကြိုပြောခဲ့ကြတယ်။ ရုရှားဟာ ယူကရိန်းနယ်စပ်မှာ အင်အား ၁၀၀၀၀၀ ကျော်နဲ့ စစ်ပြင်နေတယ်ဆိုတဲ့သတင်းတွေ အစောကြီးကတည်းက ထွက်လာနေတယ်။ နောက်ဆုံးတစ်နေ့ ခုလို အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံကို အင်အားကြီးအခြားတစ်နိုင်ငံက ဗြောင်ကျကျ ကျူးကျော်ဝင်ရောက်သွားလိမ့်မယ်လို့ ဘယ်သူမှ တစ်ထစ်ချ ထင်မထားခဲ့ဘူး။ စစ်အေးခေတ်လွန်ကာလမှာ ရုရှားဟာ ခုလို နိုင်ငံတစ်နိုင်ငံကို ကျူးကျော်ဝင်ရောက်သွားတာ ဒါ ပထမဦးဆုံးပါ။ သတင်းတွေက တော့ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးကျူးကျော်မှုလို့ဆိုကြတယ်။ တကယ်တမ်း အင်အားအလုံးအရင်းနဲ့ နိုင်ငံတစ်ခုထဲ ကျူးကျော်ဝင်ရောက်သွားတဲ့အခါ ကမ္ဘာကြီးက ဘာတတ်နိုင်ခဲ့ပါသလဲ။ ဒီအတိုင်း လက်ပိုက်လို့သာ ကြည့်နေတော့တာပဲ မဟုတ်လား။

 ယူကရိန်းပြည်သူတွေ မိမိတို့နိုင်ငံကို ခုခံကာကွယ်ကြပါ။ "ခုချိန်မှာ ကျွန်တော်တို့ကို ဘယ်နိုင်ငံကမှ ဝင်ပြီးအကာအကွယ်မပေးဘဲ စောင့်ကြည့်နေကြတယ်။ ကျွန်တော်တို့ကိုယ်တိုင် ဒီစစ်ပွဲကို ခုခံတွန်းလှန်ကြရမယ်"လို့ ယူကရိန်းသမ္မတ ဇီလန်းစကီးကိုယ်တိုင် ထွက်ပြောခဲ့ရတယ်။ အမေရိကန်အပါအဝင် ဥရောပနိုင်ငံတွေကတော့ ဒီအခြေအနေမျိုးမရောက်ဖို့ သံတမန်နည်းလမ်းနဲ့ အစွမ်းကုန်ကြိုးစားခဲ့ကြတာပဲ။ နောက်ဆုံးမှာတော့ လက်နက်အင်အားကြီးသူက သူလုပ်ချင်သလို လုပ်သွားတဲ့အခါ ကမ္ဘာက လက်ပိုက်ကြည့်လို့သာ နေရတဲ့အဖြစ်ပါ။ ခုဆို ရုရှတပ်တွေဟာ ကိဗ်မြို့ကို သိမ်းပိုက်ဖို့ အလုံးအရင်း ဝင်ရောက်နေပါပြီ။ စစ်နဲ့ နှစ်ကာလအတန်ကြာဝေးနေတဲ့ သာယာလှပတဲ့ ကိဗ်မြို့ရဲ့ကောင်းကင်မှာ ပေါက်ကွဲသံတွေ၊ မီးတောက်မီးလျှံတွေ ယမ်းနံ့ ညှော်နံ့တွေ၊ စစ်ပြေးဒုက္ခသည်တွေနဲ့ ဝရုန်းသုန်းကားဖြစ်သွားတယ်။ အေးချမ်းတဲ့မြို့တစ်မြို့ဟာ ရုတ်ချည်း စစ်မြေပြင်အဖြစ် ပြောင်းလဲသွားတယ်။ 


မနေ့က ကျင်းပတဲ့ ကုလလုံခြုံရေးကောင်စီအစည်းအဝေးမှာ ရုရှ ရဲ့ ယူကရိန်းအပေါ် စစ်ရေးအရ ကျူးကျော်မှုကို အရေးယူဆောင်ရွက်ဖို့အဆိုဟာ ရုရှားရဲ့ ဗီတိုအာဏာနဲ့ ပယ်ချခြင်းခံလိုက်ရတယ်။ ဒါဟာ မဆန်းပါဘူး။ လုံခြုံရေးကောင်စီမှာ ဒီအဖြစ်မျိုးက ရိုးနေပါပြီ။ Might is right..။ စကားလုံးသုံးနှုန်းရာမှာတောင် " ပြစ်တင်ရှုတ်ချ" Condemned အစား "အလွန်အကျွံဝမ်းနည်း" Deplored လောက်ပဲ သုံးခွင့်ရခဲ့တယ်။ 

ခု ယူကရိန်းအဖြစ်အပျက်မှာ ဘာ့ကြောင့် အမေရိကန်က လက်ရှောင်နေသလဲ။ 

တစ်ချိန်က ကမ္ဘာ့ပုလိပ်ကြီးဟာ ခုတော့ တွင်းအောင်းသွားပါပြီ။ အမေရိကန်ဟာ ကမ္ဘာ့အရေးအခင်းတွေမှာ စစ်ရေးအရ ဝင်ရောက်တားဆီးမှု (military intervention ) မျိုး ဒီဘက်ခေတ်မှာ မလုပ်တော့ပါဘူး။ အထူးသဖြင့် လက်ရှိသမ္မတ ဘိုင်ဒင်ဟာ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရေးမူ ကို မကျင့်သုံးတော့တာပါ။ 

ယူကရိန်းဖြစ်စဉ်ကို ကြည့်ရင် ယူကရိန်းဟာ အမေရိကန်နဲ့ နယ်မြေချင်းဆက်နေတဲ့ အိမ်နီးချင်းလည်းမဟုတ်ဘူး။ အမေရိကန် စစ်စခန်းမရှိသလို မဟာဗျူဟာမြောက် ရေနံအရင်းအမြစ်လည်းမရှိ၊ အဓိက ကုန်သွယ်ဖက် နိုင်ငံလည်းမဟုတ်ဘူး။ 

ဒီလို အမျိုးသားအကျိုးစီးပွားနဲ့တိုက်ရိုက်ပတ်သက်မှု မရှိပေမယ့် အရင်သမ္မတတွေတုန်းကတော့ ကိုယ့်ရဲ့သွေးချွေး နဲ့ ဘဏ္ဍာ အရင်းအမြစ်တွေ အဆုံးရှုံးခံပြီး သူတစ်ပါးကိစ္စတွေမှာ ဝင်ရောက်ပတ်သက်ခဲ့တာတွေ ရှိခဲ့တယ်။ အရင် သမ္မတ ဘီလ်ကလင်တန်လက်ထက် ယူဂိုဆလားဗီးယားပြိုကွဲအပြီး ဖြစ်ပေါ်လာတဲ့ စစ်ပွဲမှာ စစ်ရေးအရ ပါဝင်စွက်ဖက်မှု ရှိခဲ့သလို သမ္မတအိုဗာမားလက်ထက် ၂၀၁၁ခုနှစ်၊ လစ်ဗျားပြည်တွင်းစစ်အရေးမှာလည်း လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးကို အကြောင်းပြုလို့ စစ်ရေးအရ အမေရိကန်ပါဝင်ခဲ့တယ်။ ၁၉၉၀ပြည့်နှစ်၊ သမ္မတ ဂျော့ ဒဗလျူဘုရ်ှလက်ထက်၊ ဆက်ဒမ်ဟူစိန်ရဲ့ကူဝိတ်သိမ်းပိုက်မှု တောရိုင်းဥပဒေကို တရားဥပဒေစိုးမိုးရေးခေါင်းစဉ်နဲ့ နိုင်ငံတကာညွန့်ပေါင်းတပ်တွေကို ဦးဆောင်ပြီး ဖယ်ရှားမှုတွေ ပြုလုပ်ပေးခဲ့တယ်။ 

ရုရှားက နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးစည်းမျဉ်းတွေကို ချိုးဖောက်လာတဲ့အခါ ဘိုင်ဒင်ရဲ့ ထိပ်တန်းလုံခြုံရေးအကြံပေးတွေက ကူဝိတ်အရေးက အသုံးအနှုန်တွေအတိုင်း ပြောဆိုခဲ့ကြပေမယ့် ဒီတစ်ကြိမ်မှာတော့ စစ်ရေးထက် စီးပွားရေးအရ အရေးယူပိတ်ဆို့ရေးကိုပဲ အဓိကဦးတည်ပြောဆိုအကြံပေးကြတယ်။ 


ဘိုင်ဒင်သည် စစ်ရေးအရ ဝင်ရောက်တားဆီးရေးမူဝါဒ

 (Military interventionism) ကို လိုလားသူမဟုတ်။

တကယ်တော့ ဘိုင်ဒင်ဟာ စစ်ရေးအရ ဝင်ရောက်တားဆီးရေး မူဝါဒကို ယုံကြည်သူတစ်ဦးမဟုတ်ပါဘူး။ သူဟာ ၁၉၉၀ပြည့်လွန်နှစ်များက ဘောလ်ကန်ဒေသမှာ လူမျိုးစုအရေးပဋိပက္ခတွေကို အမေရိကန်က စစ်ရေးနည်းနဲ့ တုံ့ပြန်ဖြေရှင်းတာကို ထောက်ခံခဲ့သူပါ။ ကံအကြောင်းမလှတဲ့ ၂၀၀၃ ခုနှစ် အီရတ်ကျူးကျော်သိမ်းပိုက်မှုကိုလည်း ထောက်ခံအားပေးခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်ကစလို့ သူဟာ အမေရိကန်ရဲ့ တခြားနိုင်ငံပြဿနာတွေမှာ စစ်ရေးအရ ဝင်စွက်တာတွေကို စိတ်ပျက်စပြုလာခဲ့တယ်။ သူဟာ အိုဗားမားရဲ့ လစ်ဗျားအရေး စစ်ရေးဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ခဲ့သလို အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်တွေ အများကြီး ချထားတဲ့ကိစ္စကိုလည်းဆန့်ကျင်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က အမေရိကန်တပ်တွေ အာဖဂန်နစ္စတန်က ကသောကမျောနဲ့ ဆုတ်ခွါထွက်ပြေးခဲ့ရတဲ့ ဖြစ်စဉ်အပေါ် သူမှန်တယ်လို့ ခုထိယုံကြည်ထားတုန်းပဲ။ အဲဒီဆုတ်ခွါရေးအစီအစဉ်ကြောင့် တာလီဘန်တပ်တွေက တစ်ကျော့ပြန် အာဏာပြန်သိမ်းနိုင်ခဲ့ပြီး ဒီနေ့အထိ အာဖဂန်မှာ လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခတွေ ရင်ဆိုင်ကျန်ရစ်နေရတုန်းပဲ။ သူ့လက်အောက်မှာ နှစ်ပေါင်း ၂၀ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ အင်တိုနီ ဘလစ်ကင် ဆိုတာလည်း အမျိုးသားလုံခြုံရေးဆိုတာ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခြင်းဆိုတာထက် ရာသီဥတုဖောက်ပြန်မှု တားဆီးရေး၊ ကပ်ရောဂါ တိုက်ဖျက်ရေးနဲ့ တရုတ်ကို ယှဉ်ပြိုင်န်ုင်ရေး လို့ ပိုပြီးခံယူထားတယ်။ 

ရုရှား-ယူကရိန်းအရေးနဲ့ပတ်သက်လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာလည်း အမေရိကန်ပြည်သူ ၇၂%က ဒီပြဿနာမှာ အမေရိကန်အနေနဲ့ အပေါ်ယံလောက်ပဲ ပါဝင်ပတ်သက်သင့်တယ်လို့ ဖြေကြပြီး ကျန်တဲ့သူတွေကတော့ လုံးဝမပါသင့်ဘူးလို့ ဖြေတာ တွေ့ရတယ်။ သူတို့စိတ်ဝင်စားတာ သာမန်ကိစ္စတွေဖြစ်တဲ့ ကုန်ဈေးနှုန်းမတက်ရေး စတာတွေပါပဲ။ 

ဝါရှင်တန်မှာရှိတဲ့ အမေရိကန် ဥပဒေပြုအမတ်တွေကလည်း အရေးယူပိတ်ဆို့မှုကို အပြင်းအထန်ပြုလုပ်ဖို့ကိုပဲ အဓိက တိုက်တွန်းနေကြတယ်။ နာမည်ကျော် ရီပတ်ဘလစ်ကင် ဆီနေတာ တက်ဒ် ခရုဇ် ကိုယ်တိုင်က အမေရိကန်စစ်သားတွေကို ယူကရိန်းလွှတ်ပြီး ပူတင်နဲ့ အပြန်အလှန်ပစ်ခတ်တာမျိုး ဘိုင်ဒင်ကို မလုပ်စေချင်ဘူး။ ရီပတ်ဘလစ်ကင် ဆီနေတာ မာကို ရူဘင်ကဆို ကမ္ဘာ့ထိပ်တန်း နျူးကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံကြီးနှစ်ခုကြား စစ်ဖြစ်လို့ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလို့ဆိုတယ်။ 

သမ္မတ ဘိုင်ဒင်အနေနဲ့လည်း နျူးကလီးယားလက်နက် တောင်ပုံရာပုံ ပိုင်ဆိုင်ထားတဲ့ ပူတင်နဲ့ ထိပ်တိုက်မတွေ့လိုဘူး။ ယူကရိန်းမှာ အမေရိကန်နဲ့ ရုရှထိပ်တိုက်တွေ့ကြလို့ " ကမ္ဘာစစ်ကြီး" ဖြစ်လာနိုင်တဲ့ အခြေအနေမျိုး မဖြစ်ချင်ဘူး။ 

" ဒါဟာ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရတာ မဟုတ်ဘူး။ ကမ္ဘာမှာ အကြီးဆုံးဆိုတဲ့ စစ်တပ်ကြီးတစ်ခုနဲ့ ရင်ဆိုင်ရတာဖြစ်တယ်။ ဒါဟာ အင်မတန်ခက်ခဲတဲ့ အခြေအနေတစ်ခုပါ။ အချိန်မရွေး မမျှော်မှန်းနိုင်တာတွေ ဖြစ်သွားနိုင်တယ်။" လို့ အန်ဘီစီ သတင်းနဲ့တွေ့ဆုံရာမှာ ပြောသွားခဲ့တယ်။

ယူကရိန်းအရေးမှာ စစ်ရေးအရ အမေရိကန် ဝင်မပါရတဲ့ နောက်တစ်ချက်က ယူကရိန်းဟာ နေတိုးအဖွဲ့ဝင် မဟုတ်တာပဲ။ ယူကရိန်းသာ နေတိုးအဖွဲ့ဝင်ဆိုရင် စာချုပ်အရ အမေရိကန် မပါမဖြစ် ပါဝင်ရတော့မယ်။ ခုကိစ္စမှာလည်း ရုရှားရဲ့ အဓိက လိုလားချက်က ယူကရိန်း နေတိုးအဖွဲ့ဝင် ဖြစ်မလာရေးပဲ။ ယူကရိန်းကို နေတိုးအဖွဲ့ဝင်ဖြစ်မလာစေဖို့ အာမခံချက်ကို ရုရှားက လိုလားတယ်။ 

ဒါ့ကြောင့် ဘိုင်ဒင်ဟာ အမေရိကန်တပ်တွေကို ဥရောပ စေလွှတ်ခဲ့တာဖြစ်တယ်။ အကယ်၍ နေတိုးအဖွဲ့ဝင် နိုင်ငံတစ်ခုခု တိုက်ခိုက်ခံရမယ်ဆိုရင်တော့ ဒီစစ်ပွဲမှာ အမေရိကန် မပါမဖြစ် ပါလာရတော့မယ်။ 


ခုချိန်မှာတော့ ယူကရိန်းနယ်မြေထဲ ကျူးကျော်ဝင်ရောက်သွားတဲ့ ရုရှားတပ်တွေဟာ အဓိကကျတဲ့မြို့ကြီးတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေသလို ယူကရိန်းတပ်များနဲ့ ခုခံရေးသမားတွေကလည်း ရသမျှလက်နက်တွေနဲ့ ခံချနေကြရတယ်။ ဒီအခြေအနေကို ကြည့်ရင် ကမ္ဘာကြီးမှာ ကြီးနိုင်ငယ်ညှဉ်း တောတွင်းဥပဒေ( Jungle law )တွေ၊ လက်နက်အင်အားရှိရင် ဘာမဆိုတရားမျှတတယ်ဆိုတဲ့ အယူအဆတွေ အားကောင်းလာနေပြီလားလို့ မေးခွန်းထုတ်စရာဖြစ်လာတယ်။ တကယ်အရေးကြုံလာတဲ့အခါ နိုင်ငံတွေဟာ ကိုယ့်အားကိုယ်ကိုးရုံမှတစ်ပါး UN ဆိုတာလည်း အရေးမပါတော့တဲ့ အဖွဲ့အစည်းတစ်ခုလို အယုံအကြည်ကင်းမဲ့လာနေတဲ့အကြောင်းပါ..။ 


# CWM

26-2-2022


Credit - Chit Win Maung


ဆက်ဖတ်ရန် →

Designer Water က တပ်ပိုင်စက်ရုံတွေက ထုတ်တဲ့ တပ်ပိုင် ရေသန့်

​ငယ်ငယ်ကပေါ့ ရေသန့်ဆို ဘူးလှလှလေးမှ ဝယ်သောက်ချင်ခဲ့မိတာ..

မှတ်မှတ်ရရ ဒီဇိုင်နာ ရေသန့် ထွက်လာတော့ ဘူးခွံလေးလှတယ်ဆိုပြီး သိခဲ့တယ်။

ကိုယ်တောင် လေ့လာမေးစမ်းပြီးမှ သိခဲ့ရတာ... Designer Water က တပ်ပိုင်စက်ရုံတွေက ထုတ်တဲ့ တပ်ပိုင် ရေသန့် ပဲ။ ‼️


အခုချိန်ထိ ဈေးကွက်ထဲ မြင်နေရသေးတယ်။ 


ပြည်သူတွေ အမောပြေဖို့ သောက်သုံးလိုက်တဲ့ ရေသန့်ဟာ သန့်ရှင်းသော ရေသန့်ဖြစ်နေဖို့လိုပါတယ်။ ဒီလို ယုတ်မာရိုင်းစိုင်းတဲ့ ကြင်စိုးပိုင်တဲ့ ရေသန့်ဟာ ဘယ်နည်းနဲ့မှ သန့်ရှင်းမနေနိုင်ပါဘူး။ 


တပ်ပိုင် Designer Water ကို သပိတ်မှောက်ကြပါ။ မသုံးကြပါနဲ့ ✊✊


တပ်ပိုင်ပစ္စည်းတွေ သပိတ်မှောက်ဖို့ Ma Thone Nae Boycott application ကို Google playstore မှာ အခုပဲ ဒေါင်းလုတ်ရယူထားပါ။

https://play.google.com/store/apps/details?id=com.mttboycottapp.boycott_app


#Ma_Thone_Nae #Boycott_Military_products #Designerwater


ဆက်ဖတ်ရန် →

ကမ္ဘာ့အခင်းအကျင်းသစ်ထွက်ပေါ် လာမည်လော

​27/2/2022 

      ရုရှား-ယူကရိန်းစစ်ပွဲသည် ကမ္ဘာကြီးအားပြင်းပြင်းထန်ထန် ရိုက်ခတ်သည်။ ထိုစစ်ပွဲသည် သာမန်နိုင်ငံနှစ်ခုကြား ဖြစ်ပွါးသည့်စစ်ပွဲထက်များစွာပိုသည်။ယူကရိန်းနောက်တွင် အမေရိကန်နှင့်အနောက်အင်အားစုရှိသည်။ စစ်မြေပြင်တွင်သာမက နိုင်ငံရေး၊ စီးပွါးရေး၊ နည်းပညာဖက်ပေါင်းစုံမှ တိုက်ခိုက်နေကြသည့်ပွဲဖြစ်သည်။ အနောက်နှင့်ရုရှားတို့၏ အားပြိုင်ပွဲဖြစ်နေသည်။ 


      ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် ပြန်လည်ခေါင်းထောင်ထလာသည့် ရုရှား၏ အားစမ်းပွဲလည်းဖြစ်သည်။ အင်အား၊ နည်းပညာ၊ သယံဇာတရင်းမြစ်တစုံတရာရှိသည့်အပြင် ကမ္ဘာအကျယ်ဆုံးမြေပြင်ကို ပိုင်ဆိုင်ထားသူ၊ တချိန်က အင်အားကြီးနိုင်ငံဖြစ်ခဲ့ဘူးသော ရုရှားက ကမ္ဘာ့နိုင်ငံရေး၊ စီးပွါးရေးဇတ်ခုံတွင် အရေးပါသည့် ဥရောပသို့ ပြန်လည်တိုးဝင်လာခြင်းလည်းဖြစ်သည်။ ယခင်ဆိုဗီယက်ယူနီယံကာလကကို ပြန်လည်တမ်းတလာခြင်းလည်းဖြစ်နိုင်သည်။ သို့သော် ရုရှားတွင် အားနည်းချက်တခုရှိသည်မှာ ဆို ဗီယက်ယူနီယံပြိုကွဲပြီးနောက် တပြည်လုံး‌ကို စုစည်းခေါင်းဆောင်နိုင်သည့် ကွန်မြူနစ်ပါတီပြိုကွဲသွားသည်။ အမျိုးသားရေးဝါဒီများ ကြီးစိုးနေသည်။ နိုင်ငံတွင်းတွင် လက်ရှိသမတပူတင်သည်ပင် အုပ်ချုပ်ရေးအာဏာချုပ် ကိုင်ထားနိုင်သော်လည်း ရုရှားတပြည်လုံးအား နိုင်ငံရေးအရ၊ စိတ်ဓါတ်ရေးရာအရစုစည်းနိုင်စွမ်းမရှိပေ။ စစ်ပွဲစသည်နှင့် ရုရှားပြည်အတွင် စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပေါ် လာသည်ကို တွေ့နေရသည်။ ရုရှားပြည် တွင်း၌ စစ်ဆန့်ကျင်သူများ၊ မီဒီယာများအား စတင်နှိပ်ကွပ်ဖမ်းဆီးနေရပြီဖြစ်သည်။ 


