နောက်ဆုံးရ
KNU ထိန်းချုပ်နယ်မြေတွင် အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွားပြီး စစ်သား ၇၀၀၀ နီးပါး သေဆုံး

KNU ထိန်းချုပ်နယ်မြေတွင် အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွားပြီး စစ်သား ၇၀၀၀ နီးပါး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ်
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ KNU ထိန်းချုပ်နယ်မြေတွင် အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွားပြီး စစ်သား ၇၀၀၀ နီးပါး သေဆုံးကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။ 
မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး ၂ နှစ်အတွင်း တိုက်ပွဲပေါင်း  ၈၀၃၈ ကြိမ်ဖြစ်ပွား စစ်တပ်ဘက်မှ ၆၈၇၆  ဦးသေဆုံးကာ ၅၅၁၉ ဦးဒဏ်ရာရရှိကြောင်း၊KNLA /KNDO ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂၁၉ ဦးတိုင်းပြည်အတွက် အသက် ပေး လှူခဲ့ရပြီး ၆၀၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
KNU တပ်မဟာ ၁ နယ်မြေ ဒူးသထူခရိုင် အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၈၀၁ ကြမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅၂၆  ဦးသေဆုံးကာ ၁၃၄၂  ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊  KNU တပ်မဟာ ၂  တောအူး ခရိုင်   အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပါင်း ၂၇၇ ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာ သိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ၅၀၅  ဦးသေဆုံးကာ ၂၀၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ KNU တပ်မဟာ ၃ ခလယ်လွီထူ ခရိုင်  အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၅၂၅  ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာ သိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သား ၆၀၆  ဦးသေဆုံးကာ ၃၉၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
KNU တပ်မဟာ ၄ ဘိတ်−ထာဝယ်ခရိုင် အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း  ၁၃၁ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သား ၂၅၉ ဦး သေဆုံးကာ ၂၄၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ မူတြော်ခရိုင် တပ် မဟာ ၅  အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၅၆၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သား ၂၇၆၀ ဦးသေဆုံးပြီး ၂၃၄၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ဒူးပလာယာ တပ်မဟာ ၆ အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲ ပေါင်း ၆၆၆  ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂၂၀ ဦး သေဆုံးကာ ၉၉၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။ 
အဆိုပါခုခံတိုက်ပွဲများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုး သား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ စစ်ရေးဦး ဆောင်မှုအောက်ရှိ စစ်ကြောင်းများ၊ Drone တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ခုခံတိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး စစ်အာဏာရှင် စနစ်အမြစ်ပြတ် ချေမှုန်းနိုင်ရေးအတွက် တော်လှန်ရေးတိုက်ပွဲကိုလည်း ဆက်လက် ဆင်နွှဲသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ဓာတ်ပုံ- KNU တပ်မဟာနယ်မြေတွင် သေဆုံးခဲ့ကြသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းများကို စုစည်းဖော်ပြပါသည်)




ဆက်ဖတ်ရန် →

မြင်းခြံတွင် ရဲများ လိုက်ပါလာသည့် အိမ်စီးကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု

မြင်းခြံတွင် ရဲများ လိုက်ပါလာသည့် အိမ်စီးကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု သေဆုံးမှုများပြား(ရုပ်သံကြည့်ရန်)


ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ်


မန္တလေး၊ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းမှအိမ်စီးကား ၁ စီးဖြင့် ထွက်ခွာလာသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု၁၂ ဦးသေဆုံးကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းမှ ထွက်ခွာလာသော ရဲ ၁၂ ဦးပါဝင်သည့် Light truck ကားသည် မြင်းခြံမြို့ဘက်သို့ ထွက်ခွာလာစဥ် ထိန်ပန်းရွာအနီးတွင် ပဒေသာ မိုင်း ၁၅ လုံးဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ရဲ ၁၂ ဦးလုံးသေဆုံးခဲ့​ကြောင်း သိရသည်။
"ကုက္ကဲရဲစခန်းက ရဲခွေး ၁၂ ကောင်ကို ထိန်ပန်းရွာနားမှာ ပဒေသာမိုင်း ၁၅ လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်တာ ကားလည်း ရစရာမရှိအောင် ပျက်ဆီးသွားတယ်။ ကားပေါ်ပါလာတဲ့ ရဲခွေး ၁၂ ကောင်လုံးလည်း သေတယ်လို့ ခရီးသွားတွေ ပြောပြချက်အရ သိရတယ်" ဟု နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် မြေပြင်အခြေအနေကို အသေးစိတ် အတည်ပြု နိုင်ခြင်းမရှိသေးပေ။

