အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ
📅
💬 မှတ်ချက်
Myanmar Now
အာဏာသိမ်းပြီး နှစ်နှစ်ပြည့်ချိန် စစ်ကောင်စီကို အပြောင်းအလဲလုပ်ရာတွင် အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားခံလိုက်ရသည့် အရပ်ဘက်နိုင်ငံရေးသမား ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့၏ အဆောင်အယောင်များ ရုပ်သိမ်းခံလိုက်ရသည်။
ပြည်သူ့ဆန္ဒမဲရလဒ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေသည့် NLD အစိုးရကို ၂၀၂၁ တွင် စစ်တပ်က ဖြုတ်ချပြီး စစ်ကောင်စီဖွဲ့ရာတွင် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့နှစ်ဦးမှာ ယခုလဆန်းမှစ၍ ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် အရာချခံလိုက်ရသည်။
ထို့အတူ ၎င်းတို့နှစ်ဦးအတွက် နေပြည်တော်တွင် ပေးထားသည့် နေအိမ်နှင့် ရုံးခန်းများကို ဖေဖော်ဝါရီ ၆ ရက်မှစ၍စစ်ကောင်စီက ပြန်လည်သိမ်းယူလိုက်ပြီး တစ်ဆင့်နိမ့်နေရာများတွင် ပြန်လည်နေရာချထားပေးသည်ဟု စုံစမ်းသိရှိရသည်။
ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့မှာ မူလက သမ္မတအိမ်တော်နှင့် လွှတ်တော်အနီးတွင် ရှိသည့် ဝန်ကြီးအိမ်တွင်နေထိုင်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးတွင် ရုံးတက်နေရာမှ ယခုအခါ နေပြည်တော်ကောင်စီဝင်းအတွင်း ဒုဝန်ကြီးအဆင့်များနေထိုင်သည့် အိမ်ရာသို့ ရွှေပေးလိုက်ရသည်ဟု အစိုးရအရာထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။
“(သမ္မတရုံးက) ရုံးခန်းကတော့ မထိုင်တော့ဘူး။ အဖွဲ့ဝင်အသစ်တွေ ရောက်နေပြီ။ အိမ်ကလည်း ဝန်ကြီးအဆင့်တွေပေးတဲ့ နေအိမ်တွေကိုတော့ ဖယ်ခိုင်းပြီ။ ကောင်စီဝင်အသစ်တွေကို ထားမှာ” ဟု ပထမသတင်းရင်းမြစ်ကပြောသည်။
ထို့အတူ ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့မှာ လစာပါ လျှော့ချခံရမည်ဟု သိရသည်။ ၎င်းတို့နှစ်ဦးမှာ မူလက စစ်ကောင်စီအဖွဲ့ဝင်လစာ တစ်လလျှင် ကျပ်သိန်း ၃၀ ရရှိခဲ့ခြင်းဖြစ်သည်။ ဗဟိုအကြံပေးလစာပမာဏကိုအသေးစိတ်မသိရသေးသော်လည်း အစဉ်အလာအားဖြင့် အစိုးရအဖွဲ့ အကြံပေးတစ်ဦး၏ လစာမှာ ကျပ် ၁၅ သိန်းသာ ရှိသည်ဟု ဆိုသည်။
“သူတို့နှစ်ယောက်က အရင်ကတည်းက ရုံးလည်း မလာဘူး။ လုံးဝကို မလာတာ။ သူတို့ကို ခိုင်းချင်ရင် ရုံးအဖွဲ့ကအိမ်အထိ သွားလုပ်ပေးရတာ” ဟု ဒုတိယသတင်းရင်းမြစ်က ပြောသည်။
စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ စီစဉ်သည့် ၂၀၁၀ ရွေးကောက်ပွဲကို NLD က ဝင်မပြိုင်ဘဲနေချိန်တွင် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့သည် ပါတီမှ နုတ်ထွက်ကာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကို ထူထောင်ခဲ့ကြသည်။
ထိုရွေးကောက်ပွဲ၌ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီး တစ်နှစ်ဝန်းကျင်အကြာ ၂၀၁၁ တွင် ဦးသိန်းညွန့်က NDF မှ ထပ်မံခွဲထွက်ပြီး အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ကိုထူထောင်ကာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ ဦးခင်မောင်ဆွေကမူ NDF ဥက္ကဋ္ဌ ဖြစ်သည်။
လွန်ခဲ့သည့် နှစ်နှစ် စစ်တပ်က အာဏာမသိမ်းမီ ၂၀၂၀ ဩဂုတ်လအတွင်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့် ၃၄ပါတီစာရင်းတွင် NDF နှင့် NNDP တို့လည်း ပါဝင်ပြီး ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့က ထိုအစည်းအဝေးတွင်သက်ဆိုင်ရာပါတီများကို ကိုယ်စားပြု၍ ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
စစ်ခေါင်းဆောင်က မလုပ်ရဲတာမရှိဟု ပြောခဲ့သည့် ထိုတွေ့ဆုံပွဲတွင် ပါတီများဘက်က စစ်အာဏာသိမ်းရန်တိုက်တွန်းမှုများရှိခဲ့သည်။ ထိုတွေ့ဆုံပွဲအပြီး သုံးလအကြာတွင် NLD ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ စစ်တပ်က အာဏာသိမ်းခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ စစ်ကောင်စီကို အပြောင်းအလဲလုပ်ရာတွင် ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေတို့ကဲ့သို့အရပ်ဘက်နိုင်ငံရေးသမားဟု လူသိများသူများထဲတွင် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ ဒေါ်အေးနုစိန်၊ မွန်ညီညွတ်ရေးပါတီမှ ဗညားအောင်မိုးတို့လည်း ကောင်စီဝင်အဖြစ်မှ ဖယ်ရှားခံခဲ့ရသည်။
စစ်ကောင်စီဗဟိုအကြံပေးအဖွဲ့သို့ ပြောင်းလဲတာဝန်ပေးခံရသူများအနက် ဦးသန်းညွန့်၊ ဦးခင်မောင်ဆွေနှင့် ဒေါ်အေးနုစိန်တို့ကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပါ။
ဆန္ဒမပါဘဲ စာရင်းထဲထည့်၍ ကြေညာခံရသည်ဟု ထုတ်ဖော်ပြောဆိုထားသည့် ပူဂင့်ကမ်းလျန်းမှအပ အသစ်ပြင်ဆင်ဖွဲ့စည်းသည့် စစ်ကောင်စီအဖွဲ့ဝင်များအားလုံး နေပြည်တော်တွင် ရုံးတက်နေကြပြီဟု စုံစမ်းသိရှိရသည်။
ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်မှု ဗီယက်နမ်က အမှုဖွင့်တိုင်ကြားသဖြင့် စစ်ကောင်စီ အခက်တွေ့
📅
💬 မှတ်ချက်
စစ်တပ် လက်အောက်ခံ BGF စောချစ်သူ လုပ်ကိုင်နေသော ရွှေကုက္ကိုလ်မြို့သစ်ရှိ ကာစီနိုအွန်လိုင်းဂိမ်းများက ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်မှု ဗီယက်နမ်က အမှုဖွင့်တိုင်ကြားသဖြင့် စစ်ကောင်စီ အခက်တွေ့
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ခေတ်သစ်
