နောက်ဆုံးရ

အောင်ပန်းမှာ အလောင်းပါဖျောက်ပြီး မီးရိူ့ခံရသူတွေပါ

 တစ်ချို့မိဘတွေကမသိသေးဘူး။
 ပျောက်နေတယ်ထင်ပြီးရှာနေကြတယ်
 ပြောပေးလိုက်ကြပါအုံးနော်
  Crd ရှမ်းပြည်သူလေး
ဆက်ဖတ်ရန် →

၂၂ရက်နေ့ EU ကအရေးယူပိတ်ဆို့မှုစာရင်း

*ဦးချစ်ခိုင်  (ဧဒင် မြန်မာ့ရှေ့ဆောင်ဘဏ် ဥက္ကဌ)
*သူရရွှေမန်း
*​ဇေကမ္ဘာခင်ရွှေ
*သက်သက်ခိုင်
*အောင်ပြည့်စုံ ၊ချွေးမ၊ သမီး
*ထွန်းနိုင်ရွှေ ၊တေဇ ၊ရွှေသံလွင်ကျော်ဝင်း
*အောင်သောင်းသား နေအောင်၊ပြေအောင်
*အေးနေဝင်း၊ အောင်သက်မန်း
*အင်းဝဘဏ်၊မြဝတီဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊နဲ့ ဦးပိုင် ဆောက်လုပ်ရေးကုမ္ပဏီးများလည်း ပါဝင်

#RFA ၂၂.၃.၂၀၂၁ ညသတင်း 
ဆက်ဖတ်ရန် →

အမေရိကန်ဟာ အရာရှိနှစ်ဦးနှင့် တပ်ရင်းယူနစ်၂ခုကို ယနေ့မှာတာဝန်ပေးအပ်ခဲ့ပါတယ်

Dream come true
 ---------------- 
 code2 
 US Secretary Anthony Blinken
ရဲ့နောက်ဆုံးtweetပါ မြန်မာ့အရေးနဲ့ပတ်သတ်ပြီး ပြတ်ပြတ်သားသားပြောလိုက်ပါပြီ
မြန်မာပြည်မှာ မြင့်တက်လာနေတဲ့အကြမ်းဖက်မှုများကိုတုံ့ပြန်ရန်အတွက် အမေရိကန်ဟာအရာရှိနှစ်ဦးနှင့် တပ်ရင်းယူနစ်၂ခုကို ယနေ့မှာတာဝန်ပေးအပ်ခဲ့ပါတယ်
အာဏာသိမ်းစစ်တပ်ကို တရားမဝင်ဖမ်းစီးထားသူများကိုပြန်လွှတ်ရန်ရက်ရက်စက်စက်သတ်ဖြတ်နေမှုများရပ်တန့်ရန်နှင့် ဒီမိုကရေစီနည်းအရရွေးကောက်ခံအစိုးရကို အာဏာပြန်အပ်နှင်းရန် သတိပေးလိုက်ပါသည် full articleထဲမှာမြန်မာစစ်အရာရှိနှစ်ဦးရယ် တပ်မ၇၇ ရယ် ၃၃ရယ်ကိုsanctionယူတာပါတဲ့
https://home.treasury.gov/news/press-releases/jy0071
 Crd



ဆက်ဖတ်ရန် →
ပြန်လာပါ GZ

ပြန်လာပါ GZ

လမ်းတလျောက်အကာအကွယ်တွေလိုက်ဖယ်ခိုင်းလို့ ဖယ်ပေးနေကြရတယ် 

လမ်းထဲကလူတွေခေါ်ဖယ်ခိုင်းတယ် ရန်ရှာခံအဖမ်းခံ ရတယ်၊ Gen Zတွေ 

ဟာအသေခံပြီးရပ်ကွက်အလိုက်လိုက်ပြီး ခုခံပေးနေတုန်းကဒီစည်းမကျိူးဖူး 

Gen LEE တွေဆဲလွှတ်လို့ စောလူးမင်းကိုလွှတ်ချသလို လွှတ်ချထားခဲ့ကြတာ

 Gen Z တွေပြန်လာနိုင်အောင် Gen lee စောက်ပေါက် တွေပိတ်ပေးကြပါ 

တပတ်နှစ်ပတ်လောက် တောင့်ခံပေးကြပါ မန်းလေးမှာဆိုအစစ်တွေနဲ့တောင်

ပြန်တွယ်နေပြီ ရန်ကုန် ဘယ်လဲဘာလဲ....

