နောက်ဆုံးရ
PNO နယ်ထဲမှာ မိတဲ့သေနတ်တွေကို PDF သယ်လာတဲ့ သေနတ်တွေလို့ စစ်ကောင်စီ သတင်းဖြန့်

PNO နယ်ထဲမှာ မိတဲ့သေနတ်တွေကို PDF သယ်လာတဲ့ သေနတ်တွေလို့ စစ်ကောင်စီ သတင်းဖြန့်

မဲခေါင်၊ ဒီဇင်ဘာ ၁၉

PNO နယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နယ်မှာ ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက် ၉ နာရီက PDF တွေ သယ်ဆောင်လာတဲ့ လက်နက်များစွာ ဖမ်းမိပြီး လိုက်ပါလာသူတွေ ထွက်ပြေးသွားတယ်လို့ စစ်ကောင်စီ အာဘော် သတင်းဌာနတွေက မနေ့က ဖော်ပြပါတယ်။

ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအနီးမှာ ပင်လုံမြို့၊ ဆနင်းကျေးရွာဘက်မှ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာ  ဘက်သို့ မောင်းနှင်လာတဲ့ ၆ ဘီးကားကို ရှာဖွေစစ်ဆေးရာ PDF အဖွဲ့ဝင်တွေ လျှို့ဝှက် သယ်ဆောင်လာတဲ့ Type-81 အမျိုးအစား သေနတ် ၄၉၉ လက်၊ ကျည်အိမ် ၄၉၈ ခုနဲ့ တခြား ဆက်စပ် ပစ္စည်းတွေ သိမ်းဆည်း ရမိခဲ့တယ်လို့ သတင်းဖြန့်ထားတာ ဖြစ်ပါတယ်။

"ပင်လုံဖက်က လာတယ်ဆိုတော့ အဲဒီမှာ RCSS ဂိတ်ရော၊ PNO ဂိတ်ရော ရှိတယ်။ ပြီးတော့ အဲဒီလမ်းက ရပ်စောက်သွားလမ်း။ စစ်တပ်ဂိတ်က ၂ ဂိတ်၊ ၃ ဂိတ်ရှိတာ။ ဒါကို ဘယ် PDF က အဲဒီလမ်းကနေ လက်နက် သယ်မှာလဲ။ နောက်တစ်ခုက ပင်လုံ၊ ဟိုပုံး၊ ရပ်စောက် ၃ ဒေသလုံးမှာ PDF မှ မရှိတာ။ သတင်းဖြန့်တာတောင် ဦးနှောက်ရှိရှိ မဖြန့်တတ်ဘူး" လို့ ဟိုပုံးဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီကားဟာ ရပ်တန့်မပေးဘဲ မောင်းနှင်ထွက်ပြေး သွားတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ ကားကို ရပ်တန့်ခဲ့ပြီး လိုက်ပါလာသူတွေ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

အခုဖမ်းမိတဲ့ လက်နက်တွေဟာ UWSA ၀ တပ်ဖွဲ့က ထုတ်လုပ်တဲ့ လက်နက်တွေ ဖြစ်တယ်လို့ စစ်တပ် အာဘော် သတင်းဌာနတွေက စွပ်စွဲမှုတွေ ရှိနေပေမယ့် ၀ တပ်ဖွဲ့ဖက်က တုန့်ပြန် ဖြေရှင်းတာ မရှိသေးပါဘူး။

သိမ်းဆည်းရမိတဲ့ လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့က လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စစ်ဆေး ဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီဝါဒဖြန့်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

MK-008
#MeKongNews


ဆက်ဖတ်ရန် →
“ရွှေဘ နောက်ပိုင်း ကြမ်းမည်”

“ရွှေဘ နောက်ပိုင်း ကြမ်းမည်”

“ရွှေဘ နောက်ပိုင်း ကြမ်းမည်” ကာလ ထဲ စတင် ချည်းနင်း ဝင်ရောက်လာပြီ
***************
ကုလ အထွေထွေ ညီလာခံ၏ ကိုယ်စားလှယ် ခန့်အပ်ရေး ကော်မတီမှ တနင်္လာနေ့တွင် တွေ့ဆုံဆွေးနွေးပြီး စစ်အာဏာသိမ်း အဖွဲ့မှ သံအမတ်အသစ် အမည်စာရင်း တင်သွင်းလာမှု အပေါ် မဲ ပင် ခွဲစရာ မလိုပဲ ဆုံးဖြတ်ချက် ပေးရန် နောက်တကြိမ် ထပ်မံ ရွှေ့ဆိုင်းလိုက်သည့် ဆုံးဖြတ်ချက်အား အထွေထွေ ညီလာခံမှ သောကြာနေ့တွင် တရားဝင်  ကျေညာလိုက်ခြင်းဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရဖက်မှ ရပ်တည်လာခဲ့သူ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းသည် ဆက်လက် ၍ တည်မြဲသွားခဲ့ပြီ ဖြစ်သည်။

ထိုဆုံးဖြတ်ချက် အပေါ် လန်ဒန် အခြေစိုက် မြန်မာ အရေး တာဝန်ခံမှု ထွက်ပေါ်ရေး ပရိုဂျက်၏ ဒါရိုက်တာ ဖြစ်သူ ဘီဘီစီ သတင်းထောက်ဟောင်းကြီး ခရစ် ဂန်းနက်စ် (ပုံတွင် ရှု)  မှ ကြိုဆိုလိုက်ပြီး “တရားမဝင် စစ်အာဏာသိမ်း ခေါင်းဆောင်များမှ နိုင်ငံတကာ၏ အသိအမှတ် ပြုခံရရေး ကြိုးပမ်းလာနေချိန်တွင် ယခုလို ရွှေ့ဆိုင်းခံလိုက်ရခြင်းသည် သံတမန်ရေးအရ ရော၊ သင်္ကေတ သဘောအရပါ လွန်စွာ လေးနက် မှု ရှိသည်” ဟု ဆိုသည်။

“ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် အရှေ့တောင်အာရှတွင် ပိုပေါ့ ၏ ခမာနီ အုပ်ချုပ်ရေး ကာလအတွင်း ပေါ်ပေါက်ခဲ့သော အကြမ်းဖက် လုပ်ရပ်များ နောက်တွင် တခါဖူးမျှ မကြုံဖူးသည့် အတိုင်းအတာဖြင့် မြန်မာ ပြည်သူများ အပေါ် အကြမ်းဖက်မှု ကျုးလွန်နေခဲ့သူ ဖြစ်သည်” ဟုလည်း နှိုင်းယှဉ် ပြောဆိုသွားခဲ့သည်။

အဆိုပါ ပရိုဂျက်၏ တာဝန်ရှိသူ တဦး လည်း ဖြစ်သည့် ဒါမီယန် လီလီမှလည်း ကုလ အနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရအား ကုလ လက်အောက်ခံ အဖွဲ့အစည်း အသီးသီး တွင် ကိုယ်စားပြုခွင့် ပေးရန် နှင့် ဦးကျော်မိုးထွန်းအားလည်း ကုလ အခွင့်အရေးများ နှင့် ခံစားခွင့်များ အပြည့်အဝပေးပါရန် တိုက်တွန်းခဲ့ပြန်သည်။

လက်ရှိတွင် ဦးကျော်မိုးထွန်းသည် အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိ အထွေထွေ ညီလာခံတွင် မြန်မာ ကိုယ်စားပြု တက်ရောက်ခွင့် ရှိနေသော်လည်း ကုလ လူ့အခွင့်အရေး ကောင်စီ၏ မြန်မာနေရာသည် လစ်လပ်နေဆဲပင် ဖြစ်သည်ဟု ထောက်ပြခဲ့သည်။ ယင်းသည် မြန်မာပြည်သူ ၅၅ သန်းမှ ၂၀၂၀ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို ရွေးချယ်တင်မြှောက်ခဲ့သော အစိုးရတရပ်၏ ကိုယ်စားပြုနိုင်ခွင့်ကို ငြင်းပယ်ရာ ရောက်နေသည်၊ အစရှိသဖြင့် ၎င်းတို့ ၏ ပြောဆိုခဲ့မှုများကို ဝါရှင်တန် ပို့စ် သတင်းစာကြီးတွင် အကျယ်တဝင့် ဖေါ်ပြထားသည်။

အလားတူပင် မြန်မာစစ်ကောင်စီ ကဲ့သို့ပင် နာမည်ဆိုးဖြင့် ကျော်ကြားနေသော တာလီဘန် အဖွဲ့ကိုယ်စားလှယ် စေလွှတ်ခွင့်ကိုလည်း ငြင်းပယ်ခြင်း ခံခဲ့ရသည်။

ဦးကျော်မိုးထွန်း နှင့် RFA အင်တာဗျုးတွင် မိမိ၏ လုပ်ပိုင်ခွင့် ဘောင်အတွင်းမှ တိုင်းပြည် နှင့် လူမျိုး အတွက် ကောင်းရာကောင်းကျိုး ကို ဆက်လက်သယ်ပိုးသွားမည် ဖြစ်ပြီး နိုင်ငံတကာအားလည်း မြန်မာပြည်သူတို့ ရင်ဆိုင်နေရသော အခက်အခဲ၊ ပြဿနာများကို ပိုမို သိရှိသဘောပေါက်လာအောင် ရှင်းပြသွားမည် ဟု ဆိုသည်။

လက်ရှိတွင် မြန်မာပြည်သူ ၂၆၀၀ နီးပါးသည် စစ်ကောင်စီ၏ ဥပဒေမဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ကြရပြီး တနိုင်ငံလုံးရှိ ပြည်သူများလည်း ကိုယ်ရော စိတ်ပါ ဒုက္ခသုက္ခများ ကြုံတွေ့နေရပြီဖြစ်သည်၊ ကုလ စာရင်းဇယားများအရ ၁၄ သန်း ခန့်ရှိ ပြည်သူများသည် အစားအသောက် ရှားပါး ပြတ်လတ်မှု နှင့် ရင်ဆိုင်နေရကြောင်း၊ ထို့အတွက်ကြောင့်လည်း ပြည်တွင်း ပြည်ပ နှင့် NUG အပါအဝင် အဖွဲ့အစည်း ပေါင်းစုံမှ ထုတ်ဖေါ်ပြောဆိုနေရခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အတွက် လက်ရှိတွင် ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီသို့ တင်သွင်းရန် ဆုံးဖြတ်ချက် မူကြမ်း အား ဗြိတိန်မှ ဩဂုတ်လ ကတည်းက ဦးဆောင်ရေးဆွဲခဲ့ပြီး ယင်း အပေါ် ကောင်စီ ဝင် နိုင်ငံများ အကြား ဆွေးနွေးမှုများ ပြုလုပ်နေပြီး အတည်ပြုရန် နီးစပ်လာနေပြီ ဖြစ်၍ တိုးတက်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ ဆုံးဖြတ်ချက် ချမှတ်ပြီးပါက မြန်မာ ပြည်သူများ အပေါ် စစ်တပ်မှ ရက်စက် ကြမ်းကြုပ်စွာ ပြုကျင့်နေမှုများ ကို ကမ္ဘာအား မီးမောင်းထိုးပြလိုက်ခြင်းသာ ဖြစ်၍ ထိရောက်ပြတ်သားသည့် အရေးယူမှုများ ဖြစ်ပေါ်လာအောင် လမ်းခင်းပေးနိုင်စွမ်း ရှိသည်ဟု လည်း ပါရှိခဲ့သည်။

