နောက်ဆုံးရ
ဒဂုံဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့  ရာအိမ်မှူး ၃ ဦး ဒဏ်ရာ လေးဦးစလုံးပြင်း ဘယ်သူသေလဲမသိရသေး

ဒဂုံဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ ရာအိမ်မှူး ၃ ဦး ဒဏ်ရာ လေးဦးစလုံးပြင်း ဘယ်သူသေလဲမသိရသေး

DVB TV News 

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွှေလီလမ်းနဲ့ ဧရာဝဏ်လမ်း ထောင့်ရှိ ၆၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဇန်နဝါရီ ၃၀ ရက် မနေ့ညက ပစ်ခတ်တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ ရာအိမ်မှူး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ 

 မနေ့ည ၉ နာရီဝန်းကျင်က ဧည့်စာရင်းပေးပြီး ရုံးပိတ်ဖို့လုပ်နေချိန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို ဆိုင်ကယ်စီးလာသူတွေက လက်ပစ်ဗုံးနဲ့ပစ်ခဲ့ပြီး သေနတ်နဲ့ပါ ထပ်မံပစ်ခတ်ခဲ့လို့ လေးဦးဒဏ်ရာရရှိခဲ့တာလို့ ရပ်ကွက်နေသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

 "ဗုံးအရင်ပေါက်ပြီး သေနတ်သံတွေထွက်လာတာ ငါးချက်လောက်ရှိမယ်။ အဲ့လိုတွေဖြစ်ပြီး မကြာဘူး လူနာတင်ယာဥ်တွေရော စစ်ကားတွေပါ ရောက်လာတာ"လို့ ပြောပါတယ်။ ဗုံးပေါက်ကွဲပြီး သေနတ်နဲ့ပါထပ်မံပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူး ၁ဦးနဲ့ ရာအိမ်မှူး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး စစ်ကောင်စီတပ်တွေက လူနာတင်ယာဥ်နဲ့ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီး စပ်သူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။ 

"ဒဏ်ရာကတော့ လေးဦးစလုံးပြင်းတယ်။ ဘယ်သူသေလဲ၊ ဘယ်ဆေးရုံပို့တယ်ဆိုတာ မသိရဘူး။” မနေ့မနက်ကလည်း လှိုင်မြို့နယ် ၂ ရပ်ကွက် ဘုရင့်နောင်လမ်း၊ ရတနာမွန်အိမ်ရာမှာ ရွှေဝါဆပ်ပြာစက်ရုံရဲ့ ဒုထွေထွေမန်နေဂျာဦးမြင့်စိုး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

ဆက်ဖတ်ရန် →
ရှောင်တန်နဲလ်၏ အင်တာဗျုးကြောင့် အရှက်ကွဲပြီးရင်း ကွဲလာနေသော စစ်‌ဗိုလ်ချုပ်များ

ရှောင်တန်နဲလ်၏ အင်တာဗျုးကြောင့် အရှက်ကွဲပြီးရင်း ကွဲလာနေသော စစ်‌ဗိုလ်ချုပ်များ

Frontier Myanmar 

Q: ဆရာကို ဘာကြောင့် ဖမ်းတယ်လို့ ထင်လဲ။
A: ဒေါ်စု နဲ့ ဝန်ကြီး အချို့ကို ပစ်မှတ်ထား တိုက်ခိုက်နိုင်မယ့် လမ်းကြောင်းရှာတာပေါ့ဗျာ၊ ဒေါ်စု ဟာ နိုင်ငံခြားသား‌ တွေရဲ့ ဩဇာ အကြီးအကျယ် လွှမ်းမိုး ခံနေရတယ် ဆိုတာ သက်သေပြချင်နေကြတာကိုး။ 
ဒုတိယ အကြောင်းက ပြုပြင်ပြောင်းလဲရေးဗျ၊ ကျွန်တော်လုပ်နေတဲ့ ဘဏ်လုပ်ငန်း ကဏ္ဍတွေက သူတို့ စစ်တပ်ရဲ့ အဖွဲ့အစည်း အချို့ ကို အတော်လေး ထိခိုက်စရာ ရှိလာနေတယ်၊ သူတို့ ရဲ့ ငွေကြေး ပိုင်းတွေမှာ တရားမဝင် လုပ်ထားတာ‌ တွေ ရှိနေတော့ နီးကပ်လာနေတာကို ပြန်တွန်းထုတ်ချင်တဲ့ သဘောပေါ့ဗျာ။
နောက်ထပ် တကြောင်းက ကျွန်တော်က ကိုဗစ်ကြောင့် လေယာဉ်‌လိုင်းတွေ ပိတ်ထားတာ တွေ ရှိနေတော့ ရန်ကုန်မှာပဲ ရှိနေလို့ သူတို့ အတွက် လွယ်သွားလို့ပဲ၊ အခြားလူတွေကိုလည်း ဖမ်းချင်မှာပဲ၊ နိုင်ငံခြားသားတွေ ကို မက်ဆေ့ခ်ျ ပေးချင်လို့  ကျွန်တော်ကို ဖမ်းလိုက်တာမျိုးပဲ။

Q: သူတို့စိတ်ထဲမှာ တကယ်ပဲ ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံခြားသား ဩဇာလွှမ်းနေမှာကို ယုံမှားသံသယ လွန်ကဲနေတာလား၊ ဒါမှမဟုတ် နိုင်ငံရေး ပြိုင်ဖက်တယောက်ကို ရှင်းထုတ်ပစ်ချင်တာ မျိုးလား။
A: နှစ်ခု စလုံးပဲဗျ။ သူတို့နဲ့ ပတ်သက်ပြီး အတော်လေး ကို သိသာထင်ရှားလာခဲ့တာက စစ်ကောင်စီဟာ ခေတ်သစ် စီးပွားရေး အပေါ် နားမလည်ကြဘူး ဆိုတာပဲ၊ သူတို့ စိတ်ထဲမှ ထီးထီးကြီး နေလိုက်ရင် ဖြစ်တာပဲလို့ တကယ်ကို ထင်နေကြတာဗျာ၊ အဲ့လို လုပ်လို့က ဆင်းရဲတွင်းထဲ အမြန်ဆုံး တန်းရောက်သွားမယ့် နည်းလေဗျာ၊ သူတို့မှာ ဘယ်လို တသီးတခြား နေသွားရမလဲ ဆိုတာတော့ သိတယ်ဗျ၊ အခြား အာရှ ကျားတွေ စီးပွားရေး ဖွံ့ဖြိုးအောင် လုပ်နေကြတာတွေက မြန်မာနဲ့ မဆိုင်ဘူး၊ အပိုအလုပ်တွေလို့ ယူဆထားကြတာကိုး။ အဲ့လို လိုက်လုပ်ရင် သူတို့ လုပ်ငန်းတွေ ထိခိုက်လာဖို့ ရှိနေတော့ စီးပွားရေး ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်တဲ့ နည်းမျိုးနဲ့ပဲ သွားဖိုရှိ‌ တော့တယ်၊ မြန်မာကို နံရံ လေးဖက်လေးတန် ကာမှ ပဲ ဖြစ်တော့မယ်၊ နောက်ပြီး သူတို့ရဲ့ အတ္တနဲ့ အကောင်းမမြင်နိုင်တဲ့ စိတ် ကလည်း အတိုင်းအတာ တခုထိ ရှိနေတယ်။

Q: ဆရာ့ကို စစ်လားဆေးလား လုပ်ကြတဲ့ လူတွေက ဘာ‌တွေ သိချင်နေကြတာလဲ၊ ခင်ဗျားဆီက သူတို့ အကျိုးရှိရာ ရှိကြောင်း တခုခု မယ်မယ်ရရ ထွက်လာမယ်လို့ မျှော်လင့်နေကြတာမျိုး ရှိလား။
A: သူတို့ကတော့ဗျာ၊ ကျွန်တော်လို့ နိုင်ငံခြားသား တယောက်က နောက်ကွယ်ကနေ ကြိုးဆွဲနေတယ် ဆိုတာ ပေါ်လွင်စေချင်တာဗျ၊ ကျွန်တော်က ကြိုးဆွဲဆရာ၊ စပိုင် အကြီးစားကြီးပေါ့ဗျာ၊ ဒါမှလည်း နောက်ကျရင် မြန်မာကို ဖေါက်ပြန်တဲ့ နိုင်ငံခြားသားတွေ ရန်က ကာကွယ်ရမယ် လို့ ပြောလို့ရမှာကိုး၊ 
ပြဿနာက မေးသာမေးနေရတဲ့ ဘာကိုမှ နားမလည်ကြတဲ့ လူတွေ ဖြစ်နေတာပဲ၊ မှတ်မိသေးတယ်၊ ကျွန်တော်ကို နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ IMF နဲ့ ဆက်သွယ် တယ်ဆိုပြီး စွပ်စွဲလာတယ်၊ အဲ့တာကလည်း အမှန်ပဲ၊ ကျွန်တော်တို့ အတူ လက်တွဲလုပ်ခဲ့ကြတာကိုး၊ ခက်တာက IMF  ဆိုတာ ဘာမှန်းမသိကြဘူး၊ သူတို့က IMF ဆိုတာ ဂျော့ခ်ျ ဆိုရိုး ပဲ ဆိုပြီး မေးနေတာကိုး၊ ကျွန်တော်က မဟုတ်ဘူး ဆိုပြီး ရှင်းပြရတယ်၊  ရှင်းပြ‌လေ၊ သူတို့အတွက် ပိုရှုပ်လေ ဖြစ်လာပြီး ကျွန်တော်က သူတို့ လိုက်မမှီနိုင်အောင် ပြောနေတဲ့ လူတတ်ကြီး၊ မြန်မာအရေး ဝင်ပါနေတဲ့ လူရှုပ် နိုင်ငံခြားသား‌တွေကြောင့် လို့ ထင်ကုန်ကြရော။

