နောက်ဆုံးရ

အာဏာသိမ်း အဖွဲ့ စိုးရိမ်စပြုလာ

​


အာဏာသိမ်း အဖွဲ့သည် နေပြည်တော်အား လုံခြုံစိတ်ချရသည့် ခံတပ်ကြီး သဖွယ် သဘောထားလာနေပြီး ရန်ကုန်ရှိ ဦးပိုင် ရုံးချုပ်ကို ရွှေ့ပြောင်းရန် ပြင်ဆင်လာနေပြီ ဖြစ်သည်ဟု သိရသည်။


ထိုသို့ ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့မှုသည် လုံခြုံရေး အရ စိုးရိမ်မကင်း ဖြစ်လာနေသည်ကို ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။ ဦးပိုင် သည် ၎င်းတို့ အတွက် အစိုးရ ဘတ်ဂျက် အပြင်မှ စာရင်းစစ်ခွင့် မရှိ၊ စိတ်ကြိုက် သုံးခွင့် ရအောင် ဒေါ်လာ ဘီလီယံ ပေါင်း အများအပြား ကို “အောက်ဆိုက်” ဝင်ငွေ အဖြစ် ဖန်တီးပေးနေသည့် ကုမ္ပဏီ ပေါင်းများစွာ ကို ပိုင်ဆိုင်ထားသဖြင့် ဖြစ်နိုင်သမျှ အမြန်ဆုံး ရွှေ့ရန်လိုလားနေပြီး အဆောက်အဦး သစ်အတွက် နေပြည်တော် ဥတ္တရသီရိ မြို့ မန္တလေး လမ်းတွင် ဇန်နဝါရီ လ အတွင်း မြေနေရာကို ပန္နက်ရိုက်ကာ စတင် ဆောက်လုပ်နေပြီဟု ဧရာဝတီ သတင်းက ဆိုသည်။


စစ်ကောင်စီ အဖို့ က ၎င်းတို့ အားကိုးအားထား ပြုသည့် ရုရှားသည် စီးပွားရေးပိုင်းတွင် ပြဿနာပေါင်း သောင်း ခြောက်ထောင် နှင့် ရင်ဆိုင်နေရပြီ ဖြစ်၍ မြန်မာကဲ့သို့ နိုင်ငံမျိုးအား လက်နက်ခဲယမ်း များ ထောက်ပံ့ရေး အစ ရှိသည် တို့တွင် မည်သို့မျှ ဦးစားပေး အဆင့်တွင် မထားနိုင်တော့သည်ကိုလည်း ရိပ်စားမိလာကြပြီ ဖြစ်သည်။ လက်နက်များ အရင်အတိုင်း ဆက်လက် ရောင်းနိုင်သည်ပင် ဆိုစေဦး နှစ်နိုင်ငံစလုံးအဖို့ နိုင်ငံတကာ ဘဏ္ဍာရေး နယ်ပယ်တွင် နာမည်ပျက် စာရင်း သွင်းခံထားရသူများ ဖြစ်၍ ငွေပေးငွေယူ လုပ်ရမည့် အရေးသည် လတ်တ လောမှာ အခက်အခဲများ ရင်ဆိုင်နေရပြီ ဖြစ်သည်ဟု ဝါရှင်တန် အမျိုးသား စစ်ကောလိပ် နှင့် ဂျော့ချ် တောင်း တက္ကသိုလ် ရှိ ပါမောက္ခ ဇာခါရီ အဘူဇာက ထောက်ပြလာခဲ့သည်။


သူ၏ အဆိုအရ ရုရှားသည် ၎င်းတို့ရှိ နိုင်ငံခြား အရံငွေ ဒေါ်လာ ၆၃၀ ဘီလီယံ ၏ ၄၀ ရာ နှုန်း ကို ထုတ်ယူခွင့် မရတော့၍ စီးပွားရေး ပိုင်းတွင် အကြီးအကျယ် ထိခိုက်သွားခဲ့ရပြီ ဖြစ်သည်။


နောက်ထပ် စိုးရိမ်မကင်း ဖြစ်လာသည့် လက္ခဏာ အဖြစ် စစ်ကိုင်းတိုင်း ဒေသကြီး တခုလုံးအား ကြာသပတေး နေ့မှစ၍ မိုဘိုင်း အင်တာနက် ကို “အချိန် အကန့်အသတ် မရှိ” လုံးဝဖြတ်တောက် ပြစ်လိုက်ပြီဟု ကြေညာလာ ခြင်း ဖြစ်သည်။ ယခင်က မြို့နယ် ရှစ်မြို့နယ်အား ကန့်သတ်ထားရာမှ တတိုင်းလုံးကို ထပ်မံ တိုးချဲ့လိုက်ခြင်း ဖြစ်သည်။ (ပုံတွင် စစ်တပ်မှ ဇန်နဝါရီ ၃၁ ရက် နေ့ အတွင်း စစ်ကိုင်းတိုင်း ပုလဲ မြို့နယ် အတွင်းရှိ မွေတုံး ရွာ ကို မီးရှို့ဖျက် ဆီးသွားသည့် မြင်ကွင်းကို တွေ့နိုင်သည် - မြန်မာနောင်း)


အိမ်များကို မီးရှို့ဖျက်ဆီးခံရ၍ ထွက်ပြေးသွားရသူများကိုလည်း လေးရက်အတွင်း ပြန်မလာက PDF များ အဖြစ် သတ်မှတ်ပြီး ကွပ်မျက်သွားမည်ဟု ကလေး မြို့နယ်အတွင်း  ကလေး-ဂန့်ဂေါလမ်း ရှိ သံဖို ကျေးရွာမှ စစ်ပြေးရှောင်သူများအား ခြိမ်းခြောက်လာသည်ဟု သတင်းများက ဆိုသည်။


