နောက်ဆုံးရ
မမဆောင်းဇာတ်လမ်းတပုဒ်

မမဆောင်းဇာတ်လမ်းတပုဒ်

ပြည်တွင်းကအရင်ပြောရရင် မအလပဲ၊

သူ မမှန်းနိုင်တာ အာဏာသိမ်းရင် ဒေါ်အောင်ဆန်းစုကြည်ကသူ့ကို ဘာပြန်လုပ်မလဲဆိုတာ? သူမ ရေးခဲ့တဲ့တမျက်နှာစာရွက်ကနေ တသက်စာ စစ်အဖြစ်ပြောင်းသွားတာပဲ၊NUGဆိုတာဖြစ်လာဖို့ လွှတ်တော်အမတ်တွေလိုတယ်ဆိုတာသိထားရင်၁ရက်နေ့မှာပဲအမတ်တွေ အကုန်ထောင်ထဲရောက်နေပြီ၊နောက်တခု ကစည်းပေါက်တာ၊ သူတင်ထာ GZတွေက KIA -KNU ထဲရောက်သွားလဲ ရှေ့တန်းစခန်းတွေ ခြေမြန်တပ်မတွေကို ဘယ်လိုနည်းမှကျော်လာနိုင်စရာမရှိဖူးလို့တွက်ခဲ့တာပဲရန်ကုန်မှာ၃၀၀၀၀နဲ့အပြီးတူမီးလုပ်တာတောင်သွားသတိရတယ်၊

အရှေ့မှာတိုက် အနောက်ကနေဖျင်ချခံနေရတယ် ဖရဲသီးတွေကလဲနီရဲနေရောပဲ
မမဆောင်းဖြစ်နေတာ
အဏာကရသလိုလို မရသလိုလို

၃ဂိုး ၀ နဲ့ရှုံးတာ ဂိုးထပ်သွင်းခံရအုံးမယ်





အပြင်နိုင်ငံတွေရဲ့ သံတမန် ဆက်ဆံရေးကိုလဲကြည့်ကြည့် အင်္ဂလန်မှာ သံရုံးရှိပေမယ့် မအလကို အစိုးရအဖြစ်အသိအမှတ်ပြုမထားဖူး၊ ဒေါ်ဇင်မာအောင်ကို အလံနောက်ခံနဲ့တရားဝင်ဝန်ကြီးအဖြစ်နဲ့တွေ့ဆုံခဲ့ပေမယ် မအလအပေါ်မှာပြတ်သားလောက်တဲ့ဆုံး

ဖြတ်ချက်မရှိသေးဖူး၊တရားဝင်နဲ့တရားမဝင်ဆိုတဲ့စကားလုံးနှစ်ခုကြားမှာ သူတို့လဲမမဆောင်းဖြစ်နေတာပဲ၊ 

နိုင်နေတာငါတို့။

ဆက်ဖတ်ရန် →
စစ်ကောင်စီက ဗဟို ဝန်ထမ်းတက္ကသိုလ်များတွင် စစ်သင်တန်းနှင့် ပစ်ခတ်မှုကို အဓိက ထား သင်ကြားလာပြီး လိုအပ်လျှင် စစ်မှုထမ်းရမည်ဟုဆို

စစ်ကောင်စီက ဗဟို ဝန်ထမ်းတက္ကသိုလ်များတွင် စစ်သင်တန်းနှင့် ပစ်ခတ်မှုကို အဓိက ထား သင်ကြားလာပြီး လိုအပ်လျှင် စစ်မှုထမ်းရမည်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ခေါ်ယူ သင်တန်းပေးရာတွင် စစ်သင် တန်းနှင့် ပစ်ခတ်မှုဆိုင်ရာများကို အဓိက ထားသင်ကြားလာပြီး လိုအပ်လျှင် ဝန်ထမ်းအားလုံး စစ်မှုထမ်းရမည်ဟု အသိပေးမှုများရှိလာကြောင်း ဝန်ထမ်းသတင်းရင်းမြစ်များက ပြောသည်။ 
ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)တွင် လက်ရှိ Non-CDM သင်တန်းများ ဖွင့်လှစ်ရာတွင် အရည်အချင်းစစ် စာမေးပွဲများ ဝင်ရောက် ဖြေဆိုရပြီး အများစုသော ဝန်ထမ်းများမှာ အရည်အချင်းမရှိဘဲ ဆွဲခန့်များ ဖြစ်နေ၍ အရည်အချင်း မမီမှုနှင့် စာမေးပွဲ ကျဆုံးမှုများရှိနေသဖြင့် ဌာနဆိုင်ရာ ပြစ်တင် ရှုတ်ချသည့် ဝေဖန်စာများ ထုတ်ပြန်မှုများရှိကြောင်း  သိရှိရသည်။ 
"ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်မှာ သင်တန်းဆင်းအရည်ချင်းစစ်ရာမှာ အများစုက ဆွဲခန့် ဝန်ထမ်းတွေဖြစ်တော့ အားလုံးနီးပါး အလယ်လတ်အရည်ချင်းတောင်မရှိဘူးဖြစ်နေတယ်။ သက်ဆိုင်ရာဌာနအကြီးအကဲတွေက သူတို့ရလဒ်တွေကြည့်ပြီး စိတ်ဆိုးဒေါသထွက်ကြတယ်။  ဌာနဆိုင်ရာ ညွှန်မှူး၊ ညွှန်ချုပ်တွေအနေနဲ့ ဝန်ထမ်းများပေါ် ထိန်းကျောင်းကြပ်မတ်မှု၊ သင်ကြားပေးဖို့ အသိပညာ အတတ်ပညာပိုင်းနည်းပါးရင် အစိုးရ ယန္တရား အတွက် အတော်ကို ကသီလင်တ ဖြစ်နိုင်တယ်ဆိုပြီး  ဌာနအုပ်ချုပ်မှုခေါင်းဆောင်တွေကို ပြစ်တင်တဲ့  ဌာနဆိုင်ရာလျှို့ဝှက်စာတွေတောင် ထုတ်ရတဲ့အထိ ဖြစ်လာတယ်" ဟု ဝန်ထမ်း သတင်းရင်းမြစ်က ပြောသည်။ 
လက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် နိုင်ငံရေးဆိုင်ရာ သဘောတရားများကို သင်ကြားရာတွင်လည်း နိုင်ငံ၏ အခြေအနေမှာ စစ်တပ်အနေဖြင့် အာဏာ မယူလိုဘဲ ထိန်းသိမ်းရခြင်းဖြစ်ပြီး NLD နှင့် ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၀ မဲမသမာမှုများကို ရှင်းလင်းခြင်း မရှိ၍ ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က ရွေးကောက်ပွဲ ကျင်းပ၍ အာဏာပြန်လွှဲမည်ဆိုသော ဝါဒဖြန့် နိုင်ငံရေးသဘောတရားများကို နေ့စဉ် သင်ကြား ဝါဒဖြန့် နေသည်ဟု သိရှိရသည်။


"အခု အရင်ကထက် စစ်ရေးလေ့ကျင့်မှုနဲ့ ပစ်ခတ်မှုတွေကို အဓိကထားပိုသင်နေရတယ်။ သင်တန်းတစ်ပတ်စဉ်နဲ့ တစ်ပတ်စဉ် မတူဘူး။ စစ်ရေးလေ့ကျင့်မှုနဲ့ ပစ်ခတ်မှုဆိုတာက ပါပေမယ့် အရင်က အဲဒါတွေက အဓိက မဟုတ်ဘူး။ အခုတော့ အဲဒါကို အဓိက ထားသင်တယ်။ လိုအပ်ရင် စစ်တိုက်ကောင်း တိုက်ရမယ်ဆိုတာမျိုးတွေလည်းပြောတယ်။  ကျန်တဲ့ စီမံခန့်ခွဲမှုနဲ့ သဘောတရားရေးရာတွေကို သင်ကြားမှု အတော်ကို လျှော့လာပြီ။ " ဟု ဝန်ထမ်း သတင်းရင်းမြစ်က ဆိုသည်။ 


