နောက်ဆုံးရ
 သီတဂူဗုဒ္ဓ တက္ကသိုလ်မှ ဘွဲ့ရ နာယက ဆရာတော် အရှင်ဂန္ဓသာရ အပါအဝင် လူ ၄ ဦးကို စစ်တပ်က ပစ်သတ်

သီတဂူဗုဒ္ဓ တက္ကသိုလ်မှ ဘွဲ့ရ နာယက ဆရာတော် အရှင်ဂန္ဓသာရ အပါအဝင် လူ ၄ ဦးကို စစ်တပ်က ပစ်သတ်

ဒီပဲယင်းကွဲကျေးရွာကို စစ်တပ်က ဝင်ရောက် ပစ်ခတ်စီးနင်းပြီး  သီတဂူဗုဒ္ဓ တက္ကသိုလ်မှ ဘွဲ့ရ နာယက ဆရာတော် အရှင်ဂန္ဓသာရ အပါအဝင် လူ ၄ ဦးကို စစ်တပ်က ပစ်သတ်၊ ရွာကို မီးတင်ရှို့ 


ရန်ကုန်၊ ဇန်နဝါရီ ၆ ခေတ်သစ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို စစ်တပ်က ဝင်ရောက် ပစ်ခတ်စီးနင်းပြီး  သီတဂူဗုဒ္ဓတက္က သိုလ် မှ မဟာဘွဲ့ရ  သံဃာတော်တစ်ပါး အပါအဝင် ပြည်သူ ၄ ဦးကို ပစ်သတ်ကာ  ရွာကိုပါ  မီးတင်ရှို့သွားကြောင်း ဒေသ ပြည်သူများထံမှ သိရှိရသည်။ 

ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၆ နာရီအချိန် ကြွယ်ပုံပျူစောထီးကျေးရွာမှ ထွက် လာသော စစ်ကြောင်းနှင့်ပျူစောထီးများက ဒီပဲယင်းကွဲကျေးရွာကို ပစ်ခတ် ဝင် ရောက်လာကြောင်း၊ ယင်းနောက် ဒီပဲယင်းကျေးရွာတွင် ယာယီ သီတင်း သုံးနေ သော သီတဂူဗုဒ္ဓတက္ကသိုလ်ကျောင်းဆင်း မဟာ ဘွဲ့ရ   သံဃာတော် တစ်ပါးကို လည်း စစ်တပ်က ပစ်သတ်လိုက်ကြောင်း၊ ထို့ပြင် အခြား ပြည်သူ ၃ ဦးကိုလည်း ပစ်သတ်ကြောင်း၊ ယင်းနောက် ရွာကို မီးတင်ရှို့ကြောင်း သိရှိရသည်။ 

စစ်တပ်က ပစ်သတ်လိုက်သော ဆရာတော်မှာ သီတဂူဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရ ဖြစ်ပြီး   သီတဂူဘွဲ့ရများ နာယက ၁၀ ပါးစာရင်းဝင် ဆရာတော် အရှင် ဂန္ဓသာရ ဖြစ်ကြောင်း သိရှိရသည်။ 

"ဒီနေ့ မနက်ခင်း ၆နာရီအချိန် ကြွယ်ပုံပျူရွာကနေ ထွက်လာပြီး ဒီပဲယင်းကွဲ ရွာကိုလက်နက်ကြီးတွေပစ်ဝင်လာတယ်။ အဲလိုပစ်ဝင်လာတော့ ရွာသားတွေ အကုန် ထွက်ပြေးရင်း သူတို့ဖမ်းမိတဲ့ လူ၃ဦးနဲ့ ဘုန်းကြီးတစ်ပါးကို ပစ်သတ် ခဲ့ကြ တယ်။ ဘုန်းကြီးက စာတတ်ပေတ်ပါဗျာ။ ဘာမှနိုင်ငံရေးမလုပ် ဘဲနဲ့ သတ်ထားခဲ့ကြတာ။ဘုန်းကြီးက သီတဂူဗုဒ္ဓတက္ကသိုလ်ကနေ မဟာဘွဲ့ရ ထားတဲ့ ဆရာတော်ပါ။ သီရိလင်္ကာနိုင်ငံဘက်ကို ကြွပြီးမြန်မာပြည် လာတဲ့ သံဃာတော်ပါ။ သက်တော်၄၀ကျော်၊ဝါတော်၂၀ကျော်လောက်တော့ရှိမယ် ။ နောက်ပြီး အမျိုးသမီးတစ်ဦးနဲ့ရွာသားတစ်ဦးကိုလည်းသတ်ထားခဲ့ကြတယ်။ နောက်တစ်ဦးကတော့ PDFတစ်ယောက်ပါ။ စုစုပေါင်း ၄ ဦးကို စစ်တပ်က ပစ် သတ်ထားခဲ့တာပါ" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။ 

စစ်တပ်က သံဃာတစ်ပါး အပါအဝင် လူ ၄ ဦးကို ပစ်သတ်ပြီးနောက် ကျေးရွာ ကို လည်း မီးတင်ရှို့လိုက်သဖြင့် နေအိမ် ၇၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ 

"ကျနော်တို့ရွာကို  ဝင်ချင်နေတာကြာပြီ။ ကြွယ်ပုံက ပျူစောထီးတွေ ဝင်ဖို့ လက်ညှိုး ထိုးနေတာ။ ကြွယ်ပုံ ရွာက မဖွံ့ဖြိုးဘူး။ ကြွယ်ပုံကို စစ်တပ်က ဆက်ကြေးတောင်းတော့ ဒီပဲယင်းကွဲကို တောင်းရင် နှစ်အိမ်လောက် တောင်း ရင် သိန်း ၁၀၀ ရမယ်လို့ ပြောပြီး စစ်တပ်ကို သွားခိုင်းတယ်။ အခုတော့ စစ်တပ် နဲ့ ပျူစောထီးပေါင်းကြီး ဒီပဲယင်းကွဲကျေးရွာကို ချေမွသွားတာပါ" ဟု ဒီပဲယင်းကွဲ ကျေးရွာသားတစ်ဦးက ပြောသည်။ 

ဓာတ်ပုံ- ဒီပဲယင်းကွဲကျေးရွာတွင် စစ်တပ်နှင့်ပျူစောထီးများ ပစ်သတ်ခဲ့သော အရှင်ဂန္ဓသာရ နှင့်လူ ၃ ဦးအသတ်ခံထားရသည့်မြင်ကွင်းများ။






ဆက်ဖတ်ရန် →

သီတဂူ ကျဆုံးမှုသည် နွေဦးတော်လှန်ရေး၏ အောင်မြင်မှုတစ်ခုဖြစ်သည်

ဘာသာရေးအသုံးချ၍ ကြီးပွားချမ်းသာလို၊ သြဇာထူထောင်လိုခြင်းကို လက်မခံသည့် ယဉ်ကျေးမှုကို ဒီမိုကရေစီတော်လှန်ရေးနှင့်အတူ ထူထောင်မှသာလျှင် နောင်သီတဂူများ မပေါ်ပေါက်အောင် တားမြစ်နိုင်မည်။ 
Published on Jan 5, 2023

၂၀၀၀ ခုနှစ်ခန့်ကဖြစ်သည်။ ကျွန်တော်သည် မြန်မာပြည်အလယ်ပိုင်း မြင်းခြံထောင်ထဲရှိ အကျဉ်းခန်းငယ်တစ်ခု၏ တံခါးသံတိုင်များကြားထဲသို့ နားရွက်ကို ရသမျှတေ့ပြီး လေထဲတွင် လွင့်လာသော သီတဂူဆရာတော် အရှင်ဉာဏိဿရ၏ တရားတစ်ပုဒ်ကို အတင်းနားစွင့်၊ နားထောင်နေမိသည်။

၎င်းဟောပြောနေသည့် အကြောင်းအရာမှာ ဖခင်ကို သတ်ဖြတ်ပြီး ထီးနန်းလုခဲ့သော အဇာတသတ်သည် ညစဉ် အိပ်မပျော်နိုင်ဘဲ ပူဆွေးနောင်တရနေသောကြောင့် ဂေါတမဗုဒ္ဓထံသို့ ချဉ်းကပ်တရားနာကြားခဲ့ပုံဖြစ်သည်။ လူတစ်ဦးသည် ၎င်းကျုးလွန်ခဲ့သော အပြစ်အတွက် နောင်တရရုံမျှမက၊ ထိုအပြစ်ကို ဝန်ခံခြင်း၊ ထိုအပြစ်မျိုး နောက်ထပ်တစ်ဖန်မကျူးလွန်ခြင်းဖြင့် အပြစ်ဆေးကြောရပုံကို အဇာတသတ်ဖြစ်ရပ် အကြောင်းပြု၍ ဟောကြားနေခြင်းဖြစ်သည်။

ဆရာတော်၏ အာဝဇ္ဇန်းရွှင်ရွင်ဟောပြောမှု၊ ဗုဒ္ဓဝင်ဇာတ်နိပါတ်များကို ၏၊ သည်မရွေး ပြန်လည်ဟောခြင်းမဟုတ်ဘဲ ပုဂ္ဂလဓိဋ္ဌာန်ဖြင့် အတန်အသင့် ပြန်လည်ပိုင်းခြားသုံးသပ်ပြီး ဟောကြားမှုများသည် ထိုခေတ်ထိုအချိန်က မြန်မာဗုဒ္ဓဘာသာများကြားတွင် လျှမ်းလျှမ်းတောက်တောက် အောင်မြင်ခဲ့သည်။

ကိုယ်ကျင့်သီလနှင့် ခြိုးခြံကျင့်ကြံမှုအရာတွင် ကျော်ကြားသော မန္တလေးတောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသ၏ ဘုန်းကြီးပျံပွဲတွင် သီတဂူဟောကြားခဲ့သော နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓနှင့် ဘဝတန်ဖိုးဟောကြားချက်များသည် ၎င်း၏ အထင်ရှားဆုံးသော ဟောကြားချက်များဖြစ်လေသည်။

စစ်အုပ်ချုပ်ရေးအောက်တွင် အကြောက်တရားဖြင့် ရှင်သန်နေရသော မြန်မာလူထုသည် ၎င်းတို့ကြောက်ပါသည်ဆိုသည့် စစ်ခေါင်းဆောင်များကို ပြည်တွင်းနေ၍ မသိမသာဝေဖန်သူ ဘုန်းတော်ကြီးများ၊ အနုပညာရှင်များ၊ စာရေးဆရာ ကဗျာဆရာ၊ ကာတွန်းဆရာများကိုလည်း ခေတ်အဆက်ဆက် လေးစားသည့် အစဉ်အလာလည်းရှိခဲ့ရာ သီတဂူ၏ ရာဇောဝါဒ (မင်းကျင့်တရား ဆယ်ပါး) တရားနှင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဖြိုခွင်းပြီးကာလတွင် ဟောသော လူမိုက်တို့၏ သွားရာလမ်းတရားများသည် လူထု၏ စစ်အာဏာရှင်များအား နာကြည်းမှုကို ဒဏ်ကြေဆေးလိမ်းပေးသကဲ့သို့လည်း ဖြစ်ခဲ့၏။

Thidagu_and_mah.jpeg

၂၀၂၀ တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် သီတဂူဆရာတော် အရှင်ဉာဏိဿရ၊ အာဏာသိမ်း စစ်ခေါင်းဆောင်တို့ကို ယှဉ်တွဲတွေ့ရစဉ်။ (ဓာတ်ပုံ - Myanmar Now)

၂၀၂၀ တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် သီတဂူဆရာတော် အရှင်ဉာဏိဿရ၊ အာဏာသိမ်း စစ်ခေါင်းဆောင်တို့ကို ယှဉ်တွဲတွေ့ရစဉ်။ (ဓာတ်ပုံ - Myanmar Now)

မိရိုးဖလာဗုဒ္ဓဘာသာဘုန်းတော်ကြီးများကို ရှေးရိုးမပျက်ကြည်ညိုမှု၊ မျက်ကန်းယုံကြည်မှု၊  အဟောအပြောကောင်းမှု၊ စစ်အာဏာရှင်ကို မသိမသာဝေဖန်ဖူးသဖြင့် ပြည်သူ့ဘုန်းဘုန်း တို့ဘုန်းဘုန်းဟု စိတ်ပိုင်းဆိုင်ရာကိုးကွယ်ရာရှာဖွေမှုများကြားတွင် သြဇာကြီးထွားလာသော သီတဂူဆရာတော်၏ မင်းသားခေါင်းစွပ်သည် ၂၀၁၀ ဒီမိုကရေစီအကူးအပြောင်းတွင် စတင်လှုပ်ခတ်လာပြီး ယခုအခါတွင် စစ်အာဏာရှင်အားပေး ထောက်တိုင် ဘုန်းကြီးအဖြစ် သိသာထင်ရှားလာကာ ၎င်းအား ဝေဖန်မှုများသည် ၂၀၂၁ အာဏာသိမ်းပြီးချိန်မှစ၍ ပြောင်ပြောင်တင်းတင်းဖြစ်ပေါ်လာခဲ့ပြီဖြစ်သည်။ 

