နောက်ဆုံးရ
အရင်ကဘယ်လိုခေါ်ခဲ့ကြသလဲ

အရင်ကဘယ်လိုခေါ်ခဲ့ကြသလဲ

Pyu city-states ပျူမြို့ပြများ

Pagan Kingdom (1044–1297)ပုဂံနိုင်ငံတော်
Kingdom ဆိုတာဘုရင်ပိုင်တဲ့နယ်
(ဘာသာပြန်မှာနိုင်ငံတော်လို့ပဲပြတယ်၊)

(Kingdom of Ava, အင်းဝ
the Hanthawaddy Kingdom, ဟံသာဝတီ
the Kingdom of Mrauk U မြောက်ဦး
and the Shan States)ရှမ်းပြည်
ဟုပြိုကွဲပြီးနောက်တောင်ငူမင်းဆက်က
အကုန်ပြန်သိမ်းတာထိုင်းတခုလုံးနီးပါပါတယ်

Toungoo dynasty (1510–1752)တောင်ငူမင်းဆက်

Konbaung dynasty (1752–1885) Alaungpaya Dynastyမင်းဆက်
အလောင်းဘုရားမင်းဆက်က
ကုန်းဘောင်မင်းဆက်မှာပါတယ်တဲ့

Anglo-Burmese wars (1824–85) 

Burma

အင်္ဂလိပ်သိမ်းပြီးမှ country of Burma ဗမာနိုင်ငံ
လို့ခေါ်ဆိုသတ်မှတ်ခဲ့တာတွေ့ရတယ်

တောင်ငူမင်းဆက်ရဲ့နယ်မြေကအရှေ့တောင်
အာရှမှာအကြီးဆုံးပဲတဲ့

ကိုးကား

https://en.m.wikipedia.org/wiki/History_of_Myanmar

၁၉၈၉မှာမှ Burma ကို Myanmar လို့ပြောင်းခေါ်တာ

မအလက တောင်ငူရူးရူးနေတာနေမှာ😅
လက်တွေ့မှာကကြိုးစင်kingdom 😂
ယဉ်ကျေးမှုနဲ့လူ့အဖွဲ့အစည်းအဆင့်ဆင့်
ပြောင်းလဲလာတာကိုနောက်ပြန်ဆွဲချင်ရင်
ကြိုးကြီးကြီးဆောင်ထားလိုက်
ပျူစောထီးအထိကိုပြန်သွားတာနော်
 
လိပဲ🫢

(ရဲရင့်ငယ်)

တော်လှန်ရေးကာလမှာသိစရာမလိုသေးပေမယ့်
CRPHနဲ့ ကရင်၊ကချင် တို့ရဲ့ NUGဖြစ်လာဖို့
ဘာတွေသဘောတူခဲ့ကြလဲဆိုတာစိတ်ဝင်စား
စရာပါ။ တော်တော်နဲ့ Release မလုပ်နိုင်ခဲ့ဖူး
နွေဦးတော်လှန်ရေး၂နှစ်မှာစိုးရိမ်စရာအကောင်း
ဆုံးလပိုင်းလေးဖြစ်ခဲ့တယ်။ NUGဆိုတဲ့စာလုံး
ပေါ်လာမှပဲဟင်းချနိုင်တော့တယ်။






ဆက်ဖတ်ရန် →
ကုလသမဂ္ဂမှ R2Pအခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာစစ်တပ်ကို အရေးယူရန် အလိုအပ်ဆုံးအချိန်ဟု မြန်မာသံအမတ်ကြီးပြော

ကုလသမဂ္ဂမှ R2Pအခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာစစ်တပ်ကို အရေးယူရန် အလိုအပ်ဆုံးအချိန်ဟု မြန်မာသံအမတ်ကြီးပြော

ယန်းဒီ/People’s Spring

ယခုအချိန်ကာလသည် ကုလသမဂ္ဂမှ R2P အခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာစစ်တပ်ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများအတွက် တာ၀န်ခံမှုရှိစေရန် အရေးယူဆောင်ရွက်ရန် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းသည်။

