နိုင်ငံရေးသေကြောင်းကြံစည်မှု
မြန်မာအရေး အာဆီယံဖြေရှင်းနေမှု ပိုဆိုးအောင် မလုပ်ဖို့ အိန္ဒိယကို အင်ဒို နိုင်ငံခြားရေးဝန်ကြီး သတိပေး
မဆူဒီက အာဆီယံဟာ မြန်မာပါဝင်တဲ့အဖွဲ့အစည်းဖြစ်လို့ အိန္ဒိယနဲ့ တခြားသောနိုင်ငံတွေက အာဆီယံရဲ့ မြန်မာ့ အရေးပေါ်လစီကို လေးစားမှုရှိပြီး တခြားသော လမ်းကြောင်းတွေ၊ ဆွေးနွေးမှုတွေမလုပ်သင့်ကြောင်း မီဒီယာတွေ ကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုသွားတာဖြစ်ပါတယ်။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဗီနေးကွာတရာ ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ လာရောက်ခဲ့ပြီး စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တွေ့ဆုံလို့ နှစ်နိုင်ငံ နယ်ခြားစည်းလုံခြုံရေးကိစ္စ၊ အိန္ဒိယနိုင်ငံသားတွေ မြန်မာနိုင်ငံမှာ လူမှောင်ခိုကူးခံရမှု၊ နှစ်နိုင်ငံကြား မူးယစ်ဆေးဝါးမှောင်ခိုမှုတွေကို ပူးပေါင်းထိန်းချုပ်ဖို့ကိစ္စတွေအပြင် စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့နဲ့ မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာရောက်ဆွေးနွေးအပြီး စစ်ကောင်စီနဲ့ AA တို့ နှစ်ဖက် အပစ်အခတ် ရပ်စဲရေးသဘောတူညီခဲ့ပြီးနောက် အိန္ဒိယနိုင်ငံက ရခိုင်မှာကုလားတန်စီမံကိန်းကို ပြန်စဖို့ ပြင်ဆင်နေပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
၂၀၁၁ ခုနှစ်က စတင်တဲ့ ကုလားတန်စီမံကိန်းဟာ ရခိုင်မြို့တော် စစ်တွေ၊ ချင်းပြည်နယ်က ပလက်၀၊ ပလက်၀ကနေ မီဇို့ရမ်ကို ရေလမ်းကုန်းလမ်း ဆက်သွယ်ဖို့ လုပ်နေတဲ့ စီမံကိန်း ဖြစ်တာကြောင့် ဒီဒေသတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ မဖြစ်ဖို့ အိန္ဒိယအစိုးရဘက်က လိုလားချက်နဲ့ မြန်မာနိုင်ငံကိုလာပြီး စစ်ကောင်စီနဲ့ ဆွေးနွေးတာဖြစ်တယ်လို့ အိန္ဒိယမီဒီယာတွေမှာကို ဖော်ပြနေကြပါတယ်။
ဒါကြောင့် ဘရူနိုင်းနဲ့ ကမ္ဘောဒီယားနိုင်ငံတွေ အာဆီယံအလှည့်ကျဥက္ကဌ လုပ်ခဲ့တဲ့ နှစ်နှစ်အတွင်း မြန်မာ့ဒီမိုကရေစီအရေး ဘာမှ မလုပ်ပေးနိုင်ခဲ့တဲ့အခြေအနေမှာ သူတို့လက်ထက် စိန်ခေါ်မှုပိုကြီးမားနေလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီက အိန္ဒိယကို အာဆီယံကို လေးစားပြီး မြန်မာ့အရေး တခြားနည်းလမ်း တွေမရှာဖို့ သတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။
နိုဝင်ဘာလကုန်ပိုင်းက အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံးမီဒီယာဖြစ်တဲ့ The Jakarta Post က အယ်ဒီတာ့အာဘော် အဖြစ် သူတို့နိုင်ငံ အာဆီယံအလှည့်ကျဥက္ကဌဖြစ်လာမယ့် ၂၀၂၃ ခုနှစ်အတွင်း မြန်မာစစ်ကောင်စီကို ပိုမိုထိရောက်တဲ့ ဖိအားပေးနိုင်ဖို့ အရင် အာဆီယံအလှည့်ကျနိုင်ငံတွေထက် ပြင်းထန်တဲ့ အရေးယူမှုတွေကို လုပ်သင့်ကြောင်း၊ နိုဝင်ဘာလဆန်းပိုင်းက ဖနွမ်ပင်မှာလုပ်တဲ့ အာဆီယံအစည်းအဝေးမှာ မြန်မာ့အရေးအတွက် အာဆီယံ ၉ နိုင်ငံ စလုံးဟာ လေဖြတ်နေခဲ့ကြကြောင်း၊ ဒီ ၉ နိုင်ငံခေါင်းဆောင်တွေထုတ်ပြန်ချက်မှာ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို စစ်ကောင်စီဘက်က လက်ခံလိုက်နာလာနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်းသာ ထွက်ဆိုခဲ့ကြကြောင်း၊ ဒီသဘောတူညီချက် ရယူခဲ့တာ လပေါင်း ၂၀ ကျော်နဲ့ အာဆီယံအစည်းအဝေးပေါင်း သုံးခုပြီးသွားတဲ့တိုင် စစ်ကောင်စီဟာ တစ်ချက်ကလေးမှ သဘောတူကြောင်းမပြသဘဲ ပြည်တွင်းမှာ ဆန့်ကျင်သူတွေအပြင် အရပ်သားပြည်သူတွေကိုပါ အကြမ်းဖက် သတ်ဖြတ်နေဆဲဖြစ်ကြောင်း၊ လက်ရှိ အာဆီယံက စစ်ကောင်စီရဲ့ နိုင်ငံရေးပိုင်းအဆင့်မဟုတ်တဲ့ နယ်ပယ်က ကိုယ်စားလှယ်တွေကိုသာ အစည်းအဝေးတက်ရောက်ခွင့်ပေးတယ်ဆိုတာလောက်ပဲ ဒဏ်ခတ်ထားနိုင်ကြောင်း၊ မြန်မာပြည်သူတွေကို အင်ဒိုနီးရှားအာဆီယံဥက္ကဌအလှည့်ကျချိန် ထိရောက်စွာကယ်တင်ဖို့ဆိုရင် စစ်ကောင်စီအစိုးရရှိနေသရွေ့ မြန်မာကို အာဆီယံက ပယ်ထုတ်ပြီး NUG အစိုးရ ကို မြန်မာကိုယ်စားပြုအစိုးရအဖြစ် အာဆီယံအစည်းအဝေးတွေ တက်ခွင့်ပေးသင့်တယ်လို့ တိုက်တွန်းရေးသားခဲ့ပါတယ်။
MKF - 001
#MeKongNews
Ref: The Jakarta Post & thehindu.com
NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဒုဝန်ကြီး

ဒီနေ့ PVTV မှာလာသွားတဲ့ ကိုယ်တွေ ရဲ့ဒုဝန်ကြီးကDavid Gum Awng တဲ့။ NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန(International Cooperation)က ဒုဝန်ကြီးပါ။စာလည်း အရမ်းတော်— အမေရိကန်က ဘွဲ့ နှစ်ခုတောင် ယူထားတာ။အမေရိကန်နိုင်ငံ၊ Massachusetts မှာရှိတဲ့ Brandeis University က Sustainable International Development in Sustainable International Development in Arts ဆိုတဲ့ဘွဲ့ တစ်ဘွဲ့။
အမေရိကန်နိုင်ငံ၊ Illinois မှာနောက်ထပ်တစ်ဘွဲ့— Social Studies (with a concentration in International Relations) တဲ့။
လူမှုတရားမျှတမှုဆိုင်ရာ အသိပညာပေးရေး (social justice-cum-educator) advocate အဖြစ်လုပ်နေတာ ၁၀ နှစ်ကျော်ပြီ။
ဂျပန် (JICA) နဲ့ တောင်ကိုရီးယား (KOICA) အစိုးရအကူအညီပေးရေးအေဂျင်စီတွေ၊ ODA (Overseas Development Assistance) ပရောဂျက်တွေမှာလည်းသူပါဝင်ခဲ့တယ်။နောက်ထပ် အများကြီးရှိသေး—
ဒီလို ပညာတတ်လူငယ်တွေ တကိုယ်ကောင်းမဆန်ဘဲ မြန်မာ့နွေဦးတော်လှန်ရေးမှာ ဝင်ရုန်းကြတာ အားရစရာပါ။
မရွှေမိုး-ကိုရီးယား
𝑫𝒆𝒄𝒆𝒎𝒃𝒆𝒓 12𝒕𝒉,2022.