ဆက်ဖတ်ရန် →
စစ်တပ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၂,၉၅၄ ဦး ကျဆုံးပြီး ၁၃,၈၄၅ ဦး ချုပ်နှောင်ခံထားရ

စစ်တပ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၂,၉၅၄ ဦး ကျဆုံးပြီး ၁၃,၈၄၅ ဦး ချုပ်နှောင်ခံထားရ

DVB | 7 February, 2023

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့်နိုင်ငံတဝန်း အပြစ်မဲ့ ကျဆုံးပြည်သူ ၂,၉၅၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၇,၆၈၄ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်အထိ အေအေပီပီကကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၈၄၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက၂,၃၃၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၁ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့၃,၈၁၅ ယောက် ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက် ညနေ ၆ နာရီလောက်က တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တန်းရှင်းကျေးရွာဘက်ကိုအကြမ်းဖက်စစ်အုပ်စုတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး အဆိုပါ လက်နက်ကြီးကျည်ဟာ ကျေးရွာထဲကနေအိမ် ၁ လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်ထဲမှာရှိနေတဲ့ ဒေါ်သန်းမော် နေရာတင် သေဆုံးခဲ့ပြီးကလေးငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တရားရုံးကနေ အင်းတော်မြို့နယ်၊ နဘားကျေးရွာမှာ နေထိုင်တဲ့စစ်ကိုင်းတိုင်း သတင်းစာဆရာများအသင်း အတွင်းရေးမှူးနဲ့ အလွတ်တန်းသတင်းထောက်ဖြစ်သူ ဒေါ်ယဉ်ယဉ်သိန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်နဲ့ ၆လ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒေါ်ယဉ်ယဉ်သိန်းဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နိုင်ငံတော်ကိုအကြည်ညိုပျက်စေတဲ့ စာသားတွေနဲ့ ဝန်ထမ်းတွေ ကြောက်လန့်စေတဲ့ စာသားတွေကို ရေးတင်တယ်ဆိုကာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတုန်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါကအေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။


