နောက်ဆုံးရ
မအလသားအကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေဆုံး

မအလသားအကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေဆုံး

ဗိုလ်ချုပ်ကြီး မြတ်ဟိန်း အပါအဝင် စစ်တပ်အသိုင်းအ၀ိုင်းအတွက် ဒေါ်လာ သန်းရာချီ ပြည်ပသို့ ရွှေ့ပြောင်းပေးရာတွင် ပါဝင်ခဲ့သူဟု သတ်မှတ်ခံရသူ ထားဝယ်အထူးစီးပွားရေးဇုန် အကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေဆုံး 

By Yangon Khit Thit News Agency March 24, 2023 

 ဗိုလ်ချုပ်ကြီး မြတ်ဟိန်း အပါအဝင် စစ်တပ်အသိုင်းအ၀ိုင်းအတွက် ဒေါ်လာ သန်းရာချီ ပြည်ပသို့ ရွှေ့ပြောင်းပေးရာတွင် ပါဝင်ခဲ့သူဟု သတ်မှတ်ခံရသူ ထားဝယ်အထူးစီးပွားရေးဇုန် အကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ မတ် ၁၄ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း အပါအဝင် စစ်တပ်အသိုင်းအ၀ိုင်းအတွက် ဒေါ်လာ သန်း ရာချီ ပြည်ပသို့ ရွှေ့ပြောင်းပေးရာတွင် ပါဝင်ခဲ့သူဟု စွပ်စွဲခံရသူ၊ ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေ အကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေ ဆုံး သွားကြောင်း Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦး က ပြောသည်။ မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ သန်လျင်မြို့ နယ် အမှုထမ်းရပ်ကွက်၊ ဖွံဖြိုးရေးလမ်း (ဖွံဖြိုးရေးလမ်းဆုံအနီး)တွင် အိမ်သို့ ကားဖြင့် ပြန်လာစဉ် Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ရာမှ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ မင်းတေဇညွန့်တင်က စစ်ကောင်စီ၏ အာဏာသိမ်းမှုအား ပေါ်ပေါ်တင်တင်ထောက်ခံရုံသာမက စစ်ကောင်စီနှင့်အကျိုးတူစီးပွားရေးများစွာကို လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်ကြောင်း၊ လက်ရှိတွင် ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေရေးရာကော်မတီဝင်တဦးဖြစ်ပြီး သူသည် ပြည်သူလူထုအပေါ် နေ့စဉ်ရက်ဆက် တိုက်လေယာဉ်များဖြင့် ဗုံးကြဲနေသော အကြမ်းဖက်လေတပ်ကိုဦးစီးသည့် စစ်တပ်၏ လေတပ်ချုပ်ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီးမြတ်ဟိန်း (လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ) နှင့် အလွန်ရင်းနှီးသူဖြစ်ကြောင်း သိရှိရသည်။ လေတပ်ချုပ်နှင့် မိသားစုဝင်များအပါအဝင် စစ်ဗိုလ်ချုပ်များ၊ စစ်ကောင်စီနှင့်ဆက်စပ်နေသူများ၏ ပိုင်ဆိုင်မှုများအား ဒဏ်ခတ်ပိတ်ဆို့ထားသည့် ကြားမှ ၎င်းတို့၏ပိုင်ဆိုင်မှုများ၊ ငွေကြေးများကို ပြည်ပနိုင်ငံများသို့ ပြောင်းရွှေ့ပေးနေသူဖြစ်ကြောင်း၊ မင်းတေဇညွန့်တင်က အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဥပဒေအကြံပေးကုမ္ပဏီများ တည်ထောင်ထားပြီး ငွေကြေးခဝါချခြင်း၊ ကွန်ဒိုနှင့် မြေကွက်များဝယ်ယူခြင်း၊ ကုမ္ပဏီ တည်ထောင်ခြင်းများကို ဝန်ဆောင်မှုပေးနေကြောင်း၊ ထို့ပြင် လူတိုင်းကို ဝန်ဆောင်မှုပေးမည် မဟုတ်ဘဲ စိတ်ချရသူများ၊ တပ်ထောက်ခံသူများကိုသာ ဝန်ဆောင်မှုပေးမည်ဟု ၂၀၂၁ အာဏာသိမ်းပြီး တလအကြာ မတ်လတွင် သူ့ကိုယ်ပိုင် Facebook တွင် ကြေညာခဲ့ဖူးပြီး ၎င်းပိုင်ကုမ္ပဏီများမှတဆင့် စစ်တပ်အသိုင်းအ၀ိုင်းအတွက် ဝန်ဆောင်မှုပေးခဲ့သည်မှာ ဒေါ်လာသန်းရာနှင့်ချီရှိကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီနှင့် အကျိုးတူလုပ်ကိုင်နေသော စီးပွါးရေးလုပ်ငန်းရှင်များကို ရာဇသံထပ်မံပေးလိုက်ခြင်းလည်းဖြစ်ကြောင်း၊ စစ်ကောင်စီနှင့် စီးပွါးရေးလုပ်ကိုင်နေသူများ၊ စစ်ကောင်စီနှင့် အပေါင်းအပါများအနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ပြည်ပသို့ရွှေ့ပြောင်းရန် ပြင်ဆင်နေသည်များ၊ လမ်းကြောင်းများ အစရှိသည်တို့ကို တော်လှန်ရေးအင်အားစုများ အနေဖြင့် စုံစမ်းရရှိထားပြီးသားဖြစ်ကြောင်း သိရှိရသည်။ စစ်ကောင်စီအတွက် ဒုတိယမြောက် အကြီးမားဆုံး စီးပွါးရေးထောက်တိုင်ဆုံးရှုံးမှုဖြစ်သည်ဟု ယူဆပြီး မကြာခင်ကလည်း မူးယစ်ဆေးဝါးမှု၊ လက်နက်ကုန်သည်မှုနှင့် ငွေကြေးခဝါချမှုများဖြင့် စစ်တပ်နှင့် နီးစပ်သူ ထွန်းမင်းလတ်သည်လည်း ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရပြီး မင်းအောင်လှိုင် မိသားစုဝင်များ၏ ပိုင်ဆိုင်မှုများလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ မင်းတေဇာညွန့်တင်သည် Biz Law Consult Myanmar၏ ထူထောင်သူနှင့် CEO ဖြစ်ပြီး ထားဝယ်စီးပွားရေးဇုန်၏ ဥပဒေအကြံပေး ဖြစ်ကြောင်း သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် မြို့ပြပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မြေပြင်အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။ လက်ရှိတွင် တော်လှန်ရေးရဲဘော်များအားလုံး ဘေးလွတ်ကင်းကြောင်း သိရှိရသည်။ 
 ဓာတ်ပုံ- ပစ္စတို လက်နက်ကိုင်ဆောင်ထားသော မင်းတေဇာညွန့်တင်။
ဆက်ဖတ်ရန် →
 မင်္ဂလာဆောင်ရန် စီစဉ်ထားခဲ့သော်လည်း အလောင်းပင်ပြန်မရ

