ကြပ်ပြေးနန်းတွင်းအရှုပ်တော်ပုံ အပိုင်း(၃)
ဗိုလ်ချုပ်ခင်ညွန့်အနေနဲ့ကလည်း သူ့စစ်မှုထမ်းသက်တမ်းတလျှောက် တိုက်ခိုက်ရေးတာဝန်တွေထက် Staff Duty ခေါ် ဦးစီးအရာရှိတာဝန်တွေကိုသာ ပိုပြီးထမ်းဆောင်ခဲ့ရတဲ့အတွက် စစ်ဘက်ရေးရာကိစ္စတွေထက် နိုင်ငံရေးကိစ္စတွေမှာ ပိုပြီး စိတ်ဝင်စားကြောင်း သိရှိရပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်အနေနဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ်ရာထူးကို ရရှိဖို့မျှော်လင့်မထားပေမဲ့ နဝတဒုဥက္ကဌရာထူး ရရှိဖို့ကိုတော့ အများကြီးမျှော်လင့်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ် ချုပ်ခင်ညွန့်ကို ဒီလိုရာထူးမျိုးပေးဖို့ မူလကတည်းက စိတ်မကူးခဲ့ဘူးလို့ ဆိုပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်က ရည်ရွယ်ချက်ကြီးပြီး ပါးနပ်မှုလည်းရှိတဲ့အပြင် ဦးနေဝင်းမိသားစုအပါအဝင် မဆလ စစ်ခေါင်းဆောင်ဟောင်းတွေကလည်း သူ့ကို အားပေးထောက်ခံ နေကြတဲ့အတွက် ဒီရာထူးပေးလိုက်ရင် နဝတဥက္ကဌနေရာကိုပါ ခြိမ်းခြောက်လာမှာစိုးရိမ်တာကြောင့် ဒီရာထူးကို ဘယ်သူ့ကို မှမပေးဘဲ (၂)နှစ်နီးပါးလောက်ကြာအောင် အချိန်ဆွဲထားခဲ့ပါတယ်။
နဝတ စစ်အာဏာသိမ်းကောင်စီနဲ့ ဝန်ကြီးအဖွဲ့အတွင်း ဒီရာထူးကို ဗိုလ်ချုပ်ခင်ညွန့်သာ ရထိုက်တယ်၊ ဗိုလ်ချုပ် ကြီး မောင်အေးသာ ရထိုက်တယ်နဲ့ အတွင်းကျိတ် အုပ်စုတိုက်ပွဲတွေ ပေါ်ပေါက်ခဲ့သည်အထိ ဖြစ်ခဲ့ရကြောင်း သိရှိရပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ ဆုံးဖြတ်ချက်နဲ့ ၁၉၉၄ ခုနှစ် ဧပြီလ(၂၇)ရက်နေ့မှာ နဝတ ဒုဥက္ကဌရာထူးကို လည်း ဗိုလ်ချုပ်ကြီးမောင်အေး ကိုသာ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
ဗိုလ်ချုပ်ခင်ညွန့်ဟာ စိတ်ဓာတ်ကျပြီး သူ့ကို နှုတ်ထွက်ခွင့်ပေးဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ အကြိမ်ကြိမ် တောင်းဆို ခဲ့ပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နှုတ်ထွက်ခွင့်လည်းမပေး၊ လုပ်ပိုင်ခွင့်လည်း တိုးမပေးဘဲ ကြိုးရှည်ရှည်နဲ့ လှန်ထားခဲ့ကြောင်း သိရှိရပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်ကို အာဏာရှိသယောင်၊ လုပ်ပိုင်ခွင့်ရှိသယောင် လူမြင်ကွင်း မီဒီယာတွေပေါ်မှာ ပြသပေးထား ပေမဲ့ အရေးကြီးတဲ့လုပ်ပိုင်ခွင့်မှန်သမျှကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးမောင်အေး တို့ကသာ နောက်ကွယ်က ထိမ်း ချုပ်ထားခဲ့ကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