ဆက်ဖတ်ရန် →
အိမ်သော့ခတ်နေရင်း Sniper မှန်သွားတဲ့ မန္တလေး မြရည်နန္ဒာအိမ်ယာက ၁၃ နှစ်သားလေးထွန်းထွန်းအောင်

အိမ်သော့ခတ်နေရင်း Sniper မှန်သွားတဲ့ မန္တလေး မြရည်နန္ဒာအိမ်ယာက ၁၃ နှစ်သားလေးထွန်းထွန်းအောင်

အိမ်သော့ခတ်နေရင်း Sniper မှန်သွားတဲ့ မန္တလေး မြရည်နန္ဒာအိမ်ယာက ၁၃ နှစ်သားလေးရဲ့ အမေပါ။
ထွန်းထွန်းအောင်
၁၃ နှစ်။
၈ တန်းတက်​နေသူဖြစ်ပြီး ​ကျောက်ပိတ်ရက်မှာ ​ကျောက်​သွေးလုပ်ငန်း လုပ်ကိုင်ပြီး မိသားစုကို လုပ်ကိုင်​ကျွေး​နေတဲ့ကလေးငယ်တယောက်ပါ
လုံး၀စိတ်မကောင်းဖူး😢
အနာဂတ်ငွေကြယ်ပွင့်လေးတွေ အခုလို ကြွေလွင့်သွားရတော့.....
မိခင်ဖြစ်သူရင်ထဲ ဘယ်လောက်တောင်နာကျင်ကြေကွဲလေ့မလဲ
သူ့ဘာသာသူနေတဲ့ကလေးကို😢
ချမ်းမြသာစည်မြို့နယ်အတွင်းက ​အောင်သာယာ၊ အောင်ပင်လယ်၊ သင်ပန်းကုန်းနဲ့ မြရည်နန္ဒာရပ်ကွက်အတွင်းကို မတ် ၂၁ ရက်၊ မ​နေ့မနက်က စတင်ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့​ဝင်တွေက ပစ်ခတ်​နေပြီး ဒီက​နေ့ တစ်ရက်ထဲမှာ ​သေဆုံသူ လေးယောက် ရှိသွားပါပြီ။
Video credit