ဆက်ဖတ်ရန် →
မင်းအောင်လှိုင် မိန်းမ၊ သား၊ သမီးနဲ့ မြေးတွေက စင်ကာပူကို အပျော်ခရီး အလည်အပတ် ထွက်လေ့ရှိသတဲ့လား

မင်းအောင်လှိုင် မိန်းမ၊ သား၊ သမီးနဲ့ မြေးတွေက စင်ကာပူကို အပျော်ခရီး အလည်အပတ် ထွက်လေ့ရှိသတဲ့လား


ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ်
အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ မိန်းမ ကြူကြူလှ၊ အောင်ပြည့်စုံ၊ ခင်သီရိသက်မွန်တို့ကို မြေး ၅ ဦးနဲ့အတူ   စင်ကာပူ Universal Studio Singapore ရဲ့ Accelerator ကစားနည်း ဆိုင်းဘုတ်နားမှာ ရှိနေတဲ့ ဓာတ်ပုံတချို့ရရှိလာပါတယ်။ 
Universal Studios Singapore က စင်ကာပူနိုင်ငံရဲ့ အပန်းဖြေ ၊ ဖျော်ဖြေရေး၊ ကလေးကစားနည်းပေါင်းများစွာ၊ စားသောက်ဆိုင်တွေ ၊ ရှိုးပွဲတွေ အပြည့်ရှိနေတဲ့ အပန်းဖြေဥယျာဉ်ကြီး တစ်ခုလည်းဖြစ်ပါတယ်။ 
မင်းအောင်လှိုင်ရဲ့ မိန်းမ၊ မြေးတွေရဲ့ မိသားစုဓာတ်ပုံတွေကို  ပေးပို့တဲ့ စင်ကာပူရောက် မြန်မာတစ်ဦးကတော့ ဒီဓာတ်ပုံဟာ ၂၀၂၃ ခုနစ် ဖေဖော်ဝါရီ ၉ ရက် စင်ကာပူ အချိန် မွန်းလွဲ ၂ နာရီ လောက်က ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ 
ရန်ကုန်ခေတ်သစ်အနေနဲ့တော့ ဒီဓာတ်ပုံတွေရဲ့ အချိန်ကာလကိုတော့  အတည်မပြုနိုင်ပေမယ့်လည်း  ဓာတ်ပုံထဲမှာ ပါဝင်နေတဲ့ မင်းအောင်လှိုင် မိန်းမကြူကြူလှ၊ သား၊ချွေးမ၊ သမီးနဲ့ မြေးဖြစ်သူတွေဆိုတာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။  
ဓာတ်ပုံထဲမှာ ကြူကြူလှ၊ မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံနဲ့ ဇနီး မျိုးရတနာထိုက် ၊  သမီးအကြီး ချစ်ပိုး(ခေါ်) ခင်ငြိမ်းချမ်းပြည့်စုံလှိုင်၊ ခင်ဘုန်းမြတ်ပြည့်စုံလှိုင်(ခေါ်) ရွှေပိုး၊ အငယ်ဆုံး မြေးမလေးနဲ့   မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်ရဲ့ သမီး     အိပိုး (ခေါ်)  ဧကရီသက်မွန်လှိုင်၊ မေပိုး(​ခေါ်) မေဘရဏီသက်မွန်လှိုင်တို့ကို မြင်တွေ့ရပြီး မင်းအောင်လှိုင်ရဲ့ မြေးတွေကို ထိန်းရတဲ့ စစ်တပ်သူနာပြုတွေကိုလည်း မြင်တွေ့ရပါတယ်။ 
