နောက်ဆုံးရ

မတ် ၂၇ အပြီး PDF ကို မအလရှင်းနိုင်မှာလား?

​နေပြည်တော်ကနေ စစ်ကိုင်းက PDF တွေကို အပြတ်ရှင်းဖို့ အမိန့်ထုတ်တာကတော့ ခဏခဏပါ။ ပထမ နိုဝင်ဘာ၊ နောက် ဇန်နဝါရီ၊ ယခုကတော့ မတ်လ ၂၇ ရက်နေ့ပါ။ မအလရဲ့ တွက်ဆချက်က ကယားနဲ့ ချင်းဟာ နယ်စပ်နဲ့နီးနေလို့ အမြစ်ပြတ်ချေမှုန်းဖို့ ခက်ခဲမယ်လို့ သုံးသပ်ထားပါတယ်။ ဒါဆိုရင် စစ်ကိုင်းကို ဘာလို့မဲလဲဆိုတော့ ဗမာနယ်ဖြစ်ပြီး သူ့ကို ဒုက္ခအပေးဆုံးမိုလို့ပါ။ နောက်စစ်ကိုင်းက မြန်မာ့သမိုင်းနဲ့ ဆက်စပ်နေတာမိုလို့ ဘုရင်ရူးရူးတဲ့ မအလက စစ်ကိုင်းရှုံးရင် သူရှုံးသလို တွက်ထားလို့ပါ။ နောက်အရေးကြီးတာက စစ်ကိုင်းက ဗျူဟာအရ အရေးပါလို့ပါ။ ဒါဆိုမအလက သူတွက်ထားတဲ့အတိုင်း စစ်ကိုင်းက PDF ကို မတ်လ ၂၇ ရက်မှာ အပြီးပြတ်နိုင်မှာလား?

ယခုစစ်ကိုင်းမှာ ရွာတွေကို ဆိုင်ဆိုင် မဆိုင်ဆိုင် မီးရှို့တာ၊ လူသတ်တာ၊ မုဒိမ်းကျင့်တာတွေက အားလုံးသိပြီးဖြစ်မှာပါ။ ဒီလိုရွာတွေကို မီးရှို့နိုင်တာနဲ့ စစ်ပွဲအနိုင်အရှုံးကို ဆုံးဖြတ်ရင်တော့ မအလက မီးတွေအများကြီး ရှို့နိုင်နေတာမိုလို့ နိုင်နေတယ်လို့ အပေါ်ယံထင်ရမှာပါ။ မအလအောင်မြင်တာဆိုလို့ စည်တော်ကို ဖြုတ်ချတာသာ ရှိပါသေးတယ်။

ဒါပေမယ့် မအလတပ်ဟာ မြေပြင်မှာ အကြာကြီးစခန်းချပြီး မနေနိုင်ပါဘူး။ နောက်သူတို့ရွာတွေကို မီးရှို့အပြီး ကူးပြောင်းချိန်မှာ မအလတပ် မိုင်းဆွဲခံရလို့ သေနေတာတွေ ထောက်ပို့ဖြတ်တောက် မိုင်းဆွဲတိုက်ခံရလို့ သေနေတာတွေ ဒဏ်ရာရနေတာတွေက နေ့စဉ်ပါ။ ဒီဟာက ရွာတွေကို မီးရှို့လိုက်တာနဲ့ မရပ်သွားပါ။ ထိုဒေသက PDF တွေ ပြည်သူတွေရြ့စိတ်ဓာတ်က ဖိလေကြွလေသာ ဖြစ်သွားတာတွေ့ရပါတယ်။ အဓိကက သူတို့ထံမှာ လက်နက်အကြီးအကျယ်မရှိသေးပေမယ့် ရန်ကုန် မန္တလေးက လူအများစုလို လက်နက်လုံးဝမရှိတာမဟုတ်လို့ သူတို့စိတ်က မာပါတယ်။ နောက် အဆိုပါဒေသတွေက မြို့ကြီးတွေမှာလို လူမျိုးစုံ ရောနှောနေတာမဟုတ်ဘဲ ဗမာအများစုရှိတဲ့နေရာပါ။ ထိုဒေသကလူတွေက တိုက်ရဲခိုက်ရဲ သေရဲပြီး မုန်းပြီဆို အသေဗျင်းတာပါ။ ယခု မအလတပ်ရဲ့ မီးရှို့တာရဲ့အကျိုးဆက်က သိကြားမင်းကဆင်းပြီး ငြိမ်းချမ်းရေးစကားပြောရင်တောင် ရှင်းမရလောက်အောင် ခံစားချက်ပြင်းသွားစေတာပါ။ နောက်ထိုဒေသကလူတွေက နယ်စပ်ကိုပြေးသွားတာမဟုတ်ဘဲ အဆိုပါဒေသထဲမှာသာနေပြီး ပြန်ခံချနေတာပါ။

