နောက်ဆုံးရ

​ရဲကြေးနန်း၊ ရုံးစာများ ပေါက်ကြားနေ၍ ပြည်ထဲရေးဝန်ကြီးထံ တိုက်ရိုက်ဖုန်းဆက်ကြရန် လျှို့ဝှက်ညွှန်ကြားစာ ထပ်မံပေါက်ကြား



ရန်ကုန်၊ ဧပြီ ၁ 

ခေတ်သစ်မီဒီယာ

အကြမ်းဖက်စစ်ကောင်စီက ရဲကြေးနန်း၊ ရုံးစာများ ပေါက်ကြားနေ၍ ပြည်ထဲ ရေးဝန်ကြီးထံ တိုက်ရိုက်ဖုန်းဆက်ကြရန် ညွှန်ကြားထားသော လျှို့ဝှက်ကြေး နန်း စာ ထပ်မံပေါက်ကြားကြောင်း Myanmar Police CDM Channel က သတင်းထုတ်ပြန်သည်။ 


ရုံးစာများ၊ အရေးကြီးသတင်းများ၊ ထူးခြားဖြစ်စဉ်များ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပေါက်ကြားလျက်ရှိနေရာ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးမှ သတင်းပေါက်ကြားမှုများအား စိုးရိမ်ထိတ်လန့်နေသဖြင့် တိုင်း/ပြည်နယ်ရဲတပ်ဖွဲ့မှူးများအား ထူးခြားဖြစ်စဉ်နှင့် အရေးကြီးသတင်းများပေးပို့ရာတွင် ပြည်ထဲရေးဝန်ကြီး၏ဖုန်းနံပါတ်သို့လည်းကောင်း၊ ၎င်း၏ PSO ဖုန်းနံပါတ်သို့လည်းကောင်း တိုက်ရိုက်ဖုန်းဆက်ကြရန်ညွှန်ကြားလျက်ရှိသည့် လျှို့ဝှက်ကြေးနန်းစာ တစ်စောင် ထုတ်ပြန်ထားကြောင်း သိရှိရသည်။ 


အဆိုပါ စာတွင် ညွှန်ကြားစာများ ထပ်မံ မပေါက်ကြားစေရေး ကြပ်မတ်ကွပ်ကဲဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးက ညွှန်ကြားထားကြောင်း၊ ဝန်ကြီး၏ ညွှန်ကြားချက်ကို ရတဖမှူးများက လိုက်နာဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်များကို ဖုန်း 067-412222၊ ဖက်စ် 067-412444 သို့ နေ့စဉ် ၀၅ နာရီ အရောက် မပျက်မကွက်တင်ပြရန်နှင့် ညွှန်ကြားစာများ ပေါက်ကြားမှုမရှိစေရေး ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။


ဆက်ဖတ်ရန် →

ဘိုင်ဒင်အစိုးရ စဉ်းစားနေတဲ့ ရေနံစည် သန်းပေါင်း ၁၈၀

​ဘိုင်ဒင်အစိုးရဟာ လောင်စာဆီစျေးနှုန်း မြင့်တက်လာခြင်းကို ဖြေရှင်းနိုင်ရန်အတွက် အမေရိကန်နိုင်ငံ အရေးပေါ်အခြေအနေမှာ သုံးစွဲရန်အတွက် မထုတ်လုပ်ပဲ ထားရှိတဲ့ အရန်ရေနံတွေကို ထုတ်သုံးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရတယ်။

အမေရိကန်နိုင်ငံဟာ ရေနံသိုက်တွေရှိပေမယ့် ကိုယ်တိုင် ထုတ်လုပ်ခြင်းမရှိပဲ အခြားနိုင်ငံများကနေသာ ဝယ်ယူသုံးစွဲပြီး၊ အရန်အတွက်လည်း ဝယ်ယူသိုလှောင်ထားကာ စွမ်းအင် အရေးပေါ် အခြေအနေမှ အဆင့်ဆင့် သိုလှောင်ထားသော ရေနံတွေကို ထုတ်သုံးဖို့ စွမ်းအင်ကာကွယ်ရေး ဗျူဟာရှိပါတယ်။

ယခုကတော့ အဆမတန်မြင့်တက်လာတဲ့ လောင်စာဆီစျေးနှုန်း ပြဿနာကို ဖြေရှင်းနိုင်ဖို့ အရန်ရေနံသိုလှောင်ထားသည့် ၄ နေရာမှ ရေနံစည်ပေါင်း သန်း ၁၈၀ ကို လ အနည်းငယ်အတွင်း ထုတ်ယူသုံးစွဲဖို့ရာ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။ ဘိုင်ဒင်အစိုးရ စဉ်းစားနေတဲ့ ရေနံစည် သန်းပေါင်း ၁၈၀ ထုတ်လုပ်ရန်ပမာဏဟာ တစ်ကမ္ဘာလုံး စွမ်းအင်သုံးစွဲမှု ၂ ရက်တာကို ကောင်းကောင်းလုံလောက်စေတဲ့ ပမာဏလည်း ဖြစ်ပါတယ်။.

