နောက်ဆုံးရ
မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

By Prachatai

ခေတ်သစ်

တရားမဝင် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ ခရိုနီသဌေး ထွန်းမင်းလတ်နဲ့ စီးပွားရေးဆက်နွှယ်မှုများ မရှိကြောင်း ထိုင်းစစ်တပ် ခန့်အပ်ခံ အထက်လွှတ်တော်အမတ် ဥပကစ် ပချာရီရန်ကွန်းက လူသိရှင်ကြား အကြိမ်ကြိမ်ငြင်းဆိုခဲ့ပေမဲ့ မကြာသေးမီက ထိုင်းလွှတ်တော်ဆွေးနွေး

မှုအတွင်းမှာတော့ ၎င်းတို့အကြား စီးပွားရေးဆက်နွှယ်မှုများ ပေါ်ထွက်လို့ လာပါတယ်။

ဒီအကြောင်းတွေတဲ့ ပတ်သက်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ လွှတ်တော်အစည်းအဝေးအတွင်း ထိုင်း Move Forward Party (MFP) အမတ် Rangsiman Rome က ဆွေးနွေးတင်ပြခဲ့တာပါ။ ၄င်းက ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာအနေနဲ့ အကျင့်ပျက်ခြစားနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ အကျွမ်းတဝင် ဆက်ဆံနေပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းမယ်လို့ ပြောထားတဲ့ သူ့ရဲ့ကတိကို လျစ်လျူရှုခဲ့တယ် လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ 

ဥပကစ်ဟာ ထိုင်းအခြေစိုက် Allure Group (P&E) Co Ltd ရဲ့ တည်ထောင်သူလည်းဖြစ် အဓိကရှယ်ယာရှင်တစ်ဦး ဖြစ်ခဲ့သူသာမက၊ ထွန်းမင်းလတ်နဲ့အတူ Myanmar Allure ကို ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်ကြောင်း Rangsiman က ပြောဆိုခဲ့ပါတယ်။ ဥပကစ် ရဲ့ သားမက် Dean Young Gultula ကလည်း အဆိုပါ ကုမ္ပဏီနှစ်ခုလုံးရဲ့ ရှယ်ယာရှင်နဲ့ ဘုတ်အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်တယ်လို့  ဆိုပါတယ်။

Allure Group (P&E) ကုမ္ပဏီကို အသုံးပြုပြီး လျှပ်စစ်ဝယ်ယူမှုများမှတဆင့် မူးယစ်ဆေးဝါးငွေကြေးများကို ခဝါချမှုနဲ့ ထွန်းမင်းလတ်၊ အမေရိကန်နိုင်ငံသား ခံယူထားတဲ့ Deaan အပါအဝင် P နှင့် N လို့ ရည်ညွှန်းခေါ်ဆိုထားတဲ့ အခြားနှစ်ဦး တို့ကို ထိုင်းနိုင်ငံ တရားရုံးမှာ တရားစွဲဆိုထားတာပါ။ ၎င်းတို့လေးဦးစလုံးကို ထိုင်းအကျဉ်းထောင်တစ်ခုအတွင်း ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

Rangsiman က ၎င်းပြောဆိုခဲ့တာတွေဟာ အထက်လွှတ်တော်အမတ်နဲ့ ယင်းအမှုနဲ့ သက်ဆိုင်သူများအကြား ပြောဆိုထားသည်များမှ ပေါက်ကြားလာတဲ့ မှတ်တမ်းများဖြစ်ကြောင်း ပြောဆိုပြသခဲ့ပါတယ်။ အဲ့ဒီမှတ်တမ်းတွေထဲမှာ ဥပကစ် က Allure P&E ကို မှတ်ပုံတင်ဖို့ "P" ကို စေခိုင်းခဲ့ကြောင်း ပါရှိနေသလို၊ P က ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအစီရင်ခံစာကို ဥပကစ် ရဲ့ရှယ်ယာဝင်ငွေဆိုင်ရာ အချက်အလက်များနှင့်အတူ ပြန်လည်ပေးပို့ခဲ့ကြောင်း ဖော်ပြနေပါတယ်။

ဥပကစ်ကို ပြန်လည်ပေးပိုခဲ့တဲ့ မက်ဆေ့ချ်အရ P ဟာ အထက်လွှတ်တော်အမတ်ကို "သူဌေး" လို့ခေါ်ဆိုထားပြီး၊ ပေါက်ကြားခဲ့တဲ့ ချက်တင်များမှာလည်း အထက်လွှတ်တော်အမတ် ဥပကစ် ဟာ ကုမ္ပဏီရဲ့ လိုဂိုဒီဇိုင်းကိစ္စကနေ ၎င်းရဲ့ ရုံးခန်းတည်နေရာ ကိစ္စအထိ ထဲထဲဝင်ဝင်ကို ပါဝင်ပတ်သက်နေကြောင်း ပြသနေပါတယ်။

Rangsiman ရဲ့ ပြောကြားချက်အရ P ဟာ ကုမ္ပဏီထဲမှာ အခြားပုဂ္ဂိုလ်တွေအတွက် သူမရဲ့ အမည်ခံပြီး အစုရှယ်ယာများ ကိုင်ဆောင်ထားရကြောင်း အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) သို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်ကြားခဲ့တဲ့ အခြားအထောက်အထားတွေထဲမှာတော့ ထွန်းမင်းလတ်က အမှုတွင်း နောက်ထပ်တရားခံ တစ်ဦးဖြစ်တဲ့ “N” ကို ကုမ္ပဏီဘုတ် အဖွဲ့ဝင်တစ်ဦးအဖြစ် ပြုလုပ်ပေးဖို့ ဥပကစ် ကို တောင်းဆိုခဲ့ကြောင်း ဖော်ပြနေပါတယ်။ ထွန်းမင်းလတ်က လျှပ်စစ်ဝယ်ယူမှုများအတွက် ဘဏ်ဖြတ်ပိုင်းများ ပေးပို့ခဲ့ပြီး၊ စာပေးပို့ရာမှာ ဥပကစ်ကို “Ou” ဆိုတဲ့ အမည်နဲ့ ခေါ်ဝေါ်အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖမ်းဆီးရမိခြင်း မရှိသေးတဲ့ Allure Group ရဲ့ အခြားအဓိက ရှယ်ယာရှင်တဦးဖြစ်သူ အွန်လိုင်း ‌လောင်းကစား လုပ်ငန်းပိုင်ရှင် Pannarong Khunpitak ရဲ့ လက်မှတ်ကို အတုပြုလုပ်ဖို့ ဥပကစ် က ထွန်းမင်းလတ်ကို စေခိုင်းခဲ့ကြောင်း Rangsiman က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဥပကစ်ဟာ Pannarong ရဲ့ နိုင်ငံကူးလက်မှတ် မိတ္တူကိုပါ အဆိုပါချက်တင်အတွင်း (အပြန်အလှန် စကားပြောဆိုမှုများအတွင်း) ပူးတွဲပေးပို့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပေါက်ကြားလာတဲ့ အထောက်အထားတွေဖြစ်တဲ့ ချက်တင်မှာ အပြန်အလှန် ပြောဆိုထားတာတွေဟာ ၂၀၂၀ နဲ့ ၂၀၂၁ အတွင်းကဖြစ်ပြီး၊ အဆိုပါအချိန်မှာ ဥပကစ် ဟာ အထက်လွှတ်တော်အမတ် ဖြစ်ပြီးနေပြီလို့ Rangsiman မှတ်ချက်ပြုထားပါတယ်။ ဒါကြောင့် ဒီအထောက်အထားတွေက ဥပကစ်အနေနဲ့ ၂၀၁၉ ခုနှစ် လွှတ်တော်အမတ် တာဝန်မယူမှီအချိန်မှာ ကုမ္ပဏီတွေမှ နုတ်ထွက်ထားပြီးဖြစ်ကြောင်း ဖော်ပြနေတဲ့ ကုမ္ပဏီမှတ်တမ်းတွေကို ထုချေစိန်ခေါ်မှုတစ်ရပ် ဖြစ်လို့လာပါတယ်။

Rangsiman က ချက်တင်အတွင်းမှ အထောက်အထားများအပြင်  ဥပကစ်ကို ဖမ်းဆီးဖို့ ရာဇတ်တရားရုံးရဲ့ ဖမ်းဝရမ်းကို ပြန်လည်ရုပ်သိမ်းစေခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ တရားရုံးအမိန့်နဲ့ ပတ်သက်ပြီးလည်း တင်ပြခဲ့ပါတယ်။ ထွန်းမင်းလတ်နဲ့ ဒီအမှုမှာ ပါဝင်နေတဲ့ အခြားတရားခံတွေကိုတော့ စက်တင်ဘာလအတွင်းကထဲက  ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။အဆိုပါဖမ်းဝရမ်းကို နံနက်ပိုင်းမှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး၊ အချိန်တိုတွင်း ဖြစ်တဲ့  မွန်းလွဲပိုင်းမှာ ပြန်လည်ရုပ်သိမ်းခဲ့တာပါ။ Rangsiman ရဲ့အဆိုအရ အကြောင်းရင်းမှာ စစ်တပ်ခန့်အပ်ခံ အထက်လွှတ်တော်အမတ် Upakit ဟာ ဆင့်ခေါ်သင့်သူဖြစ်ပေမဲ့ ဖမ်းဆီးသင့်သူမဟုတ်တဲ့ “အရေးကြီးပုဂ္ဂိုလ်” ဖြစ်တာကြောင့် လို့ဆိုပါတယ်။ 

