နောက်ဆုံးရ

တဖက်ကပစ် တဖက်ကရိုက် တတ်တဲ့ ရန်ကုန်PDF

ရန်ကုန်မြို့လယ်ခေါင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ကင်းစခန်းတစ်ခုအား ရန်ကုန် PDF မှ ဝင်ရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး (ရုပ်/သံ)

ရန်ကုန်၊ အောက်တိုဘာ ၂၃

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းပေါ်ရှိ ယာဉ်ထိန်းရုံးအတွင်း ဘန်ကာများပြုလုပ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းစခန်းပြုလုပ်ထားသောနေရာအား ရန်ကုန် PDF က အောက်တိုဘာလ ၂၃ ရက် နံနက် အစောပိုင်းတွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

"ဘန်ကာကင်းစခန်းထဲမှ အကြမ်းဖက် စစ်ကောင်စီဘက်က ၄ယောက် သေဆုံးခဲ့ကြပါတယ်။ ကျွန်တော်တိုဘက်က ရဲဘော်တစ်ဦးတစ်ယောက်မျှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပါတယ်" ဟု ရန်ကုန် PDF တပ်ဖွဲ့ဝင် S21 မှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။


ရန်ကုန်မြို့လယ်ခေါင်ထိ လက်တစ်ဖက်က ဗီဒီယိုရိုက်ရင်း နောက်လက်တစ်ဖက်နဲ့ ပစ်ပြသွားတာ။ ဒီမျိုးဆက်ကို အလွယ်လေး အုပ်ချုပ်လို့ရမယ်ထင်ခဲ့တဲ့ စောက်ဂျပုတော့ ရူးခါနေမှာပဲ။

ပန်ဆယ်လို

ဆက်ဖတ်ရန် →

အာဆီယံနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စားရမဲ့ မစင်ပုံ ၁ပုံ

 ⬛  

၈၈ အာဏာသိမ်းခေါင်းဆောင် စောမောင်ဆီက အာဏာထပ်လု့ခဲ့တဲ့ သန်းရွှေကြီးဟာ သူအပေါ်ကျရောက်နေတဲ့နိုင်ငံတကာဖိအားကနေ လွတ်အောင် အာဆီယံကို အသုံးချခဲ့တယ်။ 


အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကလည်း သူ့ဆရာကို အတု့ယူတယ်။ တရုတ်အားကိုးနဲ့ အာဏာသိမ်းပြီးအာဆီယံ အစည်းအဝေးကို ကိုယ်တိုင်တက်ပြတယ်။ နိုင်ငံတကာရဲ့ အသိအမှတ်ပြု့မူ့ ကို ရရှိဖို့အတွက် ဘုံသဘောတူညီချက် ၅ချက်ကို သဘောတူကြောင်း ခပ်လွယ်လွယ်နဲ့ ခေါင်းညိတ်ကတိပေးခဲ့တယ်။ အာဆီယံက သူကိုအသိအမှတ်ပြု့ကြောင်း ဘောမတွေကို ဂျင်းထည့်တယ်။


သို့သော် တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြု့ခံရရေးအတွက် အသုံးချခဲ့တဲ့ မင်းအောင်လှိုင်ဟာ အခု့အချိန်မှာတော့ မူ ၅ချက်အရ အာဆီယံအထူးကိုယ်စားလှယ် ယူစွပ်ရဲ့တောင်းဆိုမူ့ကြောင့် ခေါင်းကို မြွေကိုက်သလို ခံစားသွားရပါပြီ။  တနည်းပြောရရင် တီကောင်ကို မြိုမိတဲ့အကျိုးကြောင့် တီကောင်ကို ချိတ်ထားတဲ့ ငါးမြှားချိတ်က မအလရဲ့အာခေါင်မှာ ချိတ်သွားပါတယ်။ 


အထူးကိုယ်စားလှယ် တောင်းဆိုတာက 

(၁)မအလက ထောင်ချဖို့ တရားရင်ဆိုင်ခိုင်းထားတဲ့ ဒေါ်အောင်ဆန်းစု့ကြည်နဲ့ တွေ့ခွင့်ပေးရမယ်။ 


(၂)မအလအမိန့်နဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး  အပြီးဖျက်သိမ်းဖို့ အထိ ရည်ရွယ်ထားတဲ့ NLDပါတီနဲ့ တွေ့ခွင့်ပေးရမယ်။


အဲဒီနှစ်ခု့ တွေ့ခွင့်မရရင် မလာဘူး။ မလာရရင် မအလဖက်က ကတိချိုးဖေါက်တာဖြစ်လို့ အာဆီယံ အစည်းအဝေးကို မအလ တက်ခွင့်မရနိုင်ဘူး။ လိုအပ်ရင် NUGကို တက်ခိုင်းမယ်။ ဒဲ့ပဲတဲ့။ နောက်လိုက်တွေကို ဂျင်းထည့်ဖို့ အာဆီယံအစည်းအဝေးကို အရမ်းတက်ပြချင်နေတဲ့ မအလ ဘာလုပ်ရတော့မလဲ.


အကယ်၍ မအလက တွေ့ခွင့်ပေးလို့ ဒေါ်အောင်ဆန်းစု့ကြည်နဲ့ အထူးကိုယ်စားလှယ်တို့ တွေ့တဲ့အခါ သမ္မတကြီးဦးဝင်းမြင့် တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ အမှန်တရားထက် ပိုပြီးများတဲ့ မအလရဲ့ကလိမ်ကကျစ်အကြောင်းတွေကိုဒေါ်အောင်ဆန်းစု့ကြည်က မြေလှန်ချပြလိုက်ရင် မအလ သေပြီပဲ။ ဒါ့အပြင် NUGကို အစိုးရအဖြစ် ကမ္ဘာက အသိအမှတ်ပြု့ ဆက်ဆံပေးကြပါလို့ ပြောလိုက်ရင် မအလနဲ့အာဏာသိမ်းတစ်ဖွဲ့လုံး သင်းခ်ျိုင်းကုန်း မြန်မြန်ရောက်ပြီ။


ငါးမြှားကို မမြင်ပဲ တီကောင်ကို လောဘတကြီး မြိုချမိတဲ့အကျိုးကြောင့် ငါးမြှားချိတ်က မအလအာခေါင်မှာ ချိတ်သွားလေပြီ။ မြိုချလည်း သေရမယ်။  ကြိုးကနေ ဆွဲထုတ်လည်း ငါးမြှားချိတ်က ပိုစိုက်ဝင်လို့ သေရမယ်။ တနည်းဆိုသော် စားချင်တာစား မစင်က မစင်ပဲမို့ မင်းအောင်လှိုင် စားကိုစားရပါတော့မယ်။


ဒါကြောင့် မအေ-ိုးမင်းအောင်လှိုင်ရေ အမျှ အမျှ အမျှ 


ချစ်ကိုကြီး

၁၅.၁၀.၂၁

ရေချမ်း 

KKPC

ဆက်ဖတ်ရန် →