ကြပ်ပြေးနန်းတွင်းအရှုတ်တော်ပုံကိုလေ့လာရာမှာ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးတွေရဲ့ အတွင်းပဋိပက္ခတွေလောက်ကို လေ့လာယုံနဲ့ ပြည့်စုံမှာမဟုတ်ပါဘူး။ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးတွေရဲ့ ထူးဆန်းတဲ့စိတ်ရောဂါတွေနဲ့ သူတို့နောက်ကွယ်က မဟေသီကြီးတွေရဲ့ “မီးဖိုချောင်ကက်ဘိနက်” အခြေအနေတွေကိုပါ ပူးတွဲလေ့လာနိုင်မှသာ နန်းတွင်းအရှတ်တော်ပုံရဲ့ အကြောင်းရင်းဇစ်မြစ်ကို ပိုမိုနားလည် သဘောပေါက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပုဂ္ဂိုလ်ရေးဆန်တဲ့ တချို့အကြောင်းအရာ တွေကို မဖေါ်ပြချင်ပေမဲ့ နန်းတွင်းအရှုတ်တော်ပုံနဲ့ ဆက်နွယ်ပတ်သက်နေတဲ့ အကြောင်းအရာတချို့ကိုတော့ မလွှဲမရှောင်သာ ထည့်သွင်းဖေါ်ပြရဖို့ လိုအပ်လာပါတယ်။
ဗိုလ်ချုပ်မှူးကြီး စောမောင် က သူ့ကိုယ်သူ ကျန်ခဲ့တဲ့စစ်သား “ကျန်စစ်သား” ဆိုပြီး သူ့ရဲ့ ကမ္ဘာကျော် မာရသွန် မိန့်ခွန်းရှည်ကြီးတခုမှာ ထည့်သွင်းပြောဆိုခဲ့ဘူးပါတယ်။ စစ်ထောက်လှမ်းရေးတွေဦးစီးတဲ့ သောင်ရင်းစာပေဝိုင်း ဆိုတဲ့အဖွဲ့က လည်း “များစွာသော ခပ်သိမ်းသောသူအပေါင်းတို့သည် သားတကွဲ၊ မယားတကွဲ၊ မိတကွဲ၊ ဘတကွဲ ဖြစ်ကြရကုန်၏။ ထိုသ တို့၏ ဆင်းရဲခြင်းဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့။ ငါ၏ လင်္ကျာလက်ဖြင့် ဆန်စပါး ရိက္ခာကိုပေးအံ့။ ငါ၏ လက်ဝဲလက်ဖြင့် ဝတ်စားတန်ဆာကိုပေးအံ့။ အမိသည် သားငယ်ကို ရင်ခွင်၌ နှစ်သိမ့်စေသကဲ့သို့ ငါသည်လည်း တိုင်းသူ ပြည်သားတို့ကို နှစ်သိမ့်စေအံ့။ (ကျန်စစ်သားမင်း ခရစ်နှစ် ၁ဝ၈၄-၁၁၁၂) ဆိုပြီး “မုဒိတာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သူတို့ရဲ့ လစဉ် ထုတ် မြက်ခင်းသစ် မဂ္ဂဇင်းတွေရဲ့ ရှေ့ဆုံးစာမျက်နှာတွေကနေ “မင်းရူးဘုံဆော်” လုပ်ပေးခဲ့ဘူးပါတယ်။ နောက်ဆုံးရလာဒ်က တော့ ကျန်စစ်သားမင်းအဖြစ် ယဉ်ယဉ်လေးရူးနေရာက စစ်ရုံးမှာရှိသမျှ လက်အောက်အရာရှိတွေကို သူ့စိတ်ပုတီးကို လက်နဲ့ ထိခိုင်းပြီး “ဘယ်လိုထူးခြားတဲ့ ခံစားမှုမျိုးရှိသလဲ”လို့ နေ့စဉ်မေးတဲ့အထိ သွက်သွက်ခါတဲ့အဆင့်ကို ရောက်ရှိသွားခဲ့တာ ဖြစ် ပါတယ်။
