နောက်ဆုံးရ

အောက်တန်းစားကိုဆရာခေါ်ခိုင်းလို့ဆဲပြီးအလုပ်ထွက်လာတဲ့ပန်ဆယ်လို

https://youtu.be/q0trdK2w2II ကြက်သားလေးကို ပန်ဆယ်လို ဆဲပြီ

 အောက်တန်းစားကိုဆရာခေါ်ခိုင်းလို့ဆဲပြီးအလုပ်ထွက်လာတဲ့ပန်ဆယ်လို

  https://youtu.be/q0trdK2w2II

ဆက်ဖတ်ရန် →
ဆရာတော် မင်းသုည ဘုန်းကြီးကျောင်းကို စစ်တပ် ဝင်စီး

ဆရာတော် မင်းသုည ဘုန်းကြီးကျောင်းကို စစ်တပ် ဝင်စီး

ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃

ဆရာတော် မင်းသုည ( ဗုဒ္ဓတက္ကသိုလ် ) သီတင်းသုံးနေ ထိုင်ခဲ့သော ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအားစစ်တပ်ကဝင်ရောက်စီးနင်းပြီးကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယသုံးဦးအားဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ဆရာတော် မင်းသုညက "ဖေဖော်ဝါရီလ ၂၆ ရက် လာဖမ်းတာ၊ စစ်တပ်ရယ် BGF ရယ်၊ မဘသရယ် ပါ တယ်။ အခုထိတော့ ဖမ်းသွားတဲ့သူတွေရဲ့သတင်းအစအန ဘာမှမကြားရသေးဘူး" ဟု မိန့်သည်။ဆရာတော် မင်းသုညသည်စစ်တပ်က အာဏာသိမ်းပြီးနောက် လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်လာခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် လူငယ်များကိုယ်ကျင့်သီလ ကောင်းစေရန် တစိုက်မတ်မတ် ဟောပြောလျက်ရှိ သည့် ဘုန်းကြီးတပါးလည်း ဖြစ်သည်။လက်ရှိအချိန်အထိ ဆရာတော် မင်းသုည သီတင်းသုံးနေထိုင်ခဲ့သည့် ဘုန်းကြီးကျောင်းအား စစ်တပ်နှင့် BGF တပ်များဝိုင်းထားပြီး မဘသ ဘုန်း ကြီးများက အဆိုပါကျောင်းတွင် နေထိုင်နေကြကြောင်း ဒေသခံအချို့ကပြောသည်။



 

ဆက်ဖတ်ရန် →
NUG အစိုးရသာလျှင် တည်ငြိမ်ရေးနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို အာမခံ ချက်ပေးနိုင်၍ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရန်  တရုတ်နိုင်ငံကို တိုက်တွန်း

NUG အစိုးရသာလျှင် တည်ငြိမ်ရေးနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို အာမခံ ချက်ပေးနိုင်၍ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရန် တရုတ်နိုင်ငံကို တိုက်တွန်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ခေတ်သစ်

တိုင်းရင်းသားပေါင်းစုံပါဝင်နေသော အမျိုးသားညီညွတ်ရေးအစိုးရသာလျှင် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးနှင့် ပြည်ပ ရင်းနှီးမြုပ်နှံမှုများကို အာမခံချက် ပေးနိုင်၍ မြန်မာပြည်သူများနှင့် အတူ ရပ်တည်ရန် အိမ်နီးချင်း တရုတ်နိုင်ငံကို NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုလိုက်သည်။

ယနေ့ ကျင်းပေသာ NUG အစိုးရ၏ ၈ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

"လွန်ခဲ့တဲ့ ရက်အတွင်း တရုတ်နိုင်ငံအထူးကိုယ်စားလှယ်အနေဖြင့် မြောက်ပိုင်း တွင် အခြေပြုသော တိုင်း ရင်းသားလက်နက်ကိုင်တွေနဲ့ လာရောက်တွေ့ဆုံမှုကို သတင်းမီဒီယာတွေကတဆင့် ကြားသိခဲ့ရပါ တယ်။  ကျနော်တို့ရဲ့ ရပ်တည်ချက် ဟာ အာဏာရှင်စနစ် ဖျက်သိမ်းပြီး တည်ငြိမ်တဲ့ အစိုးရတရပ်ကို ဖွဲ့စည်းထူ ထောင် နိုင်ဖို့ဖြစ်ပါတယ်။ လက်ရှိစစ်အစိုးရဟာ တိုင်းပြည်ကို တည်ငြိမ်မှု မပေးနိုင် တာ သမိုင်းတလျှောက် အကြိမ်ကြိမ်အာဏာသိမ်းမှုများနဲ့ ကြုံတွေ့ ခဲ့ရပြီးဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ လက် အောက် မှာ တိုင်း ပြည်နဲ့ လူထုရဲ့ ထွက်ပေါက်/ တိုးတက်မှုလမ်းကြောင်း မရှိပါဘူး။ လက်ရှိ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားပြီး  ပိုမိုစုံလင်တဲ့ စုဖွဲ့မှုကိုလည်း တိုးချဲ့ဖို့ စိတ်ဆန္ဒရှိပါတယ်။ ကျနော်တို့အစိုးရက သာ တိုင်းပြည်ရဲ့ တည်ငြိမ်မှုနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို အာမခံချက် ပေးနိုင်မှာ ဖြစ်ပါတယ်။ အိမ်နီးချင်း နိုင်ငံတွေ အနေဖြင့်လည်း စစ်အုပ်စုရဲ့ အာဏာ သိမ်းမှုနဲ့ နေ့စဥ်နှင့်အမျှ အကြမ်းဖက် လုပ်ရပ်တွေကြောင့် လက်ရှိ ကျနော် တို့ နိုင်ငံရဲ့ တိုင်းရင်း သားပြည်သူလူထုတွေ တွေ့ကြုံနေရတဲ့ အခက် အခဲ စိန်ခေါ်မှုတွေကို စာနာပြီး ရပ်တည်ပေးကြဖို့ ကျနော်တို့ မျှော်လင့်လျက် ရှိပါတယ်" ဟု ယာယီသမ္မတဒူဝါလရှီးလက‌ ပြောဆိုသည်။   

လက်ရှိတွင် အကြမ်းဖက် မင်းအောင်လှိုင် စစ်တပ်က ရက်စက်သော လူမဆန် သော သတ်ဖြတ်မှုများကို အစွမ်းကုန် ကျူးလွန်နေပြီး အကြောက်တရားဖြင့် ဖိနှိပ်ရန် ကြိုးပမ်းနေကြောင်း ၊ ပြည်သူလူထုနှင့်အတူ NUG အစိုးရကလည်း အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောဆိုသည်။

"မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကြောင့် သိန်းနှင့်ချီတဲ့ ပြည်သူလူထုတွေ မိမိ အိုး အိမ် ကို စွန့်ပြီး  စစ်ပြေး ဒုက္ခ သည်အဖြစ် ရောက်နေကြရပါတယ်။ နေ့စဥ်နှင့် အမျှ အကြမ်းဖက်စစ်အုပ်စုမှ အပြစ်မဲ့ ပြည်သူတွေကို လူမဆန်စွာ သတ်ဖြတ် နေပြီး စစ်အုပ်စုရဲ့ အကြမ်းဖက်ဆန်မှုကို ကမ်းကုန်အောင် ကျူးလွန်နေကြ ပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ လူထုကို အကြောက်တရားနဲ့ ဖိပြီး အုပ်ချုပ် လို့ ရမယ်လို့ ထင်နေပါတယ်။  လက်တွေ့အမှန်က လူထု တရပ် လုံးဟာ စစ်အုပ်စုရဲ့ ရက်စက်မှုကို ခါးသီးနေကြပြီ ဖြစ်ပါတယ်။ စစ်အုပ်စုကို လက်လျော့အရှုံးမပေးဘဲ အဆုံးအထိ တိုက်ပွဲဝင်ဖို့ အားလုံးက ဒီနေ့အထိ စိတ် ဆန္ဒပြင်းပြ နေကြဆဲဖြစ်ပါတယ်" ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆို သည်။

ယာယီသမ္မတက စစ်အာဏာရှင် တော်လှန်ရေး အရှိန်မြှင့်တင်သွားရန် လိုအပ် ကြောင်း ယနေ့ အစိုးရအဖွဲ့အစည်းအဝေးတွင် ထပ်မံ တိုက်တွန်း ပြောဆို ထားသည်။


 

ဆက်ဖတ်ရန် →
မြောက်ဥက္ကလာပရှိ ထောက်လှမ်းရေးတပ်ကိုဝင်ရောက် ပစ်ခတ်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံး၊

မြောက်ဥက္ကလာပရှိ ထောက်လှမ်းရေးတပ်ကိုဝင်ရောက် ပစ်ခတ်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံး၊

