နောက်ဆုံးရ

အောင်ပွဲနဲ့အတူ မကြာခင်ပြန်ဆုံနိုင်အောင် ကြိုးစားပါ့မယ်

​5.3.2022

နိုင်ငံရေး စတင်လုပ်ဆောင်သည်မှ ယနေ့အထိ  ကျမနှင့် ပြည်သူဘက်မှရပ်တည်ပေးခဲ့တဲ့ မိသားစုဝင်အားလုံးကို   အားနာပါတယ်

NAC CENTER မှ  သား/သမီး များ အားလုံးကိုလဲ   အားနာပါတယ် 

                  ဒါပေမဲ့ 

စစ်အာဏာရှင်တော်လှန်ရေးအတွက် အသက်ပေးခဲ့ကြတဲ့   GZ တွေ

နိုင်ငံစစ်အာဏာရှင်လက်အောက်ကလွတ်မြောက်အောင် အသက်စွန့် ကာကွယ်ပေးနေကြတဲ့  သူရဲကောင်းPDF တွေ

အပစ်မဲ့ပြည်သူတွေ  အသက်စွန့်လွှတ်ခဲ့ရတဲ့ကလေးသူငယ်နှင့်အမျိုးသမီးတွေ 

နေအိမ်မီးရှို့ခံ  အပစ်သတ်ခံရတဲ့  အပစ်မဲ့ပြည်သူတွေ   ကိုလဲ            ပိုပြီးအားနာပါတယ် 

ဒါကြောင့် စစ်အာဏာရှင် ကျဆုံးသည်အထိ  အောင်ပွဲ ရသည်အထိ တိုက်ပွဲ ဝင်သွားပါ့မယ် ။

အောင်ပွဲနဲ့အတူ  မကြာခင်ပြန်ဆုံနိုင်အောင် ကြိုးစားပါ့မယ် 

                တော်လှန်ရေးသစ္စာဖြင့်

                ဖြူဖြူသင်း


ဆက်ဖတ်ရန် →

ရန်ကုန်တွင် စစ်တပ် ကင်းလှည့်ယာဉ်များနှင့် ရဲစခန်းများ တိုက်ခိုက်ခံရကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၇ ဦး သေဆုံး

​


ရန်ကုန်၊ မတ် ၅

ခေတ်သစ်မီဒီယာ

ရန်ကုန်တွင် ပျံလွှားအောင် စစ်ဆင်ရေး အဖြစ် ဖေဖော်ဝါရီလ ၄ရက်နှ မတ်လ ၄ရက်နေ့အထိ ၁လတာအတွင်း စစ်တပ် ကင်းလှည့်ယာဉ်များနှင့် ရဲစခန်းများကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၇ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ထံမှ သိရသည်။  


ရန်ကုန် အရှေ့ပိုင်းခရိုင်

=============


ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်တွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ပျံလွှားအောင် စစ်ဆင်ရေးအနေနှင့် ဗုံးခွဲတိုက်ခိုက်မှု ၁၁ ကြိမ်၊ ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပစ်ခတ်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့ကာ ကင်းလှည့်ယာဉ် ၃ စီး၊ လေတပ်ဗိုလ်ကြီးအဆင့်ရှိသူ နေအိမ်၊ အကြမ်းဖက်စစ်ကောင်စီပိုင် MyTel Showroom တစ်ခုနှင့် စစ်ကောင်စီအခြေစိုက် အဆောက်အအုံတစ်ခု ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။


ရန်ကုန် အနောက်ပိုင်းခရိုင်

===============


ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေး တပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ဗုံးခွဲတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ပြီး MyTel တာဝါတိုင် တစ်ခုနှင့် ရဲစခန်း အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။


ရန်ကုန် တောင်ပိုင်းခရိုင်

============= 


ရန်ကုန် တောင်ပိုင်းခရိုင်တွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်မှု ၁ ကြိမ်၊ ဗုံးခွဲတိုက်ခုက်မှု ၆ ကြိမ်၊ ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံးခဲ့ကာ MyTel တာဝါတိုင် တစ်ခု၊ ကင်းလှည့်ယာဉ်များနှင့် စစ်ကောင်စီအခြေစိုက် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ 