အောင်ပြည့်စုံရဲ့  သမီးအကြီး ချစ်ပိုး(ခေါ်) ခင်ငြိမ်းချမ်းပြည့်စုံလှိုင်ကိုလည်း အရပ်ရှည်ရှည်နဲ့ မြင်တွေ့ရတာမို့ ဒီဓာတ်ပုံဟာ သိပ်မကြာသေးတဲ့ကာလ ဓာတ်ပုံဖြစ်ဖို့များပါတယ်။ 
"မအလ မြေးနဲ့ မိသားစု ဓာတ်ပုံတွေကြည့်ရတာ ကိုဗစ်ကာလမတိုင်မီ ပုံအဟောင်းတွေ ဖြစ်မယ်လို့ထင်တာပါပဲ ။  ပုံအဟောင်းပဲ ဖြစ်ဖြစ်၊ ပုံအသစ်ပဲဖြစ်ဖြစ် တစ်တိုင်းပြည်လုံးကို ဖိနှိပ် ချုပ်ခြယ်တဲ့ အာဏာရှင် မိသားစုတွေရဲ့ မြေးတွေဟာ စင်ကာပူရဲ့ ကစားကွင်းတွေမှာ လာပြီး လည်ကြ ပတ်ကြ ပျော်ကြတာ သိသာတာပေါ့။ မင်းအောင်လှိုင်က တစ်တိုင်းပြည်လုံးရဲ့ လူငယ် အနာဂတ်တွေ ဖျက်ဆီး သတ်ဖြတ်နေပေမယ့် သူ့မြေး ကျတော့ စင်ကာပူမှာ ပျော်နေကြတယ်ဆိုတာ ထင်ရှားတာပဲ" လို့ စင်ကာပူရောက် မြန်မာတစ်ဦးက ပြောဆိုပါတယ်။ 
အကြမ်းဖက်မင်းအောင်လှိုင်ဟာ ပြည်တွင်းဖြစ်ကို အားပေးရမယ်၊ ပြည်တွင်းမှာ အားလုံး ထုတ်လုပ်ရမယ်၊ ပြည်တွင်းခရီးသွား လုပ်ငန်းတွေ တိုးမြှင့်ရမယ် စတဲ့ လူပြိန်းကြိုက်စကားတွေ ပြောတတ်ပေမယ့် သူကိုယ်တိုင်နဲ့ သူ့မိန်းမ၊ မိသားစုတွေက ပြည်ပထုတ်ကုန် အင်္ကျီ၊ ဂျာကင်၊ ဖိနပ်၊ ခါးပတ်၊ အိတ်တွေ အပြင် သား သမီး မြေးတွေကိုတော့ ပြည်ပ အပျော်ခရီး စေလွှတ်တာ လည်းဖြစ်ပါတယ်။ 
အာဏာအတွက် ပြည်တွင်းဖြစ်ကို အားပေးပါဆိုပြီး ဟန်ဆောင်ပန်ဆောင် ပြောနေတဲ့ မင်းအောင်လှိုင်နဲ့မိသားစုက အာဏာရှင် နေဝင်းလိုပဲ အရည်အသွေးမြင့် ပြည်ပထုတ်ကုန်မှ သုံးပြီး ပြည်ပနိုင်ငံတွေမှာမှ တိုင်းပြည်ဘဏ္ဍာတွေကို  ဇိမ်ခံ သွားရောက်လည်ပတ် သုံးဖြုန်းနေတဲ့ အတ္တကြီးသူတွေ ကိုယ်ကျိုးသမားဆိုတာ ထင်သာမြင်သာရှိစေပါတယ်။