ထိုကဲ့သို့ဖြစ်မလာခင်ကတည်းက သီတဂူဆရာတော်နှင့် ပတ်သက်ပြီး မေးခွန်းထုတ်ဖွယ် အချက်နှစ်ချက် အမြဲတစေဖြစ်ပေါ်ခဲ့သည်။ ပထမတစ်ချက်မှာ ၎င်း၏ အောင်မြင်မှုကို ဖြစ်စေသည့် အကြောင်းရင်းပင်ဖြစ်သည်။ စစ်ကိုင်းတောင်ရိုးရှိ ၎င်း၏ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများအတွက် ရေရရှိစေရေး အားထုတ်မှုအပါအဝင် ဆေးကုသမှုနှင့် အခြားသော လူမှုလုပ်ငန်းများဖြစ်သည်။ 

မိရိုးဖလာဗုဒ္ဓဘာသာဘုန်းတော်ကြီးများသည် တရားဟောခြင်း၊ တရားကျင့်ကြံပို့ချခြင်းများပြုလုပ်ကြသော်လည်း လူထုကို ပရဟိတအကျိုးဆောင်သည့် လုပ်ငန်းများမလုပ်ကြ၊ လုပ်သည့်ဘုန်းတော်ကြီးသည် ခေတ်မီသည်၊ ပို၍ အများအကျိုးကိုဆောင်သည်ဟု လူ့အဖွဲ့အစည်းတွင် ထင်မှတ်လာခဲ့ပြန်သည်။ ကမ္ဘာပေါ်တွင် ထိုအခြေအနေကို ကျဉ်းမြောင်းသည့် ဘာသာရေးအသိုက်အအုံမှ ခွဲထွက်ပြီး လူထုကို အခြေပြုသော Socially Engaged ဗုဒ္ဓဘာသာဟူ၍ အကောင်းသဘောဖြင့် သမုတ်ကြပြန်သည်။ 

ထိုကိစ္စသည် မြန်မာနိုင်ငံ ဗုဒ္ဓသံဃာ့အသိုင်းအဝန်းတွင် ကြီးမားသော အငြင်းပွားဖွယ်ရာကိစ္စ ဖြစ်ခဲ့သင့်သော်လည်း အကျင့်ထက် ဝါကိုလည်းကောင်း၊ သီလထက် ဘွဲ့ထူးဂုဏ်ထူးများ၊ အဟောအပြောကောင်းမှုနှင့် နာမည်ကျော်ကြားမှုကို ပိုအလေးထားသော မြန်မာနိုင်ငံရှိ လူပရိသတ် ရဟန်းပရိသတ်များကြားထဲတွင် အငြင်းပွားဖွယ်ရာမဖြစ်ခဲ့ပါ။

ဘုန်းတော်ကြီးများနှင့် သာမန် ဗုဒ္ဓဘာသာ လူဝတ်ကြောင်များကို ခြားနားစေသော အဓိကအချက်မှာ ဘုန်းတော်ကြီးများသည် ကိလေသာတိုက်ဖျက်ရေးလုပ်ငန်းကို ဇောက်ချ၍ ဘဝတစ်ခုလုံး အချိန်တိုင်းကို ရင်းနှီးပြီးလုပ်မည် မလုပ်မည်ဆိုသော အချက်သာဖြစ်သည်။ ကိလေသာတိုက်ဖျက်မည်ဆိုပါက သီလကို ညစ်စေသော အပြုအမူမှန်သမျှကို အလုံးစုံရှောင်ကြဉ်ခြင်း၊ ခြိုးခြံချွေတာခြင်း၊ စိတ်၏ တည်ငြိမ်မှု ထိခိုက်စေသော အခြေအနေများကို အပတ်တကုတ် ရှောင်ရှားခြင်း၊ ဘွဲ့ထူးဂုဏ်ထူးနာမည်ကျော်ကြားမှုများကို အလေးဂရုမပြုခြင်း၊ နိုင်ငံလူမျိုးအသားအရောင်မခွဲခြားဘဲ လူသားအားလုံးပေါ် မေတ္တာဂရုဏာထားရှိရန် ကြိုးပမ်းခြင်း စသည့် လက္ခဏာများသည် မည့်သည့်ဘုန်းကြီးကောင်းတွင်မဆို ရှိကိုရှိရမည်ဖြစ်သည်။ သီတဂူသည် ထို့ကဲသို့ လူနှင့်ရဟန်း စည်းခြားမှုကို ဖြစ်ပေါ်စေသော ကိလေသာတိုက်ဖျက်ရေးလုပ်ငန်းများကို လုပ်ခဲ့ပါသလော။

Thidagu_sagaing.jpeg

စစ်ကိုင်းရှိ သီတဂူကျောင်းကို ၂၀၂၀ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ - Myanmar Now)

စစ်ကိုင်းရှိ သီတဂူကျောင်းကို ၂၀၂၀ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ - Myanmar Now)

ဗုဒ္ဓသည် အုပ်စုဖွဲ့ဘာသာရေးကို မထူထောင်ခဲ့သည့်အလျောက် ၎င်း၏ ပို့ချချက်များတွင်လည်း မည်သည့်ဘာသာရေးခေါင်းဆောင်ကို ကိုးကွယ်ရမည်၊ ဘာသာရေးခေါင်းဆောင်ဆိုသည်မှာ မည်ကဲ့သို့အရည်အချင်းသတ်မှတ်ချက်ပြည့်မီရမည်ဟု ဟောကြားခြင်းမရှိခဲ့ဘဲ ကိလေသာတိုက်ဖျက်ရေးကို စွမ်းဆောင်လိုသော လူပုဂ္ဂိုလ်တို့သည် မိမိတို့၏ စိတ်သန္တာန်တွင် ဓမ္မတရားများကို ထူထောင်ကာ ကိုယ်တိုင်ကျင့်ထားသော ထိုတရားများကိုသာ ကိုးကွယ်ရာအစစ်အမှန်ဟူ၍ ဟောကြားခဲ့မှုကြောင့် ဗုဒ္ဓဘာသာတွင် ဘာသာရေးခေါင်းဆောင်ဆိုသည်မှာ ရှိကိုမရှိပေ။ 

သို့ရာတွင် သီတဂူသည် ၎င်းကိုယ်၎င်း အာဏာရှိသူတို့၏ ကိုးကွယ်ခံပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးခေါင်းဆောင်သဖွယ်အဖြစ်လည်းကောင်း ငွေ၊ အခြွေအရံနှင့် နာမည်ကျော်ကြားမှုဘက်သို့ တစိုက်မက်မက် လျှောက်လှမ်းခဲ့သည်။ 

၎င်းသည် နိုင်ငံရပ်ခြား လှည့်ပတ်သွားလာစဉ် ထိုနိုင်ငံရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများတွင် တည်းခိုနိုင်လင့်ကစား အဆင်မြင့်ဟိုတယ်များတွင်လည်း တည်းခိုတတ်ကြောင်း၊ စျေးကြီးပစ္စည်းများကို ဒေါ်လာအထပ်လိုက်ကိုင်တွယ်၍ ဝယ်ယူသည့်အလေ့ရှိကြောင်းလည်း သိရသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုခန့်က သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့သို့ သီတဂူရောက်ရှိစဉ် ကင်မရာဝယ်ယူလိုသည်ဟု ဆိုသဖြင့် ၎င်းကို ကင်မရာဆိုင်လိုက်ပို့သောအခါ ဒေါ်လာထောင်ပေါင်းများစွာတန်သော ကင်မရာတစ်လုံးကို ၎င်းအသုံးပြုရန် အဆိုင်းအတွမရှိ ဝယ်ယူခဲ့သည်ဟု မြို့ခံတစ်ဦးက ဆိုသည်။ ထိုကဲ့သို့ ငွေဖြုန်းသုံးနေသော ဘုန်းကြီးမျိုးကို ဘဝနိဂုံးချုပ်ခါနီး သံသရာရိက္ခာအတွက်ဟုဆိုကာ ရှိစုမဲ့စုငွေကြေးများလှူတန်းနေသော မြန်မာနိုင်ငံတစ်ဝန်းရှိ တောသူတောင်သားများ၏ အဖြစ်ကို တွေးကြည့်က ရင်နင့်ဖွယ်ရာဖြစ်လေသည်။

Dsc_6691.Jpg

သီတဂူဆရာတော် အရှင်ဉာဏိဿရ ။ (ဓာတ်ပုံ - Myanmar Now)

သီတဂူဆရာတော် အရှင်ဉာဏိဿရ ။ (ဓာတ်ပုံ - Myanmar Now)

ကိလေသာတိုက်ဖျက်ရေးဆိုသော မူလဘူတအချက်ကို ပရဟိတလုပ်ငန်းများဗန်းပြ၍လည်းကောင်း၊ အသံကောင်းအဟောကောင်းဖြင့် သွေဖည်မည်ဆိုပါက လူနှင့်ဘုန်းကြီးကွဲပြားချက် ပျောက်ကွယ်ပြီဆိုသောအချက်ကို သီတဂူသည် ၂၀၁၀ နိုင်ငံရေးအကူးအပြောင်းများမဖြစ်မီကတည်းက ထင်ရှားပြခဲ့ပြီဖြစ်သည်။ 

သီတဂူ၏ မေးခွန်းထုတ်ဖွယ် နောက်အချက်တစ်ခုမှာ ၎င်း၏ တရားများတွင် ဗုဒ္ဓဘာသာသည် အစ္စလာမ်တို့၏ ကျုးကျော်တိုက်ခိုက်မှုများကြောင့် မှေးမှိန်ခဲ့ရပုံ၊ တစ်ချိန်က ဗုဒ္ဓဘာသာအကြီးအကျယ်ထွန်းကားခဲ့သော အာဖဂနစ္စတန် (မိလိန္ဒဘုရင်ပေါ်ခဲ့ရာ)၊ ပါကစ္စတန် (ဇာတကဝတ္ထုများတွင် အဋ္ဌာရသဆယ့်ရှစ်ရပ်သင်ကြားရာ တက္ကသီလာကျောင်းတော်တည်ရှိခဲ့ရာ) နိုင်ငံများတွင် မျက်မှောက်ခေတ်၌ အစ္စလာမ်ဘာသာ စိုးမိုးနေပုံများကို မကြာခဏထည့်သွင်းဟောပြောခဲ့သည်။ ထိုဟောပြောချက်များဖြင့် ၎င်းသည် မြန်မာဗုဒ္ဓဘာသာလူထုကို ကာကွယ်နေသည့် ခေါင်းဆောင်အဖြစ် လှည့်စားပြီး၊ တစ်ဖက်တွင် မိရိုးဖလာဗုဒ္ဓဘာသာမဟုတ်သူများကို အမုန်းတရားဖြင့် ရှုမြင်စေရန် လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။

ထိုအချက်သည် ဗုဒ္ဓ၏ အရိုးရှင်းဆုံးလမ်းညွှန်ချက်ဖြစ်သော သတ္တဝါအားလုံးပေါ်တွင် မေတ္တာထားရှိကြဆိုသည့် သဗ္ဗေသတ္တာ ဘဝန္တုသုခိတတ္တာဆိုသော အချက်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့ခြင်းဖြစ်သည်။ သမိုင်းဆိုသည်မှာ သင်ခန်းစာယူဖွယ်လေ့လာ၍ ရသကဲ့သို့ လက်နက်တစ်ခုအဖြစ်လည်း အသုံးချ၍ရသော အရာဖြစ်သည်။

ဗုဒ္ဓဘာသာဝင်အများစု နေထိုင်ရာ ထိုင်းနိုင်ငံ အယုဒ္ဓယမြို့တော်ကို ဗုဒ္ဓဘာသာဝင်အများစု မြန်မာတို့ မည်ကဲ့သို့ဝင်ရောက်ဖျက်ဆီးခဲ့ကြပုံ၊ ထိုင်းအမျိုးသမီးများကို အဓမ္မဖမ်းဆီး၍ မတရားပြုကျင့်သည်ကို သိမ်းပိုက်တော်မူသည်ဟုလည်းကောင်း၊ စစ်သုံ့ပန်းများကို ဖမ်း၍ အဓမ္မလုပ်အားပေးခိုင်းစေသည်ကို ယိုးဒယားမှ အနုလက်မှုပညာသည်များကို ခေါ်ဆောင်ခဲ့သည်ဟုလည်းကောင်း မြန်မာကျောင်းသုံးစာအုပ်များတွင် ဝါဒဖြန့်ထားသော သမိုင်းမျိုးကို သီတဂူ၏ တရားများတွင် ဘယ်သောအခါမျှ ကြားခဲ့ရသည်မဟုတ်ပါ။ ထိုသမိုင်းမျိုးကို သင်ကြား၍ မြန်မာတို့က စိတ်ကြီးဝင်လျှင်လည်းကောင်း၊ ထိုင်းတို့က မြန်မာတို့ကို ဆက်လက်မုန်းတီးနေကြလျှင်လည်းကောင်း အဘယ်သို့အဓိပ္ပာယ်ရှိမည်နည်း။ စဉ်းစားကြပါကုန်။

Gopr0909.Jpg

စစ်ကောင်စီတပ်ဖွဲ့ ဖျက်ဆီးခဲ့သည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကျီစု(ကျည်စု) ရွာရှိ ပလီတစ်လုံးကို ၂၀၂၂ ဒီဇင်ဘာလဆန်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - Myanmar Now)

စစ်ကောင်စီတပ်ဖွဲ့ ဖျက်ဆီးခဲ့သည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကျီစု(ကျည်စု) ရွာရှိ ပလီတစ်လုံးကို ၂၀၂၂ ဒီဇင်ဘာလဆန်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - Myanmar Now)

