နောက်ဆုံးရ

စစ်ခွေးတွေအင်းစိန် ဖောကန်လမ်းတွေထဲရောက်နေ

မှတ်တမ်းလေးတွေယူထားကြပါ ခဏနေလိုင်းပျက်

တော့မယ် ဘေးကင်းကြပါစေ

 အခုလက်ရှိနော် 12:01Am 

ဂျပန်လမ်းလမ်းသွယ် မင်္ဂလာလမ်းလမ်းသွယ် 

သူငယ်ချင်းအိမ်ရှေ့မှာနော် ၀င်နေတာမင်္ဂလာလမ်း

ကလူတွေတောင်အခုထိမသိကြသေးဘူး နောက်ဆုံး

ပုံမှာ Batch မြင်ရပါတယ်နော် တပ်မ၇၇

Line မပိတ်ခင်လူသိသွားအောင်လုပ်ပေးကြဦး 

လိုင်းပိတ်ပီးသွားရင်ဘာလုပ်မလဲမသိဘူး

လူစုပီးကြွသင့်ရင်ကြွပေးကြပါဦး



Edited - အခုလမ်းလူကြီးနဲ့စကားပြောနေပါတယ်တဲ့

နောက်ဆုံးပုံ 


UPDATED ပါ ပြန်၀င်လာပါတယ် ပထမတစ်ခေါက်

ထပ်အင်အားပိုများပါတယ် 20ကျော်ပါတယ်တဲ့ လူဆွဲဖို့အတွက် 1ထိုးအောင်စောင့်နေတာထင်ပါတယ်


Edit. ပိတောက်ရိပ်သာ၃လမ်းကိုဝင်နေပါပြီ ပြန်မထွက်

လာသေးပါဘူး ကင်းသမားတွေသတိလေးထားပေးပါ

Edit. မဂ်လာလမ်းထဲမာခွေးတွေရှိပါ​သေးတယ်


Edit. မဂ်လာလမ်းမှာတော့ရှင်းသွားပါပီ အထက်မဂ်လာလမ်းကိုပြန်တတ်သွားပါတယ် ရဲမေတွေလည်းပါပါတယ် အင်အားများ (12:40)


Edit. ဂျပန်လမ်းကနေ ဖော့ကန်ဘက်ထွက်လာပါပြီ ကား၃စီးတော့ ပြည်တော်သာဘက်တတ်သွားပါတယ် (12:50)

Edit:ခွေးကားတွေအကုန်ပြည်တော်သာဘက်တတ်သွားပါပီ အရပ်ဝတ်တေနဲ့လူတွေတော့ ဖော့ကန်ဘက်လာနေပါတယ် ကိုယ့်လမ်းထဲကဘယ်သူတွေထွက်သွားလဲ 

တချက်ကြည့်ပေးကြပါ (12:53)

ဖော့ကန် ဂျပန်လမ်းထဲက လမ်းသွယ်​တွေထဲကို တံခါးဖြတ်ဝင်​နေတယ် စစ်သားအ​ယောက် 50 ​လောက်ရှိ 

11:58PM

ဂျပန်လမ်းသွယ်ထဲဝင်တာ တပ်မ ၇၇ လို့ သိရ

Source Protestor Information



ဆက်ဖတ်ရန် →

ပုဂ္ဂလိကဘဏ်များကို စစ်ကောင်စီမှ ပြည်သူပိုင်အဖြစ် သိမ်းယူနိုင်ဖွယ်ရှိ


မြန်မာ့ပုဂ္ဂလိကဘဏ်များကို စစ်အစိုးရမှ ပြည်သူပိုင်အဖြစ် သိမ်းယူနိုင်ဖွယ်ရှိတယ်လို့ အင်္ဂလန်ထုတ် Euromoney စီးပွားရေးမဂ္ဂဇင်းမှ ရေးသားလိုက်ပါတယ်။


ကမ္ဘောဇဘဏ်ရဲ့ CEO အမေရိကန်လူမျိုး Michael Denoma ကိုလည်း ဆက်သွယ်လို့မရတဲ့အပြင် ရာထူးကနေ ဖေဖော်ဝါရီလကတည်းက နှုတ်ထွက်သွားပြီလို့လည်း သူ့ရဲ့ Linkedln profile မှာ အရင်တပတ်ကြာသာပတေးနေ့ကဖော်ပြခဲ့တယ်လို့ဆိုပါတယ်။