 
ဆက်ဖတ်ရန် →

မန္တလေးမြို့ ကျဆုံးပြည်သူစာရင်း

မန္တလေးမြို့ ကျဆုံးပြည်သူစာရင်း
(20.3.2021)အထိ (35)ဦး

(1)ကိုနပွား(ခ)ကိုကိုဦး (32)နှစ်
(2) ကိုတူးအောင်(ခ)ကိုမာတူး
(3)ကိုနန္ဒ (44)နှစ်
(4)မောင်ဝေယံထွန်း (16)နှစ်
(5)ကိုမင်းမင်း(ခ)ကိုသက်နောင်ဝင်း (37)နှစ်
(6) ကိုကြည်စိုး(48)နှစ်
(7)ကိုရာဇာအောင် (26)နှစ် 
(8)ကိုမောင်မောင်ဦး (41)နှစ်
(9)ကိုကျော်ထက်ခေါင်(ခ)ကိုကုလားလေး (28)နှစ် 
(10)ရမ္မာဇာန်ဘီ(ခ)မဒေစီ(ခ)အပု (32) နှစ်
(11)မကြယ်စင်(ခ)တိန့်ကျားရှီး (19)နှစ် 
(12)ကိုမျိုးနိုင်လင်း(ခ)ကိုဖိုးလင်း (37)နှစ်
(13)မောင်နေမျိုးအောင်(ခ)မောင်ကုလား (16)နှစ်
(14)ကိုဇော်မျိုး (27)နှစ်
(15)မောင်နိုင်မင်းကို (20)နှစ်
(16)မောင်လင်းထက် (19)နှစ်
(17)ကိုစောပြည့်နိုင် (21)နှစ်
(18)ကိုမင်းမင်းထွန်း(ခ)
ကိုမျိုးမင်းထက် (36)နှစ်
(19)ဦးဝင်းဌေး(ခ)ဦးရှမ်းကြီး (41)နှစ်
(20)ဒေါ်ကေကြည် (53)နှစ်
(21)ဒေါ်ပြုံး (50)နှစ်
(22)ကိုရဲဆွေဦး (29)နှစ်
(23)ကိုစောရန်နိုင် (37)နှစ်
(24)ကိုမျိုးသန့်စိုး (23)နှစ်
(25)မရှယ်လီဝင်း(ခ)မချယ်ရီဝင်း (24)နှစ်
(26)ကိုကောင်းမြတ်ဟိန်း (30)နှစ်
(27)ကိုသက်နိုင်အောင်(ခ)ကိုဂျူနိုက်(21)နှစ်
(28)ဦးဇော်မင်းဦး(ခ)မာမွတ် (42) နှစ်
(29)မောင်သန်းထိုက်ဦး(ခ)ကိုမြမွှေး (26)နှစ်
(30)ကိုဝေဖြိုးသိန်း(ခ)ကိုကုလား (23) နှစ်
(31)ကိုသီဟကျော်(ခ)ကိုကျော်ကြီး (29)နှစ်
(32) ကိုပိုင်ဇေယျာ (20)နှစ်
(33)ကိုသီဟဖြိုး(ခ)ကိုကုလား (23)နှစ်
(34)ကိုစိုးသူ (31)နှစ် 
(35)မောင်မင်းမင်းဦး(17)နှစ်

စစ်အာဏာသိမ်းပြီးချိန်ကစလို့ (20.3.2021) အထိ မန္တလေးမြို့ရဲ့ မြို့နယ်(၇)ခုက ကျဆုံးပြည်သူစာရင်းပါ။ ဒီနေ့ကျဆုံးစာရင်းတွေကို ဆက်လက်စုံစမ်းနေပါတယ်။
ဆက်ဖတ်ရန် →
ငါးရာဖြစ်စေ တစ်ထောင်ဖြစ်စေ ကူညီပေးကြပါအုံးခင်ဗျာ

ငါးရာဖြစ်စေ တစ်ထောင်ဖြစ်စေ ကူညီပေးကြပါအုံးခင်ဗျာ

Kpay 09974497404 HtetAungKyaw WavePay 09402696036 Arkar Kpay 09977296179 HtutNaingWin Kpay 09794794374 MyintMyatSoe ကျနော့်ကို ခင်တဲ့ မိတ်ဆွေ သူငယ်ချင်များ အကူညီ တောင်းပါရစေ🙏🙏🙏 ကျနော်တို့ Denfense Team ထဲက ညီလေးတစ်ယောက် ဒီနေ့ အောင်ပင်လယ်မှာ ခွေးများလက်ချက်ဖြင့် ကျည်အစစ် ၃ချက် ထိခဲ့ပါတယ် လက် လက်မောင်း နဲ့ ဝမ်းဗိုက် ထိသွားပါတယ် အခုဆေးရုံမှာ ခွဲခန်းဝင်နေရပါတယ် သူ့အတွက် လိုအပ်မည်ထင်သောကြောင့် အလှူငွေ ကောက်ခံပါရစေခင်ဗျာ ငါးရာဖြစ်စေ တစ်ထောင်ဖြစ်စေ ကူညီပေးကြပါအုံးခင်ဗျာ #အရေးတော်ပုံမုချအောင်ရမည်
ဆက်ဖတ်ရန် →
ကျောက်မျက်ဝယ်ယူသည့် ကုမ္ပဏီများအား အမည်ပျက်စာရင်း ( Black List ) တွင် ထည့်သွင်း သတ်မှတ်၍အရေး ယူ ဆောင်ရွက်သွားမည်