ရန်ကုန် မြောက်ပိုင်းခရိုင်

=============

ရန်ကုန် မြောက်ပိုင်းခရိုင်တွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ဗုံးခွဲတိုက်ခိုက်မှု ၁၃ ကြိမ်၊ ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပစ်ခတ်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေကာ MyTel တာဝိုင်တိုင် တစ်ခု၊တိုက်လေယာဉ် ၂ စီး၊ ကင်းလှည့် ကင်းလှည့်ယာဉ်များနှင့် စစ်ကောင်စီ အခြေစိုက် အဆောက်အအုံအချို့ထိခိုက်ပျက်စီးခဲ့ကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။ 


အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ခရိုင်/မြို့နယ်(ပကဖ) ၊ ဗမာ့လူငယ်ကွန်ရက်၊ SSUG, MO7(Eagle) DRG, Black Peacock, MO 8 , HRD, GZDF, ACPLF, Hmawbi  Revolution Force, YPDF(ဗဟန်း), Spring Brother Force, The Boys , STA, Dark Shadow, MDF , SOF , HRDF, MO 3 (Dawn), YFA, Zero to Hero, Z Fighter, GOD, Free Tiger Ranger , SRF , YUG (Army) , APLF အဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Photo - AFP


ဆက်ဖတ်ရန် →

ဒီလို လုပ်လိုက်ရုံ နဲ့ ပြည်သူ့ နဲ့ တော်လှန်ရေး ဟာ ချက်ကြိုးပြတ်မသွား ဘူး

​* ဘယ်သူတွေ ဘယ်နေရာမှာ ရှိနေလဲ ဆိုတာ မဲဆောက်မှာ တောထဲမှာ တောခြောက်တာတွေ လုပ်တာအားမရလို့ ထပ်ပြီး Searching fire လုပ်တဲ့ သဘော လည်း ပါမယ်။ 

*ဒီလို လုပ်လိုက်ရုံ နဲ့ ပြည်သူ့ နဲ့ တော်လှန်ရေး ဟာ ချက်ကြိုးပြတ်မသွား ဘူး လို့ ဆိုချင်တယ်။ 

*  နောက်တချက် အရေးအကြီးဆုံးက - ကျမတို့ တော်လှန်ရေးအလွန် နိုင်ငံတော်သစ်မှာ ဒီ (၈၂) ဥပဒေကြီးက ရှိအုံးမှာ မို့လို့လား လို့ပဲ - မေးခွန်းထုတ်ချင်ပါတယ် ။

(ဒေါ်ဇင်မာအောင်-နိုင်ငံခြားရေးဝန်ကြီး)


ပတ်စပိုစ့်ဆိုတဲ့စာအုပ်လေးတစ်အုပ်ထဲကစာရွက်ပေါ်မှာနိုင်ငံသားဖြစ်မှုကို ရပ်စဲလိုက်ရုံနဲ့ ၊ မှတ်ပုံတင်ကိုဖျက်သိမ်းလိုက်ရုံနဲ့ အမိနိုင်ငံအပေါ်ချစ်မြတ်နိုးတဲ့ကျမရဲ့စိတ်ကို စစ်ကောင်စီအနေနဲ့ဖြိုလဲရိုက်ချိုး ခြေမွဖျက်စီးနိုင်မှာမဟုတ်ပါဘူး။ အကြမ်းဖက် အဖွဲ့အစည်း စစ်ကောင်စီရဲ့ တရား မဝင်တဲ့ ထုတ်ပြန်ချက်ကိုလဲ ကျမတို့ အနေနဲ့ ဂရုစိုက်စရာကို လိုမနေပါဘူး။ တော်လှန်ရေး အောင်မြင်ချိန်​ရောက်တဲ့ အဆုံးသတ်အထိ ပြည်သူတွေ ၊ ကျမရဲ့တော်လှန်ရေးရဲဘော်ရဲဘက်တွေ ၊ ကျမရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ကျမဆက်လက်ရုန်းကန်တိုက်ပွဲဝင်နေမယ်ဆိုတာကိုပဲ ထပ်လောင်းပြောကြားချင်ပါတယ်။