သို့ရာတွင် သီတဂူကား ၂၀၁၃ ဇူလိုင်တွင် ရန်ကုန် အင်းစိန်မြို့နယ် အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးအသင်းညီလာခံတွင် ဟောပြောခဲ့သော ဟောပြောချက်တွင် ရန်ကုန်ရှိ သိမ်ကြီးစျေးအနီး ရှေးဗုဒ္ဓဘာသာစေတီများ ပျောက်ကွယ်ပြီး မွတ်စလင်ဗလီများနေရာယူခဲ့ပုံကို ဟောပြောခြင်းဖြင့် အမုန်းတရားများလှုံ့ဆော်ခဲ့သည်။

၂၀၁၇ ခုနှစ် မေလ တပ်တွင်းတရားပွဲတစ်ခုတွင် ငါးပါးသီလမလုံသောသူများကို သတ်ဖြတ်လျှင် အကုသိုလ်မကြီးမားကြောင်း ဟောပြောမှုသည် သီတဂူ၏ ကျဆုံးမှုကို သိသာစွာဖြစ်ပေါ်စေသော အကြောင်းအရင်းတစ်ခုဖြစ်သည်။ ထိုဟောပြောမှုဖြစ်ပေါ်ပြီး မကြာမီ ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်ရဲကင်းစခန်းများကို ရိုဟင်ဂျာလက်နက်ကိုင် အာဆာအဖွဲ့က တိုက်ခိုက်သည်ဆိုကာ ရခိုင်ပြည်မြောက်ပိုင်းရှိ ရိုဟင်ဂျာရွာများကို စစ်တပ်က ဝင်ရောက်စီးနင်းမြေလှန်တိုက်ခိုက်ခြင်း၊ ထောင်နှင့်ချီသော ရိုဟင်ဂျာများကို သတ်ဖြတ်ခဲ့ခြင်းများကျူးလွန်ခဲ့သည်။

သီတဂူ၏ အဆိုအရဆိုလျှင် ထိုကဲ့သို့ သတ်ဖြတ်ခံရသူ ရိုဟင်ဂျာများသည် ဗုဒ္ဓဘာသာဝင်များမဟုတ်သဖြင့် အကုသိုလ်မကြီးမားပေ။

အလွန်ပင်ကြောက်စရာကောင်းသော ထိုဟောပြောချက်များသည် သွေးဆာနေသော စစ်ခေါင်းဆောင်များအတွက် ကျိန်းသေပေါက် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုဖြစ်ခဲ့မည်ဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းအနေဖြင့် ကုလားဆိုးများကို တိုင်းပြည်မှ နှိမ်နင်းတိုက်ခိုက်ခဲ့ကြောင်း မတ်လ ၂၇ ရက် တပ်မတော်နေ့မိန့်ခွန်းတွင် ပြောင်ပြောင်တင်းတင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မင်းအောင်လှိုင်သည် အာဏာသိမ်းမှုအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ရာတွင် ၂၀၂၀ ဖေဖော်ဝါရီလ ၉ ရက်နေ့က ၎င်းကို မြန်မာနိုင်ငံဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) က အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဆိုသည့်ဘွဲ့ကို ပေးအပ်သော ဖြစ်စဉ်လည်း တစ်ခုပါဝင်သည်။ အာဏာသိမ်းပြီး ရက်ရက်စက်စက်သတ်ဖြတ်မှုများကို ကျူးလွန်တော့မည့် ၎င်း၏ ဒကာဖြစ်သူအတွက် သီတဂူကိုယ်တိုင်စီမံသောပွဲဖြစ်သည်။ စစ်တပ်ပိုင် ရန်ကုန် ဇေယျာသီရိဗိမာန်တွင် ပြုလုပ်သော ထိုအခမ်းအနားတွင် သီတဂူနှင့် တရားမဝင်မဘသအဖွဲ့၏ ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော် တိလောကာဘိဝံသရှေ့မှောက်၌ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ကုမာရဘိဝံသက မင်းအောင်လှိုင်ကို ဘွဲ့ပေးခြင်းဖြစ်သည်။ ကိလေသာတိုက်ဖျက်ရေးလုပ်ငန်းများမလုပ်ဘဲ မင်းဆရာဖြစ်ချင်သော ဘွဲ့ထူးဂုဏ်ထူးများဖြင့် ယစ်မူးနေသော သီတဂူသည် အာဏာရှင်တို့၏ အသုံးတော်ခံဖြစ်ခဲ့သည်၊ ဖြစ်နေဆဲလည်း ဖြစ်သည်။

Mah_ymba.jpg

သီတဂူစီမံသည့် မင်းအောင်လှိုင်ကို YMBA ဂုဏ်ပြုဆုပေးပွဲကို ရန်ကုန်ရှိ စစ်တပ်ပိုင် ဇေယျာသီရိဗိမ္မာန်တွင် ၂၀၁၉ ဖေဖော်ဝါရီ ၉ ရက်နေ့က ပြုလုပ်ခဲ့ပုံ။ 

သီတဂူစီမံသည့် မင်းအောင်လှိုင်ကို YMBA ဂုဏ်ပြုဆုပေးပွဲကို ရန်ကုန်ရှိ စစ်တပ်ပိုင် ဇေယျာသီရိဗိမ္မာန်တွင် ၂၀၁၉ ဖေဖော်ဝါရီ ၉ ရက်နေ့က ပြုလုပ်ခဲ့ပုံ။ 

ယခုအခါတွင် သီတဂူ၏ အခြေပြုရာ စစ်ကိုင်းတိုင်းတွင် စစ်အာဏာရှင်မင်းအောင်လှိုင်၏ တပ်များက ရွာစဉ်လှည့်၍ မီးရှို့သတ်ဖြတ်နေသည်၊ သီတဂူကို နှစ်ပေါင်းများစွာ ပံ့ပိုးလှူဒါန်းခဲ့သော ဗုဒ္ဓဘာသာဝင်တို့သည် အိုးမဲ့အိမ်မဲ့ဖြင့် အတိဒုက္ခရောက်နေကြပြီဖြစ်သည်။

Img_9407.Jpg

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာကို ၂၀၂၂ စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီမှု။ ထိုဖြစ်စဉ်တွင် ကလေး ၇ ဦး၊ လူကြီး ၆ ဦးထက်မနည်း သေဆုံးခဲ့ရသည်။ (ဓာတ်ပုံ - Myanmar Now)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာကို ၂၀၂၂ စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီမှု။ ထိုဖြစ်စဉ်တွင် ကလေး ၇ ဦး၊ လူကြီး ၆ ဦးထက်မနည်း သေဆုံးခဲ့ရသည်။ (ဓာတ်ပုံ - Myanmar Now)

သီတဂူမှာ မင်းအောင်လှိုင်ကို သာသာနာပြုမင်းကောင်းမင်းမြတ်အဖြစ် ဟောပြောနေမှုများနှင့် မင်းအောင်လှိုင်၏ လှုပ်ရှားမှုများကို ပြောင်ပြောင်တင်းတင်းထောက်ခံပေးနေမှုများကြောင့် မြန်မာလူထုထဲတွင် စက်ဆုပ်ရွံရှာဖွယ်ရာ ရှုမြင်ခံနေရပြီဖြစ်သည်။ ဆင်ခြင်တုံတရားနှင့် ဗဟုသုတပေါကြွယ်လာသော ၂၁ ရာစုလူငယ်ထုသည် အစဉ်အလာစံနှုန်းများကို မျက်စိပိတ်လက်မခံဘဲ သီတဂူကဲ့သို့ ပုဂ္ဂိုလ်များကို ပြောင်ပြောင်တင်း ရှုတ်ချနေကြပြီဖြစ်လေသည်။ ထိုအရာသည်ပင် နွေဦးတော်လှန်ရေး၏ အောင်မြင်မှု တစ်စိတ်တစ်ဒေသဖြစ်လေသည်။ 

သို့ရာတွင် ယခုကဲ့သို့ ပြောင်းလဲလာသောအမြင်များသည် စစ်တပ်၏ ရက်စက်မှုများကို နာကြည်းခြင်းသက်သက်အပေါ် အခြေမခံသင့်ပါ။ လူ့အဖွဲ့အစည်းအတွင်း လူအချင်းချင်း အတိဒုက္ခတို့ကို ပေါ်ပေါက်အောင်လုပ်သော မည်သည့်ဘာသာရေးကိုယ်စားပြုပုဂ္ဂိုလ်များကိုမဆို လက်မခံမှုနှင့် ကိလေသာတိုက်ဖျက်ရေးလုပ်ငန်းကို ဇောက်ချမလုပ်ကိုင်ဘဲ ဘာသာရေးကို အသုံးချ၍ ကြီးပွားချမ်းသာလိုသော၊ သြဇာထူထောင်လိုသော မည်သည့်ဘာသာရေးအသွင်ပုဂ္ဂိုလ်ကိုမျှ လက်မခံလိုမှုကို ဒီမိုကရေစီရရှိရေးတော်လှန်ရေးနှင့်အတူ ထူထောင်မှသာလျှင် နောင်သီတဂူများ မပေါ်ပေါက်အောင် တားမြစ်နိုင်မည်ဖြစ်သည်။

Thidagu_and_mah_2.Jpeg

၂၀၂၀ တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် သီတဂူဆရာတော် အရှင်ဉာဏိဿရ အာဏာသိမ်း စစ်ခေါင်းဆောင်တို့ကို ယှဉ်တွဲတွေ့ရစဉ်။ (ဓာတ်ပုံ - Myanmar Now)

၂၀၂၀ တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် သီတဂူဆရာတော် အရှင်ဉာဏိဿရ အာဏာသိမ်း စစ်ခေါင်းဆောင်တို့ကို ယှဉ်တွဲတွေ့ရစဉ်။ (ဓာတ်ပုံ - Myanmar Now)

ဆက်ဖတ်ရန် →
ဝမ်ပေါင်ကုမ္ပဏီစောင့် ရဲတပ်ရင်းကို လက်နက်ကြီး အလုံး၁၀၀ဖြင့် ပစ်ခတ်တိုက်ခိုက်

ဝမ်ပေါင်ကုမ္ပဏီစောင့် ရဲတပ်ရင်းကို လက်နက်ကြီး အလုံး၁၀၀ဖြင့် ပစ်ခတ်တိုက်ခိုက်

ကောင်းချစ်အောင်
ဇန်နဝါရီ ၅၊ ၂၀၂၃။

 
 
ယင်းမာပင်မြို့နယ်အတွင်းရှိ တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီကို‌ စောင့်ကြပ်ပေးနေသည့် ရဲတပ်ရင်း (၂၈)ကို ယနေ့ နံနက်တစ်နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ လက်နက် ကြီးအလုံးရေ ၁၀၀ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
အဆိုပါရဲတပ်ရင်းတွင်ခန့်မှန်းခြေအင်အား၂၀၀ ဝန်းကျင်ရှိပြီး မဟာမိတ်တပ်ဖွဲ့၇ဖွဲ့ပူးပေါင်းကာ ညသန်းခေါင်ကျော်အချိန်တွင် လက်နက်ကြီးအလုံးရေ ၁၀၀ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု National Revolutionary Guards (NRG)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
"ရဲတွေအိပ်မောကျနေချိန် တိုက်ခိုက်တာဆိုတော့ ထိခိုက်မှုများနိုင်တယ်"ဟု ၎င်းကပြောသည်။
မဟာမိတ်တပ်ဖွဲ့များပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည်ထိရောက်မှုရှိပြီး အဆောက်အဦးများအပေါ် အများကြီးကျရောက်ခဲ့ကြောင်း၊ တပ်ရင်းအတွင်း ငိုယိုသံတွေကြားရကြောင်း မြေပြင်ရဲဘော်တစ်ဦးကပြောသည်။
 
 


 
"ခေါင်မိုးပေါ် လက်နက်ကြီးကျသံတွေ ငိုယိုသံတွေ ဆူညံနေတာပဲ"ဟု အဆိုပါရဲဘော်ကပြောသည်။
ထို့အပြင်ရဲတပ်ရင်းအတွင်းမှ ပြန်လည်ပစ်ခတ် သောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မဟာမိတ်တပ်ဖွဲ့များအနေဖြင့် အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုတွင် နေ့လည် ၂နာရီ နောက်ဆုံးသိရသည့် အတွင်းသတင်းအရ ရဲတပ်သား၇ဦးခန့်ကျဆုံးခဲ့ပြီး အဆောက်အဦးနှင့် စာရွက်စာတမ်းများ ပျက်စီးခဲ့သည်ဟု သိရသည်။
"လက်နက်ကြီးတွေတအားသုံးတော့ ကုန်ကျစရိတ်အတော်များတယ်။ အခုတော့ ခဲယမ်းကျည် တွေလိုအပ်နေတယ် ကူညီပေးကြပါဦး"ဟု NRG ပြန်ကြားရေးတာဝန်ခံက တိုက်တွန်းပြောဆိုထားသည်။
ယင်းမာပင်မြို့နယ်အတွင်းရှိ ရဲတပ်ရင်း ၂၈သည် ‌နီးစပ်ရာရွာများကို စစ်ကြောင်းထိုးခြင်း၊ ပုသိမ်-မုံရွာလမ်းတစ်လျှောက် ဆက်ကြေးကောက်ခံခြင်း၊ တရုတ်ပိုင် ဝမ်ပေါင် ကုမ္ပဏီကို စောင့်ကြပ်ပေးနေခြင်းများ လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှသိရသည်။
****************************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
ဆက်ဖတ်ရန် →
လျှို့ဝှက်စာတွေ ပေါက်ကြားနေပြန်လို့ ပြည်နယ်/တိုင်း ညွှန်ကြားစာတွေမှာ အသားတံဆိပ်တွေ ထည့်သွင်းခိုင်းပြန်