မြောက်ဥက္ကလာပရှိ  ထောက်လှမ်းရေးတပ်ကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ဝင်ရောက် ပစ်ခတ်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံး၊ ရန်ကုန်ရှိ စစ်ရေးပစ်မှတ်များကို ဒုတိယလှိုင်းဖြင့် စတင်တိုက်ခိုက် (ရုပ်/သံ)
ရုပ်သံကြည့်ရန်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရန်ကုန်ခေတ်သစ်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဘေလီတံတားအနီးရှိ ထောက်လှမ်းရေးတပ်ကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ဝင်ရောက်ပစ်ခတ်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးကြောင်း ရန်ကုန်တိုင်း၊ ပြည်သူ့တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၁၀ နာရီ ၅၁ မိနစ်အချိန်  ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ က MISSION IMPOSSIBLE 1 (MI1) mission အဖြစ် ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရှိ စရတ(ထောက်လှမ်း‌ရေးတပ်) ကို ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ  အနည်းဆုံး ၁၀ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။
"ကျမတို့က ပြည်သူကို အသိပေးထားခဲ့တဲ့အတိုင်း ရန်ကုန်ကို လှိုင်းသုံးလှိုင်းနဲ့ တိုက်ဖို့ အစီ အစဥ်အရ အခု ဒုတိယလှိုင်းဖြစ်တဲ့ သိမ်းငှက်လှိုင်း (Eagle Wave) ကိုစတင်လိုက်တာပါ။ ဒီ Mission တွေကို အရင်ကလုပ်ခဲ့တဲ့ Justice Lady mission တွေအတိုင်း Mission Impossible လို့ အမည်ပေးထားပါတယ်။ အခုဟာက MI 1 ပါ" ဟု ရန်ကုန်တိုင်း ပြည်သူ့ တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 
ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်အချိန် မြောက်ဥက္ကလာတွင် သေနတ်သံများ ဆက်တိုက်ကြားရပြီး လူနာတင်ကား သံများ အဆက် မပြတ် ကြားရကြောင်း သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

ဆက်ဖတ်ရန် →
မြန်မာစစ်တပ်အပေါ်  အကန့်အသတ်ရှိလာပြီဖြစ်သည့် တရုတ်၏ ထောက်ခံမှုများ

မြန်မာစစ်တပ်အပေါ် အကန့်အသတ်ရှိလာပြီဖြစ်သည့် တရုတ်၏ ထောက်ခံမှုများ


By Jason Tower ခေတ်သစ်

စစ်ကောင်စီ၏ အနေအထား ပိုမိုအားနည်းလာသည်နှင့်အမျှ တရုတ်သည် မြန်မာနိုင်ငံ၌ ဩဇာအာဏာ တိုးချဲ့နိုင်ရေးအမြင်ဖြင့် ၎င်း၏ချဉ်းကပ်မှုကို ပြန်လည်တွက်ချက် ကစားလာခဲ့သည်။

ဒီမိုကရေစီအင်အားစုများကို နှိမ်နှင်းနေသည့် မြန်မာစစ်ကောင်စီအပေါ် တရုတ်၏ ထောက်ခံမှုနှင့် ၎င်းတို့ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် စစ်တပ်ကို တာဝန်ယူစေရေး နိုင်ငံတကာအသိုင်းအဝိုင်း၏ အားထုတ်မှုများမှ တရုတ်၏ အကာအကွယ်ပေးနေမှုတို့တွင် အကန့်အသတ်များရှိကြောင်း ၂၀၂၂ ခုနှစ် နှောင်းပိုင်းမှစတင်၍  ဘေဂျင်းက အရိပ်အမြွက် အချက်ပြလာခဲ့သည်။

အထူးသဖြင့် စစ်ကောင်စီအား နိုင်ငံတကာ ထောက်ခံမှုရရှိရေး ၎င်း၏ကြိုးပမ်းမှုများကြောင့် အရှေ့တောင် အာရှဒေသနိုင်ငံများနှင့် တရုတ်၏ဆက်ဆံရေးအပေါ် သက်ရောက်လာမှု၊ ကမ္ဘာ့ကုလသမဂ္ဂ၌ တရုတ်၏ ဂုဏ်သိက္ခာကို ထိခိုက်လာမှု စသည့် နိုင်ငံရေးအရ နစ်နာဆုံးရှုံးမှုများ ရှိလာသည့်အခါ ဘေဂျင်းက စစ်ကောင်စီအား ဆက်လက်ထောက်ခံရန် မလိုလားကြောင်း အထင်အရှား ပြသလာခဲ့သည်။ 

မြန်မာစစ်ဗိုလ်ချုပ်ကြီးများအပေါ် တစ်ကမ္ဘာလုံး၏ ဖိအားများ ကြီးထွားလာသည့်အချိန်တွင် စစ်တပ်ကို တွန်းလှန်တိုက်ခိုက်လျက်ရှိသော မြန်မာနိုင်ငံမှ အားကြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO) များ သို့မဟုတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDFs) အား အနောက်နိုင်ငံများ၏ ထောက်ခံမှု တိုးမြင့်လာနိုင်သည့် အရိပ်လက္ခဏာများကို တရုတ်တို့က အထူးစိုးရိမ်မကင်း ဖြစ်လျက်ရှိသည်။ 

အဆိုပါ ထောက်ခံမှုများ တိုးမြင့်လာကြောင်း တရုတ်အစိုးရက သိရှိနားလည်လာသည့်အလျောက် မြန်မာ့ပဋိပက္ခ၏ အပြီးသတ်လမ်းကြောင်းကို ပုံဖော်နိုင်ရေး မြန်မာစစ်တပ်နှင့်သာမက တရုတ်၏အနီးကပ် ဩဇာစက်ကွင်းကျရောက်ရာ နယ်စပ်တစ်လျှောက် လှုပ်ရှားနေသည့် အင်အားအကြီးဆုံး EAO များနှင့်ပါ မဟာဗျူဟာကျသည့် ဆက်ဆံရေးကို အကောင်းဆုံး တည်ဆောက်ရမည်ဖြစ်ကြောင်း ဘေဂျင်းက အခိုင်အမာ ပိုမိုရှုမြင်လာခဲ့သည်။

ပြဿနာအခက်အခဲမျိုးစုံကြားမှ စစ်တပ်ကိုသာ အားပေးထောက်ခံ နေမည့်အစား ဘေဂျင်းသည် စစ်တပ်နှင့် အင်အားကြီး EAO အဖွဲ့များဟူသော နှစ်ဖက်စလုံးအတွက် အကူအညီများ တိုးမြှင့်ပေးအပ်၍ မြန်မာ့အရေး၌ တရုတ်၏ ဩဇာလွှမ်းမိုးမှုနယ်ပယ်ကို အကြီးအကျယ် တိုးမြှင့်ရန် ရည်ရွယ်လာသည်။ ထိုအခါ စစ်တပ်နှင့် EAO များ၏ အစဉ်အလာ ပိုနေမြဲကျားနေမြဲ အခြေအနေအား ခြိမ်းခြောက်နိုင်ရေး ဒီမိုကရေစီ အင်အားစုများအကြား ခိုင်မာသော မဟာမိတ် ဖွဲ့စည်းနိုင်မှုစွမ်းရည်ကို ဤချဉ်းကပ်မှုအသစ်က စိန်ခေါ်လျက်ရှိသည်။

အကြောင်းရင်းမှာ အဆိုပါချဉ်းကပ်မှုကြောင့် အနောက်အုပ်စု၏ထောက်ခံမှုဖြင့် ဆင်နွှဲနေသော တော်လှန်ရေးဟု တရုတ်တို့က ရှုမြင်ထားသည့် လက်ရှိဒီမိုကရေစီ လှုပ်ရှားမှုများမှ မြောက်ပိုင်းဒေသ EAO များအား ခပ်ကင်းကင်း ခပ်ခွာခွာနေလာစေနိုင်သောကြောင့် ဖြစ်သည်။

မကြာသေးမီကအတည်ပြုခဲ့သော မြန်မာအက်ဥပဒေ(Burma Act) ပါပြဋ္ဌာန်းချက်များအား အကောင် အထည်ဖော်မည့်နည်းလမ်းများကို အမေရိကန်ပြည်ထောင်စုက သုံးသပ်ဆင်ခြင်သည့်အခါ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်ခံအမတ်များပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် EAO များအကြား ဖွဲ့စည်းထားသည့် အားလုံးပါဝင်သော ညွန့်ပေါင်းအဖွဲ့များအား ထောက်ပံ့ကူညီရေးကို အဓိက ဦးစားပေးအဖြစ် ထည့်သွင်းစဉ်းစားသင့်သည်။ 

Burma Act အရ အကူအညီပေးရာတွင် အထက်ပါ အဖွဲ့များ၏ မဟာမိတ်ပြုမှုအပေါ် ထိခိုက်နိုင်ချေရှိမှုနှင့် အကျိုးပြုနိုင်မှု အလားအလာများကိုလည်း ဂရုတစိုက် စဉ်းစားဆင်ခြင်သင့်ကြသည်။

