နောက်ဆုံးရ
အိုးဘိုထောင်က နိုင်ကျဉ်းအမျိုးသမီးအချို့ ထောင်ပြောင်းခံရ

အိုးဘိုထောင်က နိုင်ကျဉ်းအမျိုးသမီးအချို့ ထောင်ပြောင်းခံရ

ဆိုင်းမင်း/People's Spring

မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေကို ဒီလဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ထောင်ပြောင်းလိုက်တယ်လို့ ထောင်ပြောင်းခံလိုက်ရတဲ့သူတွေရဲ့ မိသားစုဝင်တွေထံကသိရပါတယ်။


ထောင်ပြောင်းခံရသူအမျိုးသမီးတွေဟာ ဖေဖော်ဝါရီလဆန်းပိုင်းက အကျဉ်းသူအချင်းချင်း စကားများမှုမှာ ထောင်အာဏာပိုင်တွေ ရဲ့ ရိုက်နှက် ညှင်းပမ်းမှုကို ခံခဲ့ရသူအများစုပါဝင်တယ်လို့သိရပါတယ်။


ထောင်ပြောင်းတာကို ပြီးခဲ့တဲ့ စနေနေ့ က လုပ်ခဲ့တာဖြစ်ပြီး သာယာဝတီ ၊တောင်ငူ၊မကွေး နဲ့ မြင်းခြံထောင်တွေကို ပြောင်းခံတာပါ။


ဒီလိုထောင်ပြောင်းခံရသူ အမျိုးသမီးအရေအတွက်ကို ကိန်းဂဏန်းအတိအကျမသိရပါဘူး ။


" ထောင်ပြောင်းရမယ်ဆိုတာ ကြိုမသိတဲ့အတွက် သူ့အတွက် ဘာမှမစီစဉ်ပေးလိုက်နိုင်ဘူး" လို့  နိုင်ငံရေး အကျဉ်းသူ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။


ဒီလ ဖေဖော်ဝါရီ ၃ရက် ၃ နာရီဝန်းကျင်က အိုးဘိုထောင် အိပ်ဆောင် အမှတ် (၁ )အမျိုးသမီး နိုင်ငံရေးအကျဉ်းသူအချို့ အချင်းများတာကို အမျိုးသမီး ထောင်အရာရှိနဲ့ ဝန်ထမ်းတွေဟာ ပြေလည်အောင်မဖြေရှင်းပေးဘဲ အကျဉ်းထောင်အမျိုးသားဝန်ထမ်းတွေက ဝင်ရောက်ရိုက်နှက်ခဲ့တာပါ။


အဲဒီဖြစ်စဉ်မှာ နိုင်ကျဉ်းအမျိုးသမီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရပြီး ၂၁ ဦး ဒဏ်ရာပြင်းထန်တယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားပါတယ်။




ဖေဖေါ်ဝါရီ ၃ရက်နဲ့ ၄ရက်က ဖြစ်စဉ်မှာ ထောင်ဆူတယ်ဆိုပြီး အကျဉ်းသူအချို့ကို တစ်လတိုက်ပိတ်ထားရာကနေ ဖေဖေါ်ဝါရီ ၂၅ရက်မှာ ထောင်ပြောင်းရွေ့လိုက်တာလို့ သိရပါတယ်။ 


ထောင်ပြောင်းရွေ့ခံရမယ့် သတင်းကို မိသားစုများထံပြောခွင့်မရတဲ့အတွက် အဆက်အသွယ်ပြတ်တောက်သူများလည်းရှိနေပါတယ်။ 


စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်ဟာ နိုင်ငံရေးအကျဉ်းသူတွေအပေါ် ထောင်ဝင်စာပို့ခွင့်နဲ့ တရားရုံးသက်သေထွက်ဆိုခွင့်ပါ ကန့်သတ်ထားတာဖြစ်ပါတယ်။




ဆက်ဖတ်ရန် →
PDF နှင့် PDO တပ်ဖွဲ့ဝင်များကို နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(IHL)သင်တန်းများ ပို့ချပေး

PDF နှင့် PDO တပ်ဖွဲ့ဝင်များကို နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(IHL)သင်တန်းများ ပို့ချပေး

ယန်ဒီး/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ််ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(PDO)အဖွဲ့ဝင်များကို နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(International Humanitarian Law) သင်တန်းများပို့ချပေးနေကြောင်း သိရသည်။


NUG ကာကွယ်ရေးဝန်ကြီးဌာနသည် Principles of Humanity အဖွဲ့၏ ပူးပါင်းပံ့ပိုးကူညီမှုဖြင့် ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာမှစ၍ နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(IHL) သင်တန်းများကို စီစဉ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။


ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်စီးဆင်းမှုအောက်တွင်ရှိနေကြသော တိုက်ပွဲဝင်ရဲဘော်၊ ရဲမေ များအနေနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နိုင်ငံတကာစည်းကမ်းသတ်မှတ်ချက်များနှင့် စံချိန် စံညွှန်း များအတိုင်း တသွေမတိမ်း လိုက်နာကျင့်သုံးကြစေရန်အတွက် အထက်ပါသင်တန််းများကို စီစဥ်ပြုလုပ်ပေးခြင််းဖြစ်သည်ဟု ဆိုသည်။


အထက်ပါသင်တန်းများကို ၁၅ ကြိမ်ခန့် ပို့ချပေးပြီးဖြစ်ကာ သင်တန်းသား ၁၀၀၀ နီးပါးကို လက်နက်ကိုင်င်ပဋိပက္ခဆိုင်ရာ ဥပဒေသများ၊ MoD ၏ Code of Conduct များ၊ နိုင်ငံတကာ လူသားချင်းဆိုင်ရာ ဥပဒေများနှင့် အရပ်သားများကိို ကာကွယ်ပေးရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ပို့ချခဲ့ကြောင်း NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။  


“PDF တွေ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဒါတွေအကုန်လုံးက security sector reform ပေါ့။ လက်ရှိ ရှိနေတဲ့ မြန််မာ စစ်တပ်က အကြမ်းဖက်စစ်အုပ်စုအဖြစ် ပြောင်းသွားပြီ ဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့က တချိန်ကျရင် ဖြစ်လာမယ့်  Federal Army ဆိုတာကိုလည်း ရည်မှန်းထားတယ်။ ရည်မှန်းထားပြီး ဒါ အမြုတေအဖြစ်နဲ့ PDF တွေနဲ့ ဆောင်ရွက်နေတာဖြစ်တယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲဲ့တွေနဲ့ ဆောင်ရွက်နေတာဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့က ကျင့်ဝတ်ပြည့်ဝတဲ့ စည်းကမ်းပြည့်ဝတဲ့ ကျင့်ဝတ်လိုက်နာတဲ့ တပ်ဖွဲ့တွေအဖြစ် တစ်ဦးချင်းတစ်ယောက်ချင်းစီ အနေနဲ့လည်း ကျင့်ဝတ်ကို လေးစားလိုက်နာတဲ့ သူတွေဖြစ်အောင် ကျွန်တော်တို့ ပျိုးထောင်ပြီး အနာဂတ် Federal Army ကို မျှော်မှန်းပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်


သင်တန်းများတွင် အဓိကအားဖြင့် စစ်ရေးခေါင်းဆောင်ပိုင်းများကို အဓိက ဦးစားပေးပြီး အဆိုပါ ခေါင်းဆောင်များမှတဆင့် ၎င်းတို့၏ တပ်သားတွေကို ပြန်လည်မျှဝေကြောင်း သိရသည်။ အဆိုပါသင်တန်းများအပြင် သင်တန်းပို့ချချက်များ ပါဝင်သော လက်ကမ်းစာစောင်များ ထုတ်ဝေကာ သက်ဆိုင်ရာ စစ်ရေးနယ်မြေများ အားလုံးသို့ ဖြန့်ချိသွားရန် စီစဥ်ထားကြောင်း ဦးနေဘုန်းလတ်က ရှင်းပြသည်။


"ကောင်းပါတယ်။ ဒါတွေပိုသိနားလည်တော့ ကျွန်တော်တို့ရဲဘော်တွေရဲ့တော်လှန်ရေးအတွေးအမြင်တွေ ခိုင်မာတာပေါ့။ ပြီးတော့ ကိစ္စတွေမှာစဥ်းစားဆုံးဖြတ်ရာမှာလည်း အကောင်းဆုံး ဆုံးဖြတ်နိုင်ဖို့အတွက် Knowledge ရတာပေါ့။"ဟု အရာတော်ပကဖအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။


Principles of Humanity သည် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေအကြောင်း စိတ်ပါဝင်စားလေ့လာလိုသူအားလုံးကို အသိပညာပေးရန် ရည်ရွယ််ထားသော အခမဲ့ အွန်လိုင်းသင်တန််းဖြစ််ပြီး စစ်ပွဲ၊ ပဋိပက္ခများအတွင်း ကလေးသူငယ်ကာကွယ်ပေးရေး၊ မြေမြှုပ်မိုင်းမသုံးစွဲရေး၊ ကျန််းမာရေးစောင့်ရှောက်ရေး၊ လိင်အကြမ်းဖက်မှုတားမြစ်ရေး စသည့် ကဏ္ဍများကို သင်ကြားပို့ချကြောင်း သိသည်။


NUG ကာကွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေသင်တန်းများကို  မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများအတွက် ၂၀၂၃ အတွင်းတွင်သော် လည်းကောင်း၊ ၂၀၂၃ အလွန်တွင်သော်လည်းကောင်း ဆက်လက်ပြုလုပ်သွားမည်ဟု ထုတ်ပြန်ထားသည်။




ဆက်ဖတ်ရန် →
 ဒီမိုကရေစီ ယဉ်ကျေးမှုကို သင်ကြားခြင်းပိတ်ပင်ရန်အကြမ်းဖက် မင်းအောင်လှိုင် ခိုင်းစေ

ဒီမိုကရေစီ ယဉ်ကျေးမှုကို သင်ကြားခြင်းပိတ်ပင်ရန်အကြမ်းဖက် မင်းအောင်လှိုင် ခိုင်းစေ

နိုင်ငံတကာ အဆင့်မီ ပုဂ္ဂလိက ကျောင်းများတွင် အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုကို သင်ကြားခြင်းပိတ်ပင်ရန်၊ ဥပဒေ ထုတ်ပြန်၍ တားမြစ် အရေး ယူရန် အကြမ်းဖက် မင်းအောင်လှိုင် ခိုင်းစေ 