ဆက်ဖတ်ရန် →
သထုံ ခမရ ၉ တပ်ရင်းမှူး နေအိမ်၊ ဗဟိုကင်းနှင့် ကင်းပုန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊

သထုံ ခမရ ၉ တပ်ရင်းမှူး နေအိမ်၊ ဗဟိုကင်းနှင့် ကင်းပုန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊

သထုံ ခမရ ၉ တပ်ရင်းမှူး နေအိမ်၊ ဗဟိုကင်းနှင့် ကင်းပုန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊  စလင်းမြို့နယ် ကံပြားရဲစခန်းကို တိုက်ခိုက်မှု စစ်သားနှင့်ရဲ  ၅ ဦး အပြင်းအထန်ဒဏ်ရာ


ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ်


မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ခမရ ၉ တပ်ရင်းမှူးနေအိမ်နှင့် ကင်းပုန်းစစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း Hawk Revolution Squad –HRS တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၇ ရက် နေ့လယ် ၁၂ နာရီခန့်အချိန် စစ်သားများ တပ်စွဲထားသော ခမရ တပ်ရင်း ၉ အတွင်းရှိ တပ်ရင်းမှူးနေအိမ်၊ ဗဟိုကင်းတို့ကို ၆၀ မမ ဗုံးသီး ၄ လုံးအသုံးပြုပြီး ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ဗဟိုကင်း၊ လိုင်းခန်းနှင့် တပ်ရင်းမှူးနေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အလားတူ မိုး ကောင်းဘုရားနှင့် ဖော်ဖကျေးရွာအနီး ကင်းပုန်းဝပ်ရန် လာရောက်သော စစ် သားများကို လည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ကင်းပုန်းကို တပ်စခန်းရော နှစ်နေရာချခဲ့တာ၊ ကင်းပုန်းက မနက် ၁၀ နာရီ ၁၈ မိနစ်မှာချတယ်၊ ခမရ ၉ တပ်က ၁၂ နာရီကျော်မှာ ထပ်ချတာပါ၊ အရင်ကတော့ ဗုံးချပြီဆိုတာနဲ့ လက်နက်ကြီးရော၊ လက်နက် ငယ်တွေရောပြန်ပစ်တာရှိတယ်၊ ဒီတစ်ခါတော့ လက်နက်ငယ်ပစ်သံမကြားရတော့ဘူး၊ အသံကြားတာနဲ့ ပုန်းနေကြတာနေမှာ” ဟု Hawk Revolution Squad –HRS တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Hawk Revolutionary Squad (HRS) ၊ KNLA တပ်ရင်း၂ တပ်ခွဲ ၃ နှင့် PDF တပ် ရင်း၂ တပ်ခွဲ၃ တို့ ပူးပေါင်းတပ်ဖွဲ့မှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံး မှုရှိနိုင်သော်လည်း အတည်မပြုနိုင် သေးကြောင်း၊ ခမရ ၉ တပ်အတွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်တပ်မှ လက်နက် ကြီး ၇ လုံးခန့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“အခုနောက်ပိုင်း သူတို့ခြေကုပ် အထိုင်တပ်ရင်း တပ်စခန်းတွေထဲမှာကိုပဲ သူတို့အတွက် လုံခြုံမှုမရှိတော့ ဘူးဆိုတာ ဒီကောင်တွေသိနေပြီ၊ အဲဒါကြောင့် ဗဟိုကင်းတို့၊ တပ်ရင်းမှူးနေအိမ်တို့လိုမျိုး အဆောက် အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ” ဟု Hawk Revolution Squad –HRS တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
  
အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်၊ မုံရွာ- ပုသိမ်လမ်းပေါ်ရှိ ကံပြားရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း စလင်း PDF ထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက် ည ၉ နာရီခွဲခန့်က အဆိုပါရဲစခန်းအား RPG လက်နက်ကြီးဖြင့် ပစ်ခတ် ပြီး လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့် တိုက်ပွဲကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ် သား၊ ရဲ ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းရဲစခန်းအတွင်းရှိ လိုင်းခန်းကိုလည်း ပြာချပေး ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်တပ်ရင်း တပ်ရင်း -၁ (PDF –Salin) ၊ မင်းဘူးပကဖနှင့် ပွင့်ဖြူပကဖ တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်သားသေဆုံးမှုရှိခဲ့ကြောင်း၊ ယနေ့နံနက် ဖေဖော်ဝါရီလ ၉ ရက် နံနက်အစောပိုင်း စလင်းသို့ အချိန်မီပြန်လည်ဆုတ်ခွာခဲ့ရကြောင်း စလင်း PDF က ဆိုသည်။ 
ဓာတ်ပုံ- စစ်ရေးစွမ်းရည်ပြသနေသော တောင်းပိုင်းတိုင်း စစ်ဒေသမှ PDF တပ်များ။













နွားထိုးကြီးမြို့အထွက်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး၊  ရေနံချောင်းမြို့ ရှောင်လမ်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ပစ်ခတ် တိုက်ခိုက်


ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ်


မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီးမြို့အထွက် ဆိုင်းဘုတ်အနီးတွင် ကင်းလှည့် ထွက်လာ သော အကြမ်းဖက်စစ်ကား အသေးတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၉ ရက် နေ့လည် ၁၁ နာရီခန့်က 4 Wheel ကားအစိမ်းရောင်ဖြင့် အကြမ်းဖက်စစ် သား ၈ ဦးခန့်လိုက်ပါလာသော ကားကို နွားထိုးကြီးမြို့အထွက် ကြိုဆိုပါ၏ ဆိုင်းဘုတ်နားအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးမသေမရှင်ဖြစ်သွားကြောင်း သိရသည်။
“မြို့အထွက်ကြိုဆိုပါ၏ ဆိုင်းဘုတ်နားမှာ ဆွဲခဲ့တာ၊ ကားက ထိုးရပ်သွားတာ၊ ၃ ချက်လောက်တော့ ရမ်းသမ်းပစ်တာရှိတယ်၊ မိုင်းဆွဲပြီးတော့ မြို့ထဲက စစ်ခွေးတွေရောက်လာပြီးတော့ သေဆုံးသွားတဲ့ စစ်ခွေးတွေနဲ့ ဒဏ်ရာရတဲ့ကောင်တွေကို သယ်သွားတာ၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ဘေး အန္တရာယ် ကင်းပါတယ်” ဟု နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
အလားတူ မကွေးတိုင်း၊ ရေနံချောင်းမြို့ရှောင်လမ်းရှိ စစ်တပ် စစ်ဆေးရေး ဂိတ်စခန်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း နတ်မောက် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 
ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် ရေနံချောင်းမြို့ရှောင်လမ်းပေါ်ရှိ ယာပြင် အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။ 
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မကွေးခရိုင်၊ အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၁ ၊ ရေနံချောင်း တပ်ခွဲ (PDF -yenangyaung) နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Yenangyaung Local People's Defense Force (ဖေကံကောင်းအဖွဲ့) တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း နတ်မောက် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။








အောင်လံတွင် စစ်ကြောင်းကို  ခြုံခို တိုက်ခိုက်မှု  စစ်သား ၄ ဦးသေဆုံး၊ ညောင်လေးပင်တွင် စစ်တပ် ထောက်ပို့ တံတားတစ်စင်းကို မိုင်းခွဲတိုက်ခိုက်


ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ်


မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကျွဲခေါင်းကျေးရွာအနောက်ဘက်တွင် အကြမ်းဖက်စစ်သား၊ ပျူစောထီး များကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ဗိုလ်တစ်ဦးအပါအဝင် ၃ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း အောင်လံပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက် နေ့လည် ၁၂ နာရီ ၄၅ မိနစ်ခန့်က ရွှေပန်းတောကျေးရွာတွင် တပ်စွဲ ထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၅ ဦးသည် ကားတစ်စီး ဆိုင်ကယ် ၃ စီးဖြင့် တလုတ်ရွာ အုပ်ချုပ်ရေးမှူး ၏ ယောက်ဖတော်စပ်သူ နားရေးဆွမ်းပွဲပွဲမှ ပြန်လာစဉ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် များမှ ခြုံခိုတိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ဗိုလ်တစ်ဦးအပါဝင် ၃ ဦး အပြင်း အထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“တလုတ်ပင်ရွာက အုပ်ကြီးယောက်ဖရဲ့ဆွမ်းသွပ်ကို လာတာဗျ၊ လက်နက်အပြည့်အစုံပါတယ်၊ အဲဒီက နေအပြန်စောင့်တိုက်တာ၊ ဒဏ်ရာရတဲ့သုံးဦးတော့ အနီးအနားက ကားနဲ့သယ်သွားတယ်လို့ ကြားတယ်၊ သေတဲ့ကောင်တွေကို တော့ ဘယ်လိုသယ်လဲ မသိဘူး၊ ကျနော်တို့က အမြန်ပစ်ပြီး ပြန်ဆုတ်လာခဲ့တာ” ဟု အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့) နှင့် သရက်ခရိုင် PDF တပ်ရင်း ၁ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်း ထိန်တပင်ကျေးရွာနှင့် ထော နွတ် ကျေးရွာကြားရှိ အကြမ်းဖက်စစ်ကောင်စီထောက်ပို့တံတား တစ်စင်းကို ဖောက်ခွဲဖျက်ဆီး ခဲ့ ကြောင်း Bago Region PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယနေ့ဖေဖော်ဝါရီလ ၉ ရက် မွန်းလွဲ ၂ နာရီ ၄၇ မိနစ်က အကြမ်းဖက်စစ်ကောင်စီတပ်မှ ထောက်ပို့ ဆက် သွယ်ရေးတံတားအဖြစ် အသုံးပြုနေသော ပေ ၆၀ အရှည်တံတားတစ်ခုကို မိုင်းခွဲဖျက်ဆီးခဲ့ရာ တံတား တစ်ခြမ်းပျက်စီခဲ့ကြောင်း သိရသည်။
အဆိုပါဖောက်ခွဲမှုကို ညောင်လေးပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ကျောက်တံတားမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းကာ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။





