နောက်ဆုံးရ
အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ ထောက်ပံ့ကူညီမှု (၂၀၂၃)

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ ထောက်ပံ့ကူညီမှု (၂၀၂၃)


အောင်ဒင်

(၁) ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားကာကွယ်ရေး အာဏာအပ်နှင်းမှုဥပဒေ ၂၀၂၃ (NDAA 2023) မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒနဲ့ ရန်ပုံငွေခွဲဝေသုံးစွဲရန်လမ်းညွှန်မှုတွေကို ပြဋ္ဌာန်းထားတဲ့ The Burma Act of 2022 ကိုပါ ထည့်သွင်းအတည်ပြုခဲ့တဲ့အကြောင်း တင်ပြခဲ့ပါတယ်။ NDAA 2023 က မူဝါဒဆိုင်ရာ ဥပဒေ (Policy Bill) ဖြစ်ပါတယ်။ ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေ (Appropriations Bill) မဟုတ်တဲ့အတွက် အဲဒီ NDAA/The Burma Act ထဲမှာ မြန်မာနိုင်ငံကို အကူအညီပေးမယ့် ထောက်ပံ့ငွေပမာဏ မပါဝင်ပါ။ မြန်မာနိုင်ငံဆိုင်ရာ ငွေကြေးထောက်ပံ့မှု ပမာဏဟာ ကွန်ဂရက်လွှတ်တော်မှာ ပါတီကြီး ၂ ခုစလုံးက ခေါင်းဆောင်တွေ ညှိနှိုင်းရေးဆွဲနေကြတဲ့ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရ ငွေကြေးခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေ (The Consolidated Appropriations Act 2023/ CAA 2023) မှာ ပါဝင်လိမ့်မယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

(၂) ကျနော်တို့  စောင့်စားခဲ့တဲ့ CAA 2023 မူကြမ်းကို ဒီကနေ့ (ဒီဇင်ဘာလ ၂၀ ရက်နေ့) မှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က ပြည်ထောင်စုအစိုးရ အသုံးစားရိတ်ခွဲဝေ သတ်မှတ်ရေးကော်မတီ (Senate and House Appropriations Committees) မှ ခေါင်းဆောင်များက ထုတ်ပြန်လိုက်ပါတယ်။ ဝန်ကြီးဋ္ဌာနအသီးသီးအတွက် အသုံးစားရိတ်ခွဲဝေသတ်မှတ်မှုတွေအားလုံးကို စုပေါင်းပြဋ္ဌာန်းထားတာမို့ ဒီ ဥပဒေမူကြမ်းဟာ စာမျက်နှာ ၄,၀၀၀ ကျော်ရှိပါတယ်။ အဲဒီ ဥပဒေမူကြမ်းကို အထက်လွှတ်တော်မှာ ကြာသပတေးနေ့ (ဒီဇင်ဘာ ၂၂)၊ အောက်လွှတ်တော်မှာ သောကြာနေ့ (ဒီဇင်ဘာ ၂၃) ရက်တွေမှာ အတည်ပြုနိုင်ဖို့ ပြင်ဆင်နေကြပြီး သောကြာနေ့ ညနေပိုင်းမှာ သမ္မတ ဘိုင်ဒင် လက်မှတ်ရေးထိုးအတည်ပြုနိုင်ဖို့ မျှော်လင့်နေကြပါတယ်။  

(၃) ဒီ စာမျက်နှာ ၄,၀၀၀ ကျော်တဲ့ ဥပဒေမူကြမ်းထဲမှာ မြန်မာနိုင်ငံဆိုင်ရာ ထောက်ပံ့ငွေပမာဏနဲ့ လမ်းညွှန်ချက်များ စာမျက်နှာ ၄ မျက်နှာ ပါဝင်ပါတယ်။ အကျဉ်းချုံးပြောရရင် ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်းမှာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၁၃၆ သန်း တစ်သိန်းနှစ်သောင်းခုနှစ်ထောင် ($136,127,000) ထောက်ပံ့ကူညီမှာ ဖြစ်ပါတယ်။ ဒီပမာဏဟာ မနှစ်က ထောက်ပံ့ကူညီဖို့ သတ်မှတ်ပေးခဲ့တဲ့ ပမာဏနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များအတွက် ဒေါ်လာ ၂၃ သန်း ၅ သိန်း ($23,500,000) ထောက်ပံ့မှာ ဖြစ်ပါတယ်။ အဲဒီ ထောက်ပံ့ငွေတွေနဲ့  မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကြီးရဲ့ ဦးဆောင်အင်အားစုများဖြစ်ကြတဲ့ NUG၊ NUCC၊ CRPH၊ CDM၊ EROs၊ PDFs နဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများကို ဘယ်လိုဘယ်ပုံ ကူညီရမယ်ဆိုတာတွေကို The Burma Act ထဲမှာ အသေးစိတ်ဖော်ပြထားပြီသား ဖြစ်ပါတယ်။  

(၄) အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးနှစ်က အောက်တိုဘာလ ၁ ရက်နေ့ကစပြီး စက်တင်ဘာလ ၃၀ ရက်နေ့မှာ ကုန်ဆုံးပါတယ်။ ၂၀၂၃ ဘဏ္ဍာရေးနှစ်က တကယ်တော့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ကတည်းက စတင်ခဲ့တာပါ။ ဒီမိုကရက်တစ်ပါတီနဲ့ ရီပါတ်ဘလီကန်ပါတီ ခေါင်းဆောင်များအကြား ကွဲပြားမှုတွေများလွန်းလို့ အချိန်မီ မပြဋ္ဌာန်းနိုင်ခဲ့ပါ။ ဒါကြောင့် ကြားကာလမှာ အစိုးရယန္တရားများ အဆက်မပြတ်အလုပ်လုပ်နိုင်ရေးအတွက် Continuing Resolution (CR) လို့ ခေါ်တဲ့ ကာလတိုဘတ်ဂျက်ဥပဒေတွေ ပြဋ္ဌာန်းပေးခဲ့ရပါတယ်။ နောက်ဆုံးအတည်ပြုထားတဲ့ CR က လာမယ့် သောကြာနေ့၊ ဒီဇင်ဘာ ၂၃၊ ည ၁၂ နာရီမှာ ကုန်ဆုံးမှာပါ။ အဲဒီအချိန်အထိ ဒီ CAA 2023 ကို သမ္မတလက်မှတ်ရေးထိုးအတည်မပြုနိုင်ရင် အစိုးရမှာ ဆက်လက်သုံးစွဲစရာ ဘတ်ဂျက်မရှိတော့ပဲ အစိုးရယန္တရားကြီးတစ်ခုလုံး အချိန်အတိုင်းအတာတစ်ခုအထိ ရပ်ဆိုင်းသွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ အစိုးရယန္ထရားကြီး ရပ်ဆိုင်းသွားရင် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွါးရေးစနစ်ကြီးတစ်ခုလုံးအပေါ် ကြီးမားတဲ့ သက်ရောက်မှုကြီး ရှိမှာဖြစ်ပြီး အဲဒီ အကျိုးဆက်က တကမ္ဘာလုံးအပေါ် ဆိုးဝါးစွာ သက်ရောက်နိုင်ပါတယ်။ ဒါကြောင့်လည်း အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ခေါင်းဆောင်များက သူတို့ ညှိနှိုင်းဆွေးနွေးသဘောတူထားတဲ့ CAA 2023 ကို ဒီအပါတ်ထဲမှာ လွှတ်တော် ၂ ရပ်စလုံးမှာ အတည်ပြုပြီး သမ္မတဆီ သောကြာနေ့ ညသန်းခေါင်မတိုင်မီ ပို့နိုင်ဖို့ ကြိုးစားနေကြတာပါ။

(၅) ပါတီကြီး ၂ ခုစလုံးထဲမှာ ဒီ CAA 2023 မူကြမ်းကို အပြည့်အဝ လက်မခံနိုင်ကြသူတွေလည်း ရှိကြပါတယ်။ အထူးသဖြင့် အောက်လွှတ်တော်မှာ လက်ရှိ လူနည်းစုပါတီ (Minority Party) ဖြစ်တဲ့ ရီပါတ်ဘလီကန်ပါတီအမတ်များက သူတို့ လူများစုပါတီ (Majority Party) ဖြစ်လာမယ့် အချိန် နောက်နှစ် ဇန်နဝါရီလကျမှပဲ ဒီဥပဒေကို စဉ်းစားနိုင်မယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပါတီကြီး ၂ ခုစလုံးမှာ ဒီတစ်ပါတ်မကုန်ခင် ဒီ CAA 2023 ကို သမ္မတလက်မှတ်ရေးထိုးအတည်ပြုစေချင်တဲ့ အမတ်တွေက အများစုပါ။ သူတို့အားလုံး ခရစ္စမတ်ရုံးပိတ်ရက်များမတိုင်ခင် အရေးကြီးတဲ့ ဥပဒေပြုတာဝန်တွေကို အဆုံးသတ်ပြီး ကိုယ့်အိမ်ကို ပြန်ချင်နေကြပါပြီ။ ဒါကြောင့် ကျနော်ကတော့ လာမယ့် သောကြာနေ့မှာ သမ္မတ ဂျိုးဘိုင်ဒင်က NDAA 2023 နဲ့ CAA 2023 တို့ကို လက်မှတ်ရေးထိုးအတည်ပြုလိမ့်မယ်။ ဒီဥပဒေများထဲမှာ အပါအဝင်ဖြစ်တဲ့ The Burma Act of 2022 နဲ့ မြန်မာနိုင်ငံဆိုင်ရာ ထောက်ပံ့ငွေများဟာလည်း အသက်ဝင်လာမယ်လို့ ယုံကြည်ပါတယ်။

(ဒီဇင်ဘာ ၂၀၊ ၂၀၂၂)