ကရင်ပြည်နယ်၊ မြဝတီ-ထိုင်းနယ်စပ်တွင် BGF နယ်ခြားစောင့်တပ်မှ ဗိုလ်မှူး ကြီး စောချစ်သူ က လုပ် ကိုင် နေသော ရွှေကုက္ကိုလ်မြို့သစ်ရှိ လောင်းကစားနှင့်ကာစီနိုအွန်လိုင်းဂိမ်းများက ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်သဖြင့် ဗီယက်နမ်နိုင်ငံသားတချို့က အမှုဖွင့်တိုင်ကြားလာရာ စစ်ကောင်စီအတွက် အခက်တွေ့နေကြောင်း နေပြည်တော် ပြည်ထဲရေး သတင်း ရင်းမြစ်များထံမှ သိရှိရသည်။
စစ်ကောင်စီ လက်အောက်ခံ BGF နယ်ခြားစောင့်တပ် ခေါင်းဆောင် ဗိုလ်မှူး ကြီးစောချစ်သူ၊ တရုတ်လူမျိုး ရာဇဝတ်ဂိုဏ်းများ၊ စစ်ကောင်စီဘက်မှ အရာရှိများ ပူးပေါင်း ဖွင့်လှစ်ထားသော ရွှေက္ကိုလ်မြို့သစ်ရှိ လောင်းကစားနှင့် ကာစီနိုအွန်လိုင်းဂိမ်းများက ဗီယက်နမ်နိုင်ငံသားများထံမှ ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်သွားကြောင်း ၊ ယင်းသို့ လိမ်လည်မှုအတွက် ဗီယက်နမ်နိုင်ငံသားတချို့က အမှုဖွင့်တိုင်ကြားလာကြောင်း၊ ထို့ကြောင့် စစ်ကောင်စီက ယင်းအမှုကို မကိုင်တွယ်လိုသော်လည်း နှစ်နိုင်ငံ အရေးကိစ္စ ပုံစံဖြစ်လာသဖြင့် ပြည်ထဲ ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကို စုံစမ်းစစ်ဆေးရန် တာ ဝန် ပေးအပ်ကြောင်း သိရှိရသည်။
လက်ရှိ ရွှေကုက္ကိုလ်တွင် ဗီယက်နမ် အပါအဝင် အာဆီယံနိုင်ငံများမှ နိုင်ငံသားတချို့ ကို လစာကောင်းသော အလုပ်အကိုင်ပေးမည်ဟုဆိုကာ လူကုန်ကူးခံရမှုများရှိနေကြောင်း၊ စစ်ကောင်စီ လက်အောက်ခံ BGF တပ်များက ရွှေကုက္ကိုလ်ထဲတွင် လုံခြုံရေး အပြည့် ပေးထား ကြောင်း၊ ရွှေကုက္ကိုလ်တွင် တရားမဝင် နေ ထိုင်သော တရုတ်၊တရုတ်(ဟောင်ကောင်)၊ထိုင်ဝမ် နိုင်ငံသား ၁၀၀ ကျော်၊ဗီ ယက်နမ်နိုင်ငံသား ၁၀ ဦး၊ ထိုင်းလူမျိုး ၂၀ ကျော် ရှိကြောင်း ၊ စစ်တပ်နှင့်ရဲက ယင်း တရားမဝင် နေထိုင်သူများကို မြန်မာဘက်က ဖမ်းဆီးမှုများရှိသော်လည်း ရဲက BGF နှင့် ညှိနှိုင်းပြီး ပြန်လွှတ်ပေးလေ့ရှိကြောင်း၊ လက်ရှိတွင်လည်း ဗီယက် နမ် နိုင်ငံဘက်က အမှုဖွင့်လာမှုအပေါ် စသုံးလုံးက အယောင်ပြသာ စစ် ဆေးမှု လုပ်နိုင်ကြောင်း သိရှိရသည်။
"ဗီယက်နမ်ဘက်က အမှုဖွင့်တာကလည်း ဒီလိုပဲ ပြီးသွားမှာပါပဲ။ ထိရောက်တဲ့ အရေးယူမှု ရှိဖို့တော့ မလွယ်ပါဘူး။ အခုလို ကရင်ဘက်မှာ မတည်မငြိမ်ဖြစ်နေတော့ BGF အဖွဲ့ကို စစ်တပ်က တင်းတင်းကျပ်ကျပ် မကိုင်ရဲဘူး။ ဗီယက်နမ်ဘက်က အမှုဖွင့်တာကို ဟန်ပြလောက်တော့ စစ်ဆေးပါတယ်ဆိုပြီး လုပ်ပြတဲ့သဘောပါပဲ" ဟု နေပြည်တော်ပြည်ထဲရေးသတင်းရင်းမြစ်က ပြောသည်။
လက်ရှိ ရွှေက္ကိုလ်တွင် မြန်မာအမျိုးသမီး တချို့ လူကုန်ကူးခံရပြီး လိင်ပိုင်းဆိုင် ရာ ဖျော်ဖြေရေးလုပ်ကိုင်ရမှုများ၊ လူငယ်တချို့မှာလည်း အတင်းအကျပ် အ လုပ် ခိုင်းစေခံရမှုများရှိနေကြောင်း သိရှိရသည်။
လက်ဖက်ရည်ဆိုင်တွင် စစ်တုရင်ကစားနေသည့် ယာတော်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
📅
💬 မှတ်ချက်
ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၁၃ ရက်
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ယာတော်ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ယာတော်ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ရွာမလမ်းအတွင်းရှိ လက်ဖက်ရည်ဆိုင်၌ စစ်တုရင်ကစားနေစဉ် သေနတ်ဖြင့်လာရောက်ပစ်ခတ် သွားခြင်းဖြစ်ကြောင်း သိရသည်။
"သူက လက်ဖက်ရည်ဆိုင်မှာ စစ်တုရင်ထိုင်ကစားနေတာ။ ကစားနေတုန်း သေနတ်နဲ့ လာပစ်သွားတာ"ဟု အဆိုပါ ရပ်ကွက်တွင်နေထိုင်သူ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။
ပစ်ခတ်ခံရသည့် ယာတော်အုပ်ချုပ်ရေးမှူးမှာ အသက် (၅၅) နှစ်အရွယ် ဦးရဲမြင့်ဖြစ်ပြီး ၎င်း၏ ယောက်ဖနှင့် စစ်တုရင်ကစားနေစဉ် အမည်မသိအမျိုးသား ၂ ဦးမှ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်ခံရမှူကြောင့် အုပ်ချုပ်ရေးမှူး ဦးရဲမြင့်တွင် ယာနားထင်ဖောက်၀င်ပြီး ဝဲပါးမေးရိုး အပေါ်သို့ ဖောက်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောဲကားသည်။
ယင်းပစ်ခတ်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ကို တစ်စုံတရာ ထုတ်ပြန်ထားခြင်းမရှိပေ။
မန္တလေးတိုင်းအတွင်းရှိ စစ်တပ်ဒေါက်တိုင်များဖြစ်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေး အဖွဲ့၀င်များကို နုတ်ထွက်ရန် အကြိမ်ကြိမ်သတိပေးစာများ ထုတ်ပြန် ထားသော်လည်း နုတ်ထွက်ခြင်းမရှိ၍ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#မန္တလေးတိုင်း #ယာတော်ရပ်ကွက် #အုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ #Ayeyarwaddy_Times
တရားမဝင် အာဏာသိမ်း စစ်အုပ်စုကို ပံ့ပိုးကျားကန်ပေးရင်း အကျိုးအမြတ်များစွာ ဆက်လက်ရရှိနေတဲ့ နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများ
📅
💬 မှတ်ချက်
By Dominic Rushe, Nick Mathiason and Diarmid O'Sullivan
ဘာသာပြန်-ခေတ်သစ်မီဒီယာ
ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်ဝန်ဆောင်မှု ကုမ္ပဏီအချို့ဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဝန်ဆောင်မှုလုပ်ငန်းတွေကတဆင့် အကျိုးအမြတ် ဒေါ်လာသန်းပေါင်းများစွာ ရှာဖွေပေးရင်း အကြမ်းဖက်စစ်တပ်ရဲ့ စီးပွားရေးဒေါက်တိုင်တွေအဖြစ် ကျားကန်ပေးနေတယ်ဆိုတာကို ပေါက်ကြားလာတဲ့ အခွန်မှတ်တမ်းတွေအရ သိရပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက “စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ” ကို နေ့စဥ်ရက်ဆက် လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က အသိပေးထားပါတယ်။