 မိမိတို့ နောက်တွင် ပြည်သူတရပ်လုံး ရှိနေသည် ဆိုပြီး အသက်စွန့်၍တိုက်ပွဲ ဝင်နေကြသူများကို အားပေးသည့် အနေဖြင့် ထိုသို့ မလုပ်နိုင်သူများမှလည်း ၎င်းတို့နှင့် မပူးပေါင်း ဆိုသည့် စိတ်ဓါတ်ရေးရာ အရဖြင့်တော့ ဆက် လက် တိုက်ပွဲဝင်သွားကြရမည် ဖြစ်သည်။ သွေးအေး သွားပြီ ဆိုသည့် လက္ခဏာများ ပြသလာပါက တော်လှန် ရေးအင်အားစုများ အကြား စိတ်ဓါတ်များ ကျဆင်းလာနိုင်သည်။ ထိုသို့ သွေးအေးလာသူများ အတွက် ဆက် လက် ရင်ဆိုင်ရမည့် အရေးမှာ စစ်အာဏာရှင်တို့လက်အောက်တွင် ကျွန်ယုံ ကျွန်ကောင်း ပီသစွာ နေထိုင်တတ် အောင် ကြိုးစားကြရတော့မည် ဖြစ်သည်။ သာမန် စစ်ဗိုလ်တယောက်ကိုပင်  မျက်နှာချို သွေးကာ မော်မကြည့် ဝံ့သည့် အဖြစ်မျိုး နှင့် ကြုံကြရပေတော့မည်။


အေတီအမ် ရှေ့တွင် တန်းစီနေရသည့် အဖြစ်မှ ရာရှင်နှင့် ရောင်းပေးမည့် ဆန် ဆီ ဆား တို့ ဝယ်ယူနိုင်ရာတွင် တန်းစီကြရပေတော့မည်။


လက်ရှိတွင် ရုရှားအား ချက်ချင်းဆိုသလို စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်လာသော ဂျပန်၊ တောင်ကိုရီယား၊ စင်္ကာပူ၊ ဩစတေးလျှ တို့က မြန်မာ အပေါ် ထိုသို့ လုပ်ခြင်း မရှိ ဘဲ business as usual အဖြစ် ရောက်လာနိုး နှင့် စောင့်ကြည့်နေသည်။ ရုရှားသည် တရုတ်ဖက် ယိမ်းသွားမည် ဆိုသည့် စိုးရိမ်စကား မဆိုကြတော့။ ဂျပန် နှင့် စင်္ကာပူ ဆိုလျှင် ၎င်းတို့၏ ဘဏ်တိုက်ကြီးများတွင် စစ်ဗိုလ်ချုပ်ကြီးများ အပ်နှံငွေများကို အမေရိကန်ကဲ့သို့ ထိန်းချုပ်ခြင်းမျိုး ပင် မလုပ်ကြပေ။ အမေရိကန်မှ ထိန်းချုပ် ထားသည့် ငွေများကို NUG မှ သုံးစွဲခွင့် မရသေး၊ ထိုငွေများ ကို အပေါင် သဘောမျိုး ထား၍ အခြားဘဏ်များမှ ချေးငှားနိုင်ခွင့် ပင် မရပေ။


အာဆီယံသည်လည်း တနိုင်ငံ၏ ပြည်တွင်းရေးကို တနိုင်ငံက မစွက်ဖက်ရေး ဆိုသည့် မူ၏ နောက်တွင် ပုန်း လျှိုးနေကြဆဲ ဖြစ်သည်။


ထိုသို့သော  အနေအထားများ ကို သိမြင်နားလည်လာကြသော NUG နှင့် မြန်မာ ပြည်သူတို့ အဖို့ ပါးစပ်ထဲ တွေ့ကရာ ပြောကာ မီးဖိုချောင်ထဲ အထိ ဝင်ရောက်ချယ်လှယ်လာ သော အာဏာရှင် တဦး ၏ နှုတ်ဖျားမှ ထွက် လာသော မရေမရာ စကားများထက် မိမိတို့ လွတ်လပ် လုံခြုံစွာ နေထိုင်သွားလာခွင့် ပြန်လည် ရရှိရေး၊ မိမိတို့ စိတ်ကြိုက် လူနေမှု စနစ် နှင့် စီးပွားရေး အနာဂတ် လမ်းကြောင်း ရွေးချယ်ရန် အတွက် မိမိတို့ကိုယ်ကို မိမိတို့ အားကိုး ရတော့မည် ဆိုသည့် အယူအဆ ကို လက်ခံလာကြသည်ကပင် တော်လှန်ရေး အတွက် အားဆေးများ ဖြစ်လာခဲ့ရသည်ဟု ပါမောက္ခ အဘူဇာ မှ သုံးသပ်သွားခဲ့သည်။


ပြည်သူများကတော့ မည်သူတဦးတယောက်မျှ လှုံ့ဆော် စည်းရုံးစရာ ပင် မလိုအောင် ၎င်းတို့ အကြောင်းကို နောကျေအောင် သိထားကြသူများ ပီပီ အာဏာသိမ်းသည့် သတင်း ထွက်ပေါ်လာချင်းပင် စောင့်ကြည့်စရာ မလို မိမိတို့ အားလုံး၏ အနာဂတ် ပျက်စီးသွားပြီ ဆိုသည်ကို ချက်ခြင်း လက်ငင်း နားလည် လိုက်ကြသည့် အထိ ယုံကြည် ကိုးစားခြင်း ခံရသူများ ဖြစ်သည်။ ယခုထက်ထိလည်း မိမိတို့ ယူဆထားသည်မှာ မှန်ကန်ကြောင်း သက်သေပြနေဆဲပင် ဖြစ်သည်။


ထိုသို့သော ပုဂ္ဂိုလ်များက လူထုကို နားလှည့် ပါးရိုက်လုပ်ရန် ရွေးကောက်ပွဲကို ဟန်ပြလုပ်ပြီး နောက်ကွယ်မှ စီမံအုပ်ချုပ်သွားမည့် အရေးကို မည်သူကမျှ လက်ခံနိုင်စရာ မရှိ ဆိုသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။


ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!


