နောက်ဆုံးရ
ပိုပိုပေးတဲ့MSGတခုကိုရလိုက်တယ်

ပိုပိုပေးတဲ့MSGတခုကိုရလိုက်တယ်

အများစုကပိုပိုကိုအပြစ်တင်တယ်


သူမလွတ်ခင်မှာဘောမတွေကထောင်ထဲ

အထိကူညီတယ် လွတ်အောင်လုပ်ပေးတယ်

NCDM ဖြစ်အောင်လုပ်ခဲ့တယ်


ပိုပိုပေးတဲ့MSGတခုကိုရလိုက်တယ်




ဆက်ဖတ်ရန် →
၂၀၂၃ တွင် ကြီးမားသော အလှည့် အပြောင်းကြီး ဖြစ်လာမည်ဟု ယာယီ သမ္မတကြီး မှ ပြော

၂၀၂၃ တွင် ကြီးမားသော အလှည့် အပြောင်းကြီး ဖြစ်လာမည်ဟု ယာယီ သမ္မတကြီး မှ ပြော

အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီ သမ္မတကြီး ဒူးဝါး လရှီးလ မှ သူ၏ ၂၀၂၃ ခုနှစ် နှစ်သစ်ကူး မိန့်ခွန်းတွင် ၂၀၂၃ သည် စစ်အာဏာရှင်များ အား ဆန့်ကျင်တွန်းလှန်နေသည့် တော် လှန်ရေး တွင် ကြီးမားသော အလှည့် အပြောင်းကြီး ထွက်ပေါ်လာဖို့ ရှိနေသည်ဟု ထည့်သွင်းပြောဆိုသွားခဲ့သည်။
စစ်အာဏာသိမ်း အဖွဲ့သည် ပြည်သူများ နှင့် တော်လှန်ရေး တပ်ဖွဲ့များ အားအင် ဆုတ်ယုတ်လာမည့် အချိန်ကို စောင့်နေကြ၍ မိမိတို့ဖက်မှ ဆက်လက်ပြီး တော်လှန်ရေး ကို အရှိန်မြှင့်တင်သွားဖို့ လိုအပ်ကြောင်း ဆိုသည်။
တော်လှန်ရေးကြီး အောင်မြင်ဖို့ အဓိက သော့ချက်သည် တော်လှန်ရေး တပ်ဖွဲ့များ နှင့် ပြည်သူများ စည်းလုံး ညီညွတ်မှု ရှိနေရေးပင် ဖြစ်သည်ဟုလည်း ဆိုသည်။
သမ္မတကြီး ၏ ပြောဆိုသွားသကဲ့သို့ပင် ကချင် လွတ်မြောက်‌ရေး အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်းလ မှ မိမိတို့မှ စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ် အောင် တွန်းလှန်သွားမည်ဟု သူ၏ နှစ်သစ်ကူး မိန့်ခွန်းတွင် ကတိပေးသွားခဲ့သည်။
ပြည်သူတရပ်လုံး နှင့် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များ အားလုံး ပြတ်ပြတ်သားသား ခုခံတွန်းလှန် သွားမည် ဆိုလျှင် ဘယ်လို စစ်အာဏာရှင်မှ ခံနိုင်မည် မဟုတ်၊ ကျဆုံးရမည်သာ ဖြစ်သည်ဟု ဆိုသည်။
မြောက်ပိုင်း ညီနောင်များ အဖွဲ့ကလည်း မိမိတို့ တိုင်းရင်းသားများ အားလုံး အိုးအိမ်မဲ့ ဖြစ်ကာ အကြောက်တရား ဖြင့် နေထိုင်နေကြရပြီ ဖြစ်သည့် အတွက် တော်လှန်ရေး တပ်ဖွဲ့များ နှင့် ပူးပေါင်းပြီး တိုက်ပွဲဝင်သွားမည်ဟု ပူးတွဲ ကျေညာချက် ထုတ်ပြန်ခဲ့ကြပြန်သည်။
ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၅ မှ အစိုးရ ဝန်ထမ်းများ အားလုံး ဖာပွန်ခရိုင် အတွင်း မှ ဇန်နဝါရီ ၁၀ ရက် နောက်ဆုံးထားပြီး ထွက်ခွာကြရန် အပြီးသတ် သတိပေးချက်ကို ထုတ်ပြန် လာခဲ့သည်။
NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်မှ အကြမ်းဖက် စစ်တပ်အား ထိုးစစ်ဆင်ရန် မဟာဗျူဟာ ကို အသင့် ရေးဆွဲထားပြီး ဖြစ်၍ မိမိတို့မှ တော်လှန်ရေး တပ်ဖွဲ့များကို လက်နက်များ တိုးမြှင့် တပ်ဆင်ပေးသွားမည်ဟု သူ၏ နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောဆိုသွားခဲ့သည်။
အခြား ထင်ရှားသော အရပ်ဖက် အဖွဲ့အစည်း ၂၂ ဖွဲ့မှလည်း စစ်အာဏာရှင် အမြစ်ဖြတ်ရေး နှင့် တော်လှန်ရေး အောင်မြင်ရန် ညီညီညွတ်ညွတ် ဖြင့် မနားမနေ လက်တွဲ ဆောင်ရွက်သွားမည်ဟု ကတိပြု ကျေညာချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြသည်။
မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်‌ဟောင်း စကော့ မာစီယယ် နှင့် ဧရာဝတီ တွေ့ဆုံ မေးမြန်းချက် များကို ဆက်လက် ကောက်နှုတ်တင်ပြသွားပါမည်။
Burma Act သည် ကွန်ဂရက်မှ မြန်မာ ပြည်သူများ နှင့် ဘိုင်ဒင် အစိုးရအား သူတို့ အနေဖြင့် ပို၍ ပြတ်သားစွာ ဆောင်ရွက် သွားစေချင်ကြောင်း အသိပေးလိုက်ခြင်း ဖြစ်သည်။ ထို့အတွက် ဘိုင်ဒင် အစိုးရ ၏ လက်ရှိ သွားနေ သည့် လမ်းကြောင်း သည် ပို၍ မြန်ဆန်သွက်လက်လာဖွယ် ရှိသည်။ ရံပုံ‌ငွေ ထောက်ပံ့သွားဖို့ ရှိနေသော်လည်း မည်ရွေ့မည်မျှ နှင့် မည်သို့ ခွဲဝေ သုံးစွဲရမည် ကိုတော့ အတိအကျ ဖေါ်ပြထားခြင်း မရှိ။