ယခုအချိန်အထိ စစ်အာဏာရှင်တွေရဲ့ လက်ချက်ကြောင့် ကလေးသူငယ်၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သားတွေ အပါအဝင် ပြည်သူ ၂,၉၄၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန် ထားပါတယ်။
ဒီလို အကြမ်းဖက် သတ်ဖြတ်မှုတွေ ဖြစ်ပွားနေစဥ်မှာပဲ အခုလို စစ်အာဏာရှင် ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းတွေနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံတကာကုမ္ပဏီတွေရဲ့ အခွန်ဆိုင်ရာ မှတ်တမ်းမှတ်ရာတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ ပေါက်ကြားလာခြင်း ဖြစ်ပါတယ်။
အဲ့ဒီစာရွက်စာတမ်းတွေအရ အမေရိကန်၊ ဗြိတိန်နဲ့ အိုင်ယာလန်က ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီတွေဟာ မြန်မာ့သဘာဝဓာတ်ငွေ့ လုပ်ငန်းအတွက် မရှိမဖြစ် လိုအပ်တဲ့ တူးဖော်ရေးနဲ့ ဆက်စပ်လုပ်ငန်းဆောင်တာတွေမှာ ဝင်ရောက်လုပ်ကိုင်နေပြီး ဝင်ငွေ ဒေါ်လာသန်းပေါင်းများစွာ ရရှိနေတယ်လို့ သိရပါတယ်။
ပွင့်လင်းမြင်သာရေးအတွက် ဦးတည်လုပ်ကိုင်နေတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း Distributed Denial of Secrets က အဆိုပါ စာရွက်စာတမ်းတွေကို ရရှိခဲ့တာ ဖြစ်ပြီး၊ ဒါတွေကို မြန်မာ့လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ Justice For Myanmar အပါအဝင် စုံစမ်းဖော်ထုတ်ရေးသားတဲ့ စာနယ်ဇင်းအဖွဲ့အစည်း Finance Uncovered နဲ့ Guardian သတင်းဌာနတို့ အတူတကွ လေ့လာသုံးသပ်ထားတာ ဖြစ်ပါတယ်။
ဒီအထောက်အထားတွေအရကတော့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်သူများအနေနဲ့ သိသာတဲ့ အန္တရယ်များ ရှိနေကြောင်း သတိပေးစာ ထုတ်ပြန် အသိပေးခဲ့ပေမဲ့၊ အမေရိကန်ရဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီကြီးတွေရဲ့ လုပ်ငန်းခွဲကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေဆဲ လို့ဆိုပါတယ်။
အထူးသဖြင့် အာဏာသိမ်း စစ်ကောင်စီကို အဓိက ဝင်ငွေရှာဖွေပေးနေတဲ့ မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း အမည်ခံ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ စီးပွားရေး ပူးပေါင်းလုပ်ဆောင်နေမှုကို ရည်ညွှန်းလျှက် သတိပေးချက် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
မကြာသေးခင်ကပဲ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနဲ့ ကနေဒါတို့က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ထပ်မံပြုလုပ်ကြောင်း ကြေညာခဲ့ကြပြီး MOGE ရဲ့ ညွှန်ကြားရေးမှူးနဲ့ ဒုတိယညွှန်ကြားရေးမှူးတို့ကို အရေးယူတဲ့ စာရင်းထဲ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဒီလေးနိုင်ငံဟာ MOGE ကိုတော့ ဒဏ်ခတ် အရေးယူထားခြင်း မရှိပါဘူး။
MOGE ကို ပထမဆုံးအကြိမ် ပိတ်ဆို့အရေးယူမှု ပြုလုပ်ကြောင်း ကြေညာခဲ့တာက ဥရောပသမဂ္ဂ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက “မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အရှိန်အဟုန် မြင့်တက်လာမှု နဲ့ မြန်မာ့စစ်အာဏာရှင်တွေကို လိုအပ်တဲ့ အရင်းအမြစ်တွေကို ထိထိရောက်ရောက် ပံ့ပိုးနေမှု” အတွက် ဒဏ်ခတ်ပိတ်ဆို့လိုက်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
နှိုင်းယှဥ်ကြည့်မယ်ဆိုရင် ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ ဥရောပကုမ္ပဏီ အားလုံးကို မြန်မာ့ ရေနံနဲ့သဘာဝ ဓာတ်ငွေ့တွင်းစီမံကိန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ခွင့် ပိတ်ပင်ထားနိုင်ပေမဲ့ အမေရိကန်နဲ့ ဗြိတိန်ရဲ့ ပိတ်ဆို့မှုတွေကတော့ ဒီလောက်အတိုင်းအတာအထိ ထိရောက်မှု မရှိသေးတာ တွေ့ရပြီး၊ အကျိုးဆက်အနေနဲ့ သူတို့ရဲ့ကုမ္ပဏီတွေဟာ MOGE နဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝှိုက်၍ ဖြစ်စေ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်နေနိုင်ဆဲပဲ ဖြစ်ပါတယ်။
ပေါက်ကြားလာတဲ့ အခွန်စာရွက်စာတမ်းတွေကို လေ့လာချက်အရ
- အမေရိကန်ရေနံတူးဖော်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကြီးဖြစ်တဲ့ Halliburton ရဲ့ စင်ကာပူအခြေစိုက် လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Myanmar Energy Services အနေနဲ့ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ အခွန်မဆောင်မီ အမြတ်ငွေ ကန်ဒေါ်လာ ၆ ဒဿမ ၃ သန်းရရှိတယ်လို့ အစီရင်ခံထားပါတယ်။
- အမေရိကန်နိုင်ငံ၊ ဟူစတန်အခြေစိုက် ရေနံဝန်ဆောင်မှုကုမ္ပဏီ Baker Hughes လက်အောက်ခံ ရန်ကုန်ဌာနခွဲရဲ့ အစီရင်ခံစာမှာ ၂၀၂၂ မတ်လအထိ (၆) လတာကာလအတွင်း အခွန်မဆောင်မီ အမြတ်ငွေ ကန်ဒေါ်လာ ၂ ဒဿမ ၆၄ သန်း ရရှိထားကြောင်း တင်ပြထားပါတယ်။
- အမေရိကန်တူးဖော်ရေးကုမ္ပဏီ Diamond Offshore Drilling ကလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ ကန်ဒေါ်လာ ၃၇ သန်း ရရှိခဲ့ကြောင်းနဲ့ ထိုအချိန်ကနေ ၂၀၂၂ ခုနှစ် မတ်လအထိ နောက်ထပ် ကန်ဒေါ်လာ ၂၄ ဒဿမ ၂ သန်း ဝင်ငွေရရှိထားတယ်လို့ မြန်မာ့အခွန်ဌာနကို အစီရင်ခံထားပါတယ်။