ဆက်ဖတ်ရန် →
မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

ထိုမေးခွန်းသည် ရုပ်ပိုင်းဆိုင်ရာ အရ မဟုတ်သော်လည်း စိတ်ပိုင်းဆိုင်ရာ အဖြစ် ကမ္ဘာက ယူဆလာအောင် အာဏာသိမ်း စစ်တပ်သည် ကြံရာမရ ဖြစ်လာသည်နှင့် အမျှ ဖန်တီး တည်ဆောက်ပေးနေပြီ ဖြစ်သည်။
ရုရှားဖက်ကတော့ ဝေးကွာလှသည့် အပြင် ၎င်းတို့ နကိုယ်ကတည်းက နိုင်ငံရေး စစ်ရေး အရ တက်တက်ကြွကြွ လှုပ်ရှားခဲ့ခြင်း မရှိသည့် အရှေ့တောင် အာရှ နိုင်ငံ ဖြစ်သော မြန်မာ နိုင်ငံ ကို အမေရိကန် တို့ စိတ်ထဲ ကျလိကျလိ ဖြစ်အောင် ကလိပေးချင်သည့် စိတ်ထက် မပို ဆိုသည်ကို အာဏာသိမ်း အဖွဲ့က ရိပ်မိကောင်း ရိပ်မိနိုင်သော်လည်း ၎င်းတို့ အပေါ် လူ ရှိန်လာစေရန် အတင်း လုပ်ယူနေခြင်း မျိုးသာ ဖြစ်သည်။
ထိုသို့ အရှက် နှင့် မဟုတ်ပဲ အသက်နှင့် လူလုပ်နေကြသည့် နောက်ထပ် အဖြစ်တခုကား လှိုင်တက္ကသိုလ် နယ်မြေ ဝန်း အတွင်း နျူကလီယား စွမ်းအင် သတင်းသုတေသန ဌာန ဖွင့်လှစ် လိုက်ခြင်းပင် ဖြစ်သည်။
ထိုဌာနအား ရုရှား အစိုးရပိုင် အနုမြူ စွမ်းအင် ကော်ပိုရေးရှင်း ကြီး ဖြစ်သော ရိုဆာတွန် ၏ ညွှန်ကြားရေးမှုး ချုပ် အယ်လက်ဆီ ယူဂင်နီဗစ်ချ် လီကာချက် တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့သည်။ ဆန်းကြယ်နေသည်ကား ထိုအခမ်းအနားသို့ နိုင်ငံ၏ ဝန်ကြီးချုပ် ကြီး ဟု မိမိကိုယ် မိမိ ခံယူထားသူ မင်းအောင်လှိုင် သည် ထိုသို့ ပြည်ပနိုင်ငံ တနိုင်ငံ၏ ညွှန်ကြားရေးမှုးချုပ် အဆင့်ရှိသူ တဦး နှင့် အတူ တွဲ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တက်ဖို့ကလည်း သူ့အတွက် အလွယ်တကူ တော့ မဟုတ်၊ ကြည်းရေလေ စစ်ဆင်ရေး မျိုး ဖြင့် လုံခြုံရေး အတွက် အထပ်ထပ် စီမံခဲ့ရပြန်သည်။
မင်းအောင်လှိုင်သည် မည်သို့သော ရည်ရွယ်ချက် နှင့် ဖြစ်စေ  စစ်ခေါင်းဆောင်များ၏ သိမ်ငယ်စိမ် inferiority complex ကို ရှေ့မှ ဦးဆောင် ပြလိုက်ခြင်းပင် ဖြစ်သည်၊ ထိုနေရာတွင် မေးခွန်း ထုတ်စရာဖြစ်လာရသည်က သူ့လိုပင် ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ တို့ ယခုလို ထိုကဲ့သို့ အခမ်းအနားမျိုး ကို တက်ရောက်လာကြမည်လော ဟူ၍ ဖြစ်သည်။
မင်းအောင်လှိုင်သည် မိုင် ထောင်ပေါင်းများစွာ ဝေးကွာသော အရပ်မှ အရှင်သခင်များ နှင့် အားရတင်းတိမ် နိုင်ခြင်း မရှိပဲ အထိမ်းအမှတ် ကျောက်ပြားကိုပင် အမွှေးနံ့သာ များ ပက်ဖျန်းကာ ကိုယ့်အားကိုယ်ကိုး ရမှန်း မသိပဲ မမြင်ရသော လောက မှ ပုဂ္ဂိုလ်များကို ပင် တိုင်တည်လိုက်ပြန်သေးသည်။ ထိုလောက မှ ပုဂ္ဂိုလ်များသည် ၎င်းတို့ အတွက် ပြည်သူများ၏ ထောက်ခံမှု ထက် ပိုအရေးကြီး နေသည် ဆိုသည်ကိုလည်း စစ်ခေါင်းဆောင် အဆက်ဆက် ခံယူထားခဲ့ကြပြီး ဖြစ်သည်။
နိုင်ငံတကာ၏ သံခင်းတမန်ခင်း ဆက်သွယ် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း များကို ကိုပင် ဂရုမစိုက်နိုင်တော့ပဲ ပစိဖိတ် သမုဒ္ဒရာ ထဲ ရှိ ဥရောပ နိုင်ငံကြီး တနိုင်ငံ၏ အစောင့်အရှောက်ခံ ကျွန်းနိုင်ငံ လေး တခု၏ အကြီးအကဲ လို အဖြစ်မျိုး ရောက်သွားရရှာပြီ ဖြစ်သည်။ လီကာချက်အား ဂုဏ်ပြု ညစာ စားပွဲ ဖြင့် ဧည့်ခံ ဦးမည်လော ဆိုသည်ကား မသိရသေး။
မင်းအောင်လှိုင်သည် ၎င်း၏ အာဏာ တည်မြဲရေး အတွက် တိုင်းပြည်ကို မီးလောင် တိုက်သွင်းနေယုံဖြင့် အားမရပဲ ၎င်း ၏ အလွန်အကျွံ လုပ်ရပ်များကို ထောက်ခံပေးမည့် အရှင်သခင် ကြီးကို အားကိုးတကြီး ဖြင့် ပင့်ဖိတ်လာခြင်း ဖြစ်သည်။
သို့သော် အရှင်သခင်ကြီး ကိုယ်နှိုက်ကား သူပြဿနာ နှင့် သူ ကြုံနေရပြီး ဆီရီယားကို ဝင်ကူသလို မျိုး မည်သို့မျှ လုပ်ပေး နိုင်စွမ်း ရှိမည် မဟုတ်ပေ၊ ရှိသည် ဆိုစေဦး တရုတ် နှင့် အရှေ့အာရှ နိုင်ငံများ၏ လေပိုင်နက် ကို ဖြတ်သန်းရပေဦးမည်။ ရုရှားသည် အထက်တွင် ပြောခဲ့သလို အမေရိကန် နှင့် အနောက်အုပ်စုများ စိတ်ထဲတွင် ကျလိကျလိ ဖြစ်အောင် ဆွပေးနေခြင်းမျိုး ထက် ပို၍ သဘောထားမည် မဟုတ်။
သို့သော် ထိုသတင်း အား အနောက်တိုင်း သတင်းဌာနများက ရုရှားကြောင့် အရှေ့တောင်အာရှ တွင် နျူကလီယား ပြိုင်ဆိုင်မှု တိုးမြှင့်လာမည်လောဟု အလွန်အကျွံ မေးခွန်းထုတ်ပြီး တွန်းတွန်း တိုက်တိုက် ရေးသားလာကြပြီ ဖြစ်သည်။
ထိုသို့ အာဏာသိမ်း အဖွဲ့ သည် ရုရှား နှင့် ပလူးပလဲ လုပ်လာနေမှု ကို မိမိတို့ လက်ပိုက်ကြည့်နေမည် မဟုတ်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ ထိတ်တန်း အကြံပေး ဒဲရက် ရှိုလက်က တရားဝင် ထုတ်ဖေါ်ပြောဆိုခဲ့ပြီး ဖြစ်သည်။
မင်းအောင်လှိုင်၏ အတွေးအခေါ်သည် မည်သို့ပင် ရည်ရွယ်စေကာမူ တော်လှန်ရေး ချိန်ခွင်လျှာ အား မဖြစ်မနေ ပြောင်းလာအောင် ဖန်တီးပေးနေခြင်းသာ ဖြစ်၍ ကြိုဆိုရမည်သာ ဖြစ်သည်။
မြန်မာပြည်သူများသည် အိမ်နီးချင်း နိုင်ငံများ ကဲ့သို့ လူချင်းတူတူ သူချင်းမျှမျှ နေထိုင်နိုင်ခြင်း မရှိတော့သည်ကို မည်သို့ ကြံဆောင်ရပါမည်လဲ ဟု တွေးခေါ် မျှော်မြင် နိုင်စွမ်း မရှိသည့် အကြံတုံး ညဏ်တုံးများပီပီ လူ အထင်ကြီး ပြီးရော ဆိုကာ လျှောက်လုပ်နေခြင်း မျိုးသာ ဖြစ်သည်။
ရိုဆာတွန်မှ ဖေဖေါ်ဝါရီ ၆ ရက် နေ့ ထုတ်ပြန်သော ကျေညာချက်တွင် နျူကလီယား ကဏ္ဍတွင် အစိုးရချင်း ပူးပေါင်း ဆောင်ရွက်မှု အဖြစ် low-capacity နျူကလီယား ဓါတ်အားပေး စက်ရုံ အသေးစားလေး တခု တည်ဆောက်ပေးရန် လက်မှတ် ရေးထိုး ခြင်း ဖြစ်သည်ဟု ပါရှိသည်။ ထိုသို့တည်ဆောက်ရန် ဖြစ်နိုင်ခြေ ရှိမရှိ ကွင်းဆင်းလေ့လာမည့် ပရိုဂျက် အတွက်လည်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ဖြစ်သည်ဟု ဆိုသည်။ 
ယခင်က ဆက်ဒမ် ဟူစိန် လည်း ပြင်သစ် နှင့် အလားတူ သဘောတူညီချက် ရရှိခဲ့ပြီး ဖြစ်သည်။ သို့သော် ဆက်ဒမ် ဟူစိန်က အထက်စီး နှင့် ဖြစ်၍ ပြင်သစ် သမ္မတ ကိုယ်တိုင်ကပင် အော်လီ နိုင်ငံတကာ လေဆိပ်တွင် ကော်ဇော်နီ ခင်း၍ ဂုဏ်ပြုတပ်ဖွဲ့ နှင့် တခမ်းတနား ကြိုဆိုခဲ့သည်။ အကောင်အထည်ပေါ်လာလု ဆဲဆဲ တွင် အစ္စရေး လေတပ်၏ ချေမှုန်း ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။
အချုပ်အားဖြင့် ဆိုလျှင် ထိုသို့ လုပ်ဖြစ်သည် ဆိုစေဦး နျူကလီယား ဓါတ်အားပေး စက်ရုံ လည်ပတ်နိုင်ဖို့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ မှ အရင်ဆုံး လုံခြုံမှု ရှိမရှိ စစ်ဆေးပြီးမှ သာ ခွင့်ပြုရစမြဲ ဖြစ်သည်၊ ၎င်းတို့အား နိုင်ငံတကာ ကပင် အသိအမှတ် ပြုခြင်း မခံရသည့်အတွက် မည်သူမျှလည်း ရောက်လာဖို့ မရှိ ပေ။
ဤသည်ကလည်း အစွမ်းကုန် တွက်ဆ ပြောဆိုခြင်းမျိုးသာ ဖြစ်ပြီး ၎င်းတို့ အမွှေးနံ့သာ များ ဖြင့် ပက်ဖျန်းထားသော ကဗ္ဗည်း ကျောက်ပြားသည်လည်း ရေညှိများဖြင့် ဖုံးလွှမ်းသွားဖို့သာ ရှိနေပေတော့သည်။
ပတ်ဝန်းကျင် နိုင်ငံများက မိမိတို့ နိုင်ငံ၏ ဂုဏ်သိက္ခာ နှင့် အချုပ်အခြာအာဏာကို အထိခိုက်မခံပဲ တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်းများ ဖေါ်ဆောင်နေချိန်တွင် အရှက်ထက် အသက်နှင့် လူလုပ်နေကြရသော မင်းအောင်လှိုင် နှင့် အဖွဲ့သည် ရုရှားကို ဖါးရ၊ တရုတ်ကို မျက်နှာချို သွေးရ လုပ်နေရပြီ ဖြစ်သည်။
သို့သော် အမျိုးသား ညီညွတ်ရေး အစိုး ရကမူ နိုင်ငံတကာ တွင် သံခင်း တမန်ခင်း အရ ဂုဏ်သိက္ခာရှိရှိ ထိုးဖေါက်နိုင်နေပြီ ဖြစ်သည့် နောက်ထပ် လက္ခဏာ တရပ်အဖြစ် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် မှ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဂျိမ်းစ် ကလဲဗာလီ နှင့် လန်ဒန်တွင် တန်းတူရည်တူ အဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်ကို ပုံတွင် တွေ့နိုင်ပေသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
လှစိုးဝေ


ဆက်ဖတ်ရန် →
 မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ Page အတု

မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ Page အတု

စစ်ကိုင်းတွင်  မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ Page အတုထောင်ကာ မစ်ရှင်အတုများဖြင့် အလှူရှင်နှင့်ထောက်ပို့များကို ထောင်ဖမ်းရန် ကြိုးစားလာ၊ ဆားတောင်တွင် PDF ဆေးတပ်မှ ရဲမေ ၁ ဦးကျဆုံးဆိုသော သတင်း မဟုတ်မှန် 


ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ခေတ်သစ်


စစ်ကိုင်းတိုင်းတွင်  ဗိုလ်မုန်တိုင်းဆိုသော အမည်ဖြင့် မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ Page အတုထောင်ကာ မစ်ရှင်အတုများဖြင့် နွေဦးတော်လှန်ရေး အလှူရှင် နှင့်ထောက်ပို့များကို စစ်တပ် ထောင်ချောက်ဆင် ဖမ်းရန် ကြိုးစားနေကြောင်း စစ်ကိုင်းခရိုင် လူသားစာနာတာဝန်ခံ SAGAING 44 က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 
ယနေ့ လူမှုကွန်ရက်နှင့် သတင်းဌာနများတွင် ဖော်ပြနေသော ဆားတောင်တွင် မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ ၏ PDF ဆေးတပ်မှ ရဲမေ ၁ ဦးကျဆုံး သည်ဆိုသော သတင်းမှာလည်း သတင်းအတုဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 


စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်၊ အရာတော်မြို့နယ်၊ ဝက်လက်မြို့နယ် အတွင်း တိုက်ပွဲအတု၊ သတင်းအတုများဖန်တီးပြီး သတင်းမီဒီယာများ၏ စိစစ်နိုင်မှုမရှိခြင်းကို အခွင့်ကောင်းယူ အသုံးချ၍ သတင်းမှားများ ဖြန့်ဝေလျက်ရှိသည့် ဗိုလ်မုန်တိုင်းဦးဆောင်သည်ဆိုသည့် ပြောက်ကျားတပ်ဖွဲ့ ‌‌Page  သတိထားကြစေလိုကြောင်း ၊ ၎င်း ဖော်ပြနေသည့် မစ်ရှင်များမှာ အတုများဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း ယင်းကဲ့သို့သော မစ်ရှင်များ မရှိကြောင်း  စစ်ကိုင်းခရိုင် လူသားစာနာတာဝန်ခံ SAGAING 44 က ဆက်လက် ပြောဆိုသည်။ 
"မြေအောက် လျှပ်စစီး ပျောက်ကျားတပ်ဖွဲ့ ဆိုတဲ့ Page မှာတင်သမျှက မြေ ပြင်မှာ ဘာမှမရှိမဖြစ်ခဲ့တဲ့ဟာတွေကို ပုံအတုတွေနဲ့တင်လို့ မြို့နယ် ပကဖ ပအဖ တွေ IO တွေ အကုန်စည်းဝေးခေါ် စုံစမ်းပြီး စစ်ခွေးတွေ ပေ့အတုထောင်တာ အတည်ပြုနိုင်ခဲ့ပါတယ်။ စစ်ကိုင်းသတင်းမှန်ကတင်တာ လူသိနည်းနေလို့  ဆက်သွယ်မိတဲ့ထောက်ပို့တွေ အဖမ်းမခံရဖို့ ပြည်သူတွေ သတိထားဖို့ပါ" ဟု စစ်ကိုင်းခရိုင် လူသားစာနာတာဝန်ခံ SAGAING 44 ကပြောသည်။ 


အဆိုပါ မြေအောက်လျှပ်စီးပျောက်ကျားတပ်ဖွဲ့ Page  သည်  ဇန်နဝါရီလ ၂၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး  သတင်းအတု၊ ဓါတ်ပုံ မှတ်တမ်းအတုများဖန်တီးဖေါ်ပြလျှက်ရှိကြောင်း ၊သတင်းဓါတ်ပုံများကို ယုတ္တိရှိစေရန် ရှေ့သတင်းနောက်သတင်းချိတ်ဆက်၍ စနစ်တကျပုံဖေါ်ထားပြီး မြေပြင်တွင် အမှန်တကယ်မရှိသော ဖြစ်စဉ်များကို စိတ်ကူးယဉ်ပုံဖေါ် လိမ်ညာလှည့်စားထားသည်ကို တွေ့ရှိရကြောင်း၊  စစ်ကောင်စီဘက်မှ တော်လှန်ရေးတပ်ဖွဲ့ အသွင်ယူကာ အယောင်ဆောင်၍ ထောက်ပို့များနှင့် တော်လှန်ရေးရဲဘော်များကို ပူးသတ်ရန်အတွက်လည်းကောင်း၊ ပြည်သူလူထုအား လိမ်ညာလှည့်ဖြား အလှူခံစားရန်အတွက်ဟုလည်းကောင်း သုံးသပ်ယူဆရကြောင်း ၎င်းက ဆက်ရှင်းပြသည်။ 


စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ပေါ် ဂျင်ဝိုင်း စစ်ကောင်စီ ဒုဗိုလ်ပါ ၆ ဦး ရှင်းလင်းသတင်းတွင် မြေအောက်လျှပ်စီး‌ပြောက်ကျားတပ်ဖွဲ့က အသုံးပြုခဲ့သော ဓါတ်ပုံမှာ ၂၀၂၂ ဇန်နဝါရီလ ၁၃ ရက်နေ့က ဖိလစ် ပိုင်နိုင်ငံမှ သတင်းဓါတ်ပုံဖြစ်ပြီး ၎င်းမှတ်တမ်းဓါတ်ပုံအား အသုံးပြု၍ သတင်းအတု ဖြန့်ဝေကြောင်း သိရှိရသည်။










ဆက်ဖတ်ရန် →

ဖျက်သိမ်းခံထားရသည့် နှင်းဆီပါတီကို ပြည်ထောင်စုဒီမိုကရေစီပါတီအဖြစ် အမည်ပြောင်းလဲ၍ မှတ်ပုံတင်ရန် ပြင်ဆင်နေ