ဆက်ဖတ်ရန် →

​တကယ့်နန်းလုပွဲ အစစ် !



ပြင်သစ်သမ္မတစကားအရဆို အတော်စိုးရိမ်စာကောင်းနေသလို ကျနော်ယူဆမြင်နေတာ ပူတင်က နောက်မဆုတ်ဘူး ယူကရိန်းကို အရသိမ်းမယ်ဆို 


လူသိပ်မရှိတဲ့ မြို့တမြို့လောက်ကို နူတလုံးလောက် ပစ်ပြလိမ့်မယ် ဒါမှ သိမ်းပြီးသားနဲ့ အနောက်အုပ်စုပါ ခြိမ်းခြောက်ပြိးသားဖြစ်မယ် မဟုတ် သူခံနေရ စစ်ပွဲကြာရှည်မှာပဲ 


ဒီလိုဆိုမေးစရာရှိတယ် ပစ်ရင် အနောက်အုပ်စု ဘာလုပ်မလဲဆို မလုပ်ဘူး သူတို့မပစ်မခြင်း တားဆီးမယ် စိုးရိမ်မယ်နဲ့ သမရိုးကျစစ်လောက်နဲ့ပဲ ဟန့်တားမယ် 


ဒီအတွက် ဘယ်နေရာပစ်မလဲဆို နူစက်ရုံတွေ ရှိတဲ့နေရာလို့ပဲထင်တယ် ဒါကြောင့်ဟိုနေ့က အဲ့ကိုပစ်တာ ကံကောင်းလို့ ဘာမှမဖြစ်တာပဲ အကြောင်းက ပူတင်ကို ခြိမ်းခြောက်အာခံနိုင်တဲ့ ဒီစက်ရုံတွေကို တခါတည်း ဖျက်ပြီးသားနဲ့ သူ့အလိုကျ အစိုးရတင်မြောက်နိုင်ဖို့ ယူကရိန်းကို သိမ်းဖို့ဆို နူပစ်ရင်ပစ် မပစ်ရင် နူစက်ရုံတွေ လှမ်းထုပဲ 


အစက အဲ့စက်ရုံတွေကို ခြိမ်းခြောက်ရုံပစ်ပြပြီး ပိုကြီးမားကျယ်ပြန့်မစိုးလို့ အခြားနေရာ ပစ်မယ်ထင်ရပေမယ့် နူပစ် သိမ်းပိုက် စစ်ရေးကူနေတဲ့ အနောက်အုပ်စုကို ခြိမ်းခြောက်ဟန့်တားဖို့ဆို ထိုနေရာကို ပစ်ပြီး ပူတင်ထဟီးရိုးလုပ်မယ် ထင်ပါတယ် 


ဒီတော့ ဒီပွဲ ယူကရိန်းရှုံးရင် အနောက်အုပ်စု ဒီမိူစနစ်က ကွန်မြူနစ်ဝါဒီ ကျရှုံးရမှာ ဖြစ်သလို နိုင်ရင်တော့ ပွဲပြတ်ပြီး ချိ့နား ပူတင် အန္တရာယ်မှနေ ကမ္ဘာ့နိုင်ငံတွေ လုံခြုံပြီ ဖြစ်လေသည် 


ဒီအတွက် တကယ့်နန်းလုပွဲဆိုတာ ခုမှသေချာနေပြီဟုဆိုချင်ပြီး ကမ္ဘာကျော်မျက်မမြင်ရှေ့ဖြစ်ဟောဆရာမကြီး ဟောထားတဲ့ ဟောကိန်း မှန်မမှန်ဆိုတာ စောင့်ကြည့်ဖွယ်ရာနဲ့ ၂၀၂၂မှစ တျုတ်နဂါးကြီး ကမ္ဘာကို လွှမ်းမိုးအုပ်စိုးလိမ့်မည်ဆိုတာကတော့ ခုထိ မမှန်သေးဘူးဆိုတာ သိစေချင်သည် !


#မင်းကြည်ညိုနေ 🕊️


ဆက်ဖတ်ရန် →

​NUG ခေါင်းဆောင်တွေကို စစ်ကောင်စီက နိုင်ငံသားအဖြစ်က ရပ်စဲ



စစ်ကောင်စီဘက်က မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်တစ်ခုမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ထဲက ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုး၊ ဦးရည်မွန်၊ ဦးလွင်ကိုလတ်၊ ဦးအောင်မျိုးမင်း၊ ဒေါက်တာဆာဆာ၊ ဒေါ်ဇင်မာအောင်တို့အပါအဝင် ၈ ဦးနဲ့ ဦးမင်းကိုနိုင်၊ ဦးမျိုးရန်နောင်သိမ်းနဲ့ မအိပန်ဆယ်လိုတို့ကို နိုင်ငံသားအဖြစ်က ရပ်စဲကြောင်း ကြေညာပါတယ်။


NUG ရဲ့လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ဒီလိုလုပ်တာဟာ စစ်ကောင်စီအပါအဝင် စစ်အစိုးရအဆက်ဆက်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို စွပ်စွဲလုပ်ဆောင်လေ့ရှိတဲ့ လုပ်ထုံးလုပ်နည်းတစ်ခုသာ ဖြစ်ပြီး စစ်ကောင်စီက ကြေညာတာဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့်မရှိသလို တရားဝင်မှာလည်း မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း