ရန်ကုန်ရှိ ကုလ အဖွဲ့အစည်းများ နှင့် အင်ဂျီအို များ သည် အကူအညီများကို အမှန်တကယ် လိုအပ်နေသူ များ ထံ ရောက်ရှိလိုသည်ဆိုက ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်း အားလုံး နှင့် ဆက်သွယ်နိုင်မှသာ ဖြစ်မည်ဟုလည်း ထောက်ပြသွားခဲ့သည်။

လက်ရှိတွင် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ မှ ပြည်သူတို့၏ တော်လှန်ရေးကို ပုံပေါ်လာအောင် ဆောင်ရွက်ရာတွင် ပို၍ ပို၍ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ကို မည်သူမျှ မငြင်းနိုင်အောင် ထင်ရှားလာနေပြီ ဖြစ်၍ ကုလ တခုတည်း အပေါ် မျှော်ကြည့်နေ၍ မရကြောင်း၊ ကုလ သည် နိုင်ငံပေါင်း ၁၉၃ နိုင်ငံ ပါဝင်နေ၍ နိုင်ငံတခုစီ၏ ဆုံးဖြတ် လုပ်ဆောင်မှုများကို ထည့်သွင်းစဉ်းစားရ၍ ကြန့်ကြာမှုများ ရှိနေ၍ ဖြစ်သည်ဟု ဆိုသည်။

အချို့နိုင်ငံများက NUG အား လူသိရှင်ကြား အသိအမှတ်ပြုခြင်း မရှိသော်လည်း အတူ လက်တွဲ လုပ်ဆောင်လာနေပြီ ဖြစ်၍ ကျန် နိုင်ငံများကိုလည်း ထိုအတိုင်း လုပ်ပေးခြင်း ဖြင့် မြန်မာ ပြည်သူများ အား အကူအညီပေးကြပါရန် တောင်းဆိုသည်ဟု ဆိုသည်၊ NUG သည် တည်ထောင်ပြီး လ ပေါင်း နှစ်ဆယ်အတွင်း တိုးတက်မှု အများအပြား ထွက်ပေါ်လာအောင် ဖေါ်ဆောင်နိုင်ခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်ဟု ပြောဆိုသွားခဲ့သည်။

မင်းအောင်လှိုင်သည် ၎င်း၏ အာဏာ တည်မြဲရေး အတွက် မည်သည်ကိုမျှပင် ဂရုမစိုက်နိုင်အားတော့ပဲ မဲမဲ မြင်ရာ တိုက်လေယာဉ်များ စေလွှတ်ကာ ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြင့် စိတ်ရောကိုယ်ပါ ဖိစီးလာနေချိန်တွင် ယ ခုအပတ်အတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းအား လက်ရှိတာဝန်များ ဆက်လက် ထမ်းဆောင်ရန် ဆုံးဖြတ်ချက် နှင့် အတူ အမေရိကန် လွှတ်တော်နှစ်ရပ်လုံးမှ BURMA ACT ပါဝင်သည် ကာကွယ်ရေး အသုံးစရိတ်ကို အတည်ပြု ပေးလိုက်ပြီ ဖြစ်သည်။

နှစ် နှစ်လုံးလုံး သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောသလို ကိုယ်ရော စိတ်ပါ ကြိမ်မီးအုံးသလို ထိခိုက် ခံစား‌နေခဲ့ရပြီး နောက် မျှော်လင့်ချက် ရောင်ခြည်များ သမ်းလာနေပြီ ဖြစ်သည့် “ရွှေဘ နောက်ပိုင်း ကြမ်းမည်” ကာလ ထဲ စတင် ချည်းနင်း ဝင်ရောက်လာနေခြင်းဟု မဆိုက အခြားမည်သို့မျှ ပြောနိုင်ပေဦးမည်နည်း။

This is the moment of “Shew Ba’s comeback in full force”.

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

လှစိုးဝေ



ဆက်ဖတ်ရန် →
PDF တပ်သား ၆၅၀၀၀ ကျော်ခန့်ရှိ

PDF တပ်သား ၆၅၀၀၀ ကျော်ခန့်ရှိ










ဂျာမန် DW သတင်း ဌာက ၁၇-၁၂-၂၀၂၂ ဒီနေ့ 
ထုတ်လွှင့် သွားတဲ့ မြန်မာ က ပီဒက်တွေအကြောင်း 
Documentary သတင်း ဗီဒီယိုပါ။

ဂျာမန်သတင်းထောက်ဟာ ပီဒက်အချို့နဲ့
တွေ့ဆုံသတင်းယူခဲ့ပါတယ်။
ပီဒက် PDF တပ်သား ၆၅၀၀၀ ကျော်ခန့်ရှိနေပြီး ၊ 
သူတို့ဟာ မြန်မာပြည်ပြန်လည်လွတ်မြောက်ဖို့
ဘာကိုပဲပေးရ၊ပေးရ အသက်ကိုပင်မမှုပဲ
ရင်ဆိုင်နေကြပြီး စိတ်အားထက်သန်နေကြတယ်။

လူငယ်တွေ အဖွဲဖွဲ အသုတ်လိုက် ပီဒက် တပ်တွေ
အသီးသီး ကိုလာရောက်ပူးပေါင်းနေကြတယ်။

နောက်ဆုံးသတင်းက ပီဒက်ကလေး ပြောသွားတာ
ကတော့ သူတို့ နိုင်ငံခြားပြည်ပကလက်နက်ထောက်ပံ့
တာကို လိုချင်တယ်။