ဆက်ဖတ်ရန် →

လက်အောက်ခံတပ်တွေကို ထိန်းပေးဖို့ KNU ကို စစ်ကောင်စီ အကြောင်းကြား

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနဲ့ လက်အောက်ခံတပ်ဖွဲ့တွေကို ထိန်းသိမ်း ကြပ်မတ်ပေးဖို့ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီကနေ ဖေဖော်ဝါရီလ ၆ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ပြီး အကြောင်းကြားလိုက်ပါတယ်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူစေးဖိုးနဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီတို့ထံ လိပ်မူပြီး ပေးပို့ထားတဲ့စာမှာ KNU ကို NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုအဖြစ် ရှုမြင်ထားပေမယ့် KNU လက်အောက်ခံ တပ်မဟာတွေ KNDO အဖွဲ့တွေက PDF တွေနဲ့ ပူးပေါင်းပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ကို တိုက်ခိုက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို တိုက်ခိုက်လာမှုတွေအပေါ်မှာလည်း ငြိမ်းချမ်းရေး မထိခိုက်စေရေးအတွက် တိုက်ခိုက်လာတဲ့ အဖွဲ့တွေကိုပဲ တုံ့ပြန် တိုက်ခိုက်ပြီးတော့ စိတ်သဘောထားကြီးစွာ ဆောင်ရွက်ခဲ့ပေမယ့် ကျေးရွာတွေထဲကို ဝင်ရောက် ပစ်ခတ်တာ၊ အစိုးရဌာန ရုံးတွေကို မီးရှို့ဖျက်ဆီးတာ၊ လမ်းတံတားတွေကို မိုင်းခွဲတိုက်ခိုက်တာတွေက လက်ခံနိုင်ဖွယ် မရှိကြောင်းနဲ့ အဓိက ထိခိုက် ခံစားရတာဟာ ပြည်သူလူထုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးရုံးကတော့ စစ်ကောင်စီဘက်က ပေးပို့တဲ့ စာကို လက်ခံရရှိထားသလို KNU ဗဟိုကော်မတီအနေနဲ့လည်း စာကိုတုံ့ပြန်ဖို့ အစီအစဉ် ရှိတာကြောင့် လောလောဆယ်မှာ သတင်းမီဒီယာတွေကို သဘောထား မပေးနိုင်သေးဘူးလို့ RFA ကိုပြောပါတယ်။

KNU လက်အောက်ခံ တပ်မဟာတွေနဲ့ PDF တွေ ပူးပေါင်းပြီးတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အများပြည်သူပိုင်ဆိုင်တဲ့ လမ်း၊ တံတား၊ တာဝါတိုင်၊ အဆောက်အအုံတွေကို ဗုံး၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု၊ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုတွေကို ကရင်ပြည်နယ်မှာ ၁၁၆ ကြိမ်၊ မွန်ပြည်နယ်မှာ ၃၁၇ ကြိမ်၊ ပဲခူးတိုင်းမှာ ၆၆၂ ကြိမ် စုစုပေါင်း ၁၀၉၅ ကြိမ် ဆောင်ရွက်ခဲ့တယ်လို့ စစ်ကောင်စီဘက် က စွပ်စွဲထားပါတယ်။