ဟာသကွာ ။ 


ငါတို့ကို နိုင်ငံသားအဖြစ်ကနေရပ်စဲပါသည်တဲ့။  မင်းတို့နိုင်ငံသားဖြစ်ခွင့်ပေးမှ နိုင်ငံသားဖြစ်မှာကျနေတာပဲ ။ နိုင်ငံသားဖြစ်ခြင်းဆိုတာ နှလုံးသား နဲ့ ဆိုင်တယ် ၊ ခံယူချက်နဲ့ဆိုင်တယ်။  ငါဘယ်နိုင်ငံရောက်နေနေ ငါ့အတွေး၊ ငါ့ဝိဉာဏ် ၊ ငါ့နှလုံးသားရှိရာအရပ်ဟာ ငါ့အမိနိုင်ငံတော်ပဲ။


ငါတို့က အသွေးအသားအားဖြင့် မြန်မာ ၊ ဝိဉာဉ်အားဖြင့် မြန်မာ ၊ နှလုံးသားအားဖြင့် မြန်မာ ။ မြန်မာပြည်အတွက် ငါတို့ဘဝတွေ ပေးထားတာ ၊ စတေးထားတာ ၊ စွန့်လွတ်ထားတာ။ မင်းတိူ့လို ဒီမြေမှာမွေး ဒီရေကိုသောက်ပြီး ဒီမြေကိုပြန်ဒုက္ခပေးနေတဲ့ “ သားရေပေါ်အိပ်၊ သားရေသားစား “တွေမဟုတ်ဘူးဆိုတာ မင်းတို့ခေါင်းထဲဦးနှောက်ပါရင်သိပါတယ်။


အရှက်မရှိပြောထွက်တဲ့စကား ငါတို့ကိုနိုင်ငံသားအဖြစ်မှရပ်စဲသည်တဲ့ ။ မြန်မာနိုင်ငံကိုမင်းတို့ပိုင်တာကျနေတာပဲ။ ဆုတောင်းလေ ၊ ဆုတောင်း ။ နောက်ဆုံးထွက်သက်မတိုင်မှီ ဆုတောင်းသွားကြပေါ့။


စကားမစပ် ငါ့အမည်စာလုံးပေါင်းမှားနေတယ်။ ဒါမှမဟုတ် အဲ့ဒါနောက်တစ်ယောက်လား။


ဇွတ်ကိုကြောက်နေလိုက်ကြတာ စာလုံးပေါင်းတောင်မှားတယ်။ 


မျိုးရန်နောင်သိန်း

၄- ၂-၂၀၂၂

#မြန်မာစံတော်ချိန် ည ၉ နာရီ ၅၂


ဆက်ဖတ်ရန် →

🗣 အော်ဟစ်ကြသူများ 🗣

​


ဒါက ထုံးစံပါ။


ကမ္ဘာအရပ်ရပ်က နိုင်ငံသားတွေက အစိုးရကို သံသယနဲ့ ဝေဖန်မှုတွေ လုပ်လေ့ရှိကြတာပဲ..။


မြန်မာပြည်က မောင်နှမတွေရော NUG အစိုးရကို ဝေဖန် ဘာညာလုပ်ကြတာတွေ့ရတာ အမှန်တော့ ဝမ်းသာစရာပါ။


ကျုပ်တို့ မြန်မာတွေ ပါးစပ် ပိတ်လာရတာ အနှစ် ၆၀ကျော်ပြီလေ..။ အခုမှ ကျုပ်တို့ လူလို သူလို အစိုးရကို ဝေဖန်တာတို့ ဘာတို့..။


အဲ… ဆဲတာတို့…။


🗣


ဒါ..မြန်မာပြည်မှာမှ မဟုတ်ပါဘူး၊ ဒီနေ့ခေတ်မှာ ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေဟာ သူတို့အစိုးရတွေကို ပိုပြီးဝေဖန်လာကြတယ်။


အခုခေတ် မျိုးဆက်သစ်တွေက နိုင်ငံရေး ပါတီတွေကို စိတ်ပျက်ကြတယ်။ နိုင်ငံရေး အဖွဲ့အစည်းတွေ အပေါ် ယုံကြည်မှု နည်းပါးလာကြတယ်။ဒါကလည်းအကြောင်းရှိတယ်တဲ့။


‘ လူမှုရေး ခေတ်မှီတိုးတက်လာတာနဲ့အမျှ၊ နိုင်ငံသားတွေကျွမ်းကျင်မှုတိုးတက်လာနဲ့ အမျှ၊ သူတို့ရဲ့ မျှော်လင့်ချက်တွေက မြင့်တက်လာတယ်..’


‘မျှော်လင့်ချက်တွေဖြစ်မလာတာကြောင့် အာဏာပိုင်တွေ အပေါ် ကြည်ညိုမှု လျော့နည်းသွားတာဖြစ်တယ်’..လို့ The Civic Culture Transformed စာအုပ်ကပြောတယ်..။


🗣


လေ့လာသူတွေ တွေ့ရှိချက်အရ — 


အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ  ဒေါ်နယ်ထရမ့် အနိုင်ရရှိမှု ဟာ ကမ္ဘာကြီးရဲ့ political culture ကို တမျိုးတဖုံပြောင်းလဲစေတယ်တဲ့။


အဲ့ဒီ့တုန်းက လူတွေက— ‘ဘုရားရေ…. ဒေါ်နယ်ထရမ့်က သမ္မတဖြစ်တော့မယ်?’  ဆိုတဲ့ ထိတ်လန့်တာမျိုး..။