အဲဒီ ကျန်စစ်သားမင်းကိုဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း သူ့ဇာတိ ကျောက်ဆည် ဒေသမှာ တချိန်က ဘုရင်ဖြစ်ခဲ့တဲ့ “သာလွန်မင်းတရားကြီး” ဝင်စားသူလို့ သူ့ကိုယ်သူ ယုံကြည်နေသူဖြစ်ပါတယ်။ ခလရ(၁) တပ်ရင်းမှူးကတော် ဒေါ်မကြိုင် တဖြစ်လဲ နိုင်ငံတော်အကြီးအကဲကတော် ဒေါ်ကြိုင်ကြိုင် ကလည်း ၂ဝဝ၂ ခုနှစ်ကစပြီး သူ့ကို “မယ်တော်ကြီး”လို့ ခေါ်ပြီး သူ့သမီးတွေကို “သမီးတော်”တွေလို့ ခေါ်ဝေါ်ကြဖို့ သူတို့မိသားစုနဲ့နီးစပ်တဲ့ စစ်ဘက်အရပ်ဘက် အရာရှိကြီးတွေကို နှုတ်မိန့်နဲ့ညွှန်ကြားခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် နိုင်ငံတော်အကြီးအကဲရဲ့ စံအိမ်တော် ဧည့်ခန်းမ မှာလည်း မင်းတရားကြီးနဲ့ မယ်တော်ကြီးအတွက် ဆိုဖာ(၂)လုံးသာချထားပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး နဲ့ ဒေါ်မြမြ စန်း တို့အပါအဝင် လာသမျှဧည်သည်အားလုံး ကြမ်းပြင်ပေါ်မှာ ပုဆစ်တုတ် ထိုင်ခိုင်းလေ့ရှိတယ်လို့ ဆိုပါတယ်။ သမီးတော် တွေရဲ့ စံအိမ်တော်တွေမှာလည်း အလားတူ ဧည့်သည်တွေကို ကြမ်းပေါ်မှာ ထိုင်ခိုင်းလေ့ရှိကြောင်း သိရှိရပါတယ်။ လာ
သူ့ကိုယ်သူ ဆင်ဖြူရှင်မိဘုရားကြီးဝင်စားသူလို့ ယုံကြည်နေတဲ့ မယ်တော်ကြီး ဒေါ်ကြိုင်ကြိုင်ကလည်း ရခိုင်ပြည် နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဖမ်းမိလာတဲ့ ဆင်ဖြူတွေကို ရန်ကုန်အရောက် လှေတတန်၊ ကားတတန်နဲ့ သယ်ဆောင်လာဖို့ ညွှန်ကြားခဲ့ပြီး အင်းစိန်(၉)မိုင် တရုတ်သင်္ချိုင်းနေရာဟောင်းမှာ ဆင်ဖြူတွေထားဖို့ အဆောက်အဦးတွေကို တခန်းတနား ဆောက်လုပ်စေခဲ့ပါတယ်။ မယ်တော်ကြီးနဲ့ သမီးတော်တွေဟာ သူတို့ကိုးကွယ်ဆည်းကပ်နေတဲ့ ဗေဒင်၊ နက္ခတ် ဆရာတချို့ရဲ့အခါတော်ပေးချက်အရ ၂ဝဝ၃ ခုနှစ်နဲ့ ၂ဝဝ၄ ခုနှစ်တွေအတွင်း ညဖက်မှာ နန်းဝတ်နန်းစားတွေကိုဝတ်ဆင်ပြီး ဆင်ဖြူတွေစီးဖို့ (၉)မိုင်သင်္ချိုင်းကို သွားရောက်ခဲ့ကြောင်း သိရှိရပါတယ်။ အဝတ်အစား ကိုးယို့ကားယားနဲ့မို့ ဆင်တွေကလန့်ပြီး ထွက်ပြေးတဲ့ အတွက် တော်ဝင်မိသားစု ဆင်ပေါ်က ပြုတ်ကျသူကျ၊ ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီအဖြစ်အပျက်ကို အတွင်းကျကျ သိရှိ ခဲ့ကြတဲ့ နအဖဝန်ကြီးတွေနဲ့ စစ်ရုံးချုပ်အရာရှိကြီးတွေကတော့ ကွယ်ရာမှာ “ဆင်နင်းပြီး မြင်းကန်ခံလိုက်ရတဲ့ တော်ဝင်မိသား စု” ဆိုပြီး ဟာသလုပ် ပြောဆိုနေကြကြောင်း သိရှိရပါတယ်။
