နောက်ဆုံးရ
NUG လက်အောက်ခံ ဆရာ၊ဆရာမတွေကို ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက်စာစောင်တွေ လိုက်ဖြန့်

NUG လက်အောက်ခံ ဆရာ၊ဆရာမတွေကို ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက်စာစောင်တွေ လိုက်ဖြန့်



စစ်ကိုင်း၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ NUG လက်အောက်ခံ ဆရာ၊ဆရာမတွေကို တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်ရေးသားထားတဲ့ လက်ကမ်းစာစောင်တွေကို လိုက်လံဖြန့်ဝေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက် ဒီကနေ့ နေ့လယ် ၁ နာရီခန့်လောက်က အင်အား ၁၀၀ နီးပါးဟာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ခြေလျင်နဲ့ ဆာလင်းကြီးမြို့ထဲကို ဝင်လာတဲ့ လမ်းကြောင်းတလျှောက် လက်ကမ်းစာစောင်တွေကို လမ်းဆုံနေရာတွေမှာ ကပ်ထားခဲ့တာလို့ ဆားလင်းကြီး ဒေသခံတဦးက ပြောပါတယ်။
“လာတာတော့ ခြေလျင်နဲ့ပဲ လာတယ်။ အဓိကကျတဲ့ လမ်းဆုံတွေမှာ အဲဒီစာရွက်တွေ လိုက်ကပ်သွားတယ်။ ကံကြီးတောရွာ အထွက်ကိုလည်း ကပ်ထားခဲ့ပါတယ်” လို့ သူကဆိုပါတယ်။
အဲဒီလက်ကမ်းစာစောင်ထဲမှာ NUG အမည်ခံတရားမဝင်အဖွဲ့က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းက ဆရာ၊ဆရာမတွေဟာ ကျောင်းသားတွေဆီကနေ ငွေကြေးကောက်ခံနေမှုနဲ့ အခုဖွင့်လှစ်ထားတဲ့ ကျောင်းတွေဟာလည်း အစိုးရက အသိအမှတ်ပြုထားတဲ့ ကျောင်းမဟုတ်ကြောင်းတွေ စာသားတွေပါတဲ့ စာတွေရေးသားထားပါတယ်။
အဲဒီအပြင် ကျောင်းသား၊သူနဲ့ မိဘတွေအနေနဲ့လည်း အဲဒီကျောင်းတွေဟာ တရားမဝင်ဖြစ်တဲ့အတွက် အချိန်နဲ့ငွေ ကြိုးစားအားထုတ်မှုတွေဟာ အရာမထင်ဘဲ ဖြစ်လိမ့်မယ်လို့လည်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်ကမ်းစာစောင်တွေထဲမှာ ရေးသားထားပါတယ်။
မနေ့ကညပိုင်းမှာ စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၁၁ မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေငြာတဲ့အထဲမှာ ဆားလင်းကြီးမြို့နယ်ပါဝင်ပြီး ဒီကနေ့မှာပဲ အခုလို ချိန်းခြောက်စာတွ လိုက်လံဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။
သတင်း - နန်းခမ်း
ဆက်ဖတ်ရန် →
  ထင်ရှားတဲ့ အမှတ်အသား မေးစေ့မှာ စောင်မွှေးနှစ်ပင်ပေါက်နေတဲ့ မှဲ့အပြားရှိ

ထင်ရှားတဲ့ အမှတ်အသား မေးစေ့မှာ စောင်မွှေးနှစ်ပင်ပေါက်နေတဲ့ မှဲ့အပြားရှိ

ဖေ့စ်ဘုတ်နာမည်က ဟန်ငြိမ်းဦး
နာမည်ရင်းက စိုးနိုင်
အသက်က ၃၆နှစ် 
မွေးနေ့က ၃.၁.၁၉၈၅ (အသက်၂၈ဆိုတာ လိမ်ထားတာ။မှတ်ပုံတင်၊ပက်စ်ပိုစ့်တွေထဲက အမှန် ရထားပြီ။ )

ထင်ရှားတဲ့ အမှတ်အသား မေးစေ့မှာ စောင်မွှေးနှစ်ပင်ပေါက်နေတဲ့ မှဲ့အပြားရှိ။ ထိပ်ပြောင်နေလို့ မန္တလေးမှာ ဆံပင်တုသွားလုပ်ရင်း တစ်သိန်းခွဲတန် အပေါစား ပါးချိုင့်အတုပါ တပ်လာ။ ဆံပင်တုစွပ်ရင်စွပ်။ မစွပ်ရင် ဦးထုပ်အမြဲစောင်းထားတယ်။ ခြေထောက်တစ်ဖက် ဆာနေတယ်။ လမ်းလျှောက်ရင် ပုံမှန်မဟုတ်ဘူး။ 