ဒုတိယအချက်က စစ်ကိုင်းဟာ နယ်မြေအင်မတန်ကျယ်ပါတယ်။ ထိုဒေသကို စိုးမိုးဖို့က မအလစစ်အင်အားအများကြီးလိုပါတယ်။ ဒီနေရာမှာ သူများဒေသကိုသွားပြီး မီးရှို့တာနဲ့ နယ်မြေစိုးမိုးတာ ကွာပါတယ်။ ဥပမာအနေနဲ့ ရန်ကုန်က အဘသားသမီးတွေတက်တဲ့ TTC ကျောင်းကို ဗုံးခွဲတာ၊ မီးရှို့တာမျိုးကို လုပ်ပြရတာ လွယ်နိုင်ပေမယ့် ရန်ကုန်ကို စိုးမိုးဖို့က စခန်းချတပ်စွဲထားပြီး ကင်းလှည့်နေရမှာပါ။ ဒီလိုမျိုးလုပ်နိုင်ဖို့က မအလမှာ လူအင်အားမရှိပါ။ 

တတိယအချက်က ဒေသခံ PDF တွေရဲ့ တိုက်ရည်ခိုက်ရည်ပါ။ စစ်ပွဲတွေကို လေ့လာကြည့်ရင် PDF တွေရဲ့ ဗျူဟာက တစ်နေ့ထက်တစ်နေ့ တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာတာတွေ့ရပါတယ်။ အများစုကလဲ NUG နဲ့ ချိတ်ဆက်နိုင်လာတာ တွေ့ရပါတယ်။ ဒါကြောင့် သူတို့ဟာ ကြာလေစစ်သားပီသလာလေ တိုက်တာပိုတော်လာလေသာ ဖြစ်လာမှာပါ။ ငွေကြေးထောက်ပံ့တာလဲ ပိုရလာမှာပါ။

စတုတ္ထအနေနဲ့ လက်နက်ကလဲ တစ်လထက်တစ်လတော့ ပိုကောင်းလာနေပါတယ်။ ဒါကြောင့် သူတို့သက်တမ်းကြာလာလေ လက်နက်ပြည့်စုံလာလေ ဖြစ်လာမှာပါ။ ယခုတောင် မအလက PDF ကို အနိုင်မတိုက်နိုင်လို့ လက်နက်ပြည့်စုံလာတဲ့ PDF ကို ဘယ်လိုမှ မနိုင်နိုင်ပါ။

အကျဉ်းချုပ်ရရင် မအလတပ်က စစ်ကိုင်း PDF ကို မတ်လ ၂၇ ရက်နေ့နောက်ဆုံးထားပြီး ဘယ်လိုမှ မနိုင်နိုင်ပါ။ လောင်းကြေးထပ်ရဲပါတယ်။ မတ်လမပြောနဲ့ ၂၀၂၂ ဒီဇင်ဘာ ၃၁ အထိလဲ မနိုင်နိုင်ပါလို့ ကြိုပြောထားပါရစေ။ 


https://www.myattunoo.com/post/မတ-၂၇-အပ-pdf-က-မအလရ-င-န-င-မ-လ


ဆက်ဖတ်ရန် →

ခလရ(၉၇)တပ်မှ အရာရှိ စစ်သည်များ၏ဇနီးများ ဆောက်တည်ရာမရဖြစ်နေ၍ ဗျူဟာမှူးကိုယ်တိုင်ထိန်းနေရ

​KNUနှင့်တိုက်ပွဲတွင် အထိနာခဲ့သည့် ခလရ(၉၇)တပ်မှ အရာရှိ စစ်သည်များ၏ဇနီးများ ဆောက်တည်ရာမရဖြစ်နေ၍ ဗျူဟာမှူးကိုယ်တိုင်ထိန်းနေရဟုဆို

▪️ယာယီတပ်ရင်းမှူးအပါအဝင် ရှေ့တန်းထွက်သည့် တပ်ရင်းတစ်ရင်းလုံးနီးပါး သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံရ

—People's Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ၌ ဖြစ်ပွားသည့် တိုက်ပွဲတွင် အထိနာခဲ့သည့် ခလရ(၉၇)တပ်မှ စစ်ကောင်စီတပ်၏ အရာရှိစစ်သည်များ၏ဇနီးများ ၎င်းတို့၏ ယောကျ်ာများ ရှေ့တန်း၌မရှုမလှရှုံံးနိမ့်ပြီး သေဆုံးထိခိုက်မှု၊ ဖမ်းဆီးခံရသည့်အပေါ်  ဆောက်တည်ရာမရဖြစ်နေကြောင်း တပ်တွင်းသတင်းပေးတစ်ဦးကို ကိုးကားပြီး သတင်းပေးပို့လာသည်။