▪️စစ်ကောင်စီ လက်ကိုင်တုတ် ဒိန်းဒေါင်ရဲ့ လုပ်ရပ်များကို ဖော်ထုတ်ခြင်း
ညစ်ညမ်းပြက်လုံးများနဲ့ လူသိများလာသူ လူပြက် ဒိန်းဒေါင် (ခ) တင်ဌေးဟာ အကြမ်းဖက် စစ်တပ် အာဏာလုမှု ဖြစ်စဉ် မတိုင်ခင် ကတည်းက စစ်တပ် ထောက်ခံသူ ဖြစ်ကြောင်း မကြာခဏ ဖော်ပြလေ့ ရှိသူ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ ပြည်သူတွေ တင်မြှောက်ထားတဲ့ အစိုးရထံက အာဏာကို မတရား လုယူပြီးတဲ့အချိန်မှာလည်း စစ်တပ် လက်ကိုင်တုတ် အလိုတော်ရိ တစ်ယောက် အဖြစ်နဲ့ ပီပီပြင်ပြင် အသုံးချခံ နေတာကို အချက်အလက် တွေအရ သိရပါတယ်။
▪️ ဒိန်းဒေါင်ကို ပေးထားတဲ့နေရာ
စစ်ကောင်စီဟာ နယ်ပယ် အသီးသီးမှာ သူတို့ရဲ့ အလိုတော်ရိ အောက်ဆွဲတွေကို နေရာပေး အုပ်ချုပ်စေတဲ့ မူဝါဒအရ ယခင် လူရွှင်တော် အသင်းကို ဟာသပညာရှင်များ အစည်းအရုံး ဆိုပြီး ပြောင်းလဲ ဖွဲ့စည်းစေခဲ့ ပါတယ်။ အဲဒီ အဖွဲ့မှာ ဒိန်းဒေါင်ကို ဥက္ကဌ ရာထူးပေးခဲ့ပြီး လူရွှင်တော် တွေနဲ့ သဘင် လောကသားတွေ အပေါ် လွှမ်းမိုး ချုပ်ကိုင်ဖို့ ကြံစည်ခဲ့ပါတယ်။
အကြမ်းဖက် စစ်တပ်ဟာ ဟာသနဲ့ သဘင် ပညာရှင် အများစုရဲ့ ဆင်းရဲ ချို့တဲ့မှုကို အခွင့်ကောင်း ယူပြီး ဒိန်းဒေါင်ကတဆင့် ငွေကြေးနဲ့ စည်းရုံးစေ ပါတယ်။ ဒိန်းဒေါင်ဟာ အကြမ်းဖက် စစ်တပ်က ဝါဒဖြန့် စည်းရုံးဖို့ ချပေးထားတဲ့ ငွေကြေးတွေကို စီမံခန့်ခွဲ ရတာကြောင့် တချို့ အမြင်မှာ လူရွှင်တော်တွေကို ကူညီနေသူလို့တောင် ယူဆခံရပါတယ်။ ဒါပေမယ့် အဲဒါတွေ အားလုံးဟာ စစ်ကောင်စီရဲ့ သပ်လျိုသွေးခွဲ အကြံအစည်တွေပါပဲ။
တစ်ဘက်မှာလည်း စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဟာသပညာရှင်များ အစည်းအရုံး နာမည်ခံပြီး တော်လှန်ရေးကို ဝေဖန် အပုတ်ချတဲ့ ထုတ်ပြန်ချက်တွေ မကြာခဏ ဖော်ပြလေ့ ရှိပါတယ်။ လူရွှင်တော်တွေ ကြားထဲမှာလည်း တော်လှန်ရေးနဲ့ ပတ်သက်သူ ရှိရင် သူ့ဆီ သတင်းပေးဖို့ တပည့်တပန်း နောက်လိုက်တွေကို အမြဲ မှာကြားလေ့ ရှိပါတယ်။ သူ့ကြောင့် တိုင်တန်း ခံရပြီး ဘဝပျက်၊ ထောင်ကျ၊ တိမ်းရှောင် နေရသူတွေ အများအပြား ရှိနေပါတယ်။
ဒိန်းဒေါင် (ခ) တင်ဌေးကို စစ်ကောင်စီက ဘယ်လို နေရာနဲ့ အခွင့်အရေးတွေ ပေးထားတဲ့ အကြောင်း ပြီးခဲ့တဲ့ တစ်ပိုင်းမှာ ဖော်ပြခဲ့ပြီး ပါပြီ။ အခု တစ်ပိုင်းမှာတော့ ဒိန်းဒေါင်နဲ့ စစ်ကောင်စီ ဘက်တော်သားတွေ ပတ်သက်မှု၊ သူနဲ့ အပေါင်းပါတွေ အကြောင်း စတာတွေ ဆက်လက် တင်ဆက်ပေးပါမယ်။
▪️ အိန်ဂျယ် ၃၇
စစ်ကောင်စီရဲ့ အနုပညာ လောကသား ဒလံတွေ အကြောင်း ပြောရမယ်ဆို အိန်ဂျယ် ၃၇ က မပါမဖြစ်ပါပဲ။ အိန်ဂျယ် ၃၇ ဆိုတာ နေပြည်တော်၊ သပြေကုန်းမှာ ရှိတဲ့ စားသောက်ဆိုင် နာမည်ပါ။ ဆိုင်ရှင်ကတော့ အကြမ်းဖက် စစ်တပ်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဗိုလ်မှူးချုပ် အဆင့်ရှိသူ မင်းသူ ဖြစ်ပါတယ်။ မင်းသူဟာ DSA အပတ်စဉ် ၃၇ ဆင်းဖြစ်ပြီး အခု ဆုံးသွားပြီ ဖြစ်တဲ့ ဦးဇော်ဌေး တို့နဲ့ တစ်ပတ်စဉ်တည်းပါ။
သူဖွင့်ထားတဲ့ အိန်ဂျယ် ၃၇ ဆိုင်ဟာ ဘောမ အနုပညာရှင် ဆိုသူတွေနဲ့ အမြဲတမ်း တရုန်းရုန်း ဖြစ်နေလေ့ ရှိပါတယ်။ အာဏာလုပြီး နောက်ပိုင်းမှာတော့ အနုပညာ လောကထဲက သတင်းတွေကို စုစည်းတဲ့ ဌာနချုပ် ဖြစ်လာပါတယ်။ ဒီဆိုင်ကို ဟန်ငြိမ်းဦး၊ သဇင်ဦး စတဲ့ လော်ဘီတွေလည်း အမြဲ လာရောက်ပြီး ဩဝါဒ ခံယူလေ့ ရှိပါတယ်။ သူတို့ကို တိုက်ရိုက် ညွှန်ကြားတဲ့သူ ကတော့ စရနက ဗိုလ်မှူး အဆင့်ရှိသူ နေလင်းဦး ဖြစ်ပါတယ်။
ဒိန်းဒေါင်ဟာ အဲဒီဆိုင်ကို သူလတ်တလော ခိုအောင်းနေတဲ့ ကကကွန်ထဲက အရာရှိ တစ်ယောက်နဲ့ အမြဲလာလေ့ ရှိပြီး ဇာတ်သဘင် လောက ထဲက တော်လှန်ရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ ပုံမှန်တင်ပြ ရပါတယ်။ ဒီသတင်းတွေကို အသုံးချပြီး စစ်လော်ဘီ ချန်နယ်တွေမှာ မကြာခဏ ဆိုက်ဝါး လုပ်လေ့ရှိပါတယ်။ လူရွှင်တော် ကောင်းကျော် တို့လို လူတွေက အစ၊ အခုနောက်ဆုံး မင်းသားဖိုးချစ်နဲ့ သျှံထွန်း (မြန်မာစာ) တို့လို လူတွေအထိ ဖမ်းဆီး ခံရတာ၊ ခေါ်ယူ စစ်ဆေး ခံရတာတွေဟာလည်း ဒိန်းဒေါင်ရဲ့ လုပ်ကြံ သတင်းပေးမှုကြောင့် ဖြစ်ပါတယ်။
▪️ဒိန်းဒေါင်ရဲ့ အပေါင်းပါတွေ
ဒိန်းဒေါင်ဟာ ယခင်က လူရွှင်တော် အသင်း ဥက္ကဌ ဖြစ်ဖူးတာကြောင့် တပည့်တပန်း ပေါများပေမယ့် စစ်ကောင်စီရဲ့ ဟာသပညာရှင်များ အစည်းအရုံး ဥက္ကဌ ဖြစ်လာချိန်မှာ သူ့အတွက် ယုံကြည်ရသူ ရှားပါးလာပါတယ်။ ဒီအချိန်မှာ သူအနီးကပ် ခေါ်ယူ လက်သပ်မွေး ထားသူ နှစ်ဦးက ငြိမ်းချမ်းနဲ့ အုန်းသီးပါ။
အထူးသဖြင့် လူရွှင်တော် အသိုင်းအဝိုင်းကို ဩဇာညောင်းတဲ့ ဝါရင့် လူရွှင်တော် ငြိမ်းချမ်းဟာ ဒိန်းဒေါင်ရဲ့ အဓိက လက်ရုံးတဆူ ဖြစ်လာပါတယ်။ သဘင်လောက သတင်း တော်တော်များများဟာ ငြိမ်းချမ်းဆီက တဆင့် ဒိန်းဒေါင်ဆီ ရောက်တာပါ။ ကျန်းမာရေး ပြသနာနဲ့ အကြွေး ပြသနာတွေ ဝိုင်းနေတဲ့ ငြိမ်းချမ်းဟာ သူ့ရဲ့ လတ်တလော အဆင်ပြေမှု အတွက် ဇာတ်သဘင် လောကကို စစ်ကောင်စီ လက်ထဲ အပ်နေတဲ့ သဘောပါပဲ။
(ဆက်လက်ဖော်ပြပါမည်)
zinthawnaing
ခင်ရီအား ယခင် ကြံဖွတ်ဝန်ကြီးဟောင်းများဝန်းရံ
ပဲခူးမြို့ တွေ့ဆုံဆွေးနွေးပွဲသို့ယခင်ကဝန်ကြီးများဖြစ်ကြသောဝန်ကြီး(ငြိမ်း) အောင်မင်း၊ ဝန်ကြီး(ငြိမ်း)ဥာဏ်ဝင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် (ဟောင်း)ဇော်မင်းတို့လာရောက်ဝန်းရံခဲ့သည်။
ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားမည် ဆိုသည့် BURMA ACT
စစ်တပ်အား တာဝန်ခံစေရန် တစုတစည်းတည်း ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားမည် ဆိုသည့် BURMA ACT
**********************
ပြီးခဲ့သည့် ကြာသပတေးနေ့က အမေရိကန် အောက်လွှတ်တော်တွင် ထောက်ခံမဲ ၃၅၀၊ ကန့်ကွက်မဲ ၈၀ နှင့် ပါတီကြီး နှစ်ရပ်ပေါင်း မှ အတည်ပြုပေးလိုက်သော NDAA ဆိုသည့် ၂၀၂၃ ခုနှစ် အမေရိကန် ကာကွယ်ရေး အသုံးစရိတ် ဥပဒေတွင် BURMA ACT (Burma Unified through Rigorous Military Accountability) ဥပဒေ ပါ ပါဝင်လာခဲ့သည်။
အမေရိကန်ရှိ ဥပဒေအား ခေါ်ရ လွယ်အောင် Acronym ခေါ် အင်္ဂလိပ်စာလုံး အတိုကောက်များ ဖြင့် အမည်ပေး ရသည့် အဖွဲ့မှ စစ်တပ်အား တာဝန်ခံစေရန် တစုတစည်းတည်း ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားမည် ဟု အဓိပ္ပါယ်ရသည့် အတိုကောက် BURMA ဟု ထွက်ပေါ်လာစေရန် စကားလုံး ရွေးချယ်ပေးမှုက အံ့မခန်းပင် ဖြစ်သည်။
နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ် တွင် နိုင်ငံ၏ အမျိုးသား လုံခြုံရေး နှင့် အဓိက မသက်ဆိုင်သော်လည်း လိုအပ်သည်များကို တပါတည်း ထည့်သွင်းတတ်လေ့ရှိရာ မြန်မာနိုင်ငံအတွက် အောက်လွှတ်တော် အမတ်များ ဖြစ်သည့် စတိဗ် ချက်ဘော့၊ မိုက် လီဗင် နှင့် ဂရီဂိုရီ မိခ် တို့က ပူးတွဲ တင်သွင်းခဲ့ကြ၍ ပါရှိလာခဲ့သည်။