အာဏာသိမ်းမှုအပေါ် တရုတ်၏ ဝေ့လည်ကြောင်ပတ်တုံ့ပြန်မှု
=================

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်က မင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်းမှု ဖြစ်ပွားပြီးလျှင်ပြီးချင်း တရုတ်တို့က အခြေအနေကို စောင့်ကြည့်မည့် သဘောထားကို စတင် ကျင့်သုံးခဲ့ကာ စစ်တပ်နှင့် သော်လည်းကောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်၏ တစ်စိတ်တစ်ပိုင်း အဖြစ် ဒေါ်လာဘီလီယံနှင့်ချီ အကုန်အကျခံတည်ဆောက်မည့် အခြေခံအဆောက်အအုံ စီမံကိန်းများ အတွက် မိတ်ဖက်ပြုထားပြီး ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နှင့်သော်လည်းကောင်း၊ မိမိ၏ ရှိရင်းစွဲ ကောင်းမွန်သော ဆက်ဆံရေးတံတားများကို မပျက်စီး၊ မလောင်ကျွမ်းစေလိုသည့် ရည်ရွယ်ချက်များ ထားရှိခဲ့ပုံရသည်။ 

တစ်ဖက်တွင် အာဏာသိမ်းမှုမှာ “အစိုးရအဖွဲ့အတွင်း လူအပြောင်း အလဲပြုလုပ်ခြင်းသာ ဖြစ်ကြောင်း” တရုတ်နိုင်ငံပိုင် မီဒီယာများက မြန်မာစစ်တပ်၏ ဝါဒဖြန့်မှုကို သံယောင်လိုက်ပြောဆိုခဲ့သည့်နည်းတူ အခြားတစ်ဖက်တွင်လည်း NLD နှင့် တရုတ်အကြား အရေးပါသော ဆက်ဆံရေးရှိနေကြောင်း အများပြည်သူသိရှိအောင် အရိပ်အမြွက် ပြောဆိုခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ရက်သတ္တပတ်များတွင် ဆန္ဒပြသူများအပေါ် စစ်တပ်၏ ဖြိုခွဲနှိမ်နှင်းမှုအား တရုတ်နိုင်ငံက တက်တက်ကြွကြွ ထောက်ခံနေခြင်းကို လူအများက စိုးရိမ်မကင်းဖြစ်လာခဲ့ပြီး ၎င်းအချက်က တရုတ်ဆန့်ကျင်ရေး စိတ်ခံစားချက်များကို မြင့်မားလာစေခဲ့သည်။ တရုတ်စီးပွားရေးအကျိုးစီးပွားများကို တိုက်ခိုက်မှုများ အရှိန်အဟုန် မြင့်တက်လာပြီး “တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို မီးရှို့ဖျက်ဆီးရန်” ခြိမ်းခြောက်မှုများ ပေါ်ထွက်လာသည့်အခါ  ဘေဂျင်း၏ စိုးရိမ်ပူပန်မှုမှာ အထွဋ်အထိပ်သို့ ရောက်ရှိလာသည်။

ထိုအခါ မြန်မာနိုင်ငံရှိ တရုတ်စီးပွားရေး အကျိုးစီးပွားများကို အသေအချာ ကာကွယ်ရေး တက်ကြွသည့် အခန်းကဏ္ဍမှ အားလုံးပါဝင်ကြရန် စစ်တပ်၊ EAOsနှင့် NUG တို့အပေါ် တရုတ်က ဖိအားများတိုးမြှင့်ပေးလာခဲ့သည်။ ဘေဂျင်း၏ မေတ္တာ ရပ်ခံချက်ကို အထက်ပါအဖွဲ့အားလုံးက လက်ခံခဲ့သော်လည်း မြန်မာနိုင်ငံရှိ တရုတ်၏ ဗျူဟာကျသော လုပ်ငန်းများကို ဒီမိုကရေစီအင်အားစုများက တိုက်ရိုက်ပစ်မှတ်ထားနေကြောင်း စစ်တပ်၏ ဝါဒဖြန့် ယန္တရားကြောင့်  ဘေဂျင်း၏ စိုးရိန်ထိတ်လန့်မှုများ ကြီးထွားလာခဲ့ရပြန်သည်။ 

၎င်းအကျိုးစီးပွားများ အနက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ပြည်နယ်များသို့ ဓာတ်ငွေ့ဖြန့်ဖြူးပေးနေသည့် တစ်ခုတည်းသော ရင်းမြစ်ဖြစ်သလို ယူနန်ပြည်နယ် စုစုပေါင်းပြည်တွင်းထုတ်ကုန် (ဂျီဒီပီ)ပမာဏ၏ ၁၀ ရာခိုင်နှုန်းကျော်သော ဒေါ်လာဘီလီယံများစွာ တန်ဖိုးရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများလည်း အပါအဝင် ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဇွန်လအရောက်တွင်  ဘေဂျင်း၏ ရပ်တည်ချက်သည် စစ်ကောင်စီဖက်သို့ အကြီးအကျယ် ယိမ်းယိုင်လာပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဦးဝဏ္ဏမောင်လွင်အား လက်ခံတွေ့ဆုံခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီကလည်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်း၌ NLD ပါတီနှင့် လူသိရှင်ကြား တွေ့ဆုံဆွေးနွေးမှုကို နောက်ဆုံးအကြိမ်ပြုလုပ်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးပါတီအစည်းအဝေးများသို့ NLD ကို ဖိတ်ကြားခြင်း မရှိတော့ပေ။ 

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအထိ တရုတ်အစိုးရသည် စစ်ကောင်စီနှင့် ဆက်ဆံရေးကို တဖြည်းဖြည်း အဆင့်မြှင့်တင်ခဲ့ပြီး တရုတ်နိုင်ငံက ဦးဆောင်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(LMC) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာနိုင်ငံ၌ ပူးတွဲအိမ်ရှင်အဖြစ် တရုတ်က ကျင်းပခဲ့သည်။ 

တရုတ်နိုင်ငံပိုင်လုပ်ငန်းများ (SOEs) က စစ်ကောင်စီနှင့် လုပ်ငန်းအသစ်များ တစ်ဖန် ပြန်လည်စတင် လုပ်ကိုင်လာသည့်အခါ တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်၊ နှစ်မကုန်မီတွင် LMC ထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင် ဥိးဆောင်သည့် စစ်ကောင်စီနှင့် ပူးတွဲကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက LMC နိုင်ငံများ ဖြစ်သည့် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများကို အသိပေးပြောကြားခဲ့သည်။

လူမျိုးတုံးသတ်ဖြတ်နေသည့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် ဘေဂျင်း၏ ဆက်ဆံရေးနွေးထွေး လာမှုသည် NUG နှင့်တိုက်ရိုက်ဆက်ဆံရေး၊ မြန်မာစစ်တပ်နှင့် အဆင့်မြင့်ဆက်ဆံမှုများအား အကန့်အသတ် ပြုလုပ်ရေးတို့အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ တိုးမြှင့် တောင်းဆိုနေမှုများနှင့် လုံးဝဆန့်ကျင်လျက်ရှိသည်။ 

ထိုအခါ မြန်မာနိုင်ငံ၌ အဆင့်မြင့် LMC အစည်းအဝေးများကို တရုတ်နိုင်ငံက ကျင်းပခြင်းသည် အာဆီယံစည်းလုံးညီညွတ်မှုကို ထိခိုက်စေသလို မြန်မာ့အရေးအဖြေရှာရန် အာဆီယံ၏ကြိုးပမ်းမှုများကိုလည်း အနှောင့်အယှက် အဟန့်အတား ဖြစ်စေကြောင်း အာဆီယံအဓိကနိုင်ငံများက တရုတ်နိုင်ငံကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လာ ကြသည်။ 

အာဆီယံနှင့်ဆက်ဆံရေးကို အပျက်ခံမလား သို့တည်းမဟုတ် စစ်ကာင်စီအား စိတ်ပျက်စေမလား ဟူသော ပြဒါးတစ်လမ်း သံတစ်လမ်း ရွေးချယ်စရာ လမ်းဆုံလမ်းခွအနေအထားနှင့် ကြုံတွေ့လာသည့်အခါ ၂၀၂၂ ခုနှစ်နှောင်းပိုင်း၌ တရုတ်တို့က စစ်ကောင်စီကို စိတ်ပျက်စေမည့် ဒုတိယလမ်းကိုရွေးချယ်ကာ မြန်မာနိုင်ငံ၌ LMC ထိပ်သီးညီလာခံ ကျင်းပမည့်အစီအစဉ်ကို ဖျက်သိမ်း လိုက်သည်။ 

