ရဲရင့်ငယ် — ၂၁ အောက်တိုဘာ ၂၀၂၆
မူရင်းမှတ်တမ်း: Network for Democracy and Development (NDD), Documentation and Research Department, Mae Sot, Thailand
သုတေသနနှင့် မှတ်တမ်း — ရဲရင့်ငယ်
အပိုင်း ၃ ကို ဒီမှာ ဖတ်နိုင်ပါတယ်
အပိုင်း ၄ ကို ဆက်လက် တင်ပြပါမယ်။
တပ်မတော်က ဖမ်းဆီးခံရပြီး ကြာနေတဲ့ မြန်မာ့လွတ်လပ်ရေး သူရဲကောင်းကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့မိသားစုအပေါ် သူ့ပိုင်ဖက် (စကင်န်တွင် "သုံးပိုင်ဖက်" ဟု ရိုက်နှိပ်ထားသည်) ဖြစ်ခဲ့တဲ့ စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ သူ့မိသားစုက မနာလိုမှုန်တိမ်တိတ်တွေ ရိခဲ့ပြတာကို မြန်မာ့နိုင်ငံရေးသမိုင်း အကြောင်း လေ့လာသီရိဒါသူတွေအနေနဲ့ ကြိုးစားပြီး နားလည်ပေးလို့ ရကောင်းရင်ပါလိမ့်မယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ချိန်မှာ အသက်(၁၅)နှစ်သား အရွယ်သာရှိသေးတဲ့ အညွှန်းသား မောင်သန်းရွှေက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေအပေါ်မှာ ဂုဏ်ပြုလေစား အားကျရမွန်မသီတဲ့ မနာလိုမှုန်တိမ်တိတ်တွေ ဒီလောက်အထိ ပြင်းထန်နေတာကိုတော့ ဘယ်လိုသမိုင်းပညာရှင်မှ နားလည်သဘောပေါက်နိုင်ကြမှာ မဟုတ်ပါဘူး။ စိတ်ပညာရှင်တွေအနေနဲ့ သမိုင်းပညာရှင်တွေထက်စာရင် တစုံတရာ ပိုပြီး နားလည်နိုင်စွမ်း ရှိကြပါလိမ့်မယ်။
အမှန်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သူ့မိသားစုက ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ချစ်ဇနီးအပေါ် ဒီလောက်အထိ နာကျည်းမှုန်းတိန်းနေကြတာဟာ အာဏာရှင်ရောဂါကြောင့်သာ ဖြစ်ပါတယ်။
စောမောင်ကို ဖယ်ထုတ်ပုံ — အာဏာတစ်ဆင့်ပြီးတစ်ဆင့် လွှဲပြောင်းယူခြင်း
ဗိုလ်ချုပ်မှူးကြီး စောမောင်ဟာ ၁၉၈၈ ခုနှစ်ကုန်ပိုင်းလောက်ကစပြီး စိတ်ဝေဒနာခံစားလာရတဲ့အတွက် ၃ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသန်းရွှေ ဦးဆောင်တဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) အဖွဲ့က ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို တဖြည်းဖြည်းချင်း သမ်းယူခဲ့တယ်။
NDD မှတ်တမ်းအရ (ရက်စွဲများ စကင်န်အတိုင်း) —
- နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ဦးအုံးကျော်ထံ လွှဲပြောင်းပေးအပ်ခြင်း
- ကာကွယ်ရေးဝန်ကြီးတာဝန်ကို ဗိုလ်ချုပ်ကြီးသန်းရွှေက လွှဲပြောင်းရယူခြင်း
- ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို လွှဲပြောင်းယူခြင်း
- ဧပြီလ(၂၃)ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ကျန်းမာရေးအကြောင်းပြ အနားပေးလိုက်ပြီး နဝတ ဥက္ကဌရာထူးကို ဗိုလ်ချုပ်ကြီးသန်းရွှေက လွှဲပြောင်းယူခြင်း
- ဧပြီလ(၂၄)ရက်နေ့တွင် နဝတ စစ်အစိုးရရဲ့ ဝန်ကြီးချုပ်ရာထူးကိုပါ တပါတည်း လွှဲပြောင်းရယူခြင်း
တကယ်တော့ ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ အထက်ကပေးတဲ့အမိန့်အတိုင်း လိုက်နာဆောင်ရွက်ခဲ့တဲ့ စစ်သားတစ်ဦးသာ ဖြစ်ပါတယ်။ သူ့မှာ အာဏာကို ရေရှည်ဆုပ်ကိုင်ထားလိုတဲ့ဆန္ဒနဲ့ ကြီးမားတဲ့နိုင်ငံရေးရည်မှန်းချက် မရှိဘူးဆိုတာ သူပြောခဲ့တဲ့မိန့်ခွန်းတွေနဲ့ သူလုပ်ရပ်တစ်ချို့မှာ အထင်အရှား တွေ့နိုင်ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် ကျင်းပပြုလုပ်ပေးပြီးရင် တပ်မတော်က စစ်တန်းလျားကို ပြန်မယ်လို့ ပြောခဲ့ဘူးသလို၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲဖို့ဆိုတာ သူ့အလုပ်မဟုတ်ဘူး၊ သမိုင်းတရားခံအဖြစ်မခံနိုင်ဘူးလို့လည်း လူသိရှင်ကြား ပြောဆိုခဲ့ဘူးပါတယ်။ တကယ်လည်း ၁၉၉၀ မေလ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတအောင် ကျင်းပပြုလုပ်ပေးခဲ့တာ တွေ့နိုင်ပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရရှိသွားတဲ့အခါ အာဏာကို လက်မလွှတ်ချင်ကြတဲ့ နဝတ ဗိုလ်ချုပ်တွေက ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဝိုင်းဝန်းကန့်ကွက် ဖိအားပေးလာကြပါတယ်။ စစ်သားပီပီ ကိုယ်ပြောခဲ့တဲ့ စကား၊ ကိုယ်ပေးခဲ့တဲ့ကတိကို မပျက်ချင်တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ အဓိပ္ပါယ် မရှိတော့တဲ့ စိတ်ပီစိမှုဝေဒနာကို ခံစားခဲ့ရပါတယ်။
၁၉၉၀ — သံဃာ့သပိတ်နှင့် ပတ္တနိကုဇ္ဇနကံဆောင်