ဒါ့အပြင် ကမ္ဘောဇဘဏ်မှ ဝန်ထမ်းများသို့ မတ်၁၂ရက်နေ့က ဖြန့်ဝေတဲ့စာတစောင်မှာလည်း "ကမ္ဘောဇဘဏ်ဝန်ထမ်းတွေကသာ ဘဏ်ကိုပြန်မဖွင့်ဘူး ဆိုရင် အခြားအပြင်ကလူတွေ လာပြီး ဖွင့်မှာဖြစ်တဲ့အတွက် ပြန်လည်အလုပ်ဆင်းကြဖို့" တောင်းဆိုကြောင်း ရေးသားထားတာပါ။

credit


https://www.euromoney.com/article/28b5xsh7e83kkutxsxmgw/banking/nationalization-looms-over-myanmars-banks-with-key-executive-out-of-contact?



ဆက်ဖတ်ရန် →

အစိုးရသစ်နှင့် ပြည်သူ့ကာကွယ်ရေးအစီအမံသစ် CRPH ကြေညာမည်

 အစိုးရသစ်နှင့် ပြည်သူ့ကာကွယ်ရေးအစီအမံသစ် CRPH ကြေညာမည်
DVB
ပြည်ထောင်စုလွှတ်တော် ကိုယ်စာပြုကော်မတီ CRPH ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ အစိုးရသစ်နဲ့အတူ ပြည်သူ့ကာကွယ်ရေးအစီအမံသစ်ကိုပါ တစ်ပါတည်း ချပြတော့မယ်လို့ CRPH ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။ 

ပြည်သူ့ကာကွယ်ရေးအစီအမံဖြစ်တဲ့ ဖက်ဒရယ်တပ်မတော် ဖြစ်တည်လာဖို့ လစဉ် ဘဏ္ဍာငွေ ဒေါ်လာသန်း ၂၀ လောက် ရှိနိုင်ပြီး ပြည်သူ့လူထုရဲ့ပါဝင် လှူဒါန်းထည့်ဝင်မှုကို အထူး လိုအပ်ကြောင်း CRPH ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဒီနေ့ အွန်လိုင်းလူမှုကွန်ရက်ကနေ တဆင့် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ 
ဒီအတွက် CRPH ဝက်ဘ်ဆိုက်ကနေ  သွားရောက်လှူဒါန်းနိုင်သလို GoFundMe.com နိုင်ငံတကာဝက်ဘ်ဆိုက်မှာ  CRPH ကမ်းပိန်းကိုရှာဖွေနိုင်တယ်လို့ နည်းလမ်းဖော်ပြထားပါတယ်။
CRPH အနေနဲ့ အလှူငွေ ဝက်ဘ်ဆိုက်စတင်ရာမှာ ၁၂ရက်အတွင်း လူပေါင်း ၇၀၀၀ ကျော်ဆီကနေ  ဒေါ်လာ ၇ သိန်းကျော်ရရှိထားတာကိုလည်း တွေ့ရပါတယ်။ 
ဒီလိုထည့်ဝင်လိုက်ခြင်းဟာ အာဏာသိမ်းအကြမ်းဖက်အုပ်စုကို အခွန်မဆောင်ပဲ အန်တုတာ ဖြစ်သလို CRPH ကဖွဲ့ပေးတဲ့ အစိုးရသာ တို့အစိုးရလို့ ပြတ်ပြတ်သားသား ဆန္ဒဖော်ထုတ်လိုက်တာ လည်း ဖြစ်တယ်လို့ CRPH အဖွဲ့ဝင် ဦးလွင်ကိုလတ်က ပြောပါတယ်။
#DVB #News #CRPH
http://burmese.dvb.no/archives/453743
ဆက်ဖတ်ရန် →

လာဘ်စားတယ်ဆိုတာကတော့ တကယ့်ဟာသပျက်လုံးပဲ


သူမရဲ့လက်ကျန်သက်တမ်းမှာ
တနေ့တအိမ် ထမင်းလိုက်စားမယ်ဆိုရင်တောင် အသက်-၁၀၀ပြည့်တဲ့အထိ အိမ်စေ့မှာမဟုတ်ဘူး။

"ကျွန်မကိုဘာလက်ဆောင်ပေးကြမှာလဲ" လို့သာ
တောင်းကြည့်
ရွှေ (၇) ပိဿာမပြောနဲ့
တနိုင်ငံလုံးကလူတွေ သူတို့ရှိတဲ့ရွှေတွေ
လက်ဆောင်ပေးကြလို့ ကွန်တိန်နာနဲ့ သယ်ရမယ်။