Q: ဆရာ ပြောတာကို သူတို့ ကျေနပ်ကြရဲ့လား၊ ဘာပဲဖြစ်ဖြစ် တရားခွင်က လည်း အလိမ်အညာပဲ ဆိုတာ သိထားကြတော့ ပြောချင်တာ ပြောဆိုပြီး ထား တာလား 
A: နောက်ကဟာက ပိုပြီး ဖြစ်နိုင်တယ် ဘရားသား၊ မေးနေတာတွေကလည်း မဖြစ်လို့သာ လုပ်နေကြရသလိုမျိုး၊ သူတို့ လိုချင်တာ ထွက်မလာလည်း လုပ်ကြံ ဖန်တီးကြမှာပဲ၊ ကျွန်တော်ကို ရုံးတင်တဲ့ စွဲချက်ကလည်း နိုင်ငံတော် လျို့ဝှက်ချက် ဥပဒေ ဆိုတာကြီးနဲ့လေ၊ ကျွန်တော်က နိုင်ငံခြားသားလေ၊ မြန်မာ အစိုးရ ဝန်ထမ်းလည်း မဟုတ်ဆိုတော့ ဒီဥပဒေနဲ့ က ဘယ်လို အကျုံးဝင်မှလည်း၊ ဒါလည်း မရဘူး၊ မရရအောင် စွဲချက်တင်တော့တာပဲ၊ နောက်ဆုံး ကျွန်တော်က သတင်းအချက်အလက်တွေ ပို့ခဲ့လားဆိုတော့လည်း တရားရုံးမှာ တရားလို ဖက်က သက်သေမပြနိုင်ဘူး၊ ကျွန်တော် မပို့ခဲ့ပါဘူးလို့ သူတို့ ဝန်ခံရတော့တာပဲ၊ အားလုံးက လံကြုတ်တွေ ချည်းပဲကိုး။

Q: ယူဆနေကြတာကတော့  စစ်တပ်ရဲ့ ဘဏ္ဍာရေး ပိုင်းကို ဆရာက ထဲထဲဝင်ဝင် သိထားလို့ သူတို့ကို ထိထိရောက်ရောက် ဒဏ်ခတ်နိုင်အောင် ပစ်မှတ်ထားနိုင် ခဲ့တာလို့ ဆိုတယ်၊ ကျွန်တော် မေးတဲ့ အထဲမှာ အမှန်‌ တွေပါလား။
A: နဲနဲလေးတော့ ပါတယ်ဗျ။ ကျွန်တော်ကို အန္တရာယ် ကောင်လို့ ယူဆထားကြတယ်၊ နောက်ဆုံးတော့လည်း လွှတ်ပေးရတာပဲ၊ သူတို့က ကျွန်တော်ဆီက ထွက်လာတဲ့ သတင်း အချက်အလက်တွေကို တဖက်က အသုံးချစရာ မကျန်တဲ့ အချိန်ကို တမင် အကြာကြီး ထားပြီး‌ စောင့်နေကြတာကိုး၊ အဲ့တာလည်း သေချာပေါက် အကြောင်းတခုပဲ၊ ကျွန်တော်လည်း အကျယ် မပြောချင်ဘူး။

Q: အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လုပ်လာနေတဲ့ ပြုပြင်ပြောင်းလဲရေး အချို့ကို မနှစ်မြို့တာ အပါအဝင် စီးပွားရေး အရ စိုးရိမ်ကြောင့်ကြ လာတာတွေက အာဏာသိမ်းရတဲ့ အကြောင်းတွေထဲ မှာ ကော ပါလား။
A: ကျွန်တော် အနေနဲ့ကတော့ ဒုတိယ လှုံ့ဆော်ခဲ့တဲ့ အချက် လို့ ပြောပါရစေ၊ ပထမဆုံး အကြောင်းက နိုင်ငံရေး အာဏာ ကို အစိမ်းသက်သက် လိုချင်မှုပဲဗျ၊ စီးပွားရေး အကြောင်းက ဒီလောက် အဓိက မကျလှဘူး၊ ဘယ်လိုပဲ ဖြစ်ဖြစ် ပြုပြင်ပြောင်းလဲရေး တွေက သူတို့ကို ထိခိုက်စ ပြုလာနေပြီ၊ NLD သွားနေတဲ့ စီးပွား ရေး မှာ ပွင့်လင်းမြင်သာပြီး အချင်းချင်း ယှဉ်ပြိုင်ရမယ်ဆိုတဲ့ လမ်းကြောင်းကို စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေ၊ စစ်တပ်လက်အောက်က လုပ်ငန်းတွေနဲ့ လူနည်းစု ကြီးပွားရေး လိုလားသူတွေက မမြင်ချင် မတွေ့ချင်ကြဘူး၊ 
အကယ်၍ NLD အစိုးရသာ ဒုတိယ သက်တမ်း အုပ်ချုပ်ခွင့် ရခဲ့ရင်ဗျာ၊ တကယ့်ကို အရှိန်အဟုန်နဲ့ တိုးတက်လာမှာ အမှန်ပဲ၊ ခင်ဗျားက ကရိုနီတယောက် ဖြစ်တယ်ဆိုပါစို့၊ ဈေးကွက်ကိုလည်း အုပ်စိုးထားနိုင်တဲ့ လက်ရှိ အနေအထားနဲ့ အထာကျနေတဲ့ လူ၊ ဒီအချိန်မှာ သူ့လုပ်ငန်းတွေကို အပြိုင်အဆိုင် ဖြစ်လာအောင် ဥပဒေ ပြဋ္ဌာန်းပြီး လုပ်ပေးတာမျိုး ဖြစ်လာရင်၊ ပိုပြီး လိုက်လျောပေးရမယ်၊ဒါဟာ သူ့အတွက်  စိန်ခေါ်မှု ဖြစ်လာတာပဲ။

Q: အာဏာ မသိမ်းမီ ရက်ပိုင်းတွေက NLD အစိုးရ အဖွဲ့ဝင် အချို့က စစ်တပ် အာဏာသိမ်းမယ့် အန္တရာယ် ရှိနေတဲ့ အလားအလာ အပေါ် ဖေါ့ပြီး ပြောဆိုခဲ့တာမျိုးတွေ ရှိနေတယ်၊ ဒါကလည်း လူထု အကြား အထိတ်တလန့်တွေ ဖြစ်လာမှာ စိုးလို့နေမှာ၊ တကယ် သိမ်းပြီလည်း ဆိုရော ဖြစ်လာခဲ့ရင် ဆိုပြီး ကြိုတင် ပြင်ဆင်ထားတာမျိုး မရှိဘူး၊ NLD ဖက်က အဲ့လို ဖြစ်လာမယ်လို့ မထင်ခဲ့တာလား။
A: ကျွန်တော် ဒီကိစ္စကို အရိုးသားဆုံး နဲ့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ၊ ကျွန်တော် တကယ်ပဲ ဖြစ်လာမယ်လို့ မထင်ခဲ့မိဘူး၊ အားလုံးလည်း အသိပဲ ကျွန်တော် အနေနဲ့ အစိုးရ နဲ့ ထိတွေ့ ဆက်ဆံနေရတာ ဆိုတော့ သူတို့ဖက်က ဖြစ်လာမယ်လို့ ထင်နေရင် ကျွန်တော် မသိပဲ နေမှာ မဟုတ်ဘူး၊ ကျွန်တော်လည်း ကိုဗစ် ကြောင့် ပြည်ပ အကြာကြီး သွားနေခဲ့ပြီးမှ မြန်မာပြည်ကို ပြန်ရောက်လာမှာ မဟုတ်ဘူး၊ ကျွန်တော် အနေနဲ့ စစ်တပ် နဲ့ အစိုးရ အကြား ဘာတွေ ပြောကြဆိုကြလဲဆိုတာ တော့ သိခွင့်မရှိဘူး၊ ဒါပေမယ့် သူတို့ အကြားမှာ စိုးရိမ်မကင်း အထိတ်တလန့် ဖြစ်နေတာမျိုး ရှိခဲ့တာကိုတော့ မှတ်မိတယ်၊ ပြဿနာ တခုခုတော့ တက်နေပြီဆိုတာမျိုးတော့ ရှိနေတယ်၊ အာဏာသိမ်းတဲ့အထိ ဆိုတာကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း တအံ့တဩ ဖြစ်သွားမိတယ်၊ ကျွန်တော်တင် မကဘူး ကျွန်တော် ပတ်ဝန်းကျင်ကလူတွေပါ အံ့ဩကုန်ကြတယ်။

Q: ဆရာကို ဘာကြောင့် ဖမ်းတယ်လို့ ထင်လဲ။
A: ဒေါ်စု နဲ့ ဝန်ကြီး အချို့ကို ပစ်မှတ်ထား တိုက်ခိုက်နိုင်မယ့် လမ်းကြောင်းရှာတာပေါ့ဗျာ၊ ဒေါ်စု ဟာ နိုင်ငံခြားသား‌ တွေရဲ့ ဩဇာ အကြီးအကျယ် လွှမ်းမိုး ခံနေရတယ် ဆိုတာ သက်သေပြချင်နေကြတာကိုး။ 
ဒုတိယ အကြောင်းက ပြုပြင်ပြောင်းလဲရေးဗျ၊ ကျွန်တော်လုပ်နေတဲ့ ဘဏ်လုပ်ငန်း ကဏ္ဍတွေက သူတို့ စစ်တပ်ရဲ့ အဖွဲ့အစည်း အချို့ ကို အတော်လေး ထိခိုက်စရာ ရှိလာနေတယ်၊ သူတို့ ရဲ့ ငွေကြေး ပိုင်းတွေမှာ တရားမဝင် လုပ်ထားတာ‌ တွေ ရှိနေတော့ နီးကပ်လာနေတာကို ပြန်တွန်းထုတ်ချင်တဲ့ သဘောပေါ့ဗျာ။
နောက်ထပ် တကြောင်းက ကျွန်တော်က ကိုဗစ်ကြောင့် လေယာဉ်‌လိုင်းတွေ ပိတ်ထားတာ တွေ ရှိနေတော့ ရန်ကုန်မှာပဲ ရှိနေလို့ သူတို့ အတွက် လွယ်သွားလို့ပဲ၊ အခြားလူတွေကိုလည်း ဖမ်းချင်မှာပဲ၊ နိုင်ငံခြားသားတွေ ကို မက်ဆေ့ခ်ျ ပေးချင်လို့  ကျွန်တော်ကို ဖမ်းလိုက်တာမျိုးပဲ။