E





ဆက်ဖတ်ရန် →
တော်လှန်ရေး အင်အားစုများ နောက်ကွယ်မှ ရံပုံငွေ

တော်လှန်ရေး အင်အားစုများ နောက်ကွယ်မှ ရံပုံငွေ

ဘရပ်ဆဲလ် အခြေစိုက် နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ ကြီးမှ “Crowdfunding a war: The Money Behind the Myanmar Resistance” ခေါင်းစဉ် ဖြင့် အစီရင်ခံစာ ထုတ်ပြန်ချက်အား ပြန်လည် ကောက် နှုတ် တင်ပြသွားပါမည်။

Crowdfunding ဆိုသည်မှာ လုပ်ငန်းတရပ်ရပ် အပေါ် စိတ်ဝင်စားသူများ ထံမှ အွန်လိုင်းမှတဆင့် ရံပုံငွေ ကောက် ခံခြင်းကို ဆိုလိုသည်။

မြန်မာနိုင်ငံအတွင်းရှိ တော်လှန်ရေး အဖွဲ့များသည် စစ်အာဏာသိမ်း အဖွဲ့၏ နည်းလမ်းမျိုးစုံဖြင့် ဟန့်တားနေ သည့်ကြားမှ ပြီးခဲ့သည့် ဆယ့်ရှစ်လ အတွင်း ထိုနည်းလမ်းဖြင့် ရံပုံငွေများကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့ကြသည်။

တော်လှန်ရေး အဖွဲ့များသာမက စစ်အာဏာသိမ်း အဖွဲ့သည်လည်း သူ့နည်းသူ့ဟန်ဖြင့် ရံပုံငွေများ ရှာဖွေနေရဆဲ ဖြစ်ပြီး တဖက်တွင်လည်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ အား ငွေကြေး စီးမျောခြင်း မရှိအောင် ပိတ်ဆို့ ဟန့်တားနိုင်ရန် လုံးပမ်းနေကြရသည်။ သို့သော် တော်လှန်ရေး အင်အားစုများသည် သမားရိုးကျ ယန္တရားများ အတွင်းကသာ မက နည်းပညာ အသစ်များ သုံး၍လည်း စုဆောင်း နိုင်ခဲ့ကြသည်။

စစ်အာဏာသိမ်း အဖွဲ့ ၏ လက်ဝယ်ရှိ ရံပုံငွေသည် လက်ရှိ ပဋိပက္ခကြီး ဆက်လက် ဖြစ်ပွားနေခြင်း၏ ကြီးမား သော အကြောင်းရင်း တရပ် ဖြစ်နေသည်။ ထို့အတူ တော်လှန်ရေး အင်အားစုများ၏ ရံပုံငွေများ ဆက်လက် ရှာဖွေနိုင်စွမ်း ရှိမှုသည်လည်း အရေးပါနေသည်။

စစ်တပ်သည် နိုင်ငံ ရှိ အုပ်ချုပ်ရေး ယန္တရားများကို ထိန်းချုပ်ထားနိုင်သဖြင့် အရေးသာလျှက် ရှိနေသည်။ တော်လှန်ရေး အင်အားစုများသည်လည်း Crowdfunding နည်းလမ်းပေါင်းစုံဖြင့် စစ်မျက်နှာပေါင်းစုံအတွက် ထောက်ပံ့ ပေးနိုင်ရန် ရံပုံငွေများ ရရှိနေကြသည်။ မထင်မှတ်ဘဲ ဒေါ်လာသန်း ရာပေါင်း များစွာ စုဆောင်းနိုင်ခဲ့ကြသည်။ သို့သော်လည်း စစ်တပ်ကို ခြိမ်းခြောက်နိုင်လောက်သော ပမာဏ အထိတော့ မရရှိနိုင်သေးပေ။ ထိုအတွက် ပဋိပက္ခ၏ အဆုံးသတ်ရေးဆီ သွားနိုင်မည့် လားရာသည် တော်လှန်ရေး အင်အားစုများ ရံပုံငွေ ယခုထက် ပို၍ ရရှိနိုင်မည်လား ဆိုသည်က အဆုံးအဖြတ် ပေးလာတော့မည် ဖြစ်သည်။

တော်လှန်ရေး အင်အားစုများ အနေဖြင့် ထိုအရေး အတွက် ကျွမ်းကျင်သူများ၏ အကြံဉာဏ်များ ရယူနိုင်ဖို့ လို အပ်နေသည်။ အထူးသဖြင့် လှူဒါန်းနေသူများ၏ ကိုယ်ရေး အချက်အလက်များကို အကာအကွယ် ပေးနိုင်‌ရေး တွင် ဖြစ်သည်။ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးနေသည့် အဖွဲ့အစည်းများ အနေဖြင့်လည်း ပြည်တွင်း ရှိ အဖွဲ့များ နှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံသွားဖို့ လိုအပ်နေသည့်အပြင် မိမိတို့၏ စည်းမျဉ်းများ လိုက် နာခိုင်းခြင်းဖြင့် ထိုအဖွဲ့များကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေသင့်ဟုလည်း အစီရင်ခံစာ နိဒါန်းတွင် ဖေါ်ပြထားသည်။

တော်လှန်ရေး အင်အားစုများသည် အင်တာနက်ကို လက်နက်အဖြစ် အသုံးချ၍ ဒီဂျစ်တယ် တော်လှန်ရေးကြီး ဆင်နွှဲ နိုင်ခဲ့သည့်အပြင် ဒီမိုကရေစီ ကာလ အတွင်း လွတ်လပ်ပွင့်လင်းစွာ ဆောင်ရွက်နိုင်ခဲ့သည့် ဘဏ်လုပ်ထုံး လုပ်နည်းများကို အသုံးချနိုင်ခဲ့ကြသည်။ မြန်မာပြည်သူများ အနေဖြင့် အဆိုပါ အင်တာနက်ကို အသုံးချပြီး အကျိုးရှိရာ ရှိကြောင်း အသုံးချခြင်းဖြင့် စစ်အာဏာသိမ်း အဖွဲ့ကို ဘဏ္ဍာရေးအရ အင်အားချည့်နဲ့သွားအောင် ကြံဆောင် သင့်သည်။ အချို့ လုပ်ခဲ့သည်များက အောင်မြင်မှုများ ရရှိခဲ့ကြသည်။ မီတာခများ မပေးဆောင်ခြင်း၊ စစ်တပ်ပိုင် လုပ်ငန်းများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများကို သပိတ်မှောက်ခြင်း အစရှိသည့် နည်းလမ်းများ နှင့် ဖြစ်သည်။

အချို့လုပ်ရပ်များသည် မှန်းချက် နှင့် နှမ်းထွက် မကိုက် ဖြစ်နေသည်။ ဥပမာ အရပ်ဖက် အဖွဲ့အစည်းများက ပြင်သစ် ရေနံကုမ္ပဏီကြီး ဖြစ်သော တိုတယ် အား နိုင်ငံတွင်း မှ ထွက်ခွာရန် ဖိအားပေးခဲ့၍ ထွက်သွားသည့်အခါ စစ်တပ်သည် တိုတယ် အတွက် ပေးရမည့် ငွေများ ပေးစရာ မလိုသဖြင့် ယခင်ကထက်ပင် ဝင်ငွေများ ပိုရသွား ခဲ့သည်။

ပြည်တွင်းရှိ တော်လှန်ရေး အင်အားစုများထံ လိုအပ်သည့် ငွေများ ပို့ဆောင်ပေးဖို့လည်း အခက်အခဲများ ရှိလာ နေသည်။ စစ်တပ်သည် လမ်းဟောင်းကြီး နှင့်ပင် ပြည်တွင်း ရှိ အလှူရှင်များ အကြားတွင် အကြောက်တရားများ ဖန်တီးလာနိုင်ပြီး ပြည်တွင်း ဘဏ်လုပ်ငန်း နယ်ပယ်ထဲမှ မောင်းထုတ် ကာကွယ် နိုင်ခဲ့၍ ဖြစ်သည်။ 

အမျိုးသား ညီညွတ်ရေး အစိုးရ အဖို့လည်း နိုင်ငံတကာ ဘဏ်လုပ်ငန်း အဖွဲ့အစည်းများ၏ ငွေကြေး ခဝါချမှု၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်မှု ပေါ်လစီ များကြောင့် တခါတရံတွင် အခက်အခဲများ ရင်ဆိုင်လာခဲ့ရသည်။ NUG သည် ဒီဂျစ်တယ် ငွေကြေး၊ ဘလော့ခ်ချိန်း နည်းလမ်းများ သုံးခဲ့သော်လည်း သန္ဓေသား အဆင့်ထက် တက်မလာ နိုင်ဘဲ ရှိနေဆဲ ဖြစ်သည်။ ထို့အတွက် ပြည်သူ့တော်လှန်ရေး အဖွဲ့များသည် စစ်တပ် လက်ဝေခံ ဘဏ်လုပ်ငန်း အဖွဲ့အစည်းများ ကို ရှောင်ရှားပြီး တရားမဝင် ငွေလွှဲ နည်းလမ်း ဖြစ်သည့် ဟွန်ဒီ ကိုသာ အဓိက အားပြုနေရသည်။

စစ်တပ်အဖို့မှာ အခွင့်အလမ်းများစွာ ရှိနေသည်။ ဗဟိုဘဏ်ကို သိမ်းပိုက်ထားနိုင်သည့်အပြင် နိုင်ငံတော်ပိုင် ပစ္စည်း ဥစ္စာများကို ထင်သလို အသုံးချခွင့် ရှိနေသည်။ ပုဂ္ဂလိက ကဏ္ဍများ ကိုလည်း အကြောက်တရားဖြင့် စေလိုရာ စေနိုင်ခဲ့သည်။