သူ့ရဲ့စိတ်ဝေဒနာကို ပိုမိုဆိုးဝါးစေတာကတော့ ၁၉၉၀ ခုနှစ် ဇူလိုင်လ(၂၇)ရက်နေ့မှာ မန္တလေးမြို့ရှိ သံဃာ့သမဂ္ဂအဖွဲ့ချုပ် ကိုင်းဆောင်ပြီး နဝတ စစ်ဗိုလ်ချုပ်တွေအပါအဝင် အာဏာရပိုင်အားလုံးကို "ပတ္တနိကုဇ္ဇန" ကံဆောင် သပိတ်မှောက်ခဲ့ခြင်း ဖြစ်ပါတယ်။ မန္တလေးကစလိုက်တဲ့ ဒီကံဆောင်သပိတ်တိုက်ပွဲဟာ စစ်ကိုင်း၊ မုံရွာနဲ့ ရန်ကုန်မြို့တွေ အပါအဝင် တပြည်လုံးကို တောမီးလို ချက်ချင်းပြန့်နှံ့သွားတဲ့အတွက် ဗိုလ်ချုပ်မှူးကြီးစောမောင် အပါအဝင် နဝတစစ်အုပ်စု တစ်ခုလုံးကို အထူး တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပါတယ်။
အထူးသဖြင့် ရှစ်လေးလုံးအရေးအခင်းမှာ ကျောင်းသားပြည်သူ ရဟန်းရှင်လူ တွေကို ကာယကံမြောက် သတ်ဖြတ်ခဲ့ကြရတဲ့ တပ်မတော်ရဲ့အောက်ခြေပိုင်းကို စိတ်ဓာတ်ရေးရာအရ ပိုမိုထိခိုက် စေခဲ့တာတွေရပါတယ်။ ဗိုလ်ချုပ်မှူးကြီးစောမောင်အနေနဲ့ ဒီကိစ္စကို သိမ်သိမ်မွေ့မွေ့နဲ့ ကိုင်တွယ်ဖြေရှင်းလိုတဲ့ဆန္ဒ ရှိပေမဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေ ဦးဆောင်တဲ့ ခေါင်းမာဂိုဏ်းက အာဏာစက်နဲ့ ခပ်ပြတ်ပြတ်ကိုင်တွယ်ဖို့ အတင်းအကျပ် ဖိအားပေးတောင်းဆိုလာတာကြောင့် သွေးထွက်သံယို ဖိနှိပ်မှုတွေ ပြုလုပ်ခဲ့ရတဲ့အပေါ်မှာလည်း ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ စိတ်ဝေဒနာဟာ ပိုမို ဆိုးဝါးခဲ့ရပါတယ်။
ဗိုလ်ချုပ်ကြီးသန်းရွှေကတော့ နိုင်ငံတော်ရဲ့အာဏာတွေ အားလုံး သူ့လက်ထဲကို ရောက်ရှိလာတဲ့အချိန်ကစပြီး ဗိုလ်ချုပ်မှူးကြီးစောမောင် တာဝန်ခံလုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းမှန်သမျှ သူနဲ့ဘာမှမဆိုင်သလို သဘောထားခဲ့ပါတယ်။ သူ့လက်ထဲ အာဏာကို အဓိကခြိမ်းခြောက်သူဖြစ်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုလည်း ဘယ်တော့မှ အာဏာလွှဲမပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးသန်းရွှေ နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ကို လွှဲပြောင်းယူတဲ့နေ့မှာဘဲ ဖွဲ့စည်းပုံအခြေခံဥပဒရေးဆွဲဖို့ အမျိုးသားညီလာခံခေါ်ယူတဲ့ကြေငြာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
"ရတ်ရတ် ရတ်ရတ်တော့ ဗမာလိုပဲ" — စစ်တိုင်းမှုးသုံးယောက်
စစ်တိုင်းမှုးတွေအပါအဝင် နဝတ စစ်ကောင်စီဝင်(၁၉)ဦးလုံးဟာ မဆလ စစ်အာဏာရှင်ဟောင်းကြီး ဦးနေဝင်း ကိုယ်တိုင် ရွေးချယ်တာဝန်ပေးထားခဲ့သူတွေ ဖြစ်ပါတယ်။ မဆလ စစ်အစိုးရခေတ်မှာ ကာကွယ်ရေးဝန်ကြီးက ဗိုလ်ချုပ်ကြီး သူရကျော်ထင်ဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်ကြီးစောမောင် ဖြစ်ပေမဲ့ တကယ်တော့ သူတို့(၂)ယောက်လုံးဟာ မြန်မာ့တပ်မတော်တစ်ခုလုံးအပေါ်မှာ ဦးနေဝင်းလောက် ဩဇာသက်ရောက်မှု မရှိခဲ့ပါဘူး။ သူတို့ဟာ ရုပ်ပြသဘောလောက်သာဖြစ်ပြီး အာဏာအားလုံးကို ဦးနေဝင်းကသာ ချုပ်ကိုင်ထားခဲ့တာ ဖြစ်ပါတယ်။
အာဏာရှင်ကြီး ဦးနေဝင်းဟာ စစ်တပ်က သူ့ကို အဘခံပုန်ကန်လိုမရအောင်လည်း တပ်မတော်ရဲ့ ထိပ်တန်းတပ်မှူးကြီးတွေအတွင်းမှာ သွေးခွဲအုပ်ချုပ်တဲ့စနစ်ကို ကျင့်သုံးထားတာကြောင့် ၁၉၈၈ခုနှစ်အတွင်း စစ်တပ်က အာဏာလွှဲပြောင်းယူခဲ့ရတဲ့အချိန်မှာ စစ်တိုင်းမှုးအများစုဟာ ၃ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသန်းရွှေကို မသိထားနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစောမောင် ကိုတောင် ရှိသေလေးစားမှုမရှိတာကို အထင်အရှား တွေ့ရပါတယ်။
ခပ်မိုက်မိုက် စစ်တိုင်းမှုးတွေဖြစ်ကြတဲ့ နမခ (ယှ၊ လပခ) တိုင်းမှုး ဗိုလ်ချုပ်ထွန်းကြည်၊ မပခ တိုင်းမှုး ဗိုလ်ချုပ် ကျော်ဘ နဲ့ လပခ တိုင်းမှုး ဗိုလ်ချုပ် အေးသောင်း တို့ဟာ စစ်ရုံးချုပ်က ဗိုလ်ချုပ်ကြီးတွေကို သိပ်ဂရုမစိုက်ပဲ သူတို့လုပ်ချင်ရာတို့ကို လုပ်တတ်သူတွေလို့ဘဲ အဲဒီအချိန်က နာမည်ကြီးခဲ့ပါတယ်။ "ရတ်ရတ် ရတ်ရတ်တော့ ဗမာလိုပဲ၊ ဒို့ (၃)ယောက်ပေါင်းလိုက်ရင် မြန်မာနိုင်ငံကို နှစ်ပိုင်းခွဲပစ်လို့ရတယ်" လို့ (၄)လပတ်အစည်းအဝေးတစ်ခုမှာ စစ်ရုံးချုပ်ကိုတောင် ခပ်ပြောင်ပြောင် ခြိမ်းခြောက်ရဲတဲ့သူတွေ ဖြစ်ပါတယ်။
ဒီလို စစ်တိုင်းမှုးမျိုးတွေ ရှိနေသရွေ့ တပ်မတော်တစ်ခုလုံးကို သူ့လက်သူခြေ ထင်သလို ချုပ်ကိုင် လိုမရနိုင်ဘူးဆိုတာ ကြိုတင်သိရှိ သဘောပေါက်နေတဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေကလည်း ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးလာတဲ့အချိန်ကစပြီး ခပ်စွာစွာ ဗိုလ်ချုပ်တွေကို တပ်မဗိုလ်ချုပ်တွေဖြစ်လာအောင် စနစ်တကျ စတင်လုပ်ဆောင်လာခဲ့တာ တွေ့ရပါတယ်။