စစ်တပ်နှင့် မပတ်သက်သည့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများ သေချာပေါက် ပါဝင်မည် ဖြစ်ပြီး NUG နှင့် EAO များ ကိုလည်း အထောက်အပံ့များ ပေးသွားဖို့ ရှိနေသည်။ သို့သော် အမေရိကန် ၏ အထောက်အပံ့ ရနေသည့် မည်သည့် အဖွဲ့အစည်း မဆို မည်သို့မည်ပုံ သုံးစွဲသည်ကိုတော့ အတိအကျ စာရင်း ပြန်ပြဖို့ လိုနေသည်။
တရုတ်
တရုတ်သည် မြန်မာ နှင့် ပတ်သက်၍ လက်တွေ့ကျသည့် မူဝါဒမျိုး ကျင့်သုံးနေကြောင်း၊ စစ်အာဏာရှင်များ ပြုတ်ကျသွားလည်း မည်သို့မျှ နေမည် မဟုတ်သည့် အပြင် နောက်တက်လာမည့် အစိုးရ အဖွဲ့ နှင့်လည်း ယခုလို ပင် လက်တွဲလုပ်သွားမည်သာ ဖြစ်သည်။
လက်ရှိ စစ်အာဏာသိမ်း အဖွဲ့သည် ရေရှည် ခံမည် မဟုတ်ဆိုသည်ကို တရုတ်တို့ ကောင်းစွာ သိရှိထားပြီးဖြစ် ကြောင်း၊ တော်လှန်ရေး အင်အားစုများကို နိုင်အောင် ကိုင်တွယ်နိုင်ခဲ့သည် ဆိုစေဦး ၎င်းတို့အပေါ် အယုံအကြည် မရှိ၊ ရွံရှာ မုန်းတီးနေသည့် လူထု ကြောင့် နိုင်ငံ‌ရေး အရ မည်သို့မျှ တည်ငြိမ်အောင် အုပ်ချုပ်သွားနိုင်မည် မဟုတ် ဆိုသည်ကိုလည်း တွက်ဆထားပြီး ဖြစ်ကြောင်း
ထို့အတွက် NUG နှင့် EAO များ အနေနှင့် တရုတ်တို့ နှင့် ဆက်ဆံဖြစ်သည့် အခါတိုင်း မိမိတို့ အနေဖြင့် တရုတ်ကို ရန်လိုသည့် သဘောထား မရှိကြောင်း နားလည်အောင် လုပ်ဖို့ လိုအပ်နေသည်။
မြန်မာ အရေးအား အမေရိကန်သည် ယခုထက်ပို၍ ထဲထဲဝင်ဝင် ပတ်သက်မည် ဆိုလျှင် တရုတ်သည် ၎င်းတို့ အတွက် ပြဿနာ အဖြစ် ယူဆကာ စစ်တပ်အား ပို၍ ထောက်ခံလာဖွယ် ရှိ၍ အမေရိကန်-တရုတ် ပြဿာနာ ကြီး အဖြစ် ကူးပြောင်းသွားမည့် အရေး စိုးရိမ်ပြီး သတိကြီးစွာ ထားနေသည်။
ရုရှား
ပူတင်သည် မြန်မာ၊ တရုတ် နှင့် ပတ်သက်၍ စိတ်ဝင်တစား မရှိကြောင်း၊ အကျိုးရှိမည် ဆိုက နှောက်ယှက်လို့ ရသမျှ နှောက်ယှက်နေခြင်း ဖြစ်သည်။ မြန်မာ နှင့် ပတ်သက်၍ လက်နက်များ ရောင်းနေရသဖြင့် အကျိုးအမြတ် ရှိနေသည်။ ဒီထက် ပို၍ ‌ရေရှည် ဦးတည်စေမည့် နက်ရှိုင်းသည့် သံယောဇဉ် မျိုး မရှိ။ အခွင့်အရေး ရရာ ရကြောင်း နေရာတနေရာ အဖြစ်သာ သဘောထား၊ ရုရှားတွင်လည်း သူတို့ ပြဿနာ နှင့် သူတို့ ဖြစ်နေ၍ လက်ရှိ ရနေသည့် အခွင့်အရေးထက် ပိုပြီး စိတ်ဝင်စားမည် မဟုတ်။
ထိုင်း
ထိုင်းသည် အရေးပါဆုံး ဖြစ်နေသည်။ ထိုင်း အနေဖြင့် လက်ရှိ စစ်အာဏာသိမ်း အဖွဲ့သည် မြန်မာ နိုင်ငံ တည် ငြိမ်ရေး အတွက် ရှေ့ဆက် ကောင်းလာအောင် လုပ်နိုင်မည့် သူများ မဟုတ်ဆိုသည်ကို သိထားရမည်။ လက်ရှိ စစ်တပ်နှင့် ဆက်ဆံရေး ကမောက်ကမ ဖြစ်သွားမည်ကိုတော့ လိုလားဟန် မရှိ။ အမေရိကန် အရာရှိကြီးများ ကလည်း ထိုင်းဖက်မှ အကူအညီရရန် အမြဲလို ပြောဆိုနေကြောင်း၊ အကူအညီများ မြန်မာထဲ သို့ ပိုရောက်လေ ၎င်းတို့ဖက်သို့ ဒုက္ခသည်များ အဖြစ် ဝင်ရောက်လာသူ နည်းလာလေပင် ဖြစ်မည်။
လက်ရှိ အာဏာသိမ်း အဖွဲ့ တည်မြဲနေသမျှ တိုင်းပြည်အတွက် မျှော်လင့်ချက်မရှိ၊ NUG, EAO, နှင့် တော်လှန်ရေး အဖွဲ့များ အပေါ် ဝေဖန်မှု များ ရှိနေသော်လည်း ထိုအဖွဲ့အစည်းများကသာ မျှော်လင့်ချက်များ နှင့် အစစ်အမှန် တိုးတက်မှုများ ဆောင်ကျဉ်းပေးနိုင်မည် ဖြစ်သည်။
စစ်အာဏာသိမ်း အဖွဲ့နှင့် ၎င်းတို့ မဟာမိတ် ပြုနေသည့် အဖွဲ့များလည်း တဖြေးဖြေး နှင့် အင်အားချည့်နဲ့ လိုက်လာနေသော်လည်း ဘာတွေ ဆက်ဖြစ်လာမည်ကို အတိအကျ ပြောဖို့ ခက်နေကြောင်း အစရှိသဖြင့် ပြောဆိုသွားခဲ့သည်။
လောလောဆယ်တွင် တခါက အမည်းရောင် မှန်လုံ နိုင်းတူးနိုင်း ကားကြီးများ ဖြင့် ခေါင်းတမော့မော့ လည် တကြော့ကြော့ဖြင့် သွားလာနေကြသော မိသားစုများသည် ထိုအချိန်က ၎င်းတို့ သွားရာ ဒေသများတွင် ကြုံကြိုက်ပါက လုံခြုံရေး တာဝန်ယူပေးနေရရှာပြီး သူတို့အား ခေါင်းပင် မော်မကြည့်ဝံ့သည့် စစ်ဗိုလ်လေး အား ယခုအခါ တန်းစီ၍ အလုအယက် ဂါဝရ ပြုနေကြပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!
Photo Credit - IRRAWADDY

 
ဆက်ဖတ်ရန် →
စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ် တိုက်ခိုက်မည်ဟု MNDAA ၊TNLA နှင့် AA မဟာမိတ် ၃ ဖွဲ့က တရားဝင် ကြေညာ

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ် တိုက်ခိုက်မည်ဟု MNDAA ၊TNLA နှင့် AA မဟာမိတ် ၃ ဖွဲ့က တရားဝင် ကြေညာ