အမေရိကန် အတွက် အရှေ့တောင် အာရှ နိုင်ငံများ နှင့် ဆက်ဆံရေး တွင် အဓိကကျသည်ဟု ယူဆခဲ့ကြ၍ ဖြစ်သည်။ တကယ်တမ်းတွင် NDAA အား အောက်လွှတ်တော်မှ ၂၀၂၂ ဧပြီ ၂၆ ရက် နေ့တွင် အတည်ပြု ပြဋ္ဌာန်းပေးခဲ့သော်လည်း ဆီးနိတ် ရှိ ရီပတ်ဘလီကင်များက ၎င်းတို့ ပါစေချင်သည်များ မပါသောကြောင့် အတည်ပြုနိုင်ခဲ့ခြင်း မရှိသဖြင့် အမေရိကန် သက်တမ်းလည် ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာသည်အထိ အချိန်ဆွဲနေ၍ ကြံ့ကြာနေခဲ့ရခြင်း ဖြစ်သည်။ ရီပတ်ဘလီကင် များက BURMA ACT ကို ကန့်ကွက်ခဲ့ကြ၍ တော့ မဟုတ်ပေ။ အဓိက အားဖြင့် အမေရိကန် တပ်ဖွဲ့ဝင်များအား ကိုဗစ် ကာကွယ်ဆေး မဖြစ်မနေ ထိုးရမည် ဆိုသည်ကို ပယ်ဖျက်ပေးရန် ရီပတ်ဘလီကင်များက တွန်းတွန်း တိုက်တိုက် လုပ်လာ၍ ဖြစ်သည်။
နောက်ဆုံးတွင် ပါတီကြီး နှစ်ရပ်ပေါင်း၍ အပြန်အလှန် အပေးအယူ ဖြင့် အဆိုပါ အချက်ကို ပယ်ဖျက်ပေးခဲ့၍ ဆီးနိတ်တွင် အခက်အခဲ မရှိ ဖြတ်သန်းနိုင်မည် ဖြစ်သော်လည်း သမ္မတ ဂျိုးဘိုင်ဒင်က ထိုကိစ္စ အပေါ် လုံးဝ အစာမကြေ ဖြစ်နေ၍ မရေမရာ ထပ်ဖြစ်လာနေသည်ဟု အိမ်ဖြူတော်မှ သတင်းများ ထွက်ပေါ်နေသည်။
ဒေါ်လာ ၈၅၈ ဘီလီယံ တန်ဖိုးရှိ ကာကွယ်ရေး အသုံးစရိတ်ကို အတည်ပြုလက်မှတ်ရေးထိုးပေးနိုင်ခြင်း မရှိက အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အတွက် ဘာမှ လုပ်ခွင့်မရ ဖြစ်သွားနိုင်ပေသည်။ ထို့အတွက် သက်ဆိုင် သူများ အနေဖြင့် ဖိအားပေးခံနေကြရသည်။
BURMA ACT တွင် အရေးကြီးဆုံး အဖြစ် ပါဝင်လာသည်မှာ စစ်တပ်အတွက် လက်နက်များ ဝယ်ယူရန် အဓိက ငွေကြေးများ ရရှိနေသည့် မြန်မာရေနံ နှင့် သဘာဝ ဓါတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့ ဒဏ်ခတ်ရန် ဖြစ်သည်။ ထို့အပြင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း နှင့် ပတ်ဝန်းကျင် ဒေသများရှိ တိုင်းရင်းသား လူနည်းစုများ နှင့် အရပ်ဖက် အဖွဲ့ အစည်းများအား အကူအညီများပေးရန်၊ မြန်မာ ရှိ ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူများအား တနှစ်လျှင် ဒေါ်လာ သန်း ၅၀ ဖြင့် ၂၀၂၇ နှစ် အထိ ပေးသွားရန်၊ ထို့အပြင် မြန်မာ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ပတ်ဝန်းကျင် ဒေသများတွင် လူသားချင်း စာနာထောက်ထားသည့် အကူအညီ နှင့် နိုင်ငံတွင်း ပြန်လည် သင့်မြတ်ရေးကို ရှေ့ရှုနိုင်ရေး အတွက် ဒေါ်လာ ၂၂၀.၅ သန်းအား ၂၀၂၃ ခုနှစ် အတွင်း ထောက်ပံ့သွားရန် တို့ ပါရှိသည်။ နိုင်ငံရေး အကျဉ်းသား များ အား အကူအညီပေးရေး နှင့် စစ်တပ်၏ လက်ရှိ လူသားများ အပေါ် ကျူးလွန်နေသော ရာဇဝတ်မှုများ အား စုံစမ်းစစ်ဆေးနေသော အဖွဲ့များအား ရံပုံငွေ ထောက်ပံ့ပေးသွားရန်လည်း ပါဝင်သည်။
အရပ်ဖက် လူ့အဖွဲ့အစည်း များ နှင့် မီဒီယာများ အား အကူအညီများ ပေးရာတွင် ဖမ်းဆီးခံရမည့် အန္တရာယ် ရှိနေသူများ အတွက် လုံခြုံမှု ရှိသည့် နေရာထိုင်ခင်းများ ဖန်တီးပေးရန်၊ စိတ်ချရသော ဆက်သွယ်ရေး လမ်းကြောင်းများ တည်ဆောက်ပေးရန်၊ အိမ်နီးချင်း နိုင်ငံများတွင် ခိုလှုံနေကြသည့် လူပုဂ္ဂိုလ်တဦး ချင်းစီ အတွက် အကူအညီများပေးသွားရန်၊ အင်တာနက် လွတ်လပ်ခွင့် နှင့် လွတ်လပ်သော မီဒီယာ များ ရှင်သန်နိုင်ရေး အတွက် လိုအပ်သော နည်းပညာ နှင့် ငွေကြေး အကူအညီများ ထောက်ပံ့ရန်၊ ဒီမိုကရေစီ အရေး လှုပ်ရှား နေသူများကို အကူအညီနှင့် သင်တန်းများ ပို့ချပေးရန် အစရှိသည် ဖြင့် ပါဝင်နေသည်။
ထို့အတွက် ခေါင်းစဉ်ကြီး ငါးခု၊ အခန်းငယ်ပေါင်း ၁၆ ခန်း ပါဝင်သည့် BURMA ACT တွင် အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တို့အား အမည်နှင့် တကွ ဖေါ်ပြလာ၍ မြန်မာတို့၏ တော်လှန်ရေး အား တိုက်ရိုက် အကူအညီပေးသွားနိုင်သည့် ဂယ်ပေါက်များ စွာ ရှိလာနိုင်သည်က အသေအချာပင် ဖြစ်သည်။
စစ်ကောင်စီသည် ၎င်းတို့ ၏ နောက်လိုက်များ အကြား အကြောက်တရား နှင့် သို့လော သို့လော ဖြစ်လာမည့် အရေးကို ဖုံးလွှမ်းရန် သတင်း မပေါက်ကြားစေရ ဟူသော ကတိဖြင့် နိုင်ငံတော် အတိုင်ပင်ခံ နှင့် NLD turncoats များ အား တွေ့ခိုင်းခဲ့သည်ကို ကတိဖျက်ကာ ပေါက်ကြားအောင် လုပ်ခဲ့ ခြင်းဖြင့် အဆိုပါ သတင်းအား ဖုံးလွှမ်းရန် ကြံစည်ခဲ့ကြခြင်း ဖြစ်ပုံရပေသည်။
ယနေ့ ထပ်မံရရှိသော အိန္ဒိယ နိုင်ငံထုတ် The Hindu သတင်းစာကြီးမှ အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီ တွေ့ဆုံခန်းတွင် မိမိနှင့် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး တို့ စက်တင်ဘာလ အတွင်း ကုလသမဂ္ဂတွင် တွေ့ဆုံခဲ့စဉ်က မြန်မာ နှင့် နီးနီးစပ်စပ် မလုပ်ခြင်း ဖြင့် အာဆီယံ ၏ ကြိုးပမ်းနေမှုများကို လေးစားသမှုဖြင့် ထိရောက်အောင် ပံ့ပိုးပေးသင့်သည်ဟု သတိပေးခဲ့ကြောင်း ထုတ်ဖေါ်ပြောဆိုသွားခဲ့သည်။ ထိုသို့ မဟုတ်ဘဲ ကိုယ်ကျိုးစီးပွား အတွက် လုပ်နေမည်ဆိုလျှင် မြန်မာ အရေးကို ကူညီဖြေရှင်းပေးရာ မရောက်ဟုလည်း သူမက ပြောခဲ့သည်ဟု ပါရှိခဲ့သည်။
ဒီမိုကရေစီ အား ကာကွယ်ပေးရမည့် အစား အိန္ဒိယ၏ အရှက်ကင်းမဲ့စွာ အကြမ်းဖက် စစ်ခေါင်းဆောင်များ နှင့် ပလူးပလဲ လုပ်နေသည်များကို အာဆီယံ က မနှစ်မြို့ကြောင်း သူမ၏ စကားတွင် အထင်အရှား တွေ့လာရသည်။
အလားတူပင် South China Morning Post သတင်းစာကြီးမှ ဗီယက်နမ် သည် ၎င်းတို့၏ ၂၀၁၆ နိုင်ငံရေး အစီရင်ခံစာ၌ နိုင်ငံတကာ မိသားစုတွင် တာဝန်သိသည့် အဖွဲ့ဝင် ဖြစ်ရန် ကြိုးပမ်းသွားမည်ဟု ဆိုသော်လည်း မြန်မာ အရေး နှင့် ပတ်သက်၍ “စောင့်ကြည့်သွားမည်” ဟု ပြောခဲ့သည်မှ လွဲ၍ မည်သို့မျှ အရေးယူ ဆောင်ရွက် ခဲ့မှု မရှိ၍ မိမိ၏ ဂုဏ်သိက္ခာ ကို မငဲ့ကွက်ဘဲ အာဏာရှင် အချင်းချင်း အပြန်အလှန် ရပ်တည်သွားမည် သဘော မျိုး လုပ်နေသည်ဟု ဝေဖန်ရေးသားလာခဲ့သည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!
လှစိုးဝေ
ရုရှား လက်နက်ဝယ်ယူမှု များမှာ အောင်သောင်းရဲ့ သားများပိုင် IGE ကုမ္ပဏီ ပါဝင်ပတ်သက်
မြန်မာနိုင်ငံမှာ နူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရေးနဲ့ စစ်တပ်အတွက် ရုရှား လက်နက်ဝယ်ယူမှု များမှာ အောင်သောင်းရဲ့ သားများပိုင် IGE ကုမ္ပဏီ ပါဝင်ပတ်သက်
ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံမှာ ရုရှားနည်းပညာနဲ့ နူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စီမံကိန်းနဲ့ စစ်တပ်အတွက် ရုရှား လက်နက်များ ဝယ်ယူမှု ဆိုင်ရာ ကိစ္စရပ်များမှာ အောင်သောင်းရဲ့ သားများ ပိုင်ဆိုင်တဲ့ IGE ကုမ္ပဏီက အဓိကပါဝင်ပတ်သက်နေကြောင်း IGE ကုမ္ပဏီသတင်းရင်းမြစ်နဲ့ စစ်တပ် သတင်းရင်းမြစ်များဆီက သိရပါတယ်။
အရင် စစ်ခေါင်းဆောင် သန်းရွှေလက်ထက် စက်မှု ၁ ဝန်ကြီး ဖြစ်ခဲ့တဲ့ အောင်သောင်းမှာ သား ၃ ဦးရှိပြီး စစ်တပ်ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ နေအောင်၊ ပြည်အောင်တို့က IGE ကုမ္ပဏီ အပါအဝင် စီးပွားရေး လုပ်ငန်းများစွာ ထူထောင်ကာ လုပ်ကိုင် နေတာ ဖြစ်ပါတယ်။