- အမေရိကန်ရဲ့ ကမ္ဘာ့အကြီးဆုံး ကမ်းလွန် တူးဖော်ရေးကုမ္ပဏီ လက်အောက်ခံ ပနားမားအခြေစိုက် Schlumberger Logelco (ရန်ကုန်ဌာနခွဲ) က မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ တစ်နှစ်အတွင်း ဝင်ငွေ ကန်ဒေါ်လာ ၅၁ ဒဿမ ၇ သန်း ရရှိထားပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ မြန်မာ့စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာနဆီက ဝန်ဆောင်ခ ကန်ဒေါ်လာ ၂၀၀,၀၀၀ ရရန်ရှိတယ်လို့ ဖော်ပြနေပါတယ်။
ဖော်ပြပါ ကုမ္ပဏီတွေဟာ သူတို့ရဲ့ ဝန်ဆောင်မှုတွေကတဆင့် မြန်မာနိုင်ငံရဲ့ အရေးအပါဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းအားလုံးမှာ အဓိကရှယ်ယာရှင်အနေနဲ့ ပါဝင်နေတဲ့ စစ်တပ်ထိန်းချုပ်ခံ MOGE ကို ထိရောက်တဲ့ အကူအညီတွေ ပံ့ပိုးနေတာပဲ ဖြစ်ပါတယ်။
MOGE ဟာ သဘာဝဓာတ်ငွေ့စီမံကိန်းတွေမှာ နိုင်ငံကိုယ်စား အခွန်နဲ့ အခကြေးငွေတွေကို ကောက်ခံနေတာဖြစ်ပြီး၊ ဒီအခွန်အခငွေတွေနဲ့ များပြားလှတဲ့ ရှယ်ယာအမြတ်ငွေတွေဟာ စစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းထဲကို တိုက်ရိုက်စီးဝင်ပါတယ်။
မြန်မာစစ်ကောင်စီအနေနဲ့ ၎င်းတို့ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ နိုင်ငံခြားဝင်ငွေ အများဆုံး ရရှိနေပြီး ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ (၆)လအတွင်း ကန်ဒေါ်လာ ၁ ဒဿမ ၇၂ ဘီလီယံ ဝင်ငွေရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အလွန်ဆိုးဝါးပြီး လက်မခံနိုင်စရာ အခြေအနေ” လို့ ဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လုပ်ကိုင်နေကြတဲ့ ရေနံလုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီတွေဟာ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ တရားမဝင် အာဏာသိမ်း စစ်ကောင်စီကို အားပေးကူညီရင်း သူတို့ရဲ့လက်တွေဟာ သွေးစွန်းနေပါပြီ။ ဒီကုမ္ပဏီတွေဟာ သူတို့မှာ ရှိသင့်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး တာဝန်ဝတ္တရားတွေကို ချိုးဖောက်ပြီး စစ်အာဏာရှင်အလိုကျ ရက်စက်ယုတ်မာနိုင်အောင် ထောက်ပံ့ပေးနေတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ စီမံကိန်းတွေကို ဆက်လက် လုပ်ကိုင်နေတာဟာ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို မြန်မာစစ်တပ်က မရပ်မနား ကျူးလွန်နိုင်အောင် အားပေးအားမြောက်ပြုနေတာပဲ လို့ ၎င်းက ဆက်ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီး မလုံလောက်သေးဘူး ဆိုတာကို “လက်ရှိအချိန်မှာတော့ ဥရောပသမဂ္ဂ (EU) ကပဲ စစ်အစိုးရရဲ့ အဓိက ဝင်ငွေလမ်းကြောင်းဖြစ်တဲ့ MOGE ကို ဒဏ်ခတ်ပိတ်ဆို့ထားတာ။ EU လုပ်သလို ကျန်တဲ့ အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ သြစတြေးလျလို နိုင်ငံတွေက MOGE ကိုပါ ပိတ်ဆို့အရေးယူဖို့ တောင်းဆိုပါတယ်” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပေမဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကြွယ်ဝပါတယ်။ နှစ်စဥ် တရုတ်နဲ့ ထိုင်းကို အဓိကထားကာ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချနေပြီး တူးဖော်ရရှိလာတဲ့အထဲက ၂၀ ရာခိုင်နှုန်း ဝန်းကျင်ကိုပဲ ပြည်တွင်းမှာ သုံးစွဲပါတယ်။ (လက်ရှိ ပြည်တွင်းမှာလည်း သဘာဝဓတ်ငွေ့သုံး bus ကားများနဲ့ Taxi ကားများအတွက် သဘာဝဓတ်ငွေ့ကိုပင် လုံလောက်စွာ မပေးနိုင်တာကြောင့် ဓတ်ငွေ့ဆိုင်တွေမှာ ဂက်စ် ရဖို့ တန်းစီစောင့်ဆိုင်းနေရတဲ့ ကားတန်းရှည်ကြီးများကို နေ့စဥ်တွေ့မြင်လျှက် ရှိပါတယ်- ဖြည့်စွက်)
MOGE ရဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းတွေမှာ အရေးပါတဲ့ အစုရှယ်ယာတွေကို တောင်ကိုရီးယားရဲ့ Posco International နဲ့ ထိုင်းနိုင်ငံက PTTEP ၊ Gulf Petroleum Myanmar အပါအဝင် နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးများက ပိုင်ဆိုင်ထားကြပါတယ်။
အနောက်နိုင်ငံက သဘာဝဓာတ်ငွေ့ ကန်ထရိုက်တာတွေအနေနဲ့ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မြန်မာ့ရေနံနဲ့သဘာဝဓတ်ငွေ့လုပ်ငန်းရဲ့ ဘယ်လိုကဏ္ဍမှာမဆို ပါဝင်ပတ်သက်ဆောင်ရွက်နေမယ်ဆိုရင် စစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေမှာ ကြံရပါ ဖြစ်လာပါလိမ့်မယ်လို့ ဝင်တက်ကြွလှုပ်ရှားသူတွေက အစဥ်တစိုက် ထောက်ပြပြောဆိုနေကြသလို ဥပဒေရှုထောင့်ကနေ ပညာရှင်အချို့ကတော့ “ကန်ထရိုက်တာတွေ အနေနဲ့ စာချုပ်ချုပ်ဆို ထားတာဖြစ်လို့ တစ်ဖက်သတ် ရပ်တန့်လိုက်ရင် အနာဂတ်မှာ နိုင်ငံတွင်း တရားရေးပြဿနာတွေ ရင်ဆိုင်ရဖွယ်ရှိတယ်”လို့ စောဒက တက်ကြပါတယ်။
Baker Hughes ကုမ္ပဏီက သူတို့ရဲ့ စာချုပ်တွေကို အာဏာသိမ်းမှု မဖြစ်ပွားမီက ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ၂၀၂၂ ခုနှစ် အစောပိုင်းမှာ သက်တမ်း ပြည့်သွားပြီ ဖြစ်တယ်လို့ Guardian သတင်းစာကို အသိပေးထားပါတယ်။ သူတို့အနေနဲ့ စာချုပ်အသစ်တွေ ထပ်မံချုပ်ဆိုထားခြင်း မရှိတဲ့အပြင် “နိုင်ငံအတွင်းမှာ လုပ်ငန်းဆိုင်ရာ ဘေးကင်းလုံခြုံရေးနဲ့ လုပ်ငန်းလည်ပတ်ရေး တို့အတွက် ဝန်ထမ်းအင်အား မလုံလောက်မှု ပြသနာနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Halliburton ၊ Schlumberger နဲ့ Diamond Offshore Drilling လုပ်ငန်း (၃) ခုကတော့ မှတ်ချက်ပေးဖို့ ထပ်ခါတလဲလဲ တောင်းဆိုမှုတွေကို တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့စီမံကိန်းတွေ လုပ်ကိုင်နေကြတဲ့ ပြင်သစ်လုပ်ငန်း Total နဲ့ အမေရိကန် ကုမ္ပဏီ Chevron တို့ဟာ မြန်မာနိုင်ငံမှာ တရားမဝင် အားဏာသိမ်းမှုအပြီး တစိုက်မတ်မတ် ဝေဖန်ခံရမှုတွေကြောင့် မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာတော့မည် ဖြစ်ကြောင်း ကြောညာခဲ့ပါတယ်။