အဲဒီက စပြီး အစိုးရကို အပြင်းအထန်ဝေဖန်တဲ့ ဓလေ့က ကမ္ဘာအနှံ့ကို ဗိုင်းရပ်စ်တစ်ခုလို ပျံ့နှံ့လာတာ။


ဒေါ်နယ်ထရန့်ရဲ့ ဖန်တွေကလည်း ဒေါ်နယ်ထရန့် ထိရင်လုံးဝမခံတာ… ဘိုင်ဒင်အစိုးရ post တွေဆို ‘ဟ..ဟ..’ တွေချည့်..၊ ဆဲတာလည်း နည်းမျိုးစုံ..။


🗣


ဒီနေရာမှာ လွဲနေတာ တစ်ခုရှိတယ်။


NUG အဆဲခံရတာနဲ့ ထရမ့် တို့ ဘိုင်ဒင် တို့ အဆဲခံရတာနဲ့မတူဘူး။

အဲဒီ့ နိုင်ငံတွေကို သွားပြီး အတုယူကော်ပီကူး လို့မရသေးဘူး။ အတုယူဖို့ စောသေးတယ်။


သူတို့နိုင်ငံတွေက ဓမ္မနဲ့ အဓမ္မ စစ်ဖြစ်နေတာမဟုတ်ဘူးလေ။ ပါတီတွေကွဲနေတာ.. အဲ့ဒါ နိုင်ငံရေးအတွေးအခေါ် လွတ်လပ်စွာကွဲလွဲမှုတွေပါ..။


🗣


မြန်မာနိုင်ငံမှာက ဓမ္မနဲ့ အဓမ္မ စစ်ဖြစ်နေတာ။ NUG က ဓမ္မဘက်က ခက်ခက်ခဲခဲ ကုတ်ကပ် ရပ်တည်နေရတယ်။


NUG အစိုးရ အဖွဲ့ဝင်တွေဟာ စေတနာ့ဝန်ထမ်းတွေပါ။ အိမ်ဖြူတော်မှာ ဘော်ဒီဂတ် တွေနဲ့ နိုင်ငံ့အရေးကို စိတ်အေးစွာ လုပ်နေရတဲ့သူတွေမဟုတ်ပါ။ 


စစ်ကောင်စီဘက်က NUG ကို သတ်ဖို့ သေနတ်အပြည့်နဲ့ အဆင်သင့်စောင့်နေတာပါ။


စစ်ကောင်စီမှာ သတ်ရဲဖြတ်ရဲ ယုတ်မာတဲ့ စိတ်ဓာတ်ကအဆင်သင့်..၊


နှစ်ပေါင်းများစွာ လေ့ကျင့်ထားပြီး ညစ်ညစ်ပတ်ပတ် ကလိမ်ကကျစ် အိုင်ဒီယာလော်ဂျီတွေစုထားတဲ့ အုပ်စုက ဆိုက်ဝါးထည့်ဖို့ အဆင်သင့်.. ၊ 


အရာရာ စနစ်တကျ အဆင်သင့်ဖြစ်နေတဲ့ မိစ္ဆာအကြီးကြီးတွေကို ရင်ဆိုင်နေရတယ်။


သူတို့ရဲ့ စနစ်တကျ သင်ယူထားတဲ့ ပရိုပါဂန်းဒါးအုပ်စုကလည်း ပရိုပါဂန်းဒါးလုပ်ဖို့ အင်အား ကြီးမားစွာနဲ့ စောင့်ကြည့်နေကြတာ..။


သူတို့က NUG ကိုပြည်သူတွေ ဝုန်းတာကို စောင့်နေတယ်..။ အခွင့်ရတိုင်း ဝမ်းသာအားရ ဝိုင်းပြီး ဆွမ်းကြီးလောင်းကြတာ..။


ပွဲကိုဖြစ်နေတာပဲ..။


🗣


ဒါနဲ့ပဲ ပြဿနာက နည်းလမ်းတကျ မဖြေရှင်းနိုင်ကြ.. အိုဗာတင်းတွေဖြစ်ကုန်တာ..။ ဘာပြဿနာမှလည်း မပြီးသွားပါ။


🗣


မြန်မာက တချို့ မောင်နှမတို့ ပထမဆုံး အတွေ့အကြုံမို့လားမသိ၊ အစိုးရကို အပြုသဘောနဲ့ ဝေဖန်ရမယ့်အစား ရန်သူကြီးလို ရန်ဖြစ်နေကြတယ်။


ပြိုင်ဘက်ကြီးလို ပြောင်လှောင်ကြတယ်။ အတင်းပြောသလိုကြီး ပြောလိုပြော..။


ကောင်းရော..။


ပြီးတော့ပြောလိုက်ကြသေး.. ‘ ချစ်လို့ဝေဖန်တာ’ တဲ့…။


🗣


နိုင်ငံရေး သမားတိုင်း မကောင်းတာမဟုတ်ဘူး။ ဖောက်ပြန်သူတွေ ရှိသလို မဖောက်ပြန်သူတွေလည်း ရှိတယ်။


NUG က “ဝေဖန်ပါ။ NUG ဟာ ဝေဖန်မှုကို ကြိုဆိုပါတယ်” ဆိုတာ အမြဲပြောလေ့ရှိပါတယ်။ ‘အဆဲ’ တွေကိုတော့ ကြိုဆိုမယ်မထင်။ 


ကျုပ်…ပြည်သူတစ်ယောက်အနေနဲ့ မကြိုဆိုပါ။ ( ကျမတစ်ယောက်တည်း အမြင်ဖြစ်ပါတယ်။) 


🗣


ချစ်လို့ဝေဖန်ရင် ၁၀၀% စေတနာရှိရမယ်။ ရယူလိုတာ မပါရဘူး။


ရယူလိုတာက ဘာလဲ…?