တော်ဝင်မိသားစုမှာ သားတော်(၂)ပါးနဲ့ သမီးတော်(၄)ပါး ရှိပါတယ်။ ဦးကြိုင်စန်းရွှေ၊ ဦးထွန်းနိုင်ရွှေ၊ ဒေါ်ခင်ပြုံးရွှေ၊ ဒေါ်ကြည်မာရွှေ ခေါ် ဒေါ်ကြည်ကြည်ရွှေ၊ ဒေါ်သစ်သစ်ရွှေ ခေါ် ဒေါ်အေ ခေါ် ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်သန္တာရွှေ ခေါ် ဒေ ခေါ် ဒေဝါရွှေ ခေါ် ပေါက် ပေါက် တို့ ဖြစ်ပါတယ်။ ဦးကြိုင်စန်းရွှေရဲ့ဇနီးက းက ဗိုလ်မှူးခင်ဝင်းစိန် င်းစိန် ဖြစ်ပြီး ဂျေဒိုးနတ် စားသောက်ဆိုင်တွေကို ပိုင်ဆိုင်ကြောင်း သိရှိရပါတယ်။ ဦးထွန်းနိုင်ရွှေရဲ့ ဇနီးကတော့ ဟောင်ကောင်သူ တရုတ်အမျိုးသမီးဖြစ်ပြီး နိုင်ငံခြားမှာ စီးပွားရေးလုပ်ငန်းတွေ အများအပြားရှိကြောင်း သိရှိရပါတယ်။ ဒေါ်ခင်ပြုံးရွှေရဲ့ ခင်ပွန်းက ဗိုလ်မှူးကြီး သိန်းနိုင် (တပ်မတော်−လေ) ဖြစ်ပြီး မကြာခင် ကပြုလုပ်ခဲ့တဲ့ တပ်တွင်းရာထူးအပြောင်းအလဲတွေမှာ ဗိုလ်မှူးချုပ်အဆင့်နဲ့ မင်္ဂလာဒုံလေတပ်စခန်းမှူးအဖြစ် တာဝန်ပေးအပ် ခံခဲ့ရကြောင်း သိရှိရပါတယ်။ ဒေါ်ကြည်မာရွှေ ခေါ် ဒေါ်ကြည်ကြည်ရွှေရဲ့ ခင်ပွန်းက ဗိုလ်မှူးကြီး နေစိုးမောင် (တပ်မတော်-ရေ) ဖြစ်ပြီး သူတို့ရဲ့သား ဖိုးလပြည် ခေါ် နေရွှေသွေးအောင် ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အချစ်ဆုံးမြေးတဦးဖြစ်ကြောင်း သိရှိရ ပါတယ်။ (နေရွှေသွေးအောင် မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သိရှိသွားခဲ့ရာမှ မီးခိုးကြွက်လျှောက် လိုက်ရင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူ အောင်ဇော်ရဲမြင့် (ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်၏သား) နှင့် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ် တို့ကို မကြာခင်က ဖမ်းဆီးထိမ်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။) စိန်စီသောည ဗွီဒီယိုမင်းသမီး ဒေါ်သန္တာရွှေ ခေါ် ဒေဝါရွှေရဲ့ ခင်ပွန်းကတော့ ဗိုလ်မှူး ဇော်ဖြိုးဝင်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မိသားစုဟာ စီးပွားရေးလုပ်ငန်းကြီးတွေကို ထင်ထင်ပေါ်ပေါ် ထူထောင်လုပ်ကိုင်တာမျိုး