"ငြိမ်းချမ်းရေး"ကလွဲရင်
ဘာမှမလိုချင်တဲ့အမျိုးသမီးကို
"ငြိမ်းချမ်းရေး"ကလွဲရင်
အကုန်လိုချင်တဲ့လူတွေက
ပေါက်လွှတ်ပဲစားစွပ်စွဲနေတာ
လမင်းကိုခွေးဟောင်နေတာပဲ။

Credit
ဆက်ဖတ်ရန် →

မြန်မာ့ကမ်းလွန် ပင်လယ် ကိုးကိုးကျွန်းနဲ့ ရေမိုင် ၁၀၀ အတွင်းမှာ လေ့ကျင့်မှုတွေပြုလုပ်

ဒီနေ့ အိန္ဒိယသမုဒ္ဒရာထဲဆိုပေမယ့်
မြန်မာ့ကမ်းလွန် ပင်လယ် ကိုးကိုးကျွန်းနဲ့
ရေမိုင် ၁၀၀ အတွင်းမှာ လေ့ကျင့်မှုတွေ
ပြုလုပ်နေတာကို တွေ့ရှိရပါတယ်။

ဒီထဲမှာ ရေဒါပျောက် အမြန်မောင်း 
လှေငယ်လေးတွေနဲ့ လေ့ကျင့်နေတာ
တွေ့ရပါတယ်။

ရေဒါပျောက်တဲ့လှေငယ်ဆိုပေမယ့်
အတွင်းမှာ ဟမ်းမားစစ်ကား အနည်းဆုံး 
(၃) စီးလောက် အလွယ်တကူ 
တင်ယူလို့ရတာလည်း တွေ့ရပါတယ်။

အဓိကကတော့ အဲဒီထဲမှာ The 7thfleet
guided missile detroyer လို့ ခေါ် ဒရုန်းခွင်း
ဒရုန်းတွေ ပါဝင်နေပြီး

FM35 လို့ ခေါ်တဲ့
ကိုယ်ပျောက်လေယာဉ်က ရှေ့ပြေး သွားနေ
တာကိုလည်း တွေ့ရသည့်အပြင် 
Ships of
Detroyer Squadrons တွေပါ 
ပါဝင်နေတာကို တွေ့ရှိရပါတယ်။

၂၄-၀၃-၂၀၂၁
Crd
ဆက်ဖတ်ရန် →

တပ်ရင်းမှူးအပါအဝင် စစ်သား ၅ ဦးကို အရှင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

 KIA က စစ်​ကောင်စီ တပ်စခန်း ၃ ခုကိို တိုက်ခိုက် သိမ်း ပိုက်ပြီး​နောက် တပ်ရင်းမှူးအပါအဝင် စစ်သား ၅ ဦးကို အရှင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

ရန်ကုန်၊ မတ် ၂၅ 

KIA က မတ်လ ၂၄ ရင်​နေ့ညပိုင်း KIA ဌာနချုပ် လိုင်ဇာအနီးရှိ စစ်​ကောင်စီတပ်စခန်း ၃ ခုကိို တိုက်ခိုက် သိမ်း ပိုက်ပြီး​နောက် တပ်ရင်းမှူးအပါအဝင် စစ်သား ၅ ဦးကို အရှင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ​ကြောင်း KIA သတင်းအသိုင်းအဝိုင်းက သတင်းထုတ်ပြန်သည်။

KIA တပ်မဟာ ၅က  မတ်လ ၂၄ ရက်နေ့  အာဏာသိမ်းစစ်အုပ်စု ၏ အခြေစိုက်  စခန်း Alaw Bum နှင့်အနီးနား ရှိ စခန်းများကို KIA စစ်သည်တို့ အပြင်းအထန် ဝင်ရောက် တိုက်ခိုက်သိမ်းပိုက် ခဲ့ရာ စစ်​ကောင်စီတပ်မှ တပ်ရင်းမှုးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး၊ ရဲဘော်သုံးဦးကို အရှင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထား​ကြောင်း၊ စစ်သုံ့ပန်းများကို ယခု အချိန်တွင် စစ်သုံ့ပန်း စည်းကမ်း အရကောင်း မွန်စွာ ထိန်းသိမ်း ထားကြောင်းKIA သတင်းအဝန်းအဝိုင်းဖြစ်​သော Kachin Liberation Mediaက သတင်းထုတ်ပြန်ထားသည်။

​credit Khit thit  media

https://www.facebook.com/385165108587508/posts/1156718964765448/
ဆက်ဖတ်ရန် →