Q: သူတို့စိတ်ထဲမှာ တကယ်ပဲ ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံခြားသား ဩဇာလွှမ်းနေမှာကို ယုံမှားသံသယ လွန်ကဲနေတာလား၊ ဒါမှမဟုတ် နိုင်ငံရေး ပြိုင်ဖက်တယောက်ကို ရှင်းထုတ်ပစ်ချင်တာ မျိုးလား။
A: နှစ်ခု စလုံးပဲဗျ။ သူတို့နဲ့ ပတ်သက်ပြီး အတော်လေး ကို သိသာထင်ရှားလာခဲ့တာက စစ်ကောင်စီဟာ ခေတ်သစ် စီးပွားရေး အပေါ် နားမလည်ကြဘူး ဆိုတာပဲ၊ သူတို့ စိတ်ထဲမှ ထီးထီးကြီး နေလိုက်ရင် ဖြစ်တာပဲလို့ တကယ်ကို ထင်နေကြတာဗျာ၊ အဲ့လို လုပ်လို့က ဆင်းရဲတွင်းထဲ အမြန်ဆုံး တန်းရောက်သွားမယ့် နည်းလေဗျာ၊ သူတို့မှာ ဘယ်လို တသီးတခြား နေသွားရမလဲ ဆိုတာတော့ သိတယ်ဗျ၊ အခြား အာရှ ကျားတွေ စီးပွားရေး ဖွံ့ဖြိုးအောင် လုပ်နေကြတာတွေက မြန်မာနဲ့ မဆိုင်ဘူး၊ အပိုအလုပ်တွေလို့ ယူဆထားကြတာကိုး။ အဲ့လို လိုက်လုပ်ရင် သူတို့ လုပ်ငန်းတွေ ထိခိုက်လာဖို့ ရှိနေတော့ စီးပွားရေး ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်တဲ့ နည်းမျိုးနဲ့ပဲ သွားဖိုရှိ‌ တော့တယ်၊ မြန်မာကို နံရံ လေးဖက်လေးတန် ကာမှ ပဲ ဖြစ်တော့မယ်၊ နောက်ပြီး သူတို့ရဲ့ အတ္တနဲ့ အကောင်းမမြင်နိုင်တဲ့ စိတ် ကလည်း အတိုင်းအတာ တခုထိ ရှိနေတယ်။

Q: ဆရာ့ကို စစ်လားဆေးလား လုပ်ကြတဲ့ လူတွေက ဘာ‌တွေ သိချင်နေကြတာလဲ၊ ခင်ဗျားဆီက သူတို့ အကျိုးရှိရာ ရှိကြောင်း တခုခု မယ်မယ်ရရ ထွက်လာမယ်လို့ မျှော်လင့်နေကြတာမျိုး ရှိလား။
A: သူတို့ကတော့ဗျာ၊ ကျွန်တော်လို့ နိုင်ငံခြားသား တယောက်က နောက်ကွယ်ကနေ ကြိုးဆွဲနေတယ် ဆိုတာ ပေါ်လွင်စေချင်တာဗျ၊ ကျွန်တော်က ကြိုးဆွဲဆရာ၊ စပိုင် အကြီးစားကြီးပေါ့ဗျာ၊ ဒါမှလည်း နောက်ကျရင် မြန်မာကို ဖေါက်ပြန်တဲ့ နိုင်ငံခြားသားတွေ ရန်က ကာကွယ်ရမယ် လို့ ပြောလို့ရမှာကိုး၊ 
ပြဿနာက မေးသာမေးနေရတဲ့ ဘာကိုမှ နားမလည်ကြတဲ့ လူတွေ ဖြစ်နေတာပဲ၊ မှတ်မိသေးတယ်၊ ကျွန်တော်ကို နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ IMF နဲ့ ဆက်သွယ် တယ်ဆိုပြီး စွပ်စွဲလာတယ်၊ အဲ့တာကလည်း အမှန်ပဲ၊ ကျွန်တော်တို့ အတူ လက်တွဲလုပ်ခဲ့ကြတာကိုး၊ ခက်တာက IMF  ဆိုတာ ဘာမှန်းမသိကြဘူး၊ သူတို့က IMF ဆိုတာ ဂျော့ခ်ျ ဆိုရိုး ပဲ ဆိုပြီး မေးနေတာကိုး၊ ကျွန်တော်က မဟုတ်ဘူး ဆိုပြီး ရှင်းပြရတယ်၊  ရှင်းပြ‌လေ၊ သူတို့အတွက် ပိုရှုပ်လေ ဖြစ်လာပြီး ကျွန်တော်က သူတို့ လိုက်မမှီနိုင်အောင် ပြောနေတဲ့ လူတတ်ကြီး၊ မြန်မာအရေး ဝင်ပါနေတဲ့ လူရှုပ် နိုင်ငံခြားသား‌တွေကြောင့် လို့ ထင်ကုန်ကြရော။

Q: ဆရာ ပြောတာကို သူတို့ ကျေနပ်ကြရဲ့လား၊ ဘာပဲဖြစ်ဖြစ် တရားခွင်က လည်း အလိမ်အညာပဲ ဆိုတာ သိထားကြတော့ ပြောချင်တာ ပြောဆိုပြီး ထား တာလား 
A: နောက်ကဟာက ပိုပြီး ဖြစ်နိုင်တယ် ဘရားသား၊ မေးနေတာတွေကလည်း မဖြစ်လို့သာ လုပ်နေကြရသလိုမျိုး၊ သူတို့ လိုချင်တာ ထွက်မလာလည်း လုပ်ကြံ ဖန်တီးကြမှာပဲ၊ ကျွန်တော်ကို ရုံးတင်တဲ့ စွဲချက်ကလည်း နိုင်ငံတော် လျို့ဝှက်ချက် ဥပဒေ ဆိုတာကြီးနဲ့လေ၊ ကျွန်တော်က နိုင်ငံခြားသားလေ၊ မြန်မာ အစိုးရ ဝန်ထမ်းလည်း မဟုတ်ဆိုတော့ ဒီဥပဒေနဲ့ က ဘယ်လို အကျုံးဝင်မှလည်း၊ ဒါလည်း မရဘူး၊ မရရအောင် စွဲချက်တင်တော့တာပဲ၊ နောက်ဆုံး ကျွန်တော်က သတင်းအချက်အလက်တွေ ပို့ခဲ့လားဆိုတော့လည်း တရားရုံးမှာ တရားလို ဖက်က သက်သေမပြနိုင်ဘူး၊ ကျွန်တော် မပို့ခဲ့ပါဘူးလို့ သူတို့ ဝန်ခံရတော့တာပဲ၊ အားလုံးက လံကြုတ်တွေ ချည်းပဲကိုး။
Q: ယူဆနေကြတာကတော့  စစ်တပ်ရဲ့ ဘဏ္ဍာရေး ပိုင်းကို ဆရာက ထဲထဲဝင်ဝင် သိထားလို့ သူတို့ကို ထိထိရောက်ရောက် ဒဏ်ခတ်နိုင်အောင် ပစ်မှတ်ထားနိုင် ခဲ့တာလို့ ဆိုတယ်၊ ကျွန်တော် မေးတဲ့ အထဲမှာ အမှန်‌ တွေပါလား။
A: နဲနဲလေးတော့ ပါတယ်ဗျ။ ကျွန်တော်ကို အန္တရာယ် ကောင်လို့ ယူဆထားကြတယ်၊ နောက်ဆုံးတော့လည်း လွှတ်ပေးရတာပဲ၊ သူတို့က ကျွန်တော်ဆီက ထွက်လာတဲ့ သတင်း အချက်အလက်တွေကို တဖက်က အသုံးချစရာ မကျန်တဲ့ အချိန်ကို တမင် အကြာကြီး ထားပြီး‌ စောင့်နေကြတာကိုး၊ အဲ့တာလည်း သေချာပေါက် အကြောင်းတခုပဲ၊ ကျွန်တော်လည်း အကျယ် မပြောချင်ဘူး။

Q: အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လုပ်လာနေတဲ့ ပြုပြင်ပြောင်းလဲရေး အချို့ကို မနှစ်မြို့တာ အပါအဝင် စီးပွားရေး အရ စိုးရိမ်ကြောင့်ကြ လာတာတွေက အာဏာသိမ်းရတဲ့ အကြောင်းတွေထဲ မှာ ကော ပါလား။
A: ကျွန်တော် အနေနဲ့ကတော့ ဒုတိယ လှုံ့ဆော်ခဲ့တဲ့ အချက် လို့ ပြောပါရစေ၊ ပထမဆုံး အကြောင်းက နိုင်ငံရေး အာဏာ ကို အစိမ်းသက်သက် လိုချင်မှုပဲဗျ၊ စီးပွားရေး အကြောင်းက ဒီလောက် အဓိက မကျလှဘူး၊ ဘယ်လိုပဲ ဖြစ်ဖြစ် ပြုပြင်ပြောင်းလဲရေး တွေက သူတို့ကို ထိခိုက်စ ပြုလာနေပြီ၊ NLD သွားနေတဲ့ စီးပွား ရေး မှာ ပွင့်လင်းမြင်သာပြီး အချင်းချင်း ယှဉ်ပြိုင်ရမယ်ဆိုတဲ့ လမ်းကြောင်းကို စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေ၊ စစ်တပ်လက်အောက်က လုပ်ငန်းတွေနဲ့ လူနည်းစု ကြီးပွားရေး လိုလားသူတွေက မမြင်ချင် မတွေ့ချင်ကြဘူး၊ 
အကယ်၍ NLD အစိုးရသာ ဒုတိယ သက်တမ်း အုပ်ချုပ်ခွင့် ရခဲ့ရင်ဗျာ၊ တကယ့်ကို အရှိန်အဟုန်နဲ့ တိုးတက်လာမှာ အမှန်ပဲ၊ ခင်ဗျားက ကရိုနီတယောက် ဖြစ်တယ်ဆိုပါစို့၊ ဈေးကွက်ကိုလည်း အုပ်စိုးထားနိုင်တဲ့ လက်ရှိ အနေအထားနဲ့ အထာကျနေတဲ့ လူ၊ ဒီအချိန်မှာ သူ့လုပ်ငန်းတွေကို အပြိုင်အဆိုင် ဖြစ်လာအောင် ဥပဒေ ပြဋ္ဌာန်းပြီး လုပ်ပေးတာမျိုး ဖြစ်လာရင်၊ ပိုပြီး လိုက်လျောပေးရမယ်၊ဒါဟာ သူ့အတွက်  စိန်ခေါ်မှု ဖြစ်လာတာပဲ။