ဒီပြောကြားချက်တွေဟာ ဥပကစ်ကို ဖမ်းဝရမ်း အမြန်ပြန်လည် ရုပ်သိမ်းစေခဲ့တာနဲ့ပတ်သက်ပြီး Prachatai နဲ့ the Organized Crime and Corruption Reporting Project (OCCRP) တို့ရဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ တွေ့ရှိချက်တွေကို ထပ်မံကိုးကားပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

Rangsiman  က ၎င်းရဲ့ ဆွေးနွေးမှုအတွင်း Justice for Myanmar အဖွဲ့ရဲ့ အစီရင်ခံစာကိုလည်း ကိုးကားခဲ့ပါသေးတယ်။ ၁၉၉၉ ခုနှစ်မှာ မြန်မာနယ်စပ် တာချီလိတ်မြို့အနီး Allure Resort တည်ဆောက်ဖို့ ဥပကစ်ကို ထွန်းမင်းလတ်ရဲ့ ဖခင်ဖြစ်သူက ကူညီခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ Resort မှာ ကာစီနိုလုပ်ငန်းနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ လုပ်ဆောင်တာ ဖြစ်ပြီး ဝင်ငွေရဲ့ ၆ ရာခိုင်နှုန်းက မြန်မာစစ်တပ်ကို တိုက်ရိုက်ရောက်ရှိခဲ့တာ‌ကြာင့် ဥပကစ်ရဲ့ စီးပွားရေးလုပ်ငန်းတွေက မြန်မာစစ်တပ်အတွက် အကျိုးအမြတ်များ ရရှိစေခဲ့တယ်လို့ အစီရင်ခံစာကို ကိုးကားပြီး ပြောခဲ့တာပါ။

ဆက်လက်ပြီး Rangsiman က အထက်လွှတ်တော်အမတ် ဥပကစ်ရဲ့   ကလိန်ကျ စီးပွားရေးလုပ်ငန်း အကြောင်းများအပြင်၊ ဘန်ကောက်မြို့တွင်း အချက်အခြာကျတဲ့ နေရာမှာရှိတဲ့ ဥပကစ်ပိုင် မြေကွက်အကြောင်းကို ဆက်လက်ဆွေးနွေးခဲ့ပါတယ်။ အဆိုပါမြေကွက်ဟာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ် လက်ရှိတရားဝင် ပါဝင်ထားတဲ့ မကြာသေးမီကမှ တည်ထောင်ခဲ့တဲ့ Ruam Thai Sang Chart ပါတီရဲ့ ရုံးခန်းနေရာ ဖြစ်နေတာ တွေ့ရတယ်လို့ ၎င်းက ပြောကြားခဲ့တာပါ။

ဒါ့အပြင် ဥပကစ်ရဲ့  လုပ်ရပ်တွေကို စုံစမ်းစစ်ဆေးနိုင်ဖို့အတွက်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး ပရာယွက် ဒါမှမဟုတ် ၎င်းရဲ့ ရဲဘော်ညီအစ်ကိုဖြစ်သူ ဗိုလ်ချုပ်ကြီး ပရာဝတ်ဝေါင်းစူဝမ် ဦးဆောင်တဲ့ အထက်လွှတ်တော် ရွေးချယ်ရေးကော်မတီတို့က အနှောက်အယှက်ပြုခဲ့ခြင်း ရှိနေသလား ဆိုတာကိုလည်း Rangsiman က မေးခွန်းထုတ်ခဲ့ပါတယ်။ ၎င်းတို့အနေနဲ့ ဥပကစ်ရဲ့ စီးပွားရေးလုပ်ငန်းများအကြောင်း သိရှိထားရုံသာမက ၎င်းတို့အာဏာတည်မြဲရေးအတွက် ကူညီပေးနိုင်ဖို့ အမျိုးသားနိုင်ငံရေးမှာပါ နေရာတစ်ခု ပေးအပ်ခဲ့တာဖြစ်တယ်လို့  Rangsiman က သုံးသပ်ပြောကြားခဲ့ပါတယ်။ 

“ဒီလောက် မူမမှန်တာတွေ တိုက်ဆိုင်စွာ ပေါ်ထွက်လာမှုတွေက ဘာကိုရည်ညွှန်းနေလဲဆိုတော့...ဒါတွေဟာ “ပစ်မှတ်ကြီး” ဖြစ်လာတဲ့ လွှတ်တော်အမတ်အပေါ် တရားစွဲဆိုဖို့ ကြိုးပမ်းမှုမှန်သမျှဟာ ရပ်တန့်ခံရမှာပဲဆိုတာကို ရှင်းရှင်းလင်းလင်း အချက်ပြနေတာ ဖြစ်ပြီး၊ နောက်ကွယ်က ကြိုးကိုင်ချယ်လှယ်နေသူတွေ ရှိနေကြောင်းကိုလည်း ညွှန်ပြနေတာပါ။  ဒါကတော့ လွှတ်တော်အမတ် “Ou” ဆီကနေ အကျိုးအမြတ်တွေ နှစ်ရှည်လများ ရရှိနေသူ၊ လွှတ်တော်အမတ်ကို ဆက်လက်အသုံးပြုချင်နေသူဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ပရာယွတ် ချိန်အိုချာပဲ ဖြစ်ပါတယ်” လို့ဆက်လက်ပြောကြားခဲ့တာပါ။

“ဥပကစ်ကို အထက်လွှတ်တော် အမတ်အဖြစ် ဗိုလ်ချုပ်ကြီး ပရာယွတ်က ခန့်အပ်လိုက်တာ သူ့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါက သူ့ကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုဖို့ မဲလက်မှတ်အတွက် အကူအညီပေးရုံတင်မက ပါတီသစ်တစ်ခု တည်ထောင်ဖို့ပါ ကူညီပေးမှာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး Ruam Thai Sang Chart ပါတီအနေနဲ့ မြေနေရာနဲ့ အဆောက်အဦး အတွက် စာချုပ်ချုပ်ဆိုခဲ့ခြင်း ရှိမရှိ၊  ငှားရမ်းခဲ့တယ်ဆိုရင် ဘယ်လောက်နဲ့ ငှားရမ်းခဲ့သလဲ။ ဒါမှမဟုတ် ဒါဟာ ရက်ရောလွန်းတဲ့ လှူဒါန်းကူညီမှုတစ်ရပ်လား၊ အလကား ငှားရမ်းပေးတာလား ဆိုတာကို ဗိုလ်ချုပ်ကြီး ပရာယွတ် အနေနဲ့ ရှင်းလင်းစေချင်ပါတယ်” လို့ Rangsiman က လွှတ်တော်ဆွေးနွေးမှုအတွင်း တောင်းဆိုခဲ့ပါတယ်။

(Prachatai သတင်းစာတွင် ဖော်ပြထားသော “Thai senator's deep involvement with Myanmar junta crony exposed” သတင်းဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)။





ဆက်ဖတ်ရန် →
နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်၏ ဝါရှင်တန် ခရီးစဉ်

နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်၏ ဝါရှင်တန် ခရီးစဉ်

နိုင်ငံခြားရေး ဝန်ကြီး ‌ဒေါ်ဇင်မာအောင်သည် အမေရိကန် ပြည်ထောင်စု သို့ တပတ်ကြာ ခရီးစဉ် အတွင်း ဘိုင်ဒင် အစိုးရ အဖွဲ့မှ အထက်တန်း အရာရှိကြီးများ၊ ကွန်ဂရက် အမတ်များ နှင့် တွေ့ဆုံ ဆွေး‌ နွေး နိုင်ခဲ့သည်ဟု ရိုက်တာ သတင်းတွင် ဖေါ်ပြလာခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် စစ်အာဏာသိမ်း အဖွဲ့အား ယခုထက် ပိုမိုပြင်းထန်သည့် ပိတ်ဆို့ဒဏ်ခတ်မှုများ ပြုလုပ်ပေးရန် နှင့် ရံပုံငွေ ထောက်ပံ့ပေးရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။
အမေရိကန် နှင့် မဟာမိတ်များက ဇန်နဝါရီ ၃၁ တွင် နောက်ဆုံး ပြဋ္ဌာန်းလာသော စီးပွားရေး ဒဏ်ခတ်မှုများသည် လုံလောက် မှု မရှိသေးဟု ဒေါ်ဇင်မာအောင်က ထုတ်ဖေါ် ပြောဆိုခဲ့သည်။
ထို ပိတ်ဆို့ဒဏ်ခတ်မှု တွင် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းကို တိုက်ရိုက် ရည်ရွယ်ခြင်း မရှိပဲ ထို လုပ်ငန်း တွင် လုပ်ကိုင်နေသူများကိုသာ ထည့်သွင်းခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်။
ပြီးခဲ့သည့် အင်္ဂါ‌နေ့တွင် ‌ဒေါ်ဇင်မာအောင် နှင့် အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စက် ဝင်ဒီ ရှားမင်း တို့ တွေ့ဆုံ ‌‌‌ဆွေးနွေးခဲ့ကြပြန်သည်။ (ပုံတွင် ရှု)