၊ စစ်အာဏာရှင် တော်လှန်ရေးကို အိမ်နီးချင်းနိုင်ငံများက ကူညီရန် အရေးကြီး ကာလ ရောက်ပြီဟု KIO ဥက္ကဋ္ဌ ပြော
ရန်ကုန်၊ ဇန်နဝါရီ ၂
စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ် တိုက်ထုတ်မည်ဖြစ်ကြောင်း MNDAA ၊TNLA နှင့် ULA/AA မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီလ ၁ ရက်နေ့တွင် တရားဝင်ကြေညာသည်။
မြန်မာလူထုများအတွက် နှစ်သစ်ကို ဝမ်းမြောက်စွာ ကြိုဆိုကြရမည့် အစား စစ်ကောင်စီ၏ အာဏာ သိမ်းသည့် လုပ်ရပ်နှင့် အတူ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဆက်လက်ကျူးလွန်နေသည့် ၎င်းတို့၏ လုပ်ရပ်များကြောင့် မြန်မာပြည်သူများ နေရပ်၊ အိုးအိမ်နှင့် မြို့ရွာများကို စွန့်ခွာ၍ အသက်ဘေး လွတ် ရာသို့‌ ရှောင်တိမ်းနေကြရကြောင်းနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA တို့ က စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နိုင်ရန် လုပ်သင့်လုပ် ထိုက်သည် များ ကို ဆက်လုပ် ဆောင် သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁ ရက်နေ့တွင် တရားဝင် ကြေညာသည်။
စစ်အာဏာသိမ်းမှု ၂ နှစ်နီးပါးသို့‌ ရောက်ရှိလာပြီဖြစ်ပြီး အာဏာသိမ်းမှု ဆန့်ကျင်သည့် ပြည်သူများ သည် အာဏာသိမ်းပြီး မရှေးမနှောင်းပင် ‘နွေဦး တော်လှန်ရေး’ ကို ရရာလက်နက်၊ ရသည့် နည်း လမ်းဖြင့် ဆင်နွဲနေသည် မှာလည်း သက်တမ်း ၂ နှစ်နီးပါးရှိပြီဖြစ်ကြောင်း၊ စစ်အာဏာ သိမ်းမှု ကြောင့် ဖြစ်ပေါ်လာသည့် လက်ရှိ ပြည်တွင်းရေး၊ နိုင်ငံရေး၊ စစ်ရေး မတည် မငြိမ်မှု များကြောင့် စစ်ဘေး ဒဏ်သင့် ပြည်သူများ ခံစားနေရသည့် ခံစားချက်များကို ညီနောင် မဟာမိတ်အဖွဲ့ ၃ ဖွဲ့ အနေနှင့် ထပ်တူထပ်မျှ စာနာ နားလည်ပြီး အပြည့်အဝ ကိုယ်ချင်းစာကြောင်း ပြောဆိုသည်။
ထို့ပြင် လက်ရှိရင်ဆိုင်နေရသည့် ပြည်တွင်းစစ်မီးကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံအတွင်း နေထိုင်သည့် ပြည်သူများနှင့် စစ်အာဏာရှင်စနစ်ကို တွန်းလှန် တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးစည်းလုံးညီညွတ်စွာ အလုပ်လုပ်ကြရန် အထူးအရေးကြီး လိုအပ်လျက်ရှိကြောင်းနှင့် ညီနောင် မဟာ မိတ် ၃ ဖွဲ့အနေနှင့် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် တော်လှန်ရေး အဖွဲ့အစည်း များ ထဲ မှ ပြည်သူ့ထောက်ခံမှုရရှိထားပြီး တော်လှန်ရေးဆန်သည့် အဖွဲ့အစည်းအချို့နှင့် လက်တွဲ၍ ပြည်သူများ မျှော်ထားသည့် ဘုံရည် မှန်းချက်များ ပြည့်ဝစေရန်၊ လက်ရှိအခြေအနေကို အကောင်းဆုံး ကျော်လွှား နိုင်ရန်နှင့် စစ်အာဏာရှင်စနစ်ကို တိုက်ထုတ် နိုင်ရန်အတွက် လုပ်သင့်လုပ် ထိုက်သည် များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ဟု ကြေညာထားသည်။
စည်းလုံးညီညွတ်မှုအား၊ စုစည်းညီညွတ်စွာဖြင့် ဟန်ချက်ညီညီလုပ်ဆောင် နိုင်မှသာ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြုတ်နိုင်မည်ဖြစ်သောကြောင့် နှစ်သစ်ကူးနေ့မှ စ၍ ယခင်ထက် အင်တိုက် အားတိုက် ကြိုးပမ်းလုပ် ဆောင်သွားကြရန် တိုက်တွန်းကြောင်း မဟာမိတ် ၃ ဖွဲ့က ကြေညာသည်။
အလားတူ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ၏ ၂၀၂၃ ခုနှစ် နှစ်သစ်မိန့်ခွန်းတွင် ပြည်သူလူထုကို သတ်ဖြတ် နှိပ်စက်နေသည့် စစ်ကောင်စီတပ်က ရွေးကောက်ပွဲ ကျင်းပခွင့်မရှိဘဲ အဆိုပါ ရွေးကောက်ပွဲသည် စစ်အာဏာရှင်သက်ဆိုးရှည်အောင်ကြိုးပမ်းသည့် နည်း လမ်းတစ်ခုဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ပြည်သူ လူထုနှင့် လက်နက် ကိုင် အဖွဲ့များကို အိမ်နီးနားချင်းနိုင်ငံများက ကူညီရန် အလွန်အရေး ကြီးသည့်ကာလ ရောက်နေပြီ ဖြစ် ကြောင်း ပြောဆို ထား ကြောင်း ကချင်သတင်းဌာနများက သတင်းဖော်ပြထားသည်။
ဓာတ်ပုံ- KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ MNDAA ဥက္ကဋ္ဌ ဖုန်တာရွှင်၊ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ TNLA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း။

 
ဆက်ဖတ်ရန် →
တပ်မဟာ ၅ နယ်မြေတွင်ရွေးကောက်ပွဲ ကျင်းပခွင့် လုံး၀ ခွင့်မပြု ၁၀ ရက်အတွင်း ရာထူးမှ နုတ် ထွက်  ထွက်ခွာကြရန်

တပ်မဟာ ၅ နယ်မြေတွင်ရွေးကောက်ပွဲ ကျင်းပခွင့် လုံး၀ ခွင့်မပြု ၁၀ ရက်အတွင်း ရာထူးမှ နုတ် ထွက် ထွက်ခွာကြရန်