DW news
17-12-2022

ဆက်ဖတ်ရန် →
အရာရှိ ၂ ဦးကိုဖမ်းဆီးမှု တပ်တွင်းဝေ ဖန်ပြစ်တင်မှုများရှိနေ

အရာရှိ ၂ ဦးကိုဖမ်းဆီးမှု တပ်တွင်းဝေ ဖန်ပြစ်တင်မှုများရှိနေ

ခမရ ၄၀၅ မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး လှိုင်မင်းထွဋ် နဲ့အကြီးတန်းအရာရှိ ၂ ဦးကိုဖမ်းဆီးမှု တပ်တွင်းဝေ ဖန်ပြစ်တင်မှုများရှိနေပြီး စစ်ခေါင်းဆောင်တွေအပေါ် မကျေမနပ်ဖြစ်နေ

ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၈ ရက်

ကရင်ပြည်နယ်စစ်ဆင်ရေးအတွင်း စစ်တိုက်ဖို့ငြင်း ဆန်ခဲ့တဲ့ တနင်္သာရီတိုင်း၊သရက်ချောင်းမြို့အခြေ စိုက် ခမရ ၄၀၅ တပ်ရင်းမှူးနဲ့ဒုတပ်ရင်းမှူးအပါ တပ်အကြီးတန်းအရာရှိ ၃ ဦးကို ဖမ်းဆီးစစ်ဆေးနေတဲ့အပေါ် ခမရ ၄၀၅ တပ်ရင်း ကတပ်မိသားစုဝင်တွေ မကျေမနပ်ဖြစ်နေတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်နယ်မြေအတွင်းက စစ်ကောင်စီတပ်မဲဝိုင်စခန်းကို စစ်ကူ သွားရောက်ပူးပေါင်းဖို့ ခမရ ၄၀၅ ရဲ့ကွပ်ကဲမှုဖြစ်တဲ့ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၈) စကခ မှူး ဗိုလ်မှူးချုပ် အေး မင်းဦးမှ ဒီဇင်ဘာလ ၁၄ ရက်နေ့က ညွှန်ကြားမှုကို ခမရ ၄၀၅ တပ်ရင်းမှူး၊ဒုတပ်ရင်း မှူးနဲ့ တပ်ခွဲမှူး မှူး/ဗက ၁ ဦးတို့ က မသွားရောက်နိုင်ကြောင်းပြန်လည်ပြောဆို၍ အာဏာဖီဆန်တပ်တွင်းပုန်ကန်ခဲ့တာဖြစ်ပြီး အဲ့ဒီလို လုပ်ဆောင်ခဲ့လို့ စစ်ကောင်စီတပ်က ခမရ ၄၀၅ စစ်ကြောင်းကို သာလွန်အင်အားနဲ့ပြန်လည်ဝိုင်းပြီး တပ်အကြီးတန်းအရာရှိ ၃ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို ခမရ ၄၀၅ တပ်ရင်းမှူးအပါ အရာရှိ ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေမှုအပေါ် နောက်တန်း တပ်ရင်းမှ မိသားစုဝင်များက စစ်ခေါင်းဆောင်များအပေါ်ဝေဖန်ပြစ်တင်ပြောဆိုမှုများရှိနေပြီး မကျေမနပ်မှုများ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

''အဲ့ဒီဖြစ်စဉ်က တပ်ရင်းမှူးရော သူ့တပည့်တွေရောအကုန်လုံးတညီတညွတ်ထဲမသွားဘူးဆိုပြီးငြင်းတာ။ ဒါပေ မယ့်တပ်ရင်းမှူး၊ဒုရင်းမှူးနဲ့ မှူး/ဗက တွေက သူတို့ကခေါင်းဆောင်တွေဆိုတော့ သူတို့ဘဲခေါင်းခံပြီး အရေးယူခံလိုက်ရတာ။ တပ်မိသားစုတွေကတော့ သူတို့မတရားခိုင်းတာကိုပြန်ငြင်းတော့လည်းဒီလိုအရေး ယူလို့ဆိုပြီး အထက်ကပုဂ္ဂိုလ်တွေကို ပြောကြဆိုကြနဲ့ မကျေမနပ်တွေဖြစ်နေတယ်'' လို့ သရက်ချောင်းတပ်နယ်နဲ့နီးစပ်တဲ့ တပ်သတင်းရင်းမြစ်တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောပါတယ်။



ဆက်ဖတ်ရန် →
သီတာယုမွန်  (မြင်းခြံပျူအဖွဲ့(၆)ခေါင်းဆောင်)

သီတာယုမွန် (မြင်းခြံပျူအဖွဲ့(၆)ခေါင်းဆောင်)


သူ့သမီးအကြီးမလေးက မဟော်သဓါမှာတက်နေတာ

 နေ့လုံးဝအပြင်မထွက် ညဘက်မှာဘေးမှာ

၁၀ယောက်လောက်ခြံရံပြီးမှအပြင်ထွက်ကြောင်းသိ







ဆက်ဖတ်ရန် →
ရန်ကုန်-ဒလကူးတို့ သင်္ဘောပေါ် ပေါက်ကွဲမှုဖြစ်

ရန်ကုန်-ဒလကူးတို့ သင်္ဘောပေါ် ပေါက်ကွဲမှုဖြစ်

လူသေဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာရသူများပြား

မဲခေါင်၊ ဒီဇင်ဘာ  ၁၈

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် ရန်ကုန်-ဒလ ချယ်ရီ၁ ကူးတို့သဘော်ပေါ်မှာ ဒီနေ့ဒီဇင်ဘာ၁၈ရက် ညနေ၆နာရီ ၄၅မိနစ်က အချိန်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။




ရန်ကုန်ဘက်ကနေ ဒလဘက်ကို ကူးခါနီး ကမ်းကနေမခွာခင် ပေါက်ကွဲခဲ့တာဖြစ်ပြီး အဲဒီပေါက်ကွဲမှုကြောင့် သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ ပြည်သူအချို့သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အယောက်၂၀ဝန်းကျင်ခန့် ရှိတယ်လို့ သွားရောက်ကူညီသူတစ်ဦးက ပြောပါတယ်။