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
  
ထို ‌ဆွေးနွေးပွဲ တွင် မစ္စက် ရှားမင်း မှ စစ်အာဏာသိမ်း အဖွဲ့ကို ရှုတ်ချကြောင်း ထပ်မံ ပြောဆိုခဲ့ပြီး ၎င်းတို့ကျုးလွန်နေသော ရက်စက် ကြမ်းကြုပ်သည့် လုပ်ရပ်များအား တာဝန်ခံမှု ရှိစေရန် လှုံ့ဆော်သွားမည့် အမေရိကန်၏ အစီအစဉ်များအားလည်း ချပြသွားခဲ့သည်ဟု သိရသည်။
မည်သို့ မည်ပုံ လုပ်မည်ဟု သတင်းတွင် ဖေါ်ပြမထားသော်လည်း စစ်အရာရှိများ အတွက် အလွန်ပင် ထိတ်လန့်စရာ ကောင်းနေပြီ ဖြစ်သည်။
ထို့အပြင် လက်ရှိ အကျပ်အတည်းအား တရားမျှတ စွာဖြင့် ငြိမ်းချမ်းစွာ အဆုံးသတ်နိုင်ရန်လည်း ဖိအားများ တိုးမြှင့် ပေးသွားမည်ဟု သိရသည်။
"ယူကရိန်း ကို ထောက်ပံ့နေတဲ့ ပမာဏာရဲ့ သေးသေး မွှားမွှား ရယုံလောက်နှင့် ကျမတို့ တော်လှန်ရေး အောင်မြင်နေပြီ" ဟု လည်း ဆိုသည်။
ထို့ပြင် စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့် ပြုလုပ်လာတော့မည် ဖြစ်၍ ကျေးရွာသားများ ဘေးလွတ်ရာသို့ ရှောင်တိမ်းနိုင်ရန် အမေရိကန်မှ ကြိုတင် သတိပေး စနစ်များ ထောက်ပံ့ပေးရန်ကိုပါ တောင်းဆိုခဲ့သည်။
အမေရိကန် တွင် ထိုသို့ ကူညီပေးရန် သမ္မတ အဆက်ဆက် အချိန်များစွာ ရနေနိုင်သော်လည်း လုံးဝ အချိန်မရ တော့သည်က မြန်မာ ပြည်သူများပင် ဖြစ်သည်။
မကြာမီက ထွက်ပေါ်လာသော စစ်တမ်း များအရ တပ်ရင်း ပေါင်း ၂၃၀ ကျော် ရှိသည့် မြန်မာ စစ်တပ်တွင် ၃၀ ခန့်သာ ဖွဲ့စည်းပုံ အပြည့် ရှိတော့သည်ဟု သိရသည်။ ထပ်၍လည်း အင်အားဖြည့်တင်းနိုင်ခြင်း မရှိတော့၊ တပ်ကို စွန့်ခွာ မှုများ၊ အမိန့်မနာခံ မှုများ နှင့် ပြည့်နှက်‌လာနေသည်။
တဖက်တွင်လည်း နှစ်ပေါင်း ၇၀ နီးပါးမျှ တကြိမ်တခါ မျှ ပူးတွဲတိုက်ပွဲဝင်ခြင်း မရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပူးပေါင်းလာကြသည်ကို တွေ့ရသည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးဟောင်း Gautam Mukhopadhaya. က သူ၏ ဆောင်းပါးတွင် ထောက်ပြထားခဲ့သည်။
မင်းအောင်လှိုင် သစ္စာခံသော တပ်များ ယခုလို အကွဲအပြဲများ နှင့် တိုင်ပတ်နေသည့် cul-de-sac အနေအထားတွင် အမျိုးသား ညီညွတ်ရေး အစိုးရမှ နိုင်ငံရေး၊ စစ်ရေး တွင် အသာစီး ရလာအောင် ရသည့် နည်းဖြင့် အခွင့်ကောင်းယူ လှုပ်ရှားရတော့မည် ဖြစ်သည်။
ယခု အခါ နိုင်ငံတကာ ထောက်ခံမှုများ တိုး၍ ရနေသော်လည်း လက်နက်အင်အား ပိုင်းတွင် ချို့တဲ့လျှက်ပင် ရှိနေဆဲ ဖြစ်သည်၊ သို့သော် နဲနဲ နှင့် ကျဲကျဲ ဝိုင်းပြီး ရှိသည့် အင်အားကို ရသမျှ စုရုံးကာ ဖြစ်နိုင်သည့် နေရာမှ ထိုးဖောက် စစ်ဆင်ရတော့မည် ဖြစ်သည်။
အကယ်၍ ပြဿာနာ ရှည်ကြာနေမည် ဆိုက အာဆီယံ အပါအဝင် နိုင်ငံတကာက "အေး ပြီးရော" ဆိုကာ စစ်တပ် နှင့် အာဏာခွဲဝေရေး စေ့ဆပ်ရန် ဖိအားများ ထွက်ပေါ်လာနိုင်ဖွယ် ရှိနေသည်။
ထိုသို့ ဖြစ်လာသည် ဆိုစေဦး စစ်တပ်သည် ၎င်းတို့ အထက်စီးမှ ရှိနေသည်ဟု ယုံကြည်နေသမျှ ယခင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများလို မည်သို့မျှ အောင်မြင်နိုင်စရာ မရှိပေ။ လူထု အတွင်း သဘောထား ကွဲလွဲလာခြင်းသာ အဖတ်တင်ပေလိမ့်မည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
 
လှစိုးဝေ
ဆက်ဖတ်ရန် →
လေးစားရတဲ့အမကြီး “မနီလာသိန်း (Nilar  Thein)” က ဦးစီးဦးဆောင်တဲ့ ဝရဇိန် လက်နက်⚡️ပါဝင်ကြပါ

လေးစားရတဲ့အမကြီး “မနီလာသိန်း (Nilar Thein)” က ဦးစီးဦးဆောင်တဲ့ ဝရဇိန် လက်နက်⚡️ပါဝင်ကြပါ

ဒီ #ဝရဇိန်⚡️ project ကို

ကျုပ်တို့အားလုံးရဲ့ သူရဲကောင်း အကိုကြီး ကိုဂျင်မီ 

ရဲ့ ချစ်ရပါသော ဇနီး၊

ကျုပ်တို့ လေးစားရတဲ့အမကြီး “မနီလာသိန်း (Nilar 

Thein)” က ဦးစီးဦးဆောင်တာ ဖြစ်ပြီး၊

“ ဒို့ ကမ်ပိန်း ” အဖွဲ့သားတွေက အားဖြည့်ဝန်းရံပြီး 

နိုင်ငံတကာအသီးသီးက fundraiser ညီကိုမောင်နှမ

တွေကကူညီပေးကြမှာ ဖြစ်ပါတယ်…


ရန်သူအကြောက်ရဆုံးဟာကိုယ့်အတွက် အားအကိုး

ရဆုံး၊အတောင့်တင်းဆုံး လက်နက်ဖြစ်တယ် 


အဲ့ဒါကြောင့်….

သိကြားမင်း ရဲ့ #ဝရဇိန် လက်နက်⚡️လိုပဲ

မိစ္ဆာကောင်တွေ သွားရာ လိုက်ပြီး

မိုးကြိုးတွေ အတောင့်လိုက်ပစ်⚡️၊ 

လျှပ်စီးတွေ အကွင်းလိုက် လက်💥ချမယ့်

Fixed Wing ဒ-ရုန်းတွေကို ဖန်တီးတပ်ဆင်ပေးမယ့် “Project ဝရဇိန်” ကို အားလုံးရဲ့ ရှေ့မှောက်ကို သယ်ဆောင်လာခဲ့ပါပြီ….