Khit Thit Media  

 KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီဝန်ထမ်းများအားလုံး ၁၀ ရက်အတွင်း ရာထူးမှ နုတ် ထွက် ထွက်ခွာကြရန် နောက်ဆုံးသတိပေး၊ ရွေးကောက်ပွဲ ကျင်းပခွင့် လုံး၀ ခွင့်မပြုဟု ကြေညာ ရန်ကုန်၊ ဇန်နဝါရီ ၁ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီဝန်ထမ်းများအားလုံး ၁၀ ရက်အတွင်း ရာထူးမှ နုတ်ထွက်၍ ထွက်ခွာကြရန် နောက်ဆုံးသတိပေး ကြေညာပြီး စစ်တပ်ကျင်းပမည့် ရွေး ကောက် ပွဲ လုံး၀ ခွင့်မပြုဟု သတိပေးထုတ်ပြန်လိုက်သည်။ ကရင်အမျိုးသားအစည်းအရုံး ၊ KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်စခန်းများ ရုပ်သိမ်းရန် ၊ ဒေသပြည်သူများအနေဖြင့် မတရားအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့် မပူးပေါင်းရန်၊ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ ဝန်ထမ်များအားလုံး ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း အပြီးအပိုင် နုတ်ထွက် စွန့်ခွာကြရန် KNLA က ဇန်န ဝါရီလ ၁ ရက်နေ့စွဲဖြင့် အမိန့် ထုတ်ပြန် လိုက်သည်။ KNU တပ်မဟာ ၅ နယ်မြေတွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့၏ အုပ်ချုပ်ရေးယန္တရားများ တည်ရှိမှု ကို လုံးဝ လက်ခံမည်မဟုတ်သကဲ့သို့ အားလုံးထွက်သွားရန် နည်းမျိုးစုံဖြင့် ဖိအားပေးလုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ KNU အမှတ် ၅ တပ်မဟာ သတ်မှတ်ထိန်းချုပ်နယ်မြေအတွင်းရှိ ဖာပွန်၊ ကမမောင်း မြို့တို့ နှင့် ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် အခြားအရပ်ဒေသမှ လာ သည့်ဝန် ထမ်းများအားလုံး အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းခြင်းမပြုရန် အမိန့်ထုတ်ပြန်ကြောင်း သတိပေးသည်။ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံဌာနဆိုင်ရာ ရုံးဝန်ထမ်းများ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အလုပ်တာဝန် ရာထူးများစွန့်ခွာ ထွက်ခွာ၍ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ကို ထောက်ခံ အားပေးအသိအမှတ်ပြုစေသည့် လုပ်ရပ်မှန်သမျှ မပြုလုပ်ကြရန်၊ သတ်မှတ်ချိန်အတွင်း ထွက်ခွာရန် အမိန့်ထုတ်ပြန်ထားသည်။ စစ်ကောင်စီက ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် တပ်မဟာ ၅ နယ်မြေ သတ်မှတ် ထိန်းချုပ် နယ်မြေအတွင်းရှိ မည်သူမဆို လုံးဝပူးပေါင်းပါဝင် ပတ်သက် မှု မပြုလုပ်ရန် သတိပေးကြောင်း၊ ယခု ထုတ်ပြန်ချက်ကို လေးစားကြရန်နှင့် မလေးစား မလိုက်နာပါက အရေးယူနိုင်သည့် လူပုဂ္ဂိုလ်များ ကို ဥပဒေနှင့်အညီ အရေးဆောင်ရွက်မည်ဖြစ်ပြီး အရေးမယူနိုင်သည့် ပုဂ္ဂိုလ်များအတွက် နောက်ဆက် တွဲဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် ၎င်းတို့အပေါ်တွင်သာ မူတည်လိမ့်မည်ဖြစ်ကြောင်း၊ ယခု ထုတ်ပြန်သည့် အမိန့်သည် နောက်ဆုံးထုတ်ပြန်ချက်ဖြစ်ကြောင်း KNLA တပ်မဟာ ၅ ဌာနချုပ်၊ စစ်ရေးချုပ်ရုံးက သတိပေးထားသည်။

ဆက်ဖတ်ရန် →

နိုင်ငံကူးလက်မှတ် ထုတ်ပေးမှု ရက်အကန့်အသတ်မရှိ ပိတ်သိမ်း

 

 ဗီဒီယို-ယနေ့ နံနက်ပိုင်း ရန်ကုန်၊ ရန်ကင်းရှိ နိုင်ငံကူးလက်မှတ်ရုံးတွင် တန်းစီနေသူများကို ပြန်လွှတ်နေသည့် မြင်ကွင်း။

 Khit Thit Media
စစ်ကောင်စီက နိုင်ငံကူးလက်မှတ် ထုတ်ပေးမှု ရက်အကန့်အသတ်မရှိ ပိတ်သိမ်း
ရန်ကုန်၊ ဇန်နဝါရီ ၂
ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းရှိ နိုင်ငံကူးလက်မှတ် လျှောက်ထား ထုတ်ပေး သည့်ရုံးများအားလုံးကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်သိမ်း လိုက် ပြီး နိုင်ငံကူး လက် မှတ် ထုတ်ပေးမှု ရပ်ဆိုင်းထားကြောင်း ယနေ့ နိုင်ငံ ကူး လက်မှတ် သွား ရောက် လုပ်ခဲ့သူများထံမှ သိရှိရသည်။
ရန်ကုန်မြို့၊ ရန်ကင်းရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ဒီဇင်ဘာ တတိ ယ အပတ် မှစတင်၍ နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုများကို ရက်အကန့် အသတ်မရှိ ရပ်ဆိုင်းကြောင်း ရုံးတွင်း ကြေညာချက် ထုတ်ပြန်ထားခဲ့ရာ ယနေ့ တွင် ပြန်လည်လုပ်ငန်းစတင်မည်ဟု သတင်းရရှိ၍ ပြည်သူအများအပြားသွား ရောက် တန်းစီခဲ့ကြသော်လည်း ရက်အကန့်အသတ်မရှိ ရုံးပိတ်ထားသည်ဟု သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ပြောဆိုကြောင်း၊ နိုင်ငံကူးလက်မှတ် လာလုပ် သူများကို အိမ်ပြန်ကြရန် ပြောဆိုပြီး ရုံးတံခါးပိတ်သွားခဲ့ကြောင်း သိရှိရသည်။
"ဒီဇင်ဘာတတိယအပတ်တုန်းက နှစ်သစ်ကူးမို့ ပိတ်တာလားဆိုပြီး ထင်ခဲ့တာ။ ဒီနေ့ ရုံးအားလုံးပြန်ဖွင့်ကြမှာဆိုတော့ ဖွင့်မှာပဲဆိုပြီးလာတာ။ အခုက ရက် အကန့် အသတ်မရှိ ပိတ်ထားတယ်ပြောတယ်။ ကျနော်က QR Code ရပြီး သားပါ" ဟု ယနေ့ နံနက်ပိုင်း နိုင်ငံကူးလက်မှတ် သွားရောက် လျှောက် ထားခဲ့သူတစ်ဦးက ပြောသည်။
နိုင်ငံကူးလက်မှတ် Passport လျှောက်ထားရန် Online မှ QR Code ရယူမှု ဒီဇင်ဘာ ၅ ရက်မှ စတင်ရပ်ဆိုင်းကြောင်း၊ ထိုသို့ ရပ်ဆိုင်းရခြင်းမှာလည်း Online Booking စနစ်ဖြင့် QR Code ရယူ၍ ရက်ချိန်းရယူလျှောက် ထားခြင်း ကို ရက်ချိန်းရယူလိုသူ မည်သူမဆို ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ (24/7) လွယ်ကူစွာလျှောက်ထားနိုင်ရန်အတွက် Online Booking စနစ်ကို ပြင်ဆင်ရေးဆွဲနေခြင်းကြောင့် ရပ်ဆိုင်းခြင်း ဖြစ် ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ကမူ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် လုံခြုံရေး စက္ကူ လုံး၀ မရှိတော့၍ မှာယူထားသည့်အတွက် ယင်းလုံခြုံရေး စက္ကူ များ တင်သွင်းထားမှု ပြန်လည်ဝင်ရောက်လာမှသာ နိုင်ငံကူးလက်မှတ် ထုတ် ပေး နိုင်မည်ဟု သတင်းကြားသိရသည်ဟု ပြောဆိုသည်။
နိုင်ငံကူးလက်မှတ်ရုံးများတွင်မူ System အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မည် ဖြစ်ပါသဖြင့် ရုံးအား ခေတ္တပိတ်ထားကြောင်း ကြေညာချက်ကို ဆိုင်းဘုတ် ထောင် ကြေညာထားကြောင်း သိရှိရသည်။

ဆက်ဖတ်ရန် →
 မြင့်ဆွေ ငုတ်တုတ် ရှိနေသည့်ကြားမှ သမ္မတ အဆောင် အယောင် ရွှေစလွယ်ဝတ်နဲ့သမ္မတရူး

မြင့်ဆွေ ငုတ်တုတ် ရှိနေသည့်ကြားမှ သမ္မတ အဆောင် အယောင် ရွှေစလွယ်ဝတ်နဲ့သမ္မတရူး

ယာယီသမ္မတ အမည်တပ်ထားသည့် မြင့်ဆွေ ငုတ်တုတ် ရှိနေသည့်ကြားမှ သမ္မတ အဆောင် အယောင် ရွှေစလွယ်ဝတ်၍ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်မှု မင်းအောင်လှိုင် သမ္မတရူး ရူးနေမှုကို ပိုမို ပေါ်လွင်စေလာ
ရန်ကုန်၊ ဇန်နဝါရီ ၂
ယာယီသမ္မတ အမည်တပ်ထားသည့် မြင့်ဆွေ ငုတ်တုတ်ရှိနေသည့်ကြားမှ သမ္မတ အဆောင် အယောင် ရွှေစလွယ်ဝတ်၍ မင်းအောင်လှိုင်က ဂုဏ်ထူး ဆောင် ဘွဲ့များချီးမြှင့်မှုသည် သမ္မတရူး ရူးနေသည့် မြင်ကွင်းကို ပိုမို ပေါ်လွင် သိသာ စေကြောင်း နေပြည်တော် သတင်းရင်းမြစ်များက ပြောသည်။
နေပြည်တော်တွင် ဇန်နဝါရီလ ၁ ရက်နေ့ ကျင်းပသည့် ၃ ခုနှစ် (၇၅) နှစ် မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်း အမှတ် ဂုဏ်ထူးဆောင်ဘွဲများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား သို့တက် ရောက်ပြီး သမ္မတအဆောင် အယောင် ရွှေစလွယ်ဝတ်၍ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခြင်းမှာ ၎င်းတို့ ရေးဆွဲထားသည့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဥပဒေကျွမ်းကျင်သည့် နေပြည်တော်သတင်းရင်းမြစ်တစ်ခုက ပြောသည်။
"သမ္မတရွှေစလွယ်က န၀ရတ်ကိုးပါးပါတယ်။ မင်းအောင်လှိုင်ဝတ်ထားတဲ့ ရွှေစလွယ်မှာ န၀ရတ်ကိုးပါး မပါဘူး။ ဒါပေမယ့် သမ္မတနဲ့ ဒုတိယသမ္မတ အဆောင်အယောင် ရွှေစလွယ် လိုက်ဝတ်တာ။ သမ္မတ၊ ဒုတိယသမ္မတ အဆောင် အယောင်တွေကို သူယူသုံးတဲ့သဘောပဲ။ အဲဒါ သုံးခွင့်မရှိဘူး။ နောက်ပြီး သူက အိမ်စောင့်အစိုးရလို့ နာမည်တပ်ပြီး ဝန်ကြီးချုပ် ရာထူး ယူထားတာဖြစ်တယ်။ ၂၀၀၈ အခြေခံ ဥပဒေအရ နိုင်ငံတော်အကြီးအကဲလို့ ပြောရင် သူတို့တရားဝင် အသိအမှတ်ပြုထားတဲ့ ယာယီသမ္မတ မြင့်ဆွေ ရှိနေတယ်။ မြင့်ဆွေ တက်ပြီး ပေးရမယ်။ မင်းအောင်လှိုင်မှာ အဲဒီလို ပေးခွင့် မရှိဘူး။ ဥပဒေ တရားဝင် ပြဋ္ဌာန်းချက်ကို သူချိုးဖောက်လုပ်တာ" ဟု နေပြည် တော်သတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၅ အုပ်ချုပ်ရေး၊ ပုဒ်မ ၂၀၅ (က) (ခ) တွင် နိုင်ငံတော်သမ္မတ သည် ဥပဒေနှင့်အညီ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူး ဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့် အပ်နှင်းခြင်းပြု နိုင်ပြီး ရုပ်သိမ်းခြင်းပြုနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
"၂၀၀၈ ဥပဒေနဲ့ မညီဘဲ အာဏာသိမ်းတယ်။ ၂၀၀၈ ဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင်ပြီး သမ္မတ လုပ်ပိုင်ခွင့်တွေကို သူက အကုန်ယူသုံးတာ။ သမ္မတရူး ရူးနေတာ ပိုပေါ်လွင်စေတာပေါ့။ သူလုပ် ချင်ရာလုပ်တာပေါ့။ ယာယီသမ္မတ နာမည်တပ်ထားတဲ့ မြင့်ဆွေငုတ်တုတ်ကြီးရှိနေတာ။ ဟိုကလည်း ငြိမ်ခံနေရ တဲ့သဘောပဲ" ဟု နေပြည်တော် သတင်းရင်းမြစ်က ဆိုသည်။
မင်းအောင်လှိုင်သည် သမ္မတရူး ရူးနေလျက်ရှိရာ လက်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်တွင် အဆောင် များတိုးချဲ့ခြင်း၊ အသစ်ဆောက် လုပ် ခြင်း အပါအဝင် အိမ်တော်ပြုပြင်ရေး လုပ်ငန်းများကို ၎င်း စိတ် တိုင်းကျ လုပ်ဆောင်နေကြောင်း ၊ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့တွင် လည်း ဗိုလ်ရှု သဘင် အခမ်း အနားဖြင့် အလေးပြု ခံမည်ဖြစ်ကြောင်း သိရှိရသည်။
ဆက်ဖတ်ရန် →
ရုပ်ကိုကသူမဟုတ်သလိုနဲ့

ရုပ်ကိုကသူမဟုတ်သလိုနဲ့

စင်ပေါ်တက် ဖါသည်မကြီးလို့အော်ခဲ့သူ
ထမင်းဝအောင်စားထားလို့ ခြိမ်းခြောက်ဖူးသူ
PDFတွေကို ပျက်ရယ်ပြုရဲသူ
ဘိန်းစားလိုအမူအရာတွေလုပ်ပြတတ်သူ
အခုတော့—
မျက်လွှာလေးချ အိန္ဒြေရရနဲ့ သိက္ခာတော်ရ
ဆရာတော်ကြီးပေါ့လေ
ဘယ်လိုပဲဖြစ်ဖြစ် မအလပေးတဲ့အချောင်း
ကဆီဆွတ်လိုက်ရင် ကိုယ့်ဖင်ထဲကိုယ်ထိုးထည့်
လို့ရတာ ပေါ့
သူရတာမအလရဲ့အရိုးတချောင်းဆိုတော့