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ခေတ်သစ်

ရန်ကုန်အပါအဝင် မြို့ကြီးများတွင် ဖွင့်လှစ်လျက်ရှိသော ပုဂ္ဂလိကိုယ်ပိုင် ကျောင်း များတွင် အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုများကို သင်ကြား ခြင်းမပြုရန် နှင့် ဥပဒေထုတ်ပြန်၍ တားမြစ်ဟန့်တား အရေးယူရန် အကြမ်း ဖက် မင်းအောင်လှိုင်က ခိုင်းစေလိုက်ကြောင်း သိရှိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ စစ်ကောင်စီ အစည်းအဝေးတွင် အကြမ်း ဖက် မင်းအောင် လှိုင်က ထိုသို့ ပြောဆို ခိုင်းစေညွှန်ကြားခြင်းဖြစ်ပြီး တိုင်းနှင့် ပြည် နယ် များရှိ ပညာရေး ဌာနများသို့ မင်းအောင်လှိုင်၏ ခိုင်းစေချက်ကို ဖြန့် ဝေ ထားကြောင်း သိရှိရသည်။ အကြမ်းဖက် မင်းအောင်လှိုင်၏ ခိုင်းစေချက်တွင် ပုဂ္ဂလိက ပညာရေးဥပဒေကို ရေးဆွဲထုတ်ပြန် ပြီးပါက အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုကို ထည့်သွင်း သင်ကြားမှုများနှင့် အခြား မလိုလားအပ်သော သင်ကြားမှုများကို ထိရောက် သော ဥပဒေပုဒ်မများဖြင့် ထိရောက်စွာ ဟန့်တား အရေးယူဆောင် ရွက်ရ မည် ဖြစ်ကြောင်း သိရှိရသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများတွင် အနောက် တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုကို ထည့်သွင်းသင်ကြားနေမှုများကို Focal အဖြစ် တာဝန်ယူ၍ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းနှင့်ပတ်သက်သည့် စည်းမျဉ်း၊ စည်း ကမ်း များနှင့်ဥပဒေများ ရေးဆွဲ ထုတ်ပြန် အရေးယူရန် မင်းအောင်လှိုင်က ခိုင်း စေလာခြင်းဖြစ်ကြောင်း သိရှိရသည်။ "အင်္ဂလိပ်လို သင်တဲ့ ပုဂ္ဂလိက နိုင်ငံတကာကျောင်းတွေကို ပညာရေး ဝန်ကြီး ဌာနရဲ့ သင်ရိုးညွှန်းတမ်းတွေ မဖြစ်မနေ သင်ရမယ် လို့ ဖိအားပေးလာ တာ ရှိတယ်။ နောက်ပြီး Halloween party လို သရဲပါတီလို ဟာမျိုးတွေ မလုပ် ရဘူး။ ကလေးတွေကို မသင်ရဘူးဆိုပြီး အမိန့်ပေး လာတာ တွေရှိတယ်။ နိုင်ငံတကာ ပညာရေး ဗြိတိန် GCE တို့ အမေရိကန် GED တို့လို ဟာ မျိုးတွေ ကို ပြည်တွင်းကနေ သင်ကြား ဖြေဆိုတာ တွေ ပိတ်မယ့် သဘောမျိုး တွေ မြင်ရတယ်။ အဓိက ပညာရေး ဝန်ကြီး ဌာနရဲ့ သင်ရိုးညွှန်း တမ်းကို သင်ရမယ် ဆိုတာမျိုးတွေ လုပ်လာတယ်" ဟု ရန်ကုန် အခြေ စိုက် နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိက ကိုယ်ပိုင် ကျောင်းတစ်ခုမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီက နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကကျောင်းများကို ချ ထားပေးသည့် လိုင်စင်နှင့်ခွင့်ပြုချက်များကို ပြန်လည် စိစစ်ပြီး သက်တမ်း တိုး မှု ရပ်ဆိုင်းခြင်း၊ လိုင်စင်များ ပယ်ဖျက်ခြင်းများ ပြုလုပ်နိုင်ဖွယ် ရှိသည်ဟု ပုဂ္ဂလိက ပညာရေးအသိုင်းအဝိုင်းက မှတ်ချက်ပြုသည်။ အကြမ်းဖက် မင်းအောင်လှိုင်က သူ၏ မြေးမများကိုမူ ပုဂ္ဂလိက EMPS ကျောင်းကို ငွေကြေးထုတ်ထူထောင် တက်ရောက်စေပြီး ယင်းကျောင်းတွင် ပညာရေး ဝန် ကြီးဌာန၏ သင်ရိုးညွှန်းတမ်းကို အင်္ဂလန်သင်ရိုးတမ်းနှင့် နိုင်ငံတကာ သင်ရိုး ညွှန်းတမ်းကို ပေါင်းစပ်သင်ကြားခြင်းဖြစ်ကြောင်း၊ ပန်းချီအနုပညာ၊ ဂီတ၊ ကာယ၊ အက၊ စာကြည့်တိုက်၊ အားကစားများ ပေါင်းစပ်သင်ကြား ခြင်းဖြစ် သည်ဟုသိရှိရသည်။ "သူ့မြေးတွေကျတော့ နိုင်ငံတကာအဆင့်မီ ကျောင်းထားပြီး အခြားပုဂ္ဂလိက ကျောင်းတွေကိုတော့ ပိတ်ပင်မယ့် သဘောမျိုးလားမသိဘူး။ စောင့်ကြည့်ရမှာပဲ။ ပြည်တွင်းမှာ ပုဂ္ဂလိကကျောင်းတွေ ပိတ်လာရင်တော့ ဒီကလေးတွေ စင်ကာ ပူနဲ့ ထိုင်းဘက်ကို ကျောင်းသွားထားတာတွေ ခေတ်စားလာမယ် ထင်တယ်။ အခုတောင် တတ်နိုင်တဲ့သူတွေက စင်ကာပူမှာ ကျောင်းသွားထားကြတယ်။ လူ လတ်တန်းစားတွေက ထိုင်းလောက်မှာ ကလေးတွေကို ကျောင်းထားနေ ကြ ပြီ" ဟု ရန်ကုန်ကျောင်းသားမိဘတစ်ဦးက သုံးသပ်သည်။

ဆက်ဖတ်ရန် →
ရန်ကုန်မြို့တွင် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပထမဦးဆုံး ကျဆုံးခဲ့ သည့် နွေဦးတော်လှန်ရေး သူရဲကောင်း ၄ ဦး ၏ရုပ်ပုံပါ အင်္ကျီများဝတ်ဆင်ကာ လွမ်း ဆွတ်ခြင်း အထိမ်းအမှတ် လှုပ်ရှား

ရန်ကုန်မြို့တွင် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပထမဦးဆုံး ကျဆုံးခဲ့ သည့် နွေဦးတော်လှန်ရေး သူရဲကောင်း ၄ ဦး ၏ရုပ်ပုံပါ အင်္ကျီများဝတ်ဆင်ကာ လွမ်း ဆွတ်ခြင်း အထိမ်းအမှတ် လှုပ်ရှား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရန်ကုန်မြို့တွင် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပထမဦးဆုံး ကျဆုံးခဲ့ သည့် နွေဦးတော်လှန်ရေး သူရဲကောင်း ၄ ဦး ၏ရုပ်ပုံပါ အင်္ကျီများကို Yangon Revolution Force - YRF မှ ရဲဘော်များက ဝတ်ဆင်ကာ လွမ်းဆွတ်ခြင်း အထိမ်း အမှတ်အဖြစ် လှုပ်ရှားမှု ပြုလုပ်ကြသည်။ နွေဦးတော်လှန်ရေးအတွင်း ရန်ကုန်မြို့တွင် ပထမဦးဆုံး ကျဆုံးသွားခဲ့သည့် ပြည်သူ ၄ ဦးကို အောက်မေ့ ဂုဏ်ပြုသည့်အနေဖြင့် ၄င်းတို့၏ ရုပ်ပုံ ရိုက်နှိပ် ထား သည့် အင်္ကျီကိုဝတ်ဆင်ကာ သူတို့ကျဆုံးခဲ့သည့်နေရာများအပါအဝင် ရန်ကုန်မြို့ရှိ နေရာအချို့တွင် လွမ်းဆွတ်ခြင်း လှုပ်ရှားမှုကို Yangon Revolution Force - YRF ၏ Soft Strike Community မှ ရဲဘော်များက ဝတ်ဆင် ပြုလုပ်ကြသည်။ စစ်ကောင်စီတပ်သားများ၏ လူမဆန်စွာ ရက်ရက်စက်စက် ဖြိုခွင်းပစ်ခတ် မှုကြောင့် မောင်ဇင်လင်းထက် (အသက် ၂၀ နှစ်)၊ ကျောင်းဆရာမ ဒေါ်တင်နွဲ့ရီ (အသက် ၅၉ နှစ်)၊ကိုဟိန်းထွဋ်အောင် (အသက် ၂၃ နှစ်)နှင့် ကိုညီညီအောင် ထက်နိုင် (၂၃ နှစ်) တို့သည် ရန်ကုန်မြို့တွင် ကျဆုံးခဲ့ရသည်။ ၂၀၂၁ ခုနှစ်၏ ယခုလိုအချိန်မျိုးတွင် ပြည်သူများက သတ္တိအပြည့်၊ အားမာန် အပြည့်၊ နာကျည်းချက်အပြည့်၊ ခံယူချက်အပြည့်ဖြင့် အကြမ်းဖက် စစ်ကောင် စီကို အနိုင် တိုက်ထုတ် ရမည်ဆိုသည့် ခံယူချက်တွေ ခိုင်မာခဲ့ကြောင်း၊ သူရဲ ကောင်း ၄ ဦးအပါအဝင် အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ချက်ဖြင့် ကျဆုံး ခဲ့ကြရသည့် ပြည်သူများ၊ တော်လှန်ရေးသူရဲကောင်းများ အတွက် ရရာနည်း လမ်းဖြင့် ဆက်လက် တော်လှန်ကြရန်၊ တော်လှန်ရေးကို အားဖြည့်ကြရန် ပြည်သူအားလုံးကို YRF က တိုက်တွန်းထားသည်။ Khit Thit Media, [2023-02-27 9:38 PM]
ဆက်ဖတ်ရန် →
Nestle  မြန်မာနိုင်ငံက လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်

Nestle မြန်မာနိုင်ငံက လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်

People's Spring

ဆွစ်ဇာလန်အခြေစိုက်စားသောက်ကုန် လုပ်ငန်းကြီး Nestle ရဲ့ မြန်မာနိုင်ငံက လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တော့မယ်လို့ ကုမ္ပဏီဘက်က ဒီနေ့မှာ ထုတ်ပြောလိုက်တယ်လို့ AFP သတင်းဌာနကဖော်ပြပါတယ်။စစ်တပ်အာဏာသိမ်းမှု အပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအသီးသီးထွက်ခွာချိန်မှာ Nestle လည်းထွက်ခွာတော့မှာပါ။မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေးအခြေအနေအရ ရန်ကုန်မှာရှိတဲ့ စက်ရုံနဲ့ ရုံးချုပ် လည်ပတ်မှုကို ရပ်တန့်လိုက်တော့မယ်လို့ Nestle ရဲ့ပြောရေးဆိုခွင့်ရှိသူက AFP ကိုပြောပါတယ်။ မြန်မာနိုင်ငံကနေ ထွက်ခွာမယ့် အချိန်ကာလသတ်မှတ်ချက်ကိုတော့ Nestle ဘက်က ထုတ်မပြောသေးပါဘူး။Nestle ဟာ မြန်မာနိုင်ငံမှာ အသင့်သောက် ကော်ဖီ ၊ မက်ဂီ ( Maggi) ခေါက်ဆွဲ ၊ မိုင်လို ချောကလက်ဖျော်ရည် တွေကို ဖြန့်ဖြူးရောင်းချနေတာပါ။မြန်မာနိုင်ငံက လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ထိခိုက်နစ်နာသူတွေအတွက် အကောင်းဆုံး ပံ့ပိုးသွားမယ်လို့ Nestle ပြောရေးဆိုခွင့်ရှိသူဆိုပါတယ်။ 