ခလရ (၉၇)တပ်သည် ကရင်ပြည်နယ် ကော့ကရိတ်မြို့ အခြေစိုက်တပ်ဖြစ်ပြီး မတ်လ ၁၁ရက်က ဖာပွန်ခရိုင်တွင် KNU တပ်မဟာ(၅)ဦး​ဆောင်​ပြီး BPLA အပါအဝင် ပူး​ပေါင်းတပ်နှင့်ဖြစ်သည့် တိုက်ပွဲ၌ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး ၁၆ဦး ဖမ်းဆီးခံခဲ့ရသည်။ အရာရှိများအပါအဝင် ဒဏ်ရာရသူ ၁၁ဦးရှိခဲ့ပြီး RPG၊ စက်သေနတ်၊ လက်ဖြောင့်သေနတ်အပါအဝင် လက်နက် မျိုးစုံ ၂၉လက်နှင့် ကျည်၊ ခဲယမ်း အများအပြား KNU က သိမ်းဆည်းရရှိခဲ့သည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများရရှိမှု ဓာတ်ပုံ၊ ရုပ်သံဖိုင်တို့ကို KNUက ယမန်နေ့တွင် ထုတ်ပြန်ခဲ့ရာ ခလရ (၉၇) နောက်တန်းဌာနချုပ် တပ်တွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဇနီးများ၊ မိသားစုများအကြား ဆောက်တည်ရာမရဘဲ မင်းအောင်လှိုင်ကို ဆဲဆိုနေမှုများပင်ရှိနေသည်ဟု တပ်တွင်းသတင်းပေးက ဆိုသည်။


“မိန်းမတွေ ကမ္ဘာပျက်နေတာထိန်းမရဘူး မအလကို ကိုင်ဆဲနေတာ။ ထိမ်းမည့်သူမရှိ တခြားတပ်တွေ ဆီပေါက်မှာစိုးလို့ ဗျူဟာမှူးသွားချော့လည်းမရဘူး။ ပေါက်ကုန်ပြီ။ နောင်ဆို တပ်တွေက ရင်ဆိုင်တာနဲ့လက်နက်ချ ပြေးဖို့ပဲတိုင်ပင်နေကြပြီ။ သူတို့အဖြစ်က နိုင်လည်းလူမုန်း ရှုံးရင်လည်းသေလေ”ဟု တပ်တွင်း သတင်းပေးပို့လာသူက ရှင်းပြသည်။


အဆိုပါ ဖြစ်စဉ်ကြောင့် အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ- ၁၂) မှ ဗျူဟာမှုးကိုယ်တိုင် ခလရ ၉၇ တပ်ရင်းဌာနချုပ်သို့ သွားရောက်ထိန်းသိမ်းနေရသည်ဟု သိ့ရသည်။


ရှေ့တန်းထွက်သည့် ခလရ(၉၇) တပ်ရင်း အခြေအနေမှာ ယာယီတပ်ရင်းမှူး အပါအဝင်၂၀ဦး သေဆုံးပြီး ၁၀ဦးကျော် ပျောက်ဆုံးနေကြောင်း၊ ၁၆ဦး အဖမ်းခံခဲ့ရပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊  ၁၀ဦးခန့်သာတပ်ရင်းသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းပေးပို့သူက ပြောသည်။သော်လည်း People's Springအ​နေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။


ခလရ(၉၇) နောက်တန်းဌာနချုပ်၌ ဖြစ်နေသည့် လတ်တလော အခြေအနေနှင့်ပတ်သက်၍ ကော့ကရိတ်ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းရာ ၎င်းက တစ်ဆင့် စုံစမ်း၍ ပြန်လည်ပြောပြရာ၌ တပ်တွင်းသတင်းပေး၏ ပြောဆိုချက်နှင့် ကိုက်ညီနေသည်ကို တွေ့ရသည်။


“တပ်မဟာ(၅)မှာ ဖြစ်သွားတာ တော်တော်လေးများတယ်။ အရှင်လည်း ပါတယ်။ အသေလည်းပါတယ်။ တပ်ရင်းမှူးလည်း ပါတာကိုး။ အဲဒီလိုမျိုးပုံစံဖြစ်တော့ ဒီတပ်တွင်းက စခန်းတွင်းက သူတို့မိန်းမတွေ အမျိုးသမီးတွေက စိတ်ဓာတ်ပိုင်းဆိုင်ရာရော အမြင်ပိုင်းဆိုင်ရာရော အမြင်ပိုင်းဆိုင်ရာရော ပြောင်းလဲလာမှုတွေရှိတယ်။ ပြဿနာက ဖြစ်လာနိုင်တဲ့အနေအထားတစ်ခုရှိတယ် သူတို့ အချင်းချင်း။ အခုက ကျွန်တော်တို့ စောင့်ကြည့်တုန်းပဲရှိတယ်”ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။


ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကော့ကရိတ်ဒေသ၌ KNUနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားနေရာခလရ (၉၇)တပ်မှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။


#လူထုနွေဦး

#LuduNwayOo

#People'sSpring


ဆက်ဖတ်ရန် →

ဖမ်းဆီးစစ်ဆေးနေသည့် အရာရှိသုံးဦးမှာ မှော်ဘီလေတပ်စခန်း တိုက်ခိုက်မှုနှင့် မသက်ဆိုင်

​စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည့် အရာရှိသုံးဦးမှာ မှော်ဘီလေတပ်စခန်း တိုက်ခိုက်မှုနှင့် မသက်ဆိုင်ဟု ပြည်သူ့အင်အားစု ထုတ်ပြန်