Chevron ကတော့ “ရတနာစီမံကိန်း” (Yadana Project) က ၎င်းတို့ရဲ့ ရှယ်ယာ ၄၁ ဒဿမ ၁ ရာခိုင်နှုန်းကို ကနေဒါကုမ္ပဏီ MTI Energy ကပိုင်တဲ့ Et Martem Holdings ကို ရောင်းချလိုက်တယ်လို့ Guardian ကို မကြားသေးမှီက ပြောကြားခဲ့ပါတယ်။
အထူးသဖြင့် MOGE နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ မပြတ်သားတဲ့ ရပ်တည်ချက်က အခြေအနေတွေကို ပိုရှုပ်ထွေးစေပါတယ်။ မြန်မာ့စစ်တပ်က ထိန်းချုပ်ထားတဲ့ ကျောက်မျက်ရတနာတွေ၊ ပုလဲနဲ့ သစ်သယံဇာတ ထုတ်လုပ်ရေး စတဲ့နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း တွေကို အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့ထားပြီး ဖြစ်ပေမဲ့ စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေများစွာ ရှာဖွေပေးနေတဲ့ အဓိက ဇာတ်ကောင် MOGE ကို ယခုအချိန်ထိ အရေးယူခြင်း မရှိသေးပါဘူး။
၂၀၂၁ ခုနှစ်မှာ New York Times သတင်းစာကြီးက အမေရိကန်ရေနံကုမ္ပဏီကြီး Chevron ဟာ အမေရိကန်အစိုးရကို မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်း အပေါ် အရေးယူပိတ်ဆို့မှု မလုပ်ဆောင်ဖို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒီအစီရင်ခံစာ မထွက်ခင်က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က MOGE ကို ရာဇဝတ်မှု ကျူးလွန်နေတဲ့ လူသတ်တရားခံ အဖွဲ့အစည်းတစ်ခုက ထိန်းချုပ်လည်ပတ်နေတာကြောင့် MOGE အပါအဝင် ဆက်စပ်ပတ်သက်သမျှ အဖွဲ့အစည်း အားလုံးကို ပိတ်ဆို့အရေးယူနိုင်မှသာ မြန်မာစစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းကို ထိထိရောက်ရောက် ဖြတ်တောက်နိုင်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ မှာ တင်ပြခဲ့ပါသေးတယ်။
ယမန်နှစ် ဇန်နဝါရီလက (အမေရိကန်) နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ကိုင်နေမှုတွေဟာ အန္တရာယ်သိပ်များတယ်လို့ အထူးသတိပေးချက် ထုတ်ပြန်ခဲ့တဲ့အပြင်၊ အထူးသဖြင့် အဓိက ပြသနာကောင်ဖြစ်တဲ့ MOGE လို လုပ်ငန်းတွေနဲ့ အလုပ်တွဲ မလုပ်သင့်ကြောင်း သတိပေးခဲ့ပါတယ်။
MOGE အပါအဝင် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေဟာ မြန်မာပြည်သူလူထုကို အသေအကျေ တိုက်ခိုက်နေတဲ့ စစ်အာဏာရှင်တွေအတွက် ဝင်ငွေများစွာ ရှာဖွေပေးရုံသာမက အကျင့်ပျက်ခြစားမှု၊ ကလေးလုပ်သား နဲ့ အဓမ္မစေခိုင်းမှု၊ စုံစမ်းစောင့်ကြည့်ခံရမှုနဲ့ အခြားလူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှု စတာတွေအတွက် တာဝန်ရှိပါတယ်” လို့ သတိပေးထားပါတယ်။
အမေရိကန်ဟာ MOGE ကို တိုက်ရိုက်ပိတ်ဆို့ အရေးယူခြင်းမရှိပေမဲ့ မြန်မာ့စွမ်းအင်ဝန်ကြီးဌာနကတဆင့် MOGE ကို ထိန်းချုပ်ထားတဲ့ စစ်အုပ်စုရဲ့ အုပ်ချုပ်မှုအဖွဲ့ဖြစ်တဲ့ စစ်ကောင်စီ (SAC) အဖွဲ့ဝင်တွေကိုတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။
ဒါပေမဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ထုတ်ပြန်ထားတဲ့ အမေရိကန် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာနရဲ့ “မြန်မာနိုင်ငံဆိုင်ရာ ကုန်သွယ်မှု လမ်းညွှန်”မှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍဟာ အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေ အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်ပြီး အလားအလာ အကောင်းဆုံးလုပ်ငန်း အဖြစ် ဖော်ပြထားပါတယ်။
ဘိုင်ဒင်အစိုးရအနေနဲ့လည်း သူ့ရဲ့ ဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ မြန်မာ့သဘာဝဓာတ်ငွေ့ကို အဓိက ဝယ်ယူနေသူ ဖြစ် နေတာကြောင့် ထိုင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရေးနဲ့ မြန်မာစစ်ကောင်စီအပေါ် ထိရောက်တဲ့ ဒဏ်ခတ်မှုတွေ ချမှတ်နိုင်ရေး စတဲ့ အရေးကိစ္စနှစ်ခုအကြား ဗျာများနေပုံရတယ် လို့ကျွမ်းကျင်သူတွေက ဆိုပါတယ်။
Justice for Myanmar ရဲ့ မရတနာမောင်က “ဘိုင်ဒင် အစိုးရအဖွဲ့ရဲ့ မြန်မာနိုင်ငံအပေါ် ချဥ်းကပ်မှုတွေဟာ အရှေ့အနောက် မညီညွတ်တာကြောင့် အမေရိကန် ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေဟာ မြန်မာမှာ ပုံမှန်အတိုင်း စီးပွားရေး လာရောက်လုပ်ကိုင်နိုင်တာဖြစ်ပြီး၊ ဒါဟာ မြန်မာ့စစ်တပ်ကို နိုင်ငံတကာ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နိုင်ဖို့ အားပေးအားမြောက် ပြုနေတာဖြစ်တယ်” လို့ သုံးသပ်ပါတယ်။
ဆက်လက်ပြီး မရတနာမောင်က “အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက MOGE နဲ့ အဆက်အဆံလုပ်တဲ့ အဖွဲ့အစည်းတွေဟာ ငွေကြေးခဝါချမှု၊ အကျင့်ပျက်ခြစားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အန္တရာယ်များတယ်လို့ သတိပေးထားချိန်မှာ အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက သူတို့ရဲ့ လုပ်ငန်းတွေအနေနဲ့ အကျိုးအမြတ်များနိုင်တဲ့ မြန်မာ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍမှာ အခွင့်အလမ်းတွေ ရှာဖို့နဲ့ MOGE ရဲ့ တင်ဒါတွေမှာ ဝင်ရောက်ယှဥ်ပြိုင် လုပ်ကိုင်ဖို့ စတဲ့ အကြံပေးချက်တွေ ထုတ်ပြန်နေတယ်လို့ သူမက ရှင်းပြပါတယ်။