နေတာက နေပြည်တော်မှာ။ အလုပ်အကိုင်က ရေသန့်ရောင်းတယ်။ အစ်ကိုလုပ်တဲ့သူက အုတ်ရောင်းတယ်။ ပညာအရည်အချင်း ၈ တန်းအောင်။ 

ပက်ပိုစ့်တောင် ၂၀၁၉ မှ လုပ်ရကောင်းမှန်း သိတဲ့ကောင်။ 

ဒီ ခွေးမသာ မအေလိုး စိုးနိုင် က မိန်းမရှိတယ်။ ဦးဟန် ဦးဟန်ဆိုပြီ ဆော်တွေဆီက ပတ်ခြူတယ်။ ဆယ်လီသတင်းတွေကို အတွင်းလူတွေပေးလို့ရတာ။ အနုပညာလောကကလည်း မဟုတ်ဘူး။ ဟက်ကာလည်း မဟုတ်ဘူး။ ဟက်လည်း မဟက်တတ်ဘူး။ ဘာမှလည်း မလုပ်တတ်ဘူး။ ပိုက်ဆံလိုလာရင် အချို့ နာမည်မကြီးတဲ့ မိန်းကလေးတွေဆီ တင်လိုက်ရမလား ဖွလိုက်ရမလား ငွေညှစ်တတ်တဲ့ စောက်ကျင့်ရှိတယ်။

စစ်သားလည်း မဟုတ်ဘူး။ 
စစ်တပ်အသိုင်းအဝိုင်းလည်း မဟုတ်ဘူး။ အာဏာသိမ်းရင် တရားမစွဲရဲကြအောင် စစ်တပ်ကို ဖားယားပြီး ဘောမတာ။ 
အာဏာသိမ်းတာ သူ့အကြိုက်မို့ လုပ်ချင်တာ လုပ်လို့ရပြီး အရမ်းပျော်တယ်တဲ့။ စစ်တပ်ကို ဘောမတော့ စစ်တပ်က ဟာတွေက ဒီ့ကောင့်ကို ဘာသာရေးလူမျိုးရေးမှိုင်းတွေ၊ သတင်းအတုတွေ တင်ခိုင်းတယ်။ ဒီကောင်ကလည်း သူ့ကို Cover ပေးအောင် အဆဲခံရမှန်း သိလျက်နဲ့ တင်တယ်။

ဒီ စိုးနိုင် က ငကြောက်။ သင်းသင်းတရားစွဲတုန်းက မအိပ်နိုင်မစားနိုင်တွေ ဖြစ်အောင် ကြောက်ခဲ့တာ။ အခု ဘယ်လောက် ကြောက်နေမလဲ မတွေးရဲဘူး။ ကျွတ်.. ကျွတ်… ကျွတ်

ခွေး စစ် တပ် လီး စုပ် ဖို့ မရှိတော့ တဲ့ နင်ဟာ ရေသန့်ရောင်းတဲ့ ၈ တန်းအောင်ကောင်ပဲဆိုတာ မမေ့နဲ့။


ဆက်ဖတ်ရန် →
ဟုမ္မလင်းတွင် PDF က ပစ်ချလိုက်သော စစ်ကောင် စီ ရဟတ်ယာဉ်မှာ ရုရှား Mi 17 အမျိုးအစား ထောက်ပို့ ရဟတ်ယာဉ် ဖြစ် ကြောင်း မြေပြင်တပ်ဖွဲ့အတည်ပြု

ဟုမ္မလင်းတွင် PDF က ပစ်ချလိုက်သော စစ်ကောင် စီ ရဟတ်ယာဉ်မှာ ရုရှား Mi 17 အမျိုးအစား ထောက်ပို့ ရဟတ်ယာဉ် ဖြစ် ကြောင်း မြေပြင်တပ်ဖွဲ့အတည်ပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ခေတ်သစ်မီဒီယာ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်တွင်  PDF တပ်များက ပစ်ချလိုက်သော စစ်ကောင်စီရဟတ်ယာဉ်မှာ ရုရှား Mi 17 အမျိုးအစား ထောက် ပို့ ရဟတ်ယာဉ်ဖြစ်ကြောင်း HPDF မိုးကြိုးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင် ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေး မြို့သစ်တွင် စစ်တပ်နှင့် PDF တပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ရွှေပြည်အေး မြို့သစ်ကို PDF တပ်များက ထိန်းချုပ်ခဲ့ကြောင်း၊ ယင်းနောက် တိုက်ပွဲများ ဆက်တိုက်ဆိုသလိုဖြစ်ပွားပြီး ယနေ့တွင် Mi17 ထောက်ပို့ ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