မတွေ့ရပေမဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးကနေ ပုံမှန်ဆက်ကြေးငွေတွေနဲ့ စီးပွားရေးလုပ်ပိုင်ခွင့်လိုင်စင်တွေကို လက္ခံရယူ ပြီး ပြန်ရောင်းစားတာတွေ ပြုလုပ်နေကြောင်း သိရှိရပါတယ်။ ၂၀၀၄ခုနှစ် စက်တင်္ဘာ(၁၈)ရက်နေ့မှာ ဖြုတ်ထုတ်ဖယ်ရှားခံ လိုက်ရတဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ညွန့်တင်ရဲ့ လာဘ်စားမှုတွေကို အင်းစိန် အထူး တရားရုံးမှာ စစ်ဆေးတဲ့အခါ ဗိုလ်ချုပ်ညွန့်တင်ရဲ့ဇနီး ဒေါ်ခင်မျိုးဦးက သူတို့ရတဲ့လာဘ်ငွေတွေထဲက မယ်တော်ကြီး ဒေါ်ကြိုင် အမေရိကန်ဒေါ်လာ ကြောင်း သမီးတော်တွေကို ကတုံးလျှင် ဒေါ်လာ က၅)သန်းတန်တဲ့ စိန်(မှာ) လုံးနဲ့ တန်းရတာလာယျက် ထွက်နိုင်မှ ကြောင်း ၂ဝဝ၅ခုနှစ် အောက်တိုဘာ(၁၂)ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးရှင် လယ်ရီဂျေဂင် က ထုတ် ဖေ ဖေါ်ရေးသားခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် သစ်တောဝန်ကြီး ဦးအောင်ဖုန်း ဆီက တောင်းယူရရှိထားတဲ့ သစ်ထုတ်လုပ်ခွင့် လိုင်စင်တွေကို ဒေါ်ကြိုင်ကြိုင်က သစ်လုပ်ငန်းကုမ္ပဏီတွေကို ရောင်းစားခဲ့ရာမှာလည်း အဲဒီလိုင်စင်ပါ သစ်တောတွေဟာ ခုတ် လှဲရောင်းချထားပြီးဖြစ်လို့ ခုတ်စရာတပင်မှမကျန်တော့ကြောင်း ကုမ္ပဏီက ဒေါ်ကြိုင်ကြိုင်ကို ပြန်လည်တိုင်ကြားခဲ့တဲ့အတွက် ဦးအောင်ဖုန်းကို ချက်ချင်း ဖြုတ်ထုတ်ဖယ်ရှားပစ်ခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးရဲ့မိသားစုက ပုဂံလေကြောင်းလိုင်းအပါအဝင် သူဌေးလေးဦးတေဇနဲ့ သူဌေးလေးမောင်ဝိတ် တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာလည်း အစုရှယ်ယာတွေအများအပြား ထည့်ဝင်ထားကြောင်း သိရှိရပါတယ်။ ရန်ကုန် ကန်တော်ကြီး ကန်ရိပ်သာ စားသောက်ဆိုင်နဲ့ ကျောက်ဆည်-မန္တလေး ပြေးဆွဲနေတဲ့ ဆင်ဖြူတော် ဟိုင်းလတ်ကားသင်းတွေကိုလည်း ဗိုလ် ချုပ်မှူးကြီးရဲ့ သမီးတော်တွေက ပိုင်ဆိုင်ကြကြောင်း သိရှိရပါတယ်။