စီးပွားရေး ကဏ္ဍတွင် တည်ငြိမ်မှု ရှိအောင် စွမ်းဆောင်နိုင်စွမ်း မရှိခဲ့ကြပေ။ ထိုသို့ ဖြစ်ခဲ့ရသည်မှာလည်း ပြည် တွင်းတွင် ၎င်းတို့၏ အုပ်ချုပ်ရေးအား နေရာအနှံ့တွင် ဆန့်ကျင်နေကြခြင်း၊ နိုင်ငံတကာမှ ပိတ်ဆို့ ဒဏ်ခတ်ခြင်း များ နှင့် ၎င်းတို့၏ အလွဲလွဲ အချော်ချော် စီမံခန့်ခွဲမှု အမှားများကြောင့် ဖြစ်သည်။ မြန်မာ ပြည်သူ အများစုမှ တရားမဝင် အစိုးရ အဖြစ် သတ်မှတ်ခံထားရသော အဖွဲ့ အုပ်ချုပ်နေသမျှ အခြေအနေများ တည်ငြိမ်လာမှု ရှိမည်မဟုတ်ဟု နိုင်ငံတကာ ရှိ ရင်းနှီးမြှုပ်နှံသူများကိုလည်း သတိပေးထားပြန်သည်။

စစ်အာဏာသိမ်း အဖွဲ့သည် ထိုသို့သော အနေအထားကို ပို၍ ဆိုးဝါးလာအောင် နိုင်ငံခြားငွေများ တင်းကျပ်စွာ ထိန်းချုပ်လာခြင်း၊ သွင်းကုန် ပါမစ်များ အား ခွဲတမ်းဖြင့် ချပေးခြင်း၊ နိုင်ငံခြားငွေ လဲလှယ်မှု နှုန်းထားကို မြှင့်တင်လာခြင်းကြောင့် ၎င်းတို့ ၏ စီးပွားရေး စွမ်းဆောင်နိုင်မှု အပေါ် ယုံကြည်မှု ပို၍ပင် လျော့နည်းသွား စေခဲ့သည်။ ဤသို့ဖြင့် တော်လှန်ရေး တပ်ဖွဲ့ ဝင်များထံ ဟွန်ဒီ ဖြင့် ငွေလွှဲသည့် နည်းလမ်းများ ပြန်လည် အသုံးပြုလာခဲ့ကြသည်။

ထိုသို့ တရားမဝင် နည်းလမ်း များ အသုံးပြုလာခြင်းကို မူ စစ်ကောင်စီမှ မည်သို့မျှ ဟန့်တား နိုင်စွမ်း မရှိ ဖြစ်နေသည်။ တဖက်တွင် ပြည်ပရှိ မြန်မာနိုင်ငံသားများ ဖက်၌ ငွေကြေး ထောက်ပံ့နေရမှုများ အပေါ် စိတ်ပျက်စ ပြုလာနေပြီး အချို့အမြင် တွင် အောင်မြင်နိုင်ဖွယ်မရှိတော့ဟု ယူဆလာမှုများလည်း ရှိနေသည်။

သို့သော်လည်း NUG သည် နည်းလမ်းမျိုးစုံ သုံး၍ ရံပုံငွေများ ရရှိရန် တမီလ် ကျားများ၊ အိုင်အာအေ အဖွဲ့များ ကဲ့သို့ ဖန်တီးနိုင်ခဲ့ကြ၍ ဆက်လက် ရပ်တည်နေနိုင်ဆဲပင် ဖြစ်သည်။ Click2Donate ကဲ့သို့ App မှ ဒေါ်လာ တသန်းကျော်အထိ ရရှိခဲ့သလို “War of Heroes” မိုဘိုင်း ဂိမ်း သည်လည်း ယခုထိ ဒေါ်လာ နှစ်သိန်းခန့် ရရှိနေပြီ ဖြစ်သည်။

ထိုနေရာတွင် ICG အဖွဲ့ကြီး မှ နိုင်ငံတကာ အစိုးရများ အနေဖြင့် တော်လှန်ရေး အဖွဲ့များအား လက်နက်များ၊ ငွေများ ထောက်ပံ့ရန် လိုလိုလားလား မရှိသေးသည်ကို နားလည်မှု ပေးနိုင်သော်လည်း ပြည်ပရှိ မြန်မာနိုင်ငံ သားများ ထံမှ လှူဒါန်းနေမှုများ အား လိုက်လံပိတ်ပင်ရန် ကြိုးပမ်းလာမှုသည်က အတော် လွန် လွန်း သွားပြီ ဖြစ်သည်ဟု ဆိုသည်။ ထိုသို့ လုပ်ခြင်းအားဖြင့် တိုက်ပွဲများကို ရပ်တန့်သွားအောင် လုပ်နိုင်မည်တော့ မဟုတ်ပေ။ အချို့ဒေသများတွင် တိုက်ပွဲ အရှိန် လျော့ကျသွားကောင်း သွားနိုင်သော်လည်း ထိုသို့ ကျဆင်းသွားသည် နှင့် အမျှ စစ်တပ်သည် ထိုဒေသများတွင် အပြစ်မဲ့ အရပ်သားများ အပေါ် လက်စားချေ တုန့်ပြန်မှုများ ပြုလုပ်လာနိုင် ပေသည်။ ထိုသို့ လှူဒါန်းပေးပို့နေသည်များကို စိုးရိမ်ကြောင့်ကြမှု ကင်းစွာ ဖြင့် ဆောင်ရွက်နိုင်အောင် ဖန်တီး ပေးသင့်သည်။

ရံပုံငွေများ ဖြတ်တောက်ခံရပါက မြန်မာ ပြည်သူများ အတွက် ပို၍ ထိခိုက် နစ်နာစရာများ ဖြစ်ပေါ်လာနိုင်ပြီး ရပ်တန့်အောင် လုပ်နေသည့် နိုင်ငံတကာ ၏ လုပ်ရပ်များ အပေါ်လည်း ဒေါသများ ထွက်လာနိုင်သည်။  ထိုလုပ် ရပ်များသည် မြန်မာပြည်သူများ အပေါ် နေ့တဒူဝ နှိပ်စက်ညှင်းပန်းနေသည့် တရားမဝင် စစ်အာဏာသိမ်း အဖွဲ့ကို သွယ်ဝိုက် အားပေးရာ ကျနေပေသည်။ စစ်အာဏာသိမ်း အဖွဲ့သည် လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင်များ အား နှိမ်နှင်းနိုင်ရေး အပေါ် ပို၍ အာရုံစိုက်လာကြမည်။ နိုင်ငံတွင်းရှိ တော်လှန်ရေး အဖွဲ့များနှင့် လက်နက် မထောက်ပံ့သည်ကလွဲ၍ သွေးစည်း ညီညွတ်စွာ ရပ်တည်သွားမည် ဆိုသည့် နိုင်ငံတကာ ၏ ရပ်တည်ချက်အား ထိခိုက်စေမည့် လုပ်ရပ်များကို ရှောင်ရှားသင့်လှပေသည်။

လူသားချင်း စာနာထောက်ထားရေး အကူအညီများ အတွက် ဘဏ်လုပ်ငန်း စည်းမျဉ်းစည်းကမ်းများကို ဖြေ လျော့ပေးနိုင်မှလည်း ဖြစ်မည်။ သို့မဟုတ်က ကူညီဆောင်ရွက်ပေးနေကြသည့် အင်ဂျီအို အဖွဲ့အစည်းများ အဖို့ ရံပုံငွေ ပြတ်လတ်မှုများ နှင့် ရင်ဆိုင်လာရဖွယ် ရှိနေသည်။ နိုင်ငံတကာ အလှူရှင်များ အနေဖြင့် ကုန်ပစ္စည်းများ၊ သို့မဟုတ် ငွေများကို နယ်စပ် ဖြတ်ကျော်ပို့ဆောင်ပေးခြင်း အပြင် နည်းလမ်းပေါင်းစုံဖြင့် ရောက်ရှိအောင် ဆောင်ရွက်ပေးသင့်သည်ဟု ဒီဇင်ဘာ ၂၀ ရက်နေ့စွဲ ဖြင့် ထုတ်ပြန်လာသော အစီရင်ခံစာကို ကောက်နှုတ် တင်ပြ လိုက်ရပါသည်။

အကြံပေးချက်များလည်း ပါဝင်နေ၍ အသေးစိတ် အစအဆုံး ဖတ်ရှုလိုသူများ အောက်ပါ လင့်ခ်မှ တဆင့် ဝင်ရောက်နိုင်ပါသည်။ 

https://www.crisisgroup.org/asia/south-east-asia/myanmar/328-crowdfunding-war-money-behind-myanmars-resistance

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!
လှစိုးဝေ



ဆက်ဖတ်ရန် →
အမေရိကန်နိုင်ငံကပေးအပ်မယ့် အကူအညီတွေကြောင့် စစ်အာဏာရှင်တော်လှန်ရေးမှာ အလှည့်အပြောင်းဖြစ်လာမယ်

အမေရိကန်နိုင်ငံကပေးအပ်မယ့် အကူအညီတွေကြောင့် စစ်အာဏာရှင်တော်လှန်ရေးမှာ အလှည့်အပြောင်းဖြစ်လာမယ်


ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၀ ရက်

အင်ဒိုနီးရှားနိုင်ငံက လာမယ့်နှစ် အာဆီယံအလှည့် ကျဥက္ကဌ ဖြစ်လာမှုနဲ့အတူ နေပြည်တော်က အာဏာ သိမ်းစစ်ကောင်စီကို တွန်းလှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အမေရိကန်နိုင်ငံက နည်းပညာနဲ့ စစ်ရေးမ ဟုတ်တဲ့အကူအညီ ပေးအပ်နိုင်မယ့် ၂၀၂၂ ခုနှစ် မြန်မာအက်ဥပဒေလို့ လူသိများတဲ့ ဉပဒေကြမ်းတစ်ရပ်ကို မကြာ သေးမီက အမေရိကန် ကွန်ဂရက်က အတည်ပြုလိုက်ခြင်းဟာ မကြာမီ သုံးနှစ်အထိရှိလာတော့မယ့် မြန်မာ့အရေး အတွက် အပြောင်း အလဲတစ်ရပ် ဖြစ်လာနိုင်ပါတယ်။