အိသဉ္ဇာမောင် ဒုဝန်ကြီး


ဆက်ဖတ်ရန် →

​စစ်ခေါင်းဆောင် မင်းအောင်လှိုင် လူမြင်ကွင်းက ပျောက်ကွယ်နေ


=========

အာဏာသိမ်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်တွင် ကျောင်း ဆောင်တော် ရတနာပန္နက်တော်တင် အခမ်းအနားတက်ရောက်ပြီးကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်လျက်ရှိသည်မှာ ငါးရက်ကြာမြင့်ပြီဖြစ်သည်။။


ဖေဖော်ဝါရီလ ၂၇ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ပန္နက်တော်တင်အခမ်းအနား ပြုလုပ်ခဲ့ရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ကောင်စီဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် စစ်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဌနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း စစ်ကောင်စီအာဘော် ကြေးမုံ သတင်းစာတွင်ဖော်ပြခဲ့သည်။


အခမ်းအနားအပြီး နောက်တစ်ရက် နေပြည်တော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတစ်ခုကိုတော့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကသာ ဦးဆောင်တက်ရောက်ခဲ့သည်ကို တွေ့ရသည်။


အလားတူ မတ်လ ၁ရက်နေ့တွင် ပြုလုပ်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပခဲ့မှုနှင့် စပ်လျဉ်းပြီး ပြည်လည်သုံးသပ်သည့် အစည်းအဝေးပွဲကို ဒုတိယဥက္ကဌကသာ ဦးဆောင်တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။


မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားကို. အသက် ၆၅ နှစ်အရွယ် ခါးဝေဒနာခံစားနေရဟန်ရှိသော စစ်ကောင်စီဥက္ကဌက  သဝဏ်လွှာပေးပို့ထားသည်ကို တွေ့ရသည်။ သို့သော် ဖေဖော်ဝါရီလကုန်ပိုင်းကနေ မတ်လ ၄ရက်နေ့အထိ နေပြည်တော်တွင် ထိပ်တန်းအစည်းအဝေး သုံးကြိမ်ပြုလုပ်ခဲ့ပြီး အစည်းအဝေးတိုင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကသာ  တက်ရောက်သည်ကိုတွေ့ရသည်။


လူမြင်ကွင်းမှမကွယ်ပျောက်မီ သီတင်းပတ်တစ်ပတ်အကျော်ကတည်းက  စစ်ခေါင်းဆောင်သည် ခါးနာသက်သာစေသည့်ခါးပတ်ပတ်ထားပုံကို သတင်းများတွင်တွေ့ခဲ့ရ့သည်။


သူသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အာဏာသိမ်း တစ်နှစ်ပြည့်မိန့်ခွန်း​ပြောခြင်း၊ မကွေးပြည်သူ့ဆေးရုံရှိ အသစ်ထပ်မံဆောက်လုပ်ထားသည့် အဆောင်များကို သွားရောက်ကြည့်ရှု့ခြင်း၊ မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူကို ရွှေထီးတော်၊ စိန်ဖူးတော်တင်လှူခြင်းနှင့် အနေကဇာတင်သည့် အခမ်းအနားတက်ရောက်ခြင်း၊ ကျိုင်းတုံတွင် ဘုရားဖူးခြင်း၊ စေတီတော်တည်ဆောက်မှုကို သွားရောက်ကြည့်ရှု့ခြင်းတို့ပြုလုပ်ခဲ့သေးကာ ယတြာချေခြင်းများလည်းလုပ်နေခဲ့သည်။


သို့သော် သူသည် ပြည်မြို့သို့ သွားရောက်ရန်ရှိကြောင်း သတင်းထွက်ပေါ်နေပြီး ယခုရက်ပိုင်းအတွင်း ပြည်မြို့တွင် ပလက်ဖောင်းဆေးသုတ်ခြင်း၊ လမ်းသန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း ပြည်မြို့ခံအချို့ကပြောသည်။