သမီးတော်(၄)ဦးလုံးဟာ နိုင်ငံခြားရေးဌာနမှာ အတွင်းဝန်ရာထူးတွေကိုလည်း ရယူထားကြပါတယ်။ ဒေါ်ခင်ပြုံးရွှေ ဟာ ၂ဝဝဝ-၂ဝဝ၁ ခုနှစ်က ဆွစ္စလန်နိုင်ငံ ဂျနီဖာသံရုံးမှာ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ ဒါပေမဲ့ အတွင်းဝန် တဦးရဲ့အလုပ် တွေကို လုပ်ကိုင်ခြင်းမပြုဘဲ ဘုရင့်သမီးတော်တယောက်လိုနေထိုင်ပြီး နိုင်ငံတော်ငွေတွေကို ထင်သလို သုံးဖြုံးနေခဲ့တယ်လို့ ဆို ပါတယ်။ သံအမတ်ကြီး ဦးမြသန်းက ဒေါ်ခင်ပြုံးရွှေကို တခွန်းမှ ပြန်မပြောရဲတဲ့အပြင် ဒေါ်ခင်ပြုံးရွှေ ညွှန်ကြားတဲ့အတိုင်း တသွေမတိမ်း လိုက်နာလုပ်ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒေါ်ခင်ပြုံးရွှေဟာ လင်ယောင်္ကျားကြီး ရှိပါလျှက်နဲ့ ဆွစ္စလန် သံရုံးမှာ တာဝန်ကျနေတဲ့ သံရုံးအတွင်းဝန် ကိုဇော်ထွန်းဦး (နအဖအတွင်းရေးမှူး(၂) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးရဲ့သား) နဲ့ ဘာဘာညာညာ အသံဗလံတွေထွက်ခဲ့တဲ့အတွက် ကိုဇော်ထွန်းဦးနဲ့ သူ့ဇနီး မသီတာ (ရန်ကုန်မြို့တော်ဝန် ဦးကိုလေး၏ သမီး) တို့အကြားမှာ အိမ်ထောင်ရေးပြဿနာတွေ အကြီးအကျယ်တက်ခဲ့ကြောင်း သိရှိရပါတယ်။
ဒီပြဿနာတွေကြောင့် နောက်ဆုံးမှာ ကိုဇော်ထွန်းဦး ကို မလေးရှားသံရုံးကို ပြောင်းရွှေ့ခိုင်းခဲ့ရပြီး ဒေါ်ခင်ပြုံးရွှေ ကို တော့ ရန်ကုန်ကို ပြန်လည်ခေါ်ယူခဲ့ရပါတယ်။ ဘာမဆိုင်ညာမဆိုင် ကြားက ငထွားခါးနာ ဖြစ်ရသူကတော့ သံအမတ်ကြီး ဦးမြသန်း ဖြစ်ပါတယ်။ သမီးတော်ကို ကောင်းကောင်း ထိမ်းသိမ်းစောင့်ရှောက်နိုင်မှုမရှိဘူးဆိုတဲ့ စွဲချက်နဲ့ ဦးမြသန်းကို ဆွစ္စလန် သံရုံးမှာမထားဖို့ မယ်တော်ကြီးကိုယ်တိုင် ညွှန်ကြားခဲ့တာကြောင့် မြန်မာပြည်ကို ချက်ချင်း ပြန်လည်ခေါ်ယူခံခဲ့ရပြီး သူ့နေရာ ကို ဂျာမဏီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးညွန့်မောင်ရှိန်နဲ့ အစားထိုးခဲ့တာ တွေ့ရပါတယ်။ ဒေါ်ခင်ပြုံးရွှေဟာ မြန်မာ ပြည်ရောက်တာတောင် နိုင်ငံခြားကို မကြာခဏထွက်ပြီး ကိုဇော်ထွန်းဦးနဲ့ ဆက်လက်တွေ့ဆုံ ဆက်သွယ်နေသေးတာကြောင့် နောက်ဆုံးမှာ အမှိုက်ကစ ပြဿဒ်မီးလောင် ဆိုသလို လူငယ်တွေရဲ့အမှုက မိဘတွေအထိ ရောက်လာပြီး လူကြီးချင်းပါ “ညိ” ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၂ဝဝ၁ ဖေဖေါ်ဝါရီလမှာ ရဟတ်ယာဉ်ပျက်ကျ သေဆုံးသွားရတဲ့ နအဖအတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနဲ့ ၂၀၀၄ခုနှစ် ဖေဖေါ်ဝါရီလ(၅)ရက်နေ့မှာ ပြောင်းရွှေ့ဖယ်ရှား ဖြုတ်ထုတ်ခံလိုက်ရတဲ့ ရန်ကုန် မြို့တော်ဝန် ဦးကိုလေး (အငြိမ်းစားဗိုလ်မှူးကြီး) (အငြိမ်းစားဗိုလ်မှူးကြီး) တို့ရဲ့ အဖြစ်အပျက်တွေနောက်ကွယ်မှာ တခြား မမြင်နိုင်တဲ့အကြောင်းအရာ တွေ အများအပြားရှိနေနိုင်သေးတယ်လို့ ယူဆရပါတယ်။