"ရဟတ်ယာဉ် ပစ်ချတာကိုတော့ အတည်ပြုနိုင်ပါတယ်။ ရဟတ်ယာဉ် အမျိုးအစားက Mi 17 အမျိုးအစားဖြစ်ပါတယ်။ ပစ်တဲ့ လက်နက်ကိုတော့ ကျနော်တို့ ပြောပြလို့ရမပါဘူး။ ရဟတ်ယာဉ် ပျက်ကျအောင် ပစ်ချနိုင်ခဲ့တာကိုတော့ Confirm ပေးနိုင်ပါတယ်။ အခု ရွှေပြည်အေးမြို့သစ်ဘက်ကို ဖုန်းလိုင်းတွေ ဖြတ်ထားပါတယ်" ဟု HPDF မိုးကြိုးမှ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ 

ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးကြောင်း  NUG ကာကွယ်ရေး ဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ထားသည်။ 

ဟုမ္မလင်း၊ ရွှေပြည်အေးမြို့သစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခန္တီးခရိုင်တပ်ရင်း (၁)- ဟုမ္မလင်း၊HPDF-124 ၊ HPDF၊HPDF မိုးကြိုး အပါအဝင် မဟာမိတ် တပ်ပေါင်းစုများက စစ်ကောင်စီတပ်များကို တိုက်ခိုက်နေခြင်း ဖြစ် သည်။ 

ဓာတ်ပုံ- စစ်တပ်၏ Mi 17 ရဟတ်ယာဉ်တစ်စီးကို တွေ့ရစဉ်။


ဆက်ဖတ်ရန် →
“မင်း သတ္တိရှိရင်၊ လုပ်ရဲလို့ ခံရဲတယ် ဆိုရင် လူမိုက်လုပ်ကွ၊ လူညစ်တော့ မလုပ်နဲ့။ ယောကျ်ား သိက္ခာကျတယ်။”

“မင်း သတ္တိရှိရင်၊ လုပ်ရဲလို့ ခံရဲတယ် ဆိုရင် လူမိုက်လုပ်ကွ၊ လူညစ်တော့ မလုပ်နဲ့။ ယောကျ်ား သိက္ခာကျတယ်။”