     ယူကရိန်းအဖို့ ရုရှားစစ်တပ်၏အကျူးကျော်ခံဖြစ်ပေရာ မလွဲမရှောင် သာ ခုခံစစ်ကို ဆင်နွှဲရပေမည်။ ထို့ပြင် ယူကရိန်းအစိုးရတွင် မည်သည့် အားနည်းချက်ရှိသည်ဖြစ်စေ၊ ရုရှားက ကျူးကျော်နေချိန်တွင် သူ့တိုင်း ပြည်လူထုအား စိတ်ဓါတ်ရေးရာအရ  စုစည်းနိုင်စွမ်းရှိသည်။ ထို့ပြင် နေတိုးစစ်စာချုပ်အဖွဲ့ဝင်များအနေနှင့် ကိုယ်တိုင်ဝင်မတိုက်သော်လည်း မိမိနယ်စပ်နားရောက်လာနိုင်သော ရုရှားတပ်အားခုခံကာကွယ်သည့် ယူကရိန်း အား စစ်လက်နက်ပစ္စည်းအပါ ကူနိုင်မည့် အရာအားလုံးကူညီကြမည်သာ ဖြစ်သည်။ 


      နေတိုး၏ အဓိကအခန်းကပါဝင်သော အမေရိကန်သည်လည်း စစ်ပွဲအတွင်း ကိုယ်တိုင်မပါဝင်သော်လည်း စစ်လက်နက်ပစ္စည်းအပါအဝင် ဖက်စုံက ကူညီကြမည်သာဖြစ်သည်။ အမေရိကန်၏  ထူးခြားချက်မှာပြည်တွင်းရှိ အဓိကပါတီကြီး နှစ်ခုသည် ပြည်တွင်း၌ မည်သည့်သဘောကွဲလွဲချက်

ရှိသည်ဖြစ်စေ ရုရှားနှင့်ရင်ဆိုင်ရာတွင် ညီကြသည်။ လက်ရှိအချိန်တွင် အမေရိကန်အား ယူကရိန်းစစ်ပွဲတွင် ကိုယ်တိုင်ဝင်မတိုက်သဖြင့် ပစ်တင်မှုများရှိနေသည်။ သို့သော် တဖက်ကကြည့်လျင် အမေရိကန်သည် ရုရှား ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ပို၍ကြီးမားသည့် မဟာဗျူဟာ ချထားသည်လည်းဖြစ်နိုင်သည်။ အမေရိကန်သည် ကိုယ်တိုင်မပါဝင်ဘဲ ရုရှားအား ယူကရိန်းစစ်ပွဲ၊ ထိုထက်အနည်းငယ်ကျယ်ပြန့်ပါက ဥရောပနိုင်ငံအချို့တွင်ပါ ဖြစ်ပွါးသည့်စစ်ပွဲအတွင်း ရုရှားအား ဆွဲနှစ်ရန်အတွက် ပြင်ဆင်နေခြင်းလည်းဖြစ်နိုင်သည်။ 


     ဤအချက်ကို ရုရှားတို့လည်း ကောင်းစွာသိပုံရသည်။ စစ်ပွဲအား အချိန်တိုအတွင်း အဆုံးသတ်နိုင်ရန် ကြိုးစားနေပုံရသည်။ စစ်ပွဲရှည်ကြာလျင် ရုရှားတို့အဖို့ စစ်ရေးအရသာမက နိုင်ငံရေး၊စီးပွါးရေးပါ ထိခိုက်နိုင်ပေသည်။ သို့သော်လည်း စစ်ပွဲတပွဲသည် အစပြုရန်လွယ်သလောက် အဆုံး သတ်ရန်ခက်ခဲတတ်ပေသည်။ လက်ရှိ ယူကရိန်းအား ဗြောင်အတိအလင်း စစ်ရေးအထောက်အပံ့ပေးနေသည့် နေတိုးအဖွဲ့ဝင်နိုင်ငံများကို ရုရှားက မည်သို့တုန့်ပြန်မည်ဆိုသည်က စစ်ပွဲအတွက် အရေးပါသောအချက်ဖြစ်နေ သည်။ 


     ဤအားပြိုင်ပွဲတွင် ထည့်မတွက်၍မရသည့် ဇတ်ကောင်တကောင်မှာ တရုတ်ဖြစ်သည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတနိုင်ငံအဖြစ်သို့ တက်လှမ်းရန် ကြံရွယ်နေသော တရုတ်တို့သည် ဤပွဲတွင် နှစ်ဖက်ထိမ်းညှိ၍ ရပ်တည်နေသည့်အခန်းက ဝင်ပါနေသည်။ ရုရှားဖက်ကဆိုလျင် စီးပွါးရေးအကျိုးအ မြတ်ရမည်။ အမေရိကန်-ကိုရီးယားစစ်ပွဲ၊ အမေရိကန်-ဗီယက်နမ် စစ်ပွဲကာလက ဂျပန်တို့ အမေရိကန်ထံမှာ စီးပွါးရေးအကျိုးအမြတ်ရရှိခဲ့သည်။ အ လားတူပင် လက်ရှိ ရုရှား-ယူကရိန်းစစ်ပွဲကြာရှည်ပါက ရုရှားထံမှ တရုတ်တို့ စီးပွါးရေးအကျိုးအမြတ်အများအပြားရရှိနိုင်သည်။ တဖက်ကလည်း အမေရိကန်နှင့် သူမဟာမိတ်များ တောင်တရုတ်ပင်လယ်၊ တိုင်ဝမ်အရေးများအပါ တရုတ်တို့အပေါ် ထားသည့် ဖိအားများလျော့ကျနိုင် သည်။ အမေရိကန်နှင့်စီးပွါးရေးညှိနှိုင်းမှုများ ပြုလုပ်ရန် အခွင့်အလမ်းပေါ်လာသည်။ 


     တရုတ်တို့အဖို့ ပြည်တွင်း စီးပွါးရေးအခြေအနေက ရုရှားထက်အများကြီးကောင်းသည်။ နိုင်ငံရေးအခြေအနေအရလည်း တရုတ်ပြည်တွင်း တရုတ်ကွန်မြူနစ်ပါတီ၏ အခြေအနေသည် ၁၉၄၉ တပြည်လုံးလွတ် မြောက်ပြီးနောက် ခေတ်သစ်တွင်တပြည်လုံးအားစုစည်းနိုင်သည့် နိုင်ငံရေးပါတီတရပ်အနေနှင့် ဂုဏ်တက်ခဲ့သည်။ ၁၉၆၆ ယဉ်ကျေးမှုတော်လှန်ရေးကာလတွင် မည်သို့သောအမှားများကျူးလွန်ခဲ့သည်ဆိုသော်လည်း တရုတ်ပါတီ၏ ဩဇာအာဏာတည်‌ဆောက်နိုင်ခဲ့သည်။ ၁၉၈၀ ခုနှစ် စီးပွါးရေးပြောင်းလဲမှုများပြုလုပ်ပြီးနောက် ၁၉၉၀ ခုနှစ်ခန့်တွင် ဝရုန်းသုန်းကားအခြေအနေများ ကြုံခဲ့ရသော်လည်း ၂၀၀၀ ခုနှစ်မှစ၍ တရုတ်ပြည်ကြွယ်ဝချမ်းသာလာသောအခါ တရုတ်ပြည်အား ချမ်းသာကြွယ်ဝအောင်လုပ်ပေးနိုင်သော ပါတီအဖြစ် အသိအမှတ်ပြုခံရသည်။ လက်ရှိအချိန်တွင် တရုတ်ကွန်မြူနစ်ပါတီအား တရုတ်အများစုတို့ယုံကြည်သဘောထားပုံမှာ အယူ ဝါဒများပေါ်တွင်အခြေမခံပေ။ တရုတ်ပြည်အား အားကောင်းမောင်းသန်ဖြစ်စေပြီး ကြွယ်ဝချမ်း သာအောင်လုပ်ပေးနိုင်သည့် တရုတ်အမျိုးသားပါတီတရပ်အဖြစ် သဘောထားသည်။ ထို့ကြောင့် တရုတ်တို့သည် ပြည်တွင်း၌ အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိမ်းသိမ်းထားနိုင်သည်။ 


   လက်ရှိယူကရိန်းစစ်ပွဲသည် အီရတ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲတို့နှင့်မတူပေ။ ရုရှားနှင့် အနောက်တို့ နယ်ပယ်ပေါင်းစုံ၌ အားပြိုင်ကြသည့် ပွဲဖြစ်သည်။ ထို့ပြင် တရုတ်ဆိုသည့် အင်အားကြီးနိုင်ငံတနိုင်ငံ ထွက်ပေါ်လာပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွါးရေးအခင်းအကျင်းများ ရေးဆွဲနေသည့်ကာလတွင် ထွက်ပေါ်လာသည့် စစ်ပွဲဖြစ်သည်။ လက်ရှိကမ္ဘာတွင် အမေရိကန်နှင့်သူ၏မဟာ မိတ်များက နိုင်ငံရေး၊စစ်ရေးနယ်ပယ်တွင် အထိုင်ကျနေသည်။ အင်အား အသာရနေသည်။ ဘဏ္ဏာရေး၊ စီးပွါးရေးနယ်ပယ်တွင်လည်းအသာရနေသည့်ကာလဖြစ်သည်။ ရုရှားအဖို့ လျှောကျသွားသော သူ၏စူပါပါဝါအား ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေသည့်ကာလဖြစ်သည်။တရုတ်ကတော့ ကမ္ဘာ့အခင်းအကျင်းတွင် နိုင်ငံရေးအရ၊ စစ်ရေးအရ အသစ်ပေါ်လာသည့် စူပါဝါတခုဖြစ်သည်။ ဘဏ္ဏာရေး၊ စီးပွါးရေးနယ်ပယ်တွင် ဈေးကွက်အသစ်ဖန်တီးရယူနေသည့်ကာလဖြစ်သည်။ ကမ္ဘာအင်အားကြီးနိုင်ငံများ ပြိုင်ဆိုင်မှုများကြားမှ ကမ္ဘာ့အခင်းအကျင်းသစ်များ ပေါ်ထွက်လာလေ့ရှိရာ ယခုကာလတွင်လည်း ကမ္ဘာ့အခင်းအကျင်းသစ် ပေါ် ထွက်လာမည်လောဆိုသည့် ဂရုပြု စောင့်ကြည့်ရန်လိုသည်။ ရုရှားယူကရိန်းစစ်ပွဲရှည် ကြာပါက ထိုအခင်းအကျင်းသစ်သည် ထွက်ပေါ်လာတော့မည်ဖြစ်သည်။ကမ္ဘာ့လုံးဆိုင်ရာ အခင်းအကျင်းသစ်ပေါ်ထွက်လာပါက မည်သည့်နိုင်ငံမဆို လိုက် လျောညီထွေအောင် ပြောင်းလဲကြရပေတော့မည်။ 


      မြန်မာပြည်သည် ကိုယ့်အိမ်တွင်းရေးနှင့်ကိုယ်အပူမိနေသည့် တိုင်းပြည်တခုဖြစ်သည်။ ယူကရိန်းစစ်ပွဲကို အလေးမထားနိုင်သည့် အခြေအနေမျိုးဟုဆို၍ရပါသည်။  သို့သော်လည်း ထိုစစ်ပွဲ

၏အကျိုးဆက်အဖြစ် ကမ္ဘာ့အခင်းအကျင်းသစ်ပေါ်လာနိုင်သည်ကို သတိပြုရန်လိုအပ်သည်။ ထိုအခင်းအကျင်းသစ်ပေါ်ပေါက်လာပါက မိမိတိုင်းပြည်၊ မိမိပြည်နယ်အတွက် အကျိုးရှိသောအခြေ အနေဖန်တီးပြီး လိုက်ပါနိုင်ရန် မြန်မာ့နိုင်ငံရေး၊ စစ်ရေး နယ်ပယ်များမှ သော့ချက်ကျသူများ သတိ ချပ်ရန်လိုအပ်ပေလိမ့်မည်။ 


မောင်မောင်စိုး


ဆက်ဖတ်ရန် →

ဘယ်လာရုစ်နယ်စပ်မှာ ရုရှားနဲ့ဆွေးနွေးဖို့ ယူကရိန်းသဘောတူ

​


ရုရှားသမ္မတ Vladimir Putin က နျူကလီးယား တားဆီးရေးဆိုင်ရာ ရုရှားတပ်တွေကို အဆင့်မြင့် သတိပေးချက် တပ်လှန့်တဲ့အမိန့် ထုတ်ပြန်ထားလိုက်ချိန်မှာပဲ ယူကရိန်းက ရုရှားနဲ့ ဆွေးနွေးမှုတွေကို ဘယ်လာရုစ်နယ်စပ်မှာ ကျင်းပဖို့ သဘောတူလိုက်ပါတယ်။


ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့် အနောက်နိုင်ငံတွေနဲ့ တင်းမာမှုတွေ တိုးလာချိန်မှာပဲ သမ္မတ Putin က တိုက်ခိုက်ရေးအထူးတပ်ဖွဲ့ထဲမှာ နျူကလီးယား တားဆီးရေး တပ်တွေကိုပါ ထည့်သွင်းချထားဖို့ ရုရှားကာကွယ်ရေးဝန်ကြီးကို တနင်္ဂနွေနေ့မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။


NATO ခေါင်းဆောင်တွေဟာ ရုရှားစီးပွါးရေး အထိနာစေမယ့် ဒဏ်ခတ်မှုတွေ ချမှတ်ပြီး ရန်လိုတဲ့ ကြေညာချက်တွေ ထုတ်ပြန်နေတယ်လို့လည်း သမ္မတ Putin က ရုရှားအရာရှိတွေကို ပြောကြားခဲ့တာပါ။


သမ္မတအိမ်ဖြူပြောခွင့်ရ Jen Psaki ကတော့ သမ္မတ Putin ဟာ မရှိတဲ့ ခြိမ်းခြောက်မှုတွေကို ဖန်တီးပြီး သူ့ရဲ့ ရန်လိုတဲ့လုပ်ရပ်တွေ ထပ်လုပ်ဖို့ ကြိုးစားနေတာဖြစ်ကြောင်း၊ တကယ်ဆို ရုရှားကို NATO ကရော ယူကရိန်းကပါ ဘာမှ ခြိမ်းခြောက်ထားတာ မရှိကြောင်း ABC ရုပ်သံအစီအစဉ်ကို ပြောပါတယ်။


အကြီးတန်း ရုရှား ကာကွယ်ရေးအရာရှိတဦးကလည်း အခုလို နျူကလီးယား တားဆီးရေး တပ်တွေကို တပ်လှန့်ထားဖို့ ရုရှားရဲ့ ဆုံးဖြတ်ချက်ဟာ မလိုအပ်သလို အရှိန်ပိုမြင့်လာစေတယ်လို့ သတိပေးပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ မဟာမိတ်တွေ အနေနဲ့ ကိုယ့်မြေကိုရော ကိုယ့်မိတ်ဆွေတွေကိုပါ ကာကွယ်နိုင်စွမ်းရှိကြောင်း ပြောပါတယ်။


တချိန်တည်းမှာပဲ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ရုရှားနဲ့ ကြိုတင်ကန့်သတ်ချက် တစုံတရာမရှိတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို စတင်ဖို့ Pripyat မြစ်အနီး ဘယ်လာရုစ်နယ်စပ်ကို ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွှတ်ဖို့ သဘောတူကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။


အစောပိုင်းကတော့ ရုရှားဟာ ယူကရိန်းကိုတိုက်ဖို့ ဘယ်လာရုစ်ကနေ လုပ်ဆောင်တာကြောင့် ဘယ်လာရုစ်မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲကို တက်မှာမဟုတ်ကြောင်း ယူကရိန်းသမ္မတက ပြောကြားခဲ့တာပါ။


#RussiaUkraine #UkraineBelarus #VolodymyrZelenskyy #VladimirPutin #VOABurmese


ဆက်ဖတ်ရန် →

တနလ်ာနေ့ က စပြီး ကမ္ဘာမှာဘာဖြစ်နိူင်သလဲ?



ရုရှား ဘဏ်များအား Swift code အသုံးပြုခွင့်မရတာကြောင့် ရုရှား၏ impory &export လုပ်ငန်းအများစုရပ်တန့်သွားမယ်။ 


ထို့အပြင် ရုရှား၏ ပြင်ပမှာထားတဲ့ အရံငွေ ဒေါ်လာ ၆၆၀ ဘီလီယံကို freeze လုပ်တော့မှာဖြစ်၍ ရုရှား ငွေကြေးဖြစ်တဲ့ ရူဘီးဟာ တန်ဖိုးပြိုကျမယ်။ 


ရူဘီးငွေတန်ဖိုးပြိုကျမယ်ဆိုရင် ရုရှားမှာ import လုပ်ရတဲ့ ကုန်တွေ ပစ္စည်းစျေးတက်မယ်ဆိုပါတယ်။ ဒါတ်ုရင်ရုရှားတွေဟာ ဘဏ်ကငွေတွေအကုန်ပြန်ထုတ်ကြမှာဖြစ်၍ ဘဏ်တချို့ဒုက္ခရောက်နိုင်တယ်။ အခန့်အသင့်ရင်ပြိုကျနိုင်တယ်ဆိုတယ်။


ထို့အပြင်ရုရှားဗဟိုဘဏ်မှာစုထားတဲ့ အရံရွှေ တွေကို ထုတ်ရောင်းဖို့လည်း swift code ဖြင့်ပေးချေတာတွေလိုတာဖြစ်၍ ရုရှားဟာ သူ့ငွေကြေးကိုကျားကန်ပေးဖို့ခက်မယ်ဆိုပါတယ်။ ထို့အတွက် ရုရှားမှာ financial problem ဖြစ်မယ်ဆ်ိုတယ်


ဒါကတော့ ရုရှားအပေါ်ချမှတ်ထားတဲ့ financial sanctions တွေနှင့် ပက်သက်၍ ရုရှား မှာ ဘာဖြစ်နိူင်တယ်ဆိုတာ ကို နိုင်ငံတကာက ဘဏ္ဍာရေးကျွမ်းကျင်သူတွေသုံးသပ်တာ ထဲက ကောက်နှတ်ထားတာဖြစ်ပါတယ်။


နောက်တခုက ရုရှားဟာကမ္ဘာနှင့်ဆက်စပ်နေတဲ့အင်အားကြီး တိုင်းပြည်ဖြစ်ပါတယ်။ ထို့အတွက် ယခု swift code အသုံးပြုခွင့်ပိတ်ပင်ထားခြင်းခံရတဲ့ ရုရှားဘဏ်တွေ၏ အဓိက investers တွေဟာ အနောက်တိုင်းက သူဌေးတွေဖြစ်နေပါတယ်။ ထို့အပြင် ဥရောပတိုက်ဟာ ယနေ့အခ်ျန်မှာ ရုရှား၏ gas ကိုမှီခိုနေရပါတယ်။


ဒါကြောင့် အကယ်၍စစ်ပွဲဟာနောက် ၁၀ရက် အတွင်းဘယ်သူအနိုင်အရှူံးဆိုတာအပေါ်ရင် ဥရောပ၏ financial center တွေလည်း ကမောက်ကမဖြစ်ပြီဆိုပါတယ်။


ဒါကြောင့် လာမည့်တနလ်ာနေ့မှာ ရုရှားမှာ ဘဏ်တွေမပြိုကျအောင်ထိန်းနိုင်ရင်တောင် နောက် ၁၅ရက်လောက်မှာ ရုရှားဟာ ဥရောပ၏ ဘဏ္ဍာရေးပျက်ကပ်နှင့်အတူ ရုရှားဟာ ထပ်အထိနာမယ်ဆိုရမှာပါ။


ဒါကြောင့် ဘာဖြစ်လို့ ဥရောပဟာ သူတို့အထိနာမည်မှန်းသိရဲ့နှင့် ရုရှားကို ဆော်ရသလဲဆိုရင် အကယ်၍ ယခုအတိုင်းထိုင်ကြည့်နေမယ်ဆိုရင် ပူတင်ဟာ ဥရောပကို ကျူးကျော်လာမည်ဟုယူဆ၍ ဖြစ်တယ်။


ဒါကြောင့် ရုရှား၏ war machine ကို အထောက်အပံဖြစ်နေတဲ့ ရုရှား၏ ဘဏ္ဍာရေးစင်တာကို အရင်ဖြိုချပြီး စစ်ကိုတားနေရတယ်ဆိုပါတယ်။


ဒါဆိုရင် ကျွန်တော်တို့နေတဲ့ အာရှကောဘာဖြစ်နိူင်သလဲ။


ဥရောပနှင့် အမေရိကဆိုတာ ကမ္ဘာ၏ ဘဏ္ဍာရေးစင်တာတွေဖြစ်ပါတယ်။


ဥရောပနှင့် အမေရိကားမှာ တခုခုဖြစ်ရင် တကမ္ဘာလုံးအထိနာတတ်ပါတယ်။

Financial system အတော်ကျန်းမာတဲ့တိုင်းပြည်တွေသာ အထိနာမှုသက်သာတာပါ။ 


ဒါကြောင့် ဘဏ်စနစ်အရမ်းကောင်းတဲ့တိုင်းပြည်ကလွဲရင် ကျန်တစ်ကမ္ဘာလုံးဟာ ဥရောပမှာ ရထားနှစ်စင်း ပြိုင်တိုက်ကြတဲ့ အရှိန်ကြောင့် အားလူံးအထိနာသွားပြီဆိုရမှာပါ။