Credit

ဓာတ်ပုံ- စစ်ခေါင်းဆောင် (ညာ)သည် လူမြင်ကွင်းမှမပျောက်မီက ခါးဝေဒနာခံစားနေခဲ့ရဟန်ရှိသည်။



ဆက်ဖတ်ရန် →

တိုက်မ၏တပည့် သည် လာရောက်ပတ်သတ်လာသည်

​စစ်ကိုင်းတောင်ရိုး

သမိတ္ထောဒယသီလရှင် စာသင်တိုက်ကြီး ခင်ဗျား...

ဒေါ်ဝေသိဂ် ီ၊ဒေါ်ဋ္ဌေး၊ဒေါ်သန်းတို့ရဲ့တူမအခြေအနေပါ။

သာသနာကိုမငဲ့။ တိုက်နာမည်ကို ကိုယ်ကျိုးအတွက်အသုံးချ ချင်ရင်လဲ သဘောပါ။


ကျနော် ဖြေရှင်းပေးဖို့ တိုက်ကို အကြိမ်ကြိမ် လာရောက် တောင်းပန်ခဲ့ပါသည်။

သို့ပေမယ့် ဒေါ်ဋ္ဌေးတို့၏ ဆဲဆိုကြိမ်းမောင်း ခြိမ်းချောက် ခြင်းသာခံခဲ့ရပါသည်။

အရင်တခါ ကျနော်ဆရာ့မျက်နှာနှင့် နောက်ဆုပ်ပေးခဲ့သည်။

စ၍ မပတ်သတ်တော့ကြောင်း သိက္ခာကျခံပီး နေလာခဲ့သည်။ ယ္ခုမူ တိုက်မ၏တပည့် သည် လာရောက်ပတ်သတ်လာသည်။ 

ခွင့်မလွှတ်နိုင်တော့ပါကြောင်း အသိပေးပါသည်။

credit #


ဆက်ဖတ်ရန် →

ရူးနေတာ သေချာတယ်

​


ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ 

တပ်မတော်သား တစ်ဦးဖြစ်ပြီး၊ 


တာဝန် ၁ = တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးနေရာ၌   လက်ရှိ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ 


တာဝန် ၂ = ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီး-နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ်-တာဝန်ထမ်းဆောင်လျက်ရှိသည်။ 


တာဝန် ၃ = ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော အိမ်စောင့်အစိုးရတွင်လည်း ဝန်ကြီးချုပ်အဖြစ် မိမိကိုယ်ကိုပြန်လည်ခန့်အပ်ကာ တာဝန် ထမ်းဆောင်နေသည်။ 


ယင်းဖန်တီးထားသော 

အိမ်စောင့်အစိုးရ၏ အစိုးရအကြီးအကဲအဖြစ် 

အုပ်ချုပ်ရေးအာဏာနှင့် ကောင်စီဥက္ကဋ္ဌအဖြစ် 

ဥပဒေပြုရေးအာဏာတို့ကို ကိုယ်တိုင်ကျင့်သုံးလျက်ရှိသည်။

ဌေးတင့် 🇳🇱


ဆက်ဖတ်ရန် →

ကုမ္ပဏီ ၆ ခုကို စီးပွားရေး ဆက်ဆံမှု မပြုရန် အမိန့်ထုတ်ပြန်

​ခင်မောင်အေးပိုင် Golden Myanmar Airlines၊ အောင်ကိုဝင်းပိုင် Brighter Energy နှင့် သိန်းဝင်းဇော်ပိုင် ရွှေဗျိုင်းဖြူ တို့ကို စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်း၍  အကြမ်းဖက် အားပေးသူများအဖြစ် NUG ကြေညာ၊ ကုမ္ပဏီ ၆ ခုကို စီးပွားရေး ဆက်ဆံမှု မပြုရန် အမိန့်ထုတ်ပြန်


