နောက်ဆုံးရ

မြန်မာ့မိုးလေဝသ — အောက်တိုဘာ ၁၅ ရက် (တောင်သူတွေအတွက်)

တစ်နိုင်ငံလုံး ခြုံငုံ

အောက်တိုဘာ ၁၅ ရက်တွင် မြန်မာတစ်နိုင်ငံလုံးအနှံ့ တိမ်ထူထပ်ပြီး နေရာအများအပြားတွင် မိုးရွာမည်။ နေ့လယ်ပိုင်းနှင့် ညနေပိုင်းတွင် မိုးကြိုးမုန်တိုင်းကျရောက်နိုင်သည်။

အမြင့်ဆုံး အပူချိန် ၃၀–၃၃ ဒီဂရီ စင်တီဂရိတ် ခန့်၊ အနိမ့်ဆုံး ၂၃–၂၅ ဒီဂရီ ခန့်။ မိုးရေချိန် — နေရာအများစုတွင် ၂–၁၀ မီလီမီတာ ခန့်။ လေပြင်းတိုက်ခတ်မှု မရှိပါ။ လေငြိမ်မှ လေညှင်းသာ တိုက်ခတ်မည်။

ထူးခြားဖြစ်စဉ် — မိုးကြိုးမုန်တိုင်း

ရန်ကုန်ဒေသ: နံနက် ၉ နာရီခန့်မှ နေ့လယ်ပိုင်းအထိ မိုးကြိုးမုန်တိုင်းကျရောက်နိုင်။ မိုးရွာနိုင်ခြေ ၈၀ ရာခိုင်နှုန်း ခန့်၊ မိုးရေချိန် ၇–၁၀ မီလီမီတာ ခန့်။

နေပြည်တော်: နေ့လယ်ပိုင်းမှ ညနေပိုင်းအထိ မိုးကြိုးမုန်တိုင်းကျရောက်နိုင်။ မိုးရေချိန် ၃ မီလီမီတာ ခန့်။

မန္တလေး: မိုးကြိုးမုန်တိုင်း တစ်ချို့ ကျရောက်နိုင်။ မိုးရေချိန် ၂ မီလီမီတာ ခန့်။

မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးခြင်း၊ အပူလှိုင်း စသည့် အခြားထူးခြားဖြစ်စဉ် မရှိပါ။

မနက်ဖြန် (အောက်တိုဘာ ၁၆ ရက်)

မိုးရွာသွန်းမှု ဆက်ရှိနိုင်သည်။ ရန်ကုန်တွင် နေ့လယ်ပိုင်း မိုးကြိုးမုန်တိုင်းကျရောက်နိုင်ပြီး မိုးရေချိန် ၃ မီလီမီတာ ခန့် ရှိမည်။ နေပြည်တော်တွင် မိုးရွာနိုင်ခြေ လျော့ကျမည်။ အပူချိန် ၃၂ ဒီဂရီ ခန့် ရှိမည်။

ဘင်္ဂလားပင်လယ်အော် စောင့်ကြည့်ချက် (မုန်တိုင်းသတိပေးချက် မဟုတ်ပါ)

အောက်တိုဘာ ၁၃ ရက်ခန့်က ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်ခဲ့သော်လည်း၊ အောက်တိုဘာ ၁၄ ရက် သတင်းများအရ အားကောင်းလာခြင်း မရှိဘဲ အနောက်ဘက်သို့ ရွေ့လျားနေသည်။ မြန်မာဘက်သို့ ဦးတည်နေခြင်း မရှိပါ။

အောက်တိုဘာ ၂၁–၂၂ ရက်ခန့်တွင် ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း အသစ် ဖြစ်ပေါ်နိုင်ပြီး၊ အောက်တိုဘာ ၂၃–၂၄ ရက်ခန့်တွင် မုန်တိုင်းအဖြစ်သို့ ရောက်နိုင်သည်ဟု ခန့်မှန်းချက်များ ရှိသည်။ လက်ရှိခန့်မှန်းချက်များအရ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ အိုရစ္ဆာကမ်းခြေဘက်သို့ ဦးတည်နိုင်ပြီး၊ မြန်မာဘက်သို့ ဦးတည်သည်ဟု မခန့်မှန်းထားပါ။ အခြေအနေ ပြောင်းလဲနိုင်သဖြင့် ဆက်လက် စောင့်ကြည့်နေသည်။

JTWC: ဘင်္ဂလားပင်လယ်အော်တွင် လက်ရှိ အသက်ဝင်သော မုန်တိုင်းသတိပေးချက် မရှိပါ။ ၄၈ နာရီအတွင်း ကုန်းတွင်းဝင်မည့် မုန်တိုင်း မရှိသဖြင့် သီးခြား အရေးပေါ် မုန်တိုင်းသတိပေးချက် ထုတ်ပြန်ခြင်း မရှိပါ။

ရင်းမြစ်မှတ်ချက်

DMH ၏ moezala.gov.mm စာမျက်နှာကို ယနေ့ တိုက်ရိုက်ဖွင့်ကြည့်နိုင်ခြင်း မရှိခဲ့ပါ — DMH ၏ အနေအထားကို သတင်းရင်းမြစ်မှတစ်ဆင့် ဖော်ပြထားသည်။ yr.no နှင့် Windy မြေပုံတို့ကိုလည်း တိုက်ရိုက်ဖွင့်ကြည့်နိုင်ခြင်း မရှိခဲ့ပါ။ ဤခန့်မှန်းချက်သည် ရင်းမြစ် ၃ ခု သဘောတူသော အချက်များအပေါ် အခြေခံထားသည်။