ကမ္ဘာတဝှမ်းမှ ပညာရှင်များ၏ သုံးသပ်မှုကိုကောက်နှတ်တင်ပြထားခြင်းဖြစ်ပါတယ်။


ကမ္ဘာသူ ကမ္ဘာသားများ စိတ်ဆင်းရဲခြင်းကင်းကြပါစေ။


(မြန်မာပြည်အရေးကတော့ နိုင်ငံခြားမှာ ဘဏ္ဍာရေးပြဿနာမတက်ခင်ကတည်းက ကိုယ့်ဆီက ဘဏ်တွေသိပ်ပြီးလည်ပတ်နိုင်တာမဟုတ်၍ အဆိုးကိုအဆိုးထပ်တာဖြစ်၍ သိပ်ပြီးမစဉ်းစားတော့ပါဘူး။ ဘာဖြစ်နိူင်သလဲဆိုတာ မိမိသာမိမိ ဖြည့်တွေးပါတော့။)


Myat Maw

ဆက်ဖတ်ရန် →

ဒီနေ့ည ရုရှားတပ်တွေ ထပ်တိုးချမယ်ပြော

​Ambush မိလိုက်တဲ့ သံချပ်ကာယာဉ်တန်းတွေ 

တင့်တွေဆိုတာ မြင်လို့တောင်မကောင်းဘူး မင်းတို့ကိစ္စ -

ကိုယ်တွေဆီမှာတော့ ရုရှားဘက်ကနေ စွတ်လော်နေတာပဲ -


T-72B3 တွေ၊ Tiger-M IFV, Ural-4320 Zvezda-V,

MT-LB ,  BM-21 Grad , BMP-2, TMM-3M2, 

BMD-4M , MT-LB, 2K22M1 Tungaska-M1 

အဲ့လို Armor အစုံကို အတန်းလိုက်တွေမိတာ 😬


ယူကရိန်းတွေမှာက  NLAW တွေ Javelin တွေလို 

ATGM တွေအပြင် တစ်ခြားအပေါ့စား Anti-Armor 

Guided Weapon တွေကို ရှယ်သုံးနေတာ။ 

အခုချိန်ထိတော့ သူတို့ လေကြောင်းရန်ကာကွယ်ရေးစနစ်လဲ 

အားကောင်းနေဆဲပဲ၊ ပခုံးထမ်း MANPADA တွေကလဲ

နေရာအနှံ့ပြန့်ကျဲနေတုန်းပဲ၊  ဝေဟင်မှာလဲ Fighter တွေနဲ့ 

တက်ဖုတ်နိုင်နေသေးတယ်။


ထင်သလောက်လဲမလွယ်ဘူး အခုအထိတော့ ရုရှားတွေလဲ 

အဲ့လောက်ကြီးဘက်ပေါင်းစုံထိုးစစ် အကြီးအကျယ်နဲ့ 

အဆင့်မြင့်လက်နက်တွေ ထုတ်သုံးတာ မတွေ့သေးဘူး။


ဒီနေ့ညတော့ ရုရှားတပ်တွေ ထပ်တိုးချမယ်ပြောတယ်။

CNN မှာ တိုက်ရိုက်လွှင့်နေတာ ယူကရိန်းဘက်ကိုဦးတည်ပြီး

လာနေတဲ့ စစ်ကြောင်းတွေတော့မနည်းဘူး။ 

အခုအချိန်အထိကို ရုရှားတွေဘက်ကနေ (SRBM)

တာတိုပစ်ပဲ့ထိန်းဒုံးကျည် 250 ကျော် ပစ်ခတ်ထားပြီးပြီ။


ပြောချင်တာက ရုရှားတပ်တွေလဲ ယူကရိန်းထဲမှာ

အများအပြားခံနေရတယ်။ ကိုယ်တွေဆီက ဆရာကြီးတွေက

စာအရှည်ကြီးတွေနဲ့ရေးလိုက်ရင် ယူကရိန်းပဲ အခုချက်ချင်း

မြေပုံပေါ်က ထပျောက်သွားသလို။


အခုစစ်ပွဲပုံစံထက် အခြေအနေကတော့ ပိုပြောင်းသွားမှာပါ

ရုရှားတွေ အလုံးအရင်းသုံးလာလိမ့်မယ်။

အခုအတိုင်းကတော့ ရုရှားတွေလဲ ဖင်စုတ်နေပါတယ်။


#နောက်ထက် #နယ်သာလန်ကနေ FIM-92 Stinger 

MANPADS အလတ် ၂၀၀ နဲ့ Panzerfaust 3 (ATGM) 

၄၀၀ လောက် ထက်ရောက်ဦးမယ်။

#ဂျာမနီကနေ RPG အလတ် ၄၀၀ ထက်ရောက်မယ်။ 

#အမေရိကန်ကလဲ စစ်ရေးအကူအညီအသစ် $350 million ဖိုး 

ဒီနေ့ညပဲ ခွင့်ပြုပေးလိုက်တယ် (ATGM တွေ MANPADS တွေ) 

နောက်ထက် ရောက်လာဦးမယ်။


#Russian #InvasionUkraine #Conflict

crd


ဆက်ဖတ်ရန် →

စစ်တပ်နောက်မှာ တရုတ်ရှိလို့ ပြည်ပနိုင်ငံတွေ မကူညီရဲတာဆိုတဲ့ ဂျင်း



ချီးနားပိုက်လိုင်းနဲ့ အကျိုးစီးပွားတွကို စစ်တပ်က မကာကွယ်ပေးနိုင်ရင် နိုင်မြင်းလောင်းဖို့ ချိ့နဟာ PDF တွေကို လက်နက်ထောက်ပံ့ပေးပြီး မအလကို ဖြုတ်ချလာနိုင်တယ်ဆိုတဲ့ တပ်တွင်းစကားသာ မှန်ခဲ့ရင် 


စစ်တပ်နောက်မှာ ချိးနားရှိလို့ ပြည်ပနိုင်ငံတွေ မကူညီရဲတာဆိုတဲ့ ဂျင်းကို ကျနော်တို့တွေ စွန့်ပယ်သင့်ပြီဟုထင်မိသည်


အကြောင်းက ချိ့နဟာ သူပိုင်ဆိုင်တယ်လို့ ကြွေးကြော်ထားတဲ့ တောင်ပင်လယ်ထဲမှာ US တပ်တွေ ဖြတ်ကျော်၀င်ရောက် ကျုးကျော်ခြေချ နေရာယူပြနေတာတောင် ပြန်မလုပ်‌ရဲသေးရင် 


မြန်မာကိုသူပိုင်နယ်မြေသက်မှတ် ကျုးကျော် တိုက်လာမည့်သူတွေကို သူ၀င်ကူညီတိုက်ပေးမည်ဆိုတာ ဟုတ်နိုင်ပါ့မလား တွေးဆဖို့ပါ  


ဒီတော့ သူကူညီပေးရင် လက်နက်ပဲ ဖြစ်မယ် ဒါတောင် ခုလိုအခြေနေနဲ့ မအလတို့ ဘ၀ပျက် ငွေကြေးချို့တဲ့နေချိန်မှာ ဘယ်အရာနဲ့ အစားထိုးပြီး နယ်မြေရောင်းစား လက်နက်နဲ့ အလဲထပ်လုပ်မလဲ တွေးဆပြီး ဖြစ်နိုင်ပါ့မလား စဉ်စားဖို့ပါ 


အကြောင်းက မအလ အာဏာသိမ်းပြီး သွားတာ ရုရှားပါ ချိ့နကို မယုံလို့ မသွားပဲ ခုလို အကန်လုပ်ထားတယ်ဆိုတာ သိပါ ဒါကဘာကို ညွန်းတာလဲဆိုရင် သူ့ထိရင် ချိ့နတပ်ရှိတယ်ဆိုတဲ့ ဂျင်းကို သိဖို့ အဖြေပေါ်လာခြင်းပဲဖြစ်တယ်ဆိုတာနဲ့ တကယ်သာ ကူမယ်ထင်ရင် ချိ့နပဲ အားကိုး သွားပူးပေါင်းမှာပေါ့ဟု ဆိုချင်တာ 


နောက် အများအမြင် တွေး‌ဆမှုကလည်း ချိ့နပိုက်လိုင်းထိရင် ချိ့နက သူ့တပ်တွေလွတ် ကာကွယ်ဖို့အတွက် သူ့ကိုယ်ကျိုးစိးပွားအကြောင်းပြ မြန်မာထဲ proxy war တည်မယ်ဆိုပေမယ့် 


ထိုချိန်ဆို ပိုဆူံးရှူံးပျက်စီးမှုကို ခံရမှာက ချိ့နပဲ မဟုတ်လား ဒါကို သူရင်းပါ့မလား‌‌ဆိုတာနဲ့ ပိုက်လိုင်းနဲ့ သူ့စီးပွားမထိပဲ မအလတို့ကိုသာ ဦးတည်တိုက်ပြီး ဖြုတ်ချရင်ရော သူ၀င်လာစရာလိုလို့လား မေးစရာပါပဲဟုဆိုချင်ပြီး


မြင်သလောက်ကတော့ NUG သာ အနောက်နဲ့ မိတ်ဖက်န်ိုင်ငံတွေကို သေချာခိုင်မာတဲ့ ကတိက၀တ်သာပေးပြီး အပေးယူလုပ်ကြည့်ပါ သေချာပေါက်ကို ကူညီလာမှာဖြစ်ပြီး ပြည်တွင်း Eao တွေအပေါ်ကိုလည်း ထိုနည်းတူအတိုင်း လက်တွဲပူးပေါင်းဆောင်ရွက်ပါ ကချင်က လက်နက်စက်ရုံဆိုတာ ကိုယ့်အတွက်ချည်းပါပဲလို့ 


သို့ကြောင့် လိုနေတာ ထိုအချက်သာ ဖြစ်ပြီး ခုကစ စစ်တပ်ရဲ့ သူ့ထိရင် ချိ့နရှိတယ်ဆိုတဲ့ဂျင်းကို ကန်ထုတ်ကြသင့်ပြီဖြစ်ကြောင်း လက်တွေ့လုပ်ဆောင်မှုအရာတွေပဲ အမြန် အကောင်ထည်ဖော်ကြဖို့ အားလုံးကို တိုက်တွန်းလိုပါတယ် !

MTZND

#မင်းကြည်ညိုနေ 🕊️

ဆက်ဖတ်ရန် →

ဂျပန်ကလည်း ပူတင်ကို စပြီး စိုးရိမ်နေပါပြီ..

​ပူတင်က နျူကလီးယားတပ်တွေကို 

တပ်လှန့်နေပြီဆိုတော့

ဂျပန်ကလည်း 

နေတိုးအဖွဲ့ဝင်နိုင်ငံတွေလို

နျူလက်နက်တွေကို သူ့ကိုလည်း 

မျှဝေပေးသုံးခွင့်ပြုဖို့

အမေရိကန်ထံမှ တောင်းဆိုဖို့ စီစဉ်နေပါပြီ..


ဂျပန် နိုင်ငံသားတွေရဲ့

အသက်အိုးအိမ် စည်းစိမ်တွေကို

ကာကွယ်ဖို့ ရည်ရွယ်တယ်လို့

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အဘေးက

ဆိုပါတယ်..


#WM

#Ref - #Bloomberg


Japan Should Discuss NATO-Like Nuclear Weapons Sharing, Abe Says

Shinzo Abe

EPA/Bloomberg

ByYoshiaki Nohara Follow

February 27, 2022, 10:38 GMT 6:30


Japan should discuss a possible sharing of nuclear weapons similar to that of NATO members in the wake of the Russian invasion of Ukraine, former Prime Minister Shinzo Abe said Sunday. 


NATO’s nuclear sharing arrangements let the U.S. keep its nuclear weapons in Europe under its custody. “Many people in Japan probably don’t know about the system,” Abe said Sunday on a Fuji Television show. 


“Japan should not treat as a taboo discussions on the reality of how the world is kept safe,” said Abe, who oversaw a steady rise in defense spending during his time as premier that ended in 2020.


Abe also said Japan, which had been devastated by atomic bombs in Hiroshima and Nagasaki in the final stages of World War Two, would have to maintain its goal of abolishing nuclear weapons. Hemmed in by a pacifist constitution it adopted after the war, Japan relies heavily on the U.S. “nuclear umbrella” to deter growing regional threats. 


“It’s important to make progress toward that goal, but when it comes to how to protect the lives of Japanese citizens and the nation, I think we should conduct discussions by taking various options fully into consideration,” Abe said. 


 


— With assistance by Takashi Hirokawa


#Bloomberg




နေတိုးပုံစံ နူကလီးယားလက်နက်တွေမျှဝေသုံးစွဲခွင့်ကို အာရှမဟာမိတ်တွေအကြား စတင်ဆွေးနွေးဖို့ အာဘေးက ဒီမိုကရေစီမဟာမိတ်တွေကို ဒီကနေ့အစည်းအဝေးမှာ တိုက်တွန်းလိုက်ပါတယ်။ အာရှတိုက်အတွင်း နူကလီးယားပိုင်တဲ့ တရုတ်နဲ့ မြောက်ကိုရီးယားရဲ့အန္တရာယ်ကို ကြိုတင်ကာပြလိုက်တဲ့သဘောပါပဲ။ ဒီ ၂ ကောင်ဟာ အချိန်မရွေး နူလက်နက်တွေအားကိုးနဲ့ ရုရှားလို အာရှပစိဖိတ်ဒေသကို စစ်မီးမွှေးနိုင်ပါတယ်။


ဂျပန်ဟာ ခုလိုအကြပ်အတည်းကာလမယ် အာဘေးလိုခေါင်းဆောင်မျိုးရှိမနေတော့တာ သူ့အတွက်ရော အာရှလုံခြုံရေးအတွက်ပါ အင်မတန်နစ်နာတယ်။ သူ့နောက်တက်လာတဲ့လူတွေဟာ အာဘေးလောက် မထက်မြက်ကြပါဘူး။ 😩


Ref: SCMP


ဆက်ဖတ်ရန် →

​မူးယစ်ဆေးဝါးများကို ပို့ခယူပြီးနေပြည်တော်သယ်လာသော ဗိုလ်မှူးနှင့်ဗိုလ်ကြီးလမ်းတွင် ဖမ်းဆီးခံရ



—People's Spring


စစ်ကောင်စီတပ်မှ ဗိုလ်မှုးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးတို့က ရှမ်းပြည်နယ်ဘက်မှ မူးယစ်ကုန်သည်တစ်ဦးထံမှ  စိတ်ကြွဆေးပြား၁၀သိန်းနီးပါးကိုအခကြေးငွေယူ၍  နေပြည်တော်သို့ပို့ဆောင်ပေးရန် ကြိုးစားစဉ် လမ်းခုလတ်၌ စစ်ကောင်စီတပ်ဖွဲ့ချင်း ဖမ်းဆီးခံခဲ့ရသည်။


စစ်ကောင်စီ၏လေကြောင်းရန်ကာကွယ်ရေးတပ်၊တပ်ကုန်းမှ ဗိုလ်မှူးစံမင်းထွန်း (ကြည်း ၄၀၄၉၃)နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုး (ကြည်း ၅၆၁၅၇)ကို ပင်လောင်း- နေပြည်တော်သွားကားလမ်း လိန်းလီကြိုးတံတားထိပ်တွင်  Honda Fit ယာဉ်နံမှတ် 1K-8755 ကားဖြင့် ကားနောက်ခန်းနှင့်အလယ်ထိုင်ခုံကြားတွင် စက္ကူဂျပ်ဖာဖြင့်သယ်ဆောင်လာသောW နင့် R စာတမ်းပါ ပန်ရောင်စီတ်ကြွဆေးပြား ၁၀ သိန်း ကာလတန်ဖိုး ကျပ် ၄၉၀၀ ရှိသောဆေးပြားများကိုဖမ်းမိခြင်းဖြစ်သည်။


" စံမင်းထွန်းနဲ့  ကျော်ပြည့်ဖြိုးက စိတ်ကြွဆေးပြား ဆယ်သိန်းကို ကားနဲ့သယ်လာတာ။ဖမ်းမိတဲ့နောက် ရေတွက်ရင်း ပျက်တာ ဘာညာနဲ့ ကိုးသိန်ရှစ်သောင်းပြတာ။ဒီကောင်တွေ သိန်း၅၀နဲ့ နေပြည်တော်အရောက်သယ်ပေးတာ" ဟု စစ်ကောင်စီဘက်က သတင်းရင်းမြစ်တစ်ဦးကပြောသည်။


ဖေဖော်ဝါရီ ၂၅ရက်နေ့လယ်က ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး အခင်းဖြစ်စဉ် မြေပြင်အခြေအနေကို စစ်ကောင်စီမှ အရာရှိတစ်ဦးက လူထုနွေဦးသို့ အောက်ပါအတိုင်းပြောပြသည်။


" ဆေးပြားတွေ ပါလာတော့ အစစ်မခံဘူး။ ပစ်မယ် ခတ်မယ် ထိုးမယ် ကြိတ်မယ်လုပ်လို့ စရဖက လူတွေ ဝိုင်းဖမ်းကြရတာ" ဟု ဆိုသည်။


စိတ်ကြွဆေးပြားများကို ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးရန်နေပြည်တော် ၊ ရွှေကြာပင်ရပ်ကွက်၌နေပြီး ကားအရောင်းအဝယ်ဟန်ပြလုပ်ကိုင်နေသော မူးယစ်ဆေးကုန်သည်မအိက စစ်ကောင်စီအရာရှိနှစ်ဦးအား အခကြေးငွေပေး၍ ခိုင်းစေခဲ့ခြင်းဟု စစ်ကောင်စီအရာရှိတစ်ဦးက အသိပေးသည်။


" ဆေးပြားတွေက ရန်ကုန်ကနေ ဘဂ်လားဒေ့ရ်ှကို ပို့မှာ။ 

နမ့်စန်ကနေ နေပြည်တော် အထိ သိန်း၅၀၊ နေပြည်တော်ကနေ ရန်ကုန်အထိ သိန်း၅၀ ပေးမယ်ဆိုပြီး ခိုင်းတာ။ စံမင်းထွန်းနဲ့  ကျော်ပြည့်ဖြိုးက နေပြည်တော်အထိပဲ တာဝန်ယူမယ်ဆိုပြီး သိန်း၅၀ နဲ့လက်ခံတာ"ဟု အဆိုပါဖြစ်စဉ်ကို သိနေသည့် အထက်ပါအရာရှိက ပြောသည်။ 


အထက်ပါ ဖမ်းဆီးမှုကို စစ်ကောင်စီ၏ မူးယစ်တပ်ဖွဲ့စု(၂၆) ၊ ပင်လောင်းမှ ဒုရဲမှူး အောင်ဇော်ဟိန်း ဦးစီးအဖွဲ့၊ စခတ(၄)မှ ဗိုလ်ကြီး ထွန်းထွန်းအောင် ဦးစီးအဖွဲ့၊ ဖိုကုန်းနယ်မြေရဲစခန်းအဖွဲ့၊ သတင်းရဲတပ်ဖွဲ့(လိန်းလီ)နှင့် စရတ(ပင်လောင်း) တို့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က စစ်ဆေးဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့၏ ဌာနတွင်း လှို့ဝှက်ကြေးနန်းတွင် ဖော်ပြထားသည်။


တရားခံ စံမင်းထွန်း သည် အမှတ် (၁၂/၅) ၊ ပါလီကွေ့၊ ပျဉ်းမနားမြို့မှဖြစ်ပြီး ကျော်ပြည့်ဖြိုးသည် အမှတ် (၁၃၇-က)၊ မြဝတ်ရည်လမ်း၊ ရတနာမာန်အောင်ရပ်ကွက်၊ မတ္ထီလာမြို့တွင်နေသည်ဟု ရဲကြေးနန်းတွင် ဖော်ပြထားသည်။တရားခံများမှာ စစ်သားများဖြစ်၍ စစ်ဘက်ဆိုင်ရာဥပဒေဖြင့်အရေးယူနိုင်ရန် ၎င်းတို့၏ မိခင်တပ်များသို့ လွှဲပြောင်းထားကြောင်းကိုလည်း ကြေးနန်း စာ၌ဖော်ပြထားသည်။


ကြေးနန်းစာတွင် ဖော်ပြရေးသားချက်များအရ တရားခံ (၂)ဦးသည် တခြားသူများထံမှ စိတ်ကြွမူးယစ်ဆေးဝါးများအား အခကြေးငွေရယူသယ်ဆောင်ခဲ့သည်ဟု လက်သိပ်ထိုးထွက်ဆိုထားသော်လည်း ၄င်းတရားခံများဖြစ်သည့် စစ်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူများဖြစ်ပြီး မူးယစ်ဆေးဝါးများ‌ရောင်းချရန် သယ်ဆောင်ခြင်းကို အထက်အဆင့်ဆင့်၏သိရှိခွင့်ပြုချက်ဖြင့် ခရီးသွားလာခြင်းမျိုးဖြစ်‌နေသည်ကို စိစစ်တွေ့ရှိရသည်။


တာဝန်ချိန်အတွင်းဖြစ်နေသဖြင့် ရာထူးအရှိန်အဝါ(သို့) လုပ်ပိုင်ခွင့်များအားအသုံးချခဲ့သည်ကို ထင်ရှားစွာပေါ်လွင်နေကြောင်းတွေ့ရှိရပါသည်ဟု CDM ရဲတပ်ဖွဲ့ဝင်များ ဖွဲ့စည်းထားသည့်  Myanmar Police CDM Channel - MPCCက သတင်းထုတ်ပြန်ထားသည်။


"အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယုတ်မာရက်စက်သည့် ဥပဒေမဲ့လုပ်ရပ်များအား အုပ်စုဖွဲ့ ကျူးလွန်နေကြကြောင်း ထင်ရှားစွာတွေ့မြင်သိရှိခဲ့ရပါသည်" ဟု MPCCက ဆိုသည်။


အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုအား ဖိနှိပ်တိုက်ခိုက်နေစဉ် အောက်ခြေ အရာရှိ အရာခံအဆင့်ဆင့်သည် လူထုထံမှ ခိုးဆိုးလုယက်ခြင်းအပြင် ယခုကဲ့သို့ မူးယစ်ဆေးကုန်ကူးခြင်းကိုပြုလုပ်ပြီး ငွေရှာနေကြောင်း  ဗိုလ်မှူးတစ်ဦးက မှတ်ချက်ပြုသည်။