IGE ကုမ္ပဏီဟာ စစ်တပ်နဲ့ သက်ဆိုင်တဲ့ စီမံကိန်းများ၊ စွမ်းအင် လုပ်ငန်း များကို အစဉ်အဆက် လုပ်ခွင့်ရရှိခဲ့ပြီး အခုနောက်ဆုံး နူကလီးယား ဓာတ်အားပေးစက်ရုံစီမံကိန်းနဲ့ စစ်တပ်အတွက် ရုရှားလက်နက်များ ဝယ် ယူမှုဆိုင်ရာ ကိစ္စရပ်များမှာ ပါဝင်ပတ်သက်လာတာ ဖြစ်ကြောင်း သိရပါတယ်။
ရုရှားနိုင်ငံမှာ နူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို သွားရောက် လေ့လာခြင်း၊ စွမ်းအင် ဖိုရမ်များ တက်ရောက်ခြင်းနဲ့ နူကလီးယားစက်ရုံ စီမံကိန်း တည်ဆောက်ရေး သဘောတူညီ စာချုပ်ရေးထိုးပွဲများမှာ IGE ကုမ္ပဏီရဲ့ တာဝန်ရှိသူများက စစ်ကောင်စီနဲ့အတူ တက်ရောက် ခဲ့ကြောင်း သိရပါတယ်။
အောက်တိုဘာလအတွင်း ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပခဲ့တဲ့ Russian Energy Week International Forum- ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည် ပြည်ဆိုင်ရာဖိုရမ်မှာ စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီ သောင်းဟန်နဲ့ စွမ်းအင်ဝန်ကြီးမျိုးမြင့်ဦးတို့နဲ့အတူ IGE ရဲ့ အမှုဆောင် ဒါရိုက်တာ သဇင်အောင်နဲ့ နှင်းနှင်းအောင်တို့ ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။
"လျှပ်စစ်ဝန်ကြီးနဲ့ စွမ်းအင်ဝန်ကြီးတို့ရဲ့ ရုရှားခရီးစဉ်မှာ အောင်သောင်းသား နေအောင်ရဲ့ IGE ကုမ္ပဏီ Executive Director တွေဖြစ်တဲ့ ဒေါ်သဇင်အောင်နဲ့ ဒေါ်နှင်းနှင်းအောင် တက်ပါတယ်။ IGE က အဲဒီ စွမ်းအင် နဲ့ လျှပ်စစ် ဝန် ကြီး ဌာနနှစ်ခုရဲ့ စီမံကိန်းတွေမှာ အကုန်ပါနေတယ်။ IGE က လက် ဝါး ကြီး အုပ် ထားတာ"လို့ ရန်ကုန်ခေတ်သစ်ရဲ့ သတင်း ရင်းမြစ်တစ်ခုက ပြောပါတယ်။
အလားတူ နိုဝင်ဘာလတတိယပတ်အတွင်း IGE ကုမ္ပဏီပိုင်ရှင် နေအောင်ဟာ ရုရှားနိုင်ငံကို သွား ရောက်ခဲ့ပြီး နူကလီးယား လျှပ်စစ်ဓာတ် အားပေး စက်ရုံ တည်ဆောက်ရေး ရှေ့ပြေးစီမံကိန်းအတွက် သဘောတူ လက်မှတ် ရေးထိုး မှုမှာလည်း ပါဝင်ပတ်သက်မှု ရှိကြောင်း သိရှိရပါတယ်။
နိုဝင်ဘာလ ၂၂ ရက်နေ့ ရုရှားနိုင်ငံမှာ မြန်မာနိုင်ငံအတွက် နူကလီးယား စွမ်းအင် အားသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက်ဖို့ စူးစမ်း လေ့ လာတိုင်းတာမှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက် ရေးအတွက် ရုရှားနိုင်ငံပိုင် Rosatom ကုမ္ပဏီနဲ့စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးဌာနတို့အကြား တရားဝင် လက်မှတ်ရေးထိုးခဲ့ပြီး အဲ့ဒီ စီမံချက်များမှာ IGE ကုမ္ပဏီက ပါဝင်ပတ်သက်နေကြောင်း သိရပါတယ်။
နိုဝင်ဘာလအတွင်းမှာပဲ IGE ကုမ္ပဏီပိုင်ရှင် နေအောင်ဟာ ရုရှားနိုင်ငံကို သွားရောက်ခဲ့ရာ နူကလီးယားဓာတ်အားပေး စက်ရုံကိစ္စများမှာသာမက ရုရှားထုတ် လက်နက်များ ဝယ်ယူရေး ကိစ္စများမှာလည်း ပါဝင်ပတ်သက်မှု ရှိကြောင်း သိရပါတယ်။
အခုဒီဇင်ဘာလအတွင်း ရုရှားစစ်တပ်ရဲ့ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich နဲ့အဖွဲ့ ခရီးစဉ်၊ ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maxin Reshetnikov နဲ့ အဖွဲ့ရဲ့ ခရီးစဉ်များမှာလည်း IGE ကုမ္ပဏီက သွားရောက်တွေ့ဆုံခြင်း၊ ဂုဏ်ပြုစားသောက်ဝိုင်းများနဲ့ ဧည့်ခံခြင်း၊ အလွတ်သဘောတွေ့ဆုံမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
စစ်တပ်ကို ကမ္ဘာနိုင်ငံအသီးသီးက အရေးယူဒဏ်ခက်ပေးဖို့ တောင်းဆို
မြန်မာနိုင်ငံမှာ စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကနေဒါအစိုးရအပြင် ကမ္ဘာနိုင်ငံအသီးသီးက အရေးယူဒဏ်ခက်ပေးဖို့ ကနေဒါရောက်မြန်မာတွေက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ တောင်း ဆိုလိုက်ပါတယ်။ #DVBTV #စစ်တပ် #အရေးယူဒဏ်ခက် #WhatsHappeningInMyanmar DVB TV - 11 12 2022
ဗန်ကူးဗားမှာဟန်လေးရဲ့ fundraising ပွဲ
ဒူဘိုင်းမှာ လူ အယောက်ပေါင်း ရာနဲ့ချီပြီးရောင်းစားခံထားပါတယ်
ရှောင်တန်နဲလ်၏ အင်တာဗျုးကြောင့် အရှက်ကွဲပြီးရင်း ကွဲလာနေသော စစ်ဗိုလ်ချုပ်များ
Frontier Myanmar
Q: ဆရာကို ဘာကြောင့် ဖမ်းတယ်လို့ ထင်လဲ။
A: ဒေါ်စု နဲ့ ဝန်ကြီး အချို့ကို ပစ်မှတ်ထား တိုက်ခိုက်နိုင်မယ့် လမ်းကြောင်းရှာတာပေါ့ဗျာ၊ ဒေါ်စု ဟာ နိုင်ငံခြားသား တွေရဲ့ ဩဇာ အကြီးအကျယ် လွှမ်းမိုး ခံနေရတယ် ဆိုတာ သက်သေပြချင်နေကြတာကိုး။
ဒုတိယ အကြောင်းက ပြုပြင်ပြောင်းလဲရေးဗျ၊ ကျွန်တော်လုပ်နေတဲ့ ဘဏ်လုပ်ငန်း ကဏ္ဍတွေက သူတို့ စစ်တပ်ရဲ့ အဖွဲ့အစည်း အချို့ ကို အတော်လေး ထိခိုက်စရာ ရှိလာနေတယ်၊ သူတို့ ရဲ့ ငွေကြေး ပိုင်းတွေမှာ တရားမဝင် လုပ်ထားတာ တွေ ရှိနေတော့ နီးကပ်လာနေတာကို ပြန်တွန်းထုတ်ချင်တဲ့ သဘောပေါ့ဗျာ။
နောက်ထပ် တကြောင်းက ကျွန်တော်က ကိုဗစ်ကြောင့် လေယာဉ်လိုင်းတွေ ပိတ်ထားတာ တွေ ရှိနေတော့ ရန်ကုန်မှာပဲ ရှိနေလို့ သူတို့ အတွက် လွယ်သွားလို့ပဲ၊ အခြားလူတွေကိုလည်း ဖမ်းချင်မှာပဲ၊ နိုင်ငံခြားသားတွေ ကို မက်ဆေ့ခ်ျ ပေးချင်လို့ ကျွန်တော်ကို ဖမ်းလိုက်တာမျိုးပဲ။
Q: သူတို့စိတ်ထဲမှာ တကယ်ပဲ ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံခြားသား ဩဇာလွှမ်းနေမှာကို ယုံမှားသံသယ လွန်ကဲနေတာလား၊ ဒါမှမဟုတ် နိုင်ငံရေး ပြိုင်ဖက်တယောက်ကို ရှင်းထုတ်ပစ်ချင်တာ မျိုးလား။
A: နှစ်ခု စလုံးပဲဗျ။ သူတို့နဲ့ ပတ်သက်ပြီး အတော်လေး ကို သိသာထင်ရှားလာခဲ့တာက စစ်ကောင်စီဟာ ခေတ်သစ် စီးပွားရေး အပေါ် နားမလည်ကြဘူး ဆိုတာပဲ၊ သူတို့ စိတ်ထဲမှ ထီးထီးကြီး နေလိုက်ရင် ဖြစ်တာပဲလို့ တကယ်ကို ထင်နေကြတာဗျာ၊ အဲ့လို လုပ်လို့က ဆင်းရဲတွင်းထဲ အမြန်ဆုံး တန်းရောက်သွားမယ့် နည်းလေဗျာ၊ သူတို့မှာ ဘယ်လို တသီးတခြား နေသွားရမလဲ ဆိုတာတော့ သိတယ်ဗျ၊ အခြား အာရှ ကျားတွေ စီးပွားရေး ဖွံ့ဖြိုးအောင် လုပ်နေကြတာတွေက မြန်မာနဲ့ မဆိုင်ဘူး၊ အပိုအလုပ်တွေလို့ ယူဆထားကြတာကိုး။ အဲ့လို လိုက်လုပ်ရင် သူတို့ လုပ်ငန်းတွေ ထိခိုက်လာဖို့ ရှိနေတော့ စီးပွားရေး ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်တဲ့ နည်းမျိုးနဲ့ပဲ သွားဖိုရှိ တော့တယ်၊ မြန်မာကို နံရံ လေးဖက်လေးတန် ကာမှ ပဲ ဖြစ်တော့မယ်၊ နောက်ပြီး သူတို့ရဲ့ အတ္တနဲ့ အကောင်းမမြင်နိုင်တဲ့ စိတ် ကလည်း အတိုင်းအတာ တခုထိ ရှိနေတယ်။
Q: ဆရာ့ကို စစ်လားဆေးလား လုပ်ကြတဲ့ လူတွေက ဘာတွေ သိချင်နေကြတာလဲ၊ ခင်ဗျားဆီက သူတို့ အကျိုးရှိရာ ရှိကြောင်း တခုခု မယ်မယ်ရရ ထွက်လာမယ်လို့ မျှော်လင့်နေကြတာမျိုး ရှိလား။
A: သူတို့ကတော့ဗျာ၊ ကျွန်တော်လို့ နိုင်ငံခြားသား တယောက်က နောက်ကွယ်ကနေ ကြိုးဆွဲနေတယ် ဆိုတာ ပေါ်လွင်စေချင်တာဗျ၊ ကျွန်တော်က ကြိုးဆွဲဆရာ၊ စပိုင် အကြီးစားကြီးပေါ့ဗျာ၊ ဒါမှလည်း နောက်ကျရင် မြန်မာကို ဖေါက်ပြန်တဲ့ နိုင်ငံခြားသားတွေ ရန်က ကာကွယ်ရမယ် လို့ ပြောလို့ရမှာကိုး၊