ရန်ကုန်၊ မတ် ၅ 


CB ဘဏ်ဥက္ကဋ္ဌ ခင်မောင်အေးပိုင် Golden Myanmar Airlines ၊ KBZ ဘဏ်ဥက္ကဋ္ဌ အောင်ကိုဝင်းပိုင် Brighter Energy ကုမ္ပဏီနှင့် သိန်းဝင်းဇော်ပိုင် ရွှေဗျိုင်းဖြူ ကုမ္ပဏီတို့ကို စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်း၍ NUG က အကြမ်းဖက် အားပေးသူများအဖြစ် မတ်လ ၄ ရက်နေ့တွင် ကြေညာလိုက်ကြောင်း သိရှိရသည်။ 


အကြမ်းဖက် စစ်အုပ်စုအတွက် လေယာဉ်ဆီတင်သွင်းမှုတွင် ပါဝင်ကူညီဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် Golden Myanmar Airlines ၊ ရွှေဗျိုင်းဖြူ ကုမ္ပဏီနှင့် Brighter Energy ကုမ္ပဏီ တို့ကို အကြမ်းဖက်စစ်ရာဇဝတ်မှုများ ကျူးလွန်ရန် ထောက်ခံအားပေးသူများအဖြစ် သတ်မှတ်ပြီး ၎င်းတို့၏ လုပ်ငန်းများကို စီးပွားရေးအရ ဆက်ဆံခြင်းမပြုရန် NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးက လက်မှတ်ရေးထိုး၍ ကြေညာချက် ထုတ်ပြန်သည်။ 


ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ထွန်းမြင့်နိုင်(ခ) စတီဗင်လောပိုင် Yangon Aerodrome Company ၊  ကြံ့ဖွတ်အမတ်ဟောင်း ဒေါက်တာဝင်းမြင့်ပိုင် မြတ်မေတ္တာမွန်ကုမ္ပဏီ၊ ရှယ်ယာရှင်များဖြစ်ကြသည့်  ကြူကြူမြင့်၊ သရဖီလှမျိုး၊ ဝင်းကျော်ကျော်အောင်တို့ ပိုင်ဆိုင်သော Asia Sun Energy ကုမ္ပဏီတို့ကို အမည်ပျက်စာရင်း ကြေညာခဲ့သည်။ 


လက်ရှိအချိန်တွင် လေယာဉ်ဆီတင်သွင်း၍ အမည်ပျက်စာရင်း ကြေညာခံရသည့် ကုမ္ပဏီ ၆ ခုရှိနေပြီး ယင်းကုမ္ပဏီများသည် အကြမ်းဖက်စစ်ရာဇဝတ်မှုထောက်ခံအားပေး၍ စီးပွားရေးအရ ဆက်ဆံခြင်းမပြုကြရန် NUG စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တရားဝင် အမိန့်ထုတ်ပြန် ထားပြီဖြစ်သည်။ 


ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ သီလဝါဆိပ်ကမ်းတွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့  Asia Sun Energy ကုမ္ပဏီက လေယာဉ်ဆီ Jet Fuelများကို  ဆီသယ်ယာဉ် ၃ စီးဖြင့် သယ်ယူပြီး မှော်ဘီလေတပ်စခန်းသို့ ပို့ဆောင်ခဲ့သေးသည်။


ဆက်ဖတ်ရန် →

​စစ်အာဏာသိမ်းပြီး တစ်နှစ်တစ်လအတွင်း နေအိမ် ၆,၂၀၀ ခန့် မီးရှို့ခံရ



စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မတ် ၁ ရက်အထိ တစ်နှစ်နဲ့ တစ်လတာကာလအတွင်း မြန်မာနိုင်ငံတဝန်း မီးရှို့ခံရတဲ့ နေရာပေါင်း ၁၆၅ ခုက နေအိမ်ပေါင်း ၆,၁၅၈ လုံး မီးရှို့ခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 