လျှို့ဝှက်စာတွေ ပေါက်ကြားနေပြန်လို့ ပြည်နယ်/တိုင်း ညွှန်ကြားစာတွေမှာ အသားတံဆိပ်တွေ ထည့်သွင်းခိုင်းပြန်

ရန်ကုန်၊ ဇန်နဝါရီ ၆ ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်နေတဲ့ လျှို့ဝှက်စာတွေ ပေါက်ကြားမှု မဖြစ်စေဖို့ ပုံစံအမျိုးမျိုး နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်ခဲ့ပေမယ့်လည်း အခု အချိန်အထိ မထိန်းနိုင်တာမို့ ထပ်မံပြီး ပြည်နယ်/တိုင်း အသားတံဆိပ်တွေ စာတွေမှာ ထည့်သွင်းဖို့ ညွှန်ကြားပြန်ပါတယ်။ 

နေပြည်တော်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီက ပြည်နယ်/တိုင်းစစ်ကောင်စီ တွေ ကို လျှို့ဝှက် ညွှန်ကြားချက်တွေ ပေးပို့ရာမှာ စာတွေ မထိန်းနိုင်ဘဲ ပေါက် ကြားမှု တွေရှိနေတာလည်းဖြစ်ပါတယ်။ မူလက တိုင်း/ပြည်နယ်နဲ့ ဝန်ကြီး ဌာန ညွှန်ကြားတွေမှာ ကုတ်နံပါတ် ဂဏန်းတွေ လျှို့ဝှက် ထည့်သွင်း ပေးပို့ပေ မယ့် အဲဒီလို လျှို့ဝှက်ဂဏန်းတွေ ထည့်သွင်းခိုင်းတယ်ဆိုတဲ့ သတင်းကလည်း ပေါက်ကြားခဲ့ပါတယ်။ 

ခေတ်သစ်သတင်းဌာနက  သတင်းဖော်ပြခဲ့တဲ့ လျှို့ဝှက်ပေါက်ကြားစာတွေမှာ  လျှို့ဝှက်ကုတ်ဂဏန်းတွေကို ဖယ်ရှားပြီး တင်ပြခဲ့တဲ့နောက်ပိုင်းမှာ အခုလို အသားတံဆိပ် ထည့်သွင်းဖို့ ညွှန်ကြားချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ 

လျှို့ဝှက်ညွှန်ကြားစာတွေမှာ ညွှန်ကြားခံရတဲ့ ပြည်နယ်/တိုင်း အသားတံဆိပ် ထည့်သွင်းခြင်းက ပေါက်ကြားတဲ့ ပြည်နယ်/တိုင်းစစ်ကောင်စီဌာနတွေကို ခြေရာခံနိုင်အောင်ဖြစ်တယ်လို့ သိရပါတယ်။ 

"အမိန့်စာတွေ၊ ညွှန်ကြားစာတွေ သတင်းပေါက်ကြားမှု ရှိခဲ့ရင် ပေါက်ကြား တဲ့တိုင်း/ပြည်နယ် သိရအောင် အောင် အောက်ခံ  အသားတံဆိပ်တွေတပ် ပေးပို့ရန် စစ်ကောင်စီကညွှန်ကြားတာပါ။ ဥပမာ ရန်ကုန်ဆိုရင် စာရွက်အပြည့် ဘေးတိုက် YGN စာလုံးပါမယ်" လို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါ တယ်။ 

စစ်ကောင်စီအနေနဲ့ ဖရဲသီးပပျောက်ရေး ဆိုပြီး စီမံချက်တွေ လုပ်ဆောင်နေ ပေမယ့်လည်း သတင်းအချက်အလက်နဲ့ လျှို့ဝှက်စာတွေ ပေါက်ကြားမှုကို အာဏာသိမ်းမှု ၂ နှစ်တာ ကာလအတွင်း ထိန်းသိမ်းနိုင်ခြင်းမရှိသေးပါဘူး။



ဆက်ဖတ်ရန် →
တိုက်လေယာဉ် အတက်အဆင်း သ တင်း များပေါက်ကြား၍   လေကြောင်းစစ်ဆင်ရေးများကို နေပြည်တော် အေလာ လေတပ်သို့    ပြောင်းရွှေ့

တိုက်လေယာဉ် အတက်အဆင်း သ တင်း များပေါက်ကြား၍ လေကြောင်းစစ်ဆင်ရေးများကို နေပြည်တော် အေလာ လေတပ်သို့ ပြောင်းရွှေ့



အမှတ် ၆၂ YAK-130 တိုက်ခိုက်ရေးအုပ်မှ ပိုင်းလော့များ၏လျှို့ဝှက် အမည် များကို ယက္ခ မှ စစ်မင်း ဟု ပြောင်းလဲ၊ တိုက်လေယာဉ် အတက်အဆင်း သ တင်း များပေါက်ကြား၍   လေကြောင်းစစ်ဆင်ရေးများကို နေပြည်တော် အေလာ လေတပ်သို့    ပြောင်းရွှေ့ 


ရန်ကုန်၊  ဇန်နဝါရီ ၆ ခေတ်သစ်မီဒီယာ

အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တိုင်းရင်းသားနယ်မြေများနှင့် စစ်ကိုင်း၊ မကွေး၊ ပဲခူးကဲ့သို့သော တိုင်းဒေသကြီးများကို အဆက်မပြတ် ဗုံးကျဲ နေသည့် အမှတ် ၆၂ Yak-130 တိုက်ခိုက်ရေးလေယာဉ်အုပ်စုမှ ပိုင်း လော့များ ၏ လျှို့ဝှက် အမည်များကို ယက္ခမှ စစ်မင်းသို့ ပြောင်းလဲ လိုက်ကြောင်း သိရှိရ သည်။ 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှ Yak-130 လေယာဉ်မှူးများ၏ အမည်များကို ယက္ခဟု ပြောင်းလဲခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် လျှို့ဝှက် အမိန့်စာ ပေါက်ကြားခဲ့သဖြင့် ယက္ခ အမည်ဝှက်များကို စစ်မင်း အမည်ဝှက်အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ထို့ပြင် တံတားဦးလေတပ်၊ အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှ Yak-130 မှ ပိုင်း လော့များကို ယခင်က မှော်ဘီသို့ စစ် ဆင် ရေးအဖြစ် လအလိုက် အလှည့် တာဝန်ရွှေ့ပြောင်းထမ်းဆောင်းခိုင်းရာမှ ယခုရက်ပိုင်းအတွင်း မှော်ဘီအစား  နေပြည်တော်၊ အေလာသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခိုင်းကြောင်း သိရှိရသည်။ 

"အခုက ဗျူဟာပြောင်းတယ် အရင် စစ်ဆင်ရေးအတွက်  မှော်ဘီလေတပ်ကို ၃ လ ၁ ကြိမ် သွားရတာ။ Yak-130 အဖွဲ့ ၆၂ အုပ်က။ အခုတော့ စစ်ဆင်ရေး ၃ လ ၁ ကြိမ်ကို အလှည့်ကျကို နေပြည်တော်၊ အေလာကို စစ်ဆင်ရေး ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခိုင်းတယ်။ မှော်ဘီမသွားရတော့ဘူး။ မှော်ဘီကို စိတ်မချ တော့ဘူး။ အခုက တံတားဦးကနေ တိုက်ရိုက် စစ်ဆင်ရေးနေရာကို မသွားဘူး။ ဒီဘက်က လေယာဉ်တက်တာနဲ့ သတင်းပေါက်နေလို့ဆိုပြီး အေ လာ ဘက်ကို  ဝင်ပြီးမှ စစ်ဆင်ရေးနေရာကို သွားတယ်။ အပြန်လည်း တိုက်ရိုက် ပြန်မလာဘူး။ အေလာကို ဝင်ပြီးမှ ပြန်လာတယ်" ဟု နေပြည်တော် လေတပ် သတင်း ရင်းမြစ် က ပြောသည်။ 
 
တံတားဦးအခြေစိုက် Yak-130 တိုက်ခိုက်ရေးလေယာဉ် အမှတ် ၆၂ တိုက်ခိုက် ရေး အုပ်မှူးမှာ-ဗိုလ်မှူး  ရဲဇော်နိုင်ဖြစ်ပြီး ကချင်ပြည်နယ်၊ ဖားကန့်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ လူပေါင်းရာချီသေဆုံးခဲ့သော လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကို  တိုက်ခိုက်ဆောင်ရွက်ခဲ့သော စစ်လေယာဉ်မောင်း ပိုင်းလော့ အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှူးအဖွဲ့မှ ဖြစ်ကြောင်း  သိရှိရသည်။




ဆက်ဖတ်ရန် →
ဂျပုက အတော် ဆိုက်ကိုဖောက်နေသတဲ့

ဂျပုက အတော် ဆိုက်ကိုဖောက်နေသတဲ့

  

ဂျပုအကြောင်း အတွင်းသတင်း ရထားတယ်။ ဂျပုက အတော် ဆိုက်ကိုဖောက်နေသတဲ့။ ဟိုတခေါက်က သူ့ကားတန်းကို ရထားတိုက်မိမလို ဖြစ်တဲ့ကိစ္စလေ… သူ့ကို လုပ်ကြံတာလားချည်း ကြောက်လန့်တကြား မေးတာတဲ့။ ဘာသံကြားကြား သူ့လုပ်ကြံတော့မယ်ပဲ ထင်နေသတဲ့။ 

တိုက်ပွဲသတင်းတွေဆို ရှုံးတဲ့သတင်း သူ့ဆီ ပို့လို့မရဘူး။ ပို့ရင် ဖိုင်တွဲနဲ့ ကောက်ပေါက်တာတဲ့။ သူ့အောက်က ခပ်ကြီးကြီးအကောင်တွေလည်း ရာထူးပြုတ်မှာကြောက်ပြီး နိုင်ပါတယ်ဆိုပြီး သတင်းအင်ထုပြီး တင်နေရသတဲ့။ 

TNLA ကိစ္စတုန်းက ဂျပုက အင်အနိုင် Reportတွေ ထိုင်ဖတ်၊ ကွန်ဖီးဒန့်လယ်ဗယ်တွေ ဆိုးဟိုက်ပြီး ဝင်တိုက်ခိုင်းတာတဲ့။ တင်နီလာအေးထိရင် သာကောနဲ့ မျက်နှာပျက်မယ်ဆိုတာ သိတယ်။ ဒါပေမယ့် ဂျပုအောက်က ကောင်တွေ မျက်နှာလိုမျက်နှာရနဲ့ ဖောထားတာက PDFတွေဆီပို့မယ် လက်နက်တိုက်ကို သတင်းရထားတယ်ဆိုပြီး ဖောထားတာ။ ဂျပုလည်း သာကောကို ဒီလက်နက်တိုက်ပြပြီး ဒါ့ကြောင့်ဝင်တိုက်တာပါဆိုပြီး ချော့မယ်ပေါ့။ 

အဘ… မြေပြင်က သွားလို့တော့ မရဘူးဆိုတော့ လေယာဉ်နဲ့ လူချကွာဆိုပြီး ရက်ရောတာ။ အကောင်၂၀၀ သတ်ကွင်းထဲမှာ ပိတ်မိရော။ ဒွမ်ကုန်တာ သောက်သောက်လဲ။ တင်နီလာအေးက ငါနယ်မြေဟဲ့ဆိုပြီး ဘယ်ပြန်ညာပြန်ဘေတာ။ 

အောက်မှာသာ ၂၀၀ လောက် ကြွကုန်တာ။ ဂျပုဆီတင်တဲ့ Report မှာ သူ့အောက်ကကောင်တွေက ဖိုင်တွဲနဲ့ ထုခံရမှာကြောက်ပြီး လက်နက်တိုက်ရတော့မယ်ဆိုပြီး ဆက်ဖောထား။ ဂျပုက ဓါတ်ပုံတောင်းတော့ ကြံရာမရဖြစ်ပြီး ရှိတဲ့လက်နက်တွေ စုပုံဓါတ်ပုံရိုက်ပြီး PDF တွေရဲ့လက်နက်တွေပါဆိုပြီး ဂျပုကို ပြန်ပြတာ။

Report အလိမ်နဲ့  ဘရိတ်ပေါက်နေတဲ့ ဂျပုက မီဒီယာမှာ ထုတ်ရှိုးကွာဆိုပြီး မီဒီယာမှာ ဓါတ်ပုံလိမ်ကြီးတင်။ ဘယ်PDF ရဲ့ ပစ္စည်းမှလည်း မဟုတ်၊ ကရင်နီကလည်း မသိ၊ စစ်ကိုင်းကလည်း ဘာလားပေါ့။

သတိထားမိလိုက်ကြလား။ TNLA စာထုတ်ပြီး ဒီလက်နက်တွေက TNLA ဆီကလက်နက်တွေ မဟုတ်ဘူးဆိုပြီး ပေါ်တင် စောက်ရှက်ခွဲတာ။ ဂျပုလည်း ဂျောက်ဂျက်တွေကွဲ ဒေါက်ဖိနပ်တွေပြဲပြီး ပြန်ငြိမ်သွား။ 

အခုလည်း ကြာအင်းဆိတ်ကြီးမှာ အကောင်ရာချီဒွမ်တာကို ဖုံးပြီး ဂျပုဆီ PDF  အယောက်၂၀၀၀ ကျပါတယ် ပြောပြီး Report လိမ်တင်နေလောက်ပြီ။ 