မင်္ဂလာဆောင်ရန် စီစဉ်ထားခဲ့သော်လည်း အလောင်းပင်ပြန်မရ

နမ့်စန်လေတပ်မှ လေတပ်အင်ဂျင်နီယာ ၂ ပွင့်ဗိုလ် ရဲသူရ  ရာထူးတိုး မက်လုံး ကြောင့် ရှေ့တန်းထွက်စဉ် ကရင်နီတိုက်ပွဲတွင် သေဆုံး၊ ရှေ့တန်းမှ ပြန်လာ ပါက  မင်္ဂလာဆောင်ရန် စီစဉ်ထားခဲ့သော်လည်း အလောင်းပင်ပြန်မရ

ရန်ကုန်၊ မတ် ၂၄ ခေတ်သစ်

ရှမ်းပြည်နယ်၊ နမ့်စန်လေတပ်မှ ၂ ပွင့် ဗိုလ် လေတပ်အင်ဂျင်နီယာ ရဲသူရကို ရာထူးတိုးပေးမည်ဟုဆိုပြီး ရှေ့တန်းကို စေလွှတ်စဉ် ရှမ်းပြည်နယ်နှင့် ကရင်နီ ပြည် အစပ်တွင်ဖြစ်ပွားသော တိုက်ပွဲတွင် သေဆုံးသွားကြောင်း ဒေသသတင်း ရင်းမြစ်များထံမှ သိရှိရသည်။ 

ရှမ်း-ကရင်နီ တိုက်ပွဲတွင် လေတပ်ဗိုလ် ရဲသူရ တိုက်ပွဲတွင် သေဆုံးသွားခြင်း ဖြစ် ပြီး အင်အားမရှိ၍ လေတပ် ဗိုလ်ရဲသူရကို  ရှေ့တန်းပြန်လာလျှင် ရာထူး တိုးပေးမည်ဆိုသော မက်လုံးဖြင့် ရှေ့တန်း စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ မတ်လ ၂၃ ရက်နေ့တွင် တိုက်ပွဲအတွင်း သေဆုံးသွား ပြီဟု မိသားစုထံသို့ သတင်းပေးပို့ အကြောင်း ကြား လာကြောင်း သိရှိရသည်။  