Q: အာဏာ မသိမ်းမီ ရက်ပိုင်းတွေက NLD အစိုးရ အဖွဲ့ဝင် အချို့က စစ်တပ် အာဏာသိမ်းမယ့် အန္တရာယ် ရှိနေတဲ့ အလားအလာ အပေါ် ဖေါ့ပြီး ပြောဆိုခဲ့တာမျိုးတွေ ရှိနေတယ်၊ ဒါကလည်း လူထု အကြား အထိတ်တလန့်တွေ ဖြစ်လာမှာ စိုးလို့နေမှာ၊ တကယ် သိမ်းပြီလည်း ဆိုရော ဖြစ်လာခဲ့ရင် ဆိုပြီး ကြိုတင် ပြင်ဆင်ထားတာမျိုး မရှိဘူး၊ NLD ဖက်က အဲ့လို ဖြစ်လာမယ်လို့ မထင်ခဲ့တာလား။
A: ကျွန်တော် ဒီကိစ္စကို အရိုးသားဆုံး နဲ့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ၊ ကျွန်တော် တကယ်ပဲ ဖြစ်လာမယ်လို့ မထင်ခဲ့မိဘူး၊ အားလုံးလည်း အသိပဲ ကျွန်တော် အနေနဲ့ အစိုးရ နဲ့ ထိတွေ့ ဆက်ဆံနေရတာ ဆိုတော့ သူတို့ဖက်က ဖြစ်လာမယ်လို့ ထင်နေရင် ကျွန်တော် မသိပဲ နေမှာ မဟုတ်ဘူး၊ ကျွန်တော်လည်း ကိုဗစ် ကြောင့် ပြည်ပ အကြာကြီး သွားနေခဲ့ပြီးမှ မြန်မာပြည်ကို ပြန်ရောက်လာမှာ မဟုတ်ဘူး၊ ကျွန်တော် အနေနဲ့ စစ်တပ် နဲ့ အစိုးရ အကြား ဘာတွေ ပြောကြဆိုကြလဲဆိုတာ တော့ သိခွင့်မရှိဘူး၊ ဒါပေမယ့် သူတို့ အကြားမှာ စိုးရိမ်မကင်း အထိတ်တလန့် ဖြစ်နေတာမျိုး ရှိခဲ့တာကိုတော့ မှတ်မိတယ်၊ ပြဿနာ တခုခုတော့ တက်နေပြီဆိုတာမျိုးတော့ ရှိနေတယ်၊ အာဏာသိမ်းတဲ့အထိ ဆိုတာကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း တအံ့တဩ ဖြစ်သွားမိတယ်၊ ကျွ

Q: အာဏာသိမ်း အဖွဲ့အနေနဲ့ အနှံ့အပြား ခုခံ တော်လှန်လာနေတာတွေကို ထိန်းချုပ်ဖို့ ပဲ လုပ်နေတာကြောင့် တဖက်က စီးပွားရေး စီမံခန့်ခွဲမှု အလွဲလွဲ အချော်ချော် ဖြစ်နေတာ‌တွေ ဘယ်လောက်ထိအောင် သွားနေမယ်လို့ ထင်ပါသလဲ။
A: ကျွန်တော် အနေနဲ့ကတော့ ရောဂါ တခုခု စွဲကပ်နေတယ်လို့ ပြောချင်တော့တာပါပဲ၊ အခုဟာက စီးပွားရေး မူဝါဒပိုင်းမှာ အတိတ်ကို ပြန်လှည့်နေကြတာ၊ ပြန်လှည့်တာတောင်မှ ခုန်ပျံ ကျော်လွှားပြီး ဟိုး ဆိုဗီယက် ခေတ်တောင် ပြန်ရောက်သွားကြပြီ၊ နိုင်ငံ စီးပွားရေး ကို ဘယ်လို နည်းနဲ့ အစွမ်းကုန် ထိန်းချုပ်ရမလဲ ဆိုတာ စဉ်းစားကုန်ကြပြီ၊ နိုင်ငံခြားငွေ အပြင်ရောက်မသွားအောင် ဘယ်လိုထိန်းချုပ်ရမလဲ၊ သွင်းကုန်တွေ ဘယ်လို ထိန်းချုပ်ကြမလဲ၊ ငွေလဲနှုန်း အမျိုးမျိုး သတ်မှတ်ကြမလား၊ ကုန်ဈေးနှုန်းကို ဒီဈေးထက် ပိုမရောင်းရဘူးလို့ လုပ်မလား၊ ကုန်စည်နဲ့ ဝန်ဆောင်မှု အပိုင်းကို အရည် အတွက် ကန့်သတ်ကြမလား၊ ဘဏ်တွေမှာ ငွေထုတ်တာကို ခွဲတမ်းသဘောမျိုး ချပေးမလား၊ ဘဏ်တွေကိုပဲ အလျဥ်းသင့်သလို ပိတ်ခိုင်းထားရမလား၊ နိုင်ငံခြားငွေ အသုံးကို ကန့်သတ်ထားကြမလား၊ ဒါမျိုးတွေ စဉ်းစားလာကြတယ်။
ဒီလိုမျိုး ပေါ်လစီ နဲ့ကတော့ဗျာ၊ သူတို့ ဘာမှ မလုပ်ပဲ ဒီတိုင်းနေတာကမှ ပိုကောင်းသေးတယ်၊ သူတို့ မူဝါဒတွေကို အမွှန်းတင် အမည်ပေးချင်သပ ဆိုရင်ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေကြတဲ့ စီးပွားရေး မူဝါဒလို့ ပေးလို့ရတယ်။
အာဏာသိမ်းပြီး ကျွန်တော် အဖမ်းမခံရခင်တုန်းက သူတို့ ဒီတိုင်းဆို ဦးသိန်းစိန် လက်ထက်က ပုံစံမျိုး သွားမလား၊ ဒါမှမဟုတ် ချီလီ တို့၊ ဗီယက်နမ်တို့လိုပဲ လုပ်ကြမလား စဉ်းစားကြည့်မိသေးတယ်၊ အနည်းဆုံးတော့ဗျာ စီးပွားရေး ကို ထိန်းချုပ်ထားတယ် ဆိုပေမယ့်လည်း အကျိုးသင့် အကြောင်းသင့် လုပ်ခဲ့ကြတဲ့ နိုင်ငံတွေ၊ အခု လုပ်လာတာကျတော့ ဆင်ခြင်တုံတရားမရှိ၊ အမှားမှား အယွင်းယွင်းတွေ ဆိုတော့ တုန်လှုပ်နေမိတယ်။
 
Q: အာဏာသိမ်းပြီး နောက်ပိုင်း စီးပွားရေး က ဗြုန်းဆို ထိုးကျသွားတာ၊ ကျပ်‌ငွေတန်ဖိုးကလည်း ထိုးဆင်းလာနေတော့ လူတွေက ဘဏ်တွေကနေ ငွေပြန်ထုတ်ဖို့ လုပ်လာကြတယ်၊ ဒါပေမယ့် လူတိုင်းက မနည်းရုန်းကန်နေကြရတုန်း ဆိုပေမယ့် ပြီးခဲ့တဲ့ လတွေ အတွင်းမှာ စီးပွားရေးက အထိုက်အလျောက် ပြန်တည်ငြိမ်လာပုံရတယ်၊ အာဏာသိမ်း အဖွဲ့လည်း ဆက်ပြီး အသက်ရှူ ချောင်နေတယ်၊ အဲ့တာနဲ့ ပတ်သက်ပြီး ဆရာ့ အယူအဆလေး သိချင်ပါတယ်။
A: မြန်မာ‌ ‌တွေက အောက်ခြေမှာ ဒူပေနာပေ ခံနိုင်ကြတာမျိုးတွေ ရှိတယ်၊ နိုင်ငံက အခု ဘယ်လို အခြေအနေ ရောက်သွားလဲဆိုတော့ လူအများစုက အသက်ရှင် နိုင်လောက်တဲ့ ဝမ်းရေးဖူလုံမှု ရှိလာကြတယ်၊ အဲ့လို ပုံစံမျိုးနဲ့ ရေရှည် ဖြစ်သွားနိုင်တယ်၊ မြန်မာ နိုင်ငံမှာ မြေဆီမြေလွှာ အတော်လေး ကောင်းတော့ လူတိုင်း စားဖို့သောက်ဖို့ ရအောင် ထိန်းထားနိုင်တယ်၊ ဒါပေမယ့် လူတွေကို မျှော်လင့်ချက်တွေ၊ စီးပွားတိုးတက် ဖွံ့ဖြိုးလာအောင်တော့ လုပ်မပေးနိုင်ဘူး။
ဒီလိုနဲ့ပဲ အပေါ်ယံကို ဖုံးအုပ်ထားပြီး အောက်ကနေသွားနေမှာပဲ၊ ဘဏ်တွေ အပါအဝင် ဌာန အသီးသီးရဲ့ ငွေပေး‌ငွေယူ ရှင်းတမ်း‌ တွေလည်း ရှေ့လျောက် ဒုက္ခများဖို့ ဖြစ်လာနေပြီ၊ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားမှု၊ အကြောက်တရား‌ ‌တွေနဲ့ ရက်ရက်စက်စက် လုပ်တတ်တာ‌ ‌တွေကြောင့်သာ သီရိလင်္ကာ လို ဗလောင်ဆူလာတာမျိုးတွေ ဖြစ်မလာတာ၊ ကျွန်တော် ဆိုလိုတာ အပေါ်ယံကို ပြောတာ၊ အောက်မှာတော့ မယုံနိုင်လောက်အောင်ကို ဗလောင်ဆူနေပြီ။
 