၁၉၉၂ ခုနှစ် မတ်လ(၅)ရက်နေ့မှာ စစ်ရေးချုပ် ဗိုလ်ချုပ်မြင့်အောင်ကို လယ်ယာစိုက်ပျိုးရေးဝန်ကြီး၊ နပခ တိုင်းမှုး ဗိုလ်ချုပ် မြသင်းကို သမဝါယမဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။ စစ်ရေးချုပ် ဗိုလ်ချုပ် မြင့်အောင် ဆိုသူကလည်း ခေသူ မဟုတ်ပါဘူး။ ရှစ်လေးလုံးကာလအတွင်း နတခ တိုင်းမှုးအဖြစ်နဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ တာဝန်ထမ်းဆောင်နေစဉ် "တပြည်လုံး ဒီမိုကရေစီရရင်တောင် ငါ့တိုင်းမှုးတော့ မရမယ့်လင့်၊ ငါ့တစ်သက် ဘယ်တော့မှမပေးဘူး" လို့ တင်းတင်းမာမာ ပြောဆိုခဲ့သူတစ်ဦး ဖြစ်ပါတယ်။
၁၉၉၂ စက်တင်္ဘာ — "သုံးယောက်ပေါင်းလောင်းကျော်" ကို တပ်နဲ့အဆက်ဖြတ်
ဗိုလ်ချုပ်ကြီး သန်းရွှေဟာ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို တာဝန်အားလုံးက လုံးဝ ဖယ်ရှားပစ်လိုက်ပြီးတဲ့နောက်ပိုင်းမှာ "သုံးယောက်ပေါင်းလောင်းကျော်" စစ်တိုင်းမှုးတွေဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ နဲ့ ဗိုလ်ချုပ်အေးသောင်း တို့ကိုလည်း ဝန်ကြီးတွေအဖြစ်နဲ့ ကန်တင်လိုက်ပြီး တပ်နဲ့အဆက်ဖြတ်ပစ်ခဲ့ပါတယ်။
- ဗိုလ်ချုပ်ထွန်းကြည် → ကုန်သွယ်ရေးဝန်ကြီး
- ဗိုလ်ချုပ်ကျော်ဘ → ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး
- ဗိုလ်ချုပ်အေးသောင်း → အလုပ်သမားဝန်ကြီး
၁၉၉၂ ခုနှစ် စက်တင်္ဘာ(၂၅)ရက်နေ့မှာ ပြောင်းရွှေ့ခန့်ထားခဲ့တာ ဖြစ်ပါတယ်။ စစ်တိုင်းမှုးတာဝန်တွေကနေ ရပ်သိမ်းပြီး တပ်နဲ့အဆက်ဖြတ်ခံရပေမဲ့ ဗိုလ်ချုပ်အဆင့် စစ်ဘက်ဆိုင်ရာ ရာထူးတွေကို ဆက်လက်ပေးထားတဲ့အပြင် အဲဒီအချိန်က ချိုးချိုးမြက်မြက်လေးစားရတဲ့ ဝန်ကြီးဌာနတွေကိုပေးပြီး နှစ်သိမ့်လိုက်တဲ့အတွက် ခပ်စွာစွာ စစ်တိုင်းမှုးတစ်စု အငိုက်မိသွားခဲ့ကြပါတယ်။
အဲဒီနေ့မှာဘဲ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင် နဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး တင်ထွန်း တို့ကိုလည်း ဒုတိယဝန်ကြီးချုပ်တွေအဖြစ်နဲ့ ပြောင်းရွှေ့ခန့်ထားလိုက်ပြီး လေတပ်၊ ရေတပ်တွေနဲ့ အဆက်ဖြတ်ပစ်လိုက်ပါတယ်။
လစ်လပ်သွားတဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နဲ့ စစ်တိုင်းမှုးတွေနေရာမှာ ဗိုလ်ချုပ်ကြီး သန်းရွှေ ယုံကြည်စိတ်ချရသူတွေနဲ့ အစားထိုးခန့်အပ်ခဲ့ပါတယ်။ တပ်မမှုးနေရာတွေနဲ့ စစ်ရုံးချုပ်က အရေးကြီးတဲ့နေရာတွေမှာလည်း သူ့ရဲ့တပည့်ရင်းတွေကို တာဝန်ပေးခန့်အပ်မှုတွေ ချက်ချင်းပြုလုပ်ခဲ့ပါတယ်။
၁၉၉၃ မတ်လ(၂၇) — သန်းရွှေ ဗိုလ်ချုပ်မှူးကြီးဖြစ်လာပုံနှင့် မောင်အေး
တပ်နဲ့အဆက်ဖြတ်ခံရပြီး အထက်ကို ကန်တင်ခံလိုက်ရတဲ့ ဗိုလ်ချုပ်တွေကို နှစ်သိမ့်ဖို့ကြိုးပမ်းတဲ့အနေနဲ့ ၁၉၉၃ ခုနှစ် မတ်လ(၂၇)ရက်နေ့မှာ ဒုတိယဗိုလ်ချုပ်ကြီးတွေ အဖြစ် ရာထူးတွေတိုးပေးခဲ့ပြီး သူကိုယ်တိုင်လည်း အဲဒီနေ့မှာ ဗိုလ်ချုပ်မှူးကြီးရာထူးကို တိုးမြှင့်ရယူလိုက်ပါတယ်။
အဲဒီနေ့မှာပဲ တစ်နှစ်နီးပါးလောက် လစ်လပ်ထားခဲ့တဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကိုလည်း အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်မောင်အေးကို တိုးမြှင့်ပေးအပ်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်ရဲ့ စစ်ဘက်တာဝန်တွေနဲ့ ရာထူးတွေကို W.E (War Establishment) အရ လိုအပ်ချက်နဲ့အညီ ရေးဆွဲပြောင်းထားတာဖြစ်တဲ့အတွက် ဒုတိယကာကွယ်ရေးဦးစီးချုပ်နေရာကို ဒီလောက်အကြာကြီး လစ်လပ်ထားစရာ အကြောင်းမရှိပါဘူး။ ဒီရာထူးကို ဒီလောက်ကြာကြာ လစ်လပ်ထားခဲ့ရတာဟာ နဝတစစ်ကောင်စီအတွင်းမှာ ဒီတာဝန်၊ ဒီရာထူးအတွက် အုပ်စုကွဲဂိုဏ်းတိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေခဲ့တာကြောင့် ဖြစ်ပါတယ်။
NDD မှတ်တမ်းအရ — ဗိုလ်ချုပ်ကြီးသန်းရွှေအနေနဲ့ ဒီတာဝန်ကို ဗိုလ်ချုပ်မောင်အေးကို သိပ်မပေးချင်ပေမဲ့ ဗိုလ်ချုပ်မောင်အေးနဲ့ စစ်တက္ကသိုလ် (DSA) အပတ်စဉ်တစ်ခုတည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးထွန်းကြည်၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဘ တို့အုပ်စုရဲ့ ထောက်ခံမှုတွေကြောင့် ဗိုလ်ချုပ်မောင်အေးဟာ ကောက်ကောင်းပြသွားပြီး ဒီရာထူးကို ရရှိသွားခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ကျော်ဘ တို့ကလည်း သူတို့ကို တပ်နဲ့အဆက်ဖြတ်ခံလိုက်ရပေမဲ့ သူတို့နဲ့ စစ်တက္ကသိုလ် တစ်ခုတည်း၊ အပတ်စဉ်တစ်ခုတည်းဆင်းတဲ့ ဗိုလ်ချုပ်မောင်အေးသာ တပ်မတော်အကြီးအကဲဖြစ်လာခဲ့ရင် သူတို့အတွက်လည်း အာမခံချက်နဲ့ အခွင့်အရေးတွေ ပိုမိုရရှိလိမ့်မယ်လို့ မျှော်လင့်ပြီး ဗိုလ်ချုပ်မောင်အေးကို ပုံအောထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့ယံုကြည်မျှော်လင့်ထားသလို ဖြစ်မလာဘဲ ဗိုလ်ချုပ်ကြီးမောင်အေးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုကျော်ပြီး ဘာမှမလုပ်ရဲတဲ့အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြိုက်ကိုသာ လိုက်နာလုပ်ဆောင်ပေးလေ့ရှိတဲ့အတွက် ယူကျုံးမရ ဖြစ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