 

ဆက်ဖတ်ရန် →
ဦးဝင်းထိန် သို့မဟုတ် မင်းအောင်လှိုင် ရင်ဘတ်ထဲက ဆူးတစ်ချောင်း

ဦးဝင်းထိန် သို့မဟုတ် မင်းအောင်လှိုင် ရင်ဘတ်ထဲက ဆူးတစ်ချောင်း



လုထားသည့် ပလ္လင်ကို လောင်မြိုက်စေသူဟု မင်းအောင်လှိုင် ရည်ညွှန်းသည့် အသက် ၈၀ ကျော် NLD နာယက ဦးဝင်းထိန်သည် ဇရာနှင့် ဝေဒနာကို အန်တုလျက် အကျဉ်းစံဘဝကို ဖြတ်သန်းနေသည်။
 ဉာဏ်လှိုင်လင်း Published on Feb 27, 2023 Myanmar now
 ကော်လာကတုံး အဖြူရောင်လက်တို၊ ကချင်ပုဆိုးဝတ်ဆင်ထားပြီး အရပ်ပုပြတ်ပြတ်၊ ဝဝဖိုင့်ဖိုင့် ပုံပန်းသဏ္ဌာန်ရှိသည့် အသက် ၈၀ ကျော် အဘိုးကြီးတစ်ဦး သတ္တုဖြင့် လုပ်ထားသည့် ငှက်ခေါင်းပုံ ကွပ်ထားသော သစ်သားတုတ်ကောက်ကို အားပြုလျက် တရွေ့ရွေ့ လျှောက်နေသည်။ ခါးရိုးကို ထိန်းကွပ်နိုင်သည့် ခါးပတ် အမြဲတစေ ပတ်ထားရကာ ရောဂါပေါင်းစုံရှိသည့် ထိုသူမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နာယက ဦးဝင်းထိန်။ အချိန်ကား ၂၀၂၁ နိုဝင်ဘာ ၉ ရက် နံနက်ပိုင်း။ သာမန်အခြေအနေဆိုလျှင် တစ်ဦးဦးက တွန်းပေးသည့် ဝှီးချဲပေါ်တွင် ပါးစုန့်ကြီးများ မို့အစ် ဖောင်းကားနေသည့် ဦးဝင်းထိန်ကို ထိုင်လျှက် တွေ့ရမည်။ ၅ မိနစ်၊ ၁၀ မိနစ်ထက်ပို၍ အကူအညီမပါဘဲ လမ်းလျှောက်နိုင်သည့် ကျန်းမာရေးအခြေအနေ သူ့တွင် မရှိတော့။ လမ်းကြာကြာလျှောက်လျှင် အမောဖောက်တတ်သည်။ ယခုမူ မြန်မာပြည် ဗြိတိသျှအောက်မှ လွတ်မြောက်ပြီးနောက် ပေါ်ထွက်လာသည့် တတိယမြောက်စစ်အာဏာရှင် မင်းအောင်လှိုင်က လွန်ခဲ့သည့် နှစ်နှစ်ကတည်းက သူ့ကို ဖမ်းကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ထောင်ဒဏ် နှစ် ၂၀ ချထားသဖြင့် အကျဉ်းထောင်ထဲ ရောက်နေရသည်။ ယခုလည်း နေပြည်တော်အချုပ်ထောင်မှ မိုင် ၁၆၀ ကျော်ဝေးသည့် မန္တလေးတောင်ခြေရှိ အိုးဘိုထောင်သို့ ပြောင်းရွှေ့ရန် သွားရပြန်ပြီ။ ထို့ကြောင့်ပင် တစ်ဦးတည်းနေထိုင်ရသည့် အလျား ၈ ပေ၊ အနံ ၁၂ ပေသာရှိသော အကျဉ်းခန်းလေးအတွင်းမှ သူ ထွက်လာရသည်။ အခက်အခဲကြုံတိုင်း ဒုက္ခပါပဲ သုခရာဟု ရေရွတ်၊ ဟာသလုပ်လေ့ရှိသည့် ဦးဝင်းထိန်က ကြုံနေရသည့် အခြေအနေကို လျစ်လျူပြုလျှက် ပြုံးပြုံးပျော်ပျော်။ အကျဉ်းဦးစီးဝန်ထမ်းများ ခြံရံ၊ တုတ်ကောက်ကို အားပြုလိုက်ပါသွားရင်း သူ့ထုံးစံအတိုင်း အာလုပ်သံကျယ်ကြီးပြု၍ တဟားဟား ရယ်သည်။ “ဘာရမလဲ သာဝရာ။ ဒီလောက်တော့ အပျော့ပါကွာ” ဟု ဦးဝင်းထိန်က အရွှန်းဖောက် အော်ဟစ်သွားသည်။ ထိုအကြောင်းကို  ဦးဝင်းထိန် အိုးဘိုထောင်မပြောင်းမီနေပြည်တော်အချုပ်ထောင် အမှတ် ၂ တိုက်၊ ၅ ခန်းတွဲ၌ အခန်းကပ်လျက် ၈ လနီးပါး နေထိုင်ခဲ့ရသူ NLD မန္တလေးတိုင်း မဲဆန္ဒနယ် အမှတ် ၉ အမျိုးသားလွှတ်တော်အမတ် ဦးမောင်မောင်ဆွေက လွန်ခဲ့သော တစ်နှစ်ကျော်က သူမြင်ခဲ့၊ ကြားခဲ့ရသည်များကို ပြန်ပြောပြခြင်းဖြစ်သည်။ နေပြည်တော်အချုပ်ထောင်ဘူးဝ ဘယ်ဘက်ခြမ်းရှိ အစွန်ဆုံးတိုက်ခန်းတွဲတွင် ဦးဝင်းထိန်က အခန်း ၅၊ ဦးမောင်မောင်ဆွေက အခန်း ၄ တွင် နေထိုင်ခဲ့ကြသည်။ ဦးမောင်မောင်ဆွေသည်လည်း ဆူပူစေရန် လှုံ့ဆော်မှုဖြင့် စွပ်စွဲခံရပြီး ထောင်နှစ်နှစ်ချခံရခဲ့သည်။ ၂၀၂၂ နိုဝင်ဘာတွင် သူပြန်လွတ်လာပြီး ယခုအခါ လွတ်မြောက်နယ်မြေသို့ ရောက်နေပြီ။ “သူက အသက်ကြီးပေမဲ့ ရှေ့ဆောင်ပဲ။ ကျွန်တော်တို့တွေ စိတ်ဓာတ်ကျမှာစိုးလို့ သူက ထောင်ကျနေတယ်ဆိုတာကို စိတ်ထဲ လုံးဝမထည့်ဘဲနဲ့ ပျော်ပျော်ပါးပါးပဲ။ သီချင်းတွေ ညည်းရင် ညည်းမယ်။ အဲဒီလို ပုံစံမျိုးပဲ နေတယ်”။ ဦးဝင်းထိန်၏ လက်ရှိအသက်အရွယ်နှင့် ရောဂါဘယများအရ ပုံမှန်သောက်ရမည့် ဆေးဝါး၊ အောက်ဆီဂျင်နှင့် စားစရာများ ပုံမှန်ရရှိနိုင်ရန် အလွန်အရေးကြီးနေပြီ။ သို့သော် အိုးဘိုထောင်ရောက်ပြီးနောက် ဦးဝင်းထိန်၏ ကျန်းမာရေး မည်သို့ အခြေအနေရှိနေသည်ကို သဲသဲကွဲကွဲ မသိရတော့။ စစ်ကောင်စီ အာဏာသိမ်းကတည်းက ကိုဗစ်အကြောင်းပြ၍ ထောင်ဝင်စာတွေ့ခွင့်ပိတ်ထားရာ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးသို့ ရောက်နေသူများ၏သတင်း အမှောင်ကျနေဆဲ။ သို့သော် ဦးဝင်းထိန်က သူ့ပုံစံအတိုင်း စိတ်ရော၊ ကိုယ်ပါ မာမာချာချာ ဆက်ရှိနေလိမ့်မည်ဟု ဦးမောင်မောင်ဆွေက မျှော်လင့်ထားသည်။ “နှိပ်ကွပ်တဲ့သူတွေက မြင်စေချင်တာက စိတ်ဓာတ်တွေကျပြီးတော့ ညှဉ်းသိုးသိုးပုံစံ။ ဒါကြောင့် သူတို့ မြင်ချင်တဲ့ ပုံစံမမြင်ရအောင် အတတ်နိုင်ဆုံး ကိုယ့်ဟာကိုယ် ဂရုတစိုက်နေတတ်တယ်”။ အမှန်တော့ ဦးဝင်းထိန်တွင် သိုင်းရွိုက် ဟော်မုန်းအားနည်း၊ ဆီးကျိတ်ကြီး ရောဂါများရှိသည်။ ဦးနှောက်သို့ အောက်ဆီဂျင်အရောက်နည်းပြီး မကြာခဏ မေ့လဲတတ်၍ အောက်ဆီဂျင်အိုးနှင့် ပိုက် အသင့်ဆောင်ထားရသည်။ ညအိပ်လျှင် အောက်ဆီဂျင်ပိုက်တပ်၍ အိပ်ရသည်။ သို့သော် ဦးဝင်းထိန်မှာ သွေးတိုး၊ ဆီးချို မတက်အောင် အနေအစားထိန်း၍ နေနိုင်သည်အထိ အသက်အရွယ်နှင့်မမျှ သတိကောင်းနေဆဲ။ အခန်းကျဉ်းလေးအတွင်း အခင်းကြီး၊ အခင်းငယ် ကိစ္စများကို လက်သုံးတော် တုတ်ကောက်ဖြင့် တစ်ကိုယ်တော်ဖြေရှင်းနိုင်နေဆဲ။ ဖမ်းဆီးခံရပြီး တစ်နှစ်အတွင်း ကိုယ်အလေးချိန် ပေါင် ၁၇၀ ကျော်ရှိရာမှ ၁၀ ပေါင်ကျော် ကျသွားသည်။ စစ်ထောက်လှမ်းရေးက ပေးလိုက်သည့် အောက်ဆီဂျင်ပိုက်မှာ ကွဲနေသဖြင့် နေပြည်တော်အချုပ်ထောင်အတွင်း ရရာဖြင့် သင့်သလို ဖာထေးထားခဲ့ရသည်။ ယခု အိုးဘိုထောင်ရောက် ဦးဝင်းထိန်၏ အသက်ရှူပိုက်နှင့် နေရေး၊ စားရေး၊ ကျန်းမာရေး အဆင်ပြေမပြေကို ဦးမောင်မောင်ဆွေ တွေးပူနေသည်။  ယုံကြည်ချက်ကို မဖောက်ပြန်ခဲ့သည့် ဦးဝင်းထိန်၏ ပေးဆပ်ရမှုမှာ ယခုတစ်ကြိမ် ထောင်ဒဏ်နှင့်ဆိုလျှင် သူ့အသက်အရွယ်၏ ထက်ဝက်ခန့်ဖြစ်သော နှစ် ၄၀ နီးပါး ရှိလာပြီဖြစ်သည်။ 