တိုက်ပွဲများ၌ မြန်မာစစ်တပ်၏ စွမ်းဆောင်မှု မကောင်းခြင်းနှင့် စီးပွားရေးကဏ္ဍ၌ မတည်ငြိမ်မှုများ ရှိနေခြင်းကြောင့် တရုတ်နိုင်ငံက ငမ်းငမ်းတက် ဆောင်ရွက်လိုသော လမ်းပန်း ဆက်သွယ်ရေး အခြေခံအဆောက်အအုံ စီမံကိန်းများတွင် လုပ်ငန်းနှောင့်နှေးမှုများ အထင်အရှား ဖြစ်ပေါ်လာသည်နှင့်အမျှ တရုတ်နိုင်ငံနှင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့အကြား ပိုမိုကြီးမားသည့် တင်းမာမှုများ ပေါ်ထွက်လာခဲ့သည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ အင်အားကြီးသော EAO အဖွဲ့ ၇ ဖွဲ့အား စစ်တပ်နှင့် စေ့စပ်ညှိနှိုင်းရန် တရုတ်အစိုးရက စဉ်ဆက်မပြတ် ဖိအားပေးနေခဲ့သော်လည်း ၎င်းEAO များသည်  အင်အားချိနဲ့ပြီး စွမ်းရည်မပြည့်ဝသည့် ရန်ဖက်ကို စစ်မြေပြင်၌ ရင်ဆိုင်တိုက်ခိုက်လာရသည့်အခါ အာဏာမသိမ်းမီ နှစ်၂၀ ကျော်ကတည်းက ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားခဲ့ရသည့်နယ်မြေများ ပြန်လည် သိမ်းပိုက်ရရှိရေးအတွက်ပင်လျှင် ကြီးမားသည့်တိုးတက်မှုများ ရရှိလာခဲ့သည်။

အခြားတစ်ဖက်တွင် ‘ဝ’  ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ကဲ့သို့ EAO များကမူ ပြိုင်ဖက် ပြည်သူ့စစ်များကို ရှမ်းပြည်နယ်တောင်ပိုင်းသို့ တိုက်ထုတ်နေသည့် မိမိ၏မဟာမိတ်များကို ဆက်လက်ကူညီရင်း လက်ရှိကမောက်ကမ ဖြစ်စဉ်များကို အကောင်းဆုံးအသုံးချ၍ ခေါင်းဆောင်မှု မျိုးဆက်သစ် အပြောင်းအလဲကို စတင်ပြုလုပ်လာခဲ့သည်။

ယင်းဖြစ်စဉ်များက စစ်တပ်ကို ပိုမိုအားအင် ချိနဲ့စေသည်သာမက မြောက်ပိုင်းဒေသEAO များသည် တရုတ်နယ်စပ်မှ ပိုမိုအလှမ်းဝေးရာ မြန်မာနိုင်ငံ အတွင်းပိုင်း ရှေ့တန်းစစ်မျက်နှာပြင်များအထိ နက်နက်ရှိုင်းရှိုင်း တိုးဝင်တိုက်ခိုက်ရင်း တရုတ်ဩဇာ လွှမ်းမိုးမှုကို တိုးချဲ့ပေးနေခြင်းပင် ဖြစ်သဖြင့် တရုတ်အကျိုးစီးပွားကိုလည်း တစ်ဖက်တစ်လမ်းက ကျေးဇူးပြုလျက်ရှိသည်။ 

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ကြံရာမရဖြစ်လာသော စစ်တပ်သည်  EAO  အဖွဲ့သုံးဖွဲ့ဖြစ်သည့် မြန်မာဒီမိုကရက်တစ်မဟာမိတ်တပ်မတော်၊ တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့၏ အဓိကခြေကုပ်စခန်းများကို လေကြောင်း တိုက်ခိုက်မှုများ စတင်ပြုလုပ်လာသည်။ 

EAO များက တန်ပြန်စစ်ဆင်ရေးကို အောင်မြင်စွာဆင်နွှဲ နိုင်ခဲ့သည့်အခါ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများသည် စစ်ရေးအရရော နိုင်ငံရေးအရပါ မအောင်မမြင် ဖြစ်ခဲ့ရသည်။ တရုတ်နယ်စပ်တည်ငြိမ်ရေးကို ခြိမ်းခြောက်လာသည့် တစ်ချိန်တည်းမှာပင် အားအင်ချိနဲ့လျက်ရှိသည့် မြန်မာစစ်တပ်၏ ပုံရိပ်ကိုလည်း တရုတ်တို့ ရှင်းရှင်းလင်းလင်း တွေ့မြင်လာကြသည်။ 

မြန်မာ့အရေးမှာ ဘယ်သူက ဝင်ရောက်စွက်ဖက်နေသလဲ
=============

တရုတ်နှင့် မြန်မာစစ်တပ်အကြား တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေစဉ်မှာပင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ အရောက်တွင် ဘေဂျင်း၏ကစားကွက်ကို အပြောင်းအလဲဖြစ်စေမည့် အဓိကနိုင်ငံတကာ ဖြစ်ပေါ်တိုးတက်မှု ၂ ခုပေါ်ပေါက်လာသည်။ ပထမတစ်ခုမှာ အစဉ်အလာအားဖြင့် ဘေဂျင်းက အပြင်းအထန် ဆန့်ကျင်လေ့ရှိခဲ့သည့် မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တစ်ခုကို အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

လူ့အခွင့်အရေးကို စစ်ကောင်စီ၏ ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေမှုများနှင့် မြန်မာနိုင်ငံ၌ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ တန်ခိုးထွားလာမှုကြောင့် ကြီးမားလာသည့်လုံခြုံရေး အန္တရာယ်များနှင့်စပ်လျဉ်း၍ နိုင်ငံတကာ၏ စိတ်ပျက်မှုများ မြင့်မားလာသည့်အခါ အဆိုပါလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆိုကို ပယ်ချသင့်/မသင့် တရုတ်နိုင်ငံအတွက် အကြပ်ရိုက်စေခဲ့သည်။

၁၉၇၁ ခုနှစ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာသည့်အချိန်မှစတင်၍ တရုတ်နိုင်ငံသည် ပထမဆုံးအကြိမ်အဖြစ် မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ဗီတိုအာဏာသုံး၍ ပယ်ချခြင်း မပြုလုပ်တော့ဘဲ စကားလုံးအသုံးအနှုန်း ပြင်ဆင်လျှော့ချခြင်းကိုသာ ရွေးချယ်ဆောင်ရွက်ခဲ့သည်။

ဒုတိယတိုးတက်ဖြစ်ထွန်းမှုမှာ အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) ၏ တစ်စိတ်တစ်ပိုင်း အဖြစ် မြန်မာအက်ဥပဒေကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုက အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ယင်းအက်ဥပဒေ၏ အဓိက အရေးပါသည့်အချက်မှာ EAO နှင့် PDF များထံသို့ လူသေစေနိုင်ခြင်း မရှိသော အထောက်အပံ့များ ပေးအပ်ရန် အမေရိကန်က ရည်ရွယ်ကြောင်း ဖော်ပြသည့် စကားလုံးအသုံးအနှုန်းများ ပါဝင်လာခြင်းဖြစ်သည်။ 

ယင်း ဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်း၍ နိုင်ငံတကာအသိုင်းအဝိုင်း၏ အရေးယူမှုကို ရှုတ်ချခြင်း၊ ဘေဂျင်း၏ထောက်ခံမှုရရှိရန် ထပ်မံအားထုတ် ကြိုးပမ်းခြင်းများဖြင့် မြန်မာစစ်ကောင်စီက တုံ့ပြန် ဆောင်ရွက်ခဲ့သည်။ အဆိုပါ ကြိုးပမ်းမှုများတွင် တောင်တရုတ်ပင်လယ်အရေးနှင့် ထိုင်ဝမ်အရေး ကဲ့သို့ကိစ္စများတွင် တရုတ်နိုင်ငံဘက်မှ ရပ်တည်မည့်အကြောင်း ထပ်လောင်း အာမခံခြင်းအပြင် အနောက်နိုင်ငံများက ထောက်ခံအားပေးနေသည့် PDF များက မြန်မာနိုင်ငံတစ်ဝှမ်း အကြမ်းဖက် တိုက်ခိုက်မှုများကို ကျူးလွန်လျက်ရှိသည်ဟု စွပ်စွဲထားသော သတင်းမှားလှုပ်ရှားမှုများ ဆောင်ရွက်လာခြင်းလည်း အပါအဝင်ဖြစ်သည်။
                
အင်အားချိနဲ့နေသော စစ်ကောင်စီသည် တစ်စထက်တစ်စ ညှာတာထောက်ထားရမည့် အနေအထား ဖြစ်လာသည့်အခါ တရုတ်တို့သည် ၎င်း၏ချဉ်းကပ်မှုကို ပြန်လည်သုံးသပ်လာသည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းတွင် တရုတ်နိုင်ငံက အာရှရေးရာ အထူးကိုယ်စားလှယ် အသစ်အဖြစ် တိန့်ရှီကျွန်း (Deng Xijun)အား မြန်မာနိုင်ငံသို့ အလျင်အမြန်စေလွှတ်ခဲ့သည်။ အဆိုပါ အထူးကိုယ်စားလှယ်ရာထူးကို  ဘေဂျင်းက ၂၀၁၃ ခုနှစ်ကတည်းက ခန့်အပ်ထားရှိခဲ့ပြီး နောက်ဆုံးကိုယ်စားလှယ်ဖြစ်သူ ဆွမ်းကော့ရှန် (Sun Guoxiang ) ကို ၂၀၂၂ ခုနှစ် နွေရာသီက တိုးတိုးတိတ်တိတ်အနားယူစေခဲ့သည်။ 