"လူနာတင်ယာဥ်တွေ မြို့နယ်အစုံက သတင်းကြားတော့လာသယ်နေတာ။ ကြားရသလောက်တော့ စာရင်းကောက်နေတာ သေတာ၃ဦး ထိခိုက်ဒဏ်ရာရတာ ၁၉ဦးရှိတယ်။ စာရင်းကတော့ကောက်နေတုန်းဆိုတော့ အတည်ပြုလို့မရ​သေးဘူး"လို့ သူကပြောပါတယ်။

ရန်ကုန်မြို့အတွင်း လသာ၊ ကျောက်တံတား၊ ပန်ဘဲတန်း၊ ဗိုလ်တထောင်၊ အလုံမြို့နယ်တွေကနေလည်း ညနေ၆နာရီ၄၅မိနစ်က ပေါက်ကွဲသံတွေကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

MK - 005
#MeKongNews





ဆက်ဖတ်ရန် →
သာယာဝတီထောင်က နိုင်/ကျဉ်းတွေ အလုပ်ကြမ်းပါလုပ်နေရ

သာယာဝတီထောင်က နိုင်/ကျဉ်းတွေ အလုပ်ကြမ်းပါလုပ်နေရ

သာယာဝတီထောင်က နိုင်/ကျဉ်းတွေ အလုပ်ကြမ်းပါလုပ်နေရကြောင်း မိသားစုဝင်တွေပြော
~~~~~
■ ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ်တဲ့အနေနဲ့ စစ်ကောင်စီရဲ့ အကျဉ်းထောင်ဝန်ထမ်းတွေက အလုပ်ကြမ်းတွေပါ ခိုင်းနေတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားဝင်တွေက ပြောပါတယ်။

အိမ်သာကျင်းကအစ တူးခိုင်းနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင် တစ်ဦးက RFA ကို ပြောပါတယ်။ 

“သာယာဝတီထောင်မှာ နိုင်/ကျဉ်းတွေကိုပဲ နှိပ်ကွပ်တဲ့သဘော ဖြစ်နေတယ်။ အရင်က ခိုး၊ ဆိုး၊ လု၊ နှိုက်တွေကို ခိုင်းတဲ့ မိလ္လာကျင်းတူးတာတို့ ဘာတို့ဆိုရင် အခုသူတို့ကို မခိုင်းတော့ဘဲနဲ့ နိုင်/ကျဉ်းတွေကို ခိုင်းနေတယ်။ အိမ်သာကျင်း တူးခိုင်းတယ်။ ယာခင်းထဲတွေ သွားခိုင်းတယ်။ ညဘက် အိပ်လို့မရအောင်လုပ်တယ်။ ဆူရင် ပူရင်လည်း အကျဉ်းသားအချင်းချင်းကို ရိုက်ခိုင်းတာတဲ့။ ရိုက်နှက်တဲ့သူကို ကော်ဖီမစ် ၃ ထုတ်ပေးပြီးတော့ ရိုက်ခိုင်းတာ”

နှလုံးယောင်နေတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးကိုလည်း ဆေးသေချာကုမပေးဘဲ ပစ်ထားတယ်လို့ ဆိုပါတယ်။   

ဒါ့အပြင် ထောင်ထဲမှာ လွတ်လွတ်လပ်လပ် သွားလာလို့မရအောင် လက်ရှိ သံဇကာတွေ ကာလိုက်လို့ လမ်းလျှောက်ဖို့နေရာ ကျဉ်းမြောင်းသွားတယ်လို့လည်း နိုင်/ကျဉ်း မိသားစုဝင်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကတော့ အကျဉ်းထောင်တွေမှာ မည်သူ့ကိုမဆို ဆေးကုသမှုပေးနေတယ်လို့ RFA ကို ဖြေဆိုထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်ထဲမှာ အကျဉ်းသား သေဆုံးမှုတွေအတွက် စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့မှာ တာဝန်ရှိတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ပြောဆိုထားပါတယ်။ 

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ  အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ ဖမ်းဆီးခံရသူ စုစုပေါင်း ၁၃၀၈၈ ဦးရှိပြီး အဲဒီအထဲက ၁၇၂၅ ဦးကတော့ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရပါတယ်။
_________

ပဲခူးတိုင်း သာယာဝတီ အကျဉ်းထောင်ဂိတ်တံခါးအား တွေ့ရစဉ်။ (Photo: RFA)


ဆက်ဖတ်ရန် →
တရုတ်လုပ်ငန်းရှင်တစ်ဦးရဲ့ သံကျောက်တူးဖော်တဲ့ လုပ်ကွက်ကို လေယာဉ်နှစ်စီးနဲ့ ဗုံးလေးလုံး လာကြဲ

တရုတ်လုပ်ငန်းရှင်တစ်ဦးရဲ့ သံကျောက်တူးဖော်တဲ့ လုပ်ကွက်ကို လေယာဉ်နှစ်စီးနဲ့ ဗုံးလေးလုံး လာကြဲ

ဝိုင်းမော်မြို့ KIA နယ်မြေထဲက တရုတ်လုပ်ငန်းရှင်ရဲ့ သံကျောက်တူးလုပ်ကွက် ဗုံးကြဲခံရ
~~~~~
■ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဆိုင်မိုင်ရွာက တရုတ်လုပ်ငန်းရှင်တစ်ဦးရဲ့ သံကျောက်တူးဖော်တဲ့ လုပ်ကွက်ကို ဒီဇင်ဘာလ ၁၇ ရက် မနေ့မနက်ပိုင်း စစ်ကောင်စီတပ်က လေယာဉ်နှစ်စီးနဲ့ ဗုံးလေးလုံး လာကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလုပ်ကွက်ဟာ အရင်က ခရိုနီစီးပွားရေးလုပ်ငန်းရှင် ဦးတေဇ လုပ်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် နောက်ပိုင်းမှာ တရုတ်လုပ်ငန်းရှင်တစ်ဦးက ပြန်လည်တူးဖော်နေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ 