မီးရှို့ခံရမှု အများဆုံးတိုင်းက စစ်ကိုင်းတိုင်းဖြစ်ပြီး နေအိမ်ပေါင်း ၃,၇၀၀ နီးပါး၊ ဒုတိယအများဆုံးကတော့ ချင်းပြည်နယ်ဖြစ်ပြီး နေအိမ်ပေါင်း ၁,၁၀၀ ကျော်၊ မကွေးမှာ ၉၀၀ နီးပါး၊ ကယားမှာ ၃၀၀ ကျော်၊ ရှမ်းမှာ ၉၀ ကျော်၊ မန္တလေးမှာ ၃၀ ကျော်၊ တနင်္သာရီမှာ ၃၀ နီးပါး၊ ပဲခူးအနောက်ပိုင်းမှာ ၁၀ လုံးနဲ့ ကရင်ပြည်နယ်မှာ ၅ လုံးဖြစ်ပါတယ်။  


“မီးရှို့တာတွေ စဖြစ်တာကတော့ ၂၀၂၁ မေလလောက်ကစတာ၊ ရှေ့ပိုင်းကာလတွေကတော့ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတာပေါ့။ အခုရက်ပိုင်း စစ်ကိုင်းဘက်မှာ အင်တာနက်ဖြတ်တောက်ထားတော့ ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ လိုက်စုဆောင်းဖို့ မလွယ်တော့ဘူး။ ဒေသခံတွေအနေနဲ့ ဒီအချက်လက်တွေကို မှတ်တမ်းတွေ၊ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ ဖြစ်ဖြစ် သေချာသိမ်းထားနိုင်ရင်တော့ ပြန်စုဖို့ရလောက်မယ်။ ဒါပေမဲ့လည်း အခြေအနေတွေက ပြောမရဘူး ” လို့ အချက်လက်တွေကို စုစည်းဖော်ပြပေးနေတဲ့ Data for Myanmar အဖွဲ့ဝင်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။ 


အခု ဖော်ပြနေတဲ့ အချက်လက်တွေကလည်း တိုက်ပွဲသတင်းတွေနဲ့ နေအိမ်မီးရှို့ခံရတဲ့ သတင်းတွေကို ရက်အလိုက် ၊ ဖြစ်စဉ်အလိုက် ပြန်စီပြီး ရေတွက်ထားတဲ့အကြောင်း၊ သတင်းဌာနတစ်ခုချင်းစီက အရေအတွက်တွေကို ပြန်စိစစ်ထားပြီး ဒေသခံ လူ့အခွင့်အရေးအဖွဲ့တွေ၊ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက ထုတ်ပြန်ထားတာတွေကိုလည်း အခြေခံပြုစုထားတာလို့ ပြောပါတယ်။ 


Data For Myanmar အဖွဲ့ဟာ စစ်အာဏာသိမ်းခံထားပြီးနောက်ပိုင်း နေအိမ်မီးရှို့ခံရတာ၊ ဖျက်ဆီးခံရတာ၊ နေအိမ်စွန့်ခွာထွက်ပြေးကြရတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေအပါအဝင် အသံတိတ်သပိတ်မှာ ပါဝင်တဲ့မြို့တွေ၊ နုတ်ထွက်သွားတဲ့ အုပ်ချုပ်ရေးမှူးစာရင်းတွေ စတဲ့ အချက်လက်တွေကို စုစည်းဖော်ပြပေးနေတာ ဖြစ်ပါတယ်။


 

ဒီသတင်းအပါအဝင်နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-60389755


 ဓာတ်ပုံ-Gangaw Youths Voice

ပုံစာ-ဂန့်ဂေါမှာ ဖေဖော်ဝါရီ ၂၈ ရက်နဲ့ မတ် ၁ ရက်နေ့က မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်တချို့ကိုတွေ့ရစဉ်။


ဆက်ဖတ်ရန် →

ရုရှနိုင်ငံကို ပိတ်ဆို့အရေးယူသည့်နိုင်ငံများတွင် စင်ကာပူလည်းပါဝင်လာ

​


မတ် ၅၊ ၂၀၂၂။ 


စင်ကာပူနိုင်ငံအနေဖြင့် ရုရှနိုင်ငံအခြေစိုက် ဘဏ်အချို့နှင့် ရုရှအစိုးရကိုအကျိုးအမြတ်ရစေမည့်လုပ်ငန်းများကို စီးပွားရေးဆိုင်ရာပိတ်ဆို့အရေးယူမှုများပြုလုပ်မည်ဟု ကြေညာလိုက်သည်။