ကျောက်မျက်ဝယ်ယူသည့် ကုမ္ပဏီများအား အမည်ပျက်စာရင်း ( Black List ) တွင် ထည့်သွင်း သတ်မှတ်၍အရေး ယူ ဆောင်ရွက်သွားမည်

ကြေညာချက်အမှတ်(၄/၂၀၂၁) ၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း (၁၀) ရက် (၂၀၂၁ ခုနှစ်၊ မတ်လ ၂၂ ရက်) အကြောင်းအရာ ။ ။ တရားမဝင် အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီ၏ အကျိုးစီးပွားအတွက် မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီက ကျင်းပဆောင်ရွက်မည့် ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့်ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲသည် တရားမဝင်ကြောင်းနှင့် ပူးပေါင်းပါဝင် ရောင်းချ၊ ဝယ်ယူသည့် ကျောက်မျက် ရတနာလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများအား အမည်ပျက်စာရင်း ( Black List ) တွင် ထည့်သွင်း သတ်မှတ်၍အရေး ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်။ ရည်ညွှန်းချက် ။ ။ ဒုတိယသမ္မတဦးဆောင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁) ဆုံးဖြတ်ချက် ၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ရေနံ၊ သဘာ၀ဓာတ်ငွေ့၊ ကျောက်မျက်၊ သတ္တု စသော သယံဇာတများသည် ပြည်ထောင်စုတစ်ဝှမ်းရှိ နိုင်ငံသားပြည်သူများ၏ ဘိုးဘွားပိုင်အမွေအနှစ်ဖြစ်ပြီး မျက်မှောက်နှင့် အနာဂတ်ပြည်သူများအတွက် စနစ်တကျ ထုတ်ယူသုံးစွဲရမည် ဖြစ်ပါသည်။ ၂။ တရားမဝင် အာဏာသိမ်း စစ်ကောင်စီ သည် ယင်းတို့၏ ပုဂ္ဂလိက အကျိုးစီးပွားအတွက် ကျောက်မျက်ရတနာ ပြပွဲတစ်ရပ်ကို မကြာမီ ကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ ၃။ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ် ကိုဗစ်-၁၉ ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေသည့်ကာလ ဖြစ်သည့်အပြင် အာဏာသိမ်း စစ်ကောင်စီ၏ အဆင်အခြင်မဲ့ လုပ်ရပ်များကြောင့် ပြည်သူလူထု နေ့စဉ်ထိခိုက်နစ်နာနေသော ယခုကာလတွင် နိုင်ငံ၏သယံဇာတ များကို ရောင်းချခြင်းသည် ခွင့်လွှတ်နိုင်ဖွယ် မရှိသောလုပ်ရပ်ဖြစ်သည်။ ၄။ သို့ဖြစ်ပါ၍ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေနှင့် အဆိုပါ ကျောက်မျက်ရတနာ ပြပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုရန် တားမြစ်လိုက်သည်။ ၅။ ပူးပေါင်းပါဝင် ရောင်းဝယ်ကြောင်း တွေ့ရှိပါက အမည်ပျက်စာရင်း (Black List) တွင် ထည့်သွင်းပြီး ပြည်သူ့ အစိုးရအနေဖြင့် မည်သည့်စီးပွားရေးလုပ်ငန်းမျှ လုပ်ဆောင်ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ် ကြောင်း သတိပေးလိုက်သည်။
ဆက်ဖတ်ရန် →

ဒုတိယသမ္မတဦးဆောင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁)ဆုံးဖြတ်ချက်

အ ကြေညာချက်အမှတ်(၅/၂၀၂၁)
၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း (၁၀) ရက်
(၂၀၂၁ ခုနှစ်၊ မတ်လ ၂၂ ရက်)