ထို့နောက် ကိုယ်စားလှယ်အသစ်ခန့်ထားမှုအတွက် အချိန်ယူရဦးမည် ဖြစ်ကြောင်း သံတမန်အသိုင်းအဝိုင်းကို  ဘေဂျင်းက အသိပေးထားခဲ့သည်။ ယခု အထူးကိုယ်စားလှယ်အသစ် ခန့်ထားမှုတွင် ထူးခြားချက် အများအပြားတွေ့ရှိရပြီး ၎င်းအချက်များက အခြားရပ်တည်ချက် လားရာတစ်ခုကို အရိပ်အမြွက် ဖော်ပြနေသည်။ ၎င်းထူးခြားချက်များမှာ-

၁) ကိုယ်စားလှယ်ခန့်အပ်မှုအတွက် တရားဝင်ကြေညာချက် မထုတ်ပြန်ခြင်း။
၂) ကိုယ်စားလှယ်သည် စစ်တပ်နှင့်မတွေ့ဆုံမီ မြောက်ပိုင်းမဟာမိတ်အဖွဲ့ EAO များနှင့် တွေ့ဆုံခဲ့ခြင်းနှင့်
၃) စစ်တပ်နှင့်စေ့စပ်ညှိနှိုင်းရန်နှင့် အနောက်အုပ်စုမှ ပေးအပ်သော အကူအညီများကို ငြင်းပယ်ရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့EAO များအား ကိုယ်စားလှယ်က ဖိအားပေးခဲ့ခြင်းတို့ဖြစ်သည်။

တရုတ်အထူးကိုယ်စားလှယ်သစ်၏ အကွက်ရွှေ့မှုများက မြန်မာ့အရေး၌ ဘေဂျင်းက ရွေးချယ် လျှောက်လှမ်းမည့် ရပ်တည်မှု လမ်းကြောင်းကို မီးမောင်းထိုးပြနေသည်။ အဆိုပါလမ်းကြောင်းမှာ စစ်တပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ EAOs များအကြား သဘောတူညီမှုတစ်ခုရရှိစေရေး တွန်းအားပေးခြင်းအားဖြင့် တရုတ်နယ်စပ်တစ်လျှောက် ၎င်းအဖွဲ့များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဩဇာအာဏာများ အကြီးအကျယ် တိုးမြှင့်ရရှိစေရန်၊ အပြန်အလှန်အားဖြင့် PDF နှင့် NUG မဟာမိတ် EAO များ၏ တန်ခိုးထွားလာမှုကို ထိန်းချုပ်ကန့်သတ်ရေးနှင့် အတုအယောင် ရွေးကောက်ပွဲကျင်းပရေး စစ်တပ်၏ ကြိုးပမ်းမှုများကို ၎င်းအဖွဲ့များက ထောက်ခံကူညီရန် တို့ဖြစ်သည်။ 

လတ်တလော၌ တရုတ်၏ မြန်မာနိုင်ငံအတွင်းမှ အရင်းနှီးဆုံး မဟာမိတ်ဖြစ်သော UWSA ၏ တိုးတက်ဖြစ်ထွန်းလာသော အနေအထားအရ အဆိုပါအပေးအယူကိုလက်သင့်ခံရန် စစ်တပ်အား UWSA က အပြင်းအထန် ဖိအားပေးလာခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလလယ်က ကျင်းပခဲ့သည့် UWSA ၏ အရေးကြီးသော နိုင်ငံရေးအစည်းအဝေးတစ်ခု၌ ၎င်းတို့အနေဖြင့် စစ်တပ်နှင့်သာမက “ဒုတိယ မြန်မာအစိုးရ” ဟု ၎င်းတို့ ရှုမြင်သော NUG နှင့်ပါ ဆက်ဆံရေး ထားရှိသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

တရုတ် SOE များ၊ ယူနန်ပြည်နယ်အစိုးရနှင့် ကလိမ်ကကျစ် စီးပွားရေးကွန်ရက်များ
=================

မြန်မာ့အရေးတွင် ၎င်းတို့ စိတ်တိုင်းကျ လမ်းကြောင်းတစ်ခု ပုံဖော်လာရေးအတွက် မြန်မာစစ်တပ်အပြင် အားအကောင်းဆုံး EAO များနှင့် အပြိုင်ဆက်ဆံရေးကို  ဘေဂျင်းက တစ်စထက်တစ်စ တိုးမြှင့် တည်ဆောက်လာသည်နှင့်အမျှ မြန်မာစစ်တပ်၏ ဆက်လက်ရှင်သန် ရပ်တည်နိုင်ရေးအတွက် အသက်သွေးကြောတစ်မျှ အရေးကြီးသော တရုတ်အဖွဲ့ ၃ ခု ပေါ်ထွက်လာခဲ့သည်။

ပထမအဖွဲ့မှာ မြန်မာနိုင်ငံ၌ အကျိုးစီးပွား ကြီးကြီးမားမား ရှိနေသလို စစ်တပ်နှင့် ပတ်သက်မှုလည်း နက်ရှိုင်းသည့် တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ (SOEs) ဖြစ်ပြီး စစ်တပ်ဖက်က အနိုင်ရပါက ပွပေါက်တိုးစရာ ကန်ထရိုက်များကို ၎င်းတို့ မြိုးမြိုးမြတ်မြတ် ရရှိနိုင်မည်ဖြစ်သည်။ စစ်အုပ်ချုပ်ရေး အစောပိုင်းကာလက ဈေးကွက်ထဲဝင်ရောက်လာသော China Power Company သည် လက်ရှိ ဆောင်ရွက်ဆဲ အခြေခံအဆောက်အအုံစီမံကိန်းများကို အကောင်အထည်ဖော် နေစဉ်မှာပင် စီမံကိန်း အသစ်များကိုလည်း တစ်ပြိုင်တည်း စတင်ဆောင်ရွက် လျက်ရှိသည့် တရုတ် SOE အနည်းငယ်အနက် တစ်ခုအပါအဝင် ဖြစ်သည်။

 ၎င်းစီမံကိန်းများတွင် ရခိုင်ပြည်နယ်၌ ဆောင်ရွက်ဆဲဖြစ်သော သဘာဝဓာတ်ငွေ့မှ စွမ်းအင်ထုတ်လုပ်သည့် စီမံကိန်းလည်း အပါအဝင်ဖြစ်ကာ ၎င်းစီမံကိန်းသည် အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းပြီးစီးသည့် စီမံကိန်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အဆိုပါ အောင်မြင်မှုကြောင့် China Power သည် စစ်ကောင်စီနှင့် စွမ်းအင်စာချုပ်အသစ်များ ထပ်မံချုပ်ဆိုနိုင်ခဲ့သလို ၎င်းလုပ်ငန်းများကို လျင်လျင်မြန်မြန် အကောင်အထည်ဖော်ခဲ့ပြီး လွန်ခဲ့သော ၆ လတာ ကာလအတွင်း လျှပ်စစ်ဓာတ်အား ၆၃ မီဂါဝပ်ကျော်ကို ထပ်မံထုတ်လုပ်၍ ပင်မဓာတ်အားလိုင်းထဲ ထည့်သွင်းနိုင်ခဲ့သည်။ 

၎င်းလုပ်ငန်းများသည် တရုတ်SOE  များအတွက် ကောင်းမွန်သော “အခြေအနေသစ်များ (new normal)” ဖြစ်ထွန်းလာခြင်းဟူ၍ တရုတ်မီဒီယာများ နှင့် တရုတ်သံရုံးတို့က အပြင်းအထန် ကြော်ငြာရေးသားလာကြသည်။

ဒုတိယအဖွဲ့မှာ ယူနန်ပြည်နယ်အစိုးရဖြစ်ပြီး လက်ရှိခေါင်းဆောင်ပိုင်းထဲတွင် မြန်မာစစ်တပ်နှင့် ပုဂ္ဂိုလ်ရေးအရ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေသည့် အကြီးတန်းအရာရှိများ ပါဝင်ကြကာ ၎င်းတို့က စစ်တပ်သည် မြန်မာ့နိုင်ငံရေး၌ အဓိကအဖွဲ့အစည်းတစ်ခုအဖြစ် အမြဲဆက်လက် ရပ်တည်နေမည်ဟု သဘောပေါက်နားလည်ထားကြသည်။ 

အာဏာသိမ်းပြီးလျှင်ပြီးချင်းလိုလိုပင် ယူနန်ပြည်နယ် အစိုးရသည် တရုတ်နှင့် မြန်မာစစ်တပ်ဆက်ဆံရေးကို အဓိက ထောက်ခံအားပေးသည့် ပညာတတ် တစ်ဦးဖြစ်သူ လီချန်ယန် (Li Chenyang) ကို ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာန အကြီးအကဲ အဖြစ် ခန့်အပ်ခဲ့သည်။ 