ငွေပမာဏ နည်းများမဆို ပါဝင်နိုင်မှာပါ… 


⏳ကမ်ပိန်းအချိန်ကတော့ ဖေဖော်ဝါရီ ၁၈ ရက်က

နေ-မတ်လ ၅ .. (၂ ပတ်ပါ)


SMS CB မှာလာရောက်ဆက်သွယ်ထောက်ပို့ကြပါ

လို့မေတ္တာရပ်ပါတယ်


ပြည်သူရှေ့ကမားမားရပ်ရင်းမတရားသတ်ဖြတ်ခံရ

တဲ့ ကိုဂျင်မီ ကိုဇေယျာသော်နဲ့တကွ အားလုံးသော

ကျဆုံးရဲဘော်တွေအတွက် အစဉ်အလာနဲ့ပြည်သူ့

အတွက် အမြဲမတ်မတ်ရပ်တဲ့ ဦးဆောင်၈၈မျိုးဆက်

မကြီးနီလာသိန်းနောက်မှာသူ့ကိုချစ်ခင်အားပေးနေ

တဲ့ပြည်သူတွေရှိတယ်ဆိုတာ သက်သေပြခွင့်ရမယ့်

“Project ဝရဇိန်” အတွက်အခုပဲဆက်သွယ်လိုက်ပါ

👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇

https://m.facebook.com/story.php?story_fbid=pfbid02hxXkTQEZCbbSmn7kLxWmKpf6PhCcng66mLmePX657oZbbMQv8xyDVudzYntbbcCHl&id=100083517092703&mibextid=kdkkhi


“ငါတို့အားလုံးဟာ ကိုဂျင်မီဖြစ်တယ်”



#ဝရဇိန်

#NilarThein

#ဒို့ကမ်းပိန်း

⚡️⚡️⚡️💄🍍🌂🌽⚡️⚡️⚡️

#SpringMyanmarSociety 

#SMS

https://www.facebook.com/SpringMyanmarSociety?mibextid=LQQJ4d

ဆက်ဖတ်ရန် →

ရန်ကုန်မှာ Bus ကားစီးမယ်ဆိုရင် 🚌🚎

မင်္ဂလာစျေးကို ရောက်တဲ့ နံပါတ်တွေ
၃၊ ၇၊ ၈၊ ၂၅၊ ၂၇၊ ၃၃
ယုဇနပလာဇာကို ရောက်တဲ့နံပါတ်တွေ
၃၊ ၉၊ ၂၀၊ ၂၅၊ ၂၇၊ ၃၃
အောင်မင်္ဂလာအဝေးပြေးဝင်း ကိုရောက်တဲ့နံပါတ်တွေ
၂၊ ၁၇၊ ၁၈
ပါရမီလမ်းကိုရောက်တဲ့နံပါတ်တွေ
၁၀၊ ၁၂၊ ၁၈၊ ၃၂
ပါရမီကိုရောက်တဲ့နံပါတ်
၃၀
နတ်မောက်လမ်းကို ရောက်တဲ့နံပါတ်
၈
မြေနီကုန်းကိုရောက်တဲ့နံပါတ်တွေ
၁၁၊ ၂၀၊ ၂၁၊ ၃၅၊ ၃၇၊ ၃၉
လှည်းတန်းကိုရောက်တဲ့နံပါတ်တွေ
၂၁၊ ၃၅၊ ၃၇၊ ၃၉

ယာဉ်လိုင်း အမှတ် ၁ မှ ၆၀ အောက်ပါခရီးစဉ်လမ်းကြောင်းများပေါ်ရောက်ရှိနိုင်သော ယာဉ်လိုင်း အမှတ်များဖြစ်ပါတယ်။ ယာဉ်အမှတ် ဆုံပွိုင့်များဟာယာဉ်လိုင်းအမှတ်တစ်ခုမှအခြားတစ်ခုသို့ပြောင်းစီးနိုင်မယ့် transit point များဖြစ်ပါတယ်။