Q: နိုင်ငံတကာ က ဘယ်လို ဒဏ်ခတ် အရေးယူမှုတွေ လုပ်ရင် ထိရောက်နိုင်မလဲ။
A: ကျွန်တော် အနေနဲ့ အခြေအနေတွေကို အရင်ဆန်းစစ်ဖို့ လိုနေသေးတာမို့ ဒီကိစ္စကို များများစားစား မဆွေး‌နွေးချင်သေးဘူး၊ အရင်ကတည်းက ဒဏ်ခတ်ဖို့ကို ကျွန်တော် ထောက်ခံခဲ့ပြီးသား၊ ဒီနေရာ မှာ ရွေးပြီး ဘဏ္ဍာရေး အရ ဒဏ်ခတ် တာမျိုးက ပိုသင့်လျော်တယ်၊ အဲ့တာကလည်း အခြားနိုင်ငံမှာ ရှိတဲ့ ဘဏ်လုပ်ငန်းတွေက မြန်မာဘဏ်တွေကို အဝင်အထွက် မလုပ်နိုင်အောင် လုပ်ထားမှ ဖြစ်မယ်၊ ဒီနိုင်ငံတွေ အနေနဲ့လည်း မြန်မာ ဘဏ်တွေနဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ ရာဇဝတ်မှု မျိုးတွေ ကနေ ကာကွယ်ပိုင်ခွင့် ရှိနေတာကိုး။
နောက်ထပ်တခုက ဒဏ်ခတ်ပိတ်ဆို့လို့ ထူးခြားလာမှာလား ဆိုတာပဲ၊ ကျွန်တော် အမြင်အရကတော့ ဒီလို လူမျိုးတွေအနေနဲ့ စီးပွားရေး ဘာဖြစ်ဖြစ် ဂရုစိုက်မယ့် လူမျိုးတွေ မဟုတ်ကြဘူး၊ အာဏာသိမ်းပြီ ဆိုကတည်းက ဒါမျိုးတွေ ဖြစ်လာမှာ ကြိုတွက်ထားပြီး တောင့်ခံနေကြမှတော့ စီးပွားရေးနဲ့ ပတ်သက်ပြီး ဘာလုပ်လုပ် သူတို့ ကို ယိမ်းယိုင်သွားအောင် လုပ်နိုင်မယ် မထင်ဘူး၊ မူနဲ့ ‌ဘောင်နဲ့ တိတိကျကျ လုပ်နိုင်မှ ဖြစ်မယ်၊ တဝက်တပျက်၊ မစို့တပို့ သွားလုပ်လို့ကတော့ ပြဿနာ ဖြစ်လာနိုင်တယ်၊ စစ်တပ်ပိုင် လုပ်ငန်းတွေက ဒီလို ဒဏ်ခတ်ပိတ်ဆို့တာတွေကို ရှောင်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်၊ မရှောင်နိုင်တဲ့ လူတွေ မိသွားမှာပဲ၊ လောလောဆယ် ကျွန်တော် မြင်တာကတော့ လုပ်မယ်ဆိုရင် အကုန်သာလုပ်တော့၊ ရုရှားကို လုပ်သလို ပုံစံမျိုး၊ ဒါမှလည်း အလုပ်ဖြစ်နိုင်စရာ ရှိတယ်လို့ မျှော်လင့်လို့ ရမှာကိုး။
 
Q: နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေ နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရုံးတင်ခံရတုန်းက တော်လှန်ရေး လှုပ်ရှားမှု၊ လက်နက်ကိုင် လမ်းစဉ် နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ အစရှိတာ‌ တွေနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောခဲ့တာမျိုး ရှိလား။
A: နဲနဲလေးလောက်ပဲ ‌ဗျ၊ ခင်ဗျား ပြောသလိုမျိုး အတိအကျ ကြီးတော့ မဟုတ်ဘူး၊ ကျွန်တော်တို့ ပထမဆုံး စ‌ တွေ့တွေ့ချင်းပဲ မြန်မာတွေ ဒီမိုကရေစီ အတွက် ကြံ့ကြံ့ခံ ရင်ဆိုင် လာတာတွေ အတွက် သူအင်မတန် ဂုဏ်ယူတယ်လို့ ပြောတယ်၊ ဒါတောင်မှ ကျမတို့ လူမျိုးတွေ ငါးနှစ်လောက်ပဲ အတွေ့အကြုံရှိသေးတာနော်တဲ့၊ သူတို့ရဲ့ အခွင့်အရေး တွေ အတွက် မဆုတ်မနစ် ခုခံကာကွယ်နေတာတွေကို သူ့ စိတ်ထဲမှာ အတော် လှုပ်ရှားသွားတာတော့ အမှန်ပဲ၊ မြန်မာတွေ ဒီမိုကရေစီ အရေး ထောက်ခံတဲ့‌ နေရာ မှာ အားနဲ့ မာန်နဲ့ ကိုယ်ရောစိတ်ပါ တုန့်ပြန်လာတာကို က သူ့ စိတ်ထဲမှာ ဖြစ်စေချင်တဲ့ အတိုင်း တသွေမတိမ်း ဖြစ်လာခဲ့တာပဲ ကိုး။
ကျွန်တော်က လုံခြုံရေး ကြောင့် လက်နက်ကိုင် တိုက်ခိုက်နေတာ‌ တွေ တို့ ဘာတို့ကို ဘယ်လို မြင်လဲလို့ မမေးခဲ့ဘူး၊ အကြမ်းမဖက် ဆန့်ကျင်ရေး အပေါ် စိတ်ပြောင်းသွားတာ မျိုး ရှိမရှိတော့ ကျွန်တော် မပြောနိုင်ဘူး၊ သေသေချာချာ ပြောနိုင်တာ တခုက ပြည်သူ‌ တွေ ဖက်က အခုလို ပြန်ပြီး တွန်းကန်လာ‌တာ‌ တွေ အတွက် သူ ဂုဏ်ယူနေတယ်ဆိုတာပဲ၊ ဘယ်လို ပုံစံမျိုး နဲ့ တွန်းကန်လာကြလဲ ဆိုတာကို သူအနေနဲ့ သိအောင် လုပ်ဖို့က အခွင့် အရေး မရခဲ့ဘူး၊ NUG တို့ အခြားကိစ္စတွေ အပေါ် တိတိပပ မပြောဖြစ်ခဲ့ပေမယ့် လူတွေ စည်းစည်းလုံးလုံး နဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့မှု အပေါ် ကျေးဇူးတင်တယ် ဆိုတာတော့ ‌ယေဘူယျ ခြုံပြောသွားတာမျိုးတော့ ရှိတယ်။
 
Q: စစ်တပ် အနေနဲ့ ‌ဒေါ်အောင်ဆန်းစုကြည် ကို ဖြစ်နိုင်သမျှ လှောင်ပိတ်ထားချင်လား၊ ဒါမှမဟုတ် တော်လှန်ရေး ကို ‌‌သွေးကွဲသွားအောင် ထုတ်ပြီး အသုံးချလာဖို့ ရှိနေလား။
A: လက်ရှိ မှာ သူ နဲ့ စစ်တပ်အကြား ထိတွေ့မှုက သုံးည အဆင့် ရှိနေတာကို ထည့်တွက်ရမယ်ဆိုရင် သူတို့ဖက်က ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ချင်ကြပုံ ရှိတယ်၊ ဖြစ်နိုင်သမျှ ထောင်ထဲမှာပဲ ထားချင်ကြတယ်၊ သူတို့ဖက်က အလျော့အတင်း လုပ်လာမယ့် ပုံစံမျိုး ပြလာတာတော့ မတွေ့သေးဘူး၊ ခင်ဗျား ပြောသလိုမျိုး ဖြစ်အောင် ‌ဒေါ်စု နဲ့ စေ့စပ် ဆွေးနွေးတာမျိုးတွေလည်း မရှိသေးဘူး၊ ကြည့်ရတာ အားလုံးကို လော့ဒေါင်း ချထားတုန်းပဲဗျ။
 
Q: ဆရာ ရှေ့ ဆက်ပြီး ဘာလုပ်ဖို့ စိတ်ကူးထားလဲ။
A: ကျွန်တော် ပထမဆုံး လုပ်မှာက စာအုပ်တအုပ် ရေးဖို့ပဲ၊ အဲ့တာကလည်း ထောင်ထဲမှာ ကတည်းက စထားပြီးပြီ၊ ခေါက်တုံ့ ခေါက်ပြန် လျှောက်ရင်း ခေါင်းထဲမှာ‌ ရေးနေတာ၊ ကိုယ့်ကိုယ်ကိုယ့် ရူးမသွားအောင် ဒီလိုပဲ လုပ်နေရတယ်၊ခေါင်းထဲမှာ ရေးထားတာနဲ့ကို တဝက်လောက် ပြီးနေပြီ၊ အာဏာသိမ်းတဲ့ အကြောင်း၊ နောက်ပိုင်း ဖြစ်ပျက်ခဲ့တာ‌တွေ၊ အဲ့ဒီမတိုင်မီက အကြောင်းတွေ၊ NLD အစိုးရ ထားခဲ့တဲ့ ရည်မှန်းချက်တွေ အကြောင်းရယ်။
နောက်တခု လုပ်ချင်တာက ပုဂ္ဂိုလ်ရေးအရ တတ်နိုင်သလောက် အကူအညီ ပေးချင်တယ်၊ အထူးသဖြင့် ဘေးအန္တရာယ် ကြုံရနိုင်တဲ့ လူတွေကို၊ ကျွန်တော် မြန်မာပြည်ကို အရမ်း ချစ်နေတုန်းပါပဲ၊ စိတ်မကောင်းဖြစ်မိတာကတော့ ဒီလို ချစ်စရာကောင်းတဲ့ နိုင်ငံကို ကမ္ဘာပေါ်မှာ အဆိုးဆုံးလို့ ယူဆရတဲ့ အဖွဲ့က အုပ်ချုပ်မင်းလုပ်နေတာကိုပါ၊ ဒါကြောင့် ကျွန်တော် ရှေ့လျောက်လည်း ဆက်လက် ပါဦးမှာပဲ၊ ပြီးတော့ ဘာဆက်လုပ်ရမလဲဆိုတာ ကြည့်မယ်လေ။
ပွင့်ပွင့်လင်းလင်း ပြောသွားတဲ့ မစ္စတာ တန်နဲလ်အား အထူး ကျေးဇူးတင်ပါသည်။
ကျွန်တော်တင် မကဘူး ကျွန်တော် ပတ်ဝန်းကျင်ကလူတွေပါ အံ့ဩကုန်ကြတယ်။