ဒါဟာ အမေရိကန်နိုင်ငံ အရန်ရေနံကနေ ထုတ်ယူသုံးစွဲဖို့ ၆ လ အတွင်း တတိယအကြိမ် ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နှစ် ၅၀ အတွင်းမှာ အများဆုံး ထုတ်ယူဖို့ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

၁၄ နှစ်အတွင်း ရုရှ-ယူကရိန်းအရေးကြောင့် ရေနံစျေးနှုန်းမြင့်တက်မှု ပြဿနာကို ဖြေရှင်းနိုင်ရန် နိုင်ငံတကာ စွမ်းအင်အေဂျင်စီအဖွဲ့ဝင်နိုင်ငံတွေဟာ ယခုသောကြာနေ့မှာ တွေ့ဆုံကြပြီး ရေနံတိုးမြှင့် ထုတ်လုပ်ကြဖို့ ဆွေးနွေးမယ်လို့ နယူးဇီလန် စွမ်းအင်ဝန်ကြီးက အီးမေးလ်ကနေတစ်ဆင့် ဖြေကြားခဲ့ပါတယ်။

အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံခြင်းစီ ဘယ်လောက်ထုတ်ရမယ်လို့တော့ မဆုံးဖြတ်ရသေးပေမယ့် အဲ့ဒိအစည်းအဝေးမှာတော့ တစ်နိုင်ငံကို ဘယ်လောက်ထုတ်ကြမယ်ဆိုတဲ့ ပမာဏ သတ်မှတ်ဖို့ ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ အမေရိကန်ရဲ့ အရန်ရေနံ ထုတ်ယူမှုဟာ အခြားနိုင်ငံတွေနဲ့ ညှိနှိုင်းပြီး ဖြစ်လာတာလား ဒီတိုင်းသူ့နိုင်ငံအတွက် ဆုံးဖြတ်တာလား သဲသဲကွဲကွဲ မသိရသေးပါဘူး။.

အမေရိကန်နိုင်ငံဟာ အရန်ရေနံစည်ပေါင်း ၅၆၈.၃ သန်းခန့်ကို သိမ်းဆည်းထားပြီး ဒီပမာဏဟာ မေလ ၂၀၀၂ ကနဲ့ယှဉ်လျင် အလွန်နည်းပါးတဲ့ ပမာဏဖြစ်တယ်လို့ အမေရိကန်စွမ်းအင်ဌာနက ဆိုပါတယ်။ အဆိုပါ ရေနံစည်ပေါင်း သန်း ၁၈၀ ကို ဘယ်လိုဘယ်ပုံနဲ့ ထုတ်ယူသုံးစွဲမယ်ဆိုတာကိုတော့ အမေရိကန်အစိုးရက ရှင်းရှင်းလင်းလင်း မကြေငြာသေးပါဘူး။

မတ်လအစောပိုင်းမှာကတည်းက နိုင်ငံတကာ စွမ်းအင်အေဂျင်စီအဖွဲ့ဝင်နိုင်ငံတွေဟာ လောင်စာစျေးနှုန်းမြင့်တာမှုကို ဖြေရှင်းနိုင်ရန် ရေနံစည် သန်း ၆၀ ထုတ်လုပ်ဖို့ သဘောတူခဲ့ကြပါသေးတယ်။ တစ်နေ့ကို ရေနံစည် ၁ သန်းနဲ့ ၆ လထုတ်လုပ်ပြီး လက်ရှိ မြင့်တက်နေသော ရေနံစျေးနှုန်းကို ဖြေရှင်းဖို့ဖြစ်သော်လည်း ရေရှည်အတွက် စွမ်းအင်စျေးနှုန်းတည်ငြိမ်နေစေဖို့ အဖြေတစ်ခုတော့ မဟုတ်ပါဘူး

Photo Credit to Original


ဆက်ဖတ်ရန် →