အမှန်လေး ဘာလေး Reportတင်ပေးလိုက်ကြပါ ဂေါင်းကြီးတို့ရဲ့။ နင်တို့ပထွေး ဖိုင်တွဲနဲ့ ကောက်မထုနိုင်ဘဲ ဦးနှောက်သွေးကြောပြတ်သွားအောင်။ 

အဟစ်ဟစ်

(ပန်ဆယ်လို)
ဆက်ဖတ်ရန် →
ဂျပန်မှာ မင်းအောင်လှိုင်အတင်းပြောခံရ

ဂျပန်မှာ မင်းအောင်လှိုင်အတင်းပြောခံရ

❝၂၀၂၀ ခုနှစ် ကျနော် အငြိမ်းစားယူပြီးရင် သမ္မတလုပ်ချင်လို့ တစ်ကြိမ်လောက်ကူညီပေးပါ❞ တဲ့— မင်းအောင်လှိုင်ကအဲ့ဒီ့လိုပြောတာ။


အဲ့တုန်းက မင်းအောင်လှိုင်နဲ့ အဖွဲ့က  ဂျပန်နိုင်ငံကို သွားပြီးနိပွန်ဖောင်ဒေးရှင်းကကျင်းပတဲ့ ပွဲကိုသွားတက်တာ။ အဲ့ပွဲကို မင်းအောင်လှိုင်နဲ့ အဖွဲ့ကလာတော့ ကြိုဆိုပွဲလုပ်ကြတာပေါ့။ ဂျပန်မြန်မာအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe (မစ္စတာ ဟီဒီယို ဝါတာနာဘေး) လည်း တက်တယ်။


အခမ်းအနားပြီးတော့ မင်းအောင်လှိုင်က မစ္စတာ ဟီဒီယို ဝါတာနာဘေး နဲ့ Mr. Yohei Sasakawa (ရောဟဲ ဆာဆာကာဝါ) အဲ့ဒီလိုပြောချလိုက်တာ။


❝ သမ္မတလုပ်ချင်လို့ တစ်ကြိမ်လောက်ကူညီပေးပါ❞ ဆိုပြီး— 


မင်းအောင်လှိုင်က အဲ့လိုကြီး ဆိုင်းမဆင့်ဗုံမဆင့် ရုတ်တရက်ပြောလိုက်တော့ ဟို ဂျပန်နှစ်ယောက်လဲ အံတွေဩကုန်တာ။


Mr. Watanabe က—  "ဒုသမ္မတကို စစ်တပ်အထဲကနေ ရွေးချယ်မှာမဟုတ်လား၊  ဒု-သမ္မတရာထူးနဲ့ မလုံလောက်သေးဘူးလား" လို့ တောင်ပြန်မေးခဲ့သေးတယ်တဲ့။


မင်းအောင်လှိုင်ယုံကြည်တဲ့ Mr. Watanabe ကပဲ အတွင်းလူတွေကို အတင်းတွေပြန်ပြောလို့ နိုင်ငံရေးဘက်က ဂျပန် အတော်များများသိကြတာ။ 


နံရံတွေမှာ နားရှိတယ်။


မရွှေမိုး-ကိုရီးယား

January 5th,2023.

စစ်ခွေးနိဂုံး— နှစ်ထောင့်နှစ်ဆယ့် |||


Reference— ဂျပန်နိုင်ငံမှာလက်ရှိနေထိုင်တဲ့ ကိုမျိုးမြင့်ဆွေက အချက်အလက်တွေစုဆောင်းပေးတာဖြစ်ပါတယ်။



ဆက်ဖတ်ရန် →
၂၀၂၂ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်များစာရင်းတွင် ဦးဖြိုးဇေယျာသော် ပါဝင်

၂၀၂၂ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်များစာရင်းတွင် ဦးဖြိုးဇေယျာသော် ပါဝင်


ဧရာဝတီ ၊ ဇန်နဝါရီ  ၅ ၊ ၂၀၂၃ ။
 
အမေရိကန်အခြေစိုက် နိုင်ငံတကာနှင့် နိုင်ငံခြားရေးမူဝါဒများကို လေ့လာနေသည့် Council on Foreign Relations အဖွဲ့မှ ထုတ်ပြန်သည့် ၂၀၂၂ ခုနှစ်အတွင်း သေဆုံးကွယ်လွန်ခဲ့သည့် ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်များ၏စာရင်းတွင် ဦးဖြိုးဇေယျာသော်ကို ထည့်သွင်း ဖော်ပြထားသည်။
 
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် ထိပ်တန်းပုဂ္ဂိုလ် ၁၀ ယောက်၏ စာရင်းထဲတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၊ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ၊ တရုတ်သမ္မတဟောင်း ကျန်ဇီမင်းစသည့် နိုင်ငံ့ခေါင်းဆောင်များနှင့်အတူ ဦးဖြိုးဇေယျာသော်ကို ထည့်သွင်း ဖော်ပြခြင်း ဖြစ်သည်။
 
ဦးဖြိုးဇေယျာသော်အား  နိုင်ငံရေးသမား ၊ ဟစ်ဟော့အဆိုတော် ၊ လွှတ်တော်ကိုယ်စားလှယ် ၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူအဖြစ် ထိပ်တန်းပုဂ္ဂိုလ် ၁၀ ယောက်၏ နံပါတ် ၆ ယောက်နေရာတွင် ဖော်ပြထားသည်။ ယခင်ကာလတည်းကပင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော ဦးဖြိုးဇေယျာသော်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ပြီးနောက်  Generation Wave  ဟုခေါ်သော မျိုးဆက်သစ်လူငယ်များ အစည်းအရုံးကို တည်ထောင်သူထဲတွင် တဦးအပါအဝင် ဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။
 
ဟစ်ဟော့ဂီတအဖွဲ့ ACID ၏အဖွဲ့ဝင်လည်းဖြစ်၊ NLD ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သည့် ဦးဖြိုးဇေယျာသော်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကျော်မင်းယု (ခေါ်)ကိုဂျင်မီတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးကို အာဆီယံ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ တို့မှ ကန့်ကွက်နေသည့်ကြားက ၂၀၂၂ ခုနှစ် ဇူလိုင် ၂၅ ရက်နေ့တွင် ကြိုးပေးကွပ်မျက်ခဲ့ကြကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းစာများမှတဆင့် ထုတ်ပြန်ခဲ့သည်။ 

#WhatsHappeningInMyanmar
#RejectMilitaryCoup



ဆက်ဖတ်ရန် →

ALP စစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင်သုံးဦး သတ်ဖြတ်ခံရမှု ULA/AA လက်ချက်မဟုတ်ဟု ငြင်းဆို

MPA by MPA
 

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) မှ စစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင်သုံးဦး သတ်ဖြတ်ခံရခြင်းသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ၏ လက်ချက်ဖြစ်ကြောင်း ALP က ဇန်နဝါရီလ ၅ ရက်၊ ယနေ့တွင် ကြေညာစွပ်စွဲထားသည်။

အဆိုပါ ကြေညာချက်ထုတ် စွပ်စွဲထားပြောဆိုချက်မှာ အခြေအမြစ်မရှိသည့် စွပ်စွဲချက်သာဖြစ်ကြောင်း ULA/AA က တုံ့ပြန် ငြင်းဆိုထားသည်။

” ဒီလိုကျနော်တို့ကို နာမည်ထုတ်ပြီးတော့ အခြေအမြစ်မရှိ စွပ်စွဲတာကတော့ နာမည်သေနေတဲ့ သူတို့ ALP ကို နာမည်ကြီးအောင်လုပ်ချင်လို့ လုပ်တာလည်းဖြစ်နိုင်ပါတယ်” ဟု ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူခိုင်သုခက MPA သို့ ပြောသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဇန်နဝါရီလ ၄ ရက်၊ မနေ့က ပြည်နယ်စစ်ကောင်စီကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ALP မှ တက်ရောက်ခဲ့ကြသည်။

ထိုပွဲမှပြန်လာစဥ် ALP မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီးခိုင်ကျော်စိုးနှင့် ဗိုလ်ကြီးခိုင်သူရိန္ဒတို့မှာ ကားလမ်းပေါ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ကားပေါ်တွင် သေဆုံးသွားခဲ့သည်။

ထိုကဲ့သို့ အကြမ်းလုပ်ကြံသတ်ဖြတ်ခံရခြင်းမှာ ULA/AA ၏ လက်ချက်ဖြစ်ကြောင်း ဇန်နဝါရီလ ၅ ရက်၊ ယနေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ထုတ်ပြန်ကြေညာခဲ့သည်။

” နောက်တစ်ခုကတော့ သူတို့ ALP အချင်းချင်း နှစ်ဖွဲ့ကွဲပြီးတော့ တစ်ဘက်နဲ့တစ်ဘက် တိုက်ခိုက်နေကြတာတွေ၊ နောက်ပြီးရင် နေပြည်တော်ကို အစည်းအဝေး သွားမယ်ဆိုရင်တောင်မှ နှစ်ဖွဲ့ လုနေကြတဲ့ အခြေအနေတွေ အဲဒီလိုဟာမျိုးတွေ ရှိပါတယ်” ဟု ခိုင်သုခက ဆက်ပြောသည်။

” ULA/AA က မိမိတို့ ပါတီ/တပ်မတော်မှ ခေါင်းဆောင်းများ၊ ပါတီဝင်များနှင့် တပ်ဖွဲ့ဝင်များအား ဖမ်းဆီးနှိပ်စက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းတို့ကို ပြုလုပ်လျှက်ရှိသည်သာမက ရခိုင်နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ၊ ပါတီဝင်များ၊ အပြစ်မဲ့ ရဟန်း၊ သံဃာများနှင့် ပြည်သူများပါမချန် ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်ခြင်းများ၊ လုပ်ကြံသတ်ဖြတ်ခြင်းများကို ဆက်တိုင်းပြုလုပ်နေခြင်းအတွက် တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” လည်း ALP ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

” နောက်တစ်ခု စဉ်းစားစရာကတော့ အခြားအင်အားစုတစ်ခုခုကလည်း ပြဿနာရှုပ်ထွေးအောင် ဖန်တီးချင်တာကြောင့် ဒီလိုသတ်ဖြတ်တာတွေလည်း ရှိနိုင်ပါတယ်။ ဒီလိုအရှုပ်ထုပ်တွေကြားမှာ ဘယ်သူက ဘယ်လိုလုပ်သွားမှန်း မသိတဲ့အတွက်ကြောင့် ကျနော်တို့ ULA / AA အနေနဲ့ ဒီကိစ္စကို မှတ်ချက်ပေးစရာမရှိပါဘူး” ဟု ခိုင်သုခက ဆိုသည်။

ALP တပ်ဖွဲ့ဝင်များအား ULA/AA က ရခိုင်အမျိုးသားအချင်းချင်းအကြား လူသားမဆန် အကြမ်းဖက်လုပ်ကြံခြင်းသည် ရခိုင်တစ်မျိုးသားလုံးစည်လုံးညီညွတ်ရေးကို ထိခိုက်ပျက်စီးစေသည်သာမက ရခိုင်ပြည်သူများကိုပါ တုန်လှုပ်ခြောက်ခြားစေသည့်အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ALP က ဆိုထားသည်။

Link - —-https://mpapress.com/%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8/15782/?fbclid=IwAR0xr6bnLcU3nwQPo6_ydwbpT6IPRjRzuQ3arR9plzJT7m2sLRMufz0pu64

ဆက်ဖတ်ရန် →
မင်းအောင်လှိုင်၊ မဘသ၊ အမျိုးသားရေး အစွန်းရောက်၊ အယောင်ဆောင် သင်္ကန်း ဝတ်များ နှင့်  အဖွဲ့များ၏ စစ်အာဏာသိမ်းရေး ဆက်နွယ် လှုပ်ရှား မှုများ ကို ဖော်ထုတ်ခြင်း

မင်းအောင်လှိုင်၊ မဘသ၊ အမျိုးသားရေး အစွန်းရောက်၊ အယောင်ဆောင် သင်္ကန်း ဝတ်များ နှင့် အဖွဲ့များ၏ စစ်အာဏာသိမ်းရေး ဆက်နွယ် လှုပ်ရှား မှုများ ကို ဖော်ထုတ်ခြင်း

By ဘမောင်. ခေတ်သစ်မီဒီယာ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းရန် စစ်တပ်၊ မဘ သ၊ အစွန်းရောက် အမျိုးသားရေးသမားများ၊ အယောင်ဆောင်သင်္ကန်းဝတ်များ၊ အစွန်းရောက် နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများအကြား ဟန် ချက် ညီညီ လုပ်ဆောင် အာဏာသိမ်းခဲ့ကြောင်း ၎င်းတို့လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် လေ့လာမှု စစ်တမ်းများအရ သိရှိရသည်။ 

စစ်တပ်နှင့် မဘသ အဖွဲ့အစည်း၊ အမျိုးသားရေးအစွန်းရောက်များ၏ ဆက်စပ် ပတ်သက်မှုများကို ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပပြီး နောက် ပိုင်းကာလများအတွင်း ပိုမိုတွေ့ရှိခဲ့ရပြီး ၂၀၂၀ ဒီဇင်ဘာ ၂၃ရက်နေ့တွင် မင်းအောင် လှိုင်က မဘသ ဥက္ကဋ္ဌ တိလောကဘိဝံသ ၏ ကျောင်းတိုက်သို့ သွား ရောက်တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး အလှူငွေ သိန်း(၅၀၀) လှူဒါန်းခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