လှည်းကူးဈေးရှေ့ 1,45
တာဆုံ 1,43,44
ဒရယ်ဖို 1
ပေါက်ကုန်း 1
ရဲမွန် 1
စီအိုတီ 1
ဇရပ်ကွင်း(တာဆုံ) 1
အင်းတိုင် 1
တရုတ်ကုန်း 1
သနပ်ပင် 1,51
သင်္ဃန်းကျွန်း 1
ရွာသာကြီး(စီးပွားရေးတက္ကသိုလ်) 1,46
တောင်မြောက်လမ်းဆုံ 1,2,3,6,7,24,25,46,60
စံပြဈေး 1,1,3,6,7,24
ဇဝန 1,7,10,18,24,32
သုမင်္ဂလာ 1
ရတနာလမ်း(သင်္ဃန်းကျွန်း) 1,14,26,27,42,60
မြင်သာ(ကညန) 1
ယုဇန(ခိုင်ရွှေဝါလမ်း) 2
ပြည်ထောင်စုလမ်း 2,7,15,24,25,26,27,29,30
လှော်ကားလမ်း 2,6,7,42,43,44
မောင်းမကန်လမ်း 2,3,6
အမှတ်(၂)လမ်း 2,46,60
ဗိုလ်မှူးဗထူးလမ်း 2
မြောက်ဥက္ကလာပအဝိုင်း 2,10,15,16,19,28,32,36
ခေမာသီလမ်း 2,15
ဆေးတက္ကသိုလ်(၂) 2
မြောက်ဥက္ကလာပဆေးရုံ 2
သုဓမ္မာလမ်း 2,8,10,15,18,19,36,42
၆ကွေ့ 2,16,17,18,19
အောင်မင်္ဂလာအဝေးပြေးကွင်း 2
ယုဇနဥယျာဉ်မြို့တော် 3,4
ပဲခူးမြစ်လမ်း 3,4,5
ဧရာဝဏ်လမ်း 3,4,8,9,32
စည်ပင်လမ်း 3,6
လေးထောင့်ကန်လမ်း 3,18,24,32
အရှေ့မြင်းပြိုင်ကွင်းလမ်း 3,18,26,27
တာမွေအဝိုင်း 3,12,14,20,26,27,29,59
ဗညားဒလလမ်း 3,20,27,33
ယုဇနပလာဇာ 3,9,20,25,27,33
မင်္ဂလာဈေး 3,7,8,25,27,33
ကျိုက္ကဆံလမ်း 3,9,18,25,27,33
ကွေ့မ 4
ရတနာလမ်း(ဒဂုံဆိပ်ကမ်း) 4,5
တိုင်းရင်းသားကျေးရွာ 4,5
သံလျင်တံတားချဉ်းကပ်လမ်း 4,42
သာကေတအဝိုင်း 4,32,33,42
ကျောက်တိုင် 4,5,9,9,10,32,33
မင်းနန္ဒာလမ်း 4,5,8,9,10,33
မဟာဗန္ဓုလတံတား 4,31,34
အနော်ရထာလမ်း 4,5,7,31,54,58
ဆူးလေ 4,7,12,29,36
ရိုးမရိပ်သာ 5
၈၉လမ်းဆုံ 5
ယုဇနဥယျာဉ် 5
ကျွန်းရွှေဝါလမ်း 5
ရွှေလီလမ်း 5
သာကေတ(အဝိုင်း) 5,8,34
စက်ဆန်းတံတား 5
ညောင်တန်း 5
ဗိုလ်တစ်ထောင်ဘုရားလမ်း 5,24,26,31,34,56,58
ဗိုလ်ချုပ်အောင်ဆန်းလမ်း 5,56
အောင်မြင့်မိုရ် 6
သံသုမာလမ်း 6,9,14,18,24,25,26,27,29,32,38,42,60
ဘေလီ 6,12,14,18,26,27,29,30,32
ချော်တွင်းကုန်း 6,10
နဝဒေး 6,10,15,16,19,28,36
၈မိုင်လမ်းဆုံ 6,15,16,19,30,35,37
ကျိုက်ဝိုင်းဘုရားလမ်း 6
မင်းဓမ္မလမ်း 6
စော်ဘွားကြီးကုန်း 6,11,37,41
ပြည်လမ်း 6,35,37,41,43
၁၀မိုင်ကုန်း 6,37
၉မိုင် 6
တောင်ဒဂုံ(၇၀/၇၂)ရပ်ကွက် 7
ရတနာပုံလမ်း 7
ကျန်စစ်သားလမ်း 7,29,30,53,54
ဘုန်းကြီးကျောင်းကွေ့ 7
ကုန်တိုက် 7
စက်မှုဇုံ 7
တာမွေ(ဗလီ) 7,25
သိမ်ဖြူ 7,20,20
မဟာဗန္ဓုလလမ်း 7,21,34,35,37,39,42,57
အင်းဝ အိမ်ရာ 8
၇ဈေးလမ်း 8
မြင်တော်သာလမ်း 8,34
ယမုံနာလမ်း 8,31
သာကတေတံတား 8,9
နတ်မောက်လမ်း 8
ဦးထောင်ဘိုလမ်း 8,11
ရွှေတိဂုံဘုရားလမ်း 8,11
ဇီဝကလမ်း 8,11
တိုင်းရင်းသား နည်းပညာတက္ကသိုလ် 9
ဒေါပုံ 9,33
ရွေဗဟို 9
သမိန်ဗရမ်းလမ်း 9,18,25,26,59
ကြက်ဘဲဈေး 9,18,24,25,26
သုဝဏ္ဏတံတား 9,10,24,32
တိုင်းရင်းသားကျေးရွာ 10
ရှုခင်းသာမြို့ပါတ်လမ်း 10,31,42
၅ကွေ့ 10
ဇင်ဂမလမ်း 10
အသင်းတိုက် 10,18,24
သုမင်္ဂလာလမ်း 10,32
ပါရမီလမ်း 10,12,18,32
ဗိုလ်မှုးဗထူးလမ်း 10,27,28
ဒဂုံတက္ကသိုလ် 10,27
ခရေရိပ်မွန်အိမ်ရာ 11
ခရေပင်လမ်းခွဲ 11,17,35,37,42,44
အင်းစိန်ပန်းခြံ 11,15,21,22,41
ဗဟိုလမ်း 11,22
ရွာမကျောင်းလမ်း 11,22
လှည်းတန်းခိုင်ရွှေဝါ 11,22
ဟံသာဝတီလမ်း 11
အထက်ကြည့်မြင့်တိုင်လမ်း 11,22,41
ဗားကရာလမ်း 11,20,59
မြေနီကုန်း 11,20,21,35,37,39
ဓမ္မစေတီလမ်း 11,59
လင့်လမ်း 11,20
အနောက်ရွှေဂုံတိုင်လမ်း 11
သွေးဆေးကန်လမ်း 11
ဦးဝိစာရလမ်း 11,27
(၅၀)ကွေ့ 12,15
၄၆လမ်းဆုံ 12
(၇/၈)လမ်းဆုံ 12,25
မဝတလမ်းဆုံ 12
နန္ဒဝန်ဈေး 12
သစ္စာလမ်း 12,29,38
မိုးကောင်းလမ်း 12,14,26,27,38
ကံဘဲ့လမ်း 12,29
ရန်ကင်းလမ်း 12,14,29,38
ဂွတ္တလစ်ဈေးကွေ့ 12
ရွှေဂုံတိုင်လမ်း 12,59
ရွှေဂုံတိုင် 12,20,29
ရန်ကုန်ဘူတာကြီး 12,28,29,36
ဒဂုံမြောက်(ဘုရင့်နောင်လမ်းဆုံ) 14
ဘုရင့်နောင်လမ်း 14,15,19,20,23,38,42
ပင်လုံလမ်း 14,26,29
ဦးချစ်မောင်လမ်း 14
ရန်ကင်းစင်တာ 14
ရန်ရှင်းလမ်း 14,38
စက်မှု(၁)လမ်း 14,38
ကမ္ဘာအေးဘုရားလမ်း 14,28,29,30,36,38
ကုက္ကိုင်း 14,38
တက္ကသိုလ်ရိပ်သာလမ်း 14,38
လှည်းတန်းလမ်း 14,30,38
ဆင်မလိုက် 14,19,20,23,38,40
ကြည့်မြင့်တိုင်ကမ်းနားလမ်း 14,59
သခင်မြပန်းခြံ 14,19,22,23,30,40,41,56,57
ရာဇာသင်္ကြန်လမ်း 15
ကြိုးတံတား 15
သမိုင်းလမ်းဆုံ 15,19,21,39
ဘုရင့်နောင်လမ်းဆုံ 15,19
ပေါက်တောဝ 15,22,40
ဘီအိုစီ 15,39
YTU 15,21,39
ရွှေပေါက်ကံ(တောင်ငူလမ်း) 16
ကျောက်လမ်း 16
ဘုရင့်နောင်တံတား 16,20,23
ပုသိမ်လမ်း 16,23,54
သမကုန်း 16,22
ဒဂုံဧရာအဝေးပြေးဝင်း 16
ရွှေပေါက်ကံ 17,19
(ဆင်ဖုံ) 17,19
အောင်မင်္ဂလာအဝေးပြေး 17,18
ဒညင်းကုန်းလမ်းဆုံ 17,40,42
ရွှေပြည်သာတံတား 17,21
ပေါက်တန်းအဝိုင်း 17
သမကုန်းအဝိုင်း 17,20,23
အနောက်ပိုင်းနည်းပညာတက္ကသိုလ် 17,23
ခရေရိပ်မွန် 18
အမှတ်(၃)လမ်းဆုံ 18,32,35,36,42
ဘုန်းကြီးလမ်း 18,32,35,37,39,42
ဝေဇယန္တာလမ်း 18,32
သီရိမင်္ဂလာဈေးသစ် 19,20,23,38,40
စံပြငါးဈေး 19,20,23,40
TBဆေးရုံ 20
ဒဂုံဧရာအဝေးပြေး 20
ဘီအိုစီအဝိုင်း 20,23
တာမွေလမ်း 20,27
မြရာကုန်းလမ်း 20
မြန်မာ့ဂုဏ်ရည်လမ်း 20
အနောက်ပိုင်းတက္ကသိုလ်(ထန်းတပင်) 21,22
ပေါက်ကုန်းအဝိုင်း 21,22
၁၄လမ်းဆုံ 21,40
ဒညင်းကုန်း 21,39,44
အောက်မင်္ဂလာဒုံလမ်း 21
ပြည်တော်သာ 21,40
မင်းကြီးလမ်း 21
လှည်းတန်း 21,35,37,39
စံပြ 21,37,39
ကမ်းနားလမ်း 21,23,24,26,34,35,37,39,40,56,57,58
မော်တင် 21,35,37,39
ရိုးကြီး/ရိုးလေး 22
မီးခွက်ဈေး 22,52
အောင်ဇေယျတံတား 22
အနောက်ကြို့ကုန်း 22
ဟံသာဝတီ 22
စလင်းကွင်း 22
ဗားကရာ 22
အနောက်ပိုင်းဆေးရုံ 22
အလုံလျှပ်စစ်ရုံး 22
ဂျမခန်နာ 22
(တူးချောင်း) 23
ကျန်စစ်သားလမ်း 24
တပင်ရွှေထီးလမ်း 24
အထက်ပုဇွန်တောင်လမ်း 24,26
ပုဇွန်တောင်ဈေး 24,26
မဟာဗန္ဓုလတံတားအောက် 24,26
ရာဇဓိရာဇ်လမ်း 24,26
ဒဂုံတက္ကသိုလ် 25,26,28,29,30
မင်းရဲကျော်စွာလမ်း 25,26,27,29,30
ငမိုးရိပ်တံတား 25
ရွှေဗဟိုရ် 25
အောင်ဇေယျလမ်း 26,60
စိတ်ကျန်းမာရေး 27
၁၃၃ရပ်ကွက် 27
ဗဟန်း(၃)လမ်း 28,36
ဆူးလေမြို့တော်ခန်းမ 28
ဂွတ္တလစ်ဈေး 29
ပါရမီ 30
ညောင်ပင် 30
ကြည့်မြင့်တိုင် 30
သန်လျင်(အရှေ့ပိုင်းတက္ကသိုလ်) 31
သန်လျင်ကျောက်တန်းလမ်း 31
သန်လျင်အမှတ်(၁)တံတား 31,32,33,34
ဗိုလ်တစ်ထောင်ဈေးလမ်း 31
ကုန်သည်လမ်း 31,56
ရေကြောင်းတက္ကသိုလ် 32
ဘုရားလမ်းဆုံ 32
သန်လျင်(မြို့မဈေး) 32
ဗိုလ်ချုပ်နေဝင်းလမ်း 32
ခရေရိပ်မွန်အိမ်ရာ 32
ကျောက်တန်း 33
ကျောက်တန်း(သန်လျင်လမ်း) 33
ခရမ်း 34
သုံးခြ 34
အရှေ့ပိုင်းတက္ကသိုလ် 34
သန်လျင်ကျောက်တန်း လမ်း 34
သိမ်ဖြူလမ်း 34
ထောက်ကြန့် 35,36,37,41
နွယ်ခွေ 35,36
အမှတ်(၃)လမ်းပုလဲမြို့သစ် 35
အမှတ်(၃)လမ်း 36
ပုလဲမြို့သစ် 36
ဘေလီ 38
တောင်ဥက္ကလာဘုရား 38
ရွှေပြည်သာ(လိန်ကုန်း) 39,40,42
အမှတ်(၄)လမ်း 39,43,44
ကွန်ပြူတာတက္ကသိုလ် 39
ပြည်တော်သာ(အောက်လမ်း) 39
ထန်းခြောက်ပင် 40,42
ပုလဲလမ်း 40
ဘုရင့်နောင်လမ်းမကြီး 40
ဘုရင့်နောင် 40
လမ်းသစ်လမ်း 41
လှည်တန်းလမ်း 41
၃ထောင်ကွေ့ 41
အောက်ကြည့်မြင့်တိုင်လမ်း 41,59
ရွှေပြည်သာကွေ့ 42
ကမာကြည်လမ်း 42
လိန်ကုန်း 43,44
မှော်ဘီဈေးရှေ့ 43
ထောက်ကြန့် 44,55
ရန်ကုန်ပဲခူးလမ်း 44
လှည်းကူးဈေးရှေ့ 44
ဖောင်ကြီးလမ်း 45
ဖောင်ကြီး 45
မင်းကုန်း 45
ဒါးပိန် 46
လှိုင်သာယာ ဘီအိုစီ 47,49
တွံတေးကြိုးတံတား 47,49
တွံတေးမြို့ 47
ဘုရားငုတ်တို 47,48,49,50
ကံဘဲ့ 47,49,50
တွံတေး 47,48
ဒလ 48,50
ကော့မှူး 49,50
ကွမ်းခြံကုန်း 49,50
ပဲခူး 51
ခရမ်း 51
ထန်းတစ်ပင် 52
ရန်ကုန်ပုသိမ်လမ်း 52
ရန်ကုန်ညောင်တုန်းလမ်း 52
ရွှေလင်ဗန်းလမ်းဆုံ 53
ညောင်တုန်းလမ်း 53,54
ဗိုလ်အောင်ကျော်လမ်း 53,54,54
ရွှေလင်ဗန်းလမ်းဆုံ 53
၈၆ဂိတ် 54
ရွှေရင်အေးလမ်း 54,54
အောက်ထိပ် 54
၈၆ဂိတ် 54
တိုက်ကြီး 55
ဥက်ကံ 55
မြောင်းတကာ 55
မှောဘီနည်းပညာတက္ကသိုလ် 55
မှော်ဘီ 55
သခင်မြပန်းခြံ 56,57
ဗိုလ်တစ်ထောင် 57
ဘုရားလမ်း 57
ဗိုလ်တစ်ထောင်ဘုရား(ကမ်းနားလမ်း) 58
ဗိုလ်တစ်ထောင်ဘုရား 58
သင်္ဃန်းကျွန်းစံပြဈေး 59
သံသုမာ 59
ကြက်ဘဲစျေး 59
အာသောကလမ်း 59
ရွှေဂုံတိုင်ဂုံးကျော်တံတား 59
ရွှေဂုံလမ်း 59
သခင်မြပန်းခြံလမ်း 59
နှင်းဆီကုန်းလမ်း 59
တောင်ဒဂုံ 60
သာကေတဧရာဝဏ် 60
ပြည်ထောင်စုလမ်းဆုံ 60
ပြည်ထောင်စုလမ်းမကြီး 60
သင်္ဃန်းကျွန်းစံပြစျေး 60
ကျောက်ကုန်း 60
#TheLifestyleMyanmar #YangonBusRoute
#BurmeseMemory