ဝေဖန်သူဟာ ငွေ၊ ရာထူး နေရာလိုချင်တဲ့ ဆန္ဒရှိနေရင်….၊ဝေဖန်သူဟာ attention လိုချင်တဲ့ ဆန္ဒရှိနေရင်….၊ဝေဖန်သူဟာ နာမည်ကြီးချင်တဲ့ ဆန္ဒရှိနေရင်….၊ ဝေဖန်သူဟာ ‘ငါဟာ NUG ထက်ဉာဏ်ပညာကြီးမြတ်သူဖြစ်တယ်’ ဆိုပြီး အများကိုသိမြင်စေလိုတဲ့ ဆန္ဒရှိနေရင်….၊


လွဲတာပဲ..။


အဲ့ဒါ ဘေးကကြည့်ရင် သိပ်သိသာတယ်။ ရှက်ဖို့လည်းကောင်းတယ်။


🗣


ဒီမိုကရေစီ နိုင်ငံရေး ယဉ်ကျေးမှု လေ့လာသူတွေက ဒီမိုကရေစီနဲ့ ပတ်သက်ပြီး အထိမ်းအကွပ်မရှိဖြစ်လာတဲ့အပေါ် စိုးရိမ်မှုတွေဖြစ်နေကြတယ်တဲ့..။


ဟုတ်တယ်..

အထိန်းအကွပ်မရှိ…။


🗣


မြန်မာပြည်က စကစ ဆိုက်ဝါးကောင်တွေ ဘောမ ပရိုပါဂန်းဒါးကောင်တွေက အခုဆိုလည်သွားပြီ။ အရင်လို မဆဲတော့ဘူး။


ပရိုဖိုင်းတွေမှာတောင် အမေစုပုံတွေနဲ့၊ လက် ၃ ချောင်းတွေ ဘာတွေ ထောင်လို့..။ ဒီမိုတွေနဲ့ သူငယ်ချင်းတွေဖြစ်လို့..။


“ အမရဲ့ စာဖတ်ပရိတ်သတ်ပါရှင်.. အဲ့လို စတာ..” (အမရဲ့ စာဖတ်ပရိတ်သတ်က စစ်တပ်ဘက်က များပါတယ်ဆိုမှ..😅)


“ ကျနော်တို့ PDF တွေရဲ့ ရင်ထဲဝင်ကြည့်စမ်းပါတွေ ဘာတွေ…”


“ NUG ကို ပုခုံးနဲ့တွန်းတင်ခဲ့ဖူးတယ်.. အခုတော့ ..ဘာညာ”


ခေတ်သစ် ဘောမတွေက လည်သွားပြီ။ 


အဲ့လိုတွေ.. အဲ့လိုတွေ…။


🗣


အစိုးရကို 'မနာလိုခြင်း' ဆိုတာ ကလည်း ဆယ်စုနှစ်များစွာကတည်းက နိုင်ငံရေးလောကမှာ ရှိနေတယ်လို့ နိုင်ငံရေးလေ့လာသူကပြောတယ်။


သူတို့ကျတော့ ဆန့်ကျင်တာ မဟုတ်ဘူး။ မနာလိုတာ။


နိုင်ငံရေးသမားစစ်စစ်ကို မနာလိုဖြစ်စရာမရှိဘူး။ သူ့နေရာကို ခဏ ဝင်နေကြည့်ပါ။


🗣


ဗိုလ်ချုပ် အောင်ဆန်းက ပြောခဲ့တယ်—


“ နိုင်ငံရေးသမား စစ်စစ်တိုင်းဟာ တကယ့် ပရဟိတသမား၊ ပရဟိတ သမားတောင်မှ သာမန်မဟုတ်ဘူး။ ကိုယ်ကျိုးစီးပွားကို စွန့်လွှတ်ထားသူတွေ၊ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွား ကျောင်းနေသူတွေ။”


“သားပစ် မယားပစ်၊ မိသားစုပစ်၊ ထောင်တန်း မကြောက်၊ အချုပ်အနှောင်ခံရမှာ မကြောက်၊ နောက်ဆုံး အသက်ဇီဝိန်ပါ အချွေခံရနိုင်တဲ့ အထိ ဖြစ်နိုင်တယ်။”


🗣


နိုင်ငံရေး သမားတွေထဲမှာလည်း ပင်ပင်ပန်းပန်းမရပ်တည်ပဲ နေရာရ ဖျာရရုံ .. နေရာလု ဖျာလုသူတွေရှိတာလည်း ထုံးစံပါပဲ။


ဒါမျိုးကို ပုဂ္ဂိုလ်ရေးအရ ဝေဖန် တိုင်ကြားရမယ်။ ‘အမှန်တရား’ ဆိုရင် ဝေဖန်ရဲရမယ်။ အားနာစရာမလိုပါ။ 


🗣


ဆဲဆိုတာမျိုးဟာ တစ်ဖက်သားကို နစ်နာစေလိုတဲ့ ဆန္ဒတဲ့ နှုတ်အားဖြင့် တိုက်ခိုက်တာပါ။ 


‘မအလ မင်းအောင်လှိုင်’ စသည်ဖြင့် စကစကို ကြမ်းကြမ်း တမ်းတမ်း ဆဲဆိုပြီး စိတ်ဓာတ်ရေးရာ စစ်ဆင်ရေး လုပ်ကြတယ်။


NUG ကို ‘ကြမ်းကြမ်း တမ်းတမ်း ဆဲဆို’ တာကရော… ချစ်လို့လား။


‘နုဂျီ’…. ဆိုတာ စကစ၊ ဘောမတွေ စ ထွင်တဲ့စကားလုံးပါ။ ဒီစကားလုံးပြောမှ ခေတ်မှီသလိုလို… တော်လှန်ရေးသမားတွေရဲ့ ပါးစပ်ထဲရောက်နေတာတွေ့ရတာဟာ ဘောမတွေရဲ့ အောင်မြင်မှုပဲ..။


