နောက်ဆုံးရ
ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် သုံးသောင်းနီးပါးသေဆုံးခဲ့

ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် သုံးသောင်းနီးပါးသေဆုံးခဲ့


ဧပြီ၂ရက် ခေတ်သစ်

ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် သုံးသောင်းနီးပါးသေဆုံးခဲ့ပါတယ်။

ဧပြီ၂ရက် အကြမ်းဖက် အာဏာသိမ်းစစ်တပ်အောက်တွင် ဆက်လက်အမှုထမ်းနေကြသော အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ဘက်သို့ ကူးပြောင်း ရပ်တည်၍ “ပြည်သူ့ရင်ခွင်” ခိုလှုံလာကြရန် အထူးတိုက်တွန်းနှိုးဆော်ချက်မှာ NUGကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။

"ပြည်သူ့ခုခံတွန်းလှန်စစ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် (၂၉၆၅၀)ဦး သေဆုံးပြီး (၁၁၁၂၃၀)ဦး ထိခိုက်ဒဏ်ရာ ရသည် အထိ ချေမှုန်းနိုင် ခဲ့ပြီးဖြစ်ပါတယ်အကြမ်းဖက်သမားများ၊ စစ်ရာဇဝတ်ကောင်များ ဖြစ်ကြသည့် အာဏာသိမ်းစစ်တပ်ကို သစ္စာခံကာ ပြည်သူလူထု၏ ဆန့်ကျင်ဘက်တွင် ဆက်လက်ရပ်တည် နေကြသော စစ်သား၊ ရဲသားများကိုမူ ပြည်သူ့ရန်သူ၊ တော်လှန်ရေးရန်သူအဖြစ် သတ်မှတ်ရမည်ဖြစ်၍ ပြည်သူ့တော်လှန်ရေးကြီး၏ အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းခြင်းကို ခံကြရမည်ဖြစ်ကြောင်းကို တပါတည်း အသိပေးလိုပါတယ်။ အလားတူ တော်လှန်ရေးအလွန်ကာလတွင်လည်း အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice) ဆိုင်ရာ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆိုပါ ပြည်သူ့ရန်သူဖြစ်ခဲ့သူအားလုံးသည် အမှန်တရားနှင့် တရားမျှတမှုအတွက် ဥပဒေနှင့်အညီ အရေးယူ အပြစ်ပေးခံရမည်လည်း ဖြစ်တယ်"လို့ဖော်ပြပါတယ်။

အကြမ်းဖက်စစ်တပ်၏ စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်သော အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များစွာသည် စစ်အာဏာသိမ်းပြီးနောက်တွင် ပြည်သူနှင့် အတူ ရပ်တည်၍ ပြည်သူ့ရင်ခွင်သို့ ကူးပြောင်းခိုလှုံလာလျက်ရှိကြရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၁ ရက်နေ့ အထိ စစ်သည် (၃၂၃၆) ဦးနှင့် ရဲတပ်ဖွဲ့ဝင် (၉၀၉၁) ဦး၊ စုစုပေါင်း (၁၂၃၂၇) ဦး နှင့်မိသားစုဝင်ဦးရေ ထောင်ကျော် ရှိခဲ့ပြီဖြစ်ပါတယ်။

သို့ပါ၍ အကြမ်းဖက် အာဏာသိမ်းစစ်တပ် အောက်တွင် ဆက်လက်အမှုထမ်းနေကြသော အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူ့ရင်ခွင်တံခါးမပိတ်ခင် ပြည်သူ့ဘက်သို့ ကူးပြောင်းရပ်တည်ကြရန်၊ ပြည်သူနှင့်အတူ ပူးပေါင်းလက်တွဲကာ အကြမ်းဖက်စစ်တပ်ကို ပြန်လည် ခုခံတိုက်ပွဲဝင်သွားနိုင်ရန် အထူးတိုက်တွန်း နှိုးဆော်လိုက်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။


ဆက်ဖတ်ရန် →
ဘုရား ကျောင်း ရဟန်း ဒါယကာကြီး  KTV မှာအသတ်ခံရ

ဘုရား ကျောင်း ရဟန်း ဒါယကာကြီး KTV မှာအသတ်ခံရ

က၀မြို့နယ်၊ အုန်းနှဲကျေးရွာ KTV အနီးတွင် ရဲများ တိုက်ခိုက်ခံရပြီး ရဲတပ်ကြပ် နိုင်ဦး သေဆုံးခဲ့

ရန်ကုန်၊ ဧပြီ ၂  ခေတ်သစ်

ပဲခူးတိုင်း၊ က၀မြို့နယ် ၊ အုန်းနှဲကျေးရွာ KTV အနီးတွင် ရဲများ မတ်လ ၂၆ ရက် နေ့ တွင် တိုက်ခိုက်ခံရပြီး ရဲ ၁ ဦးသေဆုံးခဲ့ပြီး  သေဆုံးသူမှ ရဲတပ်ကြပ် နိုင်ဦး ဖြစ်ကြောင်း သိရှိရသည်။ 