—People's Spring


မှော်ဘီလေတပ်စခန်းတိုက်ခိုက်မှု နှင့်ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးနေသည့် အရာရှိသုံးဦးမှာ တိုက်ခိုက်မှု ဖြစ်စဉ်နှင့် သက်ဆိုင်ခြင်းမရှိဟု ပြည်သူ့အင်အားစု(PF) အဖွဲ့က ထုတ်ပြန်သည်။


ဖေဖော်ဝါရီ ၁၈ရက်က မှော်ဘီလေတပ်စခန်းအား ပြည်သူ့အင်အားစုအဖွဲ့က ဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ ယင်းဖြစ်စဉ်အပြီး လေတပ်စခန်းမှ အရာရှိစစ်သည်များကို စစ်ကောင်စီက စစ်ဆေးမှုမျာရပြုလုပ်ရာ ဗိုလ်မှူးထင်လင်းဖေ၊ ဗိုလ်ကြီးလွင်မျိုးထက်၊ ဗိုလ်ကြီးထက်အောင် တို့ စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု ဆိုသည်။


မှော်ဘီလေတပ်စခန်းအား တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ တပ်မတော်သားများအား အပြစ်မရှိဘဲ အတင်းအကျပ် ခေါ်ယူ စစ်ဆေးမေးမြန်း နှက်စက်မှုများကို ကြားသိရ၍ အထူးပင်ဝမ်းနည်းကြောင်း၊ ယခုကဲ့သို့ ထင်သလို နှိပ်စက်ညှင်းပန်းခံနေရမှုများကြောင့် အာဏာကို ဖီဆန်ရန်နှင့် ပြည်သူ့ရင်ခွင်သို့ အမြန်ခိုလှုံရန် တိုက်တွန်းကြောင်း ပြည်သူ့အင်အားစုအဖွဲ့က ထုတ်ပြန်ခဲ့သည်။


#လူထုနွေဦး

#LuduNwayOo

#People'sSpring

#PS

https://www.ludunwayoo.com

https://www.facebook.com/LuduNwayOo

https://www.instagram.com/ludunwayoo/


ဆက်ဖတ်ရန် →

အမေရိကန်အစိုးရဘက်ဂျက် ၂၀၂၂ နဲ့ နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှု

(၁)

အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်က အမေရိကန်အစိုးရရဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ဘက်ဂျက်ကို မတ်လ ၁၁ ရက်နေ့၊ သောကြာနေ့မှာ အတည်ပြုလိုက်ပါတယ်။ လွှတ်တော် နှစ်ရပ်စလုံးက တခဲနက်ထောက်ခံအတည်ပြုလိုက်တာမို့ သမ္မတ ဂျိုးဘိုင်ဒင်က ရက်ပိုင်းအတွင်းမှာ လက်မှတ်ရေးထိုးပြီး ဥပဒေဖြစ်လာပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးနှစ်က အောက်တိုဘာလမှာ စပြီး စက်တင်ဘာလမှာ အဆုံးသတ်တာမို့ ဒီ ဘတ်ဂျက်ဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ အစိုးရရဲ့ ကုန်ကျစားရိတ်များအတွက် ဖြစ်ပါတယ်။ တကယ်တော့ အခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ၆ လလောက်တောင် နောက်ကျနေပါပြီ။ ဒီဘက်ဂျက်ကို အတည်မပြုနိုင်သေးခင်မှာ အစိုးရလုပ်ငန်းတွေ ရပ်တန့်မသွားစေဖို့ ကွန်ဂရက်လွှတ်တော်က အစိုးရကို အရင်နှစ်က ဘတ်ဂျက်ပမာဏအတိုင်း ဆက်လက်သုံးစွဲခွင့်ပြုတဲ့ ကာလတိုဘတ်ဂျက်ဥပဒေ (Short-term Continued Resolution) ၄ ကြိမ် ပြဋ္ဌာန်းပေးခဲ့ရပါတယ်။ နောက်ဆုံးအတည်ပြုပေးခဲ့တဲ့ ကာလတိုအသုံးစားရိတ်ဘတ်ဂျက်က မတ်လ ၁၁ ရက်နေ့အထိပဲ သက်တမ်းရှိတာမို့ ဒီတစ်ကြိမ်လည်း ပါတီကြီး ၂ ခုက လွှတ်တော်ကိုယ်စားလှယ်များ သဘောတူညီမှုမရခဲ့ရင် အစိုးရလုပ်ငန်းတွေ ရပ်တန့်ရမယ့် အခြေအနေမျိုး ရောက်ရှိနိုင်ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်သူများက ကွန်ဂရက်လွှတ်တော်ရဲ့ ဆွေးနွေးမှုတွေကို စိုးရိမ်တကြီး စောင့်ကြည့်နေကြတာပါ။ 