 “အရင်က တေဇလုပ်တဲ့အချိန်တော့ ကန်တော်ယန်ကတစ်ဆင့် ကန်ပိုက်တီဘက်ကိုပို့တာ။ အဲချိန်မှာတော့ အပေါ်က လူကြီးတွေလည်း စားရ၊ အောက်ကဂိတ်မှာထိုင်တဲ့ သူတွေလည်း စားရတော့ အဲချိန်က ဘာမှမဖြစ်ဘူး။ အခုလည်း ကန်တော်ယန်ဘက်က တစ်ဆင့် ကန်ပိုက်တီဘက်က ပြန်သယ်ဖို့ပြောတာပေါ့ စကစတွေဘက်က။ အခုက ဒီလိုင်ဇာ ဘက်ကတစ်ဆင့် တရုတ်ကိုပို့တော့ စကစ မစားရတော့ဘူး။ စကစဘက်ကလည်း ဟိုတလောကနေ ကန်ပိုက်တီဘက်ကနေ မပို့ရင် အနှောက်အယှက်ပေးမယ်လို့ သတိပေးထားတာလို့ ကြားတယ်။ အခုမပို့တော့ သူတို့က လေယာဉ်နဲ့လာပစ်တာပေါ့။ လူထိတာတွေတော့ မရှိဘူး“

ဦးတေဇလုပ်ခဲ့ချိန်က စစ်ကောင်စီဂိတ်တွေရှိတဲ့ ဗန်းမော် -မြစ်ကြီးနားလမ်းကနေ တရုတ်ပြည်နယ်စပ် ကန်ပိုက်တီဂိတ်ကတစ်ဆင့် တရုတ်ပြည်ကိုပို့ခဲ့တာဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း လိုင်ဇာကနေပဲ တရုတ်ပြည်ကို ပို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း လေယာဉ်နဲ့ လာပစ်တာပဲသိရပြီး ဘာကြောင့် လာပစ်တယ်ဆိုတာနဲ့ အသေးစိတ်ကို မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

ဆိုင်မိုင်ရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်နဲ့ ကန်တော်ယန်ရွာရဲ့ အနောက်ဘက် ၁၀ မိုင်ခန့်အကွာမှာ ရှိတဲ့ရွာ ဖြစ်ပါတယ်။

အများစုဟာ ၂၀၁၁ ခုနှစ်မှာ တစ်ကျော့ပြန် ကချင်စစ်ပွဲ စဖြစ်ကတည်းက လိုင်ဇာမြို့ပေါ်မှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ သွားရောက်ခိုလှုံနေကြရပြီး လက်ရှိ စစ်ဘေးဒုက္ခသည် တချို့သာ ရွာပြန် တောင်ယာစိုက် နေကြတာလို့ ဒေသခံတွေကပြောပါတယ်။
_________

ဝိုင်းမော်မြို့နယ် ဆိုင်မိုင်ရွာမှ သံကျောက်တူးဖော်တဲ့ လုပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲသည့် ဗုံးစများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ Photo: Citizen Journalist)


ဆက်ဖတ်ရန် →
သာမညဆရာတော်ရုပ်အလောင်းကို ဖျက်စီးခဲ့တဲ့စောချစ်သူ

သာမညဆရာတော်ရုပ်အလောင်းကို ဖျက်စီးခဲ့တဲ့စောချစ်သူ

#ရွှေကရင်တို့စည်းလုံးချိန်တန်ပြီ

ကရင်ပြည်နယ်ကောင်းစားချင်ရင်ကရင်လူမျိုးညီညွတ်ဖို့လိုတယ်
စစ်အုပ်စုရဲ့ ယုတ်မာတဲ့အကြံစည်များသိသင့်ပါပြီ

သံတောင်ပြည်သူ့စစ်ကတော့ လက်မောင်းဘက်ခွါပြီး မူလပထမ KNU နဲ့ပြန်ပေါင်းသွားပြီ။ 
တချို့DKBA ကလူတွေလည်း မိခင် KNU ထံ ပြန်လာပေါင်းကြတာတွေရှိပြီ။

BGF က အောက်ခြေ ကရင်တပ်သားတွေလည်း ကရင်လူမျိုးအတွက် ခုလိုအရေးကြီးချိန်မှာ သွေးစည်းဖို့အသိတရားရှိသင့်ကြပါ ပြီ။ 