🗣


နိုင်ငံခြားမှာနေတဲ့ အလှူရှင်တချို့ကလည်း ‘စစ်ရေး’ အထိဝင်ချယ်လှယ်ကုန်ကြတာတွေ့လာရတယ်။


‘စစ်ရေးဗျူဟာ’ ကို ကျုပ်တို့မှ နားမလည်တာ…။ 


လက်ရှိ ကာကွယ်ရေးဝန်ကြီးလည်း တကယ် စစ်မတိုက်ဖူးတဲ့သူမို့ သူလည်း အဲ့လောက် နားမလည်ဘူး။ 


စစ်ရေးကို စစ်ရေးဗျူဟာ နားလည်သူတွေရဲ့ ညွှန်ကြားချက်တွေ ယူရတာဖြစ်ပါတယ်။


🗣


‘နိုင်ငံရေးစနစ်တွေ ကောင်းမွန်စွာလုပ်ဆောင်ဖို့ သစ္စာရှိတဲ့နိုင်ငံသားတွေ လိုအပ်တယ်။’


‘သစ္စာရှိတဲ့နိုင်ငံသား’တွေပါ..။


🗣


‘အနှောက်အယှက်ကင်းသော ခေါင်းဆောင်မှု’ ဆိုတာတော့ ဒဏ္ဍာရီထဲမှာပဲရှိခဲ့တယ်။ သက်ဦးဆံပိုင်ဘုရင် စနစ်တွေမှာတော့ မနှောက်ယှက်ရဲကြဘူးပေါ့..။


ဒီနေ့ခေတ် အုပ်ချုပ်သူတွေ ဘဝကလည်း မလွယ်လှပါ။


ရိုးသားကြိုးစားတဲ့ အုပ်ချုပ်သူတစ်ဦးဆိုပါတော့၊ သူဟာ သူ့တာဝန်တွေကို ရိုးရိုးသားသား ကျေပွန်အောင်လုပ်နေလို့ပဲ မပြီးပါဘူး ။


‘ ပြည်သူကအထင်လွဲနေတဲ့ ပြဿနာတွေကို အောင်အောင်မြင်မြင်ဖြေရှင်းနိုင်တဲ့ ပညာ’ ကိုပါတတ်ရပါတယ်။


ဒါမှ ပြည်သူတွေက သူ့ရဲ့ အခွင့်အာဏာကို လေးစားမယ်။ လေးစားရင် သူ့အလုပ်တွေကို ဝင်ရောက်စွက်ဖက်ခြင်းမရှိ။ အဲဒီ့တော့မှ အေးအေးဆေးဆေး အလုပ်လုပ်နိင်တာ။


🗣


ဒီပြဿနာရဲ့ အဖြေက ပညာရေးတဲ့။ ပညာရေးနဲ့ဖြေရှင်းရတာပါ။


ပြည်သူကတော့ ခေတ်အဆက်ဆက် အစိုးရကို ဝေဖန်နေမှာပဲ။ ဝေဖန်မယ့် နိုင်ငံသားတွေကို တကယ်တွေးတတ်အောင် ပညာရေး မြှင့်တင်ပေးရပါမယ်တဲ့။


ပညာရေးကို တိုးချဲ့ရမယ်။ ကျွမ်းကျင်မှုဆိုင်ရာတွေကို တိုးတက်အောင်လုပ်ပေးရမယ်။ 


သတင်းအချက်အလက် လက်လှမ်းမှီအောင်လုပ်ပေးရမယ်။ ဒါမှ ပိုပြီး ခိုင်မာအားကောင်းတဲ့ နိုင်ငံသားတွေကို မွေးထုတ်နိုင်မယ်။


သူတို့က အစိုးရကို ‘ပညာရှိရှိ’ ဝေဖန်ကြမယ်။ အစိုးရလည်း အလုပ်ကောင်းကောင်းလုပ်လို့ ရမယ်။ ဒါဆို နိုင်ငံတိုးတက်မယ်။ 


🗣


အလိမ်အညာ နိုင်ငံရေးသမားတွေရှိရင်လည်း ပညာတတ်ပြည်သူတွေရှေ့ မဟုတ်တာ မလုပ်ရဲတော့ဘူး။ လုပ်ရင်လည်း အရှက်ကွဲမှာပဲ..။


🗣


‘ပညာတတ်တွေ၊ တွေးခေါ်တတ်တဲ့ အားကောင်းမောင်းသန် နိုင်ငံသားတွေ’ များလာပါမှ တော်လှန်ရေးအောင်မယ်။ ဒီမိုကရေစီ အသက်ရှင်မယ်။


🗣


‘အစိုးရကောင်းဟာ အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့အတွက် နာခံမှုရှိတဲ့ နိုင်ငံသားကောင်းတွေလိုအပ်တယ်’


(နိုင်ငံရေး သိပ္ပံပညာရှင်များ Chris Welzel and Russell Dalton)


🗣


‘ကောင်းကင်ကြီး ပြိုကျလို့မဖြစ်ပါဘူး။’ 


🗣🗣 🗣


မရွှေမိုး- ကိုရီးယား

March 4th,2022. 