Hla Soewai

ဆက်ဖတ်ရန် →
U.S. Embassy Rangoonကြေငြာချက်

U.S. Embassy Rangoonကြေငြာချက်

“မြန်မာနိုင်ငံအတွင်းဆန္ဒပြသူများအပေါ် ထိတ်လန့်တုန်လှုပ်ဖွယ်အသက်သေဆုံးစေခဲ့သော အကြမ်းဖက်မှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ကုန်ပစ္စည်းများနှင့်နည်းပညာများကို မြန်မာစစ်အစိုးရက ရယူနိုင်ခြင်းမရှိစေရန် ကန့်သတ်ချုပ်ချယ်လိုက်သည့်အကြောင်း ထပ်တိုးကန့်သတ်ချက်ကို အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာလိုက်သည်။ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြန်လည်အသက်ဝင်စေရေးကိုလည်း မိမိတို့တောင်းဆိုလိုက်သည်” - နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်
မြန်မာနိုင်ငံအတွင်း စစ်တပ်အာဏာသိမ်းမှုနှင့်ငြိမ်းချမ်းစွာဆန္ဒပြသူများအပေါ် အကြမ်းဖက်မှု အရှိန်မြင့်တက်လာနေခြင်းကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်အပြည့်အစုံကို https://go.usa.gov/xsUXa တွင်ဖတ်ရှုနိုင်ပါသည်။
“In response to shocking and deadly violence against protestors in Burma, U.S. Department of Commerce is announcing further restrictions to constrain the Burmese military regime\"s access to U.S. goods and technology. We call for the restoration of democracy in Burma.” - Antony Blinken, Secretary of the State
The press release by the U.S. Department of Commerce in response to the military coup and escalating violence against peaceful protesters in Burma can be found here: https://go.usa.gov/xsUXa

March 5 2021·

ဆက်ဖတ်ရန် →
Photographer တ​ဦးရဲ့ သုံးသပ်ချက် 😏

Photographer တ​ဦးရဲ့ သုံးသပ်ချက် 😏

#Object နဲ့ background က ကပ်နေတာကို ခံစားမိတယ်။

နောက်က လျှာထိုးပုံစံ အဖြူစင်းတွေမှာ distortion နည်းနည်း ပါနေတယ် ခံစားမိတယ်။
မသိမသာ လောက်ဘဲ ပါတာ ဆိုတော့ စိတ်ထင် 24mm သုံးထားတယ် ထင်တယ်။ မဟုတ်ရင် 30mm ဘဲ။ ဒီ position ယူရင် 50mm သုံးလို့ရပါရက် distortion အပါခံပြီး 24mm သုံးတာ နေရာမရှိလို့ ဖြစ်နိုင်တယ်။

နောက်က မီးက အလုံးလိုက်ကြီး ကွက်နေတယ်။ ဒါကလည်း lighting ကပ်ထိုးရင် ဖြစ်တတ်တာမျိုးနဲ့ ဆင်တယ်။

သေခြာတယ် camera man မှာ နောက်ထပ်ဆုတ်စရာ space မရှိတာ ဖြစ်နိုင်သလို၊ ဆုတ်လိုက်ရင် bound ထဲ မလိုလားအပ်တာ ဝင်လာနေလို့လဲ ဖြစ်နိုင်တယ်။

ဒါကို ကြည့်ရင် bound ရော setting ရော သိပ်ကြပ်နေတယ်။ အခန်းကျဉ်းထဲမှာ ရိုက်ထားတာ ကျိန်းသေတယ်။ Coz ဘယ်နိုင်ငံတော်အဆင့် ခန်းမ မဆို ကျဉ်းစရာ bound ကြပ်စရာ အကြောင်း မရှိဘူး။ အားလုံးက အကျယ်ကြီးတွေ ဆောက်ထားတာ။

မအလတို့ ဘယ်ချောင်မှာပုန်းပြီး setting ဆင်ရိုက်ပြီး video file ပို့ပေးနေလဲ မသိ 🤔

ခရက်ဒစ်-မူလရေးသူ
Photo_Credit

ဆက်ဖတ်ရန် →
မဖြစ်နိုင်တဲ့ အဆုံးမှာတော့ တိုက်ခိုက်ရပါလိမ့်မယ်

မဖြစ်နိုင်တဲ့ အဆုံးမှာတော့ တိုက်ခိုက်ရပါလိမ့်မယ်

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ပြဿနာတွေကို သံတမန်ရေးအရ ဆောင်ရွက်ချင်ပေမယ့် မဖြစ်နိုင်တဲ့ အဆုံးမှာတော့ တိုက်ခိုက်ရပါလိမ့်မယ်တဲ့။ တိုက်ရင်လည်း နိုင်အောင် တိုက်ပါမယ် ဆိုပြီး Twitter မှာ ရေးလိုက်ပါပြီ
ဆက်ဖတ်ရန် →

ရွှေပြည်သာမှာဆန္ဒပြသူရာနဲ့ချီပြီးအိမ်တွေထဲအထိဝင်ဖမ်းခံရ

ရွှေပြည်သာထန်းခြောက်ပင်ဖက်ကနေ ရန်ကြီးအောင်ဘက်ကိုတစ်စုကျူချောင်ဘက်ကနေပတ်ပီး ရန်ကြီးအောင်ဘက်ကိုတစ်စု  ညှပ်ပြီးဖမ်းနေပါတယ် ချစ်ကောင်းဘက်မှာ လူငယ်တွေကို အိမ်ထဲထိဝင်ဆွဲပါတယ် ရဲတွေ အတော်ယုတ်မာနေပါတယ် ရာဘာကျည်ထိထားသူလဲထိထားပါတယ်မိန်းကလေးအယောက်တရာကျော်အဖမ်းခံရပါတယ်၊

ဆက်ဖတ်ရန် →
ပန်ဘဲးတန်းမှကျဆုံးသွားတဲ့ဦးခင်မောင်လတ်

ပန်ဘဲးတန်းမှကျဆုံးသွားတဲ့ဦးခင်မောင်လတ်

"ပန်းဘဲတန်းမှာ မနေ့ညက(၅/၀၃/၂၀၂၁)နေ့ကဖမ်းခံရသူ ကျဆုံးရှာပြီ"

မနေ့ညက ပန်းဘဲတန်းမြို့နယ် လမ်း ၃၀ အလယ်ဘလောက်ကို အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ဝင်ရောက်စီးနင်း ဖမ်းဆီးတာခံလိုက်ရတဲ့ ဦးခင်မောင်လတ် (NLD ၇ရပ်ကွက် ဥက္ကဌ) ညတွင်းချင်းဆုံးသွားပြီလို့ ပြည်သူ့လွှတ်တော်အမတ် ဦးစည်သူမောင်က ဆိုပါတယ်။

သတ်ဖြတ်ခံလိုက်ရတဲ့ ဦးခင်မောင်လတ်ရဲ့ရုပ်အလောင်းကို မင်္ဂလာဒုံစစ်ဆေးရုံမှာ သွားရောက်ထုတ်ယူနေပြီး အစ္စလာမ်ထုံးတမ်းနဲ့အညီ ဈာပနပြုလုပ်ဖို့ မြို့ခံပြည်သူတွေက ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။
Credit- ကမာရွတ်မီဒီယာ။ 😔😔😔
ဆက်ဖတ်ရန် →
 NLD အမတ်တွေ ကိုယ်တိုင်လွှတ်တော်ခေါ်ယူ

NLD အမတ်တွေ ကိုယ်တိုင်လွှတ်တော်ခေါ်ယူ

ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို
ဘယ်လိုစစ်အာဏာသိမ်းမှုမျိုးကမှ ပယ်ဖျက်လို့ မရတဲ့အတွက်၊ ဒီနေ့
ဖေဖေါ်ဝါရီလ ၄ ရက်နေ့ စည်ပင်ဧည့်ရိပ်သာမှာ မပြန်ဘဲကျန်ရှိနေတဲ့
NLD အမတ် ၇၀ စုပေါင်းပြီး ကိုယ်တိုင်လွှတ်တော်ခေါ်ယူလိုက်ပါတယ်။
လွှတ်တော် ခေါ်ယူတဲ့ အထိမ်းအမှတ်အနေနဲ့ လွှတ်တော်ပထမနေ့မှာ
ပြုလုပ်လေ့ရှိတဲ့ “ပြည်သူ့တာဝန်ကို ကျေပွန် အောင် ထမ်းဆောင်မယ်”
ဆိုတဲ့ ကတိသစ္စာပြုလွှာတွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်တိုင်း မင်္ဂလာ‌ တောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်ဖြူဖြူသင်း၊ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးကျော်စိုးလင်း တို့က ဦးဆောင်စီစဉ်ခဲ့တာဖြစ်ပါတယ်။
အခုချိန်ထိ စည်ပင်ဧည့်ရိပ်သာမှာ မပြန်ဘဲ ကျန်ရှိနေတဲ့ NLD အမတ်
၇၀ ခန့်ရှိပါတယ်။
ကျန်တဲ့အမတ် ၄၀၀ ကျော်ကိုလည်း အွန်လိုင်းကနေ ကျမ်းသစ္စာကျိန်ဆိုတဲ့
ကတိပြုလွှာတွေအတွက် လက်မှတ်တွေကောက်ယူ သွားမယ်လို့
ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

RFA Burmese
ဆက်ဖတ်ရန် →
ရှုပ်ထွေးနေသောမြန်မာ-တရုတ်ဆက်ဆံရေးအတွက်နောက်ထပ်ရှုပ်ထွေးသောအာဏာသိမ်းမှု