"အောက်ခြေမှာ ဗိုလ်ကြီးတွေ ဗိုလ်မှူးတွေတောင် ငတ်ပြတ်နေပြီလို့ သုံးသပ်လို့ရတယ်"  ဟု အထက်ပါ ဗိုလ်မှူးက ပြောသည်။


မကြာသေးမီကလည်း ဗထူးတပ်မှ စစ်ကောင်စီဗိုလ်ကြီးနှစ်ဦးကို သီပေါတွင် စိတ်ကြွဆေးပြားများ သေတ္တာနှစ်လုံးအပြည့်ဖြင့် အဖမ်းခံခဲ့ရသည်။


ယခုတစ်ကြိမ် ပင်လောင်းတွင်ဖမ်းမိသည့် စစ်ကောင်စီ၏ မူးယစ်ဆေးဝါးကုန်ကူးမှုကို ရဲအုပ်ထွန်းမြတ်ဦးဆိုသူကတရားလိုပြုလုပ်တိုင်တန်းကာ အမှုဖွင့်လှစ်ထားကြောင်း သိရသည်။


#လူထုနွေဦး

#LuduNwayOo

#People'sSpring

#PS

https://www.ludunwayoo.com

https://www.facebook.com/LuduNwayOo

https://www.instagram.com/ludunwayoo/


ဆက်ဖတ်ရန် →

ပူတင်က nuclear တပ်စုများအား alert လုပ်ထား

​Breaking News 

ပူတင်က nuclear တပ်စုများအား alert လုပ်ထားဖို့ ရုရှ ကာကွယ်ရေးဝန်​ကြီးချုပ်နဲ့ စစ်ဉီးစီးချုပ်တို့ကို အရေးပေါ်အခြေအနေအဖြစ် ပြင်ဆင်ခိုင်းထား ။

ယခု ပြသနာမှာပါဝင်ပက်သတ်နေတဲ့ နိင်ငံတွေကို အပြင်းအထန်လက် တုန့်ပြန်သွားမယ်လို့ပြောကာ sanction ပိတ်ခံရလို့ ဒေါသထွက်နေပါတယ် ။

(အရှင်ကုသလ)


ဆက်ဖတ်ရန် →

မည်သူမဆို ပူတင်ရဲ့ ကျူးကျော်မှုကို ခုခံဖို့အတွက် ပါဝင်နိုင်တယ်

​ဒိန်းမတ် 

ဝန်ကြီးချုပ်က

ယူကရိန်းနွယ်ဖွား 

ဒိန်းမတ်နိုင်ငံသားများသာမက

အခြားမည်သူမဆို ယူကရိန်းရှိ

ပူတင်ရဲ့ ကျူးကျော်မှုကို ခုခံဖို့အတွက်

နိုင်ငံတကာတပ်မဟာများမှာ 

ပါဝင်နိုင်တယ်လို့

တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။


စာရင်းများအရ

ဒိန်းမတ်နိုင်ငံမှာ

ယူကရိန်းနွယ်ဖွား

တစ်သောင်းနှစ်ထောင်ကျော်ရှိပါတယ်။


ယူကရိန်းနွယ်ဖွားတွေဟာ

ကမ္ဘာအနှံ့မှာ ပြန့်နှံ့နေထိုင်လျှက်ရှိပါတယ်။


ရုရှားမှာ ၃ သန်း ၂ သိန်းကျော်

ကနေဒါမှာ ၁ သန်း ၃ သိန်းကျော်

ပိုလန်မှာ ၁ သန်း ၃ သိန်းကျော်

ယူအက်စ်မှာ ၁ သန်းကျော်

ဘရာဇီးမှာ ၁ သန်းဝန်းကျင်

ကာဇက်စတန်မှာ ၃ သိန်းကျော်

ဂျာမဏီမှာ ၃ သိန်းကျော်

အာဂျင်တီးနားမှာ ၃ သိန်းကျော်

အီတလီမှာ ၂ သိန်းကျော်

ပြင်သစ်မှာ ၂ သိန်းကျော်

စသဖြင့် အသီးသီးရှိနေကြပါတယ်။

ဩဇီမှာတောင် ၄ သောင်းဝန်းကျင် ရှိပါသတဲ့။


မြန်မာ့နွေဦးတော်လှန်ရေးကလည်း

ယူကရိန်းပြည်သူများကို 

သွားရောက်ကူညီခွင့်ရရင် တွေးမိတာပါ။


စစ်ရေးအတွေ့အကြုံရမယ်

ပုခုံးထမ်းတင့်ဖျက်ဒုံး Javelin နဲ့

ပုခုံးထမ်း လေယာဉ်ပစ် FIM-92 Stinger

ဆယ်လက်စီလောက် လက်ဆောင်

ပြန်‌ရလိုက်ရင်တော့ ဒီမှာ ပွဲပြတ်ပြီပဲ။

(ကိုရင်သောင်းဒန်)

https://english.alarabiya.net/News/world/2022/02/27/Danish-PM-says-volunteers-can-join-Ukraine-fight-


ဆက်ဖတ်ရန် →

တရုတ်သမ္မတ ရှီကျင့်ဖျင်၏သမီး အမေရိကတွင် နေထိုင်နေဟုဆို

​

26-February-2022


တရုတ်သမ္မတ ရှီကျင့်ဖျင်၏ တစ်ဦးတည်းသောသမီး ရှီမင်းကျိသည် အမေရိကတွင် နေထိုင်နေကြောင်း အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ် ဗစ်ကီဟတ်ဇလာက ပြောကြား သည်။


ဟတ်ဇလာသည် "တရုတ်ကွန်မြူနစ်ပါတီဝင်များအား အဆင့်မြင့်ပညာသင်ယူခွင့်တားမြစ်သည့်အက်ဥပဒေ" ကို မိတ်ဆက်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ဒုတိယအာဏာအရှိဆုံးခေါင်းဆောင်၏ တစ်ဦးတည်းသော ကလေးသည် အမေရိကတွင်နေထိုင်ကြောင်း ဟတ်ဇလာက ထုတ်ဖော်ပြောခဲ့သည်ဟု အမေရိကန်ရှိ တရုတ်မျက်မှောက်ရေးရာဝေဖန်ရေးဆရာတစ်ဦးက ၎င်း၏ YouTube ချန်နယ်တွင် ဖေဖော်ဝါရီ ၂၀ ရက်က တင်ခဲ့သည်။


တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် သူ၏ဒုတိယဇနီး နာမည်ကျော်ရိုးရာအဆိုတော် ဖန်လီယွမ်တို့၏ သမီးအကြောင်းကို အခြေခံအချက်အလက်အနည်းငယ်မှလွဲ၍ သိရှိသူများစွာ မရှိပေ။


အမေရိကန် အထက်လွှတ်တော်အမတ်၏ ဥပဒေမူကြမ်းသည် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်တွင် တာဝန်ထမ်းဆောင်နေသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ကျောင်းသား သို့မဟုတ် သုတေသနဗီဇာများ ထုတ်ပေးခြင်းကို တားမြစ်မည်ဖြစ်သည်။


ရှီ၏သမီးသည် တရုတ်နိုင်ငံတွင် ၅ နှစ်ကြာနေထိုင်ပြီးနောက် အမေရိကန်သို့ ပြန်လာခဲ့ကြောင်း ဝေဖန်ရေးဆရာက ၂၀၁၉ ခုနှစ်တွင် ပြောကြားခဲ့သည်။


ရှီမင်းကျိကို၁၉၉၂ ခုနှစ် ဇွန်လ၂၇ ရက်တွင်မွေးဖွားခဲ့ပြီး ဟန်ကျိုးနိုင်ငံခြားဘာသာစကားကျောင်းတွင် အထက်တန်းကျောင်းသူဘဝက ပြင်သစ်စာ လေ့လာသင်ယူခဲ့သည်။


သူမသည် မက်ဆာချူးဆက်ပြည်နယ်ရှိ ဟားဗတ်တက္ကသိုလ်တွင် ပညာသင်ရန် ၂၀၁၀ခုနှစ်က အမေရိကန်သို့ နာမည်လွှဲဖြင့် သွားရောက်ခဲ့ပြီး ၂၀၁၂ခုနှစ်အထိ လူအများက သူမအကြောင်းကို မကြားဖူးကြပေ။


သူမသည် ကိန်းဘရစ်ဂျ်ဧရိယာထဲတွင် နေထိုင်ဆဲဖြစ်ပြီး ယခုအခါ ထိုနေရာတွင် သုတေသန ကျောင်းသူဖြစ်နေလောက်ပြီဟု ဝေဖန်ရေးဆရာကယူဆသည်။


အစောပိုင်းက ဝက်ဘ်ဆိုဒ်နည်းပညာရှင် တရုတ်အမျိုးသား နျူတန်ယူသည် သမ္မတရှီကျင့်ဖျင်သမီး၏ ကိုယ်ရေးကိုယ်တာ အချက်အလက်ပေါက်ကြားမှုဖြင့် တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရသည်။


By The economics Times  25 February 2022

#တရုတ်သမ္မတရှီကျင့်ဖျင်၏#သမီး #အမေရိကတွင်နေထိုင်နေဟုဆို


ဆက်ဖတ်ရန် →

​ကံဆုံခြင်း



ဖွဲ့ဖြိုးဆဲ ယူကရိန်းနိုင်ငံကို ကမ္ဘာ့ စစ်အင်အား

ကြီး   ရရှားနိုင်ငံက  အကြောင်းမဲ့   ဝင်ရောက်

တိုက်ခိုက်တယ် ။ ယူကရိန်း  ပြည်သူများ  စစ်

ဘေးသင့် ဘဝကို   ချက်ချင်း  ကျရောက်သွား

ကြတယ် ။ 


အမေရိကန်အပါအဝင်   ဥရောပနိုင်ငံတို့မှ ယူ

ကရိန်း  ပြည်သူများကို အင်တိုက်  အားတိုက် 

ကူညီနေကြပါတယ် ။ ယူကရိန်းတို့လည်း စစ်

ဖြစ်မှပဲ ဖွံ့ဖြိုးပြီး နိုင်ငံအဆင့်ကို ရောက်တော့

တယ်လို့ ပြောရမလို ဖြစ်နေတယ် ။ ယူကရိန်း

ကိုကြည့်ပြီး ငါတို့လည်း အဲသလို အကူအညီ

မျိုးကို ရလျှင်ကောင်းမှာဘဲဟု မျှော်လင့်မိပါ

တယ် ။ တောင့်တမိပါတယ် ။ 


သို့ပေသည့်   ယူကရိန်းနှင့်  မြန်မာ မတူတဲ့ အ

ကြောင်းတွေကလည်း   မနည်းမနောပါဘဲ ။ 

ယူကရိန်းသည် တရားဝင်  အစိုးရဖြစ်တယ် ။ 

အိမ်နီးချင်းကောင်း နိုင်ငံများရှိတယ် ။ 


သမတနှင့် သမတ ကတော်တို့ကလည်း  သေ

လျှင်မြေကြီး ၊ ရှင်လျှင်ရွှေထီး စိတ်ဓာတ်  အ

ပြည့်နှင့် ဦးဆောင်နေကြတယ် ။ ထွက်ပြေး စ

ကား လုံးဝမပြောဘူး ။ သမတ၏ ရှေ့နောက်

ဝဲ ယာတို့မှာ ယူကရိန်းပြည်သူတွေ  တန်းစီနေ

ကြတယ် ။ ပြည်ပရောက် ယူကရိန်းသားတွေ

ကလည်း အပြေးအလွှားပြန်ကြပြီး တန်းစီနေ

ကြတယ် ။ သူတို့နိုင်ငံကို   အပြောမဟုတ် တ

ကယ် ချစ်ကြတဲ့    သူတွေ ဖြစ်တယ် ။ ခေါင်း

ဆောင်စကားကို   လိုက်နာကြတယ်  အပြစ်မ

ပြောကြဘူး အပြစ်မြင်ဖို့  မရည်ရွယ်ကြဘူး ၊

အပြစ် မရှာကြဘူး ၊  စီးကမ်းရှိပုံကလည်း အံ့

ဩလောက်တယ် ၊ ပြေးလွှားနေကြတဲ့ အရေး

ပေါ်   အခြေအနေမှာတောင်  ကားကို  ပရမ်းပ

တာ မမောင်းကြဘူး ၊လမ်းစည်းကမ်းအတိုင်း 

မောင်းကြတယ် ။


ယူကရိန်းတို့၏ ခေါင်းဆောင်ကလည်း အခွင့်

ထူးခံသည့် လူစားမျိုးမဟုတ်ဘူး ။ 


အခွင့်ထူးခံနှင့်   သူလျှို  ဒလန်တို့သည် မည်

သည့်တော်လှန်ရေးမှာမဆို ကောင်းကျိုးကို 

လုံးဝ မပေးပါ ။ 


မပြောပလောက်သည့်   ဖေါက်ပြန်ရေးသမား 

အနည်း အပါးလောက်မှအပ ၊ တနိုင်ငံလုံး တ

စု တစည်းတည်း ဖြစ်ကြတယ် ။ သူတလူ ငါ

တမင်း မလုပ်ကြဘူး ။ တောမီးလောင် တော

ကြောင် လက်ခမောင်းခတ်တဲ့ အကျင့်ယုတ်

မျိုးကို မကျင့်ကြဘူး ။  


အဓိကကျသည့်  အချက်တို့ကို   ပြောရလျှင်

ယူကရိန်းသားတို့သည်  လွတ်လပ်လိုသူများ

အမှန်တကယ် ဖြစ်ကြသည် ။ သမတမှ စ၍ 

တနိုင်ငံလုံး နည်း ပါးတို့သည်   နိုင်ငံအတွက်

ဆိုလျှင် ပေးဆက်လိုသူ များသာ ဖြစ်ကြပြီး ၊ 

ရယူလိုသူများ မဟုတ်ကြဘူးလို့ ပြောချင်ပါ

သည် ။ 


ထို့ကြောင့် လွတ်လပ်စေလိုသော  အလှူရှင်

နိုင်ငံတို့နှင့်   လွတ်လပ်လိုသော   ယူကရိန်း

သားတို့ ကံဆုံကြသည်လို့ ဆိုရမှာပါ ။ 

(ကံဆိုသည်မှာ အလုပ်ကို ခေါ်ပါသည် )။ 

အလုပ်ကောင်းမှ ကံအကျိုးပေး ကောင်းပါ

မည် ။ 


တင်ဦး

၂၇-၂-၂၀၂၂


ဆက်ဖတ်ရန် →

ဖမ်းမိထားတဲ့ ရုရှားစစ်သား ၂၀၀ လောက်ရှိနေပြီ

​ယူကရိန်း-ရုရှားစစ်ပွဲနောက်ဆုံးရသတင်းများ (၂၄) -  ဖမ်းမိထားတဲ့ ရုရှားစစ်သား ၂၀၀ လောက်ရှိနေပြီလို့ ယူကရိန်းဗိုလ်ချုပ်ပြော

------------------------------------------

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၂

သတင်း

ကိုကိုလေး

မနေ့ညက ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတွင် "ကျွန်တော်တို့ ရုရှားစစ်သား အယောက် ၂၀၀ လောက်ဖမ်းမိထားပါတယ်။ အဲ့ထဲက တစ်ချို့စစ်သားတွေဟာ အသက် ၁၉ နှစ်ပယ်ရှိသေးတယ်။ ဘာမှသေခြာလေ့ကျင့်ပြင်ဆင်ထားတဲ့သူတွေ မဟုတ်ဘူး။ ဒီအတိုင်း သေနက်ပေးလိုက်ပြီး တိုက်ခိုင်းလိုက်တာ။ သူတို့ကို လာခေါ်ဖို့ သူတို့ မိဘတွေဆီအကြောင်းကြားခွင့်ပေးထားပါတယ်။ စစ်သုံပမ်းအားလုံးကို အစာရေစာပေးထားပြီး ဂျီနီဖာစာချုပ်အတိုင်း နိုင်ငံတကာဥပဒေနဲ့ အညီကောင်းမွန်စွာထား ထားပါတယ်"လို့ ယူကရိန်းဗိုလ်ချုပ် ဘောရစ် ခရာမန်နော့စကီးက သတင်းထောက်တွေကို ပြောကြားသွားပါတယ်။


Source - CNN

ဘာသာပြန် - David

#NewsWaves

#NLO#


ဆက်ဖတ်ရန် →

ကမ္ဘာကို လက်တွေ့သက်သေပြနိုင်ခဲ့တဲ့ ယူကရိန်းရဲ့ အရပ်သားသမ္မတ

​ရက်ပိုင်းအတွင်း အလွယ်တကူ သိမ်းပိုက်နိုင်မယ်လို့ ရုရှားဘက်က ကြိုတင်တွက်ဆခဲ့တဲ့ ယူကရိန်းမြို့တော် ကီယက်ဗ်နဲ့ တခြားမြို့ကြီးတွေဟာ ထူးချွန်ပြောင်မြောက်ပြီး ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ယူကရိန်းတပ်ဖွဲနဲ့ ပြည်သူတွေရဲ့ ရွပ်ရွပ်ချွံချွံ ခုခံမှုတွေကြောင့်သာမက ကျူးကျော်သူ ရုရှားတပ်ဖွဲ့တွေရဲ့ ဗျူဟာအားနည်းချွတ်ယွင်းချက်၊ နယ်မြေမကျွမ်းကျင်မှု၊ ကြိုတင်ပြင်ဆင်မှု ကင်းမဲ့ခြင်း၊ ထောက်ပို့ကွင်းဆက် ပြတ်တောက်ခြင်း၊ ဆန္ဒမပါဘဲ အမိန့်အရ ဆောင်ရွက်ရတာဖြစ်လို့ ခံယူချက်၊ စိတ်အားထက်သန်မှု ကင်းမဲ့ခြင်း၊ ထောက်လှမ်းရေးသတင်းအချက်အလက် မှားယွင်းအားနည်းမှုကြောင့် ပစ်မှတ်တွေ လွဲချော်ခြင်းနဲ့ ရှာမတွေ့ခြင်း စတာတွေကြောင့်ပါ စစ်ပွဲစတင်ပြီး လေးရက်ကျော်လာသည်အထိ အရေးပါတဲ့ နေရာဒေသ၊ မြို့ကြီးနဲ့ လေယာဉ်ကွင်း တစ်ခုတစ်လေကိုမျှ သိမ်းပိုက်နိင်စွမ်း မရှိဘဲ ထိခိုက်ကျဆုံးမှုတွေ များပြားလျက် ရှိနေပါတယ်။ 


ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ကြောင်း ကမ္ဘာကို လက်တွေ့သက်သေပြနိုင်ခဲ့တဲ့ ယူကရိန်းရဲ့ အရပ်သားသမ္မတဟာလည်း မြို့တော်ကနေ တစ်ဖဝါးမှ မခွာတဲ့အပြင် ဗုံးခိုကျင်းလို လုံခြုံရာမှာ ပုန်းအောင်းနေခြင်းမရှိဘဲ တစ်နိုင်ငံလုံးအတွက် စံနမူနာအဖြစ် ဆန့်ကျင်ခုခံကာကွယ်ရေးစစ်ပွဲကို ကိုယ်တိုင်ကိုယ်က ဦးဆောင်ဆင်နွှဲနေတဲ့အပြင် တစ်ကမ္ဘာလုံးက နိုင်ငံ့ခေါင်းဆောင်တွေ၊ အကြီးအကဲတွေနဲ့ပါ အချိန်ပြည့် ဆက်သွယ်မှုရှိနေပြီး အားပေးထောက်ခံမှုတွေ၊ စစ်လက်နက်ပစ္စည်း၊ ငွေကြေး အကူအညီအထောက်အပံ့မျိုးစုံကို ရရှိနေပါတယ်။ တွစ်တာပေါ်ကနေ မိန့်ခွန်း၊ သတင်းစကားနဲ့ ပြည်သူသို့ အသိပေးချက်မျိုးစုံကို အချိန်နဲ့တစ်ပြေးညီ လွှင့်တင်ပေးနေပါတယ်။ အသက် ၁၈ နှစ်မှ ၆၀ အကြား အမျိုးသားတွေ ပြည်ပထွက်ခွာခွင့်ကို ပိတ်ပင်ထားပြီး ကျူးကျော်သူတွေကို ပြည်သူတွေ ရရာလက်နက်စွဲကိုင် တော်လှန်ကြဖို့၊ ဓာတ်ဆီပုလင်းနဲ့ မီးလောင်ဗုံးတွေ ပြုလုပ်တိုက်ခိုက်ကြဖို့ ဆော်သြထားပါတယ်။ 


သမ္မတနဲ့ စိတ်တူကိုယ်တူဖြစ်တဲ့ ပြည်သူတွေဟာလည်း စစ်ပွဲစတင်တဲ့နေ့ကစပြီး တစ်ရက်ကို လူတစ်ထောင်လောက် စစ်မှုထမ်းဖို့ စာရင်းပေးသွင်းနေကြတဲ့အပြင် လက်နက်စွဲကိုင်တော်လှန်ဖို့ ဆုံးဖြတ်ပါဝင်လာသူတွေမှာ လူငယ်အမျိုးသားတွေသာမက လူကြီးပိုင်းတွေနဲ့ အမျိုးသမီးတွေ၊ ပညာရှင်တွေ၊ အတတ်ပညာသည်တွေပါ ပါဝင်လာတာ တွေ့ရပါတယ်။ ပြည်သူအားလုံးရဲ့ ခံယူချက်က ယူကရိန်းဟာ ကမ္ဘာ့မြေပုံပေါ်က ပျောက်မသွားဖို့ အားလုံးအသက်ပေးပြီး ခုခံကာကွယ်မှ ရမယ်လို့ ဖြစ်ပါတယ်။ ပြည်ပရောက် ယူကရိန်းသားအချို့လည်း နိုင်ငံကို ကာကွယ်ဖို့ ပြန်လာကြသလို အိမ်နီးချင်း လစ်သူရေးနီးယား၊ လတ်ဗီးယား၊ ဂျော်ဂျီယာ စတဲ့နိုင်ငံတွေက ပြည်သူအများအပြားကပါ ယူကရိန်းကို ကူညီတိုက်ပွဲဝင်ဖို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြပါတယ်။ နိုင်ငံအများစုနဲ့ ကမ္ဘာ့ပြည်သူ အများအပြားရဲ့ ခံယူချက်က ဒီကိစ္စဟာ ယူကရိန်းတစ်နိုင်ငံတည်းရဲ့ ပြဿနာမဟုတ်ဘဲ အားလုံးရဲ့ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ ဒီမိုကရေစီကို စိန်ခေါ်၊ တိုက်ခိုက်တဲ့လုပ်ရပ်လို့ ခံယူပြီး တုံ့ပြန်နေကြတာ ဖြစ်ပါတယ်။ 