 အမျိုးသားရေး အဖွဲ့အစည်းများနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ အတည် ပြုခဲ့သည့် သတင်းအချက်အလက်များအရ “မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်တပ်မှ တိုင်းပြည်အာဏာအား သိမ်းယူရန် စီစဉ်နေကြောင်းနှင့် အာဏာသိမ်းယူရေးအစီအစဉ်များအား မဘသ ဥက္ကဌဟောင်း တိလောက ဘိဝံသ နှင့် မဘသ ဒုဥက္ကဌဟောင်း သီတဂူဆရာတော် အရှင်ဉာဏိဿရ တို့က ကြိုတင်သိရှိခဲ့ကြောင်း” ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ 

ထို့အတူ စစ်တပ်မှ အာဏာသိမ်းမည့် အကြောင်းအရာအား အစွန်းရောက် အမျိုးသားရေးလှုပ်ရှားသူများမှလည်း ကြိုတင် သိရှိခဲ့ကြသည်။ 

အဆိုပါ ရက်ပိုင်းများတွင် အမျိုးသားရေးအစွန်းရောက်များမှ ဦးဆောင်၍ ရွေးကောက် ပွဲကော်မရှင်ကို ဆန့်ကျင်ကြောင်း ၊ တပ်မတော်ကို ထောက်ခံ ကြောင်း ဆန္ဒပြပွဲများစွာအား ပြုလုပ်ခဲ့ကြသည်။ 

ထိုသို့ အမျိုးသားရေးအစွန်းရောက်များ၏ ဆန္ဒပြမှုဖြစ်စဥ်များအား အသုံးပြု ကာ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာတို့ကို မင်းအောင်လှိုင် ထံလွဲပြောင်းကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ မြန်မာစစ်တပ်မှတိုက်ရိုက်ခန့်အပ်သည့် ဒုသမ္မတ ဦးမြင့်ဆွေ၏ လက်မှတ်ဖြင့် အမိန့်အမှတ်(၁/၂၀၂၁)အား ထုတ်ပြန်ခဲ့သည်။ 

ထို့ကာလများတွင် စစ်တပ်ဝါဒဖြန့်ချီရေးမီဒီယာတခုဖြစ်သည့် မြဝတီ သတင်းစာ မှလည်း “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက် ချက်များနှင့် ပတ်သက်၍ ၁၀.၁၁.၂၀၂၀ ရက်နေ့မှ ၂၉.၁.၂၀၂၁ ရက်နေ့အထိ မြို့နယ် ၉၉ မြို့နယ်၌ ဆန္ဒဖော်ထုတ်မှု ၁၂၄ ကြိမ် ပြုလုပ်ခဲ့သည်ကို တွေ့ရှိရ ပါကြောင်း” ထုတ်ပြန်ခဲ့သည်။ 

အဆိုပါ ဆန္ဒထုတ်ဖော်မှုများအား အဓိက ဦးဆောင်သူများ နှင့် ပါဝင် ပတ်သက်ဝန်းရံခဲ့ကြသူများမှာ အမျိုးသားရေးအစွန်းရောက်များ သာဖြစ် ကြသည်။ 

အဓိက ဦးဆောင်သူများနှင့် ပါဝင်ခဲ့ကြသူများမှာ မိုက်ကယ်ကျော်မြင့် ၊ တင့် လွင် ၊ ဒေါ်ခင်ဝိုင်းကြည် ၊ ကျောက်ခဲ ၊ မင်းမင်း (MNO အတွင်း‌ရေးမှူး) ၊ ဝင်းကို ကိုလတ် ၊ ဦးပါမောက္ခ(မကွေးကျောင် းတိုက်)၊ ဝီရတေဇော၊ ကန်ညီနောင် ကြာတပွင့်ဆရာတော်၊ ဦးတေဇဝန္ဒ ၊ ဦးဇနိယ ၊ ဦးတေဇောဘာသ ၊ဦးပညာဝံသ ၊ အဂ္ဂဓဇ (တောင်သာလေး ဆရာတော်)၊ ဝင်းမော်(ရွှေသံစဉ်) ၊ လမ်းမတော် မုတ်ဆိတ် ၊ တင်မောင်စန်း ၊ သက်မျိုးဦး ၊ ကျော်မျိုးသက်၊  တင်လင်းထိုက်၊ ကျော်မျိုးဆွေ၊ စောကြယ်ဖြူ၊ သီဟဇော်၊ အေးလေး(မေဘရဏီ)၊ ဇော်ဝင်း (ဥက္ကလာပမင်းကြီး) စသူတို့ဖြစ်ကြပြီး ၊ အမျိုးသားရေးအစွန်းရောက် အဖွဲ့ အစည်းများဖြစ်သည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ၊ သာသန အကျိုးပြု အင်အားစုကွန်ရက်၊ မျိုးစောင့်လူငယ်ကွန်ရက်၊ မျိုးချစ်မြန်မာရဟန်း တော်များသမဂ္ဂ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသားရေးအဖွဲ့အစည်း (MNO) ၊ အမျိုးသားလုံခြုံရေးလူမှုကွန်ရက်-ဗဟို (NSS) ၊ တပ်မတော် ချစ်မြတ်နိုး သူများအဖွဲ့၊ နယ်စည်းမခြားအမျိုးသားရေးညီနောင်များအင်အားစု၊ ဧရာဝတီ အမျိုးသားညွန့်ပေါင်း အဖွဲ့ ၊ မြန်မာနိုင်ငံရေးကွန်ရက် ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ် နှင့် ပါတီများဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုး တိုးတက်ရေးပါတီ ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အခြေခံ လူတန်းစားဘဝမြင့်မား တိုးတက်ရေးပါတီ ၊ ပြည်သူ့ရှေ့ဆောင်ပါတီ ၊ အမျိုး သား ဒီမိုကရေစီအင်အားစုပါတီနှင့် အမျိုးသားဒီမိုကရေစီ ပါတီသစ်  တို့ဖြစ်ကြောင်း လေ့လာမှုများအရ သိရှိရသည်။ 

အဆိုပါဆန္ဒထုတ်ဖော်ပွဲများကို ပြုလုပ်ရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် မင်းကင်းမောင်မြင့်က အမျိုး သား ရေးအစွန်းရောက်များအတွက် ပေးအပ်ထားသည့် ရန်ကုန်မြို့ ၊ ၁၅၄ လမ်းတွင်ဖွင့်လှစ်ထားသည့် မျိုးချစ်တို့ဆုံရပ်အမည်ရှိ တိုက်ခန်းတွင် လည်း ကောင်း ၊ ဗဟန်းကြားတောရရှိ ဦးသာသနကျောင်း (မျိုးချစ် ရဟန်းတော် များသမဂ္ဂ-ရန်ကုန် အခြေစိုက်သည့်ကျောင်း) တွင်လည်းကောင်း အဓိက စုရုံးခဲ့ကြသည်။ 

 အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားရေးအစွန်းရောက်များမှ ဦးဆောင်၍ ပုံသဏ္ဉာန်မျိုးစုံဖြင့် အဖွဲ့သစ်များစွာ ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ 

ထိုအဖွဲ့များမှာ ရပ်ထဲရွာထဲသတင်းပေးအဖွဲ့အစည်းမှသည် လက်နက် ကိုင်ဆောင်သည့် သွေးသောက်၊ ပျူစောထီး ၊ ပြည်သူ့စစ်အဖွဲ့အထိ ပုံစံမျိုးစုံ ဖြင့် ဖွဲ့စည်းခဲ့ကြသည်။ 

ဖွဲ့စည်းရာတွင်လည်း ယခင်ရှိနှင့်နေပြီးသား အဖွဲ့အစည်းအမည်များအား အသုံးမပြုပဲ အမည်သစ်များဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့ကြသည်။ ထိုသို့ပြု လုပ်ရခြင်းမှာ စစ်ကောင်စီနှင့် ပတ်သတ်၍ ပေါ်ပေါ်ထင်ထင် ထောက်ခံလိုခြင်း၊ စစ်ကောင်စီအား ဆန့်ကျင်နေသည့် ပြည်သူလူထုအား အကြမ်းဖက် နည်း လမ်းများ အသုံးပြုကာ တုံ့ပြန့် ဆောင်ရွက်လိုခြင်းတို့ကြောင့် ဖြစ်သည်။ 

ထိုမှသာ ၎င်းတို့၏ အတိတ်တွင် ပြုလုပ်ခဲ့သည့် အစွန်းရောက် အမျိုးသားရေး လုပ်ငန်းများ၊ ဘာသာရေးလုပ်ငန်းများနှင့် ၎င်းတို့လက်ရှိလုပ်ဆောင်နေသည့် အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ရေးလုပ်ငန်းတို့အား ပြည်သူလူထုအနေဖြင့် ချိတ်ဆက်သက်သေပြသဖို့အတွက် ခက်ခဲသွားစေရန် ရည်ရွယ်ပုံရသည်။ 

၉၆၉ လှုပ်ရှားမှုများနှင့် အမျိုးသားရေးအစွန်းရောက်လှုပ်ရှားမှုများ အားကောင်း ခဲ့သည့် အချိန်ကာလများဖြစ်သည့် ၂၀၁၃/၂၀၁၄/၂၀၁၅ ကာလများတွင် မြို့ကြီး များရှိ ဗုဒ္ဓဘာသာဝင်ရဟန်းများသည် ဗုဒ္ဓဘာသာပြန့်ပွားရေးနှင့် သာသနာပြု ကြရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် အခြားလူနည်းစုဘာသာဝင် များရှိရာ ကျေးရွာများသို့ သွားရောက် ကာ ဘာသာရေးအရ ၊ ဓမ္မစက်အရ လွှမ်းမိုးမှုများ ကို  ပြုလုပ်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ 

ကန့်ဘလူမြို့နယ် မှော်တောကျေးရွာ၊ သာသနာ့အလင်းရောင်ကျောင်းတိုက်ရှိ ၅၅၀ ဆရာတော် (ခ) ဦးဝါသဝ ၊ ဦးဝီရရာဇာ၊ ဦးပဏ္ဍိတ(ခ) တက်ခေတ် ဗန်းမော် နှင့် ကန့်ဘလူမြို့နယ်၊ တောက်ကရှပ်ရွာ ဆရာတော် ဦးပညာသာမိ တို့သည် စစ်ကိုင်းတိုင်း ခင်ဦး၊ ကန့်ဘလူ၊ ကျွန်းလှနဲ့ တန့်ဆည် စသည့် မြို့နယ် များ တွင် ပြည်သူ့စစ်အမည်ခံပျုစောထီးအဖွဲ့တွေကို ဦးဆောင်ဖွဲ့စည်း နေသူများ ဖြစ်ကြသည်။ 

စစ်ကိုင်းတိုင်းအတွင်း ပျူစောထီးများမှ ပြည်သူ့စစ်များအဖြစ် ဖွဲ့စည်း လျက် ရှိသည့် ကျေးရွာများနှင့် နီးစပ်ရာ ကျေးရွာအများစုသည် အမျိုးသားရေး အစွန်းရောက်အဖွဲ့အစည်းဖြစ်သော မ.ဘ.သ အဖွဲ့ဝင်ဘုန်းကြီးများ ရောက် ရှိနေကြသည့် ကျေးရွာများ ဖြစ်သည်ကို တွေ့ရှိရသည်။ 

အဆိုပါ ပြည်သူ့စစ်များ ဖွဲ့စည်းခြင်းသည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(PDF) ပူးတွဲစစ်ကြောင်းများ ကချင် ပြည်နယ်မှ စစ်ကိုင်းတိုင်းအတွင်း ဝင်ရောက်လာသည့် စစ်ဆင်ရေး စစ်ကြောင်း များကို ပြန်လည်ခုခံတိုက်ခိုက်နိုင်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။  

ပြည်သူ့စစ်များ ဖွဲ့စည်းရာတွင် စည်းရုံးပြောဆိုမှုများသည် အစွန်းရောက် မ.ဘ.သ ဘုန်းတော်ကြီးများဖြစ်သည့်အားလျော်စွာ စစ်ကောင်စီက ဘာသာ သာသနာကို ကာကွယ်နေကြောင်း၊ ခရစ်ယာန်ဘာသာဝင်များဖြစ်သည့် (KIA) သည် PDF များအား ဗုဒ္ဓဘာသာအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက် ခိုက်ကြရန် စေခိုင်းမှုများရှိကြောင်း၊ စစ်ကောင်စီတပ်နှင့် ပြည်သူစစ်များသည် ဗုဒ္ဓဘာသာကို မပျောက်ကွယ်သွားရန် ကာကွယ်နေကြသည့် “ဗုဒ္ဓ၏ စစ် သည်တော်” များ ဖြစ်ကြောင်း နိုင်ငံရေးအရ ဖြစ်ပွားခဲ့သည့် လက်နက် ကိုင် ပဋိပက္ခ များကို ဘာသာရေးအား ခုတုံးလုပ်ကာ စည်းရုံးပြောဆိုခဲ့ မှုများ အား တွေ့ရှိခဲ့ရသည်။ 