သီရိပျံချီ ဝီရကတုံးမ တို့ ညစာလုံလောက်ပြီပေါ့
























ဆက်ဖတ်ရန် →

VOA မြန်မာပိုင်းအကြီးအကဲ ဌာနတွင်း စစ်ဆေးခံနေရ

VOA Burmese သတင်းခန်းတွင် တာဝန်ထမ်းဆောင်နေသော မြန်မာအမျိုးသမီးတစ်ဦးက စတင်တိုင်ကြားခဲ့ပြီးနောက် ကနဦးစုံစမ်းစစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ကာ ယခုအခါ အသေးစိတ် စစ်ဆေးမှုများပြုလုပ်ရန် ဦးသန်းလွင်ထွန်းကို လုပ်ငန်းခွင်မှ တားမြစ်ထားသည်။​
Published on Nov 19, 2022
VOA မြန်မာပိုင်းအကြီးအကဲ ဦးသန်းလွင်ထွန်း (ဓာတ်ပုံ - USAGM) 

VOA မြန်မာပိုင်းအကြီးအကဲ ဦးသန်းလွင်ထွန်း (ဓာတ်ပုံ - USAGM) 


အမေရိကန်ရှိ နိုင်ငံပိုင်သတင်းဌာန Voice of America (VOA) ၏ မြန်မာပိုင်းဌာန VOA Burmese ကို ကြီးကြပ်သူ ဦးသန်းလွင်ထွန်းသည် မြို့တော် ဝါရှင်တန်ဒီစီရှိ လုပ်ငန်းခွင်တွင် လုပ်ဖော်ကိုင်ဖက် အမျိုးသမီးများအပေါ်  လိင်ပိုင်းဆိုင်ရာအရ မသင့်တော်သောအပြုအမှုများ ကာလကြာရှည်ပြုမူခဲ့ သည်ဆိုသော တိုင်ကြားချက်ဖြင့် စုံစမ်းစစ်ဆေးခံနေရသည်ဟု သိရှိရသည်။

VOA Burmese သတင်းခန်းတွင် တာဝန်ထမ်းဆောင်နေသော မြန်မာအမျိုးသမီးတစ်ဦးက လွန်ခဲ့ သည့်သုံးလခန့်တွင် ဌာနတွင်း စတင်တိုင်ကြားခဲ့ကြောင်း၊ ထိုအမျိုးသမီးကို ကနဦး စုံစမ်းစစ်ဆေး မေးမြန်းမှုများပြုလုပ်ပြီးနောက် အသေးစိတ်စစ်ဆေးမှုများပြုလုပ်ရန် ဦးသန်းလွင်ထွန်းကို ယနေ့မှ စ၍ လုပ်ငန်းတာဝန်များနှင့် မပတ်သက်စေဘဲ ခွင့်ယူရန် အမိန့်ထုတ်ထားကြောင်း သိရှိရသည်။ 

ယခုကဲ့သို့ မယူမနေရ ခွင့်ကန့်သတ်ထားအချိန်အတွင်း ဦးသန်းလွန်ထွန်းအနေဖြင့် VOA သတင်း ဌာန၏ လုပ်ငန်းခွင်သို့ လာရောက်ခြင်းမပြုရန်နှင့် လုပ်ငန်းခွင်ရှိ ဝန်ထမ်းများနှင့်ပါ ဆက်သွယ်ခြင်း မပြုရန် ကန့်သတ်ခံထားရသည်။

မြန်မာပိုင်းအပါအဝင် VOA သတင်းဌာနတစ်ခုလုံးသည် အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာလုံး ဆိုင်ရာ မီဒီယာအေဂျင်စီဖြစ်သည့် US Agency for Global Media (USAGM) အဖွဲ့၏ အုပ်ချုပ်မှု အောက်တွင် ရှိပြီး၊ ဦးသန်းလွင်ထွန်းအပေါ် စုံစမ်းစစ်ဆေးမှုများကို USAGM တာဝန်ရှိသူများက ပြုလုပ်နေကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။ 

ဝါရှင်တန်ဒီစီရှိ VOA မြန်မာသတင်းဌာနတွင် ဝန်ထမ်းပေါင်း ၄၀ နီးပါးခန့်ရှိပြီး တစ်ဒါဇင်ကျော်မှာ အမျိုးသမီးများဖြစ်ကြောင်း သိရှိရသည်။ 

ဂျပန်အမျိုးသမီးတစ်ဦးနှင့် လက်ရှိအချိန်ထိ အိမ်ထောင်ပြုထားပြီး အရွယ်ရောက်ပြီး သားတစ်ဦးရှိ သည့် ဦးသန်းလွင်ထွန်းသည် လွန်ခဲ့သည့်နှစ်များက မြန်မာနိုင်ငံသို့လာရောက်ချိန်တွင် ယခင်စစ်အုပ် ချုပ်ရေးလက်ထက် ရန်ကုန်တိုင်းတိုင်းမှုးဖြစ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်း၏သမီး Hot News အပတ်စဥ်ဂျာနယ်ပိုင်ရှင် မမနှင့်ပတ်သက်သဖြင့် လူမှုကွန်ရက်တွင် ဝေဖန်ခံခဲ့ရသူဖြစ်သည်။

ထို့ပြင် ရန်ကုန်ရှိ မြန်မာအမျိုးသမီးတစ်ဦးကလည်း ဦးသန်းလွင်ထွန်းသည် ၎င်းကို အပျော်ကြံခဲ့ သည်ဟု Facebook လူမှုကွန်ယက်တွင် မကြာသေးမီနှစ်များက ဝေဖန်ရေးသားမှုများရှိခဲ့သည်။ 

သို့ရာတွင် ဦးသန်းလွင်ထွန်းအပေါ်လက်ရှိ စုံစမ်းစစ်ဆေးမှုသည် မြန်မာပြည်ရှိကိစ္စရပ်များနှင့် မဆိုင်ဘဲ VOA မြန်မာဌာနတွင်း အဖြစ်အပျက်များနှင့်သာ သက်ဆိုင်ကြောင်း သိရှိရသည်။ 

စုံစမ်းစစ်ဆေးမှုများနှင့် စပ်လျဥ်း၍အသေးစိတ်အချက်အလက်များ မသိရှိရသော်လည်း ၎င်းအား တိုင်ကြားချက်တွင် ဦးသန်းလွင်ထွန်းသည် လိင်ပိုင်းဆိုင်ရာအရ မသင့်တော်သည့် ပုံများကို ၎င်း၏ ဖုံးတွင်ထည့်ထားပြီး ထိုပုံများကို ဌာနတွင်းအမျိုးသမီးများအား လိုက်ပြလေ့ရှိသည်ဟူသော အချက်လည်းပါရှိသည်ဟု သိရှိရသည်။

ယခုကိစ္စနှင့်စပ်လျဥ်း၍ Myanmar Now က US Agency for Global Media (USAGM) အဖွဲ့ အမှုဆောင် အရာရှိချုပ် Amanda Bennet ထံ စာပို့မေးမြန်းခဲ့ရာ Myanmar Now ၏ မေးမြန်းချက်ကို VOA ရုံးချုပ် ပြည်သူ့ဆက်ဆံရေးဌာနသို့ လွှဲပေးခဲ့သည်။

VOA ၏ ပြည်သူ့ဆက်ဆံရေးဌာန ဒါရိုက်တာ Bridget Ann Serchak က “ကိုယ်ရေးကိုယ်တာ အကြောင်းအရာများနှင့် စပ်လျဉ်း၍ မှတ်ချက်ပေးရန် မရှိပါ” ဟု ယမန်နေ့ (နိုဝင်ဘာ ၁၈) တွင် တုံ့ပြန်သည်။