မြန်မာသံအမတ်ကြီးက ဇန်နဝါရီ ၂၄ ရက်တွင် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ “လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုတို့အား ကာကွယ်နိုင်မည့် လူမှုရေးနှင့် စီးပွားရေးလုပ်ဆောင်ချက်များ”ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အထူးအစည်းအဝေး၌ တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး စစ်တပ်တာ၀န်ခံမှုရှိစေရန်နှင့် ၎င်းတို့အကျိုးခံစားနေသည့် ပြစ်ဒဏ် ခတ်ခြင်းမခံရသည့်ယန္တရားကို အပြီးတိုင်ရပ်တန့်နိုင်ရန်အတွက် ကုလသမဂ္ဂမှ အသံတစ်သံတည်း ထွက်ဆိုကာ စုပေါင်းအင်အားဖြင့် အရေးယူဆောင်ရွက်ရမည့် အလိုအပ်ဆုံး အချိန်ပင်ဖြစ်ကြောင်းထည့်သွင်းပြောကြားသည်။

ကိုယ်ပိုင်အတွေ့အကြုံအရ စစ်တပ်မှ အကျိုးခံစားနေသော ပြစ်ဒဏ်ခတ်မှု မခံရခြင်းကို အပြီးတိုင်ရပ်တန့်ခြင်းနှင့် စစ်တပ်ကို ရွေးကောက်တင်မြှောက်ခံရသည့် အစိုးရအောက်တွင် ပြည့်ပြည့်ဝဝထားရှိခြင်းကသာလျှင် ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ၏ အန္တရာယ်မှ ကာကွယ်နိုင်မည့် နည်းလမ်းတစ်ခု ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အား ချုပ်ငြိမ်းစေခြင်းက အလွန်အရေးပါအရာရောက်ကြောင်း ထပ်လောင်းပြောသည်။

မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းက အကြမ်းဖက်မှုအားလုံး ရပ်တန့်ရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့သော်လည်း စစ်တပ်သည် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို စဉ်ဆက်မပြတ်ကျူးလွန်နေကြောင်း သံအမတ်ကြီးက အစီရင်ခံသည်။

မြန်မာစစ်တပ်နှင့် ယင်းအဖွဲ့အစည်းအား အားဖြည့်ထောက်ခံပေးနေသူများအနေဖြင့်မူ လူ့အခွင့်အရေးနှင့် လူသားဆန်မှုအပေါ် မထီမဲ့မြင်ပြုလျက်ရှိကြောင်းကို ကြိမ်ဖန်များစွာ ပြသနေခဲ့ကြောင်းလည်း သံအမတ်ကြီးက ကုလသမဂ္ဂ၌ ပြောသည်။


#လူထုနွေဦး

ဆက်ဖတ်ရန် →
ပွေးကွက်

ပွေးကွက်

လျှပ်စစ်ကားတွေကသာမန်ကားထက်စျေးကြီးပေ
မယ့်ဆီကားထက်လျှပ်စစ်ခအများကြီးသက်သာ
တယ် ဒါပေမယ့် စျေး၊အလုပ်သွားတာလောက်ပဲ
အဆင်ပြေတယ် ခရီးဝေးသွားရင်ဆီဆိုင်လိုအား
သွင်းဖို့နေရာရှားတယ် ဆီထည့်ရင် ၂မိနစ်လောက်
ပဲကြာမယ် အားသွင်းတာက ဘယ်လောက် boost 
လုပ်လုပ် ကြာတာကကြာတာပဲ အရေးရယ်အကြောင်း
ရယ်ဆို အသက်တောင်မှီမှာမဟုတ်ဖူး
တောင်တက်လမ်းတွေဆိုလဲအဆင်မပြေဖူး
ခဏလေးနဲ့အားကုန်တယ် 
အိမ်မှာအားသွင်းတဲ့အဆင့်အထိမရှိသေးပဲ လျှပ်စစ်
ကားဝယ်စီးတဲ့သူမတွေ့ဖူးသေးဖူး 
40amp breaker နဲ့ ပါဝါလိုင်းအသစ် stove အတွက်
ကြိုးမျိူး ကားဂိုထောင်ထဲကိုထပ်သွယ်ရတယ်

အားကုန်ရင်နေပြည်တော်အထိတွန်းသွားပြီးအား
သွင်းရမှာလား🫣🫢🥴
တက်စီဆိုပိုတောင်ဆိုးသေးတယ်
ဆန်မရှိပဲစောက်စားကြီးပြချင်တာ
လျှပ်စစ်ကားရှိလို့နိုင်ငံကြီးတိုးတက်နေပြီ
ငါ့ကိုသမ္မတလုပ်ခွင့်ပြုဆိုတဲ့အကွက်
ပွေးကွက်လေ အဲ့မှာကုပ်နေတယောက်ထဲ🖕🏿