ဆက်ဖတ်ရန် →
အညာဒေသ၌ စစ်ကောင်စီတပ်ဖွဲ့၏ရန်ကြောင့်မွေးမြူထားသည့် နွားများကို ရရာစျေးဖြင့်ရောင်းချနေရ ဟုဆို

အညာဒေသ၌ စစ်ကောင်စီတပ်ဖွဲ့၏ရန်ကြောင့်မွေးမြူထားသည့် နွားများကို ရရာစျေးဖြင့်ရောင်းချနေရ ဟုဆို

မဇ္စျိမ။   ။စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းထိုးခြင်းခံရသော ကျေးရွာများရှိ ဒေသခံများ မွေးမြူထားသောနွားများအားရသည့်စျေးဖြင့်ရောင်းချနေကြရကြောင်း ဒေသခံများထံမှ သိရသည်။
“စကစ(စစ်ကောင်စီတပ်ဖွဲ့တွေသတ်စားမှာကြောက်လို့၊ နွားတွေကိုရတဲ့စျေးနဲ့ရောင်းနေရတယ်ရတဲ့စျေးဆိုတာက ပွဲစားပေးတဲ့စျေးအတိုင်းရောင်းလိုက်ရတာကိုဆိုလိုတာပါပေါက်စျေးမရဘူးလေအားလုံးနီးပါးကပွဲစားကိုပဲရောင်းနေရတာ” ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။
နွားတစ်ကောင်လျှင်ပျမ်းမျှပေါက်စျေးကျပ်၁၂သိန်းရှိသော်လည်း၊ ပွဲစားပေးသည့် ၁၀ သိန်းကျပ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြရကြောင်း သိရသည်။
“ခိုင်းနွားနှစ်ကောင်လောက်ပဲထားပြီးကျန်တာအကုန်ရောင်းပစ်တယ်မရောင်းဘဲထားပြန်ရင်လည်းစစ်အုပ်စု
(စစ်ကောင်စီတပ်ဖွဲ့ဝင်)က လာဖမ်းပြီးသတ်စားတယ်၊ ရွာမှာနွားဝက်ကြက်ဘာမှမွေးလို့မရဘူးဟုကန့်ဘလူဒေသခံတစ်ဦး ကပြောသည်။ အာဏာမသိမ်းမီကာလက အညာဒေသရှိကျေးရွာများတွင်တစ်အိမ်လျှင်ခိုင်းနွားအပါအဝင် အနည်းဆုံး နွားငါးကောင်ခန့် မွေးမြူလေ့ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်းဒေသတွင်းစစ်ကြောင်းထိုးခံရမှုများကြောင့် နွားမွေးမြူခြင်းရှားပါးလာကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
စာတည်း။  ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်)
#စစ်ကိုင်းတိုင်း
#ရွှေဘိုမြို့နယ်


ဆက်ဖတ်ရန် →
နိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် ပြည်ပအလုပ်အကိုင်အေဂျင်စီများ  တာဝန်ခံရမည်ဖြစ်၍ အခက်တွေ့နေ

နိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် ပြည်ပအလုပ်အကိုင်အေဂျင်စီများ တာဝန်ခံရမည်ဖြစ်၍ အခက်တွေ့နေ

ထွန်းမောင်
မဇ္ဈိမ။ ။.နိုင်ငံကူးလက်မှတ် (Passport)စာအုပ်ပြုလုပ်ရာတွင် ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် ကိုယ်ပို့ဆောင်ပေးမည့်သူကို တာဝန်ခံရမည်ဖြစ်သည့်အတွက် အခက်တွေ့နေကြောင်း သိရသည် ။
နိုင်ငံကူးလက်မှတ် (Passport )စာအုပ်များကို ရက်အကန့်အသတ်မရှိရပ်နားထားပြီးနောက်၊ ယခုအခါ ပြည်ပအလုပ်အကိုင် အေဂျင်စီများအနေဖြင့် မိမိကုမ္ပဏီမှ တာဝန်ယူပို့ဆောင်မည့်သူများ၏ အလုပ်ခေါ်စာနှင့်ပတ်သက်ပြီး အစစအရာရာတာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး မှားယွင်းမှုရှိပါက ကုမ္ပဏီကိုပိတ်သိမ်းသည်အထိ အရေးယူခံရနိုင်သည့်အတွက် အခက်တွေ့နေရကြောင်းသိရသည်။
Passport စာအုပ်လျှောက်ထားရာတွင်လည်း ပြည်ပအလုပ်ခေါ်စာပါကုမ္ပဏီတွင်သာလုပ်ကိုင်ရမည်ဖြစ်ပြီး တခြားကုမ္ပဏီများကို ပြောင်းရွေ့လုပ်ကိုင်ခွင့်မရှိဘဲ အကယ်၍ ပြောင်းရွေ့လုပ်ကိုင်သည်ကိုတွေ့ရှိရပါက
စာအုပ်လျှောက်ပေးသည့် အလုပ်အကိုင်အေဂျင်စီကို အရေးယူမည်ဟုလည်းသိရသည်။
‘’အခု Passport စာအုပ်လုပ်လို့ရလားဆိုတော့ လုပ်လို့ရပါတယ်။ ဒါပေမယ့် ဘယ်ကုမ္ပဏီကမှ တာဝန်ယူပြီးလုပ်
မပေးတော့ဘူး။ ဘာကြောင့်လည်းဆိုတော့ အကယ်၍ကုမ္ပဏီတစ်ခုကတာဝန်ယူပြီးPassportစာအုပ်လျောက်ပေး
လို့ တစ်ခုခုအပြစ်တွေ့တယ်ဆိုပါတော့၊ အဲဒီကုမ္ပဏီကို နာမည်ပျက်စာရင်းသွင်းမှာဖြစ်တဲ့အတွက် ဘယ်သူမှ
တာဝန်ယူပြီးမလုပ်ပေးတော့ဘူး။ ဒီတော့ ကာယကံရှင်ကိုယ်တိုင် လျှောက်ဆိုတော့လည်း QR စနစ်က ဖွင့်မပေးပြန်ဘူး ‘’ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီကုမ္ပဏီမှတာဝန်ရှိသူ တစ်ဦးကဆိုသည်။
လက်ရှိတွင် Passport စာအုပ်များပြုလုပ်ရာတွင် အေဂျင်စီများအနေဖြင့်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး
 (Passport ရုံး)၌ တိုက်ရိုက်လျောက်ထားခွင့်မရှိဘဲ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ
အဖွဲ့ချုပ်(MOEAF) ထံ ပြည်ပအလုပ်ခေါ်စာနှင့် တင်ရမည်ဖြစ်ပြီး (MOEAF) မှတစ်ဆင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများကို အဆင့်ဆင့်တင်ရမည်ဖြစ်ကြောင်းသိရသည်။
သက်ဆိုင်ရာကို တင်သည့်အချက်အလက်နှင့် အလုပ်ခေါ်စာပါ အချက် အလက်များကွဲလွဲပါက Passport လျောက်ထားသည့် အေဂျင်စီများကိုပိတ်သိမ်းအရေးယူခံရမည်ဟုလည်း သိရသည်။ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် 
ဒီဇင်ဘာ ၅ ရက်နေ့မှစတင်ပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် Online Booking စနစ်ဖြင့် QR Code လျှောက်ထားခြင်းများကို ရပ်ဆိုင်းထားပြီး၊ ယခုနှစ် ဇန်နဝါရီ၂ရက်မှစတင်ကာPassportစာအုပ်ပြုလုပ်ခြင်းများကို 
ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)