၁၉၉၇ နိုဝင်ဘာ(၁၅) — နဝတမှ နအဖသို့၊ ဒုဗိုလ်ချုပ်ကြီး (၁၃) ဦး ဖြတ်ထုတ်ရှင်း
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုဗိုလ်ချုပ်ကြီးခင်ညွန့်တို့ပေါင်းပြီး ၁၉၉၇ ခုနှစ် နိုဝင်ဘာ(၁၅)ရက်နေ့မှာ နဝတ စစ်ကောင်စီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး(၁၃)ဦး (ဘုန်းမြင့်၊ အောင်ရဲကျော်၊ စိန်အောင်၊ ချစ်ဆွေ၊ မြသင်း၊ မြင့်အောင်၊ ကျော်ဘ၊ ထွန်းကြည်၊ ဖြိုးသွန်း၊ မောင်သင့်၊ အေးသောင်း၊ ကျော်မင်း) တို့ကို အနားလိုက်အပြင်လိုက် ဖြတ်၊ ထုတ်၊ ရှင်း လုပ်ခဲ့ခြင်းမှာ ဗိုလ်ချုပ်ကြီးမောင်အေးက တစုံတရာ ဝင်ရောက်အကာအကွယ်ပေးခြင်း မရှိခဲ့တဲ့အပေါ်မှာလည်း ဒုဗိုလ်ချုပ်ကြီးထွန်းကြည်၊ ကျော်ဘ တို့အုပ်စက ရင်ထုမနာ ဖြစ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၁၉၉၇ ခုနှစ် နိုဝင်ဘာ(၁၅)ရက်နေ့မှာ နဝတ စစ်ကောင်စီအဖွဲ့ဝင် တပြတမကြီးကို ဖယ်ရှားပစ်ခဲ့ပြီး နဝတကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လို့ အမည်ပြောင်းလိုက်တာဟာ နဝတ စစ်အုပ်စုတွင်းက အဖျက်ဂိုဏ်းတိုက်ပွဲ၊ အာဏာလွှဲပြောင်းမှုတွေမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့အဖွဲ့က ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ သူ့ရဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ကို အသုံးချပြီး လက်ဦးမှုရယူလိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ဒီအာဏာသိမ်းပွဲကို ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့လုပ်ခဲ့တဲ့ သဘောမျိုးတော့ မတွေ့ရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖြတ်ထုတ်ဖယ်ရှားခံလိုက်ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး(၁၃)ဦးနဲ့ ဗိုလ်ချုပ်စိုးမြင့်တို့ကို အသစ်ဖွဲ့စည်းလိုက်တဲ့ နအဖ စစ်ကောင်စီရဲ့ အကြံပေးအဖွဲ့အနေနဲ့ တာဝန်ပေးကြောင်း အဲဒီနေ့ရက်စွဲနဲ့ ကြေငြာချက် ထုတ်ပြန်ခဲ့လို့ဖြစ်ပါတယ်။ နဝတ စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး(၁၃)ဦးကို အနားလိုက်အပြင်လိုက် ဖယ်ရှားခဲ့ရတဲ့နောက်ကွယ်မှာ တပ်တွင်းမငြိမ်မသက်ဖြစ်မှုတွေနဲ့ တပ်တွင်းပုန်ကန်မှုတွေ ပေါ်ပေါက်လာမလာဆိုတဲ့ စိုးရိမ်မှုကြောင့်သာ သူတို့ကို အကြံပေးအဖွဲ့အဖြစ် ဟန်ပြတာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဖြတ်ထုတ်ဖယ်ရှားခံလိုက်ရတဲ့ ဗိုလ်ချုပ်ကြီးတွေအတွက် မြန်မာ့တပ်မတော်အတွင်းရဲ့ ဘယ်တပည့်၊ တပန်းကမှ ရာထူးတစ်ဆင့်တိုးတာပေါ့လို့ယူဆပြီး ဝမ်းသာကျေနပ်နေသူတွေသာ ရှိခဲ့ပါတယ်။ တကယ်တော့ မြန်မာ့တပ်မတော်အတွင်းမှာ ရဲဘော်ရဲဘက်စိတ်ဓာတ် ဆိုတာမရှိပါဘူး။ အမျိုးကျက်အမျိုးစား၊ ခေါင်းကျက်ခေါင်းစား၊ စိတ်ဓာတ်မျိုးတွေသာ ရှိပါတယ်။ စစ်တပ်ထဲမှာ အထက်အကြီးအကဲအပေါ် ရှိသေလေးစားရမယ်၊ သစ္စာစောင့်သိရမယ်ဆိုတာတွေက ရာထူးလက်ကိုင်ရှိနေစဉ် ကာလအတွက်သာ ဖြစ်ပါတယ်။ "ဝန်ကတော်သေ တဖက်ကျ၊ ဝန်မင်းသေ တမတ်" ဆိုတာမျိုးလို ကိုယ့်မှာ လုပ်ပိုင်ခွင့်အာဏာရှိနေစဉ် အခိုက်အတန့်လေးအတွက်သာ တပည့်တပန်းတွေ၊ ခြေရင်းသင်းပင်းတွေ ဝိုင်းဝိုင်းလည်နေတာ ဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးတွေကို အနားလိုက်အပြင်လိုက် ဖယ်ရှားလိုက်ပေမဲ့ တပ်မတော်အတွင်းမှာ တစုံတရာ ရိုက်ခတ်မှု ဘာမှမရှိတဲ့အတွက် (၇)လအကြာ ၁၉၉၈ ခုနှစ် ဇွန်လ(၅)ရက်နေ့မှာ အကြံပေးအဖွဲ့ကို ဖျက်သိမ်းလိုက်ကြောင်း နအဖမှ ကြေငြာခဲ့ပါတယ်။ အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ နအဖ စစ်ကောင်စီအဖွဲ့ဝင် (၁၅)ဦးထဲမှာ ၁၉၉၇ ခုနှစ် စက်တင်္ဘာ(၁၈)ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ နဝတစစ်ကောင်စီအဖွဲ့ဝင်တွေအနက် ဗိုလ်ချုပ်ကြီး သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဗိုလ်ချုပ်တင်ဦး တို့ (၄)ဦးသာ ဆက်လက်ပါဝင်တော့ပြီး ကျန်တဲ့အဖွဲ့ဝင်အများစုက ဗိုလ်ချုပ်ကြီးသန်းရွှေ စိတ်ကြိုက်ရွေးချယ်ထားသူတွေ ဖြစ်ကြပါတယ်။