ရှုပ်ထွေးနေသောမြန်မာ-တရုတ်ဆက်ဆံရေးအတွက်နောက်ထပ်ရှုပ်ထွေးသောအာဏာသိမ်းမှု

By Elaine Kurtenbach | AP
Feb. 3, 2021 at 9:45 p.m. EST
ဘန်ကောက်
  တနင်္လာနေ့ကမြန်မာနိုင်ငံတွင်အာဏာသိမ်းမှုမတိုင်မီက
  တရုတ်နှင့်တိုင်းပြည်၏ဆက်ဆံရေးသည်၎င်း၏အခြေခံ
  အဆောက်အအုံနှင့်မြန်မာနယ်စပ်တလျှောက်ရှိမြန်မာ
  စစ်တပ်၏လှုပ်ရှားမှုများတွင်ရင်းနှီးမြှုပ်နှံမှုများကြောင့်
  ရှုပ်ထွေးပြီးဖြစ်သည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် ၂၀၀၁ ခုနှစ်မှ စတင်၍
  ဘေဂျင်းမှမြန်မာနိုင်ငံသို့ပထမဆုံးအကြိမ်လာရောက်
  လည်ပတ်ခြင်းနှင့်ပြသာနာပေါင်းစုံပါ၀င်သည့်သဘော
  တူညီမှု ၃၃ ခုမှသူမ၏ထောက်ခံမှုပြသမှုအပြီးတွင်
  အာဏာသိမ်းမှုကြောင့်အမျိုးသားခေါင်းဆောင်ဒေါ်အောင်
  ဆန်းစုကြည်ကိုတစ်နှစ်အကြာတွင်ဖြုတ်ချလိုက်သည်။ ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး
  မင်းအောင်လှိုင်သည်တစ်နှစ်အရေးပေါ်အခြေ
  အနေအောက်တွင်အစိုးရသစ်အားတာဝန်ယူခဲ့သည်။

တရုတ်သည်ဒေါ်အောင်ဆန်းစုကြည်ကိုဖြုတ်ချရာတွင်
 မည်သည့်အခန်းကဏမှပါ၀င်ခြင်းမရှိသော်လည်းပေကျင်း
  သည်တိုင်းပြည်အပေါ်လွှမ်းမိုးမှုများပိုများသည်ဟု
  လေ့လာသုံးသပ်သူများကဆိုသည်။
  အထူးသဖြင့်ယူအက်စ်နှင့်အခြားအနောက်နိုင်ငံအစိုးရများ
  ကစစ်အစိုးရအားအပြစ်ပေးအရေးယူရန်အရေးယူပိတ်ဆို့မှု
  များချမှတ်လျှင်၎င်းသည်အထူးသဖြင့်ဖြစ်နိုင်ဖွယ်ရှိသည်။
 
  လွန်ခဲ့သည့်ဆယ်နှစ်ကတရုတ်နိုင်ငံ၏မြန်မာနိုင်ငံ
  စီးပွားရေးအပေါ်လွှမ်းမိုးမှုကြီးထွားလာခြင်းကိုဆန့်ကျင်
  ဘက်အနေဖြင့်ယခင်စစ်အစိုးရကိုဒီမိုကရေစီပြုပြင်
  ပြောင်းလဲမှုဆီသို့ဦးတည်စေပြီးစစ်တပ်သည်အပြီး
  သတ်စစ်တပ်ဆက်လက်တည်ရှိနေသော်လည်းဒေါ်အောင်
  ဆန်းစုကြည်အားပါလီမန်၌ပါဝင်နိုင်ရန်နှင့်နိုင်ငံ၏
  de facto ခေါင်းဆောင်ဖြစ်လာစေရန်အရပ်သား
  အစိုးရကိုလှုံ့ဆော်ပေးခဲ့သည်

  လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်းဒေါ်အောင်ဆန်းစုကြည်
  သည်ရိုဟင်ဂျာလူနည်းစုအပေါ်ရက်စက်ယုတ်မာမှုများ
  အားစစ်တပ်အားခုခံကာကွယ်ရင်းဘေဂျင်းနှင့်ပိုမိုနီးကပ်
  စွာဆက်ဆံခဲ့သည်။ အထူးသဖြင့်မကြာသေးမီကကျင်းပခဲ့သော
  ရွေးကောက်ပွဲများတွင်၎င်းတို့၏ပါတီသည်အကြီးအကျယ်
  ဆုံးရှုံးမှုများခံစားခဲ့ရပြီးနောက်စစ်တပ်ခေါင်းဆောင်များအား
  မယုံကြည်မှုပိုမိုနက်ရှိုင်းလာနိုင်သည်။

လန်ဒန်ရှိ Chatham House မှအာရှပစိဖိတ်အစီအစဉ်၏
  ဒါရိုက်တာ Champa Patelကစစ်တပ်ကသူတို့ရဲ့အာဏာ
  ကိုမြှင့်တင်ဖို့ကြိုးစားလာတာအမြဲတမ်းအန္တရာယ်ပဲ
  ဟုပြောကြားခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်ဟာတိုင်းပြည်
  အတွင်းမှာသူ့ရဲ့အာဏာကိုပိုမိုခိုင်မာလာစေပြီးတရုတ်လိုနိုင်ငံတွေနဲ့
  လည်းပိုမိုနက်ရှိုင်းလာတာနဲ့အမျှသူတို့ရဲ့လုံခြုံမှုကင်းမဲ့နေပါတယ်။ ”
 
အာဏာသိမ်းမှုသည်ဒေါ်အောင်ဆန်းစုကြည်နှင့်နေပြည်တော်ရှိ
  စစ်တပ်အရာရှိများနှင့်တွေ့ဆုံခဲ့သည့်တရုတ်နိုင်ငံခြားရေးဝန်ကြီး
  ဝမ်ရီ၏ခရီးစဉ်အပြီးသုံးပတ်အကြာတွင်ဖြစ်သည်။
  ဤခရီးစဉ်သည်တစ်စိတ်တစ်ပိုင်းအားဖြင့်နို ၀င်ဘာရွေးကောက်ပွဲ
  တွင်ဒေါ်အောင်ဆန်းစုကြည်ပါတီ၏အောင်ပွဲကိုထောက်ခံခြင်းနှင့်
  တစ်စိတ်တစ်ပိုင်းအားဖြင့်လွန်ခဲ့သောတစ်နှစ်ကသဘောတူညီ
  ခဲ့သည့်စီမံကိန်းများအပေါ်ပိုမိုမြန်ဆန်သောတိုးတက်မှုကိုမြင်
  လိုကြောင်းပြသခဲ့သည်။

 အချို့ကမူဘေဂျင်းသည်စစ်ဗိုလ်ချုပ်များအားလျှို့ဝှက်ထောက်
  လှမ်းရေးတစ်ခုပေးလိမ့်မည်ဟုခန့်မှန်းကြသည်။

 သို့သော်အာဏာသိမ်းမှုသည်မြန်မာခေါင်းဆောင်များအားတရုတ်
  ၏ထောက်ခံမှုအပေါ်မှီခိုအားထားနေရခြင်းဖြစ်သော်လည်း
  လက်နက်အများစုကိုတင်ပို့ခြင်းနှင့်နိုင်ငံ၏အကြီးမားဆုံးသော
  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအရင်းအမြစ်တစ်ခုဖြစ်သည့်ရှန်ဟိုင်း
  အပြည်ပြည်ဆိုင်ရာလေ့လာရေးဌာနမှသုတေသီ
  Zhao Gancheng ကမလိုလားအပ်သောအရာဖြစ်ကြောင်းပြော
  ကြားခဲ့သည်။

"အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအနေဖြင့်တရုတ်အတွက်မည်သည့်ကောင်းကျိုး
  ကိုမျှကျွန်တော်မမြင်နိုင်ပါ။ တရုတ်၏ရင်းနှီးမြှုပ်နှံမှုများနှင့်အခြေခံ
  အဆောက်အဦးများဆောက်လုပ်ခြင်းသည်တည်ငြိမ်သောပတ်ဝန်း
  ကျင်လိုအပ်သည်" ဟု Zhao ကပြောကြားခဲ့သည်။ “
  တရုတ်ကဒီဖွံ့ဖြိုးတိုးတက်မှုအတွက်စိုးရိမ်တယ်။
 
 ပြည်တွင်းရေး၊ဆန့်ကျင်မှုနှင့်ပုဂ္ဂိုလ်ရေးရည်မှန်းချက်များသည်
  မင်းအောင်လှိုင်နှင့်အခြားစစ်ခေါင်းဆောင်များအားအာဏာ
  သိမ်းယူရန်မည်သည့်အရာကဖြစ်စေသည်ဖြစ်စေတရုတ်
  သည်ဆောက်လုပ်ရေး၌တည်ဆောက်နေသောကြီးမားသော
  စီမံကိန်းများနှင့်စီးပွားရေးလုပ်ငန်းများတွင်ပါ၀င်ပတ်သက်မှု
  နက်ရှိုင်းမှုတို့ကြောင့်မြန်မာနိုင်ငံတွင်၎င်း၏သြဇာကိုဆက်လက်
  တိုးချဲ့ရန်ရှိသည်။ လောင်းကစားရုံများ၊ စက်ရုံများနှင့်ပစ္စည်းဥစ္စာ
  ပိုင်ဆိုင်မှုဖွံ့ဖြိုးတိုးတက်မှုမှသည်ပိုက်လိုင်းများနှင့်ဆိပ်ကမ်းများအထိ။

ပြီးခဲ့သည့်အပတ်ကအနောက်မြောက်ကမ်းရိုးတန်းကျောက်ဖြူ
  ရှိရေနက်ဆိပ်ကမ်းစီမံကိန်းကို ဦး ဆောင်နေသောတရုတ်
  လုပ်ငန်းစုသည်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကဲဖြတ်မှု
  အတွက်လေလံများကိုစတင်ရှာဖွေခဲ့သည်။ အာရှ၏နေရာ
  အနှံ့အပြားတွင်အခြေခံအဆောက်အ ဦး များဆောက်လုပ်ရန်
  ဘေဂျင်း၏“ Belt and Road Initiative”
  ၏ကျောက်ဆူးသည်၎င်း၏စီးပွားရေးကိုကမ္ဘာ့အခြားဒေသများ
  နှင့်ချိတ်ဆက်ထားခြင်းအားဖြင့်တရုတ်နိုင်ငံသည်ကုန်းတွင်း
  ပိုင်းဘင်္ဂလားပင်လယ်အော်သို့ဝင်ရောက်ခွင့်ကိုပေးလိမ့်မည်။

တရုတ်သည်သတ္တုတူးဖော်ရေး၊ ရေအားလျှပ်စစ်နှင့်အခြားဆောက်
  လုပ်ရေးစီမံကိန်းများအတွက်ကြီးမားသောကတိက၀တ်များရှိသည်။
  ၎င်းသည်မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန်ကတိပြုထားသောဒေါ်လာ
  ၂၁.၅ ဘီလီယံ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။
  ဒေါ်အောင်ဆန်းစုကြည်၏အစိုးရသည်ထိုကဲ့သို့သောစီမံကိန်းများ
  အပေါ်ဖြည်းဖြည်းချင်းရှေ့သို့ချီတက်နေပြီးအချို့မှာ
  ပြင်းထန်သောဒေသခံဆန့်ကျင်မှုနှင့်ရင်ဆိုင်နေရသည်။

