ဒီကနေ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်တို့ရဲ့ "A Night in Bangkok" ရှိုးပွဲ မျှော်လင့်ထားသလို ဖြစ်မလာတော့ပါ
စိုင်းစိုင်းရှိုးပွဲလုပ်မယ့် နေ့မှ ဘန်ကောက်တမြို့လုံး အနီရောင်အဆင့် ရေကြီးကာ အရေးပေါ်အခြေအနေတွေ့ကြုံနေရပါပြီ
ဒီနေ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ ရဲလေး၊ ဘော့ဘီဆောက်ဆာတို့ရဲ့ "A Night in Bangkok" ရှိုးပွဲကြီးကတော့ ပရိသတ်တွေ မျှော်လင့်ထားသလို ဖြစ်မလာတော့ပါဘူး။
မနေ့ စက်တင်ဘာ ၂၅ ရက်ကတည်းက ဘန်ကောက်မြို့တမြို့လုံး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် လမ်းမတွေ၊ အိမ်တွေရေမြုပ်ပြီး တမြို့လုံး ရေဘေးဒုက္ခရောက်နေရပါပြီ။ လက်ရှိ မြေပြင်အခြေအနေများ : ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေအပြင် လူတွေပါ အပြင်ထွက်လို့ မရတော့ပါဘူး။ 7/11 တွေနဲ့ စားသောက်ကုန်ပစ္စည်းတွေ အကုန်ပြတ်လပ်နေပြီး Delivery ဝန်ဆောင်မှုတွေလည်း အကုန်ရပ်နားထားရပါတယ်။ ထိုင်းအစိုးရဘက်ကလည်း နောက်ထပ် ၃-၄ ရက် မိုးဆက်တိုက်ရွာနိုင်လို့ အရေးပေါ်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာပရိသတ်တဦးကတော့ —
"စိုင်းစိုင်းရှိုးပွဲကြည့်ချင်လို့ လက်မှတ်ဝယ်ထားတာ ... အခုတော့ ထမင်းစားဖို့တောင် အပြင်ထွက်မရတော့ဘူး၊ ပွဲက ပျက်ပြီထင်တယ်။ စိုင်းစိုင်းကိုက ဒီလို ကံပါတာထင်တယ်၊ သူ ဘာပဲလုပ်လုပ် ဒီလိုအမြဲကြုံရတတ်တယ်။ အခု တခါမှ မဖြစ်ဖူးတဲ့ ဘန်ကောက်တောင် သူရှိုးပွဲလုပ်မှ ရေကြီးပြီး ဒုက္ခရောက်ရပြီ" လို့ ညည်းတွားဝေမျှထားပါတယ်။
ပွဲကို သွားရောက်ဖို့ လက်မှတ်ဝယ်ထားပြီးသား ပရိသတ်တွေနဲ့ ဘန်ကောက်ရောက် မြန်မာညီအစ်ကိုတွေအားလုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ နေထိုင်ကြဖို့ သတိထားကြပါနော်။
#SaiSaiKhamHlaing #ANightInBangkok
#BangkokFlood #MyanmarCelebrity


မှတ်ချက်များ
Post a Comment