အဲဒီအထဲ ကျနော်တို့ အမေရိကန်ရောက် မြန်မာတွေလည်း ပါကြပါတယ်။ ကျနော်တို့ စိုးရိမ်တကြီး စောင့်ကြည့်ကြတာက ကျနော့်တို့ မျှော်လင့်ထား၊ တောင်းဆိုထားတဲ့ နွေဦးတော်လှန်ရေးကြီးအတွက် ထောက်ပံ့ကူညီမှုတွေကို လွှတ်တော်ကိုယ်စားလှယ်များက အတည်မပြုမှာ၊ ချန်ထားရစ်ခဲ့မှာ၊ တစိတ်တပိုင်းပဲ ခွင့်ပြုမှာတွေကို စိုးရိမ်ပြီး စောင့်ကြည့်ကြပါ။ အခုတော့ အမေရိကန်အစိုးရအတွက် ၂၀၂၁-၂၀၂၂ ဘတ်ဂျက်ကို ကွန်ဂရက်လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ မြန်မာနိုင်ငံနဲ့ နွေဦးတော်လှန်ရေးကြီးအတွက် ထောက်ပံ့ကူညီမှုများလည်း ကျနော်တို့ မျှော်လင့်သလို ပါဝင်ပါတယ်။ နိုင်ငံတကာ သတင်းတွေမှာတော့ ဒီ ဘတ်ဂျက်မှာပါဝင်တဲ့ ယူကရိန်းနိုင်ငံအတွက် အထောက်အပံ့ အကူအညီတွေကိုသာ ဦးစားပေးဖော်ပြနေတာမို့ ကျနော်က အမေရိကန်အစိုးရရဲ့ ဘတ်ဂျက်မှာ ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထောက်အပံ့များနဲ့ မူဝါဒများအကြောင်း ရှင်းပြချင်ပါတယ်။  

(၂)

အတည်ပြုလိုက်တဲ့ အမေရိကန်အစိုးရ ဘတ်ဂျက်ဥပဒေကို The Consolidated Appropriations Act 2022”လို့ ခေါ် ပြီး စာမျက်နှာပေါင်း ၂,၇၄၁ မျက်နှာ ရှိပါတယ်။ ဒီ့အပြင် အဲဒီ ဥပဒေနဲ့ တွဲဖက်အာဏာသက်ရောက်တဲ့ အသေးစိတ်ရှင်းပြချက်တွေ (The Explanatory Statements) ကလည်း အပိုင်းပေါင်း ၂၀ ကျော်၊ စာမျက်နှာပေါင်း ၂,၀၀၀ ကျော်ရှိပါတယ်။ ဒီလောက်များပြားတဲ့ စာမျက်နှာတွေထဲမှာ မြန်မာနိုင်ငံနဲ့ ပါတ်သက်သမျှက စာမျက်နှာ အနည်းငယ်ပဲရှိပါတယ်။ ဒါပေမယ့် အဲဒီ စာမျက်နှာအနည်းငယ်မှာ ကျနော့တို့ရဲ့ နွေဦးတော်လှန်ရေးကြီးအတွက် အားတက်စရာ အချက်အလက်တွေ ပါရှိပါတယ်။ အောက်ပါအတိုင်း အကျဉ်းချုပ်ပြီး ရှင်းပြပါရစေ။         

ကွန်ဂရက်လွှတ်တော်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၁၃၆ သန်း ၁သိန်း ၂သောင်း ၇ထောင် ($ ၁၃၆,၁၂၇,၀၀၀) ထောက်ပံ့ဖို့ သတ်မှတ်ပါတယ်။ အဲဒီ ထောက်ပံ့မှုတွေဟာ အောက်ပါအကြောင်းအရာများအတွက် ဖြစ်ပါတယ်။

# ကချင်၊ ချင်း၊ မွန်၊ ကရင်၊ ကရင်နီ၊ ရခိုင်နဲ့ ရှမ်းပြည်နယ်များအတွင်း တိုင်းရင်းသားလူမျိုးစုများ၊ မတူကွဲပြားသော ကိုးကွယ်ယုံကြည်မှုများအကြား အပြန်အလှန် နားလည်မှု၊ ညီညွတ်မှုများကို တည်ဆောက်ရန်၊ လိင်ပိုင်းဆိုင်ရာနှင့် Gender-based အကြမ်းဖက်မှုများကို တားဆီး တိုက်ဖျက်ရန် ဆောင်ရွက်မှုများ၊  

# မြန်မာနိုင်ငံအရှေ့ပိုင်း၊ ထိုင်းနယ်စပ်ဒေသရောက် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ (IDPs) ကို အကူအညီပေးနေကြတဲ့ ဒေသအခြေပြုအဖွဲ့အစည်းများ (Community-Based Organizations)၊ (မြန်မာဒုက္ခသည်များကို ကူညီထောက်ပံ့ရန် သီးခြား သတ်မှတ်ထားသည့် Migration and Refugees Assistance Fund ရန်ပုံငွေများအပြင်) 

# မြန်မာဖက်ဆစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခြင်း၊ အထောက်အထားရှာဖွေစုဆောင်းခြင်းဆိုင်ရာလုပ်ငန်းများ။ 