အကြောင်းအရာ ။  ။  လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကို လစဉ်ထောက်ပံ့ချီးမြှင့်သော လူမှုရေးပင်စင်အား အချိန်မီပေးအပ်နိုင်
ရေး အမြန်ဆုံးစီစဉ်ဆောင်ရွက်သွားရန်ကိစ္စ။

ရည်ညွှန်းချက် ။  ။ ဒုတိယသမ္မတဦးဆောင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁)ဆုံးဖြတ်ချက်

၁။ ပြည်သူ့အစိုးရက ၂၀၁၇။၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်၍ အသက် (၉၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ခံစားခွင့်ရှိသူများအဖြစ် သတ်မှတ်ထားရာမှ ၂၀၁၈။၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အသက် (၈၅) နှစ် နှင့်အထက် သက်ကြီးဘိုးဘွား များအထိ လူမှုရေးပင်စင် ခံစားခွင့်ရှိသူများအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ယနေ့တိုင် တစ်လလျှင် ၁၀၀၀၀ ကျပ် (ကျပ်တစ်သောင်းတိတိ) ထောက်ပံ့ပေးလျက်ရှိပါသည်။

၂။ ထိုကဲ့သို့ ထောက်ပံ့ချီးမြှင့်ရာတွင် သုံးလတစ်ကြိမ် ဘိုးဘွားတစ်ဦးလျှင် ၃၀၀၀၀ကျပ်(ကျပ်သုံးသောင်းတိတိ) တစ်လုံးတစ်ခဲ တည်း ထောက်ပံ့ပေးအပ်လျက်ရှိပါသည်။

၃။ မြန်မာနိုင်ငံ၌ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားဦးရေ တစ်သိန်းကျော်ခန့်ရှိပြီး ၂၀၂၀/၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် လိုအပ်သည့် ငွေကျပ်သန်းပေါင်း ၉၁၅၀.၈၇၀ အား ပြည်သူ့အစိုးရမှ လျာထားခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။

၄။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ လအတွက် ပထမသုံးလပတ် ထောက်ပံ့ချီးမြှင့်ငွေများအား ပြည်သူ့အစိုးရမှ ဘိုးဘွားများထံ လက်ရောက် ပေးအပ်ခဲ့ပြီး ဖြစ်သည်။

၅။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လအတွက် ဒုတိယသုံးလပတ် ထောက်ပံ့ချီးမြှင့်ငွေများအား ယခုလကုန်တွင် အချိန်မီ ပေးအပ်ရန်ဖြစ်သောကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးစီစဉ် ဆောင်ရွက်ရန် ညွှန်ကြားလိုက်သည်။

၆။ အဆိုပါ ထောက်ပံ့ငွေများအား တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အလုံးစုံဖြစ်စေ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း၊ အလွဲသုံးစားပြုခြင်းများ စီစစ်တွေ့ရှိရပါက ကျုးလွန်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူ သွားမည်ဖြစ်ကြောင်း ပြင်းထန်စွာ သတိပေးလိုက်သည်။

ဆက်ဖတ်ရန် →

စစ်ခွေးလက်ပါးစေ ပြည်သူ့ သစ္စာဖောက် ဒေါက်တာဇော်ဝင်းထွဋ် နှင့် ဒေါက်တာသက်သက်ဆွေ

မန္တလေး ဆေးရုံကြီး ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်ခဲ့တဲ့ ဆရာဝန်တွေကို မန္တလေးမြို့နေရာ အတော်များများမှာ Social Punishment ပြုလုပ်ထားတဲ့ Vinyl တွေ Sticker တွေကို ချိတ်ဆွဲ ကပ်ထား

---------------------------

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်ခဲ့တဲ့ ဆရာဝန်တွေကို မန္တလေးမြို့နေရာ အတော်များများမှာ Social Punishment ပြုလုပ်ထားတဲ့ Vinyl တွေ Sticker တွေကို ချိတ်ဆွဲ ကပ်ထားတာတွေကို ဒီနေ့ မတ်လ ၂၂ရက်မှာတွေ့ရပါတယ်။