ယူကရိန်းပြည်သူများကို တိုက်ရိုက်ထိခိုက်စေရန်လက်နက်အဖြစ်အသုံးပြုနိုင်သည့် လက်နက်ဆိုင်ရာပစ္စည်းများတင်ပို့မူကို တားဆီးပိတ်ပင်သွားမည်ဟု စင်ကာပူနိုင်ငံ၏နိုင်ငံခြားရေးရာဝန်ကြီးဌာနက ကြေညာခဲ့သည်။ 


"ရုရှနိုင်ငံနဲ့ ရုရှပြည်သူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တန်ဖိုးထားပေမယ့် ရုရှနိုင်ငံအနေနဲ့ တခြားတိုင်းပြည်တစ်ပြည်ရဲ့ အချုပ်အခြာပိုင်နက်ကို ကျူးလွန်နယ်ချဲ့တာကို လက်မခံနိုင်ဘူး" ဟု နိုင်ငံခြားရေးရာဝန်ကြီးဌာနက ဆိုသည်။ 


စင်ကာပူနိုင်ငံ၏လုပ်ဆောင်ချက်သည် "ယူကရိန်းနိုင်ငံနှင့် ၎င်း၏အချုပ်အခြာပိုင်နက်ကို ကျူးကျော်တိုက်ခိုက်မှု" လုပ်ဆောင်နေသည့် ရုရှား၏စွမ်းရည်ကို အတားအဆီးဖြစ်စေရန် ရည်ရွယ်သည်ဟု သိရသည်။ 


ယူကရိန်းနိုင်ငံကို စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ကျူးကျော်ထားသည့် ရုရှားနိုင်ငံကို ကမ္ဘာ့ဘော်လုံးအဖွဲ့ချုပ် (FIFA) အပါအဝင် အားကစားနှင့် အခြားကဏ္ဍအများအပြားက ရုရှားနိုင်ငံကိုပိတ်ဆို့အရေးယူမှုများပြုလုပ်လိုက်သည်။ 


ထိုကဲ့သို့ပိတ်ဆို့အရေးယူသည့်ကဏ္ဍများကြောင့် ရုရှားနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ၊ ကမ္ဘာ့ရပ်ဘီအသင်းချုပ်၊ ဟော်ကီ၊ တင်းနစ်၊ စကိတ်နှင့် အခြားအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ဆုံးရှုံးမည် ဖြစ်သည်။ 


ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများကြောင့် ရုရနိုင်ငံသည် ကမ္ဘာ့ဖလားဘော်လုံးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတော့မည်မဟုတ်ဘဲ ယခင်က ရုရနိုင်ငံ၊ စိန့်ပီတာစ္စဘတ်မြို့တွင် ကျင်းပမည့် ချန်ပီယံလိဂ်ပြိုင်ပွဲဗိုလ်လုပွဲစဉ်ကို ပြင်သစ်နိုင်ငံသို့ ပြောင်းရွှေ့ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

The 74 Media

ဆက်ဖတ်ရန် →

နိုင်ငံတကာမသန်စွမ်းသူများ ဥက္ကဋ္ဌရဲ့ ရုရှား - ယူကရိန်း ငြိမ်းချမ်းရေးတောင်းဆိုမှု တရုတ်ပိုင်ရုပ်သံ CCTV က ဆင်ဆာဖြတ်

​


မသန်စွမ်းအားကစားပြိုင်ပွဲဖွင့်ပွဲအတွင်း မသန်းစွမ်းသူများဆိုင်ရာအကြီးအကဲရဲ့ ရုရှား - ယူကရိန်းအရေးအတွက် ငြိမ်းချမ်းရေးဆိုင်ရာ တောင်းဆို ပြောဆိုမှုကို တရုတ်နိုင်ငံပိုင်မီဒီယာ CCTV က ဆင်ဆာဖြတ်တောက်ခဲ့ပါတယ်။ 