# အရေးအကြီးဆုံးအချက်ကတော့ ""အသေးစိတ် ရှင်းလင်းချက် အပိုင်း ၄" (Section 4: The Explanatory Statement Division K) မှာ ဖော်ပြထားတဲ့ အဖွဲ့အစည်းများ၊ အားလုံးပါဝင်သော၊ အားလုံးကို ကိုယ်စားပြုသော ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလူမျိုးစုများအကြား တန်းတူညီမျှရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများ"" ရဲ့ စီမံခန့်ခွဲရေးနှင့် ရုံးလုပ်ငန်းဆိုင်ရာ အစီအစဉ်များ၊ ငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းမှုများကို ကွန်ဂရက်လွှတ်တော်ရဲ့ ဘဏ္ဍာငွေခွဲဝေသတ်မှတ်ရေးကော်မတီများ (Appropriations Committees) နဲ့ ကြိုတင်ညှိနှိုင်းတိုင်ပင်ပြီး ထောက်ပံ့ကူညီရန် ဖြစ်ပါတယ်။ အဲဒီအပိုင်းမှာ "ဘယ်အဖွဲ့အစည်းများ" ဆိုတာကို အသေးစိတ် ဖော်ပြမထားလို့ အဲဒီ စာပိုဒ်ရဲ့ ညွှန်ကြားချက်အတိုင်း  "အသေးစိတ် ရှင်းလင်းချက် အပိုင်း ၄" ကို ရှာကြည့်ပါတယ်။ အဲဒီမှာ ဖော်ပြထားတဲ့ အဖွဲ့အစည်းများက အောက်ပါအတိုင်းဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) 

စီဒီအမ် (CDM)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ

ဒါဟာဖြင့် ကျနော်တို့ မျှော်လင့်တောင်းဆိုတာကို အမေရိကန်ကွန်ဂရက်လွှတ်တော်က ဖြည့်ဆည်းပေးလိုက်တာပါ။ 

ကွန်ဂရက်လွှတ်တော်က အမေရိကန်အစိုးရကို မြန်မာနိုင်ငံအတွက် ၂၀၂၁-၂၀၂၂ တစ်နှစ်စာ အမေရိကန်ဒေါ်လာ ၁၃၆ သန်း ၁သိန်း ၂သောင်း ၇ထောင် ထောက်ပံ့ကူညီခွင့်ပြုပြီး အဲဒီ ဘတ်ဂျက်ထဲကမှ NUG၊ NUCC၊ CRPH၊ CDM နဲ့ EAOs စတဲ့ နွေဦးတော်လှန်ရေးဦးဆောင်အဖွဲ့အစည်းများကို အကြမ်းမဖက်လှုပ်ရှားမှုများ (ရုံးလုပ်ငန်း၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ ၊ ဒီမိုကရေစီအရေး၊ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး၊ စသည်များ) အတွက် တရားဝင် ထောက်ပံ့ကူညီခွင့်ပြုလိုက်တာပါ။ ကျနော်တို့အတွက် အင်မတန်ကြီးမားတဲ့ အောင်မြင်မှုပါ။  

(၃) 

ဆက်လက် ပြဋ္ဌာန်းထားတာတွေကတော့ ကန့်သတ်ချက်တွေပါ။ ဒီဥပဒေမှာ လျာထားသတ်မှတ်တဲ့ ထောက်ပံ့ငွေများကို မြန်မာဖက်ဆစ်တပ်အတွက် အကျိုးရှိစေမယ့် လုပ်ငန်းတွေမှာ လုံးဝအသုံးပြုခွင့် မရှိပါ။ “နိုင်ငံတော် စီမံခန့်ခွဲရေးကောင်စီ" အပါအဝင် မြန်မာဖက်ဆစ်တပ်က ထိန်းချုပ်ထားတဲ့၊ ဖွဲ့စည်းထားတဲ့၊ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါတ်သက်တဲ့၊ ဘယ်လိုအဖွဲ့အစည်းမျိုးအတွက်မှ သုံးခွင့်မရှိပါ။ တိုင်းရင်းသားလူမျိုးစုတွေ၊ ဘာသာရေးအမြင်ကွဲပြားသူတွေ၊ သာမာန်ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အဓမ္မအနိုင်ကျင့်မှုတွေ ကျူးလွန်တဲ့၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံးအတွက် သုံးခွင့်မရှိပါ။ 

အဲဒါအပြင် ကွန်ဂရက်က အတည်ပြုတဲ့ ဘတ်ဂျက်ထဲမှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ကူညီထောက်ပံ့ဖို့ သတ်မှတ်ထားတဲ့ ဘတ်ဂျက်ထဲက အမေရိကန်ဒေါ်လာ ၂၃သန်း ၅သိန်းကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်များအတွက် အသုံးပြုရမယ်လို့ သတ်မှတ်ထားပါတယ်။ ပြီးတော့ နောက်ထပ် အမေရိကန်ဒေါ်လာ ၂သန်းကို ရိုဟင်ဂျာဒုက္ခသည်များရဲ့ ဒီမိုကရေစီဆိုင်ရာ လှုပ်ရှားမှုများမှာ အသုံးပြုခွင့်ပေးထားပါတယ်။ 

ဒီ ဘတ်ဂျက်ဥပဒေ အတည်ပြုပြီး ရက်ပေါင်း ၉၀ အတွင်းမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနနဲ့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ (USAID) တို့က တာဝန်ခံအရာရှိတွေဟာ လွှတ်တော် ၂ ရပ်က ဘဏ္ဍာငွေခွဲဝေသတ်မှတ်ရေးကော်မတီများနဲ့ တွေ့ဆုံပြီး အကောင်အထည်ဖော်မယ့် ထောက်ပံ့ကူညီရေးအစီအစဉ်များကို ညှိနှိုင်းရမယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။  