အဲဒါကြောင့် KNU ဥက္ကဥက္ကဋ္ဌ၊ စစ်ဦးစီးချုပ်တို့ အပါအဝင် ဗဟိုကော်မတီဝင်တွေ အနေနဲ့ စဉ်းစားသုံးသပ်ပြီးတော့ KNU လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ KNDO တပ်ဖွဲ့ဝင်တွေကို အဖျက်လုပ်ရပ် လုပ်ဆောင်မှု မပြုရေး၊ ဘယ်လုပ်ရပ်မျိုးမဆို ပြည်သူအတွက် စဉ်းစားပြီးမှ ဆောင်ရွက်ဖို့အတွက် ကြပ်မတ်ထိန်းသိမ်းပေးပါဆိုပြီး စစ်ကောင်စီဘက်က တိုက်တွန်းထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိ လ ၂၀ အတွင်း KNU ထိန်းချုပ် နယ်မြေ နှစ်ခုမှာ တိုက်ပွဲပေါင်း ၆၆၈၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ ခြေကုပ်စခန်းကြီး ကိုးခုအထိ သိမ်းနိုင်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဆက်ဖတ်ရန် →
ငပုတောတွင် စစ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တပ်ကြပ်ကြီး ၁ ဦးသေဆုံး၊

ငပုတောတွင် စစ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တပ်ကြပ်ကြီး ၁ ဦးသေဆုံး၊

မုံရွာတွင် ပျူစောထီးများ၏ ရိက္ခာတင် ဒိုင်နာကားကို မိုင်းဆွဲတိုက်ခိုက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တွင် စစ်သား အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး တပ်ကြပ်ကြီး ၁ ဦးသေဆုံးကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၈ နာရီခန့်တွင် ငပုတောမြို့နယ်၊ သက္ကယ်သောင်ကျေးရွာတွင် ထိပ်စွန်းဒေသ အခြေစိုက် ခြေလျင် တပ်ရင်း ခလရ ၂၇၁ မှ စစ် သား ၂ ဦး ကင်းစောင့်ရန် ကိစ္စနှင့် ပတ်သက်ပြီး အချင်းချင်း စကားများ ရန်ဖြစ်ကာ တပ်သား လင်းထွဋ် ဆိုသူက တပ်ကြပ်ကြီး ၁ ဦးကို သေနတ်ဖြင့် ၄ ချက် ပစ်ခတ်ခဲ့ပြီး ပွဲချင်းသေဆုံးသွားကြောင်း သိရသည်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် တပ်သား လင်းထွဋ်သည် ထွက်ပြေးသွားပြီး လက်ရှိချိန်ထိ လွတ်မြောက်လျက်ရှိပြီး အကြမ်းဖက် စစ်တပ်မှ စစ်သားများ သက္ကယ်သောင်ကျေးရွာ အနီးတစ်ဝိုက်နှင့် ထိပ်စွန်းဒေသ တစ်ဝိုက်ကို ပိတ်ဆို့ ရှာဖွေလျက်ရှိကြောင်း သိရှိရသည်။
" စစ်သားအချင်းချင်း ပစ်သတ်တာ တပ်ကြပ်တစ်ဦး သေသွားတယ်။ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ သက္ကယ်သောင်ကျေးရွာမှာဖြစ်တာ ထွက်ပြေးသွားတဲ့ တပ်သားကို ခုထိ ရှာနေကြတုန်းပါ။ ခြေလျင်တပ်ရင်း ၂၇၁ က စစ်သားတွေပါ။ ထိပ်စွန်းဒေသ အခြေစိုက်တပ်ပါ။ အနီးနားက ရွာတွေပါ ဖြန့်ထားပြီး လိုက်ရှာနေကျတယ်။ ပစ်တဲ့တပ်သား နာမည်က လင်းထွဋ်တဲ့ ကင်းမစောင့်လို့ စကားများ ရန်ဖြစ်ပြီး သေနတ်နဲ့ ၄ ချက်ပစ်သွားတယ်လို့ သိရတယ်" ဟု တပ်တွင်း သတင်းရင်းမြစ် တစ်ဦးကပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပု(ပျူစောထီး)ရွာမှ ထွက်လာသောအကြမ်းဖက်စစ်တပ် ရိက္ခာတင် ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပျက်စီးပြီး စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးဒဏ်ရာရ ရှိမှုရှိနိုင်ကြောင်း Special Force- 11 (PDF)ထံမှ သိရသည်။
ယမန်နေ့ဖေဖော်ဝါရီလ ၉ ရက် နေ့လည် ၁၁ နာရီ ခွဲခန့်က တောပု(ပျူစောထီး)ရွာမှ ရိက္ခာတင်ပြီး မုံရွာ မြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်သား၊ ပျူစောထီး များ လိုက်ပါသည့် ဒိုင်နာကားကို မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရိက္ခာ တင်ကား ပျက်စီးပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများလည်း ထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း သိရ သည်။
အဆိုပါတိုက်ခိုက်မှုကို Special Force-11 (PDF)၊  Monywa Dynamite-Special Task Force ၊ Brave Heart Army - (BHA) ၊ Monywa ဗန္ဓုလနှင့်အဖွဲသားများ - (LDF) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ပြီး မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင်လည်း အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်သားများ။ Photo- EPA