အပြိုင်အဆိုင် အနိုင် ဘောလုံးပွဲ
လွန်ခဲ့တဲ့ တစ်နှစ်က ရေးခဲ့တဲ့ ဘောလုံးပွဲက ရခဲ့တဲ့ ဘ၀ သင်ခန်းစာ
မဖတ်ရသေးသူများအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။ 
“မင်း သတ္တိရှိရင်၊ လုပ်ရဲလို့ ခံရဲတယ် ဆိုရင် လူမိုက်လုပ်ကွ၊ လူညစ်တော့ မလုပ်နဲ့။ ယောကျ်ား သိက္ခာကျတယ်။”
( ဆောင်းပါးကောက်နှုတ်ချက်)
---------------------------------------------------------------------------------------------------------
အပြိုင်အဆိုင် အနိုင်  ဘောလုံးပွဲ 
ဘဝမှာ ဘောလုံးပွဲတွေအများကြီး ကြုံခဲ့ဖူးပေမယ့် လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော် ကလေးဘဝက ကြုံခဲ့တဲ့ ဘောလုံးပွဲလောက် ဘယ်ပွဲမှ မှတ်မှတ်ရရမဖြစ်ခဲ့ဘူး။ တစ်သက်လုံး တသသ မရှိခဲ့ဘူး။ သင်ခန်းစာယူလို့ မဆုံး မဖြစ်ခဲ့ဘူး။ 
အဲဒီ ဘောလုံးပွဲဟာ  ကျွန်တော့်လက်ထဲကို ထူးခြားတဲ့ဘောလုံး တစ်လုံးရောက်လာတာက အစပြု ခဲ့တာပါ။ ထူးခြားတဲ့ဘောလုံး အကြောင်းမပြောခင် ဘောလုံးရလာတဲ့ အချိန်ကာလကို အရင် ပြောမှ ပြည့်စုံမယ်။ အဲဒီအချိန်က ၁၉ ၆၈- ၆၉ ၊ ကျွန်တော်က လေးတန်းကျောင်းသား။ အဖေက နာဂ တောင်တန်းက မြို့လေးမှာ တာဝန်ကျတယ်။ 
ကျွန်တော်တို့ မူလတန်းကျောင်းလေးမှာ ကျောင်းသားတွေရဲ့ တစ်ခုတည်းသော ကစားနည်းက ဘောလုံးကန်တာပဲ။ ဘောလုံးဆိုတာလည်း ကောင်းကောင်း ကန်းကန်းမဟုတ်ဘူး။ မြို့ထဲ တရုတ် စတိုးဆိုင်က ရောင်းတဲ့ ကော်ဘော်လုံးပဲ။ ဆိုရှယ်လစ်ခေတ် ဆိုတော့ တကယ့်ဘောလုံးဆိုတာ ကုန်သွယ်ရေးက ရောင်းမှ ဝယ်လို့ရတာ။ ကျွန်တော်တို့ မြို့လေးမှာ ရွှေလောက်နီးနီး ရှားတယ်။ 
ကော်ဘောလုံးဆိုတော့ နည်းနည်းကန်လိုက်တာနဲ့ ပေါက်ပြီ။ ဘောလုံးပေါက်တိုင်း အသစ်ဝယ်ဖို့ ပူဆာရင်လည်း အိမ်ရဲ့ တုတ်စာမိမှာသေချာသလောက်ဖြစ်နေတော့ ကလေးတွေဟာ  ကော်ဘောလုံး အပိန်အရှုံ့နဲ့ ပဲ နှစ်ပါးသွားနေရတယ်။ အဲဒီလို အချိန်မှာ ကျွန်တော့်အဖေက မန္တလေးသွားရတယ်။ မန္တလေးက ပြန်လာတော့ သားရေဘောလုံးတစ်လုံး၊ လေထိုးတံတစ်ချောင်း၊ လေထိုးပိုက်တစ်ခု ပါလာတယ်။ ဘောလုံးက တရုတ်လုပ်၊ ကြိုးချုပ်လို့ခေါ်တဲ့ ဘောလုံး။ ကော်ဘောလုံးနဲ့ပဲ နှစ်ပါးသွားနေရတဲ့ ကျွန်တော်တို့အတွက်တော့ အင်မတန်ထူးခြားတဲ့ ဘောလုံးပေါ့။ ဒါ့အပြင်  အဖေက  ဘောလုံးကွင်း အသေးလေးဖောက်ပေးတယ်။ ဂိုးကျဉ်းကန်ဖို့အတွက် သစ်သားတန်းနဲ့ ဂိုးတိုင် အသေးလေးလုပ်ပေး တယ်။ ဂုံနီအိတ်တွေ နဲ့ ဂိုးပိုက်လေးလုပ်ပေးတယ်။ 
ဒီလိုနဲ့ အဖေ့ကျေးဇူးကြောင့်  ဘောလုံးပိုင်၊ ကွင်းပိုင်ဖြစ်လာတဲ့ ကျွန်တော်ဟာ သူငယ်ချင်း တွေကြားမှာ အကောင် ဖြစ် လာတယ်။ ကျွန်တော်နဲ့ မတည့်ရင် ဒီကွင်းမှာ ကစားလို့မရဘူး။ လူခွဲရင် ကိုယ်ကြိုက်တဲ့သူ ရ အောင် ယူတယ်။ ကိုယ်တိုင်လည်း ဝင်ကန်တယ်။ ကိုယ်တိုင်ပဲ ဒိုင်လုပ်တယ်။ ဒိုင်ဆုံးဖြတ်ရင် လက်ခံ၊ ပြန်မပြောနဲ့။ နောက်လာကစားလို့မရဘူးဖြစ်သွားမယ်။ တစ်ချို့ မခံချင်တဲ့ သူငယ်ချင်းတွေက မလာ ဘူးပေါ့။ ဒါပေမယ့် ကြာကြာမနေနိုင်ပါဘူး။ ကော် ဘောလုံး အစုတ်နဲ့ မကန်ချင်တော့ မချစ်သော်လည်း အောင့်ကာနမ်း ပြီး ပြန်လာရတာပဲ။ 