(၄)

အခုအတည်ပြုလိုက်တဲ့ ၂၀၂၁-၂၀၂၂ ဘတ်ဂျက်ဥပဒေပါ မြန်မာနိုင်ငံအတွက် ထောက်ပံ့ကူညီရေး ပြဋ္ဌာန်းချက်တွေဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ အတည်ပြုခဲ့တဲ့ အမျိုးသားကာကွယ်ရေး အာဏာအပ်နှင်းမှုဥပဒေ ၂၀၂၂ (National Defense Authorization Act 2022/ NDAA) ပါ မြန်မာနိုင်ငံဆိုင်ရာ ပြဋ္ဌာန်းချက်များကို ထပ်မံ အားဖြည့်ထားခြင်း ဖြစ်ပါတယ်။ NDAA က ပြဋ္ဌာန်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြဋ္ဌာန်းချက်များက အောက်ပါအတိုင်း ဖြစ်ပါတယ်။  

၁။ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ် စတဲ့ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများက မြန်မာဖက်ဆစ်တပ်အား ငွေကြေးနှင့် နည်းပညာ ထောက်ပံ့ခြင်း၊ ချေးငှါးခြင်း၊ လွှဲပြောင်းပေးခြင်း၊ အာမခံခြင်းများ လုံးဝမပြုလုပ်ရန်။

၂။ ဥပဒေအတည်ပြုပြီးသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း အမေရိကန်အစိုးရ ထိပ်တန်းအရာရှိများက ကွန်ဂရက်လွှတ်တော်အား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရ၏ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြရန်။ အဲဒီလို ရှင်းလင်းတင်ပြရာမှာ 

(က) အမေရိကန်အစိုးရက NUG၊ CDM နဲ့ အခြားသော တော်လှန်ရေးအဖွဲ့အစည်းများ နိုင်ငံတကာမှ တရားဝင်အသိအမှတ်ပြုခံရရေးအတွက် မည်သို့မည်ပုံ ကူညီနေသည်များ ပါဝင်ရန်၊ 

(ခ) အမေရိကန်အစိုးရမှ မဟာမိတ်နိုင်ငံများနှင့် တွဲဖက်၍ မြန်မာဖက်ဆစ်တပ်အပေါ် ချမှတ်ထားသော အရေးယူမှုများအားနှင့် မြန်မာစစ်အုပ်စု၏ တရားဝင်အစိုးရအဖြစ်မှ ငြင်းပယ်မှုများအား ရှင်းပြရန်။

(ဂ) အမေရိကန်အစိုးရမှ မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများ၊ ကျန်းမာရေးနှင့် ဒုက္ခသည်များအရေးဆိုင်ရာ ကူညီမှုများ၊ NUG နဲ့ အရပ်ဖက်အဖွဲ့အစည်းများ၏ ဒီမိုကရေစီရေး ဆောင်ရွက်မှုများအပေါ် ကူညီမှုများကို ရှင်းလင်းတင်ပြရန်၊

NDAA က ပြဋ္ဌာန်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို ဘတ်ဂျက်ဥပဒေပါ မြန်မာနိုင်ငံဆိုင်ရာ ထောက်ပံ့ငွေ ခွဲဝေသတ်မှတ်မှု၊ NUG၊ NUCC၊ CRPH၊ CDM၊ EAOs များအား တရားဝင်ထောက်ပံ့ခွင့်ပြုမှုနဲ့ အသေးစိတ်လမ်းညွှန်ချက်တွေက ထပ်မံအားဖြည့်လိုက်တာပါပဲ။

ဒီဥပဒေများကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့၊ ဒီ ဘတ်ဂျက်ဥပဒေပါ အထောက်အပံ့များကို လက်တွေ့ရနိုင်ဖို့အတွက် NUG၊ NUCC၊ CRPH၊ EAOs စတဲ့ အဖွဲ့အစည်းများက စတင်လှုပ်ရှားဖို့ လိုပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ၊ ဒီမိုကရေစီရေး၊ စစ်ပြေးဒုက္ခသည်များကို ကူညီထောက်ပံ့ရေး၊ စီဒီအမ်ဝန်ထမ်းများကို ထောက်ပံ့ရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ရေး၊ အမျိုးသမီးနဲ့ ကလေးသူငယ်များအရေး စတဲ့ လက်နက်ကိုင်လှုပ်ရှားမှုနဲ့ မပါတ်သက်သော လုပ်ငန်းများအတွက် အစီအစဉ်များ၊ ခန့်မှန်းကုန်ကျစားရိတ်များ၊ တာဝန်ယူမှု၊ တာဝန်ခံမှုစနစ်များကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ အဲဒီ ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်များနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၊ USAID နဲ့ ကွန်ဂရက်လွှတ်တော်၊ ဘဏ္ဍာငွေခွဲဝေသတ်မှတ်ရေးကော်မတီများ ကို ဆက်သွယ်ဆွေးနွေးသင့်ပါတယ်။