ရင်းမြစ်များ

ဆက်ဖတ်ရန် →
ကြပ်ပြေးနန်းတွင်းအရှုပ်တော်ပုံ အပိုင်း(၂)

ကြပ်ပြေးနန်းတွင်းအရှုပ်တော်ပုံ အပိုင်း(၂)

အပိုင်း(၁) ကို ဤနေရာတွင် ဖတ်ပါ

“ဒါပေမဲ့ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးအခင်းကာလမှာတော့ စစ်အာဏာရှင်ကြီး ဦးနေဝင်း နဲ့ သမီးကြီး ဗိုလ်မှူး စန္ဒာဝင်း တို့က ဗိုလ်ချုပ် သန်းရွှေ ကို ခေါက်ထားပြီး စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးချုပ် ခင်ညွန့် ကို ရှေ့တန်းတင် ပွဲထုတ်လာတဲ့အတွက် ဗိုလ်ချုပ် သန်းရွှေ ရဲ့စိတ်ထဲမှာ ဦးနေဝင်း

မိသားစုနဲ့ ဗိုလ်မှူးချုပ် ခင်ညွန့် တို့အပေါ် အငြိုးအတေးတွေ စတင်ဖြစ်ပေါ်ခဲ့တယ်လို့ ယူဆရပါတယ်။ ၁၉၈၈ခုနှစ် စက်တင်္ဘာလအတွင်း စစ်အာဏာရှင်ကြီး ဦးနေဝင်း က ဗိုလ်ချုပ်ကြီး စောမောင်နဲ့ ဗိုလ်ချုပ် ခင်ညွန့် တို့ကို သူ့ရဲ့အိမ်တော်မှာ ခေါ်ယူတွေ့ဆုံပြီး စစ်တပ်နဲ့အာဏာသိမ်းဖို့၊ စစ်အာဏာသိမ်း ကောင်စီမှာ ဗိုလ်ချုပ်ကြီးစောမောင်က ဥက္ကဌလုပ်ပြီး ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဗိုလ်မှူးချုပ်တင်ဦး တို့ကို အတွင်းရေးမှူး (၁)နဲ့ (၂) လုပ်ခိုင်းဖို့ ညွန်ကြားခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးစောမောင်ကလည်း ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သန်းရွှေ ကို အာဏာသိမ်းစစ်ကောင်စီမှာ သာမန်အဖွဲ့ဝင်တ

ဦးအဖြစ်နဲ့သာ ထည့်သွင်းခဲ့ပြီး အရေးပါတဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ ပေါ်လစီတွေကို ကိုင်တွယ်ခိုင်းခြင်းမရှိပဲ လမ်းဖေါက်၊ တံတားဆောက် စတဲ့လုပ်ငန်းတချို့ကိုသာ ကြီးကြပ်စေခဲ့တာ ကြောင့် ဗိုလ်ချုပ်ကြီးသန်းရွှေက ဗိုလ်ချုပ်မှူးကြီးစောမောင် နဲ့ ဦးနေဝင်းတို့အပေါ်အငြိုးအတေးထားခဲ့ကြောင်း သိရှိရပါတယ်။ ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ မကျေနပ်မှုတွေကို ရိပ်မိလာတဲ့ ဗိုလ်ချုပ်ခင်ညွန့်က နဝတအတွင်း စည်းလုံးညီညွတ်ရေးကို ရှေ့ရှုပြီး ဗိုလ်ချုပ်ကြီးသန်းရွှေကို နဝတစစ်ကောင်စီ ရဲ့ ဒုတိယဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးဖို့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို အကြိမ်ကြိမ် နားချစည်းရုံးခဲ့တာကြောင့် ဗိုလ်ချုပ်မှူးကြီး စောမောင်က ၁၉၉ဝပြည့်နှစ် အစောပိုင်းရောက်မှ ဗိုလ်ချုပ်ကြီး သန်း ရွှေ ကို နဝတ ဒုတိယဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အငြိုးအတေးကြီးတဲ့ ဗိုလ်ချုပ်သန်းရွှေဟာ ဗိုလ်ချုပ် မှူးကြီး စောမောင် ရဲ့ ခြေလှမ်းအမှားကိုစောင့်ဆိုင်းရင်း ဆင်ကြံ ကြံနေခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး သန်းရွှေဟာ နေရာတကာ သူ့ လက်သူ့ခြေ ဖြစ်နေတဲ့ ဗိုလ်ချုပ်ခင်ညွန့် ကိုလည်း သိပ်ကြည့်မရပေမဲ့ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်ဟာ ရှစ်လေးလုံးအရေးအခင်းကာလအတွင်း အဖျက်အမှောင့်လုပ်ငန်းတွေကို လျို့ဝှက်လုပ်ကိုင်ပြီး စစ်အာဏာသိမ်းဖို့အခြေအနေတွေ ပေါ်ပေါက်လာအောင် ဖန်တီးလုပ်ဆောင်ပေးခဲ့သူ ဖြစ်နေတာကြောင့် တချိန်ချိန်မှာ သူ့အတွက်လည်း အသုံးဝင်လာနိုင်တယ် ဆိုတဲ့အတွေးနဲ့ အချိုသတ်ဆက်ဆံထားဖို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။ ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ ၁၉၉ဝ အထွေထွေရွေးကောက်ပွဲမှာ တစညပါတီ အနိုင်ရမယ်ထင်ပြီး ရွေးကောက်ပွဲ ပြီးရင် တပ်မတော်က စစ်တန်းလျားကိုပြန်မယ်လို့ အာချောင်မိခဲ့ပါတယ်။ ဒါပေမဲ့ စီစဉ်ထားသလိုဖြစ်မလာဘဲ NLD ပါတီက အပြတ်အသတ် အနိုင်ရရှိသွားတဲ့အခါ ဗိုလ်ချုပ်ကြီး သန်းရွှေ ဦးဆောင်တဲ့ သဘောထားတင်းမာသူ နဝတဗိုလ်ချုပ်တွေက လွှတ်တော်ခေါ်ပေးဖို့ကိစ္စနဲ့ NLD ပါတီကို အာဏာလွှဲပေးဖို့ကိစ္စတွေအပေါ် အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။ NLD ပါတီက သူတို့အာဏာရခဲ့ရင် မြန်မာ့တပ်မတော်ကို ပြုပြင်ပြောင်းလဲရေး ပြုလုပ်ဖို့၊ ဗိုလ်မှူးကြီးနဲ့အထက် တပ်မတော် အရာရှိကြီးတွေကို ဖယ်ရှားသန့်စင်ပစ်ဖို့ စီစဉ်နေကြောင်း တစိတ်ကိုတအိပ်လုပ်ပြီး တပ်မတော်အတွင်းမှာ သွေးထိုးလှုံ့ဆော်မှု တွေ

ကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ ဘေးကြပ်နံကြပ်အခြေအနေတွေနဲ့ ရင်ဆိုင်လာရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင် ဟာ စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ အရက်ကို နေ့ရောညပါ သောက်လာခဲ့ရာက နောက်ဆုံးမှာ စိတ်ဝေဒနာပါ စွဲကပ်လာပြီး မိန့်ခွန်းချွေရာမှာ အမှားအယွင်းတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အကွက်ကောင်းကိုချောင်းနေတဲ့ ဗိုလ်ချုပ်ကြီး သန်းရွှေ ဟာ ဗိုလ် ချုပ်မှူးကြီးစောမောင်ရဲ့ မိန့်ခွန်းတွေကို တလုံးမှ ပြင်ဆင်တည်းဖြတ်ခြင်းမပြုဘဲ ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခိုင်း ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ပြည်သူလူထုနဲ့ တပ်မတော်သားတွေအကြားမှာ ပညာသားပါပါနဲ့ သိက္ခာချဖို့ ကြိုးစားခဲ့ပါ တယ်။ နောက်ဆုံးမှာ တပ်မတော်ဆေးညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ကျော်ဝင်း (နောင် အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး) ဦးဆောင်တဲ့ သမားတော်ကြီးတွေကို စစ်ဆေးခိုင်းပြီး ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ ကျမ္မာရေးအခြေအနေ မကောင်းတော့ ကြောင်း ဆေးထောက်ခံစာ ရေးခိုင်းခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး သန်းရွှေ ဟာ နဝတ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ စစ်အစိုးရအဖွဲ့ဝင် တွေကို ဒီဆေးစာပြပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်ကို အနားပေးဖို့ စည်းရုံးခဲ့တဲ့အပြင် စစ်တိုင်းမှူးတဦးချင်းစီရဲ့ သဘောထား ကိုလည်း ခေါ်ယူမေးမြန်းတာတွေ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ အစစအရာရာ အကွက်စေ့အောင် ဖန်တီးနိုင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေဟာ သူကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ နဝတ ကြေငြာချက်အမှတ် ၈/၉၂ ကို ၁၉၉၂ ခုနှစ် ဧပြီလ(၂၃)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး စောမောင် ကို တာဝန်အရပ်ရပ်က အနားပေးကြောင်း ကြေငြာခဲ့ပါတယ်။ “နိုင်ငံတော်၏ မြားမြောင်ကြီးလေးလှသော အလုပ်တာဝန်များ၏ ဒဏ်ကြောင့် ဗိုလ်ချုပ်မှူးကြီးစောမောင်၏ ကျန်းမာရေးသည် အနားမယူလျှင် မဖြစ်တော့သည် အခြေအနေအထိ ချို့ယွင်းလာသဖြင့် တာဝန်များ ပြန်လည်ထမ်းဆောင်နိုင်သော ကျန်းမာရေးအခြေအနေသို့ ရောက်ရှိသည်အထိ အနားယူနေရန် ကျွမ်းကျင်သောဆရာဝန်ကြီးများက အကြံပြုထောက်ခံ တင်ပြလာပါသည်။ အထက်ပါဆရာဝန်ကြီးများ၏ အကြံပြုထောက် ခံချက်ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစည်းအဝေးတွင်တင်ပြပြီး ဗိုလ်ချုပ်မှူးကြီးစောမောင်အား အနား ယူစေရန် ဆုံးဖြတ်လိုက်ကြောင်း ကြေငြာအပ်ပါသည်။” ဆိုတဲ့ လှပတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေ က ဗိုလ်ချုပ်မှူးကြီး စောမောင်ကို အာဏာသိမ်းခဲ့ပါတယ်။ နဝတ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ခင်ညွန့်ကလည်း အဲဒီနေ့ရက်စွဲနဲ့ နဝတကြေငြာချက်အမှတ် ၉/၉၂ ကို ထုတ်ပြန်ခဲ့ပြီး နဝတဥက္ကဌ နေရာကို ယ္ခုအချိန်ကစပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဆက် လက် တာဝန်ယူသွားမှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ (တကယ်တော့ ဗိုလ်ချုပ်ကြီးသန်းရွှေဟာ ဧပြီလ(၂၂)ရက်နေ့ ကတည်းက ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို စတင်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။) ဒီ ဖြုတ်ထုတ်အာဏာသိမ်းပွဲကို ဗိုလ်ချုပ်ကြီး သန်းရွှေ နဲ့ ဗိုလ်ချုပ်ခင်ညွန့် တို့