တစ်ခါတစ်လေကျတော့ အရုပ်ကားချပ်ကြေး၊ သားရေကွင်းကြေးကန်ကြတယ်။ ဒီလိုကန်ရင်တော့ ကျွန်တော်ဘက်က လူတစ်ယောက်ပိုယူတယ်။ ငါ့ကွင်း၊ ငါ့ဘောလုံး ၊ ငါမပါရင် မင်းတို့ ပွဲမဖြစ် ဘူး။ ကန်ချင်ရင် ငါ့ဘက်ကို တစ်ယောက်အကြောပေး ဒါပဲ။ များများမပြောဘူး။ သို့သော် လောင်းကြေးပါတဲ့ ပွဲမျိုးဆိုရင်တော့ ကျွန်တော်ကိုယ်တိုင်လည်း ကန်၊ ကိုယ်တိုင်လည်း ဒိုင် လုပ် ဆိုတာမျိုးမလုပ်ပါဘူး။ မ ျှမ ျှတတ ဖြစ်အောင် ဒိုင် တစ်ယောက်ထားတယ်။ 
ဒိုင်လူကြီးကတော့ ဝေးဝေးမရှာရပါဘူး။ အဖေ့ အနားမှာ အမြဲတမ်းနေတဲ့ ဦးလေးကြီးက ဒိုင်လူကြီး ပေါ့။ သူက ဘောလုံး မကန်တတ်ဘူး။ ဒါပေမယ့် ပြဿနာမရှိဘူး။ သူ့အလုပ်က ကျွန်တော်က “ ဦးလေး” လို့အော်လိုက်ရင် ခရာမှုတ်လိုက်ဖို့ပဲ။ ဘာပြစ်မှုလည်းဆိုတာ ကျွန်တော်ကပဲ ပြောပြ ရတာပေါ့။ တစ်ဖက်အသင်းက ဆင်ခြေတက်ရင်လည်း “ ဟေ့ကောင်တွေ ဒိုင်ကို ပြန်မပြောနဲ့၊  မကျေနပ်ဘူးလား” ဆိုပြီး ဖြဲချောက်ရတာပဲ။  
ဒီတော့ ကားချပ်ကြေး ကန်တိုင်း ကျွန်တော်တို့ အသင်းပဲ နိုင်တာပေါ့။ ဒီလိုနဲ့ ကြေးကြီးပွဲ ကြီး ကန်ဖို့ဖြစ်လာတယ်။ ကြေးကြီးတယ်ဆိုတာက အရုပ်ကားချပ်ကြေးများတာကို ပြောတာ။ ကျွန် တော်တို့ခေတ်က ကားချပ်ဆိုတာ ကလေးပိုက်ဆံပဲလေ။ အရင်ပွဲနဲ့မတူတာက အဖေတပည့် ဦးလေးကြီးက ခရီးထွက်သွားတော့ ဒိုင်မလုပ်နိုင်ဘူး။ ဒါပေမယ့် ကျွန်တော်က စိတ်မပူဘူး။ အခု ဦးလေးကလည်း အဖေ တပည့်တစ်ယောက်ပဲ၊ အထာနပ်မှာပါပေါ့။ နောက်ပြီး ထုံးစံအတိုင်း ကျွန် တော့်ဘက်က လူတစ်ယောက် အကြောယူထားသေးတယ်လေ။ 
လောကမှာ အရာရာဟာ ကိုယ်ထင်တဲ့အတိုင်းမဖြစ်ဘူးဆိုတာ တယ်မှန်တာကိုး။ ဒိုင် လုပ်တဲ့ ဦးလေးက “ ဦးလေး” လို့ လှမ်းအော်ရင်လည်း မကြားချင်ယောင်ဆောင်နေတယ်။ သူ ဆုံး ဖြတ်တာကို ကန့်ကွက်တော့ ဒိုင်ကို ခံမပြောနဲ့လို့ သတိပေးတယ်။ ဟိုဘက်အသင်းကို ဘက် လိုက်နေသလားတောင် ထင်ရတယ်။  သူလုပ်တာနဲ့ တစ်ဘက် အသင်းကကောင်တွေ အားတက်ပြီး ကျုံးကန်၊ ကျွန်တော့်တို့ဘက်ကတော့ တစ်သက်လုံး ဒိုင် အားကိုးနဲ့လုပ်စား လာတာဆိုတော့  ခြေပျက်။ နောက်ဆုံးတော့ ဝက်ဝက်ကွဲရှုံးတော့တာပဲ။ 
ဒါပေမယ့် ဒါ ကျွန်တော့်ကွင်းလေ။ ဒီလို လာလုပ်လို့ဘယ်ရမလဲ။ ပွဲပြီးတော့ ဘောလုံးကို သိမ်း၊ ဒိုင် ညစ်လို့ ငါတို့ရှုံးတာ။ အရင်ဒိုင် ဦးလေးကြီးလာမှ ပြန်ကန်မယ်ဆိုပြီး ပြောရတာပေါ့။ ဟိုဘက် အသင်း ကလည်း ဘယ်ခံမလဲ၊ ဒီတစ်ပွဲက ကြေးများတာကိုး။ အတိုချုပ်လိုက်တော့ နှစ်ဘက် ရန်ဖြစ်ပြီး ထိုးကြိတ်လိုက်တာ အားလုံး ကျောင်းအုပ်ဆရာကြီး ရုံးခန်းရောက်တော့တာပဲ။ 