ကပ်ထားတဲ့ Vinyl  တွေမှာတော့ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆရာဝန်နှစ်ဦးရဲ့ ပုံနဲ့အတူ"မန္တလေးဆေးရုံကြီး ပြန်လည်ဖွင့်လှစ်ရန် ဦးဆောင်ကြိုးပမ်းနေသော စစ်ခွေးလက်ပါးစေ ပြည်သူ့ သစ္စာဖောက် ဒေါက်တာဇော်ဝင်းထွဋ် နှင့် ဒေါက်တာသက်သက်ဆွေ"လို့ ရေးသားဖော်ပြထားတာလည်း တွေ့ရပါတယ်။

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး ပြန်ဖွင့်မယ်လို့ အာဏာသိမ်း စစ်ကောင်စီက မတ် ၁၆ရက်နေ့က ဆိုင်းဘုတ်ထောင်ခဲ့ပါတယ်။

ဆက်ဖတ်ရန် →

ပြင်သစ်နိုင်ငံသည် စစ်ကောင်စီကိုအသိအမှတ်မပြု



ပြင်သစ်နိုင်ငံသည် အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ် မပြုကြောင်းနှင့် စီးပွားရေးပိတ်ဆို့မှုကို တိုးချဲ့ရန် စဥ်းစားနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ယနေ့ (မတ် ၂၂ ရက်) တွင် ထုတ်ပြန် လိုက်သည်။ 

ပြင်သစ်အထက်လွှတ်တော်၌ မြန်မာ့အရေးနှင့်ပတ်သက်သည့် မေးခွန်းတစ်ခုအပေါ် ပြင်သစ် နိုင်ငံရပ်ခြားကုန်သွယ်ရေးနှင့် စီးပွားရေး၀န်ကြီး Franck Riester က မတ် ၁၇ ရက်တွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ပြင်သစ်အနေဖြင့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင် အရာရှိ ၁၁ ဦးကို အရေးယူမှုတွင် ပါဝင်မည်ဖြစ်ပြီး ယင်းအရေးယူမှုကို ယနေ့ ချမှတ်မည်ဖြစ်သည်။

ထို့အပြင် ပြင်သစ်သည် စီးပွားရေးပိတ်ဆို့အရေးယူမှုများကို တိုးချဲ့ရန်လည်း စဥ်းစားနေပြီး ယခုကဲ့သို့ အလွန်အန္တရာယ်များသော ကာလတွင် မြန်မာစစ်တပ်သို့ ငွေကြေး စီးဆင်းမှုဖြစ်စေသော လုပ်ရပ်များ အားလုံး ရပ်တန့်ရမည်ဖြစ်ကြောင်း Franck Riester က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီအပေါ် ကမ္ဘာက တုံ့ပြန်မှုအဖြစ် စစ်တပ်ထံစီးဝင်နေသည့် ငွေနှင့် လက်နက် များကို ဖြတ်တောက်ပစ်ရမည်ဟု ကုလသမဂ္ဂ၏ မြန်မာလူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က တိုက်တွန်းထားသည်။


ဆက်ဖတ်ရန် →

အချင်းချင်း ခုတ်သတ် နှစ်ဦးလုံးသေ


မိတ္ထီလာ၊ အောင်သန်းဆွေ(တပ်ကြပ်ကြီး အမှတ်၂ ရဲစခန်း)
နှင့် ကိုဝဏ္ဏ(သစ်တောဌာန)တို့ ညောင်မြင့်ကျေးရွာအနားအချင်းချင်း ခုတ်သတ် နှစ်ဦးလုံးသေ။

ပုံ စာ Crd

အမှန်တရားဘက်တော်သားများ✔ 
အမှန်တရားဘက်တော်သားများအုပ်စု
ဆက်ဖတ်ရန် →