ဒါကြောင့်မို့ ကျူးကျော်စစ် စတင်ပြီး နာရီပိုင်း၊ ရက်ပိုင်းအတွင်းမှာ ကမ္ဘာပေါ်က နိုင်ငံအများစု၊ ခေါင်းဆောင်နဲ့ အစိုးရအများစုရဲ့ တုံ့ပြန်မှုဟာ အလွန်အားကောင်း၊ ပြင်းထန်ပြီး တက်ညီလက်ညီရှိတာကို တွေ့ရပါတယ်။ ရုရှားနိုင်ငံနဲ့ ခေါင်းဆောင်တွေအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုကနေ ဘဏ္ဍာရေးအရ နိင်ငံတကာငွေလွဲမှုတွေ လုပ်ဆောင်လို့မရအောင် SWIFT စနစ်ကို ပိတ်ပင်ဖို့အထိ လုပ်ဆောင်လာကြတဲ့အတွက် ရရှားစီးပွားရေးဟာ ယိုင်နဲ့ပြိုဆင်းဖို့ သေချာသလောက် ဖြစ်နေပါပြီ။ ရုရှားလေယာဉ်တွေကိုလည်း ဥရောပနိုင်ငံအများအပြားက ၎င်းတို့ရဲ့ လေပိုင်နက်တွေကို ဖြတ်သန်းခွင့် ပိတ်ပင်လိုက်သလို ရုရှားလေပိုင်နက်ကိုလည်း မဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရုရှားရဲ့ အဓိကဝင်ငွေရင်းမြစ်ဖြစ်တဲ့ ရေနံနဲ့ ဓာတ်ငွေ့ကို ဝယ်ယူသုံးစွဲနေရတဲ့ ဂျာမနီလို နိုင်ငံတွေကလည်း ဆက်လက်မဝယ်ယူဖို့၊ စာချုပ်တွေဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကမ္ဘာကျော် ရှရှားအရက် ဗော့ဒ်ကာကို နိုင်ငံအချို့မှာ ရောင်းချမှုပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။ ရုရှားဘက်က မတရားကျူးကျော်တိုက်ခိုက်မှုအတွက် ပေးဆပ်လိုက်ရတဲ့ အရင်းအနှီးက အလွန်ကြီးမားပါတယ်။ ဒါကြောင့်မို့ အခုဆိုရင် ယူကရိန်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စတင်ကမ်းလှမ်း သဘောတူလာရသလို တစ်ဖက်မှာလည်း နောက်ဆုံးလက်နက်ဖြစ်တဲ့ ညူကလီးယားလက်နက်တွေကို အသုံးပြုဖို့ ခြိမ်းခြောက်လာတာ တွေ့ရပါတယ်။ ကမ္ဘာ့ဇာတ်ခုံပေါ်က တရားမှုနဲ့ မတရားမှုတို့ရဲ့ အကြိတ်အနယ်အားပြိုင်မှုကတော့ စိတ်ဝင်စားစရာ၊ အားကျအတုယူစရာ၊ သင်ခန်းစာယူစရာနဲ့ သံဝေဂရစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ အဆုံးမှာ ဘယ်သူအောင်ပွဲခံမယ်ဆိုတာ သဘာဝတရားက ပြဋ္ဌာန်းပြီးဖြစ်ပေမယ့် ရေတိုမှာ ဘယ်သူအောင်ပွဲခံမယ်ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်းပါ။ 


(ဓာတ်ပုံတွေကတော့ စစ်ပွဲမစတင်မီ တစ်လလောက်အလိုကတည်းက မိမိဆန္ဒအလျောက် စစ်သင်တန်းတွေ တက်ရောက်နေကြပြီဖြစ်တဲ့ အရွယ်စုံ၊ နောက်ခံမျိုးစုံက အမျိုးသမီး၊ အမျိုးသားတွေ၊ စစ်ပွဲစတင်ချိန်မှာ စစ်မှုထမ်းအဖြစ် စာရင်းပေးသွင်းဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ အရွယ်စုံအမျိုးသားတွေ၊ ပြည်သူ့စစ်အဖြစ် လက်နက်ကိုင်တော်လှန်ဖို့ ဝင်ရောက်လာတဲ့ တိုင်းပြည်အတွက် ပူပင်သောကရောက်နေကြရှာတဲ့ အိမ်ရှင်မတွေ၊ မီးလောင်ဗုံးလုပ်ဖို့ ပုလင်းလွတ်တွေ စုဆောင်းနေတဲ့ ယူကရိန်းပြည်သူတွေ၊ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေမှာ ၁၇% အထိ ပါဝင်နေတဲ့ အာဂအမျိုးသမီး တပ်ဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံတွေကို သတင်းဌာနတွေက ရယူထားခြင်းဖြစ်ပါတယ်။)

ဝီလျံစန်း


ဆက်ဖတ်ရန် →

​“ ပူတင်နူကလီးယားလက်နက်သုံးတော့မှာလား “?



သမာရိုးကျလက်နက်များနှင့်ရေရှည်မှာသူရှုံးတော့မှာသူသိပြီ၊ ရုရှားစီးပွါးရေးလည်းမကြာခင်ပြိုတော့မယ်။


နေတိုးအဖွဲ့ရဲ့ယူကရိန်းကိုစစ်ရေးထောက်ပံ့မှုများနှင့်ရုရှားကိုပြင်းထန်စွာစီးပွါးရေးပိတ်ဆို့မှုတို့ကြောင့် ပူတင်နူကလိယား တပ််များကိုအထူးအသင့်အနေအထားတပ်လှန့်ထားဖို့အမိန့်ပေးလိုက်ပြီ။


👇👇👇👇👇👇👇


မော်စကို- ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) ခေါင်းဆောင်များနှင့် မော်စကိုအပေါ် စီးပွားရေးပိတ်ဆို့မှုများကို ကိုးကား၍ နျူလက်နက်များပါဝင်သည့် ယူနစ်များကို ရည်ညွှန်းသည့် ရုရှား၏နူကလိယားတပ်ဖွဲ့များကို တပ်လှန့်ထားရန် အမိန့်ပေးခဲ့သည်။


"မြင်တဲ့အတိုင်းပဲ အနောက်နိုင်ငံတွေက စီးပွားရေးအရ ကျွန်တော်တို့နိုင်ငံအပေါ် ဖော်ရွေမှုမရှိတဲ့ အစီအမံတွေ လုပ်ရုံမကဘူး၊ လူတိုင်းသိတဲ့ တရားမ၀င် ပိတ်ဆို့အရေးယူမှုတွေကို ဆိုလိုတာပါ- နေတိုးထိပ်သီးနိုင်ငံတွေရဲ့ ထိပ်တန်းအရာရှိတွေက သူတို့ကိုယ်သူတို့ ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုခွင့်ရှိပါတယ်။ ငါတို့နိုင်ငံနဲ့ ပတ်သက်တယ်” ဟု ပူတင်က နိုင်ငံပိုင်ရုပ်မြင်သံကြားတွင် ပြောကြားခဲ့သည်။

သက်ဇော်

MOSCOW: Russian President Vladimir Putin ordered his military command to put Russia's deterrence forces - a reference to units which include nuclear arms - on high alert, citing aggressive statements by North Atlantic Treaty Organization (NATO) leaders and economic sanctions against Moscow.

"As you can see, not only do Western countries take unfriendly measures against our country in the economic dimension - I mean the illegal sanctions that everyone knows about very well - but also the top officials of leading NATO countries allow themselves to make aggressive statements with regards to our country," Putin said on state television. 


၂၇-၀၂-၂၀၂၂

CNA


ဆက်ဖတ်ရန် →

ကျမလည်း ဒီအမှု လာတိုင်လို့ လိုက်နေတာကြာပါပြီ။

​ကျမကိုလည်း ကာယကံရှင်တွေ က ဒီအမှု လာတိုင်လို့ လိုက်နေတာကြာပါပြီ။ ကိုယ်နဲ့နီးစပ်တဲ့ fundraiser တွေကိုတော့ မလှူဖို့ပြောထားပါတယ်။


Edit အမှု က စစ်ဆေးဆဲ ကာလဖြစ်လို့ တင်ထားရတာပါ။ စုံစမ်းစစ်ဆေးမှုပြီးလို့ အမှုမှန်ပေါ်ပေါက်သွားရင်တော့ ပြန်အားပေးနိုင်ပါတယ်……

အိသဉ္ဇာမောင်


ဆက်ဖတ်ရန် →

မလုပ်ရဲဘူး မထင်နဲ့ ဆိုပြီး အ​မေရိကန် နဲ့​ နေတိုးကို ထဖြဲ

​ပူတင်း ​တစ်​ယောက်​တော့

ကိုယ့်​ ဒေါသနဲ့ ကိုယ် 

ဖြစ်​နေရပါပြီ။


မလုပ်ရဲဘူး မထင်နဲ့ ဆိုပြီး

အ​မေရိကန် နဲ့​ နေတိုးကို ထဖြဲ

ပြီး ယူကရိန်းကို ဝင်သိမ်းလိုက်တာ ခု​တော့ ဟပြဲကြီး ဖြစ်​နေရပါပြီ။


အ​မေရိကန်နဲ့ EU က စစ်ပွဲထဲ

ဝင်မတိုးပဲ ရုရှဘဏ်​တွေကို

​ငွေလွှဲ​ငွေထုတ်လို့မရအောင်

SWIFT  Code စနစ်ကို အသုံးပြုလို့မရ​အောင် ပိတ်ပစ်လိုက်ပြီး

ရုရှ ရဲ့စီးပွား​ရေးကို ဖြိုလှဲဖို့လုပ်လိုက်ပါပြီ။


တဖက်ကလည်း ရုရှ​တွေ စစ်ပွဲမှာ အကြပ်​​တွေ့ဖို့ စစ်လက်နက်ပစ္စည်း​တွေ 

ဝိုင်း​ထောက်ပံ့​နေပါတယ်


ရုရှ အ​နေနဲ့ ​ရေနံသံယံဇာတ 

ဖင်ခုထိုင်ထားလို့ 'စီးပွား​ရေးပိတ်ဆို့တာ တို့မမှုပါ' လုပ်လို့မရ​တော့ပါဘူး


​ငွေလွှဲ​ငွေထုတ်လို့မရရင် အဓိက

အ​မေရိကန်၊

EU နိုင်ငံ​တွေနဲ့ ကုန်သွယ်မှု​တွေအားလုံး ရပ်သွားမှာပါ  


အကျိုးဆက်ကတော့ ရုရှနဲ့ကုန်သွယ်​နေတဲ့ EUနိုင်ငံ​တွေလည်း ခံစားရမှာပါ ဒါ​ပေမဲ့ အများနဲ့တ​ယောက်မို့ အထိနာမှာက ရုရှ ပါပဲ။


ရုရှား ရူဘယ်​ငွေတန်ဘိုး​တွေကျဆင်းသွားပြီး ဘဏ်​တွေလည်း ယိုင်လဲသွားနိုင်ပါတယ်

ရုရှဘဏ်​တွေမှာ ​ငွေ​တွေပြန်ထုတ်​နေကြပါပြီ

ရုရှ ရဲ့ အစုရှယ်ယာ​​စျေး​တွေ ထိုးကျ​နေပါပြီ


ရုရှရဲ့​ရေနံတင်ပို့မှုက 

EUနိုင်ငံ​တွေက အများစုပါ

တရုတ်ကလည်း တစ်​နိုင်ငံတည်း ထိုင်ဖြုံး​ပေးဖို့ မလွယ်ပါဘူး


စစ်ပွဲကို အပြတ်မဖြတ်နိုင်ဘဲ

ကြာလာ​လေ စီးပွား​ရေး

အခက်​တွေ့​လေ ရုရှားပြည်သူ​တွေရဲ့ ဆန့်ကျင်မှု ဖိအားများလာ​​​လေ

ဖြစ်လာမှာပါ


အဖြဲလွန်သွားတဲ့ ပူတင် 

သူ့ဇာတ်ကိုနိုင်​အောင် ဘယ်လို ဆက် က မလဲ 

​စောင့်ကြည့်ရပါ​တော့မယ်


ရှက်ရမ်းရမ်းပြီး 

နြူကလီးယား နဲ့ ထပ်ဖြဲပြရင်​တော့ ကမ္ဘာက ဘယ်လိုတုံ့ပြန်ကြမလဲ ​စောင့်ကြည့်ရပါ​တော့မယ်


ပူတင် ရမ်းတဲ့ အကျိုးဆက်က

မြန်မာပြည်လည်း 

စတင် ခံစား​နေရပါပြီ။


TunTunOo

ဆက်ဖတ်ရန် →

Finlandization ဆိုတဲ့ ဝေါ ဟာရ

​၁၉၃၉ မှာ ရုရှားဟာဖင်လန်ကိုဝင်တိုက်တယ်။ ဆောင်းရာသီ စစ်ပွဲလို့လူသိများတယ်။ အလွယ်ကလေးနဲ့ ဖင်လန်ကို သိမ်းလို့ရမယ်လို့ မျှော်လင်ခဲ့ပေမယ့် ထင်သလောက် မလွယ်ခဲ့ဘဲ ရုရှားတို့ဘက်က အတော်လေး ပျက်ဆီးဆုံးရှုံးမှုတွေ ကြုံခဲ့ရတယ်။ နောက် သုံးလ‌ခွဲလောက်ကြာတော့ မော်စကိုငြိမ်းချမ်း ရေးစာချုပ်နဲ့ စစ်ရပ်စဲနိုင်ခဲ့တယ်။


အဲ့ဒီနောက်ပိုင်း ဖင်လန်နိုင်ငံရေးသမားတွေကြားထဲမှာသူတို့ နိုင်ငံရဲ့ပထဝီမဟာဗျူဟာ တည်ရှိမှုနဲ့ပတ်သက်ပြီး အတော် လေး စဉ်းစားလာခဲ့တယ်။ ဖင်လန်နိုင်ငံဟာ ဆိုဗီယက် ရုရှားလို မဟာအင်အားကြီးနိုင်ငံဘေးမှာ တည်ရှိနေတဲ့အတွက် အဲ့ ဒီ အင်အားကြီးနိုင်ငံရဲ့ခြိမ်းခြောက်မှုက အမြဲရှိနေတယ်။ အဲ့ ဒီအတွက် ဒီခြိမ်းခြောက်မှုနဲ့နေထိုင်ရင်း သူ့နိုင်ငံရဲ့ အချုပ် အခြာအာဏာ မဆုံးရှုံးရအောင် နည်းလမ်းပေါင်းစုံနဲ့ ပါးပါး နပ်နပ်တည်ဆောက်ခဲ့ကြတယ်။


Jared Diamond ကတော့ သူ့ရဲ့ Upheaval ဆိုတဲ့ စာအုပ်မှာ ဖင်လန်ခေါင်းဆောင်တွေ ရုရှားခြိမ်းခြောက်မှုကို ရင်ဆိုင်ဖို့ ဘယ်လိုမျိုး ပါးပါးနပ်နပ်နဲ့ နိုင်ငံကို တည်ဆောက်ခဲ့ကြသလဲ ဆိုတာကို လေ့လာပြခဲ့တယ်။ အဓိကက နိုင်ငံကို နိုင်ငံရေး ကိုယ်ခံအားကောင်းအောင်တည်ဆောက်ခဲ့တယ်။ နိုင်ငံသား တွေရဲ့ စိတ်ထဲမှာ ဒါတို့ပြေ၊ ဒါတို့မြေဆိုတဲ့ သိမှုအားကောင်း လာအောင် Nation building ဖြစ်စဉ်ကို ခိုင်ခိုင်မာမာ တည် ဆောက်ခဲ့တယ်။


တဖက်ကလည်း နိုင်ငံရဲ့အခြေခံအဆောက်အအုံတွေ၊ ပညာ ရေးနဲ့ စက်မှုလုပ်ငန်းတွေကို တိုးတက်ခိုင်မာအောင် တည် ဆောက်ခဲ့ကြတယ်။ အဲ့ဒီလို တည်ဆောက်ရင်းနဲ့ စစ်အေး ခေတ်ကာလထဲမှာ ရုရှားနဲ့အနောက်အုပ်စုကြားနှစ်ဖက်စလုံး မငြိုငြင်ဘဲ နှစ်ဖက်စလုံးနဲ့ အဆင်ပြေအောင် ပါးပါးနပ်နပ် နေခဲ့ရတယ်။ ဘယ်လောက်ထိ နေခဲ့ရသလဲဆိုတော့ ဖင်လန် ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်ပေမယ့် ဆိုဗီယက်အ လိုကျနေနေရတော့အချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံဟာ  ကိုယ့်မူဝါဒကိုယ့်ဘာသာလွတ်လွတ်လပ်လပ် မဖော်ဆောင် နိုင်ဘဲ အင်အားကြီးနိုင်ငံရဲ့အလိုကျနေနေရတဲ့အခြေအနေ မျိုးဆိုရင် ဖင်လန်ကိုညွှန်းဆိုပြီး Finlandization ဆိုတဲ့ ဝေါ ဟာရ ပေါ်လာတဲ့အထိပဲ။


ဒါပေမဲ့ ဖင်လန်ဟာ ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံမဖြစ်ခဲ့ ဘူး။ ကိုယ့်အချုပ်အခြာအာဏာကို ကိုယ်ထိန်းနိုင်ခဲ့တယ်။ စစ်အေးကာလပြီးဆုံးတော့ လွတ်လပ်အမှီခိုကင်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတနိုင်ငံအဖြစ် ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင် ခဲ့တယ်။ ဒါဟာ ဖင်လန်နိုင်ငံရေးခေါင်းဆောင်တွေရဲ့အမျှော် အမြင်ကြီးမှုကြောင့်လို့ Jared Diamond က ချီးကျူးခဲ့တယ် 


ကျနော့်အမြင်ကတော့ ဖင်လန်နိုင်ငံဟာနိုင်ငံရေးကိုယ်ခံအား ကောင်းလို့ ဒီစိန်ခေါ်မှုကို အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တာ လို့မြင်တယ်။ နိုင်ငံရေး ကိုယ်ခံအားကောင်းဖို့အတွက် နိုင်ငံ တော်နဲ့ လူ့အဖွဲ့အစည်းအကြား အကြားအလပ်မရှိ‌ တပေါင်း တစည်းတည်းဖြစ်အောင် ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခဲ့တဲ့ နိုင်ငံတော်တည်ဆောက်ရေးဖြစ်စဉ်၊ ပြည်သူတွေကြားထဲမှာ လည်း ဒီနိုင်ငံ ဟာ ငါတို့နိုင်ငံ၊ ငါတို့ပြည်၊ ငါတို့မြေဆိုတဲ့ အသိစိတ်ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့တဲ့ Nation- building ဖြစ်စဉ်တွေက အရေးကြီးတယ်လို့မြင်တယ်။


အခု ယူကရိန်းလဲ ရုရှား ကျူးကျော်စစ်ကို ရင်ဆိုင်ရာမှာ ရုရှားဩဇာခံနယ်တွေနဲ့ အက်ကြောင်းတွေရှိနေပေမယ့် နိုင်ငံ ရဲ့ အခြေခံနိုင်ငံရေးကိုယ်ခံအားကတော့ အတော်လေး အား ကောင်းတဲ့အတွက် ပြည်သူတွေကိုယ်တိုင် ရင်မြေကတုတ် လုပ်ပြီး ကျူးကျော်မှုကို ရင်ဆိုင်နေကြတာ တွေ့ရတယ်။ ဒါ ကြောင့် ပူတင်ကိုယ်တိုင်လည်း သူမမျှော်လင့်ထားတဲ့ ခုခံမှု ကို ရင်ဆိုင်ခဲ့ရတယ်။


အင်အားကြီးတိုင်းပြည်တွေကြားမှာ နေထိုင်ရတဲ့ နိုင်ငံငယ် တွေအနေနဲ့ ရပ်တည်ရှင်သန်နိုင်ဖို့အတွက် နိုင်ငံရေးကိုယ်ခံ အားကောင်းအောင်တည်‌ဆောက်နိုင်ဖို့အင်မတန်မှ အရေး ကြီးတယ်။ အဲ့ဒီလို အမျှော်အမြင်မျိုးမရှိဘဲ ကိုယ့်ပြည်သူကို ရန်သူပြန်လုပ်ပြီး သတ်ဖြတ်နေတဲ့သူတွေကြီးစိုးနေတဲ့ တိုင်း ပြည်မျိုးကတော့ ရေရှည်မှာ တိုင်းနိုင်ငံအနေနဲ့ ရပ်တည်ဖို့ တောင် ခက်မှာပဲ။

ကိုရဲ (USA)

ဆက်ဖတ်ရန် →

အကြမ်းဖက်စစ်ကောင်စီထံသို့ ယူကရိန်းက စစ်လက်နက်ရောင်းချ




အကြမ်းဖက်စစ်ကောင်စီထံသို့ ယူကရိန်းက  စစ်လက်နက်ရောင်းချမှုပိတ်ဆို့ရေးနှင့် ဒဏ်ခတ်ရေး Justice For Myanmar တောင်းဆိုဖူး


ရန်ကုန်၊ စက်တင်ဘာ ၁၀ 


မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီထံသို့ ယူကရိန်းက  စစ်လက်နက်ရောင်းချမှုပိတ်ဆို့ရေးနှင့် ဒဏ်ခတ်ပိတ်ဆို့ရေး Justice For Myanmar တောင်းဆိုလိုက်သည်။