ကျွန်တော်တို့ မူအုပ်ဆရာကြီး ဦးထွန်းမြင့် ဆိုတာ စည်းကမ်းကြီးတော့ သူ့ရုံးခန်းရောက်တယ် ဆိုရင် အခြေအနေမကောင်းတော့ဘူး။ ဖြစ်ကြောင်းကုန်စင် နားထောင်ရင်းနဲ့ နဂို က ညိုမှောင် နေတဲ့ ဆရာကြီးမျက်နှာက မဲမှောင်လာတယ်။ နှာခေါင်းဝက လေသံ တရှုးရှုးထွက်လာတယ်။ ဒါဟာ ဆရာကြီး ဒေါသ ဆိုင်ကလုန်းမုန်တိုင်းလာပြီ ဆိုတဲ့ သတိပေးခေါင်းလောင်းသံပဲ။ ဒါ့ကြောင့် သူ့ရှေ့မှာ လက်ပိုက်ရပ်နေတဲ့ ကျွန်တော်တို့ ကိုယ်လုံးတွေက တဖြည်းဖြည်း ကျုံ့လာကြတယ်။ 
အားလုံးနားထောင်ပြီးတော့ ဆရာကြီးက  ကြိမ်လုံးနဲ့ စားပွဲကို တဖြန်းဖြန်း ရိုက် ရင်း “ ရဲထွဋ် ၊ မင်း သတ္တိရှိရင်၊ လုပ်ရဲလို့ ခံရဲတယ် ဆိုရင် လူမိုက်လုပ်ကွ၊ လူညစ်တော့ မလုပ်နဲ့။ ယောကျ်ား သိက္ခာကျတယ်။ အခု ကြည့်စမ်း၊ မင်း ဖောက်တဲ့ ကွင်း မှာ မင်းစည်းကမ်းအတိုင်း လူလည်း အကြောယူထားသေးတယ်။ ဒိုင် ကို ပြန်မပြောနဲ့ဆိုတာလည်း မင်းသတ်မှတ်တာပဲ။ မင်းနိုင်နေ တုန်းက အကောင်း၊ ရှုံး တော့မှ ဒိုင်ညစ်တယ်၊ ပြန်ကန်မယ် ဆိုတော့ ဒါ သက်သက် ညစ်တာကွ။ မင်း လူညစ်ပဲ” လို့ အော်တော့တာပဲ။ ဇာတ်သိမ်းတော့ ရန်ဖြစ်တာကြောင့် အားလုံး တစ်ယောက် ကို သုံးချက်၊ ကျွန်တော်ကတော့ ညစ်ကျယ်ကျယ်လုပ်တဲ့အတွက် အပိုဆောင်း ငါးချက်  အဆော်ခံ ထိတယ်။ ဘောလုံးကိုလည်း ဆရာကြီးက ကျောင်းပိုင်အဖြစ်သိမ်းလိုက်တယ်။ 
အရိုက်ခံရတာက မနာဘူး။ ဘောလုံး အသိမ်းခံရတာတော့ အတော်နာတယ်။ တကယ်တော့ ကိုယ့်ခြေစွမ်းက ကောင်းတာမဟုတ်ဘူး၊ ဒီဘောလုံး ကြောင့်သာ ကွင်းထဲမှာ ဆရာကြီးလုပ်နေရ တာ မဟုတ်လား။ ဒါ့ကြောင့် ဆရာကြီးကို အယူခံဝင်တယ်။ မရဘူး။ 
ဒါနဲ့ အဖေ့ကို ဘောလုံးအသိမ်းခံရတဲ့အကြောင်းနဲ့ ဆရာကြီးဆီက ပြန်တောင်းပေးဖို့ ပြော တယ်။ အကြောင်းစုံ သိသွားတဲ့ အဖေက “ မင်းကို လူချစ်လူခင်များအောင်၊ သူငယ်ချင်း တွေနဲ့ ပိုစည်းလုံးအောင်  ဘောလုံးဝယ်ပေးတာ၊ မင်းက ညစ်တော့ ခံပေါ့ကွာ” လို့ သြဘာပေးတယ်။ ဆရာကြီးသာ မရိုက်ရင် သူက ရိုက်ပြီး အပြစ် ပေးမယ့်ပုံပဲ။ အဲဒီမှာ လူညစ် ဆိုရင် အဖေကတောင် လက်မခံဘူးဆိုတာ သဘောပေါက်သွားတယ်။ 
အဲဒီဘောလုံးပွဲက ကျွန်တော့်အတွက် တစ်သက်တာ သင်ခန်းစာပဲ။   ဘ၀ မှာ ဘယ်လို ပြိုင်ဆိုင်မှု မျိုးနဲ့ ကြုံကြုံ ညစ်ပြီး အနိုင်ယူဖို့ မစဉ်းစားတော့ဘူး။ ကိုယ့်အထက် က ဖြစ်ဖြစ်၊ လုပ်ဖော် ကိုင်ဘက်ဖြစ်ဖြစ်၊ လက်အောက်က ဖြစ်ဖြစ် ညစ်တတ်တဲ့ လူတွေကို တွေ့ရင်လည်း လေးစားလို့ မရတော့ ဘူး၊ ခင်မင်စိတ်မရှိတော့ဘူး၊ စာနာစိတ်မထားနိုင်ဘူး။ 
 ကျွန်တော် အဲဒီမြို့လေးက ပြောင်းလာပြီးနောက်ပိုင်း ဆရာကြီးနဲ့ မဆုံဖြစ်တော့ ဘူး၊ ဆရာကြီး ကွယ်လွန်သွားတာတောင် နှစ်အတော်ကြာမှ သိတယ်။ ဒါပေမယ့် လူညစ်တွေ တွေ့ တိုင်း “ သတ္တိရှိရင်၊ လုပ်ရဲလို့ ခံရဲတယ် ဆိုရင် လူမိုက်လုပ်ကွ၊ လူညစ်တော့ မလုပ်နဲ့။ ယောကျ်ား သိက္ခာကျတယ်” ဆိုတဲ့  ဆရာကြီး စကားကို  ပြန်သတိရတယ်။ 
အခုနေ ဆရာကြီးများရှိရင် ကြိမ်လုံး တဝင့်ဝင့်နဲ့ ဘာတွေများပြောနေမလဲ မသိဘူး။  
#yehtutarticle
#football