ပူးပေါင်းလုပ်ကိုင်ခဲ့ကြတာ ဖြစ်နိုင်ပါ တယ်။ သူ့အထက်ကဗိုလ်ချုပ်တွေကို ရှင်းထုတ်ပစ်ပြီး တဖြေးဖြေး နေရာယူဖို့ကြံစည်နေတဲ့ မျှော်မှန်းချက်ကြီးမားသူ စစ် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေတို့ဟာ ကိုယ့်အကြံအစီနဲ့ကိုယ် ပူးပေါင်းလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး စောမောင်အပေါ် သစ္စာဖေါက်ပြီး နောက်ကျောကို ဓားနဲ့ထိုးခဲ့ကြတဲ့ ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ ဗိုလ် ချုပ်ခင်ညွန့် တို့ကို ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ဇနီး ဒေါ်အေးအေးရီ က ခံပြင်းဒေါသထွက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး ပေါ် အထိ တက်ဆဲခဲ့တာကို အဲဒီအချိန်က ရန်ကုန်စစ်ရုံးချုပ်မှာ တာဝန်ကျနေသူတိုင်း သိရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ကာကွယ်ဦးရေးဦးစီးချုပ်ဖြစ်လာတာနဲ့ နဲ့ တပြိုင်နက် က် သူ့ရဲ့အနေအထားကို ခိုင်မာအောင် စတင်တည်ဆောက်ခဲ့ပါတယ်။ သူ ပထမဆုံးလုပ်ခဲ့တဲ့အလုပ်ကတော့ စစ်ရုံးချုပ်နဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေးဌာန တွေမှာ “သူ့လူတွေ” ကို နေရာချထားလာခြင်း ဖြစ်ပါတယ်။ သူ တပ်မ(၈၈)တပ်မှူးအဖြစ် ထမ်းဆောင်ခဲ့စဉ်က စစ်ဦးစီးမှူး (ဒုတိယတန်း) အဖြစ်နဲ့ သူ့လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ ဒုဗိုလ်မှူးကြီး ကျော်ဝင်း (မန္တလေး အမှတ်(၁) စစ် ထောက်လှမ်းရေးတပ်မှူး) ကို မေလအတွင်းမှာ ရန်ကုန်စစ်ရုံးချုပ်ကိုခေါ်ယူခဲ့ပြီး တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး ရုံးမှာ ဒုတိယညွှန်ကြားရေးမှူးအဖြစ်နဲ့ ခန့်အပ်ကာ ဗိုလ်ချုပ်ခင်ညွန့်ကို ထိမ်းချုပ်နိုင်ဖို့ စတင်ကြိုးပမ်းခဲ့ပါတယ်။ စတင်တည်ဆောက်ခဲ့ပါတယ်။ သူ ပထမဆုံးလုပ်ခဲ့တာအလုပ်ကတော့ စစ်ရုံး ဒါ့အပြင် မိန်းမကိစ္စရှုတ်ထွေးမှုတွေကြောင့် ဗိုလ်ချုပ်မှူးကြီးစောမောင်က အပြစ်ပေးတဲ့အနေနဲ့ စစ်ရုံးချုပ်ကနေ ယာ ယီ နှင်ထုတ်ထားတဲ့ သူ့တပည်ရင်း ဗိုလ်ချုပ် တင်ဦး(အတွင်းရေးမှူး ၂) နဲ့ ဗိုလ်မှူးကြီး ခင်မောင်သန်း(စစ်ဦးစီးမှူး ပထမတန်း) တို့ကိုလည်း စစ်ရုံးချုပ်ကို ပြန်လည်ခေါ်ယူ တာဝန်ပေးအပ်ခဲ့ပါတယ်။ ဗိုလ်မှူးကြီး ခင်မောင်သန်းကို တပ်မ(၁၁) တပ်မမှူးအနေ နဲ့ ခန့်အပ်တာဝန်ပေးခဲ့တာဖြစ်ပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့အနီးမှာ ခေါ်ယူထားပြီး စစ်ရုံးချုပ်ကနေ တပ်မ(၁၁)ကို ကွပ် ကဲစေခဲ့ပါတယ်။ (သူ့ရဲ့လုံခြုံရေးအတွက် အကာအကွယ်ရအောင် တပ်မ(၁၁)မှူးကို အနားမှာ ခေါ်ယူထားခဲ့ခြင်းဖြစ်ပါတယ်။) နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးစောမောင် ရဲ့ လူတွေအားလုံးကို စစ်ရုံးချုပ်ကဖယ်ရှားပစ်ခဲ့ပြီး သူ့လူတွေနဲ့ အစားထိုးခဲ့ပါတယ်။ ယုတ်စွအဆုံး ဗိုလ်ချုပ်သန်းရွှေ နတခ တိုင်းမှူးဘဝနဲ့ ပုသိမ်မြို့မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က တိုင်းမှူးကတော် ဒေါ် မကြိုင်ရဲ့စကားကို မြေဝယ်မကျ နားထောင်ခဲ့ကြတဲ့ ဗိုလ်မှူးနေဝင်းက နိုင်ငံတော်သမ္မတရဲ့ စစ်ဘက်လက်ထောက် ဗိုလ်ချုပ် နေဝင်း ဖြစ်လာပြီး၊ ဗိုလ်မှူးဆန်းဆင့် က စစ်ရာထူးခန့်ချုပ် ဗိုလ်ချုပ်ဆန်းဆင့်၊ တိုင်းမှူးရဲ့ အိမ်တော်စောင့် လုံခြုံရေးအရာရှိ ဗိုလ်ကြီး လှအောင်သိန်း က ခြေလျှင်လည်းမဆင်း၊ စစ်လည်းမတိုက်ရဘဲ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခံရပြီး စစ်ရုံး ချုပ်စခန်းမှူး ဗိုလ်ချုပ် လှအောင်သိန်း ဖြစ်လာ