သားနှစ်ဦး၊ သမီးနှစ်ဦးရှိသည့် ဦးဝင်းထိန်အတွက် ဒီမိုကရေစီရေးလှုပ်ရှားမှုကြောင့် ထောင်ကျသဖြင့် မိသားစုနှင့် ကွေကွင်းရသည်မှာ အထူးအဆန်းမဟုတ်တော့။ အငယ်ဆုံးသမီး မချစ်စုဝင်းထိန်ဆိုလျှင် ၂၀၁၀ မှ ၂၀၂၁၊ ၁၀ နှစ်တာသာ ဖခင်ဖြစ်သူကို အကျဉ်းထောင်ပြင်ပတွင် အချိန်အကြာဆုံး တွေ့ဆုံခွင့်ရခဲ့သည်။ အသက်ကြီးမှ ထပ်တိုးရသည့် အာဏာရှင်ကြောင့် ဖခင်ဖြစ်သူ ရင်ဆိုင်ရဦးမည့် အကျဉ်းစံနေ့ရက်များအတွက် ဝမ်းနည်းဒေါသထွက်ရကြောင်း အသက် ၃၅ နှစ်ကျော်ပြီဖြစ်သည့် မချစ်စုဝင်းထိန်က ၂၀၂၁ တွင် Myanmar Now ကို ပြောထားသည်။ အာဏာရှင်သုံးဆက်စလုံးကို ထိပ်တိုက်ရင်ဆိုင်သူ စစ်တက္ကသိုလ်သမိုင်းတွင် ပထမဆုံးထူးချွန်ဆု နှစ်ဆုရသူအဖြစ် ၁၉၆၃ ခုနှစ်တွင် မှတ်တမ်းဝင်ခဲ့သည့် ဦးဝင်းထိန်မှာ မြန်မာပြည်၏ စစ်အာဏာရှင် သုံးဆက်စလုံးနှင့် ကြုံဖူးဆုံဖူး၊ ရင်ဆိုင်ခဲ့ဖူးသူ ဖြစ်သည်။ ဗိုလ်သင်တန်းဆင်းပွဲတွင် ဦးဝင်းထိန်က အောင်စစ်သည်နှင့် စာပေဆုနှစ်ဆု တစ်ပြိုင်နက် ဆွတ်ခူးချိန်တွင် ၁၉၅၆ တွင် မွေးသည့် လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အသက် ၇ နှစ်သားသာ ရှိသေးသည်။ ဦးဝင်းထိန်က စစ်တက္ကသိုလ် အပတ်စဉ် ၅၊ မင်းအောင်လှိုင်က ၁၉။ အထက်အောက် မဖြစ်မနေ ရိုကျိုးရသည့် စစ်တပ်ဓလေ့ဖြင့် ချိန်ထိုးကြည့်လျှင် ဦးဝင်းထိန်သာ စစ်အာဏာရှင်အစဉ်အဆက်ကို မဆန့်ကျင်လျှင် မင်းအောင်လှိုင်က မော်ကြည့်ရန်ပင် ခက်မည်။ သို့သော် ဦးဝင်းထိန်ကား မင်းအောင်လှိုင်၏ ဆရာ့ဆရာ မူလပထမ အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်းနေဝင်းကိုပင် ထိပ်တိုက်တိုးခဲ့သူ။ ၁၉၇၆ ခုနှစ်တွင် ဖြစ်သည်။ အာဏာသိမ်းပြီးနောက် တစ်ပါတီစနစ်ဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဟု အမည်တပ်ကာ တိုင်းပြည်ကို အုပ်စိုးနေသည့် ဦးနေဝင်းကို လုပ်ကြံရန် ကြံစည်မှုတွင် ပါသည်ဆိုကာ စစ်ကြောရေးသို့ ခြောက်လ ရောက်ခဲ့ရသည်။ ပြစ်မှုမထင်ရှားသဖြင့် ပြန်လွတ်သော်လည်း ဗိုလ်ကြီးရာထူးရုပ်သိမ်းခံရကာ ဦးဝင်းထိန် တပ်မှ ထွက်ရသည်။ ထိုအကြောင်းကို ၂၀၁၆ တွင် ထုတ်ဝေသည့် “ကျွန်တော်ရေးချင်တဲ့အကြောင်း၊ ကျွန်တော်ပြောချင်တဲ့အကြောင်း၊ ဗိုလ်ကြီးအုန်းကျော်မြင့်၊ နိုင်ငံတော်လုပ်ကြံမှု” ကိုယ်တိုင်ရေးစာအုပ်ဖြင့် ဦးဝင်းထိန်က မှတ်တမ်းတင်ထားပြီးဖြစ်သည်။ ထို့နောက် ပုဂ္ဂလိကလုပ်ငန်းများကို ရှင်သန်ခွင့်မပေးသည့် ဦးနေဝင်း၏ မဆလအစိုးရလက်ထက်တွင် စီးပွားရေးသမားအဖြစ် ဦးဝင်းထိန်က ကြံဖန်ရပ်တည်နိုင်ခဲ့သည်။ သကြား၊ အရက်ထုတ်သည့် ဥရောပကုမ္ပဏီများ မြန်မာတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် လျှို့ဝှက်ကူညီနိုင်ခဲ့သည်အထိ စီးပွားရေးလာဘ်မြင်ခဲ့သည်ဟု ၂၀၁၇ တွင် စာရေးသူနှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောဖူးသည်။ အသေးစိတ်တော့ မသိရ။ ဒီမိုကရေစီရေးအတွက် တစ်နိုင်ငံလုံး စတင်လှုပ်ရှားသည့် ၁၉၈၈ အရေးအခင်းကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သို့ ဦးဝင်းထိန်ရောက်ရှိလာပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိစ္စများကို စီစဉ်ကြီးကြပ်သူဖြစ်လာသည်။ ထို့နောက် ဒုတိယမြောက်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၁၉၈၈ မှ ၂၀၀၉ အထိ နိုင်ငံရေးပုဒ်မများဖြင့် ဦးဝင်းထိန်ကို နှစ်ကြိမ် ထောင်ချခဲ့ရာ အနည်းဆုံး နှစ် ၂၀ ခန့် မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်များအတွင်း လှည့်လည်နေထိုင်ခဲ့ရသည်။ ဦးသန်းရွှေ တပ်ချုပ်ရာထူး အမွေပေးခဲ့သည့် မင်းအောင်လှိုင်က NLD ထပ်နိုင်သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းပြီးနောက် ဦးဝင်းထိန်မှာ ထောင်နံရံများအကြား တတိယမ္မိ ရောက်ရပြန်သည်။ ဒုက္ခကို ရယ်ပွဲဖွဲ့၍ ရင်ဆိုင်သူ ထိုသို့အခြေအနေများကြုံရသော်လည်း ဦးဝင်းထိန်က လွတ်လပ်ပွင့်လင်းစွာနေထိုင် ပြောဆိုတတ်သည့် သူ့စရိုက်ကို တစ်ပြားသားမျှ မလျှော့ခဲ့။ ဦးနေဝင်းလက်ထက် ဗိုလ်ကြီးအုန်းကျော်မြင့်အမှု စစ်ဆေးသည့် တရားခွင်တစ်ခုအတွင်း ရယ်ရယ်မောမော၊ စနောက်ခဲ့၍ သီးခြားအရေးယူခံရမည့် အခြေအနေနှင့် တိုးခဲ့ဖူးသည်။ ဗိုလ်ကြီးအုန်းကျော်မြင့်ကို ဥပစ္ဆေဒကံ (တစ်ပါးသူကြောင့် သေသည့်ကံ) ပါမပါ လက္ခဏာကြည့်ပေးမည်ဟု ဦးဝင်းထိန်က လှမ်းပြော၍ တရားခံအား ဂုဏ်ပြုသည်ဟု ထောက်လှမ်းရေးအဖွဲ့က အထက်အရာရှိထံ အစီရင်ခံခဲ့ခြင်းဖြစ်သည်။ သို့သော် ကံကောင်းစွာဖြင့် အရေးယူမခံခဲ့ရဟု “ဗိုလ်ကြီးအုန်းကျော်မြင့်နှင့် နိုင်ငံတော်လုပ်ကြံမှု” စာအုပ်တွင် ဦးဝင်းထိန်က ရေးထားသည်။ “တရားခွင်တစ်ခုပြီးတဲ့အချိန်မှာ အုန်းကျော်မြင့်ရှေ့ကနေ ဖြတ်သွားတော့ ဟေ့ကောင် ပြစမ်း မင်းလက္ခဏာဆိုပြီး နောက်ပြောင်တဲ့သဘောနဲ့ ကြည့်ဖို့လုပ်တာ။ ထောက်လှမ်းရေးက တရားခံနဲ့ အဲဒီလို ရင်းရင်းနှီးနှီးမနေရဘူးဆိုပြီး အော်လို့ မကြည့်ဖြစ်လိုက်ပါဘူး” ဟု နေပြည်တော်တွင် စာရေးသူနှင့် ၂၀၁၇ ခုနှစ်က တွေ့ဆုံစဉ် ဦးဝင်းထိန်က ပြောဖူးသည်။ ထိုဖြစ်စဉ်အပြီး နှစ် ၅၀ နီးပါးအကြာ မင်းအောင်လှိုင်စွပ်စွဲသည့် အမှုများကို နေပြည်တော်အချုပ်ထောင်တွင်း တရားခွင်များတွင်လည်း ဦးဝင်းထိန်က သူ့ပုံစံအတိုင်းသာ ဆက်လက် ရပ်တည်ပြောဆိုသည်။ ရုံးချိန်းတစ်ခုတွင် ချက်ချင်းအမိန့်ချပေးရန် ပြောခဲ့သလို တရားသူကြီးနှင့် ဥပဒေအရာရှိများကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် မပါကြဘူးလားဟု ဦးဝင်းထိန်က မေးခဲ့သည်ဟု ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။ “တရားသူကြီးတွေရာ၊ ဥပဒေအရာရှိတွေရာ ခေါင်းငုံ့နေတာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးက ၂၀၂၁ အောက်တိုဘာတွင် ပြောပြဖူးသည်။ အခြားတရားခွင်တစ်ခုတွင်လည်း ဦးဝင်းထိန်က စစ်ကောင်စီအတွက် အမှုစစ်နေသည့် တရားသူကြီးကို ၎င်းလုပ်ဆောင်နေသည့် ကိစ္စများအပေါ် စဉ်းစား ဆင်ခြင်နိုင်ရန် ဥပမာတစ်ခု သုံး၍ လှမ်းပြောဖူးသည်။ “မင်းတို့ ပဲခူးရေကြီးတာ တွေ့ဖူးမှာပေါ့။ ရေကြီးတော့ ခွေးတွေ အိမ်ခေါင်ပေါ် တက်နေကြတယ်။ နေ့ချင်းညချင်း ရေကျသွားတော့ လူက လူနေရာ၊ ခွေးက ခွေးနေရာ ရောက်သွားတာပါပဲ” ဟူ၏။ နိုင်ငံရေးလောကဓံကြုံရသူ ၂၀၂၁ တွင် တိုင်းပြည်သို့ စစ်အာဏာရှင်စနစ် တတိယအကြိမ် တစ်ပတ်မလည်လာမီ ဦးဝင်းထိန်မှာ ပါတီတွင်း အရာကျနေသည့် အခြေအနေသို့ ဆိုက်နေသော်လည်း ယုံကြည်ချက် ခိုင်မြဲစွာဖြင့် NLD နှင့်အတူ ဆက်လက်ရပ်တည်ခဲ့သည်။ ၂၀၁၈ တွင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ်မှ ဦးဝင်းထိန် ဖယ်ရှားခံရကာ ပါတီတွင်း နေ့စဉ်လုပ်ငန်းများနှင့် ပတ်သက်ရန် အဓိကတာဝန်မရှိသည့် နာယကအဖြစ် သတ်မှတ်ခံလိုက်ရသည်။ ထိုမတိုင်မီတွင် သူ့ကို ဒေါ်အောင်ဆန်းစုကြည်နံဘေး အမြဲလိုလို တွေ့ရလေ့ရှိသည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ကိုယ်စားပြု၍ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဖြစ်ခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး NLD အနိုင်ရပြီးနောက် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ အစိုးရတာဝန်လွှဲပြောင်းယူရာတွင်လည်း ဦးဝင်းထိန်က ဦးဆောင်ခဲ့သည်။ ပြည်ထောင်စုနှင့် တိုင်း၊ ပြည်နယ် အစိုးရအဖွဲ့ ရွေးချယ်ခန့်အပ်မှုများ၊ လွှတ်တော်အမတ်တို့၏ မေးခွန်း၊ အဆို စိစစ်မှုများနှင့် ပတ်သက်၍ ပါတီတွင်း မကျေလည်မှုများ ပေါ်လာပြီးနောက်တွင် NLD ပါတီတွင်း ဦးဝင်းထိန်၏ တန်ခိုးထွားမှုများ တစ်ခန်းရပ်ခဲ့ရသည်။ ၂၀၁၇ ဩဂုတ်လတွင် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်လူငယ်များနှင့် တွေ့ဆုံနေသည့် ဦးဝင်းထိန်။ ဓာတ်ပုံ-NLD သို့သော် NLD ထပ်နိုင်သည့် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲအပြီး စစ်တပ်က အာဏာသိမ်းမည့် အရိပ်အယောင်များ ပြနေသည့်တိုင် ဦးဝင်းထိန်က နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ပါတီ ယာယီဌာနချုပ် (ရုံးခွဲ) နံဘေးကပ်လျက် အိမ်တွင် နေထိုင်လျက် ကြုံလာမည့် ဘေးကို ပြေးတွေ့သည်။ မင်းအောင်လှိုင် အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်၊ နံနက်အစောပိုင်း ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေ၍ တစ်နိုင်ငံလုံး သို့လော၊ သို့လောဖြစ်နေချိန်တွင် နိုင်ငံရေးဝါ သမ္ဘာရင့်နေပြီဖြစ်သည့် ဦးဝင်းထိန်က လက်ဖက်ရည်ဆိုင်ထိုင်မပျက် တည်တည်ငြိမ်ငြိမ်ရှိခဲ့သည်။ NLD ယာယီဌာနချုပ် (ရုံးခွဲ) ရှေ့တွင် စောင့်နေသည့် သတင်းထောက်များကို လက်ဖက်ရည်ဆိုင်မှ ပြန်လာသည့် ဦးဝင်းထိန်က “ကျုပ်ကို (အဖမ်းမခံရသေးဘဲ) အခုလို တွေ့တာ အင်မတန် ကံကောင်းတယ် အောက်မေ့” ဟုပင် နှုတ်ခွန်းဆက်သည်။ “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မထူးဇာတ်ခင်းသွားပြီ။ သနားလည်း သနားပါတယ်။ သူက အာဏာနဲ့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာဆန္ဒတွေကို ဦးစားပေးပြီးလုပ်တာပါ။ နိုင်ငံအတွက် မပါဘူးဆိုတာ သေချာတယ်။ ... ဒီပုဂ္ဂိုလ်တွေ အာဏာသိမ်းတာ တိုင်းပြည်အတွက်လား သူတို့ကိုယ်ကျိုးစီးပွားအတွက်လား အဲဒါတွေက ဆန်းစစ်ဖို့လိုပြီ” ဟု ဦးဝင်းထိန်က ဆက်ပြောသည်။ မိသားစုလိုက် ကျိကျိတက်ချမ်းသာနေပြီးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လောဘကို သိပြီးဖြစ်သည့် တပ်မတော်သားများအနေဖြင့် အာဏာသိမ်းသည့် လုပ်ရပ်အပေါ် ပိုင်းခြားသုံးသပ်ကြပါရန်၊ ပြည်သူပြည်သားအားလုံး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကြပါရန် ၎င်းက တိုက်တွန်းသည်။ ထို့အတူ “တပ်မတော်သားခေါင်းဆောင်တွေဟာ သူ့လိုလူမျိုးကို ဆက်ထောက်ခံနေမယ်ဆိုရင် ဒီတပ်မတော်ဟာ ပြည်သူလူထုက အစကတည်းက မထောက်ခံတဲ့ တပ်မတော်၊ အခုက ပြည်သူလူထုရွံရှာမုန်းတီးတဲ့ တပ်မတော်ဖြစ်မယ်” ဟု ဦးဝင်းထိန်က ပြောခဲ့သည်။ လက်တွေ့တွင်လည်း ဦးဝင်းထိန်၏ ဟောကိန်းအတိုင်း အမှန်တကယ်ဖြစ်လာသဖြင့် အာဏာသိမ်းပြီး နှစ်နှစ်ကြာချိန်အထိ စစ်ကောင်စီ အကျပ်တွေ့ရသည်။ စစ်အရာရှိများအပါအဝင် အစိုးရဝန်ထမ်းတို့က အလုပ်မှ နုတ်ထွက်သည့်နည်း၊ ပြည်သူတို့က မီတာခကဲ့သို့ အခွန်မဆောင်သည့် နည်းဖြင့် CDM လုပ်ကြရာ စစ်ကောင်စီ လွန်စွာအထိနာနေသည်။ CDM လှုပ်ရှားမှုများကို ခြိမ်းခြောက်၊ တရားစွဲ၊ ဖမ်းဆီး၊ ထောင်ချ နည်းမျိုးစုံသုံး၍ နှိပ်ကွပ်နေသော်လည်း ယနေ့ထက်တိုင် မဖြေရှင်းနိုင်သည်ကို အာဏာဖီဆန်သည့်ဝန်ထမ်းများကြောင့် ဝန်ထမ်း ၅၀ ရာခိုင်နှုန်းသာ ရှိတော့သည့် ကျန်းမာရေးကဏ္ဍကို ကြည့်လျှင် သိနိုင်သည်။ စစ်ခေါင်းဆောင်ကိုယ်တိုင် ထိုအချက်ကို မကျေနိုင်မချမ်းနိုင် မကြာခဏ ထုတ်ပြောတတ်သည်။ ထို့ပြင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံမှုများမှာ နှစ်နှစ်အတွင်း ယုတ်လျော့သွားခြင်း မရှိ။ ကဏ္ဍစုံတွင် စစ်ကောင်စီကို အခက်တွေ့အောင် လုပ်ထားနိုင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ တပ်ဖွဲ့များ နိုင်ငံတစ်နံတစ်လျား ဖြန့်ကြက်ထားလာနိုင်သည်။ ၂၀၂၂ စက်တင်ဘာလဆန်းတွင် NUG သမ္မတ၏ Myanmar Now ကို ပြောဆိုချက်အရ PDF တပ်ရင်း ၃၀၀ ကျော်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ၂၅၀ ကျော် ဖွဲ့ပြီးဖြစ်သည်ဟု သိရသည်။ ဒေသအလိုက် ကိုယ်ထူကိုယ်ထဖွဲ့ထားသည့် တော်လှန်ရေးအဖွဲ့များလည်း တစ်နိုင်ငံလုံး မှိုလိုပေါက်အောင် ပေါ်လာရာ အဖွဲ့မည်မျှရှိသည်ကိုပင် အတည်မပြုနိုင်သည့် အခြေသို့ပင် ဆိုက်နေသည်။ ထိုသို့ ခုခံသူများနေပြီး စစ်မျက်နှာတိုးလာချိန်၊ အာဏာဖီဆန်၍ တပ်ကို စွန့်ခွာသူများလာချိန်တွင် ၇၈ နှစ် စဉ်ဆက်မပြတ်ထူထောင်လာသည့် စစ်တပ်သည် မင်းအောင်လှိုင်လက်ထက်တွင် မည်မျှလုံးပါးပါးနေသည်ကို နေ့စားခပေး၍ပင် လူသစ် စုဆောင်းနေရသည့် အခြေအနေများ၊ ထောက်ခံသူတို့ကို လက်နက်တပ်ဆင်ပေးသည့် အဖြစ်အပျက်များက အထင်အရှားပြသနေသည်။ မင်းအောင်လှိုင်ကို တငွေ့ငွေ့လောင်မြိုက်စေသူ ထို့ပြင် အာဏာသိမ်းသည့် နေ့တွင်းချင်း ဦးဝင်းထိန် ထုတ်ပြန်သည့် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ ပန်ကြားချက်” ဟူသော စာတစ်စောင်က ယနေ့တိုင် မင်းအောင်လှိုင်အတွက် ရင်ဘတ်ထဲ စိုက်နေသည့် ဆူးတစ်ချောင်းဖြစ်နေဆဲ။ လက်နက်ဖြင့် ရယူထားသည့် အာဏာသက် နှစ်နှစ်ပြည့်ချိန်အထိ သူ့ပလ္လင်ပူနေရသည့် ကိစ္စများမှာ အာဏာသိမ်းပြီး သုံးရက်၊ ၂၀၂၁ ဖေဖော်ဝါရီ ၄ ရက်ကတည်းက သူဖမ်းထားသည့် ဦးဝင်းထိန်ကြောင့်ဟု မင်းအောင်လှိုင်က ထုတ်ပြောနေတုန်းဖြစ်သည်။ မင်းအောင်လှိုင်က အပြစ်ပုံချသည့် အကြောင်းရင်းခံမှာ ပြည်သူသို့ ပန်ကြားချက်စာဖြစ်သည်။ စာ ၅ ပိုဒ်၊ စာလုံးရေ တစ်ထောင်ကျော်သာပါသည့် ထိုစာအကြောင်းကို နေပြည်တော်တွင် ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတစ်ခု၌ စစ်ခေါင်းဆောင်က ထပ်ပြောသည်။ ထိုစာတွင် ပြည်သူက မဲပေးရွေးချယ်ထားသည့် အစိုးရနှင့် လွှတ်တော်များကို ဖျက်သိမ်း၍ တိုင်းပြည်ကို စစ်အာဏာရှင်စနစ်သို့ ပြန်သွတ်သွင်းမည့် စစ်တပ်၏ လုပ်ရပ်ကို ပြည်သူထူထုက တစ်ခဲနက် ဆန့်ကျင်တုံ့ပြန်ကြရန်ဟူ၍ ပါဝင်သည်။ ကွန်ပျူတာဖြင့် စာစီ ဖြန့်ချိပြီး ဒေါ်အောင်ဆန်းစုကြည်၏ လက်မှတ်မပါဝင်သော ထိုစာ၏ အောက်ဆုံးတွင် “အထက်ပါ ပြည်သူသို့ ပန်ကြားချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အာဘော်အစစ်ဖြစ်ကြောင်း ကျွန်ုပ်အသက်နှင့် ရင်း၍ သစ္စာဆိုတိုင်တည်ဝံ့ပါသည်။ ဝင်းထိန်” ဟု ဘောပင်ဖြင့် ရေးသားထားသည်။ ထိုစာကြောင့် နှစ်နှစ်ကြာသည့်တိုင် သူ့တွင် ရန်သူပတ်လည်ဝိုင်းနေကာ တိုင်းပြည်ရှိ မြို့နယ်ထက်ဝက်နီးပါးကို မအုပ်ချုပ်နိုင်၊ ကတိခံထားသည့် ရွေးကောက်ပွဲ ပြန်၍ ကျင်းပပေးရန် မဖြစ်နိုင်၊ ထို့ကြောင့် သူ အာဏာဆက်ယူရပါလိမ့်ဦးမည်ဟု မင်းအောင်လှိုင်က ဆိုလိုက်ကာ စစ်ကောင်စီသက်တမ်းကို ဇူလိုင်အထိ သက်တမ်းခြောက်လ ထပ်တိုးယူလိုက်သည်။ သို့သော် နိုင်ငံတော်အကြီးအကဲများကို ဖမ်းဆီးကာ တရားဝင် အာဏာရယူသယောင် ဖန်တီးလိုသည့် မင်းအောင်လှိုင်၏ ဇာတ်ညွှန်းမှာ ဦးဝင်းထိန်၏ အချိန်ကိုက်တုံ့ပြန်မှုကြောင့် အခက်တွေ့ခဲ့သည်မှာလည်း ထင်ရှားသည်။ ဦးဝင်းထိန်ကိုယ်တိုင်က လက်ရှိတော်လှန်ရေးတွင် သူ့အသက်အရွယ်အရ၊ စောစောစီးစီး အဖမ်းခံခဲ့ရ၍ ပြည်သူနှင့်အတူ မပါဝင်နိုင်ခဲ့သော်လည်း ပန်ကြားချက်ထုတ်ပြန်နိုင်ခဲ့သည့် သူ့လုပ်ရပ်အပေါ် ကျေနပ်နေသည်။ “သူနိုင်တဲ့ အလုပ်၊ ပြည်သူသို့ ပန်ကြားချက်ဆိုတဲ့စာကို အများပြည်သူကို သိအောင် ပြန်ကြားပေးနိုင်ခဲ့တဲ့အတွက် အင်မတန်ဂုဏ်ယူတယ်၊ တာဝန်ကျေသလို ခံစားရတယ်လို့ အမြဲတမ်းပြောတယ်” ဟု ဦးမောင်မောင်ဆွေက ဆိုသည်။ နှစ်နှစ်တာပတ်လုံး မင်းအောင်လှိုင်က ရန်ဘက်သာ တိုးနေချိန်တွင် ဦးဝင်းထိန်က တရားထိုင်၊ သီချင်းဆို၊ စာဖတ် သင့်သလိုနည်း သုံး၍ နောက်ဆုံးပေါ် အကျဉ်းစံနေ့ရက်များကို ဇရာနှင့် ဝေဒနာကို အန်တုလျက် အားတင်းဖြတ်သန်းနေသည်။ လူငယ်များ၏ စစ်အာဏာရှင်ကို တော်လှန်သည့်ခရီးလမ်းတွင် အပြုသဘောဖြင့်သာ အကြံပေး၍ အပျက်သဘောမလုပ်မိကြစေရန် သတိထားသင့်ကြောင်း သူနှင့် တွေ့စဉ် ဦးဝင်းထိန်က သတိပေးသည်ဟု ဦးမောင်မောင်ဆွေက ပြောသည်။ “ဒီကလေးတွေကို အားပေးပါ။ ခွန်အားဖြစ်စေမယ့် အကူအညီတွေပေးပါ။ ပြစ်တင်ဝေဖန်တာတွေ စောကြောတာတွေ သိပ်မလုပ်ပါနဲ့။ အဲဒီစကားတွေ အဘ (ဦးဝင်းထိန်) မှာပါတယ်”။ နေပြည်တော်အချုပ်ထောင်အတွင်း ဦးဝင်းထိန် မကြာခဏ ညည်းလေ့ရှိသည့် သီချင်းတစ်ပုဒ် ရှိသည်။ ၁၉၅၀ ဝန်းကျင်ကာလများအတွင်း အာဂျင်တီးနားသမ္မတထက် ပို၍နာမည်ကျော်၊ လူချစ်လူခင်များသည့် ဇနီး Eva Duarte Pero’n အတွက် စပ်ဆိုထားသည့် Don't Cry For me Argentina သီချင်း။ Financial Times က ၂၀၁၅ ခုနှစ်တွင် ရေးသားသည့် ဒေါ်အောင်ဆန်းစုကြည်၏ လက်ထောက် ဦးဝင်းထိန်အမည်ရ ဆောင်းပါးတစ်ပုဒ်တွင် ထိုသီချင်းနှင့် ချိတ်ဆက်၍ သူ၏ ခံယူချက်ကို ဦးဝင်းထိန်က ရှင်းပြဖူးသည်။ “ငါ့ဘဝမှာ လုပ်ချင်တဲ့အရာမှန်သမျှ လုပ်ခဲ့ပြီးပြီ။ ဘာအပြစ်မှ မလုပ်ခဲ့ဘူး။ ဘာမှ မရှိသလောက်ပဲ။ ဒါကို သူ့ဘေးတွင် ရှိသူများ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်သိသည်၊ Don't Cry For me Argentina ဆိုတဲ့ သီချင်းကြားဖူးတယ်မို့လား” ဟု FT ဆောင်းပါးရှင်ကို ဦးဝင်းထိန်က ပြောခဲ့သည်။ အထက်ပါသီချင်း၏ သံပြိုင်ပိုဒ်ကို နေပြည်တော်အချုပ်ထောင်တွင် ရှိစဉ်က ဦးဝင်းထိန် မကြာခဏ ဆိုလေ့ရှိသည်။ “ငါ့အတွက် မငိုလိုက်နဲ့ အမှန်တော့ ငါမင်းတို့ကို ဘယ်တော့မှ ကျောခိုင်းမသွားဘူး ခက်ခဲကြမ်းတမ်းတဲ့ ငါ့ရဲ့ နေ့ရက်တွေ စိတ်နောက်သွားလောက်အောင် ရှုပ်ထွေးလှတဲ့ ငါ့ဘဝတစ်လျှောက်လုံး ငါပေးထားတဲ့ ကတိတွေအတိုင်း ငါနေထိုင် ဖြတ်သန်းခဲ့တယ် မင်းတို့လည်း ငါနဲ့ ဝေးမသွားပါနဲ့”။ 