ပြဿနာက မေးသာမေးနေရတဲ့ ဘာကိုမှ နားမလည်ကြတဲ့ လူတွေ ဖြစ်နေတာပဲ၊ မှတ်မိသေးတယ်၊ ကျွန်တော်ကို နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ IMF နဲ့ ဆက်သွယ် တယ်ဆိုပြီး စွပ်စွဲလာတယ်၊ အဲ့တာကလည်း အမှန်ပဲ၊ ကျွန်တော်တို့ အတူ လက်တွဲလုပ်ခဲ့ကြတာကိုး၊ ခက်တာက IMF ဆိုတာ ဘာမှန်းမသိကြဘူး၊ သူတို့က IMF ဆိုတာ ဂျော့ခ်ျ ဆိုရိုး ပဲ ဆိုပြီး မေးနေတာကိုး၊ ကျွန်တော်က မဟုတ်ဘူး ဆိုပြီး ရှင်းပြရတယ်၊ ရှင်းပြလေ၊ သူတို့အတွက် ပိုရှုပ်လေ ဖြစ်လာပြီး ကျွန်တော်က သူတို့ လိုက်မမှီနိုင်အောင် ပြောနေတဲ့ လူတတ်ကြီး၊ မြန်မာအရေး ဝင်ပါနေတဲ့ လူရှုပ် နိုင်ငံခြားသားတွေကြောင့် လို့ ထင်ကုန်ကြရော။
Q: ဆရာ ပြောတာကို သူတို့ ကျေနပ်ကြရဲ့လား၊ ဘာပဲဖြစ်ဖြစ် တရားခွင်က လည်း အလိမ်အညာပဲ ဆိုတာ သိထားကြတော့ ပြောချင်တာ ပြောဆိုပြီး ထား တာလား
A: နောက်ကဟာက ပိုပြီး ဖြစ်နိုင်တယ် ဘရားသား၊ မေးနေတာတွေကလည်း မဖြစ်လို့သာ လုပ်နေကြရသလိုမျိုး၊ သူတို့ လိုချင်တာ ထွက်မလာလည်း လုပ်ကြံ ဖန်တီးကြမှာပဲ၊ ကျွန်တော်ကို ရုံးတင်တဲ့ စွဲချက်ကလည်း နိုင်ငံတော် လျို့ဝှက်ချက် ဥပဒေ ဆိုတာကြီးနဲ့လေ၊ ကျွန်တော်က နိုင်ငံခြားသားလေ၊ မြန်မာ အစိုးရ ဝန်ထမ်းလည်း မဟုတ်ဆိုတော့ ဒီဥပဒေနဲ့ က ဘယ်လို အကျုံးဝင်မှလည်း၊ ဒါလည်း မရဘူး၊ မရရအောင် စွဲချက်တင်တော့တာပဲ၊ နောက်ဆုံး ကျွန်တော်က သတင်းအချက်အလက်တွေ ပို့ခဲ့လားဆိုတော့လည်း တရားရုံးမှာ တရားလို ဖက်က သက်သေမပြနိုင်ဘူး၊ ကျွန်တော် မပို့ခဲ့ပါဘူးလို့ သူတို့ ဝန်ခံရတော့တာပဲ၊ အားလုံးက လံကြုတ်တွေ ချည်းပဲကိုး။
Q: ယူဆနေကြတာကတော့ စစ်တပ်ရဲ့ ဘဏ္ဍာရေး ပိုင်းကို ဆရာက ထဲထဲဝင်ဝင် သိထားလို့ သူတို့ကို ထိထိရောက်ရောက် ဒဏ်ခတ်နိုင်အောင် ပစ်မှတ်ထားနိုင် ခဲ့တာလို့ ဆိုတယ်၊ ကျွန်တော် မေးတဲ့ အထဲမှာ အမှန် တွေပါလား။
A: နဲနဲလေးတော့ ပါတယ်ဗျ။ ကျွန်တော်ကို အန္တရာယ် ကောင်လို့ ယူဆထားကြတယ်၊ နောက်ဆုံးတော့လည်း လွှတ်ပေးရတာပဲ၊ သူတို့က ကျွန်တော်ဆီက ထွက်လာတဲ့ သတင်း အချက်အလက်တွေကို တဖက်က အသုံးချစရာ မကျန်တဲ့ အချိန်ကို တမင် အကြာကြီး ထားပြီး စောင့်နေကြတာကိုး၊ အဲ့တာလည်း သေချာပေါက် အကြောင်းတခုပဲ၊ ကျွန်တော်လည်း အကျယ် မပြောချင်ဘူး။
Q: အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လုပ်လာနေတဲ့ ပြုပြင်ပြောင်းလဲရေး အချို့ကို မနှစ်မြို့တာ အပါအဝင် စီးပွားရေး အရ စိုးရိမ်ကြောင့်ကြ လာတာတွေက အာဏာသိမ်းရတဲ့ အကြောင်းတွေထဲ မှာ ကော ပါလား။
A: ကျွန်တော် အနေနဲ့ကတော့ ဒုတိယ လှုံ့ဆော်ခဲ့တဲ့ အချက် လို့ ပြောပါရစေ၊ ပထမဆုံး အကြောင်းက နိုင်ငံရေး အာဏာ ကို အစိမ်းသက်သက် လိုချင်မှုပဲဗျ၊ စီးပွားရေး အကြောင်းက ဒီလောက် အဓိက မကျလှဘူး၊ ဘယ်လိုပဲ ဖြစ်ဖြစ် ပြုပြင်ပြောင်းလဲရေး တွေက သူတို့ကို ထိခိုက်စ ပြုလာနေပြီ၊ NLD သွားနေတဲ့ စီးပွား ရေး မှာ ပွင့်လင်းမြင်သာပြီး အချင်းချင်း ယှဉ်ပြိုင်ရမယ်ဆိုတဲ့ လမ်းကြောင်းကို စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေ၊ စစ်တပ်လက်အောက်က လုပ်ငန်းတွေနဲ့ လူနည်းစု ကြီးပွားရေး လိုလားသူတွေက မမြင်ချင် မတွေ့ချင်ကြဘူး၊
အကယ်၍ NLD အစိုးရသာ ဒုတိယ သက်တမ်း အုပ်ချုပ်ခွင့် ရခဲ့ရင်ဗျာ၊ တကယ့်ကို အရှိန်အဟုန်နဲ့ တိုးတက်လာမှာ အမှန်ပဲ၊ ခင်ဗျားက ကရိုနီတယောက် ဖြစ်တယ်ဆိုပါစို့၊ ဈေးကွက်ကိုလည်း အုပ်စိုးထားနိုင်တဲ့ လက်ရှိ အနေအထားနဲ့ အထာကျနေတဲ့ လူ၊ ဒီအချိန်မှာ သူ့လုပ်ငန်းတွေကို အပြိုင်အဆိုင် ဖြစ်လာအောင် ဥပဒေ ပြဋ္ဌာန်းပြီး လုပ်ပေးတာမျိုး ဖြစ်လာရင်၊ ပိုပြီး လိုက်လျောပေးရမယ်၊ဒါဟာ သူ့အတွက် စိန်ခေါ်မှု ဖြစ်လာတာပဲ။
Q: အာဏာ မသိမ်းမီ ရက်ပိုင်းတွေက NLD အစိုးရ အဖွဲ့ဝင် အချို့က စစ်တပ် အာဏာသိမ်းမယ့် အန္တရာယ် ရှိနေတဲ့ အလားအလာ အပေါ် ဖေါ့ပြီး ပြောဆိုခဲ့တာမျိုးတွေ ရှိနေတယ်၊ ဒါကလည်း လူထု အကြား အထိတ်တလန့်တွေ ဖြစ်လာမှာ စိုးလို့နေမှာ၊ တကယ် သိမ်းပြီလည်း ဆိုရော ဖြစ်လာခဲ့ရင် ဆိုပြီး ကြိုတင် ပြင်ဆင်ထားတာမျိုး မရှိဘူး၊ NLD ဖက်က အဲ့လို ဖြစ်လာမယ်လို့ မထင်ခဲ့တာလား။
A: ကျွန်တော် ဒီကိစ္စကို အရိုးသားဆုံး နဲ့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ၊ ကျွန်တော် တကယ်ပဲ ဖြစ်လာမယ်လို့ မထင်ခဲ့မိဘူး၊ အားလုံးလည်း အသိပဲ ကျွန်တော် အနေနဲ့ အစိုးရ နဲ့ ထိတွေ့ ဆက်ဆံနေရတာ ဆိုတော့ သူတို့ဖက်က ဖြစ်လာမယ်လို့ ထင်နေရင် ကျွန်တော် မသိပဲ နေမှာ မဟုတ်ဘူး၊ ကျွန်တော်လည်း ကိုဗစ် ကြောင့် ပြည်ပ အကြာကြီး သွားနေခဲ့ပြီးမှ မြန်မာပြည်ကို ပြန်ရောက်လာမှာ မဟုတ်ဘူး၊ ကျွန်တော် အနေနဲ့ စစ်တပ် နဲ့ အစိုးရ အကြား ဘာတွေ ပြောကြဆိုကြလဲဆိုတာ တော့ သိခွင့်မရှိဘူး၊ ဒါပေမယ့် သူတို့ အကြားမှာ စိုးရိမ်မကင်း အထိတ်တလန့် ဖြစ်နေတာမျိုး ရှိခဲ့တာကိုတော့ မှတ်မိတယ်၊ ပြဿနာ တခုခုတော့ တက်နေပြီဆိုတာမျိုးတော့ ရှိနေတယ်၊ အာဏာသိမ်းတဲ့အထိ ဆိုတာကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း တအံ့တဩ ဖြစ်သွားမိတယ်၊ ကျွန်တော်တင် မကဘူး ကျွန်တော် ပတ်ဝန်းကျင်ကလူတွေပါ အံ့ဩကုန်ကြတယ်။
Q: ဆရာကို ဘာကြောင့် ဖမ်းတယ်လို့ ထင်လဲ။
A: ဒေါ်စု နဲ့ ဝန်ကြီး အချို့ကို ပစ်မှတ်ထား တိုက်ခိုက်နိုင်မယ့် လမ်းကြောင်းရှာတာပေါ့ဗျာ၊ ဒေါ်စု ဟာ နိုင်ငံခြားသား တွေရဲ့ ဩဇာ အကြီးအကျယ် လွှမ်းမိုး ခံနေရတယ် ဆိုတာ သက်သေပြချင်နေကြတာကိုး။
ဒုတိယ အကြောင်းက ပြုပြင်ပြောင်းလဲရေးဗျ၊ ကျွန်တော်လုပ်နေတဲ့ ဘဏ်လုပ်ငန်း ကဏ္ဍတွေက သူတို့ စစ်တပ်ရဲ့ အဖွဲ့အစည်း အချို့ ကို အတော်လေး ထိခိုက်စရာ ရှိလာနေတယ်၊ သူတို့ ရဲ့ ငွေကြေး ပိုင်းတွေမှာ တရားမဝင် လုပ်ထားတာ တွေ ရှိနေတော့ နီးကပ်လာနေတာကို ပြန်တွန်းထုတ်ချင်တဲ့ သဘောပေါ့ဗျာ။
နောက်ထပ် တကြောင်းက ကျွန်တော်က ကိုဗစ်ကြောင့် လေယာဉ်လိုင်းတွေ ပိတ်ထားတာ တွေ ရှိနေတော့ ရန်ကုန်မှာပဲ ရှိနေလို့ သူတို့ အတွက် လွယ်သွားလို့ပဲ၊ အခြားလူတွေကိုလည်း ဖမ်းချင်မှာပဲ၊ နိုင်ငံခြားသားတွေ ကို မက်ဆေ့ခ်ျ ပေးချင်လို့ ကျွန်တော်ကို ဖမ်းလိုက်တာမျိုးပဲ။
Q: သူတို့စိတ်ထဲမှာ တကယ်ပဲ ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံခြားသား ဩဇာလွှမ်းနေမှာကို ယုံမှားသံသယ လွန်ကဲနေတာလား၊ ဒါမှမဟုတ် နိုင်ငံရေး ပြိုင်ဖက်တယောက်ကို ရှင်းထုတ်ပစ်ချင်တာ မျိုးလား။
A: နှစ်ခု စလုံးပဲဗျ။ သူတို့နဲ့ ပတ်သက်ပြီး အတော်လေး ကို သိသာထင်ရှားလာခဲ့တာက စစ်ကောင်စီဟာ ခေတ်သစ် စီးပွားရေး အပေါ် နားမလည်ကြဘူး ဆိုတာပဲ၊ သူတို့ စိတ်ထဲမှ ထီးထီးကြီး နေလိုက်ရင် ဖြစ်တာပဲလို့ တကယ်ကို ထင်နေကြတာဗျာ၊ အဲ့လို လုပ်လို့က ဆင်းရဲတွင်းထဲ အမြန်ဆုံး တန်းရောက်သွားမယ့် နည်းလေဗျာ၊ သူတို့မှာ ဘယ်လို တသီးတခြား နေသွားရမလဲ ဆိုတာတော့ သိတယ်ဗျ၊ အခြား အာရှ ကျားတွေ စီးပွားရေး ဖွံ့ဖြိုးအောင် လုပ်နေကြတာတွေက မြန်မာနဲ့ မဆိုင်ဘူး၊ အပိုအလုပ်တွေလို့ ယူဆထားကြတာကိုး။ အဲ့လို လိုက်လုပ်ရင် သူတို့ လုပ်ငန်းတွေ ထိခိုက်လာဖို့ ရှိနေတော့ စီးပွားရေး ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်တဲ့ နည်းမျိုးနဲ့ပဲ သွားဖိုရှိ တော့တယ်၊ မြန်မာကို နံရံ လေးဖက်လေးတန် ကာမှ ပဲ ဖြစ်တော့မယ်၊ နောက်ပြီး သူတို့ရဲ့ အတ္တနဲ့ အကောင်းမမြင်နိုင်တဲ့ စိတ် ကလည်း အတိုင်းအတာ တခုထိ ရှိနေတယ်။