ကြကြောင်း တင်ပြလိုက်ရပါတယ်။ ။ ၁၉၈၈ခုနှစ် စက်တင်္ဘာ စစ်အာဏာသိမ်းပွဲဟာ မဆလစစ်အာဏာရှင်ကြီး ဦးနေဝင်းရဲ့ ညွှန်ကြားချက်အရ ဗိုလ်ချုပ် ကြီး စောမောင် ဦးဆောင်တဲ့စစ်အုပ်စုက မျက်လှည့်ပြပြီး အာဏာကိုလွှဲပြောင်းယူလိုက်ခြင်းသာ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် စက်တင်္ဘာ(၁၇)ရက်နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်နဲ့ တပ်မတော် စစ်ထောက်လှမ်းရေးညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် ခင်ညွန့် တို့ဟာ ရန်ကုန်မြို့ AD လမ်းမှာရှိတဲ့ ဦးနေဝင်းရဲ့ နေအိမ်ကို သွားရောက်ခဲ့ပြီး တပြည်လုံးမှာ ဖြစ်ပေါ်နေတဲ့ လူထုအုံကြွမှုအခြေအနေတွေနဲ့ တပ်မတော်ရဲ့ လက်ရှိအနေအထားတွေကို ဦးနေဝင်းထံ ရှင်းလင်းတင်ပြခဲ့ပါတယ်။ နောက်တနေ့ စက်တင်္ဘာ(၁၈)ရက်နေ့ မနက်(၉)နာရီမှာ ဦးနေဝင်းက မဆလပါတီ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးစန်းယု၊ ဦးစိန်လွင်၊ ဦးအေးကို၊ ဒေါက်တာမောင်မောင်၊ ဗိုလ်ချုပ်ကြီး သူရကျော်ထင်နဲ့ ဦးထွန်းတင် တို့ကို သူ့အိမ်မှာခေါ်ယူတွေ့ဆုံပြီး အရေးပေါ်အစည်းအဝေးတရပ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးကို ဗိုလ်ချုပ်ကြီး စောမောင်နဲ့ ဗိုလ်မှူးချုပ် ခင်ညွန့် တို့ကိုလည်း တက်ရောက်ခိုင်းခဲ့ပြီး လက်ရှိအခြေအနေတွေကို အသေးစိတ် ထပ်မံရှင်းပြဖို့ ဗိုလ်မှူးချုပ်ခင်ညွန့် ကို ဦးနေဝင်း ကညွှန်ကြားခဲ့ကြောင်း သိရှိရပါတယ်။ ဒေါက်တာမောင်မောင် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေတွေကို ဆက်လက် ထိမ်းသိမ်းသွားဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အတွက် ဗိုလ်ချုပ်ကြီးစောမောင် ဦးဆောင်ပြီး စစ်တပ်ကအာဏာသိမ်းဖို့၊ အာ ဏာသိမ်းစစ်ကောင်စီမှာ ဗိုလ်ချုပ်ကြီးစောမောင် ဥက္ကဌ၊ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးချုပ်ခင်ညွန့် နဲ့ ဗိုလ်မှူးကြီး တင်ဦး (စစ်ဦးစီးမှူး ဗိုလ်မှူးကြီး)တို့ကို အတွင်းရေးမှူးတွေအဖြစ်နဲ့ တာဝန်ပေးအပ်ဖို့၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သန်းရွှေ အပါအဝင် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထိပ်ပိုင်းဗိုလ်ချုပ်တချို့နဲ့ စစ်တိုင်းမှူးတွေကို အာဏာသိမ်း စစ် ကောင်စီအဖွဲ့ဝင်တွေအဖြစ်နဲ့ ထည့် သွင်းတာဝန်ပေးအပ်ဖို့၊ ဒို့တာဝန်အရေးသုံးပါး အ အပါအဝင် ရှေး ရွေးကောက်ပွဲတွေ အမြန်ဆုံး ကျင်းပပြုလုပ်ပေးဖို့ ဆိုတဲ့ ဦးတည်ချက်(၄)ရပ်ကိုပါ အဲဒီအစည်းအဝေးမှာ ဦးနေဝင်းက ချမှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ စစ် အစိုးရရဲ့ ဖွဲ့စည်းပုံရေးဆွဲဖို့နဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို နောက်ကွယ်က ထိမ်းကြောင်းပေးသွားဖို့အတွက်လည်း ဒေါက်တာ မောင်မောင် ခေါင်းဆောင်တဲ့ ပဲ့ကိုင်ကော်မတီတရပ်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ တပ်မတော်က နိုင်ငံတော်ရဲ့အာဏာအရပ်ရပ်ကို သိမ်းပိုက်လိုက်ကြောင်း ကြေငြာချက်ကိုလည်း အဲဒီအစည်းအဝေး မှာပဲ လက်ရေးမူနဲ့ရေးသားခဲ့ပြီး ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး မျိုးသန့် (နောင် ပြန်ကြားရေးဝန်ကြီး) နဲ့ စစ် ထောက်လှမ်းရေး ဒုတိယညွှန်ကြားရေးမှူး ဒုဗိုလ်မှူးကြီး သန်းထွန်း (နောင် ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာန ဒုဝန်ကြီး) တို့က အဲဒီနေ့ညနေ (၄)နာရီမှာ မြန်မာ့အသံကတဆင့် ဒီကြေငြာချက်ကို