ဆက်ဖတ်ရန် →
လိရွေးကောက်ပွဲလား

လိရွေးကောက်ပွဲလား

လွှတ်တော်ခေါ်ခါနီးရက်တွေ မအလ သမ္မတရာထူး
တောင်းခဲ့လားဆိုတာ မသေသေးတဲ့ NLD CECတွေ
လွှတ်လာရင်တောင်မေးစရာမလိုပါဖူး၊

မဲဆွယ်ပွဲကာလထဲကအာဏာသိမ်းမယ်ဆိုတာ
ပါတီ၃၀ကျော်နဲ့မအလတွေ့အပြီးထဲကနုတ်မလုံတဲ့
မိုက်ကယ်ကျော်မြင့် လွှင့်တဲ့ Live! ထဲမှာပါပြီးသား
မဲသမာသည်ဖြစ်စေ မသမာသည်ဖြစ်စေသိမ်းကို
သိမ်းမှာ၊ ဘူးလက် ဝီရသူ လာအဖမ်းခံတာ အာမခံ
ချက်ရှိထားလို့၊

မဲမသမာမှုစာတမ်းဆိုပြီး၁၄၀ M PDF က လည်းစခ
တွေရေးဖြန့်တာ ကြားနေလူဆိုတာအာဏာရှင်လက်
ထက်မှာမရှိတဲ့အတွက်စာတမ်းမှာပါသမျှဟာလုပ်
ဇာတ်အဖြစ်နဲ့ 🗑️ ထဲရောက်မှာပဲ ဘယ်သုသေသီ
ကမှမှီငြမ်းရေးသားကြမှာမဟုတ်ဖူး

ထားပါတော့

အခုကာလုံခေါ်မယ် လူစုံအောင်ခေါ်မယ်ဆိုလို့အပြင်
လူများလားမှတ်တယ် ဗိုလ်ချူပ်ကြီးတွေတဲ့
ကာလုံဆိုတဲ့နာမည်ကိုကာဗာယူရုံအဆင့်ပဲရှိတယ်

အနိုင်ရပါတီကိုအာဏာလွှဲမယ်တဲ့ ဒီလောက်တောင်
အာဏာရူးထားပြီိးမှဘယ်လိုပုံစံနဲ့လွှဲမှာလဲစဉ်းစား
ကြည့်၊

PRစနစ်ဆိုတော့ ကြံဖွတ် အမတ်အများဆုံးရမယ်
မိုက်ကယ်ကျော်မြင့် အေးမောင် အဘဘောမတွေ
မအလခေါ်တွေ့ထားတဲ့၃၅ပါတီကအနည်းဆုံးတ
ယောက်စီလွှတ်တော်အမတ်ဖြစ်လာမယ် 
ကိုကိုကြီးကသိပ်မသေချာဖူး လွှတ်တော်ထဲမှာ
ကန့်ကွက်မဲပေးတာမအလမကြိုက်ဖူး၊

ပုံမှန်ဆိုရင် ခင်ရီသမ္မတဖြစ်လာမယ် ဒါပေမယ့်
စကစ သူ့လက်အောက်မှာ ဝန်ကြီးလုပ်နေသူကို
ရုတ်ချည်း ထွက်ခိုင်းပြီး သန်းဌေးကိုကန်ချလိုက်
တယ်၊ မင်းကင်းမောင်မြင့်ပါစိထားတယ်သတင်း
ထွက်တယ်၊ တကယ်လို့ခင်ရီသမ္မတဖြစ်ရင်ပရို
တိုကောအရ ကာချူပ်က အဆင့် ၇ ကိုရောက်ပြီ

အခုနေ ခင်ရီကိုအင်တာဗျူးနိုင်ရင်မေးကြည့်
လွှတ်တော်မှာ ကြံ့ဖွတ်အမတ်ကအများဆုံးဖြစ်လာ
မယ် တိုင်းရင်းသားကတယောက် စစ်တပ်ကတ
ယောက်ရယ် ခင်ရီရယ်  ကြံဖွတ်အမတ်တွေရော
အမတ်ကြီးမိုက်ကယ်ကျော်မြင့် တို့ရော ဘယ်သူ့
ကိုသမ္မတအဖြစ် မဲထည့်ကြမလဲ စစ်တပ်တင်တဲ့
ဒုသမ္မတဟာ မအလ မဟုတ်ဖူးပဲထားမအလဟာ 
သမ္မတထက်နိမ့်တဲ့နေရာမှာနေလို့ကိုမရတော့တာ
 အကုန်လုံးကသူအောက်ကလူတွေချည်းပဲ 