Q: ဆရာ့ကို စစ်လားဆေးလား လုပ်ကြတဲ့ လူတွေက ဘာတွေ သိချင်နေကြတာလဲ၊ ခင်ဗျားဆီက သူတို့ အကျိုးရှိရာ ရှိကြောင်း တခုခု မယ်မယ်ရရ ထွက်လာမယ်လို့ မျှော်လင့်နေကြတာမျိုး ရှိလား။
A: သူတို့ကတော့ဗျာ၊ ကျွန်တော်လို့ နိုင်ငံခြားသား တယောက်က နောက်ကွယ်ကနေ ကြိုးဆွဲနေတယ် ဆိုတာ ပေါ်လွင်စေချင်တာဗျ၊ ကျွန်တော်က ကြိုးဆွဲဆရာ၊ စပိုင် အကြီးစားကြီးပေါ့ဗျာ၊ ဒါမှလည်း နောက်ကျရင် မြန်မာကို ဖေါက်ပြန်တဲ့ နိုင်ငံခြားသားတွေ ရန်က ကာကွယ်ရမယ် လို့ ပြောလို့ရမှာကိုး၊
ပြဿနာက မေးသာမေးနေရတဲ့ ဘာကိုမှ နားမလည်ကြတဲ့ လူတွေ ဖြစ်နေတာပဲ၊ မှတ်မိသေးတယ်၊ ကျွန်တော်ကို နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ IMF နဲ့ ဆက်သွယ် တယ်ဆိုပြီး စွပ်စွဲလာတယ်၊ အဲ့တာကလည်း အမှန်ပဲ၊ ကျွန်တော်တို့ အတူ လက်တွဲလုပ်ခဲ့ကြတာကိုး၊ ခက်တာက IMF ဆိုတာ ဘာမှန်းမသိကြဘူး၊ သူတို့က IMF ဆိုတာ ဂျော့ခ်ျ ဆိုရိုး ပဲ ဆိုပြီး မေးနေတာကိုး၊ ကျွန်တော်က မဟုတ်ဘူး ဆိုပြီး ရှင်းပြရတယ်၊ ရှင်းပြလေ၊ သူတို့အတွက် ပိုရှုပ်လေ ဖြစ်လာပြီး ကျွန်တော်က သူတို့ လိုက်မမှီနိုင်အောင် ပြောနေတဲ့ လူတတ်ကြီး၊ မြန်မာအရေး ဝင်ပါနေတဲ့ လူရှုပ် နိုင်ငံခြားသားတွေကြောင့် လို့ ထင်ကုန်ကြရော။
Q: ဆရာ ပြောတာကို သူတို့ ကျေနပ်ကြရဲ့လား၊ ဘာပဲဖြစ်ဖြစ် တရားခွင်က လည်း အလိမ်အညာပဲ ဆိုတာ သိထားကြတော့ ပြောချင်တာ ပြောဆိုပြီး ထား တာလား
A: နောက်ကဟာက ပိုပြီး ဖြစ်နိုင်တယ် ဘရားသား၊ မေးနေတာတွေကလည်း မဖြစ်လို့သာ လုပ်နေကြရသလိုမျိုး၊ သူတို့ လိုချင်တာ ထွက်မလာလည်း လုပ်ကြံ ဖန်တီးကြမှာပဲ၊ ကျွန်တော်ကို ရုံးတင်တဲ့ စွဲချက်ကလည်း နိုင်ငံတော် လျို့ဝှက်ချက် ဥပဒေ ဆိုတာကြီးနဲ့လေ၊ ကျွန်တော်က နိုင်ငံခြားသားလေ၊ မြန်မာ အစိုးရ ဝန်ထမ်းလည်း မဟုတ်ဆိုတော့ ဒီဥပဒေနဲ့ က ဘယ်လို အကျုံးဝင်မှလည်း၊ ဒါလည်း မရဘူး၊ မရရအောင် စွဲချက်တင်တော့တာပဲ၊ နောက်ဆုံး ကျွန်တော်က သတင်းအချက်အလက်တွေ ပို့ခဲ့လားဆိုတော့လည်း တရားရုံးမှာ တရားလို ဖက်က သက်သေမပြနိုင်ဘူး၊ ကျွန်တော် မပို့ခဲ့ပါဘူးလို့ သူတို့ ဝန်ခံရတော့တာပဲ၊ အားလုံးက လံကြုတ်တွေ ချည်းပဲကိုး။
Q: ယူဆနေကြတာကတော့ စစ်တပ်ရဲ့ ဘဏ္ဍာရေး ပိုင်းကို ဆရာက ထဲထဲဝင်ဝင် သိထားလို့ သူတို့ကို ထိထိရောက်ရောက် ဒဏ်ခတ်နိုင်အောင် ပစ်မှတ်ထားနိုင် ခဲ့တာလို့ ဆိုတယ်၊ ကျွန်တော် မေးတဲ့ အထဲမှာ အမှန် တွေပါလား။
A: နဲနဲလေးတော့ ပါတယ်ဗျ။ ကျွန်တော်ကို အန္တရာယ် ကောင်လို့ ယူဆထားကြတယ်၊ နောက်ဆုံးတော့လည်း လွှတ်ပေးရတာပဲ၊ သူတို့က ကျွန်တော်ဆီက ထွက်လာတဲ့ သတင်း အချက်အလက်တွေကို တဖက်က အသုံးချစရာ မကျန်တဲ့ အချိန်ကို တမင် အကြာကြီး ထားပြီး စောင့်နေကြတာကိုး၊ အဲ့တာလည်း သေချာပေါက် အကြောင်းတခုပဲ၊ ကျွန်တော်လည်း အကျယ် မပြောချင်ဘူး။
Q: အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လုပ်လာနေတဲ့ ပြုပြင်ပြောင်းလဲရေး အချို့ကို မနှစ်မြို့တာ အပါအဝင် စီးပွားရေး အရ စိုးရိမ်ကြောင့်ကြ လာတာတွေက အာဏာသိမ်းရတဲ့ အကြောင်းတွေထဲ မှာ ကော ပါလား။
A: ကျွန်တော် အနေနဲ့ကတော့ ဒုတိယ လှုံ့ဆော်ခဲ့တဲ့ အချက် လို့ ပြောပါရစေ၊ ပထမဆုံး အကြောင်းက နိုင်ငံရေး အာဏာ ကို အစိမ်းသက်သက် လိုချင်မှုပဲဗျ၊ စီးပွားရေး အကြောင်းက ဒီလောက် အဓိက မကျလှဘူး၊ ဘယ်လိုပဲ ဖြစ်ဖြစ် ပြုပြင်ပြောင်းလဲရေး တွေက သူတို့ကို ထိခိုက်စ ပြုလာနေပြီ၊ NLD သွားနေတဲ့ စီးပွား ရေး မှာ ပွင့်လင်းမြင်သာပြီး အချင်းချင်း ယှဉ်ပြိုင်ရမယ်ဆိုတဲ့ လမ်းကြောင်းကို စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေ၊ စစ်တပ်လက်အောက်က လုပ်ငန်းတွေနဲ့ လူနည်းစု ကြီးပွားရေး လိုလားသူတွေက မမြင်ချင် မတွေ့ချင်ကြဘူး၊
အကယ်၍ NLD အစိုးရသာ ဒုတိယ သက်တမ်း အုပ်ချုပ်ခွင့် ရခဲ့ရင်ဗျာ၊ တကယ့်ကို အရှိန်အဟုန်နဲ့ တိုးတက်လာမှာ အမှန်ပဲ၊ ခင်ဗျားက ကရိုနီတယောက် ဖြစ်တယ်ဆိုပါစို့၊ ဈေးကွက်ကိုလည်း အုပ်စိုးထားနိုင်တဲ့ လက်ရှိ အနေအထားနဲ့ အထာကျနေတဲ့ လူ၊ ဒီအချိန်မှာ သူ့လုပ်ငန်းတွေကို အပြိုင်အဆိုင် ဖြစ်လာအောင် ဥပဒေ ပြဋ္ဌာန်းပြီး လုပ်ပေးတာမျိုး ဖြစ်လာရင်၊ ပိုပြီး လိုက်လျောပေးရမယ်၊ဒါဟာ သူ့အတွက် စိန်ခေါ်မှု ဖြစ်လာတာပဲ။
Q: အာဏာ မသိမ်းမီ ရက်ပိုင်းတွေက NLD အစိုးရ အဖွဲ့ဝင် အချို့က စစ်တပ် အာဏာသိမ်းမယ့် အန္တရာယ် ရှိနေတဲ့ အလားအလာ အပေါ် ဖေါ့ပြီး ပြောဆိုခဲ့တာမျိုးတွေ ရှိနေတယ်၊ ဒါကလည်း လူထု အကြား အထိတ်တလန့်တွေ ဖြစ်လာမှာ စိုးလို့နေမှာ၊ တကယ် သိမ်းပြီလည်း ဆိုရော ဖြစ်လာခဲ့ရင် ဆိုပြီး ကြိုတင် ပြင်ဆင်ထားတာမျိုး မရှိဘူး၊ NLD ဖက်က အဲ့လို ဖြစ်လာမယ်လို့ မထင်ခဲ့တာလား။
A: ကျွန်တော် ဒီကိစ္စကို အရိုးသားဆုံး နဲ့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ၊ ကျွန်တော် တကယ်ပဲ ဖြစ်လာမယ်လို့ မထင်ခဲ့မိဘူး၊ အားလုံးလည်း အသိပဲ ကျွန်တော် အနေနဲ့ အစိုးရ နဲ့ ထိတွေ့ ဆက်ဆံနေရတာ ဆိုတော့ သူတို့ဖက်က ဖြစ်လာမယ်လို့ ထင်နေရင် ကျွန်တော် မသိပဲ နေမှာ မဟုတ်ဘူး၊ ကျွန်တော်လည်း ကိုဗစ် ကြောင့် ပြည်ပ အကြာကြီး သွားနေခဲ့ပြီးမှ မြန်မာပြည်ကို ပြန်ရောက်လာမှာ မဟုတ်ဘူး၊ ကျွန်တော် အနေနဲ့ စစ်တပ် နဲ့ အစိုးရ အကြား ဘာတွေ ပြောကြဆိုကြလဲဆိုတာ တော့ သိခွင့်မရှိဘူး၊ ဒါပေမယ့် သူတို့ အကြားမှာ စိုးရိမ်မကင်း အထိတ်တလန့် ဖြစ်နေတာမျိုး ရှိခဲ့တာကိုတော့ မှတ်မိတယ်၊ ပြဿနာ တခုခုတော့ တက်နေပြီဆိုတာမျိုးတော့ ရှိနေတယ်၊ အာဏာသိမ်းတဲ့အထိ ဆိုတာကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း တအံ့တဩ ဖြစ်သွားမိတယ်၊ ကျွ
Hla Soewai
အဘယ်ကြောင့်နည်း
By Hla Soewai
မင်းအောင်လှိုင်သည် သူ၏ ရွေးကောက်ပွဲအား အာဆီယံ အပါအဝင် မည်သူမျှ အသိအမှတ် ပြုမည် မဟုတ်ပဲ ဒီပုံစံ အတိုင်း ဆက်လုပ်မည် ဆိုက လက်ရှိ အပါယ်ခံ ဘဝ မှာပင် ဆက်ရှိနေမည် ဆိုသည်ကို ကောင်းစွာ ရိပ်စားမိနေပြီ ဖြစ်၍ သူရွေးကောက်ပွဲ လုပ်မည် ကို နိုင်ငံတော် အတိုင်ပင်ခံ မှ ထောက်ခံလာရန် ပါတီမှ ကိုယ်ကျိုးရှာ turncoat သစ္စာဖောက်များ နှင့် တွေ့ခွင့်ပြုခဲ့သည်ဟု ဧရာဝတီမှ သတင်းအရင်းအမြစ်များအား ကိုးကား၍ ဖေါ်ပြလာသည်။
မင်းအောင်လှိုင်သည် တကယ်တမ်းတွင် ဒေါ်အောင်ဆန်းစုကြည် ၏ ထောက်ခံမှုပင် မလိုပဲ အမတ် ဖြစ်ချင်သူ NLD မှ ပုဂ္ဂိုလ်များအား ပါတီ အမည်ခံပြီး ဝင်ပြိုင်ခိုင်း၍ ရသော်လည်း၊ ထိုသို့ လုပ်ပါက သူ၏ ရွေးကောက်ပွဲသည် အလိမ်အညာ အဖြစ်သာ ဆက်ရှိနေမည် ဆိုသည်ကို သိထားပြီး ဖြစ်ပုံရသည်။