၂၀၂၂ ခုနှစ်မြန်မာအက်ဥပဒေအရ အမေရိကန် အစိုးရက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အပြင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ကို အကူအညီတိုးမြှင့်ပေးနိုင်မှာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ မည်သည့်အနောက်နိုင်ငံကမှ အခုလိုမျိုး မြန်မာစစ်အာဏာရှင် တော်လှန်ရေးအဖွဲ့တွေ ကို ကူညီပေးဖို့ ဉပဒေပြဌာန်းတာ မရှိသေးပါဘူး။ အမေရိကန်ကွန်ဂရက်မှာ ဒီမိုကရေစီနဲ့ ပြည်သူလူထုကို နှိပ် ကွက်တာမဟုတ်ရင် အခြားတိုင်းပြည်ရဲ့ပြည်တွင်းရေးအတွက် ဉပဒေပြဌာန်းပြီး ကူညီတာမရှိသေးပါဘူး။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံက ဒီမိုကရေစီ တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေနဲ့ နေ ပြည်တော်က အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ကို စစ်ရေးမဟုတ်တဲ့ အကူအညီပေးအပ်လိုတာ ရှင်းပါတယ်။

သမိုင်းကြောင်းအမြင်အရ အရှေ့တောင်အာရှဒေသရှိ စစ်ပွဲတွေမှာ အခုလို စစ်ရေးမဟုတ်တဲ့အကူအညီက တစ်ခါတစ်ရံ စစ်ရေးအကူအညီ ဖြစ်လာနိုင်ပါတယ်။ စစ်ရေးမဟုတ်တဲ့ အကူအညီဆိုပေမယ့် ရန်သူ့တပ်ဖွဲ့တွေကို တိုက်ခိုက်မယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေမယ့် လေ့ကျင့်ရေးသင်တန်းပေးတာ တွေ ပါဝင်နိုင်ပါတယ်။

လာမယ့်လတွေအတွင်း သိသာတဲ့ တိုးတက်မှုမရှိလာရင် မြန်မာ့အရေးဟာ ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲတစ်ဖြည်းဖြည်းကြားခံစစ်ပွဲတစ်ခုအဖြစ် ပြောင်း လဲလာနိုင်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက လာမယ့်နှစ်လယ်မှာ ရွေးကောက်ပွဲတစ်ရပ်ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

အာဏာသိမ်းစစ်ကောင်စီက စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုရင် လာမယ့်ရှစ်လအတွင်း သွေးထွက်သံယိုမှုတွေ ရှိလာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီဟာ ရွေး ကောက်ပွဲပြုလုပ်ဖို့ သက်ဆိုင်သူတွေရဲ့ သဘောထားကို ရယူခြင်းမရှိတဲ့အပြင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေလည်း အခုချိန်ထိ လုပ်ဆောင်ခြင်းမရှိပါဘူး။ 

သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား ကြိုတင်တိုင် ပင်ဆွေးနွေးမှုတွေမရှိဘဲ ရွေးကောက်ပွဲပြုလုပ်ရင် ထွက်ပေါ်လာတဲ့ရလဒ်ဟာ အတုအယောင်သာဖြစ်ပါလိမ့်မယ်။

အာဆီယံ အလှည့်ကျဥက္ကဌသစ် အင်ဒိုနီးရှားနိုင်ငံကလည်း မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံဖို့ မတူ ညီတဲ့ အကြံဉာဏ်တွေ၊နည်းလမ်းတွေ ရှိနေပါတယ်။ 

ကမ္ဘာ့ခေါင်းဆောင်တစ်ဉီးအဖြစ် ချီးမွမ်းခံခဲ့ရတဲ့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက စားနပ်ရိက္ခာ၊ စွမ်း အင်၊ ကျန်းမာရေးအပြင် ဒစ်ဂျစ်တယ်အသွင်ကူး ပြောင်းမှု အပါအဝင် အကျပ်အတည်းပေါင်းစုံအပေါ် အင်ဒိုနီးရှားနိုင်ငံရဲ့ အလေးထားမှုကို ဆက် လက်ပြသလိုပါတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အာဆီယံအလှည့်ကျဥက္ကဌ ဘရူနိုင်းနိုင်ငံက အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို ချမှတ်ခဲ့ပါတယ်။ ဒီနှစ် အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံကလည်း အာဆီ ယံ တူညီဆန္ဒငါးရပ် ဖော်ဆောင်ရေးမူကိုသာ တိုက်တွန်းခဲ့ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီး ချုပ် ဟွန်ဆမ်က အာဆီယံငြိမ်းချမ်းရေးစီမံချက်ကို ဉီးဆောင်ခဲ့ပေမယ့် အာဏာသိမ်းစစ်ကောင်စီက အဆိုပြုချက်တွေကို မဖော်ဆောင်ခဲ့ပါဘူး။

၂၀၂၃ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို ဖော်ဆောင်ဖို့ စစ်ကောင်စီကို တွန်းအားပေးမှာ သေချာပါတယ်။ ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီ အင်ဒိုနီးရှား နိုင်ငံက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ကူညီပေးလိုပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေး နွေးမှုတွေ ပြုလုပ်ကာ စစ်ကောင်စီအား ဘုံသဘောတူညီချက်ကို အပြည့်အဝ ဖော်ဆောင်စေလိုပါတယ်။

ဒါပေမယ့်လည်း မြန်မာ့အရေးမှာ ပါဝင်နေသူအား လုံးက ဒီစစ်ပွဲကို အနိုင်ရမယ်လို့ ယုံကြည်နေတာ ကြောင့် စေ့စပ်ညှိနှိုင်းတာတွေ မပြုလုပ်လိုကြပါဘူး။ အမေရိကန်ကွန်ဂရက်က ၂၀၂၂ ခုနှစ် မြန်မာအက်ဥပဒေအတည်ပြုလိုက်တာကြောင့် အတိုက် အခံတွေက စစ်ကောင်စီကို တိုက်ခိုက်ရာမှာ ပိုပြီး အကူအညီတွေ ရရှိနိုင် တော့မှာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက လာမည့်လမှာပြုလုပ်မယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးမှာ အာဆီယံအစီအစဉ်ကို တင်ပြမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၁၄၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံဟာ တစ်ခုခု အမှားအ ယွင်းဖြစ်ရင် အကြီးမားဆုံး နစ်နာမှာဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ပြည် သူများစွာဟာ ထိုင်းနယ်စပ်အနီးကို ထွက်ပြေးလာကြပါတယ်။ အမှန်တစ်ကယ်တော့ ထိုင်း-မြန်မာနယ်စပ်ဟာ အရှိန်မရွေး ပေါက်ကွဲလာနိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ထိုင်းအစိုးရက တိတ်ဆိတ် သော သံခင်းတမန်ခင်းနည်းလမ်းကို အသုံးပြုခဲ့ပြီး နေပြည်တော်က သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်ရှိ နယ်စပ်တစ်လျှောက် အဖွဲ့အစည်းအား လုံးနဲ့ ထိတွေ့ဆက်ဆံခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ် တပ်က အာဏာသိမ်းပြီး ချိန်ကတည်းက ပဋိပက္ခမှာပါဝင်သူတွေအားလုံး တွေ့ဆုံဆွေးနွေးကြဖို့ ထိုင်းနိုင်ငံက ဆောင်ရွက်ပေးလိုခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း လက်ရှိ ရန်လိုတဲ့အခြေအနေတွေကြောင့် အဲဒီလို တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာနိုင် ဖွယ် မရှိတော့ပါဘူး။ မြန်မာနိုင်ငံမှာ တိုက်ရိုက်ဖြစ်စေ၊သွယ်ဝှိုက်ဖြစ်စေ အကျိုးစီးပွားရှိနေတဲ့ တိုင်း ပြည်တွေကြား ယုံကြည်မှုတည်ဆောက်မယ့် တရားဝင် ရေရှည်လုပ်ငန်းစဉ်တစ်ရပ် စတင်နိုင်ဖို့ ထိုင်းနိုင်ငံက တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ကို တက်ရောက်ကြဖို့ အာဆီယံအဖွဲ့ဝင်တွေကို ဖိတ်ကြားခဲ့ပါတယ်။

လာမည့် ကြာသပတေးနေ့မှာပြုလုပ်မယ့် အလွတ် သဘော အစည်းအဝေးက အာဆီယံအစည်းအဝေး တစ်ခု မဟုတ်ပါဘူး။ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တိုင်းပြည်တွေကို အမြင်ချင်းဖလှယ်ဖို့ အနာဂတ် မှာ ဖိတ်ကြားမယ်လို့ ထိုင်းနိုင်ငံက မျှော် လင့်ပါတယ်။ ခုခံတော်လှန်ရေးတပ်ဖွဲ့တွေအတွက် ပြည်ပမှ အထောက်အပံ့ ပိုမိုရရှိတော့မှာဖြစ်တာကြောင့် မြန်မာ့အရေးဟာ ပိုမိုပြင်းထန်လာတော့မယ့် အခြေအနေသစ်တစ်ရပ်ကို ရောက် ရှိတော့မှာဖြစ်ပါတယ်။

ယနေ့ထုတ် Bangkok Post သတင်းစာပါ ဝါရင့်သတင်းစာဆရာ Kavi Chongkittavorn ရေးသားထားတဲ့ Myanmar and two new game-changers ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။


ဆက်ဖတ်ရန် →
ဖြတ်ဖေါက်ချူပ်ကြိုက်တဲ့  Kylian Mbappé

ဖြတ်ဖေါက်ချူပ်ကြိုက်တဲ့ Kylian Mbappé

အီတလီနှင့် ပြင်သစ်ရှိ မီဒီယာများ၏ ဖော်ပြချက်အရ Kylian Mbappé (World Soccer Sensation) သည် Playboy မဂ္ဂဇင်း မျက်နှာဖုံးတွင် ပထမဆုံးဖေါ်ပြခံရသည့် လိင်ပြောင်းမော်ဒယ် Ines Rau နှင့် တွဲနေပြီး
အသက် 24 နှစ်အရွယ်ဘောလုံးသမား၏ရည်းစားအသစ်သည် 32 နှစ်ဖြစ်ပြီး 16 နှစ်တွင်လိင်ပိုင်းဆိုင်ရာခွဲစိတ်မှုခံယူခဲ့သည်။





ဆက်ဖတ်ရန် →
Dec 20✨သတင်းပေါင်းချုပ်

Dec 20✨သတင်းပေါင်းချုပ်




📬 ယနေ့ကြေးနန်း 📭
⏰ ၂၀-၁၂-၂၀၂၂
......................................
သတင်းပိတ်-7:30 pm
တင်-8:00 pm 
........................................      