Author ကိုပေါက်
CategoriesPublished on Feb 07, 2023

 
နှင်းဆီပါတီဟု လူသိများသည့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)ကို ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)ဟု အမည်ပြောင်းကာ ပြည်ထောင်စုအဆင့်ပါတီ အနေဖြင့် ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ရန် ပြင်ဆင်နေသည်ဟု နိူင်ငံရေးပါတီအချို့ထံမှ သိရသည်။
စစ်ကောင်စီသည် ယခုနှစ် ဇန်နဝါရီ ၂၆ ရက်က နိူင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပြဌာန်းလိုက်ပြီးနောက် ပါတီဝင်ဦးရေ သိန်းနှင့်ချီရှိသည့် ဖျက်သိမ်းခံထားရသည့် နှင်းဆီပါတီမှ ပါတီအသစ် ပြန်လည်ဖွဲ့စည်းရန် ပြင်ဆင်နေတာဖြစ်သည်ဟု ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးက CJ Platform ကိုပြောသည်။
“နှင်းဆီပါတီမှာ ရင်းနှီးတဲ့မိတ်ဆွေတွေရှိတယ် သူတို့ပါတီကို ပြန်အသက်သွင်းမယ်ပေါ့ ပါတီကို အခြားနာမည်နဲ့ ပြန်လျှောက်မယ်ပေါ့”ဟု ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီပြီးလျှင် ကိုယ်စားလှယ်အများဆုံးဖြင့် ဝင်ရောက် ယှဥ်ပြိုင်ရန် ပြင်ဆင်ခဲ့သည့် ပါတီမှာ နှင်းဆီပါတီဖြစ်ပြီး ကိုယ်စားလှယ်ဦးရေ ၁၁၃၁ ဦးရှိသည့်အတွက် အမှန်တကယ် မှတ်ပုံတင်ခွင့်ရရှိပါက ကြံ့ခိုင်ရေးပါတီနှင့်အပြိုင် ပါတီတစ်ခုဖြစ်လာနိူင်သည်ဟု နိူင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ကို ထောင်ပြေးမှုဖြင့် ၂၀၂၀ခုနှစ် စက်တင်ဘာ ၃၀ ရက် ညပိုင်းက လှိုင်သာယာမြို့နယ် ပန်းလှိုင်အိမ်ရာတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မန္တလေးဗဟိုအကျဥ်းထောင်သို့ ပို့ဆောင်ခဲ့သည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်တရားရုံးမှ ထောင်ပြေးမှုပုဒ်မဖြင့် ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်ကာ အင်းစိန်အကျဥ်းထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။
အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်တွင် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၈၂ ၊ ပုဒ်မ ၁၇၁ တို့ဖြင့် ထောင်ဒဏ်ခြောက်နှစ်နှင့် ငွေဒဏ် တစ်သိန်းချမှတ်ခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အမိန့်ချတော့ ပထမထင်တာ စစ်ကောင်စီ ၂ နှစ်ပြည့်မှာ လွှတ်ပေးမယ်ထင်တာ မလွတ်ဘူး လဝကဥပဒေပုဒ်မ ၃
(၁)ရယ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၃ နှစ်မှုကျန်သေးတယ် “ဟု ပြောသည်။
လက်တလောတွင် ပါတီဥက္ကဌဦးကျော်မြင့်အား အင်းစိန်အကျဥ်းထောင်တွင် လှိုင်သာယာမြို့နယ်ရဲတပ်မှူးမှ တရားလိုပြုလုပ်၍ တရားစွဲဆိုထားသည့် လဝကဥပဒေပုဒ်မ ၃ (၁)နှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၃ တို့ကို ထပ်မံရင်ဆိုင်နေရသည်။
မန္တလေးဗဟိုအကျဥ်းထောင်မှ ၁၉၉၉ ခုနှစ်ထွက်ပြေးခဲ့သည့် ဦးကျော်မြင့်သည် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP)ကို ဦးဆောင်ကာ ၂၀၁၀ ခုနှစ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ခဲ့သည်။
နှင်းဆီပါတီသည်၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊၂၀၁၅ ရွေးကောက်ပွဲ၊၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဥ်ပြိုင်ခဲ့ရာ အနိူင်ရရှိခြင်းမရှိပေ။
နှင်းဆီပါတီသည် ၂၀၂၀ရွေးကောက်ပွဲတွင် မြို့အများစုတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကိုယ်စားလှယ်လောင်းများအား အခကြေးငွေပေးကာ ငှါးရမ်းခြင်း၊ ဆိုင်ကယ်ပြင်မှအစ ဘိလိယက်ခုံများတွင်ပါ ပါတီရုံးခန်းအဖြစ် ငှါးရမ်းဖွင့်လှစ်ခြင်းများကို လုပ်ဆောင်ခဲ့သည့် ပါတီတစ်ခုဖြစ်သည်။

ဆက်ဖတ်ရန် →
ပရိသတ်တွေ စိတ်တိုတာခံနေရတဲ့ မင်းသားမြင့်မြတ်

ပရိသတ်တွေ စိတ်တိုတာခံနေရတဲ့ မင်းသားမြင့်မြတ်


Shwe S N | February 4, 2023 | Celebrity | 
BGF ခေါင်းဆောင် စောချစ်သူ၏ လက်ရုံးဟု လူသိများသည့် ဗိုလ်မှူးနိုင်မောင်ဇော်က မြင့်မြတ်နှင့် တွဲရိုက်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက်၌ တင်ထားသည်။ နယ်ခြား​စောင့်တပ်ဖွဲ့ (BGF)မှာ အကြမ်းဖက်စစ်​ကောင်စီတပ် သြဇာခံ​သောအဖွဲ့များဖြစ်သည်။
Facebook လူမှုကွန်ရက်ကို မြစ်သံလွင်အမည်ဖြင့် အသုံးပြုနေသည့် နိုင်မောင်ဇော်က မြင့်မြတ်၊Kညီတို့နှင့်တွဲရိုက်ထားသည့် ဓာတ်ပုံကို တင်ကာ ” Dinner အတွက်ကျေးဇူးပါ ညီလေး” ဟု  ရေးထားသည်။ညစာစားပွဲတွင် ဟင်းအမယ်စုံနှင့်အကြမ်း
ဖက်စစ်တပ်ထုတ်မြန်မာဘီယာပုလင်းများနှင့်အတူ ​ပြုံးရွှင့်ကြစား​သောက်​နေကြသည်ကို​တွေ့ရသည်။
ထိုအပြင်အဆိုပါညစာစားပွဲတွင်မော်​တော်ဆိုင်ကယ်နှင့်ကားများတင်သွင်း​ရောင်းချ​နေ​သော Easy Rider Moterbike ကုမ္ပဏီနှင့် Naga Lady Auto Mobile ပိုင်ရှင် တင်​ကျော်နန္ဒ လည်းပါဝင်သည်ကို​တွေ့ရသည်။ Easy Rider သည် မြန်မာ-ထိုင်းနယ်စပ်မှတစ်ဆင့် စစ်​ကောင်စီနှင့် BGF များကိုဆက်​ကြေး​ပေးကာ ဆိုင်ကယ်တင်သွင်း​နေ​သောလုပ်ငန်းဖြစ်​ကြောင်းနယ်စပ်မှလုပ်ငန်းရှင်တစ်ဦးက​ ပြောသည်။
မြင့်မြတ်သည် စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်တို့ကဲ့သို့ နှုတ်ဆိတ်နေပြီး ရုပ်ရှင်ကြည့်ပရိတ်သတ်များ၏ ပြစ်တင်ဝေဖန်ခံနေရသည်။ထို့အပြင် မြင့်မြတ်သည်စစ်ကောင်စီအမာခံ​ထောက်ခံသူ အဆို​တော်ယုန်​လေးနှင့် ရင်းနှီး​သော မိတ်​ဆွေဖြစ်သလို ၊ အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် ၏သမီး ခင်သီရိသက်မွန် အဓိကပိုင်ဆိုင် 7th Sense ရုပ်ရှင်ထုတ်လုပ်​ရေးနှင့်စာချုပ်ချုပ်ဆိုထား​သော အဓိကမင်းသားဖြစ်သည်။


ဆက်ဖတ်ရန် →
စစ်ဒေသအလိုက်လွတ်မြောက်နယ်မြေဖော်ထုတ်ပြီးတစ်နိုင်ငံလုံးလွတ်မြောက်ရေးဆောင်ရွက်ရန်စီမံထား NUG ကာကွယ်ရေးဝန်ကြီး အသိပေး

စစ်ဒေသအလိုက်လွတ်မြောက်နယ်မြေဖော်ထုတ်ပြီးတစ်နိုင်ငံလုံးလွတ်မြောက်ရေးဆောင်ရွက်ရန်စီမံထား NUG ကာကွယ်ရေးဝန်ကြီး အသိပေး

 -သက်ဝေ/People’s Spring
 စစ်အာဏာရှင် တိုက်ဖျက်ရေး တစ်နှစ်တာ အစီအစဉ်အတိုင်း ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး စစ်ဒေသအလိုက်လွတ်မြောက်ရေး၊ ထိုမှတဆင့် တစ်နိုင်ငံလုံးအတိုင်းအတာ လွတ်မြောက်ရေးကို ဆောင်ရွက်ရန် စီမံချက်ချထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။
 
ကမ္ဘာတစ်ဝန်း​ရောက်​​နေ​သောမြန်မာပြည်သူ များနှင့် အမျိုးသားညီညွတမ​ရေးအစိုးရ(NUG)မှတာဝန်ရှိသူများ​ဖေ​ဖော်ဝါရီ ၅ ရက်တွင် အွန်လိုင်းမှ​တွေ့ဆုံ၍ ​မေးမြန်း​ဖြေကြားကြ​​သော Myanmar Global Town Hall 2023 "ပြည်သူ့ခုခံတော်လှန်စစ် မေးကြမယ် ဖြေကြမယ် အစီအစဉ်" အစီအစဥ်၌ ဝန်ကြီးက ထိုသို့ ပြောကြားခြင်းဖြစ်သည်။
 