  တရုတ်နိုင်ငံသည်မြန်မာနိုင်ငံအားတတ်နိုင်သလောက်တည်ငြိမ်
  အောင်ထိန်းထားရန်မဟာဗျူဟာအရအကျိုးစီးပွားရှိသည်”
  ဟုနယူးယော့တက္ကသိုလ်မှကမ္ဘာလုံးဆိုင်ရာရေးရာကျွမ်းကျင်မှုလ
  ေ့လာရေးကျောင်းမှပါမောက္ခခရစ်အန်ကာဆန်ကပြောကြားခဲ့သည်။
  "ဒါဟာတိုင်ပင်ဆွေးနွေးဖို့လိုအပ်သူတစ် ဦး အဖြစ်ရှုမြင်ခံရဖို့
  တရုတ်ရဲ့အားသာချက်မှအလုပ်လုပ်တယ်။ "

ဆယ်စုနှစ်တစ်ခုနီးပါးပြုပြင်ပြောင်းလဲမှုများနှင့်မြန်မာနိုင်ငံ၏
  နှစ်ရှည်လများအထီးကျန်စီးပွားရေးဖွင့်လှစ်ပြီးနောက်
  အမေရိကန်နှင့်အခြားအနောက်နိုင်ငံစီးပွားရေးလုပ်ငန်းများ
  သည်များသောအားဖြင့်ပြည်တွင်းနှင့်အခြားအာရှလုပ်ဖော်
  ကိုင်ဖက်များနှင့်သာရင်းနှီးမြုပ်နှံမှုများပြုလုပ်ခဲ့သည်။

မင်းအောင်လှိုင်နှင့်အခြားထိပ်တန်းစစ်ခေါင်းဆောင်များနှင့်စီးပွားရေး
လုပ်ငန်းများအားလူ့အခွင့်အရေးချိုးဖောက်မှုများအပေါ်အရေးယူမှုများ
  ချမှတ်ပြီးဖြစ်သောအနောက်နိုင်ငံအစိုးရများအနေဖြင့်မြန်မာ
  ခေါင်းဆောင်များအားအရပ်သားအုပ်ချုပ်မှုကိုပြန်လည်
  တည်ဆောက်ရန်သွေးထိုးလှုံ့ဆော်မှုမှာအတော်အတန်နည်းပါးသည်။

နောက်ဆုံးတွင်စစ်တပ်ကအာဏာသိမ်းခြင်းအားဖြင့်အနောက်နိုင်ငံ
  လူထု၏အမြင်ကိုငြင်းဆန်ရန်ကုန်ကျစရိတ်သည်၎င်း၏ကိုယ်ပိုင်
  စဉ်းစားတွေးခေါ်မှုများထက်သာလွန်သည်ဟုဆုံးဖြတ်ခဲ့ကြ
  ခြင်းဖြစ်သည်။
 
  ယခင်ကစစ်တပ်သည်စီးပွားရေးအပေါ်ကြီးထွားလာနေသော
  တရုတ်၏သြဇာလွှမ်းမိုးမှုကိုတန်ပြန်ရန်တစ်ခါတစ်ရံကြိုးပမ်းခဲ့ပြီး“
  ပိုမိုသြဇာကြီးသည့်တရုတ်သြဇာနှင့်တရုတ်သြဇာလွှမ်းမိုးမှုကို
  ဟန်ချက်ညီစေရန်ကြိုးပမ်းခဲ့သည်” ဟု
  Chatham House မှ Patel ကပြောကြားခဲ့သည်။

သို့သော်စစ်ဗိုလ်ချုပ်များကမြန်မာ့စီးပွားရေး၏ကြီးမားသော
  အပိုင်းအစများကိုထိန်းချုပ်ထားကြပြီးသူတို့၏တရုတ်
  လုပ်ဖော်ကိုင်ဖက်များနှင့်ဆက်ဆံခြင်းဖြင့်သူတို့ရရှိနိုင်သော
  အကျိုးအမြတ်များကိုအမြင့်ဆုံးအထိတိုးမြှင့်နိုင်သည်။

မင်းအောင်လှိုင်သည်မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏
မြန်မာ့စီးပွားရေး ဦး ပိုင်လီမိတက်တွင်အဓိကရင်းနှီးမြှုပ်နှံ
  သူဖြစ်ပြီး ၁၉၉၀ တွင်စစ်တပ်ကထူထောင်ခဲ့သော
  လက်ပံတောင်းကြေးနီသတ္တုတွင်းအပါအ၀င်တရုတ်
  ကော်ပိုရေးရှင်းများနှင့်အဓိကစီမံကိန်းများပြုလုပ်ခဲ့သည်။

ဗာဂျီးနီးယားရှိဂျော့ခ်ျ Mason တက္ကသိုလ်မှပါမောက္ခ
  ဂျွန်ဂျီဒေးလ်က“ တရုတ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံ
  ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များကို
  လှည့်ပတ်သွားရန်ပိုမိုထိရောက်သောသြဇာရှိလိမ့်မည်”
  ဟုပြောကြားခဲ့သည်။

၀ါရှင်တန်ရှိမဟာဗျူဟာနှင့်အပြည်ပြည်ဆိုင်ရာလေ့လာရေး
  ဌာနမှ Gregory B. Poling နှင့် Simon Tran
  Hudes တို့ကဂျပန်၊ စင်ကာပူနှင့်မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံ
  မှုပိုမိုများပြားသောအခြားနိုင်ငံများကအသစ်စက်စက်တည်
  ထောင်ထားသောစစ်အစိုးရအပေါ်ပြင်းထန်သောအရေးယူမှုများ
  ကိုကြုံတွေ့ရဖွယ်ရှိသည်။
  ထို့အပြင်မြန်မာ့စီးပွားရေးတွင်အကြီးဆုံးနိုင်ငံခြားကုမ္ပဏီ
  ဖြစ်သည့်အချက်အလက်သစ်ကိုအသိအမှတ်ပြုရန်အတွက်
  ၎င်းနှင့်ထိတွေ့ဆက်ဆံမှုကိုပြန်လည်ချိန်ညှိနိုင်သည့်အတွက်
  အလွန်ဝမ်းမြောက်လိမ့်မည်။ ဒါကမင်းအောင်လှိုင်ကမျှော်
  လင့်ပြီးထုတ်ပစ်လိုက်တဲ့အမေရိကန်ပြည်ထောင်စုရဲ့အရေးယူ
  ပိတ်ဆို့မှုကိုလျှော့ပေါ့စေလိမ့်မယ်”
  ဟုသူတို့ကအစီရင်ခံစာတွင်ဖော်ပြထားသည်။

___

Associated Press မှသုတေသနပညာရှင် Yu Bing နှင့်
  ပီကင်းရှိ Associated Press စာရေးဆရာများ၊
  Grant Peckဘန်ကောက်နှင့်
  Victoria Milkoအင်ဒိုနီးရှားနိုင်ငံ၊ တို,ရေးသားသည်
 
  https://www.washingtonpost.com/business/coup-a-further-complication-for-tricky-myanmar-china-ties/2021/02/03/11d70dd2-6693-11eb-bab8-707f8769d785_story.html
ဆက်ဖတ်ရန် →

#အရွေ့တခုစပါပီ

ကျမတို့ ကျန်းမာရေးနဲ့ဆေးဘက်တွေအောင်မြင်နေပါပီ
International news CNA မှာ Front line
ကနေဒေါ်စုနဲ့ပြည်သူအတွက်ဆိုတာ ထည့်ရေးပေးထား
ရတဲ့အထိပေါက်ပါပီ
ကျမတို့ကျန်းမာရေးနဲ့အတူဌာနဆိုင်ရာတွေပြတ်သားဖို့
တိုက်တွန်းပါတယ်
အဲ့ဒီလူနာတွေ ပိုကောင်းတဲ့ ဆေးရုံနဲ့ vaccine
အမြန်ဆုံးထိုးရဖို့ အာဏာရှင်အစိုးရကမလုပ်ပေးပါဘူး
ရေရှည်မှာကောင်းဖို့ အမြဲ အဆဲခံနေရတာ ကျမတို့
ဆရာဝန်တွေပါ
ဘာမှမဆိုင်ဘူး လူနာတွေကိုသနားတယ်လို့ပြောနေသူတွေ
ပိုက်ဆံထုတ်ပီးလှူကြပါ
ရှင်တို့ ဘာတတ်နိုင်လဲ ဘေးထိုင်ဘုပြောပဲမလား
ပိုက်ဆံလှူ ကျမတို့ဆရာဝန်တွေ အပြင်ဆေးခန်းမှာ
ကုပေးကြလိမ့်မယ်
ပြိုင်တူတွန်းရင်အမြန်ရွေ့တယ်
ဘယ်ဌါနကမှစမလုပ်လို့ ကျန်းမာရေးကထလုပ်ရခြင်း
ဖြစ်တယ် ဘယိသူမှ ဒီအခြေအနေတွေကို မလိုလားးပါ
#အမြန်လိုက်ပါလာဖို့မျှော်လင့်တယ်
တကယ်အရေးပါတဲ့ဌါနတွေပါလာရင်ဆရာဝန်သူနာပြုတွေ
အကုန် သူ့အလုပ်သူပြန်လုပ်ကြလိမ့်မယ်
ကမ္ဘာမှာ မြန်မာဟေ့ဆိုတာ ပြည်သူတွေစည်းလုံးလို့
လွတ်လပ်ရေးပြန်ရခဲ့ပီ အာဏာရှင်စနစ်အပြီးထိအဆုံးသတ်မှ
နောက်နောင် ပြည်သူတွေကိုအထင်မသေးရဲပဲ
ကျမတို့ ကလေးတွေအေးချမ်းစွာနေနိုင်မှာပါ
ကျမတို့ ဘိုးဘွားမိဘလက်ထက်ကမလုပ်နိုင်ခဲ့တာကို
  ကျမတို့ ကလေးတွေအတွက် ကျမတို့လုပ်ကြမယ်
Please do it for your children
Your children’s children
For our next generation
Let's Fight together
ဆက်ဖတ်ရန် →