🛑 မြင်းခြံခရိုင် 
************
♦ယနေ့ နေ့လည် ၂ နာရီဝန်းကျင်က တောင်သာမြို့ပေါ် ရှိ ဦးရွှေမန်း (ဦးဆင့် ရွှေပန်းထိမ်) ဆိုင်တွင် လုယက်ဓါးပြတိုက်မှုဖြစ်ပွားခဲ့ 

🛑 NUG
********
♦နိုင်ငံရေး၊ စစ်ရေး အချိုးအကွေ့ဖြစ်နိုင်သော ၂၀၂၃ နှစ်တွင် တော်လှန်ရေး မဟာဗျူဟာ နှင့် နည်းဗျူဟာများ အလွဲအချော်မဖြစ်ရေး၊ စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို တုံ့ပြန်ရန်   သမ္မတဒူဝါလရှီးလ ညွှန်ကြား
♦အီးယူ-အာဆီယံ ထိပ်သီးအစည်းအဝေးကြေညာချက်ကို NUG ကြိုဆို၊ စစ်ကောင်စီကို ဖိအားပိုပေးရန် တောင်းဆို
♦မြန်မာ့အရေးဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး အာဆီယံ၏ထောက်ခံမှုကို လူသိရှင်ကြားထုတ်ဖော်ပြသသင့်ကြောင်း NUG တိုက်တွန်း
♦စစ်ကောင်စီယန္တရားရှိ အမာခံသတင်းပေးပို့သူများ သတင်းအဆင့်အတန်းအလိုက် ဆုငွေပေးမည်ဟု NUG ကြေညာ၊သတင်းပေးပို့သူဖရဲသီးအဖြစ် တော်လှန်ရေး ပူးပေါင်းပါဝင်ရန် စစ်သား၊ရဲနှင့်ဝန်ထမ်းများအား ဖိတ်ခေါ်
♦စစ်ကောင်စီပါဝင်မည့် မြန်မာ့အရေး အလွတ်ဆွေးနွေးပွဲက ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာကိုသာ ကျဆင်းစေမည်ဟု NUG ပြောရေးဆိုခွင့်ရှိသူပြော 

🎯 တိုက်ပွဲ၊ EAOs & PDF
********************  
♦စစ်ကိုင်း-မုံရွာလမ်းပေါ်ရှိ ပြည်သူများကို ငွေကြေးကောက်ခံနေသည့်   ညောင်ပင်ဝန်းရဲစခန်းကို ယနေ့ နံနက်ပိုင်း ပစ်ခတ်တိုက်ခိုက်
♦ယနေ့ မွန်းလွဲပိုင်းက ရေးမြို့နယ်၊ ခလရ ၅၈၆ တပ်ရင်းကို RPG ဖြင့် ပစ်ခတ်မှု စစ်သား ၄ ဦး သေ၊ ၃ ဦး ပြင်းထန် ဒဏ်ရာရ
♦ယနေ့ မတ္တရာတွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေ၊ အလောင်း လာ​စစ်ဆေးသည့် စစ်သားများ မိုင်းဆွဲ ခံရ၊ ၄ ဦး ထပ်သေပြန် 
♦ပုလဲမြို့ပေါ်မှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ကို ဒီနေ့ မနက် လက်ပစ်မိုင်းနဲ့ ပစ်ခတ်၊စခ တချို့ သေဒဏ်ရာရ
♦ကလေးမြို့တောင်သာရပ်ကွက်မှ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို PDF(Kalay) မိုင်းတပ်ဖွဲ့က ယမန်နေ့ မွန်းလွဲတွင် အသင့်ဆင်ထားသော မိုင်း ငါး လုံးဖြင့် ဖောက်ခွဲ
♦ဒီ- ၁၈ ရက်က တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေ
♦PDF Kalay နည်းပညာနှင့် ဒရုန်းတပ်ရင်းမှ ရဲဘော်အသစ်များ ခေါ်ယူ 

💣 ခွဲကွဲပေါက်
*************
💥မြစ်ကြီးနားမြို့ရှိ ပြည်နယ်စစ်ကောင်စီရုံးတွင် ယနေ့ နံနက် ပိုင်း ပြင်းထန်သော ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွား
💥မနေ့က တနင်္သါရီတိုင်း၊ သရက်ချောင်းမြို့ပေါ်ရှိ မြို့မရဲစခန်းအနီး၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ 

🤡 စစ်ကောင်စီ
*************
😎စစ်ကောင်စီတပ်က ကော့ကရိတ်-မြဝတီလမ်းကို ပြန်ပိတ်၊ စစ်လေယာဉ်များစောင့်ကြည့်ပျံသန်းနေ 

👹 စစ်အုပ်စုရဲ့ ယုတ်မာ ရမ်းကားရက်စက်မှု
*********************************
◾ ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၂၀ ကျော်ပြာကျခဲ့
◾KNU နယ်မြေ၊ မဲဝိုင်ကျေးရွာအုပ်စုနှင့် ကျုံဒိုးမြို့နယ် ကို စစ်တပ်က လေကြောင်း ဖြင့် ဗုံးကျဲ၊လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် နေအိမ် ၁၉ လုံး ပျက်စီး
◾ကန့်ဘလူတွင် စစ်ကောင်စီတပ်က  ဆဋ္ဌမတန်းကျောင်းသား အပါအဝင် ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ပစ်သတ်
◾အင်းတော်မြို့နယ် ပိန်းအင်းရွာမှာ အရပ်သားလေးဦး သတ်ဖြတ်ခံရ
◾ မြောင်တွင် ဖမ်းဆီးခံပြည်သူ ၁ ဦးက သေနတ် လုရန် ကြိုးစား သည်ဟု ဆိုကာ စစ်တပ်က ပစ်သတ်
◾ကချင်ပြည်နယ်၊  ကာမိုင်းမြို့တွင် ခရီးသည်တင် Van ကား ၂ စီးကို စစ်တပ်က မီးရှို့ 

🔲 မတရားဖမ်းဆီးထောင်ချ
**********************
◾တနင်္သါရီတိုင်း၊ သရက်ချောင်း၊ ချောင်းနှစ်ခွကျေးရွာမှ ပြည်သူ ၆၀ ကျော်ကို စစ်တပ်က  အကြောင်းမဲ့ ဖမ်းဆီးသွား၊ ဖမ်းဆီးခံရသူများ၏ သတင်းအစအန ပျောက်နေ
◾ဖားကန့် ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ဝန်ထမ်း ၄၀ ကျော် ဖမ်းဆီးခံထားရ
◾ကျိုက်ထိုမြို့က CDM ဆရာမတစ်ဦး ဖမ်းဆီးခံရ
◾ကဗျာဆရာ လူဖန်ခါးကို ထောင်ဒဏ် ၂ နှစ်ထပ်ချ၊ စုစုပေါင်းထောင်ဒဏ် ၂၈ နှစ်ခွဲရှိလာ
◾ကျောက်တော်မြို့က ဆန်စက်ပိုင်ရှင် ၁ ဦးကို စစ်ကောင်စီက ပုန်ကန်မှုဖြင့် ထပ်တိုးတရားစွဲ
◾ထားဝယ်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျ နိုင်ငံရေး အကျဉ်းသား ၃ ဦး ထောင် ၇ နှစ် ထပ်တိုး အမိန့်ချခံရ 

💀 သာရေး 
************
♦ဒီဇင်ဘာ ၁၉ ရက်နေ့ တရက်တည်း  စစ်ခွေးဝဲစား ၄၈ ကောင်သေ 
♦လောင်းလုံးတွင် မူးယစ်ဆေးဝါးရောင်းဝယ်နေသူ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦး၊ ပျူစောထီးအဖွဲ့ဝင် တစ်ဦး ပစ်ခတ်ခံရပြီး သေ၊ လက်နက်များ သိမ်း ဆည်းရမိ 

🤝 အလင်းဝင်
**********
♦ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်သား ၁၂ဦး ချင်းကာကွယ်ရေးတပ်ဖွဲ့များထံ ခိုလှုံ 

Ⓜ ရုန်းကန်ဆဲ CDM များ
*******************
♦ကန်ပက်လက်မြို့နယ်တွင် CDM ဝန်ထမ်းများကို ၅၀,၀၀၀ ကျပ်စီ ချီးမြှင့်
♦CDM ဝန်ထမ်းတွေ ဘဝနေထိုင်မှုခက်ခဲနေပြီး အချို့က ကျောက်ကပ်ထုတ်ရောင်းဖို့ထိ စဥ်းစားလာနေ 