 မ.ဘ.သ အဖွဲ့ဝင်  ဘုန်းကြီးများ ဖြစ်ကြသည့် ဝီရသူ ၊ ၅၅၀ ဆရာတော် (ခ) ဦးဝါသဝ ၊ ဦးဝီရရာဇာ၊ ဦးပဏ္ဍိတ(ခ)တက်ခေတ်ဗန်းမော်နှင့် ဦးပညာသာမိတို့ တို့ ဦးဆောင်နေသည့် ပြည်သူ့စစ်များ ကိုင်ဆောင်ထားသည့် လက်နက်များ သည့် အလိုအလျောက် မိုးပေါ်မှ ကျလာခြင်းမဟုတ်ဘဲ  စစ်ကောင်စီမှ မ.ဘ.သ ဘုန်းကြီးများအား လက်နက်နှင့် ရိက္ခာ ထောက်ပံ့နေကြောင်း ထင်ရှားသည့် သက်သေ (၅)ခု တွေ့ရှိရသည်။ 

၎င်းတို့မှာ

၁ - ၂၀၂၂ခုနှစ် ဇူလိုင်၂၈ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ အနောက် မြောက်တိုင်း စစ်ဌာနချုပ် မှ ကန့်ဘလူမြို့နယ် တန့်ဆည်မြို့နယ် ကျွန်းလှ မြို့နယ် မြို့/ကျေးရွာအသီးသီး မှ ပြည်သူ့စစ် အဖွဲ့ဝင်များအား ရိက္ခာနှင့် ဂုဏ် ပြု ချီးမြှင့်ငွေ ငွေကျပ်သိန်း ၃ထောင်ကျော် ပေးအပ်ပွဲ အခမ်းအနားကို ကန့်ဘ လူ မြို့ပေါ်တွင် ပြုလုပ်ခဲ့သည်။ 

အဆိုပါ အခမ်းအနားကို ဦးဝါသဝ ဦးဆောင်တက်ရောက်ခဲ့ပြီး အာဏာသိမ်း စစ်ကောင် စီအကြီးအကဲများ၊ အနောက်မြောက်တိုင်းတိုင်းမှူးနဲ့ စစ်ဌာချုပ်အား ဆုတောင်းမေတ္တာပို့ပေးခဲ့သည်။  

၂ - ၂၀၂၂ခုနစ် အောက်တိုဘာလ ၃ရက်နေ့တွင် စစ်ကိုင်းတိုင်း ကန့်ဘလူ မြို့နယ် တန့်ဆည်မြို့နယ် ကျွန်းလှမြို့နယ်ရှိ ဦးဝါသဝ ဦးဆောာင်နေသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ရိက္ခာနှင့်ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ပွဲ အခမ်း အနားကို ကန့်ဘလူမြို့နယ်တွင် ပြုလုပ်ခဲ့သည်။ 

၃ - ပြည်သူ့စစ်ဖွဲ့စည်းရန်နှင့် လက်နက်များရရှိရန် စစ်ကောင်စီ အရာရှိ အဆင့်ဆင့်နှင့် ကြားဝင်စေ့စပ်ပေးခဲ့သူမှာ Myanmar Nation Post အယ်ဒီ တာ ချုပ် နိုင်ဝင်းထွန်း(ခ) နောင်တော်လေး ဖြစ်ကြောင်း ၎င်း၏ “ကန့်ဘလူ မြို့နယ်က ဒုတိယမြိုင်ကြီးငူဆရာတော်” ဆိုသည့် ဆောင်းပါးတွင် အတိ အလင်း ဖော်ပြခဲ့သည်။ ထိုဆောင်းပါးတွင် ၅၅၀ ဆရာတော်(ခ) ဦးဝါသဝသည် ဘာသာသာသနာအတွက် အနီအစိမ်းမရွေးပဲ အသက်စွန့် ဆောင်ရွက်နေ ကြောင်း၊ အလွန်အမင်းအမွှန်းတင် ရေးသားထားသည့် ဆောင်းပါးဖြစ်သည်။ 

၄ - အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ လျှို့ဝှက်အစီရင်ခံစာမှာလည်း စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့စစ် အဖွဲ့ပေါင်း ၇၇ ဖွဲ့ ဖွဲ့စည်းထားပြီး လက် နက် ပေါင်း အလက် (၂၀၈၀) တပ်ဆင်ထားကြောင်း ဖော်ပြခဲ့သည်။ 
   
၅- ဝီရသူသည် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း အပါအဝင် နယ်များသို့ လှည့်လည်ပြီး ပျူစောထီး(ခ) ပြည်သူ့စစ်ဖွဲ့စည်းရေး များကို အင်တိုက် အား တိုက် လုပ်ဆောင်နေပြီး ဇန်နဝါရီလ ၄ ရက်နေ့တွင် မင်းအောင်လှိုင် ကိုယ် တိုင်က သီရီပျံချီဘွဲ့ ပေးအပ်ခဲ့သည်ကို တွေ့ရသည်။ 

လက်ရှိ ပျူစောထီး (ခ) ပြည်သူ့စစ်များအား ဖန်တီးဖွဲ့စည်း၍ ဦးဆောင် နေကြ သည့် မ.ဘ.သ ဘုန်းကြီးများ၏ အကြောင်းကိုလည်း တဦးချင်းအလိုက် အကျဉ်းချုံး ဖော်ပြလိုက်သည်။ 




 
ဝီရသူ
=====

ယခင်ကတည်းက အစွန်းရောက် ဗုဒ္ဓဘာသာ အယူဝါဒနှင့် အမျိုးသားရေး ဝါဒကို လက်ကိုင်ထားသူဖြစ်သည်။ 

ဝီရသူသည် မန္တလေးတိုင်း၊ ကျောက်ဆည်ဇာတိဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် မန္တလေး မစိုးရိမ်တိုက်သစ်သို့ ရောက်ရှိခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် မစိုးရိမ် နာယက ဆရာတော်ဖြစ်လာခဲ့သည်။ ယခင်ကတည်းက အစွန်းရောင် ဗုဒ္ဓဘာသာ အယူဝါဒများကို ရေးသားပြီး  ၂၀၀၁ ခုနှစ်တွင် ၉၆၉ လှုပ်ရှားမှု တွင် ပါဝင် ခဲ့သည်။  ဘာသာရေး အစွန်းရောက် ဟောပြောမှုများကြောင့် ၂ နှစ်အကြာ ၂၀၀၃ ခုနှစ်တွင် သန်းရွှေစစ်အစိုးရက ထောင် ဒဏ် ၂၅ နှစ် ချမှတ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် အခြား နိုင်ငံရေးအကျဉ်းသားများနှင့်အတူ လွတ်မြောက် လာခဲ့သည်။ 

သိန်းစိန်အစိုးရလက်ထက်တွင် ရွေးကောက်ပွဲအနိုင်ရရေး မဘသ အဖွဲ့ ဖွဲ့စည်း ခြင်း အပါအဝင် ဘာသာခြား တို့နှင့် မဆက်ဆံရေး၊ အစ္စလာမ် ဘာသာဝင် တို့ကိုဆန့်ကျင်ရေး ဟောပြောလှုပ်ရှားမှု ကို တစ်နိုင်ငံလုံး ပျံ့နှံ့အောင်  လုပ် ဆောင်ခဲ့သည်။  ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခများကို ဝီရသူက ဦးဆောင်ခဲ့သည်။

NLD အစိုးရလက်ထက်တွင် စစ်ထောက်ခံရေး အမြဲလှုပ်ရှားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်စော်ကားသဖြင့် ပုဒ်မ ၁၂၄(က) ဖြင့် အမှုဖွင့်ခံခဲ့ရသည်။ ယင်းနောက် ၂၀၂၀ ပြည့်နှစ်တွင် လာရောက် အဖမ်းခံခဲ့သည်။ 

မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ပြန်လည် လွတ်မြောက်ကာ သီရီပျံ ချီဘွဲ့ ချီးမြှင့်ခံရသည်။ လက်ရှိအချိန်အထိ နယ်ဒေသများတွင် ပျူစောထီးများ ဖွဲ့စည်းရေး ဦးဆောင် လျက်ရှိရာ မဘသ၊ အမျိုးသားရေးအစွန်းရောက် ဝန်းရံ ခြံရံမှုဖြင့် သွားလာနေသည်။  


စစ်ကိုင်းတိုင်း၊ ကန့်ဘလူ အခြေစိုက်၍ ပျူစောထီး(ခ) ပြည်သူ့စစ်များ ဖွဲ့စည်းနေသူ လက်နက်ကိုင် ခေါင်းဆောင် သင်္ကန်းဝတ် ဝါသ၀။



ဝါသဝ
=====

၅၅၀ ဆရာတော် (ခ) ဦးဝါသဝ၏ ဇာတိမှာ တန့်ဆည် မြို့နယ်၊ မူးခွကျေးရွာ ဖြစ်သည်။ ကန့်ဘလူ မြို့နယ် မှော်တောကျေးရွာသည်  အစ္စလာမ်ဘာသာဝင် အိမ်ခြေ ၈၀၀/၉၀၀ ခန့်ရှိပြီး ဗုဒ္ဓဘာသာဝင်အိမ်ခြေ ၅၀ ကျော်ရှိသည့် ရွာတရွာ ဖြစ်ခဲ့ပြီး ၂၀၁၅ ခုနစ်တွင် ဘာသာခြားများ များပြားနေခြင်းကြောင့် လာရောက် ကျောင်းထိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဝါသဝမှ Myanmar National Post နှင့် အင်တာ ဗျူးတွင် ဖြေဆိုခဲ့သည်။   

အမျိုးသားရေးအစွန်းရောက်များဖြစ်သော Myanmar Nation Post အယ်ဒီ တာ နိုင်ဝင်းထွန်း(ခ) နောင်တော်လေး ၊ အမေရိကန်နိုင်ငံသားခံယူထားသူ ကိုကျော်ငြိမ်းမိုး(ခ) ကိုချိုကြီး ၊ ကိုရီးယားနိုင်ငံနေ ကိုချိုကြီး၏ နောက်မိန်းမ ခင်ချိုချိုဝင်း (ခ) ဖွေးစိန် တို့ ဦးဝါသဝရှိရာသို့ သွားရောက်ခဲ့ပြီး မှတ်တမ်းဗီဒီယို များကို ပြန်လည်ထုတ်လွှင့်ရာတွင် လည်း အများပြည်သူများအကြား ကျယ် ကျယ် ပြန့်ပြန့် ပြန့်နှံ့ခဲ့ပြီး စစ်ကောင်စီနှင့် ပျူစောထီးများမှ စစ်ကိုင်းဒေသအား ထိန်းချုပ် ထားပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF) များအား သုတ်သင်နိုင် နေကြောင်း ရေးသားပြောဆိုမှုများ တွေ့ရှိရပါသည်။ 

ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့များအား ဦးဆောင်နေသူ ဦးဝါသဝမှ ၎င်းအနေ နဲ့ ထိုကဲ့သို့ ပြည်သူ့စစ်များ ဖွဲ့စည်းနေခြင်းသည် ကိုယ့်ရပ်ကိုယ့်ရွာ အား ကာကွယ်နေခြင်းဖြစ်ကြောင်း ၊ မည်သူမဆို လာရောက် ခိုလှုံနေထိုင်နိုင် ကြောင်း အမြဲတစေပြောလေ့ရှိသည်။ 

သို့သော်လည်း ဦးဝါသဝဆီသို့ သွား ရောက်ခဲ့သည့် Myanmar Nation Post တာဝန်ခံ အယ်ဒီတာ နိုင်ဝင်းထွန်း(ခ) နောင်တော်လေး မှ ခရီးစဥ်နှင့် ပတ်သက် ၍ ပြန်လည်ရေးသားထားသည့် “ပြည်သူ့စစ်နှင့် PDF” အမည်ဖြင့် ဆောင်းပါး တခုတွင် “ဒေသခံတွေနဲ့ တွေ့ဆုံစကား ပြောခွင့်ရတဲ့အချိန်မှာ ရွာထဲရပ်ထဲ အေးအေးဆေးဆေးမနေဘဲ အကြမ်းဖက်အားပေး လုပ်နေသူတွေကိုတော့ "မူးရေ ချိုးပေးရတာလည်းရှိတယ်"လို့ သိရပါတယ်”ဟု ရေးသား ဖော်ပြ ထား သည်။ “မူးရေချိုး ပေးခြင်း” ဆိုသည့် အဓိပ္ပါယ်မှာ ဖမ်းဆီး သတ်ဖြတ်ပြီး သည့် အခါ အလုပ်အရူပ်မခံပဲ မူးမြစ်ထဲ မျောချပစ်ချလိုက်ခြင်းကို ဆိုလိုပါသည်။

မဘသ အစွန်းရောက် တက်ခေတ်ဗန်းမော်



ပဏ္ဍိတ (ခ) တက်ခေတ်ဗန်းဗော်
===================

 ပြည်သူ့စစ်များအား ဦးဆောင်နေသူများအထဲမှ တဦးဖြစ်သည့် ဦးပဏ္ဍိတ (ခ) တက်ခေတ်ဗန်းဗော်သည် ဦးဝီရသူ ၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ ဂတို့နှင့် နီးစပ်မှုများစွာရှိသူတဦးဖြစ်ပြီး အမျိုးသားရေးသမားများ မှ ဦးဆောင် ပြုလုပ်သည့်  ၂၀၀၈အခြေခံဥပဒေထောက်ခံပွဲများ၊ ပုဒ်မ၅၉(စ)ကာကွယ် စောင့်ရှောက်ပွဲ စသည့် လှုပ်ရှားမှုများတွင် ပါဝင်ပတ်သတ်ဖူးသူတဦးဖြစ်သည်။ စစ်တပ်မှအာဏာသိမ်းပြီးနောက် စစ်သားများအား လှူဒါန်းခြင်း နှင့် အာဏာ သိမ်းမှုအား ထောက်ခံကြောင်း ရေးသားမှုများစွာ ပြုလုပ်ခဲ့သူဖြစ်သည်။ 