ဆက်ဖတ်ရန် →
အပြန်အလှန် ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတဦး သေဆုံးခဲ့ကာ အမျိုးသမီးတဦး ဒဏ်ရာ

အပြန်အလှန် ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတဦး သေဆုံးခဲ့ကာ အမျိုးသမီးတဦး ဒဏ်ရာ

စမ်းချောင်းမှာ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး အပြန်အလှန်ဓားထိုးမှုဖြစ်ပွား၊ အမျိုးသားဖြစ်သူ သေဆုံး
ဖေဖော်ဝါရီ ၂၇ - ၂၀၂၃
SN (VOM)

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းထဲက တိုက်ခန်းတခန်းမှာ မနေ့ ဖေဖော်ဝါရီ (၂၆) ရက်၊ ည (၁၁) နာရီခန့်က အပြန်အလှန် ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတဦး သေဆုံးခဲ့ကာ အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

စမ်းချောင်းလမ်းအတွင်းရှိ ဘီယာဆိုင်ရှေ့က နေအိမ်တိုက်ခန်း (၆) လွှာမှာ အော်ဟစ်သံတွေ ကြားရတယ်လို့ သတင်းအရ လုံခြုံရေးအဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းဝင်တွေ သွားရောက်စစ်ဆေးခဲ့ရာမှာ ဒီဖြစ်စဉ်ကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ရောက်သွားတဲ့အချိန် ဓားထိုးမှုဖြစ်တဲ့ တိုက်ခန်းက အတွင်းကနေ ပိတ်ထားလို့ တံခါးဖျက်ပြီး ဝင်ခဲ့ရပါတယ်။ အဲ့ဒီ့မှာ အမျိုးသားတယောက်က ဝမ်းဗိုက်၊ ရင်ညွန့်နဲ့လည်ပင်းမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးနေပါပြီ။ အမျိုးသမီးကတော့ ဓားဒဏ်ရာ အနည်းငယ်ရှိခဲ့တာကြောင့် လိုအပ်တဲ့ကုသမှုတွေ ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ အမျိုးသားက ဓာတ်ပုံဆရာ၊ အမျိုးသမီးတော့ မော်ဒယ်လ်လို့တော့ ပြောကြတယ်။ သေချာတော့မသိဘူး“လို့ ဒီဖြစ်စဉ်မှာ သွားရောက်ကူညီခဲ့သူတဦးက ပြောပါတယ်။

ဖြစ်စဥ်မှ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားနဲ့ ဒဏ်ရာရရှိသူ အမျိုးသမီးတို့ကို စမ်းချောင်း အရန်မီးသတ်စခန်းက လူနာတင်ကား (၂) စီးနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဓားထိုးမှုဖြစ်စဉ် အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်း‌နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Photo-စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ ဒဏ်ရာရလူနာအားဆေးရုံပို့ဆောင်စဉ်
#voiceofmyanmar #VOM #ရန်ကုန် #အပြန်အလှန်ဓားထိုးမှု






ဆက်ဖတ်ရန် →
 စစ်ကောင်စီတပ် စခန်းမှ စတင်ကာမီးလောင်ပြီး တောမီးလောင်မှု

စစ်ကောင်စီတပ် စခန်းမှ စတင်ကာမီးလောင်ပြီး တောမီးလောင်မှု

လေးကေ့ကော် ဗျူးပွိုင့်တွင် စခန်းချထားသည့် စစ်ကောင်စီတပ် စခန်းမှ စတင်ကာမီးလောင်ပြီး တောမီးလောင်မှု ဖြစ်ပေါ်ခဲ့

Author လင်းခိုင်

Published on Feb 25, 2023

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့နယ်ရှိ ဗျူးပွိုင့်တွင် အထိုင်စခန်းချထားသည့် စစ်ကောင်စီတပ် စခန်းမှ စတင်ကာ မီးလောင်ပြီး နောက် တောမီးလောင်မှုဖြစ်ပေါ်ခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းမှ စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီ ညပိုင်းတွင် လေးကေ့ကော်မြို့နယ်တွင် မိုင်းများ ပေါက်ကွဲပြီးနောက် လေးကေ့ကော်ဗျူးပွိုင် စစ်ကောင်စီတပ်စခန်းမှ မီးလောင်ကာ ၊ လေးကေ့ကော် ခြောက်ရပ်ကွက် နှင့် ပတ်ဝန်းကျင်ရှိ တောတောင်အများအပြား မီးကူးစက်ခဲ့ခြင်း ဖြစ်သည်။