ယခု ရက်ပိုင်း စစ်ကောင်စီက သက်တမ်း ၆လထပ်မံ တိုးမြှင့်ခြင်း၊ မြို့နယ် ၃၇ခုကို စစ်အုပ်ချုပ်ရေး ကြေညာခြင်းတို့ ပြုလုပ်ခဲ့ရာ ယင်းလုပ်ရပ်များသည် စစ်ကောင်စီ ထိန်းချုပ်နိုင်စွမ်းများစွာ အားနည်းနေသည်ကို ပြသနေခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောသည်။​တော်လှန်​ရေးအင်အားစုများက ရှေ့တွင် တစ်နှစ်စီမံချက်ကို အစီအစဉ်တိုင်း ပိုမိုဆောင်ရွက်မည်ဖြစ်သည်ဟုအသိ​ပေးသည်။
 
“ဖြစ်လာရင် ပိုပြီးတော့မှ စစ်ကောင်စီကို အထိနာအောင် ဆောင်ရွက်နိုင်လိမ့်မယ်။ ဒီအထဲမှာ စစ်ဒေသအလိုက် လွတ်မြောက်နယ်မြေလို့ ပြောနိုင်တဲ့ ဒေသတွေ ဖော်ထုတ်ရေး ဆိုတာကလည်း အရေးကြီးတဲ့ ရည်မှန်းချက်တွေဖြစ်မယ်။ ဒီအတွက်လည်းအရေးကြီးတဲ့အကောင်အထည်ဖော်မှုတွေ အခုကတည်းက စတင်ဆောင်ရွက်နေတာဖြစ်ပြီ” ဟုကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။
တစ်ချိန်တည်း၌ပင် တစ်နှစ်စီမံချက်အရ ယခုနှစ်အတွင်း မည်သူနိုင်မည် မည်သူရှုံးဆိုသည့် သေချာသည့် အဆင့်တစ်ခု ဖြစ်ပေါ်လာမည်ဟုလည်းဆက်​ပြောသည်။
 “ဒီအဆင့်တစ်ခုကို သေသေချာချာ ဖော်ပြပြီးတော့ဒေသအလိုက်သာမကဘဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လွတ်မြောက်ရေးကိုလည်း ဆက်တိုက် စီမံချက်ချပြီး အကောင်အထည်ဖော်နေတာဖြစ်ပါတယ်” ဟုဦးရည်မွန်ကဆိုသည်။
နိုင်ငံတကာကစစ်ကောင်စီအနေဖြင့် အာဏာသိမ်း ၂ နှစ်တာကာလအခြေအနေတွင် နိုင်ငံကို ထိန်းချုပ်နိုင်စွမ်းမရှိတော့သည်ကိုလက်ခံလာကြောင်း ဝန်ကြီးကဆက်ပြောသည်။ 
ဖေဖော်ဝါရီ ၁ရက်က နိုင်ငံတစ်နိုင်ငံမှ တာဝန်ရှိသူတစ်ဦးနှင့် ဆွေးနွေးရာတွင် မြန်မာပြည်သူများ၏ စိတ်အားဓာတ်သန်မှု၊ ညီညွတ်မှုကို သတိပြုမိကြောင်း ထုတ်ဖော်ဆွေးနွေးလာကြောင်းဝန်ကြီးက ပြောပြသည်။
 “ဒါက အင်မတန်အရေးကြီးတဲ့ ဖော်ပြချက်ဖြစ်တယ်ဆိုပြီး သူ့ဘက်က အသိပေးဆွေးနွေးခဲ့တာရှိပါတယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
စစ်ကောင်စီက ၃၇ မြို့နယ်ကို မာရှယ်လောထုတ်ခြင်း၊ စစ်ကောင်စီ သက်တမ်း ခြောက်လတိုးသည့်ကိစ္စတို့သည် နိုင်ငံတကာ၏ အမြင်အပေါ် သက်ရောက်မှု များစွာဖြစ်စေခဲ့သည်ဟု ဆိုသည်။
“စစ်ကောင်စီက နောက်ထပ် ခြောက်လ သက်တမ်းတိုးမယ်လို့ ထုတ်ဖော်ပြောဆိုလာတာသည်ပင်လျင်သူ့အနေနဲ့ဒီနိုင်ငံကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူးလို့ ဝန်ခံရာလည်းရောက်နေတယ်လို့ သူကအဲဒီလို သုံးသပ်ပါတယ်” ဟုကာကွယ်ရေးဝန်ကြီးကပြောပြသည်။
စစ်ကောင်စီက ၂၀၂၃ အတွင်း ရွေးကောက်ပွဲတစ်ခုလုပ်မည်ဟု ကြိမ်ဖန်များစွာ ပြောထားသော်လည်းအမှန်တကယ် ရွေးကောက်ပွဲ လုပ်နိုင်မည်လားဆိုသည်ကို နိုင်ငံတကာက စောင့်ကြည့်နေကြသည်ဟုဆိုသည်။
“အခုလို စစ်အာဏာကို ခြောက်လ သက်တမ်းတိုးလိုက်ပြီ ဆိုတဲ့ ကိစ္စက သူရွေးကောက်ပွဲလည်း သူမျှော်မှန်းတဲ့အတိုင်း မလုပ်နိုင်တော့ဘူး ၊ရွေးကောက်ပွဲမလုပ်နိုင်တာကသူ့ရဲနယ်မြေထိန်းချုပ်မှု အင်မတန်အားနည်းနေပြီဆိုတာဖော်ပြတဲ့အချက်ဖြစ်တဲ့အတွက် နိုင်ငံတကာ အနေနဲ့ဒီအပေါ်မှာ အံ့အားသင့်ရတယ်ဆိုပြီး ပြောဆိုတာရှိတယ်။မာရှယ်လောထုတ်ပြန်တဲ့ကိစ္စဟာလည်းတစ်ဖက်မှာ ဪသူ့ရဲ့နယ်မြေထိန်းချုပ်နိုင်စွမ်း အားပျော့နေပြီဆိုတာကို ဝန်ခံရာလည်းရောက်တယ်ဆိုပြီး ဆွေးနွေးချက်လေးတစ်ခုရှိပါတယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
စစ်ကောင်စီကမြို့နယ်၃၇မြို့နယ်ကိုမာရှယ်လောထုတ်သည်ဆိုသော်လည်း တကယ်တန်းတွင် ယခုထက်ပိုမိုသည့် မြို့နယ်များစွာကို မာရှယ်လောထုတ်ရမည့် အခြေအနေဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။ ယခု ထုတ်ပြန်ကြေညာခဲ့သည့် မြို့နယ်များသည် တော်လှန်ရေးရဲဘော်များ စိုးမိုးထိန်းချုပ်ထားသည့် မြို့နယ် ဒေသများဖြစ်နေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဒီမြို့နယ်တွေဆိုရင် စစ်ကောင်စီက သူ့တပ်ရှိတယ်ဆိုရင် တပ်ထဲက အပြင်တောင်မှ ထွက်ရဲတဲ့ မြို့နယ်တွေမဟုတ်တော့ဘူး” ဟု NUG ကာကွယ်​ရေးဝန်ကြီးကပြောသည်။
NUG ၏ ကာကွယ်​ရေးဝန်ကြီးဌာန​အောက်တွင်း တပ်ရင်း​ပေါင်း ၃၀၀ ​ကျော်ဖွဲ့စည်းထားပြီး ၊ပကဖ အဖွဲ့​ပေါင်း ၂၀၀ ​ကျော်ရှိ​ကြောင်း ၊ထိုအပြင် PDF အဖွဲ့များပင်ဆိုနိုင်​သော ကရင်နီ ပြီနယ်တွင် ​တော်လှန်​ရေးမဟာမိတ် အဖွဲ့ဖြစ်​သောKNDF ကတပ်ရင်း ၂၀ ​ကျော် ၊ ချင်းပြည်နယ်တွင် ​လည်း ​​တော်လှန်​ရေးမဟာမိတ် CDF တပ်ရင်း​ပေါင်း ၅၀ ​ကျော်ရှိ​နေပြီဖြစ်ကြောင်းလည်း ဝန်ကြီးက​ပြောသည်။ ထို့အပြင် PDF များကို ခိုလှုံခွင့်​ပေးပြီးစစ်ပညာသင်​ပေးကာ အဓိက ​တော်လှန်​ရေးမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်​သော KIO/KIA ၊ KNU/KNLA ၊KNPP/KA နှင့်CNF/CNA တို့တွင်လည်း ​​နွေဦးကာလတွင် တပ်ဖွဲ့ဝင်အင်အား ယခင်ကထက်ပိုမို​တောင့်တင်းလာ​ကြောင်းသိ့ရသည်။
 