မဘသ အစွန်းရောက် ဝီရရာဇာ။



ဝီရရာဇာ(ခ)ဦးသုဇန 
============

၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့်မန္တလေး ၊ တမ္ပဝတီ ရပ်၊ တောင်ဆင်းတဲတိုက်၊ ရတနာအောင်ကျာင်းမှ ဆရာတော် ဦးဝီရရာဇာသည် ပျူစောထီး စစ်သင်တန်းဆင်းပွဲအခမ်းနားသို့ သေနတ်လွယ်၍ တက်ရောက် ခဲ့ သည့် သံဃာတော်များထဲတွင် တစ်ပါးအပါအဝင်ဖြစ်သည်။ မန္တလေးတိုင်း မဘသ အဖွဲ့ဝင် ဆရာတော် တစ်ပါးဖြစ်ပြီး ဦးဝီရသူ၏ တပည့်ရင်းတစ်ဦးဖြစ်ပြီး ဘာသာခြားမုန်းတီးစိတ် ပြင်းထန်သည့် ဆရာတော်ဖြစ်သည်။  


မဘသ အစွန်းရောက် ပေါက်ကိုယ်တော်


ပေါက်ကိုယ်တော် 
==========

ပေါက်ကိုယ်တော်သည် ၂၀၁၈ ခုနှစ်တွင် NLD အစိုးရ ဖြုတ်ကျရေးအတွက် သပိတ်စခန်းဖွင့်ဆန္ဒပြခဲ့သောကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။  မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး)အဖွဲ့ဝင် ဆရာတော် တစ်ပါးဖြစ်သည်။

ဝီရသူ၏ တပည့်ရင်းတစ်ဦးဖြစ်ပြီး စစ်တပ်ထောက်ခံပွဲများတွင် ဦးဆောင် ပါဝင်ခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ် နှင့် ရဲဝန်ထမ်းများ ကို ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ 

လက်ရှိတွင် မကွေးတိုင်း ၊ ပေါက်မြို့နယ်အတွင်းရှိ ပျူစောထီးနှင့် ပြည်သူ့ စစ်အဖွဲ့ဝင်များကို ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ ၎င်း၏ လူမှုကွန် ရက် စာမျက်နှာတွင် PDF အဖွဲ့ဝင်များကို အကြမ်းဖက်သမားများဟူ၍ အမြဲတစေ ရေးသားဖော်ပြလေ့ရှိသည်။
 
 ထိုသို့ စစ်ကိုင်း၊ ကန့်ဘလူ ၊ ကျွန်းလှ ၊ တန့်ဆည်မှာ အခြေစိုက်နေကြသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးဆောင်သည့် ပြည်သူ့စစ်များဖွဲ့စည်းခြင်းကို စစ်ကောင်စီဘက်က အလွန်အမင်းသဘောကျနှစ်ခြိုက်ပုံရပြီး ၊ လက်နက် ကိုင်အချင်းချင်း တိုက်ခိုက်ရမည့် တိုက်ပွဲများအား ထေရဝါဒဗုဒ္ဓဘာသာ၏ အမှတ် အသားဖြစ်သည့် သင်္ကန်းအား ခုတုံးလုပ် အသုံးချကာ ၎င်းတို့၏ နိုင်ငံရေး ၊ စစ်ရေး၊ အုပ်ချုပ်ရေးအရ ထိန်းချုပ်ရခက်ခဲသည့် ဒေသများတွင် ထွက်ပေါက်ဖြစ်လာအောင် ဖန်တီးလျက်ရှိသည်။ 

ထို့ကြောင့်လည်း (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အဖြစ် စစ်ကောင်စီ က ဂုဏ်ပြုဆုတွေ ချီးမြှင့်တဲ့အထဲမှာ တောင်ကလေးဆရာတော် နဲ့ ဦးဝီရသူ တို့လို လူမျိုးကို သီရိပျံချီဘွဲ့ ၊  ငါးရာငါးဆယ် ဆရာတော်ဦးဝါသဝ ကို လူမှုထူးချွန် ပထမဆု ချီးမြှင့်ခဲ့ပါသည်ဟု ယူဆစရာရှိပါသည်။ နောင်တွင် အလျဉ်းသင့် သလို စစ်ကောင်စီက ၎င်းတို့၏ အာဏာသိမ်းရန် ကြိုး ပမ်းနေ မှုများ  ချောမွေ့စေရန် မ.ဘ.သ အမျိုးသားရေးအစွန်းရောက် များကို  အသုံးပြု နေမှုများကို ဆက်လက် ဖော်ထုတ်မည်ဖြစ်သည်။
ဆက်ဖတ်ရန် →
အမေရိကတွင် ပညာသင်ယူရန် မြန်မာပြည်မှ ရောက်ရှိလာသော ပထမဆုံးကျောင်းသား

အမေရိကတွင် ပညာသင်ယူရန် မြန်မာပြည်မှ ရောက်ရှိလာသော ပထမဆုံးကျောင်းသား

၁၈၅၈ - ၁၉၂၉

အမေရိကန်ပြည်ထောင်စုကို ပထမဆုံးရောက်ရှိခဲ့သော မြန်မာကျောင်းသား (အမေရိကကို ပထမဦးဆုံး ရောက်သော မြန်မာလူမျိုးလည်း ဖြစ်နိုင်ပါသည်။) မှာ မောင်ရှောလူး ဖြစ်သည်။ အမေရိကန် ပြည်တွင်းစစ် မဖြစ်ခင် ကာလ ၁၈၅၈ ခုနှစ်တွင် မောင်ရှောလူးသည် သူ၏ ဇာတိဖြစ်သော မော်လမြိုင်မြို့မှ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် (Pennsylvania) လူးဝစ္စဘာ့ဂ်မြို့(Lewisburg) သို့ခရီးနှင်ခဲ့သည်။

ဖော်ပြပါပုံကို အင်ဒီယားနားပြည်နယ် ဂိုရှန်မြို့ကလေးတွင် ၁၈၆၅ ခုနှစ်ဝန်းကျင်က ရိုက်ကူးခဲ့သည်။ ကာလကတ္တားမြို့တွင် ပညာသင်ရန် အသက် ၁၇ နှစ်အရွယ် မောင်ရှောလူးသည် ၁၈၅၇ ခုနှစ်က မြန်မာပြည်မှ ထွက်လာခဲ့သည်။ ၁၈၅၈ ခုနှစ်တွင် အိန္ဒိယပြည်တွင် ပုန်ကုန်ထကြွမှုများ ဖြစ်ပွားသည့်အခိုက် အမေရိကန်ပြည်ထောင်စုသို့ သင်္ဘောခိုးစီးကာ လိုက်ပါသွားခဲ့သည်။ ဖမ်းမိခံရသည့်အခါ သင်္ဘောခန်းအစောင့်အဖြစ် အလုပ်လုပ်ပေးရင်း ဆက်လက်စီးနင်းနိုင်ခဲ့သည်။ တစ်ပြားတစ်ချပ်မှ မရှိဘဲ အမေရိကန်ပြည်သို့ ရောက်ရှိသွားပြီး တက္ကသိုလ်မတက်ခင်အထိ ကြုံရာကျပန်း အလုပ်လုပ်ကာ အသက်ဆက်ခဲ့ရသည်။ မောင်ရှောလူးသည် ပန်ဆယ်ဗေးနီးယားပြည်နယ် (Pennsylvania)ရှိ လူးဝစ်ဘာ့ခ်တက္ကသိုလ် - University of Lewisburg (ယခု ဘက်ခ်နယ် - Bucknell)တွင် ဂရိ၊ လက်တင်၊ ဒဿနိကဗေဒ၊ သမိုင်းနှင့် သိပ္ပံဘာသာရပ်များကို လေ့လာဆည်းပူးခဲ့သည်။ ဆက်လက်၍ ကလီဗလန် (Cleveland) ဆေးပညာကောလိပ်တွင် ဆက်လက်ပညာသင်ယူပြီး ဘွဲ့ရရှိခဲ့သည်။ ယင်းနောက်တွင်မူ အနောက်နိုင်ငံတွင် ဆေးပညာလေ့ကျင့်သင်ယူခဲ့သော ပထမဦးဆုံး မြန်မာလူမျိုး ဆရာဝန်ဖြစ်လာခဲ့သည်။ မောင်ရှောလူးသည် လူပေါင်းဆံ့သဖြင့် လူချစ်လူခင် ပေါသည်။ လောကကြီးက ဖန်တီးပေးသမျှ အခွင့်အလမ်းတိုင်းကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့သူတစ်ယောက် ဖြစ်သည်။ ၁၈၆၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ ၁၇ ယောက်မြောက် သမ္မတ အန်ဒရူးဂျွန်ဆင် (Andrew Johnson)နှင့် တွေ့ဆုံခွင့် ရခဲ့သေးသည်။ သမ္မတအား မင်းတုန်းမင်းထံသို့ ထောက်ခံစာတစ်စောင် ရေးပေးရန်ပင် ဖျောင်းဖျနိုင်ခဲ့သည်။

မောင်ရှောလူး တဖြစ်လဲ ဒေါက်တာရှောလူးသည် မွေးရပ်မြေ မော်လမြိုင်သို့ ပြန်လာခဲ့ပြီး ဆရာဝန်တစ်ဖြစ်လဲ ကျောင်းဆရာအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် မောင်ရှောလူး ကွယ်လွန်ခဲ့သည်။ ၁၈၆၀ ပြည့်နှစ်များအတွင်း မောင်ရှောလူးသည် အမေရိကန်ပြည်ထောင်စုတစ်ခွင် လှည့်လည်ကာ မြန်မာနိုင်ငံအကြောင်း ဟောပြောခဲ့သည်။ ထိုအတွက်ကြောင့်ပင် အင်ဒီယားနားပြည်နယ်၊ ဂိုရှန်မြို့သို့ ရောက်သွားခြင်း ဖြစ်နိုင်ပါသည်။

1858 - 1929

The first student from Myanmar to study in US

The first Burmese student to come to America (and perhaps the first Burmese ever in America) was Maung Shaw Loo, who traveled from his native Moulmein to Lewisburg, Pennsylvania in 1858, just before the Civil War. 

The photo was taken in the little town of Goshen, Indiana c. 1865. Maung Shaw Loo left Burma in 1857 aged 17 for studies in Calcutta. During the Indian Mutiny in 1858 he stowed away on a ship for America; when discovered he managed to stay on as a cabin boy. Arriving penniless in the US, he did odd jobs to survive, before enrolling at the University of Lewisburg (now Bucknell), in Pennsylvania, where he studied Greek, Latin, Philosophy, History and Science. Afterwards, he attended and graduated from Cleveland Medical College, becoming the first Burmese physician trained in the West. He was a man who knew how to win friends and take every opportunity life presented. In 1867, he even managed to meet then US President Andrew Johnson and persuade the 17th president to write him a letter of recommendation to King Mindon. 

Maung Shaw Loo, now Dr. Shaw Loo eventually returned to his native Moulmein, where he worked for many years as a physician and educator. He died in 1921. Maung Shaw Loo traveled widely across America in the 1860s, giving talks about Burma, which is what probably brought him to Goshen, Indiana.
(Khamora)


Link——


ဆက်ဖတ်ရန် →
KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေးလိုက်ပါပြီ။
သူဟာယခင်က ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုဥက္ကဌရာထူးကိုရရှိထားသူပါ။

အဆိုပါရာထူးအပြောင်းအလဲကို
ဇန်နဝါရီလ ၂ရက်၂၀၂၃မှာ လက်ရှိဥက္ကဌဗိုလ်ချုပ်ကြီးအင်ဘန်လက လက်မှတ်ထိုးပြီးထုတ်ပြန်ကြေငြာလိုက်တာပါ။

General Gunhtang Gam Shawng ဟာ စစ်ဗျူဟာမှာအရမ်းတော်ပြီးထက်မြက်တဲ့ခေါင်းဆောင်ကောင်းနဲ့
ဘုရားတရားကိုအထူးရိုသေကိုင်းရှိုင်းသူဖြစ်ပါတယ်။ခေတ်ပညာတတ်တစ်ဦးလည်းဖြစ်သလို English စကားလည်းကျွမ်းကျင်စွာပြောဆိုနိုင်သူပါ။

၂၀၁၁ကချင်တကျော့ပြန်စစ်ပွဲကစလို့ယနေ့ထိတိုက်ပွဲတွေမှာ ဦးဆောင်ဦးရွက်ပြုလျက်မအလစစ်တပ်ကိုကောင်းစွာတိုက်ခိုက်နိုင်ခဲ့သူပါ။

သူရဲ့ဦးဆောင်မှုအောက်မှာ ကေအိုင်အေတပ်မတော်ဟာ စစ်စွမ်းရည်တွေတိုးတက်လာသလိုကိုယ်ပိုင်လက်နက်စက်ရုံနဲ့ကိုယ်ပိုင်လက်နက်တွေကိုတီထွင်ထုတ်လုပ်နိုင်ခဲ့တယ်။

Congratulations General Gunhtang Gam Shawng

၂၀၂၃စစ်ခွေးနိဂုံး မကြာခင်မအလ ဇတ်သိမ်းရတော့မယ်။ 



ဆက်ဖတ်ရန် →