အဲဒီအချိန်ကစပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတွေအားလုံးဟာ စစ်အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့လက်ထဲကို လုံးလုံးလျားလျား ရောက်ရှိသွားတယ်လို့ဆိုနိုင်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
"Bad Cadet" — သန်းရွှေရဲ့ ဘဝဇာတ်ကြောင်း
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၁၉၃၃ ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်တဲ့အတွက် မြန်မာပြည် ပြည်တွင်းစစ်ကြီး စတင်ဖြစ်ပွားခဲ့တဲ့ ၁၉၄၈ ခုနှစ်မှာ (၁၅)နှစ်သားအရွယ်လောက်သာ ရှိပါသေးတယ်။ ကိုသန်းရွှေဟာ ပြည်တွင်းစစ်မီး ပြင်းထန်နေချိန်မှာ စစ်ထဲကိုမဝင်သေးပဲ စာတိုက်စားရေးလေးအဖြစ် (ကိုရွှေမောင်လို့) အမှုထမ်းခဲ့ကြောင်း သိရပါတယ်။ ပြည်တွင်းစစ်အရှိန် အထိုက်အလျောက် လျော့ကျသွားခဲ့တဲ့ ၁၉၅၃ ခုနှစ်မှာ ကိုသန်းရွှေဟာ စာတိုက်စားရေးဘဝနဲ့ သူဘဝတိုးတက်လမ်း မရှိနိုင်ဘူးလို့တွက်ဆပြီး စစ်ထဲကိုဝင်ရောက်ကာ ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၉)ကို တက်ရောက်ခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့အတူ ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၉)ကို တက်ရောက်ခဲ့သူတွေထဲမှာ မိတ္ထီလာမြို့နယ် ရွှေစင်သံဃကျောင်းသား ဒုတိယဗိုလ်မှူးကြီး စိုးညွန့် (ဒီလာစစ်သူ) (နအဖ ဒုတိယပြန်ကြားရေးဝန်ကြီးဟောင်း)၊ ဒုတိယဗိုလ်ချုပ်ကြီး မြသင်း (နဝတ အဖွဲ့ဝင်ဟောင်း) နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြင့် (နဝတ အဖွဲ့ဝင်ဟောင်း) တို့လည်း ပါဝင်ခဲ့ပါတယ်။ ၁၉၅၃ ခုနှစ် ဇူလိုင်(၁၁)ရက်နေ့မှာ ဗိုလ်သင်တန်းဆင်းတဲ့အခါ ဗိုလ်လောင်း စိုးညွန့်ရဲ့ ကိုယ်ပိုင်နံပါတ်က (ကြည်း/၅၅၉၀)၊ ဗိုလ်လောင်း မြသင်းရဲ့ ကိုယ်ပိုင်နံပါတ်က (ကြည်း/၆၆၀၅)၊ ဗိုလ်လောင်း ဘုန်းမြင့်ရဲ့ ကိုယ်ပိုင်နံပါတ်က (ကြည်း/၆၆၅၂) ဖြစ်ပြီး ဗိုလ်လောင်း သန်းရွှေ ကတော့ ကိုယ်ပိုင်နံပါတ် (ကြည်း/၆၇၁၀) နဲ့ နောက်ဆုံးပတ်အဆင့်က အောင်မြင်ခဲ့တာတွေရပါတယ်။ ဗိုလ်သန်းရွှေဟာ အားအားရှိရင် စစ်ဘောင်းဘီအိတ်ထဲကို လက်နှစ်ဖက်လုံးနှိုက်ပြီး ချေထိုင်စည်းစားနေလေ့ရှိတဲ့အပြင် ဗိုလ်သင်တန်းမှာလည်း နောက်ဆုံးအဆင့်ကနေ အောင်မြင်ခဲ့တာတွေကြောင့် (Bad Cadet — အိုင်ဗှိုက်သန်းရွှေ) ဆိုပြီး လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေရဲ့ လှောင်ပြောင်ခေါ်ဝေါ်တာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်သင်တန်းကျောင်းမှာ နောက်ဆုံးအဆင့်ကအောင်ခဲ့တဲ့ ဗိုလ်လောင်းသန်းရွှေဟာ ခုအချိန်မှာတော့ ရဲဘော်တွေအားလုံးကိုဖြတ်ကျော်ပြီး မြန်မာ့တပ်မတော်ရဲ့ထိပ်ဆုံးနေရာကို ရအောင်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အာဏာ၊ နေရာ၊ ပတ်သက်လာရင် ဘယ်သူ့ကိုမှမညှာဘူးဆိုတာ သူ့အတွ ဗိုလ်သင်တန်းတက်ခဲ့ဘူးတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြသင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြင့် တို့ကို ၁၉၉၇ ခုနှစ် နိုဝင်ဘာ(၁၅)ရက်နေ့မှာ ဖြတ်ထုတ်ရှင်း လုပ်ခဲ့တဲ့ဖြစ်ရပ်ကိုကြည့်ရင်ဖြစ်စေ၊ နဝတ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးညွန့်ကို ၂၀၀၃ ခုနှစ် သြဂုတ်လ(၂၅)ရက်နေ့မှာ ဖြတ်ထုတ်ရှင်း လုပ်ခဲ့တာကိုကြည့်ရင်ဖြစ်စေ၊ သိနိုင်ပါတယ်။
တိုက်ပွဲမပါဝင်ခဲ့တဲ့ တပ်မှူး
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်မှုထမ်းမှတ်တမ်းတွေကို လေ့လာကြည့်ရင် သူဟာ တိုက်ခိုက်ရေးမှာ ထူးချွန်တဲ့ တပ်မှူး မဟုတ်ဘူးဆိုတာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ဗိုလ်ကြီးသန်းရွှေဟာ ဗိုလ်ချုပ်နေဝင်းရဲ့ မြေတောင်မြှောက်ပေးမှုအရ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ နိုင်ငံရေးဘက်မှာတော့ နှံ့စပ်ခဲ့တာကို တွေ့ရပါတယ်။
ဗိုလ်ချုပ်နေဝင်း အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ်နဲ့ နိုင်ငံတော်အာဏာကို ပထမဆုံးရယူခဲ့တဲ့အချိန် ၁၉၅၈ ခုနှစ် စက်တဘ်ာလမှာ ဗိုလ်ကြီးသန်းရွှေဟာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှုးရုံး (ကက/ပြည်)ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး ဌာနမှာ တာဝန်ပေးအပ်ခံခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး ဗိုလ်ကြီးသန်းရွှေဟာ ဗိုလ်ချုပ်နေဝင်းရဲ့ စစ်အာဏာရှင်စနစ် ထူထောင်ရေး စီမံကိန်းကြီးမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ စတင်ပါဝင်လာခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။