ထုတ်လွှင့်ခိုင်းခဲ့ကြတာဖြစ်ကြောင်း သိရှိရပါတယ်။ ဗိုလ်ချုပ်သန်းရွှေဟာ ကနဦးမှာ နဝတစစ်ကောင်စီအတွင်း သာမန် အဖွဲ့ဝင်တဦးအနေနဲ့သာ မထင်မရှား ပါဝင်ခွင့် ရရှိခဲ့ပြီး အရေးကြီးတဲ့ ပေါ်လစီပိုင်းဆိုင်ရာကိစ္စတွေကိုလည်း ကိုင်တွယ်ဆောင်ရွက်ခွင့်မရခဲ့ပါဘူး။ ၁၉၈၉ခုနှစ် မေလ(၂၃)ရက် နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖေါ်ရေးဗဟိုအဖွဲ့ မှာ သာ ဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးခံရတာကို တွေ့ရပါတယ်။ ဦးနေဝင်းဟာ အရင်က ဗိုလ်ချုပ်သန်းရွှေအပေါ် ယုံကြည် အားကိုးတဲ့အတွက် ဒုတိယကာကွယ်ရေးဦးစီးချုပ်အထိ တာဝန်ကြီးတွေကို ပေးအပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ဘာကြောင့် ဗိုလ် ချုပ်သန်းရွှေအပေါ် သဘောထားပြောင်းလဲသွားရသလဲ ဆိုတာကိုတော့ ဦးနေဝင်းကလွဲပြီး ဘယ်သူမှ အတိအကျ သိနိုင်မှာ မဟုတ်ပါဘူး။ ဦးနေဝင်းက ဗိုလ်ချုပ်သန်းရွှေအပေါ် အမြင်မကြည် ဖြစ်လာတာဟာ ဦးနေဝင်း ဟာ ဦးနေဝင်းနဲ့ ဗိုလ်ချုပ်သန်းရွှေ တို့အကြားက ပြဿနာကြောင့် မဖြစ်နိုင်ဘဲ ဦးနေဝင်းရဲ့ သမီးကြီး ဗိုလ်မှူးခင်စန္ဒာဝင်းနဲ့ ဗိုလ်ချုပ်သန်းရွှေရဲ့ ဇနီး ဒေါ်မကြိုင် ခေါင်းဆောင်တဲ့ ခင်ပြုံးရွှေ၊ ကြည်ကြည်ရွှေ၊ အေးအေးသစ်ရွှေ၊ သန္တာရွှေ တို့ ညီအမ(၄)ဖေါ်အကြားက မနာလိုဝန်တိုစိတ်တွေကြောင့် ဖြစ်နိုင် တယ်လို့ ဗိုလ်ချုပ်ကတော်တချို့က သုံးသပ်ပြောဆိုခဲ့ကြပါတယ်။ ၁၉၈၈ ခုနှစ် စက်တင်္ဘာ(၁၈)ရက်နေ့မှာ ဦးနေဝင်းရဲ့ မဆလအစိုးရလက်က နိုင်ငံတော်အာဏာကို တပ်မတော်က သိမ်းလိုက်ပြီဆိုပေမဲ့ AD လမ်းမှာရှိတဲ့ ဦးနေဝင်းရဲ့နေအိမ်ကို ဗိုလ်ချုပ်ကြီးစောမောင်နဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့ နေ့စဉ်လိုလို ဝင် ထွက်သွားလာနေတာတွေ့ရပြီး ဦးနေဝင်းထံ အစီရင်ခံတင်ပြတာတွေ၊ ဦးနေဝင်းရဲ့ဩဝါဒကို ခံယူတာတွေ၊ ဆက်လက် ပြုလုပ်ခဲ့ ကြပါတယ်။ ဦးနေဝင်းရဲ့ နေအိမ်ကိုလည်း ခါတိုင်းလို လုံခြုံရေးအစောင့်တပ်ဖွဲ့တွေ အပြည့်အဝ ချထားပေးခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် မတ်လ(၂၇)ရက် တပ်မတော်နေ့(ဖက်ဆစ်တော်လှန်ရေးနေ့) ညစာစားပွဲမှာလည်း ဗိုလ်ချုပ်ကြီးဝတ်စုံကို ဝတ်ဆင်ပြီး အာဏာသိမ်းစစ်ကောင်စီဝင်တွေရဲ့ စားပွဲထိပ်မှာ ခန့်ခန့်ကြီးနေရာယူထားတဲ့ ဦးနေဝင်း ကို နဝတ သတင်းမီဒီယာတွေက တခန်းတနားဖေါ်ပြပေးခဲ့ကြတာ တွေ့ရပါတယ်။ ဒါ့အပြင် နဝတစစ်ကောင်စီဥက္ကဌရုံးအပါအဝင် အစိုးရရုံးတွေမှာလည်း ဗိုလ် ချုပ်ကြီးနေဝင်းရဲ့ ဓာတ်ပုံတွေကို ဆက်လက် ချိတ်ဆွဲထားခဲ့ကြတာ တွေ့ရပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေ ကိုယ်တိုင် တောင် ၁၉၉၀ခုနှစ်အတွင်း ဒညင်းကုန်း တပ်မတော်ဂေါက်ကွင်းမှာ ဗိုလ်ချုပ်မောင်မောင်ခင်၊ ဗိုလ်ချုပ်ဘုန်းမြင့်၊ ဗိုလ်ချုပ် ချစ် ဆွေ တို့နဲ့ ဂေါက်ရိုက်ကစားနေစဉ် ဦးနေဝင်း ရုတ်တရက်ရောက်ရှိလာတဲ့အတွက် ကစားတာကိုခေတ္တရပ်နားပြီး ဦးနေဝင်းကို အလေးပြုကြိုဆိုနှုတ်ဆက်ခဲ့တဲ့အပြင် သူတာဝန်ယူလုပ်ဆောင်နေတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအခြေအနေတွေကို တင်ပြအစီရင် ခံခဲ့ကြောင်း သိရှိရပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင် ကို ဖယ်ရှားပြီး ဗိုလ်ချုပ်ကြီးသန်းရွှေ ကာကွယ်ရေးဦးစီးချုပ်