လီချန်ယန်သည် တရုတ်-မြန်မာ ပိုက်လိုင်းစီမံကိန်းကို စတင်ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်သလို ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ယူနန်ပြည်နယ် စီးပွားရေးပြန်လည် ရှင်သန်ရေးအတွက် စစ်တပ်နောက်ကွယ်၌ ယူနန်ပြည်နယ်အစိုးရက ဟန်ချက်ညီဆောင်ရွက်နိုင်မည့် စီမံကိန်းများကို ဦးဆောင်ခဲ့သူဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လီသည် မြန်မာနိုင်ငံ၌ ကျင်းပသော ယူနန်-မြန်မာကူးသန်းရောင်းဝယ်ရေး အစည်းအဝေးသို့ ယူနန်ပြည်နယ်အစိုးရ အရာရှိများနှင့် စီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တက်ရောက်ခဲ့သည်။

တတိယအဖွဲ့မှာ မြန်မာကဲ့သို့ ကိုယ့်သယံဇာတကို ကိုယ်တိုင်ပြန်လည်နှိုက်ယူနေသော “စောရ” အစိုးရ အုပ်စိုးနေပြီး တည်ငြိမ်မှု လုံးဝမရှိသည့်ဒေသမျိုး၌ ရှင်သန်ကြီးထွားလေ့ရှိသော တရုတ်အဆက်အနွယ် နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့များအပါအဝင် ကလိမ်ကကျစ် စီးပွားရေးကွန်ရက်များ ဖြစ်သည်။ 

၎င်းတို့တွင် ကမ္ဘာတစ်လွှားမှ လူပုဂ္ဂိုလ်များကို အလိမ်အညာလုပ်ငန်း ဗဟိုဌာနများသို့ လူကုန်ကူး၍ သေနတ်ထောက်ကာ လိမ်ညာမှုများ အတင်းအကြပ် ကျူးလွန်စေလျက်ရှိသည့် ရာဇဝတ်ဂိုဏ်းကြီး များလည်းပါဝင်သည်။ အာဏာသိမ်းမှုအလွန်ကာလတွင် တရုတ်လုပ်ငန်းမြှင့်တင်ရေး အေဂျင်စီအချို့ မြန်မာနိုင်ငံ၌ ဘွားကနဲ ရှင်သန်ပေါက်ဖွားလာသည်။ 

၎င်းတို့တွင်  တောင်အာရှအနာဂတ်ကုမ္ပဏီ (South Asia Future Company)၊ တရုတ် မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေး အသင်း(China Myanmar Economic Cooperation and Development Promotion Association) နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးဖဲကြိုးအသင်း (World Peace Ribbon Association) ကဲ့သို့ အဖွဲ့အစည်းများ လည်း အပါအဝင်ဖြစ်သည်။ 

ယင်းအဖွဲ့အားလုံးသည် စစ်ကောင်စီအပြင် အရေးပါသောခရိုနီကုမ္ပဏီများနှင့် နီးကပ်သော ဆက်ဆံရေးများ တည်ဆောက်ကာ သယံဇာတထုတ်ယူရေး လုပ်ပိုင်ခွင့်များနှင့် အခြားအထူး အခွင့်အရေးများ ရရှိရန် ကြိုးပမ်းလျက် ရှိသည်။ 

တရုတ်ပိုးလမ်းမသစ်ဖိုရမ် (Belt and Road Forum) တွင် ယခင်က အခန်းကဏ္ဍတစ်ခု ပါဝင်ဆောင်ရွက်ခဲ့ဖူးသော  ကမ္ဘာ့ငြိမ်းချမ်းရေး ဖဲကြိုးအသင်း သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စီးပွားရေးလုပ်ငန်း ကိစ္စများကို အပြန်အလှန် တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်ပိုးလမ်းမသစ်စီမံကိန်း လုပ်ငန်းမြှင့်တင်ရေးအတွက် ရန်ကုန်မြို့၌ “ဗဟိုဌာနသစ်”တစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ 

အဆိုပါအဖွဲ့သုံးခုစလုံးသည် မြန်မာစစ်တပ်အတွက် ထောက်ခံအားပေးမှုကို တိုးမြှင့်ရန်  ဘေဂျင်းအပေါ်  ဩဇာလွှမ်းမိုးလာမည်ဖြစ်ပြီး စစ်တပ်၏အလိုကျ ဘေဂျင်းက ရပ်တည်စေရန် အဓိကအခန်းကဏ္ဍမှနေ၍ ၎င်းတို့ အသီးသီးပါဝင်လာကြမည်ဖြစ်သည်။

မြန်မာ့အရေး၌ ကြီးထွားလာသည့်  ဘေဂျင်း၏ဩဇာလွှမ်းမိုးမှုကို အမေရိကန်က တုံ့ပြန်လာနိုင်မှု
===================

 ဘေဂျင်း၏ အပြီးသတ်ရပ်တည်ချက်အနေအထားသည် ဒီမိုကရေစီ အင်အားစုများထက် စစ်တပ်ကို ပိုမို ဦးစားပေးသည့် လက်ရှိ ပိုနေမြဲကျားနေမြဲ ပုံစံဖက်ကို ဆက်လက်အလေးသာလျက် ရှိသည်။ ထိုသို့ ရပ်တည်လျက်ရှိစဉ်မှာပင်  ဘေဂျင်းနှင့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများအကြား မဟာမိတ်ပြုမှုတွင် အက်ကြောင်းရာများ ပေါ်ထွက်လာသည်။ 

အထူးသဖြင့် တရုတ်နယ်စပ်ရှိ စစ်တပ်နေရာများကို စိန်ခေါ်နေသော EAO များအား တရုတ်နိုင်ငံ၏ ပိုမိုစိတ်ရှည်သည်းခံလာမှုက စစ်ကောင်စီအပေါ် မိမိ၏ အရှိန်အဝါကြီးမားလာရေး  ဘေဂျင်းက တစ်နည်းနည်းဖြင့် ကြိုးပမ်းလိုနေကြောင်း သက်သေထူလျက် ရှိသည်။ 

တစ်ချိန်တည်းမှာပင် ဘေဂျင်း၏အကွက်ရွှေ့မှုများက မြန်မာ့အရေးကို ပဋိပက္ခသက်ဆိုးရှည်မည့် အကြပ်အတည်းနွံထဲ သက်ဆင်းသွားစေနိုင်သည့် အန္တရာယ်လည်းရှိနေသည်။ 

ဒီမိုကရေစီ အင်အားစုများကို အားပျော့သွားစေရေးနှင့် မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ ဩဇာလွှမ်းမိုးမှုကို ထိန်းချုပ်နိုင်ရေးအတွက် စစ်တပ်နှင့်ဆက်ဆံရေးသာမက မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ဆက်ဆံရေး ကိုပါ ၎င်းတို့ အကောင်းဆုံး ပြိုင်တူအသုံးချနိုင်မည်ဟု တရုတ်တို့က ယူဆကောင်း ယူဆနိုင်သော်လည်း ဤနည်းလမ်းသည် တိုင်းပြည်ကို အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားစေမည့် အန္တရာယ်ချောက်နက်အတွင်း သို့ တွန်းပို့နေလျက် ရှိသည်။ 

ထို့အပြင် ရေရှည်တည်တံ့သော မြန်မာ့အနာဂတ်ငြိမ်းချမ်းရေး၏ အခြေခံ အုတ်မြစ်တည်ဆောက်ရေးတွင် နိုင်ငံ၏မြောက်များလှစွာသော EAO အဖွဲ့များနှင့် PDF များက အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရမည့် အချက်ကို အသိအမှတ်ပြုလက်ခံထားသည့် မြန်မာအက်ဥပဒေ၏ ရည်ရွယ်ချက်နှင့်လည်း အခြေခံကျကျ ကွဲလွဲလျက်ရှိသည်။

မြန်မာအက်ဥပဒေကို အကောင်အထည်ဖော်ရေး အမေရိကန်ပြည်ထောင်စုက ချိန်ဆသုံးသပ်သည့်အခါ အဓိက အရေးတကြီးဆောင်ရွက်ရန် လိုအပ်သည့်အချက်မှာ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တင်ရေး အတူတကွ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နိုင်မည့် အားလုံးပါဝင်သော ညွန့်ပေါင်းအဖွဲ့များ ဖွဲ့စည်းနိုင်ရန် အကူအညီများ တိုးမြှင့်ပေးအပ်ရမည့်အချက်ပင် ဖြစ်သည်။

USIP (Publications) တွင် ဖော်ပြထားသော Jason Tower ၏ “ The Limits of Beijing’s Support for Myanmar’s Military” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)။


ဆက်ဖတ်ရန် →
အာဏာသိမ်းမှုကို လက်မခံသလို စစ်ကောင်စီကို အသိအမှတ်မပြုဘူးလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြော

အာဏာသိမ်းမှုကို လက်မခံသလို စစ်ကောင်စီကို အသိအမှတ်မပြုဘူးလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြော


ဖေဖော်ဝါရီလ ၂၈ ရက်
 
မြန်မာစစ်တပ်ရဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက သဘောမတူတာကြောင့် အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် လိုင်စင်မရှိဘူးလို့ စင်ကာပူ ထိပ်တန်းသံတမန်တစ် ဉီးက ပြောပါတယ်။
 
စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ရေးရာ ဆွေးနွေးမှုအတွင်း မြန်မာ့အရေးနဲ့ပတ်သက်တဲ့ မေးမြန်း ချက်တွေကို ဖြေကြားရာမှာ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ခရစ်ရှနန်က အခုလို ပြောကြားခဲ့တာဖြစ်ပါ တယ်။
 
စင်ကာပူလိုမျိုး အခြား အာဆီယံနိုင်ငံတွေက ပြည်တွင်းရေးရာမှာ ပြည်ပက ဝင်ရောက်စွက်ဖက်တာကို ဆန့်ကျင်ပြီး ပြည်သူတွေရဲ့အနာဂတ်အတွက် ပြည်တွင်းက သက်ဆိုင်သူတွေက စိတ်ကောင်းစေတနာနဲ့ တွေ့ဆုံ ဆွေးနွေးမှသာ မြန်မာ့အရေးကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း သူက ဆိုပါတယ်။
 
“အာဏာသိမ်းမှုကို လက်မခံဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောကြားထားတာကြောင့် အာဏာသိမ်းစစ် ကောင်စီကို ကျွန်တော်တို့ အသိအမှတ်မပြုပါဘူး။ အာဆီယံအနေနဲ့ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက် ပိုင်ခွင့် မရှိပါဘူး” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ ၂ နှစ်ကြာပြီးတဲ့နောက် အခုသွားနေတဲ့လမ်းဟာ လမ်းဆုံး နေပြလို့ သူက ထောက်ပြပါတယ်။

အာဆီယံအဖွဲ့ရဲ့ ရပ်တည်ချက်ကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိဖို့ အာဆီယံနဲ့ စစ်တပ်အ ကြီးအကဲ မင်းအောင်လှိုင်ကြား သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ခေါ် ငြိမ်းချမ်းရေးအစီအစဉ်ကို စစ် ကောင်စီက လိုက်နာဖို့ဖြစ်တယ်လို့ ဗီဗီယန်က ပြောပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီက ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ဖို့ ပျက်ကွက်တာကြောင့် အာဆီယံ အဖွဲ့က စစ်ကောင်စီကိုယ်စားလှယ်တွေကို အရေးပါတဲ့ အစည်းအဝေးတွေမှာ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
 
“ကျွန်တော်တို့က အာဏာသိမ်းမှုနဲ့ စစ်တပ်အာဏာပိုင်တွေကို အသိအမှတ်မပြုတာကြောင့် အစည်းအ ဝေးတွေမှာ နိုင်ငံရေးကိုယ်စားလှယ်တစ်ဉီး မစေလွှတ်ပါနဲ့။ အဲဒီအစား အမြဲတမ်းအတွင်းဝန်နဲ့ညီမျှတဲ့ ပြည်သူ့ဝန် ထမ်းတွေ စေလွှတ်ဖို့ ပြောပေမယ့် စစ်ကောင်စီက ငြင်းဆန်ပါတယ်” လို့ သူက ရှင်းပြပါတယ်။
 
မြန်မာ့အရေးကြောင့် အာဆီယံအဖွဲ့ကို ဓားစာခံအဖြစ်ခံတာ၊ အာဏာသိမ်းမှုကို အသိအမှတ်ပြုဖို့ ဖိအား ပေးတာကို ခွင့်မပြုဘူးလို့ သူက ဖြည့်စွက်ပြောပါတယ်။

ကိုးကား - South China Morning Post
Ref; Asean has no licence to interfere in Myanmar’s internal affairs: Singapore



ဆက်ဖတ်ရန် →
 ဘဝဟောင်းမှ ဘဝသစ်သို့ ပြောင်းရွှေ့ကွယ်လွန်သွားပြီ"ဟု အော်၏

ဘဝဟောင်းမှ ဘဝသစ်သို့ ပြောင်းရွှေ့ကွယ်လွန်သွားပြီ"ဟု အော်၏

သေနတ်ဖြင့်ပစ်ခတ်ခံရသည့် မော်လမြိုင်ကျွန်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင် လေးရက်အကြာတွင် သေဆုံး


အိုက်မောင်/People's Spring 


သေနတ်ဖြင့်ပစ်ခတ်ခံရသည့် မော်လမြိုင်ကျွန်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင်သည် လေးရက် ကြာဆေးကုသခဲ့သော်လည်း သေဆုံးသွား၍ ၎င်း၏နာရေးကို လုံခြုံရေးဖြင့် ယနေ့ အကျဉ်းချုန်းပြုလုပ်သွားကြောင်း ဒေသခံများက ပြောသည်။ 


ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့ ပြည်သူ့စစ်ခေါင်းဆောင် ကျော်တင့်ဦးသည် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၁နာရီခန့်တွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး ယမန်နေ့(ဖေဖော်ဝါရီ ၂၇ရက်) နေ့လယ်တွင် သေဆုံးသွားခြင်းဖြစ်သည်။ 


"စစ်တပ်က ပုသိမ်စစ်ဆေးရုံကို ခေါ်ကုတာ။ ဘယ်လိုတောင် ကုလိုက်တယ်မသိဘူး။မနေ့က သေသွားပါတယ်"ဟု မော်လမြိုင်ကျွန်းမြို့ခံတစ်ဦးက ပြောသည်။ 


ကျော်တင့်ဦးသည် ဖေဖော်ဝါရီ ၂၄ ရက် နံနက်က မော်လမြိုင်ကျွန်းမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ Happy လက်‌ဖက်ရည်ဆိုင်တွင်ထိုင်နေစဉ် အမျိုးသားနှစ်ဦးကဝင်လာပြီး သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံခဲ့ရခြင်းဟု သိရသည်။ 


အပစ်ခံရသည့်နေ့က ဒဏ်ရာရသော်လည်း စိုးရိမ်စရာမရှိကြောင်း လူမှုကွန်ရက်ပေါ်တင်ခဲ့သည့် ကျော်တင့်ဦး၏ တပည့်ဇော်ဝင်းဆိုသူက "အစစအရာရာအခြေအနေကောင်းပေမယ့် ကံကြမ္မာကမျက်နှာသာမပေးခဲ့ဘူးဗျာ။စိတ်မကောင်းဘူးဗျာ"ဟု ဖေဖော်ဝါရီ ၂၇ရက်တွင် ထပ်မံရေးတင်ထားသည်။ 


ထို့အပြင် ကျော်တင့်ဦး၏ နာရေးပြုလုပ်မည်ကို သူ၏တပည့်များက မော်လမြိုင်ကျွန်းမြို့ပေါ်တွင် အသံချဲ့စက်ဖြင့် ယနေ့(ဖေဖော်ဝါရီ ၂၈ရက်) လိုက်လံကြေညာရာ"အသက် ၆၁နှစ်ရှိ သာသနာ့ဒါယကာကြီး ဦးကျော်တင့်ဦးသည် ဘဝဟောင်းမှ ဘဝသစ်သို့ ပြောင်းရွှေ့ကွယ်လွန်သွားပြီ"ဟု အော်သွားသည်ကို တွေ့ရသည်။ 


ထိုသို့အော်သွားသည့် အသံဖိုင်ကိုဒေသခံများက People's Spring သို့ပေးပို့ခဲ့ပြီး မော်လမြိုင်ကျွန်းမြို့၏ ဖွတ်တစ်ကောင် ငရဲသို့ရောက်သွားပြီဟု ပြောသည်။ 


ကျော်တင့်ဦးသည် စစ်ကောင်စီ၏ အကြီးစားထောက်တိုင်ဖြစ်ပြီး ပြည်သူ့စစ်ခေါင်းဆောင်တာဝန်အပြင် မောင်လမြိုင်ကျွန်းမြို့ မဘသ ဥက္ကဌတာဝန်လည်းယူထားကြောင်း သိရသည်။


၎င်းသည်ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာ ၈ရက်ကလည်း ပထမအကြိမ် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသေးသည်။ လက်မောင်းတွင် သေနတ်ဒဏ်ရာရရှ်ိပြီး ဆေးကုသခဲ့ရသည်။ သုံးလအကြာတွင် နောက်တစ်ကြိမ်ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်သည်။ 


ကျော်တင့်ဦးကို ပထမအကြိမ်သတိပေးပစ်ခတ်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ မြို့ခံများအား နည်းမျိုးစုံဒုက္ခပေးခြင်း၊ Social Media ပေါ်မှတဆင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဆဲဆိုစိန်ခေါ်ခြင်းတို့ကြောင့် ထပ်မံပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီလင်းပိုင်(မော်ကျွန်း)နှင့် ဘိုကလေးလင်းပိုင် PDF အဖွဲ့ကထုတ်ပြန်ထားသည်။



ဆက်ဖတ်ရန် →
အိုးဘိုထောင်က နိုင်ကျဉ်းအမျိုးသမီးအချို့ ထောင်ပြောင်းခံရ

အိုးဘိုထောင်က နိုင်ကျဉ်းအမျိုးသမီးအချို့ ထောင်ပြောင်းခံရ

ဆိုင်းမင်း/People's Spring

မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေကို ဒီလဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ထောင်ပြောင်းလိုက်တယ်လို့ ထောင်ပြောင်းခံလိုက်ရတဲ့သူတွေရဲ့ မိသားစုဝင်တွေထံကသိရပါတယ်။