ယူကရိန်းနိုင်ငံသည် တရားမဝင်အာဏာသိမ်းပြီး လူ အများအပြားသတ်ဖြတ်မှု၊ ဖမ်းဆီးမှုများနှင့် အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ ရှိနေလျက် ဖြင့်ပင် မြန်မာစစ်တပ်ထံသို့ စစ်လက်နက်များ ပံ့ပိုးပေးအပ်မှုကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း၊ ယူကရိန်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ယခုချက်ချင်းစစ်လက်နက်ရောင်းချမှုပို့ဆို့ရေးကို ပြဌာန်း လုပ်ဆောင်ရန်နှင့် မြန်မာစစ်တပ်နှင့် ဆက်နွယ်မှုများကို ဖြတ်တောက်ရန် Justice For Myanmar က တောင်းဆိုကြောင်း စက်တင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။


ယူကရိန်းနိုင်ငံသို့ စစ်ဘက်အကူအညီပေးသူများ၊ အထူးသဖြင့် အမေရိကန်ပြည် ထောင်စု၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံတို့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့် စံနှုန်းများကို ယူကရိန်း နိုင်ငံအား လိုက်နာစေရေး ၎င်းတို့၏ ဩဇာအရှိန်အဝါကို အသုံးပြုရန် Justice For Myanmar က တောင်းဆိုသည်။


ပို့ကုန်မှတ်တမ်းများနှင့် မကြာခင်ကပေါက်ကြားလာသည့် စာရွက်စာတမ်းများကို အသုံးပြုထား သည့် Justice For Myanmar ၏ လေ့လာမှုတစ်ခုတွင် ၂၀၁၅ ခုနှစ်မှစ၍ လေယာဉ်များ၊ သင်္ဘော များ၊ တင့်ကားအစိတ်အပိုင်းများကို တင်ပို့ခဲ့ကြောင်း သိရှိရသည်။


 လေကြောင်း ထောက်လှမ်းရေး ရေဒါများကိုလည်း မြန်မာစစ်တပ်နှင့် ပုဂ္ဂလိကမြန်မာစစ်လက်နက်ပွဲစားများထံ ပေးပို့ခဲ့ကြောင်း၊  လက်တလော အနီးကပ်ဆုံး ကာလအတွင်း ယူကရိန်းကုမ္ပဏီ Motor Sich မှ မြန်မာစစ်တပ်၏ ဝယ်ယူရေးဌာနသို့ တာဘိုင်အင်ဂျင်အစိတ်အပိုင်းများ ပေးပို့ခဲ့ကြောင်း အဆိုပါ ပစ္စည်း များကို ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့ကပေးပို့ခဲ့ပြီး မြန်မာ့လေတပ်က တိုင်းရင်းသားဒေသများ အပေါ် လေကြောင်းမှ ရမ်းသမ်းပစ်ခတ်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည့် ကာလ ဖြစ်ကြောင်း သိရှိရသည်။


မြန်မာစစ်တပ်၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုဌာနနှင့်အတူ ယူကရိန်းနိုင်ငံပိုင် စစ်လက်နက် စီးပွားရေးလုပ်ငန်းစုများဖြစ်ကြသည့် Ukroboronprom နှင့် Ukrspecexport တို့ ပါဝင်နေသည့် BTR-4 စစ်သည်တင်သံချပ်ကာယာဉ်များ၊ MMT-40 အပေါ့စားတင့်ကားများနှင့် 2SIU ဟောင်ဝဇ္ဇာ များ ထုတ်လုပ်ရေး ပူးတွဲစီမံကိန်းသည် အထူးစိုးရိမ်ဖွယ်ကိစ္စရပ် ဖြစ်ကြောင်း၊ မြန်မာစစ်တပ်၏ စစ်လက်နက် ပစ္စည်းထုတ်လုပ်နိုင်စွမ်းကို အရှိန်မြင့်အားပေးမည့် အဆိုပါ စီမံကိန်းကို အထူး စိုးရိမ်ဖွယ်ဖြစ်ကြောင်း သိရှိရသည်။


အဆိုပါစစ်လက်နက်ပစ္စည်းများသည် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို လောင်စာဖြည့်ပေးပြီး စစ်လက်နက်တင်ပို့ ရောင်းချမှုများမှတဆင့် မြန်မာစစ်တပ်အတွက် အနာဂတ်ဝင်ငွေရင်းမြစ်လည်း ဖြစ်သည်ဟု JFM ၏ တောင်းဆိုချက်တွင် ဖော်ပြထားသည်။


အဆိုပါလက်နက်ထုတ်လုပ်ရေးစက်ရုံအား ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သည့် နိုင်ငံ တကာအချက်အလက်ရှာဖွေရေးမစ်ရှင်က ၂၀၁၉ ခုနှစ်တွင် စာရင်းသွင်းဖော်ပြခဲ့ပြီး စစ်လက်နက်ပစ္စည်း ပံ့ပိုးမှု အရေးယူပိတ်ဆို့ရေးအတွက် အကြံပြုတိုက်တွန်းခဲ့ကြောင်း၊ ယူကရိန်းနိုင်ငံသည် လက်ရှိအချိန် အထိ အဆိုပါမစ်ရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက် လျက်ရှိကြောင်း သိရှိရသည်။

 

Ukroboronprom နှင့် Ukrspecexport ကုမ္ပဏီတို့သည် မြန်မာစစ်တပ်နှင့် ၎င်းတို့၏ စီးပွားရေး လုပ်ငန်း၊ ပူးတွဲစက်ရုံ၏ လက်ရှိအခြေအနေများနှင့် စပ်လျဉ်း၍ Justice For Myanmar ၏ မေးခွန်း များကို တုန့်ပြန်ဖြေကြားခဲ့ခြင်း မရှိကြောင်း၊ ယူကရိန်းနိုင်ငံသည် မြန်မာနိုင်ငံသို့ စစ်လက်နက်များ စီးဆင်းမှုရပ်တန့်ရေး ကုလသမဂ္ဂအထွေထွေညီလာခံ၏ ၂၀၂၁ ခုနှစ် ဇွန်လ သဘောတူညီချက်ကို ထောက်ခံမဲပေးခဲ့ကြောင်း သိရှိရသည်။


သို့ရာတွင် စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်မည် လားဟု Deutsche Welle ၏ မေးမြန်းမှုကို Ukroboronprom ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့အနေဖြင့် ယူကရိန်းနိုင်ငံ၏ ဥပဒေနှင့် နိုင်ငံတကာတာဝန်ဝတ္တရားများနှင့်အညီ တင်ပို့ရောင်းချခြင်း ဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် စစ်လက်နက်ရောင်းချမှု ပို့ဆို့ရေးနှင့် ဒဏ်ခတ်ပို့ဆို့ အရေးယူရေးတို့ ပြဌာန်းထားမှု မရှိသည်ကို သိရှိရကြောင်း ပြန်လည်ဖြေကြားခဲ့သည်။


Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ယူကရိန်းနိုင်ငံက နိုင်ငံတကာ ဥပဒေတွေကို ဆန့်ကျင်ပြီး မြန်မာစစ်တပ်နဲ့ ၎င်းတို့ရဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးမှတဆင့် မြန်မာနိုင်ငံ အတွင်း ရက်စက်ယုတ်မာတဲ့ ရာဇဝတ်မှုတွေကို အားပေးထောက်ကူနေပြီး ယင်းရာဇဝတ်မှုတွေ ကနေ အကျိုးအမြတ် ရရှိနေပါတယ်။ ယူကရိန်းနိုင်ငံကို စစ်ဘက်ဆိုင်ရာအကူအညီပေးနေတဲ့ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ ဗြိတိန်တို့အနေနဲ့ ယူကရိန်နိုင်ငံရဲ့ နိုင်ငံတကာ ဥပဒေများကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်မှု၊ မြန်မာပြည်သူများရဲ့ အသက်များအပေါ် စက်ဆုပ်ရွံရှာဖွယ် အလေးမထား လျစ်လျူရှုမှု များကို ရပ်တန့်ဖို့ ၎င်းတို့ရဲ့ ဩဇာအရှိန်အဝါကို မဖြစ်မနေ အသုံးပြုရပါမယ်။ စစ်ဘက်ဆိုင်ရာ အကူအညီများကို ယူကရိန်းနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် စစ်လက်နက်ပစ္စည်းရောင်းဝယ်မှု ပိတ်ဆို့ရေး၊ ၎င်းတို့ရဲ့ ပူးတွဲစက်ရုံပိတ်သိမ်းရေးနဲ့ စစ်ဘက် ဆက်နွယ်မှုအားလုံး အဆုံးသတ်ရေး အခြေအနေအပေါ်  မူတည်ပြီး စဉ်းစားလုပ်ဆောင် သင့်ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ စစ်လက်နက် ရောင်းချမှုများက စစ်လက်နက် ကုန်သွယ်မှုကနေ အကျိုးအမြတ်ရရှိနေတဲ့ လျှို့ဝှက်မြန်မာကုမ္ပဏီ အစုအဖွဲ့ကို လောင်စာဖြည့်ပေးနေပြီး မြန်မာစစ်တပ်ရဲ့ လက်ရှိကျူးလွန်နေတဲ့ ဆိုးယုတ်တဲ့ ရာဇဝတ်မှုတွေမှာ အသုံးပြုဖို့အတွက် စစ်လက်နက် ရရှိမှုကို အားပေးထောက်ကူလျက် ရှိပါတယ်။ မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ယူပေးနေတဲ့ လူပုဂ္ဂိုလ်များနဲ့ ကုမ္ပဏီများကို ချက်ချင်း ဒဏ်ခတ်ပို့ဆို့အရေးယူမှု မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်ပြီး ၎င်းလက်နက်ပွဲစားအချို့ ရပ်တည်လည်ပတ်နေတဲ့ စင်ကာပူနိုင်ငံ အပါအဝင် ကမ္ဘာ့ဈေးကွက်နဲ့ နိုင်ငံတကာ ငွေကြေးစနစ်များကို လက်လှမ်းမှီသုံးစွဲခွင့်ကို ငြင်းဆန် ရပါမယ်” ဟု ပြောကြားခဲ့သည်။


ယူကရိန်းနိုင်ငံအတွက် မြန်မာ့အကြီးဆုံးစစ်လက်နက်ပွဲစားသည် အောင်လှိုင်ဦးဖြစ်ပြီး ၎င်းကို ယူကရိန်း နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ချီးမြှင့်ထားကြောင်း၊ ယူကရိန်းနိုင်ငံ အနေဖြင့် ၎င်းအား အဆိုပါရာထူးမှ မဖြစ်မနေ ဖယ်ရှားရမည်ဖြစ်ကြောင်း သိရှိရသည်။ 


 Justice For Myanmar သည် မြန်မာစစ်တပ်အတွက် စစ်လက်နက်နှင့် ဆက်စပ် ပစ္စည်းများ ဝယ်ယူပေးမှုအတွက် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုလုပ်ဆောင်သင့်သည့် လူပုဂ္ဂိုလ် ၃၇ ဦးနှင့် ကုမ္ပဏီ ၁၃ ခုတို့အား ရှာဖွေမှတ်တမ်းပြုထားခဲ့ကြောင်း၊ အသေးစိတ် အချက်အလက်များကို ယခုနေရာရှိ Excel စာဖိုင်တစ်ခုတွင် သီးခြားစွာ ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်


ဆက်ဖတ်ရန် →

သူရဲကောင်းဆန်ဆန်ဖြင့် တိုက်ခိုက်နေမှုများအတွက် ယူကရိန်းစစ်တပ်ကို ဂုဏ်ပြု

​တစ်ရက်ကျော်အတွင်း ရုရှား သံချပ်ကာစီးရေ ၅၀၀ ကျော် ဖျက်ဆီးလိုက်နိုင်ကြောင်း ယူကရိန်းဘက်က သတင်းထုတ်ပြန်


ယူကရိန်းနိုင်ငံသို့ ရုရှား၏ ကျူးကျော်တိုက်ခိုက်လာသည့် (၁)ရက်ကျော် ဖေဖော်ဝါရီ ၂၅)ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီဝန်းကျင်အထိ ခန့်မှန်းခြေ ရုရှားစစ်သား (၂၈၀၀)သေဆုံးပြီး ရုရှားစစ်တပ်၏  သံချပ်ကာ (၅၀၀)ကျော်ကို  ဖျက်ဆီးနိုင်ခဲ့သည်ဟု ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီးက သတင်းထုတ်ပြန်ထားကြောင်း တာချီလိတ်သတင်းဌာနက ဖော်ပြသည်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စ၍ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီဝန်းကျင်အထိ ကုန်းကြောင်း၊ လေကြောင်းဖြင့် ကျူးကျော်လာပြီး တိုက်ခိုက်လာသည့် ရုရှားစစ်တပ်၏ ခန့်မှန်းခြေ ရုရှားစစ်သား (၂,၈၀၀) သေဆုံးပြီး သံချပ်ကာ (၅၁၆)စီး၊ တင့်ကားအစီး (၈၀)၊ တိုက်လေယာဉ်(၁၀)စီး နှင့်  ရဟတ်ယာဉ် (၇)စီး ဖျက်ဆီးနိုင်ခဲ့သည်ဟု ဒုတိယကာကွယ်ရေးဝန်ကြီး ဟန်နာမာလီယာက သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

လတ်တလောတွင် ဒုတိယကာကွယ်ရေးဝန်ကြီးက ရုရှားဘက်က သေဆုံးသူ နှင့် စက်လက်နက်ယန္တရား ပျက်စီးမှုများ၏ ခန့်မှန်းခြေကိုသာ ထုတ်ပြန်ထားခြင်းဖြစ်ပြီး ယူကရိန်းဘက်က သေဆုံးထိခိုက်မှုကိုတော့ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ တစ်နေ့တည်း၌ သေဆုံးသူ (၁၃၇)ဦးနှင့် ဒဏ်ရာရရှိသူ (၃၁၆)ဦးစာရင်းသာ ထုတ်ပြန်ထားသေးသည်။

ယူကရိန်းဘက်သို့ ကျူးကျော် တိုက်ခိုက်လာသည့် စစ်လေယာဉ်နှင့်ရဟတ်ယာဉ်များကို ပစ်ချရာတွင် အချို့ လေယာဉ်များမှာ နေအိမ်များပေါ်သို့ ပျက်ကျသည့်အတွက် နေအိမ်မီးလောင်ပျက်စီးမှုများအထိ ဖြစ်ပေါ်ခဲ့ကြောင်း ယူကရိန်းမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ကျူးကျော်လာသည့် ရုရှားစစ်တပ်ဘက်က သေဆုံးသူများရှိသလို အရှင်ဖမ်းမိသူများကိုလည်း ယူကရိန်းစစ်တပ်က ထိန်းသိမ်းထားရှိသည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

ရုရှားဘက်က ကုန်းကြောင်း၊ လေကြောင်းများဖြင့် အဆက်မပြတ် တိုက်ခိုက်လာမှုအပေါ် ယူကရိန်းစစ်သားများက  အနာဂတ်အတွက် တိုက်ပွဲဝင်နေပြီး သူရဲကောင်းဆန်ဆန်ဖြင့် တိုက်ခိုက်နေမှုများအတွက် ယူကရိန်းစစ်တပ်ကို ဂုဏ်ပြုကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်ဆီ ရက်ဇ်နီးကော့ဗ်က သတင်းထုတ်ပြန်ထားသည်။

ဒီမိုနွေဦး


ဆက်ဖတ်ရန် →

တပ်ပြေး များပြားလာသည့်အပေါ် ငွေဖြင့် စတင်ကုစားနေရပြီ

​စစ်ကောင်စီ တပ်တွင်း ဗိုလ်ကြီးအဆင့်မှစ၍ တပ်မမှူးအဆင့်ထိ လစာထပ်တိုးပေးရန် နစက ဥက္ကဌ အရေးပေါ် ကြေငြာ


တပ်တွင်း ဒုဗိုလ်မှူးအဆင့်ရှိ အရာရှိကြီးများကအစ

ပြည်သူ့ဘက်ကို ဘက်ပြောင်းခိုလှုံ CDM ပြုလုပ်မှု တနေ့တခြား များပြားလာသည့်အပေါ် နစက ဥက္ကဌ ကိုယ်တိုင် ထိမ်းသိမ်းအမိန့်ပေးနိုင်မှု မရှိတော့သည့်အခြေအနေနှင့် တပ်တွင်း ခေါင်းဆောင်များ ဖရိုဖရဲ ပြိုကွဲလာနေမှုတို့အတွက် အရေးပေါ် အစီအစဥ်အဖြစ် အရာရှိလစာများတိုးမြှင့်ပေးပြီး တပ်ပြေး များပြားလာသည့်အပေါ် ငွေဖြင့် စတင်ကုစားနေရပြီဖြစ်သည်။


တပ်စခန်းများမှ ဗျူဟာမှူး၊ ဒုတိုင်းမှူးအဆင့်များကို နေပြည်တော် သို့အရေးပေါ်လာရောက်ကြရန် အမိန့်ထုတ်ပြန်မှုကြောင့် နေပြည်တော် အဝေးပြေးလမ်းမကြီးတွင် စစ်ကောင်စီ အရာရှိများ၏ ကားများအများအပြားသွားလာနေကြကြောင်းသိရသည်။


နစက ဥက္ကဌ မင်းအောင်လှိုင် သည် အခုနောက်ပိုင်း စစ်ကောင်စီ ခန့်အပ်ထားသော အရာရှိများနှင့်နေ့စဥ်လိုလိုတွေ့ဆုံမိန့်ခွန်းခြွေနေလေ့ရှိပြီး ပြောသော

စကားများသည် ဒီနေ့တမျိုးပြောပြီး နောက်တနေ့တွင်တမျိုးဖြစ်သွားပြန်သဖြင့် သူပြောစကားကို စာဖြင့်လိုက်လံရေးမှတ်သူအရာရှိအချို့မှ တီးတိုးဝေ ဖန်မှုများပြုလျှက်ရှိကြောင်းသိရသည်။


တပ်တွင်း သတင်းရင်းမြစ်ပေးပို့ချက်အရ ရာထူးအကြီးပိုင်းအများအပြား ပြည်သူဘက်သို့ ထပ်မံပူးပေါင်းရန်ရှိနေပြီး အခွင့်အရေးရသည်နှင့် ပြေးကြတော့မည်ဟုဆိုသည်။


တပ်တွင်းအခြေအနေပေးပို့သတင်း


ရဲဇော်

ဆက်ဖတ်ရန် →

ယူကရိန်းစစ် မြန်မာတော်လှန်ရေးအတွက် သက်ရောက်မှုရှိလာနိုင်

​၂၆ ဖေ ၂၀၂၂


ယူကရိန်းစစ်ဘယ်လောက်အတိုင်းအတာအထိကြီးမားလာနိုင်သလဲ။ မြန်မာတော်လှန်ရေးအတွက် ဘယ်လိုတွေသက်ရောက်မှုရှိလာနိုင်သလဲ။ 


ပင်လယ်၂စင်းကြားသဘောတရား


 ရုရှားရန်နဲ့ပတ်သက်လို့ ဥရောပမှာ ပင်လယ်၂စင်းကြားအတားအဆီး (Intermarium) ဆိုတဲ့ အယူအဆ တခုရှိတယ်။ အဲဒါက ပိုလန်ခေါင်းဆောင် စစ်သူကြီး ဂျိုးဇက်ပီဇူစကီ (Jozef Pilsudski) ကြံဆခဲ့တဲ့ စီမံကိန်းတခုပါ။ ပထမကမ္ဘာစစ်အပြီး ၁၉၂၀ခုနှစ်တွေမှာ စတင်တဲ့အယူအဆဖြစ်တယ်။ ဘောလ်တစ်ပင်လယ်နဲ့ ပင်လယ်နက်ကြားက နိုင်ငံတွေစုစည်းထားဖို့လို့ ဆိုလိုတာပါ။ ဒီနိုင်ငံတွေဟာ နယ်မြေပထဝီဝင်အရ အနောက်အုပ်စုနဲ့ ဆိုဗီယက်ကြားမှာ ရောက်နေပြီး တဘက်ဘက်က ဝင်တိုက်လာရင် တနိုင်ငံတည်း ခံတိုက်တာထက် ပူးပေါင်းတိုက်ဖို့လိုတဲ့အတွက်ဖြစ်တယ်။ အဓိက ကတော့ ဆိုဗီယက် (ရုရှား) က ဝင်တိုက်လာမှာကို တားဆီးဖို့ ဖြစ်တယ်။ သို့သော် အထမမြောက်ခဲ့ဘူး။ သူစိုးရိမ်တာလည်း အဆိုးတော့ မဆိုသာဘူး။ ဒုတိယကမ္ဘာစစ်မှာ ပိုလန်ကို ဂျာမန်ကကော ဆိုဗီယက်ကကော နှစ်ဘက်ညှပ် ဝင်တိုက်ခံရတယ်။ 


အင်တာမာရီယမ်နဲ့ နေတိုး


ဒီတော့ ၂၀ရာစုက အင်တာမာရီယမ် အယူအဆဟာ ဆိုဗီယက်ကွဲအပြီး ရုရှားမှာ ပူတင်ပြန်ထူမတ်လာတော့ ၂၁ရာစုအဝင်မှာ ပြန်စဥ်းစားလာကြတာဖြစ်တယ်။ ၁၉၉၁ ဆိုဗီယက်ပြိုကွဲအပြီးမှာ အရင်အရှေ့ဥရောပက ဆိုဗီယက်ထီးရိပ်အောက်က ကွန်မြူနစ်နိုင်ငံတွေ နေတိုးထဲဝင်လာတာကို ခုနှစ်အလိုက်ခုလိုတွေ့ရတယ်။


၁၉၉၉ - ချက်၊ ဟန်ဂေရီ၊ ပိုလန်


၂၀၀၄ - ဘူဂေးရီးယား၊ အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သူနီးယား၊ ရိုမေးနီးယား၊ စလိုဗက်ကီးယား၊ စလိုဗေးနီးယား