စောချစ်သူ ဆိုတာ KNU ထဲလည်း ဖူးဂျော်နီတို့ ဖူးဖော့ဒိုတို့လို သဘာ လည်းမရှိသလို ဇ လည်းမရှိ။ပညာဆိုတာ ကလည်း(၄)တန်းတောင်မအောင်။စာမတတ်လို့ သူမိန်းမ ဆရာမက စာသင်ပေးရတဲ့အဆင့်။ DKBA ဖွဲ့စကတောင် နာမည်မရှိနေရာမရှိတဲ့ကောင်က ကရင်ဂွင်ထဲဝင်လာတဲ့ ‘ဝ’တွေဆီက ယာဘ(မြင်းဆေး)နည်းပညာတွေခိုးပြီး “ဝ “ကိုပြန်Thet ခဲ့၊ ဒုက္ခတွေအမျိုးမျိုးပေးပြီး မြဝတီက ‘ဝ’ ပိုင်မြေတွေ မောင်ပိုင်စီးခဲ့လို့ “ဝ “က တရုတ်နဲ့ညှိပြီး တဖက်လှည့်နဲ့ သူ့မြေမှာ ကာစီနိုတွေဖွင့်စေခဲ့ပြီး ရိုးသားတဲ့ကရင်မြေကို အညှီအဟောက်တွေလွှမ်းစေခဲ့တဲ့ လူမျိုးပါ။
ဒါတင်ပဲလားဆိုတော့•••
သာမညဆရာတော်ရုပ်အလောင်းကို သန်းရွှေကဖျက်ဆီးခိုင်းပြီးချိန် မြှောက်စားလို့ တောက်ကြွားလာပြီး ၂၀၀၈/၉ လောက် 9E/ 9999 Hammer ကြီးကို ဘားအံ-ဘီးလင်း၊ ရွှေကုက္ကို-ဘားအံ တကြော ယာဉ်တန်းကြီးနဲ့ ဖျင်ယားကောင်းလိုက်တာ ရတခတိုင်းမှူးကတဆင့် သူ့ကားကို အမေကြိုင်အလှူခံပြီး၊ KNUအမာခံမြေ “မဲဝိုင်”ကို ရွှေကိစ္စအကြောင်း
ပြပြီး စောချစ်သူကို ရှေ့တော်ပြေးအနေနဲ့ နယ်မြေရှင်းဖို့ ပို့ချလိုက်တယ်။ 
ပြီးမှ ဦးအေးရဲ့ အဓိက မိတ်ဖက် sponsor ကြီး ခုမန္တလေးကောင်စီဥက္ကဌ ဦးမောင်ကိုရဲ့ထာဝရကုမ္ပဏီ ရွှေလာတူးတဲ့အခါ ဦးအေးလူမှန်း၊ ထာဝရမှာ ဦးအေးရှယ်ယာအများစုပါမှန်း နကန်းတလုံးမသိဘဲ စက်ပစ္စည်းတွေချည်း ဒေါ်လာ ၄ သန်းဖိုးလောက်ဝယ်ထားရတဲ့ ထာဝရကုမ္ပဏီကို လုံခြုံရေးfees ကို တလသိန်းထောင်ချီတောင်းပြီး စောချစ်သူ လူတွေကပဲ KNU ကပစ်သလိုလိုနဲ့ ကုမ္ပဏီဝင်းထဲကို တလ တစ်ခါ-၂ခါလောက် RPG နဲ့လှမ်းထုလိုက်၊ မဲဝိုင် အတက်ကားတွေကို ဝင်းမောင်းအကျော်ကနေ ရှေ့ထွက်မိုင်းထောင်လိုက်လုပ်နေတာ ကုမ္ပဏီက supervisor တွေထဲ artillery ကကောင်တွေပါလာလို့ ကျည်လာရာလမ်းကြောင်းပြန်တွက်တော့ ထုနေတာ KNU မဟုတ်။ ချစ်သူလူတွေမှန်းသိလို့ ကုမ္ပဏီလည်း ခွက်ခွက်လန်အရှုံးတွေတပွေ့တပိုက်နဲ့ ပြန်ထွက်သွားခဲ့ရတာကို ဦးမောင်ကိုက တအားနာကျည်းထားတာ။ ဘယ်လောက်များနာကျည်းလဲဆို ဝယ်ထားတဲ့စက်ပစ္စည်းအများစုကို ထားပစ်ခဲ့သည်အထိ။ 
မောင်ကိုဆိုတာ မဆလအစိုးရပိုင်ကျောက်ပုထိုးမှာ ဦးနေဝင်းခွက်ခွက်လန်ရှုံးပြီး သူ့ချည်းအမြတ်ကြမ်းခဲ့တဲ့အထိ ကုလားဖန်အထိုးကောင်းတဲ့ လူမျိုး၊ မဆလခေတ်မှာ နေဝင်းခေါင်းပေါ်တက်ထိုင်လို့ နဝတခေတ်မှာလည်း ဦးအေးကို ပေါင်ကြားညှပ်ထားနိုင်သည်အထိ ခေတ်အဆက်ဆက် ဂေါင်းကြီးတွေ မျက်လုံးမွှေးပေါ် စင်္ကြလျှောက်နိုင်ခဲ့သလောက် မဲဝိုင်မှာ ဘာမဟုတ်ညာမဟုတ်တဲ့ ချစ်သူ လိုကောင်က သူ့က်ို ဖျင်ချခဲ့တဲ့ရန်စက သခွတ်ပင်က မီးတကျည်ကျည်တောက်နေဆဲ။  
ခု စကစမှာ မအလ ထက်ပိုအာဏာစက်ပြင်းတဲ့ မိုးမြင့်ထွန်းဆိုတာ ဘိုဝင်းထွန်းပြီးရင်ဦးအေးရဲ့အချစ်ဆုံးသော PSO တယောက်။ ဦးအေးတင်မက  ကြီးတော်မြကပါ သားအရင်းလိုတုန်နေအောင်ချစ်တဲ့တယောက်။ ၂၀၁၀ ပျဉ်းမနားတပ်ရင်း ၉၇ တပ်ရင်းမှူးဘဝကတည်းက အနာဂတ်ရဲ့တပ်ချုပ်တယောက်လို့ ထိပ်ပိုင်းလူတွေကြား နာမည်ကြီးခဲ့တဲ့တယောက်။ 
ကရင်ကိုအပီအပြင်ထိုးစစ်ဖွင့်ချိန် KNU ကို BGF နဲ့ပေါင်းတိုက်စေတယ်ဆိုတာ ကျောင်းတော်က ရန်စကြောင့် ယာလည်းညက်၊ ကြက်လည်းဂိပြီးသားဖြစ်အောင် တမင်ယုတ်နေတာမို့ BGF က အောက်ခြေတပ်သားတွေ သူတို့အချင်းချင်းရဲ့ ရန်ငြိုးတွေကြား ကိုယ့်အသက်ကို မစတေးကြပါနဲ့••• လို့။
ကရင်အချင်းချင်း ကျောချင်းအပ် ရင်ချင်းကပ်ပြီး ညီညွတ်စွာနဲ့ မာနယ်ပလောအကြွေးကိုသာ ပြန်ဆပ်ကြပါ လို့တောင်းပန်းပါရစေ..