NUG ကာကွယ်​ရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပူး​ပေါင်း၍စစ်တိုင်းများအဖြစ် ​​မြောက်ပိုင်းတိုင်း၊​တောင်ပိုင်းတိုင်းနှင့် အလယ်ပိုင်းတိုင်း တို့စနစ်တကျဖွဲ့စည်းသည်။ထို့အပြင် စစ်​ဒေသမှူးများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​ခေါင်း​ဆောင်များကိုတာဝန်​ပေးအပ်ထားပြီး စစ်ဆင်​ရေးများကို စနစ်တကျ ဗျူဟာချမှတ်​​ဆောင်ရွက်​နေမှုများကိုလည်း ဝန်ကြီးက ​အသိ​ပေး​ပြောကြားခဲ့သည်။
(PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-MPDF ၊ NUG)







ဆက်ဖတ်ရန် →

တရုတ်နိုင်ငံမှာ ဆန္ဒပြသူများ တဦးပြီးတဦး ဖမ်းဆီးခံနေရ၊ ဆိုရှယ်မီဒီယာတွင် အကူအညီတောင်းသည့် ဗီဒီယို ပျံ့နှံ့နေ။


 Era’s eye
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၁၉) ရက်၊ ဘေဂျင်း။
ပြီးခဲ့သည့်နိုဝင်ဘာလက ဘေဂျင်းတွင် တရုတ်နိုင်ငံ၏ "ဇီးရိုး-ကိုရိုနာ" ပေါ်လစီကို ဆန့်ကျင်သော လူငယ်များက ဆန္ဒပြခဲ့ရာ ဆန္ဒပြခဲ့သူများကို တဦးပြီးတဦး တရုတ်အာဏာပိုင်များက ဖမ်းဆီးနေသည်ဟု စွပ်စွဲထားသည်။ ယင်းကဲ့သို့ ပြောဆိုထားသည့်ဗီဒီယိုသည် အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။ 
၎င်းဗီဒီယိုပိုင်ရှင်သည် ဘေကျင်းမြို့ရှိ ပုဂ္ဂလိကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသော အသက် ၂၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး ယမန်နှစ် နိုဝင်ဘာ ၂၇ ရက်နေ့ ညက ဘေဂျင်းမြို့လယ်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည်။ အဆိုပါ ဗီဒီယိုသည် ယခု ဇန်နဝါရီလ (၁၈) ရက်နေ့တွင် Twitter နှင့် အခြားမီဒီယာများတွင် ပျံ့နှံ့သွားခဲ့သည်။ အဆိုပါ ဗီဒီယိုတွင် အမျိုးသမီးငယ်တဦးသည် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် သူမ၏ သူငယ်ချင်းလေးယောက် အဖမ်းခံလိုက်ရပြီး မကြာခင် သူမလည်း အဖမ်းဆီးခံရတော့မည် ဖြစ်ကြောင်းနှင့် သူမတို့ကို ပြည်တွင်းနှင့် ပြည်ပမှ အကူအညီပေးကြရန် တောင်းဆိုထားသည့် ဗီဒီယိုဖြစ်သည်။ ကျမရဲ့ ဒီဗီဒီယိုကို အားလုံးက ကြည့်ရတဲ့အခါမှာ ရဲတွေက ငါ့သူငယ်ချင်းတွေနဲ့အတူ ငါ့ကို ခေါ်သွားပြီ” လို့ မှတ်ယူနိုင်ကြောင်း သူကက ပြောခဲ့သည်။ အဆိုပါ ဗီဒီယိုအား သူမ မရှိတော့သည့်အချိန်တွင် ထုတ်ပြန်ပေးရန် သူငယ်ချင်းတစ်ဦးထံ အပ်နှံထားကာ ဒီဇင်ဘာ ၂၄ ရက်နေ့ကတည်းက အဆက်အသွယ်ပြတ်သွားသည်ဟု သူမသူငယ်ချင်းက ပြောသည်။
အမျိုးသမီး၏ ပြောကြားချက်အရ နိုဝင်ဘာ (၂၉) ရက်မှ စတင်ကာ ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို တစ်ဦးချင်း ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို စတင် စစ်ဆေးမေးမြန်းခဲ့သည်။ အစောပိုင်းတွင် ၎င်းတို့အား (၂၄) နာရီအကြာတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဒီဇင်ဘာလလယ်ခန့်မှ စတင်ကာ ပြန်လည်ခေါ်ဆောင်သွားသောသူများ ပြန်မလာသေးသည့် ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ စွဲချက်နဲ့ ချုပ်နှောင်ထားတဲ့နေရာကို ထုတ်ဖော်ပြောကြားခြင်း မရှိပါ။
ဗီဒီယိုတွင် တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးသော အမျိုးသမီးများ အပါအဝင် စုစုပေါင်း လူ ၁၃ ဦး၏ အမည်များနှင့် အလုပ်အကိုင်များကို မိတ်ဆက်ပေးထားသည်။ စာရေးဆရာများ၊ အယ်ဒီတာများနှင့် မီဒီယာသမားများလည်း ပါဝင်ပါသည်။
Virtual Private Network (VPN) ကို အသုံးမပြုဘဲ Twitter ကို တရုတ်နိုင်ငံတွင် ကြည့်ရှုနိုင်မည် မဟုတ်ပါ။ အမျိုးသမီး၏ ဗီဒီယိုတွင် အင်္ဂလိပ်စာတန်းထိုး ပါရှိပြီး ဆန္ဒပြသူများ၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းကို အကူအညီတောင်းထားသည်။
Source: JIJI
Video Source: Twitter
တရုတ်နိုင်ငံမှာ ဆန္ဒပြသူတွေ တယောက်ပြီးတယောက် ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ လက်ရှိအခြေအနေတွေကို ပြောပြနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဗီဒီယို https://youtu.be/qw_BFbsT0Wg


ဆက်ဖတ်ရန် →
ပဲခူးတိုင်းအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားရာ ၅ မြို့နယ်က PDF တွေ လက်နက်အပ်ဖို့ လိုက်ကြေညာ

ပဲခူးတိုင်းအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားရာ ၅ မြို့နယ်က PDF တွေ လက်နက်အပ်ဖို့ လိုက်ကြေညာ