၂၀၀၉ - အယ်ဘေးနီးယား၊ ခရိုအေးရှား


၂၀၁၇ - မွန်တီနီဂရို


၂၀၂၀ - မြောက်မက်ဆီဒိုနီးယား တို့ဖြစ်တယ်။ 


ယူကရိန်း နဲ့ ဘောလ်တစ်၃နိုင်ငံ


ဒီအချိန်ကာလတွေအရ ပြောမယ်ဆိုရင် ဆိုဗီယက်ပြိုအပြီး နောက်ဆယ်စုနှစ်တခုနီးပါး ရုရှားကော ခွဲထွက်နိုင်ငံတွေကော ပြန်လည်တည်ငြိမ်ဖို့ အလွန်အားထဲ့ရုန်းကန်နေရချိန်တွေဖြစ်တယ်။ အဲဒီ ၂၀ရာစုမကုန်ခင် ၁၉၉၉ လောက်ကနေ နောက်ဆယ်နှစ် ၂၀၀၉ အထိဟာ နေတိုးရဲ့ မြောက်အတ္တလန်တိတ် စစ်အင်အားချဲ့ထွင်နိုင်ချိန်တွေပါပဲ။ 


၂၀၀၄ ဟာ ဆိုဗီယက်ကွဲထွက်နိုင်ငံတွေထဲကနေ ထင်ရှားတဲ့ဖြစ်ရပ်တွေထွက်ပေါ်ခဲ့ချိန်ဖြစ်တယ်။ ၁၉၉၁ ထဲက ခွဲထွက်လာခဲ့တဲ့ ယူကရိန်းမှာ လိမ္မော်ရောင်တော်လှန်ရေး (Orange Revolution) အောင်မြင်တယ်။ အက်စတိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူနီးယား (ဘောလ်တစ်၃နိုင်ငံလို့ပြောရင် ဒီနိုင်ငံတွေကို ဆိုလိုတယ်) နိုင်ငံတွေ နေတိုးထဲဝင်ရောက်နိုင်ခဲ့တယ်။ ရုရှားအတွက်တော့ အမေရိကန်ကျူးကျော်မှုတွေလို့ ခါးသီးနာကျည်း ခဲ့ရချိန်တွေ၊ ဇတ်ခေါင်းကွဲ စူပါပါဝါအထည်ကြီးပျက်အတွက် နိုင်ငံငယ်လေးတွေလုပ်သမျှ ထိုင်ကြည့်နေရချိန်လည်းဖြစ်တယ်။ 


၂၀၁၄ မှာ ယူကရိန်းသမ္မတကို ပြည်သူတွေက ဆန္ဒပြတယ်။ ဥရောပယူနီယံနဲ့ ချုပ်ဆိုမယ်လို့ ကတိပေးထားတဲ့ စာချုပ်ကို ရုရှားဘက်ကတားလို့ ယူကရိန်းသမ္မတက ဖျက်လိုက်တဲ့အတွက်ဖြစ်တယ်။ ယူကရိန်းမတည်ငြိမ်တော့ ရုရှားက ကရိုင်းမီးယား (ယူကရိန်းပိုင် ပင်လယ်နက်ထဲကကျွန်းဆွယ်) ကိုဝင်သိမ်းတယ်။ တပြိုင်တည်းမှာ ခု ခွဲထွက်ပြီလို့ကြေညာတဲ့ ယူကရိန်းနယ်ဖြစ်တဲ့ ဒွန်းဘတ် (Donbas) ကိုဝင်တိုက်တယ်။ 


တူရကီနဲ့ ကော့ကေးဆပ်


ယူကရိန်း ဥရောပယူနီယံကိုဝင်ဖို့ကျိုးစားလို့ ၂၀၁၄မှာဝင်တိုက်ခံရသလို ရှေ့မှာ ‌ဂျော်ဂျီယာမှာလည်း အလားတူ ပြဿနာမျိုးရှိခဲ့တယ်။ အဲဒါက ၂၀၀၈မှာ ရုရှား‌ဂျော်ဂျီယာကို ဝင်တိုက်တာဖြစ်ပြီး ဂျော်ဂျီယာ နေတိုးဝင်ဖို့ ကျိုးစားတာရဲ့ အကျိုးဆက်ဖြစ်တယ်။ ဒီအပိုင်းက ရုရှားရဲ့ ကော့ကေးဆပ်ဘက်ခြမ်း ပြဿနာဖြစ်တယ်။ ကော့ကေးဆပ်ဟာ ပင်လယ်နက်နဲ့ ကက်စဘီယန်ပင်လယ်ကြားဒေသကို ခေါ်ဆိုတာဖြစ်ပြီး ဂျော်ဂျီယာ၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်နဲ့ ရုရှားတောင်ပိုင်းဒေသအချို့ ပါဝင်တယ်။ 


၂၀၂၀ မှာ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်ကြားမှာ နဂိုနို-ကာရာဘတ် ဒေသပိုင်ဆိုင်မှုအငြင်းပွားပြီး စစ်ဖြစ်တာ မှတ်မိကြမယ်ထင်တယ်။ စစ်ကတော့ ဆိုဗီယက်စပြိုတဲ့ အချိန်လောက်က တကြိမ်စဖြစ် တာဖြစ်ပြီး ခုအချိန်က ဒုတိယအကြိမ် စစ်ပွဲကြီးအသွင်ပြန်တိုက်ကြတာဖြစ်တယ်။ အဇာဘိုင်ဂျန်ဟာ တူရကီကျောထောက်နောက်ခံနဲ့ အငြင်းပွားဒေသကို ထိမ်းချုပ်လိုက်နိုင်ပြီး ရုရှားရဲ့ အာမေးနီးယားကို အကူအညီပေးမှုဟာ မအောင်မြင်ခဲ့ဘူး။ 


ရုရှား ကြားခံနယ်မြေ သို့မဟုတ် စစ်မျက်နှာ ၃ဘက်


ဒီတော့ ပူတင်ဟာ ကော့‌ကေးဆပ်ဘက်မှာ အစဥ်အလာရန်သူ တူရကီနဲ့ ကြားခံနယ်မြေကို ဂျော်ဂျီယာ နဲ့ အဇာဘိုင်ဂျန်အဖြစ်ထားလိုတာတွေ့ရတယ်။ ဥရောပကုန်းမြေအတွက် ရုရှားကွဲထွက်ထဲက ရုရှားပြီးရင် ဒုတိယနယ်မြေအကြီးဆုံးနဲ့ စီးပွားရေးအကြီးဆုံး ယူကရိန်းကို သူမပိုင်ရင်တောင်မှ ကြားခံအဖြစ်ရှိလိုတယ်။ ဥရောပရဲ့ နောက်ဆုံးလက်ကျန် အာဏာရှင်နိုင်ငံ ဘီလာရုစ်ကတော့ သူနဲ့ အကြောင်းသင့်ပြီးသားဖြစ်တယ်။ ဘောလ်တစ် ပင်လယ်ဘက် အခြမ်းမှာတော့ ဘောလ်တစ်၃နိုင်ငံကို ကြားခံဇုံအဖြစ်ထားလိုတဲ့ဆန္ဒ ရှိပေလိမ့်မယ်။ ဒီ၃နိုင်ငံက ၁၉၄၀ ဒုတိယကမ္ဘာစစ်အတွင်း စစ်နိုင်ပြီး ဆိုဗီယက်ထဲ ပေါင်းထဲ့ထားတာ ဖြစ်တယ်။  


မြေပုံကိုကြည့်ပါ။ အနီရောင်လိုင်းဆွဲထားတာဟာ နေတိုးအဝင်မခံမယ့်နယ်မြေဖြစ်တယ်။ ယူကရိန်းထဲကိုတော့ ဝင်တိုက်ပေးဖို့ရှိပုံမပေါ်တာတွေ့ရတယ်။ ဒီတော့ ယူကရိန်းမှာ ပူတင်ဟာ နယ်မြေ၂ခုသေချာသွားပြီး နေတိုးနဲ့ အီးယူက ထပ်မချဲ့တော့ပဲ ကြားခံအဖြစ်ထားမယ် ဆိုရင် ယူကရိန်းတနိုင်ငံလုံးကို ဆက်တိုက်ဖို့ လုပ်ချင်မှလုပ်မယ်။ ခုတိုက်နေတာဟာ အပေးအယူလုပ်ဖို့ ကောင်းအောင်လို့ ယူဆမယ်ဆို ရနိုင်တယ်။ ပြန်ဆုတ်ဖို့ပဲ။ သေချာလားလို့မေးရင် လွယ်ကူနေရင်တော့ ရှေ့ဆက်တိုက်မှာပေါ့။ သို့သော် ယူကရိန်းတွေရဲ့ လက်ရှိတုန့်ပြန်မှုကိုကြည့်ပါ။ စစ်အင်အား အပြတ်မသုံးနိုင်ရင် ထင်တိုင်းပေါက်ဖို့မလွယ်ဘူး။ ပူတင်ဟာ စစ်ကို ပြည်တွင်းထောက်ခံမှုလည်း ရမထားဘူး။ အမေရိကန်နဲ့ အီးယူအကူအညီကလည်း ယူကရိန်းခုခံစစ်ထိန်းထားဖို့နဲ့ ရုရှားကို ဆွေးနွေးပြန်ဆုတ်စေဖို့ ရည်ရွယ်လိုပုံရတယ်။ 


အဓိကမှာတော့ အမေရိကန်ဖြစ်တယ်။ အမေရိကန်ဟာ ပူတင်ဘယ်လိုမဆိုဝင်တိုက်မယ်လို့ သတင်းရထားသလို ဖြစ်နေခဲ့တာ ပြင်ဆင်နေခဲတာတွေ့ရတယ်။ ဒီတော့ ပူတင်အတိုက်နဲ့ ဆက်ဖြစ်လာမယ့် အနေအထားတွေအတွက် သူ့မှာအစီအစဥ်တချို့ရှိထားပြီးသားဖြစ်နေနိုင်တယ်။ 


စီးပွားရေး၊ သံတမန်ရေး နဲ့ ၂၀၂၂ နွေဦးအလွန်


ပူတင်ဟာ ယူကရိန်း၊ ဘောလ်တစ်နိုင်ငံတွေနဲ့ ကော့ကေးဆပ်ခြမ်း မျက်နှာစာ၃ဘက်စလုံးကနေ ဒီဒေသတွေကို ပြန်တွန်းဖို့ သူ့မှာ လုံလောက်တဲ့ စီးပွားရေးအနေအထားမရှိဘူး။ တဘက်မှာ တရုတ်ဟာ ယူကရိန်းရဲ့ အကြီးမားဆုံးစီးပွားဘက်ဖြစ်နေတယ်။ အမေရိကန်နဲ့ အီးယူက အခု ရုရှားဘဏ်တချို့ကို ပိတ်ဆို့လိုက်ပြီ။ ဒေါ်လာစနစ်အတွင်း နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ ငွေကြေးစီးဆင်းမှုဖြတ်တောက်တဲ့ SWIFT ကုဒ်ကို ပိတ်လိုက်တဲ့ သတင်းတခု ဒီနေ့တွေ့ရတယ် (မှန်ဖို့များပါတယ်)။ အီရန်မှာ ပိတ်ခဲ့တုန်း ကတော့ အီရန်စီးပွားရေးဟာ ချာလပတ်ရမ်းသွားခဲ့တယ်။ 


ရုရှားဟာ အဲလောက်ဆိုးမသွားနိုင်ဘူးဆိုရင်တောင်မှ ခု သူ့စတော့စျေးကွက်အကျနဲ့ ဒေါ်လာလမ်းကြောင်းကနေ ငွေအသွင်းအထုတ်အားလုံး ဘဏ်ကြီးတွေမှာ ပိတ်ခံရရင်တော့ ဆက်ရမ်းကားဖို့ အရှိန်ကျသွားပါလိမ့်မယ်။ ဆိုတော့ အမေရိကန်နဲ့ တရုတ်ဟာ ရုရှားယူကရိန်းစစ်မှာ ဝင်တိုက်မယ့်သဘောမရှိ။ စီးပွားရေးလမ်းကြောင်းက ပိတ်ဆို့တာ ဖေးမတာတွေကိုပဲ လုပ်မယ်လို့ပဲ လတ်တလောအခြေအနေတွေက ထွက်ဆိုတယ်။  


စစ်ရှိန်ဟာ လပိုင်းနဲ့ ပြန်ကျသွားနိုင်တယ်။ အဲသလိုသာဆိုရင် ရုရှားဘဏ်တွေမှာပိတ်မိနေမယ့် စကစနဲ့ အဆက်အနွယ်‌ငွေတွေရယ်၊ ရုရှားယူကရိန်းကနေ စကစဆီ ရောက်လာဖို့မလွယ်တော့တဲ့ လက်နက်နဲ့ အခြားအကူအညီတွေရယ် ဆိုပြီးတွေ့ရမယ်။ 


ပြည်တွင်းနဲ့ နိုင်ငံတကာက ပီဒက်တွေကို ဖိဖိစီးစီးထောက်ပံ့နိုင်ရင်၊ နုဂျီက အီးအေအိုတွေနဲ့ ပီပီပြင်ပြင်ဆွေးနွေးတာ၊ အမေရိကန်အကူအညီကို အသေအချာရယူတာတွေလုပ်နိုင်ရင် ၂၀၂၂ နှစ်ဝက်မှာ စကစရဲ့စစ်ရှိန်ဟာ ထိုးကျသွားဖို့ရှိတယ်။ 


တိုက်ပွဲရှိရင် အောင်ပွဲရှိတယ်။

ကျော်ဇောခိုင်

ဆက်ဖတ်ရန် →

နေတိုးရဲ့ကိုယ်ရောင်ဖျောက်စစ်

​​

ဂျာမဏီက တင့်ကားဖျက်လက်နက် ၁၀၀၀ နှင့် မြေပြင်မှဝေဟင်ပစ် stinger ၅၀၀ ယူကရိန်းကို စတင်ပို့ပေးနေသလို SWIFT ကနေ ရုရှားကို ဖယ်ထုတ်ရေး သဘောမတူတာကနေ နည်းနည်း စိတ်ပြောင်းလာပြီလို့ဆိုတယ်။ အရင်က သံခမောက် ၅၀၀၀ ပဲပို့ပေးလို့ အားလုံးက ဝိုင်းလှောင်ပြောင်နေတာကနေ လေယာဉ်ပစ်ဒုံးလက်နက် ၅၀၀ ကြီးများတောင် ပို့ပေးလိုက်တယ်ဆိုတော့ ပူတင်စိတ်ဆိုးမှာအမှန်ပါပဲ။ 


ကျန်ဥရောပ နိုင်ငံတွေကလည်း လက်နက်တွေ ယူကရိန်းကိုပို့ပေးနေပါပြီ။ (နယ်သာလန်က stinger ၂၀၀ ပို့၊တူရကီက ဒရုန်းပို့၊ ချက်က အမြှောက်တွေပို့ UK, US က ခေတ်မှီ လေဆာနဲ့ပစ်တဲ့တင့်ကားဖျက်လက်နက်တွေ အမြောက်အများ ပို့တယ်လို့တွေ့ရပါတယ်)။ 


ယူကရိန်းခုခံစစ်ပြီးသွားရင်တော့ ဒီလက်နက်တွေ ကမ္ဘာ့လက်နက်ဈေးကွက်ထဲရောက်သွားမယ်လို့ Forbes မဂ္ဂဇင်းကရေးပါတယ်။


Stinger ၅၀၀ ဆိုတာ တကယ့်မနည်းမနော ကြီးပါပဲ။ ရုရှားစစ်လေယာဉ်တွေ ကောင်းကောင်းကြီးဒုက္ခရောက်နိုင်ပါတယ်။ လေကြောင်းစိုးမိုးမှုအားနည်းသွားရင် အဝေးပစ် missile ဒုံးကျည်တွေနဲ့ နားငြီးအောင် ဝိုင်းပစ်တဲ့အကွက် ကိုပဲ ရုရှားတွေ ပိုအားထားရမှာဖြစ်ပြီး ဘယ်လောက်အလုပ်ဖြစ်မလဲမသိပါဘူး၊ စစ်ရေးအခိုင်အမာ အဆောက်အအုံတွေကို ဖျက်ဆီးစွမ်းအားများမှာဖြစ်ပေမဲ့ ပြန့်ကျဲနေတဲ့မြေပြင်ပျောက်ကြားခုခံစစ်အပေါ်မှာ ထိရောက်မှုကနည်းမှာဖြစ်ပါတယ်။ 


ရုရှားရဲ့ တင့်ကားတွေ အုံလိုက်ကျင်းလိုက် ယူကရိန်းမြို့တော် ကီအက်ကို ချီတက်ဝိုင်းရံနေကြပါတယ်။ 


ပြဿနာက ယူကရိန်းနယ်ထဲ မိုင်၂၅၀ လောက်ကျွံဝင်နေပြီဖြစ်လို့ ဒီတပ်ဖွဲ့တွေရဲ့ ထောက်ပို့လိုင်းဟာ ယူကရိန်းမြေပြင်တိုက်ခိုက်ရေးသမားတွေရဲ့ ဖြတ်တောက်မှုကို ခံရဖွယ်ရှိနေပါတယ်။ 


ခုခံစစ်အရှိန်ရလာလေ မြေပြင်ရင်ဆိုင်တိုက်ပွဲတွေမှာ ရုရှားတပ်ဖွဲ့တွေ ထင်သလောက်မလွယ်တာကို ကြုံတွေ့ရဖွယ်ရှိပါတယ်။ 


ရုရှားတွေ ယူကရိန်းရဲ့ chain of command and control ကို အမြန်ဖျက်နိုင်ခါမှ မြို့တော်ကို ထိန်းချုပ်နိုင်မဲ့ သဘောရှိပါတယ်။ ထိန်းချုပ်နိုင်တောင်မှ လပေါင်းအတော်ကြာကြာ ယူကရိန်းခုခံပျောက်ကြားစစ်ကို ကြုံတွေ့ရဖွယ်ဖြစ်နေပါတယ်။ 


နေတိုးက ကိုယ်တိုင်မတိုက်ပဲ ကိုယ်ရောင်ဖျောက် ဝင်ကူတိုက်ပေးတဲ့ ပုံစံကို ကျင့်သုံးလာတာမို့ ပူတင် ဘယ်လိုပတ်ရမ်းမလဲဆိုတာကြည့်ရမယ်။


ရေးသားသူ @Win Myo Thu

ဆက်ဖတ်ရန် →

ပြည်ပနိုင်ငံသားပိုင် ငွေကြေးတွေကို သိမ်းဆည်းမယ်လို့ မက်ဗီဒက် ပြော


ကမ္ဘာတစ်လွှား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လက်တုန့်ပြန်တဲ့အနေနဲ့ ရုရှားရှိ ပြည်ပကုမ္ပဏီတွေနဲ့ ပြည်ပနိုင်ငံသားပိုင် ငွေကြေးတွေကို သိမ်းဆည်းမယ်လို့ မက်ဗီဒက် ပြော 

---အကုန်သိ သတင်းဌာန---

          ကမ္ဘာတစ်လွှားမှာ ရုရှား နိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံနေရတာနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံရှိ ပြည်ပ ကုမ္ပဏီတွေ၊ ပြည်ပနိုင်ငံသားတွေရဲ့ ရန်ပုံငွေတွေကို သိမ်းဆည်းခြင်းဖြင့် ရုရှားက တုန့်ပြန်သွားမယ်လို့ ရုရှား လုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမစ်ထရီ မက်ဗီဒက်က စနေနေ့မှာ ပြောဆိုကြောင်း RIA သတင်းအေဂျင်စီက ဖော်ပြပါတယ်။ 

             ဒါ့အပြင် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ အခြား မိတ်ဆွေမဆန် တရားမမျှတစွာ ဆောင်ရွက်ခဲ့ကြသောနိုင်ငံတွေမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေရဲ့ ရပိုင်ခွင့်တွေကို ပြည်သူပိုင် သိမ်းဆည်းသွားရေး ရုရှားအစိုးရက တားမြစ်မှာ မဟုတ်ဘူးလို့ မက်ဗီဒက်က ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 

         အနောက်အုပ်စု မဟာမိတ်နိုင်ငံတွေဟာ ကမ္ဘာလုံးဆိုင်ရာ အဓိကငွေပေးချေမှုစနစ်ကနေ ရုရှား ဘဏ်တွေကို ဖယ်ရှားရေးအပါအဝင် ရုရှားအပေါ် အရေးယူဒဏ်ခတ်မှုအသစ်တွေ ထပ်မံချမှတ်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ 

             ယူကရိန်းအပေါ် ရုရှားက ကျူးကျော်စစ် စတင်လိုက်ချိန်မှစကာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်တိုက်လုပ်လာကြတာဖြစ်သလို ယူကရိန်းကို လက်နက်ကိရိယာနဲ့ အခြားအထောက်အပံ့တွေ ပေးဆောင်နေခဲ့ကြပါတယ်။ NDTV




ဆက်ဖတ်ရန် →

စစ်တပ်က နှစ်ထပ် ခံတပ် များ တည်ဆောက်နေ

​ရန်ကုန်မြို့ရှိ လမ်းဆုံလမ်းခွများနှင့် မီးပွိုင့်များတွင် စစ်တပ်က နှစ်ထပ် ခံတပ် များ တစ်မြို့လုံးအတိုင်းအတာဖြင့် တည်ဆောက်နေ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ 


ရန်ကုန်မြို့တော်ရှိ လမ်းဆုံလမ်းခွများနှင့်မီးပွိုင့်များတွင် စစ်တပ်က နှစ်ထပ် RC ခံတပ်အဆောက်အအုံများကို တစ်မြို့လုံးအတိုင်းအတာဖြင့် တည်ဆောက် လျက် ရှိကြောင်းရန်ကုန်မြို့ခံများက ပြောဆိုသည်။ 


၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး မြို့လယ်ခေါင်နှင့် အချက်အချာကျ လမ်းဆုံ များ၊ မီးပွိုင့်များတွင် စစ်တပ်က ခံတပ် ဘန်ကာ ပုံစံ RC နှစ်ထပ် အဆောက် အအုံ ငယ်များကို တည်ဆောက်လာခြင်းဖြစ်ကြောင်း၊ သေနတ် တင်၍ ပစ်နိုင် သော အပေါက်များကိုလည်း ခံတပ် ဘန်ကာများတွင် ထည့်သွင်း တည် ဆောက် ထားကြောင်း သိရှိရသည်။ 