မင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည်သာ သဘောတူ မည်ဆိုက မည်သို့ အခွင့်အရေးများရလာမည်၊ မတူက ပါတီကို ဖျက်သိမ်းပစ်မည်၊ ခြံ အမှတ် ၅၄ အား ဘူဒိုဇာ နှင့် ထိုးပစ်မည် အစရှိသည့် carrot and stick များ ပါလာမည်သာ ဖြစ်သည်။
ထို့အတွက်လည်း စွန့်စားပြီး အားကိုးလောက်သည်ဟု ယူဆသူများကို စေလွှတ်ရသည်အထိ ဖြစ်လာခဲ့ခြင်းပင်၊ ထိုမျှလောက် တော့ တွေးသင့်သည်။
ဒေါ်အောင်ဆန်းစုကြည်အား သူမအား ချုပ်နှောင်ထားရာ အခန်းမှ ခေါ်ထုတ်ပြီး ထောင်ထဲရှိ အဆောက်အအုံတခုတွင် ဒေါ်စန္ဒာမင်း နှင့် အခြားတဦး တို့ နှင့် နှစ်ကြိမ်တိုင် တွေ့ဆုံဖြစ်ခဲ့သည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထိုသို့ စစ်ကောင်စီ အလိုကျ လာရောက်တွေ့ဆုံခဲ့သည် ပုတ်သင်ညိုများ အပေါ် အလွန်ဒေါသထွက်သွားခဲ့သည်ဟု ဆိုသည်။
သို့သော် စန္ဒာမင်း သည် ကိုဂျင်မီ၊ ကိုဖြိုးဇေယျသော် အပါအဝင် လုပ်ဖေါ်ကိုင်ဖက် အများ အပြား အသတ်ခံရ၊ ထိုသို့ မဟုတ်ကလည်း ထောင်ထဲရောက်နေ၊ မရောက်သူများကလည်း အချိန်မီ တိမ်းရှောင်နေကြရပြီး ဒုက္ခသုက္ခများ ပင်လယ် ဝေ ဖြစ်နေချိန်၊ ထိုမျှမကသေး လူငယ်လူရွယ်လေးများ တောထဲတောင်ထဲတွင် ရရာလက်နက် စွဲကိုင် တွန်းလှန်နေကြချိန်တွင် ယခုကဲ့သို့ စကားမျိုး ပြောထွက်သည်မှာ အဘယ့်ကြောင့်နည်း။
ဒေါ်စန္ဒာမင်း ကိုယ်တိုင်ပဲ ခြိမ်းချောက်ခံနေရ၍ လော ဟု သူမ၏ ဖြတ်သန်းလာခဲ့ရသည့် နိုင်ငံရေး ဘဝ ကို ထည့်တွက်ကာ လျော့လျော့ပေါ့ပေါ့ စဉ်းစားချင်မိသော်လည်း သူမသည် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း အပါအဝင် ဗိုလ်ချုပ် အတော်များများ နှင့် နီးစပ်သူ ဖြစ်နေပြန်သည်ဟု သိရသည်။
သူမ တယောက်တည်းသာ မဟုတ်၊ ရွေးကောက်ပွဲကို ယခင်ကလို NLD အမည်တပ်ပြီး အရွေးခံလိုသူ များ ရှိနေသည်။ ထိုလူများ အတွက် judgement call ရောက်လာပြီ ဖြစ်သည်။
အကောင်းဆုံး အကြံပေးလိုသည်က ထိုမျှလောက် ငမ်းငမ်းတက် ဖြစ်နေက ခွဲထွက် NLD Breakaway NLD ဆိုပြီး သီးခြား ပါတီ ထောင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြပါ၊ ပြည်သူတို့၏ တော်လှန်ရေး အား ဖျက်လို ဖျက်ဆီး မလုပ်မိကြပါစေနဲ့၊ ထိုအရေးကို ပြည်သူများက ခွင့်လွှတ်သည် ဆိုစေဦး၊ သမိုင်းကတော့ မည်သို့မျှ ခွင့်လွှတ်မည် မဟုတ်ပေ။
လက်ရှိ တွင် ပြည်သူ များ ရှေ့မှောက်တွင် မင်းအောင်လှိုင် မည်သည့် အဖြစ်ရောက်နေသည်ကို ကြည့်ပြီး သင်ခန်းစာ ယူနိုင်ကြပါစေ ဟုသာ ပြောလိုပေသည်။
ပြည်သူများ၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!
အောင်လင်းဒွေးပိုင် အောင်မြင့်မိုရ် လင်း ကုမ္ပဏီ ဘောပင်နှင့်ခဲတံ ဝယ်ယူ မှု တင်ဒါရရှိ
စစ်ကောင်စီအတွင်းရေးမှူး
ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးပိုင် အောင်မြင့်မိုရ် လင်း ကုမ္ပဏီက
အခြေခံပညာကျောင်းများအတွက် ဘောပင်နှင့်ခဲတံ ဝယ်ယူ မှု တင်ဒါရရှိ၊
စစ်တပ်ဆက်နွယ် ကုမ္ပဏီ ၁၅ ခုလုံး တင်ဒါအောင်
ရန်ကုန်၊ ဒီဇင်ဘာ ၈
အကြမ်းဖက်စစ်ကောင်စီ၏အတွင်းရေးမှူး
ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးပိုင် အောင်မြင့်မိုရ် လင်း ကုမ္ပဏီက
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်း များ အ တွက် ဘောပင်နှင့်ခဲတံ
တင်ဒါရရှိသွားပြီး စစ်တပ်ကျော ထောက် နောက်ခံကုမ္ပဏီ ၁၅ ခု
တစ်နိုင်ငံလုံးအတွက် တင်ဒါရရှိကြောင်း နေပြည်တော်သတင်းရင်းမြစ်ထံမှ
သိရှိရသည်။
ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့် ဒေါ်ဥမ္မာမြင့်တွင်
သားသမီး ၃ ဦးရှိပြီး ရွှေရည်ဖြိုးပြည့် ကုမ္ပဏီကို သမီးဖြစ်သူ
ရွှေရည်ဖူးအောင်ကလည်းကောင်း၊ မင်္ဂလာအောင်မြေကုမ္ပဏီကို
သားဖြစ်သူလှိုင်ဘွားအောင်၊ အောင်မြင့်မိုရ် လင်း ကုမ္ပဏီကို သားဖြစ်သူ
ဖြိုးအာကာအောင်က လုပ်ကိုင်လျက်ရှိကြောင်း၊ စစ် တပ် နှင့် ဝန်ကြီးဌာနပိုင်
လုပ်ငန်းတင်ဒါများကို ဒုဗိုလ်ချုပ်ကြီး အောင်လင်း ဒွေး၏ ကုမ္ပဏီများက
တောက်လျှောက်ဆိုသလို ရရှိနေကြခြင်း ဖြစ်သည်။
"နေပြည်တော်အခြေခံပညာကျောင်းတွေအားလုံးအတွက်
ဘောပင်နဲ့ခဲတံ တင် သွင်းခွင့် တင်ဒါကို အောင်မြင့်မိုရ်လင်း
ကုမ္ပဏီကရပါတယ်။ သူတို့တွေက အစိုးရ တင်ဒါ အသေးလေးတွေကစပြီး အကြီးဆုံးတွေအထိ
ဝင်ယူကြတယ်။ အပြင်လူကို လုပ်ခွင့်မပေးဘူး။ အခု နေပြည်တော်၊
ပြည်နယ်နဲ့တိုင်း တင်ဒါ ၁၅ခုအတွက် ကုမ္ပဏီ ၁၅ ကို တင်ဒါ ချပေးတာမှာ
သူတို့လူတွေချည်းပဲ" ဟု နေပြည်တော်သတင်းရင်းမြစ်က ပြောသည်။
နိုင်ငံတစ်ဝန်း
အခြေခံပညာကျောင်းအားလုံးအတွက် ဘောပင်နှင့်ခဲတံ တင် သွင်း ခွင့် တင်ဒါများ
ချထားပေးရာတွင် ကချင်ပြည်နယ်အတွက် ငွေဗိမာန်၊ ကရင်ပြည်နယ်အတွက်
အောင်ဉာဏဖြိုး၊ တနင်္သာရီ တိုင်းအတွက် ရွှေငွေခိုင်၊ ပဲခူး(ရှေ့)အတွက်
လင်းသူအောင်၊ မကွေးတိုင်း အတွက် Adapt Advertising ၊ မန္တလေးတိုင်းအတွက်
Student’s Guide ၊ မွန်ပြည်နယ်အတွက် မြို့မ၊ ရခိုင် ပြည် နယ်အတွက်
Essential Winner ၊ ရန်ကုန်တိုင်းအတွက် Crystal City ၊ ရှမ်းပြည်(တောင်)
အတွက် Htoo Thit Tagon, ရှမ်းပြည်(မြောက်) ပိုင်းအတွက် Asia Dragon
Intel၊ ရှမ်းပြည်(အရှေ့)အတွက် Thidar Light ၊ ဧရာဝတီ တိုင်းအတွက်
ဧရာမော်ကွန်း၊ နေပြည်တော်အတွက် အောင်မြင့်မိုရ် လင်း ကုမ္ပဏီတို့
အသီးသီးရရှိပြီး ဒီဇင်ဘာလ ၇ ရက်နေ့ တင်ဒါလက်မှတ်ထိုးပွဲ
ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။
ပညာရေးဝန်ကြီးဌာနက ၂၀၂၃ - ၂၀၂၄ ပညာသင်
နှစ် အခြေခံပညာ ကျောင်း များအတွက် ခဲတံနှင့် ဘောပင်များ ဖြန့်ဝေချထားပေးရန်
အိတ်ဖွင့် တင်ဒါ ခေါ် ယူ ရာတွင် ဈေးကွက် ပေါက် စျေး ထက်ပိုမိုတင်ထားသော
တင်ဒါများကို ကုမ္ပ ဏီ ၁၅ ခုထံ ချထားပေးပြီး ဝန်ကြီးဌာနနှင့် လုပ် ငန်း
ရှင်များ သိန်းသောင်း ချီ အမြတ် ရ ခွဲဝေ ယူကြကြောင်း သိရှိရသည်။
ပညာရေးဝန်ကြီးဌာနက
ကျောင်းများတွင် ဝေငှရန် ဘောပင်နှင့်ခဲတံများ တင်ဒါ ခေါ်ယူရာတွင်
စျေးကွက်တွင် တစ်ဒါဇင် ၈၀၀ ကျပ်တန် ခဲတံကို တစ်ဒါဇင်လျှင် ငွေ့ျပ် ၁၈၀၀
ကျပ်ဖြင့်လည်းကောင်း၊ တစ်ဒါဇင် ငွေကျပ် ၁၂၀၀ ကျပ် ဝန်း ကျင်သာ စျေးပေါက်
သော ဘောပင်ကို တစ်ဒါဇင် ၂၇၀၀ ကျပ်ဖြင့် လည်း ကောင်း
စျေးကွက်ပေါက်စျေးထက်ပိုမိုသော စျေးနှုန်းဖြင့် လုပ်ငန်းရှင်များကို တင်ဒါ
ချပေးလိုက်ကြောင်း သိရှိရသည်။
စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန၏
ခဲတံနှင့် ဘောလ်ပင်များ အိတ်ဖွင့်တင်ဒါခေါ်ခြင်းကို နိုဝင်ဘာ ၁ ရက်နေ့မှ ၁၁
ရက်နေ့တွင် ရောင်းချခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တင်ဒါပိတ်ခဲ့ကြောင်း၊
ဒီဇင်ဘာလ ၅ ရက်နေ့တွင် တင်ဒါအောင် သူများကို ကြေညာခဲ့ကြောင်း၊