NDD မှတ်တမ်းက ဗိုလ်ချုပ်မှူးကြီးရဲ့ စစ်မှုထမ်းမှတ်တမ်းတွေကို လေ့လာကြည့်တဲ့အခါ ဗိုလ်မှူးချုပ်ကျော်ဇော ခေါင်းဆောင်တဲ့ မြန်မာ့တပ်မတော် တပ်ဖွဲ့တွေက တရုတ်ဖြူတပ်တွေကို ၁၉၅၄ခုနှစ် မတ်လကစပြီး တိုက်ခိုက်မောင်းထုတ်ခဲ့တဲ့ "ဘုရင့်နောင်စစ်ဆင်ရေး"မှာ ပါဝင်ခဲ့တာကိုလည်း မတွေ့ရ၊ ၁၉၅၅ ခုနှစ် မတ်လမှာစတင်ခဲ့တဲ့ "ရန်ကြီးအောင်စစ်ဆင်ရေး"မှာ ပါဝင်ခဲ့တာကိုလည်း မတွေ့ရပါဘူး။ အဲဒီတိုက်ပွဲစဉ်တွေမှာ ဗိုလ်မှူးချုပ်ကျော်ဇောနဲ့အတူ တလျောက်လုံး လက်တွဲတိုက်ပွဲဝင်ခဲ့သူကတော့ ယခုအထိ နေအိမ်အကျယ်ချုပ်ခံနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရိန်တင်ဦး ဖြစ်ပါတယ်။ ဗိုလ်ကြီးတင်ဦးဟာ ဂျပန်တော်လှန်ရေးမှာသာမက တရုတ်ဖြူတွေကို မောင်းထုတ်တဲ့တိုက်ပွဲတွေမှာပါ ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့အတွက် နိုင်ငံတော်ကချီးမြှင့်တဲ့ "သူရ" ဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။
နေဝင်းရဲ့ မြေတောင်မြှောက်မှုနဲ့ စင်တော်ကောက်ခံရပုံ
ဗိုလ်ချုပ်နေဝင်းဟာ အိမ်စောင့်အစိုးရရဲ့ ဝန်ကြီးချုပ်အဖြစ်နဲ့ အခိုက်အတန့်အာဏာရခဲ့တဲ့ အချိန်တိုကာလ လေးမှာ မကြာခင် သူအကောင်အထည်ဖော်တော့မဲ့ စစ်အာဏာရှင်စနစ်အတွက် ရေခံမြေခံတွေကို စနစ်တကျ စတင်ပြင်ဆင် တည်ဆောက်ခဲ့ပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဝါဒဖြန့်ချိရေး၊ စတဲ့ နယ်ပယ်အသီးသီးမှာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို ပြင်ဆင်တည်ဆောက်မှုတွေထဲမှာ "နိုင်ငံတော်ကြံ့ခိုင်ရေးအသင်း"လည်း တစ်ခုအပါအဝင် ဖြစ်ပြီး ဒီအသင်းကြီးဟာ ပါတီနိုင်ငံရေးနဲ့ ဆက်စပ်ပတ်သက်မှုလုံးဝမရှိတဲ့ သာမန်လူမှုရေးအသင်းအဖွဲ့တစ်ခုသာ ဖြစ်တယ်လို့ ဝါဒဖြန့်ကာ ဝန်ထမ်းတွေနဲ့အရပ်သားတွေကို အတင်းအကျတ် ဝင်ရောက်ခိုင်းခဲ့ပါတယ်။
လူမှုရေးအသင်းလို့ အမည်ခံထားပေမဲ့ အသင်းကြီးရဲ့ဗဟိုကော်မတီ ဒုဥက္ကဌနေရာနဲ့ အတွင်းရေးမှုးနေရာတွေမှာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ညာလက်ရုံးနဲ့ ဘယ်လက်ရုံးတွေဖြစ်ခဲ့ကြတဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ ဗိုလ်မှူးချုပ်မောင်မောင်တို့က ရယူထိမ်းချုပ်ထားခဲ့တာကို ကြည့်ခြင်းအားဖြင့် ဒီအသင်းဟာ စစ်တပ်ခါးပိုက်ဆောင် နိုင်ငံရေး အင်အားစုတစ်ခုသာဖြစ်တယ်ဆိုတာ လူတိုင်း နားလည်ခဲ့ကြပါတယ်။ ဗိုလ်ကြီးသန်းရွှေဟာ ဒီကြံ့ခိုင်ရေးအသင်းကြီးကို ဖွဲ့စည်းထူထောင်ရာမှာ အစအဆုံး ပါဝင်ခဲ့ရတဲ့အတွက် သူကိုယ်တိုင် စစ်အာဏာရှင်ဖြစ်လာတဲ့အခါမှာလည်း စစ်တပ်လက်ကိုင်တုတ် နိုင်ငံရေးအင်အားစုအဖြစ်အသုံးချဖို့ ကြုံဖှေ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကြီးကို ဖွဲ့စည်းဖို့ ၁၉၉၃ ခုနှစ်မှာ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်ပါတယ်။
၁၉၆၂ ခုနှစ် မတ်လ(၂)ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို အပြီးအပိုင်သိမ်းပိုက်လိုက်ချိန်မှာ ဗိုလ်ကြီးသန်းရွှေဟာ တပ်မဟာ(၁)မှာ စိတ်ဓာတ်စစ်ဆင်ရေး အရာရှိ အဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းဟာ နိုင်ငံရေးကို လုံးဝစိတ်ဝင်စားသူ မဟုတ်ပေမဲ့ အဲဒီခေတ်၊ အဲဒီအချိန်က လူတိုင်းစိတ်ဝင်စားနေတဲ့ ဆိုရှယ်လစ်ဝါဒကို ပန်းပြပြီး မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်ဝါဒ အမည်ခံ အာဏာရှင်ဝါဒတစ်ခုကို သွတ်သွင်းဖို့အတွက် ဦးဘငြိမ်း၊ ဦးချစ်လှိုင် တို့ကို ဆရာတင်ပြီး ၁၉၆၃ ခုနှစ် အတွင်းမှာ ပထမနိုင်ငံရေးတက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ စိတ်ဓာတ်စစ်ဆင်ရေးအရာရှိအဖြစ် နှစ်အတန်းကြာ အတွေ့အကြုံရှိနေပြီဖြစ်တဲ့ ဗိုလ်ကြီးသန်းရွှေကိုလည်း အဲဒီတက္ကသိုလ်ကို နည်းပြဆရာတစ်ဦးအဖြစ် ပြောင်းရွှေ့ခန့်အပ်တယ်။
စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဗိုလ်ကြီးသန်းရွှေ တို့ဟာ အဲဒီအချိန်ကစပြီး တစ်ဦးနဲ့တစ်ဦး မကွာခေတ တွေ့ဆုံရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ လူတွေရဲ့စိတ်အကြောင်း နားလည်ထားတဲ့ ဗိုလ်ကြီးသန်းရွှေဟာ ဗိုလ်ချုပ်ကြီးနေဝင်း အပါအဝင် တပ်မတော်ထိပ်ပိုင်းအရာရှိကြီးတွေရဲ့ အားနည်းချက်ကို ရရှိအောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားအားထုတ် ပြင်ခဲ့ပါတယ်။ တဖြေးဖြေးနဲ့ လူကြီးတွေရဲ့အားနည်းချက်ကို ရရှိလာခဲ့တဲ့ ဗဟိုနိုင်ငံရေးတက္ကသိုလ်နည်းပြဆရာ ဗိုလ်ကြီးသန်းရွှေ အတွက် ၁၉၆၇ ခုနှစ်နောက်ပိုင်းကစပြီး စင်တော်ကောက်ခံရမှုအခွင့်အလမ်းတွေ ပေါ်ပေါက်လာခဲ့တာ တွေ့ရပါတယ်။ ကက/ကြည်း က ဗိုလ်ကြီးသန်းရွှေကို ၁၉၆၉ ခုနှစ် သြဂုတ်လအတွင်းမှာ ခမရ(၁၀၁)ကို ဌာနချုပ်တပ်ခွဲမှုးတာဝန်နဲ့ ယာယီပြောင်းရွှေ့ပေးခဲ့ပါတယ်။ (၃)လကျော်အကြာ အဲဒီနှစ် ဒီဇင်ဘာလမှာ ဗိုလ်မှုးအဆင့်ကို တိုးမြှင့်ပေးလိုက်ပြီး စစ်ဦးစီးမှုး (ဒုတိယတန်း) အဖြစ်နဲ့ ကက/ကြည်းကို ခေါ်ယူတာဝန်ပေးအပ်တာ ခံခဲ့ရပါတယ်။ ဗိုလ်မှုးသန်းရွှေဟာ ကက/ကြည်းမှာ တာဝန်ထမ်းဆောင်နေစဉ် အထက်လူကြီးတွေသဘောကျအောင် နေထိုင်ပြင်ခဲ့တဲ့အတွက် နောက်ပိုင်းမှာ ခလရ(၁) တပ်ရင်းမှုး၊ စစ်ဦးစီးမှုး (ပထမတန်း)၊ တပ်မ(၈၁) စစ်ဗျူဟာမှုး၊ တပ်မ(၈၁) တပ်မမှုး၊ နတခ တိုင်းမှုး၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် စတဲ့ ထိပ်ပိုင်းရာထူးတွေကို တစ်ဆင့်ပြီး တစ်ဆင့်ရရှိလာခဲ့တာ ဖြစ်ပါတယ်။
ဦးနေဝင်းနှင့် အကွဲအပြဲ
ဒုဗိုလ်လေးဘဝကနေ ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ကာလအထိ တလျောက်လုံး ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ဩဇာလွှမ်းမိုးမှုကို ခံခဲ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့လက်ထဲကို နိုင်ငံတော်အာဏာတွေ ရောက်ရှိလာတဲ့ ၁၉၉၂ ခုနှစ် နောက်ပိုင်းကစပြီး ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ဩဇာလွှမ်းမိုးမှုအောက်က ရုန်းထွက်နိုင်ဖို့အတွက် အမျိုးမျိုး ကြိုးပမ်းအားထုတ်လာတာ တွေ့ရပါတယ်။
ဦးနေဝင်းနဲ့သူမိသားစုကို ပေးအပ်ထားတဲ့အခွင့်အရေးတွေကို ပြန်လည်ရုပ်သိမ်းခဲ့တဲ့အပြင် ဦးနေဝင်းရဲ့ မကောင်းကြောင်းတွေကိုလည်း အာဏာသိမ်းစစ်ကောင်စီ (၄)လပတ်အစည်းအဝေးတွေမှာ တရားဝင် ထုတ်ဖော်ပြောဆိုတာတွေ ပြုလုပ်လာခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ တော်ဝင်မိသားစုကလည်း သူတို့အပေါ် တစ်ချိန်က ဦးနေဝင်းနဲ့ သူမိသားစုရဲ့ မောက်မောက်မာမာ ဆက်ဆံခဲ့ပုံတွေနဲ့ ဦးနေဝင်းရဲ့ မြေးတွေဖြစ်ကြတဲ့ အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲးနေဝင်း တို့ရဲ့ ဆိုးသွမ်းရမ်းကားမှုသတင်းတွေကို သူတို့နဲ့ရင်းနှီးတဲ့ ဗိုလ်ချုပ်ကတော်တွေကို မကြာခေတ ပြောပြလေ့ရှိတယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဂိုဏ်းသား ဗိုလ်ချုပ်တွေကလည်း သူ့စကားတွေကို သံယောင်လိုက်ပြီး ဦးနေဝင်း ခေါင်းဆောင်တဲ့ မဆလအစိုးရရဲ့ မှားယွင်းတဲ့ပေါ်လစီတွေနဲ့၊ ညံ့ဖျင်းတဲ့စီမံခန့်ခွဲမှုတွေကြောင့် တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ တိုးတက်သင့်သလောက် မတိုးတက်ခဲ့တာဖြစ်တယ်ဆိုပြီး သူတို့ရဲ့မိန့်ခွန်းတွေမှာပါ ထည့်သွင်း ဝေဖန်ပြောဆိုလာကြတာ တွေ့ရပါတယ်။ စစ်အစိုးရထိမ်းချုပ်ထားတဲ့ စာနယ်ဇင်းတွေကလည်း နောက်ပိုင်းမှာ ဒီအကြောင်းအရာတွေကို ပြောင်ပြောင်တင်းတင်း ရေးသားဖော်ပြလာကြတာ တွေ့ရပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သူ့ရဲ့ခေါင်းမာဂိုဏ်းဟာ သူတို့ရဲ့ အာဏာတည်ဆောက်မှု ခိုင်မာလာတာနဲ့အမျှ ဗိုလ်ချုပ်ခင်ညွန့် အပါအဝင် ဦးနေဝင်းမိသားစုနဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးကြတဲ့ ဗိုလ်ချုပ်တွေရဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း တစတစနဲ့ ထိမ်းချုပ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ပိုမို လက်ရဲကော်ရဲဖြစ်လာပြီး တစ်ဦးချင်းအလိုက်ဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ၊ ဖြတ်ထုတ်ရှင်းတာတွေကိုပါ ဆက်တိုက်ပြုလုပ်ခဲ့ကြပါတယ်။
၂၀၀၁ — ဦးနေဝင်းရဲ့ (၉၁) နှစ်မြောက်မွေးနေ့နှင့် အရိပ်ခိုးကြည့်မှုများ