VOA မြန်မာဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း လက်ရှိကိစ္စရပ်များနှင့်ပတ်သက်၍ မေးမြန်းရာ ဦးသန်းလွင်ထွန်း “ခွင့်သွားနေတယ်” ဟုသာ ပြောဆိုသည်။ 

စုံစမ်းစစ်ဆေးနေမှုနှင့် ပတ်သက်၍ ဦးသန်းလွင်ထွန်းကို Myanmar Now က ဆက်သွယ် မေးမြန်းရာတွင် USAGM နှင့် VOA ကဲ့သို့ အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်အဖွဲ့ အစည်းတစ်ခု အတွက် တိုင်ကြားမှုတစ်စုံတစ်ရာရှိလာပါက ယခုကဲ့သို့ ဌာနတွင်း စုံစမ်းစစ်ဆေးမှုမျိုးမှာ ထူးခြားဖြစ် စဉ်မဟုတ်ဟု တုံ့ပြန်သည်။

“လက်ရှိကိစ္စရပ်အတွက် မှတ်ချက်ထပ်မံ မပေးလိုပါဘူး။ ဒါပေမဲ့ အရင်နဲ့ အခု စွပ်စွဲမှုတွေအားလုံးဟာ အခြေအမြစ် မရှိပါဘူးလို့ ပြောချင်ပါတယ်” ဟု ဦးသန်းလွင်ထွန်းက Myanmar Now ကို တုံ့ပြန်သည်။ 

ဦးသန်းလွင်ထွန်းအား မယူမနေရခွင့်ပေးထားသည့် ကာလအတွင်း ၎င်းနေရာတွင် ၎င်း၏ လက်ထောက်ဖြစ်သူ ဒေါ်ခင်စိုးဝင်းက စတင်တာဝန်ထမ်းဆောင်နေကြောင်း သိရှိရသည်။ 

နှစ်ပေါင်း ၃၀ ကျော် သတင်းထောက်အတွေ့အကြုံရှိသည့် ဦးသန်းလွင်ထွန်းသည် VOA ၌ ၂၀၀၄ ခုနှစ် တွင် စတင်လုပ်ကိုင်ခဲ့ကာ ယခင်က BBC သတင်းဌာန၌လည်း အသံလွှင့်သတင်းထောက်အဖြစ် ၁၀ နှစ်ကျော် လုပ်ကိုင်ခဲ့ဖူးကြောင်း VOA ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

ဆက်ဖတ်ရန် →
 တူညီတာ တစ်ခုက လပိုင်းလေးအတွင်း အဆုံးသတ်တယ်.....

တူညီတာ တစ်ခုက လပိုင်းလေးအတွင်း အဆုံးသတ်တယ်.....














2023 Ma Ea La Condition
**************************
အဆင့်မြင့်ဒရုန်းတွေ  နိုင်ငံအနှံ့
ဖြန့်ကျက်ထားပြီးဖြစ်တယ် ဒါ့အပြင် USA နည်းပညာအကူအညီ နဲ့ ဒရုန်း နဲ့အခြားလက်နက်တွေ
အဆင့်မြှင်တင်ဖို့တွေစတင် လုပ်ဆောင်နေပြီ
ဆိုတာရယ်.....
    
မြန်မာပြည်အတွက်
တစ်နေ့ 18ပါတ်လောက်လှည့်ပါတ် ထောက်လှမ်းနိုင်တဲ့ဂြိုလ်တုUSA လွှတ်တင်မယ် မြေပြင်အသေး စိတ်အချက်အလက်အတွက်လို့  သိရတယ်.....
    
ကဒါဖီ UN အမိန့်အမှတ် 1973 ၁၀နိုင်ငံထောက်ခံ...  

အီရတ်သမ္မတဆဒ္ဒမ်ဟူစိန် UN အမိန့်အမှတ်1441   ၁၁ နိုင်ငံ ထောက်ခံ.....

မင်းအောင်လှိုင် UN အမိန့်အမှတ်2669 ၁၂နိုင်ငံထောက်ခံ.....

တူညီတာ တစ်ခုက
လပိုင်းလေးအတွင်း အဆုံးသတ်တယ်.....

သုံးယောက်မြောက် မအလ 
ဒီပို့စ်မြင်ရင် မအလ သွေးတက်သေလောက်တယ်    ဘာပြောပြော ဖြစ်စဉ်တွေအတွင်း UN ဘက်က  ပြင်ဆင်ခွင့် နောက်ဆုတ်ခွင့် လူသားအခွင့်အရေး လိုက်နာဖို့ လူ့မျိုးသုဉ်းသတ်ဖြတ်တာတွေရပ်ဖို့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက် သတ်ဖြတ်တာတွေရပ်ဖို့ စာအကြိမ်ပေါင်း
၁၀ကြိမ်ထက်မနဲထုတ်ပြန်ခဲ့တယ်......

၁၉၇၃ ကဒါဖီ မလိုက်နာ  
၁၄၄၁ ဆက်ဒန် ပမာမခန့်လုပ်
တာလတ်ဒုံးတွေနဲ့ ဖင်ယားပြတော့
တစ်လမကြာဘူး အားလုံး  ကြိုးစင်ပဲ
ဒါ သမိုင်းအမှန်တွေ.......

လက်ရှိ မြန်မာ စစ်ခေါင်းဆောင် မအလ  
UN တရားဝင်တောင်းဆိုတာကို မလိုက်လျောရင် ဖြစ်ဖြစ် ပမာမခန့် ဖင်ထယားရင်ဖြစ်ဖြစ်
ဒီလမ်းစဉ်ပဲ လိုက်ရမှာ 100%ပဲ.....
  
တောင်းဆိုတာတွေ လိုက်နာရင်တောင်
နုရင်ဘတ်ခုံရုံးနဲ့ ပြည်တွင်း ခုံရုံးက အပြစ်ပေးတာတွေ လွတ်ဖို့မမြင်ဘူး....

အချို့စစ်ဗိုလ်တွေ က မအလ အာဏာသိမ်းပွဲအောင်မြင်မယ်ထင်ပြီး မှေး လိုက်နေကြတာ
သေချာတာကတော့  အပြစ်အားလုံးမအလ ဆီ
ထိုးချလိမ့်မယ်  တပ်တွင်းထိပ်ပိုင်းတွေကြား  သဘောထားကွဲလွဲလာနိုင်တယ်.....

ဒါက သေရေး ရှင်ရေး အမိန့်အမှတ်ကြီး  
   
တိုက်ပွဲသံကြားရင် လက်နက်သံကြားရင် တောင် လုံခြုံရေးစည်း ငါးခု ချပြီး ခရီးထွက်တဲ့မအလနဲ့
စိုးဝင်း အတွက် အမှတ်စဉ် 2669 ဆိုတာ UN ရဲ့အစဉ်အလာမို့ညတောင်အိပ်ပျော်ဖို့မလွယ်ဘူးနော်
  
ဒီဂယက်အပြင် US  NDAA   ဂယက်ကလည်း
မအလ တပ်အောက်ခြေအတွက် သွေးပျက်စရာပဲ
သေနတ်တောင်အစုတ်အပြတ်  လေယာဉ်အို
လေယာဉ်ပျက်  သင်္ဘောအို သင်္ဘောပျက်
တင့်ကား မော်ဒယ်အနိမ့်လောက် ဝယ်သုံးပြီး
ဘတ်ဂျတ် ခိုးတာလောက်တတ်တဲ့ စကစ စစ်တပ်အတွက် USAနည်းပညာတွေ  အထက်ကပြောသလို ပဲ NUG pdf EAO  အုပ်စုတွေဆီ  စီးဆင်း
လာတော့မယ်......
   