“ညပိုင်းကြီး ဒီကောင်တွေ မိုင်းရှင်းတာနေမယ်။ သူတို့စခန်းကနေ စပြီးတော့ လောင်တာ၊ အဲ့ကောင်တွေစခန်းအကုန်ပြာကျသွားတယ်။ ပြီးတော့ ခြောက်သွေ့နေတော့ မီးက အကုန်ကူးပြီးတော့ ကျွန်တော်တို့ စခန်းနှစ်ခုလည်းမီးထဲပါသွားတယ်။ ” ဟု ကော်ဘရာ သတင်းရင်းမြစ်တစ်ဦးက CJ Platform သို့ပြောကြားသည်။

ထိုကဲ့သို့ တောမီးလောင်ကျွမ်းမှုကြောင့် လေးကေ့ကော်ခြောက်ရပ်ကွက်အတွင်းရှိ နေအိမ်အများအပြား မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု လေးကေ့ကော်ဒေသခံ၊ စစ်ဘေးရှောင်တစ်ဦးက CJ Platform သို့ပြောကြားသည်။

“ကျွန်မတို့ကြားတာတော့ ရှို့မီးလို့ကြားတယ်။ ကျွန်မအိမ်လဲပြာပုံပဲရှိတော့တယ်။ ကိုမင်းကိုနိုင်ရဲ့ ကုန်စုံဆိုင်လဲပါသွားတယ်။ ခြောက်ရပ်ကွက်က အခု လုံး ဝပြာပုံကြီးဖြစ်နေတယ်။ ပြီးတော့ လေးကေ့ကော်ရေကန်နားကကလေးကစားကွင်းလဲ အကုန်ပါသွားတယ်လို့ ကြားတယ်” ဟု စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။

၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာ ၁၅ ရက်တွင် စစ်ကောင်စီတပ်သားများသည် လေးကေ့ကော်မြို့အား ဝင်ရောက်ပြီး၊ ပြည်သူများကို ဖမ်းဆီးမှုများပြုလုပ်ပြီးနောက် ၊ KNLA တပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ဒေသခံများသည် စစ်ဘေးရှောင်အဖြစ် နေထိုင်ခဲ့ရသည်။

ထို့နောက် ၂၀၂၂ ခုနှစ် ဧပြီ ၁၀ ရက်နေ့တွင် လေးကေ့ကော်မြို့တွင် ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ လေးကေ့ကော် ခြောက်ရပ်ကွက်ကို စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်များဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ယခု ထပ်မံပြီး စစ်ကောင်စီ စခန်းမှ စတင်မီးလောင်မှုကြောင့် လေးကေ့ကော် ခြောက်ရပ်ကွက်ရှိနေအိမ်အားလုံးနီးပါး မီးလောင်မှုတွင် ပါဝင်ခဲ့သည်။




ဓာတ်ပုံ-CJ
#CjPlatform #
ကရင်ပြည်နယ် #လေးကေကော် #မီးလောင်

ဆက်ဖတ်ရန် →
ရှားတောမြို့စစ်ကောင်စီဗျူဟာကုန်း ရိက္ခာသယ်ယာဥ်တိုက်ခိုက်ခံရပြီး ၅ဦးသေ၊ အများအပြားဒဏ်ရာရ

ရှားတောမြို့စစ်ကောင်စီဗျူဟာကုန်း ရိက္ခာသယ်ယာဥ်တိုက်ခိုက်ခံရပြီး ၅ဦးသေ၊ အများအပြားဒဏ်ရာရ

မောင်မောင်၊ရဲခေါင်/People’s Spring


ကရင်နီ(ကယား)ပြည်နယ် ရှားတောမြို့ရှိ စစ်ကောင်စီ ဗျူဟာကုန်းသို့ ရိက္ခာပို့ဆောင်သည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့(KMIC)က ပြောသည်။


ယမန်နေ့ (ဖေဖော်ဝါရီ ၂၆ရက်) နံနက်အစောပိုင်းတွင် ရှားတောမြို့၏ အရှေ့ဖက်(၉)မိုင်ခန့်အကွာရှိ သံလွင်မြစ်ကမ်းခြေ တာတမောစခန်းမှ ရှားတောမြို့ဗျူဟာကုန်းသို့ လူထုပိုင်မော်တော်ယာဉ်ငယ်များဖြင့် သယ်ဆောင်နေစဉ် ရှားတောမြို့နှင့် စလောင်းကျေးရွာအကြား ချောင်းဆုံတနေရာအရောက်၌ ကရင်နီတပ်မတော်(KA) နှင့် KNDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။


အဆိုပါ တိုက်ခိုက်မှုမှာ ၁နာရီကြာမြင့်ခဲ့ပြီး ရိက္ခာယာဉ်တန်း၌ ပါလာသည့် စစ်ကောင်စီတပ်ဘက်မှ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။ စစ်ကောင်စီ၏ လမ်းကင်း လုံခြုံရေးက လက်နက်ကြီးဖြင့် ပစ်ကူပေး၍ ကရင်နီတပ်မတော် စစ်သည်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။


"တာတမောစခန်းက မြစ်ကမ်းဘေးမှာရှိတယ်။ရှမ်းပြည်ဘက်ကနေ မြစ်ကြောင်းအတိုင်း ရိက္ခာတွေသယ်ပြီး အဲဒီကနေတဆင့် ရှားတော ဗျူဟာကုန်းကို ကားနဲ့ ပြန်သယ်တာကို သတင်းရလို့ ကြားဖြတ်တိုက်တာ။ကားတစ်စီးက လုံးလုံးပျက်စီးတယ်။ကားပေါ်ပါတဲ့ စစ်သားငါးယောက်သေတယ်"ဟု ကရင်နီတပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။


စစ်ကောင်စီတပ်သည် လွိုင်ကော်မှရှားတောဒေသနယ်စပ်စခန်းများသို့ စစ်ရိက္ခာနှင့် လက်နက်ခဲယမ်း များပို့ဆောင်ရန် အခက်အခဲများကြုံနေရ၍ ရှမ်းပြည်ဖက်မှ သံလွင်မြစ်အတိုင်း စက်လှေငယ်များဖြင့် စုံဆင်းကာ  ရှားတောမြို့နယ်၊ တာတမောစခန်းတွင် စုပုံထားရှိပြီး ယခုကဲ့သို့ ရှားတော့သို့ ထပ်ဆင့်သယ် ဆောင်ခြင်းဖြစ်သည်ဟုဆိုသည်။


ရှားတောမြို့နယ်အတွင်းတွင် ဒေသကွပ်ကဲမှု စစ်ဌာနချူပ်လက်အောက်ခံ ခမရ(၄၂၈)နှင့် ရှမ်းပြည်ဘက်မှ ဆင်းလာသော ခမရ(၅၁၀)ကို ပူးပေါင်း၍ လှုပ်ရှားနေလျက်ပြီး ဖြစ်စဉ်အတွင်းတွင် ရိက္ခာယာဉ်တန်းပေါ်ပါ စစ်ကောင်စီတပ်ဖက်မှ (၅)ဦးသေဆုံးကြောင်း၊ အများအပြားဒဏ်ရာရရှိသွားကြောင်းနှင့် လမ်းကင်းလုံခြုံရေး ယူပေးသော စစ်ကောင်စီတပ်မှ (၈၁)မမ လက်နက်ကြီးကျည်များ ပစ်ကူမှုပြုသဖြင့် ကရင်နီတပ်မတော် စစ်သည်တစ်ဦး၏ ခြေသလုံးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ 


ဝေးလံခေါင်ဖျားသည့် ရှေ့တန်းတပ်စခန်းများသို့ ရိက္ခာပို့ဆောင်ရန်စီစဉ်နေသော စစ်ကောင်စီတပ်များကို ကရင်နီတပ်များက ယခုရက်ပိုင်းအတွင်း ဖြတ်တောက်တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်ခဲ့ရာ မကြာသေးမီကလည်း မယ်စဲ့ရှိ ရှေ့တန်းစခန်းသို့ ရိက္ခာပို့သော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၆ဦးသေဆုံးကာ အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦး အရှင်ဖမ်းဆီးခံခဲ့ရသည်။


မြေပြင်မှ ကြားဖြတ်တိုက်ခိုက်ခံရ၍ လေကြောင်းမှတဆင့် ရိက္ခာပို့ဆောင်ရာတွင်လည်း ဖေဖော်ဝါရီ ၂၄ရက်တွင် ကရင်နီတပ်၏မြေပြင်မှ ပစ်ခတ်မှုကြောင့် စစ်ကောင်စီရဟတ်ယာဉ် နောက်ကြောင်း ပြန်လှည့်သွားရသည်။


ခမရ(၅၁၀)တပ်ရင်းသည် ရှမ်းပြည်တောင်ပိုင်း ကျိုင်းခမ်းမြို့တွင် အခြေစိုက်သည့်တပ်ရင်းတစ်ခုဖြစ်ပြီး လိုအပ်မှုအရ အရှေ့ပိုင်းတိုင်းစစ်ဌါနချူပ်(ရပခ)၏ တိုက်ရိုက်ကွပ်ကဲမှုဖြင့် ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်အတွင်း ဒကစလက်အောက်ခံတပ်ရင်းနှင့် ပူးတွဲလှုပ်ရှားနေသည်။


စစ်ကောင်စီတပ်သည် ကရင်နီနယ်ရှိ နယ်စပ်စခန်းများသို့ ရိက္ခာပို့ဆောင်ရန် ရှမ်းအခြေစိုက် တပ်များကို အသုံးပြုနေရကြောင်း၊ စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားပါက ကရင်နီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်နေမည်ဖြစ်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ယမန်နေ့တွင် ပြောကြားထားသည်။


အလားတူ ဖေဖော်ဝါရီ ၂၄ ရက်ကလည်း ကရင်နီပြည်နယ် ရှားတောမြို့နယ် မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်နီတပ်မတော် (KA)က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည်။



ဆက်ဖတ်ရန် →
စစ်ကောင်စီကို အသိအမှတ်မပြုလို၍ ယာယီသံရုံးတာ၀န်ခံကိုသာ ဗြိတိန်ခန့်အပ်

စစ်ကောင်စီကို အသိအမှတ်မပြုလို၍ ယာယီသံရုံးတာ၀န်ခံကိုသာ ဗြိတိန်ခန့်အပ်


ယန််းဒီ/People’s Spring


ရန်ကုန််မြို့ရှိ ဗြိတိန်သံရုံး၏ ယာယီသံရုံးတာ၀န်ခံအဖြစ် မစ္စတာ Ken O’Flaherty ကို ခန့််အပ်ကြောင်း ယနေ့ ကြေညာသည်။


တရားမဝင််အာဏာသိမ််းစစ်ကောင််စီကို အသိအမှတ်မပြုဘဲ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချထားသည့် နိုင်ငံများထဲတွင် ပါဝင်သော ဗြိတိန်သည်် သံအမတ်အဆင့် ခန့်အပ်ခြင်းမပြုဘဲ ယာယီသံရုံး တာ၀န်ခံသာ ထားရှိခြင်းဖြစ်သည်။


ယာယီသံရုံးတာ၀န်ခံအသစ်က “မြန်မာနိုင်ငံမှာယူကေကို ကိုယ်စားပြုခွင့်ရခြင်းဟာ အခွင့်ထူးပါပဲ။ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအရေးတို့အတွက် မြန်မာနိုင်ငံက ပြည်သူတွေရဲ့ မှန်ကန်တဲ့ ဆန္ဒတွေကို ဆက်လက်ထောက်ခံအားပေးဖို့ မျှော်လင့်နေပါတယ်” ဟု ပြောသည်