ဆက်ဖတ်ရန် →
ရန်ကုန်တွင် အထူးတာဝန်လုပ်ငန်းအဖွဲ့ STA ၏ မြို့ပြလျှို့ ဝှက်ပြောက်ကျား တရားရုံး စတင်ဖွင့်လှစ်

ရန်ကုန်တွင် အထူးတာဝန်လုပ်ငန်းအဖွဲ့ STA ၏ မြို့ပြလျှို့ ဝှက်ပြောက်ကျား တရားရုံး စတင်ဖွင့်လှစ်

ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၉ ရက်
ပြည်သူ့ကိုယ်စားတရားစီရင်မှုအတွက် Special Task Agency of Burma-STA (အထူးတာဝန်လုပ်ငန်းအဖွဲ့) ၏ တရားရုံးကို ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်ကြောင်း အထူးတာဝန်လုပ်ငန်းအဖွဲ့ (STA) က ထုတ်ပြန်ထားသည်။
STA ၏ မြို့ပြလျှို့ဝှက်‌ပြောက်ကျား တရားရုံးကို ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ် သည်။
"ကျွန်တော်တို့က ပြည်သူ့ကိုယ်စား တရားစီရင်မှုတွေ ပြုလုပ်သွားမှာပါ။ စစ်ကောင်စီရဲ့ဒေါက်တိုင်တွေ၊ နိုင်ငံတော်သစ္စာဖောက်တွေ၊ စစ်ကောင်စီအားပေး ကူညီသူတွေကို ပထမအဆင့်သတိပေးမယ်။ သတိပေးထားတဲ့ ကြားက ထပ်လုပ်ရင်တော့ တရားစီရင်မှုအတိုင်းပြစ်ဒဏ်ပေးမှာပါ" ဟု STA အဖွဲ့တာ၀န်ခံက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သူများကို အရေးယူအပြစ်ပေးရန် လိုအပ်လာပါက ၁၉၄၈ ခု နိုင်ငံတော်ပုန်ကန်မှုကြီး အက်ဥပဒေ၊ အက်ဥပဒေအမှတ် (၁၄) ပြစ်မှုစီရင် ချက်ပါ ပုဒ်မ ၃ (၁)အရ နိုင်ငံတော်သစ္စာဖောက်ဖျက်ခြင်း ပြစ်မှုကျူးလွန်သူများကို ပေးသည့် ပြစ်ဒဏ်အတိုင်း စီရင်သွားမည်ဖြစ် ကြောင်း STA အဖွဲ့ တာဝန်ခံက ဆက်လက်ပြောကြားသည်။
၁၉၄၈ ခုနှစ် နိုင်ငံတော်ပုန်ကန်မှုကြီး အက်ဥပဒေအရ နိုင်ငံတော်သစ္စာဖောက်ဖျက်ခြင်း ပြစ်မှုကျူးလွန်သူများအား တစ်သက်တစ်ကျွန်း မှ သေဒဏ်အထိ စီရင်နိုင်ကြောင်း STA က ဆိုထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့က ကမာရွတ်မြို့နယ် အမှတ်(၅) ရပ်ကွက်နေ အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးမော်စီသည် စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲ အတွက် မဲစာရင်းကောက်ယူရာတွင် ဦးဆောင်လှုပ်ရှားနေခြင်းကြောင့် STA က သတိပေး တရားစီရင်မှုပြုကာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
STA မြို့ပြပြောက်ကျားအဖွဲ့အနေဖြင့် နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲမ၀င်ရန်၊ မှတ်ပုံတင်ခြင်းမပြု လုပ်ရန်နှင့် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီခြင်း မပြုလုပ်ကြရန် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ကတည်းက စာထုတ်အသိပေးထားပြီး ပံ့ပိုးကူညီမှုပြုလုပ်သူ မည်သူကိုမဆို ပြန် လည်ပေးဆပ်ရမည်ဟု ကြေညာထားသည်။

ဆက်ဖတ်ရန် →