ဖြစ်လာတဲ့အချိန်က စလို့ ဦးနေဝင်းအပေါ် ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ ဆက်ဆံရေးအခြေအနေတွေဟာ လုံးဝပြောင်းလဲသွားခဲ့ပါတယ်။ ဦးနေဝင်း ကို သူနေထိုင်ရာ ADလမ်း နေအိမ်က ဆင်းခိုင်းခဲ့တဲ့အတွက် သူ့ သမီးကြီး ခင်စန္ဒာဝင်းရဲ့နေအိမ်ကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ ဦးနေဝင်းရဲ့ အနီးကပ်လုံခြုံရေးတပ်ဖွဲ့က အရာရှိ၊ အရာခံ၊ အကြပ်တွေအားလုံးကိုလည်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေကို ပြန်ပို့ခဲ့ပြီး၊ AD လမ်းအဝ နဲ့ ဒေါ်ခင်စန္ဒာဝင်း အိမ်တဝိုက်မှာသာ အမှတ်(၄) ဗမာ့သေနပ်ကိုင်တပ်ရင်းက တပ်ခွဲ(၁)ခွဲကို ဆက်လက် ချထားပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အစိုးရရုံးတွေမှာချိတ်ဆွဲထားတဲ့ သူ့ဓာတ်ပုံတွေကို ပြန်လည်ဖြုတ်သိမ်း ပေးဖို့ ဦးနေဝင်း ကိုယ်တိုင် ရေးသားထားတဲ့ မေတ္တာရပ်ခံစာတစောင်ကို နဝတရဲ့ သတင်းစာတွေမှာဖေါ်ပြလာတာ တွေ့ရပါ တယ်။ အဲဒီအချိန်ကစပြီး ဦးနေဝင်းဟာ ဒေါ်ခင်စန္ဒာဝင်းရဲ့ ခြံဝင်းအတွင်းမှာ သီးခြားအိမ်ငယ်တလုံး ဆောက်လုပ်နေထိုင်ခဲ့ပြီး ဘာသာရေးအလုပ်တွေကိုသာ အာရုံစိုက်လုပ်ကိုင်နေခဲ့ကြောင်း သိရှိရပါတယ်။ နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဒေါ်ခင်စန္ဒာဝင်းရဲ့ နေအိမ်တဝိုက်က လုံခြုံရေးအစောင့်တွေကိုပါ ပြန်လည်ရုပ်သိမ်းခိုင်းခဲ့ကြောင်း သိရှိရပါတယ်။ ဗိုလ်ချုပ်သန်းရွှေဟာ ဒေါ်ခင်စန္ဒာဝင်းကို ပိုပြီး မျက်မုန်းကျိုးတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး စောမောင် နဝတဥက္ကဌ ဖြစ် စဉ်က ဒေါ်ခင်စန္ဒာဝင်းတို့မိသားစုကို ချပေးထားတဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေကို သူ့လက်ထက်မှာ ပြန်လည်ထိမ်းချုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်အမိန့်အရ GSM မိုဘိုင်းတယ်လီဖုန်း တင်သွင်းရောင်းချခွင့်ကို တဦးတည်း မူပိုင်အဖြစ် ဒေါ်ခင်စန္ဒာဝင်းတို့ မိသားစုကို ချပေးခဲ့တဲ့ ဆက်သွယ်ရေးစာတိုက်နဲ့ကြေးနန်းဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ဝင်းတင် ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂ဝဝ၁ခုနှစ် မေလ(၁၀)ရက်နေ့မှာ ဖြုတ်ထုတ်ဖယ်ရှားပစ်ခဲ့ပြီး GSM တယ်လီဖုန်းတွေ တင်သွင်းရောင်းချခွင့်ကို တိုက်ရိုက် ကြီးကြပ်ဖို့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးကို တာဝန်ပေးခဲ့ပါတယ်။ GSM တယ်လီဖုန်းတွေ တင်သွင်းဖို့ကိစ္စမှာ အရင်း အနှီး ဒေါ်လာသန်း(၂ဝဝ)လောက် လိုအပ်တဲ့အတွက် ဒေါ်ခင်စန္ဒာဝင်း က ဗိုလ်ချုပ်ခင်ညွန့်ရဲ့အကူအညီနဲ့ အပစ်ရပ် UWSA အဖွဲ့ကို ရှယ်ယာ(၈ဝ)ရာခိုင်နှုန်း ရောင်းစားထားခဲ့တဲ့အပြင် တယ်လီဖုန်းတွေကိုလည်း ကြိုတင်ရောင်းချထားခဲ့တာကြောင့် ဒီကိစ္စတွေအတွက် သပွတ်အူလိုက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့် တို့အကြားမှာ တင်းမာမှုတွေ ပိုမိုဖြစ်ပေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီကိစ္စတွေအတွက် အဲဒီနောက်ကစပြီး ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ဩဇာအာဏာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင် အေးတို့က တဖြေးဖြေး ချုပ်ကိုင်လာကြတာကြောင့် ဗိုလ်ချုပ်ခင်ညွန့်အနေနဲ့ ဒေါ်ခင်စန္ဒာဝင်းတို့ မိသားစုအပေါ် သံယောဇဉ် ရှိပေမဲ့ ကူညီဆောင်ရွက်ပေးနိုင်တာ မရှိသလောက်နည်းသွားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒေါ်စန္ဒာဝင်းအပေါ် မနာလိုမုန်းတီးစိတ် ရှိနေကြတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီး(၄)ဦးလုံးဟာ နိုင်ငံခြားရေးဝန်ကြီးဌာန