၁၉၉၇ ခုနှစ် နိုဝင်ဘာလမှာ နဝတ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး တာဝန်လောက် အနားလိုက်အပြင်လိုက် ဖြတ်ထုတ်ရှင်း ခံလိုက်ရပြီးနောက်ပိုင်းမှာ တပ်မတော်အတွင်း ကျားသေကို အသက်ပြန်သွင်းပေးဖို့ရည်ရွယ်တဲ့ လှုပ်ရှားမှုတချို့ စတင်ပေါ်ပေါက်လာတာ တွေ့ရပါတယ်။ ပထမဆုံး ထင်သာမြင်သာ လုပ်ရှားလာခဲ့သူကတော့ တစ်ချိန်က စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ညာလက်ရုံးဖြစ်ခဲ့ဘူးတဲ့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် အောင်ကြီးဟာ ၁၉၉၈ ခုနှစ် ဇွန်လအတွင်း အမေရိကန်ကိုသွားရောက်ခဲ့ပြီး အမေရိကန်နိုင်ငံမှာခိုလှုံနေတဲ့ လုပ်ဖော်ကိုင်ဖက် ဗိုလ်မှူးချုပ်မောင်မောင် နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ရောက်ရှိနေစဉ် VOA, RFA စတဲ့ အသံလွှင့်ဌာနတွေနဲ့တွေ့ဆုံခဲ့ပြီး လက်ရှိ နအဖ စစ်အစိုးရနဲ့ NLD ပါတီ တို့ကို ပြစ်ပြစ်နှစ်နှစ် ဝေဖန်ပြောဆိုတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအခြေအနေတွေကို ဝင်ရောက်ထိမ်းသိမ်းပေးနိုင်သူဟာ ဗိုလ်ချုပ်ကြီးနေဝင်း တစ်ဦးတည်းသာရှိကြောင်းနဲ့ အချိန်မီဝင်ရောက်ထိမ်းသိမ်းပေးဖို့ ဗိုလ်ချုပ်ကြီးနေဝင်းကို မေတ္တာရပ်ခံကြောင်း ပြောဆိုခဲ့ပါတယ်။
အဲဒီနောက်မှာ နှစ်အတန်ကြာ တိမ်မြုပ်ပျောက်ကွယ်နေခဲ့တဲ့ စစ်အာဏာရှင်ဟောင်းကြီး ဦးနေဝင်းရဲ့ လှုပ်ရှားမှု တချို့ ပြန်လည်ပေါ်ပေါက်လာခဲ့တာ တွေ့ရှိရပါတယ်။ ၂၀၀၁ ခုနှစ် မတ်လ(၂၁)ရက်နေ့မှာ ဦးနေဝင်းရဲ့ (၉၁)နှစ်မြောက် မွေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ အင်းယားကန်စောင်းက ဆိမ့်နာဟိုတယ်မှာ တခန်းတနား ကျင်းပပြုလုပ်ခဲ့တဲ့အပြင် အဲဒီမွေးနေ့ပွဲကို ရိုက်ကူးထားတဲ့ ဗီဒီယိုခွေတွေဟာလည်း ပြည်တွင်းပြည်ပမှာ ချက်ချင်းပြန့်နှံ့သွားခဲ့တာ တွေ့ရပါတယ်။ ဗီဒီယိုခွေတွေထဲမှာ ဦးနေဝင်းဟာ ကျန်းမာစွာနဲ့ စည်စည်တို့ကို ပြုံးပြုံးရွှင်ရွှင် ဧည့်ခံနှုတ်ဆက်နေပုံတို့ကို ဖော်ပြထားတယ်။ အဲဒီနှစ် အောက်တိုဘာလဆန်းပိုင်းမှာ ဦးနေဝင်းရဲ့ စင်္ကာပူနိုင်ငံကိုဆေးကုဖို့ သွားရောက်ခဲ့တဲ့သတင်း၊ ဆေးကုရာကပြန်လာပြီးနောက် ကျန်းမာရေးအခြေအနေ အရမ်းကောင်းမွန်နေတဲ့သတင်းနဲ့ မကြာခင် ထိုင်းဘုရင်မင်းမြတ်နဲ့ တွေ့ဆုံဖို့ ထိုင်းနိုင်ငံကို လာရောက်ဖို့ရှိတဲ့သတင်းတွေ ဆက်တိုက်ပေါ်ထွက်လာတာကိုလည်း တွေ့ခဲ့ရပါတယ်။
ဦးနေဝင်းရဲ့မွေးနေ့အခမ်းအနားကို နအဖ စစ်အစိုးရကိုယ်တိုင် ကမကထလုပ်ပြီး ကျင်းပပေးခဲ့သယောင် ထင်ရပေမဲ့ လက်တွေ့မှာတော့ ဆိမ့်နာဟိုတယ်မှာ ကျင်းပတဲ့အခမ်းအနားကို နအဖ ထိပ်တန်းဗိုလ်ချုပ်ကြီးတွေနဲ့ ဝန်ကြီးအဖွဲ့ဝင်တွေ အပါအဝင် အစိုးရအရာရှိကြီးတွေအားလုံး မတက်ရောက်ဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိန့်ထုတ် ညွှန်ကြားခဲ့ကြောင်း သိရှိရပါတယ်။ သတင်းယူဖို့အတွက် အလယ်အလတ်အဆင့်ရှိတဲ့ နအဖစစ်ဗိုလ်(၂)ဦးသာ တက်ရောက်ခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်တွေကို လေ့လာကြည့်မယ်ဆိုရင် အသက်အရွယ်လည်းကြီး နိုင်ငံရေးလည်းသေနေပြီဖြစ်တဲ့ စစ်အာဏာရှင် ဟောင်းကြီး ဦးနေဝင်းကို ပြန်လည်အသက်သွင်းဖို့ရည်ရွယ်ချက်နဲ့ အင်အားစုတစ်ခုက စနစ်တကျ ပြင်ဆင်လုပ်ရှားခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း ဒီလုပ်ရပ်တွေရဲ့နောက်ကွယ်က ရည်ရွယ်ချက်ကို သတိထားမိလိမ့်မယ်လို့ ယူဆရပါတယ်။ အကြောင့် ဦးနေဝင်းမိသားစုနဲ့ သူတို့အသွင်းအဝန်းက ပုဂ္ဂိုလ်များကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့ သူရဲ့လူယုံတော် စစ်ထောက်လှမ်းရေး ဒုတိယညွှန်ကြားရေးမှုး ဗိုလ်ချုပ်ကျော်ဝင်းကို သီးသန့်တာဝန်ပေးခဲ့ပါတယ်။ ဦးနေဝင်း မိသားစုနဲ့ ပုဂ္ဂိုလ်ရေးနီးစပ်မှုရှိတဲ့ စစ်ထောက်လှမ်းရေးအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်ကို လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ ပေးထားသယောင် လူမြင်ကွင်းမှာပြသထားပေမဲ့ လူမလိုမရအောင် အထက်အောက်ညှိပြီး ထိမ်းထားတဲ့ အတွက် ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ စိတ်ဓာတ်ကျပြီး နှုတ်ထွက်ဖို့အထိ စဉ်းစားခဲ့ဘူးကြောင်း၊ ဒါပေမဲ့ သူ့ကိုအားကိုးပြီး —
(မှတ်ချက်: စကင်န် စာမျက်နှာ ၁၇ သည် ဤနေရာတွင် စာပိုဒ်အလယ်၌ ပြတ်နေသည်။ နောက်အပိုင်းအတွက် စာ ၁၈ မှစ၍ ဆက်လက်ထုတ်ယူပါမည်။)
နောက်အပိုင်း (အပိုင်း ၅) တွင်
ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အားကိုးပြီး ဆက်လက်တိုးဝင်လာတဲ့ ဦးနေဝင်းမိသားစုရဲ့ လှုပ်ရှားမှုများ၊ ၂၀၀၂ ခုနှစ်တွင် ဦးနေဝင်း ကျဆုံးခန်းဆုံး၊ နေဝင်းမိသားစုအပေါ် အရေးယူမှုများနှင့် နေဝင်းခေတ်ကို အပြီးတိုင် ပိတ်သိမ်းလိုက်ပုံ — အပိုင်း ၅ တွင် ဆက်လက် တင်ပြပါမယ်။
မူရင်းမှတ်တမ်း: Network for Democracy and Development (NDD), Documentation and Research Department, Mae Sot, Thailand — "ကြတ်ပြေး နန်းတွင်းအရှုပ်တော်ပုံ" စာအုပ်၊ စကင်န် စာမျက်နှာ ၁၂–၁၇