“လက်ရှိအခြေအနေတွေကို ပြန်လည်သုံးသပ်ပြီး မြန်မာပြည်သူလူထုနဲ့ တသားတည်း ရပ်တည်ကာ MOGE ကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ပေးဖို့နဲ့ စစ်ကောင်စီကို စီးဆင်းနေတဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ပေးဖို့ အမေရိကန်ကို တောင်းဆိုပါတယ်” လို့ ဆိုပါတယ်။
အမေရိကန် စွမ်းအင်ကုမ္ပဏီကြီးဖြစ်တဲ့ Chevron က မြန်မာနိုင်ငံတွင်း “ရတနာစီမံကိန်း”က ၎င်းတို့ရဲ့ ရှယ်ယာ ၄၁ ဒဿမ ၁ ရာခိုင်နှုန်းကို ကနေဒါကုမ္ပဏီ MTI Energy ကပိုင်တဲ့ Et Martem Holdings ကို ရောင်းချလိုက်တယ်လို့ Guardian သတင်းစာကြီးကို မကြားသေးမှီက ပြောကြားလိုက်ပါတယ်။
လက်ရှိအချိန်အထိ မြန်မာစစ်အုပ်စုကို ဝင်ငွေ အဓိက ရှာဖွေပေးနေတဲ့ မြန်မာ့ရေနံနဲ့သဘာဝလုပ်ငန်း (MOGE) နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ မပြတ်သားတဲ့ ရပ်တည်ချက်က အခြေအနေတွေကို ပိုရှုပ်ထွေးစေပါတယ်။
မြန်မာ့စစ်တပ်က ထိန်းချုပ်ထားတဲ့ ကျောက်မျက်ရတနာ၊ ပုလဲနဲ့ သစ်သယံဇာတ ထုတ်လုပ်ရေးလုပ်ငန်း စတဲ့ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းအမည်ခံ လုပ်ငန်းတွေကို အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့ထားပြီး ဖြစ်ပေမဲ့ စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေတဲ့ အဓိက ဇာတ်ကောင် MOGE ကို ယခုအချိန်ထိ အရေးယူခြင်း မရှိသေးပါဘူး။
ယမန်နှစ် ဇန်နဝါရီလက (အမေရိကန်) နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ကိုင်နေမှုတွေဟာ အန္တရာယ်သိပ်များတယ်လို့ အထူးသတိပေးချက် ထုတ်ပြန်ခဲ့တဲ့အပြင်၊ အထူးသဖြင့် အဓိက ပြသနာကောင်ဖြစ်တဲ့ MOGE လို လုပ်ငန်းတွေနဲ့ အလုပ်တွဲ မလုပ်သင့်ကြောင်း သတိပေးခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ထုတ်ပြန်ထားတဲ့ အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ “မြန်မာနိုင်ငံဆိုင်ရာ ကုန်သွယ်မှု လမ်းညွှန်”မှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍဟာ အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေ အတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်ပြီး အလားအလာ အကောင်းဆုံးလုပ်ငန်းအဖြစ် ဖော်ပြထားပြန်ပါတယ်။
ဘိုင်ဒင်အစိုးရအနေနဲ့ သူ့ရဲ့ ဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ မြန်မာ့သဘာဝဓာတ်ငွေ့ကို အဓိက ဝယ်ယူနေသူ ဖြစ်နေတာကြောင့် ထိုင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရေးနဲ့ မြန်မာစစ်ကောင်စီအပေါ် ထိရောက်တဲ့ ဒဏ်ခတ်မှုတွေ ချမှတ်နိုင်ရေး စတဲ့ အရေးကိစ္စနှစ်ခုအကြား ဗျာများနေပုံရတယ် လို့ကျွမ်းကျင်သူတွေက ဆိုပါတယ်။
တဖက်မှာလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဘိုင်ဒင်အစိုးရအဖွဲ့အတွင်း စီမံအုပ်ချုပ်ရေးဆိုင်ရာ ဖိအားတွေ ဆက်တိုက် ရှိနေပြန်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာလည်း Jeff Merkley၊ Cory Booker၊ Dianne Feinstein၊ Edward Markey နဲ့ Gary Peters စတဲ့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်တွေက အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနဆီ လိပ်မူပြီး မြန်မာစစ်ကောင်စီရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို တားဆီးနိုင်ဖို့ အတွက် MOGE ရဲ့ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်နိုင်ရေး အပါအဝင် အရေးယူပိတ်ဆို့မှုတွေ ထိထိရောက်ရောက် လုပ်ဆောင်ဖို့ ဘိုင်ဒင်အစိုးရကို တိုက်တွန်းပါကြောင်း စာရေးအကြောင်းကြားခဲ့ပါတယ်။
သူတို့က “ မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်သွားအောင် အမေရိကန်အနေနဲ့ လုပ်ဆောင်နိုင်တဲ့ အထိရောက်ဆုံး လုပ်ရပ်ကတော့ MOGE ကို ဒဏ်ခတ်ပိတ်ဆို့ လိုက်ဖို့ပဲ ဖြစ်တယ်” လို့ စာထဲမှာ ရေးသားခဲ့တာပါ။
ယမန်နှစ် ဒီဇင်ဘာလမှာ အမေရိကန် အောက်လွှတ်တော်က အမျိုးသား ကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ ( National Defense Authorization Act -NDAA) ကို အတည်ပြုခဲ့ပြီး၊ အဆိုပါဥပဒေထဲမှာ MOGE ကို ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်နိုင်ဖို့ သမ္မတကို တွန်းအားပေးတဲ့ ဥပဒေပုဒ်မတစ်ရပ်လည်း ပါဝင်ပါတယ်။
“ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက လွှတ်တော်မှာ မြန်မာစစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ ထက်ဝက်နီးပါး ရှာဖွေပေးနေတဲ့ မြန်မာ့စွမ်းအင်ကဏ္ဍကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ရေး တွန်းအားပေးတဲ့ အစီအမံတွေ သတ်မှတ်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်မို့လို့ ဘိုင်ဒင်အစိုးရအဖွဲ့အနေနဲ့ ဒီအခွင့်အာဏာကို ကောင်းကောင်း အသုံးချပြီး ဒေသဆိုင်ရာ မိတ်ဖက်တွေနဲ့ အတူပူးပေါင်းကာ မြန်မာစစ်တပ်ရဲ့ အရပ်သားတွေကို စစ်ရေးအရ အကြမ်းဖက်နေမှုကို တားဆီးရမှာ ဖြစ်တယ်” လို့ လွှတ်တော် အမတ် Edward Markey က Guardian ကို ပြောကြားခဲ့ပါတယ်။
MOGE အပေါ် ဒဏ်ခတ်မှုကို ပထမဆုံး ပြုလုပ်ခဲ့တာက ဥရောပသမဂ္ဂပဲ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်လုပ်ဆောင်ရင်း၊ MOGE ကို ဒဏ်ခတ်နိုင်တဲ့အထိ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီအရေးယူမှုတွေထဲမှာ MOGE ကို အကျိုးအမြတ် ရရှိစေတဲ့ နည်းပညာဆိုင်ရာ ဝန်ဆောင်မှု အကူအညီတွေကိုပါ တားမြစ် ပိတ်ပင်ထားပါတယ်။