လက်ရှိတွင် သမိုင်းလမ်းဆုံမီးပွိုင့် City Mart နှင့်မျက်နှာချင်းဆိုင် လမ်းဆုံ လမ်း ခွ တွင်လည်းကောင်း၊ တောင်ဥက္ကလာ ဘေလီ တံတား အဆင်း တွင် လည်းကောင်း အပါအဝင် မြို့နေရာအနှံ့အပြားတွင် ခံတပ် ဘန်ကာငယ်များ တည် ဆောက်နေခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။ 


"မသိရင် ရန်ကုန်မှာ သိပ်မကြာခင် စစ်ဖြစ်မယ့်ပုံစံအတိုင်း ဘန်ကာတွေ ဆောက် လာတာ။ သေနတ်တင်ပစ်လို့ရတဲ့ အပေါက်ရှည်တွေလည်း အပေါ် ထပ်ရော အောက်ထပ်ရောမှာ တည်ဆောက်နေတာ။ ပြည်သူတွေကတော့ စစ်ခွေးတွေကို ရွံ့တာပေါ့ဗျာ။ လက်နက်နဲ့ စောင့်ကြည့် ခြိမ်းခြောက်ဖို့ လုပ် တဲ့လုပ်ရပ်ပေါ့" ဟု ရန်ကုန်မြို့ခံ ပြည်သူတစ်ဦးက ပြောသည်။ 


ထို့ပြင် ဘန်ကာများ မလှမ်းကမ်းတွင်လည်း CCTV များကို တပ်ဆင်နေပြီး စစ် တပ်က မြို့နေရာအနှံ့ CCTV ကွန်ရက် ဖြန့်ကျက်တပ်ဆင်လာကြောင်း သိရှိ ရသည်။

ခေတ်သစ်မီဒီယာ

ဆက်ဖတ်ရန် →

မုန်ညှင်းထုပ် အကာအကွယ်ဖြင့် ကံစမ်းကြသည့် မြန်မာနိုင်ငံသားများ ထိုင်းတွင်အဖမ်းခံရ


=======================


ထိုင်း - မြန်မာနယ်စပ်မဲဆောက်မှတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ၀င်ရောက်နိုင်ရန်အတွက် တဦးလျှင် ထိုင်းဘတ်ငွေ (၂) သောင်းစီ အရင်းအနှီးပြုကာ ကံစမ်းခဲ့ကြသည့် မြန်မာနိုင်ငံသား ၁၄ ဦး မဲမပေါက်ဘဲ ဗလာကျကာ အဖမ်းခံကြရခြင်းဖြစ်သည်။


ယနေ့နေလည်ပိုင်းက မဲဆောက်မြို့မှအထွက် ဒုတိယစစ်ဆေးရေးဂိတ်ဖြစ်သည့် ဝှေ့ညအု (ငါးပိစမ်းချောင်း) ဂိတ်တွင် ဖမ်းဆီးခံကြရခြင်းဖြစ်သည်။


ဗလာကျသည့် မြန်မာနိုင်ငံသား ၁၄ ဦးကို ကားဖြင့်တင်ဆောင်လာသည့် ထိုင်းနိုင်ငံသားလည်း ဖမ်းဆီးခံခဲ့ရသည်။


ထိုင်းစစ်ဆေးရေးဂိတ်တွင်တာ၀န်ကျသူများ မသိနိုင်လောက်ဟုထင်ကာ အဆိုပါမြန်မာနိုင်ငံသား ၁၄ ဦးကို မုန်ညှင်းထုပ်များ အကာအကွယ်ယူကာ သယ်ဆောင်လာခြင်းဖြစ်သည်။


(၈၅) ကီလိုမီတာအကွာအဝေးရှိသော မဲဆောက်မြို့နှင့်တာ့ခ်မြို့အကြားတွင် စစ်ဆေးရေးဂိတ်ကြီး (၂) ခုရှိပြီး မဲဆောက်မြို့အထွက်တွင်ရှိသည့် ပထမဆုံးအဖွဲ့စုံစစ်ဆေးရေးဂိတ်သည် (ဟွေ့ဟင်ဖွန်) စစ်ဆေးရေးဂိတ်ဖြစ်သည်။


မဲဆောက်အခြေစိုက် မီဒီယာသမားတဦးက " မြန်မာနိုင်ငံသားတွေ အဲလိုနည်းနဲ့သွားတာ အလွန်အန္တရာယ်ကြီးတယ် ဂေါ်ဖီထုပ်ကားတွေ မုန်းညှင်းထုပ်ကားတွေ မုန်လာဥကားတွေ အပါအ၀င် မဲဆောက်ကနေတဆင့်ဘန်ကောက်ကို  ဟင်းသီးဟင်းရွက်သွားပို့တဲ့ ကားမှန်သမျှကို စစ်ဆေးရေးဂိတ်တွေရောက်ရင် တာ၀န်ရှိသူတွေကနေ သံချွန်အရှည်တွေနဲ့ ထိုးသွင်းပြီးတော့ စစ်ဆေးတာတွေရှိတယ် အကယ်၍လူပါလာလို့ထိုးမိမယ်ဆိုရင် ဘာဖြစ်နိုင်လဲတွေးကြည့်ကြပါ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်က သံချွန်ရှည်နဲ့ထိုးမိတဲ့မြန်မာနိုင်ငံသားတဦး ဘန်ကောက်ရောက်လို့ဖွင့်ကြည့်မှဘဲ သွေးလွန်ပြီးသေနေတဲ့ဖြစ်ရပ်မျိုးလည်းရှိခဲ့တယ် " ဟု ဆိုသည်။


ဖေဖော်ဝါရီ -  ၂၇  -  ၂၀၂၂

ဓာတ်ပုံ - AEC ထိုင်းသတင်းဌာန

သတင်း - ကရင်အမျိုးသားမီဒီယာ

ဆက်ဖတ်ရန် →

သမိုင်းအရ ယူကရိန်းဟာ ရုရှားနဲ့ ဘယ်တုန်းကမှ မတည့်

​ယူကရိန်းမြို့တော် ကိယစ်ဗ်ကိုတော့ ယူကရိန်းတပ်သားတွေက အောင်မြင်စွာ ကာကွယ်ထားနိုင်ဆဲပါပဲ ... မြို့ထဲကို ဝင်စီးတဲ့ ရုရှားစစ်သားတွေနဲ့ ပုံဖျောက် အရပ်ဝတ်တပ်ဖွဲ့တွေကို နှိမ်နင်းနိုင်ခဲ့ပါတယ်


ရုရှားကျူးကျော်စစ် ၃ရက်မြောက်နေ့မှာ စစ်ဘက်+အရပ်ဘက် အကျအဆုံး ကတော့ ရာချီနေပါပြီ ... 


ယူကရိန်း အဓိက ခံနေရတာ လေကြောင်းတိုက်ခိုက်မှုပါ ... ရုရှားက ပဲ့ထိန်းဒုံးပျံတွေနဲ့ချည်း ပစ်မှတ်တွေကို လှမ်းပစ်နေပါတယ် ... ဒါ့အပြင် လေကြောင်းချီတပ် (လေထီးတပ်) တွေနဲ့ သံချပ်ကာ တပ်တွေကလည်း နိုင်ငံအနှံ့ ဆက်လက် ကျူးကျော်ချီတက်လာနေဆဲပါပဲ ... ရုရှားဟာ ယူကရိန်းကို မြောက်၊ အရှေ့မြောက်၊ အရှေ့နဲ့ အရှေ့တောင်ဘက် အားလုံးကနေ ဝိုင်းပြီး ပြိုင်တူ ဝင်လာနေပါတယ် 


ဥရောပနဲ့ အမေရိကန်က ဝင်မတိုက်ပေမယ့် လက်နက်တော့ စပြီး ကူညီနေပါပြီ ... ဂျာမနီက စတင်ဂါ လေယာဉ်ပစ်ဒုံးပျံ ၅၀၀ နဲ့  တင်ကားဖျက်ဒုံးကျည် ၁၀၀၀ ပို့ပေးမှာဖြစ်သလို အမေရိကန်ကလည်း ဒေါ်လာ သန်း ၃၅၀ ဘိုး စွမ်းအားပြင်း ကာကွယ်ရေးလက်နက်အကူအညီ (lethal defensive assistance) ထပ်ပေးမယ့်အပြင် နောက်ထပ် အရေးပေါ် ဒေါ်လာ ၆.၄ ဘီလျံ ကို လွှတ်တော်ကနေ တောင်းထားပါတယ် ... နယ်သာလန်ကလည်း RPG လောင်ချာ ၄၀၀ လတ်တလော ပို့လိုက်သလို စတင်ဂါ လေယာဉ်ပစ်ဒုံးပျံ ၂၀၀ ထပ်ပို့မယ်လို့လည်း ဆိုပါတယ် ... ဘယ်ဂျီယမ်က လောလောဆယ် စက်သေနတ် ၂၀၀၀ နဲ့ ဆီတန်ချိန် ၃၈၀၀ ပို့ပေးဖို့ ကြေညာထားပါတယ် ... ဩစတြေးလျကလည်း နေတိုးနိုင်ငံတွေကနေတဆင့် လက်နက်ကူညီမယ် ပြောပါတယ် ... နောက်ထပ်လည်း လာကြဦးမှာပါ


ယူကရိန်းကျူးကျော်ခံရတာကို ဒီတိုင်းကြည့်နေရင် ပူတင် ရမ်းကားသထက် ရမ်းကားလာမှာဖြစ်သလို ယူကရိန်းသာ ရုရှားလက်အောက် ရောက်သွားရင် ရုရှားစစ်တပ်ကြီးဟာ နေတိုးရဲ့ တံခါးဝကို ရောက်လာမယ့် အခြေအနေကို အနောက်အုပ်စုက မလိုလားပါဘူး ... ဒါကြောင့် ဝင်မတိုက်ပေမယ့် လက်နက်ကူညီပေးကြတာပါ ... နောက်ပြီး ဒီဘက်ခေတ်မှာ မျှော်လင့်မထားကြတဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတခုကို တခြား အင်အားကြီးနိုင်ငံကြီးက ဝင်ရောက်ကျူးကျော်တာမို့ ကူညီကြတာလည်း ပါပါလိမ့်မယ် 


ယူကရိန်းသမ္မတ ဗလာဒီမျာ ဇလင်းစကီး ကတော့ နောက်မဆုတ်တမ်း ခုခံသွားကြဖို့ ယူကရိန်းပြည်သူတွေကို တောင်းဆိုပါတယ် ... "အမှန်တရားက တို့ဘက်မှာ ရှိတယ်။ ဒါတို့မြေ၊ တို့နိုင်ငံ၊ တို့ရင်သွေးတွေ ... သူတို့အားလုံးကို တို့ ဆက်ကာကွယ်သွားကြမယ်" လို့ ပြောပါတယ် ... သူ့အသက်အန္တရာယ် ရှိလို့ တိုင်းပြည်ကနေ ထွက်လာဖို့ အမေရိကန်က ကမ်းလှမ်းတာတောင် ငြင်းပယ်ခဲ့ပြီး သူ့ပြည်သူတွေနဲ့ အတူ ဆက်တိုက်ပွဲဝင်ဖို့ ရွေးခြယ်ခဲ့ပါတယ် ... ယူကရိန်း အရပ်သား ပြည်သူတွေကလည်း ထောင်နဲ့ချီပြီး ရရာလက်နက် စွဲကိုင် တိုက်ပွဲဝင်ဖို့ စုရုံးနေကြပါပြီ ... နယ်မြေကာကွယ်ရေးတပ်ဖွဲ့ (Territorial Defense Unit) တွေမှာ စာရင်းတွေ ပေးပြီး ဝင်နေကြပါတယ် ... လောလောဆယ်တော့ ရှိသမျှ သေနတ်တွေ အစိုးရက ဖြန့်ဝေပေးထားသလို မိုလိုတော့ဗ်တွေလည်း လုပ်ပြီး ကိုင်ထားကြပါတယ် 


သမိုင်းအရ ယူကရိန်းဟာ ရုရှားနဲ့ ဘယ်တုန်းကမှ မတည့်သလို ကြောက်စရာကောင်းလှတဲ့ ကွန်မြူနစ် မိစ္ဆာအင်ပါယာ ဆိုဗီယက်ယူနီယံကြီး လက်အောက်မှာ တုန်းကတောင် လွတ်လပ်ရေးအတွက် အမြဲဆိုသလို တော်လှန်ထကြွနေခဲ့တဲ့ ပြည်နယ်မို့ ပေါလစ်ဗျူရိုအတွက် အမြဲ ခေါင်းခဲရတဲ့ ပြည်နယ်တခုဖြစ်ခဲ့တာပါ ... အခုလို အချုပ်အခြာအာဏာနဲ့ အမိမြေကို ကာကွယ်ဖို့ အတွက်ကတော့ ယူကရိန်းပြည်သူတွေ စွမ်းစွမ်းတမံ ရင်ဆိုင်ကြမှာ မလွဲပါဘူး 

ဟယ်ရီလွင်

Photo: Euromaidan Press


ဆက်ဖတ်ရန် →

စစ်ကောင်စီဒုဗိုလ်မှုးကြီး အဆင့် ၃ဦးCDMကိစ္စဝန်ခံရပြီ



ဒုဗိုလ်မှူးအဆင့်ရှိအရာရှိ ၃ဦးတောခို CDM ပြုလုပ်ရုံနဲ့ တပ်မတော်ကြီးကဘာမှဖြစ်မသွားဘူး


ယနေ့ပြုလုပ်တဲ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းအား CDM လုပ်ဘက်ပြောင်းသွားသည့်ဒုဗိုလ်မှူးများနှင့်ပတ်သတ်၍

သတင်းထောက်တွေ မေးမြန်းသည့်အခါ ဒုဗိုလ်မှူးအဆင့်ရှိအရာရှိ ၃ဦးတောခို CDM ပြုလုပ်ရုံနဲ့ တပ်မတော်ကြီးကဘာမှဖြစ်မသွားဘူး ၊ တိုတိုနဲ့လိုရင်းပဲဖြေလိုက်မယ် ။


တပ်မတော်မှာ ဒုဗိုလ်မှူးအဆင့်ရှိ တပ်မတော်သားတွေ ထောင်ချီပြီးရှိတယ်၊ အရပ်စကားနဲ့ပြောရရင် ဘာမှလွမ်းလောက်စရာမရှိဘူး၊ တပ်မတော်ကို ဝိုင်းဆန့်ကျင်နေရင် တပ်မတော်တင်ထိခိုက်ပျက်စီးမှာမဟုတ်ဘူး၊ တိုင်းပြည်ရော ပြည်သူတွေရော အကုန်ပျက်စီးရလိမ့်မယ်၊ ဒါ  ...  ကျွန်တော် ခြိမ်းခြောက်ပြောနေတာမဟုတ်ဘူး ။


လက်ရှိ တပ်မတော်က တိုင်းပြည်ကောင်းစားဖို့ အစွမ်းကုန် ဆောင်ရွက်ပေးနေပေမယ့် ပြည်သူတွေ တပ်မတော်အပေါ် အကောင်းမြင်ဝါဒမထားနိုင်ပဲ ပုန်ကန်ရေးကိုသာ ဦးတည်နေတာကိုတွေ့မြင်နေရသလို တရားမဝင် ပြည်ပြေးမီဒီယာတွေကနေ တပ်မတော်စစ်ဦးစီးချုပ်ကို ရူးသွပ်ဝေဒနါ ခံစားနေရတယ် လို့ မမှန်သတင်းတွေရေးသားဖြန့်ဝေနေတာကိုလည်းတွေ့မြင်နေရပါတယ်။


တပ်မတော်ဂုဏ်သိက္ခာကို ဘယ်သူတွေဘယ်လိုဖျက်ဖျက် သစ်တပင်တကယ်ကောင်းလို့ ဌက်တသောင်းတကယ်နားနေရတာလည်း တပ်မတော်ပါပဲ၊ နိုင်ငံတနိုင်ငံမှာ စစ်တပ်ဆိုတာ ဘယ်လောက်တောင် အရေးပါ အရာရောက်တယ်ဆိုတာ မသိသေးကြသ၍ ဒီနိုင်ငံမှာ ငြိမ်းချမ်းရေးလမ်းစ ဘယ်တော့မှပေါ်ပေါက်မှာမဟုတ်ဘူး ၊ ကျွန်တော်ဒီလောက်ပဲပြောချင်တယ်၊ ဒါပါပဲ... ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောဆိုဖြေကြားသွားသည်။


#CDM #ဒုဗိုလ်မှူးအဆင့်ရှိ #ဇော်မင်းထွန်း #တပ်မတော် #ငြိမ်းချမ်းရေးလမ်းစ


#Crd:

ဆက်ဖတ်ရန် →

အစ်ကိုကြီးနဲ့ ညီလေးဖြစ်သွားတဲ့ မလေးရှားနဲ့ ကမ္ဘောဒီးယား

​

---------------------------<>----------------------------


မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံတွေအနေနဲ့  အာဏာသိမ်းစစ်တပ်ကို ပြင်းပြင်းထန်ထန် ဖိအားပေးနေသူတွေက မလေးရှားနဲ့ အင်ဒိုနီးရှားပါ။ ဧပြီလတုန်းက အချက် ၅ ချက်ကို သဘောတူခဲ့ပြီးမှ မလှိမ့်တပတ်လုပ်သွားတဲ့ စစ်အာဏာရှင်တွေကို မလေးရှားနဲ့ အင်ဒိုနီးရှားက ထင်သာမြင်သာစွာနဲ့ ဖိအားပေးလာပါတယ်။ အာဆီယံမှာ စီးပွားရေးအင်အားကောင်းသူတွေဖြစ်တဲ့အတွက် အရေးပါသူတွေလည်းဖြစ်ပါတယ်။


ဒီတပတ်မှာတော့ အာဆီယံဥက္ကဋ္ဌဖြစ်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံကို မလေးရှား ဝန်ကြီး ရောက်လာခိုက်မှာ မြန်မာ့အရေးအတွက် သီးသန့် ဆွေးနွေးခဲ့ပါတယ်။ မြန်မာ့အရေးအထူးကိုယ်စားလှယ်၊ ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ မလေးရှားဝန်ကြီး အစ္စမီလ်တို့ ၃ ဦး ဆွေးနွေးခဲ့ကြတာပါ။ 


ဒီဆွေးနွေးပွဲမှာ မြန်မာ့အရေးအတွက် NUG နဲ့ တွေ့ဆုံဆွေးနွေးဖို့ကို စစ်ကောင်စီဘက်က ကန့်ကွက်ခဲ့တဲ့အကြောင်း၊ အာဆီယံသဘောတူညီချက် ၅ ချက် နဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာတွေကို အသေးစိပ်ဆွေးနွေးခဲ့ပါတယ်။


မလေးရှားဝန်ကြီးက ဟွန်ဆန်အနေနဲ့ မြန်မာနိုင်ငံကိုမသွားခင် အာဆီယံနဲ့ အရင်ဆုံး တွေ့ဆုံဆွေးနွေးသင့်တယ်လို့ ပြောခဲ့သလို ဟွန်ဆန်ကလည်း အာဆီယံဥက္ကဋ္ဌကို လေးစားရမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်ကောင်စီဘက်က သဘောတူထားတဲ့ အချက် ၅ ချက်ကို ဂရုမစိုက်သလို လုပ်နေတာဟာ အာဆီယံကို မလေးစားတဲ့အတွက် တွေ့ဖို့မလိုဘူးလို့ ပြောတဲ့အခါမှာတော့ ဟွန်ဆန်က ထောက်ခံခဲ့ပါတယ်။ 


ဆွေးနွေးပွဲအပြီးမှာတော့ မြန်မာစစ်ခေါင်းဆောင်တွေဘက်က အာဆီယံတောင်းဆိုမှု့တွေကို မလုပ်မချင်း စစ်ခေါင်းဆောင်တွေကို အလေးမထားဖို့နဲ့ မြန်မာ့ပြဿနာကို ပူးပေါင်းဖြေရှင်းကြဖို့ သဘောတူခဲ့ကြပါတယ်။ ဟွန်ဆန်နဲ့ မလေးရှားဝန်ကြီးတို့ဟာ တွေ့ဆုံမှု့အပြီးမှာတော့ အကိုကြီးနဲ့ ညီလေးလို ဖြစ်သွားကြပြီး တောင်တရုတ်ပင်လယ်အရေးလည်း ဆွေးနွေးခဲ့ကြပါတယ်။ 


ဒီရက်ပိုင်းဟာ ကမ္ဘာကြီးရဲ့ ဖြစ်တည် ပြောင်းလဲမှု့တွေက သိပ်ကိုမြန်ဆန်ပါတယ်။ ရုရှားက ယူကရိန်းကို ဝင်တိုက်သလို၊ တောင်တရုတ်ပင်လယ်တွင်းက အာဆီယံနိုင်ငံငယ်လေးတွေလည်း တရုတ်ရဲ့ခြေလှမ်းကို သတိထားနေကြပါပြီ။ အမေရိကန်ရဲ့ အဓိကစစ်ပွဲဟာ တရုတ်ဖြစ်လာလေမလား၊ ယူကရိန်းလိုပဲ ဆန်ရှင်တွေနဲ့ တိုက်လေမလားဆိုတာကို အာဆီယံနိုင်ငံတွေ တွေးပူလာကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီးတွေလည်း အလုပ်ရှုပ်ကြရပါတယ်။


အဆိုးထဲက အကောင်းတစ်ခုကတော့ ရုရှားနဲ့ တရုတ်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ကိုယ်စားပြုတဲ့ ဗီတိုအာဏာနဲ့ မထိုက်တန်ဘူးလို့ နိုင်ငံတွေဆီကနေ အသံတွေထွက်လာတာပါတယ်။

..

ဘကြီးအောင် LA

(24-February-2022)

..

ဆက်ဖတ်ရန် →