မတ်လ ၂၆ ရက်နေ့ ညပိုင်း က၀မြို့နယ်၊ အုန်းနှဲကျေးရွာ KTV သို့သွားရောက် ကြသည့် ရဲများကို တော်လှန်ရေးရဲဘော်များက တိုက်ခိုက်ခဲ့ရာတွင် ရဲတစ်ဦး ပွဲ ချင်းပြီး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။
 
"အုန်းနှဲကျေးရွာမှာက အုပ်ကြီးစန်းမြင့်က  KTV ဖွင့်ထားတာ။ အဲဒါ ရဲတွေက KTV ကိုလာရင်း တန် ၁၀၀ ဆန်စက်ဘက်မှာ အပစ်ခံရတယ်။ အုပ် ကြီး ဖွင့် ထား တဲ့ KTV မှာ စစ်ခွေးတွေ ရဲခွေးတွေက လာပြီး ပျော်မြူးနေလေ့ရှိတာ။ အဲဒါ လက် ပစ်ဗုံးနဲ့ပစ်ပြီး ဝင်ပစ်တာ။ အချက် ၂၀ ကျော်တယ်။ ရဲစခန်းမှူး အပါအဝင် ရဲ ခွေးတွေ အချို့ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်။ ရဲခွေး တစ်ဦးကတော့ ပွဲချင်းပြီးကို သေတာ" ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။ 

ရဲတပ်ကြပ်နိုင်ဦးသည် အုန်းနှဲကျေးရွာရဲစခန်းတွင် နယ်ထိန်းရဲ ရာထူးတာဝန် ထမ်းဆောင်နေသူဖြစ်ပြီး  ၎င်း၏ရက်လည်ကို နေအိမ် ခရမ်းမြို့နယ်တွင် မတ် လ ၃ ရက်နေ့တွင် ပြုလုပ်မည်ဖြစ် ကြောင်း သိရှိရသည်။


ဆက်ဖတ်ရန် →

စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း ခမရ ၁၀၈ ဓနုဖြူတပ်ရင်း မှ တပ်ကြပ် မျိုးတင့် ဝန်ခံပြောဆို

ကရင်နီပြည်နယ်၊ ဖရူဆိုတွင် ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် စစ်ဘေးရှောင်များကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အပါအဝင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ဟု  ခမရ ၁၀၈ တပ်မှ တပ်ကြပ် မျိုးတင့် ဝန်ခံ (ရုပ်/သံ)


ရန်ကုန်၊ ဧပြီ ၂ 


ကရင်နီပြည်နယ်၊ ဖရူဆိုတွင် ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် စစ်ဘေးရှောင်များကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း  ခမရ ၁၀၈  ဓနုဖြူတပ်ရင်း မှ တပ်ကြပ် မျိုးတင့် ဝန်ခံပြောဆိုကြောင်း KNDFက ဗီဒီယိုနှင့်တကွ တရားဝင် သတင်းထုတ်ပြန်သည်။  

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ ကရင်နီပြည်နယ်၊ ဖရူဆို၊ မိုဆိုဖက်တွင် စစ်တပ်က ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် ပြည်သူ ၃၅ ကို အရှင်လတ်လတ် ဖမ်းဆီး သတ်ဖြတ် မီးရှို့ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ၃၅ ဦးကိုသတ်ဖြတ်ခဲ့ပြီး မော်တော်ယာဥ်များနှင့်အတူ သတ်ဖြတ်မီးရှို့လိုက်ကြောင်း၊ အသတ်ခံရသော ပြည်သူများထဲတွင် ကလေးငယ်များနှင့် မိန်းကလေးငယ်များ ၊အမျိုးသမီးများပါဝင်ကြောင်း၊  သတ်ဖြတ်မီးရှို့ခံရသော ပြည်သူများ၏ ရုပ်အလောင်းများမှာ မီးကျွမ်းပြီး အရိုးများသာ ကျန်ရှိခဲ့ကြောင်း သိရှိရသည်။ 


ဖရူဆိုမြို့နယ်၊ မိုဆိုအစုလိုက်အပြုံလိုက် လူသတ်မှုအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်က ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့် စပ်လျဥ်း၍ တပ်မ ၆၆ လက်အောက်ခံ  ခမရ ၁၀၈ ဓနုဖြူတပ်ရင်း မှ တပ်ကြပ် ဦးမျိုးတင့် (စစ်သုံ့ပန်း) ဝန်ခံပြောကြားထားသည်။

https://youtu.be/-TFGqr-7fd4

ဆက်ဖတ်ရန် →