🌐 နိုင်ငံတကာ 
************
♦ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဉ်းအားလုံးပြန်လွှတ်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ စစ်ကောင်စီကိုတိုက်တွန်းတောင်းဆိုတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို မနက်ဖြန် ကုလလုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်နိုင်ခြေရှိ
♦မြန်မာ့အရေး အထူးအစည်းအဝေးကျင်းပရန် ထိုင်းအစိုးရက စီစဉ်နေ 
♦စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ PTTအပါအဝင်ထိုင်းလုပ်ငန်းစု နှစ်ခုကိုနော်ဝေးSovereign Wealth Fund လက်တွဲဖြုတ် 

📣စစ်ဘေးရှောင်
**************
♦တိမ်းရှောင်နေရသည့် ပလမြို့တောင်သူများ စပါးမရိတ်နိုင်သေးသဖြင့် အခက်ကြုံ
♦ဘုရားသုံးဆူမြို့ခံများ ထိုင်းနိုင်ငံဘက် စစ်ဘေးရှောင်
♦ဒီပဲယင်းတွင် စစ်တပ် မီးရှို့ခဲ့သော​ ကျေးရွာများမှ ပြည်သူများကို ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က တစ်အိမ်ထောင်လျှင် ဆန်နှင့် ငွေကျပ် ၁၀၀၀၀ ဆီလှူဒါန်း 
♦ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)အနေဖြင့် အခုရက်ပိုင်းအတွင်း ရိက္ခာပြန်လည်ထောက်ပံ့သွားမည်ဖြစ်သည်ဟု သိရ 

⭕ လူမှုစီးပွား
************
♦လိုင်စင်မဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ အလုပ်ရှာမပေးဘဲ ပိုက်ဆံလိမ်တောင်းနေ
♦စစ်ကောင်စီက မော်တော်ယာဉ်တင်သွင်းခွင့် ကန့်သတ်ထားသော်လည်း ဝယ်ရောင်းစျေးကွက်ကို သက်ရောက်မှုမရှိ
♦နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ အညာဒေသက စစ်ရှောင်ပြည်သူတွေ ဘဝရပ်တည်ဖို့ ပိုမိုခက်ခဲလာ  
♦ကမ္ဘာ့ဘဏ်အုပ်စု၏ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) က ရိုးမဘဏ်တွင် ရင်းနှီးမြှုပ်နှံထားမှုများ ရုပ်သိမ်းတော့မည်ဟု ဆို
♦တရုတ်နယ်စပ်ဈေးကွက်မှာ ဖရဲ အရောင်းအဝယ်အေး 

🔲 အထွေထွေ
*************
♦ဒီးမော့ဆိုမြို့နယ်အတွင်း ပျက်စီးနေတဲ့ ကျေးရွာလမ်းပိုင်းတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လမ်းခင်းပြုပြင်ပေးခဲ့
♦လပွတ္တာမြို့နယ်၊ ပြင်စလူမြို့မှာ ဒီ- ၁၆ ရက်က ငါးဖမ်းထွက်တဲ့ ဒေသခံ ရေလုပ်သားတွေကို စစ်တပ်က သတင်းမပို့လို့ဆိုကာ ဒဏ်ငွေ ၅၀,၀၀၀ ရိုက်ခဲ့
♦တနင်္သာရီမြို့နယ်ရှိ NUG ပြည်သူ့ကျောင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပ
♦ရန်ကုန်တစ်မြို့လုံး လုံခြုံရေးတင်းကျပ်ထားပြီး  ကားများကို စစ်တပ်နှင့်ရဲက အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်
♦ဖားကန့်မြို့ ရှိ စင်ကြယ်ရွှေဆိုင်ကို ယနေ့  နံနက်က လူ ၃ ဦးက  ပစ္စတို သေနတ်များဖြင့် ဓားပြတိုက်၊SK တံစိပ်ပါ လက်စွပ်မောင်းကွင်း ၁၀၀ ကျော်၊ ငွေသားစုစုပေါင်း သိန်း ၂၀၀၀ ကျော်ခန့် ပါသွား
♦ဒီနေ့ နံနက် ၇ နာရီ ပြည်ကြီး တံခွန် မြိုနယ်ရှိ မောသစ်ရွှေဆိုင်မှ ရွှေခြင်းနှစ်ခြင်း ဓားပြတိုက်ခံရ
😂တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများကို စစ်ကောင်စီက သစ္စာအဓိဋ္ဌာန် ၆ ချက် နံနက်တိုင်း ရွတ်ဆိုခိုင်း၊ ယခင် သစ္စာအဓိဌာန် ၄ ချက်သာရှိရာမှ မအလက ၂ ချက်တိုးထည့်၍ ရွတ်ဆိုခိုင်း
♦ပုသိမ်မြို့နယ်တွင် သက်ငယ်မုဒိမ်းမှုကျူးလွန်သူကို  ရဲကပြန်လွှတ်ပေး
♦ရန်ကုန်တွင် စစ်ကိုင်းတိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူများ ဧည့်စာရင်းတိုင်ရန် အခက်ကြုံနေ
♦တောင်ဒဂုံမြို့နယ်တွင် ကလေးငယ်အား လာရောက်စွန့်ပစ်ထား 
♦ရန်ကုန်-မော်လမြိုင် လေအိတ်အမြန်ရထားများ ၏ပြေးဆွဲချိန်ပြောင်းလဲ
♦ထိုင်းတွင် တရားမဝင်လက်နက် ၆၀ ကျော်နှင့် ကျည်ဆန် ၆၀,၀၀၀ ကျော် ဖမ်းမိ
♦အိမ်နီးချင်းနိုင်ငံများတွင် အအေးလှိုင်းဖြတ်မှုကြောင့် မြန်မာနိုင်ငံတွင်အအေးပိုလာ
♦Fury MMA ဖလိုင်းဝိတ်တန်းချန်ပီယံလုပွဲမှာ ချင်းတိုင်းရင်းသား ဂျို့ရှ်ဝါဗန်က ဒေသတွင်းအဆင့်သတ်မှတ်ချက် ၁ မှာရှိတဲ့  ပြိုင်ဘက် အမေရိကန်ဖိုက်တာကို အနိုင်ရပြီး ချန်ပီယံ ရွှေခါးပတ်ရရှိ
😷 ဒီဇင်ဘာ ၁၉ ရက်နေ့က ကိုဗစ်ကူးစက်သူ ၁၃ ဦး‌တွေ့ ဟု စကစကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန် 

♦ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၂၆၂၉ ဦးနှင့် ဖမ်းဆီးချုပ်ခံရသူ ၁၆၅၆၄ ဦး ရှိဟု ယနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် AAPP ထုတ်ပြန်ထား 

🌍 ကမ္ဘာ့သတင်း
**************
🔹ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက သူ့နိုင်ငံထဲမှာ အီရန်လုပ် ဒရုန်းအစင်း ၃၀ ကို မနေ့က တရက်တည်းမှာ ပစ်ချခဲ့လို့ ညစဉ်ပြောနေတဲ့ မိန့်ခွန်းမှာ ပြော
🔹တရုတ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရန် ရုရှားရေတပ်စစ်သင်္ဘောအုပ်စု ထွက်ခွာ
🔹ဂျပန်နိုင်ငံရဲ့ လုံခြုံရေးဗျူဟာသစ်ဟာ ဒေသတွင်းလုံခြုံရေးဝန်းကျင်ကို အခြေခံကျကျ ပြောင်းလဲမှုဖြစ်စေတယ်ဆိုပြီး မြောက်ကိုရီးယားကရှုတ်ချ
🔹အရေးယူပိတ်ဆို့မှုကြောင့် ဒုံးကျည်တည်ဆောက်မှု ရပ်တန့်မည်မဟုတ်ဟု မြောက်ကိုရီးယား ပြော
🔹တရုတ်နိုင်ငံမြို့တော်တွင် ဖျားနာသူများလာသဖြင့် ဆေးခန်းအသစ် ၁,၂၀၀ နီးပါး တိုးမြှင့်ဖွင့်လှစ် 

🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
ဆက်ဖတ်ရန် →
ရွှေလက်အိတ်နဲ့ ကော့ပြခဲ့တဲ့အကြောင်းအရင်းကို ရှင်းပြခဲ့တဲ့ မာတီနက်ဇ်

ရွှေလက်အိတ်နဲ့ ကော့ပြခဲ့တဲ့အကြောင်းအရင်းကို ရှင်းပြခဲ့တဲ့ မာတီနက်ဇ်

by Kaung Htet


အာဂျင်တီးနားဂိုးသမား အီမီ မာတီနက်ဇ်ဟာ ပြင်သစ်ပရိသတ်တွေက ၎င်းကို လှောင်ပြောင်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ဆုဖလားအောင်ပွဲခံချိန်မှာ အံ့အားသင့်ဖွယ် ပြုလုပ်ခဲ့တဲ့ အပြုအမူကိုရှင်းလင်းခဲ့ပါတယ်။

မာတီနက်ဖ်ဟာ နောက်ထပ်တစ်ကြိမ် အလွန်ကောင်းမွန်တဲ့ ပင်နယ်တီ အဆုံးအဖြတ်စွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပြီး အချိန်ပိုမှာ မူအာနီရဲ့ အပိုင်ကန်သွင်းချက်ကို အရေးကြီးတဲ့ ကာကွယ်မှု ပြုလုပ်နိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေလက်အိတ်ဆုကို ရရှိခဲ့တဖြစ်ပါတယ်။ စင်မြင့်ပေါ်မှာ ဆုလက်ခံရယူပြီးနောက် အသက် ၃၀အရွယ် ဂိုးသမားက ရွှေလက်

အိတ်ဆုကို ပေါင်ခြံနားကို နှိမ့်ပြီး ပရိသတ်အုပ်စုရှိရာဘက်ကို ကော့ပြခဲ့တာဖြစ်ပါတယ်


မာတီနက်ဇ်ဟာ ပြင်သစ်အသင်းပရိသတ်တွေဆီကနေ လှောင်ပြောင်သံတွေ ရရှိခဲ့တာကြောင့် တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ပွဲအပြီးမှာ အာဂျင်တီးနားရေဒီယိုဌာန La Red ကို ပြောကြားခဲ့ပါတယ်။ “ကျွန်တော် အဲဒါကို လုပ်ခဲ့တယ်။ဘာလို့လဲဆိုတော့ ပြင်သစ်တွေက ကျွန်တော့်ကို လှောင်ပြောင်ခဲ့ကြလို့ပါ။ ဂုဏ်သိက္ခာက ကျွန်တော့်အတွက်အလုပ်မဖြစ်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်