လွန်ခဲ့တဲ့နှစ်က လက်ထပ်ခဲ့တဲ့ ဒေါ်သန္တာရွှေ ကတော့ တရုတ်နိုင်ငံ ပီကင်းမြန်မာသံရုံးက အတွင်းဝန်တဦးဖြစ်ပါတယ်။ ဒါပေမဲ့ အတွင်းဝန်တာဝန်တွေကို မထမ်းဆောင်ဘဲနဲ့ ရှန်ဟဲက တက္ကသိုလ်တခုမှာ ပါရဂူဘွဲ့ယူဖို့ နိုင်ငံတော်စားရိတ်နဲ့ ကျောင်း တက်နေခဲ့တယ်လို့ ဆိုပါတယ်။ ရှန်ဟဲမှာကျောင်းတက်နေစဉ် ဝတ်ကြီးဝတ်ငယ်ပြုစုပေးဖို့အတွက်လည်း ပီကင်းမြန်မာသံရုံးက သံရုံးဝန်ထမ်း အမျိုးသမီးတဦးကိုပါ (On duty) အနေနဲ့ ထည့်ပေးခဲ့ရပါတယ်။ ဒါပေမဲ့ ဒေါ်သန္တာရွှေရဲ့ ရင့်ရင့်သီးသီး ဆက် ဆံ ခိုင်းစေမှုဒဏ်တွေကို မခံနိုင်တဲ့အတွက် ၄၊ ၅ ရက်အတွင်းမှာ သံရုံးကိုပြန်လာခွင့်ပြုဖို့ တင်ပြတောင်းဆိုခဲ့ပါတယ်။ သံ အမတ်ကြီးက နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းကို ဆက်လက်တင်ပြခဲ့ရာမှာ ဦးခင်မောင်ဝင်းက ပြန်ခေါ် ဖို့ ခွင့်ပြုခဲ့တဲ့အတွက် အဲဒီဝန်ထမ်းအမျိုးသမီးကို ပီကင်းသံရုံးကို ပြန်ခေါ်ခဲ့ကြောင်း သိရှိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ် သန္တာရွှေက မယ်တော်ကြီးဒေါ်ကြိုင်ကြိုင် တိုင်ကြားတာကြောင့် ဒေါ်ကြိုင်ကြိုင်ရဲ့အမိန့်နဲ့ သံရုံးအရာရှိ အမျိုးသမီးတဦးနဲ့ သံရုံးဝန်ထမ်း အမျိုးသားတဦးကို ဒေါ်သန္တာရွှေ လက်တိုလက်တောင်းခိုင်းစေဖို့ ရှန်ဟဲကို ချက်ချင်းစေလွှတ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒေါ်ကြိုင်ကြိုင်ရဲ့ မျက်မာန်တော်ရှမှုကို ခံလိုက်ရတဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးခင်မောင်ဝင်း ဟာလည်း ၂ဝဝ၄ ခုနှစ် စက်တင်္ဘာ (၁၈)ရက်နေ့မှာ ဖြုတ်ထုတ်ရှင်းတဲ့အထဲ ပါသွားခဲ့ရပါတယ်။
ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ ညီအမ(၂)ဦးကတော့ စင်္ကာပူမြန်မာသံရုံးက အတွင်းဝန်တွေ ဖြစ်ပါ တယ်။ နိုင်ငံတော်လစာနဲ့ ခံစားခွင့်တွေကိုယူပြီး စင်္ကာပူမှာရှိတဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုဦးစီးရင်း စာသင်နေကြသူ တွေ ဖြစ်ပါတယ်။ စင်္ကာပူမှာ အကောင်းဆုံးနေအိမ်၊ အကောင်းဆုံးကားတွေနဲ့ စည်းစိမ်ရှိရှိ နေထိုင်ကြတဲ့အပြင် အပတ်စဉ် သောကြာနေ့တိုင်း နိုင်ငံတော်ပိုင် MAI လေကြောင်းလိုင်းက