အိုလံပစ် မသန်စွမ်းအားကစားပြိုင်ပွဲကို လက်ရှိအချိန်မှာ ဖွင့်ပွဲကျင်းပပြီး တရုတ်နိုင်ငံမှာ ပြုလုပ်နေတာပါ။ 


နိုင်ငံတကာမသန်စွမ်းသူများ ဥက္ကဋ္ဌ အင်ထရူးပါဆင်စ်က ရုရှား - ယူကရိန်း အရေးအတွက် ငြိမ်းချမ်းရေးကိုအရေးတကြီးလုပ်ဆောင်ကြဖို့ တောင်းဆိုခဲ့တာပါ။ 


"ဒီညတော့၊ ငြိမ်းချမ်းရေးသတင်းစကားနဲ့ စတင်ချင်ပါတယ်" လို့ တရတ်သမ္မတ ရှီကျင့်ဖျင် အပါအဝင် တက်ရောက်လာတဲ့ နိုင်ငံတကာမိတ်ဆွေတွေ၊ ပွဲကြည့်ပရိတ်သတ်တွေအားလုံးအရှေ့မှာ အင်္ဂလိပ်ဘာသာစကားနဲ့ အဲဒီလိုအစချီပြောဆိုခဲ့တာပါ။ 


အဲဒီလိုပြောဆိုမှုကို တရုတ်နိုင်ငံပိုင်မီဒီယာဖြစ်တဲ့ CCTV ကထုတ်လွှင့်နေချိန်မှာပဲ အဲဒီပြောဆိုမှုကို သဲသဲကွဲကွဲမကြားရအောင် ပြုလုပ်ခဲ့ပြီး၊ လက်သင်္ကေတပြ သတင်းပြောဆိုသူကလည်း ဘာသာပြန်ဆိုပြောပြတာကို ရပ်တံ့ခဲ့ပါတယ်။ 


"မတူကွဲပြားမှုတွေကို ဂုဏ်ပြုပြီး ကွဲပြားမှုတွေကို လက်ခံတဲ့ အဖွဲ့အစည်းကြီးတစ်ရပ်ကို ဦးဆောင်နေတဲ့သူတစ်ယောက်အနေနဲ့တော့ အခုကမ္ဘာကြီးမှာဖြစ်နေတဲ့ မငြိမ်းချမ်းမှုဖြစ်စေတဲ့အရာတွေအတွက်ကို ထိန့်လန့်နေရပါတယ်"လို့ ပြောဆိုတာအပြင် ထပ်မံပြောဆိုတဲ့ ရုရှား - ယူကရိန်းဆိုင်ရာ စစ်ပွဲနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ တိုက်တွန်းပြောဆို မှုတွေကို တရုတ်နိုင်ငံပိုင်မီဒီယာ CCTV က ဆက်တိုက်ဆင်ဆာဖြတ်တောက်မှုတွေလုပ်ခဲ့ပါတယ်။ 


တရုတ်ကတော့ ရုရှား - ယူကရိန်းအရေးမှာ ရုရှားဘက်က ကျူးကျော်မှုလို့ခေါ်ဆိုတာကို ငြင်းဆန်ထားပြီး၊ ရုရှားကိုပြစ်တင်ရှုံ့ချမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာလည်း မဲမပေးပဲနေခဲ့ပါတယ်။ 


ဓာတ်ပုံ - GETTY


ဒီသတင်းအပြည့်အစုံအပါအဝင် ဘီဘီစီမြန်မာပိုင်းရဲ့နောက်ဆုံးရ သတင်းများတိုက်ရိုက်တင်ဆက်မှု

https://www.bbc.com/burmese/live/burma-60389755 


#ဘီဘီစီမွနျမာပိုငျး #ယူကရိနျး #ရုရှား #တရုတ် #Paralympics #CCTV #Censorship



ဆက်ဖတ်ရန် →