ဒီတော့ UN ဂယက်က
တပ်ထိပ်ပိုင်းတွေ ပြိုလာနိုင်သလို USA  NDAA  အမျိုးသားကာကွယ်ရေး ဥပဒေ ဟာ စစ်ကောင်စီတပ်အောက်ခြေတွေအတွက်သွေးပျက်ပြိုကွဲ လာ နိုင်တယ် ခုတောင်အသံကျယ်လောင်နေကြပြီ တကယ်အသက်ဝင်လာရင်တော့ကာကွယ်ရေးဥပဒေ ဆိုတာ  ဆီးရီးယား  ထိုင်ဝမ်  ဂျပန်  ယူဂိုစလားဘီးယား အာဖဂန်နစ္စတန်လက်ရှိ ယူကရိန်း မှာ အသုံးပြု နေတယ် 
    
ပြောချင်တာက အာဏာရှင်ဟာ အာဏာရှင်ပီသဖို့ ထက်အခြားအာဏာရှင် တွေရွံလာရင်တော့ UN ဆို တာအာဏာရှင်ဆိုးတွေအတွက်လူသတ်ရုံတစ်ခုပါပဲ
    
ကဒါဖီ ကို  ရုရှ တရုတ် ထောက်ပံ့ ဖူးပါတယ်  
ဟူစိန်  ကိုလည်း  ထောက်ပံ့ဖူးပါတယ်  ဒါပေမဲ့ လုပ်ရပ်တွေဟာ အခြားအာဏာရှင်ထက်  ဆိုးရွားလာရင် လူ့အခွင့်အရေးလေးစားမှု အရလက်ရှောင် သွားတတ်ကြပါတယ် ဒါကြောင့် UN မှာကြားနေ အဖြစ်နေလိုက်ကြတာ ပါပဲ
   
ဦးသန်းရွှေ ခေတ်  နေဝင်း ခေတ်
အာဏာသိမ်းတာထက် ဆိုးရွားလွန်းတဲ့
လူမျိုးသုဉ်းသတ်ဖြတ်မှုရခိုင် ကျီးကန်းတောင်အရေး ၊ အင်းဒင်အရေး အပြင် လက်ရှိ၂၀၂၁ နွေဦးတော်လှန်ရေးအတွင်းတရားမဲ့သတ်ဖြတ်မှု
ရွာလုံးကျွတ် ရွာမီးရှို့ပြီးတလရကိုဥပဒေမဲ့ ဖိနိပ်မှု 
ရွာသူ ရွာသားတွေကိုအကြောင်းမဲ့ မုဒိမ်းကျင့်သတ်ဖြတ် မှု.....

ကိုဇေယျာသော်တို့ကို ဥပဒေမဲ့ကြိုးမိန့် ချစီရင်မှု 
စသည်ဖြင့်  တရုတ် ရုရှပူတင်တောင်မလုပ် တဲ့   လူမျိုးသုဉ်းသတ်ဖြတ်မှု တွေကို အာဏာရှင် တွေ ရေရှည်မကာကွယ်တော့ပါ....
    
ကွန်မြူနစ်  ဆိုရှယ်လစ်  ဒီမိုကရေစီ  စနစ် 
ဘယ်လိုစနစ်သုံးသုံး လူမျိုးသုဉ်း သတ်ဖြတ်ရက်စက်မှုတွေကိုတော့ ဘယ်နိုင်ငံ ဘယ်စနစ်သုံးသုံးရေရှည်လက်မခံတာဟာ UNSC မှာမဲပေးခဲ့တာတွေက သက်သေပါပဲ.....
  
ဒီတော့ ရှေ့တိုးတော့ ထမ်းပိုး
နောက်ဆုတ်တော့ လှည်းတုတ်

မအလ  စစ်အုပ်စုအတွက်
ကုလားဖန်ထိုးကွက်နဲ့ စစ်တပ်ကိုပြောင်းလဲမလား ဒါမှမဟုတ် 
NUG  တောင်းဆိုတာအကုန် လိုက်လျောပြီး
စစ်ခေါင်းဆောင်တွေနဲ့အကျိုးစီးပွားကို     နိုင်ငံတကာပြစ်မှုပြည်တွင်းပြစ်မှုတွေက
ကာကွယ်ပေးဖို့တောင်းဆိုလာဖို့ကတော့100%
         
ဒါပေမဲ့ အစိုးရတစ်ရပ်ဟာ
နိုင်ငံတကာက အလိုရှိတဲ့ တရားခံကို ကာကွယ်ပေးထားရင် သူပုန်ဖြစ်သွားတတ်ပါတယ် ဆိုလိုတာက  
မအလ ဟာ တန်ရာတန်ကြေးမပေးပဲနဲ့ ဒီပွဲက  အဆုံးသတ်လို့မရပါဘူး ကမ်းဆုံးလမ်းဆုံး
ရောက်နေပြီ ဆိုတာလောက်တော့ လူပိန်းတောင်သိနေပါပြီတပ်တွင်းထက်အောက် အက်ကြောင်းတွေပိုကြီးလာမယ်.....

မအလ အုပ်စုကို
နောက်လှည့် ဖမ်းဆီး ဖယ်ရှားခြင်း နဲ့ စစ်ရေးအရ တိုက်ခိုက်ခြင်းကလွဲပြီး ဘာမှမရှိသလိုUN အမိန့်နဲ့ နိုင်ငံတကာတပ်တွေ ဝင်ရောက်ခြင်း NDAA အရ  နည်းပညာကူ NUG PDFကို တန်းမြှင့်တိုက်ခိုက်စေခြင်း ။ နောက်တစ်ခု  လေယာဉ်မပျံသန်းရဇုန် ကြေငြာခြင်း ဒါတွေကပဲတလရကို အပြီးသတ်မှာပါ

မအလတို့သိပ်ကြောက်နေပြီဆိုတော့သေချာတယ်  
  
မအလ အုပ်စုဆွေးနွေးမယ်၂၀၀၈ဖယ်ရှားမယ်  စစ်တပ် နိုင်ငံရေးက ထွက်မယ် ဒါပေမဲ့  
NUG ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည် က မအလ အုပ်စုကို  အပြည့်အဝ အကာအကွယ်ပေးရမယ်ဆိုတဲ့ တောင်းဆိုချက်ကြီးက မဖြစ်နိုင်လည်း တောင်းဆိုလာဖို့များတယ်.....
   
ကဲ  ဘယ်နည်းနဲ့ လုပ်လုပ်
မအလ အုပ်စု ဟာ ကြိုးစင်ကနေ လွတ်စရာလမ်းစ လုံးဝမရှိတော့ပါဘူး.....။

#JSP
ဆက်ဖတ်ရန် →