(အတိုက်အခံဆိုတဲ့စကားရပ်ကပြည်သူ
တွေချည်းပါတဲ့နိုင်ငံရေးစနစ်မှာပဲရှိတယ်)

နေဝင်းက စန်းယုကိုသမ္မတနေရာပေးလိုက်လို့
အငြိမ်းစားယူခဲ့လား ပါတီညီလာခံမှာပါတီဥက္ကဌ
ထိုင်ခုံက သမ္မတဆိုတဲ့စန်းယုထိုင်တဲ့ခုံထက်မြင့်
နေတယ်၊ ဒီအချက်ကိုငယ်ငယ်တုံးထဲကတွေးမိထား
တော့ ၁၉၉၀ရွေးကောက်ပွဲမှာ တစညအမတ်လောင်း
မဲလာဆွယ်တော့ လူကြီးတွေကြားထဲကနေ ရအောင်
မေးဖူးတယ် သူက ဒါကတော့သားရယ် သူကခေါင်း
ဆောင်လေတဲ့ ပြန်ဖြေတာ ဘယ်သူ့သားလေးလဲဆို
ပြီးမေးနေသေးတယ်၊

ဘယ်လိုပဲကုလားဖန်ထိုးထိုး မအလဟာ အမြင့်ဆုံး
နေရာတခုကိုဖန်တီးယူမှာပဲ 

ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးထင်ကျော်ကိုပထမ
နေရာပေးပြီး တလှမ်းဆုတ်လျှောက်ဖူးတယ်
ဦးထင်ကျော်ဇနီးကအားနာလို့ နောက်ချန်နေနေတာ
ကို ဒေါ်စုကိုယ်တိုင် အရှေ့ကိုအသာတွန်းပို့ခဲ့တဲ့
ရုပ်သံအထောက်အထားရှိခဲ့တယ်၊

ပရိုတိုကော(၇)မှာမအလနေပြီးဒေါ်စုလိုသဘောထား
ကြီးပြရဲလားဆိုတာ ဘယ်ဘောမမှမဖြေရဲဖူး မအလ
တရားဝင် ခေါင်းဆောင်ဖြစ်ဖို့ ရေသည်ထော့ကျိူး
ကျော်စွာ ရွှေဘ ဟောင်မင်းတို့လို ဘောမတွေကအစ
ခင်ရီအဆုံးဝိုင်းပြီးတွန်းတင်နေကြတာ

လိရွေးကောက်ပွဲလား

ငါတို့ကမင်းတို့ရွေးကောက်ပွဲခေါင်းထဲမှာကိုမရှိတာ
မင်းတို့ထိုင်ဆင်းသွားအောင် knockout ပဲလုပ်မှာ

လူ့အသိုင်းအဝိုင်းမှာ လူစိတ်မရှိသူတွေမထားချင်
တော့တာ အစိုးရနဲ့ပြည်သူတသားတဲ့ဖြစ်တဲ့လူ့ဘောင်
ကို ရအောင်ပြန်လုပ်မှာ 
ဒီအချိန်မှာ မင်းတို့ဖက်ကဘာတွေပဲ propaganda 
လုပ်ပြီးလှိမ့်လုံးတွေတင်နေလံ ပြည်သူကအံတိုနေပြီ

၈၈၈၈ရောနွေဦးမှာပါအိမ်လုံးကျွတ်လမ်းပေါ်တက်
တာ သံပုံးခေါက်တာကို NLDကမြှောက်ပေးလို့
ပြည်သူကထင်ယောင်မှားဖြစ်တာလို့မင်းတို့ရေးတာ
ဟုတ်မဟုတ်တယောက်ချင်းစီလိုက်မေး

ပြည်သူက NLD ကြောင့်လမ်းပေါ်တက်တာမဟုတ်ဖူး
အာဏာရှင်စနစ်ကိုမလိုချင်လို့ ပြည်သူနဲ့တသားထဲ
ရှိတဲ့အစိုးရ ခေတ်အဆက်ဆက်ဖြစ်နိုင်ဖို့သူတို့သမိုင်း
သူတို့ရေးတာ ငါလဲဒီလောက်ပဲနိုင်ငံရေးကိုနားလည်
တယ် ဒီထက်ပိုပြောရင်တော့ ဆဲစရာပဲကျန်တော့တယ်

ရဲရင့်ငယ်(ကနေဒါ)

(ကိုဂျင်မီကိုသေဒါဏ်အမိန့်ချသည့်နေ့က
နောက်ဆုံးတွေ့ရသည့်ပုံဖြစ်သည်)


ဆက်ဖတ်ရန် →