နောက်ဆုံးရ

NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဒုဝန်ကြီး

ဒီနေ့ PVTV မှာလာသွားတဲ့ ကိုယ်တွေ ရဲ့ဒုဝန်ကြီးကDavid Gum Awng တဲ့။ NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန(International Cooperation)က ဒုဝန်ကြီးပါ။စာလည်း အရမ်းတော်— အမေရိကန်က ဘွဲ့ နှစ်ခုတောင် ယူထားတာ။အမေရိကန်နိုင်ငံ၊ Massachusetts မှာရှိတဲ့ Brandeis University က Sustainable International Development in Sustainable International Development in Arts ဆိုတဲ့ဘွဲ့ တစ်ဘွဲ့။

အမေရိကန်နိုင်ငံ၊ Illinois မှာနောက်ထပ်တစ်ဘွဲ့— Social Studies (with a concentration in International Relations) တဲ့။

လူမှုတရားမျှတမှုဆိုင်ရာ အသိပညာပေးရေး (social justice-cum-educator) advocate အဖြစ်လုပ်နေတာ ၁၀ နှစ်ကျော်ပြီ။

ဂျပန် (JICA) နဲ့ တောင်ကိုရီးယား (KOICA) အစိုးရအကူအညီပေးရေးအေဂျင်စီတွေ၊ ODA (Overseas Development Assistance) ပရောဂျက်တွေမှာလည်းသူပါဝင်ခဲ့တယ်။နောက်ထပ် အများကြီးရှိသေး— 

ဒီလို ပညာတတ်လူငယ်တွေ တကိုယ်ကောင်းမဆန်ဘဲ မြန်မာ့နွေဦးတော်လှန်ရေးမှာ ဝင်ရုန်းကြတာ အားရစရာပါ။

မရွှေမိုး-ကိုရီးယား

𝑫𝒆𝒄𝒆𝒎𝒃𝒆𝒓 12𝒕𝒉,2022.

မျှဝေရန် — Facebook · X · Telegram ·

မှတ်ချက်များ

Post a Comment