စစ်ကောင်စီအနေဖြင့် ၎င်းတို့၏လုပ်ရပ်များအပေါ် တာဝန်ခံစေမှုနှင့် စစ်ကောင်စီအပေါ် ဖိအားများ တိုးမြင့်လာစေရန် ဗြိတိန်က တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်ခြင်း၊ မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားလိုက်နာခြင်းအားဖြင့် ဗြိတိန််၏ လုပ်ဖော်ကိုင်ဖက်များနှင့် လက်တွဲလုပ်ဆောင်ရန် ခိုင်မာစွာ ကတိပြုထားကြောင််း အထက်ပါ ယာယီသံရုံးတာ၀န်ခံက အသိပေးသည််။


မစ္စတာ Ken O’ Flaherty သည် သံတမန်တစ်ဦးဖြစ်ပြီး ယခင််က ပါရီ၊ တိုကျို၊ ရောမနှင့် ဘရပ်ဆဲလ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။



ဆက်ဖတ်ရန် →
ကရင်နီတွင် စစ်တပ်က နယ်မြေ မစိုးမိုးနိုင်တော့၍ ကားလမ်းမကြီးများကို မသုံးရဲ

ကရင်နီတွင် စစ်တပ်က နယ်မြေ မစိုးမိုးနိုင်တော့၍ ကားလမ်းမကြီးများကို မသုံးရဲ

ကရင်နီတွင် စစ်တပ်က နယ်မြေ မစိုးမိုးနိုင်တော့၍ ကားလမ်းမကြီးများကို မသုံးရဲသဖြင့် ရှမ်းပြည် ဘက်မှ ဝင်ရောက် ရိက္ခာပို့ရန် ကြိုးပမ်း၊ ရှားတောတွင် စစ် ရိက္ခာသယ် ယာဥ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ခေတိသစ်


ကရင်နီပြည်နယ်တွင် စစ်တပ်က နယ်မြေ မစိုးမိုးနိုင်တော့၍ ကားလမ်းမကြီးများကို မသုံးရဲသဖြင့် ရှမ်းပြည်ဘက်မှ ဝင်ရောက်ပြီး ကရင်နီပြည်နယ်အတွင်းရှိ စစ်စခန်းများကို  ရိက္ခာပို့ရန် ကြိုးပမ်း လျက်ရှိရာ ရှားတောမြို့နယ်တွင် စစ် ရိက္ခာသယ် ယာဥ်တန်း ကြားဖြတ် တိုက် ခိုက်ခံရပြီး စစ်သား ၅ ဦးသေဆုံးကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေး အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ 


ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ကယားပြည်နယ်၊ ရှားတောမြို့တွင် အိမ်စီးကားများဖြင့် ရိက္ခာ သယ်နေသည့် ယာဥ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးကြောင်း ၊

ယ မန် နေ့ နံနက် ၃ နာရီ ၄၅ မိနစ်တွင် ရှားတောမြို့၊ သံလွင်မြစ်ကမ်း​ခြေ တာတမောစခန်းမှ ရှားတောမြို့ ဗျူဟာကုန်းကို ပြည်သူပိုင် ကားများဖြင့် ရိက္ခာသယ်ဆောင်နေသည့် ယာဥ်တန်းကို ရှားတောမြို့နှင့် စလောင်းရွာ အကြား ချောင်းဆုံးတစ်နေရာတွင် ကရင်နီတပ်မတော် KA နှင့် KNDF တို့က ဖြတ်တောက် တိုက်ခိုက်ခဲ့ပြီး ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ 


"လွိုင်ကော်- ရှားတော လမ်းမကြီးရှိတယ်လေ။ သူတို့ မသုံးရဲဘူး။ နယ်မြေလည်း မစိုးမိုးနိုင်တော့ ရှမ်းပြည်ဘက်ကနေ ဖြတ်ဝင်ပြီး ရိက္ခာပို့ဖို့ ကြိုးစားနေတာ။ လွိုင်ကော်-ရှားတော ကားလမ်း မ ကြီး အတိုင်းလာလည်း ဖြတ်တိုက်ခံရမှာပဲ။ ရှားတောမှာ ခမရ ၄၂၈ ရှိတယ်။ ဒါပေမယ့် အင်အားမရှိဘူး။ ရှမ်းပြည်ဘက်က ခမရ ၅၁၀ က လာပေါင်းပြီး ရိက္ခာပို့ဖို့ ကြိုးစားနေတာ" ဟု ကရင်နီ စစ်ဘက် ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေး အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်စ်သတင်းဌာနထံသို့ ပြော ဆိုသည်။ 


စစ်ယာဥ်တန်းတွင် ရှားတောမြို့နယ်အတွင်းရှိ ဒေသကွက်ကဲမှု စစ်ဌာနချုပ်လက်အောက်ခံ ခမရ ၄၂၈ နှင့် ရှမ်းပြည်ဖက်မှ ဆင်းလာသည့် ခမရ ၅၁၀ တို့ စစ်သားများပါဝင်ပြီး တိုက်ပွဲအတွင်း ရိက္ခာ ပို့ယာဥ်တန်းပေါ် လိုက်ပါလာသည့် စစ်သား ၅ ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ ကာ လမ်းကင်းလုံခြုံရေး ယူပေးသည့် စစ်သားများက ၈၁ မမ လက် နက်ကြီးများဖြင့် ပစ်ခတ် ပေးသောကြောင့် ရ​ဲဘော် ၁ ဦး  ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


စစ်တပ်အနေဖြင့် လွိုင်ကော်မှ ရှားတော ဒေသ နယ်စပ်စခန်းများကို စစ်ရိက္ခာနှင့် လက်နက် ခဲယမ်း များ ပို့ဆောင်ရန် ကြိုးစားနေပြီး  ခမရ ၅၁၀ တပ်ရင်းသည် ရှမ်းပြည်တောင်ပိုင်း ကျိုင်းခမ်းမြို့ အခြေစိုက် တပ်ရင်းဖြစ်ပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)၏ တိုက်ရိုက်ကွက်ကဲမှုဖြင့် တာ တမော စခန်းမှ ရှားတောမြို့ရှိ ဗျူဟာကုန်းကို ရိက္ခာပို့ဆောင်ရန် စီစဥ်နေစဥ် တိုက်ခိုက် ခံရခြင်း ဖြစ်ကြောင်း  သိရှိရသည်။ 


ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် ယမန်နှစ် မိုင်းထိထားသော စစ်တပ်ကားတစ်စီးကို တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်သည်)



ဆက်ဖတ်ရန် →
မုံရွာမြို့တွင်  PDF သတင်းစုံစမ်းနေသော စစ်မှုထမ်းဟောင်း ဒုတပ်ကြပ် သန်းနိုင် ကို ပစ်ခတ်ခံရပြီး သေဆုံး

မုံရွာမြို့တွင် PDF သတင်းစုံစမ်းနေသော စစ်မှုထမ်းဟောင်း ဒုတပ်ကြပ် သန်းနိုင် ကို ပစ်ခတ်ခံရပြီး သေဆုံး


 ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ခေတ်သစ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်တွင် စစ်တပ်အတွက် ရိက္ခာထောက်ပို့နှင့် သတင်းပေးနေသူ၊ PDF သတင်းများ စုံစမ်းနေသူ စစ်မှုထမ်းဟောင်း ဒုတပ်ကြပ်သန်းနိုင် ပစ်ခတ်ခံရပြီး  သေဆုံးသွား ကြောင်း ဗန္ဓုလနှင့်အဖွဲ့ သားများ PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။


ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ခန့်အချိန် မုံရွာမြို့တွင်းတစ်နေရာတွင် ဒုတပ်ကြပ်သန်းနိုင်ကို ဝင် ရောက် ဖမ်းဆီးပြီး သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ရာမှ သေဆုံးသွား ကြောင်း၊ ၎င်းထံမှ မှတ်ပုံတင် အချက်အလက်များ၊ ၉ မမ ကျည်နှစ်တောင့်၊ လက်ပစ်ဗုံးသီးတစ်လုံး နှင့် ဖုန်းတစ်လုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


“မြို့ထဲဝင်ဖမ်းပြီး ကျည်နှစ်တောင့်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာ၊ စစ်ခွေးတွေက သန်းနိုင်ရဲ့ အလောင်း ကို အရင် လာမသယ်ဘဲ သူ့(သန်းနိုင်)ရဲ့မိသားစုကို နမခတပ်ထဲ အရင်ပို့ပြီးမှ လာသယ်သွားတယ်၊ ပစ်ခတ် ရှင်းလင်းတဲ့နေရာမှာပဲ အလောင်းကို ထားပေးခဲ့ပါတယ်” ဟု ဗန္ဓုလနှင့်အဖွဲ့သားများ PDF မှတာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


စစ်မှုထမ်းဟောင်း ဒုတပ်ကြပ်သန်းနိုင်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခတပ်) အတွင်း ရိက္ခာများပို့ဆောင်ပေးခြင်း၊ သတင်းပေး ခြင်းပြုလုပ်နေသည်ဟု ပြည်သူလူထုမှ သတင်းပေး တိုင်ကြားသဖြင့် စောင့်ကြည့်ကာ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါရှင်းလင်းမှုကို မုံရွာ - ဗန္ဓုလနှင့်အဖွဲ့သားများ အဖွဲ့ ၁ ၊ Black Falcon မြို့တွင်း ပြောက်ကျားတပ်ဖွဲ့၊ Brave Heart Army-BHA နှင့် Special Forces- 11 PDF တို့ ပူးပေါင်းကာ ရှင်း လင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။





ဆက်ဖတ်ရန် →
မြင်းခြံတွင်  အင်အား ၆၀ ပါ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး ကားတစ်စီး ပျက်စီး

မြင်းခြံတွင် အင်အား ၆၀ ပါ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး ကားတစ်စီး ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ခေတ်သစ်


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကြောင်းထိုးလာသော အင်အား ၆၀ ပါ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး ကားတစ်စီး ပျက်စီးသွားကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့  - မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်  မြင်းခြံမြို့နယ် နဘူးအိုင်ရွာဘက်သို့ စစ်အင် အား ၆၀ ခန့်ပါ ကား ၄ စီးနှင့်ဆိုင်ကယ် ၁၁ စီးပါ စစ်ယာဉ်တန်းကို  နဘူးအိုင်ရွာ‌ တောင်ဘက်၊ မြောက်ပင်လယ်ဆည်ဘောင်အနီး  မိုင်းကွင်းထဲ အရောက်တွင် နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က  ပဒေသာနှစ်ဆင့်မိုင်း ၁၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၃ စီးကို တည့်တည့်မှန်သွားခဲ့ကြောင်း သိရှိရသည်။  


မိုင်းဆွဲတိုက်ခိုက်မှုကြောင့်  စစ်သား ၈ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း၊ စစ်ယာဉ် တန်းတွင် ပါဝင်သော မတ်တူး ကားတစ်စီး လုံးဝသုံးမရအောင်အထိ ပျက်စီးသွားပြီး မိုင်းကွင်းထဲတွင် ထားရစ်ခဲ့ကြောင်း သိရှိရသည်။




ဆက်ဖတ်ရန် →