ဆက်ဖတ်ရန် →
ဧရာဝတီတိုင်းအတွင်းရှိ ဘုရားများ၏ ဘွဲ့အမည် တည်သည့်ခုနှစ်နှင့် လှူဒါန်းသူ အမည်များအား ကောက်ယူထားရန် မင်းအောင်လှိုင် ညွှန်ကြား

ဧရာဝတီတိုင်းအတွင်းရှိ ဘုရားများ၏ ဘွဲ့အမည် တည်သည့်ခုနှစ်နှင့် လှူဒါန်းသူ အမည်များအား ကောက်ယူထားရန် မင်းအောင်လှိုင် ညွှန်ကြား


ဧရာဝတီတိုင်းအတွင်းရှိမြို့နယ်အသီးသီးမှကျေးရွာများတွင်တည်ထားကိုးကွယ်သည့်ဘုရားစေတီများ၏ ဘွဲ့အမည် တည်သည့် ခုနှစ်နှင့် လှူဒါန်းသူ ဘုရားဒကာ၊ ဒကာမများ၏ အမည်များအားကောက်ယူကာ ပြန်လည်တင်ပြရန်စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှညွှန်ကြားထားကြောင်းစစ်ကောင်စီလက်အောက်ခံ သာသနာရေးဝန်ကြီးဌာနရှိ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးမှ ပြောသည်။ရှေးအစဉ်အဆက်တည်ထားကိုးကွယ်ထားသည့် ဘုရားစေတီများအပြင် ကျေးရွာများအလိုက်တည်ထားကိုးကွယ်နေသည့် ဘုရားစေတီအားလုံးအား ဘုရားများတည်နေရာ၊ဘွဲ့အမည်၊ အလှူရှင်အမည်ကို အမည်စာရင်း ပုံများနှင့်တကွ စာရင်းပြုစု တင်ပြရန်ခိုင်းစေထားခြင်းဖြစ်ကြောင်း သိရသည်။
“ဘာလို့ကောက်ခိုင်းလဲဆိုတာတော့ မသိဘူး၊ ဒါတွေက အရင်ထဲက စာရင်းတွေက ရှိပါတယ်၊ညွှန်ကြားချက်အရ အသစ်ထပ်ကောက်ယူရတာ၊ လူဦးစာရေးကောက်လို့ပြီးတော့ ဘုရားစာရင်းပါထပ်ကောက်ခိုင်းတဲ့ သဘောလား မသိဘူး”ဟု အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးမှ ပြောသည်။
ထို့အပြင် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ထွေအုပ်စာရေးများမှဦးဆောင်ကာ အပတ်စဉ် ဘုရားများအား သန့်ရှင်းရေးလုပ်ဆောင်ရန်၊ ယင်းသို့လုပ်ဆောင်နေမှုများအား ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ပြန်လည်တင်ပြရန်လည်းခိုင်းစေထားကြောင်း သိရသည်။
“သာသနာရေးက သိတဲ့အတိုင်းပဲ အရင်ထဲက တိုက်ပွဲမှာ ပြသနာဖြစ်တာ ရောဂါတွေ့လို့ဆိုပြီးထွက်ရတဲ့ ဗိုလ်ကြီးဟောင်းတွေကို မြို့နယ်အဆင့် အရာရှိတွေအဖြစ်ပေးထားတာများတော့ သူတို့က နည်းနည်းထောင်တယ်လေ၊ အခုလဲအထက်မိန့်ဆိုပြီး လုပ်ချင်ရာ လုပ်နေတာပဲ၊ ဘုန်းကြီးတွေ ဘွဲ့အတွက်တောင် သူတို့ကပိုက်ဆံယူပြီးရောင်းစားနေတာ”ဟု အဆိုပါ အမည်မဖော်လိုသူ ဝန်ထမ်းမှဆက်လက်ပြောကြားသည်။
ဖေဖေါ်ဝါရီလ လဆန်းပိုင်းအတွင်း မင်းအောင်လှိုင်၏ ဧရာဝတီခရီးစဉ်အပြီးတွင် ယင်းသို့ညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး ကောက်ယူထားပြီးသည့် အချက်အလက်များအားဖေဖေါ်ဝါရီ မကုန်မှီ အပြီးအစီးပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
🖋စကားဝါ

 
ပုံစာညွှန်း- ပုသိမ်မြို့ရှိ စေတီတစ်ဆူတွင် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ သန့်ရှင်းရေးလုပ်ဆောင်နေသည့် မြင်ကွင်း
ဆက်ဖတ်ရန် →
စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ပူးဂင်ကမ်းလျန်အစား ဒေါက်တာမှုထန်အား အစားထိုးခန့်အပ်

စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ပူးဂင်ကမ်းလျန်အစား ဒေါက်တာမှုထန်အား အစားထိုးခန့်အပ်

Zahlen
အာဏာသိမ်းစစ်ကောင်စီဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ZCD ပါတီအထွေထွေအတွင်းရေးမှုး ပူးဂင်ကမ်းလျန်အစား ချင်းပြည်နယ်၊ ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ  ဒေါက်တာမှုထန် ကို အစားထိုးခန့်အပ်လိုက်တယ်လို့ ယနေ့ဖဖော်ဝါရီ ၁၇ ရက်ကထုတ်ပြန်လိုက်ပါတယ်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ZCD ပါတီအထွေထွေအတွင်းရေးမှုး ပူးဂင်ကမ်းလျန်ကို ခန့်အပ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်ကောင်စီကထုတ်ပြန်ခဲ့ပေမယ့် ကာယကံရှင်က ကြိုတင်မရှိခဲ့ဘူးလို့ပြောပါတယ်။ 

၎င်းအစားခန့်လိုက်တဲ့ ဒေါက်တာမှုထန်ဟာ ထန်တလန်မြို့ကဖြစ်ပြီး ၂၀၁၅-၂၀၂၀ ကြားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူလည်းဖြစ်ပါတယ်။




ဆက်ဖတ်ရန် →
စာရင်းစစ်ချုပ်ရုံးတွင် CDM ပြုလုပ်သူများနှင့် ထွက်ပြေးသူများရှိသောကြောင့် ဒုစာရင်းစစ်မှူးရာထူးလစ်လပ်နေရာ ၄၄၆ နေရာအတွက် ၀န်ထမ်းများခေါ်ယူနေရ

စာရင်းစစ်ချုပ်ရုံးတွင် CDM ပြုလုပ်သူများနှင့် ထွက်ပြေးသူများရှိသောကြောင့် ဒုစာရင်းစစ်မှူးရာထူးလစ်လပ်နေရာ ၄၄၆ နေရာအတွက် ၀န်ထမ်းများခေါ်ယူနေရ

ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် လစ်လပ်နေသည့် ဒုစာရင်းစစ်မှူးရာထူး ၄၄၆ နေရာအတွက် လာရောက် လျှောက်ထားကြရန် စစ်ကောင်စီမှ ထုတ်ပြန် ကြေညာထားသည်။

စာရင်းစစ်ချုပ်ရုံးတွင် CDM ပြုလုပ်သွားကြသူများနှင့် တပ်တွင်းသတင်းပေးများရှိသောကြောင့် နေရာမှ ဖယ်ရှားမှုများကြောင့် အဆိုပါ လစ်‌လပ်နေရာအတွက် အသစ်ခန့်ထားရန် ခေါ်ယူနေခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံမှ သိရှိရသည်။

"တပ်တွင်းမှာ ပြေးတဲ့သူတွေပြေး၊ ရုံးမတက်တဲ့သူတွေ မတက်ကြတော့ နေရာတွေ လစ်လပ်နေတာများ ကြီးပဲ။ ခုဆိုလည်း စာရင်းစစ်ချုပ်ရုံးမှာ လူမရှိတော့ ခေါ်စာထုတ်ထားတယ်။ နေရာလစ်လပ်နေတာတွေက ရာချီရှိတယ်"ဟု စာရင်းစစ်ချုပ်ရုံးနှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီမှ ဒုစာရင်းစစ်မှူးရာထူးအတွက် လစာ ၂၁၆၀၀၀ မှ ၂၂၆၀၀၀ အထိသတ်မှတ်ပေးမည်ဖြစ်ပြီး နေရာ ၄၄၆ နေရာအတွက် သတ်မှတ်အရည် အချင်းများဖြင့် လာရောက်လျှောက်ထားရန် ခေါ်စာကို ယမန်နေ့ ဖေ​ဖော်ဝါရီလ ၁၆ ရက်နေ့ကထုတ်ပြန်ထားပြီး မတ်လ လယ်ပိုင်းတွင်နောက်ဆုံးထားလျှောက်ထားရန် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့ကလည်း နေပြည် တော်ရှိ စစ်ရုံးချုပ် လက်အောက် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ အရာရှိချုပ်ရုံးမှ တပ်ကြပ်ကြီးစာ ရေး အမျိုးသမီး ၂ ဦးမှာ စစ်ကောင်စီ၏ အချက်အ လက်များကို ယူ၍ထွက်ပြေးမှုဖြစ်ပွားခဲ့သည်။