ပဲခူး၊ ဖေဖော်ဝါရီလ ၇၊ ၂၀၂၃။ 
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပဲခူးတိုင်းဒေသကြီးထဲက ၅ မြို့နယ်မှာ စစ်ကောင်စီက အစစ်ဆေး တင်းကြပ်နေပြီး  PDF တွေ လက်နက်အပ်ဖို့ လိုက်ကြေညာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီလ ၅ ရက်နေ့လော​က်က စတင်ပြီး  စစ်ကောင်စီဘက်က မြို့ဝင်မြို့ထွက်ဂိတ်တွေ၊ မြို့ထဲနေရာတွေမှာ အစစ်ဆေးတင်းကြပ်နေပြီး စစ်ကောင်စီ၊ ရဲ၊ ထွေအုပ်ပါဝင်တဲ့အဖွဲ့တွေက PDF တွေအနေနဲ့ လက်နက်အမြန်အပ်ဖို့ လိုက်လံကြေညာနေတယ်လို့ ပေါင်းတည်ဒေသခံတဦးက ပြောပါတယ်။
"သူတို့ အဲလိုလုပ်နေတာ ၅ ရက်နေ့လောက်ကစပြီး လုပ်နေတာ။ နေ့ခင်းပိုင်းဆို မိုက်တွေနဲ့ လိုက်ကြေညာတယ်။ ညဘက်တွေဆို မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ စစ်ဆေးတင်းကြပ်တယ်။ အရင်ကထက်စာရင် ပိုလုပ်လာတော့ ပြည်သူတွေကတော့ သတိထားဖို့ လိုတယ်" လို့ ပြောပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်နေ့က စတင်ပြီး စစ်ကောင်စီက မြန်မာတစ်နိုင်ငံလုံးက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာ ပဲခူးတိုင်းထဲက ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်းမြို့နယ်တွေ ပါဝင်ခဲ့ပါတယ်။
စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေး ကြေညာထားပြီးပါက စစ်ကြောင်းအကြီးအကျယ် ထိုးတာတွေ၊ ပြည်သူတွေအပေါ်ဖိနှိပ်မှုတွေ၊ ​အကြမ်းဖက်လုပ်ရပ်တွေ ယခင်ကထက် ပိုမိုလုပ်လာနိုင်လို့ ပြည်သူတွေကော ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ သတိထားလုပ်ကိုင်ဖို့ လိုတယ်လို့ ပဲခူးတိုင်း ပကဖ တာဝန်ရှိသူတွေကလည်း သတိပေးထားပါသေးတယ်။
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ပေါင်းတည်မြို့နယ်ထဲမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က သိမ်ကုန်းကျေးရွာက ပျူစောထီးခေါင်းဆောင် အောင်ဖာ(ခ)မင်းနိုင်ဦးကို သဲကုန်းမြို့နယ် ပကဖ မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းလို့ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
#မြေလတ်အသံ





ဆက်ဖတ်ရန် →
မြန်မာ့အရေး အဖွဲ့ကွဲခြင်းကို ရှောင်ရှားရန် အာဆီယံက တိုက်တွန်း

မြန်မာ့အရေး အဖွဲ့ကွဲခြင်းကို ရှောင်ရှားရန် အာဆီယံက တိုက်တွန်း



ဧရာဝတီ
အရှေ့တောင်အာရှနိုင်ငံများအသင်းမှ နိုင်ငံခြားရေးဝန်ကြီးများသည် နှစ်ရက်ကြာ ဆွေးနွေးပြီးနောက် တနှစ်တာ၏ ပထမဆုံးသော ဝန်ကြီးအဆင့်အစည်းအဝေးကို စနေနေ့တွင် ပြီးဆုံးသွားသည်။ အဖွဲ့ဝင်နိုင်ငံများသည်အကျပ်အတည်းဖြစ်ပွားနေသော မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရာတွင်စည်းလုံးမှုရှိကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
အဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေသည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ က အာဆီယံသည် အဖွဲ့၏ ကျယ်ပြန့်သော ပံ့ပိုးကူညီမှုဖြင့် ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။ မြန်မာစစ်တပ်က ခန့်အပ်ထားသော နိုင်ငံခြားရေး ဝန်ကြီးကို အစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်ထားသည်။
“ဒီအစီအစဉ်က အာဆီယံဥက္ကဋ္ဌအတွက် အထူးအရေးကြီးပါတယ်၊ မြန်မာနိုင်ငံက အခြေအနေတွေကို စည်းစည်းလုံးလုံးနဲ့ ဖြေရှင်းဖို့ လမ်းညွှန်ချက်တခုအနေနဲ့ အာဆီယံအတွက် အလွန်အရေးကြီးပါတယ်” ဟု ရတ်နိုမာဆူဒီက အစည်းအဝေးအပြီး သတင်းထောက်များအား ပြောကြားခဲ့သည်။ “ဘုံသဘောတူညီချက် ၅ ရပ်ကိုအကောင်အထည်ဖော်ဖို့ အာဆီယံအဖွဲ့ဝင်တွေက ခိုင်မာတဲ့ စည်းလုံးမှုကို ပြသကြပါတယ်” ဟုလည်း ၎င်းကပြောသည်။
ဘုံသဘောတူညီချက် ၅ ရပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်မှ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက် ဧပြီလ၌ ပြုလုပ်သော အဖွဲ့၏ အရေးပေါ် ထိပ်သီးအစည်းအဝေးတွင် သဘောတူညီခဲ့ပြီး အကြမ်းဖက်မှုများကို ရပ်တန့်ရန် တောင်းဆိုမှု ပါဝင်သည်။ .
အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ရတ်နိုမာဆူဒီသည် မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းမှုနှင့်ပတ်သက်၍ အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများအပေါ် စာတမ်းတင်ရာတွင် အရေးကြီးကြောင်း မီးမောင်းထိုးပြကာ “စည်းလုံးခြင်း” ဟူသော စကားလုံးကို ထပ်ခါတလဲလဲ အသုံးပြုခဲ့သည်။
မြန်မာစစ်တပ်နှင့် ခိုင်မာသော ဆက်ဆံရေးရှိသည့် ထိုင်းနိုင်ငံသည် ဒီဇင်ဘာလတွင် မြန်မာစစ်တပ်မှ ခန့်အပ်ထားသော နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရားဝင်မဟုတ်သော တွေ့ဆုံပွဲတရပ်ကို ကျင်းပခဲ့သည်။ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့ တက်ရောက်ခဲ့ပြီး အခြားအဖွဲ့ဝင်ငါးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းတို့ မတက်ခဲ့ကြပေ။
“အာဆီယံနိုင်ငံတွေကြား ကုန်းကြောင်းနဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ကွာခြားမှုက ချဉ်းကပ်ပုံကို ကွာခြားမှု ဖြစ်စေပါတယ်” ဟု စင်ကာပူရှိ အာဆီယံလေ့လာရေးစင်တာမှ အကြီးတန်းလုပ်ဖော်ကိုင်ဖက်နှင့် ညှိနှိုင်းရေးမှူးSharon Seah က Nikkei Asia သို့ ပြောကြားခဲ့သည်။ “ထင်ရှားတာက ထိုင်းနိုင်ငံရဲ့ အစပျိုးမှုဟာ အဲဒီကွာဟချက်ကို တံတားထိုးဖို့ ကြိုးစားတာပါ၊ ဒါပေမယ့် ကွာဟချက်က ပိုကွာဟသွားပြီး နောက်ပြန်ဆုတ်သွားတယ်လို့ ယူဆနိုင်ပါတယ်” ဟုလည်း ပြောသည်။
မြန်မာအရေးအပြင် တောင်တရုတ်ပင်လယ်အငြင်းပွားမှုနှင့် အာဆီယံအသင်းတွင် အရှေ့တီမော၏ ပါဝင်ဆောင်ရွက်ရေး အစီအစဉ်များကိုလည်း ထည့်သွင်းထားသည်။ အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီးကို လေ့လာသူအဖြစ် ပထမဆုံးအကြိမ် အစည်းအဝေးသို့ စေလွှတ်ခဲ့သည်။ အာဆီယံခေါင်းဆောင်များသည် အရှေ့တီမောကိုအဖွဲ့၏ ၁၁ ယောက်မြောက် အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုကာ လေ့လာသူအဆင့်ကို ပေးအပ်ရန် နိုဝင်ဘာလတွင်သဘောတူခဲ့သည်။
တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်ထပ်နေသည့် ပိုင်နက်တောင်းဆိုမှုများကို ကိုင်တွယ်ဖြေရှင်းရန် ကျင့်ဝတ်ဆိုင်ရာ “တတ်နိုင်သမျှ အမြန်ဆုံး” နှင့် ဆွေးနွေးမှု အပြီးသတ်ရန် ဝန်ကြီးများသည် အဖွဲ့၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့သည်။
ကိုးကား။ ။ Nikkei Asia

ဆက်ဖတ်ရန် →