(မတ်လ ၁၂၊ ၂၀၂၂)  

 Aung Din 


ဆက်ဖတ်ရန် →

​အမေရိကန်က မြန်မာ့နွေဦးတော်လှန်ရေးကိုဒေါ်လာ၁၃၆သန်းထောက်ပံ့

​အမေရိကန်က မြန်မာ့နွေဦးတော်လှန်ရေးကို ထောက်ပံ့ဖို့ ဒေါ်လာ၁၃၆သန်းတဲ့။ 

အထက်လွှတ်တော်ရော အောက်လွှတ်တော်ကရော ထောက်ခံပြီးတာမို့ သေချာသလောက်နီးပါးတော့ ရှိနေပါပြီ။ ရက်ပိုင်းအတွင်း မစ္စတာဘိုင်ဒန် လက်မှတ်ထိုးအတည်ပြုဖို့ပဲ ကျန်ပါတော့တယ်။ 

ဒီ၁၃၆ သန်းဟာ နွေဦးတော်လှန်ရေးအတွက် ထိရောက်တဲ့နေရာမှာ အသုံးပြုခွင့်ရမယ်ဆိုတော့ဖြင် စောက်ပုရဲ့ နေ့ရက်တွေကို အမြန်အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်ရတယ်။ 

မုန်တိုင်းနေ့စွဲတွေမှာ လေပြေရနံ့ကို လှမ်းရလိုက်တာပဲ။

❤️

ပန်ဆယ်လို


နွေဦးတော်လှန်ရေးအတွက် အထောက်အကူပြုဖို့ ကန်ဒေါ်လာ ၁၃၆ သန်းကျော် အကူအညီပေးရေး ပါဝင်ထားတဲ့ အမေရိကန်အစိုးရဘတ်ဂျက်ကို လွှတ်တော်က အတည်ပြု


အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်ကနေပြီးတော့ အမေရိကန်အစိုးရအတွက် ၂၀၂၁-၂၀၂၂ ခုနှစ် ဘတ်ဂျက်ကို မတ် ၁၁ ရက်က အတည်ပြုခဲ့ရာ အဲဒီဘတ်ဂျက်ထဲမှာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် ကန်ဒေါ် လာ ၁၃၆ သန်းကျော်အကူအညီပေးမယ့်အစီအစဉ်တွေ ပါဝင်နေတာ တွေ့ရပါတယ်။


ဒီဘတ်ဂျက်ကို အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးကထောက်ခံပြီးတာမို့ သမ္မတဂျိုးဘိုင်ဒင်က ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးအတည်ပြုမယ်လို့လည်း ဆိုထားပါတယ်။


လွှတ်တော်က အတည်ပြုလိုက်တဲ့ ဘတ်ဂျက်ထဲမှာ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁၃၆,၁၂၇,၀၀၀ ထောက်ပံ့ဖို့ သတ်မှတ်ထားတာပါ။


ဒီသတ်မှတ်ချက်တွေထဲမှာ ကချင်၊ ချင်း၊ မွန်၊ ကရင်၊ ကရင်နီ၊ ရခိုင်နဲ့ ရှမ်းပြည် နယ်များအတွင်း တိုင်းရင်းသားလူမျိုးစုများ၊ မတူကွဲပြားသော ကိုးကွယ်ယုံ ကြည်မှုများအကြား အပြန်အလှန် နားလည်မှု၊ ညီညွတ်မှုများကို တည်ဆောက်ရန်၊ လိင်ပိုင်းဆိုင်ရာနှင့် Gender-based အကြမ်းဖက်မှုများကို တားဆီးတိုက်ဖျက်ရန် ဆောင်ရွက်မှုတွေ၊  မြန်မာနိုင်ငံအရှေ့ပိုင်း၊ ထိုင်းနယ်စပ်ဒေသရောက် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များ (IDPs) ကို အကူအညီပေးနေကြတဲ့ ဒေသအခြေပြုအဖွဲ့အစည်းတွေ (Community-Based Organizations)၊ (မြန်မာဒုက္ခသည်များကို ကူညီထောက်ပံ့ရန် သီးခြား သတ်မှတ်ထားသည့် Migration and Refugees Assistance Fund ရန်ပုံငွေများအပြင်)၊ မြန်မာဖက်ဆစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခြင်း၊ အထောက်အထားရှာဖွေစုဆောင်းခြင်းဆိုင်ရာလုပ်ငန်းတွေ အတွက်ဆိုပြီးတော့ အမေရိကန် မှာ နေထိုင်တဲ့ စာရေးဆရာအောင်ဒင်က သုံးသပ်ထားပါတယ်။


ထောက်ပံ့ပေးဖို့ အဖွဲ့အစည်းတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၊ စီဒီအမ် (CDM) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်တယ် လို့ ဆိုပါတယ်။


၁၃.၃.၂၀၂၂

#crd_to_owner

#CRPH

#NUG_Our_Legitimate_Government

#Pdfnews

#RejectMilitaryCoupInMyanmar



ဆက်ဖတ်ရန် →