ဆက်ဖတ်ရန် →
လှိုင်မြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်ဆိုသူ ဦးခေါင်း သေနတ်နဲ့ပစ်သတ်ခံရ

လှိုင်မြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်ဆိုသူ ဦးခေါင်း သေနတ်နဲ့ပစ်သတ်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် (၁) ရပ်ကွက်မှာ နေထိုင်တဲ့ ပျူစောထီး အဖွဲ့ဝင် ဆိုသူ လူအေး နေအိမ်တိုက်ခန်းမှ ဆင်းလာစဉ် အမျိုးသား ၂ ဦးက ခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့လို့ နေရာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

ဒီကနေ့ နေ့လယ် ၃ နာရီကျော်က ဇေယျမင်္ဂလာ (၂) လမ်း၊ နေအိမ် တိုက်ခန်းမှ ဆင်းလာတဲ့ လူအေး ဆိုသူကို အမည်မသိ အမျိုးသား ၂ ဦးက အနီးကပ် သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

"ရပ်ကွက်ထဲမှာ အရင်ကလည်း လမ်းလူကြီး လုပ်ဖူးတယ်။ စစ်ကောင်စီ တက်လာတော့လည်း ပျူစောထီး လုပ်တယ် ကြားတယ်။ သန်းခေါင်စာရင်း ကောက်တော့လည်း သူကိုယ်တိုင်ပါတယ်။ မြို့နယ် အရန်မီးသတ်မှာလည်း သူကပါတယ်။ ခေါင်းကိုပဲ တည်ပစ်သွားတာ။ ၂ ချက်ထဲနဲ့ သေသွားတာ" လို့ သူကပြောပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အဆိုပါလမ်းအတွင်းသို့ စစ်ကားနဲ့ ဆေးရုံကား ၂ စီး ရောက်ရှိလာပြီး အလောင်း တင်ဆောင်သွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အဲဒီနောက် လူသတ်မှု ဖြစ်ပွားခဲ့တဲ့ ဇေယျမင်္ဂလာ (၂) လမ်းအတွင်း စစ်ကောင်စီတပ်သားတွေ လှည့်လည် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က ပြုလုပ်ခဲ့တယ် ဆိုတာကိုတော့ မသိရှိရသေးပါဘူး။
Has 