မာတီနက်ဇ်ရဲ့ အငြင်းပွားဖွယ် အပြုအမူက ပွဲအပြီးမှာတင်မဟုတ်ခဲ့ဘဲ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းချိန်မှာလည်း ဖြစ်ပျက်ခဲ့ပြီး ကင်းစလေ ကိုမန်းရဲ့ ကန်သွင်းကို ကာကွယ်နိုင်ခဲ့ပြီးနောက် အာဂျင်တီးနားဂိုးသမားဟာ ပုခုံးတွန့်ကပြပြီး ပြင်သစ်အသင်း ပရိသတ်တွေရဲ့ ဒေါသကို ဆွခဲ့သေးတာဖြစ်ပါတယ်


အီမီလီယာနို မာတီနက်ဇ်ဟာ ပြင်သစ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး အဝတ်လဲခန်းထဲမှာ အာဂျင်တီးနားအသင်းဖော်တွေကို ပြင်သစ်တိုက်စစ်မှူးအတွက် တစ်မိနစ် ငြိမ်သက်ပေးဖို့ တောင်းဆိုခဲ့ပြီး အမ်ဘာပေကို လှောင်ပြောင်ခဲ့သေးတာဖြစ်ပါတယ်


မာတီနက်ဇ်ဟာ နီကိုလတ်စ် အော်တာမန်ဒီရဲ့ အင်စတာဂရမ် Live ထဲမှာ ပါဝင်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားအသင်းသားတွေဟာ ကမ္ဘာ့ဖလားအောင်ပွဲအတွက် သီချင်းတွေသီဆို အောင်ပွဲခံနေချိန်မှာ အာဂျင်တီးနားဂိုးသမားက ရပ်တန့်စေခဲ့ပြီး အမ်ဘာပေကို လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်


အာဂျင်တီးနားအသင်းသားတွေဟာ အောင်ပွဲခံနေချိန်မှာ အက်စတန် ဗီလာဂိုးသမားက ရုတ်တရက် ရပ်တန့်ခိုင်းခဲ့တာကြောင့် အံ့အားသင့်သွားခဲ့ပြီး ပြင်သစ်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ဖို့ ပြောကြားခဲ့တဲ့အချိန်မှာ ဝမ်းသာအားရနဲ့ ဆူညံသံတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES

PHOTOS CREDIT TO OWNERS
SPORTS A2Z

ဆက်ဖတ်ရန် →
ရေးမြို့ကစစ်တပ်စခန်းကို RPGနဲ့ ရေးဘီလူးတပ်ဖွဲ့ပစ်ခတ်(ရုပ်သံ)

ရေးမြို့ကစစ်တပ်စခန်းကို RPGနဲ့ ရေးဘီလူးတပ်ဖွဲ့ပစ်ခတ်(ရုပ်သံ)


🌐 Z Fighter December 20 🌐

မွန်ပြည်နယ် ရေးမြို့က စစ်ကောင်စီလက်အောက်ခံ(၅၈၆)တပ်ရင်းကို ဒီကနေ့ ဒီဇင်ဘာလ၂၀ရက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့က သတင်းထုတ်ပြန်ဖော်ပြပါတယ်။

ရေးမြို့က စစ်ကောင်စီလက်အောကခံ( ၅၈၆)တပ်ရင်းကို RPGနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီအထိအခိုက်ကိုတော့ ဖော်ပြထားခြင်း မရှိပါဖူး။

ရေးဘီလူးတပ်ဖွဲ့ဟာ မွန်ပြည်နယ်မှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ရက်နေ့ကလဲ ရေးမြို့မရဲစခန်းမှုးစီးလာတဲ့ကားကို တိုက်ခိုက်မှုအတွင်း စခန်းမှုးနဲ့ရဲ(၁)ဦးသေခဲ့ကာ M-16သေနတ်တစ်လက်နဲ့ ခြောက်လုံးပြူးတစ်လက်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။[Lu Nge Khit][Z-F]

Video-Yeဘီလူး

#Adm_6 
#z_fighter

@zfighternews

ဗွီဒီယိုကြည့်ရန်နှိပ်ပါ
https://youtube.com/shorts/-5YVQIVdD9I?feature=share





ဆက်ဖတ်ရန် →
ပါးကွက်ကတော်လှန်ရေးသက်ေတလား😳

ပါးကွက်ကတော်လှန်ရေးသက်ေတလား😳

ပြည်ခရိုင်မှာ ဆိုင်ကယ်အနီမစီးရ၊ ဦးထုတ်အနီမဆောင်းရ၊ ပါးကွက်မကွက်ရဟု စစ်ကောင်စီလိုက်ကြေညာ

ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၉ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်း မြို့နယ်များတွင် ဒီဇင် ဘာလ ၁၇ရက်နေ့မှစ၍ဆိုင်ကယ်အနီမစီးရ၊ ဦးထုပ် အနီမဆောင်းရ၊ ပါးကွက်မကွက်ရဟု စစ်ကောင်စီမှလိုက်လံကြေညာနေကြောင်း ဒေသခံများထံကသိရသည်။

"ကြေညာတာကတော့ ၁၇ ရက်နေ့က ညနေပိုင်းမှာ ကားနဲ့လိုက်ပြီးအော်တာ။ သူတို့ကြည့်ရတာ အစစ အရာရာအရမ်းကြောက်နေကြသလိုပဲ။ လုံခြုံရေးကလဲအပြည့်နဲ့ နေရာရာအနှံလိုက်ပြီးကြေညာနေတာ ကြေညာချက်တွေကတော့ အစုံပါပဲ ခုက မြို့စျေးသွားဝယ်ဖို့တောင် သူတို့ကြောက်နေရပြီ ဒါက ပြည်သူကို သက်သက် ဒုက္ခပေးနေကြတာပါ" ဟု   ပေါက်ခေါင်း ဒေသခံတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောဘသည်။

အဆိုပါတားမြစ်ချက်များအပြင် ဆံထုံးမထုံးရ၊ ကတ္တီပါဖိနပ်မစီးရ စသည့် ကြေငြာချက်များလည်းပါဝင်ပြီး လိုက်နာခြင်းမရှိပါက ထောင်ဒဏ်ချမှတ်မည်ဟု စစ်ကောင်စီက ကြေညာခဲ့ကြောင်း ဒေသခံများကပြောသည်။

ပြည်ခရိုင်အတွင်း ၆ မြို့နယ်ရှိပြီး  ပြည်၊ ရွှေတောင်၊ သဲကုန်း၊ပေါင်းတည်၊ ပေါက်ခေါင်း၊ ပန်းတောင်း စသည့်မြို့တွေမှာ ဒီဇင်ဘာလအတွင်း ဆိုင်ကယ်ဖမ်းဆီးမှုတွေပိုများပြားလာပြီး ဒေသခံပြည်သူများအနေဖြင့် မြို့တက်စျေးဝယ်ယူရန်အခက်အခဲဖြစ်နေကြကြောင်း ဒေသခံများကပြောပြချက်အရ သိရှိရသည်။

#Ayeyarwaddy_Times


ဆက်ဖတ်ရန် →
အာဏာရှင် နိုင်ငံများတွင် ထွက်ပေါက်ကို ဖန်တီးကြသည့် လုပ်ရပ်မျိုးများသာ

အာဏာရှင် နိုင်ငံများတွင် ထွက်ပေါက်ကို ဖန်တီးကြသည့် လုပ်ရပ်မျိုးများသာ

ပြောချင်ရာ ပြော
************

စစ်ကောင်စီ ၏ မကြာမီက ထုတ်ပြန်ခဲ့သော ကျေညာချက်များကို ကြည့်ပါက နိုင်ငံ အစိုးရမှ ထုတ်ပြန်သော သတင်းမျိုး မဟုတ်၊ ယုတ္တိတန်၏ မတန်၏ စဉ်းစားနေစရာမလိုဘဲ ၎င်းတို့အား ထောက်ခံနေသော လက်တဆုပ်စာ လူတစု အားတက်စေရန် လိမ်ညာ နေမှုများကို လယ်ပြင်တွင် ဆင်သွားသလို ရှင်းလင်းစွာ တနေ့ထက် တနေ့ တိုး၍ပင် တွေ့မြင်လာနေရပေသည်။

 
ထိုမျှမကသေး ပြည်သူ့တော်လှန်ရေး သမားများကို လူထုမှ ထင်ယောင်ထင်မှား ဖြစ်စေရန် အကွက်ဆင် လုပ်ကြံ ဖန်တီးလာကြပြန်သည်။

 
ဤသည်ကို ရန်ကုန် မှ ဒလ သို့ သွားသည့် ခရီးသည်တင် ကူးတို့သင်္ဘော ပေါ် ဗုံးပေါက်ကွဲခဲ့မှုက သက်သေခံနေပေသည်။ ထိုသတင်းကို ဖြစ်ပွားပြီး နာရီပိုင်းမျှ အကြာမှာပင် လက်ဝေခံ မီဒီယာများ မှတဆင့် ပြည့်သူ့ ဘက်တော်သား တော်လှန်ရေး သမားများ ၏ လက်ချက်ဟု သက်သေ အထောက်အထား တစုံတရာ မပြနိုင်ဘဲ ချက်ချင်းလို စွပ်စွဲလာခဲ့ကြသည်။