ထောင်ပြောင်းခံရသူအမျိုးသမီးတွေဟာ ဖေဖော်ဝါရီလဆန်းပိုင်းက အကျဉ်းသူအချင်းချင်း စကားများမှုမှာ ထောင်အာဏာပိုင်တွေ ရဲ့ ရိုက်နှက် ညှင်းပမ်းမှုကို ခံခဲ့ရသူအများစုပါဝင်တယ်လို့သိရပါတယ်။


ထောင်ပြောင်းတာကို ပြီးခဲ့တဲ့ စနေနေ့ က လုပ်ခဲ့တာဖြစ်ပြီး သာယာဝတီ ၊တောင်ငူ၊မကွေး နဲ့ မြင်းခြံထောင်တွေကို ပြောင်းခံတာပါ။


ဒီလိုထောင်ပြောင်းခံရသူ အမျိုးသမီးအရေအတွက်ကို ကိန်းဂဏန်းအတိအကျမသိရပါဘူး ။


" ထောင်ပြောင်းရမယ်ဆိုတာ ကြိုမသိတဲ့အတွက် သူ့အတွက် ဘာမှမစီစဉ်ပေးလိုက်နိုင်ဘူး" လို့  နိုင်ငံရေး အကျဉ်းသူ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။


ဒီလ ဖေဖော်ဝါရီ ၃ရက် ၃ နာရီဝန်းကျင်က အိုးဘိုထောင် အိပ်ဆောင် အမှတ် (၁ )အမျိုးသမီး နိုင်ငံရေးအကျဉ်းသူအချို့ အချင်းများတာကို အမျိုးသမီး ထောင်အရာရှိနဲ့ ဝန်ထမ်းတွေဟာ ပြေလည်အောင်မဖြေရှင်းပေးဘဲ အကျဉ်းထောင်အမျိုးသားဝန်ထမ်းတွေက ဝင်ရောက်ရိုက်နှက်ခဲ့တာပါ။


အဲဒီဖြစ်စဉ်မှာ နိုင်ကျဉ်းအမျိုးသမီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရပြီး ၂၁ ဦး ဒဏ်ရာပြင်းထန်တယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားပါတယ်။




ဖေဖေါ်ဝါရီ ၃ရက်နဲ့ ၄ရက်က ဖြစ်စဉ်မှာ ထောင်ဆူတယ်ဆိုပြီး အကျဉ်းသူအချို့ကို တစ်လတိုက်ပိတ်ထားရာကနေ ဖေဖေါ်ဝါရီ ၂၅ရက်မှာ ထောင်ပြောင်းရွေ့လိုက်တာလို့ သိရပါတယ်။ 


ထောင်ပြောင်းရွေ့ခံရမယ့် သတင်းကို မိသားစုများထံပြောခွင့်မရတဲ့အတွက် အဆက်အသွယ်ပြတ်တောက်သူများလည်းရှိနေပါတယ်။ 


စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်ဟာ နိုင်ငံရေးအကျဉ်းသူတွေအပေါ် ထောင်ဝင်စာပို့ခွင့်နဲ့ တရားရုံးသက်သေထွက်ဆိုခွင့်ပါ ကန့်သတ်ထားတာဖြစ်ပါတယ်။




ဆက်ဖတ်ရန် →
PDF နှင့် PDO တပ်ဖွဲ့ဝင်များကို နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(IHL)သင်တန်းများ ပို့ချပေး

PDF နှင့် PDO တပ်ဖွဲ့ဝင်များကို နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(IHL)သင်တန်းများ ပို့ချပေး

ယန်ဒီး/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ််ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(PDO)အဖွဲ့ဝင်များကို နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(International Humanitarian Law) သင်တန်းများပို့ချပေးနေကြောင်း သိရသည်။


NUG ကာကွယ်ရေးဝန်ကြီးဌာနသည် Principles of Humanity အဖွဲ့၏ ပူးပါင်းပံ့ပိုးကူညီမှုဖြင့် ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာမှစ၍ နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(IHL) သင်တန်းများကို စီစဉ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။


ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်စီးဆင်းမှုအောက်တွင်ရှိနေကြသော တိုက်ပွဲဝင်ရဲဘော်၊ ရဲမေ များအနေနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နိုင်ငံတကာစည်းကမ်းသတ်မှတ်ချက်များနှင့် စံချိန် စံညွှန်း များအတိုင်း တသွေမတိမ်း လိုက်နာကျင့်သုံးကြစေရန်အတွက် အထက်ပါသင်တန််းများကို စီစဥ်ပြုလုပ်ပေးခြင််းဖြစ်သည်ဟု ဆိုသည်။


အထက်ပါသင်တန်းများကို ၁၅ ကြိမ်ခန့် ပို့ချပေးပြီးဖြစ်ကာ သင်တန်းသား ၁၀၀၀ နီးပါးကို လက်နက်ကိုင်င်ပဋိပက္ခဆိုင်ရာ ဥပဒေသများ၊ MoD ၏ Code of Conduct များ၊ နိုင်ငံတကာ လူသားချင်းဆိုင်ရာ ဥပဒေများနှင့် အရပ်သားများကိို ကာကွယ်ပေးရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ပို့ချခဲ့ကြောင်း NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။  


“PDF တွေ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဒါတွေအကုန်လုံးက security sector reform ပေါ့။ လက်ရှိ ရှိနေတဲ့ မြန််မာ စစ်တပ်က အကြမ်းဖက်စစ်အုပ်စုအဖြစ် ပြောင်းသွားပြီ ဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့က တချိန်ကျရင် ဖြစ်လာမယ့်  Federal Army ဆိုတာကိုလည်း ရည်မှန်းထားတယ်။ ရည်မှန်းထားပြီး ဒါ အမြုတေအဖြစ်နဲ့ PDF တွေနဲ့ ဆောင်ရွက်နေတာဖြစ်တယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲဲ့တွေနဲ့ ဆောင်ရွက်နေတာဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့က ကျင့်ဝတ်ပြည့်ဝတဲ့ စည်းကမ်းပြည့်ဝတဲ့ ကျင့်ဝတ်လိုက်နာတဲ့ တပ်ဖွဲ့တွေအဖြစ် တစ်ဦးချင်းတစ်ယောက်ချင်းစီ အနေနဲ့လည်း ကျင့်ဝတ်ကို လေးစားလိုက်နာတဲ့ သူတွေဖြစ်အောင် ကျွန်တော်တို့ ပျိုးထောင်ပြီး အနာဂတ် Federal Army ကို မျှော်မှန်းပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်


သင်တန်းများတွင် အဓိကအားဖြင့် စစ်ရေးခေါင်းဆောင်ပိုင်းများကို အဓိက ဦးစားပေးပြီး အဆိုပါ ခေါင်းဆောင်များမှတဆင့် ၎င်းတို့၏ တပ်သားတွေကို ပြန်လည်မျှဝေကြောင်း သိရသည်။ အဆိုပါသင်တန်းများအပြင် သင်တန်းပို့ချချက်များ ပါဝင်သော လက်ကမ်းစာစောင်များ ထုတ်ဝေကာ သက်ဆိုင်ရာ စစ်ရေးနယ်မြေများ အားလုံးသို့ ဖြန့်ချိသွားရန် စီစဥ်ထားကြောင်း ဦးနေဘုန်းလတ်က ရှင်းပြသည်။


"ကောင်းပါတယ်။ ဒါတွေပိုသိနားလည်တော့ ကျွန်တော်တို့ရဲဘော်တွေရဲ့တော်လှန်ရေးအတွေးအမြင်တွေ ခိုင်မာတာပေါ့။ ပြီးတော့ ကိစ္စတွေမှာစဥ်းစားဆုံးဖြတ်ရာမှာလည်း အကောင်းဆုံး ဆုံးဖြတ်နိုင်ဖို့အတွက် Knowledge ရတာပေါ့။"ဟု အရာတော်ပကဖအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။


Principles of Humanity သည် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေအကြောင်း စိတ်ပါဝင်စားလေ့လာလိုသူအားလုံးကို အသိပညာပေးရန် ရည်ရွယ််ထားသော အခမဲ့ အွန်လိုင်းသင်တန််းဖြစ််ပြီး စစ်ပွဲ၊ ပဋိပက္ခများအတွင်း ကလေးသူငယ်ကာကွယ်ပေးရေး၊ မြေမြှုပ်မိုင်းမသုံးစွဲရေး၊ ကျန််းမာရေးစောင့်ရှောက်ရေး၊ လိင်အကြမ်းဖက်မှုတားမြစ်ရေး စသည့် ကဏ္ဍများကို သင်ကြားပို့ချကြောင်း သိသည်။


NUG ကာကွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေသင်တန်းများကို  မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများအတွက် ၂၀၂၃ အတွင်းတွင်သော် လည်းကောင်း၊ ၂၀၂၃ အလွန်တွင်သော်လည်းကောင်း ဆက်လက်ပြုလုပ်သွားမည်ဟု ထုတ်ပြန်ထားသည်။




ဆက်ဖတ်ရန် →