ဆက်ဖတ်ရန် →
ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃

ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP က  ဒီကနေ့ ထုတ်ပြန်ပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်မှာ ဇန်နဝါရီလ ၁၉ ရက်မှ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ “၂၀၂၂ ခုနှစ် တိုးချဲ့ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေး” မှာ အခုလို ဆုံးဖြတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီအစည်းအဝေးကို SSPP ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစဝ်စေထင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဗဟိုကော်မတီဝင် ၂၆ ဦး၊ အရန်ဗဟိုကော်မတီ ၅ ဦးနဲ့ ဗဟိုရုံးအဖွဲ့ဝင် ၁၄ ဦး တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် အလိုအပ်ဆုံးဖြစ်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ဖို့ လိုအပ်နေတာကြောင့် ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲ ကြိုးပမ်းမယ်လို့ ဆိုပါတယ်။

လက်ရှ နိုင်ငံရေး အကြပ်အတည်းတွေကို အဖြေရှာ ကျော်လွှားနိုင်ဖို့နဲ့ အနာဂါတ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးဟာ လူတစ်စု၊ လူမျိုးတမျိုးတည်းရဲ့ မူပိုင်အရေး မဟုတ်ဘဲ လူမျိုး၊ ဘာသာမရွေး ပြည်ထောင်စုသား တိုင်းရင်းသား လူမျိုးတိုင်းရဲ့ သမိုင်းပေးတာဝန် ဖြစ်တဲ့အတွက် စုပေါင်းတာဝန်ယူ ဖြေရှင်းရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဆင်းရဲဒုက္ခ အပေါင်းနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူလူထုရဲ့ လူနေမှုဘဝ ပြန်လည်ရှင်သန် ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် နည်းလမ်းရှာ ဆောင်ရွက်သွားမှာ ဖြစ်ပြီး လူထုအကျိုးပြု ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းနဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးကို ဆက်လက် ဆောင်ရွက်မယ်လို့ ဖော်ပြထားပါတယ်။

#MeKongNews 
#SSPP
#ဖက်ဒရယ်
#ဒီမိုကရေစီ


ဆက်ဖတ်ရန် →
NUG ယာယီသမ္မတ ဒူဝါလရှီးလ၏ လူမှုကွန်ယက်စာမျက်နှာ တိုက်ခိုက်ခံရ ဆိုရှယ်မီဒီယာအသုံးပြုသည့် တော်လှန်ရေးရဲဘော်များ သတိထားရန် အသိပေး

NUG ယာယီသမ္မတ ဒူဝါလရှီးလ၏ လူမှုကွန်ယက်စာမျက်နှာ တိုက်ခိုက်ခံရ ဆိုရှယ်မီဒီယာအသုံးပြုသည့် တော်လှန်ရေးရဲဘော်များ သတိထားရန် အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီလ၏ လူမှုကွန်ယက်စာမျက်နှာ Facebook Page တိုက်ခိုက်ခံခဲ့ရကြောင်း ယာယီသမ္မတကြီးရုံးက ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ထားသည်။
 ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီအာဏာသိမ်းအုပ်စုအား ဆန့်ကျင်သည့် အနေဖြင့် မြန်မာတစ်နိုင်ငံလုံး၏ တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်အား အောင်ပွဲခံနေကြစဉ် ည ၇ နာရီ၀န်းကျင်တွင် ယာယီသမ္မတ၏ Facebook Page တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ 
 ထိုကဲ့သို့ ယာယီသမ္မတ၏ Facebook Page တိုက်ခိုက်ခံရမှုကြောင့် စာမျက်နှာပေါ်တွင် တင်ထားသည့် အကြောင်းအရာအားလုံး ပျောက်ပျက်ခဲ့ကြောင်း သိရသည်။ ယာယီသမ္မတ၏ Facebook Pageအား နည်းပညာအဖွဲ့မှ ဖေဖော်ဝါရီ ၂ ရက်တွင် ပြန်လည်ရယူနိုင်ပြီး၊ လက်ရှိတွင် ယင်းစာမျက်နှာ လုံခြုံရေးအတွက် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ခဲ့ပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
 စစ်ကောင်စီသည် အွန်လိုင်း တိုက်ခိုက်မှုများကို ယခင်ကထက် ဖိဖိစီးစီး လုပ်ဆောင်လာသည့်အတွက် ဆိုရှယ်မီဒီယာကို အသုံးပြုနေကြသည့် တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မိသားစု၀င်များ အားလုံးလုံး ပိုမို သတိထားကြရန်နှင့် လိုအပ်သည့် နည်းပညာဆိုင်ရာ အကြံဉာဏ်များအား သက်ဆိုင်ရာဌာနများတွင် ရယူပြီး ကြိုတင်ကာကွယ်ရန် တိုက်တွန်းထားသည်။ 
ဆက်ဖတ်ရန် →