"နမ့်စန်လေတပ်က နှစ်ပွင့်နဲ့ လပ်တီးကောင်  ရှမ်းကရင်နီ တိုက်ပွဲမှာ သေတာ။ အလောင်းပြန်မရဘူး။ နာမည်က ရဲသူရ တပ်က  မိသားစုကို အကြောင်း ပြန်လာ တယ်။ မတ်လ ၂၅ ရက်နေ့မှာ အလောင်းပြန်မရဘဲ ဆွမ်းသွပ်မယ်။ ရဲရင့်သူက ရှေ့တန်းပြန်လာရင် မင်္ဂလာဆောင်ဖို့ နှစ်ဖက်မိဘတွေက စီစဉ်နေတာလို့ သိရတယ်" ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။ 

အကြမ်းဖက်စစ်ကောင်စီက ရှေ့တန်းတွင် တိုက်ခိုက်ရေးတပ်များ အထိနာနေ သဖြင့် လေတပ်၊ ရေတပ်နှင့် လက်ရုံးတပ်များကို‌ ရှေ့တန်းသို့ စေလွှတ်ပြီး စစ်တိုက်ခိုက်မှုများရှိနေကြောင်း၊ ရုံးထိုင် တပ်ရင်းများမှ တပ်ကြပ်ကြီးစာရေး ကဲ့သို့ သော စစ်သည်များ ပင် ရှေ့တန်းထွက်လာနေရကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- နမ့်စန်လေတပ်။


ဆက်ဖတ်ရန် →
နေပြည်တော် လွှတ်တော်ဝန်းနဲ့ အိမ်တော်ကြား မီးလောင်၊ မီးသတ်တပ်ဖွဲ့ သတင်းထိမ်ချန်

နေပြည်တော် လွှတ်တော်ဝန်းနဲ့ အိမ်တော်ကြား မီးလောင်၊ မီးသတ်တပ်ဖွဲ့ သတင်းထိမ်ချန်

မဲခေါင်၊ မတ် ၂၃

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ လွှတ်တော်ဝန်းနဲ့  အိမ်တော်ကြား၊ တောအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပေမယ့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်တာ မရှိဘူးလို့ သိရပါတယ်။

ဒီကနေ့ နေ့လယ် ၁ နာရီကျော်မှာ မီးစတင် လောင်ကျွမ်းခဲ့ပြီး မီးများလာတဲ့ အတွက် မီးလောင်ရာ အနီးအနားမှာ နေထိုင်တဲ့ ဝန်ထမ်းတွေကို ရုံးအချိန်စော ဆင်းပေးပြီး အိမ်ပြန်လွှတ်ခဲ့ရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

"လွှတ်တော်ဝန်း အိမ်ရာ တိုက်ဝန်းမှာနေတဲ့ ဝန်ထမ်းတွေကိုတော့ ရုံးကနေ စောစောပြန်လွှတ်လိုက်တယ်။ မီးက တဖြည်းဖြည်း များလာတော့ မြို့နယ်မီးသတ်က မနိုင်တော့ဘူး။ နေပြည်တော်က မီးသတ်ကားတွေ အပြင် ပျဉ်းမနား မီးသတ်က မီးသတ်ကားတွေပါ လာငြိမ်းရတယ်။ လူထိခိုက်မှုတော့ မရှိပါဘူး" လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ အနေနဲ့ မီးလောင်မှု၊ ကယ်ဆယ်မှု သတင်းတွေကို အချိန်နဲ့ တပြေးညီ ဖေစ့်ဘွတ် စာမျက်နှာမှာ တင်ပေးပေမယ့် စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ မီးလောင်မှု၊ သေဆုံးမှုတွေ ကိုတော့ တင်တာ မတွေ့တော့ဘူးလို့ ရန်ကုန် ဒေသခံ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့နေ့လယ် ၁ နာရီခွဲက မရမ်းကုန်းမြို့နယ်၊ အောင်သပြေ ရဲရိပ်သာဝန်း အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပေမယ့် မီးသတ်တပ်ဖွဲ့က သတင်း ထုတ်ပြန်တာ မရှိဘဲ ထိမ်ချန်ထားတယ်လို့ သိရပါတယ်။

MK-005
#MeKongNews 
#နေပြည်တော်
#တောမီးလောင်
#လွှတ်တော်ဝန်း




ဆက်ဖတ်ရန် →