References:


ဒီပို့စ်ဟာ စာရေးသူရဲ့ အမြင်မဟုတ်ပါ။ ကိုးကားတွေဖတ်ကြပါ။


▪️အာရှနှင့် ယဉ်ကျေးမှုဆိုင်ရာပြောင်းလဲမှု- ခိုင်ခံ့သောနိုင်ငံသားများအထိ စတဲ့ ဆောင်းပါးတွေကို အခြေခံထားတယ်။


▪️Asian Journal of Comparative Politics 


▪️ The secret of better government? Citizens who complain— 2016/12/02/the-secret-of-better-government-citizens-who-complain/

By Democratic Audit UK


ဆက်ဖတ်ရန် →

နျူကလီးယားစက်ရုံ ရုရှားရဲ့တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်း

​ယူကရိန်းမှာ တည်ရှိတဲ့ ဥရောပရဲ့အကြီးဆုံး နျူကလီးယားစက်ရုံ ရုရှားရဲ့တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်း

-------------

ကိဗ်၊ မတ် ၄


ယူကရိန်းမှာ တည်ရှိတဲ့ ဥရောပရဲ့အကြီးဆုံး Zaporizhzhia နျူကလီးယားစက်ရုံဟာ ရုရှားစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ဒီနေ့ မတ်လ ၄ ရက်မနက်ပိုင်းမှာ မီးလောင်ကျွမ်းနေပါတယ်။


ဒီနေ့မနက်ပိုင်းမှာ ရုရှားစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် မီးလောင်ကျွမ်းရတာဖြစ်ကြောင်း အီနာဂိုဒါရဲ့ မြို့တော်ဝန် ဒီမီထရို အော်လဗ်က အတည်ပြုပြောကြားလာပါတယ်။


ယူကရိန်းမှာ နျူကလီးယားဓာတ်ပေါင်းဖို ၁၅ ခုရှိပြီး ၆ ခုဟာ အဆိုပါစက်ရုံမှာရှိနေပြီး တကယ်လို့သာ အခုစက်ရုံကနေ ရေဒီယိုသတ္တိကြွမှုတွေ ဖြစ်ပွားလာခဲ့မယ်ဆိုရင် မျိုးဆက် ၃ ဆက်လောက်အထိ ရင်ဆိုင်ရနိုင်တဲ့ ဓာတ်ရောင်ခြည်သင့်ဘေးအန္တရာယ်ကို ကြုံတွေ့ရနိုင်မယ့်အပေါ် စိုးရိမ်မှုတွေရှိနေကြပါတယ်။


Twitter >>> https://twitter.com/MercuryMedia21

Telegram >>> https://t.me/mercurymedia

#Mercury_Media

#Mercury_International_News

#နျူကလီးယား 

#ရုရှား

#ယူကရိန်း


ရုရှရဲ့ ဗုံးတလုံး ယူကရိမ်းရဲ့ ဥရောပမှာ အကြီးဆုံး ညူကလီးယား လျပ်စစ်စက်ရုံကို လာထိတယ်။ 


ကံကောင်းချင်တော့ စက်ရုံက တာဘိုင် reactor ခြောက်ခု မှာ ပြင်နေလို့ရပ်ထားတဲ့ တခုကိုထိတယ်။ ရပ်ထားပေမဲ့ စက်ထဲမှာ ညူကလီးယားလောင်စာရှိနေတယ်။ လက်ရှိတော့ မီးကို ထိမ်းထားနိုင်တယ်ဆိုတယ်။ 


ဗုံးကြောင့် ဒီညူကလီးယားစက်ရုံ က ညူကလီးယားလောင်စာတွေ ပျက်စီးရင် ချာနိုဘိုင်းစက်ရုံ ပျက်စီးတုန်းကထက် ၁၀ ဆ အန္တရာယ်ပိုမယ်။ 


ပျက်စီးသွားရင် ဘာဖြစ်နိုင်လဲ ? ညူကလီးယားလောင်စာ စိမ့်ထွက်ရင် ရေဒီယိုသတ္တိကြွမယ်၊ အဲ့ဒီ ရေဒီယိုသတ္တိကြောင့် လူတွေသေနိုင်တယ်၊ ရေရှည်မှာ အဲ့ဒီဒေသမှာ ကင်ဆာတွေဖြစ်မယ်။ 


ယုကရိန်းမှာ ညူကလီးယား လျပ်စစ်စက်ရုံ ၁၅ ရုံရှိတယ်။ စစ်ဟာ တကယ့်ကွိုင်ပဲ။ ဒီစစ်ပွဲမှာ ကမ္ဘာဟာ ညူကလီးယား အန္တရာယ် တကယ် ကျနေတယ်။ 



ဆက်ဖတ်ရန် →

ရုရှားနှင့် ယူကရိန်းကြား ဒုတိယအကြိမ် ဆွေးနွေးပွဲ ပြီးဆုံးခဲ့ပြီး ယာယီအပစ်အခတ်ရပ်စဲရေး

​ဒေသစံတော်ချိန် မတ်လ ၃ ရက်နေ့ ည၈နာရီခွဲခန့်တွင် ရုရှားနှင့် ယူကရိန်းကြား ဒုတိယအကြိမ် ဆွေးနွေးပွဲ ပြီးဆုံးခဲ့ပြီး ယာယီအပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာထောက်ထားရေးလမ်းကြောင်း ထူထောင်ရေးနှင့်ပတ်သက်၍ နှစ်ဖက်စလုံးက သဘောတူညီမှု ရရှိခဲ့သည်။ 


ယူကရိန်းဘက်ကမူ စေ့စပ်ညှိနှိုင်းမှု၏ မျှော်မှန်းရလဒ်ကို မရရှိခဲ့ဟု ပြောကြားခဲ့သည်။ ရုရှားနှင့် ယူကရိန်းတို့သည် တတိယအကြိမ် ဆွေးနွေးပွဲကို အမြန်ဆုံးကျင်းပရန် သဘောတူညီခဲ့ကြသည်။


CRI Myanmar


ဆက်ဖတ်ရန် →