၂၀၂၁ ခုနှစ် သြဂုတ်လက အစီရင်ခံစာတွေအရ ဥရောပကုမ္ပဏီတစ်ခုဖြစ်တဲ့ ဒဗ္ဗလင် အခြေစိုက် ဘူမိနည်းပညာဆိုင်ရာ အင်ဂျီနီယာ အကြံပေးလုပ်ငန်း Gavin & Doherty Geosolutions ဟာ ထိုင်းစွမ်းအင်ကုမ္ပဏီကြီးဖြစ်တဲ့ PTTEP International ရဲ့ မြန်မာ့ကမ်းလွန် “ဇောတိက ရေနံနဲ့သဘာဝဓာတ်ငွေ့ စီမံကိန်း” မှာ အလုပ်လုပ်ကိုင်ဖို့ စာချုပ်ချုပ် ဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒီစာချုပ်ကို ဥရောပသမဂ္ဂက MOGE အပေါ် အရေးယူပိတ်ဆို့ကြောင်း မကြေညာခင်မှာ ချုပ်ဆိုခဲ့တာဖြစ်ပေမဲ့ ထိုအချိန်က အာဏာသိမ်းထားတာ ခုနစ်လ ရှိနေပြီ ဖြစ်ပါတယ်။ Gavin & Doherty ဟာ အဆိုပါ စာချုပ်နဲ့ သက်ဆိုင်တဲ့အချက်တွေအပြင် နိုင်ငံအတွင်း ဆက်လက် အလုပ်လုပ်နေခြင်း ရှိ၊ မရှိ စတဲ့ မေးမြန်းစုံစမ်းမှုတွေကို ဖြေဆိုဖို့ ငြင်းဆိုထားပါတယ်။
MOGE ဟာ ဇောတိက စီမံကိန်းရဲ့ ၂၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး စီမံကိန်းမှာ ရရှိသမျှ အမြတ်ငွေတွေဟာ စစ်ကောင်စီရဲ့ ဘဏ္ဍာတိုက်ထဲကို တိုက်ရိုက်စီးဝင်ပါတယ်။
အခွန်မှတ်တမ်းတွေအရ ကမ်းဝေး ရေအောက်ရေနံရှာဖွေဖော်ထုတ်ရေး ယန္တရားရာဝန်ဆောင်မှု ကုမ္ပဏီဖြစ်တဲ့ ဗြိတိန်အခြေစိုက် Acteon ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Intermoor ကလည်း မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ အထိ အကျိုးအမြတ် ရရှိနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဗြိတိန်အနေနဲ့ မြန်မာနိုင်ငံက စစ်ဘက်ဆိုင်ရာ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းအချို့ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်လိုပဲ ဗြိတိန်ရဲ့ အရေးယူမှုတွေဟာ MOGE ကို ဦးတည်ပိတ်ဆို့ခြင်း မရှိသေးတဲ့အပြင် စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ဆောင်နေမှုများကို ထိရောက်စွာ တားမြစ်နိုင်ခြင်းလည်း မရှိပါဘူး။
Diamond Offshore Drilling ရဲ့ မြန်မာ့အခွန်ဌာနကို ပေးပို့တဲ့ အစီရင်ခံတွေအရ ၄င်းကုမ္ပဏီဟာ Posco International ကိုယ်စား Intermoor ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဝန်ဆောင်ခ အခကြေးငွေတွေ ထပ်ခါတလဲလဲ ပေးချေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၀ ခုနှစ်မှာ Intermoor က တရားဝင်ကြေညာ လုပ်ကိုင်ခဲ့တဲ့ “ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း” ကို ယခုအခါ Posco international က ဦးဆောင်လည်ပတ်နေတာ ဖြစ်ပါတယ်။ MOGE ဟာ “ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း” မှာ ရှယ်ယာ ၁၅ ရာခိုင်နှုန်း ပိုင်ထားပြီး၊ ဒီစီမံကိန်းကနေ မြန်မာစစ်ကောင်စီအတွက် အခွန်နဲ့ အခကြေးငွေ အမြောက်အများကို ရှာဖွေပေးနေပါတယ်။
၂၀၂၁ ကနေ ၂၀၂၂ အတွင်း မြန်မာနိုင်ငံမှာ Intermoor က ဝန်ထမ်းတွေ ရှိနေတယ်လို့ Justice For Myanmar ကို သတင်းရင်းမြစ်တစ်ဦးက ပြောကြားထားပြီး Guardian ကလည်း မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ Intermoor နဲ့ ၎င်းရဲ့ မိခင်ကုမ္ပဏီ Acteon Group တွေက ဒီကိစ္စအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေပညာရှင် တွေကတော့ ယခုလို MOGE ကို ပစ်မှတ်ထား ပိတ်ဆို့ဖို့ အမေရိကန်နဲ့ ဗြိတိန်တို့က တွန့်ဆုတ်နေစဥ်မှာပဲ၊ “မြန်မာနိုငိငံရဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ နိုင်ငံတကာကုမ္ပဏီတွေကတော့ ဥပဒေကြောင်းအရ အန္တရာယ်များလှတဲ့ လုပ်ငန်းခွင်ကို အရဲကိုး ရင်ဆိုင်ရင်း ဆက်လက်လုပ်ကိုင်နေကြဆဲပါပဲ” လို့ ပြောနေကြပါတယ်။
ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ NGO တစ်ခုဖြစ်တဲ့ Earthrights က မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနဲ့ ဥပဒေအကြံပေး အဖြစ် လုပ်ကိုင်နေသူ Ben Hardman က
“ရေနံလုပ်ကွက် ဝန်ဆောင်မှု ကုမ္ပဏီတွေဟာ နိုင်ငံတကာ စွမ်းအင်လုပ်ငန်းကြီးတွေနဲ့ အလုပ်လုပ်နေရုံ သာမကဘဲ မြန်မာစစ်တပ်က မောင်ပိုင်စီး ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း အမည်ခံ MOGE နဲ့ တွဲဖက်လုပ်ကိုင်ရင်း မြန်မာ့စစ်အာဏာရှင်တွေကို ပံ့ပိုးနေကြတာ ဖြစ်တယ်။ ဒီကုမ္ပဏီတွေက သူတို့ရဲ့ စာရင်းရှင်းတမ်းနဲ့ ငွေတောင်းခံလွှာကို တင်ပြအပြီးမှာတော့ မြန်မာစစ်ကောင်စီက သူတို့ရဲ့ အစုရှယ်ယာအတွက် ပြန်ခွဲဝေပေးတယ်ဆိုပေမဲ့၊ ဒီလိုကုမ္ပဏီတွေရဲ့ ထောက်ပံ့မှုကြောင့်ပဲ စစ်တပ်ဟာ သဘာဝဓတ်ငွေ့က ရတဲ့ဝင်ငွေတွေကို MOGE ကတဆင့် ထိန်းချုပ်ပိုင်ဆိုင်ခွင့် ရရှိနေတာပဲ ဖြစ်တယ်”။
“တကယ်လို့သာ ဒီကုမ္ပဏီတွေဟာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကဆိုရင် သူတို့အနေနဲ့ MOGE အပေါ် ချမှတ်ထားတဲ့ EU ရဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်မှုအတွက် ပြင်းထန်တဲ့ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ သူတို့တင် မဟုတ်ပါဘူး၊ အမေရိကန်နဲ့ ဗြိတိန် ကုမ္ပဏီတွေလည်း အလားတူ အန္တရာယ်နဲ့ ရင်ဆိုင်ရမှာပါ။ ဘာလို့လဲဆိုတော့ သူတို့အစိုးရတွေက MOGE ကို ချုပ်ကိုင်ထားတဲ့ စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ထားတာကြောင့် ဖြစ်တယ်” လို့ ဆိုပါတယ်။
(Guardian သတင်းစာကြီးတွင် ဖေဖော်ဝါရီ ၁ ရက် နေ့က ဖော်ပြထားသော Dominic Rushe၊ Nick Mathiason၊ Diarmid O’Sullivan တို့၏ “How world’s biggest fossil fuel firms profited in Myanmar after coup” ဆောင်းပါးကို ဆီလျှော်အောင်ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။