 
သင်္ဘောပေါ်တွင် အကြမ်းဖက် စစ်တပ်မှ တဦးတလေမျှ မပါရှိပါဘဲလျှက် အသက်စွန့်၍ မစ်ရှင်လုပ်နေကြရသူများအနေနှင့် အဘယ်သို့များ စွန့်စား၍ လုပ်ဆောင်ကြပေမည်နည်း၊ ထိုသို့ လုပ်ပါက ပြည်သူများ ၏ ထောက်ခံမှု ကျဆင်းသွားမည်ကို မသိဘဲ နေလောက်အောင် အသိဉာဏ်ပညာ ကြုံလှီနေကြသူများ မဟုတ်။ ပြည်သူ ထောက်ခံမှု သည်သာ တော်လှန်ရေး၏ အောင်မြင်ရာ အောင်မြင်ကြောင်း သော့ချက် ဖြစ်သူကို လူငယ် ဂျင်ဇီးများက ကောင်းစွာ သဘောပေါက်ထားကြပြီး ဖြစ်သည်။ ဤသည်ကို ပြတ်သားစွာ ရှုမြင်နိုင်ဖို့ လိုပေသည်။

ထိုသို့သော လုပ်ရပ်များက မြန်မာပြည်တွင် သာမက အကျပ်ရိုက်လာသော အာဏာရှင် နိုင်ငံများတွင် ထွက်ပေါက်ကို ဖန်တီးကြသည့် လုပ်ရပ်မျိုးများသာ ဖြစ်သည်။

 
အဆိုပါ ဖြစ်ရပ်အား စင်္ကာပူရှိ စထရိတ်တိုင်း သတင်းစာမှ စစ်တပ် နှင့် တော်လှန်ရေး အင်အားစု များ တဖက်နှင့် တဖက် အပြစ်ပုံချ‌ နေဟူသော ခေါင်းစဉ်ဖြင့် သတင်းဖေါ်ပြလာခဲ့သည်။ သတင်းတွင် “လက်လုပ်မိုင်း” ဖြင့် တိုက်ခိုက်ခဲ့မှု တွင် သင်္ဘောစီး ခရီးသည် ၁၇ ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ဖေါ်ပြထားပြီး ဒလ မြို့နယ် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့မှ မိမိတို့ မဟုတ်ကြောင်း ကျေညာချက် ထုတ်ပြန်ခဲ့သည်ဟု သတင်းတွင် ပါရှိလာခဲ့သည်။

 
ထိုသို့ လုပ်ကြံ ဖန်တီးသည့် ကလေးကွက်များအား အကြမ်းဖက် စစ်တပ်မှ ၎င်းတို့ အခေါ် “အကြမ်းဖက်မှု တိုက်ဖျက်ရေး” ဆိုသည်ကို နိုင်ငံတကာမှ စိတ်လည် လာစေရန် ခပ်စိပ်စိပ် လုပ်လာဖို့ ရှိ၍ ပြည်သူများ အနေဖြင့် သွားသတိ လာသတိ ရှိနေဖို့ လိုပေသည်။

စစ်တပ်အား ထောက်ခံနေသူများသည် အာဏာသိမ်းခြင်းကို ဝါဒသဘောတရားရေးအရ ထောက်ခံခြင်း၊ မိမိတို့ အကျိုးစီးပွား အတွက် ထောက်ခံနေခြင်းမျိုးကို လက်ခံ၍ ရသေးသော်လည်း အာဏာဆုပ်ကိုင်ထားနိုင်ဖို့ ကွက်ကွက်လေးသာ ကြည့်ပြီး အာဏာရှင် ဆိုသူမှ ကလေးသူငယ်များ အား သတ်ဖြတ်နေခြင်း၊ မိမိတို့ လူမျိုး များ၏ အိမ်ယာများကို မီးရှို့ ဖျက်ဆီးနေသည့် လုပ်ရပ်များကို လုပ်သင့်လုပ်ထိုက်မှု ဟု ‌သဘောဖြင့် ရေငုံနှုတ်ပိတ် အားပေးနေခြင်းများကိုတော့ မည်သို့မျှ နားမလည်နိုင်အောင် ဖြစ်နေရသည်။

 
တိုင်းပြည်ရှိ မဏ္ဍိုင် ကြီး သုံးရပ်အား လက်ဝယ်ထိန်းချုပ်ကာ တိုင်းပြည်အား မည်သို့မျှ တိုးတက်လာစေမည် မဟုတ်‌ သော deep state ပုံစံ ဖန်တီးလာနေသည်ကို ဘယ်သူသေသေ ငတေမာ သမားများက ထောက်ခံနေကြပြီ ဖြစ်သည်။

ကမ္ဘာ အမြင်တွင် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အအုံများကို ပစ်ခတ် မီးရှို့၊ ဆက်ကြေးကောက် လုယက်နေသည့် ကမ္ဘာကျော် မာဖီးယားများ ဖြစ်နေသော  စစ်တပ် အဖို့ ၎င်းတို့ ပြောသမျှ မည်သူမျှ ယုံကြည်ကြမည် မဟုတ်သည့် crisis of trust ပြဿနာ နှင့် ရင်ဆိုင်‌ နေရသည်။ မည်သည့် လုပ်ရပ်မျိုး မဆို အားလုံးက ၎င်းတို့ အပေါ် သံသယ ဖြင့် စောင့်ကြည့်နေကြမည်သာ ဖြစ်သည်။

 ပြည်သူတို့၏ ခုခံ တော်လှန်ရေး မုချ အောင်မြင်ရမည်!!!
(လှစိုးဝေ)

(ပုံတွင် ယမန်နှစ် ခရစ်စမတ် အကြိုနေ့တွင် အကြမ်းဖက် စစ်တပ်မှ ဖရူးဆိုး မြို့နယ် အတွင်း မော်တော်ယာဉ်များအား မီးရှို့ကာ လူပေါင်း ၃၅ ဦးအား သတ်ဖြတ်ခဲ့သည့် မြင်ကွင်းကို နယူး‌ယောက် တိုင်းမ် သတင်းစာတွင် ဖေါ်ပြထားသည်ကို တွေ့မြင်နိုင်သည်။)



ဆက်ဖတ်ရန် →
ရာဇဝင်ရှိခဲ့တဲ့ ဂဠုန်တပ်ဖွဲ့ လာပြီ

ရာဇဝင်ရှိခဲ့တဲ့ ဂဠုန်တပ်ဖွဲ့ လာပြီ

သာယာဝတီမှာ ဆိုင်ကယ်နဲ့ ကင်းပတ်နေတဲ့ စစ်အုပ်စု မိုင်းဆွဲခံရ

သာယာဝတီ၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတိီမြို့မှာ ဒီဇင်ဘာလ ၁၉ ရက်မနေ့ညက ကင်းလှည့်နေတဲ့ စစ်သားနဲ့ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့သတင်းတာဝန်ခံဆီက သိရပါတယ်။ ​

သာယာဝတီမြို့ရန်ကုန်-ပြည်လမ်းမှာရှိတဲ့ တိုးဂိတ်အနီးမှာ အင်အား ၁၂ ဦးလောက်နဲ့ ညကင်းလှည့်နေတဲ့အဖွဲ့ကို မနေ့ည ၉ နာရီခွဲလောက်က လက်လုပ်မိုင်း ၂ လုံးနဲ့တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

"မိုင်းဆွဲပြီးတဲ့အချိန်မှာ  စစ်ကောင်စီတွေဘက်က သေနတ်ဖောက်သံတွေအဆက်မပြတ်ထွက်လာတယ်။  သိပ်မကြာဘူး လူနာတင်ကားတွေ သွားတာမြင်လိုက်ရတယ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးနိုင်ခြေရှိသလို  ပြင်းထန်ဒဏ်ရာရသူတွေလည်း ရှိနိုင်တယ်"လို့ ဂဠုန်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

သာယာဝတီမြို့နယ်အတွင်းမှာ စစ်ကောင်စီက တမြို့နယ်လုံးကို လုံခြုံရေးတင်းကြပ်ထားတဲ့အပြင် ပြည်သူလူထုကိုလည်းနည်းမျိုးစုံနဲ့စစ်ဆေးဖမ်းဆီးတာတွေ နေ့စဉ်ဆိုသလို ပြုလုပ်နေတာကြောင့် ပဲခူးတိုင်းနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်  တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

သာယာဝတီဂဠုန်တပ်ဖွဲ့ဟာ မကြာခဏဆိုသလို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်မှုတွေပြုလုပ်နေပြီး ပြီးခဲ့တဲ့နိုဝင်ဘာလ ၂ ရက်ကလည်းပျူစောထီးခေါင်းဆောင်လို့ ဒေသတွင်းသတင်းကြီးသူကြံ့ခိုင်ရေးလွှတ်တော်အမတ်ဟောင်း ဦးမောင်မောင်ရဲ့တပည့် တပ်ထောက်ခံပွဲတွေဦးဆောင်သူ ကိုပိုက်တင်ဆိုသူကိုလည်းသေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

သတင်း - MSA၊ စာတည်း- ဇို
#မြေလတ်အသံ


ဆက်ဖတ်ရန် →

ဂါဗာဒီရို နဲ့ မက်ဆီ



ဂါဗာဒီရိုဟာ မက်ဆီကို ဂိုးသွင်းမရအောင်တား

ဆီးခဲ့တယ်၊မက်ဆီနဲ့သူတွေ့

ဆုံချိန်ဟာ ၁၀စက္ကန့်လောက်ကြာတယ်

ဗလအားကိုးမလုပ်ပဲဝင်မလုံးပဲ တားရုံ

လောက်ပဲလုပ်ခဲ့တာ ပယ်နယ်တီပေးရမှာ

စိုးတာထက် ကမ္ဘာ့ဖလားကိုနောက်ဆုံး

နုတ်ဆက်ကစားနေတဲ့ Legendတယောက်

ကိုလေးစားသမှုပြုတယ်လို့ပဲယူဆပါတယ်

ဆက်ဖတ်ရန် →