မှာ အတွင်းဝန်တွေ ဖြစ်ကြပါတယ်။ ဒေါ်ခင် စန္ဒာဝင်းတို့မိသားစု နိုင်ငံခြားကိုသွားတဲ့အခါ သက်ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့ မြန်မာသံအမတ်ကြီးတွေနဲ့ သံရုံးအရာရှိတွေက ဒေါ်စန္ဒာဝင်းကို (First Lady) လို့သဘောထားပြီး ပြာပြာသလဲ သွားရောက်ကြိုဆို ဧည့်ခံလေ့ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး ရဲ့သမီးတွေက သူတို့ရဲ့ဖခင်ကြီးကို တစိတ်တအိပ်လုပ်ပြီး တိုင်ကြားခဲ့ကြတဲ့အတွက် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ သားသမီးတွေကို ကြိုဆိုဧည့်ခံခြင်းမပြုဖို့ စစ်အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိုင်ငံခြားရေး ဝန်ကြီး ဌာနကို ချက်ချင်း အမိန့်ထုတ်ခိုင်းခဲ့ပါတယ်။ (အမှန်ကတော့ ဒေါ်ခင်စန္ဒာဝင်းကို (First Lady) လို့ မြှောက်ပင့်ခေါ်ဝေါ်ပြီး ကြိုဆိုခဲ့တဲ့နိုင်ငံဆိုလို့ ကွန်မြူနစ် မြောက်ကိုရီးယားနိုင်ငံတခုတည်းသာ ရှိခဲ့ပါတယ်။ ၁၉၇ဝ ခုနှစ်နှောင်းပိုင်းမှာ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်ကို စစ် အာဏာရှင်ကြီး ဦးနေဝင်းနဲ့ သမီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းတို့ ချစ်ကြည်ရေး အလည်အပတ်ခရီး သွားရောက်စဉ်က အဲဒီလို ခေါ် ဝေါ်သုံးစွဲပြီး ကြိုဆိုခဲ့တာဖြစ်ပါတယ်။) “ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြားက မကျေလ မကျေလည်မှုတွေထဲမှာ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖယ် ရှားပြီး ဗိုလ်ချုပ်ကြီးသန်းရွှေက အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း လစ်လပ်သွားခဲ့တဲ့ နဝတ ဒုဥက္ကဌ နေရာကို ဗိုလ်ချုပ်ခင်ညွန့် ကို မပေးပဲ ဗိုလ်ချုပ်မောင်အေး ကို ပေးလိုက်တဲ့ကိစ္စလည်း ထိပ်ဆုံးကပါဝင်တယ်လို့ ဆိုပါတယ်။ ဦးနေဝင်းနဲ့ မဆလ ထိပ်တန်း ခေါင်းဆောင်ကြီးတွေက ၁၉၈၈ခုနှစ်မှာ တပ်မတော်ကို အာဏာသိမ်းဖို့အမိန့်ပေးခဲ့စဉ်ကတည်းက အာဏာသိမ်းအဖွဲ့မှာ ဗိုလ် ချုပ်မှူးကြီးစောမောင်ပြီးရင် ဗိုလ်ချုပ်ခင်ညွန့်ကို ဒုတိယခေါင်းဆောင်အနေနဲ့ သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးသန်းရွှေဟာ လစ်လပ်သွားတဲ့ သူ့ရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ရပခ တိုင်းမှူး ဗိုလ်ချုပ် မောင်အေးကို ၁၉၉၃ ခု မတ်လ(၂၇)ရက်နေ့မှာ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ တကယ်တော့ ဗိုလ်ချုပ်ကြီးစောမောင်နဲ့ ဗိုလ်ချုပ် ကြီးသန်းရွှေတို့ အသက်(၆ဝ)ပြည့်လို့ သက်ပြည့်ပင်စင်နဲ့ အငြိမ်းစားယူသွားရင် မြန်မာ့တပ်မတော်ကို ဆက်လက်ဦးဆောင်ဖို့ အတွက် ကာကွယ်ရေးဦးစီးချုပ်လောင်းအဖြစ် လျာထားခံရသူတွေထဲမှာ မူလက ဗိုလ်ချုပ်မောင်အေး မပါခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီအချိန်က ရတခ တိုင်းမှူးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ဥာဏ်လင်း (DSA-1) (အသက် ၅၂ နှစ်)ကို ကာကွယ်ရေးဦးစီးချုပ်လောင်း အဖြစ် သတ်မှတ်လျှာထားကြောင်း သိရှိရပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ဥာဏ်လင်း က ကျမ္မာရေးမကောင်းတဲ့အတွက် ၁၉၉၁ ခုနှစ် မတ်လ(၁၈)ရက်နေ့မှာ ဆေးပင်စင်နဲ့ အငြိမ်းစားယူသွားခဲ့ရတာကြောင့် သူနဲ့စစ်တက္ကသိုလ်တပတ်စဉ်ထဲဖြစ်တဲ့ ဗိုလ်ချုပ် မောင်အေးကို မလွှဲမရှောင်သာ ရွေးချယ်လိုက်ရတာဖြစ်ကြောင်း သိရှိရပါတယ်။

အပိုင်း(၃) ဆက်ရန်

ဆက်ဖတ်ရန် →