ဝန်ကြီးဌာနနှင့် ကုမ္ပဏီများက အရည် အသွေး ညံ့သော ပစ္စည်းများကို
စျေးကွက်ပေါက်စျေး ထက်ပိုပေး၍ တင်ဒါချထားပေးကာ ငွေကျပ် သိန်းသောင်းချီ
လာဘ်ပေး လာဘ်ယူလုပ် ခွဲဝေရ ယူကြကြောင်း သိရှိရသည်။
“တင်ဒါကို ဒီဇင်ဘာ ၅
ရက်နေ့က ကြေညာခဲ့တာ။ စျေးကွက်မှာ တစ်ဒါဇင်ကို ၈၀၀ ကျပ်ပဲ တန်တဲ့ခဲတံတွေကို
တစ်ဒါဇင် ၁၇၀၀ ကျပ်နဲ့ တင်ဒါပေးတယ်။ ဘောပင် ဆိုလည်း ဈေးကွက်ထဲမှာ
တစ်ဒါဇင် ၁၂၀၀ ကျပ် တန်ပစ္စည်းကို ၂၇၀၀ နဲ့ တင်ဒါချပေးတယ်။
စျေးကွက်ပေါက်စျေးထက် နှစ်ဆ တင်ပြီး ဌာနနဲ့ ကုမ္ပဏီတွေ ဝေစားမျှစား
လက်ဝါးရိုက်လုပ်စားနေပါတယ်။ အဲဒါကို တင်ဒါ အဖွဲ့က မြေပြင်ဈေးကို
စုံစမ်းနိုင်ရဲ့သားနဲ့ အရည်အသွေးညံ့ပစ္စည်းတွေကို ဈေးကောင်းပေးပြီး
လက်ဝါးရိုက်လုပ်စားနေပါတယ်ဗျ” ဟု အဆိုပါ တင်ဒါကိစ္စနှင့် နီးစပ်သူတစ်ဦးက
ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
နိုင်ငံတစ်ဝန်းရှိ ကျောင်းများအတွက်
ခဲတံနှင့် ဘောလ်ပင် တင်သွင်းရန် တင်ဒါ အောင်မြင်ခဲ့ကြသည့် ကုမ္ပဏီ ၁၅
ခုရှိပြီး အကြမ်းဖက်စစ်တပ်နှင့် ဆက်နွယ် သော ကုမ္ပဏီများသာဖြစ်ကြောင်း
သိရှိရသည်။
ဓာတ်ပုံ- ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊
သားအငယ်ဖြိုးအာကာအောင်( အောင်မြင့်မိုရ်လင်းကုမ္ပဏီ)၊
တစ်နိုင်ငံလုံးတင်ဒါအောင် ကုမ္ပဏီစာရင်း။
ပြင်ဉီးလွင်ကဒလန်ဆိုင် My Coffee
My Coffee
A-1 အေးငြိမ်းချမ်းသာလမ်း ရေချမ်းအိုး
မြောက် ရပ်ကွက် ပြင်ဦးလွင် 09796522867
ပိုင်ရှင်က ဗိုလ်မှူးဝမ်းမောင်သစ်
https://www.facebook.com/wan.thit.3
သူ့မိန်းမက ထက်မြတ်ညို
https://www.facebook.com/htet.myatnyo
ဆိုင်က DSTA အရှေ့တည့်တည့်တောင်ပေါ်မှာ
DSTAကို မအလလာတော့ ဝမ်းမောင်သစ်က
သူ့ဆိုင်မှာ ကင်းပုန်းဝပ်တာ လက်ခံခဲ့တာ
အခုထိလက်ခံထားတုံးပဲ တလရသမားတွေ
အဲ့ဆိုင်ထိုင်ရင်သတိထားပါ
ကင်းပုန်းတွေကအရပ်ဝတ်နဲ့ဖြစ်နေတော့
ဆိုင်လာထိုင် သူတွေနဲ့ရောနေတယ်။
ညဖက်ဆိုရင်စင်တင်ရှိတယ် အရမ်းဆူညံနေလို့ သွား
ပြောရင် တပ်ကိုခေါ်လိုက်ရမလားဆိုပြီး
သူ့မိန်းမ ထက်မြတ်ညိုက ခြိမ်းခြောက်တယ်
သူတို့ခေတ်ဖြစ်နေတာ ပြင်ဦးလွင် LDF တွေသိဖို့ပါ
လက်တို့လိုက်ပါအုံး၊
မိုးစက်/ကိုကို/နှာဘူး(သဲတော/ဝမ်းတွင်း)
၉၇လောက်မှာ မလေးရှား SubangJayaရောက်လာ
ဘောလုံးပွဲဒိုင်လိုလို ပွဲစားလိုလိုနဲ့ အလုပ်မယ်မယ်
ရရမရှိတဲ့လူလိမ် အိမ်မှာ ဖင်ဆီဒိုင်းရောင်း သူခိုး
အဖွဲ့နဲ့ပေါင်းပြီး ကိုယ်တိုင်ခိုးသလို ခိုးရာပါပစ္စည်း
လည်းထုခွဲရောင်းချပေး ၁၉၉၈လောက်မှာ အင်ဒိုမ
နှင့်ယူ ၂၀၀၃ဝန်းကျင် SubangTaipanကုန်းမှာ
မျက်မှန်ဆိုင်ဝင်ခိုး ရဲကလိုက်ဖမ်းလို့ထွက်ပြေး
နယ်ပြောင်းသွား ၂၀၀၅ဝန်းကျင် Subangပြန်ရောက်
အင်ဒိုမတစ်ယောက်နှင့်ထပ်ယူ မျိုးချစ်မြန်မာ
Facebook pageထောင်ပြီး ကမ္ဘာအနှံမှဘောမ
ကွန်ယက်နှင့်ချိတ်ဆက်ပြီး ဘောအကြီးအကျယ်မ
၂၀၁၀ဝန်းကျင် မြန်မာအခေါ်(လောက်စလုံး)ဆိုင်
အပေါ်မှာ မြန်မာအရက်ဆိုင်ဖွင့် ၂၀၁၃ဝန်းကျင်
ဒုက္ခသည်အနေနဲ့ အမေရိကားသွားခွင့်ရ
လေယာဉ်ပေါ်ထိရောက်ပြီးမှ သွားခွင့်မရပဲဆွဲချပြီး
နောက်ကြောင်းပြန်စစ်ဆေးခြင်းခံရ ကြောက်လန့်ပြီး
မျိုးချစ်မြန်မာ ဘောမpageနဲ့ personal Facebook
အကောင့်အားလုံးဖျက်ပစ် မကြာခင် အမေရိကား
ပြန်သွားခွင့်ရ အမေရိကားသွားခါနီး လက်ထပ်ထားတဲ့
အတူနေမြန်မာမိန်းကလေးဆီမှ ငွေကြေးအမြောက်
အမြားယူသွားပြီး အမေရိကားကိုမခေါ်လို့ ပြဿနာ
အကြီးအကျယ်ဖြစ် အခုအမေရိကားမှာ
ဘောမကြီးမိုးစက်အဖြစ်အောင်မြင်နေ😂
ငါ့ပိုက်ဆံဘတ်သွားတဲ့မအလလေး အမှုရှုံးပါစေဗျာ🙏
အလုံမြို့နယ်တွင် စစ်ကောင်စီတပ်က အသက် ၄ နှစ်အရွယ် ကလေးငယ်ကို မူကြိုကျောင်းအတွင်း ဝင်ရောက် ဖမ်းဆီး
ဘာလဲဟ... ခလေးတွေ ကစိတ်ဒဏ်ရ သွားပီ
နင်တို့ဒီ အပြစ်က လွတ်မယ်ထင်လား.... ပြည်သူ့ မေတ္တာ စူး...ပါစေ... မြန်မြန်စူးပါစေ
-------------------------------
ရန်ကုန်တိုင်း၊ အလုံမြို့နယ်၌ အသက် လေးနှစ်ဝန်းကျင် အရွယ် ကလေးငယ်ကို ယမန်နေ့ ဧပြီလ ၅ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ််က မူကြိုအတွင်း ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများက မဇ္စျ်ိမကို ပြောသည်။
အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်းအတွင်း ဖွင့်လှစ်ထားသည့် BC အမည်ရှိ မူကြိုကို DC တစ်စီး၊ အိမ်စီးကားတစ်စီး၊ ရဲကားတစ်စီးနှင့် အရပ်ဝတ်များ ရဲယူနီဖောင်းများဖြင့် လာရောက်ကာ ကလေးငယ်ကို ဖမ်းဆီးသွားကြောင်း သိရသည်။
“ကလေးရဲ့ အဖေနဲ့ အမေကို PDF ထောက်ပံ့သူတွေဆိုပြီး စစ်တပ်က လိုချင်နေတာ။ သူတို့က တိမ်းရှောင်ပြီး နေရတော့ သူတို့ ကလေးက အဖိုးနဲ့ သွားနေနေတာ။ မနေ့က ညနေ ၃ နာရီ ၁၅ မိနစ်လောက်မှာ အဲ့ဒီကလေးတက်နေတဲ့ စက်တွင်းလမ်းထဲက BC ဆိုတဲ့ မူကြိုကို အရပ်ဝတ်တွေနဲ့ ရောက်လာပြီး အဲ့ဒီ ကလေးငယ်လေးကို ဖမ်းသွားတယ်။ လာတဲ့အထဲမှာ စစ်ကောင်စီက ခန့်ထားတဲ့ ဆင်မင်းရပ်ကွက် အုပ်ချုပ်ရေးမှူးလည်း ပါတယ်။ ကြားရသလောက် ဝင်ဖမ်းတဲ့ အချိန် ကလေးတွေ အကုန်လုံးနဲ့ ဆရာမကို ဒူးထောက်ခိုင်းပြီး သေနတ်နဲ့ ချိန်တယ်။ ဆရာမက ကလေးကို မပေးဘူး သူမွေးစားလိုက်မယ်ဆိုပြီး ပြောတာတောင် မရဘဲ ကလေးကို ဖမ်းသွားတာ။ ကလေးက ငိုပြီး ပါသွားတယ်” ဟု ဆင်မင်းရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးရာ စက်တွင်းလမ်းထိပ်တွင် ရဲကားဖြင့် လမ်းပိတ်ခဲ့ပြီးနောက် မူကြိုအတွင်း အရပ်ဝတ်များဖြင့် နာရီဝက်ခန့် ဝင်ရောက်ကာ ကလေးငယ်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
“သားသမီးချင်း ကိုယ်ချင်းစာသင့်တယ်လေ။ ပြီးတော့ ဒါက ဘယ်လိုမှ မဖြစ်သင့်တဲ့အရာတစ်ခု။ လူ မှန်တယ်ဆိုရင်ပေါ့။ မူကြိုကလေးဆိုတဲ့ အရွယ်က ဘာမှ မသိသေးတဲ့အရွယ်လေ။ ကလေးစိတ်မှာ ဘယ်လောက်တောင် ဒဏ်ရာရသွားမလဲ။ လုံးဝမလုပ်သင့်တဲ့ အရာတစ်ခု။ ပြည်သူတစ်ယောက် အနေနဲ့ဆိုရင်တော့ အဲ့လို လူမဆန်တဲ့ လုပ်ရပ်မျိုးကို လုံးဝ ရှုတ်ချပါတယ်။ အရမ်းလည်း ရွံ့မုန်းမိပါတယ်။ ဘာမှ ပြန်မလုပ်နိုင်တာကိုက အရမ်းရင်နာရပါတယ်” ဟု အလုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက အဆိုပါ ဖြစ်စဉ်အပေါ် မှတ်ချက်ပြု ပြောသည်။
ရန်ကုန်မြို့တွင် စစ်ကောင်စီက အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူများ၊ တော်လှန်ရေး အဖွဲ့ အစည်းများနှင့် ဆက်စပ်ပတ်သက်သူများကို ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။
စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၀,၀၅၄ ဦးရှိပြီး ဖမ်းဝရမ်းထုတ် ခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁,၉၇၆ ဦးရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ သိရသည်။
#Mizzima
#အလုံမြို့နယ်
#မူကြို
#ဖမ်းဆီး
#AAPP











