#ပြည်ထောင်စု #စာရင်းစစ်ချုပ်ရုံး #CDM #ဒုစာရင်းစစ်မှူး #၄၄၆နေရာ #ဝန်ထမ်း #ခေါ်ယူ
#Ayeyarwaddy_Times


ဆက်ဖတ်ရန် →
အကျဉ်းဦးစီးဌာန၏ အကြမ်းဖက် တိုက်ခိုက် ခံရသည့် နိုင်ငံရေးအကျဉ်းသူများ

အကျဉ်းဦးစီးဌာန၏ အကြမ်းဖက် တိုက်ခိုက် ခံရသည့် နိုင်ငံရေးအကျဉ်းသူများ

အဆက်အသွယ်လည်းမရ၊ လော်စပီကာနဲ့ တရားခွေတွေ အကျယ်ကြီး ဖွင့်ထားတယ် ။ ပစ္စည်းလည်းမပေးဘူး ။ ထောင်ထမင်းဟင်းပဲ ကျွေးတယ်။ ဒါတောင် ထောင်က တရားဝင်ကျွေးတဲ့ ငါးနဲ့ကြက်သားလုံးဝမပေးဘူး ။ ရေချိုးဖို့ခွင့်မပြုဘဲ အဝတ်၃စုံနဲ့ စောင်ပဲပေးတယ် ။ ရေချိုးချင်ရင် အိမ်သာရေနဲ့ ချိုးကြရတယ် ။ ရိုက်နှက်နှိပ်စက်တာ အားမရလို့ အစာရေစာပါဖြတ်ထားကြသေးတယ် ။  

ခေတ်သစ်မီဒီယာ

အကျဉ်းဦးစီးဌာနရဲ့ အကြမ်းဖက် တိုက်ခိုက်မှု ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကတော့-


၁-မခိုင်သဇင် 

၂-မရွှေရည်ဝင့်ကျော် 

၃-မစောဥမ္မာချစ် 

၄-မဝိုင်းမဒီ 

၅-မမာလာ 

၆-မပိုပြည့်သူ 

၇-မဇင်မြတ်နိုးဦး 

၈-မငုဝါရွှေရည်ဦး 

၉-မဝင်းသိမ့်သိမ့်ဇင် 

၁၀-မအိမြတ်နိုးဦး 

၁၁-မရွှေရည်ဦး 

၁၂-မချောစုစုဝေ 

၁၃-မကေခိုင်မောင်မောင် 

၁၄-မချစ်ဖူးငုံ 

၁၅-မပိုးသဉ္ဇာကျော် 

၁၆-မအေးငြိမ်းသူဇာ 

၁၇-မချယ်ရီစု  

၁၈-မစောနွယ်နီ 

၁၉-မအေးမြတ်ပိုင် 

၂၀-မအေးသန္တာစိုး 

၂၁-မသက်ဖူးနိုင် 

၂၂-မခင်အေးမော် 

၂၃-မနှင်းပွင့်ဝေ 

၂၄-မခင်စန္ဒာငြိမ်း 

၂၅-ဒလက်  

၂၆- ပြူးပြူး တို့ဖြစ်ကြပြီး ကျန်တဲ့သူတွေကတော့ နာမည် မသိရသေးပါဘူး။ 


လက်ရှိမှာ နိုင်ငံရေးအကျဉ်းသူတွေ အကုန်လုံးကို အားလုံးနဲ့အဆက်အသွယ်ဖြတ်ပြီး သတင်းအမှောင်ချထားတယ်။ ထောင်တွင်းအကြမ်းဖက်မှုတွေ ပိုပိုဆိုးလာနေပါတယ် ။ 


ဒါတွေကို  ပြင်ပက ပြည်သူတွေအနေနဲ့ အာရုံစိုက် ကူညီပေးကြဖို့  အသံကျယ်ကျယ်ထွက်ပေးကြဖို့ နိုင်ငံရေးအကျဉ်းသူတွေက တောင်းဆိုပါတယ်။ 


နိုင်ငံရေးအကျဉ်းသူတွေကို  ထောင်ပြောင်းတော့မယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရပါတယ်။   ထောင်ထဲမှာ သီချင်းအကျယ်ကြီးဖွင့်ရင် တရားခွေတွေ အကျယ်ကြီး ဖြစ်ရင် တစ်နေရာရာမှာ အကြမ်းဖက်ရိုက်နှက်နေလို့ဆိုတာ ပြည်သူတွေ သိထားပေးကြပါလို့ နိုင်ငံရေး အကျဉ်းသူတွေက ဆိုပါတယ်။ 


စစ်တပ်လက်အောက်ခံ အကျဉ်းဦးစီးကို ချေမှုန်းရေး တောင်းဆို

===================================


နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေကို ထောင်တွင်းအကြမ်းဖက်မှုကို ဆန့် ကျင်ကြဖို့  အကျဉ်းဦးစီး(အကစ)ကို ချေမှုန်းကြဖို့  ပြည်သူများ၊ ဓမ္မဘက် တော်သားများ၊ PDFတွေအနေနဲ့ ထိထိရောက်ရောက် ကူညီပေးကြဖို့ နိုင်ငံရေး အကျဉ်း သူ တွေက တောင်းဆိုနေကြပါတယ်။




ဆက်ဖတ်ရန် →
ခင်ဦး လက်ပံလှရွာကို စစ်ကောင်စီတပ် မီးရှို့မှုအတွင်း အသက် ၇၀ အရွယ် သီလရှင်တစ်ပါး မီးလောင်သေဆုံး

ခင်ဦး လက်ပံလှရွာကို စစ်ကောင်စီတပ် မီးရှို့မှုအတွင်း အသက် ၇၀ အရွယ် သီလရှင်တစ်ပါး မီးလောင်သေဆုံး

Author ခေတ်နီ

Published on Feb 17, 2023

CJFORM

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် လက်ပံလှကျေးရွာကိုစစ်ကောင်စီတပ် မီးရှို့ဖက်ဆီးမှုအတွင်း အသက် ၇၀အရွယ်သီလရှင်တစ်ပါး မီးလောင်သေဆုံးခဲ့ကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

အဆိုပါ လက်ပံလှကျေးရွာကို စစ်ကောင်စီတပ်နှင့် 

မကျည်းတုံရွာမှ ပျုစောထီးများမှ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့တာပဲဖြစ်သည်။

ထိုသို့ မီးရှို့မှုအတွင်း စစ်ကောင်စီတပ်မှ မီးလောင်ဗုံများ ရေနံ့ဆီ မီးစာများအသုံးပြု မီးရှို့ခဲ့တာဖြစ်ပြီးအဆိုပါကျေးရွာရှိ ကျန်းမာရေးမကောင်းသည့်အသက်၇၀ အရွယ် သီလရှင် တစ်ပါးကိုလည်း နေအိမ်အတွင်း မီးရှို့သတ်ဖြတ်ခဲ့သည်။

“ဆရာလေးက ဝတ်တာမကြာသေးဘူး နေမကောင်းလို့ သူ့အိမ်မှာပြန်ပြီး သီတင်းသုံးနေတာ စစ်ကြောင်းဝင်တော့မပြေးနိုင်ပဲ ကျန်ခဲ့တာ ကျန်နေခဲ့တာကို ဒီကောင်တွေက ရက်ရက်စက်စက်ပဲ သတ်ဖြတ်သွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးမှုကြောင့် လက်ပံလှကျေးရွာရှိ နေအိမ် ၂၅၀ ခန့် ပျက်စီးခဲ့ရပြီး အဆိုပါစစ်ကြောင်း၏ မီးရှို့မှုကြောင့် ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၅ ရက်အတွင်း ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာမှနေအိမ် ၅၀၀ကျော် ပျက်စီးခဲ့ပြီး ဖြစ်သည်။

လက်ရှိမှာတော့ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ခင်ဦးမြို့ပေါ်မှတဆင့် ကွမ်းတိုင်းကျေးရွာနှင့်မင်းကံကြီးကျေးရွာများဘက်သို့ တကြော့ပြန် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၃၀၀၀ ခန့်သည် ဘေးလွတ်ရာနေရာများကို ထွက်ပြေးတိမ်းရှောင် နေရလျက်ရှိသည်။

အာဏာသိမ်းပြီးချိန်မှ စတင်ပြီး စစ်ကောင်စီတပ်များ၏ မီးရှို့မှုကြောင့် ခင်ဦးမြို့နယ်အတွင်းရှိကျေးရွာ ၆၆ ရွာမှနေအိမ် ၄၀၀၀ ကျော်ပျက်စီးခဲကာ အရပ်သား ၂၅၀ နီးပါးထိ အသက်ဆုံးပါးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ စာရင်းများအရ သိရသည်။





ဆက်ဖတ်ရန် →