🔴 “ရောင်နီလာရာလမ်း” $164,364 ရရှိ
📅
💬 မှတ်ချက်
“ရောင်နီလာရာလမ်း” in Toronto, 11 Feb 2023 Saturday
ဒါရိုက်တာ ကိုပေါက်ရဲ့ နွေဦးတော်လှန်ရေး ၂ နှစ်တာကာလ ဖြတ်သန်းမှု မှတ်တမ်း “ရောင်နီလာရာလမ်း” တော်လှန်ရေး ရုပ်ရှင် ပွဲတော်နှင့် အာဏာသိမ်း (၂) နှစ်ပြည့် ရှုံ့ချပွဲ မှာ volunteer များ ရဲ့ United Bonds/ EOD/ Spring Bliss Housing Apartments များရောင်းချပေးခြင်း၊ မြန်မာအစားအစာများ ရောင်းချပေး ခြင်းအပြင် Han Lay (Miss Grand Myanmar 2020) နှင့် Generation-Z တို့မှ စေတနာရှင်များ လှူဒါန်းထားတဲ့ စိန်လက်စွပ်၊ ပယင်းဆွဲကြိုး၊ စောင်းကောက်နှင့် မြန်မာ့ရုပ်သေး တို့ကို လေလံတင်ရောင်းချ ပေးခဲ့ရာမှာ ရရှိတဲ့ Total Fundraised in CA$ 164,364 ဖြစ်ပါကြောင်းနှင့် အလှူရှင်များရဲ့ နာမည်နဲ့ အသေးစိတ်စာရင်း ကို မကြာခင်ဆက်လက်ကြေငြာပေးမည် ဖြစ်ပါကြောင်း (မှတ်ချက်။ Bond/ EoD/ Housing ဝယ်ယူသူအမည်များကိုတော့ privacy & security reason ကြောင့် နာမည်ကြေငြာပေးမည်မဟုတ်ပါ)
Movie Ticket Sales: $ 4375
Auction: $ 3,100
Donation from Food Vendors:$1,300
Cash donation:$ 1,050
Raffle: $ 6,640
United Bond: $680
EOD (မြေကွက်) $ 16,200
EOD အိမ်ယာ/ Apartments: $ 131,019
TOTAL $ 164,364
*** ရံပုံငွေရှာဖွေပွဲအတွက် ပံပိုးပေးခဲ့သော Event Hall Sponsor များ
***အိမ်ယာများ ရောင်းချရာမှာ တော်လှန်ရေးအောင်ချင်စိတ်ဖြင့် ဝယ်ယူအားပေးခဲ့ကြသည့် မြန်မာပြည်ဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှစ်မများ၊ ကူညီရောင်းချပေး/ ငွေကောက်ခံပေး ခဲ့သည့် volunteer များ၊ movie ticket/ raffle ticket များကူညီရောင်းချပေးခဲ့သူ များ နှင့် ဝယ်ယူလှူဒါန်း.ပေး.ခဲ့သူများ / Prize Donor များ/ ရုပ်ရှင်ကြည့်သူများ အစာပြေစားသောက်ရန် အစားအစာ လာရောက်ရောင်းချပေးရင်း ရံပုံငွေ ရှာပေးခဲ့သူများ/ လေလံတင် ရောင်းချပွဲမှာ အားတက်တရော ကူညီပေးခဲ့တဲ့ Miss Han Lay နှင့် Generation-Z volunteer များ/ အာဏာသိမ်း မအောင်မြင်မှု (၂) နှစ်ပြည့် ရှုံ့ချပွဲမှာ တော်လှန်သူ သူရဲကောင်းများအတွက် ဂုဏ်ပြု သီချင်းများ ဖြင့် ဖျော်ဖြေပေးခဲ့တဲ့ Daniel Lwin ၊ ရုပ်ရှင်ကြည့်ရင်းတော်လှန်ခဲ့ကြသူများနှင့် ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
#ရောင်နီလာရာလမ်း
#အာဏာရှင်နိဂုံး၂၀၂၃
#mefcanada_fundraising
#DirectorKoPauk
Burmese army set fire to 4 villages, burning more than 400 homes in Katha Township
📅
💬 မှတ်ချက်
The army set fire to 4 villages, burning more than 400 homes in Katha Township. The monastery The army burned down the entire school.
Yangon, February 13 Khit Thet Media
Sagaing Division Katha Township Residents of Katha told the Yangon Modern News Agency that when the army set fire to 4 villages, more than 400 public homes were destroyed.
Starting on February 11th, the army column moved to Maeng Ngi Village. Tatu Field Village Thayagone Village, It is reported that more than 400 houses were destroyed when the army set fire to Ingyi Village.
"On the evening of February 11, the army burned 50 houses in Maeng Ngi village. On February 12, the army set fire to 20 houses in the village of Tatu Lae Apa Su village. On the same day, the army set fire to 30 houses in Thayar Gone Village and 300 houses in Ingyi Village, where Ingyi District Hospital is located. That totaled more than 400 houses," said a local resident.
The army has said that they will burn Phaedbo village as well, and all the people of the villages have fled. In burning villages, monasteries, It is learned that schools are being set on fire by the army.
An official of Katha Township Public Defense Force said, It is said that the army and the PDF troops are frequently fighting near the villages and the army is continuously burning the villages.
"On February 9th, at 11:00 a.m., the PDF attacked the war dogs that came out of Ngao village in Lwin Kyin near Nat Ren, Pyu Dang Lai Village. On February 11, there was another battle in the bamboo forest near Maeng Ngi Village. At night, the war dogs that entered Maeng Ngi Village set the village on fire. On February 12, they set fire to Tatu Le Village again.
People's homes in Thay Kone village were destroyed and burned. In the evening, a column arrived at Ingyi village and destroyed the Ooredoo tower. The school burned down. People's homes are burned down. All the people are fleeing," said the PDF official.
ကုလသမဂ္ဂ အဆောက်အအုံ ထဲသို့ ယခုထိ ဝင်ခွင့်မရသေးပဲ တာလီဘန်တို့ နှင့် တတန်းစားတည်း ဆက်ဆံခံနေကြရသည့် အဖွဲ့
📅
💬 မှတ်ချက်