လေယာဉ်တွေနဲ့ ပြည်တော်ပြန်လေ့ရှိပါတယ်။ တခါတရံ သူတို့ ညီအမတွေ ဈေးဝယ်နေတာကို စောင့်ပေးနေရတဲ့အတွက် လေယာဉ်ထွက်ခွာချိန်တွေ နောက်ကျလေ့ရှိကြောင်း သိရှိရပါတယ်။ ဒီညီအမ (၂)ဦးဟာ သူဌေးလေး ဦးတေဇနဲ့ စီးပွားရေးအရ ပုဂ္ဂိုလ်ရေးအရ နီးကပ်စွာဆက်ဆံရတဲ့အတွက် ဝေဘန်ပြောဆိုသံ တွေ အမျိုးမျိုးပေါ်ထွက်ခဲ့တာ တွေ့ရပါတယ်။
သာလွန်မင်းတြားကြီးဝင်စားတာလို့ ကိုယ့်ကိုယ်ကို ယုံကြည်နေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ မြန်မာ့သမိုင်း မှာ သူ့မင်းဆက်ကိုတည်ထောင်နိုင်ဖို့ စိတ်ကူးယဉ်နေသူဖြစ်ပါတယ်။ သူ့ကိုယ်သူ စတုတ္တမြောက် မြန်မာနိုင်ငံတော်ရဲ့ အရှင် သွင်အဖြစ် သမိုင်းမော်ကွန်းတင် ကျန်ရစ်ခဲ့ရအောင် စီစဉ်လုပ်ဆောင်နေပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့ရှေ့က ထင် ပေါ်ကျော်ကြား ဩဇာကြီးမားတဲ့ တပ်မတော်ခေါင်းဆောင်တွေရဲ့သမိုင်းကို မှေးမိန် ပျောက်ကွယ်သွားအောင် စနစ်တကျ အကွက်ချ လုပ်ဆောင်နေတာ တွေ့ရပါတယ်။ သူ့ရဲ့ ဆရာရင်းဖြစ်ခဲ့တဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း ရဲ့ ဩဇာအာဏာ အရှိန်အဝါအားလုံးကို တပ်မတော်အတွင်းမှာ မြူတမှုံတောင်မကျန်ရအောင် ဖယ်ရှားရှင်းလင်းပစ်ခဲ့သလို၊ တပ်မတော်ရဲ့ဖခင် ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့အရှိန်အဝါကိုလည်း တပ်မတော်ထဲမှာသာမက ပြည်သူလူထုအတွင်းမှာပါ လုံးဝ ပျောက် ကွယ်သွားအောင် ကြိုးပမ်းလုပ်ဆောင်နေပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၁၉၉၂ ခုနှစ် (၄၅)ကြိမ်မြောက် အာဇာနည်နေ့ကစပြီး အစိုးရအဆက်ဆက်က (၄၄)နှစ် ကြာ ကျင်းပပြုလုပ်လာခဲ့တဲ့ အာဇာနည်နေ့အခန်းအနား အစဉ်အလာတွေကို စနစ်တကျ ဖျက်ဆီးခဲ့ပါတယ်။ ဒီနှစ် ဇူလိုင် (၁၉)ရက်နေ့ (၆၁)နှစ်မြောက် အာဇာနည်နေ့အခန်းအနားဟာ အဆိုးဝါးဆုံးဖြစ်တာကို တွေ့မြင်နိုင်ပါတယ်။ ဒီနှစ်မှာ အာဇာ နည်နေ့အခန်းအနားကို နိုင်ငံတော်အဆင့်အနေနဲ့တောင် မကျင်းပတော့ပဲ ရန်ကုန်မြို့တော်ဝန်လောက်က ဦးဆောင်ကျင်းပတဲ့ အဆင့်အထိ မှေးမိန်လျှော့ချပစ်ခဲ့တာ တွေ့နိုင်ပါတယ်။ ဗိုလ်သန်းရွှေသာ မသေမချင်း ဆက်ပြီးအာဏာရနေဦးမယ်ဆိုရင် နောက်ပိုင်းမှာ အာဇာနည်နေ့ဆိုတာကိုတောင် မြန်မာ့သမိုင်းက လုံးဝ ဖျောက်ဖျက်ပစ်နိုင်ပါတယ်။

မှတ်ချက်များ
Post a Comment