ဆရာမ နော်အဲ့မူးရဲ့ အကြွေးပြန်ဆပ်ကြပါလို့ တောင်းပန်ပါရစေ….

©️

🏴‍☠️ မင်းဆက်ကျော်🕊️


ဆက်ဖတ်ရန် →
ထိုင်းစွမ်းအင်ကုမ္ပဏီ PTT ကို နော်ဝေး ရန်ပုံငွေအဖွဲ့ထုတ်ပယ်

ထိုင်းစွမ်းအင်ကုမ္ပဏီ PTT ကို နော်ဝေး ရန်ပုံငွေအဖွဲ့ထုတ်ပယ်

မြန်မာပြည်မှာ လူ့အခွင့်အရေးချိုးဖောက်မှုကို အထောက်အပံ့ဖြစ်နေတဲ့လုပ်ရပ်တွေကြောင့် ထိုင်းစွမ်းအင်ကုမ္ပဏီ PTT ကို နော်ဝေး ရန်ပုံငွေအဖွဲ့ထုတ်ပယ်


ဒီဇင်ဘာ ၁၇၊ ၂၀၂၂

ထိုင်းစွမ်းအင်ကုမ္ပဏီ PTT ရဲ့ လုပ်ရပ်တွေဟာ မြန်မာပြည်မှာဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စရပ်တွေအတွက် အထောက်အပံ့ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နော်ဝေး ရင်းနှီးမြှုပ်နှံမှုအစုအဖွဲ့မှ ထုတ်ပယ်လိုက်ပါတယ်။ 

ဒါ့အပြင် ကမ္ဘာအကြီးဆုံး အမေရိကန်ဒေါ်လာ ၁.၃ ထရီလီယံရှိတဲ့ ရန်ပုံငွေအဖွဲ့ရဲ့ ဗဟိုဘုတ်အဖွဲ့ကလည်း PTT ရေနံနှင့် လက်လီစီးပွားရေး ကုမ္ပဏီ (PTT OR) နဲ့ အစ္စရေးအခြေစိုက် Cognyte ဆော့ဝဲကုမ္ပဏီနှစ်ခုကို လက်သင့်မခံနိုင်စရာ လူ့အခွင့်အရေး ချိုးဖောက်မှု အကြောင်းပြချက်နဲ့ ထုတ်ပယ်တော့မှာဖြစ်ပါတယ်။

ရန်ပုံငွေအဖွဲ့ရဲ့ ကျင့်ဝတ်ထိန်းသိမ်းရေးကောင်စီက ထိုင်းနဲ့ မြန်မာစစ်ကောင်စီရဲ့ စစ်အုပ်စုပိုင် ကုမ္ပဏီတွေကြား ခိုင်မာတဲ့ မိတ်ဖက်လုပ်ငန်းနဲ့ သူတို့ရဲ့ဆောင်ရွက်မှုတွေက စစ်အုပ်စုရဲ့ စစ်ဆင်ရေးနဲ့အကြမ်းဖက်မှုတွေမှာ ငွေကြေးရင်းမြစ်လမ်းကြောင်းအနေနဲ့ အထောက်အပံ့ဖြစ်နေတယ် လို့ပြောကြာခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီရန်ပုံငွေအဖွဲ့က အဲ့ဒီကုမ္ပဏီတွေအနေနဲ့ စစ်နဲ့ပဋိပက္ခ ဖြစ်ပွားရာ နေရာတွေမှာ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ဖျက်ဆီးနေတဲ့ လက်သင့်မခံနိုင်စရာ ကိစ္စရပ်တွေကိုလည်း ကိုးကားပြောဆိုခဲ့ပါသေးတယ်။


PTT ရဲ့လုပ်ငန်းစုတစ်ခုဖြစ်တဲ့ PTTEP က ပြင်သစ် တိုတယ်စွမ်းအင်ကုမ္ပဏီမြန်မာပြည်က ထွက်ခွာပြီးနောက်မှာ ရတနာရေနံစီမံကိန်း လည်ပတ်မှုကို လွှဲပြောင်းယူမယ်လို့ မတ်လက ပြောဆိုခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ PTTEPက  ဓာတ်ငွေ့ထုတ်လုပ်မှု လျော့နည်းလာပြီဖြစ်တဲ့ ရဲတံခွန်စီမံကိန်းကနေ နှုတ်ထွက်ခဲ့ပါတယ်။

#SpringRevolution
#PVTV
#PVTVNews
ဆက်ဖတ်ရန် →
တအာင်းတပ်မတော် (TNLA) ထုတ်ပြန်ချက်

တအာင်းတပ်မတော် (TNLA) ထုတ်ပြန်ချက်

🟢 တအာင်းဒေသ နမ့်ဆန်မြို့နယ် ကုန်းသာ၊ ဟူးမန်းနဲ့ မန်လုံးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး တအာင်းတပ်မတော် (TNLA)က ထုတ်ပြန်ချက် ထုတ်လာပါတယ်။


စစ်ကောင်စီဘက်က ထုတ်ပြန်ထားသလို လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံရတာမရှိပဲ စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေကိုသာ TNLA က သိမ်းဆည်းရမိခဲ့တာလို့ ဖော်ပြထားပါတယ်။


ဒီဇင်ဘာ ၁၈ ရက်




ဆက်ဖတ်ရန် →